Tuesday, August 20, 2013

အာဆီယံ လူထုဖိုရမ်ကျင်းပရန် ကော်မတီ ရှစ်ခု ဖွဲ့စည်း

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ လူထုဖိုရမ် (Asean People Forum) ဦးဆောင် ကျင်းပရန်အတွက် ကော်မတီရှစ်ခုကို သြဂုတ် ၁၉ ရက်က ဖွဲ့စည်းလိုက်ကြောင်း ယင်းဖိုရမ် ကျင်းပရေးအတွက် တာဝန်ယူထားသောအဖွဲ့ဖြစ်သည့် မြန်မာလူထုညီလာခံ လုပ်ငန်းအဖွဲ့မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးကျော်လင်းဦး က ပြောသည်။


အဆိုပါဖိုရမ်ကို လာမည့် ၂၀၁၄ မတ်လတွင် ကျင်းပနိုင်ရန် လျာထားသည်ဟုလည်း ဦးကျော်လင်းဦးက ပြောသည်။ အာဆီယံ လူထုဖိုရမ်ကျင်းပရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၈ ခုပါဝင်သော မြန်မာလူထု ညီလာခံ လုပ်ငန်းအဖွဲ့ကို သြဂုတ် ၃ ရက် က ဖွဲ့စည်းခဲ့ပြီး ယင်းလုပ်ငန်းအဖွဲ့မှ ကျင်းပရေး အတွက် ကော်မတီရှစ်ခုကို သြဂုတ် ၁၉ ရက်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီရှစ်ခုမှာ ဦးဆောင်ကျင်းပရေးကော်မတီ၊ ကျင်းပရေးကော်မတီ၊ အစီအစဉ် ကော်မတီ၊ ကြေညာချက်မူကြမ်း ရေးဆွဲရေးကော်မတီ၊ မီဒီယာကော်မတီ၊ ဧည့်ခံကြိုဆိုရေးကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ဖြစ်သည်။

ကြေညာချက် မူကြမ်းရေးဆွဲရေး ကော်မတီကို အိမ်ရှင်ကော်မတီ၊ အခြားအာဆီယံ အဖွဲ့ဝင် ကိုယ်စားလှယ် နှင့် အာဆီယံဒေသ ကွန်ရက်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အာဆီယံ လူထုဖိုရမ်ကျင်းပရန် အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနေမှုနှင့်ပတ်သတ်၍ ဦးကျော်လင်းဦးက “အရပ်ဘက်အဖွဲ့အစည်းတွေက ပွဲဖြစ်မြောက်ရေးအတွက် နှစ်ပတ်ကို တစ်ကြိမ်လောက် အစည်းအဝေးတွေ လုပ်ခဲ့ ကြရတာပါ။ APF (Asean People Forum) ကနေ ရရှိလာတဲ့ ဆွေးနွေးချက်တွေက အာဆီယံနိုင်ငံတွေအတွက် အကျိုးကျေးဇူးအများကြီးဖြစ်ထွန်းစေမှာပါ။ ရရှိလာတဲ့ ဆွေးနွေးချက်တွေကို အာဆီယံ ဆယ်နိုင်ငံက ခေါင်းဆောင်တွေကို တင်ပြသွားမှာပါ””ဟု ပြောသည်။

ဆွေးနွေးပွဲမှ ရရှိလာသော ပြည်သူများ၏ အခက်အခဲများ လိုအပ်ချက်များအား အစိုးရအဖွဲ့ကို တင်ပြမည် ဖြစ်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရကြား ယုံကြည်မှုများကို တည်ဆောက်နိုင်မည် ဖြစ်သည်ဟုလည်း ဦးကျော်လင်းဦးက ပြောသည်။

ဖိုရမ်တွင် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအကြောင်းအရာများ အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

အာဆီယံလူထုဖိုရမ်သည် ၂၀၀၅ ခုနှစ် မှစကာ အာဆီယံဥက်္ကဋ္ဌအဖြစ် တာဝန်ယူရသောနိုင်ငံများရှိ အရပ် ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင်လက်ခံကျင်းပကြပြီး အာဆီယံနိုင်ငံများရှိ အရပ်ဘက် လူမှု အဖွဲ့ အစည်းများမှ ပါဝင်ဆွေးနွေးကာ ဆွေးနွေးပွဲ ရလဒ်များကို အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပချိန်တွင် ပေးပို့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့်ဖိုရမ်အတွက် တက်ရောက်ဆွေးနွေးမည့် လူဦးရေ ၁၂၀၀ ခန့်ရှိမည်ဟုလည်း ဦးကျော်လင်းဦးက ခန့်မှန်းပြောဆိုသည်။

