Tuesday, November 12, 2013

ဖူးခက်မြို့အဝင်တွင် အဝေးပြေးယာဉ် တိမ်းမှောက်မှု မြန်မာကိုးဦး ဒဏ်ရာရ



ြ်မန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ကျောင်းသားများ စီးနင်း လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖူးခက်မြို့အဝင် ပတန် (Patong) တောင်ပေါ်၌ တိမ်းမှောက်သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင် နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan ခရီးသွားဌာနတွင် ဖော်ပြထားသည်။


ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Asian Institute of Technology (AIT) မှ ကျောင်းသား၊ ကျောင်းသူ နှစ်ရာ၏ လေ့လာရေး ခရီးစဉ်ကို အဝေးပြေးယာဉ် လေးစီးဖြင့် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ရာ ပတန် တောင်တက်ခရီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ ယင်းတိမ်းမှောက်ခဲ့သော ယာဉ်သည် နောက်ဆုံးယာဉ် ဖြစ်ပြီး ခရီးသည် ၄၀ ကျော် လိုက်ပါလာခဲ့ကြောင်း အဆိုပါ သတင်းဌာနထံမှ သိရသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာနိုင်ငံသား ကိုးဦး၊ သီရိလင်္ကာ နိုင်ငံသား ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦး၊ ပါကစ္စတန် နိုင်ငံသားနှစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး၊ နိုက်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် နီပေါ နိုင်ငံသားတစ်ဦးတို့ ထိခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁၀ ဦးကို ဖူးခက်မြို့ရှိ Bangkok Hospital Phuket သို့ လွှဲပြောင်းထားသည်။ 

ယင်းဒဏ်ရာ ရရှိသူများတွင် ဦးခေါင်း ထိခိုက်သူ သုံးဦး၊ အတွင်းဒဏ်ရာ ရရှိသူ သုံးဦး ပါဝင်ပြီး ကျန်လူနာများမှာ ခြေထောက် ထိခိုက်မိသူများ ဖြစ်ကြောင်း Phuket Wan သတင်းဌာန ဖော်ပြချက်အရ သိရသည်။ “ယာဉ်မောင်းကတော့ ကားကိုပဲ အပြစ်တင်ထားတယ်” ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။ 

ဖူးခက်ကမ်းခြေ လမ်းခရီးတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုမျိုး မကြာခဏ ဆိုသလို ဖြစ်လေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ရှမ်း နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းမည်ဟု SNLD ဆို

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ဝင်များ၏ တိုက်တွန်းမှုနှင့် ရှမ်းပြည် ပူးပေါင်းေ ဆာင်ရွက်ရေး ကော်မတီ၏ သဘောတူညီချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှ င့် SNLD တို့ ပူးပေါင်းမည် ဖြစ်ကြောင်း SNLD ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။


ယင်းသို့ ပူးပေါင်းနိုင်ရန် SNDP ထံ ဖိတ်ခေါ် ကမ်းလှမ်းမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် လေ့လာ သုံးသပ်သွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်း နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းရန်အတွက် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောဆိုထားသည့် လူမျိုးတစ်မျိုး ပြည်နယ်တစ်ခု ဟူသည့် အခြေခံမူသည် အဓိက အတားအဆီး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း၊ နှစ်ပါတီ ပူးပေါ င်းရေး ကြိုတင်သတ်မှတ်ချက် မရှိပါက ပူးပေါင်းရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

“နှစ်ပါတီပေါင်းဖို့ ပြည်သူလူထုရှေ့မှာ သုံးကြိမ် ဆွေးနွေးမယ်လို့ ဦးခွန်ထွန်းဦးက ပြောထားတယ်လို့တော့ ကြားတယ်” ဟု ၎င်းကဆိုသည်။

နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲများ အတွက် ကြိုတင် ကန့်သတ်ချက် (preconditions) လုံးဝရှိမည် မဟုတ်ကြောင်း၊ ပါတီနှစ်ခု၏ အခြေခံမူများ အပေါ်၌မူ အဓိက ဆွေးနွေးရဖွယ် ရှိကြောင်း SNLD အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြော ဆိုသည်။

“ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဘာမှလျှို့ဝှက်မထားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆို သည်။

ထို့ပြင် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး အကြိုနိုင်ငံရေး ဆွေးနွေး ပွဲ များကို SNLD က ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က လက်မှတ် ရေးထိုးထားမှုနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးေ ကာ င်စီ (RCSS) တို့က လက်မှတ်ရေးထိုးရန် ပြောကြားထားမှုအပေါ် SNLD က ထောက်ခံကြောင်း အဆိုပါ ငွေ ရတု ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား နိုင်ငံရေးပါတီကြီးများ ပါတီတစ်ခုအဖြစ် ပူးပေါင်းရန် လုပ်ဆော င်လျက် ရှိကြသည်။

ရခိုင် တိုင်းရင်းသားပါတီနှစ်ခု ပူးပေါင်းရန် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသကဲ့သို့ အခြား မွန်နှင့် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ များလည်း ပါတီတစ်ခု အဖြစ်သို့ အသီးသီး ပူးပေါင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

The Voice Weekly

၂၀၀၈ ဖွဲ့စည်းပုံ ကို အရောင်ပါမကြိုက်လို့ အဖုံးပါပြင်မယ်



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် အခြေခံဥပဒေပြင်ဆင် ရေးသို့မဟုတ်အသစ်ပြန်လည်ရေး ဆွဲရေး အပေါ်ပြည်သူလူထု၏ သဘောထားခံယူမှုဟောပြောပွဲ များ ပြုလုပ်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင် သာယာမြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း လူထုဆန္ဒသဘော ထားခံယူပွဲကို နိုဝင်ဘာ ၈ ရ က် နေ့၌ ကျင်းပခဲ့သည်။


၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် လူထုဆန္ဒခံယူပွဲများ ပြုလုပ် လျက်ရှိရာအမျိုးသားဒီမိုက ရေစီအဖွဲ့ချု ပ်အနေဖြင့် ဖွဲ့စည်းပုံ ကို ပြင်ဆင်ရန်တစ်စိုက်မတ်မတ် ပြောနေချိန်တွင် အချို့သော တိုင်းရင်းသားများ ပ ညာရှင်များက အသစ်ပြန်ရေးခြင်းမှာ ကောင်းမွန်ကြောင်း၊ အယူအဆအသစ်များ ပေါ်ထွက်လာသည့် အတွ က် ယခု ကဲ့သို့လူထုဆန္ဒခံယူပွဲများ ကျင်းပ ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ဖွဲ့စည်းပုံ ပြ င်ဆင် ရေးကော်မတီဝင်တရားလွှတ်တော် ရှေ့နေဦးကိုနီကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဦးအေးသာအောင် က စလယ်ဆုံးပြင်ရမည်။ ဆရာ ထင်လင်းဦး ကအဖုံးချန်ပြီးကျန်တာ ပြင်ရမည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ဦးအေးသာအောင် က စလယ်ဆုံးပြင်ရမယ်လို့ပြော တယ်။ စာေ ရးဆရာထင်လင်းဦး ကမျက်နှာဖုံးချန်ပြီး ကျန်တာပြင် ရမယ်လို့ပြောတယ်။ ပဲခူးတိုင်း ပဲခူးခရိုင်မှာေ ဟာတဲ့ အခါကျတော့ အဲဒီနေ့မှာပဲခူးခရိုင်ဥက္ကဋ္ဌဒေါက် တာစောညိုဝင်းက အဲဒီလိုပဲ အမှာစကားပြောတဲ့နေရာမှာ အဖုံးလဲမကြိုက်ဘူးတဲ့ အဖုံးပါပြင် ချင်တယ်”ဟု ဦးကိုနီကပြောသည်။

“ကျွန်တော်ကမေးတယ်ဆရာက အဖုံးတောင်မကြိုက်ဘူးဆိုတော့ ဆရာမလွန်ဘူးလားလို့ အဖုံးမှာ ဘာမှမ ရှိပဲလို့ ဥပဒေကအထဲမှာ ရေးထားတာလို့ မဟုတ်ဘူး။ ဆရာ တဲ့ အဲဒီအစိမ်းရောင်ကြီးကို ကျွန်တော်မကြိုက် ဘူးတဲ့”ဟု ဦးကိုနီကဆက်လက်ပြောကြား သည်။

အဆိုပါလူထုဆန္ဒသဘော ထားခံယူပွဲတွင် ပြည်သူလူထု ၃၀၀၀ ခန့်တက်ရောက်ခဲ့ပြီး ဆန္ဒ မဲခွဲရာ ၉၈ ရာခို င်နှုန်းကဖွဲ့စည်း၊ ပုံပြင်ဆင်ရေးကိုထောက်ခံခဲ့ကြပြီး ၂ ရာခိုင်နှုန်းကသာအသစ်ပြန်လည် ရေးဆွဲရန်ဆန္ဒရှိ ကြောင်း သိရ သည်။ 

Hot News Journal

သြစတြေးလျသွားမည့် ဒေါ်အောင်ဆန်းစုကြည်ကို သြစီရောက် ကချင်အဖွဲ့များ ကြိုမည်မဟုတ်ဟုဆို

သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံကို တက်ရောက်မည့်ေ ဒ်ါအောင်ဆန်းစုကြည်၏ ကို ကြိုဆိုရန် သြစတြေးလျနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကို ဖိတ်ကြား ထားသော်လည်း ကချင်အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် သက်ဆိုင်သည့် အ စီအစဉ်များတွင် ပါဝင်မည်မဟုတ်ဟု နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်လိုက်သည်။


ထိုသို့ထုတ်ပြန်ခြင်းသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော စစ်ပွဲများနှင့် ပတ်သက်၍ နေရပ်စွန့်ခွာ၍ အိုးမဲ့ အိမ်မဲ့ဖြစ်သူ တစ်သိန်းကျော်ရှိနေပြီး ကချင်ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးမှုများ၊ အဓမ္မပြုကျင့်ခံ ရမှု များအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ေ အာင်ဆန်းစုကြည်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်နေခြင်းသည် လူ့အခွင့်အရေးချိုး ဖော က်မှုများကို ဥပက္ခာပြုသည်ဟုဆိုကာ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ထုတ်ပြန်ချက်ကို သြစတြေးလျရောက်ကချင်အဖွဲ့အစည်းများဖြစ်သည့် KAA NSW၊ KAA Wagga Wagga ၊ KAA Melbourne၊ QKC တို့က ပူးပေါင်းကာ နိုဝင်ဘာလ ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာခံစားနေရသူများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ် ဒေါ်ေ အာင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ရက်တွင် သွားရောက်မည်ဖြစ်ပြီး ကုလသ မ ဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် သြစတြေးလျ နိုင်ငံခြားရေး ဝန် ကြီးနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။ သူမ၏ ခရီးစဉ်အတွက် သြစတြေးလျရောက် မြန်မာနိုင်ငံသားများ၊ မြန်မာအဖွဲ့အစည်းများနှင့်လည်း တွေ့ ဆုံမည်ဖြစ်ပြီး ခရီးစဉ်ကို ဒီဇင်ဘာလ ၂ရက်တွင် အဆုံးသတ်မည် ဖြစ်သည်။ 

မဇ္ဈိမ

ပြည်သူ့အပေါ်မှာ သစ္စာရှိပါ မီဒီယာ



မီဒီယာဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဆိုသည့် မဏ္ဍိုင် ၃ ရပ်ကိုအလွဲသုံးမှုမဖြစ်ရအောင်၊ မယိုင်လဲ ရအောင် ထောက်ပြပေးသည့် ဒေါက်တိုင်တစ်ခု ဖြစ်သည်။ မီဒီယာ၏ အရေးပါမှုကို အသိအမှတ်ပြု၍ စတုတ္ထမဏ္ဍိုင်ဟုပင် ခေါ်ဆိုကြသည်။ ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် မီဒီယာခေါ် စတုတ္ထမဏ္ဍိုင်သည် လွန်စွာအရေးပါသည်။ စတုတ္ထမဏ္ဍိုင်သည်သာလျှင် ဒီမိုကရေစီစနစ်ကို သိသာထင်ရှားစွာပုံဖော်နိုင်ခြင်းကြောင့် ဖြစ်သည်။


"ငါမကောင်းလျှင်ငါ့အကြောင်းရေး" "ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရား အကြောင်းရေး" "ငါ့သားသမီး မကောင်းလျှင် ငါ့ သားသမီးအကြောင်းရေး" ဆိုသည့် ရှေးခေတ် ဘုရင်တစ်ပါး၏ အဆိုကို ကြည့်လျှင် မီဒီယာဆိုသည်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူကိုပင် ချန်လှပ်ရိုးထုံးစံမရှိ။ လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ပေးထားသည်။ မကောင်းလျှင်မကောင်းသလို ကောင်းလျှင် ကောင်းသလို ဖော်ထုတ် ရေးသားရမည်မှာ လုံးဝအမှန်တရားပင်ဖြစ်သည်။ သို့သော် ထိုအမှန်တရားတွင် ပြည်သူ့အကျိုးပါရမည်။


ယနေ့ခေတ် ဒီမိုကရေစီစနစ်နှင့်အတူ ပေါ်ထွက်လာသည့် မီဒီယာကဏ္ဍသည် အလုံးစုံမဟုတ်လျှင်တောင် ထိုက်သင့်သလျောက် ရေးသားဖော်ပြခွင့် လွတ်လပ်မှုရှိနေသည်မှာ မငြင်းသာပေ။ လွတ်လပ်မှုရှိလာသည့် အလျောက် မီဒီယာသည် ပို၍ တာဝန်ရှိလာသည်။ အာဏာရှိလာသည်။ကိုယ့်တာဝန် ကိုယ်ပိုယူလာရသည်။ မီဒီယာကျင့်ဝတ်ကို သိက္ခာရှိရှိ စောင့်ထိန်း၍ ပြည်သူ့အကျိုးကို ထမ်းဆောင်ရန် ပိုမိုတာဝန်ရှိလာသည်။ တရားသောဘက်မှ ရပ်တည်ပေးရန်မှာ မီဒီယာတို့၏ တာဝန်ပင်ဖြစ်သည်။

မီဒီယာများ စတုတ္ထမဏ္ဍိုင်ပီသလာကြပြီလား။ တရားသောဘက်မှာ ရပ်နိုင်ပါပြီသလား။အဆိုပါ မေးခွန်း သည် ယနေ့ မီဒီယာလောက၏ စမ်းသပ်ခံမှု တစ်ခုဖြစ်သည်။ မီဒီယာသည် အစိုးရကို သစ္စာ စောင့်သိရန်မလို။ အစိုးရကို အထောက်အကူပြုရန်သာ ဖြစ်သည်။ အစိုးရမကောင်းလျှင် ထောက်ပြ၍ ကောင်းလျှင်ဖော်ပြရမည့် ပြည်သူနှင့် အစိုးရကြား ပေါင်းကူးပေးသည့် တံတားသဖွယ်သာ ဖြစ်ရမည်။အစိုးရ၏ လုပ်ဆောင်ချက်များသည် ပြည်သူ့အကျိုးအတွက် အမှန်တကယ် အထောက်အကူပြုသည်မပြုသည်ကို ဝေဖန်ထောက်ပြဖို့က မီဒီယာ၏ တာဝန်သာဖြစ်သည်။ မီဒီယာဟူသည် နိုင်ငံနှင့်ပြည်သူ့အကျိုးကို အစဉ်ရှေးရှုသော ပြည်သူများ၏ သစ္စာကို စောင့်သိသော ပြည်သူ့သစ္စာခံများသာ ဖြစ်သင့်သည်။ စတုတ္ထမဏ္ဍိုင်ပီသရမည်။ တရားမျှတရမည်။

မီဒီယာသည် ပြည်သူ့အကျိုးအတွက် အစိုးရကို ဝေဖန်သည်။ လွှတ်တော်ကို ထောက်ပြသည်။ ကိုယ်စားလှယ်တွေအပေါ် စောင့်ကြည့်ရေးသားသည်။ မှန်သည်။ ထိုကိစ္စများသည် မီဒီယာ အလုပ်ဖြစ်သည်။ သို့သော် မီဒီယာအချို့သည် မီဒီယာလွတ်လပ်မှုကို အခွင့်ကောင်းယူ၍ နာမည်ကြီးချင်မှု၊ ဂျာနယ်ရောင်းအားတက်လိုမှု၊ သြဇာရှိလိုမှုများ အပေါ်ဇောင်းပေးလာသည်ကို တွေ့ရသည်။

အချက်အလက်ခိုင်လုံတိကျမှုမရှိသော နောက်ကွယ်က ဖြစ်ရပ်များကို ဂျာနယ်မျက်နှာဖုံးတွင် စာလုံးကြီးကြီးဖြင့် ဖော်ပြ၍ ပြည်သူများဆီမှ အထင်ကြီးမှု၊ ပိုက်ဆံတို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် ရယူလာသည်။ အညှီအဟောက်နှင့် ပေါ်ပင်သတင်းများကို ဦးစားပေး၍ လူစိတ်ဝင်စား မှုကို ရယူလာသည်။ ထိုမီဒီယာအချို့ကြောင့် သိက္ခာရှိသော မီဒီယာများ၏ မီဒီယာ ကျင့်ဝတ်အပေါ် အများမှယုံမှားသံသယများ ရှိလာစေသည်။ ထိုအချက်ကို သိက္ခာရှိသော မီဒီယာများက လည်း လက်မခံကြ။ ထိုမီဒီယာများသည် မီဒီယာလောကကို ဖျက်ဆီးနေကြသူများဟု ဆိုသည်။

မီဒီယာတာဝန်သည် ပုဂ္ဂိုလ်ရေးအညှီအဟောက်သတင်း၊ ကိုယ်လိုချင်သည့် ဘက်ကို ပုံဖော်ထားသည့် သတင်း။ မဟုတ်မမှန်တာကို ၀ါဒဖြန့်လိုသည့် သက်သက်ဖြင့် ရေးသောသတင်းများကို ရေးသား ဖော်ပြရန်မဟုတ်။ ထိုသတင်းများကို ပြည်သူတွေကြား ဖြန့်ခြင်းသည် ပြည်သူအပေါ် သစ္စာဖောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆိပ်အတောက်ရေးသားမှုများသည် အကျိုးမဟုတ်ဘဲ ဆိုးကျိုးများသာ ကျရောက်စေမည်ကို မီဒီယာစစ်စစ်များက ပို၍ သိပေမည်။

ဒီမိုကရေစီနှင့် မီဒီယာသည် ခွဲခြားမရ။ မီဒီယာလွတ်လပ်ခွင့်ရှိမှုသည် ဒီမိုကရေစီ၏ အနှစ်သာရ ထဲက တစ်ခုပင်ဖြစ်သည်။ မီဒီယာနှင့် ပြည်သူသည်လည်း တိုက်ရိုက်အချိုးကျသည်။ မီဒီယာသည် ပြည်သူ့ကိုယ်စားပြုဖြစ်သည်။ မီဒီယာထဲတွင် ပြည်သူ့အသံပါသည်။ ထိုပြည်သူ့အသံကို အစိုးရသိအောင် ဆက်သွယ်ပေးရမည်မှာ မီဒီယာတာဝန်ဖြစ်သည်။ ထို့ကြောင့် မီဒီယာဟူသည် ပြည်သူကိုကိုယ်စား ပြုသော ပြည်သူ့သစ္စာကို စောင့်သိသော မဏ္ဍိုင်တစ်ခုအဖြစ် သမိုင်းကောင်းအောင် ရပ်တည်ရမည် ဖြစ်သည်။ ပြည်သူကို ခုတုံးလုပ်ကာကိုယ်ကျိုးရှာ၍ ပြည်သူ့သစ္စာဖောက်ဖျက်သူများ မဖြစ်ရအောင် ထိန်းသိမ်းဆင်ခြင်ရမည်မှာ မီဒီယာကောင်းတစ်ခု၏ ကျင့်ဝတ်သာဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

စတုတ္ထမဏ္ဍိုင်ကို အားကိုးယုံကြည်သူတစ်ဦး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်တပ်မတော်



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့ သည့်သက်တမ်းမှာ ၃၁ လအကျော် သက်တမ်းထက်ဝက် ကျော်ခဲ့ပြီဖြစ်ပါသည်။ ၎င်း တာဝန်ယူခဲ့သည့် ထက်ဝက်ကျော် ကာလအတွင်း သမ္မတဦးသိန်းစိန်ဦးဆောင်သည့်အစိုးရသည် ပြည်သူ့ ဆန္ဒနှင့်အညီ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပါ သည်။


မဏ္ဍိုင် ၃ ရပ်ထိန်းကျောင်းမှုကိုလည်း အပြည့်အ၀ ဆောင်ရွက်ခဲ့ကြပါသည်။ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း မမျှော်မှန်းနိုင်သည့် အခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ဖြေရှင်း ပေးခဲ့ရပါသည်။ ၂၀၁၅ ခုနှစ် ဘက်သို့ တဖြည်းဖြည်းနီးကပ် လာသည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ သို့မဟုတ် အသစ် ရေးဆွဲရေးသည်လည်း တစ်စထက်တစ်စ အသံကျယ်လောင်လာပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ၎င်းတာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနှင့် အညီ ပြင်သင့်သည့်အချက်များကို ပေးထားချက်များအတိုင်း ပြင်ဆင်နိုင်ကြောင်း ပြောကြားခဲ့ပြီးဖြစ် ပါသည်။ လွှတ်တော်အတွင်းတွင်လည်း အာဏာရပါတီကြီးမှဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အဆိုကိုတင်သွင်းဆောင်ရွက်ခဲ့ကြပါသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာ သုံးသပ်ရေးကော်မတီကိုလည်း ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန် တည်းမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်လား၊ အသစ်ရေးဆွဲမည်လားဆိုသည့်အချက်ကိုပါ တစ်ဆင့်တက်ပြောဆိုလာကြပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ကြရာတွင် နိုင်ငံရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများနှင့် လွှတ်တော်မှဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီတို့မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အဓိကအားဖြင့် သမ္မတအရည်အချင်း၊ တိုင်းရင်းသားများအရေး၊ ပြည်ထောင်စုနှင့်ပြည်နယ်များ လုပ်ပိုင်ခွင့် အာဏာခွဲဝေရေး၊ တပ်မတော်၏အခန်းကဏ္ဍများကို အဓိကအလေးထားပြင်ဆင်လိုကြ ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြရာတွင် ပြင်ဆင်သင့်သည့် အချက်များကို စနစ်တကျ လေ့လာပြင်ဆင်လိုသူ၊ ဖြစ်သင့်၏ မဖြစ်သင့်၏ကို မျက်ကွယ်ပြုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်အုပ်လုံးကို ပြင်ဆင်၊ သို့မဟုတ် အသစ်ရေးဆွဲလိုကြသူများလည်း ရှိရပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာလျင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုပါရှိပါ သည်။ အားလုံးကို သေချာစွာလေ့လာကြည့်ပါက ဖက်ဒရယ်စနစ်နှင့် ဖက်ဒရယ်စံနှုန်းများပါဝင်နေသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သမ္မတအရည်အချင်းကို သတ်မှတ်ထားသည့် ၅၉(စ)နှင့်ပတ်သက်၍လည်း အမြင်အမျိုးမျိုးရှိကြပါသည်။ အမှန်မှာ ဤသမ္မတအရည်အချင်းသတ်မှတ်ချက်ကို ၁၉၄၇ ခုနှစ် ဥပဒေ ကတည်းက ထည့်သွင်းရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်က ၀ံသာနုရက္ခိတစိတ်ဓာတ်ရှိစေရန် ရေရှည်မျှော်ကိုးထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အဓိက အားဖြင့် နိုင်ငံကို တိုင်းတစ်ပါး၏လက်အောက် သြဇာခံမဖြစ်စေရန် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးဖခင်ကြီးကိုယ်တိုင် ထည့်သွင်းရေးဆွဲခဲ့သောဥပဒေသည် ကံအားလျှော်စွာပင် သမီးဖြစ်သူ မှ လာရောက်ငြိစွန်းနေခဲ့သည်မှာ အံ့သြဖွယ်ဖြစ်ပါသည်။

၅၉(စ)ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအရ တစ်စုံတစ်ယောက်ကို သမ္မတ ဖြစ်စေချင်သူများကလည်း ဖြစ်သင့်သည်များကို မျက်ကွယ်ပြုကာ ပြည်သူလူထုကလိုလားလျင် ဤအချက်ကို ပြင်ဆင်ပေးရမည်ဟု ပြည်သူလူထုကို အလွဲအသုံးချကာ ပြင်ဆင်နိုင်ရေးကြိုးပမ်းလျက်ရှိ ကြပါသည်။ တစ်ဖက်တွင်လည်း ပြည်သူလူထုအပါအ၀င် အများစုကလည်း နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့်ပတ်သက်သည့် ၅၉(စ)ကို မြဲမြံစွာထိန်းသိမ်းရန် ဆန္ဒပြင်းပြလျက်ရှိနေကြပါသည်။ ဤဥပဒေသည် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပိတ်ဆို့ထားသည့် အချက်ဟု မမြင်ကြဘဲ တစ်မျိုးသားလုံးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ကာကွယ်ရန် ထည့်သွင်းထား သည်ဟုသာ အများက မြင်ကြပါသည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပြည်ပမှဝင်ရောက် မစွက်ဖက်နိုင်စေရေး မရှိမဖြစ် ဆက်လက်တည်ရှိနေရမည်ဟု တိုင်းရင်းသားပြည်သူအများက ယုံကြည် လက်ခံထားကြပါသည်။

တိုင်းရင်းသားများအနေဖြင့် ၅၉(စ)ပြင်ဆင်ရေးထက် ၎င်းတို့၏တိုင်းရင်းသားများအရေး ပြင်ဆင် ရန်ကိုသာ ပိုမိုလိုလားကြကြောင်းကို တွေ့ရှိရပါသည်။ တိုင်းရင်းသားအားလုံးမျှော်မှန်းထားသည့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပိုမိုစိတ်ဝင်စားပြင်ဆင်လိုကြပါသည်။ Power Sharing နှင့် Resource Sharing ကိုသာ ပိုမိုအလေးထားကြပါသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပြည်ထောင်စုနှင့် ပြည်နယ်များ အာဏာခွဲဝေကျင့်သုံးမှုနှင့် သဘာဝသယံဇာတများ ခွဲဝေသုံးစွဲရေးကိစ္စများပါရှိသော်လည်း ပိုမိုတိကျစေရန် ပြင်ဆင်ရေးကိုဆောင်ရွက်လိုကြပါသည်။ ယခုအချိန်မှာ ပြုပြင်ပြောင်းလဲရေးများကို အုတ်မြစ်ချလုပ်ဆောင်နေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီအခြေကျ ပြီး နိုင်ငံများမှာပင် ပြုပြင်ပြောင်းလဲရေးများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို သတိပြု ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏အခန်းကဏ္ဍကို ပြင်ဆင်ရေးသည်လည်း အဓိကအချက်တစ်ချက်အဖြစ် တွေ့ရှိရမည်ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု အတိအလင်းကြေညာထားပါသည်။ ဤအချက်ကို မိမိ တို့၏ ဆန္ဒစွဲအရ ဥပဒေကိုပြင်ဆင်လိုသည့် နိုင်ငံရေးသမားများနှင့် လူအများက အနှောင့်အယှက်တစ်ခု အဖြစ် သဘောထားရှုမြင်ကြပါသည်။ ၎င်းတို့က တပ်မတော်သည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် မရှိဘဲ သီးခြားရပ်တည်နေသော အဖွဲ့အစည်းအဖြစ် ရှုမြင်ကြပါသည်။ အမှန်မှာ တပ်မတော်သည် အစိုးရ၏ ကွပ်ကဲမှုအောက်ရှိ နိုင်ငံတော်ကာကွယ်ရေးကို တာဝန်ယူထားသည့် ခိုင်မာသောအဖွဲ့အစည်း တစ်ခုပင် ဖြစ်ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကပင်လျင် နိုင်ငံတော်သမ္မတကြီး၏ အမိန့်အတိုင်း လိုက်နာ၍ နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား စောင့်ရှောက်ရေးကို ဆောင်ရွက်သွားမည်ဟု ပြောကြားပြီးဖြစ်ပါသည်။

ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကြီးမားသော နိုင်ငံရေးသမားအချို့၊ လူပုဂ္ဂိုလ်အချို့က တပ်မတော်အပေါ် မကောင်းမြင်သောစိတ်ဖြင့် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရန်၊ ဖြစ်နိုင်လျင် လုံးဝဖျောက်ဖျက်ပစ်ရန် အားသန်လျက်ရှိကြပါသည်။ တပ်မတော်သည် နိုင်ငံရေးတွင်ပါဝင် နေ၍ ၎င်းတို့ပြင်ဆင်လိုသည့်အချက်များကို မပြင်ဆင်နိုင်မည်ကို စိုးရိမ်ပူပန်လျက် တပ်မတော်အပေါ် အမျိုးမျိုးဝေဖန်ထိုးနှက်တိုက်ခိုက်လျက်ရှိကြပါသည်။ နိုင်ငံတကာတွင် စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း နှိုင်းယှဉ်ပြောဆိုလေ့ရှိကြပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေး အခင်းအကျင်းများ မတူညီကြပါ။ မိမိနိုင်ငံ၏ လိုအပ်ချက်နှင့်အညီ လုပ်ဆောင်နေကြရခြင်းဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံပုံတူကူးချ၍ ရနိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအရ လွှတ်တော်၊ သို့မဟုတ် နိုင်ငံရေးတွင် တပ်မတော်က ပါဝင်ပတ်သက်နေခြင်းမှာလည်း လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အများစုသော နိုင်ငံရေးသမား၊ အတိုက်အခံများ၊ တိုင်းရင်းသားပြည်သူများက ယုံကြည်လက်ခံထားပြီး ဖြစ်ပါသည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်လာခဲ့သည့် တိုင်းပြည်များရှိ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖွဲ့စည်း ပေါ်ပေါက်လာသည့် တပ်မတော်များမှ နိုင်ငံရေးတွင် အင်အားချိန်ခွင်လျှာကို ထိန်းသိမ်း၍ မဖြစ်မနေပါဝင် ပတ်သက်ရလေ့ရှိပါသည်။ တိုင်းပြည်ကို နောက်ကြောင်းပြန်လှည့်သွားနိုင်သည်ဟု ပြောဆိုနေသူများမှာ လည်း တပ်မတော်သားများမဟုတ်ဘဲ တပ်မတော်အပေါ် မလိုမုန်းတီးစိတ်ထားရှိသော လူပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမားများသာဖြစ်ကြောင်း သေချာလေ့လာလျင် တွေ့နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ဖြစ်နိုင်လျင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ဆောင်ရွက်လိုကြသည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်သည်လည်း အလားတူပင်ဖြစ်ပါသည်။ နိုင်ငံ့ တာဝန်သည် အလွန်ကြီးလေးသဖြင့် ဖြစ်နိုင်လျင် တာဝန်မယူလိုသည်မှာ ဆန္ဒအမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းရေးဆွဲသည်ဖြစ်စေ၊ မရေးဆွဲသည်ဖြစ်စေ၊ အစိုးရ တစ်ရပ်က တိုင်းပြည်ကို မထိန်းသိမ်းနိုင်သည့် အခြေအနေ၊ အစိုးရက တာဝန်ပေးအပ်လာသည့်အခြေ အနေ၊ ပြည်သူလူထုက တောင်းဆိုလာသည့်အခြေအနေနှင့် တိုင်းပြည်ဆူပူအုံကြွမှု ပြိုကွဲနိုင်သည့် အခြေအနေများတွင် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်းထမ်းဆောင်ရမည်ပင် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရလွှတ်တော်၊ နိုင်ငံရေးသမားများ၊ အတိုက်အခံများ၊ တိုင်းရင်းသားများက မိမိတို့၏ခံစားချက်အမြင်အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။ အလားတူ တပ်မတော်ကလည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏အခြေအနေအရ ဒီမိုကရေစီနုနယ်သေး ချိန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေချိန်၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုစီးပွားရေး၊ ပဋိပက္ခများကို ဖြေရှင်းနေရချိန်၊ မြေပေါ်မြေအောက်အဖျက်သမားများကို ရှင်းလင်းဖော်ထုတ်နေရချိန်တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အမျိုးသားနိုင်ငံရေးတွင် ဆက်လက်ပါဝင်နေလိမ့်ဦးမည်ဟု ယူဆရပါသည်။ မြန်မာပြည်သူပြည်သား အားလုံးပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သောဥပဒေများကို ပြင်ဆင်နိုင်၍ ကာကွယ်သင့်ကာကွယ်ထိုက်သော ဥပဒေများကို ခိုင်ခိုင်မာမာကာကွယ်နိုင်ကြပါစေ။

ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု ၀န်ကြီးဦးအောင်မင်း ပြောကြား

ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ညီညွတ်သည့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု သမ္မတရုံး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ပြုလုပ်သောပြည်ထောင် စု ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများအား နိုင်ငံရေးပါတီများအား ရှင်းလင်းပြောကြား ရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးရာတွင် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ် သက်သည့် အကြောင်းအရာများကို ဆွေးနွေးခွင့် ပေးထားပြီး ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြော ကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တိုင်းရင်းသားတွေ တင်ပြတဲ့အချက် ၁၀ ချက်မှာ အရေးကြီးဆုံးက ဖက်ဒရယ်ပဲ။ ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးလို့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရင် ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ဆိုတာ ဖြစ် လာမယ်။ ဒါကြောင့်မို့ အဓိကအချက် ဖက်ဒရယ်ကို ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် ဘာမှပြောနေစရာ မရှိ ဘူး။ အခက်အခဲ မရှိဘူးဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်'' ဟု ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက် အလက်များ ပါဝင်ကြောင်း သိရပြီး အဆိုပါ တိုင်းရင်းသားများ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲတွင် အစိုးရဘက်သို့ တရားဝင် ပေးအပ်ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပါကလည်း ကန့်သက်ချက်များစွာ မရှိကြောင်း၊ မြန်မာနိုင်ငံတော်မှ ခွဲမ ထွက်ရ ဟူသည့် အချက်နှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစေသည့် အကြောင်းအရာများ မလုပ်ရဟူသည့် အချက်နှစ်ချက်မှလွဲပြီး ကျန်သည့်အချက်များကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

Eleven Media Group

တရားဥပဒေ စိုးမိုးရေးနှင့် မထိန်းသိမ်းဘဲ ပြစ်မှုပြစ်ဒဏ်များနှင့် နိုင်ငံကို ထိန်းသိမ်းသွားမည် ဆိုပါက ပြည်သူများ အနေဖြင့် တကယ့်ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပေါ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



တရားဥပဒေ စိုးမိုးရေးဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ပြစ်မှုပြစ်ဒဏ်များဖြင့်သာ နိုင်ငံကို ထိန်းသိမ်းမည် ဆို ပါ က ပြည်သူများသည် တကယ့်ဒီမိုကရေစီ စိတ်ဓာတ် ဖွံ့ဖြိုးလာမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။


နိုဝင်ဘာ ၁၁ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်ခန်းတွင် ခွင့်ပြုချက် မရှိဘဲ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေ ပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းသည့် ကာလအတွင်းတွင် လည်းကောင်း၊ ပယ်ဖျက်ပြီးနောက်တွင် သော်လည်းကောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အ ခြေပြုလုပ်ငန်း ဆောင်ရွက်ခြင်းတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ချမှတ် ရမည်ဟူသော ပုဒ် ၃၄/(က) နှင့် (ခ) တို့ကို ပယ်ဖျက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပြစ်မှုပြစ်ဒဏ်ကိစ္စနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ဥပဒေကြမ်း ကော်မတီက ပြောသွားတာက ဒီမိုကရေ စီ နုနယ်သေးတဲ့ အချိန်မှာ ပြစ်မှုပြစ်ဒဏ်ဆိုတာ လိုတယ်။ ကျွန်မတို့ကတော့ ပြောင်းပြန်ယူပါတယ်။ ဒီမိုက ရေစီ နုနယ်နေသေးတဲ့ အချိန်မှာ တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထု ကို ကာကွယ်ဖို့ဖြစ်တယ်။ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူး ဆိုတာ ထင်ထင်ရှားရှား အများသိအောင် လုပ်ပေးဖို့ လိုပါတယ်။ အခုဒီမှာ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုဆိုတာ ကလေးလေးတွေကို အိမ်မှာခေါ်ပြီး ထိန်းတာ နေ့ကလေးထိန်း ကျောင်းတွေနဲ့ မတူပါဘူး။ နေ့ကလေးထိန်းဌာန ဖွင့်တာလေးလောက်နဲ့ ဒဏ် ပေး မယ် ဆိုတာကလည်း မသင့်တော်တဲ့အပြင် ပြစ်မှု ပြစ်ဒဏ် ဆိုတာကို ကျွန်မလည်း ကန့်ကွက်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ပြစ်မှုပြစ်ဒဏ်နဲ့ ထိန်းသိမ်းမှာလား။ တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရဲ့ ပြည်သူ အပေါ်မှာ စေတနာထားမှုနဲ့ ထိန်းသိမ်းမှာလား ဆိုတာကို ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ ပြစ်မှုပြစ်ဒဏ်နဲ့ပဲ ကျွန်မတို့နိုင်ငံကို ထိန်းသိမ်းသွားမယ်ဆိုရင် တကယ့် ဒီမိုကရေစီ စိတ်ဓာတ်တွေ ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါ ဘူး လို့ ဥက္ကဋ္ဌကြီးက တစ်ဆင့် ပြောကြားလိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့နောက် ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်အခန်းကို ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီ၊ ၀န်ကြီးဌာနတို့က ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သီး ခြားဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သည်။

Eleven Media Group

ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်၍ ပြင်ဆင်လိုခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် မပတ်သက်ကြောင်း NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်၍ ပြင်ဆင်လိုခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးနှင့် မပတ်သက်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့ နေ ဦးကိုနီက ပြောကြားသည်။


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် NLD ပါတီ၏ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေး ဆွဲရေးအတွက် နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်သော ရန်ကုန် တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပွဲတက်ရောက် လာသူများအား ဦးကိုနီက ရှင်းလင်းပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်နေခြင်းသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေချင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မလိုသူ များက ၀ါဒဖြန့်ခြင်း၊ သတင်းစာ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခြင်းများ လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲ စဉ်ကပင် အဖွဲ့ချုပ်အနေဖြင့် တစိုက်မတ်မတ် ကန့်ကွက် ခဲ့ပြီး အမျိုးသား ညီလာခံကပင် ထုတ်ပယ်ခဲ့ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အမျိုးသား ညီလာခံမှ ထွက်လာ ချိန်တွင် သမ္မတ အရည်အချင်းနှင့် ပတ်သက်သည့်ကိစ္စ မပါသေးဘဲ အခန်း (၁) အခြေခံမူ ရေးဆွဲအပြီးတွင် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

''ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်လို့ ပြင်ချင်တာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ် ရေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ အခုဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမဖြစ်ရေးကကျွန်တော် တို့ တိုင်းသူပြည်သားတွေရဲ့အရေးသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးမဟုတ်ပါ။ ကျွန်တော် ပြောမယ် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူးဗျာ။သူအေးအေး ဆေးဆေး အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ သူဆက် လုပ်နေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူး။ ဖြစ်မှာက ခင်ဗျားတို့ ကျွန်တော်တို့ ဒုက္ခဖြစ်မှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ထိုသို့ပြောဆိုမှုသည် ပုဂ္ဂိုလ်ရေးအရ ဂုဏ်တင်ပြောဆိုခြင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တစ်တိုင်းပြည်လုံးချစ်၍ ဉာဏ်အမြော်အမြင် ကြီးသည့် အင်မတန်သည်းခံ၍ တစ်ကမ္ဘာလုံးမှ လေစားသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို ဦးဆောင်ပါက ဆင်းရဲတွင်းထဲမှ ချက်ချင်းတက်လာ နိုင် ကြောင်း၊ ယင်းအကြောင်း အရာများကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ပြည်သူများက လို လာခြင်း ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူများ၏ လိုလားချက်အရ ပြည်သူ့ဆန္ဒတိုင်း ဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖြစ်အောင်ပြင်ဆင်ပေးရန် တောင်းဆိုပါကြောင်း၊ သမ္မတဖြစ်ခွင့် လူတိုင်းတွင်ရှိကြောင်း၊ လူ တိုင်း ယှဉ်ပြိုင်ခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကိုလည်း ကြိုဆိုကြောင်း၊ သမ္မတ ဦးသိန်းစိန် ပြန်အရွေး ခံပါကလည်း ကြိုဆိုကြောင်း၊ ဆုံးဖြတ်ချက်သည် ပြည်သူတွင်သာရှိပြီး မည်သူသမ္မတ ဖြစ်ပါက မိမိတို့တိုင်းပြည် ချမ်းသာမည် ဆိုသည်မှာ လူတိုင်းသိပြီးသား ကိစ္စဖြစ်ကြောင်း ဦးကိုနီက ဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနား၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများပြီး NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေး ဆွဲရေးကို ဆန္ဒပြုခဲ့ကာ တက်ရောက်သူ ရာခိုင်နှုန်း ၉၀ ကျော်မှာ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲ နက် ဆန္ဒပြုခဲ့ကြသည်။

Eleven Media Group