Tuesday, October 15, 2013

*** ဗုံး.............သတိ ***



  • မိုင်းလို့ယူဆရတာနှင့် လုံးဝမထိပါနှင့်
  • ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါ ဖြေး ညှင်းစွာ လုပ်ပါ
  • အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။
  • ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။
  • အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။
  • စပ်စုသူများအနားမနေပါစေနှင့်
  • အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်း ခွဲနိုင်ပါသည် ။
  • မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်
  • မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။
  • ပစ္စည်းထုပ်များ မေ့ကျန်ခြင်းများ တွေ့ရှိပါက သတိဖြင့် ကြည့်ရှုပါ။ ထိတွေ့ပြီးမှ ပေါက်ကွဲနိုင် သောကြောင့် ဖြစ်ပါသည်။
  • ပစ္စည်းများ မေ့ချင်ဟန် ဆောင်သော သူများကို အမိဖမ်းပါ။ မမိလျှင် မှတ်မိအောင် လုပ်ပါ။
  • သံထည်ပစ္စည်း၊ ယမ်း ရှာဖွေသော စက်ပစ္စည်းများ တပ်ဆင်မထားနိုင်သည့် ကုန်တိုက်များတွင် ပစ္စည်းထားရှိသူများအား သတိပြုရန်။
  • တည်းခိုခန်းမန်နေဂျာများ မူမမှန်သည့် ခရီးသည်များ၊ မသင်္ကာစရာ တည်းခိုသူများ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပါ။
  • မလုံမလဲ အထုပ်အပိုးများနှင့် တွေ့ရှိပါက သတိထား စောင့်ကြည့်ပါ။ သက်ဆိုင်ရာသို့ အကြောင်း ကြားပါ။
  • ယာဉ်စီးစဉ် အထုပ်အပိုးများကို ဂရုပြုပါ။
  • အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာ တာဝန် ရှိသူ များ ထံ သတင်းပေးပို့ ကြပါ။
  • အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
  • remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့

(၀ဏ္ဏဖေသော်) Red Star News

၂၀၁၅-အတွက် မဲတပြားကို မည်သူ့ အား ပေးကြမည်နည်း ဆိုသော်



ကျွန်တော်တို့ က မဆလအစိုးရကို မုန်းတီးသည် ။ ထို့ ကြောင့် ဖြုတ်ချလိုကြသည် ။ ခေတ်အခြေ အနေအရ လက်နက်အားကိုးနှင့် -၂၆-နှစ် အုပ်ချုပ် နေသော မဆလ အစိုးရသည် သူတို့ ဘာသာ သူတို့  ကြမ္မာငင်လာခဲ့ သည် ။ ၁၉၈၈-ခုနှစ်တွင် ဦးနေ၀င်း က မဆလပါတီတွင် အပြောင်းအလဲ ပြုလုပ်ရာမှ ဒီမိုကရေစီအရေးအခင်းမှာ ဖြစ်ပေါ် လာခဲ့ သည် ။ သို့ သော် စက်တင်ဘာလ-၁၈-ရက်နေ့ တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ( မဆလ )အစိုးရကို ပြည်သူလူထုတို့ က ဖြုတ်ချနိုင်ခဲ့ ခြင်း မရှိဘဲ စစ်တပ်ကပင် အာဏာသိမ်းလေတော့သည် ။


မဆလအစိုးရ မရှိသောအခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှုအဖွဲ့  ( န၀တ ) အစိုးရ တက်လာတော့သည် ။ မဆလအစိုးရ၏ နိုင်ငံရေးပါတီသည် တစည ပါတီဆိုပြီး ထူထောင်ထားသည် ။ ထို့ ကြောင့် -၁၉၉၀-ခုနှစ်တွင် တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေး ( တစည ) ပါတီကို မုန်းတီးကြသော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတို့ သည် မိမိတို့  လူမျိုးစု ပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲထည့်ပေးခဲ့ ကြသည် ။ န၀တအစိုးရကို မုန်းတီးနေသောကြောင့် တစညပါတီကို မဲမပေးခဲ့ ကြချေ ။

၂၀၁၀-ခုနှစ်တွင်မူ ( နအဖ ) အစိုးရသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေပါတီ ထူထောင်ထားသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက် မယှဉ်ပြိုင်သောကြောင့် တစ်နိုင်ငံလုံးတွင် ပြိုင်ဖက်ကင်းစွာဖြင့် ကြံ့ဖွ့ံပါတီသည်အနိုင်ရရှိသည် ။ သမ္မတရော ၀န်ကြီးများစွာတို့ အပြင် အာဏာပိုင်အဖွဲ့ အစည်းများအပြင် တိုင်းနှင့်ပြည်နယ် အစိုးရများ၏ ၀န်ကြီးချုပ်ကိုပါ ကြံ့ဖွံ့ ပါတီမှ ရွေးချယ် တင်မြှောက်ထားတော့သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်-၄၀-ကျော်ဖြင့် အနိုင်ရရှိတော့သည် ။ ပြိုင်ဖက်ဖြစ်သော ကြံ့ဖွ့ံပါတီသည် နေပြည်တော် မှာပင် ရှုံးနိမ့်ခဲ့ ရသေးသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် -၂၀၀၈-ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းပါမည်ဟု ပြည်သူ့ လွှတ်တော်ညီလာခံ ခမ်းမမှာ လွှတ်တော်ကိုယ်စားလှယ်များက စုံညီစွာ တစ်ခဲနက် ကျမ်းသစ္စာ ဆိုခဲ့ ကြတော့သည် ။

