Wednesday, October 9, 2013

ဖွဲ့စည်းပုံပြင်ဆင်မည်ဆိုပါလျှင် စဉ်းစဉ်းစားစားလုပ်ဆောင်ကြစေချင်ပါသည်



၂၀၀၈ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး အသစ်ပြန် လည် ရေးဆွဲရေး အသံတွေ ကျယ်လောင်စွာ ကြားနေရ ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သူ့ခေတ်သူ့ အခါ ကာလက ပြည်သူလူထု ၉၂ဒသမ ၄၈ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အတည်ပြုထားတဲ့ ဥပဒေ တစ်ခုဖြစ်ပါတယ်။ မဲပေးတဲ့ သူ ၉၂ ရာခိုင်နှုန်းကျော်ဆိုတဲ့ အရေအတွက်ဟာ ရာခိုင်နှုန်း ပြည့်နီးပါးလို့ ဆိုလို့ ရပါတယ်။ ဒါကို ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ပါဘူးလို့ ပြောနေသူတွေဟာ တကယ်တော့ ဒီဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော် ကုလားထိုင်မှာ ထိုင်နေတဲ့ သူတွေဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒအစစ်အမှန် မဟုတ် ပါဘူး၊ ကန့်ကွက်ပါတယ်ဆိုရင် လွှတ်တော်တွေလည်း ပေါ်လာစရာ အကြောင်း မရှိပါဘူး။


လွှတ်တော်မရှိရင်၊ ဒီမိုကရေစီ အစိုးရ တစ်ရပ် ဖြစ်ပေါ် လာမှာမဟုတ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းထဲ ကို လျှောက်လှမ်းလို့ ရမှာမဟုတ်ပါဘူး။ အဲလိုဆိုရင် စစ်အုပ်ချုပ်ရေး အောက်မှာပဲ တ၀ဲလည်လည်နဲ့ နေကြရမှာပါ။၂၀၀၈ အခင်းအကျင်း ကောင်းမွန်လို့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားနေပြီ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒလို့ ကြွေးကြော်နေနိုင်ပါပြီ။ အရာရာတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ တွေရှိစမြဲပါပဲ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံးဝ စင်းလုံးချောကောင်းတယ်လို့ မပြောပါဘူး။ ဒီမိုကရေစီ စနစ်နဲ့ အံဝင်ဂွင်ကျ မဖြစ်လို့ ပြင်သင့်တာမျိုး ရှိရင်ပြင်ရပါမယ်။ ပြင်ဆင်နိုင်ဖို့လည်း နည်းလမ်းတကျ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားပါ။

လုံးဝပြင်ဆင်လို့မရတဲ့ ဥပဒေမျိုးမဟုတ်တဲ့ အတွက် သတ်မှတ်နည်းလမ်း အတိုင်းပြင်ဆင်နိုင် ပါတယ်။ ပြင်ဆင်တဲ့ အခါမှာ စဉ်းစားသင့်တဲ့ အချက်ကတော့ လူတစ်ဦး တစ်ယောက်ရဲ့ အကျိုး စီးပွားထက် ပြည်သူအများရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရမှာတော့ ဒီမိုကရေနည်းလမ်းပဲ ဖြစ်ပါတယ်။ အခုလဲ သတ္တမအကြိမ် ပြည်ထောင်စု လွှတ်တော်ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ဖြည့်စွက်ရေး ကိစ္စဟာ လုံလောက်ပြီလို့ ဆိုချင်ပါတယ်။

ဒါပေမယ့် လွှတ်တော်ပြင်ပမှာ ပြင်ဆင်ဖြည့်စွက်ဖို့ လုပ်နေတာမျိုးကျတော့ ပြည်သူတစ်ဦး အနေနဲ့ဘယ်လို သဘောပေါက် နားလည်ရမယ်မှန်း မသိဖြစ်သွား ပါတယ်။ အခြားသော နိုင်ငံတွေလို အာဏာရ ပါတီတစ်ခုကနေ ဦးဆောင်ပြီး ရေးဆွဲတာ ပြင်ဆင်တာမျိုး ဆိုရင်နည်းလမ်းကျ ပါတယ်။ ဒီထက်ပိုမိုပြီး အဆိုးဆုံးသော အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲမယ်လို့ စိုင်းပြင်းနေတဲ့ကိစ္စဖြစ်ပါတယ်။ ဘယ်လို ဘယ်ပုံ ဘယ်နည်းနဲ့ အသစ်ရေးဆွဲမှာလဲ၊ ရေးဆွဲပြီး သွားရင်ကော အဲဒီ ဥပဒေ အသစ်ကို ပြည်သူလူထုက လက်ခံနိုင်ပါ့ မလား။ ထောက်ခံမှု ရာခိုင်နှုန်း မပြည့်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ။ ဘာမှာ သေသေချာချာ ရေရေရာရာ မရှိတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ စိတ်ကူး ပြင်ဆင်နေတာဟာ ရူးမိုက် လွန်းတယ်လို့ပဲ ပြောလိုက်ချင် ပါတယ်။

