Friday, August 23, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေးခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်းရှင်းလင်းပွဲသို့တက်ရောက် ခဲ့သည့် နေပြည်တော်ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီး နာက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ ရ ကြောင်း သတင်းရရှိပါသည်။


၂၀၁၃ ခုနှစ် ဇွန် ၁၀ရက် မှ ၁၄ ရက် နေ့အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့် ပန် ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲသို့ တက် ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်သြဂုတ် ၁၅ ရက် တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထပ်မံ ထုတ်ပြန်သည်ဟု သိရသည်။

''အဲဒီပွဲမှာ စာနယ်ဇင်းတွေက ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပညာရေး ကဏ္ဍမှာ တိုးတက်အောင် တစ်ဖွဲ့တည်း လုပ်ဆောင်နိုင်မှာလားလို့ မေးတဲ့မေးခွန်းကို ကျွန်မက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးမှာ အစိုးရ၊ ပြည်သူအားလုံး ပေါင်းပြီး လုပ်ဆောင်မှသာတိုင်းပြည်ရဲ့ပညာရေးကကောင်း မှာပါလို့ ပြန်ဖြေခဲ့တဲ့ အပေါ်မှာ အခုလို အတင်းအကျပ် အငြိမ်းစား ပေးခံရတာပါ၊ အငြိမ်းစား ပေးခဲ့ပြီး နောက် ၂ ရက်နေတော့ ပထမထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပါ တယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။

ပညာရေး ၀န်ကြီးဌာနမှ ဆရာမဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစားကို ပယ်ဖျက်၍ ဒုတိယအကြိမ် ရာထူး မှ ထုတ်ပယ် လိုက်ကြောင်းကို ပညာရေး ၀န်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ၈/၂၀၁၃ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံ အထက်တန်း ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၅ ရက်မှ မယူမနေရ အငြိမ်းစားပေးသည့် ပြန်တမ်းအမှတ် (၃၀၇) အား ပယ်ဖျက်၍ ပညာရေး ၀န်ကြီးဌာန ၀န်ကြီးရုံးက သြဂုတ် ၁၇ ရက်တွင် ရာထူး မှ ထုတ်ပယ်လိုက်ကြောင်း ပြန်တမ်းကို ထပ်မံထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

''တကယ်ပဲ အံ့သြရပါတယ်။ သူတို့ပဲ ချက်ချင်းမယူမနေရ အငြိမ်းစားပေးပြီး အခု ကျပြန်တော့လည်း ရာထူး ကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတယ်။ ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီလိုပဲ ကျောင်းဆရာမ တစ်ယောက် ကို လုပ်ချင်တိုင်းလုပ်လို့ ရပါသလားလို့ မေးချင်ပါတယ်။ ဒီပြန်တမ်းကလည်း ၁၇ ရက်က စာထွက်တာ ကျွန် မဆီကို ၂၁ရက်နေ့ ညနေပိုင်းမှ ရောက်တယ်။ အောက်ခြေ ၀န်ထမ်းတွေကို ဒီလိုပဲ မှောက်ချေ လှန်ချေ လုပ်နေတာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတကိုလည်း သိစေချင်ပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနသို့ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ဖုန်းဆက်၍ မေးမြန်း ခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက အဆင့်ဆင့်လွှဲ၍ ဖြေကြားခြင်း မရှိခဲ့ဘဲ ၀က်ဘ်ဆိုက်များတွင် ၀င်ရောက် ကြည့်ရှုရန် ပြောကြားခဲ့သည်။ အငြိမ်းစား ပေးခံရသော ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်သည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ကာ စစ်တပ်မှ အာဏာသိမ်းသည့် နောက်ပိုင်း တောခိုခဲ့ သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော်သို့ တရားဝင် အလင်းဝင်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စ တင်ကာ ကျောင်းဆရာမအဖြစ် လုပ်သက် ၁၈ နှစ်ရှိသူ ဖြစ်သည်။ အငြိမ်းစား မယူမီအထိ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

Eleven Media Group

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင်
သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်
(ဓာတ်ပုံ-ဘိုဘိုမြင့်)

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ် နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေ ထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ သြဂုတ် ၂၀ ရက်တွင် စိုးရိမ်ရေမှတ် အထက် ရောက်ရှိပြီး သြဂုတ် ၂၂ ရက်၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲ ဖြစ်ကြောင်း၊ သြဂုတ် ၂၁ ရက်က ဧရာဝတီ တိုင်း ဒေသကြီး ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော င၀န်မြစ်၊ ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော စစ်တောင်းမြစ်တို့ သည်လည်း သြဂုတ် ၂၂ ရက်တွင် စိုးရိမ်ရေမှတ် အ ထက် ဆက်လက် တည်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်မှုအရ သိရသည်။


စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ မြစ်ရေကြီးမှု ကြုံတွေ့ရလျက်ရှိသည့် ဘားအံမြို့တွင် ရေဘေး ကယ် ဆယ်ရေး စခန်း ၁၀ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