၂၀၁၅-ခုနှစ်အတွက်မူ နိုင်ငံရေးပါတီများက မှတ်ပုံတင်ပြုလုပ် တင်နေကြပြီးဖြစ်သည် ။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စည်းရုံးရေးဆင်းနေ လှုပ်ရှားနေကြပြီဖြစ်သည် ။ လောလောဆယ်အားဖြင့် ကြံ့ဖွံ့ ပါတီ၏ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် ရခိုင်ပြည်နယ်တ၀န်းမှ မြို့ မိမြို့ ဖများကို ဖိတ်ကြားပြီး တွေ့ ဆုံရင်းနှီးပွဲကို စက်တင်ဘာ-၂၉-ရက်နေ့ ၌ ပြုလုပ်တော့မည်ဖြစ်သည် ။ ၄င်းကဲ့ သို့ေ ခါ် ယူ တွေ့ ဆုံခြင်းမှာ နိုင်ငံရေးစည်းရုံရေး တစ်ခုဖြစ်သည် ။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့ မှာ ပါတီတစ်ပါတီ ဖြစ်သွားပြီး ရခိုင် အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ကြတော့မည်ဖြစ်သည် ။ ထို့ ကြောင့် ရခိုင်နိုင်ငံရေးပါတီမှာ တစ်ခု တည်းသော ရခိုင်ပြည်နယ်၏ မဲပေးရမည့် ပါတီဖြစ်နေသည် ။ ကြံ့ဖွံ ပါတီသည် ရခိုင်ပြည်နယ်တွင် သူ့ နည်း သူဟန်ဖြင့် ပါတီရပ်တည်မှု ရှိနေသည် ။ အထူးသဖြင့် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးသာ ရှိကြောင်း လက်ခံထားသူဖြစ်ရာ ကြံ့ ဖွံ့ ပါတီသည် ရခိုင်ပြည်နယ် အတွက် လူလက်ခံနိုင်သော ပါတီကြီးဖြစ်နေသည် ။ မျိုးစောင့်ဥပဒေကိုလည်း လက်ခံထားသော ပါတီဖြစ်သောကြောင့် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီပြီးလျှင် ဒုတိယလူကြိုက်အများဆုံး ပါတီဖြစ်နေတော့သည် ။

အကယ်၍ ဦးသိန်းညွန့် သည်၎င်း- ဦးနေမျိုးဝေသည်၎င်း - ဦးကိုကိုကြီးသည်၎င်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်လာမည်ဆိုပါက မဲလုံးဝ အပြတ်အသတ် ရရှိနိုင်သော သူများ ဖြစ်မည်ဟု သေချာပေါက် ပြောဆိုနိုင်သည် ။ သို့ မဟုတ် ရန်ကုန်တိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ပါက ရခိုင် လူမျိုးများမှ မဲတစ်ပြားကို အသည်းကြားမှ လာရောက်ပေးကြမည်ဖြစ်ကြောင်း ကြားနေရသည် ။ ဤကား ချွင်းချက်အနေဖြင့် ရေးသားတင်ပြခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့ သည် ပြည်သူ့ အသံများကို နားထောင်ကြပြီး ပြည်သူ့ ဆန္ဒကို အကောင်အထည် ဖေါ်ဆောင်ပေးကြခြင်းကြောင့် ကြားကြရသော အသံများဖြစ်သည် ။

ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးနှင့် ပတ်သက်၍ တိကျသော ထုတ်ပြန်ချက်များ- မျိုးစောင့်ဥပဒေကာကွယ်ရေးနှင့် ပတ်သက်ပြီး တိကျသော လူထုအကြိုက် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခြင်း မရှိသောကြောင့် ရခိုင်လူမျိုးများက လက်မခံကြတော့ ။ နောက်တစ်ခါ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရှင်းလင်းရန်အတွက် တိုင်းနှင့်ပြည်နယ်များသို့  ကော်မီတီ များ စေလွှတ်မည်ဟု ပြုလုပ်လာမည်ကိုလည်း ရခိုင်လူမျိုးများက လက်သင့်မခံကြတော့ချေ ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရခိုင်ပြည်နယ်တွင် -၂၀၁၅-ခုနှစ်၌ မဲအနိုင်ရရှိမှု အလားအလာ နည်းပါးလွန်းလှသည် ။

