မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည် တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက ပြောကြားသည်။


စက်တင်ဘာ ၂ ရက် ညနေပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ရှိ လီယွမ်အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီကာကျန်းက "မြန်မာနိုင်ငံ အနေနဲ့ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိနိုင်ငံနှင့် သင့်လျော်တဲ့ နည်းလမ်း ရွေးချယ်ဆောင်ရွက်နေမှုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ခံပါကြောင်းဖြင့် ထပ် လောင်းအတည်ပြု ပြောကြားခဲ့သည်" ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်တို့သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေး၊ မိတ်ဖက်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ မြန်မာ့လယ်ယာနှင့် သားငါးကဏ္ဍ ထုတ်ကုန်များကို ပုံမှန်ကုန်သွယ်ရေးနှင့် ပိုမိုတိုးချဲ့ တင်ပို့နိုင်ရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်မည့် အလားအလာများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးစင်္ကြံ တည်ဆောက်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အ ဆောက်အဦ ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-အာဆီယံ ဆက်ဆံရေးတို့နှင့် ပတ် သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက နေပြည်တော်မှတစ်ဆင့် လေကြောင်းခရီးဖြင့် တရုတ် နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။

Eleven Media Group

"၀" ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက်လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေး



"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း သန်း ခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက် လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံ မြို့၌ ဆွေး နွေးခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရွှေတြိဂံဒေသ တိုင်းစစ်ဌာချုပ်တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယ စစ်ရေး ချုပ် ဦးခွန်အန်၊ ပြည်ပဆက်ဆံရေးဌာန အကြီးအကဲ ဦးကျောက်ကော့အန်း၊ "၀" တောင်ပိုင်းဗျူရိုမှ ဦးအိုက်လိန်နှင့် UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ "၀" ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရေး၊ အောက်ခြေတပ်များအကြား ပြဿနာ တစ်စုံတစ် ရာ ဖြစ်ပွားပါက မြန်မြန်ဆန်ဆန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရေး၊ ဥပဒေဘောင်အတွင်း အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကိစ္စရပ် အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိစ္စကတော့ ရပြီလို့ မပြောပါဘူး။ နောက်ပေးမယ့် သဘောရှိတယ်။ အဲလိုဘာ၊ ညာလေ။ သန်းခေါင်စာရင်း ကိစ္စမှာတော့ လူတိုင်းမှတ်ပုံတင်တော့ ရှိရမှာပေါ့။ သဘောက နောက်ရွေး ကောက်ပွဲ ဘာ၊ ညာဆိုရင် သူကမှတ်ပုံတင် မရှိရင်၊ သန်းခေါင်စာရင်း မရှိရင် သူကပေးလို့ မရဘူးလေ။ အဲဒီသဘောပဲလေ။ သူကအဲလိုပဲ ရိုးရိုးတွေပဲ ပြောတယ်လေ" ဟု UWSP ၏ ကျိုင်းတုံမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးအားမင်က The Daily Eleven သို့ ပြောကြားသည်။

"၀" ဒေသတွင်း သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်မှာ မကြာမီ ကာလအတွင်း လုပ်ဆောင်မည်ဖြစ် ပြီး ၎င်းအနေဖြင့် အတိအကျ မသိရှိကြောင်း ဦးအားမင်က ဆက်လက်ပြောကြားသည်။

ယခင်က ဒေသတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ငြင်းဆန်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော "၀" ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး ၁၇၀၀၀ စတုရန်းကီလိုမီတာ ကျယ် ဝန်းကာ "၀" ဒေသမြောက်ပိုင်းနှင့် "၀" ဒေသတောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက "၀" တောင်ပိုင်းတွင် အစိုးရနှင့် "၀" သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" သွေးစည်းညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံ မြို့ရှိ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံမှုအပြီးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန် အပါအ၀င် သဘော တူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့အကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည်

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတ ဂူ အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့ ပြောကြားသည်။


မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့် မြန်မာများအား လေ ယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိပြီး သီတဂူ အထောက်အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေး မည်ဖြစ် ကြောင်း သိရသည်။

"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။ လေယာဉ် တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန်ကျစရိတ်က လေယာဉ်ခမပါ ဒေါ်လာလေးသောင်း လောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်" ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံး အခေါက်အဖြစ် ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

"အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်း သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ် သွား ပါမယ်။ သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့ စီစဉ်နေ တာပါ" ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံ တွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက် ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့် ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

Eleven Media Group

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်ခိုင်းစေသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား ဒုဝန်ကြီးပြောကြား

အလုပ်သမားများအား တစ်ရက်အလုပ်ချိန် ရှစ်နာရီနှင့် အချိန်ပို သုံးနာရီထက် ကျော်လွန်လုပ်ကိုင်ခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။


၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေနှင့်အညီ တစ်နေ့အလုပ်ချိန် ရှစ်နာရီအပြင် အချိန်ပိုတစ်ရက် သုံးနာရီ ခွင့်ပြု ထား ၍ အလုပ်သမားများအား သတ်မှတ်အလုပ်ချိန်၊ အချိန်ပို လုပ်ကိုင်ချိန်များကို တိကျစွာ ဆောင်ရွက်ကြ ရန် လိုအပ်ပြီး သတ်မှတ်ခွင့်ပြုချက်ထက်ကျော် လုပ်ကိုင်မှု မရှိစေရေးကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ချိုးဖောက်မှုရှိသော စက်ရုံ၊ အလုပ်ရုံများအား ဥပဒေကို လိုက်နာစေရေးအတွက် ၀န်ခံကတိ လက်မှတ် ရေးထိုးစေပြီး သတိပေးမှု သုံးကြိမ်ပြီးလျှင် တရားစွဲဆိုခြင်းကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ပြဋ္ဌာန်းထားသော အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ (၂၀၁၂)နှင့် နည်းဥပဒေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက် ရုံ အဆင့်တွင် လုပ်ငန်းညှိနှိုင်းရေး ကော်မတီဖြင့် လည်းကောင်း၊ မြို့နယ်အဆင့်တွင် မြို့နယ်ညှိနှိုင်းရေး အ ဖွဲ့ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ခုံသမာဓိ အဖွဲ့များဖြင့် လည်းကောင်း၊ ခုံသမာဓိ ကောင်စီများဖြင့် လည်းကောင်း အငြင်းပွားမှုများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

ဆုံးဖြတ်ရာတွင် ပြစ်ဒဏ်များ၌ ငွေဒဏ်သာ ပါရှိသည့်အတွက် ငွေဒဏ်၊ ထောင်ဒဏ်နှစ်မျိုးစလုံး ချမှတ်မည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ရေးဆွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား သည်။

Eleven Media Group

အများပိုင်ဘဏ်အဖြစ် ပြောင်းလဲထားသော AGD Bank ၏ ရှယ်ယာများကို ယခုနှစ်အတွင်း ရောင်းချရန် စီစဉ်နေကြောင်း သိရ



မတ်လမှ စတင်၍ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ထားသော AGD Bank ၏ ရှယ်ယာများကို ယခုနှစ် အတွင်း ရောင်းချရန် စီစဉ်နေကြောင်း အဆိုပါ ဘဏ်မှ Managing Director ဦးရဲမင်းဦး၏ ပြောကြား ချက်အရ သိရသည်။


"မတ်လကတည်းက အများပိုင်ဘဏ်အဖြစ် ပြောင်းလဲပြီးပါပြီ။ စက်တင်ဘာလအတွင်းလုပ်မယ့် အစည်းအဝေးမှာ ကျွန်တော်တို့ အများပိုင် ကုမ္ပဏီ ဖြစ်ကြောင်း၊ စာရင်းဇယား၊ လုပ်ဆောင်ချက်တွေကို အစည်းအဝေးမှာ တရားဝင် ကြေညာမှာပါ။ ရှယ်ယာ တွေကို အခုနှစ်မကုန်ခင် ရောင်းချဖို့ စီစဉ်နေပါတယ်။ လက်ရှိ ရှယ်ယာတန်ဖိုးကို မသတ်မှတ် ရသေးပါဘူး။ BOD အစည်းအဝေးကနေ တန်ဖိုးကြေညာပေးမှာပါ" ဟု ပြောကြားပါသည်။

ဆက်လက်၍ အများပိုင်ဘဏ်ပြောင်းရန် သက်ဆိုင်ရာ ဘဏ်တစ်ခုမှ ဗဟိုဘဏ်ကို ခွင့်ပြုချက် တောင်း ရကြောင်း၊ မိမိတို့ဘဏ် အနေဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ဌာနတွင် တစ်ဦးပိုင် ကုမ္ပဏီမှ အများပိုင် ကုမ္ပဏီ ပြောင်းရပြီး အများပိုင်ကုမ္ပဏီ ဖြစ်သွားလျှင် အလုပ်လုပ်ခွင့်စာရွက် ပြန်တောင်းခံရကြောင်း၊ အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာကို အစိုးရဆီ တင်ပြရ ကြောင်း၊ အစိုးရဆီမှ ခွင့်ပြုချက် ပြန်ရရှိ၍ မိမိတို့ဘဏ်မှာ အများပိုင်ကုမ္ပဏီ ဖြစ်သွားပြီဖြစ်ကြောင်း ပြော ကြားသည်။

AGD Bank သည် ယခုအခါ မြန်မာနိုင်ငံ အနှံ့တွင် ဘဏ်ခွဲပေါင်း ၃၀ ၀န်းကျင်ခန့်ကို ဖွင့်လှစ်ထားပြီး နိုင်ငံ တကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ကို ရရှိထားပြီး နိုင်ငံ တ ကာ ဘဏ်လုပ်ငန်းဌာနနှင့် ငွေလဲကောင်တာ ၁၇ ခုကို ဖွင့်လှစ်ထားသည်။ ထို့အပြင် ငွေကြေးဆိုင်ရာ ၀န် ဆောင်မှုများဖြစ်သည့် ပြည်တွင်းငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလုပ်ငန်း၊ ငွေလဲလှယ်မှုလုပ်ငန်း၊ ငွေစုဘဏ် လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ်စနစ်လုပ်ငန်း၊ ဘဏ်အာမခံ လက်မှတ်ထုတ်ပေးခြင်း၊ အွန်လိုင်းမှ ငွေပေးချေမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစ ရှိသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို လုပ်ကိုင်လျက် ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ ခုသည် ဘဏ်ခွဲပေါင်း ၅၁၅ ခုကျော် ဖွင့် လှစ်ထားပြီး အဆိုပါ ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှာ အများပိုင် ဘဏ်လုပ်ငန်းများအဖြစ် ပြောင်းလဲ ထားကြောင်း သိရသည်။

 ကမာရွတ်မြို့နယ်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို တွေ့ရစဉ် 

Eleven Media Group

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်



မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ရဲအုပ်ဖြစ်သူအား ဒုရဲအုပ် က သေ နတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရ သည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်ညက တာဝန်မှူး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် သိန်းသန်းစိုး သည် ရဲအုပ်ဦးမောင်တင့် တာဝန်ထမ်းဆောင် နေသည့် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး (တာဝန်မှူး ရုံးခန်း) အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အပြန်အလှန် အချင်းများကြရာမှ ဒုရဲအုပ် သိန်းသန်းစိုးက ရဲအုပ်ဖြစ်သူအား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ရဲအုပ်မှာ ၀ဲဘက်နားထင် ပေါက်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောပြ ချက်များအရ သိရသည်။

"ဖြစ်သွားတာက ည ၁၁ နာရီကျော်အချိန် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်မှူး ရုံးခန်းအတွင်းမှာ ဖြစ်ဲ့ခဲ့တာ။ အဲဒီနေ့ညက တာဝန်မှူးကျတာက ဒုရဲအုပ် သိန်းသန်းစိုးပါ။ အပြင်က ပြန်ရောက်လာတဲ့ ဒုရဲအုပ်နဲ့ ရဲအုပ်ဖြစ်သူတို့ ရုံးခန်းအတွင်းမှာ စကားများကြရာကနေ ဒုရဲအုပ်က ရဲအုပ်ဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်မှာရဲအုပ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်သူ ဒုရဲအုပ် သိန်းသန်းစိုးကိုတော့ ရဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ လုပ်ဆောင်သွားမှာပါ" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

အဆိုပါ ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ် သိန်းသန်းစိုးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) ရဲစခန်း၌ ထိန်းသိမ်းထားပြီး ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဒုရဲအုပ်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရဲအုပ်ဦး မောင်တင့် (အသက် ၄၉ နှစ်)အား စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 မန္တလေးပြည်သူ့ ဆေးရုံကြီးရှေ့တွင် သေဆုံးသူအား ပို့ဆောင်သင်္ဂြိုဟ်ရန် 
စောင့်ဆိုင်းသူများအား တွေ့ရစဉ် 

Eleven Media Group

အကျိုးတူ ဘီယာထုတ်လုပ်နေရာမှ ဖက်စပ်ကုမ္ပဏီ F&N က စာချုပ်စည်းကမ်း ဖောက်ဖျက်သည့်အတွက် F&N ရှယ်ယာအားလုံးကို ဥပဒေကြောင်းအရ မြန်မာ့စီးပွားရေး ဦးပိုင်က ၀ယ်မည်



စင်ကာပူ အခြေစိုက် F&N ကုမ္ပဏီသည် စာချုပ်ပါ စည်းကမ်းချက်အချို့ကို ဖောက်ဖျက်ခဲ့သည့်အတွက် စာ ချုပ်ပါ စဉ်းမျဉ်းအတိုင်း F&N ပိုင် ရှယ်ယာ အားလုံး ကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိ တက်က ၀ယ်ယူ ခွင့် ရှိခဲ့သည်ဟု သိရသည်။


မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ် ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်နေသော မြန်မာဘရူဝါရီ ကုမ္ပဏီ လီမိ တက်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၄၅ ရာခိုင်နှုန်းနှင့် စင်ကာပူအခြေစိုက် APB မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

ထိုသို့ ပိုင်ဆိုင်လုပ်ကိုင်နေရာမှ ၁၉၉၆ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှုများကြောင့် APB ၏ ရှယ်ယာများအား F&N သို့ လွှဲပြောင်းရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် လက်ရှိမြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်မှာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ၄၅ ရာခိုင်နှုန်း၊ F&N မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။

APB မှ ၎င်း၏ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို F&N သို့ ရောင်းချရာတွင် ဖက်စပ်ကုမ္ပဏီဖြစ်သည့် မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်သို့ စာချုပ်ပါ စည်းကမ်းအတိုင်း တရားဝင်ညှိနှိုင်း သဘောတူညီမှု ရယူခဲ့သည့်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ပါ တရားဝင်စာတင်ကာ ခွင့်ပြုချက် တောင်းခံပြီးမှသာ ဆောင် ရွက်ခဲ့ခြင်းဟု သိရသည်။

ယခုအခါတွင် F&N ရှယ်ယာပိုင်ရှင်များသည် ၎င်းတို့ပိုင် ရှယ်ယာများကို အခြားကုမ္ပဏီများသို့ လွှဲပြောင်း ရောင်းချခဲ့ရာ မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်တွင် F&N ပိုင်ဆိုင်နေသည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ TCC(Beer Chang) ၏အပိုင် ဖြစ်သွားခဲ့သည်ဟု သိရသည်။

သို့သော် F&N သည် မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်မှ ၎င်းပိုင်ရှယ်ယာများအား TCC(Beer Chang) သို့ လွှဲပြောင်းရောင်းချရာတွင်မူ မြန်မာဘရူဝါ ကုမ္ပဏီလီမိတက်ကို ၎င်းနှင့်အတူ ဖက်စပ်ပိုင်ဆိုင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ အကြောင်းကြားခြင်း တစ်စုံတစ်ရာ မရှိဘဲ တစ်ဖက်သတ် ရောင်းချခဲ့ခြင်းဟုလည်း မြန်မာ့စီးပွားရေး ဦးပိုင်မှ ထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေး ဦးပိုင်နှင့် F&N တို့ နှစ်ဖက်ချုပ်ဆိုထားသော Joint Venture Agreement ၏ စာပိုဒ် 16.4(d) တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ ရှယ်ယာများကို လွှဲပြောင်းရောင်းချလိုလျှင် တစ်ဖက် Joint Venture ကုမ္ပဏီသို့ ရှယ်ယာတန်ဖိုးအတိုင်း ဦးစားပေး ရောင်းချရန်၊ ရှယ်ယာများ လွှဲပြောင်းခြင်း အတွက် တစ်ဖက်ရှယ်ယာရှင်သို့ တရားဝင်စာဖြင့် အကြောင်းကြားပြီး သဘောတူမှသာ ရောင်းချခွင့်ရှိ သည်ဟု ဖော်ပြထားကြောင်း သိရသည်။

F&N ဘက်မှ ပျက်ကွက်သည့်အတွက် JV သဘောတူ စာချုပ်အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် F&N ကို မြန်မာ့စီးပွားရေးဦးပိုင်မှ သတ်မှတ်၍ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ရက် ၉၀ အတွင်း၌ တရားဝင် ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် ကန့်ကွက်သည့်နေ့မှ တစ်လအတွင်း မြန်မာဘရူဝါရီ လီမိတက်၏ စာရင်း စစ်ဖြစ်သော CMA ကုမ္ပဏီသို့ မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်၏ ရှယ်ယာတန်ဖိုးများ တွက်ချက်ပေးရန် အကြောင်းကြားခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်၏ ရှယ်ယာတန်ဖိုးများကို စာရင်းစစ်ကုမ္ပဏီများမှ F&N သို့ တရားဝင် ပြန်ကြားပေးခဲ့ကြောင်း၊ စာချုပ်ပါ စည်းမျဉ်းအရ ရှယ်ယာတန်ဖိုး တွက်ချက်အကြောင်းကြားသည့် တစ်လ ပြည့်သောနေ့တွင် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးသော်လည်း မအောင်မြင်သည့်အတွက် Arbitration လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း သိရသည်။

စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်သည့်အတွက် စာချုပ်ပါ စည်းမျဉ်းများအတိုင်း မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက် ရှယ်ယာရှင်နှစ်ဦးဖြစ်သော F&N နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့သည် မိမိပိုင် ရှယ်ယာများအား ရောင်းချလိုလျှင် မိမိနှင့် မိတ်ဖက်ကုမ္ပဏီသို့ ဦးစားပေး ရောင်းချရမည်ဆိုသည့် အချက် အတိုင်း ဥပဒေကြောင်းအရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဘက်မှ ၎င်း၏ မိတ်ဖက်ကုမ္ပဏီ F&N ၏ ရှယ်ယာများကို ၀ယ်မည်ဖြစ်သည်ဟုလည်း သိရသည်။

ယင်းအပြင် F&N ရှယ်ယာအား ၀ယ်ယူခဲ့သည့် TCC(Beer Chang) အနေဖြင့်လည်း လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံရှိ IBTC ကုမ္ပဏီဖြင့် Beer Chang အား စာချုပ်ချုပ်ဆို၍ မဲခေါင် အရက်ချက်လုပ်ငန်း လုပ်ကိုင်ခြင်း၊ F&N ထုတ်ကုန်ဖြစ်သည့် 100 Plus အချိုရည်အား မြန်မာနိုင်ငံရှိ MGS ကုမ္ပဏီဖြင့် ပူးပေါင်းတင်သွင်း ဖြန့်ချိခြင်းတို့အား မိမိ၏မိတ်ဖက် ကုမ္ပဏီဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်သို့ အသိပေးဆွေးနွေးခြင်း မရှိသည်မှာလည်း မဖြစ်သင့်သည့် ကိစ္စအဖြစ် မြန်မာ့စီးပွားရေး ဦးပိုင် က သုံးသပ်ထားသည်။

 ရန်ကုန်-ပြည် လမ်းမပေါ်ရှိ မြန်မာဘီယာ စက်ရုံအား တွေ့ရစဉ် 
(ဓာတ်ပုံ-၀င်းမြင့်ကျော်) 

Eleven Media Group

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း သေဆုံးမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိ

မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ် အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မ ရဲစခန်းမှ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။


ထို့ပြင် သေဆုံးသူသည် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိသော ဒေါက်တာနိုင်လင်းဆိုသူဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်ကြောင်း သေဆုံးသူ၏ ဖခင်ထံမှ သိရသည်။

"သေဆုံးသွားတဲ့ ဒေါက်တာနိုင်လင်းကို နေအိမ်ခုတင်ဘေးမှာ ဆေးထိုးအပ်နဲ့အတူ တွေ့ရပါတယ်။ ကိုယ့် ကိုယ်ကိုယ် သတ်သတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ အတိအကျကတော့ ဆေးစာပြန်ကြားချက်ရမှ သိရ ပါတယ်။ သေဆုံးသူရဲ့ ဇနီးသည် အပြင်ကပြန်လာမှ သေနေတာကို တွေ့တယ်လို့ သိရပါတယ်။ ကျွန်တော် တို့ ဒေါက်တာသေဆုံးတဲ့ သတင်းကို ၈ နာရီလောက်မှ သိရပါတယ်" ဟု သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။

သေဆုံးသူသည် ဇနီးဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ အတွင်းရှိ အလုပ်သင် ဆရာဝန် အဆောင်တွင် နေထိုင်သူဖြစ်ပြီး ယခင်က စံပြဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ကြောင်း သေ ဆုံးသူ၏ ဖခင်က ဆိုသည်။

ဒေါက်တာနိုင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဒုရဲမှူးသိန်းဟန်က သေဆုံးသူ ဒေါက်တာနိုင်လင်း၏ ခုတင် ခြေရင်းတွင် ထောင်ထားသော ၀ှိုက်ဘုတ်တွင် I love you very much Hnin Hnin ဟု ရေးသားထားမှုမှာ မသေခင် ဒေါက်တာနိုင်လင်းမှ ရေးသားထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် အဆိုပါ စာတန်းအောက် တွင် ဒေါက်တာနိုင်လင်းက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါ ဒေါက်တာနိုင်လင်း သေဆုံးမှု ဖြစ်စဉ်ကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲမှူးသိန်းဟန်က ပြောကြားခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၁ ရက်က ရန်ကင်းသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သွားအတုဌာနတွင်တာဝန်ထမ်း ဆောင်နေသော ကထိက ဆရာဝန်တစ်ဦးသည် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရွှေအုန်းပင်အိမ်ရာ ၂ ရှိ နေ အိမ်တိုက်ခန်းအတွင်း ရေချိုးခန်း၏ ထုပ်တန်းတွင် နိုင်လွန်ကြိုးကွင်းစွပ်ကာ သေဆုံးခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထံမှ သိရသည်။

Eleven Media Group

မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦး ရဲလက်က ထွက်ပြေး လွှတ်မြောက်


မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် (၆) ဦးကို ဆားပြင်ကျောင်းအရောက်တွင် တွေ့ရစဉ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မသင်္ကာ ဖွယ်ရာ သင်္ကန်းဝတ်ထားသူ ၆ ဦးသည် ရဲလက်မှ တဆင့် ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်ဟု သတင်း ရရှိသည်။


၎င်းသင်္ကန်းဝတ်(၆)ဦးသည် လွန်ခဲ့သောလ ၀ါတွင်း ကာလအတွင်း တောင်ကုတ်မြို့နယ်သို့ အလှူခံ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ အနှံ့ သွားရောက်ကာ အလှူခံခဲ့ကြသည်ဟု သိရသည်။ မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် (၆) ဦးကို ဆားပြင်ကျောင်းအရောက်တွင် တွေ့ရစဉ်။

သြဂတ်စ်လ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိလာရာ ကျောင်းထိုင် ဆရာတော်မှ သံဃာများ ကိုင်ဆောင်သည့် သံဃာ့အသင်းဝင် ကဒ်ပြားအား စစ်ဆေးရာ သူတို့ ကိုင်ဆောင် ထားသော သံဃာ့ စိစစ်ရေး ကဒ်ပြားတွင် တရားဝင် ဆီးလ် တံဆိပ် များ ရိုက်နှိပ်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

သင်္ကန်းဝတ် (၆) ဦး၏ အလှူခံ ကားအားတွေ့ရစဉ်။

သင်္ကန်းဝတ် (၆) ဦး၏ အလှူခံ ကားအားတွေ့ရစဉ်။

သို့အတွက် ဆားပြင် ကျောင်းထိုင်ဆရာတော်မှ သင်္ကာမကင်း ဖြစ်သဖြင့် အနီးအနားရှိ လမူးရဲစခန်း စခန်းမှူးကို ခေါ်ယူပြီး မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးကို စစ်ဆေးရန် အပ်နှံလိုက်သည်ဟု သိရသည်။

စခန်းမှူးနှင့် ရဲတပ်သား အချို့သည် ၎င်းသင်္ကန်းဝတ် ၆ ဦးအား စစ်ဆေးရန် တောင်ကုတ်မြို့သို့ ခေါ်ယူသွားရာ တောင်ကုတ် အရောက်တွင် ၎င်း ၆ ဦးသည် ရဲလက်မှ ထွက်ပြေး လွှတ်မြောက် သွားကြ သည်ဟု သိရသည်။

မျက်မြင်များ အပြောရ အဆိုပါ သင်္ကန်းဝတ်များသည် ရခိုင်ရိုးမပေါ်သို့ သူတို့တွင် ပါလာသော အလှူခံ ကားဖြင့် ထွက်ပြေး သွားကြသည်ဟု ဆိုသည်။

သူတို့ ထွက်ပြေးသွားရာ ရခိုင်ရိုးမပေါ် ရှိ ပန်းတောင်း- တောင်ကုတ်လမ်းတွင် စစ်ဆေးရေးဂိတ်များ ထူထပ်စွာ ချထားသော်လည်း ယအခုအချိန်ထိ မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦးနှင့် အလှူခံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ပြည်သူများ အနေဖြင့် အထူး အံ့သြနေကြသည်ဟု သိရသည်။

Credit : http://www.narinjara.com/burmese/?p=6812

ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ


Mrauk-U

ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန် သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။


ဖမ်းဆီးခံရသူ (၇) ဦးထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။

သူတို့အား စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ အ၀င် နာရေး ကူညီမူ အသင်း ရုံးအဆောက်အအုံရှေ့သို့ မရောက်မီ လမ်းကွေ့တွင် ဖမ်းဆီးမိသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

“ ဖြစ်ပုံက ဒီလိုဗျ။ သူတို့က မှန်လုံကား တစ်စီးနဲ့ ကျောက်တော်ကနေ မြောက်ဦးကို ၀င်လာတယ်။ မြောက်ဦး အ၀င်မှာ သူတို့စီးလာတဲ့ကားကို ရှာဖွေရေး ရဲတပ်ဖွဲ့က တားတော့ မတန့်ဘဲ ထွက်ပြေးတယ်။ ရှေ့နည်းနည်း ရောက်တော့ ကားသမားတွေက အဲဒီ ဘင်္ဂလီ လူမျိုး ၇ ဦးကို ကားပေါ်က ချထားခဲ့ပြီး ထွက်ပြေးသွားတယ်။ အနီးအနားရွာသားတွေက အဲဒီ ဘင်္ဂလီ ၇ ဦးကို ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးစလုံးမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကဟု သိရသည်။

သူတို့အား ရန်ကုန်သို့ ငွေကြေးယူပြီး ပို့ဆောင်သူမှာ မြန်မာ အမျိုးသား သုံးဦးဖြစ်ပြီး တစ်ဦးမှာ ရခိုင်၊ နှစ်ဦးမှာ ဗမာ အမျိုးသားများ ဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။

ယခုအချိန်ထိ ထွက်ပြေးသွားသူများနှင့် မှန်လုံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးကို မြောက်ဦးမြို့ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။

Credit : http://www.narinjara.com/burmese/?p=6801

မလေးရှားတွင် အဖမ်းခံ မြန်မာ ၅၀၀ ကျော်သွားပြီ

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာ အလုပ်သမား အရေအတွက် ၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


မလေးရှား ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကိုးကားပြီး မလေး သတင်း ဌာနများက ဖေါ်ပြရာတွင် တနင်္ဂနွေနေ့ နံနက်စတင်ခဲ့သော တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်အတွင်း ဖမ်းဆီးခံရသူ နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ စုစုပေါင်း ၂၄၃၃ ဦးရှိကြောင်း ဖေါ်ပြသည်။

ယမန်နေ့ တနင်္လာနေ့ ညနေထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အရေအတွက်မှာ ၅၅၅ ဦး ရှိသွားပြီ ဖြစ်သည်ဟု မလေးရှားက လာသော သတင်းများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နိုင်ငံခြား အလုပ်သမားများထဲတွင် မြန်မာမှာ ဒုတိယ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားမှာ ပထမဖြစ်သည်။ ဖမ်းဆီးခံရသော အင်ဒိုနီးရှား အလုပ်သမား အရေအတွက်မှာ ၇၁၇ ဦးရှိသည်။

မြန်မာနောက်မှ တတိယ အများဆုံး အဖမ်းခံရသော အလုပ်သမားများမှာ ဘင်္ဂလာဒေခ်ျ့က ဖြစ်ပြီး စုစုပေါင်း ၃၈၇ ဦးရှိကြောင်း သိရသည်။

ယခု စီမံချက်မှာ ပုံမှန်ပြုလုပ်နေကျ မဟုတ်ဘဲ အထူး အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု စီမံချက်သည် ယခုနှစ်ကုန်သည် အထိ ပြီးဆုံးမည် မဟုတ်ကြောင်း မလေးအာဏာပိုင်များက ပြောသည်။ ယခုစီမံချက်တွင် မလေးရှားနိုင်ငံမှ ၀န်ထမ်းပေါင်း ၂၂၀၇ ဦး ပါဝင် လုပ်ကိုင်နေသည်ဟု သိရသည်။

narinjara.com