''မြစ်ရေ အတက်ကြမ်းတဲ့ အတွက် မြေနိမ့်ရပ်ကွက် အားလုံးမြစ်ရေ လွှမ်းတယ်။ ညတွင်းချင်း ပြောင်းရွှေ့ ပေးရတယ်။ မြစ်ရေ စတက်တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကယ်ဆယ်ရေးစခန်း ခုနစ်ခုပဲ ဖွင့်လှစ်ထားရပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ နောက်ထပ် ကယ်ဆယ်ရေး စခန်းသုံးခုကို ထပ်ဖွင့်ပေးရတယ်'' ဟု ပြည်နယ်ရေ ဘေး ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဒုတိယအကြိမ် မြစ်ရေပြန်လည် လွှမ်းမိုးမှု ခံရသော ဘားအံမြို့ရှိ ရေဘေးသင့်သူ များအား ပြည်နယ်အစိုးရ၊ ရပ်မိရပ်ဖ ၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ မာဃလူမှု ကူညီရေး အဖွဲ့ဝင်များမှ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ အ၀တ်အထည် များကို ထောက်ပံ့ကူညီ လျက်ရှိပြီး ရေဘေးသင့်သူ ဦးရေများပြား မှုကြောင့် ထောက်ပံ့ကူညီမှု အချိုးမညီ ရှိနေကြောင်း သိရသည်။

သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီ အထိ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုပေါင်း ၁၂၃၆ စု၊ လူဦးရေ ၆၄၄၆ ဦး ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။

သံလွင်မြစ်သည် ဘားအံမြို့၌ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ၈၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၄၈ နာရီ(သြဂုတ် ၂၄ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်ဟု သိရသည်။

မော်လမြိုင်မြို့၊ ကမ်းနားလမ်းအား သံလွင်မြစ်ရေ ကျော်နေသည်ကို
သြဂုတ် ၂၂ ရက် ညနေပိုင်းက တွေ့ရစဉ် 
(ဓာတ်ပုံ-ဘိုဘိုမြင့်) 

င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ ၁၁၇၃ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် မှာ ၁၁၃၀ စင်တီ မီတာဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် စိုးရိမ်ရေမှတ် ကျော်လွန်သော စစ်တောင်းမြစ်သည် မဒေါက်မြို့၌ ၁၁၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ် အထက်တွင် သြဂုတ် ၂၄ ရက် ၀န်းကျင်အထိ တည်ရှိမည် ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း ဒေသအများစုတွင် မိုးရွာသွန်းမှု ကောင်းမွန်လျက်ရှိကာ မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေးကို နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် ဒေသများ၌ ရေဘေးကို ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် သောင်ရင်းမြစ်ရေ တိုးလာခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီ မြို့၌ မြေနိမ့်ပိုင်းနေသူ ဒေသခံများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုးရက်ဆက်ရွာခြင်း၊ သံလွင်မြစ်ရေ တက်ခြင်းနှင့် အတ္ထရံမြစ်ရေ လျှံခြင်းများကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိသည်။

''ပြီးခဲ့တဲ့ ၀ါဆိုတုန်းက မိုးများပေမယ့် ဒီရေလောက်မတက်ခဲ့ဘူး။ ဒီဝါခေါင်လကျမှ မြစ်တွေက ရေလျှံတော့ ရေက မြို့ပေါ်ထိ ရောက်လာတယ်။ သွားရေးလာရေး နည်းနည်း ခက်သွားတာကလွဲရင် ဘာမှမဖြစ်ကြပါ ဘူး'' ဟု ၀ိုင်းဝန်ကွင်းပျဉ်ထောင်တန်းရပ်မှ ကိုကျော်မျိုးဦးက ပြောပါသည်။

''ကျွန်တော်တို့ အရပ်မှာတော့ ရေတက်ပြီး ပြန်ကျသွားတဲ့ အတွက် ဘာမှမဖြစ်ကြပါဘူး။ ဒါပေမဲ့ သာယာ အေး နယ်မြေတို့၊ ဇေယျာသီရိ နယ်မြေတို့မှာက အနိမ့်ပိုင်း ဖြစ်တဲ့အတွက် ရေကတော်ရုံ ပြန်ကျဘူး။ အဲဒီ နယ်မြေတွေက ရပ်ကွက်နေ ပြည်သူတွေအတွက် အစားအစာတွေ ဆေးဝါးတွေ သွားလှူဖို့ စီစဉ်ထားပါ တယ်'' ဟု ကျိုက်ဖနဲနယ်မြေ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။

ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်း တို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝ တီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌ ကြုံတွေ့ခဲ့ရ သည် ဟု သိရသည်။

Eleven Media Group

ကိုးလတာအတွင်း ကျပ် ၆ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိပြီး လေဆိပ်များ၊ ဆိပ်ကမ်းများကို Mobile Team ဗဟိုမှ ၀င်ရောက်စစ်ဆေးမည်

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကိုးလတာအတွင်းနယ်စပ်ကုန်သွယ်aရး စခန်းအနီးတစ်ဝိုက် ရှောင်ကွင်းလမ်းများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်မှ အကောက် ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ တန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလျံခန့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။


