Tuesday, November 26, 2013

SEA GAME လှေလှော်ပြိုင်ပွဲ နှင့်  အချိန်ကိုက်လုပ်မည့် ဆန္ဒထုတ်ဖော်မှုများအား နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ရေးသာအရေးကြီးဟုဆို



၂၇ ကြိမ်မြောက် SEA GAME ပွဲတွင် ပုသိမ်၊ ချောင်းသာ ကမ်းခြေ၌ ရွက်လှေပြိုင်ပွဲလည်း ကျင်းပမည်ဖြစ်၍ ယင်းဒေသရှိ အသိမ်းဆည်းခံ လယ်ပိုင်ရှင်များက ပြိုင်ပွဲကျင်းပစဉ်တွင်အချိန်ကိုက် ဆန္ဒထုတ်ဖော် မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။


၎င်းအပေါ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် က အဆိုပါဆန္ဒ ထုတ်ဖော်မှုသည် နိုင်ငံဂုဏ်သိက်္ခာ ထိခိုက်နိုင်မည်ဖြစ် ၍ ပြင်းပြင်း ထန်ထန် အရေးယူဆောင် ရွက်သွားမည်ဟု ထုတ်ဖော် ပြောကြား ထားပြီးဖြစ်၍ ယင်းအတွက်နိုင်ငံ သားများမူလအခွင့်အရေး ဒီမို ကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး အနေဖြင့် မည်သို့ရှုမြင့်သုံးသပ် ကြောင်း သတင်းထောက်တစ်ဦးက မေးမြန်း ခဲ့ပါသည်။

SEA GAME နဲ့ တိုက်ပြီး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊ SEA GAMe ကိုလာတဲ့အဖွဲ့တွေက ဒီကိစ်္စကို ကူညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်မယ်လို့ယုံကြည်ပြီးလုပ်တာလား၊ ဒါမှမဟုတ်ရင်ဘာရည် ရွယ်ချက်လဲ ဒီ ရည်ရွယ်ချက်က အရေးကြီးဆုံးပဲ၊ တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးကို မသိပါဘူး။ သို့သော် လည်း ကျွန်တော်က ဧရာဝတီနဲ့ နီးစပ်ပါ တယ်။ သိမ်းဆည်းတယ်ဆိုတဲ့ ကိစ္စ ရပ်တွေကို လွှတ်တော်ပိုင်း ကလဲ လုပ်တယ်။ နိုင်ငံတော်အစိုးရပိုင်း ကလည်းလုပ်တယ်။ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ကလည်း နည်းမှန် လမ်းမှန်ဖြေရှင်းတယ်။ ဖြေရှင်းတဲ့ အချိန်မှာ ဒါကိုပဲလက်ခံရမယ်လို့ ကျွန်တော် မြင်တယ်။ SEA GAME ပြိုင်ပွဲလာတဲ့ သူတွေက ဒါကိုရှင်းပေးမှာမဟုတ်ဘူး။ နားလည်းလည်မှာ မဟုတ်ဘူး။ ဘာပဲလုပ်လုပ် နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိုင်ရေးပဲအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ဦးဌေးဦး က ပြန်လည် ဖြေကြားခဲ့သည်။

မျိုးစောင့်ဥပဒေကို ဒေါ်စုအပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း လိင်တူခြင်းပေါင်းသင်းမှုကို သဘောတူထောက်ခံ



မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ် ထားခြင်းအား ပယ်ဖျက်ပေးရန် ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည် ၏တိုက်တွန်းတောင်းဆိုမှုအပေါ် မြန်မာ LGBT အခွင့်အရေးဆိုင် ရာကွန်ရ က်ကထောက်ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိ ရသည်။


နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက် သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိ တ်ဒေသ ဆိုင်ရာညီလာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်းတွင် ယင်းကဲ့သို့ ထ ည့်သွင်းပြော ကြားခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ် မှ တ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အ ဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အပေါ် မြန်မာLGBTအခွင့်အရေးဆိုင်ရာ ကွန် ရက်မှ ဦးတင်ကို ကို က " LGBTအသိုင်းအဝိုင်းကို တန်းတူအခွင့် အရေးရလာဖို့အတွက် နိုင်ငံခေါင်း ဆောင်တစ်ယောက်က ပထ မဆုံး အကြိမ် အခုလို ကျွန်တော်တို့နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြား ပေးသွားတဲ့ အတွက် အလွန်ဝမ်း သာပါတယ်။ ကျွန်တော်တို့အရှေ့ ကနေမားမား ရပ်ပေးမယ့် တိုင်း ပြည်ခေါင်းဆောင်တစ်ယောက် ပေါ်ထွ က်လာတာပေါ့။ ဘယ်တုန်း ကမှ ဘယ်လိုလူကြီးတစ်ယောက် ကမှ ထည့်သွင်းပြောကြားလေ့ မရှိ ခဲ့တဲ့ စကားတစ်ခုကို အခုလိုပြော ကြားတာဟာ ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းအတွက် ရှေ့လျှောက် ရမယ့်အားတစ်ခုပါ ပဲ''ဟု ပြောသည်။

၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျ င်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသ ည်။

By Yangon Media Group

ပြည်တွင်း စုဆောင်းမှုနှင့် မြန်မာ့ စီးပွားရေး (Domestic Savings and Economy)

မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ အရန်နိုင်ငံခြားငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံခန့်နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်ခန့် ပိုင်ဆိုင်ထားရှိကြောင်း သိရသည်။


ရွှေတစ်တန်လျှင် ပိဿာ ၆၀၀ ကျော်ခန့်ရှိပြီး လက်ရှိကာလ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်သိန်း ၆၈၀ ရှိသည်ဟု (ရွှေဆိုင်ပိုင်ရှင် အချို့၏ စကားအရ) သိရပြီး ယင်းသို့ဆိုလျှင် ရွှေ ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၉၁၈၇၉၁ ဒသမ ၂ သိန်းခန့် ဖြစ်သည်။ ယင်းကို လက်ရှိငွေလဲနှုန်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၉၇၃ ကျပ် ဖြစ်နေရာ (ဖြင့်လဲလျှင်) အမေရိကန်ဒေါ်လာ ၂၉၉၉၇၈၅၄၀ ဒသမ ၅၉၆ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ၉၇၈၅၄၁ သန်း ) ခန့်ဖြစ်သည်။

ထို့ကြောင့် လက်ရှိ နိုင်ငံခြား အရန်ငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှစ်ရပ်ပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၉၉၇၈၅၄၁ ဘီလျံ (Billion USD) ခန့် ရှိပေလိမ့်မည်။

ထို့ကြောင့် ထိုငွေပမာဏသည် လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ (FDI) အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံကျော်ခန့်နှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းကျော်ခန့်သာ ရှိနေသေးသည်ကို တွေ့ရသည်။

တစ်ချိန်တည်းတွင် ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်တွင်းစုဆောင်းငွေ ပမာဏမှာ ကျပ် ၈၆၉၁ ဒသမ ၁၅၈၁ ဘီလျံခန့် (လက်ရှိငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၃ ကျပ်ဖြင့် တွက်လျှင် ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) ခန့်ဖြစ်ရာ ယင်းငွေပမာဏသည် FDI ၏ ရာခိုင်နှုန်း ၂၀ ကျော်ခန့်သာ ရှိနေသေးကြောင်း တွေ့ရသည်။ အရန်နိုင်ငံခြားငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ (Billion USD) ၊ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုး ၂၉၉ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှင့် ပြည်တွင်းစုဆောင်းငွေ ပမာဏ (ကာလတန်ဖိုး အမေရိကန်ဒေါ်လာဖြင့်) ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ (Billion USD) ထိုသုံးခုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၆၂၃၀၉ ဘီလျံ (Billion USD) ခန့်ဖြစ်ပြီး ယင်းမှာ FDI ၏တန်ဖိုး (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံ) ၏ ၃၉ ဒသမ ၅၄၉၆၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရသည်။ (တစ်နည်းအားဖြင့် FDI ပမာဏ၏ ထက်ဝက်မျှပင် မရှိသေးဟူသော အဓိပ္ပာယ် ဖြစ်သည်။) ဆိုလိုသည်မှာ ယနေ့မြန်မာနိုင်ငံ၏ Gross Domestic Capital Formation သည် အားနည်းနေဆဲဖြစ်ပြီး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။

