Thursday, November 7, 2013

အမျိုးသား ထောက်လှမ်းရေး အမြန် ဖွဲ့စည်းရေး အစိုးရထံ တင်ပြမည်



ရန်ကုန်တိုင်း အစိုးရက အမျိုးသား ထောက်လှမ်း ရေး အဖွဲ့ကဲ့သို့ ထောက်လှမ်းရေး အဖွဲ့ပြန်လည် ဖွဲ့စည်းရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စု ဗဟိုအစိုးရထံသို့ တင်ပြတိုက်တွန်းသွားမည် ဖြစ် ကြောင်း သိရှိရသည်။


နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ သစ် ပါတီမှ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်က နိုင်ငံတော်လုံခြုံရေး အတွက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကဲ့သို့ အဖွဲ့အစည်း တခု အမြန်ဆုံး ဖွဲ့စည်း တာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရေး အဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သဖြင့် ရန်ကုန်တိုင်း အစိုးရက ယင်းအဆိုကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်းရေး အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဦးကျော်က မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌ ရာထူး၊ ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် ဖြစ်စဉ်များကြောင့် ဒေသတွင်း လုံခြုံရေးကို ထောက်လှမ်းနိုင်မည့် ထောက်လှမ်းရေးအဖွဲ့ လိုအပ်နေ ကြောင်း၊ နိုင်ငံတိုင်း တွင် ထောက်လှမ်းရေး အဖွဲ့ များရှိနေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့ ရှိရမည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတိုင်းမှာ ထောက်လှမ်းရေးအင်အား က နိုင်ငံလုံခြုံရေးအတွက် အခရာကျတယ်။ အမေရိကန်မှာဆိုရင် FBI အဖွဲ့က သမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးဆောင်ရွက်ရတယ်။ CIA က နိုင်ငံရေးဆိုင်ရာကို ခွဲယူသွားတဲ့အပိုင်းပေါ့။ အင်္ဂလန်မှာဆိုရင် MI 5 က လုံခြုံရေးကို တိုက်ရိုက်ကိုင်တွယ်တယ်။ အဲဒါ အစ္စရေးမှာဆိုရင် MOSSAD ၊ ရုရှားမှာဆိုရင် KGB ဆိုပြီးရှိတယ်လေ။ နိုင်ငံကို ကိုယ်စားပြုတဲ့ အင်အားစုက လိုလာပြီလေ။ လောလောဆယ် ကျနော်တို့က ဆီးဂိမ်း ကျင်းပရတော့မယ်။ စိုးရိမ်စိတ်ရှိပါတယ်။ အာဆီယံဥက္ကဋ္ဌ ရာထူးကလည်းယူရဦးမယ်။ ဥက္ကဋ္ဌ ရာထူးယူဖို့က ဒေသတွင်း လုံခြုံရေးက အဓိက ဖြစ်နေတယ်။ လုံခြုံရေးကို ထိပါးလာမယ့် အဖျက်အမှောက်လုပ်ငန်းတွေကို ကာကွယ်ဖို့ လိုလာပြီ´´ဟု ဦးကျော်က ဧရာဝတီသို့ ပြောသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရာတွင် ယခင်စစ်အစိုးရလက်ထက် ထောက်လှမ်းရေးအဖွဲ့၏ လုပ်ကိုင်မှုများကို ပြန်လည် ဖော်ထုတ် အပြစ်ပုံချနေရန် မလိုအပ်ကြောင်း၊ အပြစ်ပုံချနေလျှင် နိုင်ငံအတွက် ရှေ့ခရီးဆက် နိုင်မည် မဟုတ် ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းပါက သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အပါအ၀င် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တိုက်ရိုက်ကိုင်တွယ်လိမ့်မည်ဟု ထင်မြင်ကြောင်း ဦးကျော်က ဆက်လက်ပြောသည်။

“အခုက ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီဆိုတော့ အတိတ် နှစ် ၂၀ တုန်းက လုပ်ခဲ့တာတွေကို လက်ညှိုးထိုးပြီးပြောဖို့ မလိုအပ် တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အပြစ်ပုံချနေရင် ရှေ့ဆက်ခရီး ဆက်လို့မရဘူး။ ဟိုတုန်းက လုပ်ခဲ့တာတွေကို အပြစ်ပုံ နေရင် ရှေ့ဆက်လို့မရဘူး။ ဒီထောက်လှမ်းရေးဖွဲ့ဖို့ ကိစ္စ ပြည်ထောင်စုအစိုးရဆီ ရောက်သွားရင် ဒီကိစ္စက အမျိုးသားလုံခြုံရေးကောင်စီက တိုက်ရိုက် ကိုင်တွယ်ရမယ့် ကိစ္စဖြစ်တယ်။ ကျနော့်အမြင်တော့ ဒီထောက်လှမ်းရေး အဖွဲ့က လုံခြုံရေးကောင်စီ အောက်မှာ တိုက်ရိုက်ရှိနေမှာပေါ့´´ ဟု ဦးကျော်က ဆိုသည်။

ဦးကျော်၏ထောက်လှမ်းရေး ဖွဲ့စည်းရေး အဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံ ဆွေးနွေးခဲ့ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ထိန်းသိမ်းခံနေရသော ထောက်လှမ်းရေး တပ်မှူး ၂၂ ဦး ပြန်လည် လွှတ်ပေးရန် သမ္မတဦးသိန်းစိန်ထံ စာတင်ပြထားကြောင်း၊ ထောက်လှမ်းရေး ရှိလျှင် ၅ လောင်း ပြိုင် လူသတ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ဖော်ထုတ်နိုင်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ဦးမြင့်ကြည်က အဲဒါတွေပြောတာ မှန်ပါတယ်။ ကျနော့်အဆို ထောက်ခံဆွေးနွေးရင်း စကားရပ်အနေနဲ့ ထည့်သွင်းတဲ့ သဘောပါ။ ထောက်လှမ်းရေး ပေါ်လာရင် အကျင့်ပျက်ခြစားမှုတွေ၊ ငါးလောင်းပြိုင် လူသတ်မှုလိုဟာမျိုး ဖော်ထုတ်နိုင်မယ် လို့ သူက ပြောသွားပါတယ်။ သူက စကားကို ဖြည့်စွက်ပြောတဲ့သဘောပါပဲ´´ ဟု ဦးကျော်က ဆိုသည်။

ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဦးဆောင်သော စစ်ထောက်လှမ်းရေးသည် အဓိကအားဖြင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများကို နှိပ်စက် ဖမ်းဆီး ထောင်ချခြင်း၊ ကျောင်းသားအင်အားစု၊ တိုင်းရင်းသားအင်အားစုများ၏ နိုင်ငံရေး လှုပ်ရှားမှုကို ဖိနှိပ်မှုများကိုသာ အဓိက လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ရပ်များကြောင့် ထောက်လှမ်းရေးဆိုသော စကားလုံး ကြားရုံမျှဖြင့် ပြည်သူလူထုက ရွံ့ရှာကြကြောင်း ပြည်တွင်းနိုင်ငံရေးသမားများက သုံးသပ်ပြောဆိုသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းမည်ဆိုပါက ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို အာမခံပြီး မထိခိုက်သော ထောက်လှမ်းရေး အဖွဲ့ဆိုင်ရာ ဥပဒေ တရပ် ရေးဆွဲပြဋ္ဌာန်းပြီးမှ ဖွဲ့စည်းသင့်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းရေးကိုသာ ဦးစားပေး လုပ်ဆောင်မှုသည် မှန်ကန်သော လုပ်ရပ်မဟုတ်ဟု သုံးသပ်သည်။

“ထောက်လှမ်းရေးဖွဲ့မယ်ဆိုရင် ဥပဒေ ပြုပြီးမှ ဖွဲ့ရင် ပိုကောင်းမယ်။ ကျနော်တို့ဆီမှာရှိခဲ့တာက စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ခင်ညွှန့် လုပ်ခဲ့တဲ့ ထောက်လှမ်းရေးပဲ။ အဲဒီကောင်က လုံခြုံရေး သတင်းတွေကို ထောက်လှမ်းခဲ့တာ။ အဓိက သူလုပ်တာ နိုင်ငံရေးသမား တွေကို နှိပ်ကွပ်တယ်။ အကြမ်း ဖက်မှု မပါတဲ့ နိုင်ငံရေးပြောဆိုဆွေးနွေးမှုတွေကို ဖမ်းဆီး ထောင်ချတယ်။ ပြည်သူတွေ ရဲ့လုံခြုံရေး တကယ်စေတနာရှိရင်တော့ ဥပဒေ တခု ထိထိရောက်ရောက် လုပ်ပေးရမှာပေါ့။ လွှတ်တော် က ဥပဒေပြု ပေးရမယ်။ အဲဒီမှာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့် တွေကို အနှောင့်အယှက် မဖြစ်စေတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အာမခံတဲ့ ပြဋ္ဌာန်းချက်တွေကို သေချာပြဋ္ဌာန်းပြီးမှ လုပ်ရင် ပိုကောင်းမယ်။ အဖွဲ့ဖွဲ့ရေး ဆိုတာကို ဦးစားပေး လုပ်ရင် သိပ် မမှန်လှဘူး´´ ဟု ဦးရဲထွန်းက ဆိုသည်။

ရန်ကုန်တိုင်းအစိုးရက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရေး ပြည်ထောင်စုအစိုးရထံ တင်ပြမည့် အစီအစဉ် နှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာနက ရန်ကုန်တိုင်း အစိုးရ၏ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကို ဆက်သွယ် မေးမြန်း သော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။

စစ်တွေ လူမှုကွန်ယက် အစည်းအဝေး အန်ဂျီအိုများကိစ္စ အဓိက ဆွေးနွေး



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရခိုင် အမျိုးသမီးတစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးမှုနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲ တစ်ခုကို ရခိုင်လူမှုကွန်ယက်မှ စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ရာ ရခိုင်အခြေစိုက် အန်ဂျီအိုများကိစ္စကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရ သည်။


ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို ကိုယ်တိုင် တက်ရောက်ခဲ့သူ စည်းကမ်းထိမ်း ရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့မှ အရှင်ပညာသာမိက ယခုကဲ့သို့ ပြောသည်။

“ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဆင်တက်မော်ကိစ္စမှာ ဘင်္ဂလီတွေက အဲဒီမှာ ရှိနေတဲ့ အန်ဂျီအိုတွေ ဆက်သွယ်ပြီး သူ့တို့ လူတွေကို ဆေးရုံတင်ဖို့တောင်းဆိုတဲ့အခါ ကူညီပြီး ဆေးရုံကိုပို့တယ်။ ဦးဇင်းတို့ ရခိုင်တိုင်းရင်း သားတွေဘက်က အကူညီတောင်းတဲ့အခါ အကူအညီ မပေးတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်အခြေစိုက်တဲ့ အန်ဂျီအိုတွေရဲ့ ရပ်တည်ချက်နဲ့ သူတို့ လူပ်ရှားနေတဲ့ အပိုင်းနဲ့ အဓိကထား ဆွေးနွေး ကြတာပါ” ဟု ၎င်းက ဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်း အခြေစိုက်သော အန်ဂျီအိုများသည် သတင်းအမှားများကို ထုတ်လွှင့်ပြီး နိုင်ငံတော် အစိုးရကို နာမည်ပျက်အောင် ကမ္ဘာတွင် လိမ်လည်မူများ ရှိနေသည်ဟု ဦးဇင်းကဆိုသည်။

“ ဦးဇင်းတို့ ပြည်သူတွေ မြင်တာက မြန်မာအစိုးရနဲ့ ရခိုင်ပြည်သူတွေဟာ မူဆလင်တွေကို ဖိနှိပ်တယ် ဆိုတဲ့ သဘောမျိုး ပြည်ပရောက် ဘင်္ဂလီအရေး လူပ်ရှားသူတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ ပေါင်းပြီး ကမ္ဘာကို လိမ်လည် နေကြတယ်လို့ မြင်တယ်။ ဒါကြောင့် ဦးဇင်းတို့ အန်ဂျီအိုတွေကို အစိုးရက စနစ်တကျ ကိုင်တွယ်ဖို့လိုတယ်လို့ မြင်တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးဖို့ လိုတယ်လို့ ဦးဇင်းတို့ တောင်းဆို ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

များမကြာမီကလည်း ရန်ကုန်အခြေစိုက် ပြည်ပ သတင်းဌာနအချို့နှင့် ရခိုင်အခြေစိုက် အန်ဂျီအိုများက ရခိုင်ပြည်နယ်တွင် အခြေစိုက်သော အစ္စလာမ်ဘာသာဝင် ၁၅၀၀ ခန့်သည် ခနော်ခနဲ့လှေများဖြင့် များမကြာမီက ရခိုင်ပြည်နယ်က ထွက်ခွာလာခဲ့ကြသည်ဟု ဖေါ်ပြရုံသာမက လူပေါင်း (၇၀) ရေနစ်သေဆုံးခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

သို့သော်လည်း ၎င်းသတင်းကို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကမူ အတည် မပြုနိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုထားသည်။ ၎င်းပြင် နိုင်ငံတကာ အန်ဂျီအိုများက ပြောဆိုသော မူလ ထွက်ခွာရာ စစ်တွေ အုန်းတောကြီးနှင့် သဲချောင်းသို့ သွားရောက် စုံစမ်းရာတွင်လည်း ထိုကဲ့သို့ ထွက်ခွာသွားသူရှိသည်ဟု သတင်းမရရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်ဟု ဦးဇင်းက ဆိုသည်။

နိုင်ငံတကာ NGO များကိစ္စသာမက မကြာမီ မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) မှ ကိုယ်စားလှယ် ရခိုင်ပြည်နယ်ကို လာရောက်မည့် ကိစ္စများကိုလည်း ဆွေးခဲ့ကြကြောင်း ဦးပညာသာမိက ဆက်ပြောသည်။

“စစ်တွေမြို့ပေါ်မှာ အိမ်းငှားပြီးလှုပ်ရှားနေတဲ့ NGO တွေ မသိနားမလည်တဲ့ ကိုယ်ဝန်ဆောင် ရခိုင် အမျိုးသမီးတွေကို ဆေးကုပေးမယ်ဆိုပြီး ကိုယ်ဝန်ပျက် ဆေးတွေပေးပြီး မကောင်းမှုတွေကို လုပ်နေကြ တဲ့ကိစ္စ၊ နောက်ပြီး မြန်မာနိုင်ငံကို OIC က ဒီလ ၁၃ ရက်နေ့မှာလာမယ်။ ၁၄ ရက်နေ့မှာ ရခိုင်ကို လာမယ်လို့ ကြားရ တယ်။ အဲဒီပုဂ္ဂိုလ် ရခိုင်ပြည်ကိုလာတဲ့အချိန်မှာ ဦးဇင်းတို့ ဆန္ဒထုတ်ဖော်ဖို့ ကိစ္စ တွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်။

ဆွေးနွေးပွဲကို စစ်တွေမြို့ ကျောင်းတက်လမ်းရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုသည်ဟု မိစ္ဈိမသတင်းတွင် ဖေါ်ပြသည်။

တိုးမြှင့်ကောက်ခံသည့် မီတာခများ လျော့ချပေးရန် တစ်ရက်တွင်း နှစ်ကြိမ် ဆန္ဒဖော်ထုတ်

နိုဝင်ဘာလတွင်စတင် တိုးမြှင့် ကောက်ခံမည်ဖြစ်သော မီတာခများ လျော့ချပေးရန် အတွက် တစ်ရက်အတွင်း နှစ်ကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နှင့် Generation Youths အဖွဲ့တို့က နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ကြသည်။


ဆန္ဒဖော်ထုတ်ရာတွင် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့က နိုဝင်ဘာလ ၆ရက် ညနေ လေးနာရီခွဲခန့်တွင် အဖွဲ့ဝင် လေးဦး ဖြင့် သိမ်ကြီးဈေး မှ စတင်လမ်းလျောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဆူးလေဘုရားအနီးထိ ဆန္ဒဖော်ထုတ်ခဲ့သည်။ ယင်းနောက်တွင် Generation Youths နှင့် ဒီမိုကရေစီ အင်အားစု အဖွဲ့များက ညနေ ခြောက်နာရီတွင် ဆူးလေဘုရားအနီးမှ စတင် ဆန္ဒဖော်ထုတ်ကာ ဗိုလ်အောင်ကျော် လမ်းမှ တဆင့် ဆူးလေဘုရားသို့ ပြန်ခဲ့ပြီး ဖယောင်းတိုင်များ ကိုင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဖယောင်းတိုင်များ ကိုင်ကာ ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူ ၅၀ ခန့်ကလည်း ၀င်ရောက် ပူးပေါင်း ဆန္ဒ ဖော်ထုတ်ခဲ့ရာ ဆန္ဒပြသူ ၁၅၀ကျော်ရှိခဲ့သည်။

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ဦးသိန်းအောင်မြင့်က "မီတာခတွေ တိုးမြှင့်ကောက်ခံလိုက်တဲ့ အတွက် ကုန်ဈေးနှုန်းတွေ ကို တစ်ဘက်က တက်စေတယ်။ ဒါကြောင့် မီတာခတက်တာတွေကို ပြည်သူလူထုရဲ့ ဆန္ဒအရဖော်ထုတ်ရခြင်းဖြစ်တယ်။ မြန်မာပြည်အနှံက လူထုထံက ဆန္ဒလက်မှတ်တွေကိုကောက်ခံပြီး မီတာခတွေ လျော့ကျတဲ့ အထိဆက်လက် ဆန္ဒဖော်ထုတ်သွားမယ်" ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် မီတာခများ လျော့ကျသည်အထိ ပြည်သူလူထု သဘောထားများ ခံယူကာ ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်သွား မည်ဖြစ်သည်ဟုလည်း ၄င်းက ဆက်လက်ပြောသည်။

Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကလည်း လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုသည် လျပ်စစ်ဝန်ကြီးဌာန မှ ပြည်သူ့ဆန္ဒနှင့် သဘောထားကို ကောက်ယူခဲ့ခြင်းမရှိသည့်အတွက် ပြည်သူ့ကိုယ်စား ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဒီလို ဆန္ဒဖော်ထုတ်လို့ ထူးခြားမှုမရှိဘူးဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ်။ ပြည်သူကို အသိမပေးပဲ မီတာခတွေ တိုးမြင့်ကောက်ခံခဲ့တဲ့အတွက် ပြည်သူ့အစိုးရ ဒီမိုကရေစီ အစိုးရဆိုတာကို လက်မခံနိုင်ပါဘူး ။ တစ်ကယ်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ သွားနေတယ်ဆိုပေမဲ့ ဒီမိုကရေစီ တကယ်မရရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့က ပြည်သူတွေနဲ့ပူးပေါင်းပြီး မနက်ဖြန်မှ ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပါ။ လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းမှု မပေးမချင်း ဆန္ဒဖော်ထုတ် သွားမှာပါ။ ဒါဟာပြည်သူ့ဆန္ဒပါပဲ "ဟု ပြောသည်။

ယင်းသို့ ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်မှုကြောင့် Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကို ည ၇ နာရီခန့်က ကျောက်တံတားရဲစခန်းမှာ လာရောက် ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများသည် ခွင့်ပြုချက်တောင်းခံခြင်း တစ်စုံတစ်ရာ မရှိခဲ့သည့် အတွက် ပုဒ်မ ၁၈ ဖြင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲမှုးမျိုးမြင့်ကြိုင်က ဆိုသည်။

ကျောက်တံတားမြို့နယ် ရဲမှုးမျိုးမြင့်ကြိုင် "ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြတာ မဟုတ်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ် ။ ခေါင်းဆောင်တဲ့ ဆန္ဒပြတဲ့လူတွေကို ကျောက်တံတားမြို့နယ် ရဲစခန်းကို ခေါ်သွားမယ်။ မီတာခတွေ တက်တာကို ဖြေရှင်းချက် ပေးတာကိုတော့ သက်ဆိုင်ရာ လျှပ်စစ် ၀န်ကြီးဌာနက ဖြေရှင်းလိမ့်မယ်။ ကျွန်တော်တို့ ကတော့ ခွင့်ပြုချက်မရှိပဲ ဆောင်ရွက်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်ရခြင်း ဖြစ်တယ် " ဟု ပြောသည်။

