Friday, November 15, 2013

ပြည်သူများ ခဲနှင့်ပေါက်သဖြင့် အရာတော် NLD ဆိုင်းဘုတ်စုတ်ပြဲ



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော် မြို့နယ်၊ ဘောင်းကျကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဆိုင်ဘုတ် အား ပြည်သူလူထု မှ ခဲ့ဖြင့်ပေါက်ခဲ့သဖြင့် စုပ်ပြဲသွားခဲ့ကြောင်း ဒေသ ဆိုင်ရာ ပါတီပြန်ကြားရေး တာဝန်ရှိသူတစ်ဦးမှ အတည်ပြုပြောကြားလိုက် သည်။


ဘောင်းကျကျေးရွာ (NLD) ပါတီအလုပ်အမှုဆောင် ဦးဝင်းနိုင် ဆိုသူ၏ နေအိမ် ပါတီရုံးဆိုင်းဘုတ်အား ခဲဖြင့်ထုပေါက် ခဲ့ခြင်းဖြစ်ကြောင်း ထိုသူမှ ဆက် လက်၍ ပြောသည်။ ထိုသို့ ဖြစ်ပွားချိန်တွင် ပါတီအလုပ်အမှုဆောင် ဦးဝင်းနိုင် ဆိုသူသည် ခရီးသွားနေ ချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိပြီး မိသားစုမှာ ၎င်းနေအိမ်၌ နေထိုင်လျက်ရှိနေခဲ့သည်ဟု ထိုသူမှ ဆိုသည်။

သက်ဆိုင်ရာ ဒေသလုံခြုံရေး တာဝန်များဆောင်ရွက်လျက်ရှိသည့် နောင်ကြီးအိုင် နယ်မြေရဲစခန်းမှူး ရဲအုပ် လှငွေနှင့်အဖွဲ့မှ ထိုအရပ်သို့ ယခုလ ၉ ရက်နေ့မနက်က သွားရောက်၍ အခြေအနေများကို စစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အတည် ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်သည် ယခုလ ၈ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ဘောင်းကျကျေးရွာ ပြည်သူ ၁၅ ဦးခန့်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဆိုင်ဘုတ်အား ခဲခြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း မြို့နယ် စီခန့်ကော်မတီ အဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

အဆိုပါ (NLD) ပါတီ ဆိုင်းဘုတ် ခဲပေါက်ခံသဖြင့် စုပ်ပြဲသွားသည့်အရပ်သို့ စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တိုင်းအလူပ်အမှုဆောင် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ယခုလ ၁၀ ရက်နေ့က တာဝန်ရှိသူများလိုက်ပါလျက် သွား ရောက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလျက်ရှိကြောင်း မုံရွာပါတီရုံးမှ ကိုမှတ်ကြီးမှ ပြောကြားသဖြင့် သိရှိရသည်။

ယခင်ကလည်း မြောင်းမြ၊ နေပြည်တော် နှင့် အခြား မြို့များရှိ NLD ပါတီ ဆိုင်းဘုတ်များကို ပြည်သူလူထု မှ ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး နေပြည်တော် NLD စည်းရုံးရေးခရီးစဉ်တွင် ဆိုင်းဘုတ်သာမက လူကိုပါ ခဲဖြင့်ပေါက်ခံရသဖြင့် NLD ပါတီဝင်များ ဆေးရုံတက်ခဲ့ရဖူးသည်။

NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဟောပြောစဉ်က လူထုကို ရှေ့တန်း တင်ခဲ့သော်လည်း ယခုအခါ လူထုလိုအပ်ချက်များထက် အခြေခံဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ရေးကိုသာ တစိုက်မက်မက် လုပ်ဆောင် လျှက်ရှိသဖြင့် ပြည်သူအများမှ စိတ်တိုဒေါသ ထွက်လျှက်ရှိကြောင်း သိရသည်။

. From: Monywa Times

ကချင်တိုင်းရင်းသားတွေ ဘာကြောင့် ဒေါ်စုကို မမုန်းချင်ပဲ မုန်းရလဲဆိုတာ မြန်မာတစ်နိုင်ငံလုံး နားလည်စေချင်ပါတယ် (ပေးစာ )



သြစတြေးလျနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန် ကျင်းပမယ့် အခမ်းအနားတွေ၊ အစီအစဉ်တွေ အားလုံးကို သြဇီရောက် ကချင်တွေက သပိတ်မှောက်တယ် ဆိုတော့ ကချင်တွေကို ဝိုင်းပြီးအပြစ်တစ်ကြ တာတွေ ဖတ်ရတာ စိတ်မကောင်းဖြစ်ရတယ်။ အပြစ်တင် ပြောဆိုနေတဲ့ သူတွေ အားလုံးက ဗမာ လူမျိုးတွေနဲ့ NLD ပါတီဝင်တွေက ရှေ့ဆုံးက တွေ့ရတယ်။ နဲနဲလောက် ကိုယ်ချင်း စာကြည့် စေချင်ပါတယ်။ အခု သြဇီ အပါအဝင် UN ကနေ နိုင်ငံခြားရောက်နေတဲ့ refugee အားလုံးမှာ တိုင်းရင်းသားတွေ များပါတယ်။ စစ်ဒဏ်ခံဖူးတဲ့လူတွေပါ။


စစ်ဒဏ်က ဘယ်လောက် ခါးသီးလဲဆိုတာ ခံဖူးတဲ့လူမှ သိလိမ့်မယ်။ အခု သြဖီရောက်နေတဲ့ ကချင်တွေက ဒေါ်စု အကျယ်ချုပ်ကျတုန်းက လွတ်မြောက်ဖို့ အမြဲဆန္ဒပြခဲ့တယ်။ ဒေါ်စုက ရွေးကောက်ပွဲကို သပိတ်မှောက်တော့လည်း ငါတို့လိုက်ပြီး ဆန္ဒပြကြပြန်တယ်။ ဒေါ်စုက စီးပွားပိတ်ဆို့မှုကို ထောက်ခံလို့ ငါတို့ ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြရတယ်၊ အကျယ်ချုပ်က လွတ်တော့လည်း ပါတီမှတ်ပုံမတင်ဘူး ဆိုတော့ လွှတ်တော်ကို ငါတို့ ဆန္ဒပြခဲ့ကြရတယ်။ အများကြီး မျှော်လင့်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တစ်ယောက် တည်းရှိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုပြီး အထင်လည်းကြီးခဲ့ကြပါတယ်၊ လေးလည်း လေးစားခဲ့ကြပါတယ်။ 

ဒါပေမယ့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတာ ၃ နှစ် ပြည့်ပြီ။ ငြိမ်းချမ်းရေးဘာမှမလုပ်ပေးနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်မှ လုပ်ပေးမယ်ပြောပါတယ်။ ဒါဆိုရင် သမ္မတ မဖြစ်သေးဘဲ၊ ငြိမ်းချမ်းရေးမလုပ်သေးပဲ ငြိမ်းချမ်းရေးနိုဘယ်ဆု ဘယ်လိုလုပ်ရခဲ့တာလဲ ဆိုတာ စဉ်းစားကြည့်ပါ။ သြဇီအပါအဝင် တခြားနိုင်ငံတွေမှာ သမ္မတ မဟုတ်၊ ဝန်ကြီးချုပ်မဟုတ်ပဲ ငြိမ်းချမ်းရေး လုပ်နေတဲ့ လွှတ်တော် အမတ်တွေ၊ ပါတီခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်က ပါတီခေါင်းဆောင်လည်း ဟုတ်တယ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်း ဟုတ်တယ်၊ လွှတ်တော်အမတ်လည်း ဟုတ်တယ်၊ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်း ဖြစ်တယ်။ ဒါပေမယ့် ဘာငြိမ်းချမ်းရေးမှ မလုပ်နိုင်ခဲ့ဘူး။ 

အရင်တုန်းက နယ်စပ်တွေမှာ စစ်ဖြစ်လို့ ငါတို့ ထွက်ပြေးရတာ ဒေါ်စု အကျယ်ချုပ်ကျနေလို့ ဘာမှမပြောဘူး။ အခု ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်နေတော့လည်း ဘာမှထူးမလာဘူး။ ကိုမြအေးတို့ကမှ လိုင်ဇာကိုလာသေးတယ်။ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်စုက ကချင်ဒုက္ခသည်စခန်းကို တစ်ခေါက်တောင် လာမကြည့်ဘူး။ ငါတို့ ကချင်တွေ စိတ်မနာသင့်ဘူးလား။ ကိုယ်ချင်း စာကြည့်ကြပါ။ 

၃ နှစ်အတွင်းမှာ စစ်ဒဏ်ကြောင့် ကချင်တွေ အများကြီး သေကြရတယ်၊ ထွက်ပြေး တိမ်းရှောင်ရတယ်။ ၃ နှစ်အတွင်းမှာ ဒေါ်စုက ပါတီထောင်ဖို့၊ ရွေးကောက်ပွဲနိုင်ဖို့၊ အခြေခံ ဥပဒေပြင်ပြီး သမ္မတလုပ်ဖို့ပဲ ကြိုးစားတယ်။ ဒါကြောင့် ကချင်လွတ်မြောက်ရေးတပ် ခေါင်းဆောင်တွေကလည်း ဒေါ်စုကို ငြိမ်းချမ်းရေး အစည်းအဝေး မဖိတ်ခဲ့တာဖြစ်တယ်။ 

နိုင်ငံခြားကို သွားတာကလည်း နိုင်ငံခြားက မြန်မာတွေ မတရားခံရတာတွေကို ကူညီတာ ဘာမှမရှိဘူး။ သူသမ္မတဖြစ်ဖို့ နဲ့ အခြေခံဥပဒေ ပြင်ဖို့ ပြန်လာပြီး မဲထည့်ဖို့ပဲ ပြောသွားတယ်။ အခု သြဇီကိုလာတာ ကလည်း ငါတို့ကို ကူညီဖို့မဟုတ်ဘူး။ ဒီတော့ လူထုခေါင်းဆောင် ဒေါ်စုဟာ ငါတို့ခေါင်းဆောင် မဟုတ်ဘူး။ ဒေါ်စုလည်း ငါတို့ ကိုအလေးမထားခဲ့ဘူး။ ဒါကြောင့် ငါတို့လည်း အလေးမထားနိုင်ဘူး။ ခေါင်းဆောင် တစ်ယောက်ဆိုပြီး မကြိုနိုင်ဘူး။ အသိမှတ်မပြုနိုင်ဘူး။ ငါတို့နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုပြီး ကြွားချင်တယ်။ ဒါပေမယ့် ၃ နှစ်အတွင်း ဘာငြိမ်းချမ်းရေးမှ မလုပ်နိုင်ခဲ့တာကို ဘယ်သူ့မှမပြောချင်ဘူး။ ဒါကြောင့် ငါတို့ သပိတ်မှောက်တဲ့အကြောင်း၊ ကချင်ဝတ်စုံနဲ့ လာတဲ့သူတွေကလည်း သြဇီရောက် ကချင်အဖွဲ့အစည်းတွေကို ကိုယ်စားမပြုကြောင်း ကြေညာရတာဖြစ်တယ်။ စင်္ကာပူ လာတုန်းကလည်း ငါတို့ ကချင်အဖွဲ့တွေ အခုလိုပဲ ကြေညာခဲ့ပါတယ်။ သမ္မတဖြစ်မှ မဟုတ်ပဲ ကိုယ်ပိုင် အရည်အချင်းနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်မယ့်တစ်နေ့၊ သမ္မမဖြစ်ပဲ လူထုအကျိုး လုပ်ပြနိုင်တဲ့နေ့ ကျရင် ငါတို့ ကချင်အားလုံးက ဒေါ်စုကို ပြန်လည်ကြိုဆိုကြမယ်။ ဒီလောက်ဆိုရင် ကချင်တိုင်းရင်းသားတွေ ဘာကြောင့် ဒေါ်စုကို မမုန်းချင်ပဲ မုန်းရလဲဆိုတာ မြန်မာနိုင်ငံ သားအားလုံး သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ 

From:ME

"ဒေါ်အောင်ဆန်းစုကြည်တွင် သမ္မတဖြစ်နိုင်သော ဇာတာမတွေ့ရ"


ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။


ဤမေးခွန်းသည် ပြည်သူအများ လိုလိုလားလားသိလိုကြသော ဆန္ဒများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ဒေါ်အောင်ဆန်းစု ကြည်ဇာတာတွင် သမ္မတဖြစ်နိုင်သော ဇာတာပါမပါ၊ လက်ရှိမြန်မာနိုင်ငံနိုင်ငံ ရေးရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ ဤ အချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ခြုံငုံ သုံးသပ်ကြည့်ပါက အလွယ်တကူ ပိုင်း ခြားဝေဖန်အဖြေမှန်သိနိုင်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား ဆန်းပြားသောဇာတာကို လေ့လာကြည့် မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လဂ်သည်မဟုတ်မခံ တတ်သော၊ အတိုက် အခိုက်အလွန်များသော၊ လေးပစ်ရန်ချိန် ရွယ်ထားသော ပုံပါရှိသည့် ဓနုလဂ်ဖြစ် သည်။ တနင်္လာဂြိုဟ်သည် ကန်ရာသီမှာ ရှိသောကြောင့် လဂ်ဆယ်တန့်ကိန်းအိမ် တွင် ကန်စန်းအဖြစ် ရပ်တည်သဖြင့် ကန် ကြာပေါက်သော ဇာတာဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓနုလဂ်မှ (၉) တန့်သခင်ဂြိုဟ်တနင်္ဂနွေဂြိုဟ်နှင့် (၁၀) တန့်သခင် ဗုဒ္ဓဟူးဂြိုဟ်သည် ပထနီ အိမ်တွင်း ပူးယှဉ်နေသောကြောင့်အလွန် အားကောင်းသော ဗုဒ္ဓတိဿရယုဒ်ရရှိ သည်။ ပထနီ အိမ်ဖြစ်သော နိုင်ငံခြား ဂြိုဟ်အိမ်တွင် ဤယုဒ်ရရှိသူများ သည် နိုင်ငံတကာအပေါ် သြဇာသက်ရောက်မှု ရှိခြင်းနှင့် နိုင်ငံတကာ၏ ချစ်ခင်လေးစား မှု အထူးခံရသော ဇာတာဖြစ်သည်။ ဇာတာကြောင့်သာ နိုဘယ်လ်ဆုရှင်ဖြစ် ရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးက ချီးမြှင့် သော၊ နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိ ခဲ့ခြင်းပင်ဖြစ်သည်။

အင်္ဂါဂြိုဟ်၏ ရပ်တည်မှုကို ကြည့် ပါက အင်္ဂါဂြိုဟ်သည် ကသစ်ဖြစ်သော် လည်း ပြခံနေသော သောကြာနှင့် ပူး ယှဉ်နေသည့်အပြင် အင်္ဂါဂြိုဟ်သည် နိပ် န၀င်းစီးထားပြန်ရာ အင်္ဂါဂြိုဟ်၏မကောင်း သော ဆိုးကျိုးပေးခြင်းများကို ပြင်းပြင်း ထန်ထန်ခံစားရသော ဇာတာဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်း စုကြည်သည် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း တိုက်ထုတ်ခဲ့သည့် အင်္ဂလိပ်လူမျိုးကို လင်ယူသားမွေးလုပ်ခဲ့သဖြင့် စစ်ဗိုလ်ချုပ်များ၏ ချစ်ခင်လေးစားမှုကို မခံစားရဘဲ ပြစ်တင် ရှုတ်ချမှုအမျိုးမျိုးကိုသာ ကြုံတွေ့ခဲ့ရ သည်မဟုတ်ပါလော။

ဒေါ်အောင်ဆန်းစုကြည်ဇာတာ၏ ထူးခြားချက်ကို ဆက်လက်လေ့လာကြည့် လျှင် အကောင်းဘက်သို့ ရောက်ချိန်နီး တိုင်းအဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ အနီးကပ်ဆုံးရောက်ရှိနေသော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် မကောင်းသော ဂြိုဟ်စီးဂြိုဟ် နင်းများကျရောက်ချိန်တွင် ဂြိုဟ်သွားနှုန်း များလည်း ဖောက်ပြန်နေသဖြင့် ကံကြမ္မာ ဆိုးများ၊ အရေးအခင်းများ၊ ပေါက်ကွဲမှု များစသည့် မကောင်းသော ကံကြမ္မာတစ် ခုခု ရုတ်တရက် မထင်မှတ်ဘဲ ကြုံတွေ့ ရတတ်သည်။ ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ကံမကောင်းသော အချိန်ဖြစ်သဖြင့် ရုတ်တရက်ကျန်းမာရေး ထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ် ခြင်း၊ ပြဿနာကြီးငယ် အသွယ်သွယ်ကြုံ တွေ့ရတတ်ခြင်းစသည့် မကောင်းသော ဆိုးကျိုးတစ်ခုခု ကြုံတွေ့ရ လိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဓနုလဂ် များ၊ မေထုန်လဂ်၊ ကန်လဂ်နှင့် ကုမ်လဂ် များသည် ရန်ဂြိုဟ်များ ပူးယှဉ်နေပါက ဤအချိန် ဤအခါတွင် အန္တရာယ်များ ကျရောက်တတ်သဖြင့် သတိထားရမည့် အချိန်ဖြစ်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ဘာ သာရေးဂြိုဟ်ဖြစ်သော ကြာသပတေး ဂြိုဟ်သည် ရန်ဂြိုဟ်များနှင့်ယှဉ်တွဲ၍ သွားနှုန်းဖောက်ပြန်နေသဖြင့် ဘာသာ ရေးနှင့်ပတ်သက်သော ပေါက်ကွဲမှုများ၊ အရေးအခင်းများ၊ ဘာသာရေးနှင့်ဆိုင် သော ပြဿနာများသည် မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။

အရေးကြီးသော နေ့ရက်များမှာ (၄)ဂဏန်း (၈)ဂဏန်းရောက်သည့် နေ့ ရက်များသည် အထူးအရေးကြီးသည့် နေ့ ရက်များဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာ (၂၂)၊ ရက်၊ (၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်န၀ါရီလ (၄)ရက်၊ (၈)ရက်များသည် မကောင်း သောဆိုးကျိုးများ သိသိသာသာ ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်စေတတ်သည်။ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ကြိုတင်သိရှိ ထားခြင်းဖြင့် စုပေါင်းကာကွယ် ဖြေရှင်း နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါ သည်။ ယခုကဲ့သို့ ဂြိုဟ်များသွားနှုန်း ဖောက်ပြန်ပုံကို ၂၀၀၇ ခုနှစ် ဘုန်းကြီးများ တရားပျက်ကာ လမ်းပေါ်ထွက်ဆန္ဒပြမှု ကြီးဖြစ်ခဲ့ဖူးသည့် သာဓက များ အထင်အရှားရှိခဲ့ဖူးပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးတည်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ဆောင်ရွက်နေကြောင်း တွေ့ရှိရပေ သည်။ အထူးသဖြင့်NLDပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြားကာမတ္တကြားဖူးကြကုန်သော ပြည် သူလူထုကြီး ထဲထဲဝင်ဝင် သိရှိစေခြင်း အကျိုးငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတို့ကို ပြည်သူလူထု ဆန္ဒကောက်ယူပွဲများကိုပါ မြို့နယ် အသီး သီးနေရာအနှံ့အပြား လုပ်ဆောင်လျက် ရှိပါသည်။

ယင်းကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်ဆို လျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူး ပြောင်းလာခဲ့ပုံကို တစေ့တစောင်း ပြန် ပြောင်းကြည့်ဖို့ လိုအပ်လာမည်ဟု ယူဆ မိပါသည်။ ဗိုလ် ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်က အာဏာကို သွေး တစ်ပေါက်မှ မကျစေဘဲ ရွေးကောက်ပွဲများပြုလုပ်၍ အေးချမ်း သာယာစွာ လွှဲအပ်ပေးသောအခါ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာပေးခဲ့ကြ သည်။ မြန်မာ ဒီမိုကရေစီပုံသဏ္ဌာန် သည် ပိတ်ထား သော ချိပ်ကိုဖြုတ်ပြီး ဖွင့်ပြီးဖြစ်သော်လည်း တံခါးရွက်များ သည်ကား စေ့ထား ဆဲဖြစ်သဖြင့် လက်ရှိ ကျင်လည် လှုပ်ရှားနေသော မြန်မာ့ဒီမို ကရေစီသည်ရင့် ကျက်တည်ငြိမ်နေသော ဒီမိုကရေစီနိုင်ငံကြီးများ၏ ဒီမိုကရေစီစံ နှုန်းများနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ တိုင်းတာ၍လည်းကောင်း ရနိုင်ကောင်း သော အချိန်အခါမဟုတ်သေးပါ။

From: hot news

စည်းကမ်းမဲ့ ရွာသား ၈၀ ကျော် မှ ရဲကင်းအား လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်မှု ကြောင့် ရဲ ၉ ဦး ဒဏ်ရာရ



စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ် မိုးကြိုးပြင် အလယ်နှင့် မျက်နှာချင်း ဆိုင်တွင် ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ဆားလင်း ကြီး၊ ယင်းမာပင် လမ်းဆုံ မိုင်တိုင်(၄၄၀/၄) အနီး လုံခြုံရေးရဲကင်းအား နိုဝင်ဘာ(၁၄)ရက် ည(၁၉း၃၀)အချိန်က ရွာသား (၈၀)ခန့်က လာရောက် ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့ကြသည်။


အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ရဲစခန်းမှ အသံမြည် ဗျောက်အိုးများဖောက်၍ ကာကွယ် ပစ်ခတ် သဖြင့် ရွာသားများ နောက်ဆုတ် ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်နေရာသို့ ပုသိမ်-မုံရွာလမ်းပေါ်ရှိ (၅/၁)လမ်းဆုံ ရဲတပ်ရင်းမှ တပ်စု(၂)စုက မော်တော်ယာဉ် (၂)စီးဖြင့် ကူညီရန် သွားရောက်စဉ် (၂)ဖာလုံခန့်အလိုတွင် လမ်းဘေးဝဲယာမှ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ကြသဖြင့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့်(၇)ဦးပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ရွာသားများအား ရဲတပ်ဖွဲ့မှ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်းလက်နက်ဖြင့် ပစ်ခတ် ခြောက်လှန့် ခဲ့ရာ ည(၂၀း၃၀)နာရီတွင် ရွာသားများ ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်ပွားသည့် ရဲကင်းပတ်ဝန်းကျင်တွင် အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးများ အပြည့် အ၀ ချထားကြောင်းနှင့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့် (၇)ဦးတို့အား ဆေး ကုသမှု ခံယူနိုင်ရေးအတွက် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း ကနဦး သတင်း ရရှိ ပါသည်။

ကျွန်မ ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်



သူ ၂၆ နှစ် အကျယ်ချုပ်နဲ့ နေရတယ်။ မိသားစု တစ်ကွဲတပြားနေပြီး အနစ်နာခံတယ်ပြောရအောင် သူတစ်ယောက်တည်းမှ မဟုတ်တာ၊ (၈၈ တုန်းက သေသွားတဲ့ကလေးတွေ၊ ထောင်ထဲမှာ နှစ်ရှည် နေရတဲ့သူတွေ၊ တောထဲတောင်ထဲမှာ ဆင်းရဲ စုတ်ပြတ်ပြီး ဗိုလ်ကျအနိုင်ကျင့်သတ်ဖြတ်ခံခဲ့ရ တဲ့ ကျောင်းသား လူငယ်တွေ က ပိုတောင်ပိုသေး တယ်။ ကိုယ်ယုံကြည်ရာကိုယ်လုပ်ခဲ့ကြသူတွေ ချည်းပါ။ အားလုံးကိုတန်းတူလေးစားပါတယ်)။


သူ့ ကိုမှထူးပြီးချီးကျူးဂုဏ်တင်နေစရာ မလိုပါဘူး။ မဆလပြုတ်ကျတာကလည်း သူကပြန်လာပြီး initiate လုပ်ပြီး စတင်တိုက်ပွဲခေါ်လို့ အရေးတော်ပုံကြီးဖြစ် လာတာမဟုတ်ဘူးလေ။ ဟိုက ဆိုရှယ်လစ် စနစ်ဖျက်သိမ်းပြီး၊ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းချင်လို့ ၊ စတည်ပေးလိုက်တာ၊ တောမီးလောင် တောကြောင်ထတာသဘာဝပဲ။ တောကြောင်တွေကြောင့် ၈၈ က သမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ခဲ့ရတယ်။

တစ်ခုက တပ်ကအာဏာသိမ်းပြီးလို့ မထွက်ကြနဲ့ တော့ပစ်မယ်လို့ ပြောတဲ့အချိန်မှာ မထွက်ခဲ့ကြရင် ကောင်းမှာ၊ ကျမတို့ အဲဒီနေ့ ကအိမ်က မလွှတ်လို့ မထွက်ခဲ့ရဘူး၊ ကံကောင်းသွားတာပေါ့။ (ဦးနေ၀င်းမှားခဲ့တာက စီးပွားရေးကို တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာနဲ့ ၊ ပညာရေးစနစ် ကို နိုင်ငံတကာနဲ့ မျက်ခြေဖြတ်ခဲ့တာ။ ပညာရှင်တွေ သူ့ လက်ထက်မှာ မနေနိုင်အောင်သူ့ လက်ရုံးတွေက လုပ်ခဲ့တယ်။)။ 

ဒေါ်စုက တော့ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ကြုံပြီး အနီအုပ်စုက သူ့ ကိုဆွဲသွင်းခဲ့တာကြောင့် ပါလာတာ။ လူတွေက ဘယ်သူ့ အဖေခေါ်ရမှန်းမသိတဲ့အချိန် ဗိုလ်ချုပ်သမီး ဆိုတဲ့အရှိန်နဲ့ သူနိုင်ခဲ့တယ်။ ဒေါ်စုက အရင်စစ်အစိုးရကို ကောင်းကောင်း စိတ်အနှောင့်အယှက်ပေးနိုင်ခဲ့တာတော့သေချာတယ်။ ဒီထက်တော့ ဘာမှမပိုပါဘူး။ ထိထိရောက်ရောက်လည်းဘာမှမလုပ်နိုင်ခဲ့ဘူးလေ။ ဟိုလူတွေက ဟိုးအရင်အစောကြီး ကတည်းက ချခဲ့တဲ့ plan အတိုင်းစာအုပ်စိမ်းကြီးကို ပြီးအောင်ဆွဲသွားတာပဲ။ (ဦးခင်ညွန့် ၉၃ ခုနှစ်က မိန့် ခွန်းတစ်ခုမှာ ခုလက်ရှိ constitution ကိုတွေ့ နိုင်တယ်)။ 

နှစ်တွေသိပ်ကြာသွားရတာက ဒေါ်စုက မပူးပေါင်းခဲ့လို့ ပဲ။ ဟိုတုန်းကတည်းက ကိုယ့်နိုင်ငံအတွက်ပဲရယ်လို့ ခံယူ ပြီးနိုင်ငံခြားရေးနဲ့ ပညာရေး ၀န်ကြီးလုပ်ခဲ့မယ်ဆိုရင် အခုဆို ကျမတို့ ပညာရေး က အနည်းဆုံး ၁၀ နှစ်လောက်ရှေ့ကိုရောက်နေလောက်ပြီ။ ကျမတို့ တွေမလုပ်နိုင်တဲ့အရာတွေ သူအများကြီးလုပ်နိုင်ပါတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ဘူး။ သူ့ ရဲ့ exclusive policy အရ သူခေါင်းမာခဲ့တယ်။ ခုလက်ရှိ အနောက် က သူတို့ တရုတ်ကြီးကို မြန်မာနိုင်ငံမှာကြိုက်သလိုချယ်လှယ်ဖို့ လွတ်ပေးထား ရတာနောင်တရနေ လို့ ပြန်လာချင်လို့ ကို ဒေါ်စုတို့ သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုပြီး တက်လာတဲ့အစိုးရကောင်း လာပါပြီဆိုပြီး အကြောင်းပြပြီးတော့လာတာ။ ဒေါ်စုကြောင့်လာတာ မဟုတ်တာတော့သေချာတယ်။ သူတို့ plan အတိုင်းလုပ်ပြီး သူတို့ စိတ်ချရတဲ့သူ လက်ထဲထည့်ခဲ့ပြီး နောက်တက်လာ တဲ့အစိုးရက ဒေါ်စုကို ချုပ်ထားစရာမှမလိုတော့တာလေ။ ခုဆိုရင် အားလုံးပါဝင်လုပ်ဆောင်လို့ ရတဲ့အခြေအနေမှာ ရောက်နေ ပြီပဲ။ 

Inclusion ကိုလက်ခံပြီး အားလုံးပေါင်းလုပ်ရမယ့်အချိန်မှာ သူက exclusive လုပ်ချင်တာ။ ဒါကြောင့်သူ့ ကိုကျမ မကြိုက်တာ။ ကျမ ကတော့ result driven သမား။ ဒီလို ပြောလို့ လက်ရှိအစိုးရကိုလည်း အားမရပါဘူး။ လက်ရှိ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသွားနေတဲ့လမ်းကြောင်းက မှန်တယ်လို့ ယူဆတယ်။ လမ်းကြောင်းမှန် ကနေသွေဖီချင်နေတဲ့ တချို့ သောနွားကပ်တွေကတော့ရှိနေမှာပဲလေ။ တဖြည်းဖြည်းချင်း ဖယ်ထုတ်သွားရမှာပဲ။ တပ်က ၂၅% က ပြည်တွင်းငြိမ်းချမ်းရေး ရပြီးရင် သွားမှာပါဆိုတာကို လတ်တလောအတင်းဖယ်ထုတ်ဖို့ လုပ်နေတာ၊ အနောက်ကို သွားပြီး ကိုယ့်နိုင်ငံစစ်တပ်ကို ထိန်းကျောင်းပေးပါလို့ သွားပြောတာ တကယ့်ကို အမျိုးသားခေါင်းဆောင်သမီး မပီသရာကျတယ်။ (အစ်ကိုကြီး နဲ့ သဘောထားမတိုက်ဆိုင်လို့ (မတော်ရသေးတဲ့) ပထွေးက ဘက်က သွေးမတော်တဲ့ အစ်ကိုကို ကျမအစ်ကိုကြီးကို ဆုံးမလိုက်စမ်းပါလို့ ပြောတာနဲ့ မတူဘူးလား)။ ဒါဥပမာတစ်ခုသာ ဒါမျိုးတွေအများကြီးပဲ။ 

ဦးသိန်းစိန် ကိုတော့လေးစားတယ် သူက personally ရိုးသားပြီးစေတနာမှန်တယ်။ သူလုပ်စရာရှိတာ လက်တွေ့ ကျပြီးဖြစ်နိုင် တာကို လုပ်တယ်။ လုပ်ပြီးတာကိုလည်း ငါလုပ်လို့ ဖြစ်တယ်လို့ တစ်ခါမှ ကိုယ့်ဂုဏ် ကိုယ်မဖော်ဘူး။ သူလုပ်နေတာတွေဟာသူ့ personal interest အတွက်လုံးဝမပါဘူးလို့ ယုံကြည်တယ်။ ဒီနေရာမှာဒေါ်စု သူ့ ကိုလုံးဝမယှဉ်နိုင်ဘူး။ ဒေါ်စုက စာတွေ့ သမား၊ အပြောကောင်းတယ်။ (Theory တွေ) လူကြားကောင်းမယ့် စကားလုံးတွေ သုံးတယ်။ တကယ်လက်တွေ့ အတွင်းကျကျ ဖြစ်နိုင်တာကို မသုံးသပ်နိုင်ဘူး။ sanction ပိတ်ဖို့ သူတောင်းဆိုခဲ့တာ။ ပြန်ဖွင့်တာ သူ့ ကြောင့်မဟုတ်သော်လည်း (သူကမဖွင့်စေချင်သေးဘူးလေ) သူ့ ကြောင့်လိုလို နာမည်ယူချင်တယ်။

ကျမကတော့ ဦးသိန်းစိန်ကို ယုံကြည်တယ် နောက်ထပ် term သာ သူဆက်လုပ်ရင် ကျမတို့ အတွက်အရမ်းကောင်းသွားပြီ။ သူ့ ကိုတော့ဝိုင်းပံ့ပိုးပေးရမှာပါ၊ ကန့် လန့် ချည်းပဲတိုက်နေရင်တော့ တိုးတက်မှု့ က တရွတ်တိုက်ဆွဲနေမှာပေါ့။

မဆလ အစိုးရ၊ စစ်အစိုးရ၊ ဦးသိန်းစိန်အစိုးရ လော်ဘီလုံးဝမဟုတ်ပါဘူး။ စစ်တပ်နဲ့ ဘာတစ်ခုမှ ပတ်သက်တဲ့ ၊ စစ်အစိုးရ ကျေးဇူးခံကျေးဇူးစား လုံးဝမဟုတ်တဲ့ ပြည်သူတစ်ယောက်စစ်စစ်တစ်ယောက် ရဲ့အမြင်ပါ။ကျမသူ့ ကို တိုက်ခိုက်အပုတ်ချတာမဟုတ်ဘူးနော်။ဒီမိုကရေစီလိုလား သူဆိုရင် agree to disagree ကိုလက်ခံနိုင်ရပါမယ်။

Yu Yu Khaing

နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပြု



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံ တော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံ တော် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ပါဝင်နိုင်ရန်အတွက် လည်း ကောင်း၊ ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့် အညီ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား (၆၉)ဦး အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာ့သက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၃ ရက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။


ထိုကဲ့ သို့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၉ ဦးမှာ-

♦ အင်းစိန် အကျဉ်းထောင်မှ ၃ ဦး

♦ မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး

♦ မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး

♦ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး

♦ တောင်ငူ အကျဉ်းထောင်မှ ၆ ဦး

♦ ရွှေဘို အကျဉ်းထောင်မှ ၄ ဦး

♦ မုံရွာ အကျဉ်းထောင်မှ ၂ ဦး

♦ ပုသိမ် အကျဉ်းထောင်မှ ၁ ဦး

♦ သထုံ အကျဉ်းထောင်မှ ၁ ဦး

♦ အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး

♦ ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး

♦ မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး

♦ သီပေါ အကျဉ်းထောင်မှ ၃ ဦး

♦ ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး

♦ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး

♦ သံတွဲ အကျဉ်းထောင်မှ ၄ ဦး

♦ ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး

♦ စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

တို့ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်