Monday, August 19, 2013

တေးရေး၊ တေးဆို မျိုးမြင့်လေး ကွယ်လွန်

တေးရေး တေးဆို မျိုးမြင့်လေး (အသက် -၇၄ နှစ် ) ဟာ သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ နေအိမ်မှာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

အဆိုတော် မျိုးမြင့်လေးရဲ့ မေတ္တာဖြန်းမှ လုံခြုံမယ်ဆိုတဲ့သီချင်းကတော့ နံနက်ခင်းတိုင်း မေတ္တာ တံခါးကို ဖွင့်လှစ်လေ့ရှိတဲ့ ကျက်သရေ ကိုဆောင်တဲ့ သီချင်း ဖြစ်ပါတယ်။ 


အဆိုတော်၊ တေးရေး မျိုးမြင့်လေးဟာ နတ်သျှင်နောင်၊ နေကာမျက်မှန်၊ နှင်းမှုံမြို့တော်၊ မေတ္တာ ပုလဲပန်း၊ ဈေးချိုသူ စတဲ့ သီချင်းတွေနဲ့လည်း လူသိများပါတယ်။

အဆိုတော် မျိုးမြင့်လေး အမှတ်တရအနေနဲ့ ငယ်ချစ်ဟောင်းနဲ့ စောင်းအိုရှင်ဆိုတဲ့ ခေတ်ဟောင်း သီချင်း လေးကို ပြန်လည် မျှဝေလိုက်ပါတယ်။





အဆိုတော် မျိုးမြင့်လေးဟာ ဂန္တ၀င်သီချင်းမျိုးတွေနဲ့ လူကြိုက်များသလို အခုလို ခေတ်နဲ့ အညီလည်း သီဆို နိုင်စွမ်း ပြသထားပါတယ်။ 



Credit : http://blog.irrawaddy.org/2013/08/blog-post_802.html

အမျိုးသားရေး ကို လူ့အခွင့်အရေးထက် ပိုမိုလေးစားသူသာ ၂၀၁၅ သမ္မတ ဖြစ်ပါစေ



ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဘာသာရေး ဆိုင်ရာ ပြဿနာများ၏ အဓိက အရေးပါသည့် အချက်မှာ အမျိုးသားရေးနှင့် လူ့အခွင့်အရေး အားပြိုင်မှုဖြစ်သည်။ ပြဿနာများကို ကိုယ်တွေ့ မခံစားရသူ များနှင့် အဝေးမှ စောင့်ကြည့်သူများက လူ့အခွင့်အရေးဖြင့် တိုင်းတာကြကြီး ကိုယ်တွေ့ခံစား ရသူ များနှင့် ထဲထဲဝင်ဝင် အနီးကပ် လေ့လာထားသူ များကမူ အမျိုးသားရေးဖြင့် ပြောဆိုထောက်ပြလျှက် ရှိသည်။


အခြားဒီမိုကရေစီနိုင်ငံတိုင်းသည် လူ့အခွင့်အရေးကို လေးစားသော်လည်း အမျိုးသားရေး နှင့် လူ့အခွင့် အရေးနှိုင်းယှဉ်လာပါက အမျိုးသားရေးကို ဦးစားပေး သည်မှာ အားလုံးအသိဖြစ်သည်။ အမေရိကန် နိုင်ငံတွင်း၌ပင် လယ်ယာစိုက်ပျိုးနေသော မက္ကစီကို နိုင်ငံသားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြရသည်။ အမေရိကန်သည် ၎င်း၏ အမျိုးသားလုံခြုံရေးကို ထိခိုက် လာသဖြင့် အာဖဂန်နှင့် အီရက်ကို တိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ကြောင့် လူအများအပြား လူ့အခွင့်အရေး ဆုံးရှုံး ခံခဲ့ရသည်။ အလားတူ အမေရိကန် ပြည်သူများမှလည်း လူ့အခွင့်အရေးထက် အမျိုးသားရေးကို ဦးစားပေး ဆောင်ရွက်တတ်သော ခေါင်းဆောင်ကိုသာ လိုလားကြ သည်။

မြန်မာနိုင်ငံတွင် လွှတ်တော်သတ်တမ်း တစ်ဝက်ကျော်လာပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယက ပြောင်းလဲပြီးသွားချိန်တွင် နောက်ထပ် လွှတ်တော်သက်တမ်း ဒုတိယတစ်ဝက်ကို နောက် ရွေးကောက်ပွဲ အတွက် အလေးထား ပြင်ဆင်နေကြပြီဖြစ်သည်။ လွှတ်တော်ထဲတွင် ကိုယ်စားလှယ် အင်အား အများဆုံး ရယူထားသည့် အာဏာရ ကြံ့ဖွံ့ပါတီဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယကသစ် သူရဦးရွှေမန်း နှင့် နောက်တစ်ဆက် သမ္မတလုပ်မည်ဟု တရားဝင် ကြေညာထားသော NLD ပါတီ ဥက္ကဌတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပနံသင့်လှသဖြင့် လွှတ်တော် ဒုတိယသတ်တမ်း လပေါင်း ၃၀ အတွင်း ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်စေဖို့ အခြေခံဥပဒေကို ပြင်ဆင်ရန် အတူကြိုးစားကြမည်မှာ သေချာသလောက် ရှိပြီ ဖြစ်သည်။

သမ္မတလုပ်မည်ဟု တရားဝင်ကြွေးကြော်ထားသူ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် နိုဘယ်ဆုရှင်တစ်ဦး၊ လူ့အခွင့်အရေး လေးစားသူတစ်ဦးအဖြစ် လူသိများခြင်းကြောင့် ဒေသတွင်း ပြဿနာများကို လူ့အခွင့်အရေးဖြင့် တိုင်းတာနေခြင်းသည် မြန်မာလူထုအတွက် စိုးရိမ်စရာဖြစ်လာသည်။ ထို့ကြောင့်ပင် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းမှ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သို့ သွားရောက် ကာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေး အကြောင်းပြောချင်လျှင် OIC နိုင်ငံများတွင် သွားပြောဖို့ မီဒီယာများရှေ့တွင် ပြောကြားခဲ့သည်။

OIC နိုင်ငံများသည် ၎င်းတို့နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင် နေသော်လည်း မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်များအပေါ် လူသားချင်း တန်းတူဆက်ဆံရန် အစိုးရ ကို ဖိအားပေးလျှက်ရှိသည်ကို မြန်မာသမ္မတ လုပ်မည့်သူသာမက မြန်မာနိုင်ငံသားအားလုံးမှ အမျိုးသားရေး သတိဖြင့် သတိထား စောင့်ကြည့်ရမည်ဖြစ်သည်။ 

OIC နိုင်ငံများတွင် သာမက မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင်များတွင်ပင် အမျိုးသားတစ်ဦးလျှင် အမျိုးသမီးများစွာယူစေခြင်း၊ အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်ခွင့် မခံရဘဲ ကလေးများစွာ မွေးစေခြင်း၊ အမျိုးသမီးများ အလုပ်လုပ်ပိုင်ခွင့်နှင့် ပညာသင်ခွင့်ကို တားဆီးပိတ်ပင်ခြင်း၊ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အမျိုးသမီးများအမွေမရ၊ ကလေးများကို ဘာသာရေးကျောင်းများတွင်သာ စာသင်ခွင့်ရှိခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံ နေရသည်။ သို့သော် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ Organization of the Islamic Conference (OIC)၊ Human Rights Watch (HRW) တို့သည် ဗုဒ္ဓဘာသာ မြန်မာလူများစုမှာသာ အစ္စလာမ်ဘာသာဝင် လူနည်းစု အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း တကမ္ဘာလုံးသိအောင် ရေးသားဖော်ပြခဲ့ကြရာ ဗုဒ္ဓဘာသာ ဝင် မြန်မာလူထုအပေါ် ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရိုင်းစိုင်းသော တုန့်ပြန်မှုများအပြင် အကြမ်းဖက်မှုများပါ ပေါ်ပေါက်လာခဲ့သည်။ 

ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုပင် အကြမ်းဖက်သမားဟု ကမ္ဘာက သိစေခဲ့သည်။ ဤအခြေအနေမျိုးတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် သည် မိမိနိုင်ငံတွင်းရှိ နိုင်ငံသားအားလုံး၏ အမျိုးသားရေးကို ရှေ့ရှုကာ ရပ်တည်ခဲ့သည်။ ဤသို့ပင် နောက်တက်မည့် သမ္မတလည်း အမျိုးသားရေးနှင့် ပတ်သက်လျှင် လက်ရှိ သမ္မတ ဦးသိန်းစိန် ထက် ပိုမိုပြတ်သားသူ ဖြစ်သင့်သည်။ 

သမ္မတကြီး ဦးသိန်းစိန်မှ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ကုလ ဒုက္ခသည် မဟာ မင်းကြီးရုံးမှလက်ခံလျှင် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့ သည်ပင်လျှင် ယနေ့အခါတွင် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က (၇) ကြိမ်၊ INGO မျိုးစုံ၊ OIC အတွင်း ရေးမှူးသာမက OIC ကိုယ်စားလှယ်အများ အကြိမ်ကြိမ် လာရောက်နေသည့်အပြင် ကုလကိုယ်စားလှယ်က ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းနေသည်မှာ အားလုံးအသိ ဖြစ်သည်။ အကယ်၍ ၂၀၁၅ တွင် လူ့အခွင့်အရေးကို အမျိုးသားရေးထက် ဦးစားပေးသူ သမ္မတဖြစ်လာပါက ဘင်္ဂါလီများသာမက မွတ်ဆလင် များက ယနေ့ထက် ရမ်းကား အစွန်းရောက်လာမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် မြို့တိုင်း၏ အလည် ဗဟိုတွင် ဗလီများရှိပြီး မြို့အစွန်များ၌ ဘုန်းကြီးကျောင်းများရှိသည်မှာ သက်သေဖြစ်သည်။ နောက်ပိုင်းတွင် မွတ်ဆလင်များက မြို့လည်အချက်အချာအားလုံးကို နေရာယူ သွားမည်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အားလုံး မြို့အပြင် ရောက်သွားမည့်အပြင် ဘူးသီးတောင်နှင့် မောင်းတော ကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ 

ယနေ့ မြန်မာလူထု သန်း ၆၀ ကျော်အတွက် အမျိုးသားရေးနှင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးက အခြေခံလိုအပ်ချက်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ အစွန်းရောက်နေပြီး အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံသာမက အနောက်ဥရောပနိုင်ငံများတွင်လည်း နိုင်ငံခြားသား၊ ဘာသာခြား အစွန်းရောက် များ၏ လူမျိုးရေးအစွန်းရောက်မှုနှင့် ဘာသာရေးအစွန်းရောက်မှုကြောင့် ဒေသခံပြည်သူအများအပြား ဒုက္ခ ကြီးမားစွာ ရင်ဆိုင်နေကြရသည်။ သို့ဖြစ်၍ အမျိုးသားရေးကို ကာကွယ်စောင့်လျှောက်ရာတွင် အထူးပြတ်သား သူတစ်ဦး၊ အမျိုးသားရေးကို လူ့အခွင့်အရေးထက် ပိုမို လေးစားသူတစ်ဦးသာ ၂၀၁၅ မှာ မြန်မာနိုင်ငံ သမ္မတ ဖြစ်ပါစေ။

From:MEG

တစ်ရက်လျှင် စက်သုံးဆီ တန်ချိန် ၁၆ သိန်းခန့် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်

ပြည်တွင်း၌ အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ ရောင်းချနေသော်လည်း တရားဝင်လိုင်စင် လျှောက်ထားမှု နည်းပါးနေသေးကြောင်း နှင့် မော်တော်ယာဉ်များ တစ်ရက် စက်သုံးဆီ နှစ်ဂါလန်နှုန်း၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးယာဉ်နှင့် ထော်လာဂျီများတွင်တစ်ရက်သုံးစွဲသည့် စက်သုံးဆီကို နှစ်လီတာနှုန်း တွက်ချက်ပါက တစ်ရက်လျှင် စက်သုံးဆီ တန်ချိန် ၁၆သိန်းခန့် ပြည်တွင်းသို့ တရားမ၀င် ၀င်ရောက်နေကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ၉-၈-၂၀၁၃ရက် တွင် ပြောကြားသည်။


''နိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ သုံးစွဲမှုနဲ့ တင်သွင်းမှု နှိုင်းယှဉ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ဆိုင်တွေမှာ ရောင်းနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီကိုပဲ ယှဉ်လိုက်ရင် ဖြစ်ဖြစ် ကျွန်တော်တို့ဆီကို လာလျှောက်တာတွေက ရိုးရိုးဓာတ်ဆီ၊ ဒီဇယ်ဆီတွေပဲ ဖြစ်နေတယ်၊ အဆင့်မြင့်ဆိုတာက ရှားတယ်၊ အပြင်မှာတော့ ဘယ်ဆိုင်ပဲ သွားလိုက် သွားလိုက် အဆင့်မြင့် ဘယ်ဓာတ်ဆီ၊ ဒီဇယ်ဆီ လိုချင်သလဲ ကြိုက်သလောက်ဝယ် လို့ရတယ်၊ ဒါကို ကြည့်ရင်ဘယ် လောက်တောင် တရားမ၀င် စက်သုံးဆီ တင်သွင်းတာတွေက ဖြစ်နေသလဲ ဆိုတာ သိနိုင်တယ် '' ဟု ယင်းက ပြောကြားသည်။ 

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဂါလန် ၃၉၀၀သိန်း(တန်ချိန် ၁၄သိန်းကျော်) တင်သွင်းခဲ့သော်လည်း အဆိုပါ ယာဉ်လေးမျိုးတွင် အသုံးပြုခဲ့သည့် စက်သုံးဆီ ဂါလန်သည် ဂါလန် ၄၃၅၆ သိန်း ဖြစ်နေကြောင်း သိရသည်။ ယင်းတို့တွင် ပြည်တွင်း၌ အသုံးပြုနေသည့် ရေယာဉ်များ၏ သုံးစွဲမှု ထည့်သွင်းနိုင်ခြင်းနှင့်အိမ်သုံး၊စက်မှုသုံးမီးစက်များ၏သုံးစွဲမှုထည့်သွင်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

စက်သုံးဆီ လျှောက်ထားတင်သွင်းမှုတွင် ရိုးရိုးဓာတ်ဆီ၊ ဒီဇယ်ဆီ လျှောက်ထားမှု ရှိသော်လည်း အဆင့်မြင့် ဓာတ်ဆီ(92 Ram, 95 Ram)များ၊အဆင်မြင့် ဒီဇယ်ဆီများ လျှောက်ထားမှုမှာ နည်းပါးနေသေးကြောင်း ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုနှင့် သုံးစွဲမှု အချိုးမညီဘဲ ပမာဏ ကြီးမားစွာ လျော့နည်း နေသေး ကြောင်း သိရသည်။

SMG

Credit : http://www.oppositeyes.info/2013/08/blog-post_7056.html

လယ်သမားတစ်ဦးကို သေနတ်ဖြင့်ပစ်ခဲ့သော DKBA တပ်သားနှစ်ဦးကို ပုဒ်မ ၃၀၇ ဖြင့်တရားစွဲဆို



မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနှိုင်း ကျေးရွာတွင် DKBA တပ်ဖွဲ့ဝင်နှစ်ဦး ခေါ်ဆောင်ရာ လိုက်ပါခြင်းမရှိ၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်သမားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ ကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် မြင့်ဦးက ပြောကြားသည်။


အဆိုပါ သေနတ်ပစ်ခံရသည့် လယ်သမား ဦးကုလားလေး (ခေါ်) အာ စိုးနိုးလားကို ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားရကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ DKBA တပ်သားနှစ်ဦးမှာ ဦးမျိုးလင်းနှင့် ဦးဝင်းကျော်တို့ ဖြစ်ကြောင်း ကျိုက်မရော မြို့နယ် ရဲစခန်းက ဆိုသည်။

သေနတ်ပစ်ခံရသူ လယ်သမား ဦးကုလားလေး အပါအဝင် ကျိုက်မရောမြို့ခံ ဦးမောင်စိုး၊ ဦးဆန်းဦးတို့ သုံးဦးသည် သြဂုတ် လ ၁၅ ရက်နေ့တွင် ၎င်းတို့ ပျိုးထောင်ထားသည့် စပါးပင်များကို ကလိုင်းနှိုင်းကျေးရွာ ကတုံးကြပ်ကွင်းတွင် သွားယူစဉ် DKBA တပ်သားနှစ်ဦးက လာရောက် ခေါ်ယူခြင်းဖြစ်ပြီး လယ်သမား များက မလိုက်ပါသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင်စိုးက ရှင်းပြသည်။

“မောင်စိုးကို ပထမခေါ်တယ်။ မောင်စိုးက မလိုက်ဘူးပြောတော့ ထိုးတာကို ဦးကုလားက ဝင်ဆွဲတော့ ပစ်သွားတာပဲ” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် ဦးဆန်းဦးက ဆိုသည်။

အဆိုပါ DKBA တပ်သား ဦးမျိုးလင်းနှင့် ဦးဝင်းကျော်တို့ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်နက်ဖြင့် လူသေစေမှု ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