အခြေအနေကောင်း တစ်ရပ်ဆီကို လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ရိုက်ချိုးဖို့ ကြိုးစားနေသလိုမျိုးမို့ အသစ် ပြန်လည် ရေးဆွဲမယ်ဆိုတဲ့ စီစဉ်နေမှုမျိုးကိုတော့ အပြင်းအထန် ကန့်ကွက်ပါတယ်။ အပြုသဘောထက် အဖျက်ဘက်ကို ဦးတည်လွန်းနေ ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ စစ်အစိုးရက ဗိုလ်ချုပ်ကြီးတွေချည်း ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ တကယ့် ဥပဒေ ပညာရှင်ကြီးတွေ အပါအ၀င် ရာနဲ့ချီပြီး ရှိနေတဲ့ အမျိုးသား ညီလာခံ ကိုယ်စားလှယ် များက အစုအဖွဲ့ အသီးသီးနဲ့ ရေးဆွဲ ခဲ့တာပါ။ ပြီးတော့ ၉၂.၄၈% ကရော သုညကနေ လုပ်ကြံပြီး ရလာတယ်လို့ထင် ပါသလား။ တကယ် မဲပေးခဲ့တဲ့လူတွေ သန်းပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

ငါလုပ်တာ မဟုတ်လို့ ဘယ်သူ ဘာလုပ်လုပ် မထောက်ခံ ဘူးဆိုတဲ့ အတွေးအခေါ်မျိုး ဆိုတာ တိုင်းပြည် အတွက် အန္တရာယ်ကြီးမားလှပါတယ်။

နောက်ပြန်လှမ်းရမယ့် အခြေအနေ မဟုတ်တော့တဲ့ အတွက် အသစ်ပြန်လည် ရေးဆွဲမယ်ဆိုတဲ့ လုပ်ရပ်အစား ပြင် သင့်တာကိုပဲ ရွေးနှုတ်ပြီး ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမ ပြင်နိုင်လျှင် တိုင်းပြည်မှာ ပြဿနာတွေ ပိုများ လာနိုင်တယ်ဆိုတဲ့ အပြောအဆို မျိုး တွေဟာ ဒီမိုကရေစီနဲ့ ညီပါရဲ့လား။ အကယ်၍များ ပြည်သူအများက ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက်တာကို မထောက်ခံပါဘူး ဆိုရင်ရော.. ဒီမိုကရေစီနည်းလမ်း အရ အများစု ဆန္ဒကို အနည်းစုက လိုက်လျောရမှာပါ။ ပြောချင်တာက အဓိက ဆုံးဖြတ်မယ့်သူများသည် ပြည်သူများသာ ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စဉ်းစဉ်းစားစား လုပ်ဆောင်ကြဖို့ တိုက်တွန်း လိုက်ချင် ပါတယ်။

Naing Oo

Credit : http://www.oppositeyes.info/2013/10/blog-post_8754.html

နေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိဟု မိုးစက်ဝိုင်ဆို...



အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သော တက္ကသိုလ်များ ချန်ပီယံလိဂ်ပြိုင်ပွဲဖလား ကိုင်ဆောင်ပြီးနောက် ထွက်ပေါ်လာသော သတင်းများ မဟုတ်မှန်ဘဲ ကိုနေရွှေသွေးအောင်နှင့် လုံးဝပတ်သက်မှု မရှိကြောင်း Miss Universe Myanmar မိုးစက်ဝိုင်က ရန်ကုန်မြို့တော် PARKROYAL ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။


ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများ ပါဝင်သည့် တက္ကသိုလ်များ ချန်ပီယံလိဂ် (Universities Champions League) ပွဲ ဖွင့်ပွဲတွင် မိုးစက်ဝိုင်သည် ပြိုင်ကားဖြင့် ကွင်းတစ်ပတ် ပတ်ပြီး ဖလားကို အထူးတန်း ပွဲကြည့်စင်ရှေ့သို့ သယ်ဆောင်လာခဲ့သည်။

