Friday, August 16, 2013

တောင်ကြီးမြို့ တွင် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနားကျင်းပ



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အောင် မင်္ဂလာ ပရိယတ္တိဘုန်းတော်ကြီးကျောင်းတွင် အစ္စလာမ် ဘာသာဝင်ငါးဦးကိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရ သည်။


တောင်ကြီးမြို့ စ၀်စံထွန်းရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ အဆိုပါဘုန်းတော်ကြီး ကျောင်း တွင် ကျောင်းထိုင်ဆ၇ာတော် ဦးရေ၀တ ဦးစီးပြီး ရပ်စောက်မြို့မှ အစ္စလာမ်ဘာသာ ၀င်များဖြစ် ကြသည့် ဒေါ်တင်အေး၊ဒေါ်ခင်မာအေး၊ဒေါ်ခင်မာထွေး၊ဒေါ်မို့ မို့ အေး၊ဦးဇော်ဝင်း(ခ) ဦးဇော်ဝင်းမောင်တို့ ငါးဦးကို တောင်ကြီးမြို့ ရှိထေရ်ကြီး၊၀ါကြီးဆရာတော်ကြီးများနှင့် မြို့ နယ်သံဃာ့နာယကအဖွဲ့၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်၇ှိသူများရှေ့မှောက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းနှင့်ဗုဒ္ဓဘာသာကို ခံယူကြောင်း ကို အတိအလင်းကြေငြာသည့် အခမ်းအနားကို ပြုလုပ်ခဲ့ သည်။

"ကျွန်တော့်ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။ အရင်ကအနှိမ်ခံခဲ့ရတာတွေ အခုရဲရဲတင်းတင်း ထိုင်ရဲပါပြီ။ အရင် ကတည်းက ဒီဘာသာကို ၀င်ချင်နေတာပါ"ဟုဦးဇော်ဝင်းမောင်က ပြောသည်။

ကျောင်းထိုင်ဆရာတော်ဦးရေ၀တက "ဒီပွဲလေးလုပ်ဖြစ်တာက ကိုယ့် ဘာသာကိုယုံကြည်ပြီး ၀င်လာတဲ့သူ တွေကိုသူတို့ ဘ၀လုံခြုံမှုရှိအောင်ပြုလုပ်ပေးရ တာပါ"ဟုဆိုသည်။

အဆိုပါအခမ်းအနားသို့ တောင်ကြီးမြို့နေ ပရိသတ်၆၀၀ကျော်တက် ရောက်ခဲ့ပြီး ယခုဗုဒ္ဓဘာသာသို့ ပြောင်း လဲလာသည် မိသားစုတွင်မိသားစုဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်းခဲ့သူများမှာ မိခင်နှင့် သားတစ်ဦး၊ သမီး သုံးဦးတို့ ဖြစ်ကြောင်းသိရသည်။

ယင်းတို့ အား ဗုဒ္ဓဘာသာဝင်အဖြစ်အသိအမှတ်ပြုလက်မှတ်များကို မြို့နယ်သံဃာ့နာယကအဖွဲ့က ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

YMG

ပြည်ပမှ မော်တော်ယာဉ် အရောင်းပြခန်းများကို ကန့်သတ်မထားဘဲ စည်းကမ်းနှင့် ညီလျှင် ခွင့်ပြုသွားမည်



ပြည်ပမှ မော်တော်ယာဉ် အရောင်းပြခန်းများကို ပြည်တွင်း၌ တရားဝင် ခွင့်ပြုရာ၌ ကုမ္ပဏီ အရေ အတွက် ကန့်သတ်မထားဘဲ စည်းကမ်းချက်နှင့် ကိုက်ညီသည့် လုပ်ငန်းတိုင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်ရေးရုံးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ၂-၈-၂၀၁၃ ရက်တွင် ပြောသည်။


'' ဒီမှာ လက်ရှိ ဖွင့်ထားတဲ့ ကားအရောင်းပြခန်း တွေက ပြည်ပကမှာယူ တင်သွင်း ပြီး ရောင်းတာ တွေ၊ အခု ဖွင့်ခွင့်ပြုဖို့ လုပ်နေတာကတော့ ပြည်ပကကားကုမ္ပဏီ တွေကို ဒီမှာ ကိုယ်စားလှယ် ယူပြီး တိုက်ရိုက်ရောင်းနိုင်ဖို့ပါ။လုံးဝ Brand New အသစ်တွေကို ၀ယ်တဲ့သူ နာမည်ပေါက်ရတဲ့ အထိ ရောင်းချပေးနိုင်ဖို့ စီစဉ်နေပါတယ်။ 

ပြည်ပ ကားကုမ္ပဏီတွေကို ဘယ်နှခု ဖွင့်ခွင့်ပြုမယ်။ဘာမှ ကန့်သတ်ထားတာကတော့ မရှိပါဘူး။ စည်းကမ်း ချက်၊ ကိုက်ညီတဲ့ ကုမ္ပဏီတိုင်းကို ဖွင့်ခွင့်ပြုသွားမှာပါ '' ဟု ယင်းက ပြောသည်။ ထို့ပြင် လတ်တလော၌ ထွက်ပေါ်နေသည့် ကားတင်သွင်းခွင့်နှင့် ပတ်သက်သော မူဝါဒများ ပြောင်းလဲရန် ရှိသည် ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ ၂၀၁၁ခုနှစ် စက်တင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံနိုင်သည် ဆိုသော ကြော်ငြာနှင့် ထည့်သွင်း ဖော်ပြထားသကဲ့သို့ကားများကို ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့်ဝယ်ယူနိုင်သည်အထိ ဆောင်ရွက်စရာရှိသည်များကို အဆင်သင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကားတင်သွင်းခြင်းနှင့် ပတ်သက်သည့် မူဝါဒများ ပြောင်းလဲရန် မရှိကြောင်း သိရသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_9871.html

အမေရိကန်နိုင်ငံလုပ် လမ်းသန့်ရှင်းရေး မော်တော်ယာဉ်နှစ်စီး ရန်ကုန်မြို့ တွင် ပထမဆုံး အသုံးပြုသွားမည်



ရန်ကုန်မြို့တွင်းရှိ အများပြည်သူ အသုံးပြု သွားလာ နေသည့် လမ်းများ၏ သန့်ရှင်းရေးအတွက် အမေရိကန်နိုင်ငံလုပ် လမ်းသန့်ရှင်းရေး မော်တော် ယာဉ် နှစ်စီးကို ပထမဆုံး အသုံးပြုသွားမည် ဖြစ် ကြောင်း ရန်ကုန်မြို့တာ် စည်ပင်သာယာရေး ကော် မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြော ကြား ခဲ့သည်။


''အရင်ကတော့ သန့်ရှင်းရေး ၀န်ထမ်းတွေက လမ်းပေါ် မှာရှိတဲ့ သဲတွေ၊ ဖုံတွေကို သန့်ရှင်းရေးအတွက် ညဘက်ဆိုရင် လမ်းတွေကို ရေကားနဲ့လာပြီး ရေဆေးတာတွေ လုပ်ရတယ်။ အခုက ဆောက်လုပ်ရေး လုပ်ငန်းတွေက များလာတယ်။ လမ်းပေါ် မြေကြီး သယ်ကားတွေ ထွက်လာတော့ လမ်းပေါ်မှာ မြေကြီးခဲတွေ ကျတာကို ဆေးကြောရပါတယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်တဲ့လူတွေလည်း အဆင်ပြေအောင် ဒီမော်တော်ကားတွေကို ၀ယ်ယူလိုက်တာဖြစ် တယ်။ 

ဒီကားမှာ ရေတိုင်ကီ ပါတော့ သန့်ရှင်းရေး လမ်းတောက်လျှောက်ကို ရေဖြန်းပြီးတော့ လမ်းသန့်ရှင်းရေး လုပ်ငန်း လုပ်ပေးနိုင်တယ်။ ၀န်ထမ်းလည်း သက်သာတယ်။ ပထမတော့ ဒီကားကို ခရိုင်လေးခရိုင်မှာ တစ် ခရိုင်ကို တစ်စီးနှုန်းဝယ်ဖို့မှန်းထားပေမယ့်၊ ဘတ်ဂျတ် အခြေအနေအရဒီနှစ်မှာ နှစ်စီးပဲ ၀ယ်နိုင်ခဲ့ ပါတယ်၊ဒါတွေနဲ့မကြာခင်မှာ လမ်းသန့်ရှင်းရေး လုပ်ငန်းတွေကို ဒီကားတွေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ် ''ဟု ယင်းက ပြောကြားသည်။

အဆိုပါ Road Cleaner Truck (လမ်းသန့်ရှင်း ရေမော်တော်ယာဉ်)သည် အမေရိကန်နိုင်ငံလုပ် မော်တော်ကား အမျိုးအစား ဖြစ်ကြောင်း၊အမေရိကန်ထုတ်ဖြစ်သည့် အတွက် ရေရှည် အသုံးပြုနိုင်မည့် အပြင် နိုင်ငံတကာမှ လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ အတွက်လည်း အမြင် တင့်တယ်စေမည် ဖြစ်ကြောင်း သိရသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_344.html

ဦးကောင်းမြတ်ထွဋ်အား Eleven Media မှ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုမှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲမည်



သြဂုတ်လ ၁၃ ရက်နေ့တွင် ထွက်ပေါ်လာသော ဦးကောင်းမြတ်ထဋ်၏ အသံဖိုင်တစ်ခုတွင် မီဒီယာ သမားများကို ဂုဏ်သိက္ခာ ညိုးနွမ်းစေသော၊ လူထုမှ အကြည်အညိုပျက်စေသည့် အသုံးအနှုံးများကို တွေ့ရှိရပါသည်။


ဒါ့အပြင် -

“အမည်မဖော်လိုရင် စာနယ်ဇင်းသမားကို မလုပ်နဲ့ ဟိတ်ကောင်”
“မင်းရှင်းလား…။”
“တခြားဟာလုပ်။”
“ဆိုက်ကား ပြောင်းနင်း။” ၊
“ဥက္ကာကိုကိုတို့ ဟိုဟာတို့ ဒီဟာတို့ …”
“ပြုတ်စား ပစ်လိုက်လို့ ရတယ်..။”
“စောက်တလွဲ ကောင်တွေလို သွားမလုပ်နဲ့…။”

စသည့် စကားလုံးများသည့် မြန်မာ့ဂျာနယ်လစ် များကို တိုက်ရိုက်စော်ကားသော စကားလုံးများဖြစ်ပြီး စာနယ်ဇင်းကောင်းစီ (ယာယီ) နှင့် မီဒီယာ ကွန်ယက်တို့ မှလည်း ရှုံ့ချသွားမည်ဖြစ်သည်။

အထူးသဖြင့်

“ငါ.. ငါ့ သတင်းစာမှာ..။ ငါ့ ကိုတောင်မှ အင်တာဗျူးမခံဘူး…။”
“စောက်ရှက်ပဲ..။”
“သတင်းစာ နဲ့ အဓိပ္ပါယ်မရှိဘူး။”

ဟူသည့် စကားလုံးသည် Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုး တို့ကို တိုက်ရိုက်စော်ကားသလို ဖြစ်နေပါသည်။ ယနေ့ ဂျာနယ်၊ သတင်းစာများတွင် ကိုယ့်သတင်းစာကိုယ် ကိုယ်တိုင်အင်တာဗျူးထည့်မှု အများဆုံးမှာ Eleven Media Group မှ ဂျာနယ်များ နှင့် သတင်းစာများတွင် အများဆုံး ပါလေ့ရှိသည်မှာ ပရိသက်အားလုံး အသိဖြစ်သည်။

အဆိုပါ စကားလုံးများအတွက် ဖြေရှင်းတောင်းပန်စာတစ်ခုကို သြဂုတ်လ ၂၀ ရက်နေ့ မတိုင်ခင် အင်ပါယာ သတင်းစာတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ အကယ်၍ ဖော်ပြခြင်းမရှိပါက Eleven Media မှ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုမှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၅ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အား တာဝန်မှ ရပ်စဲခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) ပါ ပြဋ္ဌာန်းချက်အရ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမောင်မောင်ဖြူတင့်အား လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် တာဝန်မှ ရပ်စဲလိုက်သည်။



                                                                                        (ပုံ)သိန်းစိန်
                                                                                    နိုင်ငံတော်သမ္မတ
                                                                        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာတိုင်းရင်းသားများတွင် ဘင်္ဂါလီ မရှိကြောင်း ဒေါက်တာအေးချမ်း ရှင်းလင်း(သင် တိုင်းပြည်နှင့် လူမျိုးကို ချစ်တယ်ဆိုလျှင် နည်းနည်းလေး အချိန်ပေးပြီး ဖတ်ကြည့်ပါ)



ဤရှင်းလင်းပွဲ၏ရလဒ်အား မြန်မာတစ်နိုင်ငံလုံးမှ အတည်ပြု လက်ခံရန်အလွန်အရေးကြီးသည်။ လက်ခံသော သူ မည်မျှရှိသည်ကို Like&Share ဖြင့်ဆုံးဖြတ်မည်ဆိုလျှင် ရခိုင်လူမျိုးများနှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင် ကြမည်နည်း။ဤကဲ့သို့ Like & Share ကိုသော်မှ လုပ်ရန်ဝန်လေးကြလျှင် သင်သည် မည်သို့သော မျိုးချစ်ပုဂ္ဂနည်း ဆိုသည်ကို အဖြေထုတ်နိုင်ပေပြီ ...


ဂျပန်နိုင်ငံKanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ် ကိုယ်စားပြု ရခိုင်လူမှုရေးအသင်းအဖွဲ့ များသည် မတ်လ ၁၄ရက်နေ့ကရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်း ကြောင်းများ၊ ဘင်္ဂါလီ၊ရိုဟင်ဂျာအစရှိသည်တို့နှင့်စပ်လျဉ်းသောအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင်မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာမျိုးချစ်စိတ် အစွဲဖြင့် မှတ်ယူ၍ မရသလိုမဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာ ကိုမှ ပြောလို့ မရကြောင်း၊ယခုသမိုင်းများကို ရေးသည့်အခါတွင်မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကိုတင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊လူမျိုးဖက်ကိုလိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာ အေးချမ်းက ပြောသည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်းတစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ယခုအဖြစ်အပျက်များသည် ဗြိတိသျှကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော်နေခဲ့ရသည့် စနစ်၏ ဆိုးမွေ တစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိအခွန် မဆောင်ရသည့် စနစ်ကို ကျင့်သုံး ခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်း သားများကို ရခိုင်ကိုသွားခိုင်းကြောင်း၊ အကျိုးအမြတ် များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီးပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ်၇၀ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့ကသတိမရဘဲ မေ့မေ့လျော့လျော့နေခဲ့ကြတယ်။ တစ်ချိန်မှာဖြစ်လာမယ် ဆိုတာကို မတွေး မိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာအဖြစ်မျိုးလို့ဆိုရမယ်။ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုးပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအတူယှဉ်တွဲနေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ(ဂျီဟတ်စ်) ဆင်နွှဲဖို့ပိုက်ဆံတွေလှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင်ဒီမှာယုံတဲ့သူပါသလား"ဟုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ် မစ္စတာအဘူဂဖားက ဂါးဒီးယန်း သတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင်ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသောသူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက်ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့်နောက်တစ်ချက်မှာ ၎င်းတို့သည်ဒေသခံရခိုင်အမျိုးသမီးများနှင့်အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာ ခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေ ချင်ကြောင်း လည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။

"ဒါကိုကျွန်တော်နဲ့ပြင်သစ်သမိုင်းပညာရှင်ဂျက်လိုင်ဒါတို့ကပြန်လည်ချေပဖူးပါတယ်။အာရပ် သင်္ဘော ပျက်တယ်ဆိုတာဟာခိုင်မာတဲ့အထောက်အထားမဟုတ်ပါဘူး။ကျွန်တော်တို့သမိုင်း ပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီး ပြောပါတယ်။Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။နောက်ထပ် က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

ပွဲအပြီးတွင်ဒေါက်တာအေးချမ်းကမေးခွန်းများကိုပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲမျိုး များများလုပ်ပေးမှသမိုင်းအမှန်ကိုကိုယ့်ရခိုင်လူမျိုးတွေ လည်းသိမယ်။ ကျန်တဲ့ တိုင်းရင်းသား တွေလည်း သိမယ်။ကျွန်တော့်ကို မေးပါတယ်။ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေချင် လို့လားတဲ့။မဟုတ်ပါဘူး။ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော်မွတ်စလင်လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကိုထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်း အထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့ကဧည့်သည် လို နေရင် ငါတို့ကအိမ်ရှင်လိုမနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့ကမှားနေတာ။ အဲတော့ ဒီလို နားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။

ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။

ဖြေ - Primary Source ပါ။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။

ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ် ပါတယ်။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။

ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကား ဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာ စကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်း ပါဘူး။

မေး -မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီ ခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။

ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။

ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန် ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာပါလဲ။ ပြောနိုင်တဲ့သူ အခုထ ပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။

ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကားနဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။

ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါ က ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာ နဲ့ မဆိုင်ပါဘူး။

မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။

ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။

ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။

ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ

From: Chawchaw Mirror

ကလောင်သွားထက်သော ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာပေးအပ်


NLD ပါတီဝင်များ၏ မေတ္တာဘွဲ့ကိုခံယူထားသောငါးမင်းဆွေမှဒေါ်အောင်ဆန်းစုကြည်သို့  အိပ်ဖွင့်ပေးစာ ပေးအပ်လိုက်ကြောင်းသိရှိရသည်။ယခုအိပ်ဖွင့်ပေးစာတွင်ငါးမင်းဆွေမှ အရည်အချင်းမရှိသော NLD ပါတီ ၀င်များနှင့် မတွေ့ဆုံလိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လူထုခေါင်းဆောင်ဆိုသော ဒေါ်အောင်ဆန်း စုကြည် နှင့်သာတွေ့ ဆုံဆွေးနွေးလိုကြောင်း ပါရှိသည်။

ယခင်ကာလများကလည်း ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဆောင်ရွက် ချက်များကို ဝေဖန် ထောက်ပြခဲ့ဖူးသည်။

မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၏ပြောကြားချက်အပေါ် သက်ဆိုင်သူနိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ တုံ့ပြန်ပြောကြားချက်များ



ပြီးခဲ့သည့်ဇူလိုင်လအတွင်း အင်ပါယာနေ့စဉ် သတင်း စာကို ဦးဆောင်နေသူမြန်မာ အမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဋ္ဌဦးကောင်းမြင့်ထွဋ်က မြန်မာ့ နိုင်ငံရေး နယ်ပယ်မှ ထင်ရှားသူများ၊ နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များနှင့်ပတ်သက်၍ ဝေဖန်စကားပြောကြား ခဲ့ပြီး ယင်းသို့ပြောကြား သောဝဖန်စကားများကို ရုံးမှ လစာတောင်းသဖြင့် အလုပ်မှထုတ်ပယ် ခံရသူ ၀န်ထမ်း များက အသံဖမ်းယူထားရှိပြီး ယင်းအသံ ဖိုင်ပါ ဝေဖန်ချက်များအရဝေဖန်ခံရသူများ၌ ပါဝင်သူ အချို့ကဦးကောင်းမြင့်ထွဋ်၏ ဝေဖန်ချက်အပေါ် ပြန်လည်ရှင်းလင်းပြောကြား သည်များကို တင်ပြ လိုက် ပါသည်။


ဦးဝင်းတင် (၀ါရင့်နိုင်ငံရေးသမားကြီးနှင့် NLDနာယကကြီး)

ဒီလိုပြောတာတွေ၊ ဝေဖန်တာတွေက နိုင်ငံရေးနယ်ပယ်မှာ အလေ့အကျင့်လိုဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်ကျွန်တော့်အနေနဲ့ နိုင်ငံရေး ဝေဖန်ချက်ကိုပဲလေးလေးစား စားအလေးအနက်ထားပြီး လက်ခံ တယ်။ အပြုသဘောဆောင်တဲ့နိုင်ငံရေးဝေဖန်ချက် မဟုတ်ဘဲနိုင်ငံရေး အခြေခံဘာမှမရှိဘဲ ပြောတာ လုံးဝလက်မခံဘူး။ဥပမာအားဖြင့်ဝေ ဖန်ပြောကြားတဲ့လူပုဂ်္ဂိုလ်က နိုင်ငံရေးနယ်ပယ်မှာသြဇာတိက္ကမရှိတဲ့ လူသော်လည်း ကောင်း၊လူရိုသေရှင်ရှိသေပုဂ်္ဂိုလ်ဖြစ်နေရင်သော်လည်းကောင်း၊ ပြည်သူလူထုက ကြည်ညိုလေးစားလက်ခံတဲ့လူဖြစ်နေရင်သော်လည်းကောင်း ဒီလိုဆိုရင်တော့စဉ်းစား ရမှာပေါ့ဗျာ။ ဒီလိုမျိုး မဟုတ်ဘဲသိပ်ပြီးတော့ဘာမှလည်းမဟုတ်၊ ပါတီလေးထောင်ဖူးရုံ၊ ဟိုလူနဲ့တွေ့ဖူး၊ ဒီလူနဲ့ တွေ့ဖူးရုံ၊ ဓာတ်ပုံလေး ရိုက်ဖူးရုံနဲ့ သူရဲ့အပြောအဆိုကခိုင်မာမှု မရှိဘူး။ ခိုင်မာမှုအနေနဲ့ မီဒီယာမှာပါဝင်ပြီး တကယ့်ကို တိကျခိုင်မာစွာသူရဲ့အတွေး အခေါ်နဲ့စကားတွေ၊နိုင်ငံရေးယူဆချက် တွေရှိသလား။ ဒါမှအသိအမှတ်ပြု လို့ရမယ်။ ဒီလိုပုဂ်္ဂိုလ်တွေရဲ့စကားကို အမှန်ဆိုပြီး ယူဆလို့မရဘူး။ နိုင်ငံရေး ဝေဖန်တာမဟုတ်တဲ့ အပုပ်ချမှုတွေနဲ့ပတ်သက်ပြီးတော့သာမန်အားဖြင့်ချေပတာလည်းမလုပ်ချင်ဘူး။ လုပ်စရာလိုတယ်လို့လည်းမယူဆဘူး။ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကဲဖြတ် အသိအမှတ်ပြုတာကတော့ပြောတဲ့ သူ၊ ဝေဖန်တဲ့သူကတကယ့်ကို နိုင်ငံရေးသိက္ခာရှိတဲ့ ပုဂ်္ဂိုလ်လား။ သူရဲ့နိုင်ငံရေးအယူအဆသုံးသပ်ချက်တွေဟာလည်း တရားဝင်စာအုပ်စာတမ်းနဲ့ရှိသလား။ဒါကိုကြည့်မယ်။ ထူးထူးခြားခြား မဝေဖန် လိုပါဘူး။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)

သူ့လိုပုဂ်္ဂိုလ်မျိုးရဲ့အပုပ်ချပြောဆိုမှုနဲ့ပတ်သက်ပြီး ပြန်ပြောစရာတော့ဘာအကြောင်း မှမရှိဘူး။ ပြန်ဖြေရှင်းစရာလည်း ဘာအကြောင်းမှမရှိဘူး။ဒါပေမဲ့သူ့ပြောစကားထဲမှာ လွဲနေတာတွကိုတော့ ရှင်းပြ ချင်တယ်။ ကျွန်တော်တို့ပါတီမထောင်ခင် ၂၀၁၀မတိုင်ခင် က ဦးရဲထွန်းဆိုတဲ့ပုဂ်္ဂိုလ်က ကောင်းမြင့်ထွဋ်ရဲ့ ဆရာ။ ကနေဒါကဦးကျော်မြင့်ဆိုသူက ဒီမှာ ပါတီထောင်ချင်တယ်ဆိုပြီး ဆန္ဒရှိတဲ့အခါ ဦးရဲထွန်း ကနေတစ်ဆင့်ချိတ်မိပြီး ကျွန်တော့်ကိုရှာတာကစတာ။ အဲဒီလိုပါတီထောင်ဖို့ကိစ္စဆွေးနွေးရာကနေ ကောင်းမြင့်ထွဋ်နဲ့စသိတာ။ ဒီလိုကိစ္စတွေကိုကောင်းမြင့်ထွဋ် ဘာမှသိတာမဟုတ်ဘူး။ သူ့ဆရာ ဦးရဲထွန်း ကိုယ်တိုင် ကလည်းသူ့ကိုဘာမှ အသိပေးတာမဟုတ်ဘဲ ဦးသုဝေကိုရှာဖို့ဆိုပြီးပဲ တာဝန်ပေးတာ။ နောက်ကျတော့ သူ့ဆရာဦးရဲထွန်းက ပါတီလုပ်တဲ့အခါ သူလည်းပါချင်တယ်ဆိုပြီး ဆွေးနွေးတယ်။ ပါတီထောင်ဖို့ဆွေးနွေးတဲ့ အခါကျတော့ဦးရဲထွန်းနဲ့အတူသူရဲ့လူတွေဖြစ်တဲ့ကောင်းမြင့်ထွဋ်၊ဦးရန်ကျော်၊ ဦးဘတင့်ဆွေတို့ပါလာတာ။ ပြောရရင် ဦးရဲထွန်းကို အကြောင်းပြုပြီးပါလာတာ ပေါ့။ ကိုရန်ကျော်နဲ့ ကိုဘတင့်ဆွေ ဆိုတာ၁၉၉၀ရွေးကောက်ပွဲကတည်းက သိကျွမ်းရင်းနှီးခဲ့သူတွေပါ။ ပါတီဖွဲ့တဲ့ အခါ ကျတော့ဦးရဲထွန်း အကြောင်းပြုပြီးပါလာ တဲ့ ကောင်းမြင့်ထွဋ်ကို ကျွန်တော့်အနေနဲ့ တက်ကြွတဲ့ လူငယ် တစ်ဦးလည်းဖြစ်၊ နည်းပညာလည်းကျွမ်းကျင်တဲ့အတွက်ဆိုပြီး အလုပ်အမှုဆောင်ထဲထည့်တယ်။ ဒီလို ထည့်တာကို ကောင်းမြင့်ထွဋ်ရဲ့ဆရာ ဦးရဲထွန်းကိုယ်တိုင်ကသဘောမကျဘူး။ အမှုဆောင်ထဲ ပါလာတာကို သူ့ဆရာဦးရဲထွန်းရဲ့သဘောကတော့ အဖွဲ့ဝင် အနေနဲ့ပဲ ကောင်းမြင့်ထွဋ်ကို လက်ခံပေါ့နော်။ ဒါကိုကျွန်တော်ကဖျောင်းဖျပြီး အမှုဆောင်ထဲထည့်တယ်။ နောက်သူ့ကို ဆုံးမသွန်သင်သွားမယ် ဆိုတဲ့ သဘောနဲ့ပေါ့ဗျာ။ ဒါကိုဦးရဲထွန်းကမတန်ဘူး။ ကောင်းမြင့်ထွဋ်ဆိုတာသူခိုင်းနေတဲ့သူ၊ နိုင်ငံရေးရော ငွေရေး ကြေးရေးရော စိတ်မချရဘူးလို့ပြောခဲ့တာ။ ဒါကိုကျွန်တော်က ဆွဲခေါ်ခဲ့တာ။ နောက်အမှုဆောင်ထဲ ထည့်ထား လိုက်တယ်။ ပြဿနာစဖြစ်တာက ပါတီမထောင်ခင် အစည်းအဝေးတစ်ခုမှာ ကောင်းမြင့်ထွဋ်က ဗီဒီယိုမှတ်တမ်းရိုက်ဖို့ တာဝန်ယူတယ်။ အဲဒီမှာမှတ်တမ်းရိုက်တဲ့လူတွေကလည်း ထောက်လှမ်းရေးတွေ လို့ သိရတယ်။ အစည်းအဝေးလည်းပြီးရော ကောင်းမြင့်ထွဋ်က ဒီမှတ်တမ်းဗီဒီယိုတွေ ကို မပေးဘဲယူထား လိုက်တယ်။ လုံးဝမပေးတော့ဘူး။ ဒါနဲ့ပါတီကသူ့ကိုမကြိုက်လို့ ထုတ်လိုက်တာ။ နောက် သူပြောတဲ့ထဲမှာ ကျွန်တော်က မွေးသက္ကရာဇ်ကိုပြုစားခံရမှာ စိုးလို့ ပြောင်းထားတယ်ဆိုတာကို ပြောချင်တယ်။ ကျွန်တော့် ငယ်နာမည်က မောင်စိန်ညွန့်။ မွေးတာက၁၉၃၂အောက်တိုဘာ၃၁မှာမွေးတာ။ ကျောင်းရောက် တော့ သင်္ချာဆရာက အောက်တိုဘာ ၁၀လပိုင်းကို ၁၂ဆိုပြီးရေးလိုက်ရာကနေ ဖြစ်သွားတယ်။ ပြုစားမယ်ဆိုလည်း ကျွန်တော့်ကို သင်္ချာဆရာကပဲပြုစားမှာပေါ့ဗျာ။ ပြီးတော့ ကျွန်တော်ရေးတဲ့စာအုပ် တစ်အုပ် ဦးနု၊ ဦးကျော်ငြိမ်းတို့အကြောင်းပေါ့နော်။ ဒါကို အကြမ်းရိုက်နေတုန်းမှာ ကောင်းမြင့်ထွဋ်က ကြည့်ပြီး ဒီလူတွေတိုင်းပြည်အတွက် ဘာမှအကျိုးမပြုဘဲ ရန်ပဲထိုင်ဖြစ်နေတယ်ဆိုပြီးပြော၊ ဒီလူတွေကဘာမှအထင်ကြီး စရာမလိုဘူးလို့တောင်ပြောခဲ့တာ။ ကျွန်တော်လိုလူမျိုးလောက်တော့ သူ ပြောတာ မဆန်းပါဘူးဗျာ။

ဦးခင်မောင်ဆွေ (NDF ပါတီခေါင်းဆောင်)

ဒီလိုပြော တာနဲ့ပတ်သက်ပြီး ကြားရတာတော့ စိတ်မကောင်း ဖြစ်မိတယ်ဗျာ။ ကျွန်တော်က သူ့ ကို ကိုကောင်း လို့ခေါ်တာဗျ။ သူ ပြောတာတွေကိုတော့ မရှင်းချင် ဘူး။ ရှင်းလို့ အမှန်တွေ ပေါ်သွားရင်လည်း သူပဲ အရှက်ရမှာ။ ပါတီ ဖွဲ့တာကသူနဲ့မဆိုင်ဘူး။ NLD က ၁၉ဦးနဲ့အပြင်က ပုဂ်္ဂိုလ် တွေ ပေါင်းပြီး ဖွဲ့ဖြစ်ကြတာ။ အဲဒီတုန်း ကတောင် သူကပါတီနာမည်ကို လက်ရှိ သူ့ပါတီ နာမည် အမျိုးသား ကွန်ဂရက်ပါတီ ဆိုပြီးတော့ နာမည် ပေးဖို့တောင် ပြောခဲ့ သေးတယ်။ သူလုပ်ပေးလို့ NDF ဆိုတာဖြစ် လာတာဆိုတာ သမိုင်းမှာ အထောက် အထား အပြည့် ရှိတယ်။ နှစ်ပေါင်းများစွာ ထောင်တန်း အကျခံပြီး လုပ်လာတဲ့ သူတွေ နိုင်ငံရေး အစဉ် အလာ ရှိရှိ လုပ်လာ ခဲ့သူတွေပဲလေ။ သူလုပ်ပေးလို့ရ လား မရလား၊ NDF ဖြစ်လာ သလား ဆိုတာ ပြည်သူတွေ အကုန် သိပါတယ်။ ပြောတဲ့ အထဲမှာ သောက်သုံးမကျဘူးဆိုတဲ့ အသုံး အနှုန်း မျိုးတော့ မသုံးသင့်ဘူးပေါ့ ဗျာ။ နိုင်ငံရေးလုပ်မယ့်လူတွေ အနေနဲ့ လိုက်ရမ်းတာဘယ် ကောင်းပါ့ မလဲ။ ဒီလိုရမ်းတာတွေ ဘယ်နိုင်ငံတွေမှာမှလည်း မရှိပါ ဘူးဗျာ။ ခုဟာက သူ့ကိုယ်သူ မမြှင့်တင်ဘဲသူများကိုအကြောင်း မဲ့ပုတ်ခတ်တဲ့အခါကျတော့ နား ထောင်ရတဲ့ သူတွေရဲ့ ကြားမှာ သူ့ အပေါ် နိုင်ငံရေးဝန်လေးသွားမှာ ပေါ့ဗျာ။ ကျွန်တော်ကတော့ သူ ကိုဒီလို မဖြစ် စေချင်ဘူး။ သူမှာ နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိနေရင်ပဲ ဒီလိုပြော ဆို တာတွေလုံးဝမလုပ်သင့်ဘူး။ အန် ကယ်တို့လည်း ၂၀၁၅ မှာနိုင်ငံ ရေး ရာထူးကို မက်ပြီး နိုင်ငံရေးလုပ် နေတာမဟုတ်ဘူး။ ရာထူးတွေ မှန်းပြီး ကိုယ်လည်းနိုင်ငံရေးမလုပ် ဘူး။ သူများ တွေကိုလည်း အဲဒီလို မလုပ်စေချင်ဘူး။ ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်မှရမှာဗျ။ ၈၈တုန်း ကလည်း ဒီမိုကရေစီ အရေးတောင်းဆိုမှုဟာ တစ်ပြည်လုံး အတိုင်း အတာနဲ့ ဖြစ်ခဲ့သော်လည်း ဒီမိုကရေစီ အင်အားစုတွေ ညီညီညွတ်ညွတ် မရှိခဲ့တဲ့ အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေး တစ်ခုဖြစ် မလာခဲ့ဘူးလေ။ ဒါသမိုင်းရဲ့ သာဓကပဲ။ နိုင်ငံရေးဦးဆောင် မယ့်လူငယ်တွေအနေနဲ့ သိက္ခာရှိ ရှိနဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်း ကြောင်း ကသွားစေချင်တယ်။ ကိုကောင်း အနေနဲ့ ကျွန်တော်နဲ့လည်း ဒီလောက်ရင်းနှီးပါလျက်နဲ့ ဒီလို ဘာလို့ပြောသလဲ စဉ်းစား လို့ မရဘူး။ ကျွန်တော်တို့က မကြာခင် နိုင်ငံ ရေးဇာတ်ခုံပေါ်ကနေ ကွယ် ပျောက်သွား ရတော့မှာ။ လူငယ် နိုင်ငံရေးသမားတွေခုလိုရှိနေတာ၊ ဦးဆောင်နေတာကို အများကြီး ၀မ်းသာတယ်။ သူတို့အနေနဲ့ သန့် ရှင်းတဲ့၊ အပုပ်ချ တိုက်ခိုက်ခြင်း မရှိတဲ့ စိတ်မျိုးနဲ့ မြန်မာ နိုင်ငံသား တွေအတွက် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ သွားမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆို မှာပါ။ မထင်မှတ်ဘဲ သူရဲ့ဝေဖန်တာကို သိရတော့ အံ့လည်းအံ့သြတယ်။ စိတ်လည်း မကောင်း ဘူး။ ၈၈ တုန်းကကိစ္စ ဆိုရင် ကျွန်တော်က ရေနံသမဂ္ဂ အတွင်းရေးမှူးပါ။ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ပြီး ရေနံသမဂ္ဂကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်းလှမ်းချက်အရ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ ကနေစခဲ့ တာပါ။ ၁၉၈၈ စက် တင်ဘာလ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်အိမ်မှာ ကျွန်တော်တို့ဆွေး နွေးပါတယ်။ ရေနံ သမဂ္ဂက နေပြီး တော့ သူ ထောင်တဲ့ပါတီမှာ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ လုပ်ပေး ပါဆို ပြီး ကမ်းလှမ်းတယ်။ ကျွန်တော် တို့က ရေနံသမဂ္ဂကိုဖျက် သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်း လှမ်းချက်အရ ပါတီနိုင်ငံရေး ဘက်ကို ပြောင်းခဲ့တာပါ။ ရေနံ သမဂ္ဂ ဖျက်သိမ်းပြီး နောက်လည်း ကျွန်တော့်ကို စစ်ဆေးတာတွေ လုပ်ခဲ့သေးပါတယ်။ ကျွန်တော်ရဲ့ Personal File ကိုစစ်တာပါ။ ခိုး ထားသလား။ ၀ှက်ထားသလား။ စစ်ဆေးမှုတွေရှိပါတယ်။ ဘာပြစ် ဒဏ်မှလည်းမရှိခဲ့ပါဘူး။ ဘာမှ မယူဘဲ အနစ်နာခံလုပ်ခဲ့တာပါ။ SB ကလည်း သေသေချာချာ စစ်ခဲ့တာပါ။ သူခိုးကြီးများသမဂ္ဂ ဆိုတာ သူဘာကိုရည်ရွယ်ပြော သလဲဆို တာတော့ ကျွန်တော် မသိပါဘူး။ အလုပ်ထဲမှာ ခိုးဝှက် ရအောင်လည်း ခိုးဝှက်နိုင်တဲ့ အနေ အထားလည်း မရှိပါဘူး။ ရေနံစင်ပေါ်မှာ ဘာခိုးလို့ရမှာလဲ။ မြေကြီးတွေပေါ်မှာပဲ စင်တွေ ပေါ်မှာပဲ အလုပ်လုပ်ကြရတာပါ။ အမှန် တရားဆိုတာ ဖုံးကွယ်ထား လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ်္ဂိုလ်မျိုး တိုက်ခိုက်ခံရ တာကတော့ အပင်မြင့်လို့ လေ တိုက်ခံရတာလေ။ ကျွန်တော်က တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်လည်းအံ့သြတယ်။ ကျွန်တော် တကယ် ကိုလည်း စိတ် မကောင်းဘူး။ နောက်ဆုံးပြော ချင်တာကတော့ လူငယ် နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ ဖဆ ပလ ခေတ်ကလို အပုပ်ချ နိုင်ငံရေး ကို မလုပ်စေချင်ပါဘူး။ ဟိုလူကို တိုက်၊ ဒီလူကိုတိုက်ပြီးမှ နိုင်ငံရေး ကိုယ်ရည်သွေးတာ ခေတ်ဟောင်း နိုင်ငံရေး အတွေး အခေါ် ထဲမှာပဲ ကျန်ခဲ့ပါပြီဗျာ။

hotnews

ပြည်ရွှေမြန်မာဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမဲ့ ငြိမ်းချမ်းရေးတည်ဆောက်နည်း အပိုင်း(၁)



လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနည်းပါးနဲ့ အပစ်အခတ် ရပ်စဲဘို့အတွက် MPC (Myanmar Peace Center) က ဦးဆောင်ဦးရွက်ပြုပြီး လုပ်နေတာ အတော် လေးခရီးရောက် နေတာမြင်တွေ့နေရပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးရ ဖို့လုပ်နေတာဟာ အခုမှ မဟုတ်ပါဘူး.. ယခင်တပ်မတော်အစိုးရ လက်ထက် ကတည်းက တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ ရည်ရှည်လုပ်ငန်းကြီးတစ်ခုပါ။ ယခင် တပ်မတော် အစိုးရ လက်ထက်တုန်းက လက်နက်ကိုင် အဖွဲ့ အစည်းကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရရှိခဲ့ပါတယ်။


အခု ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ အဆင့်ဆင့်ငြိမ်းချမ်းရေး လုပ်ငန်းတွေဆောင်ရွက်နေတာကို တွေ့မြင် ရမှာဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာပြည်တစ်ကယ်အေးချမ်တော့မှာလား?

ဒီနေရာမှာ ကျွန်တော်တို့ နောက်ကြောင်းကို ပြန်ကြည့်ဖို့ အတိတ်ကို ပြန်တွေးဖို့ လက်နက် ကိုင်အဖွဲ့အစည်းတွေဟာ ဘာကြောင့်လက်နက်ကိုင်တိုက်ခိုက်ချင်နေကြတာလဲဆိုတာတွေကို သိဖို့လိုပါတယ်။ MTA,SSA,WUSA,PNO,PNA,DKBA,KIO စသည်ဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါတယ်။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမှ ထိခိုက် နင့်နာစေလိုတဲ့ရည်ရွယ်ချက်မရှိဘဲ အမှန်အတိုင်းပြောရရင်တိုင်းရင်းသားဆိုတဲ့လူမျိုးတွေ က နာမည် အတပ်ခံဘဲရှိတာပါ။ဘယ်အဖွဲ့မှ အမျိုးချစ်လို့စစ်တိုက်နေတာမဟုတ်ဘူး။ ကိုယ်ကျိုးစည်း ပွားရှာနေ ကြတာ ကြည့်ပါဘဲ။ အစိုးရနဲ့ငြိမ်းချမ်းရေမယူခင်တုန်းက တောထဲကနေတရားမ၀င် ကိုယ်ကျိုးစီးပွားရှာတယ်။ ငြိမ်းချမ်းယူပြီးတော့ရောပိုတောင်အခွင့်အရေးရသွားသေး တယ်၊ငြိမ်းချမ်းရေးနာမည်ခံပြီး တရားမ၀င် လွတ်လွတ်လပ်လပ် ကိုယ်ကျိုးစီးပွားရှာတယ်။

KIO ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?

၁၉၉၄ ငြိမ်းချမ်းရေးယူပြီးကတည်းက ၂၀၁၁ အစိုးရတပ်တွေနဲ့ တိုက်ပွဲမဖြစ်ခင် အထိ ကချင်ပြည်နယ် မှာရှိသမျှသစ်တွေအကုန်ခုတ်တယ်။ဘိန်းစိုက်တယ်။ဖားကန့်၊တောမှော်၊ လုံခင် ကချင်ပြည်နယ်မှာရှိသမျှ ကျောက်စိမ်းမှော်၊ရွှေမှော်တွေကနေ ကျောက်စိမ်းနဲ့ရွှေတွေ ကို အဖွဲ့အစည်းအမည်ခံတူးတယ်။ ကျောက်စိမ်း၊သစ်၊ရွှေတွေကို တရုတ်ပြည်ခိုးထုတ်တယ်၊ ကချင်ပြည်နယ်မှာ ရှိသမျှစည်းပွားရေး လုပ်ငန်း လိုင်စင်တွေကို ငြိမ်းချမ်းရေးအဖွဲ့အမည်ခံနဲ့ လက်ဝါးကြီးအုပ်ပြီး အကုန်လုပ်တယ်။ တရုပ်ပြည်ကနေ မြန်မာပြည်ဝင်သမျှ မှောင်ခိုပစ္စည်း၊ အထည်အလိပ်၊လူသုံးကုန် တွေကို အဖွဲ့အစည်းအမည်ခံကားတွေနဲ့ မူဆယ်လမ်းကြောင်းက သွင်းတယ်။ဗန်မော်လမ်းကြောင်းကသွင်းတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းက လူ၊ ကား တွေ ဆိုတော့ လမ်းမှာ ဘယ်အဖွဲ့ကမှ မစစ်ဘူး။ နှစ်ကာလကြာလာတော့ ပြည်သူတွေကမွဲသထက်မွဲ၊ ဘာမှ လုပ်စားစရာမရှိတော့ဘူး၊ KIO က တဖြည်းဖြည်းချမ်းသာလာတယ်။ ပြီးတော့လိုင်ဇာကိုခွထိုင်၊ တရုတ်နဲ့ပေါင်းလက်နက်တွေစု၊ အင်အားတောင့်တင်းအောင်လုပ်တယ်၊ ငြိမ်းချမ်းရေးဆိုတာကြီးကို ကိုင် ထားပြီး တစ်ချိန်ချိန်မှာ အစိုးရနဲ့ အဆင်မပြေရင် ငြိမ်းချမ်းရေး ဖျက်ပြီး ပြန်တိုက် ဖို့ ကောင်းကောင်း အားမွေး ထားတယ်။

UWSA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?

UWSA ဘာပြောကောင်းမလဲ၊အထက်ကနည်းလမ်းအတိုင်းဘဲ၊ ပန်ဆန်းကို မြို့တည်ပြီး ”၀”နယ် တစ်ခုလုံးကို ဘိန်းစိုက်တယ်။တရုတ်နယ်စပ်မှာရှိသမျှ မှောင်ခို လုပ်ငန်း အကုန်လုပ်တယ်။ ”၀”နယ် တင်မကဘူး၊ မိုးကုတ်၊မိုင်ရှုးလို ရတနာမြေတွေမှာပါ အစိုးရဆီကနေလုပ်ကွက်တောင်ပြီး ကျောက် ကုမ္ပဏီတွေထောင်တယ်၊မန္တလေး၊ရန်ကုန်မြို့ကြီးတွေမှာ အကြီးစားလုပ်ငန်းလိုင်စင်တွေ အစိုးရဆီကနေ ငြိမ်းချမ်းရေးအမည်ခံတောင်းပြီးအကြီးအကျယ်လုပ်တယ်။ ”၀” ဆိုတဲ့လူမျိုးတွေမှာ ခေါင်းဆောင်နေတာက တရုတ်တွေကြည့် ဘဲဆိုတော့ ဘယ်လောက်အထိစီးပွားရေးသောင်းကျန်း သလဲဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ သားသတ်လိုင်စင်တွေပါ မောင်ပိုင်စီးထား လိုက်သေးတယ်။ စည်းပွားရေးလဲတောင့်တင် လာ၊အင်အား လည်းတောင်းလာ၊ အားမွေထားတာလည်းကြာပြီ ဆိုတော့ ဟိုတစ်လောက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးထားတာတောင် မကြေနပ်သေးလို့ ပြည်နယ်ပါ ထတောင်း လိုက်သေးတယ်။ ထိုးနည်း လည်းကောင်းဘဲအစိုးရကို ပြန်တိုက်ဖို့ ကောင်းကောင်း အားမွေးနေတယ်။

PNO,PNA ငြိမ်းချမ်းရေးယူပြီးဘာလုပ်လဲ?

PNO, PNA ပအိုဝ့် အဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီးတော့ ရော ဒီလမ်းစဉ်ပါဘဲ၊ PNO, PNA အမည်ခံတဲ့ ကျောက်ကုမ္ပဏီတွေ မိုင်းရှူး၊မိုးကုတ်၊ဖားကန့် ရတနာမြေတွေမှာ ထောင်တားတယ်။ ရှမ်းပြည်နယ်က ကျောက်တလုံး၊ ဆီဆိုင်၊ ဘန်ယဉ်၊ နောင်ထော်၊ ကျောက်တန်း၊ လွိုင်လင်၊ စတဲ့ ပအို့ဝ် နယ်မြေတွေမှာ ဘိမ်းစိုက်တယ်၊ တရားမ၀င်သစ်၊ ခဲ၊ ခနောင်စိမ်တွေ ငြိမ်းချမ်းရေးအဖွဲ့ အစည်း အမည်သုံးပြီးခိုးထုတ် တယ်။ ကိုယ်ကြိုးစီးပွားရှာတယ်။ ပအို့ဝ် အဖွဲ့ကတော့ တစ်ဘက်က ရှမ်းရဲ့ရန်ကို ကြောက်ရတာရယ်၊ လူမျိုးစု အနေနဲ့ ရှမ်းလောက်များတာရယ်နဲ့ ငြိမ်းချမ်းရေးယူထားမှ ကိုယ်ကျိုးစည်းပွားရှာရတာ ပိုအဆင်ပြေမှာ တွေကို တွက်ချက်ပြီး စည်းပွားရေးတောင့်တင်း လာတော့ အဖြူရောင်နယ်ပယ်ထဲကို လုံးလုံးဝင်ရောက်ဖို့ အသားပေးထားပါတယ်။ ကျောက်စိမ်း နဂါးလို့နာမည်ကြီးပြီးလူသိများတဲ့ ဦးနေ၀င်းထွန်းဆိုရင် သူ့သမီး တောင် အဆိုတော် ဇော်ဝင်းထွဋ် သား အီတိုးနဲ့ ပေးစားထားလိုက်သေးတယ်။

ဆက်လက်ဖော်ပြပါမည်။

Jing Hpaw Land

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား သွားမည်ဟုဆို

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပကအဖွဲ့ကဖယ်ရှား သွား မည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြား သည်။


အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိ လာသော တောင်းစား သူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ပွဲတော် ကျင်းပရေး ကော်မတီ က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော် လုံခြုံရေး ရဲဝန်ထမ်း၊ မီးသတ် ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ် ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနယ်နယ် အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော်အဝင် ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော် လာသူ များမှာ ငွေ များကို ကြဲမြဲ ကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေ သူများ ပိုမို များပြားလာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေ ကို ပြန် လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။

အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေး များမှ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ် နေရာများတွင် ယာယီ တဲထိုးကာ ပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူ နတ်ပွဲ၊ ပခန်း မင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည် တောင်းရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူများထံမှ စုံစမ်း သိရှိရသည်။

“ယောက်ျားက အုတ်သယ်တဲ့ကားမှာ အလုပ်လုပ်တယ်။ ကားပေါ်က လိမ့်ကျပြီး လက်ကျိုးသွားတော့ ကလေး နှစ်ယောက်နဲ့ လုပ်ကိုင် မစားတတ်လို့၊ ကျောင်းတော်ရာက လာတောင်းတဲ့အဖွဲ့က ခေါ်လို့ လိုက်လာတာ။ ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော် ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော်အရွယ် ဒေါ်ကြည်က ဆိုသည်။

ပွဲတော်အတွင်းသို့ အနာကြီးရောဂါ ဝေဒနာရှင်များ လာရောက် တောင်းရမ်းပါက ၎င်းတို့ကို နေရပ် သို့မဟုတ် ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ပေးကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြ သည်။

မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်း ရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်းမရောင်းသဖြင့် နံ့သာမြိုင်ရှိ ဝေဒနာရှင်များ အတွက် ရောင်းသော ထမင်းဆိုင်ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့အတွက် တောင်းရငွေသည် နေ့လယ်ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။

အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲ ပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက် အလှူခံ ထွက်မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊နေထိုင်ရန် နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည် ရတနာ့ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့်နှစ်စဉ် တောင်ပြုန်းပွဲတွင် တောင်းရမ်း စားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါ ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

The Voice Weekly

Miss Supranational Myanmar ခင်ဝင့်ဝါ


Miss Supranational Myanmar ခင်ဝင့်ဝါ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ရန်အတွက် လေဆိပ်တွင် အမှတ်တရ...

အဆိုပါပြိုင်ပွဲကို Wesite အနေဖြင့် www.misssupranational.com နှင့် facebook မှ www.facebook.com/misssupranational တို့မှ ဝင်ရောက်အမှတ်ပေးနိုင်ပါတယ်။