ဒေါနမြေ

နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောကြား



သြဂုတ်လ ၅ ရက်နေ့ ထုတ် Mess enger သတင်းစာ၊ စာမျက်နှာ(၉)တွင်“နိုင်ငံတော်သမ္မတနှင့် ကာချုပ် အမည်ကို သုံး၍ ရွှေနံ့သာရပ်ကွက်၌ လယ်မြေသိမ်းဆည်းမှုများ ဖြစ်ပွား လျက်ရှိ” သတင်းခေါင်းစဉ်ဖြင့် ဖော်ပြ ပါရှိခဲ့သော သတင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးအား ဆက်သွယ် မေးမြန်း ခဲ့ရာ လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်း၏ ပြောကြားချက်မှာ မှားယွင်းနေကြောင်း၊ ကုမ္ပဏီများက နေပြည်တော်ခရိုင်၊ရွှေနံ့သာရပ်ကွက် တွင်ဧက(၁၄၀)ကျော် လျော်ကြေးမပေးဘဲ သိမ်းဆည်း ရာတွင်နိုင်ငံတော်သမ္မတနှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ အမည်ကိုသုံး၍ဆောင်ရွက် နေ သည်ဟု ဖော်ပြထားသည်မှာ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အပေါ် အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်ကို The Messengerဂျာနယ်No.13 သြဂုတ်လ၁၉ရက်နေ့ထုတ်သတင်းစာတွင်ဖော်ပြထားသည်ကိုတွေ့ ရသည်။

အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို ထပ်မံဖမ်းဆီး



အိန်္ဒိယနိုင်ငံ ဗုဒ္ဓဂယာဝင်းအတွင်း ဇူလိုင်လ ၇ ရက်က ဗုံးကိုးလုံးပေါက်ကွဲခဲ့မှုအတွက် သံသယရှိသူ နှစ်ဦးကို အိန်္ဒိယအမျိုးသားစစ်ဆေးရေး အေဂျင်စီ NIAက သြဂုတ်လ ၁၇ရက်တွင် ဖမ်းဆီးလိုက်သည် ဟု အိန်္ဒိယနိုင်ငံ အခြေစိုက် Zeenews သတင်း ဌာန၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြသည်။


ဖမ်းဆီးခြင်းခံရသူနှစ်ဦးမှာ အိန်္ဒိယနိုင်ငံဘီဟာရှိ Darbhanga ဒေသမှ ဖြစ်ပြီး အစောပိုင်းကလည်း ဟိန္ဒူ ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် Arup Brahmachari အား NIA မှ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည် ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။ သူသည် ဗုဒ္ဓဂယာတွင် လာရောက်နေထိုင်နေသည့် အနောက် ဘင်္ဂလား ပြည်နယ် သား တစ်ဦးဖြစ်သည်။

ဗုဒ္ဓဂယာရှိ မဟာဗုဒ္ဓ၀ီ ဘုရားကျောင်းတွင် ဗုံးများရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာ ရခဲ့သည်။ ဘုရားကျောင်း ပရ၀ုဏ်အတွင်းတွင် ဗုံးဆယ်လုံးခန့် တစ်ဆက်တည်းပေါက်ကွဲခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့်သုံးလုံးအား ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည်။

ဗုံးဖောက်ခွဲရာတွင် အသုံးပြုသည့် နာရီများကို Guwahati ရှိ ဆိုင်တစ်ဆိုင်မှ ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အား Gujarat ရှိ Rajkotတွင် ထုတ်လုပ်သည်ဟုရဲများမှ ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါ ဗုံးပေါက် မှုအတွက် အိန်္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့ရှိ ဗုဒ္ဓဘာသာဝင်တို့က ကန့်ကွက် ဆန္ဒပြခဲ့ ကြသည်။

Mizzima

ဒေါ်စုကို နိုင်ငံခြားဘယ်သူပို့ လိုက်တာလဲ? ဘာကြောင့်နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့ရသလဲ?



ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ် ဆိုပြီးလေဖမ်းဒန်းစီးနေကြသူတွေကို ပြောပါရစေ။ တကယ်အဖြစ်မှန်က သန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ ဒေါ်ခင်ကြည်က ဦးနုရဲ့သန့်ရှင်းဘက်က မဲဆွယ်ပေး ခဲ့တယ်၊၊ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်း မဲနိုင်သွားပြီး အစိုးရဖွဲ့နိုင်တော့ ဒေါ်ခင်ကြည်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ချီးမြှောက်ခဲ့တာပါ၊


ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ ရှိအုံးမယ်၊၊ဒေါ်စုမွေးတာက (၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ်သမီးပဲရှိသေးတယ်၊၊ အိန္ဒိယမှာ ကျောင်းဆက်တက် တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် အိန္ဒိယမှာ ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင် ပြောထားတာတွေ ရှိပါတယ်၊၊

ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီးဘာလို့မသိရတာလဲ၊ဘာလို့ မှန်းတုပ်ရမ်းတုပ်လုပ်ရတာလဲ၊၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကိုသတိပေးစကားပြောကြား ခဲ့တာ တွေ သမိုင်းအနေနဲ့ ရှိပါတယ်၊

ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် ဦးနေ၀င်းက ပထုတ်လိုက်တာလား၊ သူ့ဘာသာသူ ပညာ လိုလားလို့ သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊၊ ဒေါ်ခင်ကြည်ကိုအိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊ သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊ တွေ့ကရာနဲ့ယူပြီးတော့မှဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာ ကတော့ မကောင်းပါဘူး၊၊

မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊ ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့ သင့်တာပေါ့၊၊

သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊၊ အမျိုးသားအရေး မှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါပဲ၊၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက် သမ္မတလီမြောင်ဘတ်က အမျိုးသမီးတစ်ဦးကို အဆို တင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း အမျိုးသမီးကကိုရီးယား အချင်းအိမ်ထောင်ပြုပြီး သားသမီးမွေး တဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ အဲဒီမှာမွေးရင် natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေး အတွက် ဒီလိုကြံစည်ပြီး ဆောင်ရွက်ခဲ့တာပါ၊၊

ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦးကအမေရိကန်မှာပညာသင်ကြားပြီးအမေရိကန်နိုင်ငံသား ခံယူကြ ပါတယ်၊ အဲဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့်ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်း ခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက အမေရိကန်နိုင်ငံသားတွေဖြစ်နေကြလို့ ပါလီမန်ကကန့်ကွက်ခဲ့ပါတယ်၊ သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊၊

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊၊နိုင်ငံတော် အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီး ရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း အဲဒီအချက်ကိုပဲ မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့ကြိုးစားနေတာပါ၊၊

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊၊ ဒေါ်စုအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ သူကိုယ်တိုင်ကို အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့ တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အပြစ်တင်ချင်တင်၊၊ ဒီနှစ်ချက်ပဲ လုပ်သင့်ပါတယ်၊၊ 

သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊၊ သူ ဦးဆောင်ရင် တိုင်းပြည် တိုးတက်မှုမြန်မယ် ဆိုတာ ကိုလည်း ယုံကြည်ပါတယ်၊၊ ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့ နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ် အောင် မလုပ်သင့်ပါဘူး၊၊သူ့တစ်ယောက်တည်းအတွက် အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို ၀င်ချင်သူဝင်၊ ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ ဖြစ်သွား ပါလိမ့်မယ်၊၊

အဓိကကလူထက်စနစ်ကသာ အရေးကြီးတာပါ၊၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊ ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက် သင့် လိုက်နေရုံပါပဲ၊

အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ ဒီမှာလည်း လူတစ် ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်း တည်ဆောက်သင့် ပါတယ်၊၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည် တိုးတက်ခဲ့တာပါပဲ၊အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ ရှိသေးတာပါ၊သူလုပ်မှ တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သက်သက်သာ ဖြစ်ပါတယ်၊၊

ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကိုအပြစ်တင်ပြီး နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစားပဲတိုင်းပြည် ခေါင်းဆောင် သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက် အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊၊ ဘယ်နေရာကပဲလုပ်ရလုပ်ရ နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ် ဆိုရင်မိမိကြောင့် ပြည်သူလူထု အတွင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် ဆောင်ရွက်သင့်ပါတယ်။

...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ...

Kyi Soe

ဗုဒ္ဓဘာသာကို အကြမ်းဖက်အသွင်ဖော်ပြခဲ့သည့် တိုင်း မဂ္ဂဇင်းကို အရေးယူရန် စီစဉ်



၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ထုတ် တိုင်း (TIME) မဂ္ဂဇင်း အတွဲ ၁၈၂၊ အမှတ် ၁ တွင် ဦးဝီရသူ၏ ဓာတ်ပုံကို မျက်နှာဖုံးတင်၍“The Face Of Buddhist Terror”အမည်ရှိ ဆောင်းပါး ဖော်ပြမှုသည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက် များကိုဖောက်ဖျက်ရာကျရောက်နိုင် သဖြင့် အရေးယူပေးရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီကို တင်ပြလိုက်ကြောင်း သတင်းရရှိသည်။


ယနေ့ မနက်ပိုင်းက နေပြည်တော်တွင် ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေး တွင် တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးကြောင့် ဘာသာ ပေါင်းစုံအကြား နားလည်မှု တည်ဆောက်နေသည့် လုပ်ငန်းစဉ်များကို အနှောင့် အယှက် ဖြစ်စေနိုင်သည့်အပြင်၊ မလိုလား အပ်သောဘေးအန္တရာယ် များ ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက် နိုင်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က ဒီဆောင်းပါးပါတဲ့စာစောင်ကိုဖြန့်ချိလိုက်ရင် ပိုပြီးတင်းမာမှုတွေဖြစ်သွားနိုင်တယ်။ လှုံ့ဆော်ရာ ရောက်တဲ့အတွက် ဒါနဲ့ပတ်သက်လို့ စဉ်းစားဆောင်ရွက်ပေးပါဆိုပြီး အရေးပေါ်ကာလ စီမံခန့်ခွဲမှုကိုမေတ္တာရပ်ခံထားတယ်။ကော်မတီက ဒီညနေမှာ အစည်းအဝေးထိုင်နေတယ် ဆိုတာ သိရတယ်။ သူတို့လုပ်ဆောင်မယ့် လုပ်ဆောင်ချက်ကို ကျနော်တို့ မသိသေးဘူး။ ဆောင်းပါးရှင်နဲ့ ပတ်သက် လို့ အရေးယူဖို့တင်ပြထားတာမျိုး လောလောဆယ်မရှိပါဘူး” ဟု ဦးရဲထွဋ်ကဆိုသည်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဆိုသည်မှာ၂၀၁၃ခုနှစ် မတ်လ၃၀ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က၂၀၁၃ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သောလူမျိုးရေး၊ဘာသာရေး ပဋိပက္ခများတားဆီး ထိန်းသိမ်းနိုင်ရေးအတွက်ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်ပြီးပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာဝန်ကြီးနှင့်ဒုဝန်ကြီး၁၀ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှာလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ၏အဖွဲ့ဝင် တဦးဖြစ် သည်။အစိုးရက တိုင်း မဂ္ဂဇင်းအပေါ် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေချိန် မြန်မာနိုင်ငံတွင်းသို့ တိုင်း မဂ္ဂဇင်းကို တဦးတည်း ကိုယ်စားလှယ် တင်သွင်းနေသော အင်းဝ စာပေတိုက်၏ မန်နေဂျာ ဦးမောင်မောင်လွင်က ယခု ဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကို မဖြန့်ချိတော့ရန် ဆုံးဖြတ် လိုက်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ခြင်းမှာ တစုံတဦး၏ ဖိအားပေးမှု မပါဘဲ အင်းဝ စာပေတိုက်မှ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကိုဖြန့်ချိခြင်းမပြုပါဘူးဆိုပြီး ကြေညာထားတယ်။ ကျနော်တို့ ဖြန့်နေတာက စောင်ရေ ၆၀၀ ကျော် ရှိပါတယ်။ ၈၀ ရာခိုင်နှုန်း လောက်က လပေး ယူထားတဲ့သူတွေပါ။ ကျနော်တို့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့ဘာသာ ကျနော်တို့ လုပ်တာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီမဂ္ဂဇင်းကို ဖြန့်ချိဖို့ မသင့်တော်ဘူးလို့ ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်ပြီးတော့ မဖြန့်ချိတာပါ။ ဘယ်သူ့ဖိအား၊ ဘာပြဿနာမှ မရှိပါဘူး။ ကျနော်တို့က တဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းနေတာပါ။

ကျနော်တို့ တာဝန်ယူတဲ့ အပိုင်းက မဖြန့်ချိဘူး။ အရင်တုန်းက စာပေစိစစ်ရေး ရှိတယ်။ စာပေစိစစ်ရေးက တာဝန်ယူ ပြီးတော့ မဖြန့်ရပါဘူး ဆိုရင် ကျနော်တို့မှာ ပြဿနာမရှိဘူး။ စာပေစိစစ်ရေးက ပိတ်လိုက် တယ်လို့ ပြောလိုက်ရင် ပြဿနာ မရှိဘူး။ အခုကကိုယ့်တာဝန် ကိုယ်ယူရတာ ဆိုတော့လေ ကျနော်တို့ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကို ဖြန့်ဖို့ မသင့်ဘူးဆိုပြီး မဖြန့်တာပါ” ဟု ဦးမောင်မောင်လွင်က ဆိုသည်။

တိုင်း မဂ္ဂဇင်းအပေါ် ဝေဖန်မှုများမှာ စာနယ်ဇင်း အသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူများ အကြား ပျံ့နှံ့လျှက် ရှိပြီး ယခုရက်ပိုင်း ထွက်ရှိသော စာနယ်ဇင်းအများစုတွင် တိုင်းမဂ္ဂဇင်း၏ ဆောင်းပါးကို ဝေဖန်ချက် အမျိုးမျိုးဖြင့် တင်ဆက် နေသည်ကို တွေ့ရသည်။

ယနေ့ နေပြည်တော်တွင် ပြန်လည်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ အရေးယူ ဆောင်ရွက်နိုင်သော ဥပဒေတရပ် ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ အမရပူရ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အစိုးရအနေဖြင့် လက်ရှိ ဥပဒေများ လုံလောက်ပြီ ဖြစ်သောကြောင့် သီးခြား ဥပဒေ ထပ်မံ ပြဋ္ဌာန်းရန်မရှိဟု ဖြေဆိုသွားသည်။

From: ဧရာဝတီ

မွေးရာပါရောဂါဖြင့် ခွဲစိတ်ကုသရန်လိုအပ်နေသော တိုင်းရင်းသားကလေးငယ်လေး အကူအညီလိုအပ်နေ



ဒီတစ်လသားလေးကတော့ တကယ်ကိုကံဆိုးရှာသူ လေးပါ။ မိခင်ဖြစ်ဖြစ်သူမချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာပါ စအိုကြီးနေတာကြောင့် အရပ်လက်သည်က မမွေးဖွားရဲတော့ တာကြောင့် ကလေးကိုယ်တပိုင်း ထွက်တန်းလန်းနဲ့ ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရ တာပါ။ ရွာငံဆေးရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါ စအိုကြီးတာက ပိုဆိုးရွှားလာတာကြောင့် ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ ငွေလေးနဲ့ မန္တလေးဆေးရုံကို လာတက်ကြတာပါ။ ကလေးဟာခွဲစိတ်ဖို့လိုအပ်နေပြီး မိဘတွေက ငွေကြေးမတတ်နိုင်တာကြောင့် အခက် အခဲ ဖြစ်နေရပါတယ်။ မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ မချိုပြုံးပအိုဝ် တိုင်းရင်းသား တွေပါ။ နေတာကတော့ ရွှာငံမြို့နယ် လက်ပံပင် ကျေးရွှာဖြစ်ပါတယ်။ ကလေးငယ်ဟာ မန္တလေး ကုတင် ၅၅၀ဆန့် ကလေးဆေးရုံသစ် ခွဲစိတ်ရုံ(၂) မှာ တက်ရောက် ကုသနေပါတယ်။

ကလေးငယ်အတွက်ဆက်သွယ်လှူဒါန်းလိုတယ်ဆိုရင်တော့ မန္တလေးမြို့ ကုတင်၅၀၀ ကလေးဆေးရုံ ခွဲစိတ်ရုံ(၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထားပြီး တင်ပြပေးလိုက်ရပါသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_650.html

ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ နိုင်ငံခြား အရက်ပုလင်းများ ခြံစောင့်ဖြစ်သူ ခိုးယူဟုဆို

ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ နေအိမ်တစ်ခုတွင် သြဂုတ်လ ၁၃ ရက်နေ့က ခြံစောင့်ဖြစ်သူက အိမ်ရှင်၏ ဖခင်ထံတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူနှင့် ပူးပေါင်းကာ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ နိုင်ငံခြား အရက်ပုလင်းများ ခိုးယူခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။


အဆိုပါ အိမ်အတွက် ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ မောင်ဖြိုးနန္ဒာ (ခ) ဖိုးခွားဆိုသူက အိမ်ရှင် ဦးကျော်မင်းထွန်း၏ ဖခင်ထံတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ဦးမင်းဇော်လှိုင် ဆိုသူနှင့် ပူးပေါင်းကာ အိမ်ရှေ့သံဘာဂျာ တံခါးမကြီးသော့ကို သံဖြတ်လွှဖြင့်ဖြတ်၍ အရက်များကို ဆူဇူကီးယာဉ်ဖြင့် သယ်ထုတ် ခဲ့ကြောင်း အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးသည့် ဒုရဲမှူးမောင်မောင်ဦးက The Voice သို့ ပြောကြား သည်။

ကနဦးစစ်ဆေးချက်တွင် ခြံစောင့်ဖြစ်သူ၏ ပြောဆိုချက်အရ လူလေးဦးက ၎င်းကို ကြိုးဖြင့် တုပ်နှောင်ပြီး ရိုက်နှက်သဖြင့် သတိမေ့သွားစဉ် ပစ္စည်းများ ယူဆောင်ခဲ့သည်ဟု ပြောဆိုသော်လည်း ကွဲလွဲချက်၊ မသင်္ကာမှုများ ရှိသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ သြဂုတ် ၁၇ ရက်နေ့တွင် အမှုမှန် ပေါ်ပေါက် ခဲ့ခြင်း ဖြစ် ကြောင်း ဒုရဲမှူးက ရှင်းပြသည်။

သြဂုတ်လ ၁၃ ရက် နံနက် ၁ နာရီက အိမ်ရှင်က နိုင်ငံခြားအရက် CHIVAS 12Yr, CHIVAS 18Yr, Royal Salyde 75 6TK, Black Label 1L 40TK, RED Label 14TK, Gold Label 75 33TK အမှတ်တံဆိပ် အရက်ပုလင်းပေါင်း ၁၅၀၀ ခန့်နှင့် ဆင်းကတ်ပါ လက်ကိုင်ဖုန်း နှစ်လုံး အပါအဝင် ငွေကျပ် ၄၄၉ သိန်းဖိုး ပျောက်ဆုံးမှုဖြင့် မြို့နယ်ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားအရက်များ ခိုးယူခံရမှုနှင့် ပတ်သက်ပြီး အိမ်ရှင် ဦးကျော်မင်းထွန်း၏ လက်ကိုင်ဖုန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ အပြင်သို့ ထွက်သွားကြောင်း အမျိုးသမီးတစ်ဦးက ပြန်လည် ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၀ရက်နေ့ ညပိုင်းက ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားလမ်းပေါ်ရှိ ဖက်ရှင် ဆိုင်တွင် ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အဝတ်အထည်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ခိုးယူဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပြိုကျမှု ဖြစ်ပေါ်နေ

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ရင်းမူကုန်း ကျေးရွာအုပ်စု ရင်းမူကုန်း ကျေးရွာတွင် ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိပြီး နေအိမ်ခြံမြေများ စိုက်ပျိုး မြေများ ဆုံးရှုံးနေရသည်ဟု ဒေသခံတို့က ပြောသည်။


ရင်းမူကုန်းကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ၂၀၀၇ မှစ၍ နှစ်စဉ် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ စိုက်ပျိုးမြေနှင့် အိမ်ခြေ ၁၅၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၇၅၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ငွေကြေး တတ်နိုင်သူများမှ တစ်ခြားတစ်နေရာသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

မြေပြိုသည့်နေရာသည် ပြည်လုံးချမ်းသာဘုရားနှင့် ပေ ၁၀၀ ခန့်အကွာ၊ ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပေ ၄၀၀ ခန့် အကွာ၊ အစိုးရအထက်တန်းနှင့် ကိုက် ၁၀၀ အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောသည်။

ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာ ရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်ရာ ဧရာဝတီမြစ်အတွင်း ကျောက်စုပ် မော်တော်များကြောင့် မြေပြိုကျခြင်း ဖြစ်နိုင်ကြောင်း မှတ်တမ်းယူရန် သွားရောက်ခဲ့သည့် ရွှေတောင်မြို့ နယ် NLD ပါတီဝင် ဦးမင်းမော်က ယူဆသည်။

“ရွာသားတွေက ဒုက္ခသည်စခန်းတွေ လုပ်ပေးစေချင်တယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ပေးစေချင်တယ်။ ပိုက်ဆံ မရှိ ဆင်းရဲတဲ့ လူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပြောင်းရွှေ့ဖို့ ခက်ခဲနေကြတယ်။ အစိုးရက ပံ့ပိုးကူညီမှုကို လိုချင် နေကြတယ်”ဟု ဦးမင်းမော်က ပြောသည်။

ရွာဦးကျောင်းဆရာတော် ဆရာတော်ဥူးသုန္ဒရက မိန့်ကြားရာတွင် “လက်လုပ်လက်စားဘ၀နဲ့ ဆင်းဆင်း ရဲရဲနေ လာခဲ့တဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်မှာတွေးပြီး အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်ခဲ့ရတယ်” ဟု မိန့်ကြားသည်။

ရေခဲ (ပြည်)

Mizzima - News in Burmese 

အသုဘသွားပို့သည့် အလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံရဟုဆို

ဂရန်းရွိုင်ရယ်အရက်နှင့် အခြား အဖျော်ယမကာများ ထုတ်လုပ်သည့် ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Winery Distillery ကုမ္ပဏီစက်ရုံမှ ၀န်ထမ်း ၄၉ဦးသည် သြဂုတ် ၁၅ ရက်က ၀န်ထမ်း မိသားစုဝင်တစ်ဦး၏ အသုဘကို လိုက်ပါ ပို့ဆောင်ရန် သွားခဲ့သဖြင့် အလုပ်ထုတ်ခဲ့ရသည်ဟု ကာယကံရှင် လုပ်သားများက ပြောသည်။


သြဂုတ် ၁၈ ရက်က ရွှေပြည်သာမြို့နယ်တွင် ၎င်းအလုပ်သမားတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြား ခဲ့ခြင်းဖြစ်ပြီး “ကျွန်မတို့က မန်နေဂျာကို ခွင့်တိုင်ပါတယ်။ ခွင့်မပေးခဲ့ပါဘူး။ အဲဒီနေ့ ပျက်ကွက်ရင် အားလုံး အလုပ် ထုတ်ခံရမယ်လို့ ပြောပါတယ်” ဟုလည်း အလုပ်ထုတ်ခံရသည့် အလုပ်သမ မသင်းသင်းစုက ဆိုသည်။

အလုပ်သမားရေးရာ မန်နေဂျာက အသုဘသို့ သွားရောက်လိုသည့် အလုပ်သမား ၄၉ ဦးအနက် ၁၀ ဦးသာ သွားခွင့်ပြုမည်ဟု ပြောကြောင်းလည်း ကာယကံရှင် လုပ်သားများက ဆိုသည်။ သို့သော် ၎င်းတို့ ဘက်မှ လုပ်ခလစာကို ဖြတ်လိုက ဖြတ်နိုင်ကြောင်း၊ နာရေးကိုတော့ သွားလိုကြောင်း တုံ့ပြန် ပြောကြားခဲ့သည် ဟုလည်း သူတို့က ဆက်ပြောသည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများအနက် ၄၈ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး တစ်ဦးသာ အမျိုးသား အလုပ်သမား ဖြစ်သည်။

“နောက်နေ့ အလုပ်ပြန်ဆင်းတော့ နေ့တစ်ဝက်ထိအလုပ်လုပ်ပြီးမှ ကျွန်မတို့ထဲက ကိုးယောက်ကို အလုပ် ထုတ်ပါတယ်။ ကျန်တဲ့သူတွေကိုလဲ မကျေနပ်ရင်အားလုံး အလုပ်ထွက်လို့ ပြောပါတယ်။ ပြီးတော့ လုံခြုံရေးတွေနဲ့ဝိုင်းပြီး လမ်းပေါ်ကို ဆွဲထုတ်ပါတယ်။ ဖိနပ်တွေတောင် ယူခွင့်မရပါဘူး” ဟု အလုပ်ထုတ် ခံရသူ မစန်းထွေးက ပြောသည်။

ထို့ပြင် နောင်တွင် ထိုကဲ့သို့ အလုပ်သမားများမလုပ်စေရန် ယင်းစက်ရုံ၏ အခြေခံ အလုပ်သမားသမဂ္ဂက တာဝန်ယူရန် လစဉ် အလုပ်ရှင်နှင့် တွေ့ဆုံပွဲတွင် ကတိပေးခဲ့ရကြောင်းလည်း သမဂ္ဂ၏ အတွင်းရေးမှူး ကိုနန္ဒကျာ်စွာက မဇ္ဈိမကို ပြောသည်။

“နောက်တစ်ကြိမ် အလုပ်သမားတွေ ဒီလိုမလုပ်ဖို့ ကျွန်တော့်ကို တာဝန်ယူခိုင်းပါတယ်။ နောက်တစ်ကြိမ် ဒီလိုဖြစ်ရင် ကျွန်တော့်ကို အလုပ်ထုတ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို အလုပ် ထုတ်မယ့်အကြောင်းတော့ မပြောပါဘူး။ နေ့လယ်ရောက်တော့ အလုပ်ထုတ်ခံရတယ်လို့ ကျန်တဲ့ အလုပ်သမားတွေ ပြောပြလို့ သိရပါတယ်” ဟု ကိုနန္ဒကျော်စွာက ဆက်ရှင်းပြသည်။

သူက “လာမယ့် တနင်္လာနေ့မှာ အလုပ်သမားတွေကို ပြန်လည် အလုပ်အကိုင်ရရှိဖို့ တင်ပြသွားဖို့ ရှိပါ တယ်” ဟုလည်း ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် အဆိုပါစက်ရုံကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် မန်နေဂျာ စက်ရုံတွင် မရှိသည့်အတွက် ပြန်လည်ဖြေကြားမည့်သူ မရှိကြောင်း တာဝန်ကျဝန်ထမ်း တစ်ဦးက ပြောသည်။

Myanmar Winery Distillery ကုမ္ပဏီသည် Grand Royal ၀ီစကီအပါအ၀င် အရက်နှင့် ၀ိုင်တံဆိပ် ၁၃ မျိုး ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။

Mizzima – News in Burmese

MNL Cup ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်အသင်းကြီးအချို့ စိတ်မ၀င်စား

စက်တင်ဘာလ ၁၄ ရက်တွင် ကျင်းပမည့် MNL Cup 2013 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် အသင်းကြီး အချို့ စိတ်ဝင်စားခြင်းမရှိဘဲ ကြိုတင်ပြင်ဆင်ရာ၌လည်း အာရုံစူးစိုက်မှု အားနည်းနေကြောင်း မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုများ အရ သိရှိရသည်။


အဆိုပါပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုများ ပြုလုပ်ပြီးနောက် အုပ်စု (D)တွင် မြန်မာနေရှင်နယ်လိဂ်ခါးသီးပြိုင် ဘက်များဖြစ်သည့် ရန်ကုန်နှင့်ရတနာပုံတို့ တစ်အုပ်စုတည်းကျရောက်နေသော်လည်း နှစ်သင်းစလုံး၏ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများမှာ အားလျော့နေသည်။

ရတနာပုံနည်းပြ ဦးဇော်လေးအောင်က“ရန်ကုန်နဲ့ တွေ့တယ်ဆိုပေမယ့် ဒီပွဲက လက်ရွေးစင်တွေကော၊ နိုင်ငံခြားသားတွေပါ မပါတဲ့အတွက် ပြိုင်ဆိုင်မှုအရမ်းမပြင်းနိုင်ပါဘူး။ သာမန်အနေအထားပဲ ရှိမှာပါ။ ပရိသတ်တွေ အတွက်တော့ ပွဲကောင်းကြည့်ရတာပေါ့”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

ရန်ကုန်ယူနိုက်တက်အသင်း အတွင်းရေးမှူး ဦးကျော်လင်းထွေးကလည်း “ရတနာပုံအသင်းနဲ့ တစ်အုပ်စု တည်း ကျတဲ့အတွက် ထူးထူးခြားခြား မရှိပါဘူး။ မဲနှိုက်ပြီး ကျတဲ့အတွက် ဘာမှလည်း ပြောစရာမရှိပါဘူး။ နောက်ပြီး ဒီပြိုင်ပွဲက လိဂ်ပြိုင်ပွဲလို မဟုတ်ပါဘူး။ အသင်းကို အားပေးမယ့် ပရိသတ်တွေကိုခေါ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ ရန်ကုန်က ပရိသတ်တွေ ကိုယ့်အစီအစဉ်နဲ့ လာအားပေးမယ်ဆိုရင် ကျွန်တော်တို့က မန္တလေးမှာ ရှိတဲ့အတွက် ကူညီပေးမှာပါ။ ပြိုင်ပွဲတိုင်းအတွက် ပထမနေရာပဲမှန်းပြီး ပြိုင်တာပါ။ ဒီပြိုင်ပွဲ မှာလည်း ပထမပဲရဖို့ မှန်းထားပါတယ်” ဟု ဆိုသည်။

ပြိုင်ပွဲကိုအသင်းများ အာရုံစိုက်မှုလျော့ကျနေခြင်းမှာ ဆုကြေးနည်းပါးခြင်းနှင့် လက်ရွေးစင်များ မပါဝင် နိုင်ခြင်း တို့ကြောင့် ဖြစ်နိုင်ချေရှိကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Article source: http://www.mizzimaburmese.com/news/sport-new/13332-mnl-cup---.html

ဆီးဂိမ်းအတွက် Blue Mountain အချိုရည်မှ အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ် စပွန်ဆာပေး

Blue Mountain အချိုရည်သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန် ဒေါ်လာသုံးသိန်းတန်ဖိုးရှိ ပလက်တီနမ် စပွန်ဆာပေးအပ်ခဲ့ပြီး အဆိုပါသဘောတူစာချုပ်,ချုပ်ဆိုပွဲ အခမ်းအနားကို သြဂုတ် ၁၈ ရက် မွန်းလွဲနှစ်နာရီက ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ လွယ်ဟိန်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ Dentsu Sports Asia နှင့် JK Consultant ကုမ္ပဏီတို့မှ တာဝန်ရှိ သူများ၊ လွယ်ဟိန်းကုမ်္ပဏီမှ ၀န်ထမ်းများ၊ BLUE MOUNTAIN အချိုရည်Brand Ambassador နန်းခင်ဇေယျာ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မီဒီယာများ နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့သည်။ 

လွယ်ဟိန်း ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက “၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ဘာကြောင့် စပွန်ဆာ တစ်ခုအနေနဲ့ ပါဝင်ပြီးပေးရလဲဆိုတော့ ဆီးဂိမ်းပြိုင်ပွဲကျင်းပတဲ့အတွက် နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံကို ပိုသိရှိလာမယ်။ ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ရလာမယ်။ နောက်ပြီး ဆီးဂိမ်း၊ အိုလံပစ်ဂိမ်း၊ နွေရာသီ အားကစားပြိုင်ပွဲ စတာတွေကိုကျင်းပတဲ့ နိုင်ငံတွေက နောက်ပိုင်းမှာစီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာတာကို တွေ့ရပါတယ်။

နောက်ပြီးကြုံတောင့်ကြုံခဲ ဆီးဂိမ်းပြိုင်ပွဲမှာပြည်တွင်းကုမ္ပဏီတွေကို ဦးစားပေးကြော်ငြာခွင့်ပေးခဲ့တဲ့ နိုင်ငံတော် ရော၊ ၀န်ကြီးဌာနပါအများကြီး ကျေးဇူးတင် ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း အခုလို စပွန်ဆာ ပေးခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျန်တဲ့ ပြည် တွင်း ကုမ္ပဏီတွေလည်း ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်။ အားကစားကနေ စီးပွားရေး၊ စီးပွားရေးကနေ အားကစား၊ အားကစားဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စီးပွားရေးကလည်း အဓိကကျပါတယ်” ဟု ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက Blue Mountain အချိုရည် ဆီးဂိမ်း စပွန်ဆာပေးသည့် ကုမ္ပဏီများအနက် ၁၂ ခု မြောက် စပွန်ဆာကုမ်္ပဏီတစ်ခု ဖြစ်ပါကြောင်းနှင့် ၀န်ကြီးဌာနအနေဖြင့် ဆီးဂိမ်းစပွန်ဆာပေးခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုလွှာနှင့်အတူ ဂုဏ်ပြုပွဲ အခမ်း အနား ပြုလုပ်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

Article source: http://www.mizzimaburmese.com/news/sport-new/13331--blue-mountain-----.html

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာ တည်းခိုနိုင်ရေး စီစဉ်ထားရာ Media,Observer များနှင့် လိုက်ပါအားပေးမည့်သူများ အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက် ရယူရန်လို



(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်ရန် စီစဉ်ထားရှိရာ Media Observer များနှင့် လိုက်ပါအားပေးမည့်သူများ အနေဖြင့် နိုင်ငံအလိုက် အိုလံပစ် ကော်မတီ၏ ခွင့်ပြုချက် ရယူရန် လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရ သည်။


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာ ရောက်မည့် Media Observer များနှင့် လိုက်ပါအားပေးမည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းများ အဆင်ပြေ လွယ်ကူစေရန်အတွက် ဧည့်သည်အမျိုးအစားလိုက်၊ အားကစားပြိုင်ပွဲ ကျင်းပမည့် မြို့အလိုက်၊ နေရာအလိုက် လျာထားသည့် ဟိုတယ်အခန်း အရေအတွက်နှင့် ဈေးနှုန်းများအား www.oway.com.mm/27seagames2013 Website တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