လက်ရှိတွင် အဆင့်(၂)အနေဖြင့် ရန်ကုန် မြို့ရှိ ကမ်းရိုးတန်း သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကို အပိုင်း(၁)အဖြစ် စစ်ဆေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကိုပါ ၀င် ရောက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ကမ်းရိုးတန်း သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေး ခဲ့ပြီး သြဂုတ် ၁၉ ရက်အထိ ခုနစ်ရက်အတွင်း ကုန်ပစ္စည်းများအား အကောက်ခွန်မဲ့ တင်သွင်းလာခြင်း၊ အခွန်ပေးဆောင်ရန် သက်သာသည့် ပစ္စည်းများနှင့် အခွန်ဆောင်ကာ အခြားအကောက်ခွန်နှုန်း မြင့်သည့် ပစ္စည်းများ လွှဲပြောင်းတင်သွင်းလာခြင်း၊ ကန့်သတ် ကုန်ပစ္စည်းများ သိုဝှက်တင်သွင်း လာခြင်းတို့ကိုပမာဏ ကြီးစွာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း Mobile Team ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သြဂုတ် ၂၂ ရက်ကပြုလုပ်သောပြည်ထောင်စုလွှတ်တော်တွင်ပြောကြား ချက်အရ သိရသည်။

ထို့အပြင် အဆင့်(၃)အနေဖြင့် အပြည်ပြည်ဆိုင်ရာ လဆိပ်များနှင့် မြို့ကြီးများရှိ လက္ကား အရောင်းဆိုင်ကြီး များ၊ ကုန်ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်များ၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများကိုပါ ၀င်ရောက် စစ် ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဗဟိုကော်မတီ အနေနဲ့ ဒီလအတွင်း ရန်ကုန်မြို့ ကုန်းလမ်းဝင်ပေါက် ထွက်ပေါက် (၄)နေရာမှာ Mobile Team များဖြင့် တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း တားဆီးရှာဖွေ စစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ် ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်'' ဟု ၀န်ကြီးဦးဝင်းမြင့်က ပြောကြားသည်။

Eleven Media Group

သမ၀ါယမ ၀န်ကြီးဌာနအောက်တွင် စီမံကိန်းတစ်ရပ် ရရှိရုံ သပ်သပ်ဖြင့် အသေးစားချေးငွေ လုပ်ငန်းအား စွန့်စားလုပ်ကိုင်ခြင်း မပြုသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ပြောကြား

အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန်ဘဏ် (Exim Bank of China) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ရယူ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ရာတွင် သမ၀ါယမ ၀န်ကြီးဌာနအောက်တွင် စီမံကိန်းတစ်ရပ် ရရှိရုံသပ်သပ်ဖြင့် အသေးစား ချေးငွေလုပ် ငန်း (Micro Finance) အား ပြည်ထောင်စု အစိုးရအနေဖြင့် စွန့်စားလုပ်ကိုင်ခြင်း မပြုသင့်ကြောင်း ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အကြံပြု ဆွေးနွေးပြောကြားသည်။


