Tuesday, November 19, 2013

KIA မှာ ကလေးစစ်သားတွေ ရှိနေသေးကြောင်း ဂွမ်မော် ၀န်ခံ



နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၃ နာရီရန်ကုန်မြို့ ၊ Business Alliance Hotel ဟိုတယ်မှာ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။


ကျမအနေနဲ့ မေးခွန်း ၃ ခွန်းမေးခွင့်ရခဲ့ပါတယ်။

အစိုးရနဲ့ KIA တိုက်ပွဲတွေ မရပ်တန့်သေးတာက အကျိုးအမြတ်ရှိနေတဲ့အတွက် ဆိုတဲ့ ဝေဖန် သံတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

`တိုက်ပွဲတွေကတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ပြည်တွင်းမှာ ဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ပြည်တွင်းကလူတွေအတွက် အကျိုးအမြတ်မထွက်ပါဘူး`လို့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းစာရှင်းလင်းပွဲမှာ ဖြေပါတယ်။

ဒုတိယ မေးခွန်းကတော့ KIAရဲ့ ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

` လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားတန်းတူညီမျှမှု မရှိခဲ့သောကြောင့်တိုင်းရင်းသား အဖွဲ့ အသီးက တော်လှန်ရေးတွေ ပေါ်ပေါက်လာတော့ အဲတော့ ခုထိပြောရတာကတော့ စစ်မှန်တဲ့ Federal ပြည်ထောင်စုကို တည်ဆောက်ဖို့နဲ့ တန်းတူညီမျှမှု ရဖို့ဖြစ်ပါတယ်၊ အဲဒါကတော့ ကျနော်တို့ရဲ့ ပန်းတိုင် လို့ ပြောရင်လည်း ရပါတယ်`

တတိယမေးခွန်းကတော့ ကလေးစစ်သားတွေ ရှိနေတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းပါ။

“ကလေးဆိုတာကတော့ စစ်သားအနေနဲ့ မဖြစ်သင့်တာ မရှိသင့်တာ အမှန်ပါ။ ဒါကို စစ်တပ်တိုင်းကလည်း တာဝန်ရှိသူတိုင်းက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်၊ ဒါပေမဲ့လည်း ကလေးစစ်သား အများအပြားရှိနေဆဲဖြစ်ပါတယ်။ ဒါကို ဆက်ပြီး လုပ်ရမဲ့ လုပ်ငန်းအနေနဲ့ KIA ထဲမှာလည်း ဒီလိုပဲ ညွှန်ကြားထားပါတယ်`

ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ၊
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း



လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် တိုးတက်ရေး ရေရှည် တည်ငြိမ် အေးချမ်းရေး အတွက် မသင့်တော်ဘူး ဆိုတာကို ရှင်းပြသွားပြီး ဖြစ်ပါတယ်။ ဘာ့ကြောင့် မသင့် တော်သလဲ ၊ ရှေ့နောက် မညီတာဖြစ်လို့ ပြည်သူ တွေရဲ့ အခြေခံ အခွင့်အရေးတွေကို မကာကွယ် နိုင်တာ ဖြစ်လို့ စသဖြင့် .... ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေး နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ် ။ အဲဒါတွေကို ကျွန်မတို့ကနေပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရမယ် ။


အခြေခံဥပဒေ ပြင်ဆင်မှ နိုင်ငံရဲ့ အနာဂတ်က လှပမှာပါ။ လူတစ်ယောက်က နိုင်ငံကို ဘယ်လောက် ချစ်တယ် ကောင်းစားစေချင်တယ် ပြောပြော အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်တာနဲ့ ဆုံးဖြတ်ရမယ်။ အခြေခံဥပဒေကို ပြင်ဆင်လိုသူမှ တိုင်းပြည်ကို ချစ်တယ်လို့ ပြောလို့ရမယ်။ ကိုယ်ရနေတဲ့ အခွင့် အရေးတွေ ဆုံးရှုံးသွားမှာ စိုးလို့ ပြည်သူအတွက် မဖြစ်မနေ ပြင်ရမဲ့ အခြေခံဥပဒေကို မပြင်ဆင်လိုဘူးလို့ ပြောတဲ့ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းဖြစ်နေနေ တိုင်းပြည်ကို မချစ်လို့ပဲ။