ဆန္ဒပြရာတွင် ဆိုက်ကားနင်းပြီး ပါဝင်ခဲ့သူ ကျောက်တံတားမြို့နယ်မှ ဦးမြသောင်း က" မီတာခတွေ တိုးပြီး ကောက်လိုက်တဲ့အတွက် ထမင်းချက် ဟင်းချက်တဲ့ အရာကလွဲလို့ ကျန်တာဘာမှ မလုပ်ရဲတော့ဘူး ။ နောက်ပြီး တိုးမြင့်ကောက်ခံတယ်သာပြောတယ် မီးက ပုံမှန်လာတာလည်းမဟုတ်ဘူး ။ မီတာခတိုးမြင့် လိုက်တဲ့အတွက် ကျန်တဲ့ ကုန်ဈေးနှုန်း စရိတ် ၊ ခရီးသွားလာမှု စရိတ်တွေ ကိုပါ ထိခိုက်စေတယ် ။ ဒါကြောင့် ဒီသတ်မှတ်လိုက်တဲ့ မီတာခတွေ ကို ပြန်လည်သတ်မှတ်စေချင်တယ် "ဟု ဆိုသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင်ဆင်ခြင်းကို အောက်တိုဘာ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ်တစ် ရာ အထိအား ၃၅ ကျပ်ဖြင့်တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်းပါဝင်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ်ငါးထောင်အထိအား တစ် ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းဖြင့်တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် တွက်ချက် ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းသတ်မှတ်ချက်မှာလည်း နိုဝင်ဘာလမှ စတင်အကြုံး ၀င်မည်ဖြစ်သည်။

ဆန္ဒပြရာတွင် ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေပါပုဒ်မ ၁၈ ကြောင့် ထောင်ဒဏ်ကျခံရသူ အများအပြားရှိလာပြီးနောက် အဆိုပါ ပြဋ္ဌာန်းချက် မပါဝင်သည့် ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေး ကော်မတီက ယခုတစ်ပတ်အတွင်း လွှတ်တော်သို့ တင်သွင်းသွားမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက နိုဝင်ဘာ ၅ ရက်တွင် မဇ္ဈိမကိုပြောထားသည်။

မွတ်ဒေါင်းရှေ့နေ ဦးကိုနီ ဦးဆောင်ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်ကို ဦးတည်နေသလဲ



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ NLD ပါတီက လူထု ဆန္ဒကောက်ခံ ပွဲကို မြန်မာ နိုင်ငံ နေရာ တော်တော်များများမှာ ဦးဆောင် ပြုလုပ်နေတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း ပြည်သူ တစ်ယောက် အနေနဲ့ NLD ပါတီက ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒကောက်ခံ နေတာကို မပြောလိုပေမယ့် အဲဒီပါတီ ရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ ဥက္ကဌ အဖြစ် တာဝန် ပေးထားတဲ့ တရားရုံချုပ် ရှေ့နေ ဦးကိုနီ အကြောင်း ကိုတော့ ပြောဖို့ လိုအပ်တယ်၊ ပြော လည်း ပြောရ မယ်၊ မြန်မာပြည်သူတစ်ရပ်လုံးလည်း သိထားဖို့ လိုအပ်ပါ တယ်။


နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံကို ဘယ်သူပဲ ရေးရေး ၊ ဘယ်သူပဲပြင်ပြင် ပညာရပ်နဲ့ အနှစ်သာရကို ကြည့်ရ မယ်၊ ကြည့်သင့်တယ်ဆိုတာ သဘောတရားအားဖြင့် မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမယ့် မွတ်ဆလင် ကုလား ရှေ့နေကြီး ဦးကိုနီ ဦးဆောင်လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသာ အတည်ဖြစ်သွား ခဲ့ရင် သမိုင်းမှာ အစွန်းအထင်း အမဲစက်ကြီး ကျန်ရစ်နေတော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ မြန်မာလူမျိုး ဥပဒေ ပညာရှင်တွေ တော်တော်ရှားသွားပြီလား၊ သူ့ထက်တော်တဲ့ တတ်တဲ့ မြန်မာ လူမျိုး ဥပဒေပညာရှင်တွေ ရှိလျက်နဲ့ မွတ်ဆလင်ကုလားရဲ့ ဦးဆောင်မှုကို ခံနေတာဟာ ညံ့ရာကျပါတယ်။

မြန်မာ လူမျိုး ဥပဒေပညာရှင်တွေ မနာတတ်ပေမယ့် ကျွန်တော်တို့ ပြည်သူတွေကတော့ မွတ်ဆလင် ကုလား ဦးဆောင်တာကို ရင်နာတယ်ဗျာ။ အဲဒီ မွတ်ဒေါင်းရှေ့နေက လက်ရှိ မြန်မာနိုင်ငံရဲ့ မီးရှူး တန်းဆောင် က၀ိ ပညာရှိကြီးလား မေးစရာဖြစ်နေပါပြီ။ “ ဗလီ မီးရှို့တယ်ဆိုရင် အဲဒီဘာသာ ကိုးကွယ်တဲ့ သူအားလုံးရဲ့ အသည်း နှလုံးကို မီးရှို့သလို ဖြစ်တယ် ” လို့ ပြောခဲ့တဲ့ ဦးကိုနီစကား မမှတ်မိကြတော့ ဘူးလား၊ ဒါမှမဟုတ် မေ့သွား ကြပြီလား၊ ကိုယ့်မြန်မာ လူမျိုးမဟုတ်တဲ့ တစ်ခြားဘာသာခြားက ကျွန်တော် တို့ တစ်မျိုးသားလုံး အတွက် အရေးအကြီးဆုံး ဖြစ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကို ဦးဆောင်လုပ်နေတာဟာ သဘောရိုးဖြစ်နိုင်ပါ့မလား ဗျာ။ သူ့အမျိုး မွတ်ဆလင်တွေအတွက် ဆင်ကြံကြံ နေတာပဲ ဖြစ်မှာပေါ့။

မွတ်ဒေါင်းရှေ့နေကြီး ဦးကိုနီကို ဖခင် ဦးစူလ်တန်နဲ့ မိခင်ဒေါ်ဟလီမာ တို့က ကသာခရိုင် ကုလားချောင်မှာ မွေးဖွားခဲ့တယ်။ မတောက်တခေါက်တတ်တဲ့ ရှေ့နေဆိုတဲ့ ရာထူးလေးနဲ့ NLD ပါတီထဲကို ၀င်လာခဲ့တယ်၊ ပါတီမှာ ဒေါ်စုကြည် မရှိခင်တုန်းက ဦးသိန်းညွန့်နေရာရနေတဲ့အချိန် ဦးကိုနီဆိုတာ ချောင် ကပ်နေရတဲ့ ခပ်တုံးတုံးလူတစ်ယောက် အဖြစ်ဆက် ဆံခံခဲ့ရတာပါ။ ဒေါ်စုကြည် ပြန်ရောက် လာပြီး နောက်ပိုင်း အစ္စလာမ် ဘာသာဝင်တွေကို နေရာပေးလာတဲ့အတွက် ဦးကိုနီ ထောင်ထောင် ထောင်ထောင် ပြန်ဖြစ် လာခဲ့တာပါ။ ဒေါ်စုကြည်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ဖို့ စိတ်အားထက်သန်နေတဲ့အချိန် ပွဲလန့်တုန်း ဖျာခင်း တတ်တဲ့ ဦးကိုနီ က နေရာဝင်ယူလိုက်တာဖြစ်ပါတယ်။

ဒေါ်စုကြည်ရဲ့ အရေးပေးခြင်းခံရလို့ လူရှေ့သူရှေ့ ရောက်လာတဲ့ မွတ်စလင် ကုလား ဦးကိုနီရဲ့ ကျားကွက် ရွေ့ တာကို ကျွန်တော်တို့ ပြည်သူတွေ သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ကောင်းစား ဖို့ထက် သူ့အမျိုးအနွယ် မွတ်စလင်ကုလားတွေ ကောင်းစားဖို့ ဦးတည်ဆောင်ရွက်နေတာ သေချာနေပါပြီ။ ဖွဲ့စည်းပုံကို ပြင်ဖို့ ဦးကိုနီ အဲဒီလောက်ထိ ဆန္ဒပြင်းပြနေတာဟာ သူ့အမျိုးတွေအတွက်ကလွဲလို့ ကျွန်တော်တို့ မြန်မာ တိုင်းရင်းသား (၁၃၅) မျိုးအတွက် မပါဘူးဆိုတာ လေ့လာကြည့်ရင် ဗူးပေါ် သလို ပေါ်လာပါလိမ့်မယ်။

