Tuesday, August 13, 2013

ရှစ်လေးလုံးငွေရတုကော်မတီမှ မေတ္တာအိုးဝေဖောင်ဒေးရှင်းဖွဲ့ ပြီး ပရဟိတလုပ်ရန် ဆရာတော်အရှင်ဆန္ဒာဓိကသိန်း ၂၅၀ လှူ


0

၃ ရက်တို င်တိုင်အောင်မြင် စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သော ရှစ် လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား နောက် ဆုံးနေ့ တွင် နိုင်ငံရေးအကျဉ်းသားဟောင်း များ ဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင် ရန် မေတ္တာအိုးဝေဖောင်ဒေးရှင်း အမည်ဖြင့် ဆရာတော် အရှင်ဆန္ဒာ ဓိကမှ သိန်း ၂၅၀ တိတိမတည် ထူထောင် ပေးလိုက်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းကကြေညာခဲ့သည်။


ဆရာတော်မှ အမျိုးဘာသာ သာသနာအကျိုးကိုရှေ့တန်းမှ သယ်ပိုးနေသောအရှင်မြတ်တစ်ပါး ဖြစ်သလိုပရဟိတနှင့် ကယ်ဆယ် ရေးလုပ်ငန်းများကို တက်ကြွစွာ ကူညီပေးလျက်ရှိပြီး ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေကိုလည်း အလှူငွေများ စွာမတည်ပေးခဲ့သည့်ဆရာတော် ဖြစ်သည်။ အဆိုပါဖောင်ဒေးရှင်း ကို ယခုလိုကြီးကျယ်ခမ်းနားလှ သည့်ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံငွေရတုအခမ်းအနားတွင် စတင်မွေးဖွားလိုက်ခြင်းအပေါ် အခမ်းအနားသို့တက်ရောက်လာ သူအားလုံးမှဒိတာဖြစ်ရကြောင်း အခမ်း အနား သို့တက်ရောက်လာ သူ ၇ ဇူလိုင်ကျောင်းသားဟောင်း ရဲနီအောင်မြင့်ကဆိုသည်။

“ဒီငွေ ရတုပွဲကြီးကိုအောင်အောင်မြင်မြင် ကြီးကျင်းပလိုက်နိုင်တာကျွန်တော် တို့ မျက်ရည်စို့တဲ့ အထိ ပီတီဖြစ် ရပါတယ်။ ဒီမှာဆွေးနွေးခဲ့တဲ့ အကြံပြုချက်တွေ အနာဂတ်လမ်း ညွှန်တွေဟာလည်း လွှတ်တော် ထဲအထိ စီးဆင်းသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ဒီဖောင်ဒေးရှင်း ကို ဆရာတော်က မတည်ပေးလိုက် တယ်ဆိုတော့လည်း အလှပေါ် အယဉ်ဆင့်သွားတာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

အဆိုပါဖောင်ဒေးရှင်းနှင့် စပ်လျဉ်း၍ကိုမြအေးက “ကျွန်တော် တို့အစည်းအဝေးခေါ်ပြီး ဖွဲ့စည်း ရဦးမှာ ဖြစ်ပါတယ်။ လောလော ဆယ်တော့ ကျွန်တော်တို့ မအား သေးလို့ဘာမှမဆွေးနွေးရသေးပါ ဘူး”ဟု ပြောကြားသည်။

Credit : http://www.hotnewsweekly.com/archives/24555

အပစ်ရပ်ပြီးပြည့်စုံသောဆွေးနွေးမှုများနှောင့်နှေးနေရခြင်းနှင့်လုပ်နည်းကိုင်နည်း မှားနေခြင်းကြောင့်ဟုဆို


0

ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံငွေရတု ဒုတိယ နေ့အခမ်း အနားသို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။


၆.၇.၂၀၁၃ က စတင် ဆွေးနွေးခဲ့သည့်အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနှင့် ရှစ်လေးလုံးဒီမိုကရေစီမျိုး ဆက်များ၏ အခန်းကဏ္ဍတို့ကို အစုလိုက်ဆက်လက်ဆွေးနွေးကြ ခြင်းဖြစ်ပြီး စာတမ်းရှင်များနှင့် တက်ရောက်သူများ အပြန်အလှန် ဆွေးနွေးခန်းများ ပါဝင်၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးတက်ရောက် လေ့လာကာပါဝင်ဆွေးနွေးသည့် အခန်းကဏ္ဍမှာ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသားအရေးဖြစ် ပြီး ၎င်းကိစ္စနှင့် စပ်လျဉ်း၍ ၀န်ကြီး က အပစ်ရပ်ထားပြီး ပြည့်စုံတဲ့ ဆွေးနွေးမှုတွေ နှောင့်နှေးနေရ တာဟာ လုပ်နည်းကိုင်နည်းမှား နေသေးလို့ဖြစ်ပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို မဖော်ဆောင်နိုင်သေးလို့ဖြစ်ပါ တယ်”ဟု ပြောကြားသွားသည်။ 

နိုင်ငံတည်ဆောက်ရေးအခန်းကဏ္ဍ တွင် မခင်ဥမ္မာက “ပြည်ပရောက် ရှိသွားရတဲ့ အင်အားစုတွေဟာ အခုပြန်ဝင်လာပြီး ကိုယ်တတ်ထား တဲ့ ပညာတွေနဲ့ တိုင်းပြည်ကို အကျိုးပြုချင်ကြပါတယ်။ ဒါကို အစိုးရက ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့လိုပါတယ်”ဟု ပြောပြီး ရန်ကုန်တိုင်းဒေသကြီးNLDပါတီ ဒုဥက္ကဋ္ဌက ဘုံရန်သူဆိုတာမရှိ တော့ကြောင်း၊ အစိုးရရောအဖွဲ့ အစည်းတွေရော အားလုံးညီညီ ညွတ်ညွတ်နဲ့ နားလည်မှုရှိကြဖို့လို ကြောင်းပြောကြားတင်ပြသွားကြ သည်။

Credit : http://www.hotnewsweekly.com/archives/24562

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍မီတာခများလျှော့ချမည့်အစီအစဉ်မရှိကြောင်းလျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။


ညောင်ဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြိုင်မေးမြန်းသည့်''ပုဂံညောင်ဦးမြို့နယ် တွင် လျှပ်စစ်မြစ်ရေတင် ငါးခု၏ မီတာထိန်းသိမ်း စောင့်ရှောက်ခနှင့် မီတာခများကို ရာခိုင်နှုန်း ၅၀ အထိ လျှော့ချပေးနိုင်ခြင်း ရှိမရှိ'' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားခများကို တစ်ယူနစ်လျှင် အိမ်သုံး ၃၅ ကျပ်နှင့်စက်မှုလုပ် ငန်းသုံး ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် မီတာထိန်းသိမ်း စောင့်ရှောက်ခများကိုအိမ်သုံး မီတာ ကျပ် ၁၀၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း၊ မီတာထိန်း သိမ်း စောင့်ရှောက်ခကို ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေအရ ၁၉၅၁ ခုနှစ် ကတည်း က စည်းကြပ်ကောက်ခံ ခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်မှာ ၇၈ ကျပ် ခန့်ရှိပြီး တစ်ယူနစ် ပျမ်းမျရောင်းဈေးမှာ ၅၆ ကျပ် ဖြစ်သဖြင့် တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံကာ ဓာတ် အားသုံးစွဲ သူများထံ ရောင်းချပေးလျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

ထို့ကြောင့် မီတာထိန်းသိမ်း စောင့်ရှောက်ခ၊ မြင်းကောင်ရေကြေးနှင့် မီတာခများကို တစ်နိုင်ငံလုံး တစ်ပြေး ညီ ကောက်ခံလျက် ရှိကြောင်း၊ လက်ရှိတွင် အရှုံးပေါ်နေပါ၍ ရာခိုင်နှုန်း ၅၀ အထိ လျော့ချပေးရန် အစီ အစဉ် မရှိသေးကြောင်း ဦးအောင်သန်းဦးက ဆက်လက် ပြောကြားသည်။

Eleven Media Group

တောင်သူများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးနှင့် တရားစွဲခံရခြင်းများ ရုပ်သိမ်းပေးရေး တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက်မည်

ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်း ခံထားရသည့် လယ်မြေများ ပြန် လည်ရရှိရေးနှင့် တောင်သူများ တရားစွဲ ခံထားရသည်များ ရုပ်သိမ်းပေးရေး အတွက် တောင်ငူမြို့မှ ကချင် ပြည်နယ်၊ လိုင်ဇာမြို့အထိ လမ်းလျှောက်မည့် အဖွဲ့ဖြစ်သည့် သံဃာတစ်ပါး၊ လယ်သမား ၁၄ ဦးနှင့် ဦး ဆောင်သူတစ်ဦး အပါအ၀င် ၁၆ ဦးတို့၏ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် လျှောက်ထားခြင်းကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်ပြုလိုက်ပြီး သြဂုတ် ၁၄ ရက် နံနက် ၈ နာရီတွင် တောင်ငူမြို့၊ မုခ်ဦးနေရာ မင်းကြီးညိုရုပ်တုမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။


''ဟုတ်ပါတယ်။ ခွင့်ပြုထားပါတယ်'' ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက သြဂုတ် ၁၂ ရက် ညနေပိုင်းက ပြောကြားသည်။

''အခုလျှောက်တာက ပြည်နယ်နှင့်တိုင်း ၁၄ ခုက တောင်သူ လယ်သမားတွေ ကိုယ်စားပြု လျှောက်တာ ဖြစ်တဲ့အတွက် လိုင်ဇာအထိ လျှောက်ပြီးရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း တစ်ခုချင်းဆီမှာ ခွင့်ပြုချက် တောင်းခံပြီး ကျွန်တော်တို့ အဖွဲ့က ဆက်လျှောက်ဦးမှာပါ'' ဟု အဖွဲ့ခေါင်းဆောင် ကိုခင်ဇော်က ဆိုသည်။

ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူ လယ်သမားများ တရားစွဲ ခံထားရမှုများ ရုပ်သိမ်းပေးရေး အတွက် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်အား သြဂုတ် ၆ ရက်တွင် တောင်ငူမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးသို့ လျှောက်ထားခဲ့ရာ ပုဒ်မ ၈ အရ ငြင်းပယ်ခဲ့ပြီး ပုဒ်မ ၉ အရ အယူခံဝင်ခွင့် လျှောက်လွှာကို ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ သြဂုတ် ၁၁ ရက်နေ့တွင် ထပ်မံငြင်းပယ် ခံခဲ့ရ သော်လည်း သြဂုတ် ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခြင်း လျှောက်ထားမှုကို ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စီတန်းလမ်းလျှောက် ခွင့်ပြုရာတွင် ၁ ပေခွဲ၊ ၂ ပေအရွယ် တောင်သူလယ်သမား အလံတစ်ခုနှင့် ၃ ပေ ၄ ပေ အရွယ်ရှိ အနီရောင် အောက်ခံတွင် အဖြူရောင်ဖြင့် ''ပြည်သူ့ဆန္ဒ တောင်သူဘ၀'' စာတန်းပါ ဆိုင်းပုဒ် စ်ေခုတို့ကို ကိုင်ဆောင်ခွင့် ပြုထားကြောင်း ခွင့်ပြုမိန့်စာအရ သိရသည်။

Eleven Media Group

တရားစီရင်ရေးပိုင်းတွင် အာဏာပိုင်များ၏ ဖိအားပေးမှု၊ ၀င်ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ ရှိနေပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းမှုမရှိလျှင် တရားဥပဒေ စိုးမိုးရေး မအောင်မြင်နိုင်

အမိန့်ချခြင်း၊ စီရင်ချက်ချခြင်း ကဲ့သို့သော တရားစီရင်ရေးပိုင်းတွင် အာဏာပိုင်များ၏ ဖိအားပေးမှု၊ ၀င် ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ ရှိနေကြောင်း လေ့လာတွေ့ရှိ ရသည်ဟု ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။


ယင်းအပြင် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းအောင်မြင်စေရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အကောင်အထည်ဖော်ရန် လိုအပ်နေပြီး အထူးသဖြင့် အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေ စိုးမိုးရေး လုပ်ငန်းသည် မအောင်မြင်နိုင်ဟုလည်း အစီရင်ခံစာတွင် ထည့်သွင်း သုံးသပ်ထားသည်။

သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာကို တင်ပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ၏ သုံးသပ်ချက် အပိုင်းတွင် တရားဥပဒေ စိုးမိုးရေးသည့် တိုင်းပြည်အတွက် အဓိကကျသည့်အပြင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နှင့် ချိတ်ဆက်လျက်ရှိ ကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့်လည်း တိုက်ရိုက်သက်ဆိုင် လျက်ရှိ သည်ဟု သုံးသပ်ထားသည်။

တရားဥပဒေ စိုးမိုးရေးသည် တရားစီရင်ရေးကဏ္ဍ တစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်၊ အာဏာပိုင် အဖွဲ့အစည်းများ၊ တရားစွဲ အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်ကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှု များ၊ ၀င်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများလည်း ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က''ကျွန်တော် ပြောတာရှင်းတယ်လေ။ အဲဒီစာထဲမှာ တရား စီရင်ရေးကို အာဏာပိုင်တွေ စွက်ဖက်တယ်လို့ ပြောတာလေ။ တရားရုံးမှာ အမိန့်ချဖို့ကိစ္စ၊ အာမခံကိစ္စ အဲဒါ မျိုးတွေကို ပြောတာ'' ဟု သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့သည်။

ကော်မတီ၏ ဆောင်ရွက်မှုများကြောင့် တရားစီရင်ရေးပိုင်းတွင် အုပ်ချုပ်ရေးပိုင်း၏ ၀င်ရောက်စွက်ဖက်မှု များ၊ လာဘ်ပေးလာဘ်ယူမှုများ လျော့ပါးလာကြောင်း၊ ရှေ့နေအသိုင်းအ၀ိုင်း၊ တရားရေး ၀န်းကျင်နှင့် ပြည်သူကြားတွင် ကြားသိလာရကြောင်း၊ အဆိုပါ အရှိန်ကို ပိုမိုတိုးမြှင့် သွားရန်လိုကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများက အဓိက အကောင်အထည် ဖော်ရန်လို ကြောင်း၊ အထူးသဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းမှာ မအောင်မြင် နိုင်ကြောင်းကိုလည်း သုံးသပ်ခဲ့သည်။

တရားဥပဒေ စိုးမိုးရေး ဥပဒေများနှင့်အညီ တရားစီရင်ရာတွင် ဥပဒေအချို့၏ အားနည်းချက်များကြောင့် ပြည်သူများ နစ်နာရကြောင်း၊ အခြေအနေ အချိန်အခါနှင့် မညီညွတ်သော တရားဥပဒေ စိုးမိုးရေးအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြား ချက် လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်သင့်ကပြင်၍ ပယ်ဖျက်သင့်က ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်း သင့်က ပြဋ္ဌာန်းရန် လိုအပ်သည်ဟုလည်း ကော်မတီက လေ့လာတွေ့ရှိချက်များအပေါ် သုံးသပ်ချက် အ နေဖြင့် ထည့်သွင်းခဲ့သည်။

Eleven Media Group

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဆွေးနွေးမည်

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဇာမောင်က မဇ္ဈိမ ကို ပြောသည်။


အလုပ်ရုံ ဆွေးနွေးပွဲကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ဟူ၍ ပြုလုပ်မည်ဖြစ်ပြီး အထက်မြန်မာ ပြည် အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့တွင်ပြုလုပ်ကာ အောက်မြန်မာပြည် အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ အစည်းနှစ်ရာကျော်ခန့်က ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ “အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် တပြိုင်နက်တည်း လုပ်မှာပါ။ ဆွေး နွေးပွဲ ရလာဒ်တွေ ထွက်လာရင် အရပ်ဖက်လူ့အဖွဲ့အစည်း ကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သွား ဆွေးနွေး မှာပါ”ဟု ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဇာမောင်က ဆိုသည်။

ဆွေးနွေးပွဲရလာဒ်များ ဆွေးနွေးရာတွင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ငါးဆယ်ခန့် လွှတ်တော် ကိုယ်စား လှယ် များနှင့် သွားရောက် တွေ့ဆုံမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဆယ်ခန့် လာ ရောက်မည်ဖြစ်ကြောင်း စီစဉ်သူများက ပြောကြားထားသည်။

ရန်ကုန်တွင်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့် မန္တလေးတွင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းတွင် ကျင်းပ မည်ဖြစ်ပြီး ကိုယ်စားလှယ်များက သြဂုတ် ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဘရှိန်က “ဟုတ်ပါတယ်၊ လွှတ်တော်အမတ်တွေနဲ့ ဒီအ ရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်၊ လွှတ်တော်မှာ ဆွေးနွေးပြီးကာမှ ကျွန်တော်တို့က ဆက် လုပ်ရမှာပါ”ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြားသည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဖက် လူ့အဖွဲ့အစည်းများအကြား အငြင်းပွား မှုများရှိနေပြီး ဗဟိုအဖွဲ့(အစိုးရမှ ဖွဲ့စည်းသည့်အဖွဲ့)၏ ဆုံးဖြတ်ချက်အရ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် နှင့် မှတ်ပုံတင်ခွင့်ပြုရန် ဟူသည့် အချက်သည် အရပ်ဖက် အဖွဲ့အစည်းများအတွက် အဓိကပာဆိုစရာ ဖြစ်နေသည်။

ဟံသာဝတီဦးဝင်းတင်က ဥပဒေနှင့်ပတ်သက်၍ “အသင်းအဖွဲ့များ၏ ဖွဲ့စည်းမှုကို အားပေးချီးမြှောက်သော သဘောမရှိ ဘဲ ချုပ်ချယ်ကန့်သတ် ပါဝင်ဟန့်တားလိုတဲ့ သဘောသာရှိတဲ့ ဥပဒေမျိုးကို လုံးဝလက် မခံနိုင် ပါ။ ကန့်ကွက်ပါတယ်” ဟူသော စာသားပါ သ၀ဏ်လွှာကို Local Resources Center သို့ ပေးပို့ခဲ့ ဖူးသည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သတ်၍ လိုအပ်ချက်များအား ဇန်န၀ါရီလ ၃၁ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့ များရှိပြည်တွင်းအဖွဲ့အစည်း ၂၁ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုသဘောထား ကြေညာချက်အား မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ အရက်ဖက် အဖွဲ့အစည်းပေါင်း ၈၀ ထက် မနည်း သဘောတူ ထောက်ခံထားပြီး “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း”ကို လွှတ်တော် လုပ်ထုံးလုပ်နည်းများ အရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းကို ဆိုင်းငံ့ထားရန်နှင့် ဥပဒေမူကြမ်း အသစ်တစ် ခု ကို အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်ရေးဆွဲရန် လိုအပ်ပါ သည်ဟု ကြေညာချက်တွင် တောင်းဆို ထားသည်။

မဇ္ဈိမ သတင်းဌာန

ရှမ်းမြောက် KIO နယ်မြေဘက် အစိုးရစစ်အင်အား တိုးမြှင့်မှုရှိ၊ ပလောင်ဒေသဘက် တည်ငြိမ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် အစိုးရ ဘက်မှ စစ်အင်အား တိုးမြှင့်လာခြင်းကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေ ရှိနေသည်ဟု KIO ပြည်သူ့စစ်တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်းက မဇ္ဈိမကို ပြောသည်။


“တိုက်ပွဲပြန်ဖြစ်ဖို့ ရှိနေတယ်။ မနေ့ညက ကွတ်ခိုင်ဘက်ကနေ ၀င်းဆိုင်ဘက် တက်လာတဲ့ အင်အားက ၁၀၀ လောက်ရှိတယ်။ ပြီးတော့ ကိုးကန့်ဘက်က သံလွင်မြစ်ကို ဖြတ်လာတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ဒီအ ဖွဲ့က တစ်နေ့က တက်လာတာ မနေ့ည မိုးချုပ်မှာ မုန်းဘော်ရောက်လာပြီး အဲဒီကနေ ၀င်းဆိုင်ဘက်ကို တက်လာတယ်။ အဲဒီနှစ်ဖွဲ့ လှုပ်ရှားလာတာက ထူးခြားတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

သြဂုတ်လ ၄ ရက်က KIO တပ်ရင်း ၃၆ အခြေစိုက်ဒေသဖြစ်သည့် မုန်းဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)၀င်း ဆိုင်အနီး ကွတ်ခိုင်မြို့နယ်ဘက်တွင် အစိုးရပ်တပ်အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းသည်လည်း ဆုတ်ခွာ ခြင်း မရှိသေးဘဲ ယခုထပ်မံတိုးမြှင့်လာသည့် စစ်သည်အင်အားအခြေအနေကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွား ရန် ရှိနေသည်ဟု တပ်ရင်းမှူးဇော်ဆိုင်းက ဆိုသည်။

ယခုသီတင်းပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း အစိုးရဘက်မှ အင်းအား ၂၀၀ ၀န်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းမှာ ထိုဒေသအတွင်းသို့ တိုးမြှင့် လှုပ်ရှားလာသည်ဟု သူက ဆိုသည်။

“အခု သူတို့လှုပ်ရှားလာတာကို ကြည့်ရင် ပြီးခဲ့တဲ့ ကျွန်တော်တို့နဲ့ တိုက်ပွဲက တပ်တွေလည်း ဆုတ်သွားတာ မရှိဘူး။ အင်အားထပ်တိုးပြီးတော့ ပြန်တိုက်ဖို့ များနေတယ်ဆိုတာ တွေ့ရတယ် ။မနေ့ကသန်းခေါင်မှာ တောင် သူတို့ တက်လာရင် တိုက်ပွဲဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သူတို့က ပြန်တက်လာတာမရှိဘူး” ဟု ဆို သည်။

အစိုးရစစ်ကြောင်းမှာ လက်ရှိ KIA ပြည်သူ့စစ်များ အခြေချနေသော ဒေသသို့ တက်လာခြင်းမရှိဘဲ ထိုမှ ၄၅ မိနစ်ကြာ သွားရသော ၀င်းဆိုင်ကျေးရွာတွင် အခြေချနေသည်။ ပြီးခဲ့သည့် သီတင်းပတ် သြဂုတ်လ ၄ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟုလည်း တပ်ရင်းမှူးဇော်ဆိုင်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် TNLA တို့ အခြေစိုက်ရာနေရာများသို့ အစိုးရလှုပ်ရှားမှု ရှိနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေ။

“အစိုးရ စစ်လှုပ်ရှားမှုကတော့ ပုံမှန်ရှိနေဆဲပဲ။ ဒါပေမဲ့ တိုက်ပွဲတော့မရှိဘူး။ တိုးတက်ပြောင်းလဲမှုက တပ် တစ်တပ်ကပြန်ဆုတ်သွားတဲ့ သဘောရှိတယ်။ ဆွေးနွေးပွဲနောက် ကျွန်တော်တို့ စခန်းချထားတဲ့ နေရာ ဘက် ၀င်ဖြတ်သွားတာတော့ မရှိဘူး”ဟု TNLA ဗိုလ်မှူးမိုင်းဘုန်းကျော်က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်က နမ့်ခမ်းမြို့နယ်၊ အွေ့လောကျေးရွာ အခြေချထားသော ခလရ ၁၃၀ တပ်ရင်း တစ်ရင်းပြောင်းရွှေ့သွားသော်လည်း အစိုးရစစ်အင်အား အနည်းဆုံး ၃၀၀၀ ခန့် လှုပ်ရှားနေဆဲဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် လူထုရှင်းလင်းပွဲများ ကျင်းပနိုင်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများ ဆက်လက်ပြုလုပ်နိုင်ခြင်းနှင့် တိုက်ပွဲများဖြစ်ပွားမှု မရှိခြင်းတို့မှာ ကောင်းသည့် လက္ခဏာအဖြစ် ရှုမြင် ကြောင်းလည်း ဗိုလ်မှူး မိုင်းဘုန်းကျော်က ပြောသည်။

မဇ္ဈိမ သတင်းဌာန

မူးယစ်ဆေးဝါး ရောင်းသူများကို ရဲများ မျက်ကွယ်ပြုနေဟု ဒေါ်စုဦးဆောင်သည့်ကော်မတီ တွေ့ရှိ

ရဲများက မူးယစ်ဆေးဝါးသုံးစွဲသူများကိုသာ အဓိကထား ဖမ်းဆီးနေပြီး ရောင်းချသူများကိုမူ ဖမ်းဆီးခြင်းမ ရှိ ဘဲ မျက်ကွယ်ပြုထားသည်ကို လေ့လာတွေ့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေ သည့် ဥပဒေစိုးမိုးရေးကော်မတီက သြဂုတ် ၁၂ ရက်တွင် အောက်လွှတ်တော်တွင် အစီရင်ခံစာ တင်ပြ ခဲ့သည်။


ထိုသို့ ရဲများက မူးယစ်ဆေးရောင်းသူများကို မျက်ကွယ်ပြုနေမှုကြောင့် မူးယစ်ဆေးပြဿနာမှာ ကြီးထွား နေရသည် ဟုလည်း အစီရင်ခံစာတွင် ပါရှိသေးသည်။

ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် ပြီးခဲ့သည့်၂၀၁၂ခုနှစ် စက်တင်ဘာလမှ စတင်၍ မန္တလေး တိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်းများသို့ ကွင်းဆင်းခဲ့ရာ မြို့နယ်နှင့် ခရိုင်တရား ရုံး များမှ တရားစီရင်မှု များအပါအ၀င် အမှုသည်များ၊ ရှေ့နေများနှင့်လည်း တွေ့ဆုံကာ လေ့လာမှုများ ပြု လုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းကော်မတီသည် စတင်ဖွဲ့စည်းပြီး သက်တမ်း တစ်နှစ်အကြာတွင် ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ရာ ထိုတစ်နှစ်အတွင်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့နှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်း အသီးသီးမှ မကျေနပ်၍ တိုင်ကြားစာပေါင်း တစ်သောင်းကျော် လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ထိုကော်မတီက တင်သွင်းသည့် အစီရင်ခံစာအပေါ် အောက်လွှတ်တော် အမတ်များက ဆက်လက် ဆွေးနွေးလိုလျှင် ဆွေးနွေးကြရန်၊ ဆွေးနွေးလိုသည့် အမတ်များအနေဖြင့် သြ ဂုတ် ၁၂ ရက်တွင် အမည်စာရင်း ပေးသွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ညွှန်ကြားထားသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဘိန်းဖြူသုံး ကီလိုဂရမ် ကျော်၊ဆေးခြောက် ၁၇ ကီလိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၈၄၀၀၀၊ ဘိန်းစာမှုန့် ၁၃၀၀ ကီလိုဂရမ်ခန့်၊ ဖမ်းဆီးရမိခဲ့ရာ ယင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇွန်လအတွင်းက ပြုလုပ်သည့် မူးယစ်ဆေးတရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အခမ်းနားတွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ကမ္ဘာပေါ်တွင် အာဖဂန်နစ်စတန်နိုင်ငံသည် မူးယစ်ဆေး အများဆုံးထုတ်သည့် နိုင်ငံဖြစ်သော်လည်း မြန် မာနိုင်ငံသည် မူးယစ်ဆေးဝါးလုပ်ငန်းဖြင့် အသက်မွေးသည့်မိသားစု အများဆုံးရှိသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးက ယခုနှစ်အတွင်း ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိ မြန်မာနိုင်ငံ၏ မူးယစ်ဆေး ၀ါးသုံးစွဲမှု အခြေအနေမှာ လွန်ခဲ့သော သုံးနှစ်ကထက် ပိုမိုများပြားလာကြောင်း ပြည်နယ်နှင့်တိုင်းများမှ သူ့ ပါတီ၏ ဗဟိုကော်မတီဝင်များ၏ တင်ပြချက်ကို ကိုးကား၍ မေလကုန်ပိုင်းက ထုတ်ဖော် ပြောကြားခဲ့ ဖူး သည်။

“မေးခွန်းထုတ်ရမှာက ဘာဖြစ်လို့ ဒီ မူးယစ်ဆေးဝါးတွေရဲ့ကိစ္စဟာ ပိုပြီးတော့ဆိုးလာသလဲ။ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာက ထိထိမိမိ မလုပ်ကိုင်နေလို့လား။ ထိထိမိမိ ဒီကိစ္စတွေကို မချဉ်းကပ်လို့လား၊ မကိုင်တွယ်လို့ လားဆိုတာ ကျွန်မတို့မေးရမှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ထောက်ခံမှု လိုချင်နေတယ်ဆိုလို့ရှိရင် ဒီမူးယစ် ဆေးဝါးကိစ္စကို လျစ်လျူရှုထားလို့ မရပါဘူး”ဟု ထိုစဉ်က သူမက မှတ်ချက်ပြုခဲ့သေးသည်။

မဇ္ဈိမ သတင်းဌာန

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော် မပါဝင်ပါက ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ဟု ချင်းအမျိုးသားတပ်ဦး အဓိပတိ ကောင်စီဝင်ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော် မပါဝင်ပါက ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ပြီး လုပ်ငန်းစဉ် ထိခိုက်နိုင်သည်ဟု ချင်းအမျိုးသား တပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။


ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက် မည် ဆိုပါက အစိုးရနှင့် တပ်မတော်တို့၏ အမြင်များ ပါဝင်အောင်ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား၏ တိုင်းရင်းသားရေး၊ ပြည်တွင်းရေးနှင့် အနာဂတ် ပြည်ထောင်စုရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲတွင် ၎င်းက ပြော ကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ အသစ်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ဒေါက်တာဆလိုင်း လျန်မ မုန်းက ''လက်ရှိအခြေအနေမှာ အသစ်ရေးမယ် အဟောင်းပြင်မယ် ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်လိုက် မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ်။ ထိပ်တိုက်ရင်ဆိုင် သွားမယ်ဆိုရင် အီဂျစ်မှာလို အာဏာ သိမ်းမှု ပြန်ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့က ဒါကိုလည်း မြင်ထားမှရမယ်။ နိုင်ငံရေး သမားတွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချတော့မယ်ဆိုရင် ဆုံးဖြတ်ထားတဲ့ အပေါ်မှာ ဘာတွေလာမယ်ဆိုတာ ပြင်ထားဖို့ လို မယ်'' ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားများ ဒီမိုကရေစီ အင်အားစုများ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်များမှ တာဝန်ရှိသူများ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့အစိုးရ၊ တပ်မတော်မှ တာဝန်ရှိသူများ ပါဝင်ရန် လိုအပ်ခြင်းမှာ ၎င်းတို့၏ အမြင်များ ပါဝင်စေချင်သောကြောင့်ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။

''ကျွန်တော်တို့ အနေနဲ့ အသစ်ပဲရေးရေး အဟောင်းပဲပြင်ပြင် မူကိုပဲ ကျွန်တော်တို့ ယူသွားမယ်။ အသစ်ရေး မလား အဟောင်းပြင်မလား ဆိုတာကို ပင်လုံကဲ့သို့သောညီလာခံမှာအားလုံးဝိုင်းပြီးစဉ်းစားကြဖို့၏လိုတယ်။

ကျွန်တော်တို့ တိုင်းရင်းသားတွေ ဒီမိုကရေစီ အင်အားစုတွေ လူမှုအဖွဲ့အစည်းတွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို မကြိုက်တဲ့ သူတွေရဲ့ အမြင်တွေတင် မဟုတ်ဘဲ အဲဒါကို ကြိုက်ပြီးတော့ အဲဒါနဲ့ အာဏာယူပြီး တော့ အစိုးရလုပ်နေတဲ့ သူတွေရဲ့ အမြင်ကိုလည်း တင်ပြခွင့်ပေးရမယ်။ ဒါကို ဆွေးနွေးဖို့လိုအပ်တယ်။ သူ တို့ရဲ့ အမြင်တွေကိုလည်း ကျွန်တော်တို့ နားထောင်ရမယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ကျယ်ကျယ်ပြန့် ပြန့် တည်ဆောက်ရမယ်'' ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ဆိုသည်။

''ဒီနေ့ ဒီအခြေအနေမှာ ပြင်ဖို့ကိစ္စနဲ့ အသစ်ရေးဖို့ ကိစ္စကို အဲဒီညီလာခံမှာ သူတို့ပါဝင် ဆွေးနွေးမယ်။ အဲဒီ လို မဟုတ်ဘဲ အသစ်ရေးမယ် ဆိုတာကို တင်ပြလိုက်တာနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ့ပြီး ဒီလုပ်ငန်းစဉ်ကြီး တစ်ခုခု ဖြစ်သွားနိုင်တယ်'' ဟု ဒေါက်တာဆလိုင်းလျန်မုန်းက သုံးသပ်ပြောကြားသည်။

အလားတူ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌဦးခွန်မြင့်ထွန်း ကလည်း ဥပဒေ ဘောင် အတွင်းမှ ဖြေရှင်းလို့မရသည့် ကိစ္စရပ်များကို နိုင်ငံရေး နည်းအရ ဖြေရှင်းနိုင်ရေးအတွက် လူမျိုး ပေါင်းစုံ အလွှာပေါင်းစုံနှင့် အစိုးရပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီလာ ခံပြုလုပ်ရန် လိုအပ်သည်ဟု သြဂုတ် ၇ ရက်က ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သည်။

Eleven Media Group

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မတီဝင်များ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ်

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမည့် ကော်မတီဝင်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။


''အခုဝန်ကြီးဌာနမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှာ ပါဝင်မယ့် ကိုယ်စား လှယ် တွေကို စတင်ရွေးချယ်နေပါပြီ။ ကော်မတီ ဖွဲ့ပြီးသွားရင်တော့ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး သက် ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အနိမ့်ဆုံး လုပ်ခလစာတွေကို သတ်မှတ် ပေးမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်တဲ့ နေရာမှာ ဒေသတစ်ခုနဲ့တစ်ခု၊ အလုပ်အကိုင် အမျိုးအစား တစ်ခုနဲ့တစ်ခု အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေ တူညီမှာ မဟုတ်ပါဘူး'' ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ဆိုသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေတွင် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်း၊ ပြည်ထောင်စု နယ်မြေ ကော်မတီ၊ အထူးစီးပွားရေးဇုန် ကော်မတီ၊ တိုင်းဒေသကြီးပြည်နယ် ကော်မတီများ ဖွဲ့စည်းရေးတို့ ပါဝင် ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ ပြည်ထောင်စု နယ်မြေအ တွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သော်လည်းကောင်း၊ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းအတွက် သော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အမျိုးအစားအလိုက် သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေကိစ္စ သတ် မှတ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကော်မတီအသီးသီးမှ တင်ပြလာသည့် သတ်မှတ်သင့်သည့် အနည်း ဆုံး အခကြေးငွေ နှုန်းထားများကို အများပြည်သူ သိရှိနိုင်ရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်း ဆုံး ရက်ပေါင်း ၆၀ အတွင်း ထုတ်ပြန်ကြေညာ သွားမည်ဟု သိရသည်။

Eleven Media Group

တရားခံပြသက်သေအဖြစ်ဦးရွှေမန်းအပါ အ၀င်လူပုဂ်္ဂိုလ် ခြောက်ဦးအား တင်ပြ

သြဂုတ်လ ၁၂ ရက်နေ့၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံး တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံ ထားရသော စွပ်စွဲခံထားရသူ ခြောက်ဦးမှ မိမိတို့အားစွဲချက်တင် ထားရာတွင် အပြစ်မရှိကြောင်း သက်သေအဖြစ် ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကို ကြီး၊ ဦးမြအေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်း တင်နှင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဌေးဦး တို့အားတင် ပြခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ အထူးကဏာရမြို့နယ် တရားသူကြီး ဒေါ်နွဲ့နွဲ့ရီကလက်ခံ ခဲ့ကြောင်း အဆိုပါအမှုအားကိုင် တွယ်ဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။


ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို စွပ်စွဲခံရသူ ခြောက်ဦးမှာ ကိုဒီ ငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုမြင့် ကျော်စိုး၊ ကိုအောင်မျိုးဦး၊ ကိုစိုး မိုးထွန်း(ခေါ်)သူကြီးနှင့် မသန်္တာ တို့ဖြစ်ပြီး ၎င်းင်းတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီခွဲခန့်တွင် လက်ပံ တောင်းတောင်၌ ငြိမ်းအေးစွာ ဆန်္ဒထုတ်ဖော်နေသော သံဃာ တော်များနှင့် ပြည်သူတို့အား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းခဲ့သောကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် အကြမ်းဖက်တရားခံ ဖော်ထုတ်ပေးရန်အတွက် ဆန်္ဒ ထုတ်ဖော်ခဲ့ကြ သောကြောင့် စမ်း ချောင်းမြို့နယ်၊ အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို စွပ်စွဲခံထား ရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆက်လက်ရှင်းပြသည်။

ထို့နောက် တရားစွဲဆိုစွပ်စွဲ ခံထားရသူ ခြောက်ဦးမှ တစ်ဦး အပါအ၀င်ဖြစ်သူ ကိုစိုးမိုးထွန်း (ခေါ်) သူကြီးမှ မိမိ၏တရားခံပြ သက်သေအဖြစ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း) မှ ဦးကိုကိုကြီးအား တင်ပြခဲ့ကြောင်းနှင့် ထိုသို့တင်ပြ ခြင်းမှာ နိုင်ငံသားအခွင့်အရေး၊ ဥပဒေအခင်းအကျင်း များနှင့် ပတ်သက်၍ ကိစ်္စရပ်များအား သက်သေအဖြစ် ထုချေပေရန် အတွက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

““နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေအခင်းအ ကျင်းနဲ့ပတ်သက်လို့ တိုင်းပြည် မှာရှိနေတဲ့ ပြဿနာတွေ၊ လူမှု ရေးအခင်းအကျင်းပြဿနာတွေ ကြားထဲက ကျွန်တော်တို့ဘာ ကြောင့် ဒီလိုလုပ် ရတာလဲဆိုတာ ဦးကိုကိုကြီးက သက်သေအဖြစ် နဲ့ ထုချေမှာဖြစ်ပါတယ်”” ဟု ကို စိုးမိုးထွန်း(ခေါ်) သူကြီးက ပြော သည်။

အဆိုပါ တရားခံပြသက် သေခေါ်ဆိုသည်မှာ ယခုအကြိမ် ဆိုလျှင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမ အကြိမ် တွင် အလုံ မြို့နယ်တရားရု့းတွင် တင်ပြခဲ့ ခြင်းကာ တရားစွဲဆိုစွပ်စွဲခံရသူ များအား ရုံးတင် စစ်ဆေးမှုမပြီး သေး၍ မခေါ်ဆိုရသေးခြင်းဖြစ် ကြောင်း သိရသည်။

Credit : http://www.yeyintnge.com/2013/08/blog-post_879.html#.UgmwHawR8YI