တစ်ချိန်တည်းတွင် ယနေ့လက်ရှိ ငွေဖောင်းပွမှုနှုန်း (Inflation Rate) မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိလာသည်ဟု သိရပြီး Money Supply ပမာဏမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကျပ် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ် ၆၇၂၂ ဒသမ ၆၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိသည် ဆိုသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၂၀၁၀-၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၉၀ ဒသမ ၈၂ ဘီလျံခန့် တိုးမြင့်လာသော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်ထက် ကျပ် ၂၃၂၃ ဒသမ ၅၇ ဘီလျံအထိ ရုတ်ခြည်းတိုးမြင့် လာရခြင်း၏ အကြောင်းရင်းကို သိရှိရန် လိုအပ်ပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ခန့်မှန်းဘတ်ဂျက်လို ငွေပြမှု (Budget Deficit) ပမာဏမှာ ကျပ် ၂၈၈၇ ဒသမ ၄၇၉ ဘီလျံ (အမေရိကန်ဒေါ်လာ တန်ဖိုး ၂ ဒသမ ၉၆၇၆ ဘီလျံ Billion USD) ခန့်ရှိနေပြီး ယင်းဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်နှင့် တတ်နိုင်သရွေ့ ဘတ်ဂျက်လိုငွေပြမှု ကြီးမားလာခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်းကို အမြဲမပြတ် ဂရုစိုက်ရန် လိုအပ်ပေမည်။ အကြောင်းမှာ ဘက်ဂျတ်လိုငွေပြမှု ပမာဏ ကြီးမားလာခြင်း (Increased Budget Deficit) နှင့် ယင်းကို ငွေစက္ကူထုတ်ပြီး ဖြေရှင်းခြင်း (သို့မဟုတ်) Financing လုပ်ခြင်းမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းများ (Economic Crisis) ဖြစ်ပေါ်လာလေ့ ရှိတတ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် Money Supply မြင့်မားလာလျှင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာပြီး နိုင်ငံတကာဈေးကွက် ဈေးနှုန်းများနှင့် ပြိုင်ဆိုင်မှုစွမ်းရည် နိမ့်ကျလာပြီး အပြည်ပြည်ဆိုင်ရာ ငွေစာရင်းရှင်းတမ်း (Balance of Payments) မှာ ဆိုးရွားလာနိုင်ပါသည်။

အခြားတစ်ဖက်တွင် ကုန်သွယ်ရေး လိုငွေပြမှု (Trade Deficit) နှင့် ဘဏ္ဍာရေး လိုငွေပြမှု (Budget Deficit) တို့သည် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းကို တန်ဖိုးလျော့ကျ စေနိုင်သကဲ့သို့ ပြည်တွင်းစုဆောင်းမှု နှုန်းကိုလည်း နိမ့်ကျစေနိုင် ပါသည်။

ဤအထက်ပါ လက်ရှိ မြန်မာ့စီးပွားရေး အနေအထားကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မိပါသည်။ ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ်၏ GDP သည် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄ ဘီလျံဖြစ်ပြီး လူတစ်ဦးချင်း GDP သည် အမေရိကန်ဒေါ်လာ ၁၇၇၀၊ နိုင်ငံခြား အရန်ငွေကြေး ပမာဏ (ရွှေမပါ ၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်းခန့် ရှိနေခဲ့သည်။

ဆိုလိုသည်မှာ ယနေ့ ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၅၉ ဒသမ ၄ ဘီလျံ အမေရိကန်ဒေါ်လာ (IMF အရ) ခန့်မှန်းထားရှိရာ ယင်းပမာဏသည် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် GDP ၏ ၆၄ ဒသမ ၄ ဘီလျံထက် အမေရိကန်ဒေါ်လာ ငါးဘီလျံ နည်းနေသေးပြီး ကာလအားဖြင့် လွန်ခဲ့သော ၂၅ နှစ်ခန့်က ထိုင်းနိုင်ငံ၏ GDP ထက်ပင် ယနေ့မြန်မာနိုင်ငံ၏ GDP က နိမ့်ကျနေသေးခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ၏ အရန်နိုင်ငံခြားငွေ ပမာဏမှာ (၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်း ပိုင်ဆိုင်နေခြင်းကိုလည်း တွေ့ရှိရသည်။

ယနေ့ မြန်မာနိုင်ငံ၏ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် GDP မှာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလျံခန့်ဖြစ်ရာ ယင်းပမာဏနှင့် ယနေ့လက်ရှိ FDI ပမာဏ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့်သာ ကွာဟ (ခြားနား) နေကြောင်း တွေ့ရသလို ပြည်တွင်းစုဆောင်းမှု ပမာဏနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏတို့ မြင့်မားလာရန်မှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း လေ့လာတွေ့ရှိရသည်။