'ဒီလိုအရေးကြီးတဲ့ ဆောင်ရွက်ချက်ဖြစ်ဖို့ လုပ်တဲ့နေရာမှာ သမ၀ါယမ ၀န်ကြီးဌာန ကနေတစ်ဆင့် ဆောင် ရွက်မယ်ဆိုရင် အလွန်အလားအလာ နည်းနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ တိုင်းပြည် မှာ သမ၀ါယမစနစ်နဲ့ ဆောင်ရွက်ခဲ့မှု ကာလတွေ အောင်မြင်မှုရရှိမှု နည်းခဲ့ပါတယ်။ ဒါကြောင့်မို့ ပြည်သူ လူထု ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားတွေ အခွင့်အရေး တွေကို မြှင့်တင်ပေး နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ချေးငွေရယူဖို့ လည်း လိုပါတယ်။ ဒါပေမဲ့ ချေးငွေရဲ့ အတိုးနှုန်းကလည်း များပါတယ်။ ၀န်ဆောင်စရိတ် များကလည်း များ ပြားနေပါတယ်။ ကျွန်တော်တို့ ဒီထက်နည်းတဲ့ အတိုးနှုန်းနဲ့ ရရှိတဲ့ အခြေအနေမျိုးကို ဖန်တီးပြီး ဆောင်ရွက် သင့်ပါတယ်။ ဒီဆောင်ရွက်လို့ ရရှိလာတဲ့ ငွေကြေးကို ပြည်သူလူထုဘ၀ မြှင့်တင်နိုင်ရေး အတွက် ခုအချိန် မှာ အမှားခံလို့ မရပါဘူး။ ဒီဆောင်ရွက်မှုဟာ မှားယွင်းသွားနိုင်စရာတွေ ရှိပါတယ်။ Micro Finance စနစ်နဲ့ ချေးတယ်ဆိုတာ အောင်မြင်နေတဲ့ အခြေအနေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သမ၀ါယမ ၀န်ကြီးဌာနကနေ လုပ်ဆောင်မယ့် စနစ်ကတော့ လက်တွေ့ဘ၀မှာ ပြည်သူလူထုတွေနဲ့ ကင်းကွာနိုင်ပါတယ်။ ဒါကြောင့် သမ ၀ါ ယမ ၀န်ကြီးဌာနအောက်မှာ စီမံကိန်းတစ်ရပ် ရရှိဖို့ သက်သက်လောက်နဲ့တော့ ကျွန်တော်တို့ အစိုးရ အ ဖွဲ့ အနေနဲ့ စွန့်စားမှုမျိုး မလုပ်သင့်ပါဘူး'' ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထိုကဲ့သို့ ထောက်ပြဆွေးနွေးမှုအား သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ''ဒီလုပ် ငန်းနဲ့ ပတ်သက်ပြီးတော့ သမ၀ါယမ ၀န်ကြီးဌာနပေါ်မှာ ယုံကြည်ချက် မရှိဘူးဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါ တယ်။ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့် အနာဂတ်ကို ဆက်သွားတဲ့ အခါမှာ ကနေ့ဘာတွေ လုပ်နေသလဲ ဆိုလို့ရှိရင် ဆွေးနွေးပွဲ လုပ်တာတွေရှိတယ်။ အကုန်လုံး လေ့လာ သုံးသပ်ပြီးမှ လုပ်တာရှိပါတယ်။ ကျွန်တော်ဆီမှာ ဆက်ပြီးတော့ လုပ်နေတာက အနာဂတ်ကို သွားတဲ့အ ခါမှာ နံပါတ်တစ် အတိတ်ကို လေ့လာတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ အားနည်းချက်တွေဟာ အနာဂတ်ရဲ့ အဖြေ ပဲဆိုပြီး လေ့လာပါတယ်။ နောက်တစ်ခါ လက်ရှိရှိနေတဲ့ အရှိတရား။ ကျွန်တော်ရဲ့ ၀န်ထမ်းတွေ၊ အသင်းသားတွေ၊ အမှုဆောင်တွေရဲ့ အရှိတရား။ ဒီအရှိတရားကို လေ့လာပြီး ဒီအရှိတရားကနေပြီးတော့ တကယ့် လမ်းမှန်ပေါ်ကနေ သွားနိုင်အောင် လျှောက်နိုင်အောင် ကျွန်တော်ကြပ်မတ် ဆောင်ရွက်နေပါ တယ်။ နောက်တစ်ခုကလည်း တခြားနိုင်ငံတွေမှာ အောင်မြင်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သမ၀ါယမ က မအောင်မြင်တာ။ အခြား နိုင်ငံတွေမှာ အံ့သြလောက်အောင် အောင်မြင်နေတယ်။ ဒီလိုအံ့သြလောက် အောင် အောင်မြင်နေတာဟာ ကျွန်တော်အတွက် အဖြေပါပဲ။ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တနဲ့ လူတွေပါပဲ။ သူတို့တောင် အောင်မြင်ပြီး ကျွန်တော်တို့ ဘာကြောင့် မအောင်မြင်တာလဲ။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က Good Governance ကြောင့်လို့ ပြောပါ တယ်။ ဒါကြောင့် ဒါတွေအားလုံးကို လေ့လာပြီးတဲ့ အခါမှာ ကနေ့သမ၀ါယမကို အောင်မြင်တဲ့ လမ်းကြောင်း ပေါ် ရောက်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်'' ဟု ပြန်လည် ရှင်းလင်း ပြောကြားသည်။

Eleven Media Group

သယံဇာတ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးကော်မတီ စစ်တွေ၌ ဆွေးနွေး

မြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတ တူးဖော်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဦးဆောင်ကော်မတီ သည် သတ္ထုတူးဖော်ရေးဆိုင်ရာ နိုင်ငံတကာပွင့်လင်းမှုစံနှုန်းအဖွဲ့ (EITI)သို့ ၀င်ရောက်နိုင်ရေးနှင့်စပ်လျဉ်း ၍ သြဂုတ်လ ၂၂ ရက် နေ့လည်က စစ်တွေမြို့၌ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၁၄ရက်က သမ္မတအမိန့်ဖြင့် ဖွဲ့စည်းခဲ့သည့် အဆိုပါကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်သစ်တော ရေရးရာဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနှင့် သတ္တုတွင်းဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့ ပါဝင်ကြသည်။

ကော်မတီ၏ ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ကေသီနှင့် ပြင်ပဆက်သွယ်ရေးတာဝန်ခံ ဦးခင်မောင်ထွေးတို့က ကော်မတီ၏တာဝန်ပေးချက်အရ စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီ များနှင့် ယခုကဲ့သို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများနှင့်ပတ်သက်၍ အကျိုးအမြတ်ခွဲဝေရာတွင် ပွင့်လင်းမှုမရှိခြင်း နှင့်ဒေသခံတိုင်းရင်းသားတို့ ခံစားခွင့်နည်းပါးခြင်းတို့ကြောင်း ရခိုင်တိုင်းရင်းသားများက အစဉ်တစိုက်ကန့် ကွက်မှုများရှိခဲ့သည်။ ထိုလှုပ်ရှားမှုများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ပြီးနောက် အစိုးရမှဖွဲ့ထားသည့် သယံ ဇာတနှင့် ဆိုင်သည့်ကော်မတီက ထိုသို့ သွားရောက်ဆွေးနွေးကြခြင်းဖြစ်သည်။

