Saturday, August 17, 2013

သင့် Facebook အကောင့် အခိုး ခံရတော့မယ်ဆိုရင်


Photo: သင့် Facebook အကောင့် အခိုးခံရတော့မယ်ဆိုရင်
Friday, August 16, 2013

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေးလာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။


Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
.
အောင်ခမ်း (TSJ team)

အေးချမ်းမွန် Credit To >TechSpace Journal < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေးလာပါ တယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများ အတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့် များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး

- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။

- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။

- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။

Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင် လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။

ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)
TechSpace Journal

MPC နှင့် UNFC တို့၏ လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ယခုလမကုန်မီ ထိုင်း၌တွေ့ကြမည်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ လုပ်ငန်းအထောက်အကူပြုအဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေးဂေဟာလုပ်ငန်းအထောက်အကူပြုအဖွဲ့တို့ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ထပ်မံ တွေ့ဆုံကြမည်ဟု UNFC နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းကပြောသည်။


“သူတို့ဘက်က (မြန်မာ့ငြိမ်းချမ်းရေးဂေဟာ) အကြောင်းကြားစာတော့ ရောက်ပြီ၊ ဒီကိစ္စကို ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးရင်တွေ့နိုင်မယ့်ရက်ကို အကြောင်းပြန်ဖို့ရှိတယ်” ဟု ပဒိုမန်းမန်းက မဇ္ဈိမကိုပြော သည်။

တွေ့ဆုံနိုင်ကြမည့် ရက်အတိအကျကို သြဂုတ်လ ၁၆ ရက်တွင် UNFC မှ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပရာ မြန်မာ့ငြိမ်းချမ်းရေးဂေဟာသို့ ပြန်လည်အတည်ပြုကာ အသိပေးသွားမည်ဟုဆိုသည်။

ယခုအပတ်ကျင်းပမည့် နှစ်ဖက်နည်းပညာ အထောက်အကူပြုအဖွဲ့များ တွေ့ဆုံပွဲအား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကိုယ်တိုင်တက်ရောက်မည်ဖြစ် ကြောင်း UNFC ဘက်မှ ထုတ်ဖော်ပြောကြားထားသည်။

သို့သော်လည်း တက်ရောက်ကြမည့် ကိုယ်စားလှယ်အတိအကျကို မိမိတို့ဘက်မှ သတ်မှတ်အတည်ပြုရ သေးခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးနှင့် ဖော်ဆောင်ရေး အဖွဲ့ညွှန်ကြား ရေးမှူး ဒေါက်တာမင်းဇော်ဦးမှ ပြောသည်။

ကျွန်တော်တို့အနေနဲ့ သွားတွေ့မယ့်ကိုယ်စားလှယ် အတိအကျဖွဲ့စည်း အတည်ပြုရသေးခြင်းတော့ မရှိ သေးပါဘူး။ ခန့်မှန်းချက်ကတော့ ဒီလကုန်လောက်တွေ့ဖို့ကတော့ သေချာသလောက်တော့ရှိတယ်” ဟု ဒေါက်တာမင်းဇော်ဦးက မဇ္ဈိမအားပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ နည်းပညာအထောက်အကူပြု အဖွဲ့မှအနေဖြင့် အစိုးရမှ ချမှတ်ထားသည့် မူဖြစ် သည့် ရှေ့ဆက်၍ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် အတွက် အင်အားစု အားလုံး ပါဝင်နိုင်ရေး (All Inclusive) ဖြစ်မည့်ချဉ်းကပ်မှုကို ရယူမည်ဖြစ်ကာ အဖွဲ့အစည်းအားလုံး၏ အသံများအား နားထောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးကဆိုပါသည်။

ယခုတွေ့ဆုံခြင်းသည့် UNFC ဘက်မှအင်အားစုတစ်ခုအဖြစ် တင်ပြချင်သည့်အကြောင်းအရာများကို သွားရောက် နားထောင်မည်ဖြစ်ကာ ဆွေးနွေးကြမည့် အကြောင်းအရာအသေးစိတ်ကို မချမှတ်ရသေး ကြောင်း ဆိုပါသည်။

UNFC ဘက်မှလည်း မည်သည့်အကြောင်း အရာများဆွေးနွေးမည်ကို အသေးစိတ်ချမှတ်ရသေးခြင်း မရှိသေးသော် လည်း ၎င်းတို့မှ တင်ပြရန်ရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြသွားရန်ရှိကြောင်း UNFC ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါမှ ပြောသည်။

“အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်နိုင်ရေး၊ သမ္မတကြီးကိုယ်တိုင်ပေါ့ဗျာ ပြောနေ တဲ့ အလုံးစုံသော အပစ်အခတ်ရပ်စဲရေး အဲဒါမျိုးတွေပေါ့ဗျာ ရှုပ်ထွေးမှုတွေရှိတယ်၊ အဲဒါတွေဆွေးနွေး ရမှာပေါ့” ဟု ဒေးဗစ်သာကပေါက မဇ္ဈိမအား ပြောသည်။

UNFC အနေဖြင့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် အစိုးရအားပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း တောင်းဆိုထားခဲ့ပြီး ၎င်းအားအကောင်အထည်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။

နောက်ပိုင်းများ၌ ယခုနှစ်ဇွန်လပိုင်းမှစ၍ နေပြည်တော်၌ ကျင်းပမည့်တစ်ပြည်လုံးအတိုင်းအတာ အပစ် အခတ် ရပ်စဲရေးကို ခေါ်ယူကျင်းပသွားရန်ရှိကြောင်း သမ္မတဦးသိန်းစိန်မှ ထုတ်ပြန်ပြောကြားခဲ့ ပါသည်။

သို့သော်လည်း ၎င်းအစီအစဉ်သည် တိုင်းရင်းသားများဘက်မှ မိမိတို့မှရပ်ရမည်လား၊ မိမိတို့အား လာရောက် တိုက်ခိုက်နေသည့် တပ်မတော်တပ်မှ ရပ်ရမည်လားစသည့် နှစ်ဖက်မတင်မကျ ဖြစ်နေသည့် သဘောထား ဖွင့်ဆိုချက် ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေးဗစ်သာကပေါကပြောသည်။

ယခင်ပထမအကြိမ် တွေ့ဆုံစဉ်ကတည်းကပင် ဖွဲ့စည်းထားပြီးဖြစ်သည့် UNFC ၏နည်းပညာအထောက် အကူပြု အဖွဲ့တွင် အဖွဲ့ဝင်ငါးဦးပါဝင်ကာ အဖွဲ့ခေါင်းဆောင်မှာ UNFC အတွင်းရေးမှူး (၂) ပဒိုမန်းမန်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်တွင် နှစ်ဖက်နည်းပညာအထောက်အကူပြုအဖွဲ့များ ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အကြိုညှိနှိုင်းပွဲတစ်ရပ် ကျင်းပနိုင်ခဲ့ပြီး ယခုထပ်မံတွေ့ဆုံနိုင်ကြရန် သဘောတူ နိုင်ခဲ့ကြခြင်းဖြစ်သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13279-mpc--unfc----.html

မြန်မာပြည်တွင်ရောင်းချမည့် Telenor ဆင်း(မ်)ကဒ်များတွင် ၀ယ်ယူစဉ်က တည်းက တစ်နာရီထက်မနည်းဖုန်းပြော နိုင်သော ငွေလက် ကျန်ပါရှိမည်



နော်ဝေနိုင်ငံ အစိုးရ၏ ရှယ်ယာ ထက်ဝက်ကျော် ပါဝင်သော Telenor ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆ဝ ကို ကိုယ်စီကိုယ်ငှ ဖုန်းအသုံးပြု နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေ သကဲ့သို့ စထုတ်မည့် ငွေဖြည့်ကတ်များတွင် တစ်နာရီစာထက် မနည်း အခမဲ့ပြောဆို နိုင်အောင် စီစဉ်နေပြီး


အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာပြည်သူ အားလုံးကို မိုဘိုင်းလ်ဖုန်း ပြောနိုင်သူ များ ဖြစ်စေရန် ဆောင်ရွက် ပေးသွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ Telenor ၏ CEO Mr. Petter Furberg က ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဇွန် ၂၇ ရက်က ချပေးခဲ့ပြီးနောက် နော်ဝေ ကုမ္ပဏီနှင့် ကာတာ ကုမ္ပဏီတို့ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့ပြီး နော်ဝေကုမ္ပဏီက ဒုတိယ အကြိမ်အဖြစ် သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ အတိအလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ် အောက်နှုန်း ဖြင့်သာ ကောက်ခံ သွားမည် ဟုဆိုခဲ့သော အဆိုပါ ကုမ္ပဏီမှာ ယခုဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် တစ်မိနစ် ၂၅ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး ငွေဖြည့်ကတ် ဝယ်ယူ သူများကို တစ်နာရီစာ ထက်မနည်း အခမဲ့ ဖုန်းပြော ဆိုနိုင်ရန် ဆောင်ရွက် သွားမည့် အပြင် Telenor ဝန်ထမ်း အလုပ်သမား ၃ဝဝဝ ကိုလည်း ဘင်နာရေး ကုမ္ပဏီနှင့် ပေါင်းစပ်ခေါ်ယူ၍ လုပ်ငန်းခွင် ကျွမ်းကျင် သင်တန်းများကို ပြည်တွင်းနှင့် ပြည်ပ နိုင်ငံများသို့ သွားရောက် သင်ယူစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအ တွက် အလုပ်အကိုင်ခန့် ထားပေးမည့် အရာရှိ Ms.Kaewsrin- garm က အတည်ပြု ပြောကြားခဲ့သည်။

Telenor ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် လုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်း ဈေးကွက် ရရှိ ထားသော ကုမ္ပဏီများနှင့် MOU ရေးထိုး ထားပြီး နည်းပညာအရ စိတ်ချရသော ကုမ္ပဏီ များဖြင့်သာ လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

Telenor ကုမ္ပဏီ၏ ရှယ်ယာအများစု ကိုပိုင်ဆိုင်သော ထိုင်းနိုင်ငံ အခြေစိုက် dtac ကုမ္ပဏီတွင် ဝန်ထမ်း အင်အား ၅ဝဝဝ ခန့်ထားပြီး မြန်မာနိုင်ငံအတွက် ဝန်ထမ်း ၃ဝဝဝ ကို သြဂုတ် ၁၃ ရက်မှ စတင်၍ အလုပ် လျှောက်ထားနိုင် ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Telenor ကိုပြည်သူတိုင်း အသုံးပြုနိုင်ရန် အတွက် ပြည်သူ့ရေးရာ ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်နည်း ပညာများကိုလည်း ဝန်ထမ်းများအပြင် ပြင်ပမှ တက် ရောက်ချင်သူများကိုပါ တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းလစာ ပေးချေမှုများကို ဒေါ်လာအတက် အကျကြောင့် နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာကျပ်ငွေ ဖြင့်သာ ခန့်ထားပေးချေ သွားမည်ဖြစ်ပြီး လစာပေးချေမှု အပေါ် မကျေနပ် မှုများ မဖြစ်ပေါ်စေရန် နိုင်ငံ တကာ စံနှုန်းများထက် မနည်းစေရန် ပေးချေသွားမည် ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်း ခန့်ထားရာတွင် ပြည်ပတွင် ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာချင်သူ ကျွမ်းကျင်သူများကို အဓိက ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

ဖုန်းကတ် အလကားရမယ့်ခေတ် လာမယ် ... သို့သော် ကြာအုံးမယ်



August 16, 2013

လာမယ့်နှစ် ဆိုရင် လက်ကိုင်ဖုန်းထဲ ထည့်မယ့် ဆင်ကတ်တခု ၀ယ်ရဖို့အတွက် တန်းစီစရာ လို တော့မှာ မဟုတ်ဘူး လို့ အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ဒီကနေ့ ရန်ကုန်မြို့မှာ ပြောလိုက်ပါ တယ်။


ကိုယ့်ရပ်ရွာထဲက ကုန်စုံဆိုင်လို နေရာမျိုးတွေမှာ လွယ်လွယ်ကူကူ ၀ယ်နိုင်တော့မှာပါ လို့ အော်ရီဒူးမြန်မာရဲ့ အကြီးတန်းအရာရှိ ရော့စ်ကော်မက်က ရန်ကုန်မှာလုပ်တဲ့ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မိုဘိုင်းဖုန်းဈေးကွက် လက်ဝါးကြီးအုပ်မှုကို အစိုးရက လုံးဝ ဖြေလျှော့ပေးလိုက်ရင်တော့ သူပြောသလိုပဲ ... ကုန်ခြောက်ဆိုင်တွေမှာ ၀ယ်နိုင်ကြမှာပေါ့။ အခုတော့ မှောင်ခိုဈေးကွက်မှာ ထောင့်ငါးရာတန်ဖုန်း (G) တကတ်ကို တသိန်းခွဲနီးပါး ပေးဝယ်နေကြရတာပါ။ အစိုးရကလည်း မှောင်ခိုဈေးကွက် ပေါ်လာမှာ ကြိုပြီး ခန့်မှန်းမိမှာပါ။ (ဒီဈေးကွက်ကို အစိုးရဖန်တီးတယ်လို့ ရေးချင်ပါတယ်။ သို့သော်လည်း တရားစွဲခံရမှာစိုးလို့ တည့် မရေးတော့ပါဘူး)

တင်ဒါအောင်တဲ့ ကုမ္ပဏီ ၂ ခု ~

မြန်မာနိုင်ငံရဲ့ မိုဘိုင်း တယ်လီဖုန်းဈေးကွက်ကြီးမှာ ၀င်ရောက်လုပ်ကိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို သိပ်မကြာသေးခင်က ပြုလုပ်ရာမှာ အော်ရီဒူး၊ တယ်လီနောတို့ တင်ဒါ အောင်မြင်ပါတယ်။

တင်ဒါ တင်သွင်းတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီ ၉ဝ ဝန်းကျင်ထဲကမှာ သူတို့ ၂ ခု မဲပေါက်ခဲ့တာပါ။

တင်ဒါအောင်ပေမယ့်လည်း လိုင်စင် ချမပေးသေးပါဘူး။ လိုင်စင်က ဒီနှစ်မကုန်ချင် ကျလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒီနှစ်ကုန်ပိုင်း လုပ်ပိုင်ခွင့် ပြည့်ပြည့်၀၀ ရတဲ့အခါကျရင် အခုထက်ပိုပြီး လုပ်ကိုင်နိုင်ပါလိမ့်မယ်။

မိုဘိုင်းဖုန်းဈေးကွက်မှာ ကုမ္ပဏီ ၄ ခု ရှိလာမယ် ~

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို လိုင်စင်တခု၊ ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးရင် လိုင်စင်တခု ချပေးမယ်လို့ အစိုးရက ဆိုပါတယ်။

ဒါကြောင့် ရှေ့နှစ်ထဲမှာ မိုဘိုင်းဖုန်းဆက်သွယ်ရေး မဟာဈေးကွက်ကြီးထဲ အပြိုင်ကြဲကြမယ့် ၄ ခုက

- အော်ရီဒူးမြန်မာ

- တယ်လီနောမြန်မာ

- MPT နဲ့ အခွင့်ထူးခံ MEC

- ရတနာပုံ တယ်လီပို့

တို့ ဖြစ်ပါလိမ့်မယ်။

ပြည်တွင်းကုမ္ပဏီ ၂ ခု နဲ့ ပြည်ပကုမ္ပဏီ ၂ ခုတို့ရဲ့ ပြိုင်ပွဲကြီးပေါ့။ အခု ဖုန်းကတ်တခုကို ကျပ် ရှစ်သောင်း၊ တသိန်းလေးသောင်း၊ နှစ်သိန်းကျော် စသဖြင့် ဈေးအသီးသီး ရှိပေမယ့် ပြိုင်ပွဲ တာလွှတ်မယ်လို့ ယူဆရတဲ့ ရှေ့နှစ်ဆန်းပိုင်းမှာတော့ ဈေးက ၁,၅၀၀ လောက်ပဲ ပေးရတော့မယ်လို့ ထင်ပါတယ်။

(အခုလည်း အဲဒီဈေးပါပဲ။ သို့သော်လည်း ကံစမ်းမဲလိုလို လောင်းကစားလုပ်ငန်းလိုလိုတွေကြောင့် ဈေးက မှောင်ခိုဈေးဖြစ်ပြီး ကျပ် သောင်းဂဏန်း သိန်းဂဏန်း ဖြစ်နေတာပါ)