ဦးကိုနီ အဓိက ပြင်ချင်၊ အသစ်ရေးဆွဲချင်တာက ၁၉၈၂ ခုနှစ် လူမျိုးခြား ဥပဒေသာလျှင် အဓိက ဖြစ်ပါလိမ့်မယ်။ NLD အနေနဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ရွတ်ပြပြီး ဖွဲ့စည်းပုံပြင်ဆင်ချင်တယ်ဆို တာ ယောင်ပြပါ။ ပြည်သူတွေရဲ့ အာရုံကို တပ်မတော်ဘက်လှည့်ပြီး ရန်တိုက်ပေးတဲ့သဘောဖြစ်ပါတယ်၊ ဒါမှ သူကြံစည်နေတာကို ပြည်သူက မရိပ်မိမှာ ဖြစ်ပါတယ်။ တကယ်တမ်း သူကြံစည်နေတာက သူတို့ မွတ်ဆလင် တွေအတွက် အကျိုးရှိမယ့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။ သူ့သဘောနဲ့ သူဆိုရင် ဒါမှမဟုတ် မွတ်ဆလင်တွေ အတွက်လို့ ပြောရင် ဖွဲ့စည်းပုံကို ဘယ်လိုမှ ပြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒီတော့ ဒီမိုကရေစီ စနစ် အကူးအပြောင်းကာလမှာ အားကောင်းလာတဲ့ အတိုက်အခံပါတီ NLD ရဲ့အရိပ်ကို ခိုပြီး ဒေါ်စုကြည် ယုံကြည်မှုရအောင် လုပ်ပြခဲ့တယ်။ ပြီးတော့ မွတ်စလင် အဖွဲ့အစည်းတွေ အစဉ်တစိုက်ကြိုးပမ်းနေ တဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ခွင့် ဒါမှမဟုတ် ဖျက်သိမ်းပေးရေးကို ထည့်ပြီး တောင်းဆိုမယ်၊ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံထဲမှာ နိုင်ငံသားအဖြစ် ရှိနေတဲ့ မွတ်စလင်တွေထပ်ပြီး တိုးပွားလာရေး၊ မွတ်စလင်တွေဟာ တရားဝင် တိုင်းရင်းသားလူမျိုးစုအဖြစ် နေရာတစ်နေရာမှာ အခိုင်အမာ ရယူပိုင်ဆိုင်နိုင်ရေး၊ အဲဒီကနေတစ်ဆင့်တက်ပြီး ပြည်နယ်၊ တိုင်းတစ်ခုခု သတ်မှတ်ပေးဖို့အထိ သူတို့ရဲ့ ရေရှည်စီမံကိန်းကို ဖြစ်မြောက်အောင်မြင်ရေးအတွက် သာရှေ့ရှု့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ မျက်စိဖွင့်နားစွင့်ပြီး နိုင်ငံရေးအသိ၊ ဘာသာရေးသတိ၊ လူမျိုးရေး အသိတွေ ရှိဖို့ လိုအပ်နေပါပြီ။ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိပုံစံမျိုးတော့ မလုပ်ကြပါနဲ့။ ဖွဲ့စည်းပုံကို ပြင်ဖို့ ထောက်ခံတယ်ပဲထားဦး ၊ မွတ်ဒေါင်းရှေ့နေ ဦးကိုနီရဲ့ လှည့်ကွက်တွေ ထဲမှာတော့ အပါမခံ မိဖို့ အရေးကြီးပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကိုတော့ မွတ်ကုလားရေးတာ အဖြစ်မခံနိုင်ပါဘူး။

မြန်မာနိုင်ငံ ကောင်းစားတာကို ကျွန်တောတို့ ပြည်သူအားလုံး လိုလားကြပါတယ်။ ဒါပေမယ့် မွတ်ဒေါင်း ရှေ့နေ ဦးကိုနီ ဦးဆောင်ပြင်ဆင်ဖို့ လုပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ လက်မခံနိုင်ပါဘူး။ ဦးကိုနီ မွတ်ဒေါင်း ကြီးက အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ အသစ်ရေးဆွဲဖို့ အထိ လုပ်နေပြီဆိုတော့ သမိုင်းစာမျက်နှာပေါ်မှာ “ မွတ်ကုလား ရေးဆွဲတဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ” အဖြစ် ကမ္ပည်း တင်ပြီး နောင်အနာဂတ်မှာ မွတ်စလင်တွေ လက်ခမောင်း ခတ်နိုင်အောင် အကြံကြီး ကြံနေတာပဲ ဖြစ်ပါ တယ်။ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ချင်တာဟာ မွတ်ကုလားတွေ အတွက်လား၊ မြန်မာနိုင်ငံသားတွေ အတွက် လား၊ အဖြေက ရှင်းနေပါတယ်။

မွတ်ဒေါင်းရှေ့နေ ဦးဆောင်ပြင်ဆင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခဲ့မယ်ဆိုရင် တိုင်းပြည် အုပ်ချုပ်သူ တွေရဲ့ အရည်အချင်းနဲ့ ဂုဏ်သိက္ခာ သမိုင်းရိုင်းချင်သလောက် ရိုင်းကြပါစေ။ ကျွန်တော် တို့ မြန်မာပြည်သူ ရဟန်းရှင်လူတွေရဲ့ သမိုင်းကိုတော့ ခွေးတွေပါးစပ်က ထန်းလျက်ခဲလို အဖြစ်မခံနိုင်ပါဘူး ။ ဒါကြောင့် မွတ်ဒေါင်း ရှေ့နေ ဦးဆောင်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကျွန်တော်တို့ မြန်မာပြည်သူ တစ်ရပ်လုံး ချင့်ချိန် ယုံနိုင်ကြပါစေရန် တိုက်တွန်းရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

From: ရဲမာန်

အလုံက NLD တို့ရဲ့ ဒီမိုကရေစီ ကျလွန်းလှတဲ့... ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မလား သစ်မလား ဆန္ဒခံယူတဲ့ပွဲ



ရန်ကုန် အနောက်ပိုင်းခရိုင် အလုံမြို့နယ်မှာ ကျင်းပ သွားတဲ့ NLD တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မလား အသစ်ရေး ဆွဲမလား ခံယူတဲ့ ပွဲမှာ... လူဦးရေ ၅သောင်း ကျော် ၁သိန်း နီးပါး ရှိတဲ့ အလုံမြို့နယ်မှ NLD ပါဝင်တီဝင်တွေ နဲ့ သူတို့ရဲ့ ဆွေမျိုး နီးစပ် ၃၅၀ ကျော်နီးပါ တက် ရောက်ပြီး... လူဦးရေ အားလုံးပေါင်း ၄၀၀ ကျော် နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်...


ထူးထူးခြားခြား အနေနဲ့ မဲ ဆန္ဒတွေ ကောက်ခံ ရာမှာ... စင်မြှင့်ပေါ်ကနေ ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမလား အသစ်ပြန်လည် ရေးဆွဲမလား ဟု မေးမြန်းခဲ့ပြီး... တက်ရောက်သူများမှ လက်ထောင်ပြကာ... ဆန္ဒမဲ ကောက်ယူခဲ့ပြီး ပြင်ဆင်ရေးဆွဲချင်တဲ့ ပြည်သူ ၉၈ ရာခိုင်နှုန်း ရှိကြောင်း မှတ်တမ်း တင်ခဲ့ကြတယ်လို့ သိရှိရပါတယ်...

ထိုပွဲကို ကိုယ်တိုင် ကိုယ်ကျ တက်ရောက်ခဲ့တဲ့ ကို ဆန်းသစ် က တော့...

"စရောက်တည်းက အဲ့က NLD လူငယ်အကိုကြီး တစ်ယောက်နဲ့တွေ့တော့ ပြောလိုက်တယ် ကျနော် အသစ်ဆွဲမှာလဲ မထောက်ခံဘူး ပြင်မှာလဲ စောသေးတယ် တကယ်ပဲ တိတိကျကျ လိုက်နာပြီး ကျင့်သုံးကြည့် စေချင်သေးတယ် လို့ပြောလိုက်တယ်။ အဲ့တက်ရောက်တဲ့ လူတွေထဲမှာ ကျနော်က ဘာမဲလဲ နောက်ပြီး ဘယ်လောက်ရာနှုန်းလဲ သိဘူးနော်...."

ဟု NLD ရဲ့ စနစ်ကျန လှတဲ့ မဲ ပေးစနစ်နဲ့ မှတ်တမ်း တင်မှု ရလဒ်မှာ.. သူရဲ့ မဲ ဟာ ဘယ်လို ပါဝင်ခဲ့တယ်ဆိုတာ မသိခဲ့ကြောင်း ပြောဆိုခဲ့ပြီး... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘာကြောင့် ပြင်ဆင် သင့်တယ် ဆိုတာကို ပြောဆိုခဲ့မှုမှာ...

"၄၇ ဥပဒေ နဲ့ ၂၀၀၈ ကို ပဲ ခိုင်းနှိုင်းသွားတယ်။ ကြားထဲက ၇၄ ကိုချန်ထားတယ် ၇၄ မှာက သူမကြိုက်တဲ့ ၈၂ ဥပဒေကို လူထုကိုယ်စားလှယ်တွေရေးဆွဲပြီး လူထုက ခုထိထောက်ခံထားတာ ဆိုတော့ အဲ့ဟာကို မေ့ချင်ယောင်ဆောင်ပြီး အရူးကွက်နင်းထားတယ်"

"ကာချုပ်ကို ဘယ်သူခန့်တယ်ဆိုတာကို ပြည်သူကို ရှင်းမပြဘူး ကာချုပ်က မိုးပေါ်က ကျလာသလို ပြောသွားတယ် ကာချုပ်က သမ္မတက ခန့်တာ သမ္မတကို လွှတ်တော်ကခန့်တာ လွှတ်တော်ကို ပြည်သူက ရွေးတာ(အခုကောင်တွေတော့ အာမမခံဘူး) ဆိုတာခု ၂၀၀၈ စာအုပ်ထဲပါပြီးသားပဲ ဒီတော့ ကာချုပ်က ပြည်သူက ရွေးတဲ့ လွတ်တော်က တင်တဲ့ သမ္မတက ခန့်တာဖြစ်တဲ့အတွက် ပြည်သူကခန့်တာမဟုတ်လို့ မိုးပေါ်က ကျရမှာလား သူပြောသလိုပဲ ၄၇ ခြေဥ မှာလဲ အုပ်ချုပ်ရေး အစိုးရ ဦးနုကို ပါလီမန်က ရွေးတာ ပါလီမန်ကို ပြည်သူကရွေးတာ ဦးနုကနေ ကာကွယ်ရေးဝန်ကြီးကိုရွေးတာ ကာကွယ်ရေးဝန်ကြီးက နေ ကာချုပ်ကိုရွေးတာလေ ကဲ အဲ့ကုလားရယ် စာမဖတ်တဲ့ကောင်တွေရယ်ပေါင်းပြီး ပြည်သူပါဆိုပြီး မလှိမ့် တစ်ပါတ်လုပ်နေတာ"

ဟု ပြောဆိုဝေဖန်ခဲ့ပြီး... ထို ဆန္ဒခံယူပွဲမှာ.. ဒီမိုကရေစီ ပါတီဟု အမည်ခံထားသည့် ပါတီ၏ ကျင်းပ ပုံနှင် မတူပဲ... မေးခွန်း မေးလို့ ရမရ မေးမြန်းခဲ့ရာမှာ.. မေးခွန်း မေးဖို့ အတွက် အစီ အစဉ်တွင် ပါမလာ ခဲ့ကြောင်း ပြောဆိုခဲ့သဖြင့် မကျေလည်သည်များကို မေးခွန်း မမေးခဲ့ရပဲနှင့် ပါးစပ်ပိတ်ပြီး ပြန်လာခဲ့ရ ကြောင်း သိရှိရပါသည်...

