Tuesday, September 24, 2013

၁၁ ဘီလျံ ငွေစာရင်း ငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်သည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ရှင်းလင်းဖြေကြား



ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့ တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည် ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင် ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့ သည်။


သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်း များကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေး မြန်း ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ လက်ရှိတွင် နိုင်ငံတော် သမ္မတ၏ အားထားရသောပြည်ထောင်စုဝန်ကြီး တစ်ဦး ဖြစ်နေပြီး တိုင်းပြည်အတွက် အကျိုးများစွာ ပြုနိုင်သည့် နေရာတွင် ရောက်ရှိနေခြင်း၊ အရေးပါသည့် နေရာတွင် ရှိနေ၍ ပြည်သူနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရှိနေသူ ဖြစ်သည်။

ထိုသို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် အများပြည်သူကြား၌ ၁၁ ဘီလျံတွင် ပြည်ထောင် စု ၀န်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဟူသော သတင်းကို ရှင်းလင်းစွာ သိရှိ စေရန် The Daily Eleven သတင်းစာမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပြင် ပြည်ထောင်စုဝန်ကြီး၏ မိ သားစု ရင်းချာများပါ နိုင်ငံခြား ဘဏ်စာရင်းများဖြင့် ရှင်းလင်းမှု ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရခြင်း ဖြစ်သည်။

The Daily Eleven မှ မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတွင် ပြည်ပ၌ နေထိုင်သူ သားသမီးများ ရှိသည်မှာ ဟုတ်မဟုတ်၊ ၀န်ကြီးသားသမီးများ အနေဖြင့် ဒေါ်လာပမာဏအမြောက်အများကိုယူဆောင်လာ ပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လာမည် သို့မဟုတ် ပြန်လည်ရောက်ရှိ နေသည်ဆို သော သတင်းမှာ ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်း သာခြင်း ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အမည်ဖြင့် မဟုတ်ဘဲ သားသမီးများ အမည်ဖြင့် သို့မဟုတ် ဆွေမျိုးရင်းချာ အမည်ဖြင့် ဒေါ်လာပမာဏ များပြားစွာရှိသော နိုင်ငံခြားငွေ ဘဏ်စာရင်းများ ရှိ၊ မရှိ စသည်ဖြင့် ပြည်သူကြားတွင် သိရှိလိုနေသော မေးခွန်းအချို့ကို သိခွင့်ရှိလျှင် သိလိုကြောင်း၊ ရေးခွင့်ရှိ လျှင် ရေးလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရာ ပြည်ထောင်စု ၀န် ကြီး ဦးစိုးသိန်းက ဦးရဲထွဋ်မှတစ်ဆင့် ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် 'ပြည်ထောင်စု ၀န်ကြီးတွင် သား တစ်ယောက် သမီးနှစ်ယောက်ရှိပြီး ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်လောက်ထဲက ပြည်ပတက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထားပြီး သွားရောက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ၀န်ကြီးဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာ ရှိသေးသည့် အတွက် ၎င်း၏ သားသမီးများမှာ ဖခင်အရှိန်အ၀ါဖြင့် ပြည်ပသို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ပြီး ၀န်ကြီးဦးစိုးသိန်း၏ ရာထူးတာဝန်ကို အသုံး ပြုပြီး ငွေကြေးအခွင့်အရေးကို သားသမီးများမှ ရယူခြင်း မရှိခဲ့ကြောင်း၊ သူတို့ပညာ၊ သူတို့အလုပ် လုပ်ကိုင် မှူမှာ ၀င်ငွေရှာဖွေ ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိ ကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ဖြေကြားရာတွင် ''ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာ သာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်း တွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့ ပြောပါတယ် ဒါပေမဲ့ မှန်းဆချက်များနဲ့ စွပ်စွဲပြောဆိုရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပြည်သူတွေ သံသယရှင်း စေဖို့အတွက် လုပ်ဆောင်ရပါ လိမ့်မယ်လို့ ကျွန်တော့်ကို ဒီနေ့ပဲ ထပ်မံ ရှင်းပြပါတယ်'' ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''အခုလို ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဟာ ဦးစိုးသိန်း အနေနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်တဲ့အခါ အရင်အစိုးရ လက်ထက်က ရာထူး၊ အာဏာ၊ အဆက်အသွယ်များကို အသုံးပြု ပြီး လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်များ ရယူထားတဲ့ သူအချို့ နစ်နာခဲ့ရတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ပါ တယ်'' ဟု ၎င်း၏ ထင်မြင်ယူဆ ချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်အစိုးရ လက်ထက်က ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲမှု အပိုင်းများ တွင် ပတ်သက် ဆောင်ရွက်မှု များပြားခြင်း မရှိခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီး နောက် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် အဆောက်အဦများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ပုဂ္ဂလိသို့ လွှဲ ပြောင်းခြင်း ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ထုတ် ပေးနိုင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းပေါင်း များစွာကို ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုပေးရာတွင် စီးကရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံများစွာကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီး ဌာနအဖြစ် ပေါင်းစည်းခြင်း မပြုခင်မှ ပေါင်းစည်းပြီး ယနေ့အထိ ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦးအထိ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ၎င်းတာဝန် မယူတော့သည့် နောက် ပိုင်းတွင် ၀န်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတလက်ထက် စီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးစိုးသိန်း အပေါ် စွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ၁၁ ဘီလျံကိစ္စ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် တွေ့ရစဉ်

