Saturday, August 10, 2013

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန် အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။


ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီး ချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။ 

Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူးတွေဟာ သာမန် အခန်း အပူချိန်မှာ ထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ် စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။

ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။

. Ref: medic-facts
International news for myanmar

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြောက်မနေသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိုပြင်ဆင်ရန် ကြောက်မနေသင့်ဟု သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။


“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင် ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ သက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့ စာကြောင်းတစ်ခုကို ကြောက်နေရာ မရောက်ဘူးလားလို့။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုရဲ့ အသက်ဟာ ပြည်သူ လူထုရဲ့ လက်ခံယုံကြည်မှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်လျက်ရှိသည့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှု အခြေအနေ၊ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မှုများကိုလည်း ထောက်ပြဝေဖန်သွားခဲ့သည်။

“ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိနေပြီလားဆိုတော့ မရှိသေးပါဘူး။ ဥပဒေစိုးမိုးရေးရှိအောင် ကျွန်မတို့ ဆက်ပြီး လုပ်ရမယ်။ ဒီနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ပဲ ရှိနေပြီလားဆိုတာလည်း မရှိသေးပါဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးပြီလားဆိုတော့လည်း စတောင် မစရသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံ၏ အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ပြီး နိုင်ငံရေး ပန်းတိုင်တစ်ခုကို သွားရာတွင် အကြမ်းမဖက်သည့် နည်းလမ်းဖြင့် သွားသင့်သည်ဟုလည်း သူက ဆိုသည်။

“ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အကြမ်းဖက်ပြီးမှ ရနိုင်မယ်ဆိုရင် ကျွန်မတို့တွေ အရည်အချင်း မရှိကြသေးလို့ပါ၊ တချို့က လိုချင်တာကို မြန်မြန်ရဖို့ အကြမ်းဖက်ကြတယ်၊ မြန်မြန်ရောက်တာနဲ့ မှန်မှန် ရောက်တာနဲ့ မတူပါဘူး၊ လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရအောင် လုပ်လိုက်တဲ့အခါမှာ လမ်းခရီးမှာရတဲ့ ဒဏ်ရာတွေကများမယ်၊ ပျောက်ဖို့ ကြာမယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။

နှစ်ပေါင်း ၂၅ နှစ်အတွင်း ပြည်တွင်းတွင် ပထမဆုံး ကျင်းပခွင့်ရခဲ့သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ ကြီး ငွေရတုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်၊ NLD နာယကများဖြစ်သည့် ဦးဝင်းတင်၊ ဦးတင်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တွဲ ဖက်အတွင်းရေးမှူး ဦးသိန်းဇော်တို့လည်း တက်ရောက်ခဲ့ကြသည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/13089-2013-08-09-03-37-20.html

တောထဲမှာ ၂၅နှစ် အတွေ့အကြုံတွေကို တိုင်းပြည်အတွက် ပေးဆပ်တာပါဟုဆိုသည့်(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲအဆို


0`

““မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေပြန်လည်သင့်မြတ်ဖို့ အပြုသဘော ဆောင်တဲ့ ခြေလှမ်း တစ်ခုဖြစ်ပါတယ်။ အများကြီးလည်း မျှော်လင့်ထား ပါတယ်။ လက်နက်ကိုင်တွေကို အင်အား သုံးဖြေရှင်းမယ့်အစား ညှိနှိုင်း ဖြေရှင်းတာကောင်းပါတယ်။


ပဋိပက္ခ တွေကိုအရှိကိုအရှိအတိုင်းသုံးသပ် မယ်။ ၂၅နှစ်ကျော် အတွေ့ အကြုံ တွေကိုတိုင်းပြည်အတွက်ပေးဆပ် သွားမယ်”” ဟု (ABSDF) မှ ဥက္ကဋ္ဌရဲဘော်သံခဲက ပြောသည်။

““ဒီနေ့ဒီမိုကရေစီရပါဦးမ လားဆိုတာနဲ့ ပတ်သက်ပြီး ပြော ရမယ် ဆိုရင် ဒီမိုကရေစီဆိတ်သုဉ်း နေလို့ တိုင်းရင်းသားတန်းတူအ ရေး အတွေ ဆိတ်သုဉ်းနေတာပါ။ ဒီမိုကရေစီကို အာမခံနိုင်တဲ့ လူ့ အခွင့် အရေးကို အာမခံနိုင်တဲ့၊ တိုင်းရင်းသားအခွင့်အရေးကို အာမခံနိုင်တဲ့ နိုင်ငံရေးအရဥပဒေ ပြင်ဆင်နိုင်ဖို့ ကာလ လို့ပဲကျွန်တော် ယူဆပါတယ်””

““နောက်တစ်ခုက ယနေ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ မြန်မာပြည် ထဲမှာ ဘာတွေလုပ်နေတယ်။ အဓိကကတော့ နိုင်ငံရေးဖြစ်စဉ် မှာ ပြည်တွင်းငြိမ်းချမ်းရေးအ တွက် တစ်ဦးတစ်ယောက်တည်း၊ လူတစ်စုပဲ လုပ်လို့မရဘူး။ အဲဒီ အတွက် ကျွန်တော်တို့(ABSDF) အဖွဲ့က ဒီခရီးစဉ်တစ်လျှောက်မှာ လိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အတတ်နိုင်ဆုံး ဒီမိုကရေစီအရေးတွေ ဆွဲထုတ် မယ်။ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဒီမိုကရေစီအရေးတွေ ပြည့်ဝလာ အောင် တိုင်းရင်းသားအခွင့် အရေးတွေ ပြည့်ဝလာရေးအ တွက်လည်း ဆက်လက်ကြိုးပမ်း ရဦးမယ်လို့ ယူဆပါတယ်။ ဒီ အတွက် အကောင်းဆုံး ညှိနှိုင်း ဖြေရှင်းဖို့အတွက် အကောင်းဆုံး ကြိုးစားရမယ်လို့ ထင်ပါတယ်””

““နောက်တစ်ခုက ပဋိပက္ခ တွေ ဖြေရှင်းနိုင်ဖို့အတွက် ချုပ် ငြိမ်းနိုင်ဖို့အတွက်ဆိုရင် လက်ရှိ တာဝန်ရှိနေတဲ့ အဖွဲ့အစည်း ဘက်က တာဝန်ရှိတယ်လို့ ယူဆ ပါတယ်။ အဓိကကတော့ နိုင်ငံ ရေးအာမခံချက်ရှိတဲ့ လက်တွေ့ကျကျ အာမခံချက်ရှိတဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့အတူ ဆက်လက်ပြီး ချီတက်ကြမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်မယ်လို့ ထင်ပါတယ်””

““ကျွန်တော်တိုABရဲ့ သဘောထားက စစ်အာဏာရှင် လက်အောက်က လွတ်မြောက် ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး။ ယနေ့တိုင်းပြည် တည်ထောင်တဲ့နေရာမှာ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ဘုံသဘောတူညီချက်ကို ယူရတယ်။ အားလုံး ရဲ့ သဘောတူမှုနဲ့ ဖက်ဒရယ်ပြည် ထောင်စုစနစ်ဆီကိုသွားရလိမ့်မယ် လို့ပဲပြောချင်ပါတယ်။ အဲဒီလိုသွားတဲ့ အခါမှာ အခက်အခဲအကျပ် အတည်းတွေလည်းရှိတယ်။ ဒါ တွေကိုကျော်ဖြတ်ပြီး နိုင်ငံတော် တည်ဆောက် ရေးကို သွားရမယ်လို့ပဲ ပြောချင်ပါတယ်။ ဒီအတွက်နဲ့ ကျွန်တော်တို့ကျောင်းသားတွေ ပေးဆပ်ခဲ့တာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်”” ဟု ကိုသံခဲက ဆိုပါသည်။

Credit : http://www.hotnewsweekly.com/archives/24443

ငြိမ်းချမ်းရေးယူပြီး တပ်ကိုအပ်လိုက်တယ် မျက်နှာသာအပေးမခံရတာက လူမျိုးစုငယ်လေးမို့လားဟု တွေးမိသည့်ကချင်ပြည်နယ် အထူးဒေသ(၁) ဦးမြင့်ဦးနှင့်တွေ့ဆုံ


0

ကချင်ပြည်နယ် ငြိမ်းချမ်း ရေးကို အချက်ဘယ်နှစ်ချက် လောက်နဲ့ ဆွေးနွေးဖြစ်မလဲ?


အချက်(၇)ချက်နဲ့ သဘော တူညီမှာဆိုတော့ ဒီတစ်ကြိမ် တော့ အမိအရဆွဲကိုင်မယ်လို့တော့ထင် ပါတယ်။အဲဒီထဲမှာ တပ်တွေကိစ္စ၊ နောက်စစ်ပွဲတွေထပ်မဖြစ်ဖို့၊ ဒုက္ခ သည်တွေ သူ့နေရာသူ စနစ်ကျဖို့၊ ပြီးတော့ကချင်ပြည်နယ်စီးပွားရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ ဒီထဲမှာမှ ခိုင်မာတဲ့ လူထု အကျိုးရှိ မယ့် အချက်ပေါ်လာမှာ။ အဲဒီကျမှ ပြန်ပြီးဆွေးနွေးမယ်။ ကျွန်တော် တို့အထူးဒေသ(၁)အနေနဲ့ တပ် ဆိုတာ မရှိတော့ဘူး။ နိုင်ငံတော် ကို အပ်လိုက်ပြီ။

မြန်မာစစ်တပ်ဘက်ကဘယ် သူတွေတက်မှာလဲ တရုတ်ရောပါ ဦးမှာလား?