ထိုသို့ NLD ပါတီရဲ့ ၂၀၀၈ အခြေခံ ဥပဒေ ကို ၂၀၁၅ အမှီ ပြင်ဆင်နိုင်ရေး အတွက်... မီတ္ထီလာ အဓိကရုဏ်းဖြစ်စဉ်တွင်... ဆရာတော် ဦးသောဘိတကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည့်... ကုလားများကို ရှေ့နေ လိုက်ပေးခဲ့သော... NLD မှ တရားရုံးချုပ်ရှေ့နေ ဦးကိုနီမှ ဦးဆောင် ဦးရွက်ပြုကာ... ဆောင်ရွက်လျှက်ရှိပါသည်...

From: ဆန်း သစ်

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ



ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယနေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခု အမြန်ဆုံးဖွဲ့စည်း တာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်း သည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခြင်းနှင့်အတူ တပ်ဖွဲ့မှာပျောက်သွား ခြင်းမျိုး မဟုတ်ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးခွဲကိစ္စရပ်များမှာလည်း အခြားစီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် ပင် စောစီးစွာအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။

ဝန်ကြီးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟုပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြု ခဲ့သည်။

လက်ရှိထောက်လှမ်းရေး အဖွဲ့ များ ဖြင့်နိုင်ငံတော်လုံခြုံရေးကို ဆောင် ရွက်ရာတွင် လုံလောက်မှုမရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ်များ ဖြစ်ပေါ်စေ ရန် ကြိုတင်သတင်းရယူရေးမှာ အရေး ကြီးပြီး မြန်မာ့နိုင်ငံရေးကို ပြန်ပြောင်း ကြည့်မည်ဆိုပါက အမျိုးသားထောက် လှမ်းရေးအဖွဲ့များကို အရေးယူလိုက် သည့် ကာလနှင့် ဆက်စပ်၍ များမကြာ မီ အချိန်၌ ဗုံးခွဲဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေးအမည်းစက်များ ဖြစ်ပေါ် ခဲ့သည်ဟု ဦးကျော်က ဆိုသည်။

မြန်မာနိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ခဲ့သိမ်းခဲ့ရသူများ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ လိုက်ရပြီးနောက် ၄င်း တပ်မတော် ထောက်လှမ်း ရေးညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက် သိမ်းခဲ့သည်။

Popular Myanmar News Journal

အ၀ါရောင်မီဒီယာ ဘယ်လိုထိန်းမလဲ



မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်က သတိပေးပြောကြားပြီးနောက် မကြာမီ သတင်း မီဒီယာကျင့်ဝတ်နှင့်မညီသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် မှုများ ရေးသားထုတ်ဝေနေသော ဂျာနယ်အချို့ကို အရေးယူပေးရန် သမ္မတထံသို့ တိုင်တန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေါ်ထွက်လာသည်။


ကျင့်ဝတ်နှင့်မညီသော သတင်းရေးသား တင်ဆက် သည့် ဂျာနယ်အချို့ကြောင့် မီဒီယာလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခံနေရချိန်ဖြစ်ပြီး ပြည်တွင်း မီဒီယာအသိုင်းအအ၀ိုင်းက ယင်းဂျာနယ်များကို ဝေဖန်မှုများရှိနေချိန်လည်းဖြစ်သည်။

ထိုအချိန်၌ပင် သမ္မတထံ လိပ်မူတိုင်တန်းခံရသော ဂျာနယ်လေးစောင်ခန့်ကို အစိုးရအဖွဲ့က ဥပဒေ ကြောင်းအရ အရေးယူရန် နည်းလမ်းများ ရှာဖွေနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်မှုများအပါအ၀င် ခိုင်လုံမှုမရှိသည့် သတင်း၊ ဆောင်းပါးအကြောင်းအရာများ ပုံနှိပ်ဖော်ပြမှုကို အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းမည်ကို မီဒီယာအသိုင်းအ၀ိုင်းက မလိုလားပေ။

နိုင်ငံတကာတွင် သတင်းတစ်ပုဒ်ကြောင့် နစ်နာသည်ဆိုပါက နစ်နာသူကာယကံရှင်က စာနယ်ဇင်း ကောင်စီကဲ့သို့ အဖွဲ့အစည်းထံ တိုင်ကြားနိုင်ပြီး ယင်းအဖွဲ့များ၏ဖြေရှင်းမှုကို မကျေနပ်ပါက တရားဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုခြင်းမှာ ထုံးစံပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ အစိုးရအဖွဲ့ထံ အထူးသဖြင့် သမ္မထံ တိုက်ရိုက်တိုင်ကြားခြင်းကို အံ့သြရကြောင်း သတင်းစာဆရာ ဦးရဲနိုင်မိုးကပြောကြားသည်။

“သမ္မတထံ တိုင်တယ်ဆိုတာဟာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို သေးသိမ်အောင် ပြုလုပ်တာ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေကိုဆုံးမဖို့၊ အရေးယူဖို့ သမ္မတမှာ တာဝန်လည်း မရှိဘူး။ လုပ်ပိုင်ခွင့်လည်းမရှိဘူး။ ဒါကတရားရုံးရဲ့ကိစ္စဖြစ်ပါတယ်”ဟု ဦးရဲနိုင်မိုးကပြောကြားသည်။

ယခုတိုင်ကြားခံရသည်ဆိုသော ဂျာနယ်များ၏နောက်ကွယ်တွင် မည်သူတွေရှိနေသည်ဆိုခြင်းကို မပြောတတ်သော်လည်း အပြောင်းအလဲကာလကို ကျော်ဖြတ်ရသည့် နိုင်ငံတိုင်းတွင် တန်ခိုးအာဏာ ကြီးထွားလာသည့် မီဒီယာလောကထဲသို့ ၀င်ရောက်အသုံးချလိုသူများရှိစမြဲဖြစ်သည်။

သတင်းမီဒီယာလောကထဲသို့ နာမည်ကြီးချင်သူ၊ ပိုက်ဆံလိုချင်သူ၊ သြဇာအာဏာထူထောင်ချင်သူများက မီဒီယာလွတ်လပ်ခွင့်ကို အသုံးချလာကြမည်သာဖြစ်ပြီး အစိုးရက ၀င်ရောက်ဖြေရှင်းပေးရန် သီးသန့် တာဝန်မရှိကြောင်း ဦးရဲနိုင်မိုးကပြောကြားသည်။

လက်ရှိဂျာနယ်ဈေးကွက်အတွင်း ယခင်စစ်အစိုးရဟောင်းအကြီးအကဲများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ နောက်ကွယ်က အကြောင်းအရာများနှင့် လက်ရှိအစိုးရအဖွဲ့ဝင်များကို ဝေဖန်ရေးသားသည်ဆိုသော ဂျာနယ်အချို့ အရောင်းသွက်နေသည်။

ယင်းဂျာနယ်များ၏ ရေးသားချက်များမှာ သတင်းမီဒီယာကျင့်ဝတ်နှင့်မညီကြောင်း အစိုးရအဖွဲ့က ထောက်ပြပြောကြားလာသကဲ့သို့ စာနယ်ဇင်းအသိုင်းအ၀ိုင်းနှင့် အဖွဲ့အစည်းများကလည်း ဝေဖန်ထောက်ပြလာကြပြီဖြစ်သည်။ မကြာသေးမီက သူရိယအလင်းအပတ်စဉ်ထုတ်ဂျာနယ်၏ ပုဂ္ဂိုလ်ရေးဆန်ဆန် အလွန်အကျွံ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသော ကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာ့သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က ကြေညာချက်ထုတ်ပြန်လာခဲ့သည်။

“မီဒီယာသမားအားလုံး ညီလာခံလုပ်ပြီး အားလုံးသဘောတူထုတ်ပြန်ထားတဲ့ မီဒီယာဥပဒေမရှိသေးဘူးလို့ ကျွန်တော် နားလည်ထားတယ်။ ကျွန်တော်ကတော့ ကျင့်ဝတ်ကိုဘေးဖယ်ပြီး လူထုဘက်ကို ရပ်တည်ရေးသားတာဖြစ်ပါတယ်”ဟု MJN ၏ ထုတ်ပြန်ချက်အပေါ် သူရိယနေ၀န်းအမည်ဖြင့် ပြောင်းလဲထုတ်ဝေလိုက်သူ ဦးမိုးဟိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြတ်သွားစွာတုံ့ပြန်ပြောကြားသည်။

မြန်မာပြည်သူများသည် နှစ်ပေါင်းငါးဆယ်နီးပါး အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရပြီး ဖိနှိပ်ခံရသူများဖြစ်ခဲ့ရခြင်းကြောင့် ယခင်အစိုးရဟောင်း၏ ကျဆုံးမှု၊ အပုပ်နံကို သိချင်မြင်ချင်သည်ကို အပြစ်မဆိုသာသော်လည်း စာလုံးပြူးတူးပြဲတဲနှင့် အစိုးရအဖွဲ့အပါအ၀င် ထင်ရှားသူတိုင်းကို တိုက်ခိုက်ခြင်း၊ ပုဂ္ဂိုလ်ရေးထိခိုက်အောင် ရေးသားခြင်းတို့ဖြင့် လူစိတ်ဝင်စားအောင် ပြုလုပ်ခြင်းမှာ နိုင်ငံတကာတွင် အ၀ါရောင်စာနယ်ဇင်းအဆင့် (Yellow Journalism) အဆင့်သာရှိကြောင်း ဦးရဲနိုင်မိုးကပြောကြားသည်။

“အ၀ါရောင်ဂျာနယ်လစ်ဇင်ကိုမှ စွဲလမ်းတယ်ဆိုရင်တော့ စတုတ္ထတန်းစား လူ့အဖွဲ့အစည်းကိုပဲရမယ်။ စာဖတ်သူတို့ ၂၀၀ (သို့မဟုတ်) ၅၀၀ နဲ့ ၀ယ်လိုက်တဲ့ စာစောင်ဟာ သူတို့ရဲ့အနာဂတ်နဲ့ တိုက်ရိုက်အချိုးကျတယ်။ လွယ်လွယ်ကူကူ ပြူးတူးပြဲတဲလုပ်ပြီးရောင်းတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ပြည်သူရဲ့အိတ်ထဲက ပိုက်ဆံကို နှိုက်ယူရုံတင်မကဘူး။ လူ့အဖွဲ့အစည်းရဲ့အနာဂတ်ကိုပါ ချိုးဖောက်ဖို့ကြိုးစားတာ။ စာဖတ်သူက အလိုမလိုက်သင့်ဘူး”ဟု ၎င်းကပြောကြားသည်။