အာဆီယံအလှည့်ကျ ဥက်္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် တာဝန်ယူရမည် ဖြစ်သည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/13349-2013-08-20-03-27-36.html

လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ တောင်သူလယ်သမားများ၏ အသံများကို စုစည်းနိုင်ရေး ဆွေးနွေးပွဲသို့ လယ်သမား ၅၀၀ ခန့်တက်ရောက်



လယ်ယာမြေ မတရားသိမ်းဆည်း ခံရမှုများ၊ ဆုံးရှုံး နစ်နာမှုများ၊ လိုအပ်ချက်များနှင့် ဆန္ဒသဘောထား အစစ် tမှန်များကို ဖော်ထုတ်စုစည်း နိုင်ရန်အတွက် တောင်သူလယ်သမားများ၏ အသံစုစည်းခြင်း ဆွေးနွေး ပွဲကို သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲကို ၈၈ မျိုးဆက် အဖွဲ့က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး နှစ်ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကာ မြို့နယ်ပေါင်း ၅၀ ကျော်မှ တောင်သူ လယ်သမား ၅၀၀ နီးပါးခန့် တက်ရောက် ဆွေးနွေး ခဲ့သည်။

ဆွေးနွေးပွဲကို ခေါင်းစဉ်ခြောက်ခုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လယ်ယာမြေ မတရားသိမ်းဆည်း ခံရမှုများ၊ လယ် ယာလုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ပြဿနာများ၊ ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်၏ အုပ်ချုပ် ရေး ပိုင်းဆိုင်ရာ ပြဿနာများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် ပတ်သက်သော ပြဿနာများ၊ လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သော ပြဿနာများ၊ တောင်သူ လယ်သမား သမဂ္ဂများ၏ အခန်းကဏ္ဍစသည့် ခေါင်းစဉ်များ ပါဝင်ကြောင်း သိရ သည်။

၈၈ မျိုးဆက် တောင်သူလယ်သမား ရေးရာအဖွဲ့ အနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ် ရေး ဥပဒေနှင့် ပတ်သက်၍ နေပြည်တော်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ရာတွင် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဟူ၍ တွဲထည့်ကာ ဥပဒေ ခေါင်းစဉ် ကို ပြင်ဆင်ပေးခဲ့သော်လည်း အတွင်းပိုင်းမှ အနှစ်သာရ များကိုမူ ပြင်ဆင်ပေးခြင်း မရှိသည့်အတွက် မထူး ခြားခဲ့ကြောင်း၊ ယခုပွဲသည် တောင်သူ လယ်သမားများ၏ အသံများကို စုစည်းခြင်းသာဖြစ်ပြီး နောက်ပိုင်း တွင် ပညာရှင်များ ပါဝင်သော ဖိုရမ်တစ်ခု ကျင်းပကာ မူဝါဒတစ်ရပ် ချမှတ်သွားနိုင်ရန် ရည်ရွယ် ထား ကြောင်းလည်း ဦးထွန်းမြင့်အောင်က ပြောကြားသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်၍ တောင်သူ လယ်သမားများ၏ အသံများကို စုစည်းနိုင်ရေး ဆွေးနွေးပွဲမြင်ကွင်း