အဲဒါတော့မသိသေးဘူးဗျ။ မြန်မာစစ်တပ်ဘက်က အာဏာ အရှိဆုံး အဆုံးအဖြတ်ပေးနိုင်မယ့် လူတက်မှာ ပါ။ အရင်က ပြည်ပ မှာ လုပ်တာဆိုတော့ တရုတ်က အိမ်ရှင်နိုင်ငံဖြစ်တော့ တရုတ်က ပါတာပေါ့ဗျာ။ အခုဆွေးနွေးပွဲက မြစ်ကြီးနားဆိုတော့ တရုတ်မလို ဘူးလို့ ထင်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးချက် တွေကို ဘယ်လိုအကြံပြုပေးချင် သလဲ။ ဘယ်အချက်တွေလုပ် ဆောင်မှ အောင်မြင်မှုရရှိနိုင်မယ် လို့ ယူဆပါသလဲ?

ကျွန်တော်တို့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလာတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာ စကားအမှား မခံဘူး။ စကားတစ် ခွန်းမှားရင် ငြိမ်းချမ်းရေးကိုထိခိုက် နိုင်မယ့် အကြောင်းအရာတွေရှိ တယ်။ ဒါ့ကြောင့် လက်ရှိဖြစ်ပျက် နေတဲ့ အကြောင်းအရာတွေကို ခရေစေ့တွင်းကျ ပြောလို့မရလို့ မပြောတာလည်း ရှိပါတယ်။ ကျွန်တော်တို့လိုချင်တာကဘာလဲ။ မြန်မြန်ငြိမ်းချမ်းရေးရပြီး တိုင်းရင်း သားတွေ စားဝတ်နေရေး ပြေလည် အောင်၊ အလုပ်အကိုင်တွေလည်း မူလပုံစံအတိုင်းလည်ပတ်နိုင်အောင် အိုးပစ်အိမ်ပစ် ပြေးသွားတဲ့သူတွေ သူ့နေရာသူ ပြန်ရောက်အောင် ဒါတွေကိုကျွန်တော်တို့က၀ိုင်းဝန်း ဆောင်ရွက်နေတဲ့ အချိန်အခါပေါ့။ 

အရင်က အစိုးရနဲ့ညှိနှိုင်းဆွေးနွေး တာလည်း အကြိမ်ရေလည်းများ ပြီ။ ရွှေလီမှာလုပ်တယ်။ လိုင်ဇာ မှာလုပ်တယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး ဦးစဂုန်တင်အေး ဦးဆောင်ပြီး အထူးဒေသ(၁)မှာ လုပ်တယ်။ ကချင်ပြည်နယ်မှာ အဖွဲ့ ၂ဖွဲ့ရှိခဲ့တယ်။ တစ်ဖွဲ့က တော့ ကျွန်တော်တို့ အထူးဒေသ (၁)၊ မြန်မာနိုင်ငံမှာ နိုင်ငံတော် အစိုးရနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေး ယူတာ ကျွန်တော်တို့အရင်ဆုံး အဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး ကိုမြစ်ကြီးနားမှာတစ်ပတ်လောက်လုပ်ပြီး နိုင်ငံတော်ဘက်ကနေ နယ်ခြားစောင့် တပ်တွေဖွဲ့ဖို့ညှိနှိုင်း လာတယ်။ ဥက္ကဋ္ဌကြီး ဦးဆောင်ပြီး ဒေသဖွံ့ဖြိုးမှု လမ်းတံတား၊ ဆေးရုံ တွေ ဆောက်လုပ်ပြီး နိုင်ငံ တော်နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ စည်းဖို့ကို လုပ်ခဲ့တယ်။ 

အဲဒီလို လုပ်လိုက်တာက ကချင်အထူး ဒေသ(၁)၊KIA ကတော့ Case fire) အပစ်အခတ်ရပ်စဲတယ်ဆို တဲ့ အနေအထားမှာပဲ ရှိသေး တယ်ဗျ။ ကျွန်တော်တို့ရဲ့ တပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ ထိန်းချုပ်မှု အောက်ဆိုတော့ နိုင်ငံတော်ကနေ ဒေသဖွံ့ဖြိုးမှုကို တာဝန်ယူလိုက်တဲ့သဘောပဲ။

ကချင်အထူးဒေသ(၂)KIAနဲ့ အစိုးရသဘောထားကွဲလွဲမှုက အဓိက ဘယ်အချက်လို့ပြောလို့ ရမလဲ။ ဆက်ဆံမှုတွေဝေးကွာ လာတာ ဘယ်အချိန်လဲ?

သဘောထားကွဲတာကိုပြော ရရင်ကတော့အရှည်ကြီးဖြစ်သွား လိမ့်မယ်။အဓိကကတော့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း၊ မြစ်ဆုံ စီမံကိန်းစတဲ့ကိစ္စတွေနဲ့ပတ်သက် ပြီး သဘောမတူညီမှုတွေဖြစ်လာ တယ်။KIA နဲ့ အစိုးရထိပ်တိုက် တွေ့လာတယ်။ အခုဆိုရင် ၂နှစ် ရှိပြီ။ တိုင်းရင်းသားတွေဟာ ဒုက္ခ သည်တွေဖြစ်နေတယ်။ စားဝတ် နေရေး မပြေလည်ဘူး။ ကိုယ့်ခြံကထွက်တဲ့သီးနှံတောင် သွား မရောင်း နိုင်ဘူး။ သူတို့ရဲ့ဝန်းကျင်မှာ မိုင်းတွေရှိနေတယ်။ အင်မတန်ကို ဒုက္ခရောက်နေတယ်။ ဒီအခြေ အနေမို့ ဥက္ကဋ္ဌကြီးအနေနဲ့ ငြိမ်းချမ်းရေးမှာ အချက်တစ်ခုကိုတော့ သဘောတူညီမှုရအောင် လုပ်ဖို့ဆုံးဖြတ် လိုက်တာ ဖြစ်တယ်။

အထူးဒေသ(၁)၊(၂)ကွာခြား ချက်လေးလည်းသိပါရစေ။လူမျိုး အုပ်စုကဘယ်နှစ်စုကွဲနေလို့လဲ?

ကချင်အထူးဒေသ(၁) ဆို တာက လချိတ်လူမျိုး မျိုးနွယ်စု လေးပေါ့ဗျာ။ ကချင်အထူးဒေသ (၂) ဆိုတာက လူမျိုးကြီးဝါဒကို ကိုင်စွဲထားတာက ဂျိမ်းဖောလို့ ခေါ်တဲ့KIA ပေါ့ဗျာ။ ဘယ်လိုပဲ ငြိမ်းချမ်းရေးလုပ်လုပ်ဗျာ။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါမှာ အဖွဲ့တစ်ဖွဲ့တည်းနဲ့မရဘူး။ လူမျိုး ကြီးဝါဒ၊ လူမျိုးသေးဝါဒဆိုပြီး ခွဲခြားနေလို့မရဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့အတွက်ကြောင့် အသေးအကြီးအကုန်ပါမှ ငြိမ်းချမ်းရေးဟာအောင်မြင် မှာလေ။

နောက်ဆုံးအနေနဲ့ ငြိမ်းချမ်း ရေးလုပ်တဲ့ကာလနဲ့ ငြိမ်းချမ်းရေး မယူခဲ့တဲ့ကာလအခြေအနေလေး သိခွင့်ရရင် သိချင်ပါတယ်?

ကျွန်တော်တို့ အထူးဒေသ (၁)က လချိတ်တိုင်းရင်းသားတွေဟာ ကချင်ပြည်နယ်အရှေ့ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းဒေသတွေမှာ အခြေပြုပြီး ဒေသဖွံ့ဖြိုးရေး၊နယ် မြေတည်ငြိမ်ရေးအဓိက ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ် တဲ့အပြင် တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း ပေါ် ပေါက်စေရေးမူဝါဒနဲ့ နယ်ခြား စောင့်တပ် ဖွဲ့စည်းမှုကို ဦးစွာကျင့် သုံးလက်ခံခဲ့တယ်။ ကချင်ပြည် နယ် ငြိမ်းချမ်းရေးအတွက်ဆိုပြီး ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ ကနေဦးဆောင်ပြီးကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တာကို တွေ့ရတယ်။ အဲဒီလိုလုပ်တဲ့အခါ လူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတဲ့KIA ကို မျက်နှာစာပေးပြီး နှစ် ပေါင်းများစွာ အစိုးရနဲ့ လက်တွဲ ဆောင်ရွက်ခဲ့တဲ့ ကျွန်တော်တို့ လချိတ်တိုင်းရင်းသားများအပေါ် အသိ အမှတ် ပြုခြင်းမရှိဘူး။ အဲဒီ လို ခံစားမိတယ်။ 

နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ အထူးဒေသ(၁) နယ်မြေတွေဟာ အခြားသူများကဲ့သို့ လက်နက် ကိုင်ဆောင်ခြင်း၊ အစိုးရကို ဆန့်ကျင်မှုမပြုခြင်းကြောင့်ဘဲ အခုလို ဖြစ်ရလေသလားလို့တောင် သုံးသပ်မိ ပါသေးတယ်။ ဒါက ကျွန်တော်ရဲ့ ယူဆချက်ပါ။ နောက်ဆုံးပြောချင်တာက ကချင် ပြည်နယ်ငြိမ်းချမ်းရေးဟာ တိုင်း ရင်းသားပေါင်းစုံ နေထိုင်တဲ့ဒေသ ဖြစ်တဲ့အတွက် အဖွဲ့တစ်ဖွဲ့တည်း နဲ့ ဆောင်ရွက်လို့မရဘူး။ အခြား အဖွဲ့အစည်းတွေဝင်ရောက်စွက် ဖက်အုပ်ချုပ်မှုကို မည်သည့်အခါ မှ ခံခဲ့ခြင်းမရှိ နောင်လည်း ဖြစ် မှာမဟုတ်ဘူး။ ကာကွယ်သွား မယ်။ စောင့်ရှောက်သွားမယ်။ ဒါက ကျွန်တော်တို့  ဥက္ကဋ္ဌကြီးရဲ့ သဘောထားပဲလို့ ပြောချင်ပါ တယ်။

Credit : http://www.hotnewsweekly.com/archives/24449

သူခိုးကြောင့် စိတ်ကြွဆေးပြားရောင်း ၀ယ်သူများ ဖမ်းဆီးရမိ


0

ကယားပြည်နယ်လွိုင်ကော် မြို့တွင် မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်ပြီး စိတ်ကြွ ဆေးပြား ၅၀၀ ကျော်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။


သြဂုတ် ၂ ရက် ညနေ ၄ နာရီက လွိုင်ကော်မြို့၊ ရှမ်းစုရပ် ကွက်၊ လောပိတလမ်းရှိယိုးဒယား ပန်းတိမ် ဆိုင်တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဆွဲကြိုးအပြတ်တစ်ခုရောင်းချ နေကြောင်း သတင်းအရ လွိုင်ကော် မြို့မရဲစခန်းစခန်းမှူးဒုရဲမှူး မောင်မောင်မြင်နှင့် အဖွဲ့တို့က သွားရောက်စုံစမ်းရာ လွိုင်ကော် မြို့မင်းစုရပ်ကွက်နေမြင့်ဦး (ခ) မဲလေး (၂၃)နှစ် အား ၁၂ ပဲတစ် ရွေး အလေးချိန်ရှိ ရွှေဆွဲကြိုးအပြတ် တစ်ခုWave ၁၂၅ အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့် အတူ တွေ့ရသည် ဟု ဆိုသည်။

ရဲတပ်ဖွဲ့၏ပဏာမစစ်ကြော ချက်အရအဆိုပါရွှေဆွဲကြိုးအပြတ် သည်လွိုင်ကော်မြို့နယ်ချိကယ်ကျေး ရွာအုပ်စု နမ့်ကွတ်ကျေးရွာနေ ဦးလှရွှေ၏ နေအိမ်မှ သြဂုတ်လ ၁ ရက်တွင် ခိုးယူခဲ့သော ရွှေထည် ပစ္စည်းများအနက်တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသဖြင့် လွိုင်ကော် မြို့မရဲစခန်း (ပ) ၉၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ အရဆက်လက် စုံစမ်းရာရွှေအလေးချိန်နှစ်ကျပ်သား၊ ခုနှစ်ပဲနှင့် လေးရွေးကို ထပ်မံ ဖော်ထုတ်သိမ်းဆည်းရမိခဲ့ သည်ဟုဆိုသည်။ 

ထို့အပြင် မြင့်ဦး (ခ) မဲလေးနှင့် အတူတွေ့ ရှိရသည့်Wave-125 အမျိုးအစား အဖြူရောင်ဆိုင်ကယ်ကို ရှာဖွေ ရာဖင်ထိုင်ခုံအတွင်းWY စာတမ်းပါစိတ်ကြွဆေးပြားခြောက် ပြားကိုရှာဖွေတွေ့ရှိသဖြင့် လွိုင်ကော် ရဲစခန်း ကမယ (ပ) ၁၅/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က) ဖြင့် အမှုဖွင့်အရေး ယူခဲ့ သည်။

ထပ်မံစုံစမ်းချက်အရအဆိုပါ စိတ်ကြွဆေးပြားများကို လွိုင်ကော် မြို့နယ်နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်း သာယာ (မြောက်) ကျေးရွာနေအမိုး (ခ) ဒေါ်အန်းဂျလာ (၅၇) နှစ် ထံမှဝယ်ယူခဲ့ကြောင်း သိရသဖြင့် ဒေါ်အန်းဂျလာ(ခ)အမိုး ၏နေအိမ်အား သြဂုတ် ၃ ရက် ည ၇ နာရီ ၁၅မိနစ်တွင်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းရှိအနက် ရောင်သားရေလက်ကိုင်အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထား သော WY စာတမ်းပါပန်းရောင် စိတ်ကြွဆေးပြား ၄၉၅ ပြားနှင့် ငွေကျပ် ၃၀၃၀၀၀၀ ကိုရှာဖွေတွေ့ ရှိသိမ်းဆည်းရမိ ခဲ့သည်။ ထို့အပြင် ZTE တံဆိပ်ပါအထိုင်ဖုန်းတစ်လုံး၊ Peace-125 အမျိုးအစားအဖြူ ရောင်မော်တော် ဆိုင်ကယ် တစ်စီးSHENG BO-110 အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ် တစ်စီးတို့ကို ရှာဖွေသိမ်းဆည်းရ မိခဲ့သည်။

လွိုင်ကော်ရဲစခန်းက အမိုး (ခ) ဒေါ်အန်းဂျလာနှင့် ယင်း၏ နေအိမ်သို့စိတ်ကြွဆေးပြားရောင်း ချရန် ရောက်ရှိနေသော လွိုင်ကော် မြို့နယ် နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်းသာယာ (မြောက်) ကျေးရွာနေ မားရ်ကို (၄၅ နှစ်)၊ ကျော်လေး (၂၆ နှစ်)နှင့် လွိုင်ကော် မြို့လောဓမ္မရပ်ကွက်၊ ကြည်သာယာတိုးချဲ့နေ စိုင်းနောင်နောင် (၁၉ နှစ်) တို့အား မယ (ပ) ၁၆/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၁ အရအမှု ဖွင့်လှစ်စစ်ဆေးသည်။

အထက်ဖော်ပြပါအမှုများတွင် စိတ်ကြွဆေးပြားစုစုပေါင်း ၅၁၁ ပြားသိမ်းဆည်းရမိပြီးအမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ အားအရေးယူနိုင်ခဲ့ကြောင်း သိရ သည်။

Credit : http://www.hotnewsweekly.com/archives/24432

အရက်၊ စီးကရက် စသည့် တားမြစ်ကုန်စည်များ ရောင်းချနေသော ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ လက်ကားလုပ်ငန်းကြီး ၂၀ စီ၏ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြားချိန်တွင် ဖမ်းဆီးအရေးယူမည်



အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်း၌ တရားမ၀င် တင်သွင်း ရောင်းချ နေမှုများကို စစ်ဆေး အရေးယူ နိုင်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိက တင်သွင်း ဖြန့်ဖြူးနေသည့် လက်ကားဒိုင် ၂၀ စီ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြား ချိန်တွင် ဖမ်းဆီး အရေးယူမည် ဖြစ် ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။


မြန်မာနိုင်ငံ တစ်ဝန်းရှိ စူပါမားကက်များ၊ လက်လီ အရောင်းဆိုင်များနှင့် အရက် ဘီယာ အရောင်းဆိုင်များ တွင် တင်သွင်း ရောင်းချနေသည့် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် ကုန်စည် အများစုမှာ တရားမ၀င် တင်သွင်းလာသည့် ကုန်စည်များသာ ဖြစ်နေပြီး အဆိုပါ ကုန်စည်များကို တရားဝင် ခွင့်ပြုချက်အား စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်း နေမှုများကြောင့် မြန်မာနိုင်ငံ အနေဖြင့် အခွန်အကောက်များ နစ်နာနေသကဲ့သို့ လူငယ်များ အနေဖြင့်လည်း ဈေးနှုန်းချိုသာစွာ အလွယ်တကူ ၀ယ်ယူရရှိ နေသည့် အတွက် သောက်သုံးမှု များပြားနေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် အဆိုပါ လက်ကားဒိုင်ကြီးများကို အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဖမ်းဆီး အရေးယူပြီးပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး အဆိုပါ ကုန်စည်များအား ဖမ်းဆီး အရေးယူရန်ကိုမူ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်မျှော်နေဆဲ ဖြစ်သည်။

''ဒီလို တရားမ၀င် တင်သွင်းရောင်းချ မှုတွေကို ဘယ်အချိန်မှာ အရေးယူမလဲ ဆိုတာ ကျွန်တော့် အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟို ကော်မတီ အနေနဲ့ အစိုးရအဖွဲ့က ဒီနေ့ ဖမ်းပါဆို မနက်ဖြန် ဖမ်းလို့ရအောင် လုပ်နေတာ။ စာရင်းကောက် ထားတာ ရှိတယ်။ ရန်ကုန်မြို့က ဘယ်စူပါမားကက်က ဘယ်ကို ပစ္စည်းဖြန့်ပြီး ဘယ်ဂိုဒေါင်မှာ ကုန်တွေ လှောင်ထား တယ် ဆိုတာ ကျွန်တော်တို့ စာရင်းပြုစုထားသလို မန္တလေးမှာ ဆိုရင်လည်း အဲဒီလိုမျိုး စာရင်းကောက်ခံ ထားတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

