Monday, September 9, 2013

MAI ၏အခမဲ့စီစဉ်မှုဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ စက်တင်ဘာ ၁၃ရက်နေ့  မြန်မာနိုင်ငံသိုပြန်ရောက်မည်



မလေး ရှားနိုင်ငံရောက် မြန်မာအလုပ် သမားများ သည် အပြည်ပြည်ဆိုင် ရာမြန်မာ့ လေကြောင်းလိုင်း (MAI) ၏ အခမဲ့စီစဉ်မှုဖြင့် စက်တင်ဘာ ၁၃ရက် တွင် စတုတ္ထအကြိမ် ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။


အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI)၏ ပြန် ကြားရေးတာဝန်ခံ မအေးမရသာက ''အစ်မတို့ စတုတ္ထအကြိမ် မြောက်အဖြစ် အခမဲ့စီစဉ်ပေးတာ ပါ။ လက်ရှိ ၁၇၃ဦးလိုက်ပါလာဖို့ စာရင်းပေးထားပါတယ်။ မလေး ကနေ မွန်းလွဲ ၂နာရီ ထွက်လာပြီး ရန်ကုန်ကို မွန်းလွဲ ၃နာရီရောက် ပါမယ်''ဟုပြောသည်။

မြန်မာအလုပ်သမားများ အတွက် MAI နှင့်အတူ ကမ္ဘောဇ ဘဏ်လီမိတက်၊ သီတဂူဆရာ တော်ကြီး ဦးဆောင်သော သီတဂူ အထောက်အကူပြုအဖွဲ့ (မလေး ရှား)တို့မှ ပူးပေါင်းလှူဒါန်းစီစဉ် ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းက ''အခုပြန်လာမယ့် သူတွေက မလေးမှာ ဖမ်းဆီးခံရ တဲ့ မြန်မာအလုပ် သမားတွေချည်း သက်သက် လာမှာလားတော့ အတိအကျမသိသေးဘူး။ ဟိုမှာနေ ထိုင်ခွင့်မရှိတော့တဲ့ မြန်မာတွေပဲ အဓိကပြန်လာ ကြမယ်လို့ သိရ တယ်''ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်း (MAI)အနေ ဖြင့် မလေးရှားရောက်မြန်မာ များ အမိမြေ ပြန်လာနိုင်ရေးအတွက် ကနဦးလေယာဉ်လက်မှတ်ခများ ဈေးလျှော့ပေးခဲ့ပြီးနောက်ပိုင်းတွင် အခမဲ့ စင်းလုံး လေယာဉ်များ စီစဉ်ပေးမှုများဖြင့် မြန်မာအလုပ် သမား ၃၀၀၀ နီးပါးခန့် ပြန်လည် ရောက်ရှိလာပြီ ဖြစ် ကြောင်း သိရ သည်။

Yangon Media Group

အုပ်ချုပ်ရေးက လွှတ်တော်ကို လွှမ်းမိုး၍ မရသလို လွှတ်တော် ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်သွားမည်ဟု သူရဦးရွှေမန်းပြော



အုပ်ချုပ်ရေးပိုင်းမှ လွှတ်တော်ကို လွှမ်းမိုး၍ မရ သလို၊ လွှတ်တော်ကလည်း ကိုယ့်အလုပ်ကိုယ် လုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးခွဲတွင် ပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ရေးရာ စီမံ ခန့်ခွဲမှု တွေဆုံညှိနှိုင်းပွဲတွင် ပြောကြားသည်။


''လွှတ်တော်က လွှတ်တော်အလုပ်လုပ် မှာ ဖြစ်ပါ တယ်။ လွှတ်တော်က လွှတ်တော်မှာ အလုပ် လုပ်လို့  အုပ်ချုပ်ရေးနဲ့ ပွတ်တိုက်မှု တွေရှိပါတယ်။ ဝေဖန်ပြော ဆိုနေ တာတွေပြောပါစေ။ ကိုယ့်အလုပ်ကိုယ်လုပ်မယ်'' ဟု ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။

ထို့ပြင် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သော ဥပဒေမှန်သမျှကို မှားလျှင် မှားသည်ကို ရဲရဲဝံ့ဝံ့ဝန်ခံ ပြောဆိုသွားမည် ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်တွင် ထုတ်ပြန်ပြီးသော ဥပဒေ၊ တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်လေ့လာခြင်းမျိုး၊ ပြုလုပ်လေ့ရှိကြောင်း၊ ယခုလက်ရှိ ပြုလုပ်နေသော ဥပဒေပြုရေးတွင် တရားမျှတ၍ အများလက်ခံသော ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်း က ပြောသည်။

''ဒီမိုကရေစီခေတ်မှာ တရားမျှတတဲ့ ဥပဒေ၊ နိုင်ငံထူထောင် နိုင်ငံသားတွေ အတွက် ပြု လုပ်တဲ့ ဥပဒေပဲ ဖြစ်ရမှာပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်ရပါဘူး။ ဟိုအရင်ကလို အုပ်ချုပ်ရေးကလွှတ်တော်ကိုလွှမ်းမိုး လို့မရပါဘူး'' ဟု ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရ ဦးရွှေမန်း က ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (ရုံးခွဲ) တွင် ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု တွေ့ဆုံညှိနှိုင်းပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်များနှင့် ရှေ့နေများအသင်းမှ တာဝန်ရှိသူများ တက်ရောက် ကာ တရား ဥပဒေ အကြောင်းအရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

MDN

Credit : http://www.oppositeyes.info/2013/09/blog-post_3995.html

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၈/၂၀၁၃)

၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်

(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်)


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင်အဖွဲ့ဝင် ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၅/၂၀၁၃) ဖြင့် ဖွဲ့စည်း ခဲ့သော “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ”တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ အား အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(၁) ဦးဇေယျာအောင် ပြည်ထောင်စုဝန်ကြီး

(၂) ဦးဝင်းမြင့် ပြည်ထောင်စုဝန်ကြီး



                                                                                         (ပုံ) သိန်းစိန်
                                                                                      နိုင်ငံတော်သမ္မတ
                                                                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

မိတ်္ထီလာ NLD အမတ်ကို ရာထူးရုပ်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်