''ဒီအသံတွေကို အခြေခံပြီး ဖိုရမ်ကြီးတစ်ခု လုပ်ဖို့ရှိတယ်။ အဲဒီမှာ လယ်သမားရေး ဆောင်ရွက်နေတဲ့ သူ တွေ၊ ပညာရှင်တွေ၊ လယ်သမားရေး စိတ်ဝင်စားတဲ့သူတွေ၊ ဥပဒေ ပညာရှင်တွေ၊ မိုးလေ၀သ ပညာရှင် တွေ အားလုံးပါဝင်တဲ့ ဖိုရမ်ကြီး တစ်ခုဖြစ်အောင် ကြိုးစားသွားမယ်။ အဲဒီက ရလာတဲ့ ဟာတွေကတော့ ပေါ်လစီတွေ ဖြစ်သွားမယ်။ အခုဟာက အသံတွေ၊ ပေါ်လစီကို ကျွန်တော်တို့က လက်လွတ်စပယ် ချ လိုက်တာမျိုး မဟုတ်ဘဲ လယ်သမားတွေရဲ့ အသံကို အခြေခံပြီးတော့ ကျွန်တော်တို့ ပေါ်လစီချမယ်။ အစိုးရနဲ့ လွှတ်တော်ကို တင်ပြမယ်'' ဟု ဦးထွန်းမြင့်အောင်က ပြောကြားသည်။

လက်ရှိတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေများကို လုပ်ငန်းရှင်ကြီးများက အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် ဟုဆိုကာ အမှန်တကယ် မလုပ်ဆောင်ဘဲ သိမ်းယူထားခြင်းများ၊ စစ်တပ်မှ သိမ်း ယူထား ခဲ့သည့် မြေယာများ အပါအ၀င် အကြောင်း အမျိုးမျိုးဖြင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် တောင် သူလယ်သမားများနှင့် ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်နေသည်။

ယခုဆွေးနွေးပွဲတွင် မြို့ပေါ်တွင် နေထိုင်ကာ လယ်ယာမြေများ မတရား သိမ်းယူခြင်း၊ ၀ယ်ယူခြင်းများ ပြု လုပ်ကာ အမှန်တကယ် လယ်ယာလုပ်ကိုင်ခြင်း မပြုဘဲ လယ်သမားဟု ပြောဆိုနေကြ သူများနှင့် အမှန် တကယ် လယ်ယာလုပ်ကိုင်သည့် တောင်သူလယ်သမား များကြား ကွဲပြားခြားနားမှု ရှိစေရန် တောင်သူ လယ်သမား အဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ရပ် ပေါ်ပေါက်လာရန်လည်း ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ် ကြောင်းလည်း သိရသည်။

Eleven Media Group

ပန်ဝါဒေသ မျှော်ဂျောင် ကျေးရွာတွင် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မျော်ဂျောင် ကျေးရွာတွင် ဒေသခံပြည်သူ့စစ်၊ ခမရ(၅၂၁)နှင့်ကေအိုင် အေတို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သတင်းရရှိသည်။


ဖြစ်ပွားရသည့် အကြောင်းရင်းကို ပြည်သူ့စစ်နှင့် ကေအိုင်အေ ပြန်ကြားရေးရုံးသို့ဆက်သွယ်မေးမြန်းခဲ့သော် လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။

ကေအိုင်အေ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦးက ''ကျွန်တော်တို့ စခန်းကို ပြည်သူ့စစ်နဲ့ ခမရ (၅၂၁) တို့ လာ တိုက်တာပါ။ မနက် ၇ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြာတယ်။ ကေအိုင်အေဘက်က အကျအဆုံး မရှိပေမယ့် ပြည်သူ့စစ်တစ်ဦး၊ စစ်သားတစ်ဦးကျတယ်။ အခုတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းထားလို့ ဘာမှ မဖြစ်တော့ဘူး'' ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့စစ်နှင့် နီးစပ်သူ အမည်မဖော်လိုသူ ပန်ဝါဒေသခံ တစ်ဦးက ''အရင်က တည်းက အဲဒီနေရာတွေမှာ ကေအိုင်အေ မရှိဘူး။ ၂၀၁၂ ခုနှစ် မတ် ၂၆ ရက် ကတည်းက ၀င်လာတော့ ဒေသက သိပ်ဒုက္ခ ရောက်လာတယ်။ ရွာခံတွေက ဒုက္ခသည်တွေ ဖြစ်လာတယ်။ သမ္မတဆီကိုလည်း စာ တင်ထား ကြတာပဲ။ NDAK စိုးမိုးမှု အောက်မှာရှိတဲ့ ရွာတွေမှာ ကေအိုင်အေက ဆက်နေရာ ယူထားရင် တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။ အဲဒီလမ်းကြောင်းက တရုတ်ပြည်ထဲ ကိုဝင်ပြီး လိုင်ဇာကို ၀င်တာပါ။ စားပွဲ ၀ိုင်းမှာ ပြောတဲ့စကားနဲ့တော့ မကိုက်ဘူး။ စစ်သား စုဆောင်းရေး လုပ်တယ်။ တပ်ရင်းအသစ်တွေ ဆောက် တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့'' ဟု The Daily Eleven သို့ ပြောသည်။

ဦးဇခုန်တိန့်ယိန်းက ၎င်းကိစ္စနှင့် ပတ်သက်၍ NDAK နယ်မြေများတွင် ခြေကုပ်ယူထားသော ကေအိုင်အေ တပ်ရင်းများ ပြန်လည် နောက်ဆုတ်ပေးရန်နှင့် အခြား အကြောင်းအရာများကို ယခုလ ၆ ရက်က ကေအိုင် အေ အရာရှိများကို ထုတ်ပြန်ချက် တစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

Eleven Media Group

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အကြောင်း မှတ်တမ်းရိုက်ကူးရန် Discovery Channel မှ ကမ်းလှမ်း



အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအကြောင်း မှတ်တမ်းတင် ရိုက်ကူးပြသရန် Discovery Channel မှ လာရောက် ကမ်းလှမ်းမှုများ ရှိနေ ကြောင်း သိရသည်။


ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို Discovery Channel တွင် ရိုက်ကူးပြသရန် အ တွက် တစ်နှစ်စာချုပ် ချုပ်လိုကြောင်း ကမ်းလှမ်း မှုများ ရှိနေပြီး လက်ရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး နှင့် ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်ပေးနေသူများ အနေဖြင့် အဆိုပါ ကမ်းလှမ်းမှုအပေါ် လက်ခံမှု ရှိမရှိ ကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။

ထို့ပြင် ကိုဝင်းဇော်ဦး စင်ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ် ယင်းနိုင်ငံတွင် ထုတ်လွှင့်ပြသနေသည့် CHANNEL NEWSASIA ရုပ်သံလိုင်းနှင့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Lianhe Zaobao Newspaper မှလည်း လာရောက် သတင်းယူခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်း ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်း aဇာ်ဦးတွင် Pituitary Gland အကြိတ်ကြောင့် Growth Hormone အထွက်လွန်ကာ ခန္ဓာကိုယ် အစိတ် tပိုင်းများ အလွန်အမင်း ကြီးထွားနေခြင်းဖြစ်ပြီး လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်နိုင်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ လုပ် aဆာင်လျက်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ကိုဝင်ဇော်ဦးကို ဗီဒီယိုရိုက်ကူး နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

Eleven Media Group

ငွေမည်းများစွာဖြင့် ၀င်ရောက် ဈေးကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းသမားများကို အိမ်ခြံမြေခွန်များ တိုးမြှင့်ကောက်ခံရန် လွှတ်တော်သို့ တင်ပြ



ငွေမည်းများစွာဖြင့် ၀င်ရောက်ဈေး ကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမ တန် မြင့်တက် လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းသမားများကို အိမ်၊ ခြံ မြေခွန်များ တိုးမြှင့် ကောက်ခံရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့သည်။


သြဂုတ် ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်း၊ ရေဖြူမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး တင်ပြ မေးမြန်းသည့် ''အိမ်ရာမြေများ ၀ယ်ယူ ရောင်း ချခြင်း အပေါ်တွင် ပြန်လည်တိုးမြှင့် ကောက်ခံနေသော အခွန် ၃၇ ရာခိုင်နှုန်းကို ခွဲခြား ရှင်းလင်း ပြပါရန်၊ ယခင်ကာလတွင် ကာလတို အိမ်ခြံမြေ ရောင်းဝယ်ခွန်အား ၁၅ ရာခိုင်နှုန်း လျော့ချ ပေးခဲ့စဉ်က ရရှိခဲ့သော အခွန်ငွေများနှင့် ယခု ၃၇ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံရာတွင် ရရှိသော အခွန်ငွေ နှုန်းများ နှိုင်းယှဉ်ပြရန်၊ ငွေဖြူရှိသူ နိုင်ငံသားများ အတွက် အခွန်နှုန်းများ လျော့ချပေးရန်၊ ငွေဖြူလုံ လောက်အောင် မပြနိုင်သော သာမန် နိုင်ငံသားများအား တိုးမြှင့်ကောက်ခံရန် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ဖြင့် ရေတိုမဟုတ်ဘဲ ရေရှည် တည်တံ့နိုင်ရေးအတွက် လုပ်ဆောင် ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းကို လွှတ်တော်သို့ တင်ပြမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဖြစ်ရမယ်။ နိုင်ငံသားများကလည်း ပေးဆောင်ရန် တာဝန်ရှိတဲ့ အခွန် များကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မှန်မှန်ကန်ကန် ပေးသွင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အမိန့်ကြော်ငြာ စာများ နဲ့ မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ စည်းရုံးပြီးတော့ နိုင်ငံသားတိုင်းဟာ အခွန်ပေးဆောင် တယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်စေလိုတဲ့ အတွက် ကျွန်တော် မေးမြန်းရခြင်း ဖြစ်ပါတယ်'' ဟု ဦးဝင်းဦးက ပြောကြား သည်။