လက်ရှိဈေးကွက်အတွင်း စာဖတ်သူအများစု၏ တောင်းဆိုမှုမှာ ယခင်အစိုးရဟောင်းများနှင့် ပတ်သက်ဆက်နွှယ်သော သတင်းများ၊ ဆောင်းပါးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်တွင်းဖြတ်သန်းမှု အတွေ့အကြုံများပါဝင်သော ဂျာနယ်များဖြစ်နေကြောင်း ဂျာနယ်လက်ပွေ့ရောင်းချသူများ၊ ကိုယ်စားလှယ်များနှင့် စာဖတ်သူများကပြောကြားသည်။

“နိုင်ငံရေးဆောင်းပါးတွေပါရင် လူစိတ်ဝင်စားတယ်။ စာရွက်တွေထူပြီး စာမျက်နှာတွေကြီးရင်လည်း ၀ယ်ကြတာများတယ်။ ရပ်ကွက်ဥက္ကဋ္ဌကို ဝေဖန်တာတို့၊ နောက်ဖြစ်ရပ်မှန်တွေကို ဝေေ၀ဆာဆာနဲ့ရေးပြီး သတင်းစုံစုံလင်လင်ပါရင် ၀ယ်ကြတာပဲ။ လိုသလောက်မရလို့ မိတ္တူရောင်းတာတောင် တစ်စောင်ကျပ် ၁၂၀၀ ပေးဝယ်ကြတဲ့ စာတစ်စောင်လည်းရှိတယ်”ဟု သတင်းစာပို့သမား ကိုကျော်နန္ဒအောင် က ပြောကြားသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း မြန်မာသံတော်ဆင့်ဂျာနယ်၏ ပြည်ထောင်စုဝန်ကြီး တစ်ဦးအပေါ် ရေးသားချက်နှင့်ပတ်သက်၍ ယင်းပြည်ထောင်စုဝန်ကြီးမှ တရားစွဲရန် သမ္မတရုံးသို့ စာတင်သည်အထိဖြစ်ပွားခဲ့သည်။

နိုင်ငံခြားဘဏ်များတွင် ငွေစာရင်း ၅ ခုဖွင့်လှစ်ထားသည်ဆိုသော ၁၁ ဘီလီယံတွင် သမ္မတရုံး ၀န်ကြီးဦးစိုးသိန်း ပိုင်ဆိုင်သော ငွေများပါဝင်သည်ဟု သတင်းများထွက်ပေါ်ဆိုသည့် ခေါင်းစဉ်ဖြင့် မြန်မာ သံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်တွင်ဖော်ပြခဲ့သည်။

ယင်းသတင်းဖော်ပြချက်တွင် ဦးစိုးသိန်းအား မေးမြန်းချက်များမပါဝင်ဘဲ ကြားသိရသည်ဆိုသည့် ပြောကြားချက်များကို စုစည်းဖော်ပြခဲ့သည့်ပုံစံဖြင့် ဖော်ပြခဲ့သဖြင့် ဦးစိုးသိန်းက ယင်းသတင်းသည် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်ပြီး မဟုတ်မှန်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရသည်။

လက်ရှိလူကြိုက်များနေသော အစိုးရဟောင်းများနှင့် ပတ်သက်သည့် ရေးသားပုံနှိပ်မှုများနှင့်ပတ်သက်၍ The Voice နေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက ဗုဒ္ဓဟောကြားခဲ့သည့် အဆုံးအမစကားကြီးခြောက်ခွန်းတွင် ဆောင်ရမည့် အဓိကစကားနှစ်ခွန်းကို ဥပမာပေးပြောကြားသည်။

“ကိုယ်ပြောတဲ့စကား၊ ကိုယ်ရေးတဲ့အကြောင်းဟာ ပြောခံရသူအတွက် နာလည်းနာခံလိုတယ်။ အများ အတွက်လည်း အကျိုးရှိတယ်။ ဟုတ်မှန်တယ်ဆိုရင်လုပ်ပါ။ နောက်တစ်ခုက ခံရသူအတွက် အခံရ ခက်ပေမယ့် ဟုတ်မှန်တယ်။ အကျိုးလည်းရှိတယ်ဆိုရင်ဖော်ပြပါ။ အကျိုးမရှိတာဆို မျှဝေစရာကိုမလိုပါဘူး”ဟု ဦးကျော်မင်းဆွေကပြောကြားသည်။

လတ်တလောတွင် ယင်းသို့သော အမျိုးအစားဂျာနယ်များကို လူကြိုက်များမည်ဖြစ်သော်လည်း ရေရှည်ရပ်တည်နိုင်မည်မဟုတ်ကြောင်း အငြိမ်းစားအရာရှိတစ်ဦးဖြစ်သူ ဦးမျိုးလွင်ကပြောကြားသည်။

“ဒီလိုပုဂ္ဂိုလ်ရေးဆန်တဲ့ သတင်းမျိုးတွေက လတ်တလော လူကြိုက်များမယ်။ ဖတ်ချင်သိချင်မယ်။ ဒါကတစ်ရက်၊ နှစ်ရက်ပဲ။ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက်လည်း ဒါကတိုက်ရိုက် သက်ရောက်မှု မရှိဘူးလို့ ကျွန်တော်မြင်တယ်။ လူတွေက ဒီလိုဟာမျိုးကို သိပ်ကြာကြာ စိတ်ဝင်စားမှာမဟုတ်ဘူး။ ပျောက်သွားမှာပါ”ဟု ဦးမျိုးလွင်ကပြောကြားသည်။

ယခင်က မြန်မာမီဒီယာလောကတွင် အစိုးရနှင့် နီးစပ်ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်ရာပတ်သက်ကြောင်းတို့ကိုသာ ဂျာနယ်ထုတ်ဝေခွင့်ပေးထားခဲ့သော်လည်း အစိုးရသစ် တက်လာပြီး ၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ ဂျာနယ်၊ သတင်းစာထုတ်ဝေလိုသူမှန်သမျှကို ခွင့်ပြုပေးခဲ့ခြင်းဖြင့် ဂျာနယ်၊ သတင်းစာအသစ်များ ၀င်ရောက်လာခဲ့ကြသည်။

အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် အောက်တိုဘာအထိ ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်အပါအ၀င် ထုတ်ဝေခွင့်အမျိုးအစားအစုံ ၆၄၈ မျိုး ခွင့်ပြုထားသည်။

ယခုသမ္မတထံ အဓိကတိုင်ကြားခံရသည့် ဂျာနယ်အချို့ကို ထုတ်ဝေသူများမှာ ယခင်က စာနယ်ဇင်း လုပ်ငန်းနှင့် မည်သို့မျှမပတ်သက်ဖူးဘဲ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွား (သို့မဟုတ်) မကျေနပ် သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို တိုက်ခိုက်ဖို့ ဦးတည်လုပ်ဆောင်လာကြောင်း တွေ့ရသည်ဟု ဦးရဲထွဋ်က စွပ်စွဲပြောကြားသည်။

ထို့အပြင် ယင်းဂျာနယ်များသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ၀န်ကြီးများ၊ အငြိမ်းစားဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဆက်သွယ်ပတ်သက်နေသော ဂျာနယ်များဖြစ်ကြောင်း ဦးရဲထွဋ်ကဆိုသည်။

“အစိုးရအဖွဲ့က ဒီဂျာနယ်တွေကို ဥပဒေကြောင်းအရ အရေးယူဖို့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက် နေပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ဒီဂျာနယ်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစားအရာရှိကြီးများအပေါ်မှာလည်း သက်ရောက်မှုရှိမှာဖြစ်ပါတယ်”ဟု ဦးရဲထွဋ်ကပြောသည်။

လက်ရှိဂျာနယ်ဈေးကွက်တွင် ကျင့်ဝတ်နှင့်မညီသည့် ပရမ်းပတာရေးသားဖော်ပြမှုများ ပြုလုပ်နေသည် ဆိုသော သတင်းဂျာနယ်များထဲတွင် လွန်ခဲ့သည့် နှစ် ၂၀ မှ ယနေ့အထိ တောက်လျှောက် လုပ်ကိုင်လာသော မီဒီယာသမားများမပါဝင်ကြောင်း The Voice နေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားသည်။

“အခုရေးနေတဲ့ အဲဒီဂျာနယ်တွေဟာလည်း မီဒီယာကို တမင်နာမည်ပျက်အောင် လုပ်နေတာပဲ။ သူတို့ချင်းခွပ်တဲ့ကိစ္စ၊ အာဏာခွဲဝေမှုကိုမကျေနပ်လို့၊ ရနေတဲ့အနေအထားကို မရောင့်ရဲလို့၊ ရှိထားတဲ့ ဒဏ်ရာတွေ၊ အစဉ်အဆက်ဖိနှိပ်မှုတွေကို ရတဲ့နေရာက မီဒီယာထောင်ပြီး လက်စားချေချင်လို့ လုပ်နေတာ။ ဒါဟာအစိုးရနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်သလားဆိုတာတော့ သူတို့ပဲ သိပါလိမ့်မယ်”ဟု ၎င်းကပြောကြား သည်။

သို့သော်မီဒီယာကို ပြန်လည်ထိန်းချုပ်ရန် အစိုးရက ဥပဒေအရ အရေးယူမည်ဆိုခြင်းမှာမူ ကောင်းသည့် အလားအလာမဟုတ်ကြောင်း ၎င်းကပြောကြားသည်။

စင်ကာပူဝန်ကြီးချုပ်လီကွမ်းယု၊ အင်ဒိုနီးရှားသမ္မတဟောင်း ဆူဟာတို စသည့် နိုင်ငံ့ခေါင်းဆောင် ကြီးများသည်လည်း ၎င်းတို့နှင့်ပတ်သက်သည့်သတင်းများ ရေးသားဖော်ပြမှုတို့ကြောင့် တိုင်းမ်မဂ္ဂဇင်းကို တရားစွဲဆိုမှုများရှိခဲ့ကြပြီး ကျင့်ဝတ်ပိုင်းချိုးဖောက်မှုများကို ဘယ်နိုင်ငံအစိုးရကမှ ဒိုင်လူကြီးလုပ် ၀င်ရောက်အရေးယူခြင်းမရှိကြောင်း မီဒီယာဖွံ့ဖြိုးရေးလုပ်ဆောင်နေသူ ဦးအောင်ထွန်းဦးကပြောသည်။