ပြည်ပနိုင်ငံများ အပေါ်တွင် အလွန်အမင်း မှီခိုမှု အပေါ်တွင် အားပြုသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရံဖန်ရံခါ တည်ငြိမ်မှု အားနည်းစေနိုင် ပါသလို မက်ခရို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်ကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)

Credit - Eleven Media

ရန်ကုန်မြို့အတွင်း လမ်းမကြီး အများစုနှင့် လမ်းသွယ် အချို့တွင် အခမဲ့ကားပါကင်များ ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်



ရန်ကုန်မြို့အတွင်း လမ်းမကြီးအများစုနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များကို ယခုနှစ်အတွင်း ပြီး စီးအောင် ဆောင်ရွက်သွား နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောသည်။


ယင်းကဲ့သို့ လမ်းမကြီးများ အားလုံးနီးပါးနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များ ပြုလုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများ လျော့ကျစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ကျ ဆင်းစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ လမ်းမကြီးများ အားလုံးနဲ့ လမ်းသွယ်အချို့မှာ အခမဲ့ ကားပါကင်တွေကို ယခု နှစ်အတွင်း ပြီးစီးအောင် ကြိုးစားဆောင်ရွက်သွားပါ့မယ်။ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာ လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း စတဲ့လမ်းမကြီးတွေ အားလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိက တော့ အရမ်းကျယ်တဲ့ လူသွားလမ်း စင်္ကြံန်တွေကို ငါးပေအကျယ်အ၀န်း လောက်ပဲထားပြီးရင် အဲဒီနေရာ တွေ မှာ ကားပါကင်တွေ ပြုလုပ်သွားမှာဖြစ်တယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင် ရပ် နားနေသည့် ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားအရေးယူမှုကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် လမ်းသွယ် များ ၌ အဓိက ရပ်နားနေရကြောင်း၊ ယင်းသို့ရပ်နားနေမှုကြောင့် အချို့လမ်းသွယ်များတွင် ယာဉ်ပိတ်ဆို့ မှုများ ပိုမိုဖြစ်ပွားနေပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများလည်း ပိုမိုဖြစ်ပွားနေသည်။

 အနော်ရထား လမ်းမပေါ်တွင် ယာဉ်များရပ်နားထားမှုအား နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် 
(ဓာတ်ပုံ-မျိုးမင်းထက်)

Eleven

နှစ်နိုင်ငံခရီးသွားများ အဆင်ပြေစေရန်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပြုမည်



မြန်မာ-ထိုင်းနယ်စပ် ၀င်၊ ထွက် ဂိတ်များအနက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို နှစ်နိုင်ငံ ခရီး သွားများ အဆင်ပြေစေရန် အတွက် အချိန် တိုးမြှင့် ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း မြ၀တီချစ်ကြည် ရေး တံတားရှိ တာဝန်ရှိသူများထံမှ သိရသည်။


နှစ်နိုင်ငံနယ်စပ် တံခါးပေါက်ဖြစ်သည့် မြ၀တီနှင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လင့်မေးရွာ (မယ်တော် )ကို ပေါင်းကူးတည်ဆောက်ထားသော ချစ်ကြည်ရေးတံတားအား လက်ရှိတွင် မြန်မာစံတော်ချိန် နံနက် ၆နာရီမှ ည ၆ နာရီထိ ဖွင့်လှစ်ထားရာမှ မကြာမီ ကာလတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွား လာ ခွင့် ပြုသွားရန် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တရားဝင် ခွင့်ပြုထားကြောင်း သိရသည်။

''နှစ်နိုင်ငံ ခရီးသွားတွေ အဆင်ပြေဖို့  အတွက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖွင့်လှစ်ဖို့ ပြည်နယ် အစိုးရ အဖွဲ့က တရားဝင် ညွှန်ကြားစာ ရောက်ရှိပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖက်က အဆင်သင့် ဖြစ်နေ ပါပြီ။ ဟိုဘက်နိုင်ငံနဲ့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်'' ဟု မြ၀တီတံတားမှ တာ ၀န်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ချစ်ကြည်ရေးတံတား အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြင့် မြ၀တီ ဒေါနတောင်ပေါ်လမ်းတွင် ယာဉ် ကြော ပိတ်ဆို့မှုကြောင့် ရောက်ချိန်နောက်ကျသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အတွက် တ ဖက်နိုင်ငံသို့ ထွက်ခွာရန် ပို၍အဆင်ပြေ သကဲ့သို့ နံနက်သွား၊ ညပြန် သွားလာလှုပ်ရှား နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား၊ ဈေးသည် ဈေးဝယ်များ၊ မော်တော်ယာဉ်နှင့် ခရီးသွား လုပ်ငန်းယာဉ်များ ပိုမိုအဆင်ပြေလာ နိုင်ကြောင်းနှင့် အမှောင်ထုကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများ မဖြစ်ပွားရအောင် လည်း တာဝန်ရှိသူများမှ အထူးဂရုပြုသင့်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအား ၁၉၉၄ ခုနှစ် အောက်တိုဘာ ၂၀ ရက် တွင် ဘတ် ၇၉ ဒသမ ၂ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ 

ကားကိစ္စကြောင့် ၂၀၀၇ ခုနှစ် မတ်၂၈ရက်မှ ဧပြီ ၃ ရက်အထိ ယာယီပိတ်ခဲ့ပြီးနောက် သောင်ရင်း မြစ် ကမ်းထိန်းနံရံ တည်ဆောက်မှု လုပ်ငန်းများကြောင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်တွင် ယာယီပိတ်ထား ခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဓါတ်ပုံ - မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသော 
ထိုင်းခရီးသွားများအား တွေ့ရစဉ်

Eleven

တောင်သမန်အင်း အတွင်းရှိ ပျက်စီးယိုယွင်းနေသော ဦးပိန်တံတား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည်



အမရပူရ မြို့နယ်အတွင်း တောင်သမန်အင်းရှိ ယိုယွင်းပျက်စီးမှု များပြားလာနေသည့် ဦးပိန် တံတားအား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။


မန္တလေး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း နိုင်ငံခြားသား ခရီး သွား လာရောက်လည်ပတ်မှု ပိုမိုများပြား လာကြောင်းနှင့် ဦးပိန်တံ တား ရေရှည်တည်တံ့ နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြ သွားမည်ဖြစ်ကြောင်း ရှေး ဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။

''မန္တလေး ယဉ်ကျေးမှုဇုန်ကို ဒီနှစ်ခရီးသွားရာသီ ကာလမှာ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ လည်ပတ်မှုက ပိုများတယ်လို့ ပြောလို့ရပါတယ်။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကိုလည်း ရေရှည်တည်တံ့ နိုင်စေဖို့ အ တွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားနိုင်ဖို့လည်း စီစဉ်နေပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားပျက်စီးမှု များလာခြင်းကိုလည်း ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြု ပြင်ထိန်းသိမ်း နိုင်ရန်အတွက် ထပ်မံတင်ပြသွားရန် စီစဉ်နေကြောင်းပါ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး လာရောက် လည်ပတ်နေသည့် တောင်သမန်အင်း ရေပြင်ညစ် ညမ်း လာနေမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီတစ်ခုဖြင့် ရေသန့်စင်မှု များ ပြုလုပ်သွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်၌ အင်းရေပြင်နှင့် တောင်သမန် ပတ် ဝန်းကျင်မှာ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့အပြင် ဦးပိန်တံတား ယိုယွင်းပျက်စီးလာနေမှု များ ကိုလည်း တိုင်းဒေသကြီး အစိုးရမှ တောင်သမန်အင်းနှင့် ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းမှု ကော်မတီတစ် ရပ် ဖွဲ့စည်းကာ ပြုပြင်ထိန်းသိမ်းရန် စီစဉ်နေကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားထားသည်။

မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှုမှာ ၁၀၁၆၃၈ ဦးကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။

Eleven

ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး၊ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးအတွက် တပ်မတော်(ရေ)က တာဝန်ယူထား



ရခိုင်ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်တွင် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး အတွက် ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို တပ်မ တော်(ရေ)မှ ထမ်းဆောင်နေ ကြောင်း သတင်းရရှိသည်။


ရသေ့တောင်မြို့နယ် အငူမော်မှ နတ်မြစ်ဝနှင့် နတ်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေးအတွက် ယခင်နယ် စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက)အား ဖျက်သိမ်းပြီးနောက်ပိုင်း တပ်မတော်(ရေ)မှ ဆက်လက် တာဝန်ယူ ထားကြောင်းနှင့် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ နိုင်ငံနှင့် ဆက်စပ်နေသည့် ရေလမ်းကြောင်း များမှတစ်ဆင့် ကျူးလွန် လာသည့် မှုခင်းများကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရခိုင် ပြည်နယ်တွင် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူ ဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်းရဲ တပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲဆိပ်ကမ်းများတွင် လည်းကောင်း ဖြန့်ခွဲဆောင်ရွက် သွားရန်ရှိပြီး လက်ရှိ အချိန်တွင် ပြင်ဆင်ဆဲ အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း တပ်မတော် (ရေ)မှ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်း ဆောင်နေစဉ် လက်နက်ကိုင်များ၏ စက်လှေတစ်စီးအား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁နာ ရီအချိန်ခန့်က မယူမြစ်ဝရှိ မေယုကျွန်းအနီး မသင်္ကာဖွယ် လှေ တစ်စီးအား တပ်မတော် စစ်ရေယာဉ်မှ မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မပြုဘဲမောင်းနှင် ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင် အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီးရမိ ခဲ့ ကြောင်းနှင့် အဆိုပါလှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ် ၁၆ မောင်းပြန်ရိုင်ဖယ်တစ်လက် နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး စ္စတိုသေနတ်တစ်လက်နှင့်ကျည်အိမ်တစ်ခုတို့အားသိမ်းဆည်း ရမိ ခဲ့သော်လည်း လှေပေါ်တွင် လိုက်ပါလာသူများအား လိုက်လံဖမ်းဆီးစဉ် လှေပေါ်မှ ခုန်ချထွက်ပြေး သွားကြောင်း သိရသည်။ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ပင်လယ်ပြင်လုံခြုံရေး အနေအထားအရ ငါးဖမ်းလှေ များမှာ စိတ်ချလက်ချ ငါးဖမ်းဆီးနိုင်ခြင်း မရှိသည့်အပြင် လူမှောင်ခို ဂိုဏ်းများနှင့် လက်နက်မှောင်ခို ဂိုဏ်း များ၏ စက်လှေများ ၀င်ထွက်ဖွယ်ရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

 နတ်မြစ်အတွင်း လုံခြုံရေး တာဝန်ယူနေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်အား တွေ့ရစဉ်

Eleven Media Group

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ် လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေ ရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေး မှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြား ခဲ့သည်။


ထို့အပြင် အမြန်လမ်းမကြီး တစ်လျှောက်တွင် မှုခင်းကြိုတင် ကာကွယ်သည့် စီမံချက်ဖြင့် အခြေမဲ့ နေထိုင် သူများ၊ ညပိုင်း အရက်မူးယစ် နေသူများနှင့် မောင်းနှင်ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ်များကို ခဲဖြင့်ပေါက်နေ သူများကိုလည်း စစ်ဆေးအရေးယူ သွားမည်ဟု သိရသည်။

အလားတူ အမြန်လမ်းမကြီး၌ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အဆိုပါ လမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကိုလည်း ပညာပေးဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''အမြန်လမ်းမပေါ်မှာ ဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှု အခြေအနေတွေက နောက်ပိုင်းမှာ အနည်းငယ် လျော့ ကျလာပါတယ်။ ဒါပေမဲ့ ယာဉ်တိုက်မှုတွေအပြင် တခြားဆက်စပ် မှုခင်းများနဲ့ ရာဇ၀တ်မှုတွေ မဖြစ်ပွား အောင် ညပိုင်းမှာ မူးယစ်သောက်စားပြီးတော့ သွားလာနေတဲ့သူတွေ၊ အခြေမဲ့ နေထိုင်တဲ့ သူတွေနဲ့ ယာဉ် တွေကို ခဲဖြင့်ပေါက်တဲ့သူတွေကို ဖမ်းဆီးအရေးယူ သွားတော့မှာပါ။ ဒါ့အပြင် လမ်းလုံခြုံမှု ရှိဖို့အတွက် လှည့် ကင်း ပတ်ကင်းတွေကို တိုးချဲ့လုပ်ဆောင် သွားမယ့်အပြင် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေး မှုတွေ ကိုလည်း တပ်ဖွဲ့ဝင်အင်အား တိုးပြီးတော့ ဆောင်ရွက်သွားမယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အမြန် လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးက ''အမြန်လမ်းမှာ ချမှတ်ထားတဲ့ လမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ ဆက် စပ်ကျေးရွာတွေ အားလုံးကို လမ်းအသုံးပြုမှုတွေ ရှောင်ကြဉ်ရမယ့် အရာတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်သွားမယ်'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် လမ်းလုံခြုံရေး အတွက် ကင်းပုန်းဝပ်ခြင်းနှင့် စောင့်ကြည့် ကင်းလှည့်မှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven

လက်ပံတောင်းဒေသ မီးလောင်သံဃာများအတွက် လှူဒါန်းထားငွေကို ဥူးဝီရသူက ခွဲဝေပေးမည်

လက်ပံတောင်းဒေသ သပိတ်စခန်းဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိ ထားသော အလှူငွေကျပ် သိန်း၅၅၀ခန့်ကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်တစ်ပါးဖြစ်သူ ဥူး ဝီရသူက နိုဝင်ဘာလ ၂၇ရက် နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းရှိ ရွာဦးဘုန်းကြီး ကျောင်း၌ ခွဲဝေပေးအပ်မည်ဟု ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက မဇ္ဈိမကို ပြောသည်။


မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ မြန်မာငွေ ၅၀,၁၉၆, ၂၆၀သိန်း၊ အမေရိကန်ဒေါ်လာ၃,၃၅၀(မြန်မာငွေ ၃,၂၄၉,၅၀၀၊ ထိုင်းဘတ်ငွေ၅၀,၀၀၀ (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။

ထိုငွေများသည် သပိတ်စခန်းများအား အာဏာပိုင်များက ဖြိုခွင်းခြင်းကြောင့် သံဃာတော်များ မီးလောင် ဒဏ်ရာရရှိခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်က စတင်ကာ 'မီးလောင်ဒဏ်ရာ ကူညီစောင့်ရှောက် ရေးအဖွဲ့'က ကောက်ခံထားခြင်းဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ ဆေးရုံမှဆင်းပြီးနောက်ပိုင်းတွင် ကောက်ခံရရှိသော အလှူငွေများကို ဆရာတော်ဥူးဝီရသူအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုငွေများကို မီးလောင်ဒဏ်ရာရရှိခဲ့သော သံဃာတော်များသို့ မည်ကဲ့သို့ခွဲဝေလှူဒါန်းမည်ကိုမူ ဆရာတော် က မိန့်ကြားခြင်း မရှိသေးပေ။

မီးလောင်ဒဏ်ရာရပြီး ထိုင်းနိုင်ငံအထိ သွားရောက်ဆေးကုသရသော သံဃာတော်တစ်ပါးဖြစ်သည့် ဆရာ တော် ဥူးတိက္ခဥာဏက "မီးလောင်ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရ သံဃာတော်တွေ ရွေးချယ်တဲ့အခါမှာ ဆေးရုံတက်ရတဲ့ ရက်အကြာကိုကြည့်ပြီး သတ်မှတ်ရွေးချယ်ခဲ့တာ ဖြစ်တယ် "ဟု မဇ္ဈိမကို မိန့်ကြားသည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက်၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့် ဒေသခံများကို အာဏာ ပိုင်များက ဖြိုးခွင်းခဲ့ခြင်းကြောင့် မုံရွာဇောတိကရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာတော် ၈၈ ပါး၊ ပခုက္ကူမြို့ အလယ်တိုက်ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာ ၅ ပါးနှင့် ဒေသခံ ၃ ဦးခန့် မီးလောင်ဒဏ် ရာ ရရှိခဲ့သည်။

မဇ္ဈိမ

အစ္စလာမ် ဗလီများအား အင်ဂိုလာ အစိုးရ စတင်ဖျက်ဆီးဖျက်ဆီးပြီ



25.11.2013

အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ် ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသ လိုက်တာဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီး တစ်ခုဖြစ်တဲ့ http://www.onislam.net/ အတိ အလင်း ဖေါ်ပြလိုက်ပါတယ်။


လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေး အဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံ တစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိ ပါတယ်။

အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ “ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊ ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း ” တရားဝင် ပြောကြားလိုက်ပါတယ်။ လုအန်ဒမြို့တော်ရှိ ဗလီနှစ်လုံးကိုလည်း ဖျက်သိမ်းရန် အမိန့်ရထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

မူရင်းလင့် http://www.onislam.net/english/news/africa/466297-angola-bans-islam-destroys-mosques.html

ကြေးမုံသတင်းစာ(facebook)