"အိုလံပစ်ကော်မတီက ခွင့်ပြုတဲ့အင်အားနဲ့ လိုက်ပါမယ့် မီဒီယာတွေကို စိစစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အိုလံပစ်ကော်မတီကို စာရင်းပို့ ရပါတယ်။ ဥပမာ-အိုလံပစ် ကော်မတီရဲ့ ထောက်ခံချက်နဲ့ စင်ကာပူက ဘယ်လောက်လာမယ်။ မလေးရှားက ဘယ်လာလောက်မယ်။ ထိုင်းကဘယ်လောက် လာမယ်ပေါ့။ သူတို့ နိုင်ငံရဲ့ အိုလံပစ်ကော်မတီက ထောက်ခံတဲ့အကြောင်းကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို တရားဝင် စာရင်းပို့ရမယ်။ အုပ်ချုပ်သူ နည်းပြတွေ၊ မီဒီယာ စာရင်းတွေ၊ ကစားသမားစာရင်းနဲ့ ဆေးအဖွဲ့စာရင်းတို့လို အခြားလိုအပ်တဲ့ အဖွဲ့တွေနဲ့ လိုက်ပါမယ့် လူစာရင်းကို ပေးပို့ရပါမယ်။ ကျွန်တော်တို့က သူတို့ပို့လိုက်တဲ့ စာ ရင်းအတိုင်း စီစဉ်ဆောင်ရွက် ပေးသွားမှာပါ" ဟု အားကစားဝန်ကြီးဌာန ဦးဌေးအောင်က ပြောကြားသည်။

အဆိုပါ Website တွင် အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာ အိုလံပစ်ကော်မတီမှတစ်ဆင့် ဆက်သွယ်ပြီး ၎င်းတို့နိုင်ငံအလိုက် ခွင့်ပြုချက် ရရှိပါက နိုင်ငံအလိုက် Pass Code ဖြင့် Online Booking များ ပြုလုပ် သွားနိုင်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးရုံး သတင်းထုတ်ပြန်ရေး ဌာနခွဲမှ ဦးမြင့်ထွန်း ဦး က "Media, Observer များ တည်းခိုနေထိုင်ရေးအတွက် ဟိုတယ်နှုန်းထားများအား အမေရိကန်ဒေါ်လာ ၅၅ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ နောက်ဆုံးစာရင်း သွင်းရ မယ်။ Sport Fan များအတွက် ဟိုတယ်နှုန်းထားများအား အမေရိကန်ဒေါ်လာ ၇၀ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ အောက်တိုဘာ ၃၁ ရက်နောက်ဆုံး စာရင်းသွင်းရပါမယ်" ဟု ပြောကြားသည်။

အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ပမှလာရောက်မည့် Media,Observer များနှင့် လိုက်ပါအားပေး မည့် သူများအား နေပြည်တော်ရှိ ဟိုတယ် ၂၇ လုံး၊ ရန်ကုန်ရှိ ဟိုတယ် ၂၆ လုံး၊ မန္တလေးရှိ ဟိုတယ်ခြောက် လုံးနှင့် ငွေဆောင်ရှိ ဟိုတယ်ခုနစ်လုံးတို့တွင် စီစဉ်ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား 
ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအား တွေ့ရစဉ် 
(ဓာတ်ပုံ - သက်ထွန်းအောင်) 

Eleven Media Group

ရန်ကုန်မြို့တွင်း BRT စနစ်အတွက် မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံမည်ဟု အစိုးရသို့ အဆိုပြုတင်ပြထား

ရန်ကုန်မြို့တွင်း BRT( Bus Rapid Transit ) စနစ်ဖြင့် စတင်ပြေးဆွဲရန်အတွက် မေတ္တာလှိုင်း မော်တော် ယာဉ်အသင်းမှ နိုင်ငံတော် အစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုချက် တင်ပြထားပြီး အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၁၇ ရက် ဆီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Omni Focus Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောကြားခဲ့သည်။


"ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးမှာ ပြုလုပ်မယ့် BRT(Bus Rapid Transit) စနစ်မှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ နိုင်ငံတော် အစိုးရကို အဆိုပြုချက် တင်ပြထားတာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုချက် ရရင်တော့ အမြန်ဆုံး အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပါတယ်" ဟု မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားခဲ့သည်။

မေတ္တာလှိုင်း မော်တော်ယာဉ်အသင်း အနေဖြင့် BRT (အမြန်သယ်ယူ ပို့ဆောင်ရေးစနစ်) စတင်ပြေးဆွဲ ရာတွင် ဘတ်(စ်)ကားအစီးရေ ၈၀ ကို စီစဉ်ထားပြီး အရံအဖြစ် ဘတ်(စ်)ကား ၁၂ စီးကို ပြေးဆွဲရန် စီစဉ်ထားပြီး ယင်း ဘတ်(စ်)ကားများတွင် GPS စနစ် တပ်ဆင်သွားမည်ဖြစ်ကာ လုံခြုံရေး ကင်မရာများ လည်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

"BRT စနစ်နဲ့ ပြေးဆွဲတဲ့နေရာမှာ လူတစ်ဦးအတွက် ယာဉ်စီးခကို ကျပ် ၄၀၀ သတ်မှတ်ထားပါတယ်။ ဘယ် မှတ်တိုင်ကပဲစီးစီး ကျပ် ၄၀၀ ပဲ ဖြစ်ပါတယ်" ဟု ယင်းကဆက်လက် ပြောကြားခဲ့သည်။

အမြန်သယ်ယူ ပို့ဆောင်ရေးစနစ် စတင်ပြေးဆွဲရာတွင် သုံးမိနစ်လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မနက်ခုနစ်နာရီ မှ ညခုနစ်နာရီ အတွင်းပြေးဆွဲ သွားမည်ဖြစ်ပြီး ခရီးသည် အတင်အချကို တစ်မိနစ်မှ နှစ်မိနစ်အတွင်း သတ်မှတ်ထားကြောင်း သိရသည်။ 

အဆိုပါကားများ ပြေးဆွဲရာတွင် အောင်မင်္ဂလာ အဝေးပြေး ၆ ကွေ့မှ ကန်သာယာလမ်းဆုံအထိ ပြေးဆွဲ သွားမည်ဖြစ်ပြီး မှတ်တိုင်ပေါင်း ၃၉ မှတ်တိုင်ရှိပြီး ခရီးမိုင်အကွာအဝေး ၂၃ဒသမ ၄၅ ရှိကြောင်း သိရသည်။

သတင်း Eleven Media Group

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာလုံထိန်းတပ်တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ ငြင်းဆို



ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် အမှတ် ၅၄ နှင့် ၅၅ အကြား ဂေါ်ရီတိုလာ ဒေသ တွင် ကုလားဆိုး RSO အဖွဲ့နှင့် မြန်မာလုံထိန်း တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိဘဲ သတင်းအမှားသာ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးမှ သြဂုတ် ၁၈ ရက် နံနက် ပိုင်း က ပြောဆိုလိုက်သည်။


နယ်စပ်မှတ်တိုင် အမှတ် ၅၅ ၀န်းကျင်တွင် သြဂုတ် ၁၄ ရက် ည ၉ နာရီမှ ကြာသပတေးနေ့ ညနေပိုင်း အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာတစ်စောင်ဖြစ်သည့် သြဂုတ် ၁၇ ရက်ထုတ် Dhaka Tribune သတင်းစာတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်ကြသည့် ဒေသခံများကို ကိုးကားပြီး သတင်းစာမှ ဖော်ပြချက်များတွင် RSO အပါအ၀င် လက်နက်ကိုင်တချို့သည် နစက ရုပ်သိမ်းပြီးနောက်ပိုင်း နယ်စပ်တွင် ပြန်လည်စုစည်းနေ ကြောင်း၊ နစကအစား လုံထိန်းရဲတပ်ဖွဲ့များ အစားထိုး ၀င်ရောက်မှု နှေးကွေးသဖြင့် ယင်းသို့စုစည်းရန် အ ခွင့်အရေး ရနေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၃၁ ရက်ကလည်း RSO ခေါင်းဆောင်များဖြစ်သည့် Shariful Islam နှင့် ZiaulHaque တို့အား ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ရေးသား ခဲ့သည်။

ဆက်လက်ပြီး ယင်း RSO အဖွဲ့အစည်းသည် ဆင်းရဲသည့် တောင်တန်းဒေသနေ ဒေသခံ ဘင်္ဂါလီများအား အစားအစာ၊ နေအိမ်များ ထောက်ပံ့ပေးပြီး စည်းရုံးကာ စစ်သင်တန်းများ ပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် နစကကို ရုပ်သိမ်းလိုက်ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကြောင့် နိုင်ငံရေး မတည်မငြိမ်မှုများကို အခွင့်ကောင်းယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်ချ ရီနှင့် ဒိုချရီ ဒေသခံများက လက်နက်ကြီးများဖြင့် အုပ်စုလိုက် သွားလာနေသည့် ကုလားဆိုးများအားမိုင်တိုင် အမှတ် ၅၄ နှင့် ၅၅ တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တွေ့မြင်ခဲ့ရကြောင်း၊ ညနေပိုင်းတွင် ခြံစည်း ရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာတွင် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ် ကြောင်းလည်း ဒေသခံများကို ကိုးကားကာ ဖော်ပြထားသည်။

ယင်းအပြင် လက်နက်ကိုင် အင်အား ၁၅၀ ရှိသည့် RSO စစ်စခန်းတစ်ခုသည် ဘင်္ဂလားရှေ့နိုင်ငံရှိ Waka Khali Jhiri ဒေသတွင် တည်ရှိနေကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အဆိုပါ Dhaka Tribune သတင်းစာတွင် ရေးသားထားသည့် မြန်မာနယ်စပ် လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်းတပ်နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ ယနေ့အချိန်ထိ နယ်စပ်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသေးကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ရွှေသန်းက သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက ပြောကြားသည်။

"ကျွန်တော်တို့ မနေ့ကပဲ အစည်းအဝေး လုပ်ပါတယ်။ အဲဒီဘက်မှာ စစ်ဆင်ရေးယူနေတဲ့ တပ်မတော်က စစ်ဗျူဟာမှူးရယ် ပြီးတော့အဲဒီမှာ ကိုင်တွယ်နေတဲ့ တပ်မမှူးတို့ ပါဝင်ပါတယ်။ ဒီနေ့အချိန်ထိ မောင်တော နယ်စပ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် သတင်းစာမှာရေးတဲ့ သတင်းဟာ သတင်းအ မှား သာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ဓါတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် 
ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ 

Eleven Media Group

ရှမ်းမူအခြေခံ ဖက်ဒရယ် ပြည်ထောင်စုလား၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုလား၊ ရှစ်ပြည်နယ် အရေးနှင့် ဗမာပြည်နယ် သတ်မှတ်ရေး ကိစ္စအပေါ် သဘောကွဲလွဲမှုများရှိ



မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးများ အရေ အတွက်

၁။ ဗမာ ၆၈ ရာခိုင်နှုန်း
၂။ ရှမ်း ၉ ရာခိုင်နှုန်း
၃။ ကရင် ၇ ရာခိုင်နှုန်း
၎။ ရခိုင် ၃ .၄ ရာခိုင်နှုန်း
၅။ ဗမာ-တရုတ် ၂ .၅ ရာခိုင်နှုန်း
၆။ မွန် ၂ ရာခိုင်နှုန်း
၇။ ကချင် ၁ .၅ ရာခိုင်နှုန်း
၈။ ကယား ၀ .၇၅ ရာခိုင်နှုန်း
၉။ ဗမာ-အိန္ဒိယ ၁ .၂၅ ရာခိုင်နှုန်း
၁၀။ အခြား ၄ .၅ ရာခိုင်နှုန်း


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချိန်တွင် ၁၉၆၁ ခုနှစ် "ရှမ်းမူ" ကို အခြေခံသော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး နှင့် အတူ ရှစ်ပြည်နယ်အရေးနှင့် ဗမာပြည်နယ် သတ်မှတ်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းအချို့က ပြောဆိုမှုများ ရှိလာခဲ့ပါသည်။


လက်ရှိအချိန်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းခဲ့သော ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က "ရှမ်းမူ" ကို အခြေခံသော ရှစ်ပြည်နယ်စ နစ် ဖက်ဒရယ်ဖွဲ့စည်းပုံအသစ် ရေးဆွဲရန် ဆန္ဒရှိနေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရာ၌ အမျိုးသားပြည်နယ်များ ပြင်ဆင် ဖွဲ့စည်းရန် ဆန္ဒရှိနေပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံငွေရတု အခမ်းအနားတွင်လည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အာမခံချက်ရှိ သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်ရေးကို အချက်တစ်ချက် အနေဖြင့် တောင်းဆို ခဲ့ပါသည်။

တိုင်းရင်းသား အဖွဲ့အစည်း အချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော လွှတ်တော်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျပါဝင်မှု နည်းပါးနေ ခြင်းကို အကြောင်းပြုပြီး ရှစ်ပြည်နယ်အရေးနှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးကို ပြန်လည်အသက် သွင်း ရန် ကြိုးပမ်းလာခြင်း ဖြစ်ပါသည်။

"ဗမာပြည်နယ် သတ်မှတ်ရေး ဆိုတာတော့ ရှမ်းမူအရ ဆိုရင်တော့ ကယ်လီဖိုးနီးယားနဲ့ ၀ါရှင်တန်ဒီစီပေါ့။ အဲဒီမှာလည်း ဒီထက်ငယ်တဲ့ ပြည်နယ်လေးတွေ ရှိပါတယ်။ အင်မတန်ငယ်တဲ့ ပြည်နယ်လေးတွေတောင်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးစီ ပေးကြတယ်။ ဥပမာ ပြည်နယ် ၅၀ ဆိုရင် ကိုယ်စားလှယ် ၁၀၀ ပေါ့။ အဲလိုနည်းနဲ့ သွားကြတာကိုး။ အခုလည်း ဗမာက ဘယ်လောက်ပဲကြီးကြီး ကိုယ်စားလှယ်မျှတူ သွားသင့် တယ်။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) မှာက ဗမာအများစု ဖြစ်နေတဲ့အတွက် ဗမာက အမြဲတမ်း နိုင်တယ်။ ခင်ဗျားတို့ ဘယ်လိုခေါ်လဲ။ အထက်လွှတ်တော်လို့ ခေါ်မလား၊ အောက်လွှတ်တော်လို့ ခေါ်မ လား ။ အဲဒီတော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ထိန်းညှိတဲ့ သဘောပါ။ ငါက လူနည်းစု၊ ငါများရမယ်ဆိုတာ မပါ ပါဘူး။ အောက်မှာက ဗမာအမြဲတမ်း နိုင်တာပဲ။ အပေါ်မှာက လူနည်းစု များသည့်တိုင်အောင် ဗမာကလည်း မရှုံးပါဘူး။ ဒါညှိတဲ့ သဘောပဲ" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြော ပါ သည်။

"၁၉၆၂ မှာ တောင်ကြီးဖက်ဒရယ်မူတို့၊ ဦးနေ၀င်း လက်ထက်မှာ ခုနစ်ပြည်နယ် ခုနစ်တိုင်းဆိုတဲ့ဟာတွေက ဟိုးမူလ ပြည်နယ်ပြည်မမူနဲ့ သိပ်မကွာဘူး။ ဒါပေမဲ့ နည်းနည်း အခေါ်အဝေါ် ပြောင်းတာပဲ ဖြစ်သွားပြီးတော့ အမျိုးသား တန်းတူရေးဆိုတဲ့ ပေါ်လစီနဲ့ကျတော့ တစ်ခုမှ မအပ်စပ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသား တန်းတူရေး ပေါ်လစီနဲ့ အပ်စပ်ချင်တယ်ဆိုရင် တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်တဲ့ ဗမာလူမျိုးကလည်း ဗမာ အမျိုးသား ပြည်နယ်တစ်ရပ် လိုအပ်လာမယ်။ အဲဒီအပေါ်မှာ သီအိုရီအရ စဉ်းစားတာပေါ့" ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောကြားသည်။

မအောင်မြင်ခဲ့သော ရှမ်းမူ

ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးနှင့် ရှစ်ပြည်နယ် အခြေခံမူသည် ၁၉၆၁ ခုနှစ်မှ လက်ရှိအချိန်အထိ ခေတ်အဆက်ဆက် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သော အဆိုတစ်ခု ဖြစ်ခဲ့ပါသည်။



၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ ကျင်းပခဲ့ခြင်းနှင့် ၁၉၆၂ တော်လှန်ရေးကောင် စီအစိုးရ အာဏာသိမ်းခဲ့ခြင်းကို ဖော်ပြခဲ့သော သတင်းများ 

"ဖက်ဒရယ်ရဲ့ အစလို့ ပြောနိုင်တဲ့ ပင်လုံမှာတောင် နယ်မြေခွဲဝေမှုနဲ့ ပတ်သက်ပြီး ကချင်တွေနဲ့ ညှိလို့မရလို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြန်မယ်ဆိုပြီး ဖြစ်ခဲ့တာ ရှိတယ်။ နောက်တော့မှ ကချင်ခေါင်းဆောင်တွေ ဘက်ကလည်းလျှော့၊ ဗိုလ်ချုပ်ဘက်ကလည်း လျှော့နဲ့ ဖြေရှင်းခဲ့ရတယ်။ ဆိုလိုတာက ဖက်ဒရယ်လို့ ပြော နေကြပေမယ့် သိပ်တော့လွယ်လှတာ မဟုတ်ဘူး။ နောက်တော့ ၁၉၆၂ ခုနှစ်မှာ ရှမ်းမူဆိုပြီးတင်လာတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းတယ်၊ အာဏာသိမ်းပြီးတော့ ၁၉၆၄ မန္တလေးမှာ မြန်မာ လူထု သဘောထားဆိုပြီး လုပ်တာရှိတယ်။ အဲဒီနောက်တော့ ရှမ်းမူကို နိုင်ငံရေးနည်းအရ ချေဖျက်တဲ့အနေ နဲ့ မြန်မာကို တိုင်းခုနစ်တိုင်း ခွဲလိုက်တယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။

၁၉၆၁ ခုနှစ် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ညီလာခံ၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီမှ "ဖက်ဒရယ်မူ" စာတမ်းကို တင်သွင်းခဲ့ပြီး ဗမာပြည်နယ် ဖွဲ့စည်းရေး (ရှစ်ပြည်နယ်မူ) ကို တရားဝင် ထုတ်ပြန်ခဲ့သည်။

ထိုအချိန်က ကန့်ကွက်မှုများ ရှိခဲ့သည့်နည်းတူ ရှမ်းမူသည် အပြောလွယ်သလောက် လက်တွေ့ဖော်ဆောင် ရန် ခက်ခဲပြီး "ဗမာမုန်းတီးရေး စိတ်ဓာတ်" ကို အခြေခံသည်ဆိုသော တုံ့ပြန်ချက်များ ရှိခဲ့သည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နှင့် မတ် ၁ ရက်များတွင် ရန်ကုန်မြို့ အသံလွှင့်ခန်းမ၌ ပြုလုပ်သော ဖက်ဒ ရယ်မူ ဆွေးနွေးခြင်း လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ချုပ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက "ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ်မူကို ထောက်ခံတင်သွင်း ခဲ့ပါသည်။

အဆိုပါ "ရှမ်းမူ" ကို ဒူဝါဇော်လွန်း၊ ကပ္ပတိန်မန်းတုံးနုံး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစိန်တို့က ထောက်ခံ ဆွေးနွေးခဲ့ပြီး ပမညတပါတီမှ သခင်ချစ်မောင်၊ ဖဆပလပါတီမှ ဦးဗဆွေတို့က မထောက်ခံသည့်ဘက်မှ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ထိုအချိန်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သော ပထစ (ပြည်ထောင်စု အဖွဲ့ချုပ်အစိုးရ) ကိုယ်တိုင် "ရှမ်းမူ" ကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ပထစအစိုးရလက်ထက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား "ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုကိစ္စရပ် အပြန်အလှန် ပြောဆိုမှုများ ပြင်းထန်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းဦးဆောင်သော တပ်မ တော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ၀န်ကြီးချုပ် ဦးနုအပါအ၀င် အစိုးရ၀န်ကြီးများ၊ ဖက်ဒရယ် မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပါဝင်ခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ဥက္ကဋ္ဌများကို ဖမ်းဆီးလိုက်ပါသည်။

ထို့အပြင် တော်လှန်ရေးကောင်စီ လက်ထက်မှ နောက်ပိုင်းကာလ တစ်လျှောက်တွင် ဖက်ဒရယ်ကို ဆွေး နွေးခွင့်များ ပိတ်ပင်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားများ၏ "ဗမာမုန်းတီးရေး စိတ်ဓာတ်" မှာ ပိုမိုပြင်းထန်လာပြီး လက်ရှိအချိန်တွင်လည်း ဗမာမုန်းတီးရေး စိတ်ဓာတ်ကို အခြေခံသည်ဟု ဝေဖန် ခြင်းခံခဲ့ရသော "ရှမ်းမူ" ဆင့်ပွားဖက်ဒရယ်မူကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်ပါသည်။

ရှုပ်ထွေးမှုသို့ ဦးတည်လာသော ရှစ်ပြည်နယ် 

ပင်လုံမူအရ ရှမ်းနယ်မြေ၊ ကချင်နယ်မြေ၊ ကရင်နီနယ်မြေ၊ ချင်းနယ်မြေတို့ကို ဗမာပြည်မနှင့် ပူးပေါင်းကာ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်နယ်ခုနစ်ခု၊ တိုင်းခ နှစ် စုစုပေါင်း ၁၄ ခုဖြင့် ပြည်ထောင်စု ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့ပါသည်။ ပြည်ထောင်စု ဖွဲ့စည်းပုံအရ တိုင်းနှင့်ပြည်နယ် ၁၄ ခုကို နှစ်ကာလရှည်ကြာ ကျင့်သုံးခဲ့ပြီး အုပ်ချုပ်ရေးပိုင်း အသားကျနေချိန်တွင် ပြည်ထောင်စုပုံစံကို ပြောင်းလဲသတ်မှတ်ရန်မှာ မလွယ်ကူသော အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်ကြ ပါ သည်။

ပြည်ထောင်စု ဖွဲ့စည်းပုံကို နယ်မြေဒေသအလိုက် ခွဲခြားခြင်း မဟုတ်ဘဲ လူမျိုးစုအနေဖြင့် ခွဲခြားမည် ဆိုပါ ကလည်း တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုး နေထိုင်နေသည့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးမှုများ ထပ်မံဖြစ် ပေါ်လာနိုင်ကြောင်း သိရသည်။

လူမျိုးစု အနေအထားဖြင့် ကြည့်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ ဗမာတိုင်းရင်းသား အရေအ တွက်မှာ ၆၈ ရာခိုင်နှုန်းဖြင့် အများဆုံးရှိနေပြီး ရှမ်းတိုင်းရင်းသား အရေအတွက်မှာ ကိုးရာခိုင်နှုန်းနှင့် ကရင်တိုင်းရင်းသား အရေအတွက်မှာ ခုနစ်ရာခိုင်နှုန်း၊ ရခိုင်တိုင်းရင်းသား အရေအတွက်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိနေပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးအဖြစ် ပြောင်းလဲလိုက်သော တိုင်းခုနစ်တိုင်းတွင် ဗမာအများဆုံး နေထိုင်လျက်ရှိနေပြီး ကျန်ရှိသော တိုင်းရင်းသား ပြည်နယ်များတွင် ဗမာတိုင်းရင်းသား များ အပြင် ဗမာသွေးနှော တိုင်းရင်းသားများစွာ နေထိုင်နေကြပါသည်။

"ရှုပ်ထွေးသွားတာပေါ့။ ကျွန်တော်လက်မခံဘူး။ တိုင်းပြည်တစ်ခုလုံး အနေနဲ့က ဗမာပြည်မကြီး အနေနဲ့ပဲ ရှိနေရမယ်။ ဒီထဲမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ဒီလိုဟာမျိုးလာပေါ့။ လက်ရှိအတိုင်း ပေါ့။ ဗမာကပြည်နယ်လေး တစ်ခုအနေနဲ့ ဗဟအစိုးရ ဖွဲ့မယ်ဆိုရင် ဒါဟာသိပ်ပြီး လက်ခံနိုင်၊ လက်ခံ သင့် တဲ့အရာ မဟုတ်ဘူး" ဟု အသက် ၉၂ နှစ် အရွယ်ရှိ ၀ါရင့်နိုင်ငံရေး သမားဟောင်းကြီး သခင်ချန်ထွန်းက ပြောပါသည်။

"နိုင်ငံတော်ကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လူတွေက အတိတ်ပေါ်မှာ အခြေခံပြီး တည်ဆောက်ဖို့ ကြိုး စားနေတယ်။ အတိတ်ကာလတုန်းက သူတို့ဘုရင်နဲ့၊ သူတို့စော်ဘွားတွေနဲ့ သူတို့အုပ်ချုပ်သူနဲ့ သူတို့နေထိုင် ခဲ့ကြတယ်။ ဒါကြောင့် ဒီနေရာမှာ အရင်အတိုင်းပဲ ရှိရမယ် ဆိုတာလေ။ ဒါကိုကျွန်တော် လေးစားပါတယ်၊ တိုင်းရင်းသား တန်းတူညီမျှရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို။ သို့သော် ကာလအလိုက် ပြောင်းလဲနေတယ်။ ပစ္စုပ္ပန်ကာလမှာရှိတဲ့ လူဦးရေ အချိုးအစားအရဆိုရင် အချို့က တိုင်းရင်းသား နာမည်နဲ့ ပြည်နယ်ကိုဖွဲ့စည်း ထားပေမယ့် အထဲမှာ အခြားလူမျိုးစုတွေ ရှိတယ်။ ဥပမာဆိုရင် ကချင်ပြည်နယ်ထဲမှာ ကချင်ကတစ်ဝက် လောက်ပဲ ရှိတယ်။ အခြားရှမ်းတွေ၊ မျိုးနွယ်စုတွေက တစ်ဝက်လောက် ရှိနေတယ်။ ကျွန်တော် ဆိုလိုတာ က လက်မခံဘူးလို့ ပြောတာမဟုတ်ဘူး။ သတိထားဖို့ ပြောတာပါ" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်ပြည်နယ် (သို့မဟုတ်) ၁၂ ပြည်နယ်

ရှစ်ပြည်နယ်နှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေး ကိစ္စသည် ခေတ်အဆက်ဆက် အောင်မြင်မှု မရရှိ ခဲ့ သော အဆိုဖြစ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုကို ရှစ်ပြည်နယ်နှင့် အထက်ဖွဲ့စည်းရေး ပုံစံကို တိုင်းရင်းသား အဖွဲ့အစည်းအချို့က တင်ပြမှုများ ရှိလာခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်းက ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေး (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းကော်မတီ က ၎င်းတို့ရေးဆွဲခဲ့သည့် မူကြမ်းတွင် ဖက်ဒရယ် ပြည်ထောင်စုတွင် အမျိုးသားပြည်နယ် ၁၂ ပြည်နယ် ဖွဲ့ စည်းရန် သတ်မှတ်ခဲ့သည်။ ပြည်ထောင်စု၏ လက်ရှိဖွဲ့စည်းပုံဖြစ်သော ပြည်နယ်နှင့် တိုင်း ၁၄ ခုကို ဖျက် သိမ်းပြီး ကချင်အမျိုးသားပြည်နယ်၊ ကရင်အမျိုးသား ပြည်နယ်၊ ကရင်နီအမျိုးသား ပြည်နယ်၊ ချင်းအမျိုး သား ပြည်နယ်၊ ဗမာအမျိုးသား ပြည်နယ်၊ မွန်အမျိုးသား ပြည်နယ်၊ တနင်္သာရီ အမျိုးသားများ ပြည်နယ်၊ ရခိုင်အမျိုးသား ပြည်နယ်၊ ရှမ်းအမျိုးသား ပြည်နယ်၊ ဧရာဝတီအမျိုးသားများ ပြည်နယ်နှင့် အမည်ဖော်ပြ ခဲ့ခြင်း မရှိသေးသော အခြားအမျိုးသား ပြည်နယ်နှစ်ခု အပါအ၀င် အမျိုးသားပြည်နယ် စုစုပေါင်း ၁၂ ခု ဖွဲ့စည်းရန် သတ်မှတ်ခဲ့သည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲမြင်ကွင်း 
(ဓာတ်ပုံ - ဟံသာဝတီသတင်းစာ ၂၅-၂-၁၉၆၂ ထုတ်) 

"ကျွန်တော်တွေ့တာကတော့ တိုင်းခုနစ်တိုင်း၊ ပြည်နယ်ခုနစ်ပြည်နယ် အခုကျတော့ တိုင်းဒေသကြီး ခုနစ်ခြ နဲ့ ပြည်နယ်ခုနစ်နယ် ဒီမူတွေအားလုံးက ပြည်ထောင်စု မဟုတ်သေးတာကို တွေ့ရတယ်လေ။ ဒါကြောင့် တောင်ကြီးမူလို ရှစ်ပြည်နယ်မူ ဆိုရင်လည်း ethnic base မဟုတ်ဘဲနဲ့ multiethnie နယ်တွေမှာ အခက်အ ခဲ ရှိပါတယ်။ ဒါကြောင့် multiethnie ပြည်နယ်တွေနဲ့ ethnic base ပြည်နယ်တွေပါ ပါလို့ရှိရင်ကျွန်တော်သိ တာတော့ အကြမ်းဖျင်းပေါ့လေ။ ကျွန်တော်တို့ တိုင်းပြည်မှာ ခုနစ်ပြည်နယ်ကနေ ၁၅ ပြည်နယ် ဒီလောက်ပဲ ရှိနိုင်တယ်ဗျ" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

၁၂ ပြည်နယ် (သို့မဟုတ်) ၁၅ ပြည်နယ် သတ်မှတ်ရန် ကြိုးစားမှုမှာလည်းပို၍ရှုပ်ထွေးစေသောအခြေအနေ များကို ဦးတည်စေသည်ဟု သုံးသပ်ကြပါသည်။

၁၄ ပြည်နယ် ၁၄ ယူနစ်

တိုင်းရင်းသား အဖွဲ့အစည်း အချို့က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာ၌ ရှစ်ပြည်နယ်နှင့် ဗမာ ပြည်နယ် သီးခြားသတ်မှတ်ရေးကို ပြောဆိုလာချိန်၌ ကျန်ရှိသော တိုင်းရင်းသား အင်အားစုများ ရှိထားပြီး ဖြစ်သော ပြည်နယ်နှင့် တိုင်း ၁၄ ခု ပုံသဏ္ဌာန်ကို မဖျက်ဘဲ တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် ပြောင်း လဲသတ်မှတ်သည့် ၁၄ ပြည်နယ်၊ ၁၄ ယူနစ်ပုံစံ လိုလားကြောင်း ပြောဆိုမှုများ ရှိနေပါသည်။

"ကျွန်တော် တို့က ရှစ်ပြည်နယ်မူကို မကိုင်ဘူး။ ကျွန်တော်တို့က ၁၄ ယူနစ်ပေါ့။ တိုင်းဒေသကြီး ဆိုတာတွေ ကို ၁၄ ပြည်နယ် လုပ်လိုက်။ လုပ်ပြီးတော့ အဓိကက ဘာလိုလဲဆိုရင် တန်းတူရည်တူ အခွင့်အရေး ရရှိဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က အရေးအကြီးဆုံးပဲ။ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပုံစံ ဖြစ်ရမယ်" ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

"နောက်တစ်ခုက အခုစိုးရိမ်ကြတဲ့ ခုနစ်ပြည်နယ်၊ ရှင်းရှင်းပြောရရင် တိုင်းဒေသကြီးက ညီအစ်ကို ဗမာတွေ က အများစုနေတယ်။ တိုင်းဒေသကြီးက ခုနစ်ခု၊ အမျိုးသား လွှတ်တော်မှာဆိုရင် ပြည်နယ်လည်း ခုနစ်ခု။ ဒါဆိုရင် ဘယ်လိုမှ Balance လုပ်လို့ မရဘူးလို့ ပြောကြတယ်။ အဲဒါကို ဗမာဖြစ်တဲ့ ညီအစ်ကိုတွေက သ ဘောထား ကြီးရမယ်။ အခုက အမျိုးသားလွှတ်တော် အတွက်ဆိုရင် တပြည်နယ်ကို ၁၂ ဦးစီမလား။ တစ် ကယ်လို့ Check and Balance ဖြစ်ချင်တယ်ဆိုရင် တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်တွေမှာ ၁၈ ဦးစီပေး လိုက်။ ဗမာလူမျိုးတွေနေတဲ့ ပြည်နယ်တွေကို ၁၂ ဦးပဲ ယူလေ။ ဒါဆိုရင် အမျိုးသား လွှတ်တော်က Check and Balance ဆိုတဲ့ဟာက ဖြစ်သွားမယ်" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့သည်။

တိုင်းဒေသကြီး ခုနစ်ခုက ပြည်နယ်အဖြစ် သတ်မှတ်ပြီး ၁၄ ပြည်နယ် လုပ်ဆောင်မည့် အပိုင်းကို ရှစ်ပြည် နယ် လက်ခံသူများက လက်မခံနိုင်ကြောင်း ပယ်ချမှုများ ရှိပါသည်။

ရှမ်းမူ (ရှစ်ပြည်နယ်မူ) ကို အရင်တုန်းကလည်း သိပ်မထောက်ခံကြဘူး။ ဘာလို့ မထောက်ခံလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကို မဖြေရှင်းချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေ တန်းတူညီမျှဖို့အ တွက် ဒီပုံစံနဲ့ ဖြေရှင်းဖို့ မလိုဘူးလို့ ယူဆလို့ . . . . .

သို့သော် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ရပိုင်ခွင့်ကို အကောင်အထည် ဖော်ပေးနိုင်သည့် အာမခံချက် ရှိမည်ဆိုပါ ၁၄ ပြည်နယ် မဟုတ်သော ၁၄ ယူနစ် အဆို ကို လက်ခံဆွေးနွေးမည်ဟု ရှစ်ပြည်နယ် လိုလားသူများက ပြောကြားပါသည်။

"အမျိုးသား လွှတ်တော်မှာ တိုင်းရင်းသားတွေ ရထားတဲ့ အချိုးကို ပြင်ပေးမယ်။ ဥပမာအားဖြင့် တိုင်းဒေသ ကြီး တစ်ခုက နေရာ ၁၂ နေရာ ရထားတယ်။ တိုင်းရင်းသား ပြည်နယ်တွေကိုလည်း နေရာ ၁၂ နေရာ ပေး ထားတယ်။ အဲဒီအချိုးကို တိုင်းဒေသကြီးတွေက ၁၂ နေရာပဲယူ၊ တိုင်းရင်းသားတွေကို ၁၅ နေရာ၊ ၂၀ စသ ဖြင့် ပိုရအောင် တိုးပေးမယ်။ အဲဒီဟာကို တိုးပေးပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကိုလည်း အာမခံမယ်ဆို ရင် ၁၄ ယူနစ် ကိစ္စကို ကျွန်တော်တို့လက်ခံပြီး ဆွေးနွေးမယ်။ ဒါပေမဲ့ တိုင်းဒေသကြီးတွေကို ပြည်နယ်အ ဖြစ် ပြောင်းလဲတာကိုတော့ မလိုချင်ဘူး။ လက်ရှိအတိုင်းတိုင်းနဲ့ ပြည်နယ် ၁၄ ခု အတိုင်း ဆက်ပြီးသတ်မှတ် ပေးထားရမယ်" ဟု ရှစ်ပြည်နယ်မူကို ထောက်ခံသော တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ပြောကြား ပါ သည်။

ဗမာတိုင်းရင်းသားများ၏ သဘောထား

ဗမာကို ပြည်နယ်အဖြစ် သတ်မှတ်ရေးကိစ္စမှာ လူများစု ဗမာတိုင်းရင်းသားများ၏ သဘောထားအပေါ်တွင် မူတည်နေပါသည်။

"ရှစ်ပြည်နယ် လုပ်မယ်ဆိုတာကို ဗမာတွေက လက်မခံဘူး။ လူမျိုးစု အနေနဲ့ကလည်း ရှစ်မျိုးလား။ အစိုးရ လုပ်ထားတဲ့ ၁၃၆ မျိုးလား။ အဲဒါကလည်း ပြဿနာတစ်ခု ဖြစ်နေတယ်" ဟု ဦးဝင်းတင်က ဆိုပါသည်။

"ရှစ်ပြည်နယ် jပည်ထောင်စုဆိုတဲ့ ဟာမျိုးက လက်ရှိအခြေအနေနဲ့ နည်းနည်း အလှမ်းကွာဝေးနေတယ်။ အဓိကကတော့ အခုတိုင်းဒေသကြီး ခုနစ်ခုက ပြောရမယ်ဆိုရင်တော့ နောင်တော် ဗမာအမျိုးသားများက အများစုနေတဲ့ ဒေသပေါ့။ အရင်က ပြည်မပေါ့ဗျာ။ ဒါကို တိုင်းဒေသကြီး ခုနစ်ခု ပြန်ခွဲလိုက်တာပေါ့။ အဲဒါကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် သဘောထားမလား။ ပြည်နယ်လေး တစ်ခုအဖြစ် လျှော့ချမလား။ အဓိက က တော့ ကာယကံရှင် ဗမာအမျိုးသားများရဲ့ စနစ်အရပါပဲ။ သူတို့ရဲ့ သဘောထားအပေါ်မှာလည်း အများကြီး မူတည်လိမ့်မယ်လို့ ထင်တယ်" ဟု ကချင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာတူးဂျာက ပြော ကြားသည်။

ဦးဟန်ညောင်ဝေ (Euro Burma Office ဒါရိုက်တာ)၊ ဦးစိုင်းအိုက်ပေါင်း (SNDP ဥက္ကဋ္ဌ)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် (RCSS/SSA ဥက္ကဋ္ဌ)၊ ဦးခွန်ထွန်းဦး (SNLD ဥက္ကဋ္ဌ)နှင့် ဗိုလ်ချုပ်ဆေထဲင်န် (SSPP/ SSA နာယက) (၀ဲမှယာ) တို့ကို ဇွန်လဆန်းပိုင်းက တွေ့ရစဉ်
(ဓာတ်ပုံ-SNLD) 

"ရှမ်းမူ (ရှစ်ပြည်နယ်မူ) ကို အရင်တုန်းကလည်း သိပ်မထောက်ခံကြဘူး။ ဘာလို့ မထောက်ခံလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကို မဖြေရှင်းချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေ တန်းတူညီမျှဖို့ အ တွက် ဒီပုံစံနဲ့ ဖြေရှင်းဖို့ မလိုဘူးလို့ ယူဆလို့။ ဆိုလိုတာက ရှစ်ပြည်နယ်၊ ကိုးပြည်နယ် စတဲ့ဖြေရှင်းမှုမျိုး မ လိုအပ်ဘူး။ မြန်မာပြည်မှာ နေကြတဲ့ ပုံစံက လူမျိုးပေါင်းစုံ အတူနေထိုင်တာ ဖြစ်တယ်။ ဥပမာ ပြောရရင် တို့တွေနေတဲ့ ဧရာဝတီတိုင်းပေါ့။ ကရင်နဲ့ဗမာက လူဦးရေ အတူတူပဲ။ အဲဒါဆိုရင် ကရင်ပြည်နယ် ပြောမ လား၊ ဗမာပြည်နယ်ပဲ ပြောမလား၊ အဲဒီမှာ စကားပြောစရာတွေ အများကြီး ဖြစ်လာတယ်။ မြန်မာနိုင်ငံ အနှံ့ အပြားမှာ ဒီလိုပုံစံ ရှိတယ်။ ဒါကြောင့် သဘောမကျဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှ ဖြစ်ရေးကို တော့ သဘောတူတယ်။ တန်းတူညီမျှတော့ ဖြစ်ရမယ်။ တန်းတူညီမျှဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမှာ ဖြစ်တယ်" ဟု ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဦးလှရွှေ က ပြောကြားသည်။

"ကျွန်တော်တို့ လိုချင်တာက ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့ပေါ့။ ဖက်ဒရယ်ရဲ့ အနှစ်သာရကို က ကိုယ့်မူ၊ ကိုယ့်မြေ၊ ကိုယ့်ပြဋ္ဌာန်းခွင့်နဲ့ နေဖို့ဆိုတော့ ပြည်နယ်ကိစ္စ ဆိုတာက ဗမာတိုင်းရင်းသားတွေ ပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ဟာသူတို့ ခုနစ်ပြည်နယ်နဲ့ နေမလား၊ ရှစ်ပြည်နယ်နဲ့ နေမလား။ သူတို့ ကြမ္မာ သူတို့ဖန်တီးမယ်လေ။ အဲဒါ ကျွန်တော်တို့ရဲ့ အမြင်ပဲ။ ကျွန်တော်တို့က လူသစ်တွေဆိုတော့ အိုင်ဒီ ယာသစ်တွေနဲ့ ချဉ်းကပ်တယ်။ လူဟောင်းတွေကျတော့ အိုင်ဒီယာ ဟောင်းတွေနဲ့ပဲ ဒီယန္တရားကို လည်ပတ် ဖို့ ကြိုးစားနေတယ်" ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

ရှစ်ပြည်နယ်မူကို ဗမာတိုင်းရင်းသားများက လက်မခံပါက လက်ခံနိုင်သည်အထိ ဆွးနွေးမည်ဟုဦးခွန်ထွန်း ဦး က ပြောကြားသည်။

"လက်မခံနိုင်ဘူး ဆိုရင်တော့ လက်ခံနိုင်သည်အထိ စားပွဲဝိုင်းမှာ ဆွေးနွေးရမှာပဲလေ။ (တပ်မတော်က) အာဏာသိမ်းဖို့ စဉ်းစားမယ် ဆိုရင်လည်း လုပ်မယ်ဆို လုပ်လို့ရတာပဲ။ ဒါပေမဲ့ သူ့ရဲ့ဘေးထွက်ဆိုးကျိုးက ရှိဦးမယ်။ ကျွန်တော်တို့က ထွက်ပြေးလို့ မရဘူး။ ဖမ်းမယ်ဆိုလည်း လိုက်သွားရုံ ရှိတာပဲ" ဟု ဦးခွန်ထွန်းဦး က ဆိုပါသည်။

စစ်မှန်သော ဖက်ဒရယ်သည်သာ အဓိက

"ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ်မူအရ ရှစ်ပြည်နယ် သတ်မှတ်ရေးနှင့် ဗမာပြည်နယ် သီးခြားသတ်မှတ် ရေးကို တောင်းဆိုမှုများ ရှိနေချိန်တွင် စစ်မှန်သော ဖက်ဒရယ်မူ၏ အနှစ်သာရဖြစ်သော တန်းတူရေး၊ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကိုသာ ရရှိမည်ဆိုပါကရှစ်ပြည်နယ်ကိစ္စနှင့်ဗမာပြည်နယ်သီးခြားသတ်မှတ်ရေးတို့မှာ၏အရေး မပါသော အခြေအနေတစ်ရပ် ဖြစ်မည်ဆိုသော သုံးသပ်မှုများ ရှိပါသည်။

"ရှစ်ပြည်နယ်ပဲဖြစ်ဖြစ်၊ ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုလို့ပဲ ဖြစ်ဖြစ် ပြောချင်တာက တန်းတူညီမျှ ရဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ကို လိုချင်တယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျာက ပြောကြားသည်။

"အရေးကြီးတာက ဘာလဲဆိုတော့ ဖက်ဒရယ်အဆင့် သွားဖို့က အာဏာခွဲဝေမှုက အဓိကပဲ။ ဗဟိုအစိုးရ ကနေ ပြည်နယ်အစိုးရကို အာဏာခွဲဝေရေး ပြေလည်သွားမယ်၊ မျှတသွားမယ်ဆိုရင် ကျေနပ်ကြမှာပဲ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲ။ အရေးကြီးတာက ပြည်နယ်သားတွေ သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေး ပေးနိုင်ဖို့ပါပဲ။ အဲဒါ ပေးလိုက်ရင် ကျန်တဲ့ပြဿနာတွေ သူ့ဟာသူ ပြေ လည်သွားလိမ့်မယ်။ အခုအချိန်မှာ ဘာမှဒါတွေက မထင်ရှားသေးတဲ့ အချိန်ကျတော့ ဟိုဟာဖြစ်ရမယ်၊ ဒီ ဟာဖြစ်ရမယ်ဆိုပြီး ဆန္ဒတွေ ဖော်ထုတ်နေကြတာပေါ့။ ခုနပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်ရောက်လာ ရင် ကျေနပ်သွားမယ့် လူတွေလည်း အများကြီး ရှိပါတယ်" ဟု ဒေါက်တာတူးဂျာက ဆိုသည်။

"ရှစ်ပြည်နယ်ပဲ ပြပြ၊ ဘယ်နှစ်ပြည်နယ်ပဲ ပြပြ၊ ငါးပြည်နယ် ပဲပြပြ၊ အရင်တုန်းက ငါးပြည်နယ်ပဲ ရှိတာကိုး။ ဘယ်လိုပဲပြပြ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီတူ အခွင့်အရေး မရှိရင် ဘာမှမထူးဘူး။ ကျွန်တော်တို့က တန်းတူညီတူ အခွင့်အရေး ရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ကိုယ့်ဒေသ ကိုယ့်အုပ်ချုပ်ပိုင်ခွင့် ရှိရ မယ်။ အဓိကက ပြည်ထောင်စု လုပ်ပိုင်ခွင့်နဲ့ ပြည်နယ်လုပ်ပိုင်ခွင့်။ ပြည်ထောင်စု လုပ်ပိုင်ခွင့်မှာ ကာကွယ် ရေး နဲ့ လုံခြုံရေးက ပြည်ထောင်စု လုပ်ပိုင်ခွင့်ထား။ နိုင်ငံခြားရေးက ပြည်ထောင်စု လုပ်ပိုင်ခွင့်ထား။ ငွေရေ ကြေးရေး၊ ပင်လယ်ရေကြောင်း၊ ပညာရေးတို့ကိုလည်း ပြည်ထောင်စုထား။ အဲဒီတော့ ပြည်ထောင်စုလုပ်ပိုင် ခွင့်ကို ငါးခုခြောက်ခုလောက်ထားပြီး ကျန်တာတွေအားလုံးကို ပြည်နယ်လုပ်ပိုင်ခွင့် ပေးလိုက်။ ဒါဆိုရင် တရား မျှတသွားမယ်။ ကျွန်တော်တို့ လိုချင်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း ဖြစ်လာမယ်" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး

"အခု ပြောနေတာတွေ အကုန်လုံးရဲ့ အချုပ်က ၂၀၀၈ အခြေခံ ဥပဒေပေါ် မူတည်တယ်။ ဒီအခြေခံ ဥပဒေ အရ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒီတော့ အခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲ။ အားလုံးပါဝင်တဲ့ ညီလာ ခံကြီး တစ်ခုကို လုပ်ရမယ်။ ဒီညီလာခံ ဖြစ်ဖို့အတွက် ဘယ်လိုတောင်းဆိုမလဲ ဆိုတာကို အရင်ဆုံး စဉ်းစား ဖို့ လိုတယ်။ အဲဒီညီလာခံကနေမှ ရလာတဲ့ အဖြေအရ လုပ်ကြရမှာပဲ ဖြစ်တယ်" ဟု ဦးဝင်းတင်က ဆိုပါ သည်။

"အမှန်ကတော့ လက်ရှိရှိနေတဲ့ အခြေခံဥပဒေကို ဘာတွေဟာ ပြင်သင့်တယ်။ ဘာတွေဟာ မပြင်သင့်ဘူး ဆိုတာကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူမျိုးစုံက ဆွေးနွေးပြီးတော့မှ ပြင်သင့်တာ ပြင်ဖို့ပဲ။ ဖွဲ့စည်းပုံ ဥပဒေ ခဏခဏ ဖျက်လိုက်၊ အသစ်ဆွဲလိုက် ဆိုရင်တော့ မကောင်းဘူး" ဟု သခင်ချန်ထွန်းက ပြောပါသည်။ "လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တိုင်းရင်းသား လူမျိုးစုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် တန်းတူရည်တူ ခွင့်တွေကို တင်းပြည့်ကျပ်ပြည့် ရနိုင်သရွေ့၊ ရအောင် စနစ်တကျ ချဉ်းကပ်ဆောင်ရွက် သင့်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တာ ဖြစ်ဖြစ်၊ အသစ်ရေးတာ ဖြစ်ဖြစ်မှာ အဲဒီ အခွင့်အရေးတွေကို တိတိကျကျ ဖော်ပြထားတာမျိုး ပါဝင်ဖို့ ၀ိုင်းဝန်းဆောင်ရွက် သင့်တယ်" ဟု နိုင်ငံရေးဆောင်းပါးများ ရေး သားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ လိုလားချက်များကို ပြင်းထန်သော အယူအ ဆ များဖြင့် မတောင်းဆိုသင့်ဘဲ အားလုံးပါဝင်ပြီး နိုင်ငံရေး နည်းလမ်းအရ ပြုလုပ်သော စကားဝိုင်းများဖြင့် ဆွေးနွေးအဖြေရှာသင့်ကြောင်းနှင့် ပြင်းထန်သော အယူအဆများက ခရီးမပေါက်နိုင် ဖြစ်မည်ကို သတိထား သင့်ကြောင်း ပြောဆိုခဲ့ကြသည်။

တိုင်းရင်းသားများက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရန် ခေတ်အဆက်ဆက် တောင်းဆိုခဲ့ရာမှာ လက်ရှိ အချိန်တွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဆိုသော တောင်းဆိုမှုများ ရှိနေပါ သည်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသည် အဓိပ္ပာယ် မကွဲပြားသော်လည်း ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ပုံစံက ပိုမိုကောင်းမွန်ကြောင်း ပြောဆိုမှုများ ရှိပါသည်။

"ဒီဖက်ဒရယ် ဒီမိုကရက်၊ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောလိုက်တာက ဖက်ဒရယ် ပြည်ထောင်စု အတွင်း မှာ ကျင့်သုံးမယ့် နိုင်ငံရေး စနစ်ပေါ့။ Political System က Democratic System ကို သုံးမယ်လို့ ပြော လိုက်တဲ့ သဘောပါပဲ။ ဘာကြောင့်လဲဆိုတော့ တချို့ဖက်ဒရယ်စနစ် တိုင်းပြည်တွေမှာ ဒီမိုကရက်တစ် စနစ်ကို မသုံးဘဲနဲ့ အာဏာရှင်စနစ်တို့၊ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်တို့၊ တစ်ပါတီစနစ်တို့လို သုံးတဲ့အတွက် တချို့ဖက်ဒရယ် တိုင်းပြည်တွေက ပြိုကွဲခဲ့ရတာ ရှိတယ်။ ဒါက နိုင်ငံရေး စနစ်အမှားကြောင့် ဖြစ်တာ။ ဒါကြောင့် ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး စနစ်ကိုလည်း အမှားခံလို့ မရဘူး။ နိုင်ငံရေး စနစ်ကလည်း ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ဖြစ်ဖို့ လိုတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။

"ကျွန်တော်တို့က သီအိုရီအရ ဆွေးနွေးတယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ သဘောထားက အရေးကြီး လာ တယ်။ ပြည်သူလူထုရဲ့ ဆန္ဒ၊ သူတို့ရဲ့ အသံ။ အရေးအကြီးဆုံးပဲဗျ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ Permanent Constitution တစ်ခု ပေါ်လာဖို့ဆိုရင် ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူတို့ရဲ့အသံ၊ သူတို့ရဲ့ဆန္ဒ ရောင်ပြန်ဟပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်တယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်စနစ် ဖော်ဆောင်ရာ၌ ရှစ်ပြည် နယ်နှင့် ဗမာပြည်နယ် သတ်မှတ်ရေးကို မိမိတစ်ဦးတည်း၏ အမြင်ဖြင့် မပြောလိုကြောင်း ဆိုပါသည်။

"အဲဒါက ဆွေးနွေးယူရမှာပဲ။ အန်တီတစ်ယောက်တည်း သဘောထားနဲ့ ဘယ်လိုပြောလို့ ရမှာလဲ။ ဒီပုံစံကို ရှမ်းတိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေရော ဘယ်လိုမြင်သလဲဆိုတာ ဟိုဘက်ဒီဘက် ညှိ နှိုင်းဆွေးနွေး ရမှာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ကိုယ်စားလှယ် အချိုး

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်)ကို ဖွဲ့စည်းရာတွင် မြို့ နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း မြို့နယ် ၃၃၀ မှ လွှတ်တော် ကိုယ် စားလှယ် ၃၃၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ၄၄၀ ဦးဖြင့် ဖွဲ့စည်းရ မည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) ကို ဖွဲ့စည်းရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများ အပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများအပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးဖြင့် ဖွဲ့စည်းရ မည်ဟု ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် လူဦးရေနှင့် မြို့နယ်အရ ရွေးချယ်ရသော ပြည်သူ့လွှတ်တော်၌ ရရှိသော လွှတ်တော်ကိုယ်စား လှယ် အရေအတွက်ကို တိုင်းရင်းသားများဘက်က ကန့်ကွက်ခြင်း မရှိသော်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ တိုင်းရင်းသားများအတွက် မျှတမှု မရှိကြောင်း ပြောဆိုမှုများ ရှိခဲ့ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ရွေးချယ်တင်မြှောက်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေ အတွက် ၁၆၈ ဦးတွင် တိုင်းရင်းသား ဒေသများမှ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၈၄ ဦးသာ ပါဝင်ပြီး ကျန် ၈၄ ဦးမှာ ဗမာများ ဖြစ်နေသဖြင့် ထိုအရေအတွက်ကို မျှတမှုရှိစေရန် တိုင်းဒေသ ကြီးများကို ဖျက်သိမ်းပြီး ဗမာပြည်နယ် သီးခြားသတ်မှတ်ရန်နှင့် ရှစ်ပြည်နယ်ဖွဲ့စည်းရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လူဦးရေ၊ ခရိုင်၊ မြို့နယ်အလိုက်

စဉ် ပြည်နယ်/တိုင်းဒေသကြီး    အကျယ်အ၀န်း (စတုရန်းမိုင်)   လူဦးရေ         ခရိုင်             မြို့နယ်

၁။ ကချင်ပြည်နယ်                        ၃၄၃၇၉ .၂၂              ၁၂၅၄၃၈၁         ၃                ၁၈
၂။ ကယားပြည်နယ်                      ၄၅၂၉ .၅၆                ၂၇၆၆၉၃           ၂                  ၇
၃။ ကရင်ပြည်နယ်                        ၁၁၇၃၀ .၈၅              ၁၃၄၇၇၃၂         ၃                  ၇
၎။ ချင်းပြည်နယ်                          ၁၃၉၀၆ .၉၇              ၄၈၇၃၆၁           ၂                  ၉
၅။ မွန်ပြည်နယ်                           ၄၇၄၇ .၇၆                ၂၅၁၈၁၅၂         ၂                ၁၀
၆။ ရခိုင်ပြည်နယ်                         ၁၄၂၀၀ .၀၈             ၂၆၄၉၈၀၂          ၄                ၁၇
၇။ ရှမ်းပြည်နယ်                          ၆၀၁၅၅ .၂၃              ၄၆၇၅၅၅၅        ၁၂               ၅၄
၈။ မကွေးတိုင်းဒေသကြီး                ၁၇၃၀၅ .၃၂             ၄၇၇၀၉၀၅          ၅                ၂၅
၉။ မန္တလေးတိုင်းဒေသကြီး              ၁၄၆၅၀ .၈၇              ၆၉၃၅၃၅၇         ၈                ၃၀
၁၀။ ရန်ကုန်တိုင်းဒေသကြီး             ၃၉၆၇ .၈၆                ၅၉၀၇၂၈           ၄                ၄၅
၁၁။ စစ်ကိုင်းတိုင်းဒေသကြီး            ၃၆၅၃၄                    ၅၄၄၉၉၃၄         ၈                ၃၈
၁၂။ တနင်္သာရီတိုင်းဒေသကြီး          ၁၆၇၃၅ .၅၆              ၁၃၂၈၈၁၃         ၃                ၁၀
၁၃။ ပဲခူးတိုင်းဒေသကြီး                 ၁၅၂၁၃ .၃၃              ၄၉၇၇၉၆၆          ၄               ၂၈
၁၄။ ဧရာဝတီတိုင်းဒေသကြီး           ၁၃၅၂၅ .၁၈              ၇၀၅၁၃၄၈          ၆               ၂၆


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက်၏ ယှဉ်ပြိုင်အရွေးခံ ကြသူများ

(၁) ကချင် ၉၃
(၂) ကယား ၃၃
(၃) ကရင် ၅၁
(၄) ချင်း ၅၅
(၅) စစ်ကိုင်း ၂၄၂
(၆) တနင်္သာရီ ၄၅
(၇) ပဲခူး ၂၅၅
(၈) မကွေး ၁၇၀
(၉) မန္တလေး ၂၉၇
(၁၀) မွန် ၉၅
(၁၁) ရခိုင် ၁၅၂
(၁၂) ရန်ကုန် ၄၀၀
(၁၃) ရှမ်း ၂၀၄
(၁၄) ဧရာဝတီ ၂၀၄
စုစုပေါင်း ၂၂၉၆

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးစု အခြေခံပါတီ ၃၆ ပါတီ၊ ကျောင်းသားလူငယ်ပါတီ ရှစ်ပါတီ၊ နိုင်ငံရေး သမားဟောင်းများပါတီ ၂၀ ပါတီ၊ နိုင်ငံရေး အရည်အသွေးစုံပါတီ ၂၉ ပါတီ၊ စုစုပေါင်း ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ ထိုသို့ ယှဉ်ပြိုင်ရာတွင် ကချင်ခြောက်ပါတီ၊ ကယားနှစ်ပါတီ၊ ကရင် သုံး ပါတီ၊ ချင်းနှစ်ပါတီ၊ မွန်တစ်ပါတီ၊ ဗမာ ၅၇ ပါတီ၊ ရခိုင်ကိုးပါတီ၊ ရှမ်း ၁၂ ပါတီ၊ နာဂတစ်ပါတီ အစရှိသ ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗမာပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် အများဆုံး တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရသော ပါတီများနှင့် အနိုင်ရ ကိုယ်စားလှယ် အရေအတွက်

စဉ် ပါတီအမည် ကိုယ်စားလှယ်အရေအတွက်

၁။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၃၉၂ ဦး
၂။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၂၁ ဦး
၃။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၁၁ ဦး
၎။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၀ ဦး
၅။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ၅ ဦး
၆။ အမျိုးသား လူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ ၄ ဦး
၇။ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီကွန်ဂရက် ၃ ဦး
၈။ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၃ ဦး
၉။ အမျိုးသား ဒီမိုကရေစီပါတီ ၃ ဦး
၁၀။ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၃ ဦး
၁၁။ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး
၁၂။ ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ ၂ ဦး
၁၃။ ဇိုမီး အမျိုးသားကွန်ဂရက် ၂ ဦး
၁၄။ နာဂတောင်တန်းဒေသတိုးတက်ရေးပါတီ ၂ ဦး
၁၅။ တအာဝ်း(ပလောင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး
၁၆။ ကမန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၁၇။ ကရင်ပြည်နယ် အမျိုးသားများအဖွဲ့ချုပ် ၁ ဦး
၁၈။ ဒီမိုကရေစီပါတီ ၁ ဦး
၁၉။ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများအဖွဲ့ ၁ ဦး
၂၀။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၂၁။ ပြည်ထောင်စု ဓနုအမျိုးသား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၂၂။ ပြည်ထောင်စုအမျိုးသားများ ဒီမိုကရေစီပါတီ ၁ ဦး
၂၃။ မရာ ပြည်သူ့ပါတီ ၁ ဦး
၂၄။ မြိုခေါ်ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ ၁ ဦး
၂၅။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ၁ ဦး
၂၆။ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၁ ဦး
၂၇။ လားဟူ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ၁ ဦး

၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် ပါတီများမှ အရွေးချယ်ခံ ကိုယ်စားလှယ်များ


Eleven Media Group

အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီး စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားရန် ဖိတ်ခေါ်

အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီး စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားရန် ဖိတ်ခေါ်သည်ဟု သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။


သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့မှ ဦးနေမျိုးဇင်၏ တင်ပြတောင်းဆိုမှုကို ပြည်ထောင်စုဝန်ကြီး ဦးစိုး သိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးနေမျိုးဇင်က "အခုဆင်းရဲမွဲတေမှု လျှော့ချပပျောက်ရေးဟာ အခြေခံ လူတန်း စား ဘ၀ တိုးတက်ရေးအတွက် ပြောကြဆိုကြ ဆွေးနွေးကြတာဟာ ပျက်စီးနေတဲ့ ကားတစ်ခုကို ပြင်ဖို့ ကြိုးစား နေကြတာပါ။ ပျက်စီးနေတဲ့ကားကို ပြင်တာလည်းလုပ်ပါ ကားပျက်အောင် ဖြစ်နေစေတဲ့အကြောင်း အရာတွေလည်း ပြင်ဖို့လိုလိမ့်မယ်။ စနစ်ဟောင်းက အကျင့်ဟောင်းတွေ မပြင်နိုင်တဲ့ စရိုက်ခေါက် ရိုးကျိုး နေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ အောက်ခြေမှာ ပြည်သူလူထုကို ဖိနှိပ်နေတာတွေ တရားမဲ့ပြုကျင့်ပြီး နိုင့်ထက်စီးနင်း မြေသိမ်းဆည်း ခံရတာကြောင့် မြေယာမဲ့ဘ၀နဲ့ အနာဂတ် ပျောက်နေတဲ့ တောသူတောင် သားတွေ၊ ဒီဘ၀တွေကို အလေးထားစဉ်းစား ကယ်ဆယ်နိုင်မှ သူတို့တွေကို ဆင်းရဲမွဲတေမှု ပပျောက်ရေးဆို တာ အကောင်အထည်ပေါ်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အစိုးရအဖွဲ့ အနေဖြင့် လက်ရှိဖြစ်နေသည့် ပကတိ အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး အခြေအနေ အမှန်ကို အခြေပြုသော သုံးသပ်ချက်များ ထုတ်နုတ်ပြင်ဆင်မှုများ လုပ်နိုင်မှ အောင်မြင်နိုင်မည်ဟု ဆွေးနွေး မှု ပြုလုပ်ခဲ့သည်။

"အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ပြောင်းလဲပေးပါ။ အထူးသဖြင့် ပြည်သူလူထုကို အနီးကပ် ဖိနှိပ်အုပ်ချုပ် နေ ဆဲဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန အပါအ၀င် အုပ်ချုပ်ရေး ယန္တရားတွေကို ပြင်ဆင်ပြောင်းလဲပေးပါလို့ အလေးအနက် တိုက်တွန်းတောင်းဆိုပါတယ်" ဟု ဦးနေမျိုးဇင်က တင်ပြဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း "ကိုနေမျိုးဇင်ပြောတဲ့ ကိစ္စမှာလည်း ယခုအချိန်မှာ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်း ဖွံ့ဖြိုးမှု လုပ်နေပါတယ်။ လုပ်တော့ပိုနားလည်လာတယ်။ အုပ်ချုပ်ရေး ယန္တရားကလည်း ပြင်နေပါပြီ။ ကျွန်တော်လိုက်ဟော နေပါတယ်။ မြို့နယ်ပေါင်း ၃၅၀ ကို လိုက်ပြီးဟောနေပါတယ်။ ကိုယ်လို ချင်တာ မလုပ်နဲ့ သူတို့လိုချင်တာ လုပ်ပါ။ သူတို့လိုချင်တာနဲ့ ကိုယ်လိုချင်တာလွဲရင် ကိုယ်ကတည့်ပေး ရ မှာပေါ့။ ပြောပေးရမှာပေါ့။ ဒါတော့စိတ်ရှည်ရှည် ပြောရမှာပေါ့။ ခင်ဗျားတို့ရဲ့ တိုင်ကြားမှု၊ ပြောဆိုမှု၊သတင်း ပေးမှုတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဒါမှ ကျွန်တော်တို့လည်းသိမှာ။ အရင်တုန်းက ကွဲပြားခြားနား တာတွေ ရှိသော်လည်း အခုမရှိတော့ပါဘူး" ဟု ပြန်လည်ဆွေးနွေး ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း နှစ်ပေါင်း ၆၀ ၀န်းကျင် ဖြတ်သန်းခဲ့ရသည့် စနစ်ကို ပြုပြင်နေ ရခြင်း ဖြစ်သောကြောင့် စိတ်ရှည်သည်းခံရန် ဦးစိုးသိန်းက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးအုန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

Eleven Media Group

မြန်မာ့ဒီမိုကရေစီစနစ် ရှေ့ဆက်သွားနိုင်ရေး အစိုးရ၊ လွှတ်တော်သာမက ပြည်သူများ ပါဝင်မှ ရွေ့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား

မြန်မာ့ဒီမိုကရေစီစနစ် ရှေ့ဆက်သွားနိုင်ရေး အစိုးရ၊ လွှတ်တော်သာမက ပြည်သူများအားလုံး ပါဝင်မှ ရွေ့ မည်ဟု သမ္မတရုံးဝန်ကြီးဌာန (၃)ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။


သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင်ပြည်ထောင် စု ၀န်ကြီး ဦးစိုးသိန်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့အတွက် နှစ်ပေါင်းတော်တော် ကြာကြာ ကနေ ဒီလိုပဲ ရွေ့လာရင်းနဲ့ ယခုတော့ ဒီမိုကရေစီ စနစ်ကို သွားနေပါပြီ။ ဒီမိုကရေစီစနစ်ကို သွား ဖို့အတွက် သေးသေးလေးသော အစိုးရ၊ ၀န်ကြီးသုံးဆယ် ၀န်းကျင်လောက်ရှိတဲ့ အစိုးရနဲ့ ၀န်ထမ်းတစ်သိန်း နှစ်သိန်းလောက်ရှိတဲ့ သူတွေနဲ့ Move လုပ်လို့ မရပါဘူး။ ထို့အတူပဲ လူခြောက်ရာလောက်ရှိတဲ့ လွှတ်တော် နဲ့ လည်း Move လုပ်လို့ မရပါဘူး။ အားလုံးပါမှ Move လုပ်လို့ ရမှာပါ" ဟု ပြောကြားသည်။

"ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျွန်တော်ခံယူတာက အားလုံးကောင်းပြီး ပြည်သူက သူ့ရဲ့လူနေမှုဘ၀နဲ့အတူ လွတ်လပ်ပြီး ပျော်ရွှင်နေမယ်၊ လူနေမှုဘ၀ကလည်း ကောင်းမယ်ဆိုရင် ပြန်မသွားဘူး။ အဲဒါတွေ ကောင်းဖို့ က ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူး။ သန်းခြောက်ဆယ်သော ပြည်သူတွေအားလုံး ပေါင်းလုပ်မှရမယ်" ဟု ၀န်ကြီးဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း၊ စစ်အာဏာရှင် အစိုးရမှ ဒီမိုကရေစီ အစိုးရစနစ်ကို ဖော်ဆောင်နေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြယုဂ်မှာ ဒေါ် အောင်ဆန်းစုကြည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး ပြယုဂ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖြစ်သည်ဟု ၎င်း က ဆိုသည်။

"သန်းခြောက်ဆယ်သော ပြည်သူတွေကို ၀ိုင်းပြီးတော့ ထိန်းကျောင်းတည့်မတ်ပြီး ကူညီတာက INGO တွေ NGO တွေ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ NGO တွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ အစိုးရက အလွန်ဒ အလေးထားတယ်။ ဘာကြောင့် အလေးထားလည်းဆိုတော့ ဒီမိုကရေစီ နောက်မပြန်စေချင်လို့ပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်တွင်းပြည်ပမှ လူမှုအဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲများ ကိုလည်း ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဟု ၀န်ကြီးဦးစိုးသိန်းက ပြောကြားသည်။

Eleven Media Group

အနီ/အစိမ်း နဲ့ လိမ်လည်နေတဲ့ လူတစ်စု



အဲဒီ့ လူတစ်စုရဲ့ လောင်းကစားဝိုင်း လုပ်ပုံကို တစ်ချို့လည်း သိပြီးသား ဖြစ်မှာပါ။ လောင်းကစား လုပ်ပုံက ဒီလိုပါ။ အနီရောင် အကွက် နဲ့ အစိမ်းရောင် အကွက် နှစ်ခု ထားထားပါတယ်။ အဲဒီ့မှာ ဖေါ့လုံးလေး တစ်ခုကို ခွက်နှစ်ခုနဲ့ အုပ်ပြီး ကစားတာပါ။ ခွက်နှစ်ခုထဲက ဘယ်ခွက်ထဲမှာ အဲဒီ့ ဖေါ့လုံးလေး ရှိလဲ ဆိုပြီး ပိုက်ဆံ ထိုးတာပါ။ ဘေးမှာ ဝိုင်းအုံထိုးနေတဲ့ လူ ငါးယောက် ခြောက်ယောက်လောက် ရှိပါလိမ့်မယ် အဲဒါတွေလည်း သူတို့ လူတွေပါပဲ။ (ပုံမှာ ကြည့်ရင် အဲဒီ့ အမျိုးသမီးကြီးက လွဲပြီး ကျန်တာအကုန် သူတို့လူတွေပါ)။ သူတို့ ဝိုင်းနားကို ဖြတ်သွား မိတဲ့ မိန်းမကြီးတွေ ဆိုရင် လက်ကို ဆွဲပြီး ဝင်ထိုးဖို့ ပြောပါလိမ့် မယ်။ အဲဒီ့ အချိန်မှာ တို့ဆေး လို့ ခေါ်နေကြတဲ့ မူးရစ်စေတဲ့ ဆေးတစ်မျိုးမျိုး စိတ်ပြောင်းစေတဲ့ ဆေးတစ်မျိုးမျိုး သုံးလိုက်ပုံ ရပါတယ်။ အဲဒီ့မိန်းမက ပုံမှန် အနေအထား မဟုတ်တော့ဘူး။


ကိုယ်တိုင်ကြုံဖူးတယ် မိန်းကလေး တစ်ယောက် ပြန်ပြောတာကတော့ အဲဒီ့နားကို ဖြတ်သွားတဲ့ အချိန်မှာ ထိုးသား အယောင်ဆောင် ထားတဲ့ တစ်ယောက်က လက်ကို လှမ်းဆွဲပြီး ဝင်ထိုးလို့ ပြောတော့ သူက မထိုးဘူး မထိုးဘူး လို့ ငြင်းနေရဲ့ ကြားကနေ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ အထပ်လိုက်ကို အဲဒီ့လူက ဆွဲထုတ်နေတာကို ဘာမှ မလုပ်နိုင် မတားနိုင်ဘူး ဖြစ်နေတယ်တဲ့။ အိပ်မက် မက်နေသလိုလို ကိုယ့်ကိုကိုယ် ထိန်းသိမ်းရ ခက်နေတယ်တဲ့။ ငါ့ပိုက်ဆံ ပြန်ပေး မထိုးဘူး ဆိုပြီး ပါးစပ်က ပြောနေပေမယ့် အသံက ကျယ်ကျယ် မထွက်နိုင်ဘူးတဲ့။ အဲဒီ့မှာ အတင်း စိတ်ကို စုစည်းပြီး ပိုက်ဆံ အတင်းတောင်းပြီး တွေ့တဲ့ ဘက်စ်ကားပေါ် ဇွတ်တက်လိုက်တယ်။

ဘက်စ်ကားပေါ် ရောက်လို့ အသိစိတ် နည်းနည်းဝင်လာပြီး ပိုက်ဆံရေတော့ ပိုက်ဆံ တစ်သောင်း လျော့နေတယ်။ ဘက်စကားပေါ်က လူတစ်ယောက်က နင်တော်တော် ညံ့တာပဲ နှစ်ဆ တောင်ရမယ့်ဟာ ဘာလို့ မထိုးတာလဲ ဆိုပြီး ပြောတော့ သူက ဘာလို့ ထိုးရမှာလဲ ကျမ ပိုက်ဆံတွေ ကုန်သွားမှာပေါ့ လို့ ပြန်ပြောလိုက်တယ်။ ရှေ့မှတ်တိုင်လည်းရောက်ရော အဲဒီ့လူ ပြန်ဆင်းသွားရော တစ်ကယ်တော့ ဘက်စ်ကားပေါ်ထိ ပါလာတဲ့ အဲဒီ့လူလည်း သူတို့ထဲက တစ်ယောက်ပါပဲ။

အဲဒီ့လို ဝိုင်းမျိုးကို အရင်က ခနခန တွေ့ဖူးပါတယ်။ ဝတ်လာတဲ့ ရွှေတွေပါ ထိုးခိုင်းလို့ နောက်ဆုံး ရွှေဆိုင်ကို ကားငှားသွားပြီး ရောင်းပြီး ပိုက်ဆံတောင်းတဲ့အထိ ဖြစ်ကုန်တာတွေ ကျွန်တော် မျက်မြင်ပါ။ အဲဒီ့တုန်းက အဲဒီ့မိန်းမကြီးတွေ လောဘကြီးလို့ ဖြစ်ကုန်တာ လို့ ထင်နေခဲ့တာ ဒါပေမယ့် တစ်ကယ်တော့ မူးရစ်ဆေးတွေ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေ သုံးထားမှန်း အခုနောက်ပိုင်းမှ သိလာရတာပါ။

သူတို့ရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေက ကွမ်းတောင်မှ မစားကြတာ ဆိုတော့ မူးရစ်ဆေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိလို့ လွယ်လွယ်လေးနဲ့ ခံလိုက်ရတာပါပဲ။ ဒီ ဓါတ်ပုံထဲက မိန်းမကြီး ဆို၇င် မင်္ဂလာဈေးမှာ ဈေးလာဝယ်တဲ့ ပုံပဲ။ သူထုတ်နေတဲ့ ပိုက်ဆံတွေက ငါးထောင်တန်တွေ ဆိုတော့ ကုန်ရောင်း ကုန်ဝယ်လုပ်တဲ့ ဈေးသည်တစ်ယောက်လို့ ထင်ရတယ်။ တော်တော်လေး သနားဖို့ ကောင်းပါတယ် သူ့ခဗျာ ပါသမျှ ကုန်တော့မှာ။

အခု ပုံမှာ မြင်ရတဲ့ ဝိုင်းကို ကျွန်တော်တွေ့တော့ ဒေါသလည်းထွက် အဲဒီ့မိန်းမကြီးကိုလည်း သနားနဲ့ ဘာလုပ်ရမှန်းလည်း မသိ ဖြစ်သွားတယ်။ အဲဒါနဲ့ ကျွန်တော့်ဖုန်းနဲ့ ဓါတ်ပုံရိုက်လိုက်တယ်။ ကျွန်တော့် လည်း ဓါတ်ပုံရိုက်ရော ဘေးနားက ကားစောင့်နေသလိုလို ရပ်နေတဲ့ ခပ်ဝဝ ကုလားတစ်ယောက် (လူပုံစံကို ပြောပြခြင်းသာ ဖြစ်သည်) က ဘာလို့ ရိုက်တာလဲ မရိုက်ပါနဲ့တဲ့။ ကျွန်တော့်က ဒီလူတွေ ယုတ်မာနေတာမို့လို့ ရိုက်တာလေ ရိုက်တော့ ဘာဖြစ်လို့လဲ လို့ ပြန်မေးလိုက်တယ်။ အဲဒီ့တော့ အဲဒီ့ လူက ဒါ ကျွန်တော့်ဝိုင်း မို့လို့ပါ မရိုက်ပါနဲ့ အင်တာနက်ပေါ်တင်မလို့လား ပိုဆိုးကုန်လိမ့်မယ် လို့ ပြောတယ်။ (ဒီလူ အင်တာနက်ဆိုတာတော့ သိသားပဲ အင်တာနက်ပေါ် ရောက်တဲ့သတင်းဆို လူတိုင်းသိကုန်လို့ လူကြီးတွေ အမိန့်ကြောင့် ရဲတွေက မဖြစ်မနေ ဖမ်းရတော့တာလေ) ကျွန်တော်က ကျွန်တော်လည်း ခံရဖူးလို့ ဓါတ်ပုံရိုက်တာ မင်္ဂလာတောင်ညွန့်မှာ ကျွန်တော် အမှုဖွင့်ထားတယ် လို့ ပြောလိုက်တော့ အဲဒီ့လူက ဒီ မင်္ဂလာတောင်ညွှန့် ရဲစခန်းမှာလား တဲ့ ပြန်မေးတယ် ရဲစခန်းရှိတဲ့ဘက် ကိုတောင် မေးငေါ့ပြလိုက်သေးတယ်။ (ရဲနဲ့ တော်တော်ပိုင်ပုံပဲ၊ သူတို့ လောင်းကစားလုပ်တဲ့ နေရာနဲ့ မင်္ဂလာတောင်ညွှန့် ရဲစခန်းကလည်း နီးနီးလေးပါ တစ်မှတ်တိုင် လောက်ပဲ ဝေးတာ)။ လူတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူဘူးလေ အကိုတွေ့ခဲ့တာ တစ်ခြားအဖွဲ့ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တို့က အလှည့်နဲ့ လုပ်ရတာ လို့ ပြန်ပြောတယ်။ အဲဒီ့တုန်းက အကိုပြောရင် ပိုက်ဆံပြန်ပေးမှာပေါ့ တဲ့။ (အလှည့်နဲ့ လုပ်ရတာဆိုတာဘာလဲ) ကျွန်တော် အဲဒီ့လူကို ဓါတ်ပုံရိုက်မလို စဉ်းစားသေးပေမယ့် သူနဲ့ကျွန်တော် မျက်နှာချင်းဆိုင် ပြောနေတာရယ် သူ့ဘေးက လူတွေရှိနေတာကြောင့် ကျွန်တော့်ကို ပြဿနာ ထပ်ရှာမှာ စိုးလို့ ရိုက်ဖို့ အဆင်မပြေတော့ဘူး။ သူနဲ့ စကားပြောတာတွေကိုလည်း အသံမဖမ်းဖြစ်လိုက်မိဘူး။

အခြေအနေက မကောင်းတော့ဘူး သူ့ဘေးနားက မိန်းမ တစ်ယောက်က ကစားဝိုင်းထဲက လူတစ်ယောက် ကို လက်တို့လိုက်လို့ ဝိုင်းထဲက လူတစ်ချို့ ကျွန်တော့် နားကို ကပ်လာတယ်။ ကျွန်တော့်ကို ဝိုင်းထားသလို ဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း လှည့်ထွက်လာခဲ့တာ ကျွန်တော့်နောက်ကို လူနှစ်ယောက် လိုက်လာတယ်။ မင်္ဂလာဈေးနား ဆိုတော့ လူတွေ အများကြီး ဖြစ်ပေမယ့် ကိုယ့်လုံခြုံရေးကို ကိုယ် စိတ်မချရတော့ဘူး။ ၁၉၉ ကို ဖုန်းခေါ်တယ် ဖုန်းမအားဘူး တီတီတီတီ ပဲ မြည်နေတယ်။ ထပ်ခေါ်တယ် ဒီတိုင်ပဲ ငါးခါလောက် ခေါ်ပြီးတော့ ၁၉၉ ကို ဆက်မခေါ်ပဲ လျောက်လာခဲ့တယ်။ ယုဇန ပလာဇာနား ရောက်တော့ ၁၉၉ ကို ဆက်ပြီး ဆက်တိုက် ခေါ်နေပေမယ့် ဘာမှ မထူးဘူး။ တစ်ကယ်လို့သာ အရေးပေါ် အခြေအနေဆို ဘယ်လိုလုပ်မလ ၁၉၉ က ဘယ်တော့မှ ဖုန်းအားမှာလဲ။ နိုင်ငံခြား ရုပ်ရှင်တွေထဲကလို အရေးပေါ်နံပါတ်ကို ဖုန်းဆက်လိုက်တာနဲ့ ရဲကားတစ်စီးနဲ့ ရဲအရာရှိနှစ်ယောက်လောက် ရောက်လာတဲ့ အခြေအနေမျိုး ဘယ်တော့များမှာ ရပါ့မလဲလို့ တွေးနေမိတယ်။

နောက်တော့ ဆုံးဖြတ်ချက် တစ်ခု အသေအချာ ချလိုက်တာကတော့ Taxi တစ်စီး ငှားပြီး တက်လိုက် တာပဲ။ အဲဒါက လောလောဆယ် ကိုယ့်အတွက် အသေချာဆုံး ထွက်ပေါက်ပါပဲ။ တစ်ကယ်လို့သာ သူတို့အဖွဲ့တွေက ကျွန်တော့်ကို ခါးပိုက်နှိုက်ပါ ဆိုပြီး ဝိုင်းအော်ပြီး ထိုးကြရင်ရော။ ဘေးပတ်ဝန်းကျင်က လူတွေကိုရော ဘယ်လောက် အားကိုးရမှာတဲ့လဲဗျာ။

မဂ်လာဈေးလို လူတွေ စည်ကားနေတဲ့ နေရာက ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ခုလို လောင်းကစားလုပ်ပြီး ဆေးတွေသုံးပြီး ပိုက်ဆံ အကုန်ကုန်တဲ့အထိ လိမ်ယူနေတာကို ရဲတွေ မသိဘူး ဆိုတာ ဘယ်လိုယုံကြည် ရမှာလဲဗျာ။ ဒါ ချဲရောင်းတာ ခိုးကူး သီချင်းခွေ ရောင်းတာထက် အများကြီး ဆိုးတဲ့ ဒုစရိုက်မှုကို လူလည်ခေါင်မှာ ကျူးလွန်လိုက်တာပါပဲ။ ဒါပေမယ့် သနားလိုက်တာ ဆိုတာထက် ပိုပြီး ဘယ်သူကမှ ဘာမှ မကူညီကြပါဘူး။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ မိန်းမကြီးတွေက လောဘတက်ပြီး ဝင်ထိုးတာ မဟုတ်သလို သူတို့သဘောနဲ့ သူတို့ ထိုးနေတာ မဟုတ်ပါဘူး။ မြွေတစ်ကောင် အမြိုခံရတဲ့ သားကောင် တစ်ကောင်လိုမျိုး ခံနေရတာပါ။

တစ်ကယ်လို့များ အဲဒီ့ မိန်းမကြီးက ဈေးဝယ်ဖို့ အိမ်ကထွက်သွားတဲ့ ကိုယ့်ရဲ့ အမေ ဆိုရင် ခု စာဖတ်နေတဲ့သူတွေ ဘယ်လို ခံစားရမလဲဗျာ။ ပါသမျှ ပိုက်ဆံတင် မဟုတ်ဘဲ ချွေးနည်းစာ စုစောင်းထားတဲ့ ရွှေတွေပါ အကုန်ကုန်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဆင်းရဲချို့တဲ့တဲ့ မိသားစုတစ်ခုက ကုန်စုံဆိုင် လေးအတွက် ပစ္စည်းလာဝယ်တာ ဆိုရင် အဲဒီ့လို ဖြစ်လို့ စိတ်ထိခိုက်ပြီး သတ်သေသွားရင်ရော။ မဖြစ်နိုင် ဘူးလို့ ပြောလို့မရပါဘူး။

အဲဒီ့လို ဖြစ်နေတာ မြင်ရင် ကျေးဇူးပြုပြီး လစ်လျူရှု မထားပါနဲ့။ နီးစပ်ရာ ရယက နဲ့ တစ်ခြား လူမှုအဖွဲ့ အစည်းတွေကို အကူအညီ တောင်းလိုက်ပါ။ သူတို့အဖွဲ့မှာ အနည်းဆုံး လူ ဆယ်ယောက်လောက် ပါတာ မို့လို့ လူအင်အား စုပြီးမှ တားပါ။ ဖမ်းနိုင်အောင် လုပ်ပါ။ သူတို့ရဲ့ သားကောင် ဖြစ်သွားတဲ့ သနားစရာ ကောင်းတဲ့ မိန်းမကြီးတွေ မိန်းကလေးတွေကို တတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားပေးကြပါ။ ဒီစာ ကိုလည်း ခရက်ဒစ်တွေ ဘာတွေ မလိုပါဘူး လူတိုင်း သိအောင် Share လုပ်ပေးကြပါခင်ဗျာ။ သတင်း ဂျာနယ်တွေမှာ အသိမိတ်ဆွေတွေရှိရင် ဒီသတင်းမျိုး ပါအောင် လုပ်ပေးကြပါ။

မင်းသန့်အောင် —


Credit : http://www.yeyintnge.com/2013/08/blog-post_7887.html#.UhGGcH8R8YI