“ကျင့်ဝတ်ဖောက်ဖျက်တဲ့ မီဒီယာတွေရဲ့ တိုင်တန်းမှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့၊ မီဒီယာ အားလုံး သဘောတူတဲ့၊ အားကောင်းတဲ့အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့လိုတယ်”ဟု ၎င်းကအကြံပြုသည်။

မီဒီယာပုံဖျက်သည်ဟုဆို၍ အစိုးရနှင့် စာနယ်ဇင်းသမားများ အပြန်အလှန်သံသယတို့ဖြင့် စောင့်ကြည့် နေချိန်တွင် ပြည်သူ့ဘက်က ရပ်တည်မည်ဆိုကာ ပြည်သူဆိုသောစကားလုံးကို ထပ်တလဲလဲ သုံးစွဲ ပြောဆို၍ ပြည်သူပိုင်အဖြစ် ပြောင်းလဲရပ်တည်မည့် မီဒီယာအချို့မှာ ယနေ့မီဒီယာလောက ကျင့်ဝတ် စောင့်ထိန်းမှုအတွက် ကြီးမားသော စိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်ပေါ်ဖွယ်ရှိနေသည်။

“ပြည်သူကို အသုံးချတာကတော့ လုံးဝလက်မခံနိုင်တဲ့ကိစ္စပါ။ ကျင့်ဝတ်ကို ချိုးဖောက်နေပြီး တရား လက်လွတ် ရေးနေတဲ့ ဂျာနယ်တစ်စောင်ဟာ ပြည်သူပိုင်လည်းလုပ်လိုက်ရင် ဒါဟာ ပြည်သူနဲ့ မီဒီယာ သမားတွေကို လှည့်တိုက်လိုက်တာပဲ။ မလုပ်သင့်ဘူး”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောကြားသည်။

ကျင့်ဝတ်ကိုချိုးဖောက်သော သတင်းစာ၏လုပ်ရပ်ကို စာနယ်ဇင်းကောင်စီလိုအဖွဲ့မျိုးက ထောက်ပြရမည်ဖြစ်ပြီး လုပ်ရပ်မှားယွင်းကြောင်း တစ်နိုင်ငံလုံးကသိအောင် ထုတ်ဖော်ကြေညာပေးခြင်းဖြင့် အဆိုပါသတင်းစာရပ်တည်မှုကို ထောက်ပြရမည်ဖြစ်ကြောင်း ဦးရဲနိုင်မိုးကအကြံပြုသည်။

အညှီအဟောက်နှင့် ပေါ်ပင်ကြိုက်သတင်းများကို ဦးစားပေးသော သတင်းစာနှင့် ပြည်သူ့ အကျိုးရှေးရှုရပ်တည်သော သတင်းစာတို့မှာ အချိန်တန်လျှင် ပြည်သူကပင် အဆုံးအဖြတ် ပေးသွားမည်သာဖြစ်ကြောင်း ဗြိတိသျှစာရေးဆရာ အေဂျေကရိုနင် ရေးသားပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဘာသာပြန်ဆိုထားသည့် ဥတ္တရအလင်းစာအုပ်တွင် မီးမောင်းထိုးပြထားသည်။

ယနေ့သတင်းမီဒီယာလောကအတွင်း ရင်ဆိုင်နေသော ကျင့်ဝတ်ပိုင်းချိုးဖောက်မှုများ၊ ပုဂ္ဂိုလ်ရေး ထိပါးရေးသားမှုများအပါအ၀င် ပြဿနာအားလုံးအတွက် အခြေခံအကျဆုံးမှာ တရားစီရင်ရေးစနစ် အားနည်းခြင်းကြောင့်ဖြစ်ပြီး ထက်မြက်သော တရားစီရင်ရေးစနစ်သာ အမှန်တကယ်ဖွံ့ဖြိုးနေပါက ထိခိုက်နစ်နာသူများမှာ သမ္မတအထိ တိုင်ကြားရန်မလိုကြောင်း ဦးရဲနိုင်မိုးကပြောကြားသည်။

“တရားစီရင်ရေး တကယ်ထက်မြက်ရင် ဘယ်ရေးရဲမလဲ။ နစ်နာဆုံးရှုံးမှုအတွက်က သိန်းနဲ့ချီလျော်ရမှာ”

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ကချင်ပြည်နယ် အခြေစိုက် ရှမ်းနီတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအဖွဲ့ ၀င်များ နှင့် ဥရောပသမဂ္ဂ (အီးယူ)သံအမတ် အဖွဲ့တို့ နိုဝင်ဘာ ၅ ရက်က မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။


ယင်းသို့ တွေ့ဆုံစဉ် ရှမ်းနီလူမျိုးများအား မှတ်ပုံတင်ဌာန၌ အမည်စာရင်းပေါက်အောင် ဆောင်ရွက်ရာတွင် ကူညီပေးရန် အီးယူ သံအမတ်အဖွဲ့အား ရှမ်းနီပါတီဝင်များက အကူအညီ တောင်းခံခဲ့သည်။

ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်လေးက "ရှမ်းနီတွေဟာ ကချင်ပြည်နယ် မှာ အများဆုံး နေကြပါတယ်။ အခုဆိုရင် လူမျိုးတောင် ပျောက်ခါနီးပါပြီ။ လူမျိုးကိုလည်း နာမည်အမျိုးမျိုး ခေါ်ဝေါ်နေပြီး လူဝင်မှု ကြီးကြပ်ရေးဌာနမှာတောင် အမည်မှန်မရှိပါဘူး။ ကျွန်တော်တို့ လူမျိုး၊ စကား၊ စာ ပေတွေဟာ ပျောက်ကွယ် လာပါတယ်။ အီးယူဘက်က တက်နိုင်သမျှ ကူညီဖို့လည်း ဖိတ်ခေါ်ပါတယ်"ဟု ဆိုသည်။

ရှမ်းနီ တိုင်းရင်းသားများ၏ အကူအညီ တောင်းခံမှုနှင့် ပတ်သက်ပြီး အီးယူ သံအမတ်ကြီး Mr.Roland Kobia က တတ်နိုင်သရွေ့ ကူညီသွားမည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းနီ တိုင်းရင်းသားများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နေထိုင်ကြပြီး လက်ရှိ တွင် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းနီလူဦးရေ စာရင်းကောက်ယူနေကာ ခန့်မှန်း လူဦးရေ သိန်း ၂၀ ၀န်းကျင် ရှိနေကြောင်း သိရသည်။

ဓါတ်ပုံ - ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံစဉ် 

Eleven Media Group

မွန်ပြည်နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်၍ လုယက်မှုဖြစ်ပွား

နိုဝင်ဘာ ၆ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီး အဆင့်ရှိသူ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်ပြီး လုယက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၆ ရက် ညပိုင်းက အတည်ပြု ပြောကြားသည်။


ပေါင်မြို့နယ်ရဲစခန်းမှ ညပိုင်းတာဝန်ကျ တာဝန်မှူးတစ်ဦးက "ဒီဖြစ်စဉ်က ဟုတ်ပါတယ်။ ကျူးလွန်တဲ့သူက သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီး အောင်ခန့်မင်းဆိုသူ ဖြစ်ပါတယ်။ လက်ရှိ သူ့ကို မူရင်းတပ်ကို ပြန်လွှဲပေးလိုက်ပါပြီ" ဟု နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်က ဖြေကြားသည်။

နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ၊ ၉ ရပ်ကွက် (ရန်ကုန်-မော်လမြိုင်)ကားလမ်းမဘေးရှိ ဦးတင်မြင့်ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်လာသည့် အဆိုပါ တပ်မတော် သားက ရွှေဆိုင်အတွင်းသို့ ၀င်ကာ သေနတ်ဖြင့် ချိန်ခဲ့ပြီး မှန်သေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများကို ၎င်း နှင့်ပါလာသည့် ကျောပိုးအိတ်အတွင်းသို့ ထည့်ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုနေစဉ် ရွှေဆိုင်အနီးတွင် ရှိနေသည့် ကိုဌေးမင်း (ပြည်သူ့စစ်) နှင့် အဖော်နှစ်ဦးက ၎င်းအား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးကာ ဇင်းကျိုက်ရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး ထိုမှတစ်ဆင့် ပေါင်မြို့နယ်ရဲ စခန်း သို့ပို့ ဆောင်ခဲ့ကာ ၎င်းထံမှ ၉ မမပစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

ယင်းဖြစ်စဉ်ကို ပေါင်မြို့နယ်ရဲစခန်း က (ပ)၁၁၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ယင်းနေ့ညပိုင်းကပင် အဆိုပါ တပ်မတော်သားအား မူရင်းတပ်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရ သည်။

Eleven Media Group

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေ ကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြု လုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။


"၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ခင်ညွန့် လှူထားတယ်ဆိုပြီး သံဃမဟာ နာယကအဖွဲ့ပြောတာက ၀ိနည်းဒေသနာ နဲ့ မညီဘူး။နိုင်ငံတော် တည်ဆဲဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ ဆရာတော့်မှာက ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း အကုန်ရှိပါတယ်။ ကျောင်းတိုက်ကြီးကို အစိုးရက သိမ်းတာမဟုတ်ပါဘူး။ ဆရာတော်မရှိတဲ့အခါမှာ သံဃနာယကအဖွဲ့ကို ခဏလွှဲထားတာပါ။ ဆရာတော် ပြန်ကြွလာတဲ့အခါမှာ အ ရင်တိုင်းပဲ ရှိမှာပါဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကလည်း ဆရာတော့်ဆီကို စာရေးပြီး အကြောင်းကြားခဲ့တယ်။ ဒီကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သံဃမဟာနာယကအဖွဲ့ကို တရားစွဲဆို သွားဖို့ရှိပါတယ်" ဟု ပီနန် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မိန့်ကြားရာတွင် ဆရာတော်ကြီး၏ ရည်မှန်းချက်များအတိုင်း အကောင်အထည် ဖော်နေစဉ်အတွင်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့် ညွှန် ကြားချက် အရဟုဆိုကာ ကျောင်းဖွဲ့စည်းပုံ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုဆက်ထား လျှင် ကျောင်းကြီး ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကျောင်းကြီးတွင် အကြွေးများ ကျန်ရှိခြင်းစသော အကြောင်းပြ ချက်များဖြင့် သံဃမဟာ နာယကအဖွဲ့ထံသို့ ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဟူသည့် ညွှန်ကြား ချက်ကို ထုတ်ပြန်ခဲ့ကြောင်း မိန့်ကြားခဲ့သည်။

"သံဃနာယကအဖွဲ့က သူပိုင်တယ်။ပီနန်ဆရာတော်ဘုရားကြီး မပိုင်ဘူးလို့ ပြောတယ်။ ပီနန်ဆရာတော် ဘုရားကြီးက သူပိုင်တယ် ပြောတယ်။ အဲဒါကြောင့် တရားရုံးမှာ ဆုံးဖြတ်ဖို့ ဖြစ်လာပြီ ။ အဲဒါကြောင့် မှန် တယ်ထင်ရင် ကိုယ်ပိုင်တယ်ထင်ရင် တရားရုံးမှာ တရားမကြောင်းအရ တရားစွဲလို့ရပြီ။ နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်ထားတယ်ဆိုရင် ပိုင်ရှင်လက်ထဲ ပြန်ပေးလိုက်ရင် သံဃမဟာ နာယက အဖွဲ့ကို ပြန်ပေးခိုင်းလို့ရတယ်။ မပေးဘူးဆိုရင် တရားဥပဒေကြောင်းအရ ဆုံးဖြတ်မယ်။ ဥပဒေသဘောအရဆိုရင် ခုံသမာဓိ လူကြီးခန့်တယ်။ အဲဒီမှာ နှစ်ဖက်ကျေနပ်တဲ့ ဆရာတော်ဘုရားကြီးကို ခန့်စေချင်တယ်။ကျွန်တော့် သဘောအရ ဆိုရင်ပေါ့။ သံဃမဟာ နာယကအဖွဲ့က ငါပိုင်တယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် နိုင်ငံ တော်ကနေ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်"တရားလွှတ်တော် ရှေ့နေ ဦးထင်ဇော်က ဆိုသည်။ 

ယင်းကျောင်းတိုက်ကို ယဉ်ကျေးမှု သင်တန်း Training Center ဖွင့်လှစ်ရန် ပီနန်ဆရာတော်မှ ရည်ရွယ် ထားပြီး သံဃနာယကအဖွဲ့မှ ကျောင်းတိုက်ကို ထိန်းသိမ်းထားသည့် ၁၀ နှစ်ကျော်အတွင်း ဘိုင်စကုပ် ငှားခြင်း၊ မင်္ဂလာဆောင် ငှားရမ်းခြင်း၊ အကသင်တန်း၊ ဈေးပွဲတော်များ ပြုလုပ်ခဲ့မှုများကို အထောက်အထား၊ ဓာတ်ပုံများရှိကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ နိုဝင်ဘာ ၂ ရက်တွင် ကျောင်းတိုက်ကို ပီနန် ဆရာတော် ပြန်လည်ရရှိသည်မှာ မမှန်ကန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် တာဝန်ရှိသူ များက ရှင်းလင်းခဲ့သည်။

Eleven Media Group

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် ဟောပြောပွဲသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိ



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထားများ ရယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘောထား ရယူမှုအတွက် တိုင်းလုံးကျွတ် ဟော ပြောပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိ ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားကြောင်းနှင့် မည်သူမဆို တက်ရောက်နိုင်ကြောင်း ပွဲကျင်းပသည့် ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပါတီရဲ့လုပ်ငန်းသဘောအရကော၊ ပုဂ္ဂိုလ်ရေးအရ ကော ဒီပြည်သူ့သဘောထား ရယူပွဲကို တက်ဖို့ ဖိတ်ကြား ထားပါတယ်။ လောလောဆယ်တော့ နိုင်ငံခြား ခရီးစဉ်က ပြန်လာပြီးကာစဖြစ်လို့ အလုပ်တွေ ရှုပ်နေတဲ့အတွက် တက်မတက်ကတော့ အတိအကျ မပြော နိုင်သေးဘူး။ တက်မယ်ဆိုရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ဟောပြောမှာပါ။ သူကိုယ် တိုင်ကလည်း ပြည်သူတွေနဲ့တွေ့ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်နေတဲ့သူဖြစ်လို့ အခုလိုပွဲမျိုးမှာ ဟော ပြောမှုတော့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များအပေါ် ဟောပြောမည့် သူများအဖြစ် NLD ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေများဖြစ်သည့် ဦးကိုနီနှင့် ဦး ကျော်ဟိုး တို့က ဟောပြောသွားမည် ဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်း များ၊ အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူလူထု သဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘောထား ကောက်ယူမှုကို အောက်တိုဘာ ၁၂ ရက်မှ စတင် ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၆ ရက်အထိ ခရိုင်နှင့်မြို့နယ် စုစုပေါင်း ဟောပြောမှုများအဖြစ် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ၂၃ ပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက သုံးပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးမောင်ဖေတင်က တစ်ပွဲ ဟောပြောပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဟောပြောမှုများ အားလုံးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင် ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူမှာ ၉၅ ရာခိုင်နှုန်း၊ အသစ်ဆွဲခြင်းဖြင့် ပြောင်းလဲလိုသူမှာ ငါးရာခိုင်နှုန်း ရှိ ကြောင်း ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။

NLD အနေဖြင့် အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည် ဖြစ် ကြောင်း သိရသည်။

Eleven Media Group

လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများကို ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲနေသော မဟာဗျူဟာစီမံချက်အတွက် နိုင်ငံရေး ပါတီများထံမှ အကြံပြုချက် တောင်းခံ

စစ်မှန် ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အများယုံကြည် လက်ခံသော လွတ်လပ် ၍ တရားမျှတသည့် ရွေးကောက်ပွဲများကို တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင် သာစွာ ကျင်းပပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရေးဆွဲနေသော မဟာဗျူဟာ စီမံချက် အတွက် နိုင်ငံရေး ပါတီများထံမှ အကြံပြုချက် တောင်းခံထားကြောင်း သိရသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများသို့ ပေးပို့ထားသည့် မဟာဗျူဟာ အစီအစဉ် တွင် အချက် ၁၂ ချက် ပါရှိပြီး အဆိုပါအချက်များတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွန်၊ ညွှန်ကြား ချက် များနှင့် လိုက်နာရန် ကျင့်ဝတ်များ ပြင်ဆင်ရေးဆွဲရေး၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုရေး၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ စောင့်ကြည့် လေ့ လာသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက်များ ပါဝင်သည်။

ထို့အပြင် နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ ကြီးကြပ်ရေး၊ ရွေးကောက်ပွဲ အငြင်းပွားမှုများ ဖြေရှင်းရေး၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ စီရင်ဆုံးဖြတ်ရေးနှင့် တိုင်း ရင်း သားများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ ပါဝင်မှု မြှင့်တင်ရေး စသည့်အချက်များကိုလည်း မဟာ ဗျူဟာ ရည်မှန်းချက်များတွင် ထည့်သွင်းထားသည်။

အဆိုပါ မဟာဗျူဟာ အစီအစဉ်တွင် ပြင်ပအန္တရာယ်များအဖြစ် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအား ပေးခြင်း၊ စွက်ဖက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်း၊ သဘာဝ ဘေးအန္တရာယ်၊ မမှန်သတင်းများ ထုတ်ပြန်ခြင်းနှင့် နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်း စသည့်အချက်များကို ဖော်ပြထားပြီး အခွင့်အလမ်းများအဖြစ် မီဒီယာ၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ၊ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း စသည့်အချက်များကို ဖော်ပြထားသည်။

ဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေများ၊ နည်းဥပဒေများကို ပြင်ဆင် ဖြည့်စွက်ရေးဆွဲပြီးပါက မူကြမ်းကို လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူရန် ဖြစ်ကြောင်း၊ သို့သော် ထိုသို့ လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အချိန်ကန့်သတ်ချက် မှာ ခန့်မှန်းမရနိုင်သော အခြေအနေဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရမည် ဖြစ်၍ ဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးမှာ ၂၀၁၄ နှစ်လယ်ခန့်တွင် ပြီးစီးသင့်ကြောင်းလည်းပြည်ထောင်စုရွေးကောက် ပွဲက်ာမရှင်၏ မဟာဗျူဟာ စီမံချက်တွင် ဖော်ပြထားသည်။

မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍လည်း အဆိုပါ မဟာဗျူဟာတွင် ဖော်ပြထားပြီး မှန်ကန်တိကျသော မဲ စာရင်း ရရှိရေးအတွက် ကွန်ပျူတာဖြင့် စာရင်းဇယား အချက်အလက်များ သိမ်းဆည်းသည့် စနစ်ကို အ သုံးပြုနိုင်ရန် စတင်ကြိုးပမ်းလျက် ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြုစုနိုင်ရန် ကွန်ပျူတာ အင် အား လူအင်အား၊ အတတ်ပညာ လိုအပ်ချက်များစွာ ရှိနေကြောင်း၊ မဲစာရင်းအများစုမှာ ကွန်ပျူတာတွင် သိမ်းဆည်းခြင်း မပြုနိုင်သေးသဖြင့် လက်ရေးဖြင့်ပင် ရှိနေကြောင်း၊ ယင်းအချက်မှာလည်း ရင်ဆိုင်ရမည့် အခက်အခဲများအနက် တစ်ခုဖြစ်ပါကြောင်းလည်း ဖော်ပြထားသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် လုပ် ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာလ အတွင်း နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

နိုင်ငံရေး ပါတီများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့ထားသည့် အဆိုပါ မဟာ ဗျူဟာ မူကြမ်းအပေါ် ပေးပို့လိုသည့် အကြံပြုချက်များအား ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ



• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီး အချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓ မြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေ ကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။ • NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ် အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။ • ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။ • Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။ • ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။ • ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။ • ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။ Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။ • စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

ဒေါက်တာတင့်ဆွေ ၆-၁၁-၂ဝ၁၃