ဦးဝင်းဦးက ၀င်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းများသည် ၁၅ ရာခိုင်နှုန်းတွင် တန်းတူသာဖြစ်ခြင်း (သို့မဟုတ်) ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင်နေ သူများအတွက် မတ ရားဘဲ အိမ်ခြံမြေတွင် ငွေမည်းများစွာဖြင့် တစ်နည်းအားဖြင့် အခွန်ရှောင်သော ငွေများဖြင့် ရောင်းဝယ် နေ ကြကြောင်း၊ တရားဝင် ဖော်ပြခြင်း မရှိသည့်အတွက် နိုင်ငံအတွက် နစ်နာပြီး အိမ်ခြံမြေ ဈေးများလည်း မတ ရားသဖြင့် တက်နေသဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ပါက ဈေးပြန်ကျမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

Eleven Media Group

ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေပါဝင်နေ

19.8.2013

အခု ညနေ ၆ နာရီ MRTV 4 သတင်းမှာ ပြောသွားတာပါ စားသုံးသူများကာကွယ်ရေးအသင်း ဥက္ကဌ နဲ့လည်း interview အတိုလေးပါ လွှင့်ပေးသွားပါတယ်..သတင်းက မြန်မာပြည်အတွင်း တိုင်းရင်းသားတွေ နှစ်ချိုက်စွာ စားသုံးနေသော ငပိရေကြို အားလုံး သည် ယူရီးယား ဓါတ်မြေသြဇာတွေပါဝင်နေတာကို စစ်ဆေးတွေ့ရှိကြောင်းပြောသွား ပါတယ် ။

ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး တော်တော်များများ ငပိရည်ကို တစ်ပါတ်မှာ ၄ / ၅ ရက်လောက် စားနေ ကြတာနော် ။ နည်းလမ်းအမှန်အန္တရာယ်ကင်းတဲ့ ငပိရည်ကျို သိပ်ရင် အနည်းဆုံး ၆ လမှ ၁ နှစ်အချိန်ယူရ ပါတယ်တဲ့ ယူရီးယား နဲ့ သိပ်ရင် ၂ လ ဆိုစားလို့ရပြီမို့ ပိုက်စံမြန်မြန်ရဖို့ ဈေးကွက်ငပိရည်အားလုံးဟာ ယူရီယားကင်ဆာ welcome ငပိရည်တွေဖြစ်နေတာ ပြောသွားပါတယ်။

သူတို့မိသားစုစားဘို့ အတွက်တော့ no ယူရီးယားပါ။ တရုပ်ပြည်မှာလို သေဒဏ် နှစ်ရှည် ထောင်ဒဏ်မျိုး အပြစ်ပေး အရေးယူသင့်ကြောင်းလည်းထည့်ပြောသွားပါတယ် ဒါတွေကြောင့် မြန်မာနိုင်ငံဟာ ဒုတိယ ကင်ဆာရောဂါ အဖြစ်ဆုံးနိုင်ငံ နေရာရသွားတာပါ ဝိသမလောဘသားတွေကိုထိထိ ရောက်ရောက် အရေးယူပေးဖို့တောင်းဆိုအပ်ပါသည်။

မိ တေး

http://www.yeyintnge.com/2013/08/blog-post_9889.html#.UhLxYH8R8YI