Eleven Media Group

နိုင်ငံရေး အင်အားစု အဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား (၅) ချက် ထုတ်ပြန်

နိုင်ငံရေး အင်အားစုအဖွဲ့ ၇၀ ကျော် တက်ရောက်ခဲ့ပြီး သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ သဘောထား ကြေညာချက် (၅) ချက် ထုတ်ပြန်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမဆောင်တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၂၁ ပါတီ၊တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဘက် လူ့အဖွဲ့အစည်း သုံးခုနှင့် လေ့လာသူအဖြစ် အဖွဲ့အစည်း ၃၁ ဖွဲ့တို့မှ ကိုယ် စားလှယ် စုစုပေါင်း ၃၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး မရရှိနိုင်သေးသည့် အကြောင်းတရား များအပေါ် အခြေခံ ဆွေးနွေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက်များနှင့် ဖက်ဒရယ် ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေး အပေါ် ဆွေးနွေးအဖြေရှာခြင်း၊ ပင်လုံကဲ့သို့သော ညီလာခံ ဖြစ်ပေါ်ရေးကို တွန်းအားပေးသည့် အချက်များ ကို ထည့်သွင်း တက်ရောက်လာသည့် အဖွဲ့အသီးသီးမှ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် သဘော ထား (၅) ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောထား (၅) ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ မတရားအသင်း အက်ဥပဒေ အပါ အ၀င် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ရှိပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီးတစ်ရပ် ကျင်းပရေးနှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးတို့ ဖြစ်သည်။

အဆိုပါ အချက်များထဲမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာ အဖျားအနား ပြင် ဆင်ရေး၊ အပေါ်ယံ ပြင်ဆင်ရေးများကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ လူထုကျေနပ် လက်ခံနိုင်လောက် သည်အထိ ပြင်ဆင်ရေးအထိ ဆိုလိုခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့် မူအသစ် ရေးဆွဲရေးကိုသာ ဆိုလိုခြင်း ဖြစ်ပြီး စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးဟူသောမူနှင့် ရေးထားသည့် အချက်အားလုံးကို ပြင်ဆင်လို ခြင်း ဖြစ်ကြောင်းနှင့် လွှတ်တော်တွင်း ပြင်ဆင်ရေးထက် လွှတ်တော်ပြင်ပ ညီလာခံ ပြင်ဆင်ရေးကိုသာ ဆို လိုခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောလွင်က ပြောကြားသည်။

''ကျွန်တော်တို့က လွှတ်တော်ထဲဝင်ပြီး ပြင်ဖို့မဟုတ်ဘူး။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်သူ့ကိုယ်စား လှယ် အစစ်အမှန်တွေ တက်ရောက်တဲ့ လွှတ်တော်ပြင်ပ ညီလာခံကြီးမှာ ပြင်ဆင်ရေးသာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံက ပေးထားချက် အတိုင်းဆိုရင် လွှတ်တော်ထဲမှာတော့ ဘယ်လိုမှ ပြင်ဖို့မလွယ်ဘူး'' ဟု ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းမှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက်ဖြစ်ပြီး ပွဲဖြစ်မြောက်ရေး အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ကယန်းပြည်သစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ မွန်ပါတီ များ စသည့်ပါတီ ၁၂ ပါတီမှ ဦးစီးကျင်းပ ခဲ့ခြင်းဖြစ်ပြီး အဓိက ယုံကြည်မှု တည်ဆောက်သည့် အဖွဲ့များ အဖြစ် ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်ခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင် ဘာလ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယားပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ်အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ်ခဲ့ပြီး ဖြစ် သည်။

Eleven Media Group

မန္တလေးရှိ တရားမ၀င် ကာစီနို လောင်းကစား ဆိုင်များကြောင့် လူငယ်များနှင့် အခြေခံ လူတန်းစား အများစု၏ အချိန်နှင့် ငွေကြေး သိသိသာသာ ဆုံးရှုံးနေ



တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ကာစီနို လောင်းကစား စက်များဖြင့် ဖွင့်လှစ်ထားသည့် မန္တလေးရှိ တရားမ၀င် ကာစီနို လောင်းကစားရုံ များကြောင့် လူငယ်များနှင့် အခြေခံ လူတန်းစား အများစု၏ အချိန်ရော ငွေကြေးပါ သိသိသာသာ ဆုံးရှုံးလာပြီး လောင်းကစား ပြုလုပ်မှုကြောင့် အကျင့်စာရိတ္တ ပျက်စီးလာမှုများလည်း ရှိနေ ကြောင်း ကာစီနို လောင်းကစား ပြုလုပ်သူများ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


ယင်းကာစီနို လောင်းကစားဆိုင် တစ်ဆိုင်တွင် ပျမ်းမျှအားဖြင့် အနည်းဆုံး ဂိမ်းစက် ၁၀ လုံးခန့်မှ ၃၀ ခန့် အထိရှိပြီး မန္တလေး တစ်မြို့လုံးတွင် Network ဂိမ်းဆိုင်အဖြစ် လိုင်စင်ပြုလုပ် ဖွင့်လှစ်နေသည့် ဆိုင် ၁၆၀ ခန့် စာရင်းရှိနေကာ အဆိုပါ Network ဂိမ်း နာမည်ခံ ကာစီနို လောင်းကစားဆိုင် အရေအတွက်မှာ ၃၀ ခန့် ရှိကြောင်း သိရသည်။ အောင်မြေသာစံ မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်တွင် ဆိုင်အရေအတွက် ပိုမိုများပြားကြောင်း သိရသည်။

''ကျွန်တော့် ပန်းထိမ်ဖိုမှာ အလုပ်လုပ်နေတဲ့ ကလေးတစ်ယောက်ဆိုရင် သူ့ဝင်ငွေ အကုန်လုံး ကုန်တဲ့အပြင် လုပ်ငန်းအတွင်းမှာ အလွဲသုံးစား ပြုလုပ်မှုတွေပါ ရှိလာတယ်။ အဲဒီဂိမ်းဆိုင်တွေက စဖွင့်စမှာ မိန်းကလေး ၀န်ထမ်း လှလှလေးတွေ ခန့်ထားတဲ့အပြင် ဘီယာ၊ အချိုရည်၊ ဆေးလိပ်တွေပါ အခမဲ့ ၀န်ဆောင်မှုပေးပြီး လာကစားချင်အောင် မြှူဆွယ်တယ်။ ဒီလောင်းကစား ဆိုင်တွေကို အစိုးရက မန္တလေးမှာ တရားဝင် ခွင့် မပြုထားပေမယ့် တရားဝင်နီးပါး လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း ဖွင့်လာသလို အရေအတွက်လည်း ပို များလာတယ်။ အချိန်မိနစ်ပိုင်းလေး အတွင်းမှာတင် ငွေသောင်းနဲ့ချီ ကုန်နိုင်လို့ ဒီလောင်းကစားဟာ ဘော လုံးပွဲတို့၊ နှစ်လုံး၊ သုံးလုံးထီတို့ထက် ပိုဆိုးပါတယ်'' ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ ကာစီနို လောင်း ကစားဆိုင် အနီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

''သူတို့က ဂိမ်းစက်တွေကို ကွန်ပျူတာ ဆော့ဖ်ဝဲတွေနဲ့ ပြင်ထားတယ်လို့ နောက်တော့မှ သိရတယ်။လောင်း ကစားမှာ အရှုံးအနိုင်ဆိုတာ ရှိပေမယ့် ငွေပမာဏ နည်းနည်းပဲ ထိုးတဲ့အခါကျရင် နိုင်ဖို့အခွင့်အရေးက များ နေပြီး ငွေပမာဏများတဲ့ အခါကျရင်တော့ ကာစီနိုစက်က ရှုံးဖို့အခွင့်အရေး ပိုများတဲ့ အနေအထား ဖြစ်နေ တယ်။ ရှုံးနေတဲ့အခါ ပြန်နိုင်လိမ့်မယ်ထင်ပြီး ငွေပမာဏ များများထိုးလေ ပိုပြီးရှုံးလေနဲ့ သိန်း ၇၀ လောက် ထိ ရှုံးတဲ့လူတွေတောင် ရှိတယ်။ တချို့ဆို ပြန်မနိုင်မချင်း မထချင်တော့ စီးလာတဲ့ ဆိုင်ကယ်တောင် ပေါင် ပြီးဆော့တဲ့ လူလည်းရှိတယ်''ဟု ကာစီနို လောင်းကစား ပြုလုပ်ခဲ့ဖူးသည့် မန္တလေးမြို့ရှိ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ ဂိမ်းဆိုင်များ ဖွင့်လှစ်ရန် သက်ဆိုင်ရာ ရဲစခန်းနှင့် တိုင်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက မြို့တော် စည်ပင်မှ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နိုင်ပြီး ငွေကြေးလောင်းကစား ပါဝင်လာပါက တိုင်ကြားမှုရှိလျှင် အရေး ယူနိုင်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ယင်းဂိမ်းဆိုင်များ လုပ်ငန်းလိုင်စင် လျှောက်ထားပါက သက်ဆိုင်ရာ ရယက၊ အုပ်ချုပ်ရေးမှူး၊ အနီးပတ်ဝန်းကျင် လေးအိမ်၊ အဓိကဖြစ်သည့် မြို့နယ်ရဲစခန်း ထောက်ခံချက် ပါမှသာ ခွင့်ပြုကြောင်းနှင့် လောင်းကစား ဂိမ်းဆိုင်များအဖြစ် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူမှသာ လိုင်စင်ပိတ်သိမ်း ခြင်းကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း လုပ်ငန်းလိုင်စင်များ ချထားပေးသည့် မန္တလေး မြို့တော်စည်ပင်၊ ရေ နှင့်သန့်ရှင်းရေး ဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

ဓါတ်ပုံ - မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော တရားမ၀င် လောင်းကစား ဂိမ်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် 

Eleven Media Group

ဟုန်ရှင်း အအေးခန်းစက်ရုံအလုပ်သမား များ သပိတ်စခန်း ပိတ်သိမ်း



စက်တင်ဘာ ၂၂ ရက်က သပိတ်စခန်းဖွင့်လှစ် ဆန္ဒ ပြခဲ့သော ဟုန်ရှင်းအအေးခန်းစက်ရုံအလုပ်သမား များ၏ သပိတ်စခန်းကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ပိတ်သိမ်းလိုက်ပြီး ဆန္ဒပြ အလုပ် သမားများ အ လုပ်ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ဝန်ကြီး ဦးစိုးမင်းက ပြောဆိုလိုက်သည်။


ဟုန်ရှင်း အအေးခန်းစက်ရုံမှာ ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်ပြီး ယင်းကိုဖောက်ဖျက်ပါက ဝန်ကြီးဌာန အနေဖြင့် အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း တိုင်းဝန်ကြီးက ပြောဆိုသည်။

၎င်းက "စက်ရုံကို ရာသက်ပန် ပိတ်သိမ်းခိုင်းမယ်။ ဖောက်ဖျက်ရင် ကျွန်တော်တို့ဝန်ကြီးဌာနက အရေးယူ မယ်။ အလုပ်သမားတွေကို လျော်ကြေးရဖို့နဲ့ အလုပ်ရဖို့ ကျွန်တော် ကိုယ်တိုင်ရှာပေးမယ်" ဟုပြောသည်။

ယင်းကဲ့သို့ ဟုန်ရှင်းအအေးခန်းစက်ရုံ ထာဝရပိတ်သိမ်းမည်ဆိုပါက ဆန္ဒပြအလုပ်သမားအနေဖြင့် သဘော တူညီနိုင်ပြီး အမှန်တကယ်စက်ရုံ ပိတ်သိမ်းပေးရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စောင့် ကြည့်ပေးရန် လိုအပ်ကြောင်းလည်း အလုပ်သမားများက ပြောသည်။

ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုမင်းမင်းက "စက်ရုံက ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လုပ် ရင် အလုပ်သမားတွေကို ပထမဦးစားပေးအနေနဲ့ပြန်ခေါ်ဖို့လည်း သဘောတူညီမှုထဲမှာပါတယ်။ နောက်ပြီး စက်ရုံက တရားဝင်ထာဝရပိတ်သိမ်းတာလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ သပိတ်စခန်းကို ဖျက်သိမ်း ပါ ပြီ" ဟုဆိုသည်။

ဆန္ဒပြ သပိတ်စခန်းဖွင့်ထားသော အလုပ်သမားများကို ကျောက်တံတား ရဲစခန်းတွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး ယင်းတရားစွဲဆိုမှုကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်၍ အမှုရုပ်သိမ်းပေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှုးကြီး မြင့် အေးက ဆိုသည်။

"အခုကျောက်တံတားရဲစခန်းက တရားစွဲဆိုထားတဲ့ ညှိနှိုင်းမှုတွေအရ ပုဒ်မ ၁၈ ကတော့ ကျေအေးနိုင်ပါ တယ်။ ကုမ္ပဏီနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက ဩဂုတ်လအတွင်း တရားစွဲဆိုထားတာတွေကိုတော့ သူ တို့တွေဆက်ပြီး ညှိနှိုင်းဆောင်ရွက်ကြမှာပါ" ဟု ရှင်းပြသည် ။

ယင်းကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပေါ်လာသည့် ပြဿနာများကို အစိုးရတာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းပေးခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "သက်ဆိုင်ရာ အလုပ် သမား ဝန်ကြီးဌာနတွေကို စာတင်ပြီး တိုင်ကြားတယ်ဆိုရင် သုံးရက်အတွင်း ဖြေကြားပေးနေတယ်လို့ အလုပ်သမား ဝန်ကြီးက ပြောတယ်။ အဲဒီတော့ အလုပ်သမားတွေအနေနဲ့ ဘယ်နေရာကို တိုင်ရမယ်ဆိုတာ သေချာသိရင် အဆင်ပြေမှာပါ" ဟု ပြောသည်။

ဟုန်ရှင်းအအေးခန်းစက်ရုံ ရာသက်ပန် ပိတ်သိမ်းမှုကြောင့် ဆန္ဒပြသူ အလုပ်သမားများ ၁၀၃ ဦးက စက် တင်ဘာ ၂၃ ရက်တွင် သဘောတူလက်မှတ်ရေးထိုးပြီး ညနေ ငါးနာရီခွဲခန့်အချိန်တွင် သပိတ်စခန်းကို ပိတ်သိမ်းခဲ့သည်။

စက်ရုံတွင်းနေထိုင်သည့် အလုပ်သမားများကို ကုမ္ပဏီအနေဖြင့် စက်တင်ဘာ ၂၆ ရက်အထိ နေထိုင်ခွင့် ပေးထားသည်။

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြေလည်မှု ရရှိစေရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်၊ ဟုန်ရှင်းအအေးခန်း စက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဟုန်ရှင်း အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူညီခဲ့ပြီး သပိတ်စခန်းကိုလည်း ဖျက်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များမှာ

(၁) ဟုန်ရှင်း ငါးအအေးစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းကိုတောင်း ဆိုသူ ဦးမင်းမင်းပါ ၁၀၃ ဦးတို့မှ သိရှိသဘောတူရန်၊ 

(၂) စက်ရုံ ပိတ်သိမ်းခြင်း အတွက် ဥပဒေအရ အလုပ် ရပ်စဲဖို့ နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း က နောင်ခန်းမ၌ ပေးချေရယူရန်၊

(၃) အလုပ်ရပ်စဲ နစ်နာကြေးများကို အလုပ်သမားများမှလက်ခံရရှိပြီးနောက် ဟုန်ရှင်း ငါးအအေးခန်း စက်ရုံနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊

(၄) တောင်းဆိုမှုနှင့် ပတ်သက် ၍ အမှုဖွင့်လှစ်ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့ အတွက် ဒါရိုက်တာ အဖွဲ့သို့တင်ပြ၍ အကောင်းဆုံး ပြေ လည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊

(၅) စက်ရုံ အဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲမဖြစ်နေျေစရန် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအထိ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန်နှင့် အဆောင်နေသူ များ နေထိုင်စဉ် ကာလအတွင်း စက်ရုံ၊ စက်ပစ္စည်း၊ အဆောက်အအုံ၊ စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူရန်စသည့် အချက်(၅) ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယုဇနာပလာဇာရှေ့ ရေလွှမ်း

ရန်ကုန်-စက်တင်ဘာ၂၄

ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပေါ် ရေလွှမ်းခဲ့ရာ ယုဇန ပလာဇာရှေ့လမ်းမပေါ်ရေလွှမ်းနေသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။





Credit : http://www.sawkyawoo.com/2013/09/blog-post_8635.html

ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ



၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွ ဆေး များ ရောင်းချနေကြောင်းသတင်းအရ တာမွေမြို့ နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏ ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊ MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊ MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေးဗူးများ၊ DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊ STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါ ဆေးတောင့် များနှင့်ဆေးပစ္စည်းများ ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေ မြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_2126.html#.UkEA_FMR8YI

မြေပိုင်ရှင်များကိုယ်တိုင် အဆောက်အအုံ ဆောက်ပါကလည်း အာမခံ ငွေကျပ် သိန်း ၅၀၀ တင်ရမည်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လိုင်စင်ရ ကန်ထရိုက်တာများအနေဖြင့် အဆောက် အအုံများ ဆောက်လုပ်ပါက စည်ပင်သို့ အာမခံ စပေါ်ငွေ ကျပ်သိန်း ၅၀၀ တင်ရကြောင်း၊ လိုင်စင်ရ ကန်ထရိုက်များမှ မဟုတ်ဘဲ မြေဂရန်ပိုင်ရှင် ကိုယ် တိုင် ရင်းနှီးငွေဖြင့် ဆောက်လုပ်ပါကလည်း စပေါ် ငွေကျပ် သိန်း ၅၀၀ ပင် တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။


စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "အထပ်မြင့်များ ဆောက်လုပ်ရာ၌ မြေဂရန်ပိုင်ရှင်က ကိုယ်ပိုင်ငွေရင်းဖြင့် ဆောက်လုပ်မည့် ကိစ္စများတွင် စပေါ်တင်ထားသည့် လိုင်စင်ရ ကန်ထရိုက်တာအား ကျပ်သိန်း ၅၀ ခန့်ပေး၍ လက်မှတ်ရေးထိုးစေပြီး လျှောက်ထားနေရသည်ကို သိပါသလား။ ဖြေလျှော့မှု အနေဖြင့် ပိုင်ရှင်၏ ဂရန်မူရင်းကို စပေါ်တင်စေ ခြင်းဖြင့် ခွင့်ပြုပေးရန် ရှိမရှိ" မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော်တွင် နေရာအနှံ့မှာ အထပ်မြင့်အိမ်တွေ တော်တော်များများ ဆောက်နေတာကို တွေ့ရ ပါတယ်။ အဲဒီလို ဆောက်တဲ့အခါမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကျပ်သိန်း ၅၀၀ တိတိ စပေါ်တင်ထားရတဲ့ လိုင်စင်ရ ကန်ထရိုက်တာ ငွေရှင်ကြေးရှင်ကသာ ဆောက်လုပ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအခါမှာ မြေဂရန်ပိုင်ရှင်တွေ အနေနဲ့ ကိုယ်ပိုင်ငွေနဲ့ ရင်းနှီးပြီးတော့ ဆောက် လုပ်မယ့် ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ လိုင်စင်ရ ကန်ထရိုက်ကို ကျပ်သိန်း ၅၀ ပေါက်ဈေးပေးပြီး လက်မှတ်ထိုးပြီးတော့ လျှောက်နေကြတယ်လို့ ကြားသိရပါတယ်" ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြောကြားသည်။

"အချို့ ဂရန်အမည်ပေါက် ပိုင်ရှင်များ အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ကိုယ်ပိုင်ငွေရင်းဖြင့် အာမခံငွေကျပ် သိန်း ၅၀၀ သွင်း၍ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန် ကန်ထရိုက်တာ လိုင်စင်ရယူလျက် ရှိပါတယ်။ ဒါကြောင့် မြေဂရန် ပိုင်ရှင်က ကန်ထရိုက် တစ်ဦးအား လက်မှတ်ရေးထိုးစေပြီး ဆောက်လုပ်ခွင့် လျှောက်ထားခြင်း မဆောင် ရွက်လိုပါက မြေပိုင်ရှင်ကိုယ်တိုင် ရန်ကုန်မြို့တော် စည်ပင်သတ်မှတ်ချက်များနှင့်အညီ အမည်ပေါက် ပိုင်ဆိုင်သည့် အထောက်အထားများ တင်ပြပြီး အာမခံကြေး ကျပ်သိန်း ၅၀၀ ပေးသွင်းလျက် ကိုယ်တိုင် ကန်ထရိုက်တာ လိုင်စင် ရယူနိုင်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

Credit : http://www.yeyintnge.com/2013/09/blog-post_3328.html#.UkEA71MR8YI

အမှတ်(၉) အ.ထ.က ရဲ့ အသံများ



ပြီးခဲ့တဲ့ရက်တွင် ၈တန်း အခန်း(A)ကာယဆရာမ အချိန်၌ လေ့ကျင့်ခန်းစာအုပ်မပါလာသော ကျောင်းသူ/ သားများကို ထိုင်ထလုပ်ခိုင်းရာ ၀န်ကြီး ပီအေ သမီးဆိုသူက လေ့ကျင့်ခန်း စာအုပ် မပါလာ သော ကျောင်းသူ/သားများနဲ့ တန်းတူ ထိုင်ထလုပ် ခဲ့ရ ၊မိဘဖြစ်သူက ငွေ၂သိန်း ကို အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီးကို ပေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ထိုကာယဆရာမကိုခေါ်ပြီး နောက် တွင် ထိုအပြစ်ဒဏ်မျိုး မလုပ်ခိုင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း၊၊


၂၁.၉.၂၀၁၃ ဆုပေးပွဲအခမ်းအနားတွင် ၀န်ကြီးဒေါက်တာတိုးတိုးအောင် သမီးက ၆တန်း ပညာသင်နှစ် အတွက် ဒုတိယဆုရခဲ့ကြောင်း၊ အမှန်တကယ် စာကြိုးစားပြီး ဖြေဆိုခဲ့သူက ထိုဒုတိယဆုနေရာအတွက် ဖယ်ပေးခဲ့ရပြီး တတိယဆုနေရာသာရခဲ့၊ထို ဒုတိယဆုရှင်ရမှတ်က တတိယဆုရှင် ရမှတ်ထက် အမှတ်(၄၀) လျော့နည်းကြောင်း၊ ထိုမပေးမနေရ ဒုတိယဆုကို ဖန်တီးပေးခဲ့သူက အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီး ဖြစ်ကြောင်း

အမှတ်(၉)အ.ထ.ကကျောင်းအုပ်ဆရာမ ဒေါက်တာလှလှမော်က ၀န်ကြီးသား/သမီးတွေ၊ပိုက်ဆံရှိသော လူကြီးများသား/သမီးတွေကို ရာထူးမျက်နှာ၊ငွေမျက်နှာကြောင့် အရမ်းနေရာပေးပြီးဆက်ဆံကြာင်း။(ဥပမာ- ထိုကျောင်းသူ/သားများကို ထမင်းလာပို့ရင် သက်ဆိုင်ရာ ဆရာ/မများက အတန်းထဲထိ ထမင်းလာပို့သူနဲ့ လိုက်ပါသွားရပြီး ပြန်ရင်လည်း ပြန်ပို့ပေးရမည်ကို ဆရာ/မများကို ညွှန်ကြားထားကြောင်း)

ကျောင်းသူ/သားများနှင့်မိဘများ

Credit : http://www.yeyintnge.com/2013/09/blog-post_7140.html#.UkEA6VMR8YI