အထူးတန်း ပွဲကြည့်စဉ်ရှေ့ ဆိုက်ရောက်လာသော ပြိုင်ကားကို ကိုနေရွှေသွေးအောင်က ကြိုဆိုနေသော ဓာတ်ပုံများ အင်တာနက် စာမျက်နှာများ အထူးသဖြင့် Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံလာပြီးနောက် ယင်းတို့နှစ်ဦးနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် မိုးစက်ဝိုင်ကမူ ယင်းပြိုင်ပွဲကို အားကစားဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့်သာ သွားရောက်ခဲ့ပြီး ကိုနေရွှေသွေးအောင်နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုခဲ့သည်။ “ပြီးတော့ ညီမက ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ အဝေးသင် ဘွဲ့ရထားတာမို့လို့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ သွား ရောက် အားပေးတာပါ။ ပြီးတော့ အဲဒီမှာ ပါဝင်တဲ့ ကားကလည်း ကိုနေရွှေသွေးအောင်ရဲ့ ကား မဟုတ်သလို အဲဒီကားနဲ့လည်း လာတာမဟုတ်ပါဘူး။ အဲဒီကားက အဲဒီပွဲမှာ တင်ဆက်မှု တစ်ခုအနေနဲ့ ပါဝင်တဲ့ကားပါ။ အဲဒီကားပေါ်မှာလည်း မိုးစက် သုံးမိနစ်စာပဲ ထိုင်ခဲ့ရတာပါ” ဟု မိုးစက်ဝိုင်က ထိုပြိုင်ပွဲပြီး နှစ်ရက်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မိုးစက်ဝိုင်က ဆိုသည်။

The Voice Weekly

မင်္ဂလာတောင်ညွန့် NLD ပါတီဝင်များ ဒေါ်ဖြူဖြူသင်း နှင့် အဆင်မပြေဖြစ်



မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို ဆန္ဒပြရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ်။ HIV ရောဂါသည်များကို ကူညီသည့် သာမန် လူ တစ်ဦးမှ ရုတ်တရက် လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါ်ဖြူဖြူသင်းဟာ နိုင်ငံရေး နားမလည်၊ ဥပဒေများ ကို နားမလည်၊ NLD ရဲ့ လုပ်ရိုးလုပ်စဉ်များကို နားမလည်ပဲ မင်္ဂလာတောင်ညွန့် NLD ရုံးအတွင်း လုပ်ချင်သလို လုပ်နေကြောင်း ကို NLD ပါတီဝင် တစ်ဦး၏ ဇနီးတစ်ဦးမှ အခုလို ပြောပြပါတယ်။


“အစ်မ အမျိုးသားတို့က ဟိုးအရင် NLD စ ဖွဲ့ကတည်းက လုပ်ခဲ့ကြတာ.. အခု မဖြူဖြူသင်းက လွှတ်တော်အမတ် ဖြစ်လာတော့ လူကြီးကိုလည်း လူကြီးမှန်းမသိဘူး… ဘယ်သူနဲ့မှလည်း မေးတာ.. တိုင်ပင်တာ မရှိဘူး… ရုံးထဲမှာ လုပ်ချင်တာတွေ လျှောက်လုပ်တယ်… ညီလာခံကျင်းပရေး ကော်မတီ ဝင်တွေကိုလည်း သူနဲ့အဆင်ပြေတဲ့လူတွေ အစားထိုးဖို့လုပ်နေတယ်… နိုင်ငံရေး အတွေ့အကြုံလည်းမရှိ.. ဥပဒေ လည်း နားမလည်တော့ ပြောရဆိုရအရမ်းခက်တယ်…” လို ဆိုပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ ၎င်း ဦးဆောင်လုပ်နေတဲ့ HIV/AIDS လုပ်ငန်းကိုလည်း တစ်ဦးတည်းပိုင် လုပ်ချင်နေပြီး တရားဝင်လူမှုရေးအသင်းအဖြစ်လည်း မှတ်ပုံမတင်နိုင်ကြောင်း၊ ပြည်သူကို ကူညီ နေသည့် အတွက် မည်သူ့မျှ ဂရုစိုက်ရန်မလိုကြောင်း ပြောသဖြင့် မင်္ဂလာတောင်ညွန့် NLD မှ ဥပဒေ ရေးရာကျွမ်းကျင်သူမျာက တင်းမာလျှက်ရှိကြောင်းကို အဆိုပါ အမျိုးသမီးမှပဲ အခုလို ဆက်ပြောပါတယ်။

“လူကြီးတွေက ပြောတယ်… အခုဟာက ပါတီက တရားဝင်ပါတီလေ.. ဒါကြောင့် လူမှုရေးအသင်းကို မှတ်ပုံတင်ဖို့ ပြောတယ်… တခြား ပြိုင်ဖက် ပါတီတွေကလည်း ပြောကြတယ်ဆိုတာ့.. ပါတီသိက္ခာ ကျတယ်… အမေစုက တရားဥပဒေ စိုးမိုးရေး အလေးထားပြီး မင်္ဂလာတောင်ညွန့် NLD က ဥပဒေကို ဂရုမစိုက်ဘူး လို့ ပြောကြတယ်.. ပြောတော့လည်း ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုစိုက် စရာမလိုဘူး.. အသင်းက NLD နဲ့ မဆိုင်ဘူး ကိုယ့်ဘာကိုယ်လုပ်တာ.. လို့.. မဖြူဖြူသင်းက ပြန်ပြောတယ်..” လို့ ဆိုပါတယ်။