သယံဇာတတူးဖော်မှု ပွင်းလင်းမြင်သာရေးကော်မတီနှင့် ပြုလုပ်သည့် စစ်တွေမြို့မှဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးအဖွဲ့ဝင် ဦးကောင်းစံရွှီက “အဓိကချပြတာက နိုင်ငံတကာ EITI ၀င်ရောက်ရေး ဖြစ်တယ်။ အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေ၊ အဖွဲ့ဝင်ဖြစ်ရင်ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ချပြပြီး အကြံတောင်းခံတာဖြစ်ပါတယ်”ဟုဆိုသည်။

Extractive Industries Transparency Initiative(EITI) ဟုခေါ်သည့် သတ္ထုတူးဖော်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာရေး နိုင်ငံတကာအဖွဲ့ဝင်ရန် မြန်မာအစိုးရက အကြိုသဘောတူညီထားပြီးဖြစ်သည်။

“နောက်ထပ် ကျွန်တော်တို့ပါတီအနေနဲ့ တင်ပြခဲ့တာက နိုင်ငံတကာ EITIအဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို လက်ခံပါ တယ်။ ဒါပေမယ့် ပထမလုပ်သင့်တာက ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေကြားမှာ လုပ်ပိုင်ခွင့်ခွဲဝေမှု၊ သယံဇာတ စီမံခွင့်ခွဲဝေမှုကို လုပ်သင့်တယ်။ ပြီးမှသာလျင် EITI ကိစ္စကို ဆက်လုပ်သင့်တယ် ဆိုတာကို အကြံပြုခဲ့ပါတယ်” ဟု ဦးခင်မောင်ကြီးက ဆက်ပြောသည်။

သြဂုတ် ၂၂ ရက်က ကျင်းပသည့် ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီထိ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရွှေသဘာဝဓာတ်ငွေ့အပါအ၀င် ရခိုင်ပြည်နယ်မှထွက်ရှိသော သယံဇာတအကျိုးခံစား ခွင့် ရရှိရေးအတွက် ရခိုင့်သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီက သြဂုတ် ၁၈ ရက်မှစ၍ ပြည်သူ့ ဆန္ဒ လက်မှတ် သုံးသိန်း ရသည်အထိ လက်မှတ် ကောက်ခံလျှက်ရှိကြောင်း သက်ဆိုင်ရာပါတီက သတင်း ထုတ်ပြန်ထားသည်။

မဇ္ဈိမ သတင်းဌာန

အဖွဲ့ချုပ် အဖွဲ့ဝင်များကို အဖွဲ့ချုပ်ဥက္ကဌ အမှာစကားပြောကြား

ကိုယ့်ရဲ့ကိုယ်စားလှယ်နဲ့ အမြဲထိတွေ့မှုရှိနေရဲ့လား ဒီတော့မြို့နယ်တွေမှာ ဘာလိုအပ်ချက်တွေရှိတယ် ဘယ်လိုအခြေအနေတွေရှိတယ် အားလုံးကသုံးသပ်ကြရဲ့လား အဲ့ဒီတော့မင်္ဂလာတောင်ညွှန့်မှာဆိုလို့ရှိရင် အန်တီတို့က ဗုဓ္ဒဘာသာဝင်တွင်မက မွတ်စလင်အဖွဲ့ဝင်တွေလည်းရှိတယ် အဆင်ပြေအောင်လို့ နေကြ ရဲ့လား ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်င်ငံမှာ အေးချမ်းသာယာဖို့လိုတယ် အားလုံးကနေပြီးတော့ သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့လိုတယ် သင့်သင့်မြတ်မြတ်နဲ့နေနိုင်ဖို့ဆိုတာဟာ တစ်ဦးနှင့်တစ်ဦး နားလည်မှု ယူနိုင်ရမယ် တစ်ဦးနှင့်တစ်ဦးလေးစားနိုင်ရမယ် အဲ့တာဒီဟာတွေကိုတော့ ကျမတို့တာအောက်ခြေ ကနေစရမှာပဲ ဒါအထက်ကနေပြီးတော့လုပ်ဆိုပြီးတော့ အမိန့်နဲ့ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး ဒါကြောင့်မိုလို့ မင်္ဂလာတောင်ညွှန့်လိုမြို့နယ်မှာဆိုလို့ရှိရင် ဘာသာပေါင်းဆုံရှိတဲ့အခါကြတော့ ကျမတို့ရဲ့ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ သင့်သင့်မြတ်မြတ်နေတတ်တယ် နေနိုင်တယ် နေလို့ရအောင်လို့ စီစဉ်နိုင်တယ်ဆိုတာပြရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဒီဟာတွေကတော့ အားလုံးကနေ ပြီးတော့ အကြံပြုချက်တွေပေးနိုင်ပါတယ်။


ကျမတို့အနေနဲ့ အဖွဲ့ချုပ်ကနေပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပညာပေး အစီစဉ်တွေပေါ့နော် လုပ်ဖို့စီစဉ်နေပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အများပြည်သူတွေကလည်းနားလည်ဖို့လိုတယ်လေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဘာပါတယ်ဆိုတာတောင်မှ တော်တော်များများ ကမသိဘူး ဖတ်ဘူးတဲ့လူကတော်တော်နဲပါတယ် မဖတ်ဘူးတဲ့ပြည်သူတွေကို အားလုံးဖတ်ရမယ်လို့ ပြောရဖို့ကလည်း တော်တော်ခက်ပါတယ် ဒီလောက်လည်းဖွဲ့စည်းပုံ အခြေခံဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဝေပေးနိုင်တာ လည်း မဟုတ်ဘူး နောက်ပြီးတော့အဲလို ဖတ်ရမယ်လို့ ပြေရအောင်လို့လည်း ကျမတို့ကနေပြီးတော့ လိုက်ပြီး တော့ကြည့်ပြီးတော့စီစစ်နိုင်မှာ မဟုတ်ဘူး အဲ့ဒီတော့တတ်နိုင်သမျှ အဖွဲ့ချုပ်ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ပညာပေးတဲ့အစီစဉ်တွေလုပ်မယ် ကွင်းဆင်းပြီးတော့ရှင်းရမယ် အဲ့ဒီတော့ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်စည်းတွေကနေပြီးတော့ ဦးဆောင်ပြီးတော့လုပ်ရမှာပေါ့။

အဲ့ဒီဟာနဲ့ပတ်သက်လို့လည်း ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ ညွှန်ကြားချက်တွေလည်းလိုရင်လိုသလို ထုတ်ပြန်သွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ကျမတို့အခု အရေကြီးတာက စောစောကပြောသလို့ပေါ့ ဒီမိုကရေစီယဉ်ကျေးမှုဆိုတာဟာ ပြည်သူလူထုအတွင်းကနေပြီးတော့ ထောက်ခံပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပေါ့ လူလူချင်းဆက်ဆံရေးကနေပြီးတော့ အခြေခံပါတယ် ယဉ်ကျေးမှုဆိုတာ လူလူချင်းဆက်ဆံရေးကနေအခြေခံပါတယ် အဲ့ဒီတော့လူလူချင်းဆက်ဆံရေး ဆက်ဆံပုံဟာ ဒီမိုကရေစီတန်းဖိုးထားတွေနဲ့ကိုက်ညီရဲ့လားဆိုတာ အဲ့တာကိုကြည့်ပြီးတော့ အဲ့တော့ ကိုယ့်အဖွဲ့ချုပ်ဝင်တွေက အချင်းချင်းဆက်ဆံရေးကို ဒီမိုကရေစီစံထုံးထားတွေ့နဲ့ ကိုက်ညီတဲ့ ဆက်ဆံရေး ဖြစ်ဖို့လိုတယ် အဲ့တာကတော့ ယဉ်ကျေးမှုအဆောက်အအုံကြီးနဲ့ ပါတ်သက်လို့ပေါ့ ဒီထဲမှာဆိုရင် ကျမတို့ကြားဖြတ်ရွှေးကောက်ပွဲတုန်းက ချခဲ့တဲ့မူသုံးချက်ကို ကျမတို့မျက်ခြေပြတ်လို့မရဘူး ဒီသုံးချက် ကလည်းဆက်နွယ်နေတယ် ဥပဒေဆိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဲ့တော့ဒီဟာတွေလည်း ကျမတို့ဆက်ပြီးတော့သွားရမယ် ဘာဖြစ်လို့ဒီဟာတွေ ဆက်စပ်မှုရှိတယ် ဆိုတာဟာလည်း ရှင်းပြဖို့ဟာက ဒီအဖွဲ့ဝင်တွေရဲ့တာဝန်ဖြစ်တယ် ။

ဘာဖြစ်လို့လည်းဆိုတော့ပြည်သူပြည်သားတိုင်းကနေပြီးတော့ နိုင်ငံရေးမှာစိတ်ဝင်းစားသင့်တယ် နိုင်ငံရေး ကိုအတိုင်းအတာတခုထိ နားလည်သင့်တယ် သို့သော်ညားလည်း နိုင်ငံရေးပါတီတခုထဲကို ၀င်းထား ပြီးပြီဆိုတဲ့ပုဂိုလ်တွေမှာပိုပြီးတော့တာဒီတာဝန်ရှိတယ် နိုင်ငံရေးပါတီတခုထဲကိုဝင်ပြီဆိုထဲ့က နိုင်ငံရေး လုပ်ငန်းနဲ့ ပါတ်သက်လို့နီးနီးကပ်ကပ် ဆက်ဆံချင်ပါတယ်လို့ဆန္ဒပြုလိုက်တဲ့သဘောမျိုးရှိတယ် အဲ့တော့ ဒီလိုနီးနီးကပ်ဆက်ဆံချင်တယ်ဆိုလို့ရှိရင် နိုင်ငံရေးအကြောင်းအရာတွေကို တတ်နိုင်သမျှ ကိုက နေပြီးတော့ ကျေကျေလည်လည်သိဖို့လိုတယ် အဲ့တာကြောင့်မိုလို့ ကျမတို့အဖွဲ့ဝင်တွေဟာ ကိုယ့်ကိုကိုယ် နိုင်ငံရေး နားလည်တဲ့ပုဂိုတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ် ဒါပေမယ့် အဖွဲ့ကလည်း ဦးဆောင် ပြီးတော့လုပ်ပေးရမှာပေါ့။

သင်တန်းတွေလုပ်ပေးရမယ်၊ ဆွေးနွေးပွဲတွေလုပ်ပေးရမယ် လိုအပ်လို့ရှိရင်စာရွက်စာတမ်းတွေပေးရမယ် အဲ့ဒီဟာတွေကို ကျမတို့အဖွဲ့ဝင်တွေကနေပြီးတော့ လုပ်ရမယ် ကိုပညာပွားပေးရမယ် အဲ့ဒီတော့ ဒီလူမှုရေးကိစ္စတေလုပ်တဲ့အခါမှာ မြှို့နယ်အတွင်းမှာပေါ့နော် လိုအပ်တဲ့နေရာတွေမှာ ကူညီတဲ့အခါမှာ စနစ်တကျလုပ်ရမယ်၊ပွင့်လင်းမြင်သာမှုရှိရမယ် အားလုံးတိုင်ပင်ပြီးတော့ အားလုံး သဘောတူညီ ချက်နဲ့လုပ်ရမယ် ဒီမိုကရေစီဆိုတာ အများရဲ့ဆုံးဖြတ်ကိုလက်ခံရတယ်ဆိုတဲ့သဘောက ဘာဖြစ်လို့လည်း ဆိုတော့ ပုထုဇဉ်လူသားများဟာ အားလုံးဟာတသဘောတဲဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး အဲ့တော့ အများရဲ့ဆန္ဒကိုခံယူပြိးတော့ပြေလည်အောင်လုပ်ရတယ် သို့သော်ညားလည်း အများရဲ့ ဆန္ဒအရ လုပ်တဲ့နေရာမှာ လူနည်းစုတွေရဲ့အခွင့်အရေးတွေကိုလည်းလေးစားရမယ် အဲ့တာကိုလည်းကာကွယ်ရမယ် အံတာကိုတော့ဘယ်တော့မှ မမေ့ပါနဲ့ ဆုံးဖြတ်ချက်တခုချတယ်ဆိုလို့ရှိရင် ဒီအစည်းအဝေးတခုမှာ ချလိုက်တယ်ဆိုလို့ရှိရင် ရှစ်ဆယ်က သဘောတူတယ် နှစ်ဆယ်က သဘောမတူဘူးဆိုရင် ရှစ်ဆယ်ရဲ့ သဘောထားအတိုင်းဖြစ်ရမှာပဲ့ါပေမယ့် ဒီသဘောမတူတဲ့ နှစ်ဆယ်ကိုလည်း လေးစားရမယ် သုတို့ရဲ့အမြင် တွေကိုလည်း လေးစားရမယ်သူတို့ဟာလည်းသူတို့ရဲ့အမြင်တွေကိုတင်ပြပိုင်ခွင့်ရှိတယ် တင်ပြပိုင်ခွင့် ရှိလို့တချို့ကနေပြီးတော့စိတ်ပြောင်းပြီးတော့သူတို့ဘက်မျာပိုပြီးတော့ ပါသွားတယ်ဆိုလို့ရှိရင်လည်းဖြစ်နိုင်တယ်။

ဒါဟာဒီမိုကရေစီနည်းပဲ ညှိနိုင်းမယ်၊ဆွေးနွေးမယ်၊တိုင်ပင်မယ် အဖြေတခုကိုရအောင်ရှာမယ် အဲ့တော့ အဲ့ဒီဟာကိုတော့အမြဲပဲ နေ့စဉ်လုပ်ခြင်းအားဖြင့် ဒီမိုကရေစီယဉ်ကျေးမှုကိုထူထောင်ရမယ် ယဉ်ကျေးမှု ဆိုတာဒီလိုပဲကြလာတာမဟုတ်ဘူး ယဉ်ကျေးမှုဆိုတာ ဥပဒေမဲ့ထူထောင်လို့မရဘူး စည်းမျဉ်းစည်းကမ်း ဆိုတာ အတိုင်းအတာတခုထိ အဲ့ထိဘက်ကိုတွန်းပေးဖို့လိုတယ် တကယ်အမြစ်တွယ်ဖို့ဆိုတာဟာ လေ့ကျင့်ခြင်းအားဖြင့် တကယ်အမြစ်တွယ်အောင်လုပ်လို့ရတယ် ကျမတို့အဖွဲ့ချုပ်ဝင်တွေဟာအထူးသဖြင့် မင်္ဂလာတောင်ညွှန့်ဆိုတာရန်ကုန်ကပေါ့ ရန်ကုန်ဆိုတော့ ဘာယ်လိုပဲပြောပြော ဒီနိုင်ငံရဲ့အကြီးဆုံး မြို့ကြီးပေါ့ အခရာကြဆုံးမြို့ကြီး၊အထိကကြဆုံးမြို့ကြီးဆိုတော့ အဲ့ဒီမြို့ကနေပြီးတော့ပြန့်ပွားအောင် ပြန့်ပွားသွားတဲ့လူမှုရေးဆက်ဆံမှုဟာတစ်နိုင်ငံလုံးကိုရောက်သွားနိုင်တယ် အဲ့တာကြောင့်မိုလို့ ရန်ကုန်မြို့ ရန်ကုန်တိုင်းမှာနေတဲ့ ကျမတို့ရဲ့အဖွဲ့ဝင်တွေမှာ အထူးကိုတာဝန်ရှိတယ် အဲ့တော့မှန်မှန်ကန်ကန်လုပ်ကြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ဒီမိုကရေစီအရေးနဲ့ အမျိုးသားရေးကို ခွဲခြားလို့မရဘူးဆိုတာကို လက်ခံထာတဲ့ အဖွဲ့စည်းဖြစ်ဆိုတာကိုမမေ့ပါနဲ့ ကျမတို့က ဒီမိုကရေစီအခြေခံတဲ့ လုပ်ပုံလုပ်နည်း တွေနဲ့ ဆက်ပြီးတော့သွားဖို့တိုက်တွန်းပါတယ်။

Credit : http://www.yeyintnge.com/2013/08/blog-post_2935.html#.UhbewH8R8YI

RNG မှ အထူး မေတ္တာရပ်ခံချက်



စစ်တွေမြို့တွင် Muslim Aid အပါအ၀င် ကုလား အားပေး NGO များသည် ကြက်ခြေနီ အရေခြုံ လျှက် ကုလားများအတွက်သာ ကူညီထောက်ပံ့ခြင်း၊ ကုလားများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းများလုပ်နေပြီး၊ ဒေသခံရခိုင် များအား ကူညီထောက်ပံ့ခြင်းများကို လုပ်ဆောင် ခြင်း မရှိပါ။


ထို Muslim Aid အပါအ၀င် ကုလားအားပေး NGO များ ထောက်ပံ့ထားသော ICRC (ကမ္ဘာကြက်ခြေနီ) သည် စစ်တွေမြို့ လမ်းမတော်တောင်တွင် အိမ်ပေါင်း ၄ဆောင်ငှားရမ်းကာ ကားအစီးပေါင်းများစွာ ကိုလမ်းများပေါ်တွင် စည်းကမ်းမဲ့ရပ်နားကာ ကုလားရပ်ကွက်များကို ထောက်ပံ့ကူညီလျှက်ရှိနေသည်။

ထို့အပြင် ၄င်းတို့ခန့်ထားသော ကုလားဝန်ထမ်းများနှင့် အခြားခရီးသွားကုလားများကို မြို့တွင်းသို့ ကြက်ခြေနီကားဖြင့် ရုံတက်စေခြင်း၊ နှင့် ကုလားတို့၏ လုပ်ငန်းဆောင်တာများကို ကြက်ခြေနီကားများဖြင့် ကူညီဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိနေသည်ကိုတွေ့နေရပါသည်။ ယခုအခါ ဒေသခံလူငယ် အချို့သည် ၄င်းကြက်ခြေနီကားများကို သတိထားစောင့်ကြည့်လျှက် ရှိနေပါသည်။

အကယ်၍ ယင်းကြက်ခြေနီကားများပေါ်တွင် ကုလားဝန်ထမ်းများနှင့် အခြားကုလားများတင်ဆောင်လျှက် မြို့တွင်းသို့ကုလားများခိုးသွင်းသည်ကိုတွေ့ပါက ပြသနာများဖြစ်နိုင်ပါသည်။ ပြသနာဖြစ်လာပါက ကြက် ခြေနီနှင့် ပြသနာဖြစ်သည်ဟု ကမ္ဘာအလယ်တွင် မြန်မာနိုင်ငံအနေနှင့်သော်လည်းကောင်း ရခိုင်ဒေသခံ များအတွက်သော်လည်းကောင်း အရှက်ရစရာဖြစ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အစိုးရအနေဖြင့် ယင်းကုလားအားပေး NGO များ၏ IRCR ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကို အသုံးချကာ ပြုမူဆောင်ရွက်နေသည်များကို ကြပ်မတ်ဆောင်ရွက်ပေးပါရန် RNG မှ အထူးမေတ္တာ ရပ်ခံ အပ်ပါသည်။

Credit : http://www.yeyintnge.com/2013/08/rng.html#.UhbeoX8R8YI