Wednesday, September 25, 2013

အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်


Photo: အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်
Wednesday, September 25, 2013

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ် လုပ် သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာ ကို တဖြည်းဖြည်း တွေ့လာ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။

(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ
တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက် ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း
ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့် နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့် လည်း မှတ်ဥာဏ်ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း
ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက် စေနိုင် ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်Óဏ်လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကား အသစ် ကို သင် ယူ လေ့ လာ တာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင် နိုင်စွမ်း ပိုကောင်းလာတာကို သင် သတိ ပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစသည့် ဂိမ်းလေ့လာခြင်း
စကားလုံးတွေကို ဆက်ပြီး ကစား ရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ ကျင့်ပေးပြီး မှတ်ဥာဏ်ထက်မြက်စေပါ တယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ် ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည် Óဏ်သွေးကို ကောင်းမွန်စေပါတယ်။
(၇) အနားယူရန် သင်ယူခြင်း

နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။
ကြယ်စင်

http://myawadynews.blogspot.com/2013/09/blog-post_1642.html

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခုလိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အား သင့်စရာ ကောင်းတယ်ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။


(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ

တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြာ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက်ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာ ကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း

ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ် ဥာဏ်ကောင်းအောင် လေ့ကျင့်နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့်လည်း မှတ်ဥာဏ် ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း

ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက် စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်ဥာဏ် လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကားအသစ်ကို သင်ယူလေ့ လာ တာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်း ပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်ြ မင် နိုင်စွမ်း ပိုကောင်း လာတာကို သင် သတိ ပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစေသည့် ဂိမ်းလေ့လာခြင်း

စကားလုံးတွေကိုဆက်ပြီး ကစားရတဲ့လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးပြီး မှတ်ဥာဏ် ထက်မြက် စေပါတယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ်ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကို ကောင်းမွန်စေပါတယ်။

(၇) အနားယူရန် သင်ယူခြင်း

နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။

ကြယ်စင်

http://myawadynews.blogspot.com/2013/09/blog-post_1642.html

သမ္မတဖြစ်မှ လူထုအကျိုးလုပ်နိုင်မယ့် ဒေါ်စုဟာ သမ္မတမဖြစ်သရွေ့ လူထုအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အသုံးမကျတဲ့ သာမန်လူတစ်ဦးပါပဲ


မနေ့က ကျွန်တော်တို့ စလုံးက မြန်မာတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲတစ်ခုလုပ်ခဲ့ ပါတယ်။ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းရှည် တစ်ခုပြောခဲ့ပါတယ်။ မိန့်ခွန်းအပြီး မှာ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်းတွေအများကြီး မေးခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရ တာ စိတ်အားတော်တော် ထက်သန်နေတာကို သတိထားမိပါတယ်။


ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မ ဟာဝိုင်အီလို နေရာမျိုးမှာနေချင်သလား စဉ်းစားကြည့်တော့ ဟာဝိုင်အီ မှာ မနေချင်ပါဘူး.. မြန်မာနိုင်ငံထဲမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားရုန်းကန်ရတာ.. အတူတူ ဆင်းဆင်းရဲရဲနေ ရတာ ကိုကျေနပ်မှုရှိတယ်” ဆိုပြီး သူမရဲ့သဘောထားကို လူအများကို ထုတ်ပြောခဲ့ပါ တယ်။ လူအများက ဝိုင်းဝန်းသြဘာ လက်ခုပ်တီးပြီး ချီးမြှောက်ခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပိုမိုလေးစား အထင်ကြီးသွားကြပါတယ်။ 

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုကို သံသယတစ်ခုဖြစ်မိပါတယ်။ နိုင်ငံခြားမှာကောင်း စား နေတာကို မနေချင်ပဲ မြန်မာပြည်သူတွေနဲ့အတူ ဆင်းရဲနေရတာ ခံချင်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကို အသက် ၄၀ ကျော်မှ ပြန်လာခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှ မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ကြောင်း မိန့်ခွန်းမပြောခင်မှာလည်း Slide ထိုးပြီး ပြသွားပါတယ်။ ဒါတောင် မိခင် ဒေါ်ခင်ကြည် နေမကောင်းလို့ ပြန်လာတာလို့ ဆိုပါတယ်။ အသက် ၄၃ နှစ် မတိုင်ခင် တောက်လျှောက် နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းပြီး သားနှစ်ယောက်နဲ့အတူ ဥရောပမှာ ပျော်ရွှင် နေသူတစ်ဦးက ပြည်သူတွေနဲ့အတူ လှုပ်ရှားရ တာ.. အတူတူ ဆင်းဆင်း ရဲရဲ နေရတာကို ပိုသဘော ကျတယ် ဆိုတဲ့ စကားလုံးက အပြောနဲ့ အလုပ် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ၄၃ နှစ် မတိုင်ခင်ကရော အခုလို စိတ်ဓာတ်မျိုး မရှိခဲ့ဘူးလား? ဒီစကားမပြောခင်မှာ ကိုယ့်သမိုင်း ကိုယ်ပြန်လည်မသုံးသပ်မိဘူးလား? ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ။                                                                                         

မိန့်ခွန်းအပြီး မေးခွန်းများကိုဖြေကြားရာတွင် ပထမဆုံးမေးခွန်း ကိုဖြေကြားချိန်၌ ဒေါ်အောင်ဆန်း စုကြည်မှ ပြည်ပရောက်နိုင်ငံသားများကို ကာကွယ်ရန်မှာ အစိုးရတစ်ယောက်တည်းမှာသာ တာဝန်ရှိတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ ပြီးမှ ရုတ်တရက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းဖို့ ပြော ဆိုခဲ့ပါတယ်။ ထို့နောက် စိတ်ဓာတ်မကျဖို့နှင့် ဒီမိုကရေစီရမှ ပြည် ပရောက် မြန်မာ များကိုကာ ကွယ်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်သောမေးခွန်းမေးမြန်းချိန်မှာ သူမသမ္မတဖြစ်ဖို့အတွက် မြန်မာနိုင်ငံပြန် လာပြီး ထောက်ခံကြဖို့ ပြောဆိုသွားပါတယ်။

ကျွန်တော်အပါအဝင် စလုံးက မြန်မာအားလုံး အထူးစိတ်ဝင်စားတဲ့မေးခွန်းကတော့“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် စင်္ကာပူက မြန်မာတွေအတွက် ဘာလုပ်ပေးမလဲ”ဆိုတဲ့ မေးခွန်းပါ။ သမ္မတလုပ်မယ် အကြိမ်ကြိမ် ပြောပြီး သမ္မတလုပ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေးကို အသည်းအသန်ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမေးခွန်းကိုဖြေဖို့ အဆင့်သင့်မဖြစ်ခဲ့ပါဘူး။ အမှန်တကယ် ဖြစ်သင့်တာက စလုံးကတင်မကဘူး.. နိုင်ငံခြားရောက် မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးမယ်..၊ အိမ်ပြန်လာဖို့ ဘယ်လိုကူညီမယ်.. ၊ ပြန်ရောက်လာရင် အလုပ်အကိုင် ဘယ်လိုရှာပေး မယ်…ဆိုတဲ့ စကားမျိုးတွေကို စလုံးက မြန်မာတွေအားလုံးက ကြားရလိမ့်မယ် မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဖက်က ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်ကို ဘာမှ မသိထားဘူးဆိုတာ သိသာပါတယ်။ မသိထားတဲ့အတွက် ဘာလုပ်ပေးရမယ်ဆိုတာကိုလည်း မဖြေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မအခဲ့ပါဘူး။ ထုံးစံအတိုင်း အမေးတစ်ခြား အဖြေတစ်ခြား ကွေ့ပတ် ပြီး “သမ္မတ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး ထောက်ပံ့ကြပါ” လို့ပဲ ပြောသွားပါတယ်။ 

အကျဉ်းချုံးရရင် စင်ပေါ်မှာစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိပ်ဖြစ်ချင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိပ်ပြင်ချင်နေတာကို မြင်ရတွေ့ရပါတယ်။ သမ္မတအသည်းအသန်ဖြစ်ချင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သူမရဲ့ အတိတ်ဘဝက ပြုမူခဲ့တာတွေကို မသိကျိုးကျွန်ပြုနေတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါ့အပြင် သူမအနေနဲ့ လူထုအကျိုးအားလုံးကို သမ္မတဖြစ်မှသာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး သမ္မတမဖြစ်ပါက ဘာမှ လုပ်နိုင်တဲ့ အရည်အချင်းမရှိသူ တစ်ဦးဖြစ်ပါတယ်။ သမ္မတဖြစ်မှ လုပ်မယ်ဆိုသည့် အရာအားလုံးအတွက်လည်း မည်သို့မည်ပုံ လုပ်ဆောင်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားတာတစ်ခုမှ မရှိသေးတာကြောင့် အဆင်သင့်လည်း မဖြစ်သေးပြန်ပါဘူး။ 

အရင်တုန်းက မြန်မာနိုင်ငံ ဆင်းရဲတယ်.. မကောင်းဘူး… ဆိုးတယ်.. ဆိုတဲ့ စကားတွေ ကြားတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချထားလို့ဆိုပြီး အတိုက်အခံများကပြောတာ နားထောင်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကသာလွှတ်ပေးပြီး လွတ်လွတ်လပ် လပ်လုပ် ပိုင်ခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံ ကြီးချမ်းသာသွားမယ်… အဆိုးတွေ တစ်ခုမှမရှိပဲ ကောင်း သွားမယ်… နတ်ရေကန်ထဲ ပစ်ချသလို ရုတ်ချည်း ပြောင်းလဲ သွားမယ်လို့ ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်လွှတ်လပ်လပ်လုပ်နေတာ ၃ နှစ်ပြည့် တဲ့အထိ ဘာမှမထူးခြားလာတော့ အတိုက်အခံအင်အားစုတွေက ဘာပြောရမှန်းမသိ ဖြစ်ရပါတယ်။ ခက်ခဲနေချိန် မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆင်ခြေတစ်ခုကို ကိုယ်တိုင်ပေးလိုက်တာပါ။ သူမ သမ္မတ မလုပ်ရလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ သူမ သမ္မတလုပ်ရမှသာ မြန်မာနိုင်ငံ ချမ်းသာလာမယ်… နိုင်ငံရေးတွေ ကောင်းလာ မယ်.. စီးပွားရေးတွေ ကောင်းလာမယ်.. ပညာရေးနဲ့ လူမှုရေးတွေ ကောင်းလာမယ် ဆိုတာပါပဲ။ ဒီတော့ နောက်ဆုံးအဖြေ တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ သမ္မတရာထူးမရရင် တိုင်းပြည်အတွက် ဘာမှအလုပ်အကျွေး မရတော့ဘူးလား... စဉ်းစားစရာတွေကလည်း များလိုက်တာ.....

Credit : http://www.mmdailystar.com/2013/09/blog-post_5099.html

စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ မြင့်မားဟုဆို


ငလျင်, စစ်ကိုင်းပြတ်ရွေ့, သပိတ်ကျင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို ဗဟိုပြုပြီး စက်တင်ဘာလ ၂၀ရက်နေ့ က အင်အား အသင့်အတင့် ရှိသည့် ငလျင် ၃ ကြိမ် ဆက်တိုက် လှုပ်ခတ် သွားခဲ့ရာ ယင်းငလျင်များသည် စစ်ကိုင်း ပြတ်ရွေ့နှင့် ဆက်စပ်နေပြီး နောက်ဆက်တွဲ ငလျင်ကြီး များ လှုပ်ခတ်နိုင်ခြေ ရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။


စက်တင်ဘာလ ၂၀ရက်နေ့၊ ညနေ ၅ နာရီ ၅၈ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ညနေ ၆ နာရီ ၂၃ မိနစ်တွင် သပိတ်ကျင်းမြို့၏ တောင် ဘက် ၅မိုင် ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျစကေး ၅ အဆင့်ရှိ မြေငလျင်ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် သပိတ်ကျင်းမြို့၏ အနောက်မြောက်ဘက် ၄မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး တနေ့တည်း နာရီပိုင်းအတွင်း ငလျင် ၃ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယခု ငလျင် သည် စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ဆက်စပ်နေပြီး နောက်ဆက်တွဲအနေဖြင့် ကြီးမားသည့် ငလျင် များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း ဦးစိုးသူရထွန်းက ရှင်းပြသည်။

“ဒီငလျင်လှုပ်သွားတာက ၂ ပိုင်း ရှိတယ်။ ပထမပိုင်း အနေနဲ့ အရင် သပိတ်ကျင်းမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှု ဆိုရင် စိုးရိမ်စရာ မရှိပေမယ့် မြောက်ဘက်ပိုင်း တကောင်း ဘက်ခြမ်းမှာရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ပိုင်းနဲ့ ဆက်စပ်နေတယ် ဆိုရင်တော့ စိတ်ပူရတယ်” ဟု ဦးစိုးသူရထွန်း က ဆိုသည်။

သပိတ်ကျင်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် ကမ္ဘာအေးစေတီ၊ စိန်ဖူးတော် မြေခ ခြင်း၊ မြို့ဦးတောင်စေတီ ဘုရားကျောင်းဆောင် အက်ကွဲခြင်း၊ အခြေခံပညာ မူလတန်းကျောင်း ၂ ထပ် ကျောင်း ဆောင် မြေထိန်း နံရံများ အက်ကွဲခြင်းများ၊လူနေအိမ်များနှင့် ဌာန ဆိုင်ရာ အဆောက်အုံများ ပျက်စီးခဲ့ကြောင်း ငလျင် ကြောင့် လူအသေ အပျောက်နှင့် ဒဏ်ရာရသူ မရှိခဲ့ကြောင်းသပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

သပိတ်ကျင်းဒေသခံ ကိုထက်မြတ်မင်းက “ခုလှုပ်တဲ့ ငလျင်က မိုးတွင်းကြီး လှုပ်တာဆိုတော့ ရေကြီး တောင်ပြိုမှာ တွေကို ကျနော်တို့က တွေးပြီး ပူနေတာ။ ငလျင်ကြောင့်တောင်တွေပြိုတယ်ဆိုရင် လူတွေ သေနိုင်တယ်။ ရေကလည်း ကြီးနေတယ်လေ။ နောက်ထပ် ငလျင်ကြီးတွေလာမယ်ဆိုရင်တော့ ဒီမြို့တော့ ဘာမှရစရာရှိမှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ပြောသည်။

မြန်မာနိုင်ငံ မြောက်ဖျား ပူတာအိုဒေသမှ တောင်ဘက် အက်ဒမန်ပင်လယ်ထဲအထိ ကီလိုမီတာ ၁၀၀၀ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့သည် ပုံမှန်အားဖြင့် နှစ် ၁၀၀ ၀န်းကျင်တွင် တကြိမ် အင်အား ရစ်ခ်ျတာစကေး ၇ မှ ၇ ဒသမ ၅ အဆင့်ရှိ ပြင်းထန်သည့် ငလျင်ကြီးများ လှုပ်လေ့ရှိကြောင်း၊ စစ်ကိုင်း ပြတ်ရွေ့၏ မြောက်ဘက်ပိုင်းတွင် ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့ သော စစ်ကိုင်း ငလျင်ကြီးကြောင့် လူအသေ အပျောက်များခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင်နှင့် ရွှေဘိုခရိုင်ကို ဗဟို ပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအသေ အပျောက်ရှိခဲ့ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းတွင်မူ ၁၉၃၀ ခုနှစ်က အင်အား ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်များ ထပ်မံ မလှုပ်ခတ်တော့ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်း တောင်ဘက်မှ ရန်ကုန်မြို့ သုံးခွမြို့နယ် အထိ အင်အား ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ဦးစိုးသူရထွန်းက ပြောသည်။

“စစ်ကိုင်းပြတ်ရွေ့မြောက်ပိုင်း စဥ့်ကူး Segmentမှာ ၁၉၅၆ ကလှုပ်ခဲ့တယ်။ သူ့မြောက်ဘက် တကောင်းမှာ ၁၉၉၁ က လှုပ်ခဲ့တယ်။ ကျန်တဲ့အပိုင်း တောင်ဘက်ခြမ်းအားလုံးက ၁၉၃၀ ကနေနောက်ပိုင်းမှာ မလှုပ် တော့ဘူး။ အဲဒီတော့ အားလုံးက နှစ် ၈၀၊ ၉၀ လောက်ရှိနေပြီ။ တောင်ဘက်ဆိုရင် ပဲခူးမှာ ၁၉၃၀ က ပြင်းအား ၇ ဒဿမ ၃ အဆင့်ရှိတဲ့ ငလျှင် လှုပ်ခဲ့ဖူးတယ်။ အဲဒီကတည်းက ထပ်မလှုပ်တော့ဘူး။ အခု အခြေအနေက မန္တလေးမြို့ရဲ့တောင်ဘက် ကနေစပြီး ရန်ကုန်သုံးခွအထိက စိုးရိမ်ရမယ့်အနေအထားမှာ ရှိနေတယ်။ အခုအချိန်မှာ လှုပ်မယ်ဆိုရင် ငလျှင်ပြင်းအားက ၆ ဒဿမ ၈ ထက် ပိုများနိုင်တယ်။ ပြင်းအား ၇ သို့မဟုတ် ၇ ထက်ကြီးနိုင်တယ်။ မန္တလေးရဲ့ တောင်ဘက်ကနေစပြီးတော့ ရန်ကုန်အထိပေါ့´´ ဟု ဦးစိုးသူရထွန်းက ရှင်းပြသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင်နှင့်ရွှေဘိုခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျပျက်စီးသည့် အဆောက် အဦပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၉၂ ဒသမ ၅ သိန်းခန့် ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ငလျင်ဒဏ်ကြောင့် တည်ဆောက်ဆဲ ဧရာဝတီ မြစ်ကူး ရတနာသိင်္ဃ တံတား ပြိုကျပျက်စီးနေစဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/48515

လေပဲရှိတဲ့ ဒေါ်စုပါတီကို စဉ်းစားရန်လို

စဉ်းစားပေါ့ဗျာ.....


ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ပြောတယ်....... NLD ထက်လုပ်ပြနိုင်တဲ့ ပါတီဆိုရင်တော့ လက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ပဲ ချိန်ထိုး စဉ်းစားရမယ်..... ဘာကြောင့်လည်းဆိုတော့ ပါတီတစ်ခုရဲ့ အရည်အချင်းဟာ ပြည်သူလူထုအတွက် ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာပဲ.......... အဲ့ဒိတော့ လက်ရှိ လွှတ်တော်ထဲမှာ အောင်မြင်တာ မအောင်မြင်တာကို ဖယ်ထား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့ ချိန်ထိုးရလိမ့်မယ်.....

ဘာလို့လည်းဆိုတော့ ၂၀၁၅ အလွန် လွှတ်တော်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတွေ ဖြစ်ချင်မှ ဖြစ်တော့မယ်........ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ၊ မဲမခိုးတဲ့ ရွေးကောက်ပွဲဆိုရင် မဲပေးနိုင်တဲ့ မျှခြေဟာ ပြန့်ကျသွားမှာပဲ...... တိုင်းရင်းသား ဒေသတွေမှာ သူတို့ ပါတီကို သူတို့ပေးကြမယ်...... ဒီလိုပဲ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ လူအများစု သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်........

လက်ရှိ လွှတ်တော်မှာ တင်သမျှအဆိုကို ထိုင်ကန့်ကွက်နေတဲ့ တပင်တိုင် မင်းသားတွေလည်း ပြောင်းသွားမှာ ဖြစ်သလို၊ အစိုးရ ဝန်ကြီးတွေလည်း ပြောင်းလဲသွားမှာပဲ...... အဲ့ဒိအခါကြရင် တကယ်အလုပ်လုပ်သူတွေရဲ့ အဆိုဟာ အခုလို ဖြစ်ချင်မှ ဖြစ်လာမယ်...... ဒီအတွက်ကြောင့် လက်ရှိ ဘယ်လောက် အလုပ်လုပ်နေသလဲနဲ့ တိုင်းတာရင်တော့ ဦးသိန်းညွန့်ရှိမယ်၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေရှိမယ်...... ဒါမိုင်ကုန်ပဲ...... ကျန်တဲ့ NLD အမတ် အများစုကတော့ မျက်နှာကြည့်ပီး နေရတဲ့ဘဝနဲ့ ပြည်သူ့ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတဲ့ လွှတ်တော်ရဲ့ ခြေထိုးတဲ့ မိုဘိုင်းဖုန်း အော်ပရေတာ ကိစ္စမှာပဲ ကန့်ကွက်မဲ မရှိတာကို ကြည့်ရင် NLD အမတ်တွေရဲ့ ရပ်တည်မှုကို သိနိုင်တယ်......

အမှန်အတိုင်း ဝေဖန်ရရင် ဦးသိန်းညွန့်ဟာ ဒေါ်စုလောက် အရှိန်အဝါမရှိပေမယ့် ကြိုးစားနေတယ်..... သူတင်တဲ့ အဆိုတွေ အကုန်မအောင်မြင်ပေမယ့် တစ်ချို့ဟာတွေ လွှတ်တော်မှာ မှတ်တမ်းတင်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်...... ဦးသိန်းညွန့်လို လူတွေ

လွှတ်တော်မှာ ရှိခြင်းအားဖြင့် အိပ်ငိုက်နေတဲ့ လွှတ်တော်အမတ်တွေနေရာမှာ လွှတ်တော်အမတ်ဆိုတာ ဘယ်လိုလုပ်ရတယ်ကွ ဆိုတာကို ပြနေတဲ့ သင်္ကေတ တစ်ခုလို့ မြင်လာတယ်...... သူ့အဆိုတွေ မအောင်မြင်တာကတော့ နောက်ကွယ်က ထောက်ခံမယ့် လူတွေနဲ့ ဆိုင်မယ်.......

အဓိက အများစု မေးခွန်းထုတ်လာကြတာက ဦးသိန်းညွန့်လို သာမန်လူတောင် ဒီလိုလုပ်နေချိန်မှာ လွှတ်တော် အမတ် ၄၄ ယောက်တောင် လွှတ်တော်ထဲကို ဝင်သွားတဲ့ ပါတီကြီးကလူတွေ ဘာလို့ ငြိမ်နေလဲ ဆိုတာပဲဗျ..... အပေါ်က

ခက်တာက NLD က အမတ်တွေ လွှတ်တော်ထဲ ဝင်သွားပေမယ့် ပြောပလောက်အောင် ခိုင်မာတဲ့ အရွေ့တစ်ခု မဖန်တိးနိုင်ဘူး....... သာမာန် လွှတ်တော်အမတ်တွေမို့လို့ မဖန်တီးနိုင်ရင် နိုင်ငံတကာက သိတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ဖန်တီးမှု အရွေ့ ဆိုရအောင်ကလည်း မယ်မယ်ရရ မရှိ..... အဲ့ဒါကို ထောက်ပြတိုင်းမှာ ဆက်ဆက်ခါ နာကြတယ်........

ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေဟာ ခက်ခဲနေတဲ့အချိန်မှာ ရနိုင်သလောက် Space ကို ချဲ့ယူပြီး ကြိုးစားနေတဲ့လူတွေလို့ပဲ မြင်တယ်...... ကျန်တာ အကုန်ကောင်းလာမှ၊ ငါတို့တင်သမျှ အဆိုကို ထောက်ခံသူတွေ များလာမှ၊ အဆင်ပြေမှ အဆိုတင်မယ် လုပ်မယ်ဆိုတဲ့ လွှတ်တော် အမတ်တွေကိုတော့ အချောင်သမား စိတ်ဓါတ်နဲ့နေကြတဲ့ လွှတ်တော်အမတ်တွေလို့ပဲ ဆိုရမယ်...... လက်ရှိ အွန်လိုင်း လော်ဘီတွေအရလည်း အဲ့ဒိလို လွှတ်တော်အမတ်တွေဟာ ဘယ်ပါတီကလည်း ဆိုတာ အများဆုံး သိနိုင်တယ်..... ဝေးဝေးပြေးကြည့်ဖို့ မလိုဘူး NLD ပဲ.......

ဘာကြောင့် ဒါကို ထောက်ပြနေသလဲ မေးရင် လွှတ်တော် တစ်ရက် ကျင်းပတဲ့ ကုန်ကျစားရိတ်ဟာ သိန်း ၃၀ အထက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ဘူးတယ်..... ဒီအတွက် လွှတ်တော် ကျင်းပတဲ့ ရက်တွေ အသက်ဝင်ဝင်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိတာတွေ လုပ်စေဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းရမှာပဲ...... နောက်မို့ဆိုရင် ဒီ ပိုက်ဆံ သိန်း ၃၀ ဟာ မြန်မာနိုင်ငံက မရှိဆင်းရဲ မပြည့်စုံတဲ့ ကျောင်းတွေကို ဖြည့်ဆည်းဆောက်ပေးနေရင်တောင် အခုလောက်ဆို တော်တော်လေးကို ခရီးရောက်နေပီ ဆိုတာပဲ...... ဒါကို ထောက်ပြသူ နည်းကြတယ် ဘာကြောင့်လည်းဆိုတော့ ဒေါင်းမိခင်နဲ့ ဖွတ်ဖခင်တို့ ပြေလည်နေသလို၊ စာနယ်ဇင်း အများစုကလည်း ဖွတ်ဥက္ကဌကို လက်ရှောင်နေကြတယ်......

အခုလက်ရှိ ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ဆိုတယ်...... ဒါပေမယ့် NLD ပါတီရဲ့ အရည်အချင်း ဆိုတာနဲ့ တိုင်းတာရင်က လူကြိုက်များတာကို ဖယ်ထား၊ ဒေါ်စုရှိတာကို ဖယ်ထားရင် NLD ဆိုတာ ဘာဖြစ်မလဲ အထူးတလည်ကို ပြောစရာမရှိတာ...... အမြောက်တပ်သားတွေနဲ့ တကယ်လုပ်သူတွေနဲ့ တစ်ချိန်းချိန်း ရန်စောင်နေတဲ့ ပါတီရဲ့ ပကတိ ဖြစ်ရပ်မှန်ဟာ ဒီလှိုင်း သိန်း ၁၈၀၀ ကွာတာမှာ ထွက်လာတယ်...... ဒီတော့ ပွင့်ပွင့်လင်းလင်း ဆိုရရင် NLD ဆိုတာ ဒေါ်စုအရှိန်ကြောင့်ဆိုတာ ငြင်းမရဘူး..... ဒီအတွက် ပပဝတီကြောင့် ခုနှစ်ဆောင်တိုက်ခန်း မီးလင်းတာကို မီးလာနေလို့ မီးလင်းတယ် ထင်နေတဲ့နောက်တော့ ဘယ်တော့မှ အဖြေမှန်ရမှာ မဟုတ်ဘူး......

အခုလက်ရှိက အဲ့ဒါကို မြင်အောင် ထောက်ပြနေတာ...... NLD လောက်အရည်အချင်းရှိတဲ့ ပါတီဆိုရင် NLD ဘယ်လော်က အရည်အချင်းရှိလဲ မေးလိုက်တာနဲ့ မဖြေနိုင်ကြဘူး..... လူထုထောက်ခံတာကို အရည်အချင်းလို့ မြင်ကြရင် ဒေါ်စုမရှိတဲ့နောက် NLD ဆိုတာကိုပါ

မေးထားတယ်.....မဖြေနိုင်ကြဘူး..... ကိုယ်တိုင်က မဖြေနိုင်ပေမယ့် တစ်ခါတည်းတော့ သမုတ်လိုက်တယ် မုဒိတာ မရှိတဲ့စာတဲ့...... အဲ့ဒိမှာတင် ကိုယ့်ဟာကိုယ် တရားနည်းလမ်းကျသလား မကျသလား ဆိုတာကို စဉ်စားမကြည့်နိုင်တော့ဘူး.... ဒီလောက် ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝမပါတဲ့ သုံးသပ်ပြထားတဲ့အပေါ် အမှန်ကို လက်မခံနိုင်ကြတော့ ထုံးစံအတိုင်း ဒီမိုနာမည်ခံတွေရဲ့ တံဆိပ်ကပ် ဖင်ပိတ်ငြင်းတာနဲ့၊ ယောက်ျားကြီးတန်မဲ့ ကွယ်ရာ အတင်းတုတ်ကြတာနဲ့ပဲ အဆုံးသတ်ကြတယ်.......

နောက်တစ်ခု NLD ရဲ့ အခုအချိန်ထိ အားနည်းချက်ဟာ လူထုရဲ့ ယုံကြည်မှုကို ကိုးစားလွန်ပီး တကယ့်အရေးကြီးတဲ့ ကိစ္စတွေမှာ Plan B ဆိုတာ မရှိခဲ့ဘူး..... ၉၀ ရွေးကောက်ပွဲမှာ အာဏာလွှဲမပေးရင် ဘာလုပ်မလဲ Plan B မစဉ်းစားခဲ့ဘူး..... ရွေးကောက်ပွဲအပြီး တစ်လကျော် ကြာတဲ့အထိ ငုတ်တုတ်နေခဲ့ပြီး ဟိုဘက်က ချည်ပြီတုတ်ပီးမှ ကမန်းမတန်းထလို့ ဂန္ဓီကြေငြာစာတန်း ထုတ်ခဲ့တယ်...... ဒီလိုပဲ အစဉ်အဆက် ဒေါ်စုမရှိရင် ဘာဆက်လုပ်မလဲ မစဉ်းစားခဲ့ဘူး.... ပါတီခေါင်းဆောင်တွေ စစ်အစိုးရက ထောင်ထဲထည့်ပီး ပါတီကို နိုင်ငံမှာ အတိုက်အခံရှိတယ် ဆိုတဲ့သဘောလောက် ထားခဲ့တာလည်း အမှတ်သညာ မရှိခဲ့ဘူး......

ဘာကြေငြာစာတန်း၊ ညာကြေငြာစာတန်း၊ အပြင်ကို မထုတ်ပြန်ခင်မယ် ထောက်လှမ်းရေးကနေ ဒီစာတန်းပါ ဒီအချက်တွေကို ကျုပ်တို့ မကြိုက်ဘူး ပြင်ပါဆိုပီး လှမ်းပြောလို့ ပြင်ခဲ့ရတဲ့အထိ အတော်လေးကို အားနည်းခဲ့တာကိုလည်း ငြင်းမရဘူး...... အဲ့ဒိလိုပဲ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ Plan B လည်းလုံးလုံးကို မရှိကြဘူး....... ဒီလောက် ဒေါ်စု သွားလာနေတယ် သူမ ပင်ပန်းလို့ မတော် ကျန်းမာရေးကြောင့် ပါတီကို ဦးမဆောင်နိုင်ရင် ဘယ်လိုလမ်းစဉ်တွေနဲ့ ရှေ့ဆက်မလဲ လုံးဝကို မရှိသေးဘူး...... ဒေါ်စုကိုယ်တိုင် ပြောထားတဲ့ စကားကလည်း သူမနောက်ပိုင်း NLD အတွက် စဉ်းစားကို မထားသေးဘူး ဆိုတဲ့စကား...... ဒီအားနည်းချက်တွေကို မမြင်ပဲ NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါ ဆိုတဲ့စကားဟာ အတော်လေး မိုက်မဲတယ်ပဲ ဆိုရမယ်..... လက်ရှိ အရှိကို မမြင်တာလို့ပဲ မြင်မိတယ်......

အဓိက တိုင်းပြည်ကို အားလုံး ကောင်းစေချင်တယ်..... အဲ့ဒိအတွက် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်ဖို့လိုတယ်..... အဓိက အတိုက်အခံအနေနဲ့ လူသိနေတဲ့ ကမ္ဘာသိတဲ့ NLD အနေနဲ့ အခြားသော နိုင်ငံရေး ပါတီတွေထက်ကို ကြိုးစားပြဖို့လိုတယ်..... ကိုယ်ကိုယ်တိုင်က ကြိုးစားမပြပဲ မဏ္ဍပ်တိုင်ပေါ်ပဲ တက်ပြနေရင်တော့ ၂၀၁၅ မှာ ထင်သေလာက် ရလာဘ်မကောင်းရင် ဆက်ပီးနာမှာ ပြည်သူလူထုပဲ...... အဲ့ဒိအခါကြမှ အခုလို ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုးဟာ အတော်လေးကို ရွံ့စရာကောင်းတဲ့ တာဝန်ယူမှုပဲ ဆိုတာ သိကြပါစေလို့ပဲ ပြောချင်မိတယ်........

ဒီစာနဲ့ ပါတ်သက်လို့ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်သူ အားလုံးကို ကြိုဆိုတယ်၊ တစ်ယူသန် ငါသိတာ အမှန်ဆိုပီး ပြန်ထောက်ပြတဲ့ စကားတွေကို ဂရုမစိုကသူမျိုးကို သိပ်ပီး လက်ခံ စကားမပြေဘူး..... ဆဲချင်လည်းဆဲ..... ဘာဆိုတာ အထူးတလည် ပြောဖို့ မရှိဘူး.......

မှတ်ချက် ။ ။ NLD နဲ့ ပါတ်သက်လို့ ဝေဖန်တိုင်းမှာ ဒီလိုစာ ထည့်ရေးနေရတဲ့နောက်တော့ ခင်ဗျားတို့ အဆင့်အတန်း ခင်ဗျားတို့ စဉ်းစားကြပေါ့........

ဒီမှာ ပြောကြတဲ့ စကားတွေအပေါ် အခြေခံပြီး ရေးပါတယ်.......

မန္တလေးတိုင်းဝန်ကြီးချုပ်၏ မြို့ပြစီမံကိန်းများ ဥပဒေနှင့် မညီဟုဆို


ဦးရဲမြင့်, မန္တလေး, တိုင်းဒေသကြီးလွှတ်တော်

မန္တလေးတိုင်းဒေသကြီး အစိုးရက ဖော်ဆောင် နေ သည့် မြို့ပြ စီမံကိန်းများသည် မန္တလေးတိုင်း ဒေသ ကြီး လွှတ်တော်သို့ မတင်ပြဘဲ တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်တဦးတည်း၏ သဘောဆန္ဒဖြင့် လုပ်ဆောင် နေသောကြောင့် ဥပဒေနှင့် မညီညွတ် သဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူပြီးမှသာ စီမံကိန်း များ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


စက်တင်ဘာလ ၂၀ ရက်နေ့ ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီး အစိုးရ လက်အောက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်း၊ မင်္ဂလာမန္တလေး စီမံကိန်း၊ မွေးမြူရေးလုပ်ငန်း စက်ကိရိယာ များ အတွက် သုံးစွဲမည့် ရန်ပုံငွေ ၊ Mandalay City Convention Center (MCCC)၏ ရန်ပုံငွေ များအတွက် ဟုဆိုကာ ကျပ်သန်းပေါင်း ၁၁၀၀ ကျော်ကို ထုတ်ယူထားကြောင်း၊ သို့ရာတွင် ယင်းစီမံကိန်းများတွင် အကောင်ထည် မဖော်နိုင်ခဲ့ဘဲ တောင်းခံခဲ့သည့် ငွေကြေးများကို အခြား နေရာများတွင် လွှဲပြောင်း အသုံးပြုခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး အစိုးရသည် စီမံကိန်း များကို လုပ်ဆောင်ရန် အတွက်သာ လွှတ်တော်သို့ ဘတ်ဂျက်တောင်းခံပြီး အကောင်ထည်ဖော်မည့် အခြေ အနေများကို မတင်ပြသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၊ ဥပဒေကြမ်း ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောသည်။

မန္တလေး တိုင်းဒေသကြီးအစိုးရ အနေဖြင့် စီမံကိန်းသစ်များ ဖော်ဆောင်ရာတွင် လွဲချော်မှုများ ဖြစ်ပေါ် နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၁အရ တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးဖြတ် ကို ရယူ ဆောင်ရွက်ရမည် ဖြစ်ပြီး အကောင် အထည်ဖော်မည့် စီမံကိန်းများကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းဝေးတွင် တင်ပြရမည်ဟု လွှတ်တော်က တရားဝင် ညွှန်ကြားလိုက်ကြောင်း သိရှိရ သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက“ မန္တလေးတိုင်း ဒေသကြီး အစိုးရကိုလည်း အပြစ်တင်လို့မရပါဘူး။ အရင်တုန်းက မသိလို့၊ သဘောတရားကို နားမလည်သေးလို့ လုပ်ခဲ့တာပဲ။ မှားတယ်လို့ပြောလို့မရဘူး။ အခု ပြည်သူ့ကိုယ်စားလှယ်တွေဗဟိုပြုပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်တာ ကောင်းပါတယ်။ ပြည်သူ့ဆန္ဒအောင်မြင်တာပေါ့´´ဟု ဧရာဝတီသို့ပြောဆိုသည်။

မန္တလေးမြို့တော်တွင် တိုင်းဒေသကြီး အစိုးရက အကောင်အထည် ဖော်နေသည့် မြို့ပြ စီမံကိန်း အများအပြားရှိပြီး ယင်းစီမံကိန်း ဧရိယာဝန်းကျင်ရှိ မြေကွက်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက် ရှိကြောင်း၊ ထို့ပြင် စီမံကိန်းဝန်းကျင် မြေကွက်များကို တိုင်းဒေသကြီးအစိုးရ၏ အစီအမံဖြင့် သိမ်းဆည်းမှုများနှင့် ၀ယ်ယူခြင်းများ ရှိနေသည့်အတွက် ဒေသခံတချို့ မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အကောင်ထည်ဖော်နေသည် မြို့ပြသစ်စီမံကိန်းများမှာလည်း မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေပြီး တိုင်းဒေသကြီးအစိုးရက ဖော်ဆောင်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင်လည်း ဆုံးရှုံးနစ်နာမှုများရှိနေသည့် မြေပိုင်ဆိုင်သူများက ကန့်ကွက်မှုများ ရှိနေကြောင်း သိရှိရ သည်။

မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် ယခင် စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Credit : http://burma.irrawaddy.org/archives/48486

သေချာပြီလား ဒေါ်အောင်ဆန်းစုကြည်

NLD လို အရည်အချင်းရှိတဲ့ ပါတီရှိရင် ပြပါ ဆိုတဲ့  သတင်း ကို ဒီနေ့ ဖတ်လိုက် ရပါတယ်။ ဖတ်လိုက် ပြီးတာနဲ့ အတူ မေးခွန်းတွေလဲ ခေါင်းထဲမှာ တန်းစီ ၀င်လာတယ်။NLD အနေနဲ့အရည်အချင်းဆိုတာ ဘာနဲ့ တိုင်းတာသလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။


လူများတာကိုအရည်အချင်းလို့ဆိုချင်တာလား ဘာကိုဆိုလိုချင်တာလဲသဲသဲကွဲကွဲမရှိ။ လူများတာကို အရည်အချင်းရှိတာကို ပြောတာဆိုရင်တော့ စောဒကတက်စရာမရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကာလ တုန်းကတော့မ၀င်ဘူး၊ မဲမပေးကြဖို့ တဂျီဂျီတောင်းဆိုခဲ့ပေမယ့် နောက်တော့လည်း အစိုးရရဲ့ ဖောက်ခဲ့တဲ့ လမ်းကို အသာလေးမှေး လိုက်ခဲ့ရတာပဲမဟုတ်ပါလား။

နိုင်ငံရေးအရ သူများတွေဖောက်ခဲ့တဲ့လမ်းကို လိုက်လာခဲ့တဲ့၂၀၁၂ NLD ဆိုရင်တော့ ပြောစရာတွေက အများကြီးရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ကြီးလာလို့လားမသိဘူး တခါတခါ နဲနဲ ချော်လာတာတွေ့ရတယ်။ လွှတ်တော်ထဲမှာ ကြားဖြတ်၄၄ယောက်က တိုင်းပြည်အတွက် ဘာအရေးပါတဲ့ အဆိုတွေ မေးခွန်းတွေ လုပ်နိုင်ခဲ့ပြီလဲ အောက်ခြေလူထုရဲ့ အခက်အခဲတွေကို ဘယ်လောက် အကျိုးပြုနိုင် ခဲ့သလဲမိမိတို့ရဲ့မဲဆန္ဒနယ်လူထုနဲ့ ဘယ်လောက်ထိတွေ့ပြီးပြီလဲ နိုင်ငံတော်ရဲ့ ရှေ့ရေးအတွက် မိမိတို့ ဒီမိုကရေစီအင်အားစုတွေကို စုစည်းညီညွတ်မှုရအောင် ဘယ်လောက်လုပ်ပြီးပြီလဲ သင်တန်းတွေ နိုင်ငံခြား ခရီးစဉ်တွေပွဲလမ်းသဘင်တွေနဲ့ပဲအချိန်တွေကုန်ခဲ့တာမဟုတ်ဘူးလား။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ဘယ်လို ဆောင်ရွက်နေသလဲ ၊ ဆောင်ရွက်ပြီးပြီလဲ။ ပြီးတော့ တရားဥပဒေ စိုးမိုးရေး ဥက္ကဌလည်း ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေမှာ ဘယ် အတိုင်းအတာထိ ဆောင်ရွက်ပြီးပြီလဲ။ မိတ္ထီလာအရေး၊ မောင်တောအရေးတွေမှာရော ဘာတစ်ခုမှ ၀င်ရောက်ပြောဆို ဆောင်ရွက်ပေးခြင်းမရှိခဲ့တာတွေရော ပြည်သူတွေ မေ့ သွားပြီလို့များ ထင်လို့ပါလား။

လူမများပေမယ့် လူထုကိုအကျိုးပြုနေတဲ့ ပါတီတွေရှိတယ် လွှတ်တော်ထဲမှာ ဒီမိုကရေစီဘောင်ကို ရသလောက်ချဲ့ဖို့ ကြိုးစားနေတဲ့ လူထုအသံကိုထင်ဟပ်အောင် လုပ်ဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိတယ် နိုင်ငံရေးမှာသေချာနေပြီလို့ ထင်ထားရင် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ထဲ ပါနေပြီဖြစ်လို့ တိုင်းပြည်ရဲ့အနာဂါတ်အတွက် ရင်လေးတယ်လို့ပြောပါရစေ ဒေါ်အောင်ဆန်းစုကြည်။

ဒေါက်တာဆိတ်ဘွား
photo:irrawaddy

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားရေးဘက်ကနိုင်မလား၊ နိုင်ငံတကာအရေးဘက်ကနိုင်မလား



ကမ္ဘာ့ငွေကြေး စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ စည်းမျဉ်းတွေ၊ ပြဋ္ဌာန်းချက်တွေ လိုက်နာ ကြပြီး အလိမ္မာကလေး လုပ်နေခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်း Black List ကိုလည်း မဖျက်ပေးဘူး။ စီးပွားရေး ပိတ်ဆို့မှု Sanction ဆိုတာ ကြီးလဲ ရုပ်သိမ်း မပေးဘူး။ ဒီကြားထဲ သူ့ဆီက တုံပြန်မှုရစရာမရှိတဲ့ အထွေထွေ ဦးစားပေးစနစ် General Preference System – GPS ကို မျှော်လိုမျှော်… တောင်းလိုတောင်း လုပ်နေသေးတာတွေ တွေ့ရ တယ်။


ဈေးကြီးသော အလဲအလှယ်

ဒီကြားထဲ နော်ဝေတို့၊ ဆွစ်ဇာလန်တို့မှာ ဒေါ်လာ ၁၁ ဘီလီယံတောင် သွားထားတာ တွေ့ရတယ် ဆိုတဲ့သတင်းကို အလွန်မရေမရာနိုင်တဲ့ အင်တာနက်သတင်းမှာ ဖော်ပြတာတွေ့ရပြန်တယ်။ ကျွန်တော်ကတော့ သမ္မတတို့၊ နာယကတို့ အမေရိကန်ပြည်ထောင်စု သွားပြီးတဲ့ နောက် တရုတ် ဘက် အခေါက်ခေါက် ပြန်လှည့်သွားတဲ့ အချိန်မှာပဲ နောက်ဆုံး သုံးသပ်ချက် ချထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ရှင်ရုပ်ဖို့၊ ဘလက်လစ်ဖျက်ဖို့ ဆိုတာ သူတို့လူ၊ သူတို့လူမျိုး ဘာသာမနွှယ်ရင်တောင် သူတို့ကို အထင်ကြီးပြီး နောက်က တကောက် ကောက် လိုက်တောင်း ရမ်းပြီး ခိုင်းတာလုပ်၊ အရိုးအရင်း ချကျွေးသမျှ ကျေးဇူးတွေ တင်နေ မယ့် အုပ်စုတွေလက်ထဲ အာဏာမရောက်သရွေ့ “ဆောရီးပဲ” ဆိုတဲ့ သဘောထားတဲ့ အကြောင်းပါပဲ။

ကျွန်တော့်မှာ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အနောက်က ဘာလက်မှတ်တိုရှည်မှ မရှိပါဘူး။ လိုက်လဲ မတက် မယူပါဘူး။ လူပျိုပေါက်အရွယ်ကတည်းက ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံ ချမ်းသာ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူဖို့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ သင်္ချာ တွဲကို အလယ်တန်းအောင်လို့ အထက်တန်းရောက်တာနဲ့ ယူခဲ့တာနဲ့ လုံလောက်ပြီလို့ ထင်ပါ တယ်။ (စီးပွားရေးပညာနိုဗယ်ဆုရှင် များ အမှာစာ/ မိုးမြင့်ကြယ်စာပေ) ရန်ကုန် စီးပွားရေး တက္ကသိုလ်က အောင်တော့လည်း Q1 ရပေ မယ့် လက်တွေ့ဘက်ကို လိုက်တဲ့အနေနဲ့ စီမံကိန်း ဌာနကိုသာ သွားရောက်ခဲ့ပါတယ်။ ကျူတာ ကိုးယောက်ခေါ်တာ ခုနှစ် ယောက်ပဲလျှောက်တဲ့ ၁၉၇၂ ပါ။

တစ်လောက Trade Time ဂျာနယ်မှာ ပါမောက္ခဆရာမကြီး ဒေါ်လှမြင့်က ကျောင်းစာသာ သင်နေတာ လက်တွေ့မရှိဘူးလို့ ဝန်ခံထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၉၈၂ လောက်က စပြီး ကိုယ်ပိုင် စီးပွားရေးလိုင်းကို ပြောင်းဖြစ်ခဲ့တာ ရန်ကုန်မြို့လယ်မှာ ရွှေဆိုင် နှစ်ဆိုင်၊ ပို့ကုန် သွင်းကုန် ကုမ္ပဏီ ၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေအထိ ချဲ့ထွင်နိုင်ခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ် လယ် မှာ နိုင်ငံရေး နဲ့ ထောင်ကျသွားတဲ့အထိပါ။

စီးပွားရေး အကြောင်းဖန်

ဆိုလိုချင်တာက ဒီနေ့ နိုင်ငံရေး၊ စီးပွားရေးမှာ ကျွန်တော်ဟာ သီအိုရီအခြေခံပေါ် မူတည်ပြီး လက်တွေ့ကဲတဲ့ အမြင်ရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်ဆိုတဲ့ သဘောပါ။ ဒီမိုကရေစီ ရဲ့ ပျော့ကွက်ဟာ ဟိုက ဒီက ဟိုဟာ ပြဋ္ဌာန်း….ဒီဟာပြဋ္ဌာန်းနဲ့ အလွန် အန္တရယ်ကြီးပါတယ်။ ဗိုလ်ချုပ် ပြော သလို နိုင်ငံမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီကြားထဲ အများဆုံး တွေ့ရတတ်တာကတော့ ဝတ်လုံ မောင်သောင်းဖေလို အနောက်ကို တစ်ဖက်သတ် အထင်ကြီးလွန်းတာမျိုးပါပဲ။ ဒီမှာ ကိုယ့်အမျိုးသားရေးကို အပြစ်တင်တဲ့ နိုင်ငံတကာရောဂါ ဝင်လာတာပါပဲ။

အရာရာရဲ့ အကြောင်းတရား အများစုဟာ စီးပွားရေး အကြောင်းခံ၊ အကြောင်းဖန်ပါပဲလို့ ၁၉၉၀ ပြည့်နှစ် များလောက်က ကမ္ဘာမှာ ခေတ်စားတဲ့ Freakonomics တို့၊ Undercover Economist တို့၊ ၁၉ ရာစုနှောင်းက Conspicious Consumption ( အထက်လွှာ လူပေါ်ကြော့နဲ့ ဆင်းရဲဇာတာပါ အောက်လွှာ လို့ မိုးလစဉ်ဂျာနယ်မှာ ၂၀၀၅ လောက်က ကျွန်တော်ပြန်ဆိုတင်ဆက်ဖူးပါတယ်) ဆိုတဲ့ စာအုပ်တွေမှာ တွေ့ရမှာပါ။

ကွန်မြူနစ်တွေ တောထဲကပြန်ရောက်ရင် ပထမဆုံးသွားတဲ့နေရာက အမေရိကန် ပြန်ကြားရေး ဌာနပါပဲလို့ ကျွန်တော်သီအိုရီထုတ်ထားဖူးပါတယ်။ အခုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလုပ်တော့မယ် ဆိုတော့ စနစ်ဟောင်းက လူတွေရော၊ ဒီမိုကရေစီ တိုက်ပွဲဝင်သမ္ဘာ ဆိုသူတွေရော၊ အယောင်ဆောင် သူရဲကောင်းခေါင်းဆောင်တွေရော အဲဒီမှာ သင်တန်းတွေ တက်ကြ၊ အလှူခံအဆက် အသွယ် တွေရှာကြနဲ့ ရှိနေခဲ့ပါတယ်။

လက်တွေ့စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေမှာ ဘာမှ အလကားမရပါဘူး။ အပေးအယူ အခြေခံတာချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကင်တားနားကို ထိရင် မချိအောင် နာတယ်တို့၊ သားက အမေရိကားမှာ၊ သမီးက အော်စီမှာ အားလုံး အိမ်ထောင်ကျပြီး …. ဘာသာလူမျိုး ခွဲစရာ မလိုဘူးတို့၊ ငါးစာမြင်တယ် ငါးမျှားချိတ် မမြင်ဘူးတို့ ဖြစ်လာရပါတယ်။

အလုပ်လုပ်စရာတွေ အများကြီးရှိပြီး လုပ်ဖို့က အချိန်လည်း ကျန်နေသေးပေမယ့် ၂၀၁၅ အကြောင်း အပြောများနေတာရယ်၊ မိတ္ထီလာအမတ်ကိစ္စ ရန်ကုန်တိုင်းမ်နေ့စဉ်မှာ ဆောင်းပါး ရှင် တစ်ယောက် ရေးတာ ဖတ်ရတာရယ်၊…လဲ..ဒါပဲ။ မင်းကိုနိုင်လဲဒါပဲဆိုတဲ့ မဲပြာပုဆိုး အဆင့်ကမတက်တဲ့ နှစ်ဖက်မြန်မာ့နိုင်ငံရေး အလားအလာ ထူးမခြားနား ဖြစ်နေတာတွေ ရယ်ကြောင့် ရေးမိခြင်း ဖြစ်ကြောင်းပါ။ တစ်ဖက်မှာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်၊ မျိုးစောင့် ဆိုတဲ့ စကားလုံးက တစ်မျိုးကြီးပဲ ဆိုတာမျိုးတွေကြောင့်လည်း ပါကြောင်း ပါဗျာ…..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သတင်းစာတစ်စောင်က သတင်းထောက်ကလေး တစ်ယောက်က ဖုန်းဆက်ပြီး အင်တာဗျူးလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ဟာအဓိက မေးခွန်း Main Issue ဖြစ် လာနိုင်သလဲ ဆိုတာပါပဲ။ ကျွန်တော်ကတော့ အမျိုးသားရေးနဲ့ နိုင်ငံတကာ အရေး လွန်ဆွဲ ပွဲဟာ ပြင်းထန်တဲ့ အငြင်းအခုန် Heated Debate ဖြစ်လာနိုင်မယ်လို့ ထင်မြင်ကြောင်း ဖြေခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး (အမျိုးသားရေး)ဘက် က နိုင်မလား။ သူတို့ ကို ခေတ်နောက်ကျသူတွေ၊ အမြင်မကျယ်သူတွေအဖြစ် စွပ်စွဲမယ့် အချောင်သမားတွေ ဘက်ကနိုင်မ လားဆိုတဲ့ပွဲပါ။

ဦးကြည်မြင့် (လသာ)
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ 

သစ်စက်လှေနှင့် ဆိုင်ကယ်ကယ်ရီများကြောင့် KIO အဖွဲ့ ၀င်ငွေ အမြောက်အများရရှိနေ



ကချင်ပြည်နယ် မန်စီမြိုနယ် မံရွတ်ကျေးရွာနှင့် ဟန်ထက်ကျေးရွာဝန်းကျင်တစ်ဝိုက်မှ ထွက်ရှိသော ကျွန်း၊ တမလန်းသစ်ခွဲသား များအား စက်တင်ဘာ ၂၃ ရက်နေ့အထိ စက်လှေ၊ ဆိုင်ကယ်များဖြင့် သယ်ဆောင်လျက်ရှိရာ အခွန်ငွေများ ကောက်ခံ ခြင်းဖြင့် KIO အဖွဲ့ ၀င်ငွေအမြောက်အများး ရရှိ နေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။


``ဒီမံရွတ်နဲ့ ဟန်ထက်ကျေးရွာ တစ်ဝိုက်မှာ ကျွန်းနဲ့ တမလန်းသစ်တွေ ခုတ်ထားတာရှိပါတယ်။ စက်လှေတွေ နဲ့ နန့်ကျရီချောင်းအတိုင်း သယ်နေကြတာပဲ၊ တစ်ပတ်ကို အနည်းဆုံး လေးငါးခေါက်တော့ သယ်ကြတယ်´´ ဟု မံရွတ်ရွာသားတစ်ဦးက ပြောပြပါသည်။

၎င်းသစ်စက်လှေများသည် မိုးမောက်မြို့နယ် မံပုံကျေးရွာ လယ်ကွင်းအစပ်တွင် ညအချိန်ဝင်ရောက်၍ သစ်များကို စုပုံပေးရကြောင်း၊ ၎င်းလယ်ကွင်းမှတစ်ဆင့် ဆိုင်ကယ်ကယ်ရီများနှင့် တစ်နိုင်သယ်ကာ နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံး သို့ ပို့ဆောင်ပေးကြရကြောင်း သိရသည်။

``ဆိုင်ကယ် ၁ စီးမှာ ၅ လက်မပတ်လည် အရှည် ၃ ပေနဲ့ ၄ ပေကြား သစ်ချောင်း ၁၅ ချောင်းလောက် တင်ကြတယ်၊ သယ်တဲ့နေ့တွေမှာဆိုရင် ဆိုင်ကယ်အစီး ၂၀ ကနေ ၃၀ လောက်ထိရှိတယ်´´ ဟု မံပုံရွာ သားတစ်ဦး က ပြောပြခဲ့သည်။

နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံးသို့ စက်လှေ ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးလျှင် ၅၀၀၀ ကျပ်ပေးဆောင် ရပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်မဖမ်းဆီးနိုင်ရန် ယင်းရုံးရှိ KIO အဖွဲ့များက အရပ်ဝတ်များဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သစ်သယ်ယူနေမှုများနှင့်ပတ်သက်၍ မိုးမောက်မြို့ခံ သစ်တောဝန်ထမ်းတစ်ဦးကတော့ ``ကိုယ့် ဒေသမှာ ထွက်တဲ့သစ် ကိုယ်ရောင်းစားမယ်ဆိုပြီး ဒေသခံတွေက စက်လှေတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်နေကြတယ်၊ ပြီးတော့ KIO ကို အခွန်ပေးရတယ်။ နယ်မြေမအေးချမ်းတဲ့ ဒေသမို့လို့ တရားဝင်တာ မ၀င်တာတွေ မပြောလို ပါဘူး။ ဒါပေမယ့် အခုလိုသာ ဆက်တိုက်သစ်တွေ ခုတ်ပြီး ရောင်းစားနေ ရင်တော့ နောင်ဆယ်စုနှစ်တစ်ခုမတိုင်ခင် ဒီဒေသမှာ သစ်တောတွေ ပြုန်းသွားလိမ့်မယ်၊ အခု လောလောဆယ် မှာတော့ KIO က ၀င်ငွေ အမြောက် အများ ရနေတာပေါ့ဗျာ´´ ဟု ပြောပြသွားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) သည် အဆိုပါ ကျွန်း၊ တမလန်းသစ်မျာအား နမ့်ဆိုင်းဖွံ့ဖြိုးရေး ရုံးမှတစ် ဆင့် ၀ဘော်လမ်းကြောင်းအတိုင်း အင်ဘာပါသို့ သယ်ဆောင်ပြီး တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ၎င်းသစ်မှောင်ခိုလုပ်ငန်းများမှ ၀င်ငွေအမြောက်အများ ရရှိနေကြောင်း သိရှိရ ပါသည်။

ခွန်နော် KDN

မြန်မာပြည်တွင် ပြုလုပ်သည်



မြန်မာပြည်က ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ အပြင်က ကြားဝင် ညှိနှိုင်းပေးလို. ဖိအားတွေကြောင့် အရွေ. တွေဖြစ်ခဲ့ တာမဟုတ်ပဲ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ Realization ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမည်ဆိုတဲ့ ကတိတွေ လမ်းပြမြေပုံတွေကို ပြီးမြောက်အောင် လုပ်ဆောင် ပေးခြင်း ဆိုတဲ့အရှိတရား မေ့ထားလို.မရပါ။


အပြောင်းအလဲကို အာဏာလက်ကိုင်ထားသူတွေက လက်ခံ ပြီး ဖြေလျှော့ခဲ့တာကြောင့် အခုလောက် အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်ခဲ့တာပါ။

ဒါကို နာတို. လုပ်တာ နာတို. လုပ်တာကွ နာတို.ကြောင့် ပြောင်းတာပါလို. အရှက်မရှိ တက်ပြီး ၀က်သေကို ဖိနပ်နဲ. ရပ်ပြနေရင်တော့ ကိုယ့်အဆင့်အတန်းကို ပြရာထက် ဘာမှ မပိုပါ။

အကြောင်းကတော့ မြန်မာပြည်မှာ ဘာကြောင့် ပြောင်းလဲ။ ဘယ်သူတွေက ပြောင်းပေးတယ်။ ဘယ်လို ပြောင်းသွားတယ်။ ဘာတွေ ပြောင်းနေတယ်ဆိုတဲ့ အချက်တွေကို ၈၈ မှာ မွေးတဲ့သူ ၉၀ ရွေးကောက်ပွဲမှာ မွေးတဲ့ ကလေးတွေ တင် မဟုတ်ဘူး ၉၅ မှ မွေးကျတဲ့ ဆယ်ကျော်သက်တွေတောင် မျက်မြင်သက်သေတွေမို. ဒီအပြောင်းအလဲမှာ ဘယ်သူက ခလုပ်နှိပ်ပေးသူ ဘယ်သူက မီးစိမ်းပြ အချက်ပေးသူဆိုတာ ဦးနှောက်ရှိသူတိုင်း သိတဲ့ကိစ္စတွေပါ။ ။

အပြောင်းအလဲကိုလည်း ကိုယ်တိုင်လည်း ဖော်ဆောင်နိုင်ခြင်း မရှိ။ ဖြစ်အောင်လည်း မဖော်ဆောင် နိုင်တဲ့အပြင် သူများပြောင်းပေးလို. အပြောင်းအလဲကို လက်ခံပြီး လျှော့ပေးလိုက်လို. အသက် ရှူလေး နည်းနည်းပါးပါး ချောင်လာတဲ့သူတွေက သူတို.ကိုယ်တိုင်ပဲ ချည်နှောင်ထားတဲ့ ကြိုးတွေကိုပဲ ဆွဲဖြုတ်ပြီး လွတ်မြောက်မှုကို ဖန်တီးသူတွေအဖြစ် ဟစ်ကြွေးချင်သူ အများ အပြားတွေ.ရတော့ ရွံ့စရာ သတ္တ၀ါတွေ အတော်များပါလားလို. ခံစားရပါသည်။

အခုလို ပြောရခြင်းကတော့ လက်ရှိ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တန်ဘိုး မထား အလေး မထားပဲ အလကားရလာတဲ့အရာလို. လွယ်လွယ် ကူကူနဲ. ဖြစ်လာသလို ပြောပြီး အရိုးများသေး ချေး ခါးသေး လုပ်နေခြင်းကို ထောက်ပြခြင်တာပါ။

တကယ့်တော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သာမက နိုင်ငံတကာ မှာတောင် စံပြ နမူနာ Successful Story or Model တခု အဖြစ် ချီးကျူး စံပြ ပြောနေရတဲ့ ပြနေရတဲ့ နှင်းဆီခိုင် တစ်ခုပါ။

ကမ္ဘာတလွှားက ပြသာနာတွေ ပက္ဒိပက္ခတွေကို ကိုင်တွယ်ရာမှာ မြန်မာပြည်က အပြောင်းအလဲဟာ လူတွေ ထင်မထား မျှော်လင့်မထားဘဲ ပြည်တွင်းဖြစ် Home Grown Peace/Reform Initiative ဖြစ် ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ နိုင်ငံရေး ကျွမ်းကျင်သူတွေကိုယ်တိုင် ဟင် ၀ူး "WOW" ဖြစ်သွား ရတဲ့ စံပြ ဖြစ်ရပ်တစ်ခုဖြစ်တာမို. ဘယ်လောက်အထိ ဂုဏ်ယူစရာ ၀င့်ကြွား စရာ ကောင်းပါသ လဲ။ ပြောရရင် ဒီအချက်ဟာ MADE IN MYANMAR, MYANMAR GARNER STYLE သာ ဖြစ်ပါသည်။

ဒါကြောင့်လည်း ကမ္ဘာ.ပုလိပ်ကြီးကန်သမ္မတကြီး အိုဘားမားဟာ သူ.လက်ထက်မှာ မြန်မာပြည် အပြောင်း အလဲတွေ ဖြစ်အောင် အောင်မြင်စွာကူညီ ဆောင်ရွက်ခဲ့နိုင်ပါသည်ဆိုတဲ့အချက်လေးတခုလောက် ပြနိုင်ဖို.အတွက် မြန်မာပြည် ဖြစ်စဉ်ကို အောင်မြင်မှုနမူနာအဖြစ် ဖော်ကျူးပြောလေ့ရှိပါသည်။

ဒီအချက်ကို ထပ်ပြီး ထင်ရှားစေတာကတော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ ဥသျောင်အဖွဲ. မြန်မာပြည်ကို လာလည်တဲ့အချက်က ထင်ရှားစေပါသည်။ မြန်မာပြည် မှာ ဖြစ်နေ တဲ့ ပြင်ပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်အောင် အောင်မြင်အောင် တတ်နိုင်တဲ့ ဖက်ကနေ ကူညီ ဆောင် ရွက်ပေးချင်လို. လာတာပါဆိုတဲ့အချက်ဟာ မြန်မာပြည် မှာ ဖြစ်ပေါ်နေ တဲ့ ပြုပြင်ပြောင်း လဲရေး ဖြစ်စဉ် Reform Process ဟာ ဘယ်လောက် အရေးကြီးတယ် တန်ဘိုးရှိတယ် ထင်ရှားသလဲ သိသာမြင်သာနဲ. အားကျစရာဖြစ်သလဲ ဆိုတဲ့အချက်ကို မီးမောင်း ထိုးပြနေပါသည်။

Udp Myanmar

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူများ ဖြစ်ပြီး အများစုမှာ စိတ်ကျရောဂါ ခံစားနေရသူများဖြစ်



မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူများ ဖြစ်ပြီး အများစုမှာ စိတ်ကျရောဂါ ခံစားနေရသူများ ဖြစ်ကြောင်း စိတ်ကျန်မာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်း၏ ပြောကြား ချက်အရ သိရသည်။


ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြံစည်အားထုတ်သူများ၊ သေဆုံး သွားကြသူများ၏ ရာ ခိုင်နှုန်း ၉၀ ကျော်မှာ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ တစ်မျိုးမျိုးအား ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ရော ဂါခံစားနေရသူများ၏ ရာခိုင်နှုန်း ၈၀ ခန့် မှာ စိတ်ကျရောဂါ ခံစားနေရသူများဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂ ရက်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း သုံးခွမြို့နယ်၊ မဟာမိတ်ကျေးရွာနေ ကို........(၂၆)နှစ်သည် ၎င်း၏နေအိမ်အတွင်း (၆) ပေခန့် အမြင့်ရှိ ထုပ်တန်းတွင် ကလေးပုခက်ကြိုးဖြင့် မိမိ ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့သည်။

''ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကာကွယ် တားဆီးရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုတာ သိပ်ကို ကျယ်ပြန့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ မိသားစု တစ်စုချင်းကနေ နိုင်ငံတစ်ဝန်းလုံးအတိုင်း အတာအထိ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကို တစ်ဦးချင်းအချက်အလက်နဲ့ ပြော ရရင် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကြိုးစားတာ၊ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ့် အသိုက်အ၀န်းထဲက ယုံကြည် စိတ်ချရသူတွေနဲ့ ဖွင့်ဟတိုင်ပင်တာ၊ ကိုယ့်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ပြဿနာတွေ၊ အရက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ပြဿနာတွေ ရှိနေခဲ့မယ်ဆိုရင် တတ်ကျွမ်း နား လည်တဲ့ သူတွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူတာတွေ လုပ်ဖို့လိုတယ်'' ဟု စိတ်ကျန်းမာရေးအထူးကု ဆရာဝန် ကြီး ဒေါက်တာစိုးမင်း က ပြောကြားသည်။

စိတ်ဖောက်ပြန်သည့် ရောဂါဝေဒနာ ခံစားနေရသူများ၊ အရက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော အခြားသော ဆေးသုံးစွဲသူများ၊ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်၍ ပြဿနာရှိသူများတွင် မိမိကိုယ်ကိုယ် အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်နိုင်သည့် အလားအလာရှိပြီး စိတ်ဖောက်ပြန်သည့် အ တွေးရှိသူများ၊ လူမူစီးပွားရေးတွင် ကိုယ်ရေးကိုယ်တာ အခက်အခဲ ရှိသူများ၊ ဆိုးဝါး ပြင်းထန်လွန်းသည့် ရော ဂါဝေနာခံစားနေရသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် အရက်စွဲဝေဒနာ ခံစား နေရသူ များတွင်လည်း မိမိကိုယ်ကိုယ် အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်နိုင်သည့် အနေအထားရှိကြောင်း သိရ သည်။

''ကိုယ့်ရဲ့အခက်အခဲ စိတ်ဖိစီးမှုတွေကို အရက် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဆေးတွေကို အသုံးပြုပြီး ထွက်ပေါက်ရှာ ဖြေရှင်းတာမျိုး မလုပ်ဖို့ သတိပေးလိုပါတယ်။ ဒီလိုလုပ်တာဟာ အခြေအနေကို ပိုဆိုးရွား လာစေပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်ထဲမှာ၊ ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာရော စိတ်ပိုင်းဆိုင်ရာ ဝေဒ နာ ခံစားနေရသူတွေ၊ အရက်မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာရှိသူတွေ ရှိနေခဲ့မယ်ဆိုရင် လျစ်လျူရှု ပစ် ပယ်မထားဘဲ လိုအပ်တဲ့ ကုသမှုတွေရဖို့ ပံ့ပိုးကူညီပေးဖို့ လိုပါတယ်'' ဟု ယင်းက ဆက်လက် ပြောကြား သည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇွန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မိမိကိုယ်ကိုယ် သတ်သေမှု ၇၆ မှု ဖြစ်ပွားခဲ့ပြီး မိမိကိုယ်ကိုယ် သတ်သေမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက် ရှိကြာင်းလည်း သိရသည်။

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံရှိ ပြင်ပလူနာဌာနအား တွေ့ရစဉ် 

Eleven Media Group

ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေ နှစ်သိန်းနီးပါးကို လာရောက်ထုတ်ယူရန် ထုတ်ပြန်



လက်ရှိပင်စင်လစာ ခံစားလျက်ရှိသော အငြိမ်းစား များအနက် ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစား ဦးရေမှာ နှစ်သိန်းနီးပါးရှိနေသောကြောင့် သက်ဆိုင် ရာ မြန်မာ့စီးပွားရေး ဘဏ်များသို့ လာရောက် ထုတ်ယူရန် ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ထား ကြောင်း သိရသည်။


၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ မြန်မာ့ စီးပွားရေးဘဏ်သို့ ငွေပေးမိန့် ထုတ်ပြန်ပေးပြီး ပင် စင်စား ဦးရေမှာ ၅၁၀၈၆၀ ဦးဖြစ်ကြောင်း၊ လစာငွေ ထုတ်ပေးပြီး ဦးရေမှာ ၃၁၉၂၁၂ ဦးဖြစ်ရာ လစာထုတ်ယူရန် အတွက် ၁၉၁၆၄၈ ဦး ကျန်ရှိနေ သေး ကြောင်း ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ တိုးမြှင့်ပင်စင် လစာသစ်အား မြန်မာ့စီးပွားရေး ဘဏ်များတွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ်ပေး လျက် ရှိပါသဖြင့် ဆက်သွယ်ထုတ်ယူ ကြရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသော ကာကွယ်ရေး ပင်စင်စားများ အနေဖြင့် သက်ဆိုင်ရာ ကာကွယ် ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် မြို့ပြပင်စင်စားများ အနေဖြင့်လည်း နီးစပ်ရာ ပင် စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနမှ သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသည့် ပင်စင်စားများ အနေဖြင့် နေပြည်တော်ရှိ ပင်စင်ဦးစီး ဌာနရုံးချုပ်၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ ပဲခူး၊ ပြည်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် လွိုင်ကော်မြို့များရှိ ပင်စင်ဦးစီး ဌာနများသို့ ဆက်သွယ်ထုတ်ယူနိုင် ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စား ၀န်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း၊ ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စား ၀န်ထမ်းများဖြစ်ပြီး ကျန်ရှိသည့်သူများမှာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပင်စင်စားများဖြစ် ကြောင်း သိရသည်။

 ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများကို တွေ့ရစဉ် 

Eleven Media Group

HIV/AIDS ဝေဒနာ ရှင်များအတွက် ART စင်တာအသစ်များ တိုးချဲ့ကာ ၂၀၁၆ ခုနှစ်တွင် ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များ တိုးချဲ့ ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါး လိုအပ် ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား ကြောင်း ကျန်းမာရေး ဦးစီး ဌာန၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရ သည်။


လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျ အိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ၆၀၀ ၀၀ ကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း)ကို ဆေးပေး လျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင်ဝေဒနာရှင်တစ်သိန်း ကျော် (၈၅ ရာခိုင်နှုန်း)အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု များအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့် ရှိသည်။

ထို့ပြင် ဝေဒနာရှင်များအတွက် အေအာတီ စင်တာသစ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့သွား မည်ဖြစ်ပြီး လာမည့် ၂၀၁၅ အထိ အစိုးရ ဆေးရုံကြီး ၁၇ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်းခုနှစ်ခုတို့တွင် အေအာတီ စင်တာအသစ်များ တိုးချဲ့သွား မည် ဖြစ်သည်။

ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံ ယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်မှု ပေးနေသည့် နေရာတွင်
 ဆေးကုသမှု ခံယူနေသူများကို တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်ရဲကို)

Eleven Media Group

ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်တို့ သဘောတူ

ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် ဘန်ကောက်မြို့ အစိုးရအိမ်တော် ၌ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားချက်အရ သိရသည်။


ထိုင်းနိုင်ငံသို့ ငါးရက်ကြာ ခရီးရောက်ရှိနေသည့် သူရဦးရွှေမန်းအား ၀န်ကြီးချုပ် ယင်လတ်ခ်က မိမိတို့ အစိုး ရ ဌာနများမှ အရာရှိများ အနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် ရေသုံးစွဲရေးများ ကဲ့သို့သော အခြေခံ အဆောက်အအုံဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

"ထိုင်းနဲ့ မြန်မာနိုင်ငံတို့ အနေနဲ့ ဒီစီမံကိန်းကို ဆက်လက်ပူးပေါင်း လုပ်ဆောင်ဖို့နဲ့ ထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်းကနေ ရရှိမယ့် အကျိုးအမြတ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးဖို့ လိုအပ်ပါတယ်" ဟု ယင်လတ်ခ်က ပြောကြားသည်။

၁၀ နှစ်ကြာမည့် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွင် သင်္ဘောကျင်းများနှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ် ရုံများ၊ သံမဏိစက်ရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ကားလမ်းနှင့် ထားဝယ်မှ ဘန်ကောက်သို့ တိုက်ရိုက် ချိတ်ဆက်မည့် ရထားလမ်း ဖောက်လုပ်မှုတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရေး အစီအစဉ်ကို ထိုင်း အစိုးရ အဖွဲ့က ယခုနှစ် မေလအတွင်း အတည်ပြုခဲ့ပြီး အဆိုပါ အစီအစဉ်အရ ထိုင်းဘဏ္ဍာရေးဝန်ကြီး ဌာန အနေဖြင့် ထိုင်းအိမ်နီးချင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Thailand's Neighbouring Countries Economic Development -NEDA) ကို ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး ရေး ကုမ္ပဏီတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ၀င်ရောက်လာရေး ယခုသီတင်းပတ်အတွင်း မြန်မာ-ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးမည်



ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ developer အနေနှင့် ၀င်ရောက်လာနိုင်ရေး အတွက် မြန်မာ - ဂျပန်-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး ပွဲအား ယခုတစ်ပတ် အတွင်းမှာပင် ရန်ကုန် (သို့မဟုတ်) နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။


"ဒီတစ်ပတ်ထဲ လောက်မှာပဲ ထားဝယ်မှာ ဂျပန်ပါဝင်လာဖို့အတွက် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ရှိ တယ်။ အီတာလျံထိုင်းကတော့ ဆက်ပြီးဒါကို အကောင်အထည် ဖော်ဖို့ကျတော့ သူ့မှာအခက်အခဲ ရှိနေတယ်။ ဒါကြောင့် ဂျပန်ပါဝင် လာနိုင်အောင် ဆွေးနွေးမှာပါ။ ပါလည်းပါဝင်လာနိုင်တဲ့ အနေအထား ရှိပါတယ်" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။

လက်ရှိ အခြေအနေတွင် သီလ၀ါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူး စီးပွားရေးဇုန် စသည့်အထူးစီးပွားရေးဇုန် (Special Economic zone) သုံးခုရှိနေပြီး သီလ၀ါ အထူးစီးပွား ရေး ဇုန်မှာ deep seaport မဟုတ်ကြောင်း၊ သို့သော်လက်ရှိ အကောင်အထည် ဖော်နေသော အထူးစီးပွား ရေး ဇုန်များအနက် သီလ၀ါ အထူးစီးပွားရေး ဇုန်ကိုသာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက ပိုစိတ် ဝင်စားနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်မှာ developer အဖြစ် တာဝန်ယူထားသော အီတာလျံ-ထိုင်း ကုမ္ပဏီဘက်မှ ငွေကြေးအခက်အခဲများ ရှိသောကြောင့် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ရှိနေ သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး နိုင်ငံတကာ စိတ်ဝင်စားမှု ကျဆင်းလာကြောင်း သတင်းရ ရှိ သည်။

ထို့အတူ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း စောင့်ကြည့်ဆဲ အဆင့်သာရှိပြီး များသောအားဖြင့် နိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံသူများက အမေရိကန်နိုင်ငံ၏ အခြေအနေကို စောင့်ကြည့်နေကြပြီး အမေရိကန်နိုင်ငံ ၀င် လာမှ ပို၍ခိုင်မာသည်ဟု ယူဆကြကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း တွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ ပါဝင်နေသည့် အတွက်လည်း နည်းပညာမြင့်သော ကမ္ဘာ့စီးပွား ရေး အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ အနေဖြင့် ပူပေါင်းပါဝင် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှု များ လည်း ရှိနေသည်။

ထားဝယ် အထူးစီးပွားရေးဖုန် စီမံကိန်းတွင် လတ်တလော လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ရန် သဘာဝဓာတ်ငွေ့ရည်သုံး စက်ရုံနှစ်ရုံဖြစ်သည့် ၃၆ မဂ္ဂါဝပ်နှင့် ၁၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံ နှစ်ခုအား ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကာ ၆၀၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေး စက်ရုံ စီမံကိန်းအား ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်။

 ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် 
(ဓာတ်ပုံ - ဖြိုးဇင်) 

Eleven Media Group

မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့တွင် ရေကြီးရေလျှံမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့

 ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃ လမ်းတွင် နေအိမ်များ အတွင်းသို့
 ရေများဝင်ရောက် နေသည်ကို ခပ်ထုတ်နေကြစဉ်
 (ဓာတ်ပုံ-အောင်မျိုးသန့်)


စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ၀န်းကျင်ခန့်မှ နံနက် ၈ နာရီအထိ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းအများစုတွင် ရေများပြည့်လျှံခဲ့ပြီး ယခုနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ် ခဲ့ ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် ခရီးသွားလုပ်သား ပြည်သူများက သုံးသပ်ပြောကြား ခဲ့ကြ သည်။


ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိသမိုင်းလမ်း ဆုံ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ် စသည့်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု များနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်သား ပြည်သူများမှာ လိုင်းကားများပေါ်တွင် နာရီပေါင်းများစွာ ရှိ နေခဲ့ရသဖြင့် အလုပ်ချိန် နောက်ကျမှုများနှင့် များစွာသော အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကားလမ်းမကြီး အများစု၌ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူမှုရေး၊ စီးပွားရေး၊ကျန်း မာရေး အပိုင်းများကို အနည်းငယ် ထိခိုက်ခဲ့ရကြောင်း ခရီးသွား တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

အရှေ့ရွှေဂုံတိုင် လမ်းမပေါ်တွင် စက်တင်ဘာ ၂၄ ရက်က ရေကြီးရေလျှံ နေသည်ကို တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်မျိုးသန့်) 

"အနောက်မြင်းပြိုင်ကွင်း လမ်းကနေ အရှေ့မြင်းပြိုင်ကွင်း လမ်းနားမှာ ကားကကျပ်နေတာ လေးလမ်းသွား ဖြစ်သွားတယ်။ အဲဒီအချိန်မှာ အရေးပေါ် လူနာပါတဲ့ လူနာတင် ယာဉ်တစ်စီးက လမ်းပိတ်မိနေတယ်။တခြား ကားတွေက နားလည်မှုနဲ့ လမ်းဖယ်ပေးမယ့်လည်း အရှေ့မှာက တောက်လျှောက်ကြီး လမ်းပိတ်နေတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ကျွန်တော် ငှားလာတဲ့ ကားတောင် အဲဒီနေရာမှာ နှစ်နာရီလောက် ပိတ်မိခဲ့ တယ်။ အဲဒီ လူနာတင်ယာဉ် ကားပေါ်မှာ ပါတဲ့လူနာက အရေးကြီးတဲ့ လူနာ။ ဆေးရုံကို အမြန်ဆုံး ရောက်ရ မယ့် လူနာဆိုရင်တော့ မတွေးဝံ့တော့ပါဘူး" ဟု မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ သွားရောက်မည့် ဦးဇော်က ပြောကြားသည်။

"ကျွန်မတို့ ရပ်ကွက်က မိုးနည်းနည်းလောက် သည်းလိုက်တာနဲ့ အခွန်လွတ်ဈေးနားက နတ်ချောင်းက ရေ တွေလမ်းပေါ်တွေကို တက်လာပြီး အိမ်တွေဆိုင်တွေထဲအထိ ရေတွေဝင်လာပါတယ်။ ကျွန်မလက်ဖက်ရည် ဆိုင်ထဲမှာ စားသုံးသူတွေနဲ့ ရေတွေနဲ့ နပန်းလုံးနေပါတယ်။ သက်ဆိုင်ရာက ဒီချောင်းရေလျှံမှု၊ မြောင်းရေ လျှံ မှုတွေကို ရှင်းလင်းပေးခြင်းလည်း မရှိသလို ရေတွေဝင်လာတော့လည်း ကိုယ့်ဘာသာ ရှင်းလင်းခပ် ထုတ် နေရပါတယ်။ ဒီလိုမျိုးသာ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဆိုင်လည်းခဏခဏ ပိတ်နေရလို့ နေ့စဉ်ပုံမှန်ဝင်ငွေ ထိခိုက်ပါတယ်" ဟု တာမွေမြို့နယ်၊ အခွန်လွတ်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်စန်းရီက ပြောကြားသည်။

ကားလမ်းမများတွင် ရေများ ပြည့်လျှံမှုကြောင့် ခရီးသည်တင် ဘတ်စ်ကားအချို့နှင့် ကိုယ်ပိုင်ယာဉ်များ စက် ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ခရီးသည်တင် ဘတ်စ်ကားအချို့ စက်ချို့ယွင်းမှုနှင့် လမ်းမပေါ်တွင် အချိန်အတော်ကြာ ပိတ်ဆို့ နေ မှုကြောင့် ခရီးသွားပြည်သူ အများစု မိမိသွားလိုသည့် နေရာများသို့ လမ်းလျှောက်ကာ ခရီးဆက်ခဲ့ရ ကြောင်း သိရသည်။

တာမွေအ၀ိုင်း မီးပွိုင့်တွင် ရေကြီးနေမှုကို တွေ့ရစဉ်

ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်း အတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနက်တုန်းကဆို ကျိုက္ကဆံ လမ်းမပေါ်မှာ ရေပြည့်လျှံနေတော့ လမ်းလျှောက်ပြီး သွားနေတဲ့ အမျိုးသမီး ၀န်ထမ်း တစ်ဦးက မြောင်းအပေါက်ထဲ ကျွံကျသွားလို့ ဘေးကလူတွေ ၀ိုင်းပြီးဆွဲတင် လိုက်ရတယ်။ တချို့ လူသွားလမ်းက ကွန်ကရစ် အဖုံးတွေ ပျက်စီးနေတာတွေ၊ မရှိတာတွေက ဒီလိုရေကြီးတဲ့ အခါမျိုးဆိုရင် အ သက်အန္တရာယ် အထိတောင် စိုးရိမ်ရပါတယ်" ဟု ကျောက်မြောင်း၊ သီတာလမ်းတွင် နေထိုင်သူ ကိုမင်းမင်း က ပြောကြားသည်။

"ရန်ကုန်မြို့မှာက မိုးရွာရင် ရေကြီးတာ၊ ကားလမ်းတွေ ပိတ်ဆို့တာက အမြဲတမ်း လိုလိုပါပဲ။ ဒါပေမဲ့ ဒီနေ့ ကားတွေ ပိတ်ဆို့တဲ့ ပုံစံကတော့ ကျွန်တော့်အထင် ဒီနှစ်ဝန်းကျင်ပိုင်းမှာ အဆိုးရွားဆုံးလို့ပဲ သုံးသပ်ရပါ တယ်" ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ကိုလတ်က ပြောကြားသည်။

မိုးဆက်တိုက်ရွာသွန်းသည့် အချိန်များတွင် အမြဲတမ်းရေကြီးခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကို သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်ပြီး ယခုဖြစ်စဉ်များကဲ့သို့ မဖြစ်စေရန် လုပ်ငန်းများကို ယခုထက်ပိုမို၍ လုပ်ဆောင်ပေးရန်နှင့် အများပြည်သူများ ယခုလို အခက်အခဲများနှင့် ကြုံတွေ့ချိန်တွင် အထိရောက်ဆုံး ယာဉ်ကြောရှင်းလင်းမှုများကို အလျင်မြန်ဆုံး ပြုလုပ်ပေးရန် ရန်ကုန်မြို့နေ ပြည်သူအများစုက သုံးသပ် နေကြသည်။

"မိုးကရွာတော့ ကားကပိုကျပ်တယ်။ ဒီမနက်ဆို ကားကခါတိုင်းထက် ပိုကျပ်တော့ တက္ကစီ ငှားတာတောင် အလုပ်ချိန် မမီဘူး။ မိုးရွာရင် ကားလမ်းတွေ ကျပ်တာက ကျွန်တော်မြင်တာ ပြောရရင် စည်းကမ်းမဲ့ အမှိုက် ပစ်တဲ့ သူတွေကြောင့် ရေမြောင်းတွေပိတ်ပြီး လမ်းတွေမှာ ရေလျှံတယ်။ ရေလျှံတော့ ကားတွေက နှေးသွား တော့ ယာဉ်ကြောပိုပြီး ကျပ်တယ်။ လမ်းတွေကျဉ်းနေတာ၊ စည်းကမ်းမဲ့ ယာဉ်တွေ များလာတာနဲ့ ရန်ကုန် မြို့မှာ ကားတွေက အရင်ကထက် များလာလို့ ထင်ပါတယ်" ကားအရောင်းပြခန်း တစ်ခုမှ ၀န်ထမ်းကိုဝင်း အောင်က ပြောကြားသည်။

ရန်ကုန်မြို့ တာမွေမြို့နယ် ဦးချစ်မောင် လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေမှုအား 
စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် 
(ဓာတ်ပုံ-ကြည်နိုင်) 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသည့်ပြဿနာကိုဖြေရှင်းရန်အတွက်ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ စည်းကမ်းမဲ့ သွားလာနေ သည့် ယာဉ်များကို ဖမ်းဆီးအရေးယူခြင်း၊ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး (၂၆) လမ်းတွင် ယာဉ်မရပ်ရ ဇုန်များအဖြစ် သတ်မှတ်ခြင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တိုးမြှင့်ပြီး ယာဉ်ျေကြာရှင်းလင်းသည့် စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ညသန်းခေါင်ယံ အချိန်အထိ တိုင်းတာရရှိချက်အရ ၂၄ နာရီ မိုးရေချိန် ၁ လက်မ ခွဲနှင့်အထက် ရရှိခဲ့သော ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး အဓိကဖြစ်ပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီး ခဲ့ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။ 

Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်ချုပ်ရေး ပြဿနာများ ဖြေရှင်းရာ၌ ပြည်သူများ နစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းအဆို ရှုံးနိမ့်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြည်သူလူထုနှင့် အုပ်ချုပ်ရေး ပြဿနာများ ထိတွေ့ဖြေရှင်းရာ၌ ပြည်သူများ နစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းကြောင်းအဆို ကို စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရာ အဆိုမှာ ရှုံးနိမ့်ခဲ့သည်။


ယင်းအဆိုကို စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ကာ စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော လွှတ်တော်၌ ဆွေးနွေးရာ၌ ကိုယ်စားလှယ် သုံးဦး ဆွေးနွေးခဲ့ပြီး နှစ်ဦးမှ ထောက်ခံဆွေးနွေး ခဲ့သော်လည်း တစ်ဦးမှ မှတ်တမ်းတင်ရန် ဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အ ဖွဲ့အစည်းများက လူထုလူတန်းစားများနှင့် ထိတွေ့ဖြေရှင်းရာတွင် သဟဇာတမဖြစ်ဘဲ တင်းမာနေသည်ကို တွေ့မြင်နေရကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁)(၂)မှ စိုက်ပျိုးလုပ်ကိုင် သူများနှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မပန်းကွင်းမှ ပန်းဆိုင်များ လုပ်ကိုင်နေသူများအား သက်ဆိုင်ရာမှ ဖယ်ရှားရာတွင် အင်အားသုံးမှုများ ရှိခဲ့သည့်အတွက် မဖြစ်သင့် မဖြစ်ထိုက်သည်များ ဖြစ်ပွားနေကြောင်း အဆိုတင်သွင်း စဉ် က ပြောကြားသည်။

ယင်းအဆိုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မိကျောင်းကန်နှင့် မင်းဓမ္မပန်းကွင်း ဖြစ်စဉ်များတွင် ပြောင်းရွှေ့ရန် တရားဥပဒေနှင့်အညီ လုံလောက်သည့် အချိန်ပေး၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေါ်ယူညှိနှိုင်း မှုများ ပြုလုပ်ခဲ့ပြီး မရခြင်းကြောင့် ဥပဒေနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ နစ်နာမှုမရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥက္ကံမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခဖြစ်စဉ်များတွင်လွှတ်တော်ကိုယ် စား လှယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဖြေရှင်း ခဲ့မှုများ ရှိခဲ့ကြောင်း ပြန်လည်ဖြေရှင်း ပြော ကြားသည်။

"ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်းများက ပြည်သူဗဟိုပြုရေး ဦးတည်ချက်များကို သေချာဆုပ်ကိုင်လျက် ပြည်သူများ၏ အ ကျိုးစီးပွားကို ရှေးရှုပြီး ပြည်သူများ နစ်နာမှု မရှိစေရန် နှစ်ဦးနှစ်ဖက် သဟာဇာတ ဖြစ်ရေးနှင့် ဥပဒေနဲ့အညီ အမြဲတမ်း ဖြေရှင်းခဲ့သည့်အပြင် ဆက်လက်ပြီးတော့လည်း ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီလိုက် နာကျင့်သုံးမှု မရှိသောသူများ ထိခိုက်နစ်နာမှုကို ဥပဒေအရ တောင်းဆိုခွင့် မရှိသော်လည်း နစ်နာမှု များအ ပေါ် လူမှုရေး ရှုထောင့်ဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့် အဆိုကိုလွှတ်တော် မှ မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆို သည်။

ယင်းကဲ့သို့ ဆွေးနွေးဖြေကြားချက်များ အပြီးတွင် လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထား တောင်းခံ ရာ အဆိုတင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုအား မဲခွဲဆုံးဖြတ်ရန် ပြောကြားခဲ့ သ ဖြင့် မတ်တပ်ရပ် စနစ်ဖြင့် မဲခွဲရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အများစုမှ မတ်တပ်ရပ်ခြင်း မရှိဘဲ ကန့်ကွက်မဲ များသဖြင့် အဆိုအား အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းကဲ့သို့ အဆိုရှုံးနိမ့်မှုနှင့် ပတ်သက်၍ "အတိုက်အခံ ပါတီတွေက တင်တဲ့အဆိုတွေ အကုန်လုံး ပယ်သ လို ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံတာလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အတော်များများက မလွတ်လပ်ကြဘူး။ လွှတ်တော်ကိုယ်စားလှယ် အများစုက အုပ်ချုပ်ရေး အာဏာပိုင် အငွေ့အသက်နဲ့ မကင်းလွတ်ကြတဲ့အတွက် သူတို့ရဲ့ဆန္ဒကို လွတ်လပ်လပ်ထုတ်ဖော်ခွင့် မရ ဘူးလို့ ထင်တယ်" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က သုံးသပ်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတင် မကျင်းပမီ
ကိုယ်စားလှယ်များ နေရာယူနေသည်ကို တွေ့ရစဉ်

Eleven Media Group

၂၀၁၁ မှ ၂၀၁၃ ဧပြီအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု၊ ဖောက်ထွင်းမှု အပါအ၀င် စုစုပေါင်း ၃၄၁၁ မှု ဖြစ်ပွားခဲ့ပြီး ၆၂၆ မှုမှာ တရားခံမမိ

၂၀၁၁ မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု၊ ဖောက်ထွင်းမှု၊ ခိုးမှု၊ လု ယက်မှု စုစုပေါင်း ၃၄၁၁ မှု ဖြစ်ပွားခဲ့ပြီး ၂၇၈၅ မှုအား တရားခံ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကာ အမှု ၆၂၆ မှုမှာ တရားခံ မမိကြောင်း စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့်ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကပြော ကြားသည်။


ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု၊ ဖောက်ထွင်းမှု၊ ခိုးမှု၊ လုယက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ အမှုပေါင်း မည်မ မျှ ရှိပါသနည်း။ ဖမ်းမိသော အမှုပေါင်းနှင့် မဖမ်းမိသေးသော အမှုပေါင်း မည်မျှရှိပါသနည်း သိလိုကြောင်း" မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု ၁၅၅ မှု ဖြစ်ပွားခဲ့ပြီး ၁၅၄ မှုကို တရားခံမိခဲ့ပြီး တစ်မှုတရားခံ မမိခဲ့ကြောင်း၊ ဖောက်ထွင်းမှု ၉၆ မှု ဖြစ်ပွားခဲ့ပြီး ၇၃ မှု တရားခံမိခဲ့ကာ ၂၃ မှု တရားခံ မမိ ခဲ့ကြောင်း၊ ခိုးမှု ၁၄၄၉ မှုတွင် ၁၁၅၅ မှု တရားခံမိခဲ့ပြီး ၂၉၄ မှု တရားခံ မမိကြောင်း၊ လုယက်မှု ၄၇ မှုတွင် ၃၇ မှု တရားခံမိကာ ၁၀ မှု မမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး တင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ ၂၀၁၂ ခုနှစ်အတွင်း လူသတ်မှု ၁၆၄ မှုဖြစ်ပွားခဲ့ပြီး ၁၆၂ မှုကို တရားခံမိခဲ့ပြီး နှစ်မှုတရားခံ မမိခဲ့ ကြောင်း၊ ဖောက်ထွင်းမှု ၁၈ မှု ဖြစ်ပွားခဲ့ပြီး ၁၈ မှုလုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခိုးမှု ၁၀၉၂ မှုတွင် ၉၄၀ မှု တ ရား ခံမိခဲ့ပြီး ၁၅၂ မှု တရားခံမမိကြောင်း၊ လုယက်မှု ၃၀ မှုတွင် ၂၆ မှု တရားခံမိကာ လေးမှုမမိခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဧပြီလအထိ လူသတ်မှု ၃၈ မှုတွင် ၃၅ မှု တရားခံမိခဲ့ကာ သုံးမှုမှာ တရားခံ မမိသေးကြောင်း၊ ဖောက်ထွင်းမှု နှစ်မှုတွင် နှစ်မှုလုံး မိခဲ့ကြောင်း၊ ခိုးမှု ၃၁၄ မှုတွင် ၁၇၉ မှု ဖမ်းဆီးရမိခဲ့ပြီး ၁၃၅ မှု မမိသေးကြောင်းနှင့် လုယက်မှု ခြောက်မှုတွင် လေးမှုတရားခံမိခဲ့ပြီး နှစ်မှုမမိသေးကြောင်းလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

သို့ရာတွင် ၂၀၁၁ မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၂၆ မှုနှင့် မူးယစ်ဆေးဝါးမှု ၇၁၇ မှုတို့တွင် တရားခံများအားလုံး ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်မှူးကြီးတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များအတွင်း အများဆုံးမှာ ခိုးမှုဖြစ်ပြီး ခိုးမှု ၂၈၅၅ မှုတွင် ၂၂၇၄ မှုသာ ဖမ်းဆီးရ မိပြီး ၅၈၁ မှုမှာ တရားခံ လွတ်မြောက်ဆဲ ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းလျော့နည်း ကျဆင်းရေးအတွက် စီမံချက်များရေးဆွဲနေပြီးမှုခင်းလျော့ နည်းရေး လုပ်ငန်းများ လုပ်ခဲ့သည့် ကာလများအတွင်း ထူးခြားပြီး အများပြည်သူ စိတ်ဝင်စားကြသော အမှု များကို ရဲတပ်ဖွဲ့ အတတ်ပညာနှင့် ခေတ်မီအိုင်တီ နည်းပညာများ ပူးပေါင်းပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့သည့် အမှုအခင်းအချို့ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

Eleven Media Group

လဲ့လဲ့ဝင်းဆွေ ကျောက်စာတိုင်စိုက်ကာ မင်္ဂလာယူ



တာမွေမြို့နယ်၊ (၁၃၆)လမ်းနှင့် သြဘာလမ်းရှိ ရပ်မိ ရပ်ဖများ၊ လမ်းသူလမ်းသားများ မှ သြဘာလမ်း ပျက်စီးနေမူအား ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ထံသို့ အကူညီတောင်းခံသဖြင့် ဒေါ်လဲ့လဲ့ဝင်းဆွေမှ အစိုးရအဖွဲ့သို့ တင်ပြဆောင် ရွက်ခဲ့မူကြောင့် မြို့တော်ဝန် ဦးလှမြင့်မှ တာဝန်ယူ ခင်းကျင်းပေးခဲ့သော (၁၃၆)လမ်းနှင့် သြဘာလမ်း မျာ ဖွင့်ပွဲကို (၂၂)ရက်နေ့တွင်ကျင်းပခဲ့ကြောင်း ၄င်း တို့၏ usdp tamwe facebookတွင် ဖော်ပြခဲ့သည်။


ထို့ပြင် သူမကြောင့် အစိုးရအဖွဲ့မှလမ်းခင်းပေးခဲ့ကြောင်း ကိုယ်ရည်သွေးပြောကြားနေသည့်အပြင် ကျောက်စာတိုင်ပါစိုက်ကာ မင်္ဂလာယူနေသည်ကို အမြင်မတော်တွေ့နေရသဖြင့် ထိုမော်ကွန်းစာအား ဖြုတ်သိမ်းပေးပါရန် ရပ်ကွက်ပြည်သူများက အစိုးရအဖွဲ့သို့ တင်ပြမည်ဟုသိရသည်။ 

Credit : http://www.yeyintnge.com/2013/09/blog-post_4339.html#.UkJUhFMR8YI