ထိုသို့ ပြောဆိုသော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခို ကုန်သွယ်မှုများကို ထိန်းချုပ်ရာတွင် အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများ အနေဖြင့် ယင်းတို့၏ ဈေး ကွက် အားမထိခိုက်ရန်နှင့် မှောင်ခိုဈေးကွက် ကြီးထွားရန် ပြည်တွင်း စားသုံးကုန်များ၏ ဈေးနှုန်းများ မြှင့်တင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားခြင်း၊ မှောင်ခိုကုန်သွယ်မှုဖမ်းဆီးသူများအားလုပ်ငန်းဆက် လက် မလုပ်ကိုင်နိုင်ရန် တိုင်စာများ ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်သည့်အတွက်မှောင်ခိုကုန် စည်များအား ဖမ်းဆီးသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များ အနေဖြင့် စစ်ဆေး ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''တရားမ၀င် ကုန်စည်တွေ ဖမ်းလိုက်တာနဲ့ ဒီဈေးကွက်ကို ကိုင်ထားတဲ့ သူတွေက လက်ထဲမှာ ရှိတဲ့ ကုန် စည်တွေကို ဈေးမြှင့်လိုက်တယ်။ ဒေါ်လာဈေးနှုန်းတွေ မြင့်တက်အောင် ဈေးကစားလိုက်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကို ဦးအောင်တင်ပြပြီး တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းနေ လို့ ဒီလိုဈေးတွေ တက်နေတာဆိုပြီး ပြောတော့ သာမန်လောက်ပဲသိတဲ့ အစိုးရ အဖွဲ့ဝင်တချို့ အနေနဲ့ သူ တို့ပြောတာကို ဟုတ်နိုး နိုးထင်တယ်။ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိတယ်'' ဟု ဦးတင်ရဲဝင်းကဆက်လက် ပြောကြားသည်။

ကောင်းမွန်သော အစိုးရအဖွဲ့အဖြစ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရပ်တည်နိုင်ရန် ထိုကဲ့သို့ အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများကို စနစ်တကျ ကြပ်မတ်နိုင်ရန် လိုအပ်နေကြောင်း ဦးတင်ရဲဝင်းက ပြောဆိုခဲ့ပြီး တရား မ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသော် လည်း အမှန်တကယ် ဖမ်းဆီး အရေးယူနိုင်မည့် လုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့သို့ခွင့်ပြုချက်တောင်း ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားစဉ် 

Eleven Media Group

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ရွေးချယ်ခံရ

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ (Incheon Airport Consortium) ရွေးချယ်ခံရကြောင်း သတင်းရရှိသည်။ အရံကုမ္ပဏီအဖြစ် စင်ကာပူနိုင်ငံမှ့ Yong nam-CAPE-JGC Consortium အား ရွေးချယ်ထားကြောင်း သိရသည်။


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် နိုင်ငံတကာမှ လေဆိပ်တည်ဆောက် ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့ပြီး၊ နောက်ဆုံးအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီခုနစ်ခု အနက်မှ Incheon Airport Consortium ကုမ္ပဏီအား နောက်ဆုံးအဆင့် အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခုရွေးချယ်ခံရသည့် Incheon Airport Consortium သည် Incheon Airport ဦးဆောင်သည့် ကုမ္ပဏီ အဖွဲ့အစည်းလေးခု စုပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Incheon Airport Consortium တွင် Hyundai Engineering Construction၊ Kumho Kumho Industrial Co., ltd၊ Halla Engineering and Constructio နှင့် Daewoo International Corporation တို့ ပါဝင်ဖွဲ့ စည်းထားခြင်း ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တည်ဆောက်ရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်၏ မှတ်ထားပြီး ပထမအဆင့်တွင် ပေ ၁၂၀၀၀ ရှိ ပြေးလမ်းတစ်ခု၊ ခရီးသည် ၁၂ သန်း အသုံးပြုနိုင်မည့် လေ ဆိပ် အဆောက်အအုံနှင့် လေဆိပ် facilities များ၊ ဒုတိယအဆင့်တွင် ခရီးသည် ၁၅ သန်း အသုံးပြုနိုင်မည့် လေဆိပ် အဆောက်အုံနှင့် လေဆိပ် facilities များ၊ တတိယအဆင့် အနေဖြင့် နောက်ထပ် ၁၀ နှစ်ကြာမြင့် ချိန်တွင် ခရီးသည် ၀င်ထွက်မှု ၂၅ သန်းအထိ တိုးတက်လာခဲ့ပါက ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Incheon Airport Consortium ကုမ္ပဏီအနေဖြင့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များအား စတင် ဆဆာက် လုပ် သည့် သတ်မှတ်ကာလမှ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် စတင်အသုံးပြုနိုင် ရန် စီစဉ်ထားကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာသည် ရန်ကုန်မြို့မှ မိုင် ၅၀ ကွာဝေးပြီး ပဲခူးမြို့၏ အနောက်ဘက် နှစ်မိုင်အကွာတွင် တည်ရှိသည်။ ယင်းမြေနေရာသည် ဒုတိယ ကမ္ဘာ စစ်အတွင်းက ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့် လေယာဉ်ကွင်း ဟောင်း နေရာတစ်ခု ဖြစ်သည်။

Eleven Media Group

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီး မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များကို ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူမည်

ပင်လယ်ရေကြောင်းမှ တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းနေသူများအား သြဂုတ် ၁၂ ရက်မှ စတင် ဖမ်းဆီးမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူ နိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စတင်အရေးယူမည် ဖြစ် ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။


တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ရွေ့လျားဖမ်းဆီးရေး အဖွဲ့အနေဖြင့် ဖွဲ့ စည်းပြီးသည့် ခုနစ်လကျော် ကာလအတွင်း ကျပ်သန်း ၆၀၀၀ ကျော်ဖိုးအထိ ဖမ်းဆီးခဲ့သော်လည်း တရား မ၀င် မှောင်ခိုကုန်စည် တင်သွင်းသူများအား အစိုးရအဖွဲ့၏ ငဲ့ညာမှုဖြင့် ငွေဒဏ်ချမှတ်၍ မှောင်ခိုကုန်စည်မ များ ပြန်လည်ထုတ်ပေးခြင်း ငွေဒဏ်သာ ချမှတ်ခြင်း လုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုပါသည်။

ထိုသို့ တည်ဆဲဥပဒေအတိုင်း အမြင့်ဆုံး ပြစ်ဒဏ်ဖြင့် အရေးယူနိုင်မှု မရှိသည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်များအား အကျင့်ပျက် လာဘ်စားသည်ဟု ဆိုကာ လိမ်လည် တိုင်ကြားမှု၊ မှောင်ခိုပျောက်အောင် မင်းတို့မလုပ် နိုင်ပါဘူးဟု ပြော ဆိုမှုများ စွပ်စွဲမှုများ ရှိခဲ့သည့်အတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ ၀င်တချို့ အနေဖြင့် စစ်ဆေးမှု ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှု ခံယူခဲ့သော်လည်း အဖွဲ့ဝင်များ အနေဖြင့် လာဘ်စားမှု မရှိခဲ့သည့်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပင် ချီးကျူးခဲ့ကြောင်း ဦးတင်ရဲဝင်း ကဆိုသည်။

''လာဘ်ပေးလာဘ်ယူ လုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ၀န်ထမ်းတွေပဲ ပြုတ်တာများတယ်။ တရားမ၀င် မှောင်ခိုတင်တဲ့ လုပ်ငန်းရှင်ကတော့ ဒဏ်ကြေးတောင် မထိဘူး။ ဒီတော့ ယူသူကို အရေးယူရင် ပေးသူကို လည်း အရေးယူဖို့ လိုလာတယ်။ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော် မတီ က ဖမ်းသာဖမ်းနေရတာ သူတို့က ဒဏ်ကြေးလေးဆောင် ပစ္စည်းလေး ထုတ်သွားတော့ ကျွန်တော် တို့လည်း အားယုတ်တယ်'' ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဦးတင်ရဲဝင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အဓိကအကျဆုံး ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပင်လယ် ရေကြောင်း ကုန်သွယ်မှုအား ထိန်းချုပ်နိုင်မည် ဆိုပါက တရားမ၀င် ကုန်စည်တင်သွင်းမှု လျော့ကျ လာနိုင် သည်။ ယင်းအပြင် နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိခြင်း၊ တရားမ၀င် ကုန်စည်အများစုမှာ အဆင့် မမီ ကုန်စည်များသာ ဖြစ်နေသဖြင့် သန်း ၆၀ ကျော်သော မြန်မာပြည်သူများ၏ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များအား စောင့်ထိန်းနိုင်မည် ဖြစ်သည်။