အခြေခံဥပဒေ မပြင်ဆင်လိုပါဘူးလို့ ပေါ်တင်ပြောတဲ့သူကို မကြောက်ရဘူး။ သူ့ကို နားလည်အောင် ရှင်းပြလို့ ရတယ်။ ပြည်သူကို စေတနာထားပါတယ် တိုင်းပြည်ကို ကောင်းစားစေချင် ပါတယ်လို့ ပြုံးပြုံးနဲ့ပြောပြီး တစ်ကယ်တန်း အခြေခံဥပဒေ ပြင်ရမယ်ဆိုတော့မှ ကိုယ်ကျိုးစီးပွါး ထိခိုက်မှာစိုးလို့ အရေးမပါတဲ့ အချက်တွေကိုပဲ ဟန်ဆောင် ပြင်ပေးမဲ့သူကို ကြောက်ရမှာ ဖြစ်တယ်။

ကျ မ တို့ ကို နား မ လည် ဘဲ ထောက် ခံတာ ကို မ လို အပ် ဘူး။ကျ မ တို့ ကို နား လည် ပြီး ထောက် ခံဖို့  လို အပ် တယ်။ ပြုံးပြုံးလေးနဲ့  လူထုထောက်ခံပွဲကို ထောက်ခံတာသိပ်ကြောက်စရာကောင်းတယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်အင်အား ရှိမှတော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

တကယ်ဘဲတိုင်းပြည်အပေါ်စေတနာထားပါလားဆိုတာ ကို့ ယ်ဟာကိုဘဲစဉ်းစားရမယ်။ ဘယ်လောက်အထိ စွန့် လွှတ်မလဲဆိုတာ ပြန်စဉ်းစားကြရမယ် ဘယ်သူတွေက ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ဘယ်သူတွေ လုပ်နေတယ်ဆိုတာ သိကြပါလိမ့်မယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည် အင်အားရှိမှ တော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဟာဝန် ထမ်း တိုင်း ကျောင်း သား တိုင်း နဲ့လည်း သက် ဆိုင် ပါ ကြောင်းဒီ လို ပွဲ မျိုး တက် ရောက် သည် ဖြစ် စေ မ တက် ရောက် သည် ဖြစ် စေ မိ မိ တာဝန် ကင်း တယ် မ ဆိုင် ဘူး လို့ မ ထင်ပါ နဲ့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေဆို တာ အား လုံး နဲ့ သက် ဆိုင် ပါ ကြောင်း ပြည် သူ ကို အ မှာ စ ကား ပါး လိုက် ပါတယ်။

တပ်မတော်သားတစ်ယောက်ရဲ့ မိခင်တစ်ဦးရဲ့ရင်ဖွင့်သံဟာ အမေစုနဲ့ တက်ရောက်လာတဲ့ ပရိသတ်ကြီး အားလုံးဝမ်းနည်းစိတ်မကောင်းဖြစ်သွားစေပါတယ် တပ်မတော်သားတစ်ယောက်ရဲ့မိခင်ဖြစ်ရတာ ဂုဏ်ယူ စရာကောင်းစေချင်ပေမယ့် ခုတော့ရှက်စရာကောင်းပြီး လူတောမတိုးဖြစ်နေရကြောင်း ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ အမေစုအနေနဲ့ကြိုးစားပေးစေချင်ပါကြောင်းဝမ်းနည်းသံနဲ့ပြောကြားသွားပါတယ်။



ရွှေမန်း နဲ့ သူရဲ့သားများအကြောင်း ကို အမြစ်တူးခြင်း



မိသားစုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သြဇာအရှိန်အဝါ မသုံးခဲ့ကြောင်း၊ အချိန်မရွေး အစစ် ခံနိုင်ကြောင်း ပြောကြားခဲ့ တဲ့ ရွှေမန်း နဲ့ သူရဲ့သား များ အကြောင်း ကို အမြစ်တူးခြင်း ....(၁)


ဦးရွှေမန်းက ပြတ်ပြတ်သားသား ငြင်းဆိုနေပေမယ့် ဦးရွှေမန်းသားတွေရဲ့ စီးပွားရေးလုပ်ငန်းများမှာ ဦးရွှေမန်းဆိုတဲ့ အရှိန်သြဇာကြောင့် လုပ်ကွက် အခွင့်အလမ်းတွေ ရခဲ့ကြတဲ့အကြောင်း အထောက် အထား အချက်အလက်များနဲ့ ဓာတ်ပုံများက သက်သေပြနေပါတယ်။ ဦးအောင်သက်မန်း ဆောက်လုပ်ခွင့်ရရှိခဲ့တဲ့ လမ်းတွေ၊ အစိုးရ အဆောက်အအုံ တွေက ဦးရွှေမန်း အရှိန်အဝါနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ နေပြည်တော် ဥပ္ပါတသန္တိစေတီ ကုန်းတော် ဖော်ထုတ်ရေးလုပ်ငန်း အပါအဝင် နေပြည်တော်ရှိ အခြားအစိုးရပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီး များစွာကို ဦးအောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီက ကန်ထရိုက် ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လက မီးလောင်ပျက်ဆီးသွားတဲ့ မော်လမြိုင်ဈေးကြီး နေရာတွင် ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်းပါဝင်သည့် ဈေးသစ်ကြီးတစ်ခုကို ထိုစဉ်က ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ရှယ်ယာများစွာပါသော ဧရာဟင်္သာ ကုမ္ပဏီမှ ပြန်လည်ဆောက်လုပ်ခွင့် ရခဲ့ပါတယ်။

၂၀၁၀ သြဂုတ်လက နေပြည်တော်မှာ စပြီးဖွင့်ခဲ့တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် - Asia Green Development Bank (AGD) မှာ အများအမြင်တွင် ဦးတေဇပိုင်လို့ ထင်ထားရပေမယ့် ဦးတေဇက နာမည်ခံရုံသာဖြစ်ပြီး ဦးအောင်သက်မန်းမှ ၈၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ပါတယ်။ နေပြည်တော်၊ မန္တလေး၊ လမ်းမတော်၊ မြောင်းမြ၊ ဖြူး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မြင်းခြံ၊ မုံရွာ၊ ဘုရင့်နောင်၊ ညောင်လေးပင်၊ အောင်လံ၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ တောင်ငူ၊ ပြည်၊ ညောင်ရွှေ၊ လားရှိုး၊ မကွေး၊ ပုသိမ်၊ မိတ္ထီလာ၊ အောင်ပန်း၊ ဆူးလေ၊ မြိတ်၊ ကမာရွတ် နဲ့ တာမွေ တို့တွင် ဘဏ်ခွဲပေါင်း ၂၉ ဘဏ် ဖွင့်ထားပြီး ယခုနှစ်အတွင်းမှာ ဘဏ်ခွဲ ၆ ခု ထပ်ဖွင့်အုံးမှာဖြစ်ပါတယ်။ AGD ဘဏ်မှာ ဘဏ်ဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပြီး ဦးရွှေမန်းရဲ့ အရှိန်ဖြင့် အချိန်တိုကာလအတွင်းမှာ နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ကို AGD က ရရှိခဲ့ ပါတယ်။

၂၀၁၁ ခုနှစ်က အကောင်းစား ဘက်စ်ကား ၃၃ စီးဖြင့် စတင်ပြေးစွဲနေတဲ့ အဝေးပြေး Express လုပ်ငန်းတွင် အကောင်းဆုံး E-Lite Express မှာလည်း ဦးတိုးနိုင်မန်းက အစုရှယ်ယာ အများဆုံး ပါဝင်ပါတယ်။ E-Lite Express ဟာ တစ်နိုင်ငံလုံးမှာ မရှိသေးတဲ့ လေယာဉ်အခင်းအကျင်းဖြင့် ဆွီဒင်နိုင်ငံ ထုတ်၊ အပေါ်ထပ် ၄၃ ခုံ၊ အောက်ထပ် ၁၃ ခုံပါ နှစ်ထပ်ကားတွေနဲ့ ရန်ကုန် - နေပြည်တော် ပြေးဆွဲဖို့ စီစဉ် နေကြောင်း E-lite Express မန်နေဂျာ ဦးထွန်းမြင့်ဆန်းက ပြောဆိုထားပါတယ်။

ဦးတိုးနိုင်မန်းပိုင် E-Lite Tech Manufacturing ဟာ တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းလောကကို ထိန်းချုပ်နိုင်ဖို့အထိ လုပ်ဆောင်နေပါတယ်။ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်းပစ္စည်းများဟာ ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ E-Lite ကဲ့သို့ပင် Max နဲ့ ထူးကုမ္ပဏီမှာလည်း ဦးရွှေမန်း၏ သားနှစ်ဦး ပိုင်ဆိုင်တဲ့ အစုရှယ်ယာ အများအပြား ရှိနေပြီး အလားတူ Forever Group , ချယ်ရီ FM နှင့် Channel 5 တို့တွင် ဦးတိုးနိုင်မန်း ရှယ်ယာများစွာ ပါဝင် ပါတယ်

ဦးရွှေမန်း တိုင်းမှုးဖြစ်စဉ် ဦးအောင်သက်မန်း ပိုင် ဧရာရွှေဝါ ကုမ္ပဏီက ဧရာဝတီတိုင်းတွင်းက တောင်သူတွေကို ဓာတ်မြေသြဇာတွေ မယူမနေရစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ စင်္ကာပူ ဆန်တင်ပို့ခွင့်ကို ဦးအောင်သက်မန်းက ပထမဆုံး ရရှိခဲ့ပါတယ်။ ဦးတိုးနိုင်မန်း ပိုင် Red Link Communications Ltd ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WIMAX စနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရပိုင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိက ပြုလုပ်ချိန်မှာ တိုးနိုင်မန်း ပါဝင်ခဲ့ပြီး လက်ရှိ Red Power ဆီဆိုင်တွေဟာ ဦးတိုးနိုင်မန်းပိုင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဦးတိုးနိုင်မန်း ဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသူများ အသင်းတွင် အဆင့်မြင့်ရာထူးကို ရရှိထားပါတယ်။ ဤမျှလောက်သော ကြီးမားသည့် လုပ်ငန်းကြီးများ လုပ်ကိုင်လျှက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အခွန် အများဆုံးဆောင် သည့် လူ ၅၀၀ စာရင်းတွင် ဦးရွှေမန်းသား နှစ်ဦးလုံး မပါဝင်ခဲ့ ပါဘူး။ ဦးအောင်သက်မန်း hနဲ့ ဦးတိုးနိုင်မန်းရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဦးရွှေမန်း တိုင်းမှူးဖြစ်ချိန်မှ စတင်ပြီး ရုတ်တရက် အောင်မြင်လာတာဖြစ်ပြီး ဦးရွှေမန်း နိုင်ငံတော်မှာ အဆင့် ၃ ကို ရောက်ရှိသွားချိန် မှာတော့ ဝန်ကြီးတွေက ဦးရွှေမန်းကို ကြောက်တဲ့အရှိန်နဲ့သားတွေ လုပ်ချင်သမျှလုပ်ကွက်တွေကို ချပေးခဲ့ ရခြင်းဖြစ်ပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဟာ ဦးတိုးနိုင်မန်းကို Red Link နှင့် အခြား အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ရသလို မွေး/ရေ ဝန်ကြီး ဦးမောင်မောင်သိမ်းက ရေလုပ်ငန်း ဆိုင်ရာ အခွင့်အလမ်းများအား ဦးအောင်သက်မန်းကို ပေးခဲ့ရပါတယ်။ ဦးသိန်းဆွေမှလည်း ဆောက်လုပ် ရေးလုပ်ငန်းများစွာကို ဦးအောင်သက်မန်းအား လုပ်ခွင့်ပေး ခဲ့ရပါတယ်။

၂၀၁၂ မတ်လတုန်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ ဘဏ္ဏာရေးဝန်ကြီး ကိုလည်း မတိုင်ပင်၊ သမ္မတဦးသိန်းစိန်ကိုလည်း အသိမပေးဘဲ လစာတိုးမြင့်ရေးကို လွှတ်တော်မှာ ရုတ်တရက် ပြောဆိုလိုက်ပါတယ်။ လစာတိုးသတင်းဟာ ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ကုန်ဈေးနှုန်း တွေ တရိပ်ရိပ်စတက်လာပါတယ်။ ဒေါ်လာဈေးတွေလည်း တက်သွားပြီး ဆီဈေးတွေနဲ့ သွင်းကုန်ပစ္စည်း တွေ ဈေးထိုးတက်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှသိရတာက ဦးရွှေမန်း လွှတ်တော်မှာ လစာကိစ္စ မပြောခင် တစ်ပတ်အလိုကတည်းက ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းက ဒေါ်လာတွေ သန်းချီကာ ကြိုတင်ဝယ်ယူ စုဆောင်းထားပြီး ဈေးတက်ပြီးနောက် ချက်ချင်းပြန်ရောင်းချိန်မှာ ရက်ပိုင်းအတွင်း သိန်းပေါင်းများစွာ အမြတ်အစွန်း ရရှိခဲ့ပါတယ်။ သားတွေစီးပွားဖြစ်စေဖို့ ဦးရွှေမန်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ သုံးလိုက်တယ်ဆိုပြီး နေပြည်တော် အသိုင်းအဝိုင်းအတွင်း အပြင်းအထန် ဝေဖန်မှုတွေရှိခဲ့ ပါတယ်။

ယခင် ဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဦးရွှေမန်းသားတွေက ဖခင်အရှိန်အဝါနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရယူခဲ့ပေမယ့် ဘယ်သူမှမပြောရဲဘဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် Trade Time ဂျာနယ်မှ “အဘရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ အသံထွက် တာမျိုးကြားရပါတယ်။ အဲဒီအပေါ်မှာ အဘ clear ဖြစ်တယ်လို့ အာမခံနိုင်ပါ သလား။” ဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဦးရွှေမန်း အစစ်ဆေးခံနိုင်ပါတယ်ဆိုရင် တော့.....

Post Burmar Pyi Thar
Source NSA (RT Democratic Wave)