ဒီကနေ့ အော်ရီဒူးမြန်မာရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကတ်ဈေး ဘယ်လောက်အထိဖြစ်မယ်ဆိုတာကို တိတိကျကျ ပြောမသွားပါ။ အချိန်တန်ရင် တရားဝင်ကြေညာမယ်၊ အံ့အားသင့် ၀မ်းသာသွားမယ့် ဈေးနှုန်း ဖြစ်လိမ့်မယ်လို့ပဲ ပြောပါတယ်။

ဖုန်းကတ် အလကားပေးခြင်း ~

မိုဘိုင်းဖုန်းဈေးကွက်လက်ဝါးကြီးအုပ်မှုမရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ သူတို့နိုင်ငံတွင်း ဆက်နိုင်တဲ့ ဆင်ကတ်တခုဈေးက ကျပ် နှစ်ထောင်လောက်ပါပဲ။ ကြိုက်သလောက် ကောက်ယူ ဆိုပြီး ပုံထား တာနဲ့လည်း ဘန်ကောက်ရောက်ရင် ကြုံရပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကုမ္ပဏီ တခုက ဆင်ကတ် အခမဲ့ပေးတဲ့ သတင်းကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ လင့်က http://blog.irrawaddy.org/2012/07/blog-post_3331.html ဖြစ်ပါတယ်။

ဘာကြောင့် ကျပ်နှစ်ထောင်နဲ့ ရောင်းသလဲ၊ ဘာကြောင့် ဆင်ကတ် အလကား ပေးနေရသလဲ ဆိုတာကို သိပ်မကြာခင် ရေးပါအုံးမယ်။

http://blog.irrawaddy.org/2013/08/blog-post_451.html

နိုင်ငံရေးလုပ်စားသူတောင်းစား ဘ၀ခံယူကြသူများ



၁၉၈၈ခုနှစ်အရေးအခင်း နောက်ပိုင်း မြန်မာနိုင်ငံ ကနေ ပြည်ပနိုင်ငံအသီးသီးကိုထွက်ခွာ လာကြသူ တွေထဲမှာမိုးသီးဇွန် ကဲ့သို့ သောဖောရှောပေသီး များသာ ချုပ်ကိုင်ချယ်လှယ် လွှမ်းမိုးထားပြီး ရိုးသား ဖြူစင်သူတို့  ဘေးရောက်ကြရသည်။ ထိုကဲ့သို့ လူလည်တို့ကား နိုင်ငံတော်ရဲ့အစိုးရကို တော်လှန် ရေး၊ ဒီမိုကရေစီရေးစတာတွေကို ခုတုံးလုပ်ပြီး ပြည်ပမှာ အနှစ် ၂၀ ကျော်နေထိုင်ပြီးနိုင်ငံတော်ကို ခုတုံးလုပ်ပြီးရထားသည်များကိုစုဆောင်း၊ အခု နောက်ပိုင်းကာလများတွင် နိုင်ငံတော်အစိုးရမှာလဲ နိုင်ငံတကာ၏ ထောက်ခံအားပေးမှုရရှိ နေပြီဖြစ်သည့်အတွက် ထိုနိုင်ငံရေးလုပ်စားသူတို့ စားပေါက် မချောင်မှန်းသိသဖြင့် သိက္ခာ မဲ့စွာဖြင့် ပြည်တော်ပြန်ဝင်ခဲ့ရသည်။


အဲ့ဒီလို သိက္ခာမဲ့စွာဖြင့် ပြန်ဝင်လာတာတောင်ပြည် တွင်းရောက်တော့ မြန်မာပြည်သူလူထုကို သနားစဖွယ် အထင်သေးအမြင်သေး သဘော ထားကာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင် များသဖွယ် ဟိတ်ဟန်ထုတ် တတ်ကြပြန်သည်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး မူယာမာယာများတတ်တဲ့ ရောဂါက သူတို့ တွေရဲ့  အရိုးထဲ ထိအောင်စွဲနေတဲ့ရောဂါလို့ ပဲ သတ်မှတ်ရပါမယ်။

သေချာတာတစ်ခုကတော့ မျိုးစေ့မမှန်၍ အပင်မသန်ခြင်းဟု ဆိုရပေလိမ့်မည်။မိမိနိုင်ငံကို ခုတုံးလုပ်ပြီး တောင်းစားလာသောထိုနိုင်ငံရေးလုပ်စားများကိုဟိုးအရင်ကပြည်သူလူထုမှလဲ သေချာစွာမသိရှိရသဖြင့် နိုင်ငံရေးလုပ်စားများကို အထင်ကြီးခဲ့ကြသည်။အဲ့ဒီလိုကောင်မျိုးတွေ အခုအချိန်မှာနိုင်ငံတွင်းကို ပြန်ဝင်လာတာ နိုင်ငံအတွက်ကော၊ ပြည်သူ့ အတွက်ပါ မည်သို့ မှ အရေးပါမည်၊ အသုံးဝင်မည် မဟုတ်ပေ။ ယခုသမ္မတကြီးဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀က အမေရိကန်ခရီးစဉ်တွင် သူရဲကောင်းကြီးသဖွယ် ရှေ့ ဆုံးကနေဦးဆောင်ဆန္ဒပြပြီး ဖိနပ်နဲ့  ပေါက်ခဲ့တာ ဘယ်သူလဲ....? မိုးသီးဇွန်တို့ သူတောင်းစား အရှိန် ကောင်းနေစဉ်အခါက ပုံရိပ်တွေပေါ့။

နိုင်ငံရေးလုပ်စားများထဲတွင် မိုးသီးဇွန်ကဲ့သို့ မျက်နှာပြောင်တိုက်နိုင်ငံရေး လုပ်စားမတွေ့ဖူးသေးပေ။ ဒါပေမယ့် အားလုံးကတော့အတူတူတွေချည်းပါပဲ။ အာကျယ်တာနဲ့  မကျယ်တာပဲကွာပါတယ်။ အရင်အချိန် များစွာက နိုင်ငံရေးလုပ်စားသမားဒုက္ခသည် မိုးသီးဇွန် တစ်ယောက် ယခုအချိန်တွင် နိုင်ငံ အတွင်းပြန်ဝင်လာပြီး ရွေးကောက်ပွဲတောင်ဝင်ပြိုင်မယ် လုပ်နေလေရဲ့။ စဉ်းတော့စဉ်းစားစရာ။

ပြည်ပနိုင်ငံရေးမှာ ထိုသူတွေပင် အသံအကျယ်ဆုံး၊ ပွဲအဆူဆုံးလုပ်သူတွေဖြစ်ကြသည်။ ခုချိန်မှာ အရှက် သိက္ခာအမဲ့ဆုံး ခေါင်းလျှိုဝင်တာလည်း သူတို့ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏အမြင့်မြတ် ဆုံးဖြစ်သော နိုင်ငံတော်အလံကို မီးရှို့ ခြင်း၊ သူတို့ကိုယ်တိုင်ချနင်းပစ်လိုက်ခြင်းများပြုလုပ်သည် မှာလဲထိုသူများပင်။ အတုယူဖွယ် ကောင်းလေစွ။ မိမိတို့ စားပေါက်ချောင်ရေးအတွက် အတိုက် အခံမျိုးစုံလုပ်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် လူအများအထင်အမြင်သေးခံရအောင် လုပ်ခဲ့ကြသည်မှာလဲ နိုင်ငံရေးလုပ်စား များပင် ဖြစ်သည်။

အစိုးရအနေဖြင့်အမျိုးသားရင်ကြားစေ့ရေးအတွက် အယူအဆမတူသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း ဖိတ်ခေါ်တာကို ကြိုဆိုပါသည်။ သို့ရာတွင် ပြည်သူ့အရေးဘန်းပြပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်သူ လူလည်တစုနှင့် ပေါင်းစည်းရေးလုပ်နေတာကိုတော့ ဘယ်လိုမှဘဝင်မကျနိုင်ပါ။ ဒီလူတွေနိုင်ငံခြားမှာ နိုင်ငံရေးကိုဘယ်လိုတွေလုပ်ပြီး တောင်းစားနေကြသလဲဆိုတာကိုလဲ ၁၀စုနှစ်တစ်ခုကျော်ကြာ ကိုယ်တွေ့ ကြုံခဲ့ဖူးပါသည်။

သူတို့အဖို့ ရွေးစရာလမ်းက များများမရှိတော့ပြီ။ သိက္ခာရှိရှိအရေးဆိုဖို့လည်း မတတ်နိုင်တော့ပြီ။ တဘက် အင်အားစုက သူတို့ကိုတန်းတူအရာမသွင်း။ တဦးချင်း ခေါင်းလျှိုဝင်ခွင့်လေးသာ ဖွင့်ပေးထားသည်။ သူတို့ ဘာလုပ်ကြမည်နည်း။ တကယ်မေးသင့်သည့်သည်မှာ သူတို့ဘာလုပ် ခဲ့ကြသနည်း။ သူတို့နှင့်တန်သော နေရာကို ရွေးချယ်ကြရုံမှတပါး ဘာမျှမတတ်နိုင်ကြတော့ပါ။

ဓါတ်ပုံ - ယခင်အချိန်က နိုင်ငံရေးလုပ်စားအချို့ ၏ ပုံ

From: စိုးမင်း(ဘန်ကောက်)
OE

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား အိတ်ဖွင့်ပေးစာ ပေးအပ်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အား ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့မှ အိပ်ဖွင့်ပေးစာတစ်ဆောင်ကို ရှမ်းမျိုးနွယ်စုများကိုယ်တိုင် လက်ထပ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် -


မစ္စတာ ကင်တာနား-ခင်မျာ

ကျန်တော်တို့ ရှမ်းမျိုးနွယ်စုများသည် လူဦးရေအားဖြင့် အများစုဖြစ်သော်လည်း ကျတော်တို့သည် အခြားသော မျိုးနွယ်စုများနှင့် ပြဿနာကြီးငယ်ဖြစ်စေနိုင်သော အပြုအမူများ ပြုခဲ့သူများ မဟုတ်ပါ။

ဤကချင်ပြည်နယ်တွင်လည်း ရှမ်းလူမျိုးများသည် ပြည်နယ်လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိကာ မြေပြန့်ဒေသ များ၊ ကျေးရွာများတွင် နေထိုင်နေကြပါသည်။ ကျန်တော်တို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေး ဖြစ်ပါသည်။ ဖေါ်ပြပါအတိုင်း ကျန်တော်တို့ ရှမ်းလူမျိုးများသည် အခြားသော မျိုးနွယ် စုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခဲ့ကြသည်။ ရာစုနှစ်ချီကြာပြီး ၂၀၁၁-ခုနှစ် ဂျွန်လအထိ ပင် ဖြစ်ပါသည်။ ၂၀၁၁-ခုနှစ်၊ ဂျွန်လတွင် KIAနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများဖြစ်ပေါ်လာ ပြီးနောက် ပိုင်း ကလေး လူကြီး လူရွယ်မကျန်၊ အိုးပစ်၊ အိမ်ပစ်နှင့် ပိုင်ဆိုင်သော ပစ္စည်းပါမကျန် ကျေးရွာများမှ မြို့ကြီး များသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါသည်။ ပိုမိုလုံခြုံ စိတ်ချရသည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

ဤအချိန်အခါမှ စ၍ စစ်ရှောင်ရှမ်းလူမျိုးများသည် စစ်ပွဲရှည်ကြာလာသည်နှင့်အမျှ IDP Camp စစ်ရှောင် စခန်းများတွင် လာရောက်ခိုလုံ နေထိုင်ကြရပြီး လူမှုဒုက္ခမျိုးစုံကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစားနေကြရ ပါသည်။

မြို့အနီးအနားရှိ IDP Camp အများစုသည်လည်း တစ်ဝက်ကျော်လောက်မှာ ရှမ်းလူမျိုးများ နေထိုင် ခိုလုံ လျက်ရှိကြပါသည်။ သက်ဆိုင်ရာ လူကြီးများ နိုင်ငံခြားသား အလှူရှင်များ လာရောက်သောအခါတွင်လည်း မည်မျှပင် ဒုက္ခပင်လယ်ဝေ ခံစားနေကြရသည့်တိုင် ၄င်းတို့ထံမှ တောင်းဆိုသံများ၊ ညီးညူသံများ တစ်ခွန်း တစ်ပါဒမှ မကြားရပါ။ ၄င်းတို့ထံမှ ကျေးဇူးတင် ဆုတောင်းမေတ္တာပို့သံ ကျန်းမာစေကြောင်း မေတ္တာပို့သံ များသာ ကြားရမည်ဖြစ်သည်။

မစ္စတာ ကင်တားနားခင်မျာ -

ကျန်တော်တို့ ရှမ်းမျိုးနွယ်စုများသည် အထွေအထူးမတောင်းဆိုလိုသော်လည်း ကျန်တော်တို့သည် ငြိမ်းချမ်း စွာ ကိုယ့်နေရပ် ကိုယ့်အိမ် ကိုယ့်ယာများ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် ကူညီဆောင်ရွက်ပေးပါ ရန်နှင့် ဂုဏ်သိက္ခာရှိစွာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် နေရပ်ပြန်နိုင်ရန် လေးစားစွာ တောင်းဆှိုဆန္ဒပြုပါသည် ခင်ဗျာ။ ကျန်တော်တို့သည် နိုင်ငံရေး ပဋိပက္ခစသည်တို့ကို မနှစ်သက်ပါ၊ ငြိမ်းချမ်းသာယာသော အခြေ အနေ ကို မထိပါးသ၍ ကျန်တော်တို့ ရှမ်းလူမျိုးများ ကျေနပ်နှစ်သိမ့်နေကြမည်သာ ဖြစ်ပါသည်။ ဂုဏ်သိက္ခာ ရှိစွာ နေထိုင်နိုင်ရေးနှင့် တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်များ ရကာ အေးချမ်းစွာ နေထိုင်ရေး ပင်ဖြစ် ပါသည် လို့ အဓိပ္ပါယ်ရသည့်စာဖြင့် ပေးပို့ ရေးသားဖေါ်ပြထားပါတယ်။

KDN

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ် လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသား ကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

“ထက်ထက်မိုးဦး ပါးရိုက်တဲ့ အမှုမှာ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ပဲ ဆောင်ခဲ့ရကတည်းက ဥပဒေမှာပါတဲ့ ဒဏ်ငွေတွေကို ပြန်ပြင်သင့်နေတာ။ ဒီလိုဒဏ်ငွေမျိုးနဲ့ ရိုက်မှတော့ ဘယ်တရားခံကမှ နောင်ကြဉ်မှာ မဟုတ်ဘူး။ ရှေ့နေချုပ်တွေအနေနဲ ဒီလို့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဒဏ်ငွေတွေကို ပြင်သင့်တာ ကြာနေပါပြီ” ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ဟိုးက The Voice သို့ ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်ဖြင့် စီးနင်းလိုက်ပါလာသူ အသက် ၃၀ နှစ်အရွယ် ဦးကျော်ဝင်းစိန်က လေယာဉ်ပေါ်တွင် အမှုထမ်း အမျိုးသမီးနှစ်ဦးထံ ဝိုင်အရက်မှာယူရာ အရက်မူးနေသဖြင့် မပေးနိုင်သည်ကို ရန်ပြုကာ စီးနင်းလာသည့် ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဆိုပါ အမျိုးသားကို မူးယစ်ရမ်းကား နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း ရန်ကုန်လေဆိပ် အထူးတာဝန်တပ်ဖွဲ့ခွဲမှ ရဲအုပ်နေယုက The Voice သို့ ပြောကြားသည်။

“လေယာဉ်မယ်တွေက ဝိုင်နဲ့ဧည့်ခံနေတဲ့ အချိန်မှာ ဝိုင်ထပ်တောင်းတာကို မပေးလို့ ထိုင်ခုံကို လက်သီးနဲ့ ထိုးတယ်။ မပေးဘူးဆိုတာကလည်း သူအရမ်းမူးနေလို့ပါ။ သူ့ကို လေယာဉ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး လေယာဉ်မြေပြင် ဆင်းခါနီးမှာ ခါးပတ်ပတ်ဖို့ ပြောတာကို မလိုက်နာဘူး။ ဒါကြောင့် ခရီးသွားတွေကို စိတ် အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် အရေးယူရတာပါ” ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး အောင်စိုးထွန်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် မကွေးလမ်း နေထိုင်သူ ဦးကျော်ဝင်းစိန်သည် စင်ကာပူနိုင်ငံရှိ PSA ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံသို့ သူငယ်ချင်းနှစ်ဦးနှင့် အတူ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly