Thursday, October 10, 2013

ပြင် ၊ သစ် ပြဿနာနဲ့ လူထုကို ဦးဆောင်မလား၊ အသုံးချမလား



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင် မည်လော၊ အသစ်ရေးဆွဲမည်လောဆိုသော “ပြင်-သစ် ပြ ဿနာ” သည် လတ်တလော ရေပန်းအစား ဆုံး နိုင်ငံရေး ခေါင်းစဉ်တစ်ခု ဖြစ်နေပါသည်။ ပြီးခဲ့ သည့် ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ရန် ကြံခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ ကြသည့်အတွက် ပါတီစုံမှ လွှတ်ေ တ်ာကိုယ်စား လှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေ လေ့ လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ ထိုကော်မတီက ဖွဲ့စည်းပုံအခြေခံ ကို လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ဒီဇင်ဘာလကုန်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြမည် ဟုသိရပါသည်။


ထိုသို့ အာဏာရ ကြံ့ခိုင်ရေးပါတီအ၀င် နိုင်ငံရေးပါတီအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြ င်ဆင်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ထိုအချိန်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တို င်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရမည်ဟု လေသံပစ် လာသည်ကို တွေ့ရပါသည်။ သို့သော်လည်း လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ အားလုံးနီးပါးနှင့် ကေအင်ယူ အဖွဲ့မှ တာဝန်ရှိသူများကမူ ဖွဲစည်းပုံအသစ်ရေးဆွဲခြင်း ထက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟု မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားခဲ့ ကြကြောင်း တွေ့ရှိရပါသည်။ 

အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဟု ဆိုနိုင်သော NLD ပါတီကမူ ထူးထူး ဆန်းဆန်း ပင် အေ ခြခံ ဥပဒေသစ်ရေးဆွဲရေး (သို့မဟုတ်) ပြင်ဆင်ရေးကို ပြည်သူလူထု၏ဆန္ဒသဘောထား ရယူ လုပ်ဆောင် သွားမည်ဟု ဆိုပါသည်။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံ ရာတွင် ပြည်သူလူ ထုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကောင်းကောင်း နားမလည် သည့်အတွက် ပြည်သူလူ ထုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ကာ ပြည်သူ့ အသံ ရယူပြီး လွှတ်တော်၏ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို တင်ပြသွားမည်ဟု ဆိုပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်နှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းက အောက်ပါ အတို င်းရေးသားခဲ့ပါသည်-

`ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကို ဖတ်ရ သောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီး သော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ” “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့် သဘောလား။ ဤ သို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည် သလောက် ဆိုရလျှင် NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရ မဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒ ခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နို င်ပါ၏လော ...”။ “လူထုဆန္ဒ အမှန်ကို ရရှိလျှင် ပင် ထား၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါ ခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင် တာဝန်ကော ရှိပါ၏ လော...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေး ချွ တ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေးအတွက် ကျားကုတ် ကျားခဲ ရုန်း ကန်နေကြ ရသော အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည် ထင်ပါသည်။´´ (The Voice Journal)

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ သဘောထား ခံယူ မည်ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ၄င်း၏သဘောထားကို အောက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း တွေ့ရှိရ ပါသည်-

`ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရေ တာ့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော် တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူ တစ်ရပ်လုံး ကလည်း အခြေခံဥပဒေကိုဖျက်ပြီး အသ စ်ဆွဲပါလို့အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက် နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့က မသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့ တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင် ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ်အစုအဝေးတွေ အားလုံးက တစ် ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမ ယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင် မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အ များကြီး ရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှ န်းဆလို့ တော့ မရဘူး´ (The Voice Weekly)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း မကြာခဏထုတ်ဖော်ပြောကြားခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှသာ ၂၀၁၅ ရွေးကောက်ပွဲသည် အဓိပ္ပါယ်ရှိမည်ဖြစ်သည်ဟုလည်း မကြာခဏပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည် သ ည် မြန်မာနိုင်ငံ၏အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံး၏ ချစ်ခင်မှုရရှိထားသလို မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူအခွင့်အရေး သူရဲကောင်း တစ်ဦးအ ဖြစ်လည်း ကမ္ဘာက အသိအမှတ်ပြုခံရသူဖြစ် ပါသည်။ သို့သော် လည်း ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂ လန်နိုင်ငံသားတစ်ဦးနှင့် လက်ထပ် ထားပြီး အင်္ဂလန် နိုင်ငံသားဖြစ်သူ သား ၂ ဦး ရှိသဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သတ်မှတ် ထားသော ဒုတိယသမ္မတ၊ နိုင်ငံတော် သမ္မတအရည် အချင်း များနှင့်ကိုက်ညီချင်း မရှိပါ။ 

ပြည်သူအများစုအနေဖြင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ် အောင်ဆန်း စု ကြည်အား နိုင်ငံတော်သမ္မတအဖြစ်မြင်လိုကြမည်ဖြစ်သော်လည်း နိုင်ငံခြားသား/သူကို လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်မဟုတ်သည့် အခြားသူတစ်ဦးတစ်ယောက်သည်လည်း နိုင်ငံတော်သမ္မတ ဖြစ်ခွင့် ရမည်ကိုမူ ကြိုက်နှစ်သက်ကြမည် မဟုတ်ဟု ယူဆရပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အ နေဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး အဟန့်အတား ဖြစ်နေ သော ပုဒ်မ၅၉(စ)ပြင်ဆင်ရေး ဟုဆို ပါက ပြည်သူလူထုက လက်မခံမည်ကို စိုးရိမ်သဖြင့် လည်းကောင်း၊ အခြေခံဥပဒေအသစ်ရေးဆွဲမည် ဆိုပါ က သမ္မတအရည်အချင်းသတ်မှတ်ချက်များ ကို စိတ်ကြိုက်ရေးဆွဲ နိုင်မည်ဟု ယူဆသဖြင့်လည်းကောင်း၊ လူထုအား နားလှည့်သောအားဖြင့် အခြေခံ ဥပဒေအသစ် ရေးဆွဲရေးနှင့် ပြင်ဆင်ရေးကြိုက်ရာရွေးကြပါ ဆို သည့် သဘောများလောဟု စဉ်းစား သုံးသပ်မိပါသည်။ 

ယခုအောက်တိုဘာလ ဖြစ်ပြီး ဒီဇင်ဘာအထိ တွက်လျှင် ကြားကာလမှာ (၃)လသာ ရှိပါသည်။ ဤအချိန် ကာလတွင် အခြေခံဥပဒေတစ်ခုလုံးသဘောကို နားလည်ကြမည်ဟု မှန်းဆထားလျှင် မှား သည် ဟုသာ ဆိုချင်ပါသည်။ တစ်ဖန် အခြေခံဥပဒေစာအုပ် ထောင်ဏန်းသာ ရိုက်နှိပ်၍ ပြည်သူများ အကြား မပြန့်နှံ့ ဟူသော အချက်မှာလည်း မှားပါသည်။ ပြည်သူများမှာ အခြေခံဥပဒေစာအုပ် ဖတ်ရှုရန် စိတ်မဝင်စားပါ။ စားဝတ်နေရေးသာ စိတ်ဝင်စားပါသည်။ ဖတ်ခွင့် ရရှိခဲ့ပါလျှင်လည်း လွှတ်တော်အမတ်များကိုယ်တိုင် ဖတ် ရှု၍ နားမလည်နိုင်သော အခြေခံဥပဒေကို ပြည်သူများက အလွယ်တကူ နားလည် နိုင်ရန် ခက်ခဲပါသည်။ ထို့အပြင် ယင်းပြဌာန်းချက်များကို မည်သို့ပြင်သင့် သည် ဟူ၍ ဦးကိုနီလက်ချာ ပါ ဟောကြားချက်များကို အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျာမဏီ စသည့် နိုင်ငံများ၏ အခြေခံ ဥပဒေများနှင့် နှိုင်းယှဉ် စဉ်းစားကြည့်နိုင်မည့် ဆင်ခြင်တုံ တရား ရှိမည် ဟု မှတ်ယူထားပုံ ရပါသည်။ လူထုကို ချပြ၊ ဘာမှန်းညာမှန်း မသိ ဘဲ လူထုက ထောက်ခံ၊ ဤသည်ပင် လူထုအသံ ဟူ၍ ရော ကြိတ်မည့် အစီအစဉ် ဟု မဆိုလိုချင်ပါ။ 

နိုင်ငံရေးပါတီများ ဟူသည် ပြည်သူလူထုကို ဦးဆောင်လမ်းပြရမည် နိုင်ငံရေးသုခမိန်များသာ ဖြစ်ကြ ပါသ ည်။ ပြင်သစ်ပြဿနာသည် နိုင်ငံရေးသမားတို့၏ ပြဿနာသာ ဖြစ်ပြီး ပြည်သူများက တိုက်ရိုက်စီရင်ရမည့် ကိစ္စမဟုတ် ဟု ရှုမြင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ ပြည်သူအများစုမှာ စားဝတ်နေရေး နှင့် လုံးပမ်းနေရပြီး နို င်ငံရေးသဘောတရား၊ အတွေးအခေါ်များနှင့် ကင်းကွာကာ (ဆရာကျော်ဝင်း စကားအရ) နိုင်ငံရေး သားေ ကြာဖြတ်ခံထားရသူများသာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ ထဲထဲဝင်ဝင် လေ့လာပြီး ဦးနှောက်မုန်တိုင်းဆင်ကာ အဖြေရှာခြင်းသည် နည်းလမ်းမှန် ဟုတ်ပါသလား မေးလိုပါသည်။ ပြည်သူများ မဆိုထားနှင့် လွှတ်တော်အမတ်များ၊ အစိုးရမင်းများ အချင်း ချင်းအကြားတွင်ပင် အခြေခံဥပဒေဆိုင်ရာ အ ငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး အခြေခံဥပဒေကို လိုက်နာပါ မည် ဟု သစ္စာဆိုထားကြပါလျက် အခြေခံ ဥပဒေ ကို ချိုးဖောက်ရာရောက်နေသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ကြပါသည်။ ဤဆောင်ရွက်မှုတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ပါတီအမတ်များလည်း ပါဝင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်လျှင် အခြေခံဥပဒေ မပြင်ဆင်နိုင်သဖြင့် ဒုတိယ သမ္မတ သာ လု ပ်ရမည် ဆိုလျှင် တရားမည် မဟုတ် ဟု လူသိထင်ရှား ထုတ်ဖော်ပြောကြားထားသူ ဖြစ်ပါသည်။ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်နှင့် ဦးစိုးမောင်တို့ နှစ်လုံး တည်း နှင့် ကပ်ရှုပ်နေကြသည်မှာ အေ ခြခံ ဥပဒေကို ဖွင့်ဆိုကြရာ၌ စကားလုံးကို ခက်ဆစ်ဖွင့်သည့်နှယ် ငြင်းခုန်နေကြခြင်း ဖြစ်ပါသည်။ အခြေခံ ဥပဒေကို ဖွင့်ဆိုရာ၌ မြန်မာဘာသာစကား ခက်ဆစ်ပြန်ဆို သလို ဖွင့်ဆို၍ မရပါ။ ဥပဒေအရ မည်ကဲ့သို့ ဖွ င့်ဆိုရမည် အတိအလင်း ရှိထားပြီး ဖြစ်ပါသည်။ 

ဦးဝင်းမြင့်ကိုယ်တိုင်သည် စိုးမိုး-တည်ငြိမ်ကော်မတီ အတွင်းရေးမှူးဟု သိရှိရပါသည်။ မကြာ သေးခင် ကပ င် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဦးဝင်းမျိုးသူ၏ တွေ့ရှိချက် ကို RFA တွင် ထုတ်လွှင့်သွားခဲ့ပါသည်။ ဒီမိုကရေစီပါတီများအနေဖြင့် ဥပဒေကြမ်း ပြုစု တင်ပြရေးတွင် အ ဆပေါင်းများစွာ ကြိုးပမ်းအားထုတ်ရန် လိုအပ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အဆိုများတင်သွ င်းရာတွင်လည်း ပြောကြားသည့်အကြောင်း အရာပေါ် မူတည်၍ အဆို အောင်နိုင်မှုများကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပြောကြားခဲ့ပါသည်။ ဤသည်မှာ လေ့လာသူများ၏ လွှတ်တော်အမတ်များအပေါ် သုတေသနေ တွ့ရှိချက် ဖြစ်ပါသည်။

တင်ပြလိုသည့် အချက်မှာ မြန်မာပြည်သူများအနေဖြင့် ဤမျှအချိန်တိုတိုအတွင်း အခြေခံဥပဒေ ဟု ခေါ်တွ င်သော အစိမ်းရောင်ဘုတ်အုပ်ကြီးတစ်ခုလုံးကို ထုံးလိုချေရေလိုနှောက် ကျွမ်းကျင်သိမြင်ကာ ဒါတော့ ပြင် သင့်သည်၊ ဒါတော့ မပြင်သင့် ဟူ၍ ဆုံးဖြတ်နိုင်စွမ်း ရှိလာမည် ဟု မျှော်မှန်းထားကြပုံ ပေါ် ပါသည်။ NLD ပါတီတစ်ခုလုံးသည်ပင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဦးသိန်းညွန့် ကို အားထားခဲ့ကြရပြီး ယခ င်က ထုတ်ပြန်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေးမူမှာ ဦးသိန်းညွန့် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဦးသိန်းညွန့်မှာ ပါတီ သစ်ထူထောင်သွားပြီ ဖြစ်၍ ၄င်း ရေးဆွဲထားသော ပြင်ဆင်ရေးမူများကို သုံး၍ မရတော့ပါ။ ထိုအခါ ပါတီခေါင်းဆောင် မဟုတ်သော ပြင်ပ ရှေ့နေ ဦးကိုနီကို ခေါ်ယူကာ ပြင်ဆင်ရေး မူဝါဒ ချမှတ်ခဲ့ရဖွယ် ရှိသည် ဟု မှန်းဆမိပါသည်။ လက်ရှိ NLD ခေါင်းဆောင်များတွင် ဦးကိုနီလောက် အခြေခံဥပဒေကို နှံ့စပ်သိမြင်ကျွမ်းကျင်သူ မရှိသည့် အနေအထား ကို ဖော်ပြနေ ပါသည်။ 

လွှတ်တော်တွင် အခြေခံဥပဒေကိုင်၍ လုပ်ကိုင်ဆောင်ရွက်နေကြသူများ ကိုယ်တိုင် ပြင်ပ ပညာရှင် များထံ မှီဝဲဆည်းကပ်ရသည့် အနေအထားတွင် မြန်မာပြည်သူများမှာ အဆိုပါ ရှင်းလင်းချက်များကို နားထောင်ပြီး ဥပဒေပညာရှင်များ၊ အခြေခံဥပဒေကျွမ်းကျင်သူများ ဖြစ်လာဖွယ်ရာရှိသည်ဟု မျှော်လင့် ထားခြင်းကို အံ့ သြမိပါသည်။ ဤသည်မှာ တရားမျှတပါရဲ့လား ဟူ၍ မေးလိုပါသည်။ ပြည်သူများက ဒါက ဒီမိုကရေ စီန ည်းလမ်းကျတယ်၊ ဒါကတော့ ဒီမိုကရေစီ နည်းလမ်းမကျဟု ပြန် လည် ထောက်ပြ နိုင်ကြမည် ဟု စဉ်းစားတွေး ခေါ်ထားခဲ့ပါလျှင် နိုင်ငံရေးပါတီ မပီသဟု ပွင့်ပွင့် လင်းလင်း ဆိုချင်ပါသည်။ 

မြန်မာပြည်သူများသည် ဒီမိုကရေစီ ဘာလဲ မသိကြပါ၊ သို့သော် ဒီမိုကရေစီရလျှင် ချမ်းသာ လာမည်၊ စားဝ တ်နေရေး အဆင်ပြေတော့မည် ဟု မျှော်လင့်ထားကြပါသည်။ အမေရိကန်ပုံစံလား၊ ဗြိတိန် ပုံစံလား မသိချ င်ကြပါ။ စားဝတ်နေရေးအဆင်ပြေဖို့သာ အရေးကြီးပါသည်။ ယခု လွှတ်တော် တွင် အစိုးရနှင့် အငြင်းပွားမှုများတွင် အခြေခံဥပဒေအရ မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ကို ပြည်သူများ စိ တ်မဝင်စားပါ။ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုဘဝများ မည်မျှအထိ တိုးတက်ပြောင်း လဲလာမည်လဲ ဟူသည်ကိုလည်း မသိကြပါ။ ပြည်သူများ စိတ်ဝင်စားကြသည်မှာ လူမှုဘဝ၊ စီးပွားဘဝ အဆ င်ပြေချောမွေ့ရေးသာ ဖြစ်ပါသည်။ 

ပြည်သူများအား သေချာ ရှင်းပြမည် ဟု ဆိုသော်လည်း ပြည်သူများက မည်မျှအထိ စဉ်းစား တွေးခေါ် နှိုင်း ယှဉ်ကြည့်နိုင်ပါမည်နည်း။ နိုင်ငံတကာသို့ လှည့်ပတ်သွားလာနေကြသော လွှတ်တော် အမတ်မင်း များ၊ အ စိုးရမင်းများက စဉ်းစားတွေးခေါ်ပြီး အသင့်လျော်ဆုံးပုံစံကို ရွေးချယ်ရမှာ မဟုတ်ဘူးလား မေးလိုပါသည်။ လူထုကို ဦးဆောင်မှု ပေးဖို့လုပ်နေသလား၊ လူထုကို အသုံးချဖို့ လုပ်နေသလား ပွင့်ပွင့်လင်းလင်း မေးခွန်း ထုတ်လိုပါသည်။ 

အမှန်တစ်ကယ်တွင်လည်း ပြင် ၊ သစ်ပြဿနာသည် ပြည်သူလူထု၏ ပြဿနာ မဟုတ်ပါ။ နိုင်ငံရေး သမား များ အာဏာရရှိရေးအတွက် ဖြစ်ပေါ်လာသော အငြင်းပွားမှုသာ ဖြစ်ပါသည်။ 

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၀)မှ ကူးယူဖော်ပြသည်

အထက်မြန်မာပြည်တစ်ခုလုံး၏ ရာသီဥတုအခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ မိုးလေ၀သရေဒါစခန်းကြီးတစ်ခုအား မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းတွင် တည်ဆောက်မည်



အထက်မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေ အနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ် လာ ၁၂သန်း တန်ဖိုးရှိ မိုလေ၀သ ရေဒါစခန်းကြီး တစ်ခုအား မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြ သာစည် လေယာဉ်ကွင်းတွင် တည်ဆောက်မည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော် က ပြည်သူ့လွှတ်တော် အ ဋ္ဌမပုံမှန် အစည်း အဝေးတွင် ပြောကြားခဲ့သည်။


မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင် မေး မြန်းသည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် လေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်း ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ မိုလေ၀သ ရေဒါစခန်းကြီးကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ပြီး အထက် မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန်အတွက် ဧရိယာအချင်း ၉၀၀ ကီလိုမီတာ အထိ လွှမ်းခြုံ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဦးဇင်ယော်က ဆိုသည်။

ထို့ပြင် ချမ်းမြသာစည် လေယာဉ်ကွင်းအား နိုင်ငံတော်ပိုင် မြန်မာ့လေကြောင်း၏ လေယာဉ်ငယ်များ အ ခြေပြု ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံအပေါ်မှ နေ့စဉ် ဖြတ်ကျော် ပျံသန်း လျှ က်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ် ၁၅၀ စီးခန့်၏ ဆုံရပ်/သတင်းပို့ရပ်အဖြစ် ချမ်းမြသာစည် လေ ယာဉ်ကွင်းတွင် လေကြောင်းလမ်းညွန် စက်ကြီးများ တပ်ဆင်ထားရှိ၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေေ ကြာင်း အဖွဲ့ချုပ် ICAO မှ အတည်ပြု သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဦးဇင်ယော်က ဆက်လက် ပြော ကြားခဲ့သည်။

eleven media group

အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ် စတင်ထုတ်ဝေ


ငွေစက္ကူအတု ပြုလုပ်ခြင်းကို ကာကွယ်နိုင်မည့် လုံခြုံရေး အမှတ်အသားသစ်များ ပါဝင်သော အဆင့်မြင့် နည်းပညာသုံး အမေရိကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ များကို အမေရိကန် ဗဟိုဘဏ်က စတင်ထုတ်ဝေ လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


အဆိုပါ ငွေစက္ကူအသစ်များကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ဖြန့်ချိ သုံးစွဲမည် ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခု အသစ်ထုတ်ဝေလိုက်သော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွင် အပြာရောင် 3D လုံခြုံရေးကြိုး၊ ခေါင်းလောင်းနှင့် မင်အိုးပုံ အမှတ်အသားများ ပါဝင်ကြောင်း၊ အဆိုပါ အမှတ်အသားများသည် အတုပြုလုပ် ရန် ခက်ခဲကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် ယခင်က အသုံးပြုခဲ့သော လုံခြုံရေးအမှတ်အသားများဖြစ်သည် ရေစာပုံကြမ်းနှင့် ခရမ်းလွန်ရောင် ခြည်တွင် ကြည့်ပါက ပန်းရောင်အဖြစ် မြင်တွေ့ရမည့် ငွေစက္ကူထဲတွင် ထည့်သွင်းထားသည့် လုံခြုံရေးကြိုး လည်း ပါဝင်သည်။

ယခုရိုက်နှိပ်လိုက်သော အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများအတွက် ၂၀၁၀ ပြည့်နှစ်က ဒီဇိုင်းရေးဆွဲ ခဲ့ခြင်း ဖြစ်သော်လည်း မျှော်လင့်မထားသော ထုတ်လုပ်ရေးအခက်အခဲများကြောင့် ကြန့်ကြာနေ ခဲ့ရခြင်း လည်း ဖြစ်သည်။

ယခုငွေစက္ကူသစ်တွင် ပါသည့် 3D လုံခြုံရေးကြိုးမှာ ပုံနှိပ်ထားခြင်းမဟုတ်ဘဲ ငွေစက္ကူထဲသို့ ထည့်သွင်း ထားခြင်း ဖြစ်ပြီး၊ ဂဏန်းနံပါတ် ၁၀၀ များသည်လည်း ငွေစက္ကူကို စောင်းသည့်ဘက်အပေါ် မူတည်၍ခေါင်းလောင်းပုံ၊ ဘေးတိုက်ပုံနှင့် အတည့်ပုံများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ထို့ပြင် ငွေစက္ကူကို လှည့်လိုက်ပါက ကြေးငွေစက္ကူ၏ ညာဘက်အောက်ခြေထောင့်တွင်ရှိသော ဂဏန်းနံပါတ် ၁၀၀ ၏အရောင်မှာ မူလကြေးဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ယခုငွေစက္ကူသစ်တွင် အမေရိကန် ပြည်ထောင်စုကို တည်ထောင်သူ ဖခင်ဖြစ်သော သမ္မတ ဘင်ဂျမင်ဖရန့် ကလင်း၏ ပုံတူ ရုပ်ပုံ ပါရှိမည်ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ဒီဇိုင်းဆော့ဖ်ဝဲ များနှင့် ပုံရိပ်ကြည်လင် ပြတ်သားသော မိတ္တူနှင့် ပုံနှိပ်စက် များ ကြောင့် သာမန်လူများအတွက် အတုအစစ်ခွဲခြားရန် ခက်ခဲသည့် ငွေစက္ကူအတုများ များပြားစွာ ထွက်ပေါ် လျက်ရှိသည်။

အမေရိကန် ဒေါ်လာတစ်ရာတန် ငွေစက္ကူသစ်သည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အမေရိကန် ထောက်လှမ်းရေးတို့ ဆယ်နှစ်ခန့် ပူးပေါင်း၍ သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် က ပြောကြားသည်။

အမေရိကန်ဒေါ်လာ တစ်ရာတန် ငွေစက္ကူသည် အမေရိကန် အစိုးရထုတ်ငွေစက္ကူများထဲတွင် အတုပြုလုပ် ခြင်း အခံရဆုံးသော ငွေစက္ကူဖြစ်သော်လည်း အမှန်တကယ်လည်ပတ်သုံးစွဲနေသော ငွေစက္ကူများတွင် ငွေစက္ကူအတုအရေအတွက် မည်မျှရှိကြောင်းကိုမူ အတိအကျမသိရှိကြောင်း အမေရိကန်အစိုးရ တာဝန် ရှိသူများက ပြောကြားသည်။

အမေရိကန်ဒေါ်လာ ငွေစက္ကူအတု အရေအတွက်သည် ဒေါ်လာငွေစုစုပေါင်း ပမာဏ၏ ၀ ဒသမ ၀၁ ရာခိုင် နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။

ထို့ပြင် နိုင်ငံအတွင်း၌ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငွေစက္ကူအတု ၈၀ ဒသမ ၇ သန်းခန့် သုံးစွဲလျက်ရှိပြီး ပြင်ပတွင် ၁၄ ဒသမ ၅ သန်းခန့် သုံးစွဲလျက် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။၂၀၁၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုပြင်ပတွင် အမေရိကန် ဒေါ်လာ ငွေစက္ကူ အတုများ ဖမ်းဆီးရမိခဲ့ရာ တန်ဖိုးအားဖြင့် ၅၆ ဒသမ ၈ သန်းခန့်ရှိသည်။

The Voice Weekly

အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး (ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း)



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ဆိုသော အခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကို ပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြား ထွက်ပေါ် လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့် လမ်းကြောင်း က ပိုမိုလွယ်ကူနိုင်သည် ကို မေးခွန်းထုတ် ငြင်းခုံကြဆဲဖြစ်သည်။


နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်း များကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေ ပြင်ဆင်ရေး အပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန်နှင့် 7 Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခုမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေ အကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

လက်ရှိအချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီး လွယ်ကူမယ်လို့ ထင်ပါသလဲ။

အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေလောက အမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲ ရှိတယ်။ နံပါတ် တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ လောကပါလတရား ထွန်းကားရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကား ရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက် တစ်လမ်း ကနေ ဝင်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံး အချက်ဖြစ်တဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ၊ အမျိုးသမီး တွေကတောင် ၃၀ ရာခိုင် နှုန်းယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီ အချက်ကို တော်တော်လေး စဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ်ရေးဖို့ဆိုတာ တော်တော်လေး ကြောက်စရာ ကောင်းတယ်။

NLD က ပြောနေတယ်။ အခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့ သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။

ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်း မရှိဘူး။ ကျွန်တော် အမေရိကန် နိုင်ငံသား၊ မြန်မာ ပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်း မရှိဘူး။ မဲပေးလို့လည်း မရဘူး။ ဒါကြောင့် ကျွန်တော်အခုပြောတဲ့အချိန်မှာ နံပါတ် တစ် အရေးကြီးတာ ကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့ (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေး ပါတီတွေက။ ကောင်းပြီ။ ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ်ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက် နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာ သင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေ မရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှု ထဲမှာ ဒီမိုကရေစီကို နားလည် သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။

တကယ်တမ်းမှာ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။

အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့ မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံ ဥပဒေ ဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။

အခြေခံဥပဒေသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိနိုင်ငံရေး အကျပ်အတည်းက ပြီးဆုံး သွားနိုင်မှာလား။

ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာ အားလုံး ပြေလည်သွားမယ်လို့ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေ ကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာ ရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေ ကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့် အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့ နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွား တာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက် ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ် ရေးချင် တဲ့သူပေါ်လာတယ်။ စက်တင်ဘာလ လယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး။ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး။ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံး အခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှ်ိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့ အချိန် အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင် သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ် ဥပဒေပြုစာရင်း ၄၄ ချက်ရှိတယ်။ အများဆုံးသုံးနိုင် တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ ကျန်သေးတယ်။

UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခုရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်း တို့ အတွက် ရေးတာ။ နောက်တစ်ခုလည်း ရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူ ကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှစ်ခုပဲ ရေးရေး အသုံးမဝင် ဘူး။ ပုဒ်မ ၂၀(စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရာတွင် အဓိက တာဝန်ရှိ သည် ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ် ရေးမယ်ဆိုရင် ကျွန်တော် တို့က တပ်မတော်ကို သွားပြီး ပြဿနာရှာတာနဲ့ အတူတူပဲ။

တပ်မတော်ကို သွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။

တချို့က ပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ် လည်း မရနိုင်ဘူးတို့ ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ် နှစ်ခေါက် ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော် အာဏာကို အခိုက်အတန့် သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင် သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်း မလား။ စဉ်းစားကြည့်ပါ။ တစ်ချက်ဖောင်းဆို ပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင် ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့အတွက် ကျွန်တော် တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။

ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။

၂၀၀၈ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့ကလမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုက ရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှ မဟုတ် နိုင်ငံရေး စတန့်ထွင်ချင် သေးလား။ စဉ်းစားရမှာ။

ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်း ချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။

ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာ ရှင် လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင် စနစ်ပဲ။ ဒီမို ကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှ ဒီမိုကရေစီ။

NLDက ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့် ပုံစံမျိုး ခုချိန်မှာ ဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။

တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလက်လျှော့မှာ မဟုတ် ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည် ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့ စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန် မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ ဝန်မလေးပါဘူး။ ဒီမှာ စောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ သင်ယူရမယ်။

တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။

ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်း သားလို့ ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံ ဥပဒေ ကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင် ပေးနိုင်မယ့် ဟာကို သွားချင်တယ်လို့ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ Statement ပြင်ဖို့ လိုတယ်။ ကျွန်တော်တို့ နားလည် တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်း အဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှု ဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲ ပြောခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲ လိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့ သဘေားထားကရော ဘယ်လိုရှိနိုင်ပါသလဲ။

ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့ သေး ပါဘူး။

၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင် ပါ သလား။

ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ် မထင်ဘူး။ မပြင် သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပါယ်ရှိသေးတယ်။

တကယ်တမ်းတော့ ဥပဒေပြင်ဖို့ အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ တပ်မတော်သား တစ်ယောက်ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သား တစ်ယောက်ကိုရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။                                                 

Credit : http://www.ex-absdf.net/2013/10/hijack.html

ဟိုတစ်မျိုးဒီတစ်မျိုး အမျိုးမျိုး ပြောနေကြတဲ့ မြန်မာ့နိုင်ငံရေး



မြန်မာ့နိုင်ငံရေးဟာ လွယ်မယောင်နဲ့ ခက် တိမ် မ ယောင်နဲ့နက် ဆိုရိုးစ ကားလိုဖြစ်လာပြီလို့ ထင်မြင် မိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေနှင့် အတူ ပေါ်ပေါက်လာသော ဦးသိန်းစိန် အစိုးရအဖွဲ့ ကလည်း သတ္တမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးကို ပြန်လည်ကျင်းပနေပါပြီ။ ပုံမှန် လုပ်ရိုးလုပ် စဉ်အတိုင်း ဦးရွှေမန်း ဦးဆောင်ပြီး ပြည်သူ့ကိုယ်စားပြု ဆောင်ရွက်နေကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိသလို ဘေးထိုင်ဘုတော ပြောနေကြသူတွေကလည်း ရှိနေပြန်ပါတယ်။


မြန်မာ့ဒီမိုကရေစီလမ်းကြောင်းမှာ ခလုတ်တိုက်နေတာက ဖွဲ့စည်းပုံ အ ခြေခံဥပဒေကိစ္စပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒမပါဘဲ ရေးဆွဲထားတဲ့အတွက် ပြင်မယ်၊ အသစ်ရေးဆွဲ မယ် တကဲကဲလုပ်နေကြသူတွေလည်း ရှိပါတယ်။ ဒါဆိုရင် အခုလွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဘယ်သူတွေ မဲပေးခဲ့ကြပါလိမ့်၊ သူတို့ ကိုယ်တိုင် သူတို့ မဲပေးပြီး ဖြစ်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တော့ ဟုတ်မယ်မထင် ပါဘူး။ ပြည်သူလူထု အားလုံးမဟု တ်ခဲ့ရင်တောင် အများစု ထောက်ခံမှုရခဲ့ လို့သာ လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာကြ သူတွေပဲဖြစ်ပါတယ်။

ကိုယ်လိုချင်ရာကိုယ်ဆွဲပြောပြီး ပြည်သူနဲ့အစိုးရကြားမှာ အမြင်မကြည်လင် မှုတွေဖြစ်အောင် လုပ်နေကြတာ လည်း တွေ့ရပါတယ်။ လက်ရှိအုပ် ချုပ်နေတဲ့ ဦးသိန်းစိန်အစိုးရကို အပြစ်ရှာပြီး အမျိုးမျိုးဝေဖန်မယ်၊ သူတို့ အကျိုးကို လုပ်ပေးနိုင်မယ်လို့ ယူဆထားတဲ့ ခေါင်းဆောင်တွေကို နာမ ည်ကြီး အောင်ချီးမြှင့်မြှောက်စားမယ်၊ ၂၀၁၅ အတွက် တောင်ကြိုတင်ပြင် ဆင်အနိုင်ရဖို့လုပ်နေတဲ့ သူတွေတောင် ရှိနေပြီ။ ဒါပေမယ့် ၂၀၁၅ ဟာ ရောက်မလာသေးသလို လက်တွေ့အကောင် အထည်မဖော်နိုင် သေး တဲ့အတွက် စိတ်ကူယဉ်သက်သက်သာ ဖြစ်နိုင်ပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဘက်က မြင်ပေးရင် ကိုယ့်နိုင်ငံအတွက် အကျိုးရှိမှာအမှန်ပဲ ဖြစ်ပါတယ်။

ဟိုလိုဒီလိုပြောနေတဲ့ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုဟာ ဖွဲ့စည်းပုံကိစ္စပဲ တကြော်ကြော်အော် ဟစ်နေပြီး နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေးကိစ္စကိုတော့ တစ်ခွန်း တစ်လေတောင် ဟတာ မကြား ရပါဘူး။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ဖို့ တိုက်တွန်းပေးတာရှိသ လား မေးစရာဖြစ်နေပါပြီ။ အာချောင်တဲ့ အလုပ်ဟာ အသက်အန္တရာယ်နဲ့ ရင်းရတဲ့အခါ ကျတော့ ဘာသံမှကို ထွက်မလာတော့ပါဘူး။ အစိုးရက ဘာမှမလုပ်မှန်းသိတော့ အမျိုးမျိုးသပုတ်လေလွင့် ပြောရဲလာကြတယ်။ သူတို့ကို လာသတ်မယ့်သေနတ် ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကျတော့ ဘာမှ မပြောရဲဘူး ဆိုတာ ရှင်းနေတာပါပဲ။

ဟိုတလောက ကြားလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ တပ်မတော်ကို မပါဝင်ဖို့ NLD ဥက္ကဋ္ဌ ဒေါ်စုကြည်က ပြောသွားတယ်လို့ သိရတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ % ပါဝင် နေတဲ့ကိစ္စကို အမြင်မကြည်လင်ဘူးနဲ့ တူပါတယ်။ ဒါဆိုရင် ဒေါ်စု ကြည်ကို တစ်ခု လောက် တောင်းဆို ကြည့်ချင်ပါတယ်။ မငြိမ်းချမ်းသေး တဲ့ ဒေသတွေမှာ ငြိမ်းချမ်းအောင် လုပ်ပေးပါ။ အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဖက်ဒ ရယ်ပြည်ထောင် စုဖြစ်လာအောင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာကျင့်သုံးနေတဲ့ ဖက်ဒရယ်မူနဲ့အ ညီဖြစ်အောင် လက်နက်တွေကိုစွန့်အောင် စည်းရုံးလိုက်ပါလား။ ဒါဆိုရင် ဒေါ်စုကြည် ပြော တဲ့ နိုင်ငံရေးအခင်း အကျင်းထဲမှာ တပ်မတော်က ပါစရာအကြောင်း မရှိပါဘူး။

အဲဒီလို တစ်နိုင်ငံလုံး မငြိမ်းချမ်းသရွေ့တော့ တပ်မတော်ဟာ မြန်မာ့နိုင် ငံရေးမှာ ပါဝင်နေဦးမှာပဲလို့ မြင်ပါတယ်။ ကဲ…ဒီသမ္မတ သက်တမ်းကုန်တဲ့ အထိ စောင့်ကြည့်ပါဦးမယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းသွား မလားဆိုတာ။ ၂၀၁၅ မှာ တက်လာမယ့် သမ္မတ သက်တမ်းထိ ရှည်ကြာဖို့ပဲ လမ်းမြင်ပါ တယ်။ အကြောင်းပြချက်က ရှင်းပါတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့အ စည်းတွေ ဟာ ဘယ်တော့မှ လက်နက် စွန့်လွှတ်မှာ မဟုတ်လို့ပါဘဲ။ မလွှဲမရှောင်သာ လက်နက်ကို လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင် စစ်တပ်ကပဲ ဖြေရှင်းပေး နိုင်မယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါ တယ်။

မြန်မာ့နိုင်ငံရေးဟာ ဟိုကတစ်မျိုး ဒီကတစ်မျိုး အမျိုးမျိုးပြောနေကြ လို့ ပြည်သူက ဘယ်ဟာအမှန်၊ ဘယ်ဟာ အမှားလဲဆိုတာ မဆုံးဖြတ် တတ်တော့ပါဘူး။ ပြီးရင် ဘယ်စနစ်က ကောင်းတယ်၊ မကောင်းဘူဆို တဲ့ ဖြောင့်မတ် မှန်ကန်စွာ ပြောပြပေးနိုင်တဲ့ လူတွေလည်း မရှိသလောက် ရှားပါတယ်။ အချင်းချင်းနေရာရဖို့ အာဏာရဖို့ ငြင်းခုံ ဝေဖန်တိုက် ခိုက်နေတာနဲ့ပဲ အချိန်ကုန်နေကြတာပါ။ ဒီလိုသာ ရှေ့ဆက်သွား ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရင်လေးစရာဖြစ်နေပြီဆိုတာ နိုင်ငံ သူ၊ နိုင်ငံသားအားလုံး သတိပြုမိစေဖို့ အသိပေးရေးသားလိုက်ရခြင်း ဖြစ်ပါ တယ်။

အမေ့အိမ်