ရှင်းရှင်းလင်းလင်း ပြောရလျှင် ရခိုင်လူမျိုးတို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အထင်ကြီးလေးစားမှု မရှိတော့ ။ ချစ်ခင်ကြည်ညိုမှု မရှိတော့ချေ ။ ဤသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အကြီးအကျယ် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်သည် ။ ၄င်းကဲ့ သို့ ဆုံးရှုံးမှုမျိုးကို အဖတ်ဆယ်ရန် ပြောဆိုစည်းရုံး ကြည့်ရာ ခါးခါးသီးသီး ဆန့် ကျင်ကြပြီး သူတို့ အနေဖြင့် ကြံ့ ဖွံ့  ပါတီကိုပင်လျှင် မဲပေးမည်ဟု ပြောဆိုကြသေးသည် ။

မဆလအစိုးရကို မုန်းတီးသောကြောင့် တစညပါတီကို မဲမပေးခဲ့ ကြသော ရခိုင်လူမျိုး -၂၀၁၀-ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးခဲ့ ကြသော ရခိုင်လူမျိုးတို့ မှာ-၂၀၁၅-ရွေးကောက်ပွဲ၌ စစ်အစိုးရ၏ ရုပ်သေးအစိုးရဆိုသော ကြံ့ဖွံ့ ပါတီကိုမှ မဲပေးကြတော့မည်ဟု ပြတ်သားစွာ ဆိုကြပါတော့သည် ။ ကျွန်တော်တို့ ကတော့ ပြည်ပမှနေပြီး ရခိုင်လူမျိုးတို့ အား အသည်းကြားမှ မဲတစ်ပြားကို မှန်ကန်စွာ ရွေးချယ် ပေးနိုင်ကြပါစေဟု ဆန္ဒပြုပေးရမည့် ကိန်းသာ ဖြစ်နေပါတော့သည် ။။။။

From: ခိုင်အောင်ကျော် ( နယူးယောက် )

သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ


အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
၅ နှစ်အတွင်း ….
ရခိုင်ပြည်နယ် အရေး ….
အေးချမ်း သွားစေရမယ်……


အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ကချင် ပြည်နယ်မှာ …..
သေနတ်သံ စဲသွားစေရမယ်…

အဟက်…. 

သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင်…..
၅ နှစ်အတွင်း ….
တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ….
လက်နက်စွန့် ပြီး ဖြစ်စေရမယ်………

 အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
လူထု ဆန္ဒပြပွဲ အားလုံးကို ….
ဘယ် အခြေအနေမှာ ဖြစ်ဖြစ်…..
အရေးမယူဘူး……

 အဟက် …..
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
အဓိကရုဏ်း အားလုံးကို….
သေနတ် ဖောက် မဖြိုခွဲဘူး…..

 အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ငါတို့  ပါတီဝင် အစိုးရ အဖွဲ့ သား ….
လုံးဝ လာဘ် မစား စေရဘူး….

 အဟက်…..
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ခရိုနီတွေ နဲ့  လုံးဝ အလုပ် မလုပ်တော့ဘူး…

 အေး ……
ပြောချင်တာက ….အဲဒါပဲ….
ဒီတိုင်းပြည်မှာ ဘယ်ကောင်မှ ….
ဟတ်ချလောင်းဆို ပြီး ကောင်းအောင် လုပ်လို့ မရဘူး….
အခု ကျုပ် ရေးပြ တာတွေက ….
ခင်ဗျားတို့ တစ်ချိန်လုံး …
လက်ညှိးထိုး ဆဲနေတာတွေ…..

အဲတော့ …မေးချင်တာက ….
ခင်ဗျားတို့ လက်ထက် ….
အားလုံး ပြောင်း သွားပါ့မယ် ….
ဖြစ်နိုင်မလား….?
ထွီ………ဘယ်ဖြစ်နိုင် ပါ့ မလဲ …..

အစိုးရ အဆက်ဆက် …
ပို ကောင်းသထက် ကောင်းလာအောင်ပဲ ….
အဆင့်ဆင့် လုပ်ကြရမှာ….

ဖြစ်နေတဲ့ လက်ရှိ အခြေအနေ……
လက်ရှိ အစိုးရ ဖြေရှင်းနေတဲ့  ပုံစံ …..
ကိုယ့် လက်ထက်ကျရင် ဘယ်လိုဆက်လုပ်မယ်….
ဘယ်လောက်ထိတော့ ကောင်းလာမယ်…
ဘာတွေတော့ ဖြစ်နိုင်အုန်းမှာ မဟုတ်ဘူး…..
ဒီလိုပဲ ဖြစ်သင့် ဖြစ်ထိုက်တာ…
လူထုကို ရှင်းပြရမှာ…

အခုက …..
ဟ…..စာချုပ်ချုပ်…ချုပ်ပြန်ပြီ….
ချကွာ ….ဒီအစိုးရ…..

တရားစွဲ …. စွဲပြန်ပြီ….
နှက် ကွာ….ဒီအစိုးရ….

လူစု ခွဲ…. ခွဲပြန်ပြီ….
ရိုက် ကွာ…. ဒီအစိုးရ….

ပြည်ပသွား ..သွားပြန်ပြီ ……
ဆဲ ကွာ ..ဒီအစိုးရ….

ခွီးပဲ ……
တစ်ချိန်မှာ…….
ကိုယ်ရောက်လာမယ့် နေရာကို ….
မြန်မြန် ရောက်ဖို့ ….
လက်ရှိ အစိုးရ ဘာလုပ်လုပ် …
သောက်ပြစ် ထိုင်ပြောပြီး ….
လူထုကို မြှောက်ပေးနေတဲ့ ကိစ္စက….
ကိုယ့် လည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေမှန်း …..
ကိုယ့် တိုင်းပြည် ကိုယ် မီးတင်ရှို့ နေမှန်း ….
သုံးတန်း ကလေးတောင် သိတယ်….
ခင်ဗျားတို့ က မသိဘူး ….

အေး ….ဒီအချိုးအတိုင်း ဆက်သွားရင်တော့……
ဒီ တိုင်းပြည်မှာ …
လူထုရဲ့  စည်းကမ်း လိုက်နာမှု….
ဥပဒေ ကို လေးစားမှု တွေကို ဖျက်ဆီး ပြစ်ခဲ့ တဲ့ ….
နံပါတ်တစ် တရားခံက …..
စစ်အာဏာရှင်တွေ ဆိုရင်…..
နံပါတ်နှစ် တရားခံက ….
ခင်ဗျား တို့ ပဲ ဆိုတာ……
မြဲမြဲ မှတ်ထားလိုက်ပါ …. ဒါပဲ….။

( စည်းကမ်း မရှိတော့တဲ့  ရဲမိုး )
From: Ye Moe

ပြည်သူကို အသုံးချ ခုတုံးလုပ်ကာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး မလုပ်သင့်



မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာခဲ့ သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော် များ ရဲ့သက်တမ်း ဟာ(၅)နှစ်သာဖြစ်တဲ့အတွက် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲကြီးတစ် ခုကျင်းပရမှာဖြစ် ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတလုပ်ဖို့ ထုတ်ဖော်ပြော ဆိုလာသူများရှိနေသလို မပြောဘဲနေသူများလည်းရှိနေပါတယ်။


လက်ရှိအနေအထားအရတော့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့နှစ်ဦးကတော့ ၂၀၁၅မှာသမ္မတလုပ်မယ်လို့ တရားဝင်ပြောဆိုထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅မှာ သမ္မတဖြစ်ဖို့ဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးရမှာဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြစ် တဲ့နည်းနဲ့ ပြင်ပေးဖို့ တောင်း ဆို နေသလို ပြင်မပေးဘူးဆိုရင်အခြေအနေတွေ ဆိုး ရွားသွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ် ထားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ပေးမယ်လို့ ကတိပြု ထားပါတယ်။အခြေခံဥပဒေပြင် ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ လေ့လာ သုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ လွှတ်တော်အထဲမှာ ပြင်ဆင်ဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ လွှတ်တော်ပြင်ပ မှာလည်း ပြင်ဆင်လိုသူ၊ အသစ်ပြန်လည်ရေးဆွဲလိုသူတွေ ပေါ်ပေါက် လာပါတယ်။

ဒီအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည် လည်းပါဝင်ပါတယ်။သူမ အနေနဲ့ လွှတ်တော်အ တွင်းက ပြင် ဆင်နေတာကို မစောင့်နိုင်ဘဲ အခြေခံဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည် ရေးဆွဲရေးတွေလုပ်ဆောင်နေပါတယ်။နောက်ဆုံးအခြေအနေမှာတော့ NLD ပါတီအနေနဲ့ အခြေခံဥပဒေကိုပြင်ဖို့ဒါမှ မဟုတ် အသစ်ပြန် လည်ရေး ဆွဲဖို့ ပြည်သူလူထုရဲ့သဘောထား ရယူမယ်ဆိုပြီး လုပ်ဆောင်နေ ပါတယ်။ဝါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ ဥပဒေပညာရှင်အချို့ကတော့ ပြည် သူ လူထုကိုခုတုံးမလုပ်သင့်ဘူးလို့ပြောပါတယ်။“ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော် တို့ကအခြေခံဥပဒေအသစ်တစ်ခုရေးမယ် ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာအားသာချက်၊ အားနည်းချက်ဆိုပြီးပြည်သူကို ဆွဲခေါ် တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက်အမြင် မှာတော့ ပြည်သူကို ဆွဲခေါ်တာမျိုးမလုပ် သင့်ဘူး။

ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော် လည်း နားမလည်ဘူး“ဒါကတော့အမေရိကန်နိုင်ငံသားခံယူထား တဲ့ ဒေါက်တာဆလိုင်း ငွန်ကျုံးလန်ရဲ့အမြင်သဘောထားဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်ဥပဒေကို အစအလယ်အဆုံး မသုံးခင် မှာကို ပြင်ဆင်ချင်တယ်၊ အသစ်ရေးဆွဲချင်တယ်ဆိုတဲ့သဘောထား ဟာ တိုင်းပြည်နဲ့လူမျိုး ရဲ့ ကောင်းကျိုးကိုရှေးရှုတာလား၊ မိမိတို့ရဲ့ ကိုယ်ကျိုးကိုရှေ့တန်းတင်တာ လားဆိုတာ ကာယကံ ရှင်တွေ အသိဆုံးဖြစ်ပါတယ်။

NLDပါတီအနေနဲ့ တင်းပြည့် ကျပ်ပြည့်အာဏာရပါတီ မဖြစ်သေး တာတောင်မှ ဖွဲ့စည်း ပုံ ပြင်ဆင် ရေး၊အသစ်ရေးဆွဲရေးကို လွှတ်တော်က ပေါ် ထွက်လာမယ့်အဖြေကို မစောင့်ဘဲလုပ်ဆောင် ရန် ပြင်ဆင် နေခြင်းမှာ သဘာဝမကျလှပါ။ ယခု NLD က လုပ်ဆောင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးအ တွက် ပြည်သူ့ သဘောထား ရယူမယ်ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည် အားကိုး နဲ့ ပြောဆို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရနှင့် လွှတ်တော်အား ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဗိုလ်ချုပ် အောင်ဆန်း မျက်နှာကြောင့်NLD ကိုယ်စားလှယ်များ အားမဲထည့်လိုက်ခြင်းဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ဒီလိုနေထိုင်ပုံနဲ့ ဗိုလ်ချုပ် သမီး မဟုတ်ဘဲ ရိုးရိုးသာမန် လူတစ်ယောက် ရဲ့သမီးဖြစ်နေရင် ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်ပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲနဲ့လွှတ်တော်တက်ခဲ့တဲ့ NLDကိုယ်စားလှယ် အများစုမှာ ဒေသအကျိုး အတွက်လုပ်ဆောင်တာမျိုး မရှိခဲ့ပါ။ မဲထည့်ပေးလိုက်သော ဒေသခံများမှာ မိမိတို့လူရွေးမှား သွားပြီဆိုသောစ ကားသံမှအပ ဘာမှလုပ်၍ မရ တော့ပါ။ တကယ်နစ်နာလိုက်ရတာ က ဒေသခံပြည် သူ အများစု ဖြစ်ပါတယ်။ ပြည်သူလူထု၏ ယုံကြည်ကိုးစားခြင်း အပေါ် NLD က အသုံးချကာ လွှတ်တော်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။

ယခုဖွဲ့စည်းပုံပြင်ဆင်ရေးပြည်သူသဘောထားရယူမည့်ကိစ္စမှာတော့ ပြည်သူလူထုတစ်ရပ်လုံးကတခဲနက် ထောက်ခံမှုရတော့မှာမဟုတ်သလို ပြည်သူလူထုအတွင်း သဘောထားအမြင်ကွဲလွဲမှုများသာ တိုးပွားလာမှာဖြစ်ပါ တယ်။ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ရှုပ်ထွေးလာမှာဖြစ်သလို့ သက်တမ်းနုနယ်သေးတဲ့ ဒီမိုကရေစီစနစ်တစ်ခု အတွက်လည်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်တစ်ခုကို လက်ယပ်ခေါ် သလိုဖြစ်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်နိုင်ခြေနည်းတဲ့ အနေအထားကို သိလို့ များ ပွဲဆူအောင်လုပ်ဖို့ပြင်ဆင်နေတာလား။

ဒါမှမဟုတ်ငါသမ္မတမဖြစ်သရွေ့တိုင်းပြည်ဘယ်လိုဖြစ်ဖြစ်ဆိုပြီးတော့များလုပ်နေတာလား…ဆိုတဲ့ မေးခွန်း တွေ မေးစရာ ဖြစ်လာနေပါပြီ။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်သူလူထုရဲ့သဘောထားရယူရာမှာ ဘယ်လိုနည်း လမ်းကိုသုံးမှာလဲ။ ရွေးကောက်ပွဲအကြိုစည်းရုံးစဉ်ကလုပ်ရပ်မျိုးအသံချဲ့စက်နဲ့ပြောလိုက်မယ်။ပြည်သူတွေကလက်ခုပ်တီးလိုက်မယ်။ဒါကိုထောက်ခံတယ်လို့သတ်မှတ်မှာလား။

ဒါကိုထောက်ခံတယ်လို့သတ်မှတ်ရင် ဒီဟောပြောပွဲကိုမ တက်ရောက်နိုင် တဲ့ပြည်သူတွေရဲ့သဘောထားကို ဘယ်လို သတ်မှတ်မလဲ။ ဒါမှမဟုတ် မဲရုံကြီးတွေဆောက် ပြီး ထောက်ခံမဲ၊ကန့်ကွက်မဲထည့်ခိုင်းမှာ လား။ဒါဆို သဘာဝကျပါတယ်။ဒါပေမယ့် ဒီအတွက်ကုန်ကျစရိတ်၊ လူအင်အား၊ တရားဥပေဒ စိုးမိုးမှုအတွက် ဘယ်သူ ကတာဝန်ယူမလဲ။ ဒါမှမဟုတ် အင်တာနက် ကနေ ထောက်ခံမဲ တောင်းမှာလား၊ ဒီလိုဆိုရင် လဲ မြန်မာနိုင်ငံလူဦးရေမှာ အင်တာနက်သုံးစွဲသူကနည်း လှတဲ့အတွက် ပြည်သူ တစ် ရပ်လုံးရဲ့ ဆန္ဒ အမှန်ဖြစ်ဖို့ခဲယဉ်းပါတယ်။

                                                                                                                                     
ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ရယင် NLD ပါတီအနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေး ပြည်သူသဘောထား တောင်းခံမယ့်လုပ်ရပ်ဟာ ရလာဘ်ကောင်း တစ်ခုထွက်မလာနိုင်သလို လက်ရှိသွားနေတဲ့ ဒီမိုကရေစီစနစ်ကိုပံ့ပိုးရာမရောက်ဘဲ နောက်ပြန်လှည့်ခိုင်း သလိုဖြစ်နေပါတယ်။ ပြည်သူကိုအသုံးချခုတုံးလုပ်ကာဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကိုမလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီဝင်တွေသိစေချင်ပါတယ်။                                                       
                                                                                                                                     

အေးမြင့်(လှိုင်သာယာ)
မြန်မာပြည်သား

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ



ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ်တွင် အဓိကတရားခံကို ဖော်ထုတ် ရရှိ ထားကြောင်း သက်ဆိုင်ရာမှ သိရသည်။


အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံး တည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုး သားဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖပန (နိုင်) ၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင် (ဘ) ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တ လော စုံစမ်းချက်များအရသိရသည်။

" သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင်ကျန်နေခဲ့တယ်။ " ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ ရှိသည့် ဖောက်ခွဲ ရေး ပစ္စည်းများနှင့်လည်း ဆက်ဆပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွာ ၉ တစ်ထပ်လုံး ပြောင်းရွေ့ ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက် ထားကြောင်း ဟိုတယ်လုံခြုံရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ အမေရိကန်ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ PP 488927770 နှင့် PP 488932812 ဖြစ်ကာ ယနေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင် တည်းခိုခြင်းဖြစ်ကြောင်း ဟိုတယ်စာရင်းများအရ သိရသည်။

people power

၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ မွန်နှစ်ပါတီ ပေါင်းစည်းခြင်း မရှိပါက မွန်လူထု၏ ဆန္ဒအတိုင်း ပါတီတစ်ခု တည်ထောင်ရန် မွန်တိုင်းရင်းသားများ သဘောတူ



၂၀၁၃ ခုနှစ် ဒီဇင်ဘာထိ မွန်နှစ်ပါတီ ပေါင်းစည်း ခြင်း မရှိပါက မွန်သံဃာ၊ လူထု၏ ဆန္ဒအတိုင်း အလယ်ပါတီ တည်ထောင်ရန် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက မော်လမြိုင် သာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော မွန်၊ ကရင် ပြည်နယ်တို့မှ မွန်သံဃာ၊ လူငယ်၊ အမျိုးသမီး၊ စာပေယဉ်ကျေးမှု၊အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ် အစည်းအဝေးမှ ဆွေးနွေးသဘော တူခဲ့သည်။


''ဒီနေ့ အစည်းအဝေးက မွန်နှစ်ပါတီ ညှိနှိုင်းရေး အဖွဲ့က ဖိတ်တာပါ။ မွန်နှစ်ပါတီပေါင်းစည်းရေးနဲ့ပတ်သက် ပြီး အဖွဲ့အစည်း အားလုံးရဲ့ဆန္ဒ အစစ်အမှန်ကိုသိဖို့၊ သူတို့ ဆန္ဒနဲ့ ဦးဇင်းတို့ဆန္ဒ ကိုက်ညီမှု ရှိ၊ မရှိ သိဖို့ပါ ပဲ။ ပါတီနှစ်ပါတီကို မဖိတ်သေးပါဘူး။ မြို့နယ်တိုင်းက အရပ်ဘက် လူ့အဖွဲ့အစည်း ရှိသမျှ ဖိတ်တာပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ပေါင်းဖို့၊ မပေါင်းရင်အလယ်အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ကိုအခုတက်ရောက် လာတဲ့ အဖွဲ့အစည်း အားလုံးကို တင်ပြတယ်။ တင်ပြပြီး သူတို့ဆန္ဒကို တင်ပြတဲ့အခါ ဦးဇင်းတို့ဆန္ဒနဲ့ တစ် ထပ်တည်း ဖြစ်နေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ မွန်ကွန်ဖရင့်မှာ တက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို သိချင်လို့ ကင်မ်ပိန်းလုပ်ပါတယ်။ ဆန္ဒပြုစာရွက် ၃၄၅ ရွက်ကို ဖြန့်ဝေတယ်။ ပြန်တက်လာတာ အရွက် ၂၈၀ ထဲမှာ ကန့်ကွက်သူ ခုနစ်ရွက်ပဲပါတယ်။ အဲဒီစာရွက်တွေ သိမ်းထားပါတယ်။ တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအစစ်အမှန် ဘယ်လိုရှိသလဲ ဆိုတာ သိဖို့ပဲ ကင်မ်ပိန်းလုပ်တာပါ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ မွန်နှစ်ပါတီ မပေါင်းစည်းဘူး ဆိုရင် မွန်သံဃာ၊ အဖွဲ့အစည်း၊ ပညာရှင် အလယ် ပါတီတစ်ခု တည်ထောင်ဖို့ သဘောတူထားပါတယ်။ ပြည်သူ့ဆန္ဒတွေ ထပ်ရအောင် လာမယ့် ဒီဇင်ဘာမှာ ကင်မ်ပိန်းထပ် လုပ်ဖို့ရှိပါတယ်။ အရင်နှစ်ပါတီ ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်က သဘောတူထားတဲ့ အချက် လေးချက်မှာ အလယ်နာမည် တစ်ခုနဲ့ ပေါင်းရမယ်ဆိုတာ သဘောတူထားတာ ရှိပါတယ်။ သူတို့သဘောတူ ထားတဲ့အတိုင်း အကောင်အထည် မဖော်ပေးရင် ပြည်သူလူထုကပဲ အကောင်အထည် ဖော်ရမှာပါ'' ဟု မွန် နှစ်ပါတီ ပေါင်းစည်းရေးမှ ပြောရေးဆိုခွင့်ရှိသူ ရှင်ပုဖ္ပဟံသာက ဆွေးနွေးပွဲအပြီး ပြောကြားသည်။

မုဒုံမြို့နယ် အမျိုးသမီး အဖွဲ့ဝင် မိလရီထောက ''မွန်ပါတီနှစ်ဖွဲ့ ပူးပေါင်းဖို့ သံဃာအဖွဲ့ လုပ်ဆောင်နေ တာကို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ဘယ်လိုပါဝင် ပူးပေါင်းဆောင်ရွက် ရမလဲဆိုတာ တင်ပြဆွေး နွေး တာပါ'' ဟု ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ သံဃာအပါး ၂၀ ခန့်၊ အရပ်ဘက် အဖွဲ့အစည်း ၈၀ ခန့် တက်ရောက်ကြပြီး အောက်တို ဘာ ၁၃ ဆွေးနွေး သဘောတူ ဆုံးဖြတ်ချက်ကို မွန်နှစ်ပါတီ ဖြစ်သော AMDP နှင့် MDP တို့ကို အောက်တို ဘာ ၂၂ ရက်တွင် တင်ပြရန် ရှိသည်ဟု သိရသည်။

 မော်လမြိုင်မြို့ ၌ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးကို တွေ့ရစဉ် 

Eleven Media Group

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်းစစ်ဆေးပေါ်ပေါက် ဟူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။


ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေး မြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သံသယရှိသူများအား စစ်ဆေးချက်များအရ လင်းသီကျေးရွာမှ နှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ လေးဦး၊ သပြုခြံကျေးရွာမှ ငါးဦးအသတ် ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ နှစ် ဦးနှင့် မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသူများကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး နောက် ကွယ်မှ လှုံ့ဆော်ဖန်တီး သူများကိုပါ ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် သူများအား ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခများအတွင်း လူခုနစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ဆီဂိုဒေါင် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးကာအိမ်ထောင် စု ၁၁၂ စု၊ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့ သည်။

Eleven Media Group

ဗုံးပေါက်ကွဲမှုနှင့် ဗုံးများ ဆက်လက် တွေ့ရှိသည့် ဖြစ်စဉ်များအပေါ်ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယအကြိမ် သတင်းထုတ်ပြန်

ဗုံးပေါက်ကွဲမှုနှင့် ဗုံးများတွေ့ရှိသည့် ဖြစ်စဉ်များအပေါ် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို အောက်တိုဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည်။


သတင်းထုတ်ပြန်ချက်တွင် ဗျောက်အိုး ဖောက်ခြင်း၊ မီးရှူးမီးပန်း ပစ်ခြင်းတို့ မပြုလုပ်ရန်ဖြစ်ပြီး တိုင်းဒေသ Bကီး ရဲတပ်ဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းထုတ်ပြန်ချက်မှာ ''လုပ်သားပြည်သူများသို့ အသိပေး နှိုးဆော်ခြင်း'' ဟူ၍ဖြစ်သည်။

ထုတ်ပြန်ချက်အတွင်း လုပ်သားပြည်သူများ အနေဖြင့် သီတင်းကျွတ်ကာလ နီးလာ၍ ဗျောက်အိုးဖောက် ခြင်း၊ မီးရှူးမီးပန်း ပစ်ခြင်းများ ပြုလုပ်လျက် ရှိနေကြောင်း၊ လတ်တလော ရန်ကုန်တိုင်း ဒေသကြီး နယ်မြေ အတွင်း လက်လုပ် ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများ တွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှား ဖြစ်နိုင်သဖြင့် လုံခြုံရေးကို ရှေးရှုကာ ဗျောက်အိုး ဖောက်ခြင်းများ မပြု လုပ်ရန်နှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်သား ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယ ရဲမှူးကြီး မြင့်အေးက ''ဒီလိုသတ်မှတ် လိုက်တာက လုံခြုံရေး သတိအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ အနေနဲ့ ပါဝင်ကူညီဖို့ တိုက်တွန်းပါတယ်'' ဟု ပြောကြားသည်။

Eleven Media Group

မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ



မန္တလေး တိုင်းဒေသ ကြီး အတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေပြီး ရဲတပ်ဖွဲ့က အလို ရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် တစ်ဦး ဟု ယူဆရသော ဦးဇော်ဝင်းနိုင် ကို အောက်တိုဘာ လ ၁၀ နေ့ က မဟာအောင်မြေ မြို့နယ် ရှိ ရွှေဖြူ ဟိုတယ် တွင် တည်းခိုနေစဉ် ဖမ်းဆီး ရမိ ခဲ့ကြောင်း မန္တလေး တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ မှူး ရုံး တာဝန် ရှိသူ တစ်ဦး က The Voice သို့ ပြောကြား သည်။


“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မှုခင်းအကူတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေသော ဦးဇော်ဝင်းနိုင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၅ ပြား အပါအဝင် မူးယစ်ဆေးဝါး ရောင်းရငွေ သိန်း ၁၂၀ ကျပ်ကို ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ်ရှိ နေအိမ်ကို ထပ်မံရှာဖွေရာ ကျပ်သိန်း ၂၅၀၀ ကို တွေ့ရှိခဲ့ကြောင်း အမှုစစ် ရဲအရာရှိက ဆိုသည်။

ဦးဇော်ဝင်းနိုင်ကို စစ်ဆေး သိရှိရ သည်များမှ တစ်ဆင့် ချမ်းမြသာစည် မြို့နယ်တွင် နေထိုင် သူ နှ စ် ဦး၏ အိမ် ကို ဆက်လက် ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသောင်းကျော် ကို တွေ့ ရှိခဲ့ပြီး ကားများ၊ ဆိုင်ကယ်များ၊ ဟန်းဖုန်း များ၊ ရွှေဗြုံး များ၊ အနီရောင်၊ ခရမ်းရောင် ကျောက်တုံး ၈၉ တုံး၊ ရွှေဖြူ အရိုင်းတုံး တစ်တုံး၊ အပြာရောင် ကျောက်ရိုင်း တုံး တစ်တုံး၊ ဆွဲကြိုးများ၊ စိတ်ကြွေ ဆးပြား များ၊ သုံးစွဲရာ တွင် အသုံးပြု သည့် ဆက်စပ် ပစ္စည်းများ ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း ရဲတ ပ် ဖွဲ့ မှူးရုံး မှတ်တမ်းများ အရ သိရသည်။

ဦးဇော်ဝင်းနိုင် ၏ ထွက်ဆို ချက် အရ အေးရိပ်ငြိမ် သုသာန် ( ယခင် နာမည်ဟောင်း ကြာနီကန် သုဿာန် ) တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၌ သုဿာန် ၏ အနောက်မြောက်ထောင့် ရှိ ဆေးရုံ သုံး ပစ္စည်း များ စွန့်ပစ် သည့် အမှိုက် ပုံးတွင်း ပလပ် စတစ် ထုပ် ထဲရှိ မူးယစ်ေ ဆးဝါး များ ကို လွှင့်ပစ်ခဲ့ သူ ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ သုသာန် အတွင်း ပစ်ခဲ့ သည့် အဆိုပါ အထုပ် ထဲ တွင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုး ရှိ ဆူဒို အက်ဖီဒရင်း အပြားေ ပါင်း လေး သိန်းကျော် ( ၄၂၂,၀၀၀ ပြား ) ကို စစ်ဆေးတွေ့ ရှိ ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။

ဗုံးပေါက်ကွဲမူဖြစ်စဉ်များရခိုင့်တပ်မတော်ALP နှင့်မသက်ဆိုင်ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြော

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအား လွတ်ပေးခြင်း မရှိသော ကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင် များက ရာဇသံပေးထားသည့်အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့်  ပြန်ဗုံးခွဲမှုများ ဆက်တိုက်ပြုလုပ်ရခြင်း ဖြစ်ကြောင်း အင်တာနက်စာမျက်နှာများတွင်ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူမရှိကြောင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ၁၄ရက်နေ့ ရခိုင်ဓမာရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။


"ဒီကိစ္စတွေလုံးဝမှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့  အစည်းတစ်ခုဖြစ်တယ်။ ဒီလိုသတင်းမျိုးတွေဟာရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့ လုံဆော်မူသက်သက် ဖြစ်တယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလဲရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီးသတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝ မဟုတ်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ်ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင် လူမျိုးများနှင့်ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော် သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ(ရိုးရာလေး)