ဒေသခံများဘက်မှ ရပ်တည်မပေးဆိုသည့် စွပ်စွဲ ချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မိတ်္ထီလာ မြို့နယ် အောက်လွှတ်တော်အမတ် ဦးဝင်းထိန်ကို အမတ် ရာထူးရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည်ဟု ထို အရေးကို ဦးဆောင်လှုပ်ရှားနေသည့် မိတ္ထီလာမြို့ခံ မကြည်ကြည်အေးက ပြောသည်။


ထိုအမတ်ကို ရာထူးရုပ်သိမ်းရေး တောင်းဆိုရန် စက်တင်ဘာ ၇ ရက်ကစတင်ဆော်သြခဲ့ရာ နှစ်ရက်အတွင်း လက်မှတ်ရေးထိုးပေးသူ ၁၀၀၀ ကျော်ရှိကြောင်း၊ ၁၀ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်ထံတင် ပြမည် ဟုလည်း သူက ဆက်ပြောသည်။

မိထ္ထီလာမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက အမြင်မတူသော လူအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ထိုအချိန် က ပြုမူခဲ့သောမြို့ခံလူထု၏ လုပ်ရပ်နှင့်ပတ်သက်၍ ဦးဝင်းထိန်က “မိတ္ထီလာသား တစ်ယောက် ဖြစ်ရတာ ရှက်တယ်” ဟု သတင်းဂျာနယ်တစ်စောင်ကို ပြောကြားခဲ့သဖြင့် ထိုအချက်သည် “အဓိက အကျဆုံး မကျေနပ်ချက်”ဖြစ်သည်ဟု မကြည်ကြည်အေးကဆိုသည်။

သို့သော် လွှတ်တော်အမတ် ဦးဝင်းထိန်ကမူ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မြို့သားများ၏ အကြမ်းဖက်မှု များကို ကိုယ်တိုင်မျက်မြင်တွေ့ရှိရသည့်အတွက် ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်းတုံ့ပြန်သည်။

ဒေသခံများက အမတ်ဦးဝင်းထိန်ကို မိတ္ထီလာမြို့သားများဘက်မှ ရပ်တည်မပေးဟူသည့် အကြောင်းပြ ချက်ဖြင့် ရာထူးမှရုပ်သိမ်းပေးရန် ရွေးကော်ပွဲကော်မရှင်ထံ လက်မှတ်ထိုးတင်ပြမည်ဟုဆိုကြသည်။ သို့ သော်အခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် အမတ်တစ်ဦးသည် နိုင်ငံ့ကျေးဇူးသစ္စာဖောက်လျှင်၊ အခြေခံဥပဒေကို ချိုးဖောက်လျှင်၊ အကျင့်သိက္ခာ ပျက်ပြားလျှင်၊ အမတ်အရည်အချင်း ပျက်ယွင်းလျှင်၊ ဥပဒေအရပေးထား သည့် တာဝန်မကျေပွန်လျှင်မှသာ ရာထူး ရုပ်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။

သို့သော်အမတ်ကိုမဲပေးခဲ့သည့် ပြည်သူများ၏တစ်ရာခိုင်နှုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံသို့တိုင်တန်းလာလျှင်မူ ရွေးကောက်ပွဲကော်မရှင်ကဥပဒေနှင့်အညီ စုံစမ်းရမည်ဖြစ်ပြီး စွပ်စွဲခံရသူ အမတ်ကိုလည်းချေပခွင့်ပေးရမည်ဟု အခြေခံဥပဒေတွင် ဆက်လက်ပြဌာန်းထားသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က အမတ်ဦးဝင်းထိန်ကို မဲဆန္ဒရှင် ၆၈၀၀၀ ကျော် က ထောက်ခံမဲပေးခဲ့သည်ဟု ကာယကံရှင်က မဇ္ဈိမကိုအတည်ပြု ပြောကြားသည်။

ဒေသခံများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ဦးဝင်းထိန်က “ကျောင်းတွေဘတ်ဂျက်ရအောင်ကျွန်တော် လုပ်ပေးတာပဲ။ အခုလမ်းတွေ စည်ပင်ကို ကျွန်တော်သွားပြောတဲ့အတွက် ကောင်းသွားပြီ။ အဲ့ဒါတွေ သူတို့ မသိဘဲနဲ့ ဘာကြောင့် တာဝန်မကျေလည်းပြောတာတော့ ကျွန်တော်နားမလည်နိုင်ဘူး” ဟုဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက မိတ္ထီလာသို့ရောက်ရှိစဉ် မြို့ခံများက လူအုပ်စုဖြင့် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသည့်လုပ်ရပ်နှင့်ပတ်သက်၍ အောက်လွှတ်တော်အ မတ်ဦးဝင်းထိန်က မီဒီယာများ၌ မှတ်ချက်ပြုခဲ့သည့် စကားများနှင့်ပတ်သက်၍လည်း ဒေသခံများက မကျေနပ်မှုများ ရှိခဲ့သည်။

မိတ်္ထီလာမြို့သားများက လူအင်အား ၁၀၀ ဖြင့် လွှတ်တော်အမတ်ဦးဝင်းထိန်ကို ယခုလ ၅ ရက်က၌ ဆန္ဒပြ ရန် စီစဉ်ခဲ့သေးသော်လည်း မတည်ငြိမ်မှုများ ထပ်ဖြစ်မည် စိုးသောကြောင့်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေး မှူးက ခွင့်မပြုခဲ့ပေ။

mizzima

UNFC နဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမှု ပထမရက်မှာ သဘောတူညီမှုမရ

မြန်မာနိုင်ငံမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို လာမဲ့အောက်တိုဘာလကုန်မှာ လက်မှတ်ရေး ထိုးဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တို့ ဆွေးနွေးခဲ့တဲ့ ပထမနေ့မှာ သဘောတူညီမှုတွေ တစုံတရာမှာ မရခဲ့ဘူးလို့ သိရပါတယ်။


ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာ၈ရက်နေ့ကတွေ့ဆုံဆွေးနွှေးခဲ့တာ ဖြစ်ပါတယ်။



ဒီအစည်းအဝေးကို အစိုးရဘက်က ပြည်ေ ထာင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ကိုယ်စားလှယ်တွေနဲ့ UNFC ဘက်က နိုင်ဟံသာ ဦးဆောင်တဲ့ကိုယ်စားလှယ် အဖွဲ့ဝင်တွေ၊ ဂျပန်နိုင်ငံကလေ့လာသူတွေနဲ့ ငြိမ်းချမ်းရေးအကျိုး တော်ဆောင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တပြည်နယ်လုံး လက်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှာဖြစ်တယ်လို့ အစိုးရဘက်က ပြောခဲ့တဲ့ အကြောင်း ငြိမ်းချမ်းအကျိုးတော်ဆောင်ဦးညိုအုန်းမြင့်က အခုလိုပြောပါတယ်။


အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းကို ငြိမ်းချမ်းရေးအတွက်၊ တပြည်လုံးအပစ်အခတ် ရပ်စဲရေးအ တွက် ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတွေအတွက် ဆွေးနွေးပါတယ်၊ နောက်တခါ တပြည် လုံးအတိုင်းအတာနဲ့ အ ပစ်အခတ်ရပ်စဲနိုင်ရင် အားလုံးဟာနိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာရမှာဖြစ် ပါတယ်၊ အနာဂတ်မှာ နိုင်ငံရေးဆွေးနွေး ဖို့အတွက် နိုင်ငံရေးလမ်းပြမြေပုံသဘောပေါ့နော် မူတွေ ၊ ဘောင်တွေ အတွက်ကိုလည်း အစိုးရဘက်ကနေပြန် တင်ပြတာတွေရှိပါတယ်။

UNFC ဘက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ တိုင်းရင်းသား ညီလာခံမှာ အတည်ပြုခဲ့တဲ့ အ ချက်တွေနဲ့ ရှေ့ဆက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဘယ်လိုသွားမလဲဆိုတာတွေ ဆွေးနွေးခဲ့ပြီး အစိုးရ ဘက်ကတော့ ပြည်နယ်အဆင့်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး အချက် ၄ချက်အပေါ်မှာ ထပ်ပြီး အတည်ပြုဖို့နဲ့ political ဒိုင်ယာလော့ကို ဆက်ပြီး ဆောင် ရွက်သွား မယ် ဆိုတဲ့ အခြေခံအချက်တွေကို မူတည်ပြီး လက်မှတ်ထိုးမဲ့အပေါ်မှာ သိပ်ပြီး ထူးခြားချက် မရှိဘူး လို့ မြင်တဲ့အကြောင်း UNFC ဘက်က ပြောပါတယ်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး UNFC ဘက်က နားလည်တာကတော့ အစိုးရ ဘက်ကနေ ထုတ်ပြန်ပေးဖို့ လိုသလို အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ပဏာမ အဆင့်မှာ လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့အတွက် အခုတခါပြန်ပြီး လက်မှတ်ထိုး ရမယ် ဆိုတဲ့ကိစ္စ အပေါ်မှာ မရှင်းလင်းတဲ့အတွက် မေးခွန်း ထုတ်တာတွေ၊ စိုးရိမ်ချက်တွေလည်း ရှိတယ်လို့ UNFC တွဲဘက် အတွင်းရေးမှူး(၁) ပဒိုမန်းမန်းက အခုလိုပြောပါတယ်။

ကျနော်တို့ကတော့ အကြံပြုချက်တွေနဲ့ စိုးရိမ်ချက်တွေကို တင်ပြပါတယ်၊ အလုံးစုံ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ နိုဝင်ဘာမှာ ၊ အောက်တိုဘာမှာ ကျင်းပမယ် ဆိုတဲ့ကိစ္စမှာ အချိန်တွေ က အများကြီး အကန့်အသတ် ဖြစ်တယ်ပေါ့နော်၊ တအား လျင်မြန်လွန်းတဲ့ကိစ္စ၊ နောက်အလုံးစုံ အပစ် အခတ်ရပ်စဲရေးကို ဆောင်ရွက်တဲ့ နေရာမှာ တိကျခိုင်မာတဲ့ နိုင်ငံရေး အာမခံချက်နဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သတ်မှတ်ရမဲ့ တပ်ပိုင်းဆိုင်ရာ အခြေခံတွေကိုလည်းပဲ သိထားဖို့လိုတယ် ဆိုတာ ကိုတော့ ကျနော်တို့က ထောက်ပြတာဖြစ် တယ်ပေါ့၊ အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို မဖိတ်ခေါ်ခင်မှာ အစိုးရ ဘက်က နေပြီးတော့မှ ကြိုတင်ပြီးတော့မှ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ဖိတ်ခေါ်ပေးဖို့ ဆိုတာကိုလည်း အကြံပြုတယ်၊ အလုံးစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဘယ်အချက်တွေ ပါမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ချပြထားဖို့ လိုတယ်ပေါ့နော်၊ အဲဒီပါဝင် မဲ့အချက်အလက်တွေ ကို ရေးဆွဲတဲ့ နေရာမှာလည်းပဲ တိုင်းရင်းသား ဘက်ကကော နိုင်ငံရေးပါတီအပါအ၀င် ပြုစုတဲ့အထဲမှာ ပါဝင်ရမယ် ဆိုတာကို အကြံပြုခဲ့ပါတယ်။

တနိုင်ငံလုံး အလုံးစုံ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေး ထိုး ရသေးတဲ့အဖွဲ့တွေ ကျန်ရှိနေသေးတဲ့ အပေါ်မှာလည်း စိုးရိမ်ချက်တွေရှိနေပြီး အစိုးရဘက်ကတော့ လက်မှတ်မရေးထိုး ရသေးတဲ့အဖွဲ့တွေကိုလည်း အမြဲတမ်းဖွင့်ထားပေးတဲ့အကြောင်းနဲ့ တပြည်လုံး အပစ် အခတ်ရပ်စဲ ရေးလက်မှတ် ရေးထိုးပြီးရင် မတရားအသင်း ကြေညာထားတဲ့အဖွဲ့တွေကို ရုတ်သိမ်း ပေးမယ် လို့ ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သ တင်းပေး ပို့ ထားပါတယ်။

ABC

Credit : http://www.oppositeyes.info/2013/09/unfc.html

၈၈မျိုးဆက် နိုင်ငံရေးလုပ်စားများအပါအ၀င် နိုင်ငံရေးလုပ်စားများအား ပြည်တွင်းဂျာနယ်တစ်စောင်မှ ထောက်ပြဝေဖန်



ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွမြောက်ကြွ မိုက်ကိုင်ပြီး တက် ရောက်လာသူပရိတ်သတ်များ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပြောဆိုနေကြသည် မှာ နိုင်ငံရေးသမား ယောင်ယောင်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင် ထောင်ထွက်များ ပင်ဖြစ်သည်။


နိုင်ငံတော်သမ္မတကြီး၏ စေတနာဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေသည့် ကာလ တွင် နိုင်ငံ့ အကျိုးကို တစ်တပ်တစ်အား ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က ပြည်သူအများမှ မျှော်လင့် တကြီးဖြင့် ကြိုဆိုခဲ့ကြဖူးသည်။

သို့သော်.....တဖြည်းဖြည်းဖြင့် အချိန်ကာလကြာရှည်သောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏ တိုး တက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ရောက်ရှိသည့်နေရာတိုင်းတွင် ကောင်းကျိုးများ ဖြစ်ပေါ်လာသည်မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသောဆန္ဒပြပွဲများကို လုပ်ဆောင်နေ သူများ အဖြစ်ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍လည်း ယခုအပါတ်ထုတ် First News ပြည်တွင်း ထုတ် ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံ လုပ်စားများအကြောင်းအား ဖော်ထုတ် ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။

ပရိုမီးသီးယပ်စ်

Credit : http://www.oppositeyes.info/2013/09/blog-post_5815.html

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂျပန်နည်းပြများ၏အားပြိုင်မှုကို မြင်တွေ့ရမည်



စက်တင် ဘာ ၉ရက်တွင် စတင်ကျင်းပမည့် ၂၀၁၃ အာဆီယံအမျိုးသမီး ချန်ပီ ယံရှစ်ပြိုင်ပွဲ၌ ဂျပန် လူမျိုးနည်းပြ လေးဦးပါဝင်လျက်ရှိရာ အမျိုးသမီး ပြိုင်ပွဲအပြင် ဂျပန်နည်းပြဆရာများ၏ ပြိုင်ပွဲ တစ်ရပ် ကိုပါ တွေ့ မြင်ရဖွယ်ရှိနေသည်။


ယင်းပြိုင်ပွဲအား အာဆီယံ ဒေသတွင်းနိုင်ငံ ခုနစ် နိုင်ငံအပြင် ဩစတြေးလျ၊ ဂျပန်နှင့် ဂျော်ဒန် နိုင်ငံ တို့ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ဂျပန်၊ ဂျော်ဒန်၊ မြန်မာနှင့် လာ အိုအသင်းတို့၏ နည်းပြများမှာ ဂျပန်လူမျိုးနည်းပြဆရာများဖြစ် နေကြောင်း သိရသည်။

ဂျပန်ယူ-၂၃အသင်း၏ အဖွဲ့ခေါင်းဆောင် ကာဇူဟွန်ဒါက ''ကျွန်တော်တို့ကို ဒီပြိုင်ပွဲ ဝင်ပြိုင် ဖို့ ဖိတ်ခေါ် ခဲ့တဲ့အတွက် ကျေးဇူး တင်မိပါတယ်။ ကျွန်တော်တို့အ နေနဲ့ ဒီပြိုင်ပွဲရဲ့အဆင့် အတန်း ကို မြှင့်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲတစ်ပွဲကို သွားပြိုင်ပြီဆိုရင် တော့ ချန်ပီယံဖြစ်ချင်တာပါပဲ။ ကျွန်တော်တို့က တက္ကသိုလ်လက် ရွေးစင်ကစားသမားတွေနဲ့ လာပြိုင် တာဖြစ်ပေမယ့် ရည်မှန်းချက်ရှိတဲ့ ကစားသမား တွေကို ခေါ်လာတာ ပါ။ မြန်မာအသင်းအနေနဲ့လဲ ချန် ပီယံဖြစ်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ဂျပန်လူမျိုး နည်းပြလေးဦးပါဝင်နေ တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဘော လုံးအဆင့်အတန်းတိုးတက်နေမှု ကို ပြသနေ သလိုပါပဲ။ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲဖြစ်ပေမယ့် ဂျပန် နည်းပြ ဆရာရဲ့ပြိုင်ဆိုင်မှုလို့တော့ မထင်မိ ပါဘူး'' ဟုပြောသည်။

မြန်မာအသင်းနည်းပြ ကု မာဒါကမူ ''ကျွန်တော်ကတော့ ကျန်တဲ့ဂျပန်လူမျိုးနည်းပြတွေကို အရှုံးမပေးချင် သလို ထိုင်းနဲ့ ဗီယက် နမ်တို့ကိုလဲ မရှုံးချင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဖိုင်နယ်မှာ ကံအကြောင်း မလှလို့ ရှုံးနိမ့် ခဲ့ရပေမယ့် ဒီတစ် နှစ်အတွင်းမှာ ပြင်ဆင်ချိန်ရရှိခဲ့ တာကြောင့် ပွဲတိုင်းကို အနိုင်ရရှိ အောင် ကစား သွားမှာပါ''ဟု ပြော သည်။

ဂျော်ဒန်နည်းပြ မာဆာကီ ဟိုကီယာမာက ''ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့်အုပ်စုမှာ တခြား ဂျပန်နည်းပြတွေ မပါဝင်ပေမယ့် ကျွန်တော်တို့က အသင်းကောင်း တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဂျပန်လူ မျိုးနည်းပြတွေ ပါဝင် လာတာကတော့ ကောင်းမွန်တဲ့လက္ခဏာ တစ်ခုပါပဲ''ဟု ပြောသည်။ လာအို အသင်း နည်းပြကိုင်ဟွန်မာက ၎င်း အနေဖြင့် ဂျပန်လူမျိုးတွေရဲ့ပြိုင် ဆိုင်မှုလို့ မထင်မှတ်မိကြောင်း၊ မိမိတို့ အသင်းအနေဖြင့် ကျန် ဂျပန်လူမျိုးများကိုင်တွယ်သော အသင်းများလောက် ကစားသမားကောင်းများမရှိကြောင်း၊ မိမိတို့ အသင်း နှင့် တခြားအသင်းများ ကြားတွင်ရှိသော ကွာခြားမှုများကို လေ့လာနိုင်ရန် ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

မြ၀တီ

ဦးကျော်သူ၏ ပုံတူရုပ်တု စကျင်ရွာသားတစ်ဦး ထုဆစ်လှူဒါန်း

နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌ ရုပ်ရှင် သရုပ်ဆောင်ဦးကျော်သူ၏ ပုံတူရုပ်တုတစ်ခုကို မတ္တရာမြို့နယ် စကျင်ရွာရှိ ပန်းတမော့လုပ်ငန်းတစ်ခုမှ ကိုဝင်းခိုင်ဆိုသူက ထုဆစ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်က လှူဒါန်း ခဲ့သည်။


“သူ့ပုံတူကိုစဉ်းစားတဲ့အခါမှာ သူ့စိတ်ဓါတ်နဲ့တူတဲ့ အရောင်ကိုရှာတယ်။ (ကျောက်) အဖြူရောင်ကို ရွေးချယ် ပြီး ထုပါတယ်” ဟု အလှူရှင်ကိုဝင်းခိုင်ဦးကဆိုသည်။

အမြင့် ၃၁ လက်မနှင့် အကျယ်လက်မ ၃၀ ရှိသော ထိုစကျင်ကျောက်ဖြူရုပ်တုကို မထုလုပ်မီ ကာယကံရှင် ဦးကျော်သူကို ခွင့်တောင်းခဲ့ကြောင်း ကိုဝင်းခိုင်ဦးကဆက်ရှင်းပြသည်။

ထိုရုပ်တုကို ရန်ကုန်ရှိနာရေးကူညီမှုအသင်းတွင် ထားရှိမည်ဟုလည်း ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ကိုဝင်းခိုင်ဦးသည် ထိုရုပ်တုကို နှစ်လကျော်ကြာ တစ်ဦးတည်း မနားတမ်းထုဆစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဦးကျော်သူသည် ချို့တဲ့သည့်ပြည်သူများ၏ နာရေးအတွက် အခမဲ့ကူညီဆောင်ရွက်ပေးသည့် နာရေး ကူညီမှု အသင်းကို ဒါရိုက်တာဦးသုခနှင့် ပူးတွဲတည်ထောင်ခဲ့ပြီး ဆောင်ရွက်ခဲ့သည်မှာ ၁၂ နှစ်တာ ကြာမြင့်ပြီ ဖြစ်ပြီး ထိုကာလများအတွင်း ရုပ်အလောင်း ၁၃၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့သည်ဟု ထို အသင်းမှစုံ စမ်းရရှိသည်။

ဦးကျော်သူသည် ၂၀၀၉ ခုနှစ်က လန်ဒန်ရောက် မြန်မာများကပေးအပ်သည့် ပြည်သူ့ဘက်တော်သား အနုပညာသမား ဆုချီးမြှင့်ခံခဲ့ရသလို၊ ၂၀၁၀ ခုနှစ်တွင်လည်း ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခြင်းခံခဲ့ရသည်။ 

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/13892-2013-09-09-03-08-02.html

ငွေသိန်း ၅၀၀ သုံးစွဲမည့်ကိစ္စ စာနယ်ဇင်းကောင်စီထုတ်ပြန်မည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ အစိုးရဘတ်ဂျက်ဖြင့် လှူဒါန်းထားသည့် ကျပ်သိန်း ၅၀၀ ကို မည်သို့ သုံးစွဲမည်ဆိုခြင်းကို စာနယ်ဇင်းကောင်စီအနေဖြင့် သဘောထားကြေညာချက် ထုတ်ပြန် မည်ဖြစ်သည်ဟု စာနယ်ဇင်း ကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို စက်တင်ဘာ ၈ ရက်တွင် ပြောသည်။


သဘောထားကြေညာချက်တွင် အဓိကအားဖြင့် အစိုးရဘတ်ဂျက်ဖြင့် လှူဒါန်းသည့် သိန်း ၅၀၀ နှင့် ပတ်သက်၍ ရှေ့ဆက်မည်သို့ လုပ်ဆောင်မည်ဟူသော အကြောင်းအရာပါဝင်မည်ဖြစ်ပြီး သတင်း မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးထားသည့် အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အလှူငွေ သိန်း ၅၀၀ လက်ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးကျော်မင်းဆွေက “သဘောထားကွဲလွဲတာတွေက သဘာဝပါ။ နားလည်မှုတွေလွဲ နိုင်ပါတယ်။ အဓိက ကတော့ လုပ်နေတဲ့သူတွေအနေနဲ့ စေတနာမှန်ဖို့၊ လိပ်ပြာသန်ဖို့ ရိုးသားဖြောင့်မတ်ဖို့ နဲ့ကိုယ့်အလုပ်ကို ကိုယ်မယိမ်း မယိုင်အောင် လုပ်ဖို့အရေးကြီးပါတယ်” ဟု ပြောသည်။

သိန်း ၅၀၀ လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး စာနယ်ဇင်းလောကအတွင်း သဘောထားကွဲလွဲမှုများလည်း ရှိနေပြီး လက်ခံသင့်သည်ဟု ယူဆသူနှင့် လက်မခံသင့်ဟု ယူဆသူများကြား သဘောထားကွဲလွဲ နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ နိုင်ငံတော်သမ္မတရုံးမှ ကျပ်သိန်းငါးရာ လှူဒါန်းခြင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ လွတ်လပ်ခွင့်ကို မထိခိုက်စေသည့် လှူဒါန်းခြင်းဖြစ်သည်ဟု ပြန်ကြား ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ယင်းငွေကြေးကို စာနယ်ဇင်းကောင်စီသို့ လာရောက် လှူဒါန်း သည့် စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီးလာမည့် သက်တမ်းအတွက် ရွေးကောက်ပွဲ ပြုလုပ်၍ ပြန်လည်ဖွဲ့စည်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ စာနယ်ဇင်းကောင်စီ(ယာယီ) သည် တစ်နှစ် အတွင်း သတင်းလောကသားများနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း ၃၄ ခု ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။

စက်တင်ဘာ ၁ ရက်ကနေပြည်တော်တွင် နိုင်ငံတော်သမ္မတ၊ ပြန်ကြားရေးဝန်ကြီးများနှင့် စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများတွေ့ဆုံသည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/13894-2013-09-09-03-23-21.html

လျှပ်စစ်မီတာခ ဈေးကြီးသဖြင့် ကျောက်ဖြူရွာ ၂၃ ရွာစုပေါင်း တောင်းဆိုမည်

မြန်မာနှင့်တရုတ် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ နေ့စဉ် ဓာတ်ငွေ့ကုဗပေသန်း ၂၀ ကို ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပေးရန် အစိုးရကခွဲတမ်းပေးထားသော်လည်း လျှပ်စစ် ဖြန့်ဖြူးရာတွင် ကျသင့်မည့် မီတာခမှာ ဈေးကြီးနေသဖြင့် ဒေသခံများက အစိုးရကို စုပေါင်း တောင်းဆို မည်ဟု ၎င်းတို့က ပြောသည်။


လျှပ်စစ်သုံးစွဲခမှာ အိမ်သုံးမီတာ၏ တစ်ယူနစ်လျင်ကျပ် ၃၅ နှင့် စီးပွားရေးလုပ်ငန်းသုံးမီတာ တစ်ယူနစ် လျှင် ကျပ် ၇၅ နှုန်း ကောက်ခံမည်ဖြစ်သဖြင့် ထိုဈေးနှုန်းကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုမည်ဟု ရွာ ၂၃ ရွာမှ ဒေသခံတစ်ထောင်ကျော်က စက်တင်ဘာ ၈ ရက်တွင် စည်းဝေးညှိနှိုင်းကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“လေးပေမီးချောင်း နှစ်ချောင်းထက်ပိုသုံးရင် ကွမ်းယာဆိုင်ပဲဖြစ်ဖြစ်၊ မုန့်တီဆိုင်ပဲဖြစ်ဖြစ် လုပ်ငန်းသုံး မီတာဈေးပေး ရမယ်လို့ ကြေညာထားတယ်။ ဒါကြောင့် ပါဝါမီတာသုံးစွဲတဲ့သူကိုပဲ ပါဝါမီတာဈေးကောက်ဖို့ အစိုးရကို တင်ပြပါမယ်” ဟုလည်း ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းထွန်းနိုင်က မဇ္ဈိမကိုပြောသည်။

ဒေသခံများသည် ပြည်နယ်အစိုးရ၊ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့၊ ပြည်ထောင်စုအဆင့် လျှပ်စစ်ဝန်ကြီး ဌာန တို့ထံ စက်တင်ဘာ ၉ ရက်တွင် တောင်းဆိုစာများပေးပို့မည်ဟု ၎င်းတို့ကဆိုသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်မီတာအလုံးပေါင်း ၃၈၀၀ တပ်ဆင်ထားပြီး ထပ်မံလျှောက် ထား သူ ၂၅၀၀ ခန့်ရှိကြောင်း၊ အသစ်လျှောက်ထားသူများကို စက်တင်ဘာ ၁၅ ရက်မတိုင်မီ အပြီး တပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ မီတာတစ်လုံးလျှင် ကျပ် ၈၅၀၀၀ ကျော် ကျသင့်ကြောင်း အစိုးရ၏ သတင်းစာများတွင် ဖော်ပြထားသည်။

ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင် ၂၈ ရက်တွင် ဓာတ်ငွေ့များ တရားဝင် စတင်ပို့လွှတ်ခဲ့ရာ မြန်မာနိုင်ငံသည် ထိုပိုက်လိုင်းမှ ပို့လွှတ်သည့် ဓာတ်ငွေ့များအနက် နေ့စဉ် ကုဗပေသန်း ၁၀၀ ရရှိသည်။ ထိုဓာတ်ငွေ့များထဲမှ ကုဗပေသန်း ၂၀ ကို ကျောက်ဖြူ မြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် အစိုးရက ခွဲတမ်းပေးခဲ့သည်။

ထိုဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတလျှောက်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သောရွာ ၂၃ ရွာမှ ဒေသခံများသည် လျှပ်စစ်မီးရရှိရေးနှင့် ဒေသဖွံ့ ဖြိုးရေးကို အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီးမှ ထိုရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သော်လည်း အခက်အခဲတချို့ ကျန်နေသေးခြင်းဖြစ်သည်။ လျှပ်စစ်မီးရရှိရေး ဒေသခံတို့ တောင်းဆိုစဉ်က ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို အာဏာပိုင်ကတရားစွဲထားသည်။

ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင်များ တည်ဆောက်မည်ဖြစ်ပြီး ယင်းသို့ ဆောက် လုပ်ရန် နှစ်နှစ်ခန့်အချိန်ကြာမြင့်မည်ဖြစ်သည်။ အဆိုပါလျှပ်စစ်တာဘိုင်ပြီးစီးပါက အထူးစီးပွားရေးဇုံများ၊ ရေနက်ဆိပ်ကမ်းများ အတွက်ပင် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ကြေညာ ထားသည်။

Article source: http://www.mizzimaburmese.com/news/inside-burma/13895-2013-09-09-03-27-39.html

ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆) နှစ်မြောက် အခမ်းအနား ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင် သံဃာအပါး ၂၅၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းမည်ဟု သိရသည်။


အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့ရှိ သံဃာတော်များအပြင် တစ်နိုင်ငံလုံးရှိ သံဃာတော် များကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအခမ်းအနားကို ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့် မြတ်ရေး၊ အခြေခံဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ် မည်ဖြစ်ကြောင်း ငွေကြာယံကျောင်းမှ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

"အခုလို (၆)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရတာက ရွှေဝါရောင် တော်လှန်ရေး သမိုင်းတစ်ခုမပျောက်သွား အာင်ပါ။ နောက်တစ်ခုကတော့ အချက်လေးချက်ပေါ့။ ဆရာတော်ကြီး တော်တော်များများကိုလည်း ဖိတ် ကြား ထားပါတယ်။ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ အတွက်လည်း သက်ဆိုင်ရာ အသီးသီးကို မေတ္တာရပ်ခံချက်တွေ လုပ်သွားမှာပါ" ဟု ဦးအဂ္ဂဓမ္မက မိန့်သည်။

အခမ်းအနားသည် အထိမ်းအမှတ် အလှူအတန်း တစ်ခုအနေဖြင့် ပြုလုပ်မည်ဖြစ်သောကြောင့် ခွင့်ပြုချက်ရ ယူရန် လိုအပ်သည် မလိုအပ်သည် ဆိုသည်မှာ သုံးသပ်သင့်ကြောင်းနှင့် လိုအပ်ပါက ခွင့်ပြုချက် တင်ပြ သွားမည်ဟု ၎င်းကဆက်လက် မိန့်ကြားသည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ် ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စသည့်အရပ်ဘက် လူမှုအဖွဲ့ အ စည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုနှင့်ပြည်သူ များ ကျပ်တည်းမှုများ ဖြစ်ပေါ်လာမှုပေါ် အကြောင်းပြု၍ သံဃာတော်များ အနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင် ကာ လမ်းမများပေါ်တွင် မေတ္တာသုတ် ရွတ်ဖတ်မှုကို အစိုးရက အကြမ်းဖက်နှိမ်နင်း ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ ပထမဆုံး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဆေးရုံ နေပြည်တော်၌ ဖွင့်လှစ်

စစ်ဘက်နယ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ၀န်ထမ်းများ စရိတ်သက်သာစွာဖြင့်ဆေးကု သနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံကို စက်တင်ဘာ ၇ ရက်နံနက် က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါ ဆေးရုံ၌ စတင်ဖွင့်လှစ်ခဲ့သည်။


အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဆေးရုံ ဖွင့်ပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က "အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ဆေးရုံဟာမြန်မာနိုင်ငံမှာပထမဆုံးအဖြစ်အငြိမ်း စား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှု စရိတ်သက်သာစွာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဖြစ်ကြောင်း" ဟု စက်တင်ဘာ ၇ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ပြောကြား ခဲ့ သည်။ 

အဆိုပါ ဆေးရုံသည် ခုတင် ၃၀၀ ဆံ့သည့် ဆေးရုံကြီးဖြစ်ပြီး အထူးကုဌာနပေါင်း ၂၂ ဌာန ပါဝင်ကာအငြိမ်း စားဝန်ထမ်းများမှာ အဖြစ်များသည့် နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ လေဖြတ်ရောဂါ၊ အစာ အိမ် အူလမ်းကြောင်းရောဂါ၊ ဆီးနှင့်ကျောက်ကပ် ရောဂါများကို ခေတ်မီစက်ကိရိယာများနှင့် အထူးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ သာမကပုဗ္ဗသီရိမြို့နယ်ရှိပြည်သူများနှင့် အနီးဝန်းကျင် ဒေသများမှ ပြည်သူများကိုပါကျန်းမာရေးစောင့်ရှောက်မှုပေးသွားရန်ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါဆေးရုံကို မြေဧရိယာ ၅၁ ဧကပေါ်တွင် အလျား ၂၂၅ ပေ အနံ ၇၅ ပေရှိ လူနာဆောင် ၁၅ ဆောင်၊ လူနာတည်းခိုဆောင် တစ်ဆောင်၊ ဇရပ်တစ်ဆောင်၊ နှစ်ခန်းတွဲသုံးထပ် ၀န်ထမ်းအိမ်ရာ တစ်လုံး၊ ၁၀ ခန်းတွဲနှစ်ထပ် ၀န်ထမ်းအိမ်ရာ သုံးလုံးတို့ကို ထည့်သွင်းတည်ဆောက် ထားကြောင်း သိရသည်။

Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို



NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့ အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက် ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ရက် တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေး သည့်ပွဲတွင် ပြောကြားသည်။


ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ၁၄ ဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ခြောက်ဖွဲ့တက်ပြီး ကျန်တဲ့အဖွဲ့တွေက နယ်ကအဖွဲ့တွေ ဖြစ်တယ်။ စောစောက တင်ပြသလို Short Notice ပဲ၊ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်လိုက်ရတာ။ တစ်ပတ်၊ ၁၀ ရက် အချိန်ယူပြီး ဖိတ်ရတာ မဟုတ်ဘူး။ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်ရလို့ပါ" ဟု ပြောကြားသည်။


NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အ ပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာမည့် ရလဒ်များကို NLD ပါတီမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းတွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်များ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည်၊ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် တိုင်း ရင်းသား ကိုယ်စားလှယ်များ အားလုံးက NLD နှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပွဲများကို ထောက်ခံခဲ့ကြောင်း တွေ့ဆုံပွဲအပြီးတွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ပြည်သူ့လွှတ်တော်မှာလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လ နှစ်လအတွင်း Report Back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရပါဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ခုနစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေ က နှစ်ဦးစီ တက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်။ ဒီအခြေခံ နားလည်မှုကိုလည်း သဘော တူကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စ သည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိ တယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့်သာ သက် ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောက်လာမည့် ဆွေးနွေးပွဲများမှ ရ ရှိလာသည့် ရလဒ်များတွင် ပြည်သူများသိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူများပါဝင်ပြောဆို ဆွေးနွေးနိုင်ရန် လို အပ်သည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးလဲဆိုတာ အားလုံးဆွေးနွေးပြီးတော့မှ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေး ပြေလည်သွားမှ ဒီအခြေခံ ဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်း က လူတွေကချည်းပဲ သူ့သဘောနဲ့သူ ရေးဆွဲနေမယ်ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး ဖြစ်နေတာပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက ရည်ရွယ်ချက် ခြောက်ချက်အား မည်သည့်အခါမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

"ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လူမျိုးစုတွေအတွက် အာမခံချက် မရှိတဲ့ အခွင့် အရေးတွေနဲ့ ပတ်သက်ပြီး ပြင်ဖို့အတွက် မူကြမ်းအနေနဲ့ ရေးဆွဲထားတာ ရှိတယ်။ နောက်လာမယ့် အပတ် တွေမှာ ဒီမှာပဲ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြင်ချင်တဲ့ အချက်တွေကို အကြိုဆွေးနွေးပြီး လွှတ်တော်ကိုတင်မယ်။ ပြည်သူလူထုကို ချပြမယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လက်ခံမှုပဲ။ လက်ရှိ ဖွဲ့စည်းပုံကတော့ ကျွန်တော်တို့လိုချင်တဲ့ အဆင့်ကို မှုန်ဝါးဝါးပဲ ရှိတယ်" ဟု ကမန်တိုင်းရင်းသားများ တိုး တက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား တွေ့ရစဉ်
(ဓာတ်ပုံ-NLD)

Eleven Media Group

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်



နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ် နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိ သည်။


နေပြည်တော် လေဆိပ်သည် စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှစ၍ ပြည်တွင်း ပုဂ္ဂ လိက လေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်အသုံးပြုခြင်း မရှိဘဲ နိုင်ငံ တော် အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက် သည့် နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်း လုံးငှား ခရီးစဉ်များသာ ဆင်းသက်ခဲ့သည်။

နေပြည်တော်လေဆိပ် စတင်ဖွင့်လှစ်ပြီး တစ်နှစ်နှင့် ၁၀ လပြည့်ပြီးချိန်တွင် ပထမဆုံး နိုင်ငံတကာ လေ ကြောင်းလိုင်း ပုံမှန်ခရီးစဉ် ပျံသန်းမှုအဖြစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည် ဖြစ်သည်။

Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်း ပြေး ဆွဲသွားမည် ဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား နေ့စဉ် ပြေး ဆွဲ သွားမည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်အား (လေယာဉ်ကွင်း အခွန်နှင့် အခြားစရိတ်များ အပါအ၀င်) ဒေါ်လာ ၅၀ ဖြင့် စတင်ပျံ သန်း မည်ဟု သိရသည်။

“ဘန်ကောက်-နေပြည်တော် ခရီးစဉ် ပြေးဆွဲရခြင်းက အရှေ့တောင်အာရှ အားကစားပွဲတော်ကို အဓိက ရည်ရွယ်ပါတယ်။ ဒီခရီးစဉ်ကို Air Bus A 320 လေယာဉ် အသစ်များနဲ့ ပျံသန်းပြေးဆွဲ ပေးသွားမှာ ဖြစ်ပါ တယ်” ဟု Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။

Asia လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့စဉ်သုံးကြိမ်၊ ဘန်ကောက်-မန္တလေး ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyer Credit (၀ယ်သူ ချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မ loan Aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်း အဆင့် (၁) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ် အဆောက်အအုံ (ပြေးလမ်း တန်ဖိုး မပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

နေပြည်တော် လေဆိပ်သည် စတင်ဖွင့်လှစ် ခဲ့ချိန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အ သုံးပြုနိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှသာ နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုရန် အဆင်သင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား



လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွား နေသော အဓိကရုဏ်း ဖြစ်စဉ်များသည် နောက် ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေ ရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆို ခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြား သည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ် သက်၍ စက်တင်ဘာ ၆ ရက်က ပြုလုပ်သော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး လက်ရှိ ပြည်တွင်း၌ ဖြစ်ပွား နေသော ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ NLD ဗဟိုအလုပ် အမှုဆောင်များအကြား ဆွေးနွေးမှုများ ရှိသလားဟူသော မီဒီ ယာများ၏ မေးမြန်းသည့်အပေါ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ထည့်ပြီး ဆွေးနွေးတယ် ဆိုတာထက် အမြင် ပြောတာရှိတယ်။ ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊မမြင်ရ သော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့ လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်။ ဒါသူ့သဘာဝအတိုင်း အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်အောင် ဖန် တီးနေတာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သဘောတူကြတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

၂၀၁၂ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ မှုမှ အစပြုကာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းနှင့် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း ၂၁၁ ဦး သေဆုံးကာ ၂၇၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် သာမန်ဈေး အရောင်းအ၀ယ် ပြုလုပ်ရာမှ စကား များ ရန်ဖြစ်မှုအပေါ် လူစုလူဝေးနှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ စကာ နေပြည်ျတာ် ကောင်စီနယ်မြေ တပ်ကုန်း၊ လယ်ဝေး၊ ပုဗ္ဗသီရိ စသည့် မြို့နယ်များ၊ မန္တလေးတိုင်း ဒေသကြီးနယ်မြေ ၀မ်းတွင်း၊ သာစည်၊ ရမည်းသင်း စသည့်မြို့နယ်များနှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းရှိ မြို့နယ်အချို့ သို့ ကူးစက်ပြန့်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ကြောင့်လည်း သံဃာတစ်ပါး အပါအ၀င် ၄၃ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရရှိ ခဲ့ ကြောင်း သိရပြီး ယင်းဖြစ်စဉ်များ အားလုံး ဒေသခံ ပြည်သူများအပြင် အခြားဒေသခံများ မဟုတ်သည့်သူ များ ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ကွယ်မှ လှုံ့ဆော်မှုများ ရှိ သည်ဟု ဒေသခံများ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအချို့မှ သုံးသပ်မှုများလည်း ရှိခဲ့သည်။

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ်ရာများ စွန့်ခွာထွက်ပြေး လာကြသူများအား တွေ့ရစဉ်
(ဓာတ်ပုံ-ကျော်ဇင်ဝင်း) 

ထို့ပြင် ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဆွမ်းခံကြွ ကိုရင်တစ်ပါးအား စက်ဘီးဖြင့် ၀င်တိုက်မိရာမှ အစပြုပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ တစ်ဦးသေ ဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သော ဖြစ်စဉ်၊ ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တိုင်းရင်း သူတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီးခြောက် ဦး ဒဏ်ရာရ ရှိခဲ့သော ပဋိပက္ခဖြစ်စဉ် များတွင်လည်း နောက်ကွယ်မှ မျက်နှာစိမ်းများ ပါဝင်ပတ်သက်ခဲ့ သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ယခုနောက်ဆုံးအကြိမ် ဖြစ်ပွားထားသော ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့် ရန် ကြိုးစားရာမှ အစပြု ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင်လည်း လှုံ့ဆော်ဖန်တီးသူများ ရှိသည်ဟု ဒေသခံများက သုံးသပ်ခဲ့ပြီး ယင်းကဲ့သို့ လှုံ့ဆော်မှု ရှိ၊ မရှိ ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးနေ ကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းထားပြီး ဗဟို ကော်မတီ လုပ်ငန်းတာဝန်များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြော ကြားထားသည်။

Eleven Media Group