Tuesday, December 3, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက်မှာလားလို့ အစ်မကြီးကို မေးလိုပါသည်



မြန်မာပြည် မတိုးတက်ဘူးဟုပြောသည်၊ အဆင်းရဲဆုံးနိုင်ငံ(LDC)ထဲမှာ ပါနေသည်ဟု ပြောသည်။ အရှေ့ တောင်အာရှမှာ ဖွံ့ဖြိုးမှု နောက် အကျဆုံ ဟုပြောသည်။ မှန်ပါသည်။ ပြောသာ ပြောနေကြသည်။ နိုင်ငံအတွ က်၊ တိုင်းပြည်အတွက် ကြိုးစားပြီး လုပ်ပေးတဲ့သူက မရှိသလောက် ဖြစ်နေသည်။ တိုင်းပြည် အတွက် အ ခြေခံ အုတ်မြစ်တွေ ပြင်ဆင်ချမှတ်ပေးပြီး တည်ဆောက် ပြုပြင်မှုတွေ ပြုလုပ်ပေးတဲ့အတွက် လွှတ်တော် အဖွဲ့အစည်းကြီး ပေါ်လာသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြည်သူကအတည်ပြု ပေးခဲ့ပြီးသဖြင့် နောက်ဆက်တွဲ ဒီမိုကရေစီ မျိုးစေ့စတင် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ constitutions အရ မြန်မာနိုင်ငံတွင် လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည့် ပြည်ထောင်စုဖြစ်ပြီး ပြင်သစ်နိုင်ငံကဲ့သို့ပင် ဗဟိုမှ အရာ ရာကို ကြီးကြပ်ကွပ်ကဲသည့် Unitary စနစ်ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ်တွင် စော်ဘွားများ အုပ်ချုပ် သော်လည်း ဗဟိုအစိုးရမှ ကွပ်ကဲမှုရှိခဲ့မှု အနေအထားဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် consitutions သည် programmatic ဖြစ်ပြီး Libral democratic institutions ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံနှင့် မတူညီပေ။ ယခု ၂၀၀၈ constitutions သည် neutral ဖြစ်ပါသည်။

အင်္ဂလန်ရှိ constitutions သည် ရေးသားထားခြင်းမျိုးမဟုတ်ဘဲ tradition အရ သတ်မှတ် ဆောင်ရွ က် ခြင်း၊ အလေ့အထအရ ဆောင်ရွက်ခြင်းမျိုးဖြစ်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါ သည်။ ဆိုလိုတာက House of Lord သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်၍ flexible ဖြစ်ကြောင်းတွေ့ ရသ ည်။ ၀န်ကြီးချုပ်သည် လွှတ်တော်သို့ လာရောက်ပြီး မေးခွန်းများဖြေကြားရကြောင်း လေ့လာနိုင်သည်။

အမေရိကန်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၉ ခုနှစ်က ပထမဦးဆုံး ရေးသားခဲ့တဲ့ နိုင်ငံ ဖြစ်သ ည်။ ပြည်သူတွေမကြိုက်သည့် အချက်ဆိုတာရှိတာ မထူးဆန်းပေ။ သို့သော်ပြင်ဆင်ရန်ခက်ခဲကြောင်း တွေ့ ရသည်။ ပြည်နယ်အများစုက သဘောတူရန် လိုအပ်သည်။ တင်းကြပ်ထားခြင်းဖြစ်သည်။ Federal စနစ် ကျင့်သုံးသော်လည်း လက်တွေ့တွင် ပြည်နယ်များအကြား ပိုပြီး တူညီမှုရှိရန်နှင့် စနစ်တကျရှိရန် ဗဟိုချုပ်ကို င်မှု ပြုလုပ်သည်ကို တွေ့ရသည်။ ဥပမာ-အမြန်လမ်းများ၌ မောင်းနှင်ရမည့် အမြန်နှုန်းကို ပြည်နယ်အားလုံး တစ်ပြေးညီ သတ်မှတ်သည်။ ကုန်ကားအရွယ်အစား သတ်မှတ်မှု တစ်ပြေးညီဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု ပို၍ရယူသည်။ သမ္မတသည် တပ်မတော်၏အကြီးအကဲဖြစ်သည်။ လွှတ်တော်သို့ မိန့်ခွန်းများပေးပို့ခြင်းသာ ရှိပြီး လွှတ်တော်ကို လူကိုယ်တိုင် မလာရောက်ပေ။ constitutions တိုင်းမှာ မရေး ထားတဲ့ သတ်မှတ် ချက် တွေ ရှိပါသည်။ ဥပမာ- Supreme court သည် legistation လုပ်ခွင့်ရှိခြင်းများ ဖြစ်ပါသည်။ နိုင်ငံတကာ အကြောင်း ပြောပြရင် ပြီးနိုင်မည်မဟုတ်ပေ။ ကျွန်တော်ပြောချင်တာ မြန်မာနိုင်ငံ constitutions ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲစဉ်က ပါတီအားလုံး၊ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူထု ကိုယ်စားလှယ်များအားလုံး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ဖိတ်ခေါ်ခဲ့သည်။ ဖွဲ့စည်းပုံရေးဆွဲရန် ဘယ်သူတက်သည် မတက်သည်မပြောလို။ ရေးဆွဲချိန် တွင်ပါဝင်ရန် ဖိတ်ခေါ်မှုကိုငြင်းဆိုတာလဲ မပြော လိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြည်လုံး ဆန္ဒခံယူခဲ့သည့် အချိန်တွင်လည်း ကန့်ကွက်တာ လဲမပြော လိုပါ။ မကြိုက်လို့ ကန့်ကွက်တာရှိသည်။ မဲမပေးတာလည်းရှိသည်။ ကျွန်တော့်အိမ်က ကျွန်တော့် အမေ သည်ပင် မဲသွားမပေးပါ။ ဒါလည်းမပြစ်မဟုတ်။ ပြည်သူတွေက တစ်နိုင်ငံလုံး ၉၀% ကျော်မဲပေး အတည်ပြု ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါသည်။ ကြောက်လို့ဘဲမဲပေးပေး၊ လိုအပ်လို့ဘဲ မဲပေးပေး သမိုင်းက အဖြေ ပေးမည်ဖြစ်ပါသည်။ ပြည်သူအတည်ပြုထားသည့် အခြေခံဥပဒေဖြစ်ပါသည်။ အဲဒီတော့ မရွှေချောတို့ အံ့ သြပြီး ဘာလုပ်ရမှန်း မသိဖြစ်သည်။ သူများတွေ လွှတ်တော်မှာပါတော့ သူလည်းပါချင် လာသည်။ သူများ တွေ ရာထူးရတော့ သူလည်းရချင်လာသည်။ သူများတွေလူရာဝင်တော့ သူလည်း ၀င်လာချင်သည်။ အစိုးရ က ဒီမိုကရေစီစနစ်နှင့်အတူ ဖြေလျော့မှုများ လုပ်ပေးခဲ့သည်။ တိုင်းပြည်တိုးတတ် ချင်လို့ ဆောင်ရွက်ပေြး ခင်းဖြစ်သည်။

တိုင်းပြည်အတွက် ဘာမှမလုပ်ခဲ့ဘူးတဲ့သူအဖို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို မသိနိုင်ပေ။ အပြော တခြား အလုပ်တခြားဖြစ်နေပေသည်။ လွှတ်တော်မှာ ပါဝင်လာတာကို ကြိုဆိုသည်။ နိုင်ငံခြားသား ကို ယောက်ျားတော်ထားပြီး အခြားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့သူ၊ အခြားနိုင်ငံမှာသာ ပညာသင် ခဲ့တဲ့သူအဖို့ အင်္ဂလိပ်လို ပြောတတ်တာမထူးဆန်းပါ။ နံနက်စာကို ဗိုလ်စားဘဲစားတတ်တာ လဲမထူးဆန်းပါ။ နိုင်ငံခြား ရောက်ရှိချိန်မှာ မျက်နှာအရွယ်မကျအောင် အလှပြင်တာ၊ ကိုရီးယားရောက်ချိန် မျက်ခုံးမွှေးပြင်၊ မျက်နှာ အလှပြင်တာတွေလဲ မထူးဆန်းပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အသုံးပြု သည်မှာ သုံးနှစ်ပင် မပြည့်သေးပါ။ မပြည့်စုံဘူး။ သုံးမရဘူးဆိုပြီး ပြင်ဆင်ဖို့လုပ်တာတော့ ထူးဆန်းသည်။

ပြည်သူတွေ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို သုံးမရဘူးဟုပြောတာ၊ ဝေဖန်တာ ပြည်သူကို စော်ကာခြင်း ဖြစ်သည်။ လူကြီးမဆန်တာတွေ့ရသည်။ သူ့မှာ မြန်မာဓလေ့တွေ၊ မြန်မာလူမျိုးတို့ရဲ့ ရိုးရာ အစဉ်အ လာ တွေ ဆိုတာမရှိတော့။ မကြားဘူးတော့။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)က သူ့ကို လွှတ်တော် ကိုယ်စားလှ ယ်ဖြစ်အောင် လုပ်ပေးထားသည်ကို မေ့နေသည်။ မြန်မာစကားပုံရှိသည်။ “ယုန်သား“ မရခင်က သံပုရာ သီးရှာနေသည်။ သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ သူဘာတတ်လဲ မေးချင်သည်။ အမှန်တော့ သူပညာ တတ်သူဖြစ်သည်။ သူတတ်သည့်ပညာမှာ အနောက်နိုင်ငံကြီးတွေက ပြောတာကို ခေါင်းငြိမ့် ဖောက်သည် ချသည့် အတတ်ပညာ တစ်ခုသာရှိသည်။ အနောက်နိုင်ငံကြီးတွေက ပြောတဲ့ လူ့အခွင့်အရေးကို မြန်မာ ပြည်မှာ အင်္ဂလိပ်လိုပြောပြီး ဂုဏ်ယူနေသည်။ သူ့အဖေက အမျိုးသား ခေါင်းဆောင်၊ တပ်မတော်ကို ထူေ ထာင်ခဲ့သည်။ သူက မြန်မာပြည်ကို ကျွန်ပြုသည့် အင်္ဂလိပ်ကို လင်တော် သည်။ ပြည်ပတောက်ပမှုတွေ ရ ယူပြီး သူတို့အလိုကျလုပ်နေသည်။ အန္တရာယ်ကို မမြင်တော့ပေ။ တစ်ခု သတိပေးချင်သည်။ မြန်မာ လူမျိုး များမှာ သိက္ခာရှိသည်။ ကြီးကြီးကျယ်ကျယ် ပြောရရင် အမျိုးသား ဂုဏ်သိက္ခာဆိုတာ ရှိပါသည်။

ကိုယ်လုပ်ရမဲ့ အလုပ်ကို ကိုယ်လုပ်ပါ။ ကျွန်တော်မေးပါမည်။ အစ်မကြီး တိုင်းပြည်အတွက် ဘယ်လောက် တာဝန် ကျေပြီးပြီလဲ။ နိုင်ငံသားတစ်ဦးလို့ ခံယူတယ်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လောက် တာဝန် ကျေပြီးပြီလဲ။ တာဝန်ကျေပြီးတာတွေကို ကျွန်တော့်ကို ပြောပါအုန်း။ အစ်မကြီး တာဝန်ကျေ သ လောက်တော့ ကျွန်တော်ရယ်ချင်သည်။ အစိုးရကို ဆန့်ကျင်လို့ ထောင်ထဲဝင်ရခြင်းသည် ဒီမိုကရေစီမ ဟုတ်ပါ။ ကျွန်တော်သည် ဘယ်သူ့ကိုမှ အထင်မကြီးပါ။ ဘယ်ပါတီမှလည်း မဲမပေးပါ။ ဘယ်ပါတီမှလည်း မယုံပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသား ဖြစ်ရတာကိုတော့ ဂုဏ်ယူသည်။ တိုင်းပြည်အတွက် အသက်ပေါင်း မြော က်များစွာ ပေးဆပ်ခဲ့တဲ့စစ်သည်တွေကို လေးစားသည်။ ပြည်သူချစ်တဲ့ ၀န်ထမ်းတွေက တိုင်းပြည်ကို ထည် ထည်ဝါ၀ါ ရပ်တည်နိုင်အောင် ကြိုးစားတည်ဆောက် ခဲ့တာလေးစားသည်။ ကျရာတာဝန် ကျေပွန်ခြင်းသည် သိက္ခာရှိသော ၀န်ထမ်းဖြစ်ပါသည်။ ကျွန်တော် ၀န်ထမ်းဖြစ်ရတာ ဂုဏ်ယူသည်။ လွှတ်တော် ကိုယ်စား လှယ်လဲ မဖြစ်လိုပါ။ နိုင်ငံခေါင်းဆောင်လဲ မဖြစ်လိုပါ။ ကျွန်တော့်ရဲ့အသိပညာက အဲ့ဒီလောက် မမြင့်မားပါ။ ကိုယ့်အဆင့်က သာမန်ဝန်ထမ်းအဆင့်သာ ရှိတာမို့ ကိုယ်နဲ့တန်တဲ့ အဆင့်မှာ ရပ်တည်ခွင့်ရတာကို ကျေန ပ်ပါသည်။

ပင်စင်ခံစားရတဲ့ အချိန်မှာလည်း နိုင်ငံတော်က ချီးမြှင့်တဲ့ ပင်စင်သည် ကျွန်တော် တစ်ဦးစားဖို့အတွက် တော့ လုံလောက်ပါသည်။ ဘုရားရိပ်၊ တရားရိပ်မှာ နေပျော်ပါသည်။ နေထိုင် တတ်ရင် ပင်စင်မှရသည့် ငွေဖြင့် ဘ၀ကူးကောင်းအောင် လှူလို့ရသေးသည်။ အစ်မကြီးရဲ့ စိတ်ထဲမှာတော့ ဗုဒ္ဓဆိုတာလည်း ရှိမယ် မထင်ပါ။ ကုသိုလ်ဆိုတာလဲ လုပ်ရကောင်းမှန်း သိမယ်မထင်ပါ။ အသက်ကြီးလာပြီ ဆိုတာလဲ သိမယ်မထင် ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ချင်တိုင်း ပြင်လို့မရဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ကိုယ်သေရင် ကိုယ့်ေ နာက်မှာ ဘာမှ မပါဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထက် ဗုဒ္ဓဘုရား အောက် မှာ တရားဘာဝနာပွားများနိုင်ဖို့ ဆောင်ရွက်စေချင်ပါသည်။ လုပ်ဖော်ကိုင်ဖက် မဟုတ်သော်လည်း ကောင်း တဲ့အကြံပေးချင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက် မှာလားလို့ အစ်မကြီးကို မေးလိုပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူတွေ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်သည်။ ပါတီကောင်းစားရေး၊ လူတစ်ဦး ကောင်းစားရေး အတွက် လုပ်ပေးထားတာမဟုတ်ပါ။ ကျွန်တော်သည် ပြည်သူတစ်ယောက်အနေနှင့် ဝေဖန်ခြင်းဖြစ်သည်။ ကိုယ်ကဘယ်လိုလူမျိုးလဲ… မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား ဟုတ်ရဲ့လား… မြန်မာပြည်ကို တ ကယ်ချစ်ရဲ့လား မေးလိုပါတယ်… အစ်မကြီး တိုင်းပြည်ချစ်တယ်ဆိုရင် လက်တွေ့ပြပါ။ အချိန်မရှိတော့ဘူး ဆိုတာ သတိရပါ။ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုး လုပ်ငန်းများဆောင်ရွက်ရန် အချိန်မီပါသေးသည်။ ဖခင် ရဲ့မျက်နှာကို မထောက်ဘဲ လုပ်ချင်တာလုပ်ခဲ့ပြီးပြီ မဟုတ်လား။ ဒါပေမဲ့ ပြည်သူရဲ့မျက်နှာ၊ လူမျိုးရဲ့မျက် နှာကို ထောက်ဖို့ အကြံပြု လိုသည်။ အသိတရားရဖို့ အချိန်တန်ပါပြီ… နိုင်ငံခေါင်းဆောင်ဆိုတာ ဘယ်လိုလူ မျိုးကိုခေါ်ရမှာလဲ…မေးရင် အဖြေရှိပါသည်။ တိုင်းပြည်အတွက် ကျွန်တော်အကြံပြုခြင်းဖြစ်ပါသည်။

( မောင်ငြိမ်းချမ်း)
By အမေ့အိမ်

မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ဦးသိန်းစိန် သမ္မတတာဝန်ယူ၍ တိုင်းပြည် တာန်ဝန် အရပ်ရပ်ကို ဦးစီးဆောင်ရွက်ခဲ့ရာမှာ ဘက်ပေါင်းစုံကအောင်မြင်လျက်ရှိသည်။ ဒီမိုကရေစီဖြစ်ထွန်းရေး မှာလည်း ထိရောက်၍ အရှိန်ရလျက်ရှိသည်။ ပြည်တွင်းမှာလည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက် ခဲ့သည်များလည်း အားရစရာဖြစ်သည်။


ပြည်တွင်းမှာ ပြည်သူအများစုက သမ္မတကြီးကို လေးစား ကြည်ညိုလျက်ရှိကြောင်း ကြားသိရသည်။ ငြိမ်းချမ်းရေးဆောင်ရွက်မှု စီးပွားရေးတိုးတက်အောင် လုပ်နေမှုများ ကြားသိရ၍ ကျွန်တော်အပါအ၀င် ရှမ်းပြည်မြောက်ပိုင်းသား များက ကြိုဆိုကြ ပါသည်။ ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်နေပြီး အကူအညီရရှိကြောင်း တီဗွီနှင့် မိန့်ခွန်းများ မှ သိရှိရသည်။ တိုင်းပြည်ကြီးတိုးတက်အောင်၊ ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် လုပ်ပေးမည့် ခေါင်းဆော င်ကောင်းတစ်ဦးတော့ ပေါ်ထွက်လာပြီဟု ရှမ်းတိုင်းရင်းသားအချို့က ပြောနေကြပါသည်။

ရှမ်းပြည်နယ်ကြီးအတွက်လည်း သမ္မတကြီးက ကျောသားရင်သားမခွဲခြားပဲ ဖွံ့ဖြိုးတိုးတက်အောင် စီမံနေကြောင်းကြားသိရ၍ ပိုပြီးဝမ်းသာပါသည်။ ရှမ်းပြည်နယ် စီပွားတိုးတက်အောင်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းစေဖို့၊ စက်မှုဇုန်တွေဖြစ်ပေါ်စေဖို့ စီမံနေကြောင်း ဒုသမ္မတ ဦးစိုင်းမောက်ခမ်းပြောပြ၍ ၀မ်းသာရသည်။ အထူးသဖြင့် မူဆယ်ဒေသမှာ စက်မှုဇုန်တစ်ခုလုပ်ပေးမည် ကြားရ၍ ကျွန်တော် မူဆယ်သားက ၀မ်းသာကြိုဆိုမိပါသည်။

သို့ရာတွင် မကြာသေးမီက ရှမ်းပြည်နယ်တစ်လွှား ခြေဆန့်လာသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ အစည်းအဝေးတစ်ခုတွင် သူသည် တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နေသူဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်အောင် ကျွန်တော်လုပ်မှာဖြစ်ကြောင်းပြော၍ ကျွန်တော်တို့ကို ချမ်းသာအောင် လုပ်ပေးမည့်ဝန်ကြီးတော့ ရောက်လာပြီဟု ယူဆခဲ့သည်။ မူဆယ်ဒေသမှာပြုလုပ်မည့် စက်မှုဇုန်ကို တာဝန်ယူမည့် ပုဂ္ဂိုလ်အမည်ကိုဖော်ညွှန်းပြီး မတော်မတရားရှုံ့ချပြောဆိုကာ တာဝန်မပေးသင့်ကြောင်း လူသိရှင်ကြားပြောပါသည်။ ကျွန်တော်ဟာ လုပ်ငန်းရှင်မဟုတ်ပါ၊ လုပ်ငန်းရှင်များနှင့်လည်း မသိပါ။ သို့သော် ရှမ်းပြည်နယ်ကို စက်မှုဇုန်များလုပ်ပေးမည်ဆို၍ စိတ်ဝင်စားသည်။ ဆောင်ရွက်ပေးမည့် ကုမ္ပဏီက ICE ဆိုလား၊ IBE ဆိုလား ကျွန်တော်မသဲကွဲပါ။ ကုမ္ပဏီပိုင်ရှင်နာမည်ကိုလည်း ထုတ်ဖော်ပြောပါသည်။ ထိုကုမ္ပဏီသည် အလကားကုမ္ပဏီ ဘာမှမလုပ်တတ်သော ကုမ္ပဏီ၊ ကုမ္ပဏီပိုင်ရှင်ကလည်း ပွဲစားအကြီးစားဖြစ်ကြောင်း၊ ဘာမှလည်း မလုပ်တတ်ပဲ ဟိုရှာ ဒီရှာ ရှာပြီး ပွဲစားသက်သက်လုပ်သူဖြစ်ကြောင်း လူကြားသူကြားတွင် ပစ်ပစ်နှစ်နှစ် ပြောပါသည်။ တစ်ခါမှ ဦးစိုးသိန်းကိုမတွေ့ဘူးပါ။ တွေ့တွေ့ချင်း သူ၏စကားကိုကြားရ၍ အံအားသင့်သွားသည်။ အပြင်ရောက်လာမှ အစည်းအဝေးတက်သူများကို အချင်းချင်းပြန်မေးရာမှာ IGE ကုမ္ပဏီပိုင်ရှင် ဦးနေအောင်ဖြစ်ကြောင်း၊ မူဆယ်မှာဖွင့်ထားတဲ့ အမရဘဏ်ပိုင်ရှင်ဖြစ်ကြောင်း မသိဘူးလား လို့ ပြောကြသည့်အခါမှ အော်လို့ပဲ သက်ပြင်းချမိပါသည်။

ကျွန်တော်တို့ IGE လဲမသိပါ။ ဦးနေအောင်လဲမသိပါ၊ ကျွန်တော်တို့သိသည်မှာ မူဆယ်ဒေသမှာ စက်မှုဇုန်တစ်ခုလုပ်ပေးမယ်ဆိုတာပဲသိသည်။ စက်မှုဇုန်ဖြစ်စေချင်သည်၊ ပေါ်ပေါက်စေချင်သည်။ ယခုလို စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ပေးမည်ဆိုသော ၀န်ကြီးဦးစိုးသိန်းက သမ္မတ၊ ဒုသမ္မတတို့ စီမံထားတာကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နိုင်သည့် အာဏာရှိကြောင်း ပြလိုက်ခြင်းသည်။ ရှမ်းပြည်မြောက်ပိုင်းသားတို့အတွက် စက်မှုဇုန်ကြီးတစ်ခု ဆုံးရှုံးရမလိုဖြစ်သွားခဲ့သည်။ ထို့ကြောင့် စဉ်းစားကြည့်ပါ။ သမ္မတရုံးဝန်ကြီး၊ စီးပွားရေးတာဝန်ခံဆိုသူက ဤသို့ပြောသည်မှာ မအံ့သြဘဲ မနေနိုင်ပါ။ ရာထူးနှင့်တာဝန်အရ ပြောစကားမှာ သင့်မြတ်မှုမရှိပါ။ အော် ``မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်´´၍ ရှမ်းပြည်မြောက်ပိုင်းသားတို့ စက်မှုဇုန်ကြီးရဖို့ ဝေးတော့မည်လား။

စိုင်းစံမိန်း
ရှမ်းပြည်နယ်မြောက်ပိုင်း 

Credit : Myanmar Open Letters

ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး လိုလားခဲ့ခြင်းကြောင့် NLD ပါတီ လွှတ်တော်ထဲရောက်လာနိုင်ခြင်းဖြစ်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် NLD ပါတီရဲ့ နံပတ် ၂ ခါ ထပ်နေတဲ့ ထုတ်ပြန်ကြေညာချက် နှင့်ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲ ရေး လိုလားခဲ့ခြင်းကြောင့် NLD ပါတီ လွှတ်တော် ထဲရောက်လာနိုင်ခြင်းဖြစ်ကြောင်း ဦးရဲထွဋ်မှ ပြောကြားလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင် နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် NLD လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ တုံ့ပြန်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို ဟန့်တားတာမဟုတ်ဘူး။ နည်းမှန်လမ်းမှန် ဆောင်ရွက်သင့်ကြောင်း ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုပြင် ပြောင်းလဲရေးကို အဟန့် အတားဖြစ်စရာအကြောင်းမရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး အစိုးရဘက်က အချိန် ရွှေ့စရာ အကြောင်း မရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လုပ်ပိုင်ခွင့် ကို ပြည်ထောင်စု လွှတ်တော် အား အပ်နှင်းထားတာဖြစ်ပါတယ်။ မြန်ခြင်း၊ နှေးခြင်းက ပြည်ထောင်စု လွှတ်တော် နဲ့ ပဲ ဆိုင်ပါတယ်´´ ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တွေ့ဆုံဆွေးနွေးရန် ရှောင်တိမ်း ခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီမလိုလား၍ ဖြစ်ကြောင်း သြစတြေးလျခရီးစဉ်အတွင်း ထုတ်ပြန် ပြောဆို ထားသည်။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် အရေးအသားများ ဖော်ပြနေသည့် သတင်း မီဒီယာများကို အစိုးရက အရေးယူမှုများ ပြုလုပ်မည် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား



သတင်းဖော် ပြမှုထက် လူ ပုဂ္ဂိုလ်အရေးတိုက် ခိုက် ရေးသားနေ သည့် သတင်းမီဒီယာများကို အစိုးရပိုင်းမှ ဝင် ရောက် အရေးယူမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။


ယင်းအပြင် ပုဂ္ဂိုလ်ရေးတိုက် ခိုက်ရေးသားခံရသူအနေဖြင့် တရား ဥပဒေနှင့် အညီတရား စွဲဆိုမှု များ ပြုလုပ် နိုင်ပြီး ရေးသားသူများအ နေဖြင့်လည်း လူမှုတာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ရေးသားသင့် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထောက်ပြပြောသည်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန် မြို့တော်ခန်းမတွင်ပြုလုပ် သည့် သက်ကြီး စာပေပညာရှင်များပူ ဇော်ပွဲကို တက်ရောက် လာသည့် ပြည်ထောင် စုဝန်ကြီးကို သတင်း ထောက် များက ပြည်တွင်း သတင်း မီဒီယာတချို့တွင် ပုဂ္ဂိုလ်ရေးဆန် သည့် ရေးသား ထုတ်ဝေမှုများကို အရေးယူမှုပြုလုပ်မည့် အစီအစဉ် ကို မေးမြန်းရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ကပြောခဲ့ ခြင်းဖြစ်သည်။

''အစိုးရအနေနဲ့လုပ်သွား ဖို့မရှိပါဘူး။ နစ်နာသူအနေနဲ့က တော့ ဥပဒေနဲ့ အညီ တရားမ ကြောင်း အရ တရားစွဲဆိုတာမျိုး ပေါ့။ ဒါတွေကတော့ ကျွန်တော် တို့ကန့်သတ်လို့မရဘူး။ သူတို့ရဲ့ သဘောဆန္ဒ အရလုပ်တာ။ ပြည် သူတွေရဲ့ သဘောဆန္ဒအရလုပ် တာလေ''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

''ဒီလိုရေး သား မှုတွေ ကို ထိန်းချုပ်မယ်၊ နှိပ်ကွပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်သွားဖို့လဲ မရှိပါဘူး''ဟု ဝန်ကြီးဦးအောင် ကြည်က ပြောသည်။

အခြေခံဥပဒေ ပြုပြင်ရေးကိစ္စ အစိုးရတုန့်ပြန်ချက် NLD ဝေဖန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရဲ့ မေတ္တာ ရပ်ခံစာအပေါ် အစိုးရအုပ်ချုပ်ရေးဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲ ရေးကို မလိုလားသလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့သဘောထားကို ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း က အခုလိုပြောပါတယ်။

“သူတို့တုန့်ပြန်တဲ့အထဲမှာ ပြည်ထောင်စုလွှတ်တော်ကို ကျော်ရာရောက်မယ်၊ ဘာမှရောက်စရာ မလိုဘူး၊ အဆိုပြုတဲ့အတိုင်း လုပ်မယ်ဆိုရင်လည်း လွှတ်တော်ဥက္ကဌပါလာမှာပဲ၊ အလျှင်အမြန်လုပ်နိုင်ရင် တိုင်းပြည် အေးချမ်းမှာ၊ ဒီလိုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လိုအပ်တယ်၊ ပြင်ဆင်ရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ တွေ့ဆုံဆွေးနွေးပွဲဟာ လိုအပ်တယ်လို့၊ ငြင်းနေရင်တော့ ပြုပြင်ပြောင်းလဲ ရေးရော၊ ငြိမ်းချမ်းရေးရော မလိုချင်လို့ပဲလားလို့ စဉ်းစားစရာဖြစ်လာတော့၊ ၈၈ တုန်းကလည်း အမျိုးသား ရင်ကြားစေ့ရေးအတွက် NLD တစ်ခုတည်းတော့ မရဘူး၊ ငြင်းပုံခြင်းက ပုံစံကတော့ တူနေတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့က မေတ္တာရပ်ခံစာပေးပို့ခဲ့တာပါ။

အဲဒီအပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၅၈ ခုရဲ့ သဘောထားအကြံပြုချက်တွေကို လိုအပ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ အခွင့်အာဏာကိုလည်း လေးစားဖို့လိုတဲ့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးချိန်မှ ညှိနှိုင်းမယ့်အစီအစဉ်တွေကို ဆက်ပြီးဆောင်ရွက်သင့်တယ်လို့  သူ့ရဲ့ဖေ့စ်ဘုတ် လူမှုရေးစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ အစိုးရရဲ့ပြောကြားချက်ဟာ အချိန်ရွှေ့ဆိုင်းရန်ရည်ရွယ်ပြီး ပြောကြားချက်ဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီအနေနဲ့ လက်မခံ နိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေနိုင်ကြောင်းလည်း ပြောထားပါတယ်


RFA

ခန့်မှန်းငွေကျပ် ၁၇ ဘီလျံကျော် ကုန်ကျခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု



ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများကို လျှောချ နိုင်ရေး ရည်ရွယ်ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က စတင်တည်ဆောက်ခဲ့သော ရွှေဂုံတိုင် ခုံးကျော်တံတားတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် နေ့လည်ပိုင်းက စတင်ကာ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုလိုက်ကြောင်း သိရသည်။


ယင်းတံတား ဆောက်လုပ်ရေး စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၇ ဒသမ ၄၄ ဘီလျံ ကုန်ကျခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ကျပ် ၁၃ ဒသမ ၀၈ ဘီလျံ သုံးစွဲခွင့် ပြုပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ခုံးကျော်တံတားသည် လူနေအထပ်မြင့် အဆောက်အဦးများနှင့် နီးကပ်သည့်အတွက် ဆူညံသံများဖြစ်ပေါ်မှုကို လျှော့ချနိုင်ရေးအတွက် စီစဉ်ထားကြောင်း ဆူညံသံ ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးအတွက် တပ်ဆင်မည့် ပစ္စည်းများအား ဂျပန်နိုင်ငံမှ မှာယူထားကြောင်းနှင့် ရောက်ရှိခြင်း မရှိသေးသည့်အတွက် တပ်ဆင်နိုင်ခြင်း မရှိသေးဟု Capital Development ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ ဦးအုန်းလှိုင်က ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားသည် သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ပြီး အရှည် ၂၀၅၉ ပေကျော် ရှည်လျားပြီး လေးလမ်းသွား တံတားအမျိုးအစားဖြစ်ကာ ကင်းလွတ်အမြင့်ပေ ၁၈ ပေရှိကာ အမြင့်ဆုံး ခံနိုင်ဝန်အား တန် ၆၀ ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှုများ လျှောချနိုင်ရေး ရည်ရွယ်တည်ဆောက်ခဲ့သည့် လှည်းတန်းခုံးကျော်တံတား၊ ဘုရင်နောင် ခုံးကျော်တံတား နှစ်စင်းနှင့် ရွှေဂုံတိုင် ခုံးကျော်တံတား သုံးစင်းလုံး လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ရရှိပြီ ဖြစ်သော်လည်း ယာဉ်ကြောရှုပ်ထွေး ကြပ်တည်းမှု ပြဿနာများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

"တံတားဖွင့်တဲ့အတွက် ၀မ်းသာပါတယ်။ ရန်ကုန်မြို့ရဲ့ ပြယုဒ်အဖြစ် တံတားကြီးတစ်စင်း ပေါ်ထွက်လာပြီ ပေါ့။ ယာဉ်ကြောပိတ်ဆို့မှုကတော့ အနည်းငယ် ကျန်ဦးမှာပေါ့။ တော်တော်ကြီးတော့ သက်သာသွားမှာပါ။ နောက်ထပ်တံတားတွေ အများကြီး ဆောက်ပေးပါဦးလို့ မေတ္တာရပ်ခံ ချင်ပါတယ်" ဟု ရွှေဂုံတိုင် ခုံးကျော် တံတားတွင် ဖြတ်သန်းခွင့် ရခြင်းနှင့် ပတ်သက်ပြီး ယာဉ်မောင်းသူ တစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ တိုးပွားလာမှု၊ မော်တော်ကားလမ်းများ အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိမှု၊ ယာဉ်များသူများမှ သတ်မှတ်စည်းကမ်းများ မလိုက်နာမှုနှင့် စည်းကမ်းမလိုက်နာ သူများအား အရေးယူမှု အားနည်းခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ်