Monday, August 12, 2013

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်


ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

Sunday, August 11, 2013



ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအား

လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။



မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ



တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစား မှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။



စားချင်စိတ်ရှိသော အစာကို စားပါ



ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။



အစာကို နည်းနည်းနှင့် မကြာခဏ စားပါ



ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြော က်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။



ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ



ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။



အာဟာရဖြည့်စွက်ဆေး သုံးပါ



အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံ ရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။



ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ



သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။



ကြယ်စင်

Good Health

မြ၀တီ ကျန်းမာရေး

ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာ ရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအားလျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။


မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်း များနှင့်အတူ စားပါ

တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများ နဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့အချိန်ပါ။ အများနဲ့အတူမစားရင် အထီးကျန်တဲ့ စိတ်ခံစားမှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာမိသားစုစုံညီအစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။

စားချင်စိတ်ရှိသော အစာကို စားပါ

ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြော က်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။

ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ

ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိ ထားပါ။

အာဟာရဖြည့်စွက်ဆေး သုံးပါ

အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံ ရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။

ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ

သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။

ကြယ်စင်
Good Health
မြ၀တီ ကျန်းမာရေး

အစ္စလာမ်အီးဒ်ပွဲတော် အထိမ်းအမှတ် သံဃာတော်များကို ဆွမ်းကပ်



ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် ရည်ရွယ်ကာ အစ္စလာမ် ဘာသာဝင်များ၏ အီးဒ် ပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဘာသာပေါင်းစုံ မိတ်ဆုံ စားပွဲကို လားရှိုးမြို့တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါ မြို့မှ မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။


ယင်းမိတ်ဆုံစားပွဲကို လားရှိုးမြို့ ရွှေဖူးစာခန်းမတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် လားရှိုး မွတ်ဆလင် ဘာသာရေးအသင်းက ဦးဆောင်ကာ ကျင်းပခဲ့သည်။

“ဘာသာပေါင်းစုံရဲ့ ကောင်းမြတ်သော သွန်သင်ဆုံးမမှုများ တည်တံ့ခိုင်မြဲကာ တစ်ဦးကိုတစ်ဦး ချစ်ခင် ရင်းနှီးစွာနဲ့ မေတ္တာထားပြီး နေထိုင်ကြပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ဒေါက်တာတင်အောင်က ဆိုသည်။

ယင်းအခမ်းအနားကို နိုင်ငံတော် သြဝါဒရစရိယ ဆရာတော်နှစ်ပါး၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်နှစ် ပါး၊ ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော် သုံးပါး၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် ၁၁ ပါးနှင့် ဟိန္ဒူ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။ 

“ဘာသာလူမျိုး အယူဝါဒ ကွဲပြားသော်လည်း တူညီသောဆန္ဒ လူသားတိုင်းမှာ ရှိပါတယ်။ အဲ့ဒါကတော့ ငြိမ်းချမ်းလိုမှု၊ ပျော်ရွှင်လိုမှုနဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးလိုမှုများပဲ ဖြစ်ကြပါတယ်” ဟု အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးက ယင်းအခမ်းအနားတွင် ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ နှင့် ၂၉ ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူတစ်ဦးသေဆုံးပြီး ဘာသာရေး အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့ခံခဲ့ရသည့် လားရှိုးမြို့လယ်ရှိ ဂျာမေဗလီ ကို ပြန်လည်ပြုပြင် မွမ်းမံ၍ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝတ်ပြုခွင့် ပေးခဲ့သည်။

ပဋိပက္ခကြောင့် လားရှိုးမြို့တွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဇူလိုင် လ ၂၇ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

The Voice

ပြည်သူပိုင် ပန်းခြံ ပြန်ရရေး ကြံ့ခိုင်ရေးပါတီကို ဆန္ဒပြမည်



ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ ခိုင်ရေးပါတီ) က သိမ်းယူထားသော ပြည်သူပိုင် ပန်းခြံ မြေနေရာ၌ ကွန်ဒိုအိမ်ရာစီမံကိန်း တည် ဆောက်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုလိုက်သည့်အတွက် စည်ပင်နှင့် ကြံ့ခိုင်ရေးပါတီကို မြို့နယ်လုံးကျွတ် ဆန္ဒပြမည် ဖြစ်ကြောင်း သတင်းရရှိသည်။


စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီက ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကွန်ဒိုအိမ်ရာ စီမံကိန်း စတင်တည်ဆောက်နေကြောင်း သိရှိရသည်။

အများပြည်သူပိုင် ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာစီမံကိန်း တည်ဆောက်မှုအပေါ် တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူအများစုက သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူများထံ စာပေးပို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ကွန်ဒိုစီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်နေသည့် အတွက် ပန်းခြံမြေ နေရာ ပြန်လည်ရရှိရေး တောင်ဥက္ကလာပ မြို့နယ် လုံးကျွတ် ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် တောင်ဥက္ကလာ လူငယ်များ ကွန်ရက်မှ ဒေါက်တာ စောနိုင်က ပြောသည်။

“တောင်ဥက္ကလာပ မြို့နယ်လုံးကျွတ် ဆန္ဒပြပွဲလုပ်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီ၊ ကွန်ဒိုစီမံကိန်း လုပ်ဆောင်နေတဲ့ မြေကွက်ရှေ့မှာ ဆန္ဒပြမယ်။ အခုအထိတော့ ရပ်ကွက် တော်တော်များများ ကျနော်တို့နဲ့ ပူးပေါင်းဖို့ လုပ်ဆောင်နေကြပြီ။ ဆန္ဒပြခွင့်အတွက်လည်း ရဲစခန်းမှာ တရားဝင် လျှောက်ထားတယ်။ အာဏာပိုင်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုဖြစ်စေ မြို့လုံးကျွတ် ဆန္ဒပြပွဲကို ကျနော်တို့ ဖြစ်အောင်လုပ်ဖို့ ရှိပါတယ်” ဟု ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။

လတ်တလော တောင်ဥက္ကလာ မြို့လုံးကျွတ် ဆန္ဒပြပွဲအတွက် လူအင်အား စုဆောင်းနေပြီး တသီးပုဂ္ဂလ ဦးဝင်းချို၊ နိုင်ငံရေးနှင့် လူမှုရေး ကွန်ရက်များမှ အင်အားစု အများအပြား ပူးပေါင်းပါဝင်ရန် ဖိတ်ကြားထား သည်ဟု သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြံ့ခိုင်ရေးပါတီ မတရားသိမ်းယူထားသော ပြည်သူပိုင် မြေကွက်ပေါ်တွင် ကွန်ဒိုဆောက်လုပ်ခွင့် ပြုမှုအတွက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်သော ပြည်သူအချို့ကလည်း ဆန္ဒပြပွဲတရပ် သြဂုတ် ၁၈ ရက်နေ့တွင် ကျင်းပရန် ရှိကြောင်း၊ ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်ကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၁၂ ရက်နေ့က တရားဝင်လျှောက်ထား လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

“တောင်ဥက္ကလာမှာ လုပ်မယ့် ဆန္ဒပြပွဲက ပြည်သူတွေရဲ့ ဆန္ဒပြပွဲ။ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ကျနော် လုပ်မယ့် ဆန္ဒပြပွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ စည်ပင်ကို ကျနော် ကန့်ကွက်တဲ့ ဆန္ဒပြပွဲပါ။ ပြည်သူ ပိုင် မြေဆိုတာ သိပါလျက်နဲ့ ကြံ့ခိုင်ရေးကို ပိုင်ဆိုင်ခွင့် ဂရန် ထုတ်ပေးထားတာ၊ ကွန်ဒိုဆောက်ဖို့ ခွင့်ပြုမိန့် ပေးလိုက်တာတွေ ကန့်ကွက်မယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

၂၀၀၂ ခုနှစ် ရန်ကုန်မြို့တော်ဝန် ဦးကိုလေး လက်ထက်တွင် ကြံ့ခိုင်ရေး သိမ်းယူထားသော တောင်ဥက္က လာပ ပန်းခြံ မြေကွက်ကို ကြံ့ခိုင်ရေးက တရားဝင်ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော နှစ် ၆၀ မြေငှား ဂရန် စာချုပ်ကို တရားဝင် ထုတ်ပေးခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရ သည်။

Credit : http://burma.irrawaddy.org/archives/46123

ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို လူသတ်မှုဖြင့် စခန်းမှူးကိုယ်တိုင်အမှုဖွင့်

ဒလမြို့နယ်တွင် ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူခြောက်ဦး ကို လူသတ်မှုပုဒ်မဖြင့် မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် စွပ်စွဲတိုင်တန်းသဖြင့် သြဂုတ် ၁၀ ရက်တွင် အမှု ဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။


ပြီးခဲ့သည့် ဇွန် ၂၉ ရက်ညက ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် မလှလှစိန် (ခ) မခင်ခင်ဝင်း သည် လမ်းတွင် မိတ်ဆွေတစ်ဦးကိုတွေ့ရာ “သူတို့ တွေဝိုင်းရိုက်တယ်၊ ရေထဲတွန်းချ တယ်” ဟုပြောကာ မူးမေ့တက်ချက်သွားသဖြင့် ဒလဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

နောင်တွင် သူမကိုတာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း ဇူလိုင် ၃ ရက်တွင် သေဆုံး ခဲ့သည်။

ထိုအမှုသည် မြို့နယ်စခန်းမှူးကိုယ်တိုင် ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အမှုဖွင့်လိုက်သည့် ယခုအမှုနှင့် ကွင်းစက်ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက သူ့ညီမသေဆုံးသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၎င်းဘာသာစုံစမ်းပြီး သြဂုတ် ၅ ရက်က ရဲစခန်းတွင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများက သူ့ညီမကိုသေသည်အထိရိုက်သည်ဟု စွပ်စွဲကာတိုင်တန်းခဲ့သည်။

ထို့အတူပင် မလှလှစိန်သေဆုံးမှုကို ကနဦးကရဲများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားခဲ့သော်လည်း ထိုအမှုနှင့် ပတ်သက်၍ မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံရာတွင် ထိုရုံးကသြဂုတ် ၈ ရက်၌ ယင်းလူသေမှုကို လူသတ်မှုဖြင့် ပြောင်းလဲစစ်ဆေးသင့်သည်ဟု ပြန်လည်အကြောင်း ကြားလာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် သေဆုံးသူမလှလှစိန် သေဆုံးမှုနှင့်ပတ်သက်၍ သေသူ၏အစ်မကိုပင် တရားလိုမလုပ်စေ တော့ဘဲ မြို့နယ်စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ကာ ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအ၀င် လူခြောက်ဦးကို လူသတ်မှုဖြင့်စွပ်စွဲ၍ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ရာအိမ်မှူး ဦးပါ(ခ) ဦး အောင်မြင့်၊ ဆယ်အိမ်မှူး ဦးသိန်းထွန်း(ခ)ဦးကမာဒူး၊ ဆယ်အိမ်မှူး ဦးကျော်ဦး(ခ)အပု၊ ရဲတပ်ကြပ်ကြီး မြအေး၊ အရန်မီးသတ် တပ်စုမှူး ဒေါ်သန်းသန်းဝင်း (ခ)မစိမ်းတို့ဖြစ်ကြသည်။

၎င်းတို့သည် သေဆုံးသူ မလှလှစိန်နှင့်မည်သို့အချင်းများကာ၊ ယခုလိုသေဆုံးသည် အထိဖြစ်ပွားခဲ့သည် ကိုမူ အသေးစိတ် မသိရသေးပေ။

ယခုအမှုကို ဒလရဲစခန်းတွင် အမှုအမှတ် (ပ)၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူး၏ သတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဒလရဲစခန်းသို့ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ စခန်းမှူးကိုယ်တိုင် တာဝန်ယူ စစ်ဆေးနေကြောင်း တာဝန်ကျရဲက အတည်ပြုပြောကြားသည်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_7287.html

ပြည်လုံးကျွတ်အပစ်ရပ်ရေးအတွက် အစိုးရက အချိန်ကန့်သတ်နိုင်



လာမယ့် ​လအနည်းငယ်အတွင်းမှာ ​တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​ဆွေနွေး ပွဲတွေ၊ ​သဘောတူညီမှုတွေ ​စဖို့အတွက် ​အစိုးရ ဘက်က ​အချိန်ကန့်သက်ချက်တွေ ​ထုတ်ပြန် လာနိုင်တယ်လို့ ​မြန်မာငြိမ်းချမ်းရေး စင်တာက ​ပြောဆို လိုက်ပါတယ်။


အခုချိန်မှာ ​အစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူထားတဲ့ ​လက်နက်ကိုင်အဖွဲ့အစည်း ​၁၄ ​ဖွဲ့ရှိနေပြီး ​ကချင် ​ကေအိုင်အို၊ ​တအောင်း ​ပလောင် ​TNLA ​နဲ့ ​အခြား ​အဖွဲ့အစည်းအနည်းငယ်သာ ​အပစ်အခတ်ရပ်စဲဖို့ ​ကျန်ရှိနေသေးတယ်လို့ ​သိရပါတယ်။

ကေအိုင်အိုနဲ့ ​TNLA ​တို့နဲ့ ​လက်ရှိ ​ဆွေးနွေးမှုတွေ ​ပြုလုပ်နေပြီး ​လအနည်းငယ်အတွင်းမှာ ​အစိုးရဘက်က ​အချိန်ကန့်သက်ချက်တွေ ​ထုတ်လာနိုင်တယ်လို့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ပြောရေးဆိုခွင့်ရှိသူ ​ငြိမ်းချမ်းရေး ​အကျိုးဆောင် ​ဦးလှမောင်ရွှေက ​ယခုလိုပြောပါတယ်။

“အားလုံးပါလာအောင် ​ဖိတ်မှာပါပဲ၊ ​အဲတော့ ​၁၄ ​ဖွဲ့အပြင် ​နောက်ထပ်နှစ်ဖွဲ့လဲ ​KIO ​နဲ့ကော ​TNLA ​နဲ့ကော ​ဆွေးနွေးနေတာ ​ဖြစ်တဲ့အတွက် ​သူတို့လဲ ​ပါလာဖို့ ​မျှော်လင့်ထားတယ်။ ​ဒါပေမယ့် ​အချိန်တစ်ခုအထိကိုတော့ ​စောင့်ဆိုင်းရမယ့် ​သဘောရှိတယ်။ ​အားလုံးပါရင်တော့ ​အကောင်းဆုံးပေါ့ဗျာ။ ​ဒါပေမယ့် ​လအနည်းငယ် ​အတွင်းမှာတော့ ​အစိုးရဘက်ကတော့ ​Time ​Line ​တွေ ​ထုတ်ကောင်းလဲ ​ထုတ်ပါလိမ့်မယ်။”

ကချင်ပြည်နယ်အတွင်းမှာ ​တိုက်ပွဲတွေ ​ဖြစ်ပွားမှု ​နည်းပါးနေပေမယ့် ​ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာတော့ ​ထိပ်တိုက် ​တွေ့ဆုံမှု ​အချို့ရှိနေတယ်လို့ ​သိရပါတယ်။

TNLA ​အနေနဲ့ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှုရယူပြီး ​တိုက်ပွဲတွေ ​ဆက်လက်ဖြစ်ပွားနေရင် ​ငြိမ်းချမ်းရေးကို ​အထောက် ​အကူမပြုနိုင်တဲ့အတွက် ​တိုက်ပွဲထိတွေ့မှုတွေ ​မရှိတော့မှသာ ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ထိုးနိုင်မယ်လို့ ​သြဂုတ်လ ​၄ ​ရက်နေ့က ​ပြောကြားခဲ့ပါတယ်။

နိုင်ငံရေး ​ဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက် ​ပြည်ထောင်စု ​ငြိမ်းချမ်းရေးဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ ​UNFC ​တို့ Frame ​Work ​မူဘောင်အဖွဲ့တွေ ​ဆွေးနွေးနေပြီး ​တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ​အပစ်အခတ် ရပ်စဲရေး ​သဘောတူညီမှုတွေ ​ရယူနိုင်ပြီးမှ ​နိုင်ငံရေး ​ဆွေးနွေးပွဲတွေ ​ဖြစ်လာနိုင်မယ်လို့ ​ပြောဆို ကြကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_5367.html

ဘင်္ဂါလီများဘက်မှ ဘက်လိုက်သော ကင်တားနားအား စစ်တွေ၌ ရခိုင်ပြည်သူများမှ ဆန္ဒထုတ်ဖော်



ယနေ့ရခိုင်ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိလာသောကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana)အားဘင်္ဂလီတို့ဖက်မှ ဘက်လိုက် မှုများရှိခြင်း၊ ဘင်္ဂလီများအား မြန်မာနိုင်ငံသားများအဖြစ် လက်ခံပေးရေး စသည်တို့ အတွက် ရခိုင် ရခိုင်တိုင်းရင်းသားများမှ မကျေနပ်သဖြင့် ကန့် ကွက်ဆန္ဒပြခဲ့ ကြောင်းသိရသည်။


ကင်တားနားသည် ယနေ့ နံနက်(၈း၄၅)မိနစ်အချိန်က စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်မှထွက်ခွာရာလမ်းတလျှောက်၌ရခိုင်ပြည်သူများမှ ကင်တားနားအားအလိုမရှိကြောင်း ဖော်ဆောင် သည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ဆန္ဒဖော်ထုတ်ခဲ့ကြသည် ဟုဆန္ဒထုတ်ဖော် သူများထံမှ သိရှိရသည်။

ကင်တားနားအားဆန္ဒပြနေသော အဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကမူ "ဘင်္ဂလီတွေ ဘက်ကနေ ဘက်လိုက်ပြီး ကျနော်တို့ တိုင်းရင်းသားတွေထဲကို သွေးရောချင်တဲ့ ကင်တားနားကို ကျနော်တို့ မကျေနပ်လို့  ဆန္ဒပြခြင်းဖြစ်ပါတယ်။ နောက်ပြီး ဘင်္ဂလီတွေကို ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ၈၈ မျိုးဆက်ကျောင်းသားဆိုတဲ့ သူတွေလာရင် လဲ အခုလို ကန့် ကွက်ဆန္ဒပြသွားပါမယ်"ဟု ပြောကြားခဲ့ ပါသည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ ၁၀ရက်တာ ခရီးစဉ်လာရောက်ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း ရခိုင် ပြည်သူများနှင့် လည်း တွေ့ ဆုံရန်ရှိကြောင်း သတင်းရရှိသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_1007.html

အာဆီယံ ယူ- ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်



မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (AFF U-16 Championship 2013) အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂ဝရက်မှ စက်တင်ဘာ ၂ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် တစ်နေ့နှစ်ပွဲနှုန်း လက်ခံ ကျင်းပ သွား မည် ဖြစ်သည်။


အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို အုပ်စု နှစ်အုပ်စု ခွဲယှဉ်ပြိုင် မည်ဖြစ်ရာ (က) အုပ်စုတွင် မြန်မာ၊ ဗီယက်နမ်၊ သြစ တြေးလျ၊ ကမ္ဘော ဒီးယားနှင့် ဘရူနိုင်းအသင်း၊ အုပ်စု (ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် စုစုပေါင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။ မြန်မာ ယူ-၁၆ အသင်းကို ပြီးခဲ့သည့် ယူ-၁၅ ပြိုင်ပွဲမှ ကစားသမား များကို အဓိက အခြေခံထားပြီး မန္တလေး၊ နေပြည်တော်၊ ပုသိမ်ဘောလုံး အကယ်ဒမီမှ လူငယ်အများစု ပါဝင်နေသည်။

အသင်းကို ဂျပန်လူမျိုး နည်းပြချုပ် တာရှီးမားက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။

ပဏာမ လူစာရင်းကို သြဂုတ် ၈ရက်က ထုတ်ပြန် ကြေညာခဲ့ရာ-

ဂိုး- ဆန်းဆက်နိုင်၊ စောဌေး (မန္တလေး အကယ်ဒမီ)၊ ဖုန်းသစ္စာမင်း (နေပြည်တော် အက်စ်စီ အကယ်ဒမီ)၊

နောက်တန်း- အောင်သက်စိုး၊ စိုးမိုးထွန်း၊ ရဲရင့်ကို၊ ခိုင်စိုးဦး၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း (မန္တလေး အကယ်ဒမီ)၊အောင်ဖြိုးသာ၊ရဲမင်းသူ(နေပြည်တော်အက်စ်စီ)၊ ကျော်ဇင်စိုး(မန္တလေးတိုင်းဒေသကြီး)၊

အလယ်တန်း သီဟထွန်းကျော်၊ ကျော်လွင်မိုး၊ မျိုးသက်နိုင်၊ ဆန်းသူအောင်၊ အောင်သက်စိုး၊ ဇာနေရသူ၊ ဥက္ကာဘို (မန္တလေးအကယ်ဒမီ)၊ စိုးလွင်လွင် (ရတနာပုံအကယ်ဒမီ)၊ မင်းသူ (ပုသိမ်အကယ်ဒမီ)၊ မိုးမင်းဇော်(မန္တလေးတိုင်းဒေသကြီး)

ရှေ့တန်း-ဇွဲသက်ပိုင်၊အောင်ပြည့်ကို၊ရွှေကို(မန္တလေးအကယ်ဒမီ)နှင့်ဂျွန်ကွေလိ တို့ကို ရွေးချယ်ထား ကာလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

မြန်မာ အသင်းသည် ပွဲဦးထွက် အဖြစ် သြဂုတ် ၂ဝ ရက် ည ၆နာရီ ၄၅မိနစ်တွင် ဗီယက်နမ် အသင်းနှင့် ဒုတိယပွဲစဉ် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ နည်းပြချုပ် တာရှီးမားက မိမိတို့အသင်း အဖွင့်ပွဲ ဗီယက်နမ်နှင့် သြစတြေးလျ တို့ကို အဓိကထား ယှဉ်ပြိုင်ရနိုင် ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရဖူးထားသည့် မြန်မာလူငယ် အသင်းသည် ကိုယ့်မြေကိုယ့် ပရိသတ် ရှေ့တွင် အောင်မြင် မှုများ ထပ်မံရရှိရေး ကြိုးစား ယှဉ်ပြိုင်သွားမည်ဟု ယုံကြည်သလို ကွင်းအတွင်း လာရောက် အားပေးကြမည့် ပရိသတ် အပေါင်းကလည်း အိမ်ရှင်ပီပီ ယဉ်ကျေးပျူငှာစွာ ကြည့်ရှုအားပေး သွားကြပါဟု တိုက်တွန်း နှိုးဆော် လိုက်ရ ပေသည်။ ။

အုပ်စု(က) မြန်မာအသင်း ပါဝင်သည့် ပွဲစဉ်များ

၂ဝ-၈-၂ဝ၁၃ မြန်မာ - ဗီယက်နမ် ၁၈း၄၅ နာရီ
၂၂-၈-၂ဝ၁၃ မြန်မာ- သြစတြေးလျ ၁၈း၄၅ နာရီ
၂၆-၈-၂ဝ၁၃ မြန်မာ- ဘရူနိုင်း ၁၈း၄၅ နာရီ
၂၈-၈-၂ဝ၁၃ မြန်မာ- ကမ္ဘောဒီးယား ၁၈း၄၅ နာရီ

Myawady

အင်အားကြီး နိုင်ငံရေးပါတီ ဌာနချုပ် တည်ရှိပြီး နိုင်ငံရေး အခမ်းအနားများ အများဆုံး ပြုလုပ်လေ့ရှိသည့် ဗဟန်းမြို့နယ်အတွင်း ခွင့်ပြုချက်မရဘဲ အခမ်းအနား ပြုလုပ်ပါက အရေးယူမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ညွန်ကြား



အင်အားကြီး နိုင်ငံရေးပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတည်ရှိပြီး နိုင်ငံရေးနှင့် ပတ်သက် သော အခမ်းအနားများ အများဆုံး ပြုလုပ်လေ့ရှိသည့် ဗဟန်းမြို့နယ်အတွင်း ခွင့်ပြု ချက် မရဘဲ အခမ်းအနား များ ပြုလုပ်ပါက အရေး ယူ မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။


ထိုသို့ ညွှန်ကြားချက်ကို သြဂုတ် ၈ ရက် နေ့စွဲဖြင့် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ် ရေး မှူးရုံးမှ ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်ထံမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခန်းမများ၊ ဘာသာရေး အဆောက် အအုံများ၊ ကျောင်းများနှင့် အခြားလူမှုရေး အဆောက်အအုံများတွင် ခွင့်ပြုချက်မဲ့ အခမ်းအနားများ ကျင်းပ နေသည်ကို စိစစ်တွေ့ရှိရ၍ ခွင့်ပြုချက် ရယူဆောင်ရွက်ရေးနှင့် ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆောင် ရွက်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောင်ရွက်လိုသူများနှင့် သက်ဆိုင် သူများအား အသိပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် ထပ်ဆင့် အကြောင်း ကြား ပါ သည်ဟု ညွှန်ကြားချက်တွင် ပါဝင်သည်။

ထိုညွှန်ကြားချက်သည် သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာအမှတ် ၁/၁ - ၃(၁)/ အစည်းအဝေးကို ရည်ညွှန်းကြောင်း သိရသည်။

ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းမပြုမီ ဇူလိုင် ၃၁ ရက်က ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ အထက် ညွှန်ကြားချက်အရဟု ပြောဆို၍ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်အား အခမ်းအနားပွဲများ ကျင်းပခြင်းကို လက်ခံငှားရမ်းပါက ရက် ၂၀ ကြိုတင် အကြောင်းကြားရမည် ဖြစ်ကြောင်း နှုတ်ဖြင့်ခေါ်ယူ သတိပေးခဲ့ပြီး ဦးစိုးညွန့်မှလည်း ခေါ်ယူသတိပေးမှုသည် ပုဂ္ဂိုလ်ရေးဆန်ကာ မိမိအနေဖြင့် ခန်းမငှား ရမ်း ခြင်း သာဖြစ်ပြီး ခန်းမအတွင်း ပြောဆိုမှုများသည် ပွဲစီစဉ်သူများနှင့်သာ ဆိုင်ကြောင်း ပြန်လည်တုံ့ပြန် ပြော ဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စာဖြင့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးညွန့်က ပြောကြားသည်။

''ဒါကတော့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီပေါ့ဗျာ။ သူတို့ကတော့ လူလည်းမပြောင်း မူလည်း မပြောင်း တဲ့ဟာပေါ့။ လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုလည်း မတတ်နိုင်ဘူးပေါ့ဗျာ။ လုပ်ပေါ့။ ဒါပေမဲ့တရားဥပဒေစိုးမိုး မှုမျိုး ရှိဖို့လိုတာပေါ့။ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အဖွဲ့တွေရှိလည်း ကျွန်တော် ဒီကိစ္စကို အကြောင်းကြား ထားပါတယ်။ အဖြေတစ်ခုတော့ ထွက်လာမှာပေါ့ဗျာ။ ကျွန်တော်တို့ ရှေ့သွားမလား။ နောက်ဆုတ်မလား ဆိုတဲ့အချိန်မှာ ဒီကိစ္စကြီးက အရမ်း အရုပ်ဆိုးတာပေါ့'' ဟု တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်က ပြောကြား သည်။

ထို့ပြင် လက်ရှိနိုင်ငံရေး အပြောင်းအလဲတွင် နိုင်ငံရေး အယူအဆ နိုးကြား၍ ပြောဆိုဆွေးနွေးမှုများ အဆင် ပြေစွာ လုပ်နေချိန်တွင် ပိတ်ဆို့တားဆီး ဟန့်တားမှု မှန်သမျှကို လက်မခံကြောင်း၊ ထိုသို့ လုပ်ဆောင်မှု သည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ လွတ်လပ်မှုနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ချုပ်ကိုင်ရာ ရောက် ကြောင်း၊ မြန်မာနိုင်ငံ၏ ယနေ့ ပေါ်ပေါက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပုံသဏ္ဌာန်သည် တော်ဝင် နှင်းဆီကဲ့သို့ ဆိုင်များတွင် အခမ်းအနား ပြုလုပ်ခြင်းများ ဆက်စပ်ကြောင်းနှင့် အစိုးရ၏ နိုင်ငံအပြောင်း အလဲ များ ကို အားပေးနေကြောင်း ပြောဆိုနေမှုများကိုလည်း အဟန့်အတား ဖြစ်စေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က ပြောကြားသည်။

အဆိုပါကဲ့သို့ ခွင့်ပြုချက် တင်ခိုင်းမှုသည် အထိမ်းအမှတ် အခမ်းအနားများကဲ့သို့ ကြိုတင်သိရှိသည့် ပွဲများ သာ ဖြစ်နိုင်ခြေရှိပြီး ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမှုရေး၊ နိုင်ငံရေးနှင့် ရုတ်တရက် ပေါ်ပေါက် သော အရေးကြီး ကိစ္စများအား အများပြည်သူ သိရှိရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်ပင် မလွယ်ကူ တော့သည့် အခြေအနေမျိုး ဖြစ်ကာ အများပြည်သူ သတင်းသိရှိခွင့်အား ပိတ်ပင်သည့် အခြေအနေမျိုး လည်း ဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

''ပွဲလမ်းသဘင်တွေ ဟောပြောပွဲတွေ လုပ်မယ်ဆိုရင် ခွင့်ပြုချက် တင်ရတယ်။ ဘာလို့လဲဆိုတော့ ခွင့်ပြု ချက် တင်တဲ့အခါမှာ ကျွန်တော်တို့က လိုအပ်တာတွေ လုပ်ပေးတယ်။ လုံခြုံရေးတို့၊ ယာဉ်ထိန်းတို့ပေါ့။ သီးခြားညွှန်ကြားချက် မဟုတ်ဘူး။ အစတည်းက လုပ်တာ။ လုပ်တဲ့အခါမှာ ထူးခြားချက်က တော်ဝင်နှင်းဆီ က မလုပ်ဘူး။ လုပ်တာ မလုပ်တာကို မပြောလိုဘူး။ တကယ်လို့ တစ်ခုခု ပေါ်လာရင် ဘယ်သူက တာဝန် ယူ မလဲ။ အဲဒီတော့ ဟိုတုန်းက ညွှန်ကြားချက်ကို ထပ်ပြီးတော့ တရားဝင် သတိပေးတာ။ ဟိုတုန်းတည်းက အကုန်လုံး သိပြီးသား။ တော်ဝင်နှင်းဆီက တင်ချင်လည်းတင်တယ်။ မတင်ချင်လည်း မတင်ဘူး။ မတင်တဲ့ အခါကြတော့ ကန့်ကွက်မှုတွေ ပေါ်လာတယ်။ တစ်ဖက်က ဥပမာအားဖြင့် တိုင်းရင်းသား တစ်မျိုးတည်းမှာ ဆန့်ကျင် ကန့်ကွက်မှုတွေရှိတယ်။ သူတို့က မသိဘူးပေါ့။ ကျွန်တော်တို့ဆီကို လာပြီးတော့ တင်ပြလာတာ ပေါ့။ အဲဒါကြောင့် လုပ်တာမှန်သမျှတင်ပေး၊ အစိုးရအဖွဲ့မှာ ဆုံးဖြတ်ပေးမယ်။ အဲဒီသဘောပါပဲ''ဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခု ထုတ်ပြန် အသုံးပြုနေသော အမိန့်ညွှန်ကြား ချက်များသည် ယခင် စစ်အစိုးရလက်ထက် ညွှန်ကြား ချက်များအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်နေကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်တွင် လုပ်ကိုင်နေကြ သော အုပ်ချုပ်ရေး အာဏာပိုင်များက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျော်၍ ချုပ်ချယ်ကန့်သတ်မှု ပြု လုပ်နိုင်သလားဟု မေးခွန်းမေးရမည့် အခြေအနေ ဖြစ်နေကြောင်း ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

''အဖွဲ့တစ်ဖွဲ့က အခန်းငှားပြီးတော့ အဲဒီအခန်းထဲမှာ အစိုးရကို အကြည်ညိုပျက်စေတဲ့ မကောင်းတာတွေ ပြောလို့ရှိရင် အဲဒီပြောတဲ့ အဖွဲ့၊ ပြောတဲ့သူကို အချိန်မရွေး အရေးယူလို့ရတယ်။ ဒါကပြောတဲ့ သူနဲ့ပဲ ဆိုင် တာ။ အဆောက်အအုံနဲ့လည်း မဆိုင်ဘူး။ အဆောက်အအုံ ပိုင်ရှင်နဲ့လည်း မဆိုင်ဘူး။ အဆောက်အအုံ ပိုင်ရှင်က သူတို့ဘာပြောမလဲဆိုတာ သိတာမဟုတ်ဘူး။ သူတို့ပြောတာ မှန်မှန် မှားမှား သူတို့ကိစ္စ'' ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုက်ရိုက်သက်ဆိုင်သည့် တပ်မတော် အငြိမ်းစား ဟောင်းများဖြင့် ဖွဲ့စည်းထားသော မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ-မြို့တွင်း) အား ခေတ် စနစ်နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် ယာဉ်ပိုင်ရှင်များမှ သတင်းစာ ရှင်းလင်းပွဲနှင့်အတူ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည့်ပွဲကို ဇူလိုင် ၂၈ ရက်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ခေါ်ယူသတိပေးခြင်း၊ စာထုတ်၍ သတိပေး အကြောင်းကြားခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သည် ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှ ၈ ရက်ထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ့ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားမှ 'အရေး တော်ပုံ' စာသား ပါဝင်မှုကို ခွင့်မပြုခဲ့ဘဲ ဖြုတ်ပေးရန် ဖိအားပေးမှုများ ရှိခဲ့သော်လည်း အခမ်းအနား ကျင်းပ ရေးလုပ်ငန်း ကော်မတီက ဖြုတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

Eleven Media Group

လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် အစိုးရ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီလာခံ ပြုလုပ်ရန် လိုအပ်ဟု PNLO ဥက္ကဋ္ဌပြောကြား

လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် အစိုးရ ပါဝင်သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံသော လွှတ်တော်ပြင်ပ ညီ လာခံ ပြုလုပ်ရန် လိုအပ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့်ပအို့ဝ်အမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။


အဆိုပါ ညီလာခံကို ကျင်းပနိုင်မှသာ ဥပဒေဘောင် အတွင်းမှ ဖြေရှင်း၍ မရသည့် ကိစ္စရပ်များကို နိုင်ငံရေး နည်းအရ ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား၏ တိုင်းရင်းသားရေး၊ ပြည်တွင်းရေးနှင့် အနာဂတ် ပြည်ထောင်စုရေး ခေါင်းစဉ်ဖြင့် ဆွေးနွေး သည့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ''ကျွန်တော်တို့က ဒီပြည်ထောင်စု ညီလာခံကြီးကို ဘာလို့ကျင်းပ ချင်တာ လဲ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းချင်လို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေဘောင်နဲ့ ရှင်းလို့မရတာကို နိုင်ငံရေးနဲ့ ရှင်းမှရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တယ်ဆိုရင် တပ်မ တော် က ရှိတယ်။ သူက အထိမခံဘူး။၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်ရမယ့် တာဝန်သူ့မှာရှိတယ်။ အဲဒီ လို ဥပဒေဘောင်နဲ့ ရှင်းလို့မရတာကို နိုင်ငံရေးနဲ့ ရှင်းရ မယ်'' ဟု ပြောကြားသည်။

''အဲဒီလို နိုင်ငံရေးနည်းနဲ့ ရှင်းရမှာ ဖြစ်တဲ့အတွက် တရားဝင်ဖြစ်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားရတဲ့ သူတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် ပါဝင်ခွင့် ပေးရမယ်။ ဒါကြောင့်မို့ အမြင့်ဆုံးလုပ်တဲ့ ပြည်ထောင်စု ညီလာခံကြီးကို အစိုးရလည်း ပါရမယ်။ ပြည်ထောင်စု ညီလာခံကြီး ကျင်းပတဲ့ အခါမှာ အားလုံး တရားဝင်မှု ရှိအောင် လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း ခံထားတဲ့သူတွေနဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို လွှတ်တော်ထဲမှာ သွားမလုပ်ပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဖို့လိုတယ်'' ဟု ၎င်းက ဆို သည်။

ထိုသို့ ပြည်ထောင်စု ညီလာခံကြီး မပြုလုပ်မီ တိုင်းရင်းသားလူမျိုး အလိုက်သော် လည်းကောင်း၊ အလွှာ အ လိုက် သော်လည်းကောင်း၊ ဒေသအလိုက် သော်လည်းကောင်း ညီလာခံများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပအို့အမျိုးသား ညီလာခံပြုလုပ်ရန် အတွက် အစိုးရနှင့် သဘောတူညီ ထားကြောင်း ၎င်းကဆိုသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှပြုလုပ်သော တိုင်းရင်းသား ညီလာ ခံများတွင် အစိုးရနှင့် တပ်မတော်ကတစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်များကတစ်စု၊ ဒီမိုကရေစီ အင်အား စုများနှင့် နိုင်ငံရေးပါတီများကတစ်စု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများက တစ်စုပါဝင်သော ပြည်ထောင်စု ညီလာခံကြီး ကျင်းပနိုင်မှသာ ဥပဒေအရ ရှင်းမရသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဆွေးနွေး ထား သည်။

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် UNFC အဖွဲ့ဝင် ဖြစ်သည်။

Eleven Media Group

ထိုင်းတွင် မြန်မာလူကုန်ကူးဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ပါက မြန်မာဘက်မှလည်း အရေးယူသွားမည်

မြန်မာလူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ထိုင်းနိုင်ငံတွင်ဖမ်းဆီးစစ်ဆေးနေပြီး၎င်း၏လူကုန်ကူးခြင်း ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် လူကုန်ကူး ခံရသူများ အနေဖြင့် မြန်မာနိုင်ငံတွင် အမှုဖွင့် တိုင်ကြားပါက မြန်မာနိုင်ငံ ဘက်မှလည်း အရေးယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။


လူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ်ရှိ အောင်မျိုးမင်း(ခ)ကိုမျိုးအား သြ ဂုတ် ၁ ရက်တွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာစိုက်ခင်း တစ်ခုတွင် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ များ က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိအချိန် တွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

''အောင်မျိုးမင်း (ခ) ကိုမျိုးက ၂၀၁၀ ကတည်းက မြန်မာနိုင်ငံ ကော့သောင်းရဲစခန်းက လူကုန်ကူးမှုနဲ့ အလို ရှိနေ တဲ့ သူအဖြစ် ကြေညာထားပြီးသား ဖြစ်ပါတယ်။ သူဟာ လူကုန်ကူးမှု သာမကဘဲ လူသတ်မှု၊ အဓမ္မပြု ကျင့်မှုတွေပါ ဆက်စပ်ပတ်သက် ကျူးလွန်ထားတယ်လို့ လူကုန်ကူး ခံရသူတွေဆီက သိထားရတယ်။ ထိုင်း ဘက်က တာဝန်အဖွဲ့တွေနဲ့ မြန်မာဘက်က ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ပူးပေါင်းဆောင်ရွက် ခဲ့တဲ့အတွက် ကိုမျိုးကို သြဂုတ် ၁ ရက်မှာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

မြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့ ကိုမျိုးရဲ့ လူကုန်ကူးခြင်း ခံရသူတွေက ဒီမှာအမှုဖွင့် တိုင်ကြားလို့ ရှိရင်လည်း ကျွန်တော်တို့ဘက် က အရေးယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြား ခဲ့သည်။

ယခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ ကန်တန်မြို့တွင် မြန်မာသုံးဦးအား ငါးဖမ်းလှေများတွင် ရောင်းစား ခံရကြောင်း သတင်းရရှိပြီးနောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား လူကုန်ကူး ခံရသူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူ အေးမင်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ကွင်းဆက်များ ဖော် ထုတ် ချက်အရ အောင်မျိုးမင်း (ခ)ကိုမျိုးပါဝင်ကြောင်း သိရသဖြင့် ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ပါဂျောင်သတ်ဖြတ်မှု အစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ABSDF ဒုဥက္ကဋ္ဌ ပြော

၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပါဂျောင်ဒေသတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလတွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။


၎င်းက ရန်ကုန်မြို့၊ ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ပါဂျောင်သတ်ဖြတ်မှုမှာ ယင်းကာလအတွင်း ကျောင်းသား များကို စစ်ထောက် လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေးအဖွဲ့က လေ့လာတွေ့ရှိချက်အရ ထုတ်ပြန်သွားမှာပါ။ ဒီကိစ္စ မှာက ပါဝင်ပတ်သက်သူ ၁၀၀ ခန့်ရှိနေပြီး ၃၀ လောက်ကိုပဲ တွေ့ရသေးတယ်။ ကျန်တဲ့လူ ၇၀ကို မတွေ့ရ သေးဘူး။ လေ့လာတွေ့ရှိချက်တွေအရ အမှန်တရားပဲဖြစ်စေရမယ်”ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

ပါဂျောင်တွင် ကျောင်းသားများ အစုပြုံလိုက် သတ်ဖြတ်မှုနှင့် ပါတ်သက်၍ ABSDF မှ ဖွဲ့စည်းထားသော တရားမျှတ မှုနှင့် အမှန်တရားပေါ်ပေါက်ရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များကို ဒီဇင်ဘာလတွင်ထုတ်ပြန် အစီရင်ခံတင်ပြ ပြီးနောက် သတ်ဖြတ်ခြင်းခံရသော မိသားစုဝင်များက တည်ဆဲဥပဒေအရ တရားစွဲအရေး ယူနိုင်ကြောင်းလည်း ABSDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သတ်ဖြတ်မှုမှာ ပါသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို တောင်းပန်တာတွေ အားပေးနှစ်သိမ့်တာတွေ လုပ်ပေး မယ်။ နောက်ပြီး အစီရင်ခံစာအရ အသတ်ခံရတဲ့ ကျောင်းသားတွေရဲ့ သက်ဆိုင်ရာမိသားစု တွေက တရားစွဲချင် လည်း ရပါတယ်”ဟု ပြောသည်။

၁၉၉၂ ခုနှစ်တွင် ယုံကြည်ချက်ကြောင့် တောခိုလာကြသော ကျောင်းသား ၁၀၇ ဦးကို စစ်ထောက်လှမ်းရေး ဟု ဆိုကာ ဖမ်းဆီးမှုများရှိခဲ့ပြီး ၄၀ နီးပါး သေဆုံးခဲ့သည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန်အတွက် မြောက်ပိုင်းပြန် ကျောင်းသားများက ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့ သည်။

ABSDF သည် ယခုနှစ် သြဂုတ် ၅ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13124-----absdf--.html

ရှမ်းသုံးပါတီ ပူးပေါင်းရေး ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက်ကြောင့် ပျက်ပြားရဟုဆို

ရှမ်းတိုင်းရင်းသားများ၏ ပါတီသုံးခု ပူးပေါင်းရန် ကော်မတီဖွဲ့ ဆောင်ရွက်ခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်ချက်များကြောင့် ထိုအစီအစဉ်ကို ဖျက်လိုက်ရကြောင်း ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီများ ပူးပေါင်းပြီး ပါတီသစ်အဖြစ် ထူထောင်လိုပါက မူလပါတီများ ကို ဖျက်သိမ်းရမည်ဖြစ်သလို၊ထိုပါတီများမှ ရွေးကောက်ပွဲဝင်ခဲ့သည့် အမတ်များသည်လည်း အသစ် ထောင်လိုက် သည့် ပါတီမှ အမတ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် သို့မဟုတ် ပါတီသစ်အမည်ဖြင့် မရပ်တည်လိုသော အမတ် သည်လည်း တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခွင့်ပြုရန် ထိုကော်မရှင်ထံ လျှောက်ထားရမည်ဟု ဇွန်လ ဒုတိယပတ်က ထုတ်ပြန်ခဲ့သည်။

“အဲဒီ့လို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာချက် ထုတ်လိုက်တော့ အန်ကယ်တို့မှာ အရမ်းကို အခက်အခဲဖြစ်သွားတယ်။ ပါတီဝင်တချို့က ကျားဖြူပါတီကြီးကို ဖျက်သိမ်းရမယ်ဆိုတော့ မကြိုက်တဲ့သူက တစ်ဝက် ကျော်နေတယ်”ဟု ဦးစိုင်းအိုက်ပေါင်းက ပါတီပူးပေါင်းမှုအစီအစဉ်ကို ဖျက် သိမ်းရခြင်းအကြောင်းကို ရှင်းပြသည်။

ကျားဖြူပါတီသည် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့နှင့် သုံးပါတီ ပူးပေါင်းရေး ကြိုးပမ်းရန်အတွက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်က ရှမ်းပါတီ များ ပူးပေါင်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကျားဖြူပါတီက ထိုသို့ ကော်မတီဖွဲ့၍ ရှမ်းပါတီများ ပေါင်းရန် ကြိုးပမ်းနေသော်လည်း ကျန်နှစ်ပါတီဘက် ကမူ မူဝါဒများ မတူ၍ ပူးပေါင်းရန် ဆန္ဒမရှိကြောင်း ဆိုကြသည်။

“မူဝါဒမတူလို့မပေါင်းတာ။ မူဝါဒတူရင် ကျွန်တော်တို့ပူးပေါင်းတာပဲ။ ကျွန်တော်တို့က ၁၉၉၀ ရွေးကောက်ပွဲ ကို ၀င်တယ်။ ၂၀၀၈ ကို လက်မခံလို့ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။ သူတို့က (ကျားဖြူပါတီက) ၂၀၀၈ ကို လက်ခံ တည်းက ကွဲနေပြီလေ။ ကျွန်တော်တို့က ၂၀၀၈ ကို လက်မခံဘူး။ ပူးပေါင်းဖို့ SNDP (ကျားဖြူပါတီ)နဲ့ ဆွေးနွေးခဲ့တာ မရှိသေးဘူး” ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးခွန် ထွန်းဦးက ပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးစိုင်းဌေးအောင်ကလည်း “ကျွန်တော်တို့ ကတော့ ပူးပေါင်းဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ကတော့ ရှမ်းပြည်ထဲက ပါတီတွေနဲ့ သိပ်မတူကြ ဘူးလေ။ နယ်မြေ လည်း မတူတဲ့အခါကျတော့ ပေါင်းဖို့ အစီအစဉ်မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

အခြား ရှမ်းပါတီများနှင့် ကွဲပြားသည်မှာ ၎င်းတို့ပါတီသည် ကချင်ပြည်နယ် အတွင်းတွင် အခြေချနေထိုင် ကြသော တိုင်းလိုင်ခေါ် ရှမ်းနီတိုင်းရင်းသားများကို အခြေပြု ထူထောင်ထားသည့် ပါတီဖြစ်သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13126-2013-08-12-03-09-26.html

KIO ကချင်အာဇာနည်နေ့ အခမ်းအနားကျင်းပ

ကချင်တော်လှန်ရေးများအတွင်း ကျဆုံးခဲ့သော ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ကချင် အာဇာနည်နေ့ အခမ်းအနား ကို လိုင်ဇာမြို့ ဌာနချုပ်အပါအ၀င် ရှစ်နေရာတွင် ကျင်းပခဲ့သည်။


ကချင်ဘာသာဖြင့် ''Share shagan Ninghtoi" ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာ အထက်တန်းကျောင်းနှင့် ပါဂျောင်ဘွမ်၊ အလန်းဘွမ်း၊ ဂျာထူကောင်၊ ဂျေယန်း၊ ဖုန်လုံယန် ဒုက္ခသည် စခန်းများ အပါအ၀င် ရှစ်နေရာတွင် KIOမှ ဦးဆောင်၍ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အခမ်းအနားများ ကျင်းပခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေး ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ကျွန်တော်တို့ လိုင်ဇာဒေသ သက်ဆိုင်ရာဌာန အားလုံး ကျင်းပတယ်။ ကေအိုင်အိုကနေ ကျင်းပတာက ရှစ်နေရာ ရှိတယ်။ ပြည်သူ၊ ဌာနဆိုင်ရာ အားလုံးကို ကျွန်တော်တို့ ကေအိုင်အို ဦးဆောင်ပြီး ဥက္ကဋ္ဌရဲ့အာ ဇာနည်နေ့ အထိမ်း အမှတ် မိန့်ခွန်းကို ဖိတ်ကြားတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“ဥက္ကဋ္ဌက အမျိုးသားရေးမှာ အသက်ပေးဆပ်ခဲ့တဲ့ အာဇာနည်အားလုံးကို သတိရ ဂုဏ်ပြုရမယ်။ ဒီနေ့က ကျွန်တော် တို့ ပထမဆုံး ဥက္ကဋ္ဌ GOC ဇော်ဆိုင်း ကျဆုံးခဲ့တဲ့နေ့ကို အစွဲပြု၍ ကျဆုံးခဲ့တဲ့ အာဇာနည် အားလုံးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ကျင်းပရတာပါ” ဟု သူက ဆက်ပြောသည်။

လိုင်ဇာဌာနချုပ် အပါအ၀င် သက်ဆိုင်ရာဌာနများ၊ တပ်မဟာအသီးသီးတွင် အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုကြပြီး KIO ဥက္ကဋ္ဌ ဦးလရောက်စောင်းဟရား၏ ငါးမျက်နှာရှိမိန့်ခွန်းကို KIO မှ ဗိုလ် မှူးကြီးဇော်တောင်က ဖတ်ကြား၍ အာဇာနည်များကို အလေးပြုခဲ့ကြခြင်းဖြစ်သည်။

KIO ခေါင်းဆောင်များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သော ၃၈ နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ရန်သူဘက်မှ သွေးကွဲဖျက်ဆီးနေမှုအား တွန်းလှန်နိုင်ပြီး ကချင်များအားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တိုက်တွန်းထားသည်။

ယနေ့သည် KIO အတွက်သာ မဟုတ်ဘဲ ကချင်တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သဖြင့် ထိုနေ့ကို အောက်မေ့လျက် ဂုဏ်ပြုကြရန်နှင့် ထိုမှ မိမိတို့၏ ကျရာတာဝန် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် ပါရှိသည်။

ကျဆုံးခဲ့သော KIO ခေါင်းဆောင်များ၏ ကချင်တော်လှန်ရေးခရီး အောင်မြင်ရန်အတွက် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် သတိနှင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက် သည်။

ထို့ပြင် KIO သည် ကချင်ပြည်နယ်တွင် နေထိုင်နေသော တိုင်းရင်းသားအားလုံးနှင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက် ကိုင် တိုင်းရင်းသားများအတွက် ရပိုင်ခွင့်များရရှိရေးအတွက် ကြိုးပမ်းနေပြီး လတ်တလော KIO က နိုင်ငံရေး ဆွေးနွေးရန် ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ (Technical Advisory Team)ကို ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း မိန့်ခွန်းထည့်သွင်း ဖော်ပြသည်။

၁၉၇၅ ခုနှစ်က KIO ပထမဆုံးဥက္ကဋ္ဌ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့်အတူ ညီဖြစ်သူ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် လထော်ဇော်တူးနှင့် အထွေထွေအတွင်းရေးမှူး ဆလန်ကဘားဖုန်ရွှေဇော်ဆိုင်းတို့ သုံးဦးကို မြန်မာ အစိုးရ စေလွှတ်ထားသူတစ်စုက ထိုင်း-မြန်မာနယ်စပ် Thang Ngawk တောင့်တစ်နေရာတွင် လုပ်ကြံ သတ်ဖြတ် ခံခဲ့ရ သည်ဟု KIO မှတ်တမ်းများမှ သိရသည်။

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်က တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိနေရေး အတွက် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သော ကချင်ကျောင်းသား ခုနစ်ဦးထဲမှ သုံးဦးကျဆုံးခဲ့သော နေ့လည်းဖြစ်၍ ထိုနေ့ကို ဂုဏ်ပြုအစွဲပြု၍ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျရောက်သော ကချင်အာဇာနည်နေ့ကို မြန်မာပြည်တွင်းနှင့် ပြည်ပနိုင်ငံများဖြစ်သော မလေးရှား နိုင်ငံ အပါအ၀င် အခြားနိုင်ငံ အများအပြားတွင် ကချင်တိုင်းရင်းသားများက ကချင်အာဇာနည်နေ့ အထိမ်း အမှတ် အခမ်းအနားများကို ပြုလုပ်ကျင်းပခဲ့သည်။

ဤနေ့တွင် KIO ၏ အမျိုးသားအလံကို တစ်ဝက်သာ လွှင့်ထူထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၉) ဒေသတွင် သြဂုတ် ၁၀ ရက် မှာ တိုက်ပွဲတစ်နေရာ ဖြစ်ပွားမှုရှိသည်ဟု ဦးဒွဲပီဆားက ပြောသည်။ အသေးစိတ် မသိရသေးပေ။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13129-kio--.html

စစ်တွေ ဒုက္ခသည်စခန်းပဋိပက္ခ တည်ငြိမ်သွားပြီဟု ပြည်နယ်အစိုးရဆို

အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ရသည့် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ သည် ယခုအခါ တည်ငြိမ်အေးချမ်းသွားပြီဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦး လှသိန်းက သြဂုတ် ၁၁ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။


စစ်တွေမြို့နယ်ရှိ မှန်စီရွာအနီးတွင် ရေနစ်သေဆုံးသည်ဟု ယူဆရသော ဘင်္ဂါလီ အလောင်းတစ်ခုကို အကြောင်းပြု ၍ သြဂုတ် ၉ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီများအကြား ထိပ်တိုက် ရင်ဆိုင်မှုအပြီး၊ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးလှသိန်းက “အခြေအနေ အရပ်ရပ်ဟာ အားလုံး တည်ငြိမ်အေးချမ်းနေပြီ။ အကြမ်းဖက်မှုတွေလည်း ဘာမှ မရှိတော့ပါဘူး။ အဲဒီနယ်မြေမှာ တပ်၊ ရဲ၊ လုံထိန်း အင်အားအပြည့်နဲ့ လုံခြုံရေး တာဝန်ယူနေပါတယ်” ဟု ပြောသည်။

ထိုပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ဘင်္ဂါလီတစ်ဦး၏ ရုပ်အလောင်းကို သြဂုတ် ၁၀ ရက်တွင် သင်္ဂြိုဟ်ပြီး ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားပုံမှာ မှန်စီကျေးရွာအနီးရှိ မှန်စီချောင်းဝ၌ သြဂုတ်၉ရက်တွင် လူသေအလောင်း တစ်ခု တွေ့သဖြင့် ရဲတပ်ဖွဲ့က မှုခင်းထုံးစံအတိုင်း သွားရောက်စစ်ဆေးရာ ဘင်္ဂါလီရွာများမှ လူ ၅၀၀ ခန့် စုဝေးလာသဖြင့် လူစုခွဲရန် ရဲများက ဆောင်ရွက်နေစဉ် ၁၆ နှစ်အရွယ်ရှိ အာလန်ဆိုသူတစ်ဦးက ဒုရဲမှူးဌေးဝင်းကို ၀င်ရောက် ရိုက်နှက်ခဲ့ကြောင်း အစိုးရက ထိုဖြစ်ရပ်ပြီး နောက်တစ်နေ့ သြဂုတ် ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်သည်။

ထို့နောက် ရဲများက ကျန်ဘင်္ဂါလီများက ရန်ပြုလာသဖြင့် ရော်ဘာကျည်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ကြောင်း၊ ထိုလူစုကြီးက မကျေနပ်သဖြင့် အုန်းတောကြီးရဲကင်းနှင့် တဲအိမ်လေးလုံးကို မီးရှို့ခဲ့ကြောင်း၊ ထို့ပြင်ဘော ဒူဖဟူသည့်ရွာတွင် လူများ စုဝေးနေပြန်ရာ နယ်စပ်ရေးရာဝန်ကြီး၊ပြည်နယ်ရဲမှူးနှင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ရုံးမှ တာဝန်ရှိသူများက ထိန်းသိမ်းနေကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂါလီတစ်ဦး သေဆုံးပြီး၊ ရဲနှစ်ဦး ဘင်္ဂါလီခြောက်ဦး ဒဏ်ရာရခဲ့သလို ရဲကင်း တစ်ခုနှင့် လုံခြုံရေးဝန်ထမ်းများ၏ တဲအိမ်လေးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန် ရေး ကော်မတီက ဆိုသည်။

သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြန်နယ်အစိုးရ၏ သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ဒီဖြစ်စဉ်က ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ၊လူသေအလောင်း တစ်ခုကို အခြေခံ တာ ဖြစ်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မှုခင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဥပဒေအရ လုပ်ကိုင်နေတဲ့အချိန်မှာ အလောင်းကိုလာတောင်းကြတယ်။ စစ်ဆေးပြီးလို့ရှိရင် အလောင်းကို ပြန်ယူလို့ ရပေမယ့် တမင် ပြဿနာ ရှာပြီးတော့ ၀န်ထမ်းတွေကို ရိုက်နှက်တယ်။ ရဲကင်းအပါအ၀င် လုံခြုံရေးအဆောက်အအုံတွေကို မီးရှို့ကြတယ်”ဟု သြဂုတ် ၁၁ ရက်တွင် ပြောသည်။

ထို့ပြင် ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား ရခိုင်ပြည်နယ်သို့ လာရောက်မည့်ရက် နီးကပ်နေသဖြင့် ထိုဖြစ်ရပ်ကို ဖန်တီးခြင်းဖြစ်နိုင်ကြောင်းလည်း သူကစွပ်စွဲ ပြောကြားသည်။

“မစ္စတာကင်တားနားကို သက်သေပြချက်တစ်ခုပေးနိုင်ဖို့ ဖန်တီးတဲ့လုပ်ရပ်လို့ ယူဆနိုင်တယ်”ဟု ဦးဝင်းမြိုင်က မှတ်ချက်ပေးသည်။

သြဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်တာ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ခရီးစဉ်တွင် ရခိုင်၊ ကချင်၊ ကရင်နှင့်ချင်း စသည့် ပြည်နယ်များသို့ သွားရောက်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးမည်ဖြစ်ပြီး၊ တွေ့ရှိချက်များကို ကုလအထွေထွေညီလာခံတွင် ၎င်းက ပြန်လည်တင်ပြမည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Credit : http://www.mizzimaburmese.com/news/inside-burma/13131-2013-08-12-04-03-50.html

လက်ပံတောင်း ဒေသခံတွေအခက်အခဲ ဖြေရှင်းဖို့ ဆက်ဆံရေးရုံး ဖွင့်မယ်



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ အတွင်းရှိ ဒေသခံ ပြည်သူတွေရဲ့ အခက်အခဲတွေ ကို ဖြေ ရှင်းပေးဖို့ လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ဆက်ဆံ ရေး ရုံး ဖွင့်လှစ် ဆောင်ရွက်ပေးသွား ပါတော့မယ်။


အဆိုပါ ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးလှထွန်း က သြဂုတ်လ ၉ ရက်နေ့က သမ္မတရုံး အစည်း အဝေး ခမ်းမ မှာ ကျင်းပတဲ့ ကော်မတီ ညှိနှိုင်း အစည်းအဝေးမှာ အဲဒီလို ပြောသွားတယ်လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။ 

လက်ပံတောင်း ကြေးနီ စီမံကိန်း စာချုပ်သစ်နဲ့ပတ်သက်တာ၊ သီးနှံနဲ့ မြေယာလျော်ကြေးကိစ္စတွေ ကို ဒေသခံတွေ နား လည် အောင် ထပ်ပြီး ရှင်းလင်းဖို့ လိုအပ်လို့ အခုလို ဆက်ဆံရေး ရုံးဖွင့်တာလို့ ၀န်ကြီး ဦးလှထွန်းက ပြောပါတယ်။ 

လက်ပံတောင်း ကြေးနီ စီမံကိန်းကို အဓိက လုပ်နေတဲ့ မြန်မာ့တပ်မတော် ဦးပိုင် ကုမ္ပဏီ လုပ်ငန်းစုကြီးနဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီတွေကလည်း ကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အ၀ လိုက်နာ လုပ်ဆောင်သွားမယ်လို့လည်း အဆို ပါ အစည်းအဝေးမှာ ပြောကြပါတယ်။ 

အဆိုပါ ကော်မတီနဲ့ ဆက်စပ်တဲ့ စီမံကိန်းဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေအဖွဲ့၊ လူမှုစီးပွားရေး ဆိုင်ရာ အ ကောင် အထည်ဖော်ရေးအဖွဲ့တွေကလည်း အပြည့်အ၀ ပူးပေါင်းသွားမယ်လို့ ဆိုပြီး ဒေသခံ ပြည်သူတွေ အလုပ်အကိုင် ရရှိရေးတွေကိုလည်း အလေးထား လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။ 

“စီမံကိန်း နယ်မြေ ဒေသရှိ မြေယာသိမ်းဆည်းခံရသူများ၊ အလုပ်လက်မဲ့ ဒေသခံများအား တည်ဆောက် ရေး ကာလ အ တွင်း ၁၃ဝဝ ခန့်ကို အလုပ်အကိုင် ခန့်အပ်ပေးနိုင်မည်ဖြစ်သည်။ ယခုအခါတွင် မြေယာ လျော်ကြေးငွေ ထုတ်ပေးမှု အနေ ဖြင့် ကျပ်သိန်းပေါင်း ၂၉၈၂၅ သိန်းကျော်၊ နှစ်ရှည်ပင်များ အတွက် နစ်နာ ကြေး ကျပ်သိန်းပေါင်း ၁၄၄၁ သိန်းကျော်၊ ရေ တွင်းများအတွက် လျော်ကြေးငွေကျပ် ၂၂၆ သိန်း ကျော် တို့ကို ထုတ်ပေးပြီးဖြစ်ရာ လျော်ကြေးငွေများကို စက်တင်ဘာ ၃ဝ ရက် နောက်ဆုံးထား ထုတ် ယူနိုင်ရန် နှိုးဆော် ထားကြောင်းသိရသည်” လို့လည်း ပြန်ကြားရေး ၀က်ဆိုက်က ဆိုပါတယ်။ 

စီမံကိန်း မြေယာ မှုခင်းစစ်ဆေးရေး အဖွဲ့ကို ပေးပို့ခဲ့တဲ့ ကန့်ကွက်စာ ၃၈၅ စောင်အနက် ၃၅၉ စောင် ကို ဖြေရှင်းဆောင် ရွက် ပေးပြီး ဖြစ်ရာ ၂၆ စောင်အား စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်းလည်း ဖော်ပြထား ပါတယ်။

လက်ပံတောင်း ဒေသခံများ ပြီးခဲ့တဲ့ ဧပြီလက ဆန္ဒပြနေစဉ် မြင်ကွင်း၊ ဓာတ်ပုံ- Han Win Aung 

Credit : http://blog.irrawaddy.org/2013/08/blog-post_11.html

တိုက်တစ်လုံး၊ ကားတစ်စီး၊ ဘတ်ငွေတစ်သိန်းနဲ့ ၀န်ကြီးဦးအောင်မင်း



ဒီတစ်ပါတ်က ၈၈၈၈ နှစ်ပါတ်လည်မို့ သတင်း ဂျာနယ် တော်တော်များများကို ၀ယ်ဖတ်မိခဲ့ပါတယ်။ အပါတ်စဉ် ၀ယ်နေကျ ဂျာနယ်လေးများကတော့ လပေးမှာ ယူပြီး ဖတ်တာပါ။ ဒါပေမယ့် ဒီတစ်ပါတ် တော့ တစ်ခြား မဖတ်ဖြစ်တဲ့ ဂျာနယ်တွေမှာ ၈၈၈၈ နှစ်ဆယ့်ငါးနှစ်ပြည့်နဲ့ ပတ်သက်ပြီး ဘာတွေများ ထူးထူးခြားခြား ဖတ်ရမလဲဆိုပြီး ၀ယ်နေကျ မှာ နေကျ ဂျာနယ်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။


ဂျာနယ်ဆိုင်လေးမှာ စိန်ပြေနပြေ မတ်တပ်လေး ရပ်ပြီး မျက်နှာဖုံးလေးတွေပေါ်က စာမြည်းလေးတွေ၊ စာညွှန်းလေးတွေကို လျှောက်ဖတ်ပြီး ရွေးခဲ့ပါတယ်။ ပထမဦးဆုံး ကျွန်မကို ဆွဲဆောင်လိုက်တဲ့ ဂျာနယ်ကတော့ ဦးအောင်မင်း၏ ငြိမ်းချမ်းရေးကုထုံးသစ်ကြောင့် တိုင်းပြည်မီးဟုန်းဟုန်း တောက်နိုင် လို့ ညွှန်းဖော်ထားတဲ့ လူထုပုံရိပ် ဂျာနယ်ပါ။


ဂျာနယ်တွေပိုက်ပြီး အလုပ်ခန်းပေါ်ရောက်တာနဲ့ လူထုဂျာနယ်လေးကို အပြေးအလွှားလှန်ရပါတယ်။ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့အစည်းနှယ် ဘယ့်နှယ်များ လုပ်လိုက်ကြ၊ ပြောလိုက်ကြ၊ တွေးလိုက်ကြပြန်ပြီလဲ ဆိုတဲ့ အတွေးကလည်း နောက်က ကပ်ပါလာပါတယ်။

အော် .. သြဂုတ်လ ၃ရက်နေ့ကUNFCCIမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်ရန် ထိုင်းနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ကို တိုက်တစ်လုံး၊ ကားတစ်စီး၊ ဘတ်တစ်သိန်း ပေးပြီး ဖြေရှင်းတဲ့ ပုံစံပြုလုပ်လိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာဆိုရင် လက်နက်ကိုင်သောင်းကျန်းတွေ၊ အဖွဲ့အစည်းတွေ ကို သူရှင်းပုံရှင်းနည်းက ပိုက်ဆံပေးရှင်းတာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ယောက်လာတယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးပေးတယ်၊ ဘတ်တစ်သိန်းပေးတယ်။ အဲသလိုလုပ်ဖို့ ကျွန်တော်တို့မှာ ပိုက်ဆံ မရှိဘူး၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ အသုံးပြုဖို့ နိုင်ငံတော်က ခွင့်ပြုထားတဲ့ ၁၀ ဘီလီယံ ကျပ်နဲ့ အခက်အခဲဖြစ်နေတဲ့အကြောင်း၊ အထက်က လူကြီးတွေက ပိုက်ဆံ ၁၀ ဘီလီယံကျပ်ချထားတယ် လို့ပြော ကြောင်း၊ လွှတ်တော်မှာရှိတဲ့ သူငယ်ချင်းတွေကိုလည်း ပြောထားတယ်။ မင်း ငါတို့ကို ပိုက်ဆံပေးဖို့ လိုတယ်။ ဘယ် လောက်ပေးရမလဲဆိုတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဘတ်ဂျက်တစ်ဝက်တိတိကို ငါ့ကိုပေးလို့ ပြောတဲ့အကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဲဒီစကားအပေါ် ဝေဖန်ပြစ်တင်သံများနဲ့ ဝေေ၀ဆာဆာ တင်ပြ ထားပါတယ်။

ကျွန်မ သိသရွေ့ နိုင်ငံရေးလောကမှာ အလွတ်သဘောပြောတယ် ဆိုတဲ့ အခန်းကဏ္ဍရှိပါတယ်။ ကျွန်မက နိုင်ငံရေးသမားလည်း မဟုတ်၊ သာမန် ဆရာမတစ်ဦး၊ သာမန်ပြည်သူထဲက ပြည်သူတစ်ဦးပါ။ ဒါ့ကြောင့် အလွတ်သ ဘောပြောတာမျိုးတွေ နိုင်ငံရေးလောကမှာ ရှိတယ်ဆိုတာ ဖတ်ရမှတ်ရဘူးပါတယ်။ တရားဝင် မဟုတ်၊ မှတ်တမ်းမ တင်တဲ့စကားမျိုးလို့ ထင်ပါတယ်။

ဒါပေမယ့် ဒီလို အလွတ်သဘောပြောဆိုတာတွေကိုလည်း သတင်းအဖြစ် ထုတ်ဖော်တင်ပြကြတာကိုလည်း တွေ့ဖူးပါတယ်။ အခုကျွန်မဖတ်လိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ စကားက အစိုးရအဖွဲ့ တစ်ခုလုံးရဲ့သဘောထား ဖြစ်ဟန်မတူပါဘူး။ သူတစ်ဦးတစ်ယောက်ထဲရဲ့ သဘောထားပဲ ဖြစ်ဟန်တူပါ တယ်။ ထမင်းတစ်နှပ်လျှော့စားခိုင်းတဲ့ ၀န်ကြီးတစ်ဦးရဲ့ စကားလိုဖြစ်မှာပါ။

နိုင်ငံတော် အုပ်ချုပ်ရေးအဖွဲ့အစည်းများက သမတကအစပြုလို့ ၀န်ကြီးများအပါအ၀င်၊ လွှတ်တော် ကိုယ်စား လှယ်များအထိ အားလုံးဟာ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ သူတွေလို့ သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုပါတယ်။ ကျွန်မကိုယ်တိုင် မဲပေးခဲ့တဲ့ တစ်ဦးကတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး၊ နောက်တစ်ဦးကတော့ ပြည်သူကြား ထဲ မှာပဲ ပြည်သူအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ၂၅%ကတော့ ကျွန်မအတွက်လည်း အူလည်လည်ဖြစ်နေဆဲမို့ မပြောလိုတော့ပါဘူး။

စကားဟာ ဇာတိကိုပြတယ်လို့ ရှေးလူကြီးများက ဆိုပါတယ်။ စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ လို့ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမတ ဖြစ်ချင်တယ်လို့ပြောတုန်းကလည်း ကျွန်မ ဧရာဝတီမှာ ရေးခဲ့ပါသေးတယ်။

ဒို့ဗမာတွေက ကိုယ်တိုင်ပဲ ဂိုးသွင်းချင်ကြတယ်...

http://blog.irrawaddy.org/2012/12/blog-post_2640.html

နောက် သူရရွှေမန်းကလည်း သမတဖြစ်ချင်တယ်လို့ ပြောပြန်တော့ ကျွန်မ ပြုံးမိပါတယ်။ ဘာမှ မရေးဖြစ်တော့ပါဘူး။ အခုနောက်ပိုင်း ဂျာနယ်တွေမှာ သမတဖြစ်ချင်တဲ့နှစ်ဦး ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီး ၀ိသေသပြု ရေးကြတာကိုတွေ့ရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်မှုအတွက် အားနာ မိပါတယ်။

ကျွန်မတို့လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီသက်တမ်းနုသေးတဲ့အတွက် လွတ်လပ်တဲ့ခေတ်မှာ ကိုယ့်အမြင်၊ ကိုယ့်သဘောထားကို ထုတ်ဖော်ခွင့်ရှိပြီလို့ပဲ သိထားပုံရကြပါတယ်။ အဲဒီအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုလာကြတဲ့ အခါ ကိုယ့်စကားအပေါ်ထားရမယ့် တာဝန်တွေပိုကြီးလေးလာတယ် ဆိုတာဟာ လွတ်လပ်ခြင်းရဲ့ နောက်မှာ ကပ်ပါလာပါတယ်။ အုပ်ချုပ်သူလူတန်းစား၊ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးဟာ ဘယ်သူ့ကိုပဲ ပြောပြော၊ ဘာကိုပဲပြောပြော အဲဒါဟာ လူတန်းစား အမျိုးမျိုးပါဝင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြောတာပါပဲ။

အကြောင်းအရာတစ်ခုကို ခြေခြေမြစ်မြစ်မသိဘဲ၊ လက်လွတ်စပယ် ပြောလိုက်တဲ့အခါ ၊ ပြီးစလွယ် ပြောလိုက် တဲ့အခါ လူထုပုံရိပ်ကရေးသလို တိုင်းပြည်မီးဟုန်းဟုန်းတောက်သွားနိုင်ပါတယ်။ ထိုင်းနိုင်ငံ ဖြေရှင်းနည်းကို အတုခိုးချင်သပဆိုရင်လည်း ထိုင်းနိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ကစပြီးလေ့လာရမှာပါ။ သူတို့ရဲ့ခံယူချက်၊ သဘောထား စတာတွေကို လေ့လာပြီးတဲ့ နောက် ကျွန်မတို့ နိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်း နဲ့ ချိန်ထိုးပြီးမှ စဉ်းစားရမှာပါ။ ကျွန်မတို့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ တိုင်းရင်းသားတွေကိစ္စ၊ သူတို့လိုအပ် ပြောဆိုနေတဲ့ ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်း သားပြည်သူတွေ တန်းတူညီတူရရှိမှု၊ ရပိုင်ခွင့်တွေအတွက် လက်နက်စွဲကိုင် တော် လှန်နေ ကြတာဖြစ် တယ် ဆိုတာကိုလည်း သိရမှာဖြစ်ပါတယ်။

ခုတော့ ၀န်ကြီးဦးအောင်မင်းပြောလိုက်ပုံက အရက်ဖိုးတောင်းလို့မရလို့ သမီးကိုရိုက်နေတဲ့ သားမက်ကို ခေါ်ပြီး ယောက္ခမက ... ငါ့သမီးတော့ မလုပ်ပါနဲ့ကွာ၊ မင်းအရက်သောက်ချင်ရင် ငါ့ဆီလာတောင်းလှည့် လို့ပြောသလို ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ ကျွန်မတို့တွေ သိရမှာက ပြသနာတစ်ခုဖြစ်လာရင် အဖြေရှာ ရမှာပါ။ လက်တွေ့ကျတဲ့ အဖြေကို ရှာရမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းတွေလုပ်တဲ့အခါ ကျွန်မတို့ စကားတွေပြောရတာပါပဲ။ ထိုင်းနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖြေရှင်းပုံက သူ့ရဲ့ ၀ါဒ၊ ခံယူချက်၊ အခြေအနေပေါ်မှာ ဖြေရှင်းသွားတာ ဖြစ်တဲ့အတွက် နိုင်ငံခြားက လုပ်တိုင်း မှန်တယ်လို့ ထင်မြင်ပြီး ပုံတူကူးချလို့မရဘူးဆိုတာ သိမြင်ဖို့လိုပါတယ်။ အဲဒီ လို လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ်၊ အတွေးအခေါ် တစ်ရပ်ပဲဖြစ်ဖြစ် လက်ခံသင့်မသင့်ကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာလေး ကို ဗုဒ္ဓဘုရားရှင်က ...

(၁) တစ်ဆင့်စကားကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီ လို့ အတည်မယူလေနှင့်

(၂) ရိုးရာအစဉ်အလာ နဲ့ကိုက်ညီတဲ့စကားမို့လို့လည်း ဟုတ်ပြီ၊ မှန်ပြီ လို့ချက်ခြင်းအတည်မယူလေနှင့် ၊

(၃) ရှေးက ဒီလိုဖြစ်ခဲ့ဖူးတယ်ဆို လို့လည်း ဟုတ်ပြီ၊ မှန်ပြီ လို့ ချက်ခြင်းအတည်မယူလေနှင့်၊

(၄) စာပေကျမ်းဂန်တို့နဲ့ ကိုက်ညီလို့လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့်၊

(၅) မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း ဆင်ခြင်တုံတရားနှင့် ညီသည် ဆိုပြီး ချက်ခြင်းအတည် မယူလေနှင့်၊

(၆) နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့်၊

(၇) အခြင်းအရာကို ကြံစည်စိတ်ကူးပြီး သဘောကျရှုံမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည် မယူလေနှင့်၊

(၈) ငါတို့သဘောကျလက်ခံထားတဲ့ အယူဝါဒနှင့် ကိုက်ညီတယ်ဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီ လို့ချက်ခြင်း အတည်မ ယူလေနှင့်၊

(၉) မှတ်ထိုက်၊ ယူထိုက်၊ လက်ခံထိုက်တဲ့ သဘောပဲဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မ ယူလေနှင့်၊

(၁၀) ငါတို့လေးစားတဲ့ ရဟန်းရဲ့ စကားပဲဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့် လို့ ဟောကြားခဲ့ပါတယ်။

ဒီဟောကြားချက်ကတော့ လူတိုင်းလူတိုင်း ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ တစ်ခြားဘာသာဝင်ပဲ ဖြစ်ဖြစ် လိုက်နာ ခြင်းအားဖြင့် ကျွန်မတို့ ဦးနှောက်ကလေးမှာ အလင်းတိုင်လေး ဆယ်တိုင်ထွန်းညှိထားတာနဲ့ အတူတူပါပဲ။

ဒါ့ကြောင့် ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ က စကားတစ်ခွန်းဟာ သမိုင်းမှာ ဘယ်လိုတင်ကျန်ရစ်ခဲ့မလဲ၊ အနက်အဓိပ္ပါယ်အားဖြင့်ဘယ်လောက် တာသွားတယ်၊ တစ်ဖက်သားကို ဘယ်ရွေ့ဘယ်မျှထိခိုက်စေတယ်၊ ပြည်သူ လူထုရင်ဘတ်ကြီးကို ဘယ်လောက်ကြေမွသွားစေလဲ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ လေးစားမှုကို ဘယ်လောက်ထိခိုက် သွားစေတယ် ဆိုတာလေးကို သတိပြုဆင်ခြင်ပြီး ပြောသင့်လှပါတယ်လို့ အတွေးရောက်လို့ ဒီဆောင်းပါး လေးကိုရေးဖြစ်ပါတယ်။

Credit : http://blog.irrawaddy.org/2013/08/blog-post_3703.html

ABSDF နဲ့ အစိုးရ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်များ



ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး အချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးလိုက်ကြ ပါပြီ။


အဆိုပါ ၁၂ ချက်နဲ့ပတ်သက်ပြီး "ABSDF ဖက်က လက်မှတ်ထိုးတာက ၈ ယောက်ပါ။ အသိသက်သေတွေ ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး၊ ပြီးတော့ ဦေးအားသာအောင်နဲ့ နောက်ထပ် UNA တဦး တို့ပါ" လို့ ABSDF ကိုယ်စားလှယ် တဦးဖြစ်သူ မိဆူးပွင့်က ဧရာဝတီကို ပြောပါတယ်။

တချိန်က ABSDF ဥက္ကဋ္ဌဟောင်းတဦးဖြစ်သူ မြန်မာနိုင်ငံရောက် ဦးမိုးသီးဇွန်က အခုလို ABSDF နဲ့ မြန်မာ အစိုးရ တို့ကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး လိုက်ပြီး ဖြစ်ပေမယ့် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်ရမယ်လို့ ပြောပါတယ်။ 

"အပစ် ရပ်ထားပြိးရင် နစ်ဦးနစ်ဖက် ကတိက၀တ်တွေကို စောင့် ထိမ်းကြဖို့ နဲ့ နိင်ငံရေးအရ အဖြေ ရှာကြ ဖို့ လိုတယ် ငြိမ်းချမ်းရေးအရတော့ အပြစ်ခတ်ရပ်ဆဲရေးဟာ ဖြစ်စဉ်တခု လိုအပ်ပါတယ်" လို့ သူက ဧရာဝတီ ကို ပြောပါတယ်။

မြန်မာအစိုးရနဲ့ ABSDF တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ သဘောတူညီ ချက်များ 

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် 
နေရာ၊ ရန်ကုန်မြို့ 

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟိုဌာန၊ ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ တွင် နှစ်ဖက် ဆွေးနွေးပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူကြသည်။ 

(က) တနိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်။ 

(ခ) အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လွတ်လပ်သည့် လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူရန်။ 

(ဂ) နိုင်ငံရေးအင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် တရားဝင် ဖိတ်ခေါ်သွားရန်။ 

(ယ) နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ မှ စိစစ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန်။ 

(င) မကဒတမှ အဆိုပြုသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန်။ 

(စ) မကဒတ၏ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ၊ နိုင်ငံရေးသဘောထားများနှင့် လုပ်ငန်းစဉ်များ ကို ပြည်သူ လူထု၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ခွင့်၊ အစည်းအဝေး ကျင်းပခွင့်ရှိရန်။ 

(ဆ) မကဒတအား မတရားအသင်းအဖြစ် သတ်မှတ်ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆက် လက် ဆွေးနွေးသွားရန်။ 

(ဇ) အမည်မည်း (Black List) စာရင်းတွင် ထည့်သွင်းခံထားရသည့် မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက်ပေးရန်နှင့် တရားစွဲဆိုခြင်း ခံထားရသော မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက်ဆွေးနွေးသွားရန်။ 

(ဈ) ပြည်တွင်းပြည်ပအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ လူမှုအထောက်အကူပြု အဖွဲ့အစည်းများ (CBOs) များနှင့် တည်ဆဲဥပဒေနှင့်အညီ ဆက်စပ်ဆောင်ရွက်ခွင့်ရှိရန်။ 

(ည) သတင်းဌာနများ၊ မီဒီယာများနှင့် လွတ်လပ်စွာ ထိတွေ့ဆောင်ရွက်ခွင့်ရှိရန်။

(ဋ) ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များ အပါအ၀င် နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေးအတွက် မကဒတ မှ တင်ပြထားသည့် အောက်ပါ ဆက်ဆံရေး ရုံးများကို ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းသွားရန် - 

(၁) ကလေး 
(၂) ဘုရားသုံးဆူ 
(၃) မူဆယ် 
(၄) လွိုင်ကော် 

(ဌ) နှစ်ဘက်တပ်များ လိုက်နာရမည့် စည်းကမ်းချက်များ (Code of Conduct) ရေးဆွဲရေးကို မူအားဖြင့် သဘောတူပြီး ဆက်လက်ညှိနှိုင်းရေးဆွဲရန်။ 

(ဍ) ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း၍ ရက်သတ်မှတ်သွားရန်။ 

၂။ အထက်ပါ အချက်များအား အောက်ပါအသိသက်သေများ ရှေ့မှောက်တွင် နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးကြပါသည်။ 

အထက်ပါအတိုင်း အချက၁၂ ချက်ကို အသိသက်သေတွေရှေ့မှာ ပြည်ထောင်စု အဆင့် လက်မှတ်ရေး ထိုးလိုက်ကြတာပါ။ 

Credit : http://blog.irrawaddy.org/2013/08/absdf_12.html