ဒေါ်ဖြူဖြူသင်း ရဲ့ အာဏာ သုံးမှု၊ ဥပဒေ မလေးစား ပါတီသိက္ခာကျစေတဲ့အပြင် ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းများကိုလည်း တဖြည်းဖြည်းထိခိုက်လာတာကြောင့် ရန်ကုန်တိုင်း NLD သို့ တိုင်ကြား ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က ပါတီဌာနချုပ် အစည်းအဝေးမှာ တိုင်ကြား ထားပြီး တိုင်း/ဗဟို ထိတင်ပြကာ မီဒီယာများပါ ဖိတ်ပြီး ရှင်းလင်းမယ်လို့ သိရပါတယ်။ ပုသိမ်ညွန့် ရက်ကွက်ပါတီဝင်များက အင်တာနက်ပေါ် ရေးသားတင်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး ရုံးရှေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ အသက် ၄၁ နှစ်ရှိပြီး ၁၉၉၇ ခုနှစ်မှ NLD ပါတီသို့ ဝင်ရောက်ခဲ့ကာ ၂၀၀၂ ခုနှစ် တွင် HIV ကာကွယ်တားဆီးရေး နှင့် ပြုစုစောင့်ရှောက်ရေး သင်တန်းတက်ရောက်ခဲ့ကာ AIDS ရောဂါသည် များကို ကူညီစောင့်ရှောက်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ လူမှုရေးအသင်းအဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင် ထားခြင်းမရှိပဲ လုပ်ဆောင်လျှက်ရှိပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် မင်္ဂလာတောင်ညွန့်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ လွှတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင် နေပြီး လွှတ်တော် တွင်း တစုံတရာ ဝင်ရောက်ဆွေးနွေးခြင်းမျိုးတော့ မရှိသေးပေ။

Credit : http://myanmarheadline.blogspot.com/2013/10/nld.html

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံ သား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။


အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သနပ်ပင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးမေးမြန်းသည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာနှင့် သတ်မှတ်နှုန်းထားအတိုင်းဖြစ်အောင် အ ဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်ကျော်ဝင်းက "၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ အဆင်သင့်ဖြစ်အောင် ဒါတွေအားလုံး ထုတ်ပေးဖို့ အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က လူတွေက မေးလာတယ်။ ကြီး လာတယ်။ အသက်ပြည့်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တောက်လျှောက်လုပ်ပေးနေတာ ရှိပါတယ်။ အတတ်နိုင်ဆုံး အပြည့်အ၀ဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်လျက် ရှိပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော် တို့ လာမယ့်ရွေးကောက်ပွဲ အတွက်ကို အတတ်နိုင်ဆုံး အပြည့်အ၀ ရရှိအောင် ကျွန်တော်တို့ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း ပြန်ကြားဖြေကြား အပ်ပါတယ်" ဟု ပြောကြားသည်။

မိုးပွင့်စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားခြင်းအတွက် လိုအပ်သော အထောက်အ ထား များ မှန်ကန်ပြည့်စုံစွာ ရှိပါက အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားလျှောက် ထားခြင်းအတွက် နိုင်ငံတော်မှ သတ်မှတ်သည့် အခနှုန်းထားအတိုင်း အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လျှောက်ထားခြင်းအတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်လျှောက်ထားခြင်းအတွက် ၃ ကျပ်၊ ပျောက်ဆုံး၊ ပျက်စီး မိတ္တူလျှောက်ထားခြင်းအတွက် ၁၀ ကျပ်သာ ကောက်ခံပြီး ၂၈ ရက်အတွင်း အပြီးဆောင်ရွက်ပေးရန်ရှိကြောင်း ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုးပွင့်စီမံချက် အဆင့် ၁ မှ အဆင့် ၅ အထိ ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင် စု လူဦးရေစာရင်း လုပ်ငန်းပေါင်း ၄၈၆၇၀၇ ခုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း ၃၄၃၁၈၂၃ ခုရှိ ကြောင်း သိရသည်။

Eleven Media Group

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည်



၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် မြန်မာ နိုင်ငံက ဘရူနိုင်း နိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်ကြောင်း သိရသည်။


(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာ ၉ ရက် (ယနေ့) ၌ စတင်ပြုလုပ် နေပြီး အောက်တိုဘာ ၁၀ ရက် ဒုတိယနေ့ အစီအစဉ်တွင် ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲနှင့်အတူ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပူးတွဲပြုလုပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာမည့်ဇန်န၀ါရီလတွင် စတင်ထမ်းဆောင်ရမည် ဖြစ်သော်လည်း အာဆီယံထိပ်သီး ဆွေးနွေးပွဲများ၏ အစဉ်အလာအရ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကြိုတင်လက်ခံ ရယူခြင်း ဖြစ်ပါသည်။

၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန်အတွက် အချိန် ၁၇ နှစ် ကြာမြင့်ခဲ့ပါသည်။ ထိုသို့ ကြာမြင့်မှုသည် အာဆီယံ သမိုင်း တစ်လျှောက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အရှည်ကြာဆုံး စောင့်ခဲ့ရသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ ပါသည်။

အာဆီယံ၏ ဖွဲ့စည်းပုံအရ အဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီ၏ ရှေ့အက္ခရာ အစီအစဉ်အတိုင်း အာဆီယံအလှည့် ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရခြင်းဖြစ်ကာ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာ ၀န် ရယူရန် အခွင့်အလမ်း ပေါ်ခဲ့ပါသည်။

သို့သော် ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးသည်နှင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများ အပါအ၀င် အာဆီယံနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အား လုံးကို အမေရိကန်နှင့် ဥရောပနိုင်ငံများ သပိတ်မှောက်မည် ဆိုခြင်းကြောင့် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စွန့်လွှတ်ရန် မြန်မာနိုင်ငံက ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံအား ပေးအပ် ရန် အာဆီယံ ခေါင်းဆောင်များက သဘောတူခဲ့ ကြပါသည်။

"၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပထမဆုံး အကြိမ်အဖြစ် အာဆီယံဥက္ကဌ ရာထူးကို လွှဲပြောင်းရယူမှာ ဖြစ် ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အခွင့်အရေးသစ် တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဘက်စုံပြုပြင် ပြောင်းလဲမှုတွေ၊ ဒီမိုကရေစီ တန်ဖိုးတွေနဲ့ ကျင့်သုံးပုံ နည်းလမ်းတွေကို ဖော်ပြလိုက်တာပါပဲ။

မြန်မာနိုင်ငံဟာ လူပေါင်း သန်း ၆၀ နေထိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန် တွေ ကို ဆောင်ရွက်ရင်း နိုင်ငံရေး စိတ်ဆန္ဒတွေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ကုန်ခန်းသွားတာမျိုး မ ဖြစ်နိုင်ပါဘူး။ မိတ်ဆွေနိုင်ငံတွေရဲ့ အကူအညီကြောင့် မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဒေါ်ယဉ်ယဉ်မြင့်က အောက်တိုဘာ ၇ ရက်ထုတ် The Brunei Times သတင်းစာတွင် မြန်မာနိုင်ငံက အာ ဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည့်အပေါ် ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့်အတူ ဆက်စပ်အစည်းအဝေး ကိုးခုပြုလုပ်မည်ဖြစ် ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့သော အစည်းအဝေး အစီအစဉ်များအရ သိရသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအနက် အောက်တိုဘာ ၉ ရက်တွင် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး ဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက် အာဆီယံ-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ၊ (၁၆)ကြိမ်မြောက် အာဆီ ယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲနှင့် ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ် မည်ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်တွင် (၁၆) ကြိမ်မြောက် အာဆီယံ+၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) ထိပ်သီး ဆွေးနွေးပွဲ၊ (၈)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ၊ (၁၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီး ဆွေးနွေးပွဲ၊ (၅) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ အစရှိသည်တို့ ပါဝင်ကြမည် ဖြစ် ညည်။

ထိုအစည်းအဝေး အားလုံးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ International Convention Center ၌ ပြုလုပ်သွားမည် ဖြစ်ပါသည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည့် International Convention Center ကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်

Eleven Media Group

ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယမှ သယ်ဆောင်ကာ ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး၊ ကျန်ရှိ အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့တွင် ဆက်လက် ရေမျှောသွားမည်



ကမ္ဘာကျော် ၀ိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယနိုင်ငံမှ သယ် ဆောင်ကာ အောက်တိုဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က အရိုးပြာအချို့ကို ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး ကျန်ရှိ နေသေးသော အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့ရှိ ဧရာဝတီမြစ်အတွင်း ရေမျှောခြင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဓမ္မဇောတိရိပ်သာမှ သိရသည်။


ဆရာကြီး၏ အရိုးပြာကို ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ သယ်ဆောင်ကာ ဗိုလ်တထောင်ဆိပ်ကမ်းသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ဆရာကြီး၏ တပည့်များက လိုက်ပါ ပို့ဆောင်ကြည်ညိုခဲ့ကြသည်။

''ရန်ကုန်မြစ်ရဲ့ပင်လယ်ဝနားမှာ ဆရာကြီးရဲ့သားတွေက အရိုးပြာကို အလှည့်ကျ ရေမျှောခဲ့ပါတယ်။ မြေး တွေလည်းပါတယ်'' ဟု အရိုးပြာ ရေမျှောရာတွင် လိုက်ပါဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ကျန်ရှိနေသော အရိုးပြာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဧရာဝတီမြစ်အတွင်း ဆက်လက် ရေမျှော သွား မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ဓမ္မမဏ္ဍလ ရေတံခွန်တောင်ရိပ်သာသို့ သယ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ စီစဉ်မှုဖြင့် ဆရာကြီး ဦးဂိုအင်ကာ၏ မွေးဖွားရာဇာတိ ဖြစ်သော မန္တလေးမြို့၊ ဧရာဝတီမြစ်အတွင်း၌ ကျန်ရှိနေသော အရိုးပြာများကို ရေမျှောသွားမည် ဖြစ်သည်။ ၀ိပဿနာနည်းပြ ဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ် သင်ကြာပေးခဲ့သော ဆရာကြီး ဦးဂိုအင်ကာသည် ၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် ရွှေတိဂုံစေတီတော်ပုံတူ ကမ္ဘာဝိပဿနာ စေတီတော်ကို တည်ထားပူဇော်ခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ မဟာရက်ရှပြည်နယ်တွင် ကမ္မဋ္ဌာန်းရိပ်သာ တစ်ခုကို စတင် ထူထောင်ခဲ့ပြီး ကမ္ဘာနေရာ အနှံ့အပြားတွင် ၀ိပဿနာရိပ်သာပေါင်း ၁၇၂ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

မန္တလေးတွင် မွေးဖွားခဲ့သော ဆရာကြီး ဦးဂိုအင်ကာသည် စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ပြီး ဆရာကြီး ဦးဘခင်ထံမှ ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူ ကျင့်ကြံပြီးနောက် ၁၉၆၉ ခုနှစ်မှ စ တင်ကာ အိန္ဒိယနိုင်ငံတွင် ၀ိပဿနာ တရားတော်များ ပို့ချသင်ကြားပေးခဲ့သည်။

ဆရာကြီး ဦးဂိုအင်ကာကို ၁၉၂၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်တွင်၊ မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ရက် ၌ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီး ဦးဂိုအင်ကာ အသက် ၉၀ နှစ်ရှိပြီ ဖြစ်သည်။

 ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို ရန်ကုန်မြစ်အတွင်း ရေမျှောနေစဉ်
(ဓာတ်ပုံ - ကြည်နိုင်) 

Eleven Media Group

ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။


ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

စစ်ဆေးချက်အရ ငွေစက္ကူအတု သုံးစွဲနေသူမှာ ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် နေထိုင်သူ မိတ္တူဆိုင်လုပ်သားကို -- နှင့် ကမာရွက်မြို့နယ်နေ ကို---သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

ယင်းတို့အား ရှာဖွေစစ်ဆေးရာ ကို---၀တ်ဆင်ထားသည့် အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူ နှစ်ရွက်၊ ကို--- ၀တ်ဆင်သည့် အင်္ကျီအိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူခြောက်ရွက်၊ စုစုပေါင်း ရှစ်ရွက်အား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟုလည်း ဆိုထားသည်။

ငွေစက္ကူအတုများဖြင့် ပက်သတ်၍ စစ်ဆေးရာတွင် ငွေစက္ကူအတုများမှာ သာမာန်ရုံးသုံးစက္ကူ A4 အဖြူအား ကာလာပရင်တာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထား သည်။

အဆိုပါ ငွေစက္ကူအတုမှာ ငွေစက္ကူအစစ်ထက် အလျား/အနံ တစ်မီလီမီတာခန့် သေးငယ်နေကြောင်းနှင့် ရုပ်ပုံရေစာ၊ တန်ဖိုး ရေစာနှင့် လုံခြုံရေးကြိုးတို့ ပါဝင်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းကြောင့် ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေသူ နှစ်ဦးတို့အား မြို့နယ်ရဲစခန်းက (ပ) ၆၇၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပေဒပုဒ်မ ၁၀၅ ဖြင့် တရားစွဲတင်သွားမည်ဟုလည်း တိုင်းရဲတပ် ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရှိရသည်။

Mizzima

ကင်ဆာရောဂါနှင့် သင်္ဘောရွက်



(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)


လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်း ပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည် ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွ သွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော် သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ 

ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။ ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံ သဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက် လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။

ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ 

ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါ ပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။ ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ 

ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်း ပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။ 

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

“သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက် အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။ စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။

“ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက် အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါ ပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။ အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ 

၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါ သည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည် မဖြစ်ပေါ်ခဲ့ပါ။ 

ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။ သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာ ဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကို ဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါ တွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက် ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ 

(ဆေးမြီးတို)

သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲ တွင် ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန် ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။      

ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။ R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများ အား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ 

ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေ သည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ 

အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိ ကင်ဆာ အကျိတ်များ ပျောက် ကုန်ပါသည်။ 

သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။ ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။ အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့် အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ 

သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွ ဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။ 

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ 

ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။

ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။

ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြ ပါလေ။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်)

အသည်းရောဂါအား အရေးကြီးရောဂါအဖြစ်သတ်မှတ်ရန် မြန်မာအပါအဝင် ၁၀ နိုင်ငံတို့က ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ အဆိုတင်သွင်းမည်

အ သည်းရောဂါကို အရေးကြီးရော ဂါတစ်မျိုးအဖြစ်သတ်မှတ်ရန် မြန်မာအပါအဝင် အခြားသော ၁၀ နိုင်ငံ တို့မှ ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ အဆိုတင်သွင်းသွား မည်ဖြစ်ကြောင်း သိရသည်။


''လာမယ့် ၂၀၁၄ခုနှစ် ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ မြန်မာ နိုင်ငံက ပါဝင်အဆိုပြုမယ်။ မြန်မာ နိုင်ငံ ကျန်းမာ ရေးဝန်ကြီးဌာန ကလဲ တက်တက်ကြွကြွပါဝင်လှုပ် ရှားမယ်''ဟု မြန်မာနိုင်ငံ အသည်း ဖောင်ဒေး ရှင်း မှ ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည် က ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် အသည်းကင်ဆာအဖြစ်အ များဆုံးနိုင်ငံများ ၌ ပထမငါးနိုင်ငံ တွင် ပါဝင်နေသည့်အတွက် ယင်း သို့ အရေးကြီးရောဂါ အဖြစ် အဆို ပြုရန်လုပ်ဆောင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

အသည်းရောဂါငါးမျိုးရှိပြီး အသည်းရောဂါအေပိုး၊ ဘီပိုး၊ စီ ပိုးနှင့် အီးပိုးအပါအဝင် နာတာ ရှည် အသည်း ရောဂါ၊ အသည်းကင် ဆာ၊ အသည်းခြောက်ခြင်းအပြင် အခြားသော အသည်းနှင့်စပ်လျဉ်း သည့်ရောဂါများ ပါဝင်ကာ မြန်မာ နိုင်ငံရှိ လူဦးရေသန်း၆ဝတွင် အ သည်းရောင်အသားဝါ ဘီပိုးရှိသူ ၁၀ ရာခိုင်နှုန်း ရှိကြောင်း၊ စီပိုးရှိ သူမှာ သုံးရာခိုင်နှုန်းဖြစ်ပွားလျက် ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနပြုချက်များ အရ သိရသည်။

''အသည်းရောင် အသားဝါ ဘီပိုးက မြန်မာနိုင်ငံလူဦးရေသန်း ၆ဝရှိတဲ့အထဲမှာ ၁ဝရာခိုင်နှုန်း ဖြစ်နေတယ်။ စီပိုးကတော့ သုံးရာ ခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒီ ရောဂါပိုးတွေက ကြိုတင်ကာကွယ် လို့လဲ ရတယ်ဆိုတာလေးတွေကို ပြည်သူလူထုကို သိစေလိုပါတယ်။ သာမန်လူတွေမှာလဲ ဖြစ်နေတယ်။ ဖြစ်တာကိုလဲ ကြည့်လိုက်ရင်မသိ သာဘူး''ဟု ဒေါက်တာ ခင်ပြုံး ကြည်က ဆက်လက်ပြောသည်။ တီဘီရောဂါ၊ HIV, AIDS ရောဂါများ၊ ငှက်ဖျားရောဂါများ အတွက် WHO မှ ရန်ပုံငွေများရ ရှိနေပြီး အသည်းရောဂါအတွက် မှာမရှိသေးကြောင်း၊ အသည်း ရောဂါဖြစ်ပွားသူများသည် ငွေ ကြေး အကုန် အကျ များသော ကြောင့် သာမန်အားဖြင့်မကုသ နိုင်ကြကြောင်း၊ အထောက်အပံ့ များရရှိပါက ငွေကြေးကုန်ကျမှု များစွာ သက်သာလာနိုင်မည်ဖြစ် ကြောင်း သိရသည်။

အသည်းရောင်အသားဝါ အေနှင့်အီးပိုးသည် ရေမှတစ်ဆင့် ကူးစက်နိုင်ပြီး အသည်းရောင် အသားဝါ ဘီပိုးနှင့်စီပိုးမှာ သွေးမှ တစ်ဆင့် ကူးစက်နိုင်ကြောင်းသိ ရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ အသည်းဖောင်ဒေး ရှင်းမှ အသည်းရောင်အသားဝါ ရောဂါကာကွယ် ဆေးများကို အခ မဲ့ လိုက်လံထိုးပေးနေကြောင်း သိ ရသည်။

http://goo.gl/cNvrPS

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော

ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ကောလာဟလ သွေးထိုးလှုံ့ဆော်မှု များကြောင့်သာဖြစ်ပြီး အချို့ထင်မြင်နေသကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်း မဟုတ် ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။


““နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေးအမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော်တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌ ကျင်းပပြုလုပ်သည့် ကံကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ၏ (၉၇) နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာ ၀င်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မိသားစုအချင်းချင်း ရန်ဖြစ်ကြသည့် ဖြစ်စဉ်ကဲ့သို့သာဖြစ်ပြီး မကြာမီ ကာလတွင် ပြန်လည်တည်ငြိမ်အေးချမ်းသွားမည်ဟု မိမိအနေဖြင့် ယူဆကြောင်း ဦးဆန်းဆင့်က ပြော သည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့် ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်စဉ်များကြောင့် မျက်နှာချင်းဆိုင်ရန် အခက်အခဲရှိနေသည့် ယခုကာလတွင် ဘာသာရေး၊ လူမှုရေးပွဲလမ်းများ ပြုလုပ်၍ ဘာသာပေါင်းစုံ တက်ရောက်စုံစည်းသည့်နည်းလမ်းဖြင့် အတူယှဉ်တွဲနေထိုင်သွားရန်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောသည်။

““တစ်ဖက်နဲ့တစ်ဖက် ထင်ယောင်ထင်မှားတွေဖြစ်နေသလို ဗလီတွေထဲမှာ အက်ဆစ်တွေ၊ တခြား လောင်စာတွေရှိတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ သံဃာတော်တွေကို ဗလီ ၀တ်ကျောင်းတွေထဲမှာ ဆွမ်းကပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအသင်းများကို မြို့နယ်တိုင်း တွင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေပြီး ၀န်ကြီးဌာနအောက်တွင် ဖွဲ့စည်းဆောင်ရွက်ခြင်းမဟုတ်ဘဲ လွတ်လပ်သော NGO အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

““၀န်ကြီးဌာနအောက်မှာ လုပ်လိုက်ရင် ဌာနက ချုပ်ကိုင်မှုတွေရှိတယ်ဆိုတာ ဖြစ်မှာစိုးတဲ့အတွက် ၀န်ကြီး ဌာနအနေနဲ့ မလုပ်ပါဘူး။ NGO အနေနဲ့လုပ်ရင် သံသယကင်းကင်း၊ လွတ်လွတ်လပ်လပ် ဘာသာပေါင်းစုံ ဆွေးနွေးပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သမ္မတကြီးပါဝင်တဲ့ ၀န်ကြီးများအစည်းအဝေးမှာ ဒါကို တင်ပြဆောင်ရွက်ခဲ့ပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ မကြာမီက သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယခုလ ၅ ရက် ညတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌လည်း မီးရှို့ဖျက်ဆီးသည့် ပဋိပက္ခဖြစ်စဉ်များ ပေါ်ပေါက် ခဲ့သည်။

Credit : http://www.yeyintnge.com/2013/10/blog-post_4238.html#.UlTH2FMR8YI

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား

ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။


''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူ ကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦး ကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး သွားသူပိုများလာကြောင်း အောင် သစ္စာ ကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။ ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။ နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြ တာပေါ့။ ခုလို ပြ ဿနာတွေ ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့ ပိတ်လိုက်ရ တော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။

တချို့သောယာဉ်လိုင်း များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်း သင့် မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်းရှိကြောင်း ရန်ကုန်မှ သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။

''သံတွဲမှာ ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့ ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ တော့မရှိဘူး။

တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အ ဆင်ပြေမှုများရှိစေရန်အတွက် လုံခြုံရေး အင်အားများကိုလည်း အပြည့်အဝယူထားကြောင်း သံ တွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့် အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာ မှ အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက် တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင် တစ်ဆိုင် တို့ မီး ရှို့ ဖျက်ဆီးခြင်း ခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ ၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

http://goo.gl/CVilAu

တူရကီ အကူအညီဖြင့်အိမ်ဆောက်ပေးမည့်ကိစ္စ ကန့်ကွက်သူ ထောင်သုံးလချ



၈ အောက်တိုဘာ။ ၂၀၁၃။ Coral Arakan news

၂၀၁၃ မတ် ၇ ရက်နေ့က စစ်တွေမြို့ တွင် တူရကီ အကူအညီဖြင့် နိုင်ငံသား မစီစစ်ဘဲ ကုလားကို အိမ်ဆောက်ပေးမည့်ကိစ္စ ကန့်ကွက်ဆန္ဒပြခဲ့သော ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေး တို့အား စစ်တွေ တရားရုံး မှ ယနေ့နေ့လည် ၁၂ နာရီ တွင် ထောင် သုံးလ ကျခံရန် စီရင်ချက်ချ လိုက်ကြောင်းသိရသည်။

ကန့်ကွက်ဆန္ဒပြရန် အစိုးရထံတွင် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မပေးခဲ့ဟု သိရ သည်။

အလားတူ ကျောက်တော်မြို တောင်ကုတ် မြို့နှင့် ရသေ့တောင်မြို့တို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသော ခေါင်းဆောင်များကိုလည်း ထောင်သုံးလစီ လွန်ခဲ့သော လက အမိန်ချခဲ့ကြောင်းသိရသည်။

Credit : http://www.yeyintnge.com/2013/10/blog-post_905.html#.UlTHzlMR8YI