အလားတူ နိုင်ငံတော်အဆင့် လေ့လာရေး ခရီးစဉ်များတွင် သမ္မတအနေဖြင့် သွားရောက် လည်ပတ်သည့် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု စာရင်းများအား လက်ရှိကဲ့သို့ မှောင်ခိုကုန်ကူးမှု မြင့်နေသည့် အတွက် မျက်နှာပျက်ရခြင်း အဖြစ်မျိုးအား ကာကွယ်နိုင်မည် ဖြစ်ပြီး နိုင်ငံ အချင်းချင်းအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် လွယ်ကူစေမည် ဖြစ်ကြောင်း ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ဖမ်းဆီးရာတွင် ပြည်တွင်း ကမ်းရိုးတန်း ဆိပ်ကမ်းများဖြစ်သည့် သာကေတ ဆိပ်ကမ်းနယ်မြေ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊ ဗားကရာ၊ ချောင်းဝဆိပ်ကမ်း နယ်မြေနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုအား ပင်လယ်ဝ စောင့်ကြည့် စစ်ဆေးရေး၊ ပဲခူးမြစ်ဝ စောင့်ကြည့်စစ်ဆေးရေး၊ ပုစွန် တောင်ချောင်း တစ်လျှောက် စောင့်ကြည့်စစ်ဆေးရေး၊ ရေကြောင်း လှုပ်ရှားစစ်ဆေးရေး၊ အရန်စစ်ဆေး ရေး စသည့် အဖွဲ့များနှင့် စစ်ဆေးသွားမည် ဖြစ်သည်။

လက်ရှိကာလတွင် စစ်ဆေး အရေးယူမှုအား ပညာပေး ကာလအဖြစ် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ယခင်အရေးယူမှု မရှိခဲ့သည့် ပို့ကုန်သွင်းကုန် ဥပဒေ နှင့် အရေးယူမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်သည် ပြစ်ဒဏ်အလိုက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည် ဖြစ်သည်။

''ရွေ့လျားဖမ်းဆီးရေးအဖွဲ့ စလုပ်တော့ ပင်လယ်ရေကြောင်း ဥပဒေနဲ့ အရေးယူတော့ ဥပဒေမှာ ဒဏ်ကြေး ပဲပါတယ်။ လုပ်ငန်းရှင်က မှောင်ခိုတင်သွင်းတာ မလျော့ဘူး။ အခုတော့ ၂၀၁၂ ခုနှစ် အတွင်းမှာ ပြဋ္ဌာန်း ခဲ့ တဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စပြီး အရေးယူမယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အဆိုပါ ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့၊ လွှတ်တော် အဖွဲ့အစည်းများနှင့်သက်ဆိုင် ရာ အဖွဲ့အစည်းများအပြင် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများကိုပါ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ချောင်းအတွင်း တွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု စစ်တွေတွင် ဖြစ်ပွား

စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီးရှိ ဒုက္ခသည် စခန်းတွင် တည်ဆောက်ထား သော လုံခြုံရေးရဲကင်း စခန်းတစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးမှု သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ထိုနေ့နံနက် ၁၀ နာရီခန့်က စစ်တွေမြို့နယ်၊ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းအတွင်း ရော်ရှီ (၃၄ နှစ်) အမည်ရှိ ဘင်္ဂါလီအမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် နယ်မြေခံ ရဲစခန်းသို့ ယူဆောင်စစ်ဆေးရန် ပြောကြားရာမှ ဘင်္ဂါလီများနှင့် ပြဿနာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တွင် အုန်း တောကြီး ကယ်ဆယ်ရေး စခန်းအနီးရှိ ချောင်းဝရဲကင်း စခန်းအား ဘင်္ဂါလီများက မီးရှို့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘောဒူဖတွင် တာဝန်ကျနေသော ရဲကင်းစခန်းမှ ရဲဝန်ထမ်း တစ်ဦးက ''အခု ကျွန်တော်တို့လည်း သွားလို့မရဘူး ဖြစ်နေတယ်။ ကားလမ်းတွေမှာ သစ်ပင်တွေကို လှဲထားတယ်။ မီး လောင်သွားတာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဖုန်းပဲ အဆက်အသွယ်ရတယ်'' ဟု ပြောဆိုခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြု စုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''မီးရှို့ခံရတာတော့ ဟုတ်တယ်လို့ သိရတယ်။ သတင်း အပြည့်အစုံကို မသိရသေးဘူး ဖြစ်နေတယ်။ မကြာခင် ထုတ်ပြန်နိုင်တော့မှာပါ'' ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူများနှင့် သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သြဂုတ် ၉ ရက် ညနေ ၄ နာရီခန့်တွင် ကားများသွားလာနိုင်ရန် လမ်းများကို ရှင်းလင်းနေပြီ ဖြစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်ဖြေရှင်း နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး ကျေးရွာတွင် ဖြစ်ပွားနေသော ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''ဒီနေ့မနက်ပိုင်းက မှန်စီချောင်း ဘက်ကလို့ ယူဆရတဲ့ ဘင်္ဂါလီ အလောင်းတစ်လောင်း မျောလာပြီးတော့ အုန်းတောကျေးရွာ အနီးမှာ ကမ်းတင်ခဲ့တယ်။ ဒါကိုလာကြည့်တဲ့ ဘင်္ဂါလီတွေက တဖြည်းဖြည်း များလာပြီး အဲဒီအလောင်းကို ရွာထဲ သယ်သွားချင်တယ်လို့ ပြောတဲ့အတွက် နယ်မြေရဲရုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ စကားများ တယ်။ တဖြည်းဖြည်း သူတို့က လူများလာတဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ကို အပေါ်ထောင်ပြီး ပစ်ဖောက် လူစုခွဲတယ်။ ဘင်္ဂါလီတွေက ချောင်းထဲက မျောလာတဲ့ လူသေအလောင်းကို အခြားသူတွေက သတ်ခဲ့တယ်လို့ ထွက်နေတဲ့ ကောလာဟလတွေကို ယုံပြီးတော့ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အခု ချိန်မှာတော့ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ယူဆထားတဲ့သူ ရှစ်ဦးကို ထိန်းသိမ်းထားပါတယ်။

လက်ရှိအချိန်မှာတော့ အုန်းတောကြီး ကျေးရွာမှာ လူစုကွဲသွားပေမယ့် ဘောဒူဖ ကျေးရွာမှာလည်း စုဝေး နေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ဆက်လက် မဖြစ်ပွားအောင် မော်လ၀ီ ဆရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင် ရွက်နေပါတယ်'' ဟု သြဂုတ် ၉ ရက် ညနေ ၄ နာရီတွင် The Daily Eleven သို့ ပြောကြားသည်။

ညနေ ၆ နာရီခွဲတွင် ဘင်္ဂါလီများက စစ်တွေမြို့မှ ဘောဒူဖ ကယ်ဆယ်ရေးစခန်းသို့ သွားသည့်လမ်းကို ကျင်းတူးဖော် ထားသောကြောင့် ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးယူနေသော စစ်ကားများ၊ ရဲတပ် ရင်းများ၊ စစ်သားများမှာ လမ်းတွင် ပိတ်နေကြောင်း၊ ဘင်္ဂါလီများမှာ လူစုလူဝေးများ ပြုလုပ်ကာ လုံခြုံရေး ၀န်ထမ်းများ တားဆီးထားသော နေရာများသို့ လာရောက်ခြင်းများ ရှိကြောင်း သိရသည်။ အဆိုပါ ကယ် ဆယ်ရေး စခန်းသို့ အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် Human Right Watch ရောက်ရှိနေပြီး ၎င်းအဖွဲ့မှ ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားခြင်း မရှိစေရန် ညှိနှိုင်းပေးလျက် ရှိကြောင်း သိရသည်။

နယ်မြေအေးချမ်းရန် ရဲတပ်ရင်း ၃၃ နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်တွင် ဆူပူမီးရှို့မှုများ အတွက် လူစုခွဲရန် သေနတ်ဖြင့် ပစ်ခတ်မှုများ ရှိကြောင်း၊ လေးဦး သေဆုံး ကြောင်း စသည့် အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်လျက် ရှိနေသော်လည်း အဆိုပါ ဖြစ် စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ် စာမျက်နှာ၌ ဖော်ပြရာတွင်မူ လူသေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိမှုများသာ ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

Eleven Media Group

ဗဟိုချုပ်ကိုင်မှုကို လျော့ချ၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များကို လုပ်ပိုင်ခွင့် ပိုမိုပေးရန်နှင့် လယ်သမား၊ အလုပ်သမားနှင့် အခြေခံ ပြည်သူများအတွက် လက်တွေ့ ဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် သမ္မတညွှန်ကြား



နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ၀န်ကြီး များ နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်၌ သြဂုတ် ၉ ရက် နံနက်ပိုင်းက တွေ့ဆုံ ခဲ့ကြောင်း သိရ သည်။


အစိုးရသစ် တာဝန်ယူရမည့် ငါးနှစ်တာ ကာလ၏ ပထမလ ၃၀ တွင် ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေ အနေ တိုးတက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ စီးပွားရေး၊ လူမှုရေးတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင် ဆင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒုတိယလ ၃၀ တွင် ပြည်သူများ၏ အခြေခံ လိုအပ်ချက်မ များ ကို ဦးစားပေး ဆောင်ရွက်ရန်၊ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန်အ တွက် လိုအပ်ချက်များကို ပြည်ထောင်စု ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက် စေလိုသည့် အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

နိုင်ငံတော် အစိုးရသစ် အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်ရေး မူဝါဒ ချမှတ် ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့တဲ့လ ၃၀ အတွင်း၌ အစိုးရ ဌာနအချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့ အစည်းဝင် အချို့၏ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်း ခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်း တို့ ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိ အချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရ ကြောင်းလည်း သမ္မတက ပြောကြားသည်။

အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များသည် ၎င်းတို့ တာဝန်ယူရသည့် ၀န်ကြီးဌာန လုပ်ပိုင်ခွင့်ကိုချုပ်ကိုင်ထား ပြီး အခြားဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင် ခွင့် ခွဲဝေပေးမှု မရှိဘဲ ဗဟိုမှ တိုက်ရိုက်အမိန့်ပေး ကွပ်ကဲသည့်စနစ် ကျင့်သုံးခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့် အာဏာဖြန့် ခွဲဝေခြင်း မရှိသည်ကို တွေ့ရှိရ...

ပြည်ထောင်စုအဆင့် ၀န်ကြီးများသည် အစိုးရ တစ်ဖွဲ့လုံး၏ ရည်မှန်းချက် တာဝန်များကို အောင်မြင်ရန် ညှိနှိုင်းပူးပေါင်း အကောင်အထည် ဖော်ကြရမည့်သူများ ဖြစ်သော်လည်း အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ် များသည် ၎င်းတို့ တာဝန်ယူရသည့် ၀န်ကြီးဌာန လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားပြီး အခြားဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှု မရှိဘဲ ဗဟိုမှ တိုက်ရိုက်အမိန့်ပေး ကွပ်ကဲသည့်စနစ် ကျင့်သုံးခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့် အာဏာဖြန့် ခွဲဝေခြင်း မရှိသည်ကို တွေ့ရှိရကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ထို့ကြောင့် ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အကြားအုပ်ချုပ်မှုကိစ္စရပ် များ အဆင်ပြေစေရန် အတွက် ဌာနတွင်းဆိုင်ရာ လုပ်ပိုင်ခွင့် အချို့ကို တိုင်းဒေသကြီး ပြည်နယ်အစိုးရများ တိုက်ရိုက် လုပ်ဆောင်ခွင့် ပေးခဲ့ရန် သမ္မတက ပြောကြားသည်။

ထို့နောက် သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခင်လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်း၊ ဘုရင့်နောင် ဖောင်ဖျက်သကဲ့သို့ နောင်ရိုးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး မိမိကိုယ်တိုင် ဦးဆောင် ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများနှင့် ဖိတ်ကြားခံရသူများ (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်) 

ထို့အပြင် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များသည်လည်းလုပ်ငန်းအကောင် အထည် ဖော်မည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး မြေပြင်ထိ ကွင်းဆင်းကာ ပညာရှင်များ၊ အသင်းအဖွဲ့များ၊ လူထုအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ပြည်သူတို့၏ အသံနှင့်ဆန္ဒ သဘောထားတို့ကို ရယူကာလက် တွေ့ကျကျ ပြည်သူ့လိုအပ်ချက် ဦးစားပေး လုပ်ငန်းများကို ကျန်လ ၃၀ အတွင်း ပြည်သူများ အကျိုးရလဒ် ရရှိခံစားနိုင်ရေး ဆောင်ရွက်ရန် အတွက်လည်း အစိုးရအဖွဲ့ အကြီးအကဲများကို ပြောကြားသည်။

သမ္မတက တိုင်းဒေသကြီး ပြည်နယ် အစိုးရများ အနေဖြင့်လည်း မြို့မိမြို့ဖများဖြင့် မြို့နယ်စီမံခန့်ခွဲမှု ကော် မတီများ ဖွဲ့စည်းပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ ပြည်သူတို့၏ လိုအပ်ချက်များကို လုပ် ဆောင်သည့် ပြည်သူ့ဗဟိုပြု အုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်းပြောကြား ခဲ့သည်။

အစိုးရ သက်တမ်း၏ ကျန်လ ၃၀ အတွင်း ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဦးစားပေး လိုအပ် ချက်များဖြစ်သော လျပ်စစ်မီး ရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေး၊ အသေးစား အလတ်စား လုပ်ငန်းများ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အတွက်လည်း ပြောကြား သည်။

''အစီအမံများ ရေးဆွဲအကောင်အထည် ဖော်ရာမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမား များ၊ အလုပ်သမားများ၊ လက်လုပ်လက်စားများ၊ ဆင်းရဲသော ပြည်သူများအတွက် လိုအပ်နေတဲ့ စားဝတ် နေရေး အဆင်ပြေရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေး စား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အခြေခံကျကျ လက်တွေ့ဖြည့်ဆည်း ပေး နိုင်မယ့် လုပ်ငန်းများကို ဦးစားပေး ရွေးချယ်ပြီး ကျန်တဲ့လ ၃၀ အတွင်း သိသာထင်ရှားတဲ့ အကျိုးရလဒ်များ ရရှိအောင် အကောင်အထည်ဖော် ကြိုးပမ်းသွားကြပါ'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါ သည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ဒုတိယ၀န်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့အား လုပ်ပိုင်ခွင့် ပိုမိုပေးခဲ့သော လုပ်ငန်းအချို့

၁။ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ပြည်ထောင်စု ၀န်ကြီးဌာနများက တိုက်ရိုက် ကွပ်ကဲ ကြီးကြပ်ခြင်း မပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေး ဆောင်ရွက်သွားရန်။

၂။ ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားလာရေးအတွက် တိုင်းဒေ သ ကြီး ပြည်နယ် အစိုးရများက စွမ်းဆောင်ရည် အကဲဖြတ်ချက် အစီအရင်ခံစာအား ပြုစု၍ပည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စု ၀န်ကြီးဌာနများသို့ မိတ္တူပေးလျက် ပြည်ထောင်စု ၀န်ကြီးဌာနများက ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့ စီမံရာတွင် ယင်းအကဲဖြတ်ချက်အပေါ် မူတည်ဆောင်ရွက်ရန်။

၃။ ပညာရေး ၀န်ကြီးဌာန အနေနဲ့ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ခန့်ထားရာ၌ ဗဟိုမှတိုက်ရိုက် ခန့်ထားခြင်း မပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ခန့်ထားခွင့်ပြုရန်။

၎။ ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ သူနာပြု၊ သားဖွားဆရာမများ ခန့်ထားရာ၌ ဗဟိုမှ စုစည်းလေ့ကျင့် သော်လည်း ခန့်ထားရာ၌ တိုင်းဒေသကြီး ပြည်နယ် အစီအစဉ်ဖြင့် ဒေသအလိုက် ဒေသခံများ ပြောင်းရွှေ့ နေရာ ချထားနိုင်ရေး ညှိနှိုင်းစီစဉ်ရန်နှင့် ဝေးလံခေါင်းပါး ဒေသများအတွက် ဆရာဝန်ခန့်အပ် ချထားခြင်းကို ဗဟိုမှ တိုက်ရိုက်စီစဉ် သော်လည်း ပျက်ကွက်မှုများ ရှိနေသဖြင့် ဝေးလံခေါင်းပါး ဒေသများအတွက်တိုင်းဒေ သကြီး အစီအစဉ်ဖြင့် ဆရာဝန် လိုအပ်သော ဒေသများအတွက် သတင်းစာတွင်ကြေညာခေါ်ယူလျှောက် ထားစေပြီး ခန့်အပ်တာဝန်ပေးသည့် စနစ်ကျင့်သုံးရန်။

၅။ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများမှ တိုက်ရိုက်ခွင့်ပြုရသည့် လုပ်ငန်းများအနက် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့် ပေးနိုင်သည့် လုပ်ငန်းများအား ခွဲဝေပိုင်းခြား လုပ်ကိုင်ခွင့်ပြုရန်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ၀န်ကြီးချုပ်များနှင့် ဒုတိယ ၀န်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

Eleven Media Group

အခွန်အကောက် နှုန်းများကို ပြင်ဆင်ရန် လိုအပ်သည့် ပြင်ဆင်ချက် ဥပဒေကြမ်းများ ရေးဆွဲပြဋ္ဌာန်းမည်



ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံနေသည့် အခွန် အကောက် နှုန်းများကို ပြင်ဆင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ချက် ဥပဒေကြမ်းများ ရေးဆွဲ ပြဋ္ဌာန်းပြီး လွှတ်တော်သို့ ရေးဆွဲတင်ပြ သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က သြဂုတ် ၈ ရက်တွင် ပြောကြား သည်။


မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီမြင့် တင်သွင်းသည့် ''အခွန်အကောက် နှုန်းထားတိုးခြင်း၊ လျှော့ခြင်း၊ အခွန်အကောက် အသစ်တီထွင် ကောက်ခံခြင်းတို့ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းရာတွင်ထည့်သွင်းပြော ကြား ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ''ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲတဲ့ အခွန် အကောက် ၁၄ မျိုးနဲ့ ပတ်သက်တဲ့ နှုန်းထားများကို အမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်ခြင်း မပြုဘဲ ဥပဒေဖြင့် ပြင်ဆင်ခြင်း ပြုလုပ်နိုင်အောင် သက်ဆိုင်ရာ ဥပဒေများကို လိုအပ်သလို ပြင်ဆင်ပြီး ပြင်ဆင်ချက် ဥပဒေ ကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြသွားဖို့ လွှတ် တော် ကိုယ်စားလှယ်ရဲ့ အဆိုပြုချက်မှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။ အခွန်အကောက်ဆိုင်ရာ နှုန်း ထားများကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကိုယ်စားလှယ် ကြီးများက ၀ိုင်းဝန်းဆွေးနွေး စုပေါင်းဆုံးဖြတ် သတ် မှတ်ပေးတဲ့ အခွန်နှုန်းများအတိုင်း ကောက်ခံရမယ် ဆိုပါက ပိုမိုဆီလျော်ပြီး ပြည်သူများကလည်း လိုလားစွာ အခွန်ပေးဆောင် လာခြင်းဖြင့် နိုင်ငံတော် အခွန်ဘဏ္ဍာ ပိုမိုတိုးတက် ရရှိလာမည့်အပြင် သဘာဝကျတဲ့ အခွန်ကောက်ခံမှု စနစ်တစ်ရပ် ပေါ်ပေါက်လာမယ်လို့ ယုံကြည်တဲ့အတွက် အဆိုပြုချက်ဟာလျော်ကန်သင့် မြတ်ပါတယ်။ ဒါကြောင့် လက်ရှိတည်ဆဲ ဥပဒေများပါ လုပ်ပိုင်ခွင့် အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်နဲ့ ၀န်ကြီးဌာနများက စီမံခန့်ခွဲ ကောက်ခံနေတဲ့ အခွန်အကောက်နှုန်းများကို ပြင်ဆင်ရန်အတွက် လိုအပ်တဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်းများကို ရေးဆွဲတင်ပြ သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

လက်ရှိအခွန် နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ဆောင်ရွက် ခဲ့ရာတွင်လည်း အခွန်ဆိုင် ရာ ကျွမ်းကျင်ပညာရှင်များ၊ အခွန်ဌာနမှ အငြိမ်းစား အရာထမ်းများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အပါအ၀င် လုပ်ငန်းအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်ကြီးများ၊ ရန်ကုန်-မန္တလေးနှင့် နယ်စပ်မြို့ကြီးများမှ ကုန်သည်ကြီးများ၊ ပြည်သူ့စာရင်းကိုင်များ အသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးညှိနှိုင်း သတ်မှတ်ပေးသည့် အခွန်နှုန်းထားများ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် အခွန်အကောက် ၁၄ မျိုးရှိပြီး မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေ၊ ရုံးခွန်အက်ဥပဒေ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ နှင့် အခြားဥပဒေတို့ဆိုင်ရာ အခွန်နှုန်းများကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ် ပေးလျက်ရှိသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသော တာချီလိတ်မြို့ ထိုင်း-မြန်မာနယ်စပ် ဂိတ်ပေါက်အား
ဇူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

Eleven Media Group

ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား

ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီ နိုင်ငံ ရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက်မ ဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က သြဂုတ် ၈ ရက်က နေပြည်တော် ၌ ကျင်းပခဲ့ သည့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော် များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သြဂုတ် ၉ ရက်က အစိုးရပိုင် သတင်းစာတွင် ဖော်ပြထား ချက်အရ သိရသည်။


ထို့ပြင် ဥပဒေနှင့် တရားရုံးများသည် တရားစီရင်ရန် တာဝန်ပေးအပ်၊ ခန့်အပ်ခြင်း ခံရသူများအတွက်လည်း မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ်က ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းနှင့် ပြည်နယ် အသီးသီး၏ တရားလွှတ်တော်များမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သိရသည်။


တရားရုံးများသည် ပြည်သူတို့၏ အရေးအခင်းများတွင် နစ်နာသူများကို ကုစားပေးရန် တည်ထောင်ထား ခြင်း ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးများသည် တရားစီရင်ရာတွင် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်ရန် အရေးကြီးသည်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြော ကြားသည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး၊ လူမှုဖူလုံရေး၊ နိုင်ငံရေး၊ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး၊ လူ့အဖွဲ့အစည်း အရပ်ရပ်တိုင်းတွင် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ် လို အပ် သည့် အခြေခံ လိုအပ်ချက်ပင် ဖြစ်သည်ဟု ၎င်းကဆိုသည်။

တရားသူကြီးများ၊ တရားရေး ၀န်ထမ်းများ အနေဖြင့် လုပ်ငန်းတွင် ကျွမ်းကျင်ရန်၊ အရည်အချင်း ပြည့်ဝ ရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက် လုပ်ငန်းစဉ်များနှင့်အညီ အကောင် အထည်ဖော်ရန် အမြဲကြိုးပမ်း ဆောင်ရွက်နေကြရမည်ဟု ပြည်ထောင်စု တရားသူကြီးချုပ်က ပြောကြား သည်။

နိုင်ငံသားများ အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊ တရားဝင် လုပ်ပိုင်ခွင့်ရှိသော နစ်နာမှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံတွင် ပြဋ္ဌာန်းထားသည့် စာချွန်တော် အမိန့် များကို ဥပဒေနှင့်အညီ လျှောက်ထားခွင့်ရှိကြောင်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက် အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားလာသည့် စာချွန်တော်အမိန့် လျောက်ထားမှု ပေါင်း ၄၃၂ မှုဖြစ်ပြီး ကနဦးလက်ခံသင့်၊ မသင့် ကြားနာ၍ ပယ်သည့် အမှုမှာ ၂၈၆ မှုနှင့် ကနဦး လက်ခံ သင့်မသင့် ကြားနာရန် ကျန်ရှိသော အမှုမှာ ၈၄ မှုဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ်က ပြော ကြားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရား လွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ များနှင့်အတူ တွေ့ရသော ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၀ဲအစွန်)ကို ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်

Eleven Media Group

ရခိုင်နိုင်ငံရေးကွင်းဆက်

ကျွန်တော် အသိအမှတ်ပြုထားသော အချက်တစ်ချက် ရှိသည် ။ ၄င်းမှာ နိုင်ငံရေးလုပ်လျှင် သန့် ရှင်းပြီး မိမိတို့ အာဏာရရှိရေးအတွက် ကလီကမာ ကောက်ကျစ်ခြင်းများကို မပြုလုပ်ရဟု ဆိုသော အချက် ဖြစ်သည် ။ ယခုမြန်မာနိုင်ငံအတွင်းမှာ အာဏာအပြည့်အ၀ ရရှိထားသော ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ကျွန်တော် အသိအမှတ် ပြုထားသောအချက်နှင့် အလွန်ကွဲပြားနေသည်ကို တွေ့ ရသည် ။


၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေးယန္တယား စီးဆင်းသော မြန်မာနိုင်ငံအစိုးရ၏ ဥပဒေအထက်မှာ မည်သူဆိုသည်ကို ယခုထက်ထိ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ကြ ။ သမ္မတသည် အစိုးရအပေါ် ကောင်းစွာလွှမ်းခြုံနေလျှင် သို့ တည်းမဟုတ် သမ္မတသည် လွှတ်တော်အပေါ် လွှမ်းခြုံနေလျှင် သို့ တည်းမဟုတ် သမ္မတသည် တပ်မတော်အပေါ် လွှမ်းခြုံနေလျှင် ယခုဖြစ်ပေါ်နေသည့် ပြသနာများသည် ပြတ်သားနေမည်ဖြစ်သည်ဟု ကျွန်တော်မြင်သည် ။

၂၀၁၀-ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် နိုင်ငံသားလည်းမဟုတ် တိုင်းရင်းသားလည်းမဟုတ်သော ယာယီ အဖြူရောင်ကဒ်ကိုင်ဆောင်သူကို မဲပေးခွင့် ပေးသည်ဆိုခြင်းမှာ လွန်စွာ အရုပ်ဆိုးလှသည် ။ ၄င်းမဲပေးခွင့် ရရှိသူအား တစ်ရာခိုင်နုံးထက် ကျော်လွန်သော မဲဆန္ဒရှင်များက အရေးယူပယ်ဖျက်ပေးရန် တင်ပြထား သည် ။ လူဝင်မှူကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက အစိုးရကို တင်ပြပြီးပြီဟု ဆိုသည် ။ ဘင်္ဂလီ ခိုးဝင် လူမျိုးဖြစ်သော ဦးရွှေမောင်တို့ သုံးဦးကို တိကျစွာ စစ်ဆေးပြီး လိုအပ်သလို အရေးယူရန် အစိုးရထံသို့ တင်ပြလိုက်ပြီးပြီဟု ၀န်ကြီးဦခင်ရီက ထုတ်ဖေါ်ပြောဆိုခြင်းသည် အစိုးရ၏ လုပ်ငန်းဆောင်တာ ယန္တယားမလည်ပတ်မှုကို ပြနေသည် ။ ဤသို့ စီမံခန့် ခွဲမှု ညံ့ဖျင်းသော အစိုးရသည် အခြား ဤထက်အရေးကြီးသော အချက်အလက်များကို မည်သို့ ကိုင်တွယ် ဆောင်ရွက်နိုင်မည်နည်းဆိုသည်ကို စဉ်းစားမိသည် ။ ထို့ ကြောင့် ဤကိစ္စကို အစိုးရမှ အမြန်ဆုံးစီစစ်ဆုံးဖြတ်ချက်ကို ချမှတ်ပေးစေလိုသည် ။

ဘင်္ဂလားဒေ့ရှင်္နိုင်ငံတွင် နိုင်ငံရေးပါတီတစ်ခုအား နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်လိုက်သည်ဆိုသော သတင်းတစ်ပုဒ်တစ်ခုကို ဖတ်လိုက်ရသည် ။ ဖျက်သိမ်းရခြင်းမှာ နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်ရေး ကို ထိခိုက်စေခြင်ကြောင့်ဟု ဆိုသည် ။ ယခုလည်း ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေပြီး ပျက်ပြားအောင် ဆောင်ရွက်နေသည်မှာ အဖြူရောင်ကဒ်ဖြင့် မဲပေးခွင့်ကို ပေးသည့်အချိန်မှစ၍ ယခုအချိန်တွင် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေသည်အထိ ဖြစ်လာပြီ ။ ကျွန်တော်သည် မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်ကို အလွန်တရာ သနားနေမိသည် ။ သူ၏ ဘင်္ဂလီကုလားလူမျိုးများကို နယ်စပ်ဖြတ်ကျော်သော သူများအပြင် တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးထဲမှာ သူတို့ တွေ မပါဟု အခါခါ ပြောဆိုနေသည် ။ သို့ သော် လွှတ်တော်ထဲမှာ ခိုးဝင် ဘင်္ဂလီကုလား လူမျိုး ဦးရွှေမောင်က ရိုဟင်ဂျာဆိုသောလူမျိုးပါဟု လွှတ်တော်မှာ တင်ပြနေသည် ။ ၄င်းတင်ပြချက်ကို လွှတ်တော်တွင်း တင်ပြရန် အဆိုလွှာများအား စီစစ်သူများသည် မည်သည့်အတွက်ကြောင့် မစီစစ်လေသနည်း ။ သမ္မတဦးသိန်းစိန်၏ မိန့် ခွန်းကို တိုက်ရိုက်စော်ကားနေသည်ကို သူတို့  ဘာကြောင့် များ မသိရှိလေသနည်း ။

လွှတ်တော်တွင်းတွင် ၄င်းလူမျိုးများ မရှိပါဟု ပြောဆိုထားလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် ၄င်းနာမည်ကို သုံးစွဲပိုင်ခွင့် မရရှိတော့ချေ ။ သို့ သော် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ထာဝစဉ် ထုတ်ဖေါ်ပြောနေသည်မှာ သမ္မတဦးသိန်းစိန် မျက်နာကို ရစရာမရအောင် အရှက်ခွဲခြင်းဖြစ်သည် ။ ယခု ဖြစ်ပျက်နေသော အစိုးရထံ တင်ပြပြီးပါပြီဟု ၀န်ကြီးဦးခင်ရီက ထုတ်ဖေါ်ပြောဆိုချက်ကို မည်သည့် အတွက်ကြောင့် အစိုးရသည် မဆောင်ရွက်သနည်းဆိုခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည် ။ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် မဲခိုးမဲလိမ်များဖြင့် အဖြူရောင်ကဒ်ကို အသုံးပြုခဲ့ ခြင်းကြောင့် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖေါက်ခြင်းဖြစ်သည် ။ သို့ ဖြစ်၍ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုသည် ယခုအချိန်တွင် ပျက်ပြားလာရခြင်းမှာ အဖြူရောင်ကဒ်ဖြင့် မဲပေးခွင့်ကို ပြုလုပ်စေခြင်းကြောင့်ဖြစ်သည် ။ ၄င်းမြို့ နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များကို ချက်ချင်း ရုပ်သိမ်းရန် လိုအပ်နေသည် ။ သို့ အတူ ၄င်းမြို့ နယ်မှ နိုင်ငံသားမဟုတ်သူများကို လုံဝမဲပေးခွင့် မရစေခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံတော် လုံခြုံရေးကိုပျက်ပြားအောင် ပြုလုပ်သော နိုင်ငံရေးပါတီကို ဖျက်သိမ်း လိုက်သလို မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖေါက်သောကြောင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း ဖျက်သိမ်းရန် လိုနေပြီ ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် နိုင်ငံတော်တည်ငြိမ်ရေးကို အများဆုံးထိခိုက်အောင် ပြုလုပ်သော နိုင်ငံရေးပါတီသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်နေသည်မှာ ထင်ရှားနေသည် ။ ၂၀၁၀-ခုနှစ်တွင် မဲခိုးမဲလိမ်ဖြင့် နိုင်ငံရေးအာဏာ ရရှိ အောင် လုပ်ခဲ့ သော ၄င်းပါတီသည် ခုအချိန်မှာ ရူးချင်ယောင် ဆောင်၍မရချေ ။ 

မောင်တောမြို့ နယ်မှ နစက မှူး ဗိုလ်မှူးကြီးအောင်ကြီး တစ်ဦးတည်းကို ပြစ်မှူထင်ရှား၍ ထောင်ချ လိုက်ခြင်းသည် သူ့ အပေါ် တစ်ဦးတည်းသာ ရှိသည်ဟု လူများမြင်သာောအင် ပြုလုပ်ခြင်းဖြစ်သည် ။ စင်စစ်တွင် ဗိုလ်မှူးကြီးအောင်ကြီးအပြင် အခြားသော သူများလည်း များစွာပြစ်မှုတို့ နှင့် မကင်းကြောင်း လူတိုင်းသိသည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ် တာဝန်ခံ မောင်ဦးသည် အဖြူရောင်ကဒ်ကို မဲပေးခွင့်ရရှိအောင် အဓိက ဆောင်ရွက်ခဲ့ သူဖြစ်သည် ။ မောင်ဦးအား အရေးမယူခြင်းမှာ ကြ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီအတွက် အရုပ်ဆိုးစေခြင်းဖြစ်သည် ။

အထက်တွင် တင်ပြခဲ့ သလို နိုင်ငံရေပါတီဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါင်္တီသည် -၂၀၁၀-ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် ကြီးမားသော ပြစ်မှုကိုကျူးလွန်ခဲ့သည် ။ ၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို ပြင်ဆင်သုံးသပ်နေသည်ထက် ၄င်းဥပဒေကို မည်သည့်ပါတီက ပထမ ချိုးဖေါက်ခဲ့သနည်းဆိုသည်က ပြသနာဖြစ်သည် ။ သူတို့ ချိုးဖေါက်ခြင်းမှာ ရခိုင်ပြည်ကြီး မီးဟုန်းဟုန်း တောက်လောင်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတော်ကြီး တစစီပြိုကွဲရန် ပြလုပ်ခြင်းဖြစ်နေပြီ ။ သို့ ဖြစ်၍ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော် အာဏာကို ရရှိထားသူများ ဖြစ်သည်ဆိုပြီး ထင်သလို ချယ်လှယ်ခဲ့ သည့် စစ်အာဏာရှင် စနစ်မျိုးကို ယခုအချိန်မှာ အမှားကို ၀န်ခံပြီး ပြန်လည် ပြုပြင် ကျင့်သုံးရန်လိုသည် ။ ယင်းသို့ မဟုတ်ပါက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒအား ချိုးဖေါက်မှုကြောင့် ပြည်သူများက ဒဏ်ခတ်ရတော့မည်ဖြစ်သည် ။

၂၀၁၅-ခုနှစ်နှင့် ရခိုင်နိုင်ငံရေးဆွေးနွေးပွဲတွင် အဖြူရောင်ကဒ်ဖြင့် မဲပေးခြင်းကို မလိုလားဟု ဆွေးနွေး ကြသည်ကို သိရသည် ။ ယင်းသို့ ဆွေးနွေးခြင်းသည် လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဆီသို့  ကူးပြောင်းလှမ်းနေသော ခြေလှမ်းအား ဖြည့်ဆည်းပူးပေါင်း တွန်းအားပေး ရွေ့ နေခြင်းသာဖြစ်သည် ။ စင်စစ်အားဖြင့် သူတို့ မှာ သမ္မတနှင့် အစိုးရကို တောင်းပန်နေကြသူများဖြစ်သည် ။ လွပ်လွပ်စွာ ငြိမ်းချမ်းစွာ တောင်းဆိုနေကြသော ပြည်သူ့ အသံကို နားထောင်ရန်လိုသည် ။ 

အကယ်၍ ရူးချင်ယောင် ဆောင်နေသူများအဖို့  ပြည်သူများ၏ အသံကို မကြားချင်ယောင် ဆောင်နေ အုံးမည် ဆိုပါက မြန်မာနိုင်ငံတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် -၂၀၁၀-ခုနှစ်ကကဲ့ သို့  မဲခိုးမဲလိမ် ခြင်းများဖြင့် -၂၀၁၅-ခုနှစ်တွင် အနိုင်ရရှိလိမ့်မည်မဟုတ် ။ အဘယ့်ကြောင့်ဆိုသော် ရခိုင်နိုင်ငံရေး ဆွေးနွေးပွဲက မီးမောင်းထိုးပြလိုက်ခြင်းသည် အမျိုးသားချစ်စိတ်ကို ပြသလိုက်ပြီး အနောက်ဖက်တံခါးကို လုံအောင်သော့ခတ်လိုက်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုပါက မှားမည်မထင် ။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )