Friday, July 26, 2013

ကေအိုင်အေက ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကို တိုင်ထားသည့်စာများ ရှမ်းဝန်ကြီးက ဦးအောင်မင်း ထံပေး

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများကို KIA က ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးတောင်ခြင်းများ ရှိနေသည် ဟု စွပ်စွဲကာ တိုင်ကြားထားသည့် ရှမ်းတိုင်းရင်းသားတို့၏ တိုင်စာများကို ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက အစိုးရ၏ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ထံ ပေးပို့လိုက်သည် ဟု သူမက မဇ္ဈိမကို ပြောသည်။


ယင်းတိုင်စာများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသား များကို ပြန်လွှတ်ရန်၊ ဆက်ကြေးကောက်ခံနေမှုများကို ညှိနှိုင်းပေးရန်၊ မြေမြှုပ်မိုင်းများကို ဖော်ထုတ်ပေး ရန်တို့ကို တိုင်ကြား တောင်းဆိုထားသည်ဟု ကချင်အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင် ပြုံးရီက ဆိုသည်။

ဝန်ကြီးဦးအောင်မင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဇူလိုင် ၂၄ ရက်တွင် KIA ၏ ( ) ရုံးခန်းဖွင့်ပွဲသို့ ရောက်ရှိလာ စဉ် သူမက ပေးလိုက်ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားဝန်ကြီး ဒေါ်ခင်ပြုံးရီကရှင်းပြသည်။

“ပေါ်တာဆွဲတာ၊ ဆက်ကြေးကောက်တာတွေ ရှိတဲ့အတွက် ရှမ်းတိုင်းရင်းသားတွေ လယ်ယာမလုပ်ကိုင် ရဲကြဘူး။ ရှမ်းတွေ လုပ်စရာအလုပ်မရှိကြဘူး။ ဒါကြောင့် ၀န်ကြီးအနေနဲ့ ညှိနှိုင်းပေးဖို့ ရွာသားတွေက စာတင် တာပါ”ဟု ဒေါ်ခင်ပြုံးရီက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများသည် သူတို့၏ လယ်ယာများအနီးရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားရေး အတွက် လည်း တင်ပြခဲ့ သည်ဟု သူမက ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း၌ နေထိုင်သော ရှမ်းတိုင်းရင်းသားဦးရေမှာ ခုနစ်သိန်းကျော်ရှိသည်ဟု တရားဝင် ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ 

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/12814-2013-07-26-03-27-59.html

ဒေါ်စုအား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီဝင် သတ်မှတ် ပေးသင့်ဟု RCSS ဆို



မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း စဉ် အတွင်းသို့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာသည်ကို ကြိုဆိုကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။


“ ဒေါ်အောင်ဆန်းစုကြည် ကို ကျနော်တို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရ ဘက်က တရားဝင် ခန့်အပ် ပေးသင့်တယ်” ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှ ကျင်းပသော မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေ ဆွေးနွေးပွဲ အစည်းအဝေးသို့ တက် ရောက် ခဲ့သည်။

RCSS သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် မဟုတ်ပေ။ သို့သော်လည်း RCSS နည်းတူ UNFC သည်လည်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်လာရန် လိုလားကြောင်း ဆိုခဲ့ပါသည်။

အစိုးရသည် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြင့်တင်သည့် အစီအစဉ် တရပ် အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် နေ့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မီတီ အသစ်ကို နှတ်ထွက် ခဲ့သူများ နေရာတွင် အစားထိုး ပြင်ဆင် ဖွဲ့စည်း ခဲ့ပါသည်။ သို့သော် ယခင် ချမှတ်ခဲ့သော လမ်းညွှန်မူ (၈) ချက် အတိုင်း ဖြစ်ပြီး ပြောင်းလဲထားခြင်း မတွေ့ ရပေ။

သို့သော် နည်းဗျူဟာများ ပြောင်းလဲ လာဖွယ် ရှိနေကြောင်း၊ အစိုးရသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက် လာသော်လည်း ဗဟို ကော်မီတီ အဖွဲ့ဝင် ထဲသို့ ထည့်သွင်းခြင်း မရှိပေ။ ဤသို့ ကြောင့် အစိုးရသည် နည်းဗျူဟာ ပြောင်းသော်လည်း မဟာဗျူဟာ ပြောင်းလဲမှု မရှိသည်ကို ညွှန်ပြနေသည်ဟု UNFC က ရှုမြင် ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် တိုင်းရင်းသား ပါတီမျာသည် အများအားဖြင့် (၂၀၀၈) အခြေခံ ဥပဒေကို လက်မခံကြပေ။ အစိုးရ ဖက်ကလည်း ပြုပြင် ပြောင်းလဲ ပေးရန်အတွက် ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး ကော်မီတီကို လွှတ်တော်က ဖွဲ့ရတော့မည်ဟု ဆိုပါသည်။

တိုင်းရင်းသား များကမူ (၂၀၀၈) အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲရေးထက် ဖက်ဒရယ် ပြည်ထောင်စုကို ရှေ့ရှုသည့် ဖွဲ့ စည်းပုံမျိုးကို ရေးဆွဲရန် လိုလားသဖြင့် အစိုးရနှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးသည့် အခါ တင်ပြရန် ပြင်ဆင်နေပါသည်။

အစိုးရသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌ ဖြစ်လာတော့မည်။ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း တည်ဆောက် ရပါမည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် ရာတွင် တိုင်းရင်းသား များကသာ ငြိမ်းချမ်းရေးကို တကယ် မလိုလား သူတွေအဖြစ် အပြစ်ပုံလိုသည့် အဖြစ်မျိုးထက် တကယ့် ငြိမ်းချမ်းရေး အစစ်အမှန်ကို တည်ဆောက် သင့်သည် ဟု တိုင်းရင်းသား နိုင်ငံရေး သမားများက ဆိုပါသည်။

Credit : http://abbsoluteright.blogspot.com/

ဒုက္ခသည်များအတွက် အသေးစား စီးပွားရေးအစီအစဉ် မိတ်ဆက်



နိုင်ငံတကာက ကူညီထောက်ပံ့ပေးတဲ့ စားနပ်ရိတ္ခာ နဲ့ နှစ်ပေါင်း (၂၀) ၀င်းကျင်လောက် စခန်းတွင်းမှာ နေပြီး အသက်မွေးနေကြတဲ့ ကရင်နီဒုက္ခသည်တွေ အဖို့ တချိန်ချိန်မှာ မိမိကိုယ်ကိုယ် ရပ်တည် နိုင်အောင်၊ မိမိကျွမ်းကျင်မှုတွေနဲ့ အသက်မွေး လုပ်ကိုင် စားသောက်လာနိုင်အောင် လူထုဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်တွေ မိတ်ဆက်ပေးဖို့ လိုအပ် လာ နေပါပြီ။


စခန်းအတွင်း မိသားစုစားဝတ်နေရေးအတွက် မိမိတို့တတ်ကျွမ်းတဲ့ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းလေး တွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်မှုတွေမလုပ်နိုင်ရင်ဖြင့် တခြားအရပ်ဒေသသို့ သွားရောက်နေထိုင်ရတော့မည့် အခြေအနေတရပ်နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ ခက်ခဲမှုတွေ ပိုမိုရှိလာမှာဖြစ်တယ်။

ဒါကြောင့် အခုဆိုရင် ကရင်နီဒုက္ခသည်စခန်းတွေကို စားနပ်ရိတ္ခာတွေ ကူညီထောက်ပံ့ပေးနေတဲ့ နယ်စပ် ညွန့်ပေါင်းအဖွဲ့ (TBC) မှ အသေးစား စီးပွားရေးကြီးထွားရှင်သန်ရန်အတွက် ထောက်ပံ့သော ရင်းနှီးငွေ စုငွေနှင့် ချေးငွေ (Inter-partnership Development Grant, Saving and Loan Program ) အစီစဉ်ကို စခန်းအတွင်း အလုပ်လက်မဲ့ဖြစ်နေသူတွေအတွက် သင်တန်းတွေ လုပ်ပေးနေပါပြီ။

"ကျနော်တို့ အဓိက ရည်ရွယ်ချက်ကတော့ Humen Develapment Program လူထုဖွံဖြိုးတိုးတက်မှု လုပ်ငန်းပိုင်းပေါ့နော်။ အဲဒီတော့ စခန်းသူ၊ သားတွေလည်း သူတို့ အသေးစားစီးပွားရေးရှိနေရင် စီးပွားရေး လုပ်နိုင်အောင်လို့ ဖွံဖြိုးမှုဖြစ်နိုင်အောင်လို့ပေါ့နော်။ သင်တန်းတွေပို့ချပေးတယ် ပြီးတော့ သူတို့လိုအပ်တဲ့ ရင်းနှီးထောက်ပံငွေတွေကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့ ပေးမယ်ပေါ့နော်" လို့ TBC အဖွဲ့မှ အသေးစား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုအစီအစဉ် တာဝန်ခံ Mr.SkulChai Sangriya ကပြောပါတယ်။

ဒီအစီအစဉ်ကို ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းအချို့မှာ ပြီးခဲ့တဲ့နှစ်နှစ်ကတည်းက စတင်ပြုလုပ်ပေးနေ ခဲ့ရာမှ ယခု၂၀၁၃ ခုနှစ်အတွင်း ကရင်နီဒုက္ခသည်စခန်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လုပ် ဆောင် ပေးနေတာ ဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်နေပြီး နိုင်ငံတကာရဲ့ အကူအညီတွေက နယ်စပ်ဘက်ကိုလျော့ချပြီး မြန်မာပြည်တွင်းဘက်ကို ဦးစားပေး ၀င်ရောက်နေတဲ့ အတွက် လျော့ချလိုက်တဲ့ ထောက်ပံ့မှုတွေဟာ နယ်စပ်က ဒုက္ခသည်တွေအပေါ် တိုက်ရိုက် တက်ရောက်မှု တွေ မရှိဘူးလို့ မပြောနိုင်ပါဘူး။

"ကျမတို့မှာ တခြားလုပ်ငန်းတွေ မရှိဘူးလေး။ လုပ်လည်းမလုပ်တတ်ဘူး။ အဲဒီတော့ သူတို့ပို့ချတဲ့ သင်တန်းကို တက်ပြီး ဝက်မွေးမှာပေါ့နော်။ အဲလိုလုပ်ခြင်းအားဖြင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရတာပေါ့" လို့ TBCမှပို့ချပေးတဲ့ အသေးစားစီးပွားရေးလုပ်ငန်း သင်တန်းတက်တဲ့ ဒုက္ခသည် လီးမယ် ကပြောပါတယ်။

အသေးစားစီးပွားရေး စိတ်ဝင်စားသူတွေအနေနဲ့ ဒီအစဉ်အစဉ်မှာ ပါဝင်လာနိုင်ဖို့ TBC ကိုဆက်သွယ်ပြီး လျှောက်လွှာဖြည့် ရပါတယ်။ လျောက်လွှာတွေကို လူတွေ့မေးမြန်းခြင်းတွေ ပြုလုပ်ပြီးနောက် အောင်တဲ့သူတွေကို ရက်ချိန်းပြီး သင်တန်းတွေ ပို့ချပေးပါတယ်။ သင်တန်းပြီးရင် တဦးကို ရင်းနှီးငွေ ၂၄၀၀ ဘတ် (ကျပ် ၇၀၀၀၀ သောင်း) အရင်ပေးပြီး အဖွဲ့လိုက် လုပ်လိုသူတွေကိုတော့ ကိုယ်လုပ်မဲ့စီးပွားရေး လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီးတော့ ရင်းနှီးငွေ ထုပ်ပေးပါတယ်။

"သူတို့က ဝက်မွေးဖို့အတွက် ပိုက်ဆံပေးမယ်။ ရလာတဲ့ အမြတ်ရော အရင်းပါ သူတို့ကို ပြန်ပေးစရာ မလိုဘူး။ ရှုံးရင်လည်း ကျမတို့ဟာပဲ မြတ်ရင်လည်း ကျမတို့ဟာပဲ လို့ပြောတယ်လေး။ ဒါပေမယ့် သုံးလိုက်တဲ့ ပိုက်ဆံရဲ့ အသေးစိတ် စရင်းကိုတော့ သူတို့ကို ပြန်တင်ပြရမှာပေါ့နော်" လို့ လီးမယ်က ပြောပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းမှာ တကယ်အောင်မြင်သွားသူကို ဒုတိယအကြိမ် အခွင့်အရေး ထပ်ပေးမှာ ဖြစ်ပေမဲ့ မအောင်မြင်တဲ့သူကိုတော့ နားခိုင်းမှာဖြစ်ပါတယ်။ နောက်ပြီး ပိုက်ဆံယူပြီး လှုပ်ရှားမှုတကယ် မလုပ်တဲ့ သူတွေရှိခဲ့မယ်ဆိုရင် သူတို့ဆီကနေ ပိုက်ဆံပြန်ယူပြီး တကယ်စိတ်ဝင်စားတဲ့ သူတွေကို ပေးလုပ်မှာဖြစ်ပါတယ်။

"ပြည်တွင်းပြန်ဖြစ်ရင်ဆက်လုပ်ဖို့က ကျနော့်အနေနဲ့ တိတိကျကျ အဖြေမပေးနိုင်ဘူးပေါ့နော်။ အစီအစဉ် တော့ ရှိတယ် ဒါပေမယ့် ကျနော်တို့ တိတိကျကျ မပြောနိုင်သေးဘူး။ ဆွေးနွေးရဦးမှာပေါ့နော်" လို့ Mr.SkulChai Sangriya ကပြောပါတယ်။

အသေးစားစီးပွားရေးလုပ်ငန်းသင်တန်းကို လူဦးရေ ၇၀ လက်ခံပြီး နှစ်ဖွဲ့ခွဲကာ ဇွန်လှိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ တဖွဲ့ ၁၈ ကနေ ၁၉ ရက်နေ့ထိ တဖွဲ့ သင်တန်းပို့ချပြီး ဖြစ်ပါတယ်။ လူဦးရေ ၇၀ ထဲမှ ခုနှစ်ယောက် တစ်ဖွဲ့ဖြင့် ထပ်မံခွဲပေးပြီး တဖွဲ့ကို ရင်းနှီးထောက်ပံ့ငွေ ငါးထောင်ဘတ် အရင်ပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီဒုက္ခသည်စခန်း ၂ ခုမှာနေထိုင်တဲ့ဒုက္ခသည် ၂၀၀၀၀ သောင်း ကျော်ကို ၁၉၉၈ ခုနှစ်ကစပြီး TBC မှ လူတဦးကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဓါတ်စုံမှုန့်စတဲ့ ရိက္ခာတွေကို ယနေ့ထိ လစဉ် ကူညီထောက်ပံ့ ပေးနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ယနေ့ထိ တတိယနိုင်ငံအစီအစဉ်နဲ့ ဒုက္ခသည် ၁၀၀၀၀ သောင်း ကျော် ထွက်ခွာသွားခဲ့ကြပြီ ဆိုပေမဲ့လို့ လက်ရှိ TBC ရဲ့နောက်ဆုံးပြုစုထားတဲ့ ဒုက္ခသည်လူဦးရေစာရင်းအရ စခန်း ၂ခုအတွင်း ဒုက္ခသည် ၁၀၀၀၀ သောင်းကျော် ရှိနေပါတယ်။

ယခုTBCရဲ့အသေးစား စီးပွားရေးလုပ်ငန်း အစီအစဉ်ကို စခန်းအတွင်းက အလုပ်လက်မဲ့ ဖြစ်နေသူတွေ အနေနဲ့ ယူတတ်မလား၊ မယူတတ်ဘူးလား စတာတွေရယ်… ဒီအစီအစဉ်ဟာ နှစ်ဦးနှစ်ဘက်အကျိုးတူ အောင်မြင်မှုတွေ ဘယ်လိုရှိလာနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆက်လက် စောင့်ကြည့်တင်ပြသွားမှာ ဖြစ်ပါတယ်။

Credit : http://abbsoluteright.blogspot.com/

မြန်မာ့ ဆက်သွယ်ရေးနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်း၍ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်မည်



မြန်မာနိုင်ငံတွင် အင်တာနက် အပါအ၀င် ဆက် သွယ်ရေး ကွန်ရက်များတိုးချဲ့ အသုံးပြုနိုင်ရေး အတွက် ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် တခု ချိတ်ဆက် တည်ဆောက်ရေးအတွက် တရုတ် အစိုးရပိုင် China Unicom ကုမ္ပဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ သဘောတူညီစာချုပ် တရပ် ချုပ်ဆိုလိုက်ပြီး ယင်းဆက်ကြောင်းကို ၂၀၁၄ ခုနှစ်တွင် အပြီး တည်ဆောက်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံအတွက် ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်ရာတွင် အာရှ ပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အနောက်ဥရောပနိုင်ငံများသို့ ချိတ်ဆက်ထားသော SEA.ME.WE 5 ဖိုက်ဘာ ဆက်ကြောင်း နှင့် ချိတ်ဆက်မည် ဖြစ်ပြီး ဖိုက်ဘာ ဆက်ကြောင်းသစ်သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငွေဆောင်ကမ်းခြေမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့အထိ ကီလိုမီတာ ၁၅၀၀ ခန့် ရှိမည်ဖြစ်သည်ဟု သိရှိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ လုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိုးသိန်းက ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက China Unicom ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်မှု စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်အရ ချိတ်ဆက်ပြီး ဖိုက်ဘာဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တ၀က် ပိုင်ဆိုင်မှု ရရှိမည်ဟု ဆိုသည်။

“တရုတ် ကုမ္ပဏီနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက Cooperation Agreement ပူးပေါင်း ဆောင်ရွက် ရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားတာ။ ဇူလိုင် ၄ ရက်နေ့က ချုပ်ဆိုထားတယ်။ အင်တာနက်၊ မိုဘိုင်းလ်နဲ့ ဆက်သွယ်ရေးအတွက် သုံးလို့ ရမယ့် ဖိုက်ဘာဆက်ကြောင်း။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဖိုက်ဘာဆက်ကြောင်းကို တ၀က် သုံးလို့ရမယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် တင်ဒါရရှိထားသည့် Telenor ကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီတို့က အသစ် ချိတ်ဆက်ထားသော ရေအောက်ဖိုက်ဘာ ဆက်ကြောင်းကို အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

“ဖိုက်ဘာဆက်ကြောင်းကို ဆက်သွယ်ရေး တင်ဒါရသွားတဲ့ ကုမ္ပဏီတွေက သုံးမယ်ဆိုရင်လည်း ငှားပေးလို့ ရပါတယ်။ သဘောတူညီချက်နဲ့ ငှားပေးလို့ရတယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

အဆိုပါ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု တာဝန်ယူထားသည့် China Unicom ကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးမားဆုံးသော ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သည်ဟု သိရှိရသည်။

အိုင်တီ ပညာရှင်တဦးဖြစ်သူ ဦးရဲမြတ်သူက မြန်မာနိုင်ငံအတွက် ဖိုက်ဘာဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်မှုအပေါ် ကြိုဆိုသော်လည်း မြန်မာအစိုးရ အနေဖြင့် တရုတ်ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့် ပေးမှုအပေါ် သေချာဆန်းစစ် လေ့လာပြီး ဆောင်ရွက်ခွင့် ပေးသင့်သည်ဟု သုံးသပ်သည်။

“တရုတ်လုပ်လို့ ကောင်းတယ်၊ မကောင်းတယ် ဆိုတာထက် အဓိက တရုတ်ရဲ့ နည်းပညာက အမေရိကား တို့ ဂျပန်တို့ကို မမီတာပဲ။ ဒါပေမယ့် အခု လုပ်မယ့်အလုပ်က နည်းပညာ အရမ်းမလိုဘူး ဆိုရင်တော့ တရုတ်ကုမ္ပဏီဆိုရင်လည်း ပြဿနာမရှိဘူး။ ကျနော်တို့က ကန်ထရိုက်စာချုပ်ကို ဘယ်လိုလုပ်မလဲ။ ဘယ်လို အရည်အသွေးကို ရမလဲ။ ကျနော်တို့က ဈေးဆစ်ပြီး ရအောင်လုပ်ပေး ဆိုရင်တော့ ဖြစ် ကတတ်ဆန်းပဲ ထွက်လာမှာပဲ။ ရေထဲမှာ ပိုက်ချတဲ့ကိစ္စမှာ ဘယ်သူက အရည်အသွေးကောင်းသလဲ၊ ဈေး တန်သလဲ၊ အာမခံချက် ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့အချက်တွေကို ကြည့်ပြီး အာမခံချက်ပေးနိုင်တဲ့ ကုမ္ပဏီမျိုးကို ရွေးသင့်တယ်။ အဲဒီလို မရွေးဘဲနဲ့ တရုတ်နဲ့ပဲ သိလို့ ရွေးတာဆိုရင်တော့ မကောင်းဘူးပေါ” ဟု ဦးရဲမြတ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ရေအောက် ဖိုက်ဘာဆက်ကြောင်း SEA.ME.WE 3 နှင့် ချိတ်ဆက်ထားသော ဖိုက်ဘာ ဆက်ကြောင်း၊ တရုတ်နှင့် ထိုင်းနယ်စပ် ကုန်တွင်းဒေသ ဖြတ်ကျော် သွယ်တန်းထားသော ဆက်ကြောင်းများရှိပြီး လတ်တလော SEA.ME.WE 3 ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသည် ဖျာပုံမြို့နယ်အနီးတွင် ဇူလိုင်လ ၂၂ ရက်နေ့က ချွတ်ယွင်းသွားသည့်အတွက် အင်တာနက်မြန်နှုန်းများ တလတိတိ နှေးကွေးနေမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။

Credit : http://burma.irrawaddy.org/archives/44991

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ



အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာ များမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစား သေးငယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလာ ပါတယ်။


ဒါပေမဲ့ အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်း လမ်းတွေရှိပါတယ်။ ဆေးလိပ်သောက်သူ ဖြစ်နေ ရင်တောင် ကာကွယ် နိုင်ပါသတဲ့။ အောက်ပါ နည်းလမ်းတွေဟာ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေ နိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို ၆၇ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ပါတယ်။

ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ

ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေတဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ်ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ်ရီသီး အခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။

တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ

ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင် ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီ ဝဲပါ။

ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ

သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျကော်ဖီနှစ်ခွက်ကို ကဖင်းမပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက်ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်း တွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။

အနီရောင်ဂရိတ်ဖရုသီး စားပါ

အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ်သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေနှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာလည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
GOOD HEALTH

ကော်ဖီ သို့မဟုတ် လက်ဖက်ရည်



တစ်နေ့လေးခွက်သောက်ခြင်းက သွေးတိုးကျစေနိုင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို တစ်နေ့ လေးခွက် သောက်သုံးပေးသူများဟာ မသောက်သုံး သူများထက် သွေးတိုးပိုကျတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။


ပြင်သစ်နိုင်ငံသား သုတေသီတွေ ဖော်ထုတ်ထားတဲ့ ဒီသုတေသနကို ၁၀စုနှစ်တစ်ခုကြာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပါဝင်သူတွေရဲ့ နှလုံးခုန်နှုန်း၊ သွေးဖိ အားနဲ့ သွေးခုန်နှုန်းတွေကို တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို တစ်နေ့လေး ခွက်ပုံမှန်သောက်သုံးသူတွေမှာ သွေးဖိအား ကျဆင်း တယ် ဆိုတာကို တွေ့ရှိခဲ့ပြီး မသောက်သုံးသူတွေမှာတော့ အဲဒီအာနိ သင်ကို မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါ တယ်။

ဒီလေ့လာမှုကို ပဲရစ်မြို့အခြေ စိုက် ကာကွယ်ရေးနှင့် ဆေးလက်တွေ့ ဆိုင်ရာ သုတေသနအဖွဲ့မှ Dr.Bru no Pannier က ကော်ဖီနဲ့လက်ဖက်ရည်မှာပါဝင်တဲ့ flavonoid ကြောင့် ဒီအာနိသင်ကို ရရှိပါတယ် လို့ရှင်းပြ ထားပါတယ်။ flavonoid ဟာ သွေး ကြောတွေကို ပြေလျော့စေပြီး တင်းအားလျော့ပါး စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလေ့လာမှုကို မီလန်မြို့မှာ ပြု လုပ်ခဲ့တဲ့ ဥရောပသွေးတိုးရောဂါ အစည်းအရုံးရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းထားတာဖြစ်ပါတယ်။

Health Updates Journal

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် အတည်ပြု



မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ အဆုံး အဖြတ်ရယူကာ အတည်ပြုခဲ့သည်။


မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး တွင် အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတ ထံ ပေးပို့ခဲ့သည်။ သို့သော်နိုင်ငံတော် သမ္မတမှ အဆိုပါ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည့် အချက်များကို သဘောထား မှတ်ချက်ပေးကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လာသဖြင့် ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတမှ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည့် အချက်များကို သဘောထား မှတ်ချက်ပေးကာ ပြည်ထောင်စု လွှတ်တော်သို့ပြန်လည်ပေးပို့ လာသဖြင့် ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်...

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင်ပါဝင်သည့် နိုင်ငံတော်သမ္မတ၏သဘောထားမှတ်ချက် များနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကြည်မြင့်၊ ဦးနန်းခင်ပေါင်၊ ဒေါက်တာ ခင်ရွှေ၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးဝင်းဦးတို့က ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးကာ လွှတ်တော်၏အဆုံးအဖြတ် ရယူဆုံးဖြတ်ခဲ့သည်။

eleven media group

မန္တလေးမြို့ရှိ ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ



မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော် ကျောင်း အား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ် မစ်ချယ် သည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။


အဆိုပါ ရွှေကျောင်းတော်အား မူလလက်ရာမပျက် ပြန်လည် ပြုပြင်ရန်အတွက် အမေရိကန်နိုင်ငံမှ Ambassadors Fund for the Cultural Preservation က ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းမှုများကို နှစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။

''အမေရိကန်အစိုးရက ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ရွှေကျောင်းတော်ကြီး ရေရှည်တည်တံ့ နိုင် စေဖို့အတွက် နည်းပညာ အကူအညီပေးပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ရှေးဟောင်း သုတေ သန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ရွှေကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ နည်းပညာ အကူ အညီ များဖြင့် ရွှေကျောင်းတော်ကြီးမှ သစ်သားစ နမူနာများကို ယူဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ်ရာတွင် သစ်သား၏ ကြာမြင့်သည့် သက်တမ်းနှင့် နောက်တွင် ရေရှည် တည်တံ့နိုင်သည့် သက်တမ်းကိုပါ ထည့်သွင်းလုပ်ဆောင် သွားမည်ဟုလည်း သိရပါသည်။

ရွှေကျောင်းတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် အစားထိုး ပြုပြင်ထိန်းသိမ်းခြင်း၊ ကျန်ရှိနေ သည့် မူလလက်ရာများ ရေရှည်တည်တံ့ နိုင်စေရေး၊မူလလက်ရာမကျန်ရှိသည့် အဆောက်အအုံ၏ လစ်လပ် နေရာများတွင် မူလလက်ရာအတိုင်း ဖြည့်စွက်ထိန်းသိမ်းရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များဖြင့် ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

eleven media group

အစိုးရတပ်မတော်နှင့် KIA တပ်ရင်းတို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွား



အစိုးရတပ်မတော် ခလရ(၁၂၃)မှ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေများ အနက် တစ်ခုဖြစ်သော မုန်ဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဖိုင်းကောင်းမြို့ အား ချဉ်းကပ်လာမှုကြောင့် KIA တပ်ရင်း (၃၆)နှင့် ဇူလိုင် လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“သူတို့က ကျွန်တော်တို့ နေရာယူထားတဲ့စခန်းမှာ တက်လာလို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲ ဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ဘက်က လက်နက်ပြန်ရဖို့ သူတို့ကို ပြန်ပစ်တာ”ဟု KIA ပြည်သူ့စစ်တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက ပြောကြားသည်။

ထို့ပြင် အစိုးရတပ်မတော်မှ KIO ပြည်သူ့စစ်တပ်ဖွဲ့များရှိရာသို့ တပ်စွဲ၍ ချဉ်းကပ်မှုများလည်း ရှိခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ မရှိသေးကြောင်း တပ်ရင်းမှူး ဇော်ဆိုင်းက ဆိုသည်။

အလားတူ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေအတွင်းသို့ အစိုးရ၏ စစ်တပ်မှထိုးစစ်ဆင် ဝင်ရောက်လာခဲ့သည့်အတွက် မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးတွင် အစိုးရ စစ်တပ်၏ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အခြေစိုက် ခမရ (၅၀၆)တပ်ဖွဲ့နှင့် တအောင်း လွတ်မြောက် ရေးတပ်မတော် (TNLA)တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကျနော်တို့(၁၀၁)တပ်ရင်း အဖွဲ့နဲ့ဖြစ်တယ်။ သူတို့က အင်အား (၁၀၀)ကျော်မယ်။ ကျနော်တို့စခန်းကိုတိုက်ဖို့ တက်လာတာကို ကြိုသိထားတော့ သွားစောင့်နေလိုက်ပါတယ်။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေမှာပေါ့။ သေသေချာချာ နေရာယူပြီး တစ်နာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက် တော့ အထိနာပြီး ပြန်ဆုတ် သွားပါတယ်”ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်ဖက်မှ သုံးဦးကျဆုံးခဲ့ပြီး (၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး ပြောကြားချက်အရ သိရပြီး ယခုအခါ အစိုးရတပ်ရင်း(၅၀၆)တပ်ရင်းသည် ယခင်ဆောင်ရွက်နေကျအတိုင်း TNLA တပ်ရင်း၏ မနီးမဝေး (နာရီဝက်ကြာ ခရီး)တွင် တပ်စွဲထားသည်ဟု သိရှိရသည်။

ထိုသို့ တပ်စခန်းချင်း အနီးကပ်ထား၍ တိုက်ခိုက်သည့်စနစ်ကို အသုံးပြုကာ ထိုးစစ်ဆင်နိုင်ရန်အတွက် အစိုးရတပ်များကို တပ်ရင်း(၃၀)ကျော် အင်အား(၇၅၀၀)ခန့်အထိ တိုးချဲ့ထားပြီး အဆိုပါ အင်အားဖြင့် တအောင်းဒေသ၌ ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ များကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

TNLA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်တစ်ကြိမ် တွေ့ဆုံပြီးနောက်ပိုင်း ထပ်မံ တွေ့ဆုံကြခြင်း မရှိတော့ဘဲ လက်ရှိအချိန်အထိ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော်လည်း KIO/KIA တပ်များနှင့်မူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ အစိုးရတပ်များသည် တအောင်းဒေသသို့ ရောက်ရှိနေသော TNLA အပါဝင် အပစ်အခတ်ရပ်စဲထားသော KIA ၊ SSPP ၊ RCSS တပ်ဖွဲ့များနှင့်လည်း နေ့စဉ်တိုက်ပွဲငယ်များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် TNLA ဘက်မှ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလာပါက အစိုးရ အနေဖြင့် သဘောတူမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးမိုင်းအိုက်ညမ်းက ပြောကြားခဲ့ဖူးကြောင်း သိရသည်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်အမှု အဖွဲ့ကလည်း TNLA အဖွဲ့နှင့် တွေ့ဆုံရန် ကြိုးစားမှုများရှိခဲ့ကြောင်း သိရသည်။

Credit : http://www.dawnmanhon.com/2013/07/kia.html#sthash.nsDrNulP.dpbs

နှစ်ကုန်တွေခေတ်ကုန်တွေလေကုန်ခံမနေနဲ့လွတ်ငြိမ်းချမ်းသာခွင့်စစ်စစ်ကြေငြာ -ဟံသာဝတီဦးဝင်းတင်



“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံ ရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှ မကျန် အောင် ဆောင်ရွက်သွားမည်”


ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်က ဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။

ဒီစကားကကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲ တော့ မမေးနဲ့။ ကျုပ်လည်းမသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။

ကောင်းလိုက်တာဗျာ။ ကျုပ်ကတော့ တစ်ခါတည်း အာဖြဲအော်မိလိုက်သဗျ။ ဝမ်းစမိုးတွေ၊ အန်ကိုးတွေ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော အော်မိတယ်။ နောက်တစ်ကျော့ ထပ်ကြိတ် လိုက်ပါဦးဗျို့လို့ အားပေးတာပေါ့ဗျာ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ အင်ဒိုနီးရှားရောက်တုန်း မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တစ်ကောင်တစ်မြီးမှ မရှိဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်ကျနေတဲ့ကောင်တွေပဲရှိတယ်လို့ပြောခဲ့တာ ဘယ်သူလဲ။ ကျုပ်တို့ သမ္မတကြီးပေါ့ဗျာ။ ဟော အခုတစ်ခါ “မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမကျန်အောင် ဆောင်ရွက် သွားမည်” လို့ ပြောတာကကော ဘယ်သူလဲ။ ကျုပ်တို့ရဲ့သမ္မတကြီးဦးသိန်းစိန်ပဲပေါ့ဗျာ။

ထားပါလေ။ ကျုပ်ကတော့ ဝမ်းသာသဗျာ။ သတင်းထောက် ‘ထောက်ကျင့်’ လေးက ကျန်နေသေးလို့ ပါးစပ်ကတော့ “ တကယ်လားဗျ” လို့ လွှတ်ခနဲ ထွက်သွားမိတာပေါ့။ အားနာလိုက်တာဗျာ။ ကျုပ်တို့ သမ္မတကြီး က အတည်ပေါက်ကြီး ပြောတာဗျ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ရုံးမှာ သွားပြောတာဗျ။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့။

အစိုးက လုပ်နေတယ်လေ။ ဘာတဲ့။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုလား။ ဝန်ကြီး တစ်ပါး ခေါင်းဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့က ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မယ်။ လွှတ်မယ် ပေါ့။ စိစစ်မယ်ဆိုတော့ လွှတ်တဲ့နေရာမှာ ကျန်တာတွေရှိမယ်။ကျန်ကောင်းကျန်မယ်ပေါ့။ ဒါကြောင့်ကျုပ်က လျှာရှည် မေးခွန်းထုတ်နေမိသပေါ့။

ကျုပ်သဘော ပြောရမယ်ဆိုရင် သမ္မတကြီးရယ် တစ်ယောက်မကျန်အားလုံးသာ လွှတ်ပေးလိုက်ဗျာ။ နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေပါနဲ့။ စိစစ်တွေ၊ ညှိညစ်တွေ ထားလိုက်ဗျာ။ အထွေထွေ လွတ်ငြိမ်း\ချမ်းသာခွင့် (၄၀၁ လွတ်ငြိမ်းသက်သာခွင့် မဟုတ်ဘူးနော်) ပေးသာပေးလိုက်ပါဗျာ။ သမ္မတကြီးအပေါ်ကလူကြီးတွေ(ကာလုံကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကြီး) ကမီးစိမ်းပြရင် ပေါ့လေ။

ဒါမှ. . . ဒါမှ ပြည်သူတွေကလည်း တောင်းဆို၊ နိုင်ငံရေးအင်အားစုတွေကလည်းလိုလား၊ တိုင်းရင်းသား ထုကလည်း မျှော်လင့်ကြတဲ့၊ အမျိုးသားပေါင်းစည်းသင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကြီးဆီကို ချီတက် နိုင်ကြမယ်။ ဒီမိုကရေစီ တည်ဆောက်မှုလုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင် လက်တွဲနိုင်ကြမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ တစ်ကမ္ဘာလုံးဝိုင်းထိုးနေကြတဲ့လက်ညှိုးတွေ ရုပ်ကြ လိမ့်မယ်။

` တကယ်တော့ သမ္မတကြီးရယ်။ မှူးကြီးတွေ၊ ချုပ်ကြီးတွေ၊ ချုပ်မှူးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ သမိုင်းပြစ်မှုကြီးတွေဟာ ဒီလောက်လုပ်ပြရုံနဲ့ ပြေနိုင်တဲ့ အာပတ်မဟုတ်ဘူး။ အကျဉ်းထောင်လူ့ငရဲ ကိစ္စလေးလောက် ပြေရင်ကို အာကာကိုလွှာပုံပြု မေရုစုတ်တံချီရမယ်။ လူ့အခွင့်အရေး ချိုးမှု မော်ကွန်းကြီး တွေကို စာစီကုံးရင်လည်း ဆုံးနိုင်ဖွယ်မရှိဘူးဗျာ။ ဟိုသီချင်းစာသား လေး နားစွန်နားဖျားကြားဖူးမှာပေါ့။ “ပေတစ်ရာပေါ်မှာပြည်သူ့အလောင်းတွေ” ဆိုတာလေ။ ရှိသေးတယ်၊ ရှိသေးတယ်။ “သံတိုင်ကွယ်မှာ ပြည်သူ့ငရဲတွေ” ဆိုတာမျိုးတွေပေါ့။

သမ္မတကြီး ကမ္ဘာလှည့်ပြီး တစ်-နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နှစ်-စီးပွားရေးတည်ဆောက်မှု၊ သုံး-ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဆိုတဲ့ ကိစ္စကြီးသုံးရပ်ကို အာပေါက်အောင် အော်ရှင်းနေတာကို ကျုပ်ပြိုင် ပြောနေတာ မဟုတ်ပါဘူး။ ဒီအကျဉ်းထောင်ငရဲခန်းတွေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ဆိုတာတွေကလည်း သမ္မတ ကြီး ရဲ့ ကိုယ်ပိုင်ကိစ္စ၊ သမ္မတကြီး ဝိဂြိုလ်ပြုသလို မည်သည့်နိုင်ငံမှာမှ မကြုံဖူးသေးသော ဧရာမကိစ္စကြီး ဖြစ်ပေသဗျာ။

မကြုံဖူးတာတွေ ဘာတွေဆိုတာ အသာထား။ ပြသနာအညွန့်အညှောက်ပွားပေါက်ပုံက အံ့စရာဗျ။ ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့စာနယ်ဇင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ‘နယ်စည်းမခြားသတင်းထောက်များ’ က သမ္မတကြီးဆီ တောင်းဆိုစာပို့ထားတယ် မဟုတ်လား။ အကျဉ်းထောင်တွေမှာ အသက်နဲ့ကိုယ် အိုးစား ကွဲခဲ့ရသူတွေ (စာရေး ဆရာ မောင်သော်က၊ မုံရွာတင်ရွှေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေ) ရဲ့ ဖြစ်ကြောင်း ကုန်စင်ကို စုံစမ်းရေးဝင်ခိုင်းနေပြီ မဟုတ်လား။

` ကဲ . . . ဒီတော့ သမ္မတကြီးရဲ့မနည်းမနော ကိုလူချော အသစ်အဟောင်းတွေရဲ့ အဆစ်တောင်း၊ အညစ်ဖောင်း၊ ကလစ်ပြောင်း အကြံဥာဏ်တွေကိုဘေးချိတ်ထားလိုက်ပါဗျာ။ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ တစ်မျိုးပိုဆန်းတွေ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ။

ကျုပ်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်တွေ၊ ဒီမိုကရေစီအရေးတော်ပုံ တပ်သားတွေ တမ်းတ၊ တိုက်တွန်း၊ တောင်းဆိုနေကြတဲ့ အစစ်အမှန်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ကိုသာ ထုတ်ပြန်ကြေညာတော် မူလိုက်ပါတော့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ပင်နီဝတ် လူတွေ ပြောသလို အမှန်တကယ် အဖေတူ သမီး ဆိုရင်ပေါ့လေ



ဒေါ်ခင်ကြည်သည် ဈေးသွားလျှင် မိမိတို့ အိမ်တွင် အစောင့် အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက်မဟုတ် တစ် ယောက်ကို ခေါ်သွားတတ်၏။ရဲဘော်လေးများမှာ ဗိုလ်ချုပ် ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကို ခင်မင်လေးစား ကြသည်။ ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင် ချက်ချင်း ထလိုက်ကာ ဈေးမှအပြန်တွင် လည်း ဈေးခြင်း တောင်းအား ဂုဏ်ယူကျေနပ်စွာ သယ်ပေးသည်။


တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင် အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင် ထားသည့်ဗိုလ်ချုပ် အောင်ဆန်းနှင့် မျက်နှာချင်း ဆိုင် တွေ့သည်။


ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည့်နောက် မှ ဈေးခြင်း တောင်း ဆွဲပြီး လိုက်လာသော ရဲဘော်လေးကိုမြင်သည်နှင့် စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

" ဒါ ဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ ရဲဘော်၊ ငါတို့ အိမ်က အစေခံ မဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့ ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

(အောင်ဆန်း၏ မဟေသီ စာအုပ် စာမျက်နှာ ၁၈၈)

ဒီပို့စ်လေးကို ဒီမိုကရေစီ လိုလားပါတယ် ဆိုတဲ့ ဒေါ်စုသားသမီးတွေက... လူကြီးကတော်တွေ နဲ့ အခုခေတ် ဗိုလ်ချုပ်တွေ ဖတ်ဖို့တဲ့... ဟုတ်ပါတယ်.. ဖတ်သင့်ပါတယ်... အဲဒီလို သွေး မတော်သားမစပ် လူတွေထက် သွေးသား အရင်းဖြစ်တဲ့ သူက ပိုပြီး လိုက်နာ အကောင်အထည် ဖော်လုပ်ဆောင် သင့်တယ် လို့ မထင်မိ ပေဘူးလား?

FROM-THWAY THIT SAR

နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်



အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ် သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြား သည်။


ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက် လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေး ထောက်ခံနေကြသည်ကို သိရသည်။

မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက် နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။

FROM-MYANMAR NAVY

GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ



သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့ သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက် စေ ခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မှပြောသည်။


ပါမောက္ခချုပ် ဆရာမကြီးသည် ခန်းမအတွင်း ကျောင်းသားတချို့ခေါ်ယူကာ နှစ်ဖက်မိဘများနှင့် ကာယကံရှင်နှစ်ဦးရှေ့တွင် ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက် တာဖြင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်ကို ကျောင်းသားအားလုံး နမူနာယူရန် ပြောကြားခဲ့ကြောင်း၊ နောက် တစ်ကြိမ် ထပ်မံဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက် မိဘများအပေါ် သိက္ခာကျစေခဲ့သည့်အတွက် နုတ်ထွက်ခိုင်းထား ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်ရပ်များအပေါ် အတည်ပြုချက်ရရှိစေရန် သန်လျင်နည်းပညာ တက္ကသိုလ်သို့ သွားရောက် မေးမြန်းခဲ့ရာ ပါမောက္ခချုပ်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အတည်ပြုပြန်လည်ဖြေကြားမှုများကိုလည်း ကျောင်းတွင်းရှိ ဆရာ/ဆရာမ များက ပြန်လည် ငြင်းပယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTC ကျောင်းအပေါ် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း၊ ယခုကြားသိရသည့် ဖြစ်စဉ်များသည် မှန်ကန် ကြောင်း၊ ၎င်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ တစ်ဦးက ထိုကဲ့သို့ ပြောပြ ခဲ့ကြောင်း စသည်ဖြင့် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေ ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒီ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားလိုက်နာသင့်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီဟာတစ်ခုတည်း ပေါ်ပေါ်တင်တင်ကြီး ထွက်ပေါ်လာခဲ့တာ၊ အဲဒီလိုဖြစ်နေခဲ့တာ ဘယ်လောက်ဖြစ်နေကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ကျွန်တော်တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားဖို့ လိုအပ် တယ်”” ဟု တက္ကသိုလ်များ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာမကြီးနုတ်ထွက်ခြင်း သတင်းသည် မှန်ကန်ကြောင်း၊ သို့သော် ပရိုဂျက်တာဖြင့် ပြသခြင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း စသည်ဖြင့် GTC ကျောင်းသား တချို့နှင့် ဆရာများ က ပြောကြားခဲ့သည်။

အင်တာနက်စာမျက်နှာတစ်ချို့နှင့် facebook စာမျက်နှာများပေါ်တွင် သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းခန်းမဆောင်အတွင်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့၏ မဖွယ်မရာ ရုပ်သံဖိုင်များပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်အတူ နောက်ဆက်တွဲသတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခု GTC ကျောင်းသား/သူ နှစ်ဦး၏ ဖြစ်ရပ်အပါအ၀င် အင်တာနက် တွင်ဖြန့်ဝေခဲ့သော နာမည်ကြီး အနုပညာရှင်များ၏ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်များကို ဖြန့်ဝေသူတို့အား သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များရှိသော်လည်း ယင်းဥပဒေများအတိုင်း ဖော်ထုတ်အရေးယူမှုမရှိဘဲ ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော်အပေါ် အင်တာနက်မှတစ်ဆင့် ဝေဖန်သူကိုမူ အားသွန်ခွန်စိုက် ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း တို့သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသူများအား ဖော်ထုတ်အရေးယူမှု မပြုလုပ် ခြင်းသည် မြန်မာအမျိုးသမီးများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေကြောင်း ကို မြန်မာ့လူ့အဖွဲ့ အစည်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မီဒီယာအသိုင်း အ၀ိုင်းတို့က မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မေးခွန်းထုတ်မှုများနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ဗီဒီယို၊ ဓာတ်ပုံတို့ကို အင်တာနက်တွင် ဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးဖော်ထုတ်ရန် တာဝန်ရှိ အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းရရှိမှု မရှိသေးပေ။

SEE MORE(+ 18)- http://myanmarfemale.blogspot.com/2013/07/gtc.html

FROM-MYANMAR TANDAW SINT 

Credit : http://singaporefeelfeel.blogspot.com/

ရခိုင်ဒုက္ခသည်စခန်း အဟောင်းများကို လေလံတင်ဒါဖြင့် ရောင်းချသွားရန်ရှိဟုဆို

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်း အဟောင်းများတွင် ဒုက္ခသည်များ မရှိတော့သဖြင့် မကြာမီ ရက်ပိုင်း အတွင်း ဒုက္ခသည် စခန်းဟောင်းများကို လေလံတင် ရောင်းချသွား မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

7.25.21

ဒုံးတိုက်ကွင်း ဒုက္ခသည် စခန်းဟောင်းမှ ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))

ယင်းဒုက္ခသည် စခန်းများမှာ ရဲနွယ်စု စခန်း၊ ဘောလုံးကွင်းစခန်း၊ မင်းဂံစခန်း၊ ဒုံးတိုက်ကွင်း စခန်းများနှင့် တိုးချဲ့စခန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းများမှ ဒုက္ခသည်များသည် ယခုခါတွင် မင်းဒြားချိတ်တွင် ဆောက်လုပ် ပေးထားသော လုံးချင်းနေအိမ်များသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ ယင်းအတွက် ဒုက္ခသည် စခန်းဟောင်းများအား ထိုသို့ရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။

စစ်တွေမြို့နယ်တွင်း ကယ်ဆယ်ရေး စခန်းများတွင် ရခိုင်တိုင်းရင်းသား လူနည်းစုများသာ လုံးချင်း နေအိမ်များသို့ ရောက်ရှိနေသေးပြီး ဘင်္ဂါလီများ အနေဖြင့် အများစုမှာ အိမ်ခန်းများသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း စခန်းဆောက်လုပ်ခြင်းများကို အနှောင့်အယှက် ပေးနေခြင်းများကြောင့် တချို့သော ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် အမိုးအကာအောက်သို့ မရောက်ရှိ သေးသော်လည်း ဇူလိုင်လ ကုန်တွင် အပြီးသတ် အမိုးအကာအောက်သို့ ရောက်ရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးမြအောင်က ''စခန်းဟောင်းတွေကို ရောင်းမှာတော့ ဟုတ်တယ်။ အခုလောလောဆယ်တော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါကြောင့် ဘယ်နေ့ရောင်းမယ် ဆိုတာ မသိသေး ဘူး'' ဟု ပြောကြားသည်။ လက်ရှိအနေအထားတွင် ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရှိနိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့မှ အပူတပြင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူ အညီဖြင့် ဘင်္ဂါလီများ၏ လူဦးရေစာရင်းကို ကောက်ခံသွားရန် ရှိကြောင်း သိရသည်။

Credit : Here

မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အဓိပ္ပါယ်



မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီးဟာ ကမ္ဘာဦး မဟာသမ္မတမင်းမှစ၍ ရေတွက် လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊


( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက် လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊

နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာ စသည် အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံး လာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊ ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ် ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိ နိဗ္ဗာန် ပြုတော်မူ ခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊

နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာ သာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာ လဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊

အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊

ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေ တွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆၀ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထား ကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊

ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့် က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )

ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်း တို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊

A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )

ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေ အားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )

ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊

၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀၀ ရောက်ရင် ၂ ရာစု၊ ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်ခဲ့ကြတာပါ၊ ဒါကြောင့် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစုနှစ်လို့ ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ် ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန် ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊

သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀၀ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀၀ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊ ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေ တာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။

ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊ ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊

From : ..အပ္ပမာဒေန သမ္ပာဒေထ -- -
အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

MyanmarExpress

ထေရ၀ါဒ ဗုဒ္ဓဘာသာ (ဘာသာရေး စိတ်ဝင်းစားသူများအတွက်ပါ)


Photo: ထေရ၀ါဒဗုဒ္ဓဘာသာ
============

ထေရ၀ါဒ ဆိုသည့် စကားလုံးဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုလျှင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင် သုံးစွဲခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာကျော်တွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မ နှင့် ၀ိနယ ပေါ်တွင် မိမိတို့ စိတ်ကြိုက် ဖြည့်စွက် ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပေါက်လာခဲ့သ...ည်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုကို အကြောင်းပြု၍ ဗုဒ္ဓ၏ အဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏ အလိုနှင့် အညီ အတည် ပြုလိုက်သည့် အယူအဆကို “ထေရ၀ါဒ” ဟု စတင်ခေါ်ဝေါ်ခဲ့ကြသည်။

** “ ထေရ” ဆိုသည်မှာ ရဟန်းသက် (၁၀) ၀ါ ရရှိပြီးသော မထေရ်ကို ဆိုလိုပြီး၊
** “၀ါဒ” ဆိုသည်မှာ ခံယူချက်ကို ဆိုလိုသည်။
ထို့ကြောင့် “ထေရ၀ါဒ” ကို ဆီလျော်အောင် ဘာသာပြန်ရလျှင် ရဟန်းသက် (၁၀) ၀ါ နှင့် အထက် ရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု အဓိပ္ပါယ် ရပါသည်။

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ(၅၈၈)ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။
(၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း
(၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ ဖြစ်ပါသည်။
ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။

** ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ

ထေရ၀ါဒ နှင့် မဟာယန ဟူ၍ ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ် ဂိုဏ်း ရှိပါသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည် သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ် ကာလထိအောင် ရှင်သန်လာ၏။

မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ် နိုင်ငံများတွင် ပျံ့နှံ့ခြင်းဖြင့် ရှင်သန်ခဲ့သည်။ ထေရ၀ါဒသည် ပင်မအားဖြင့် အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ခဲ့၏။ ထိုအကြောင်းကြောင့်ပင် မဟာယနကို ရံဖန်ရံခါ မြောက်ပိုင်းဂိုဏ်း ဟု ညွှန်းဆိုကြပြီး ထေရ၀ါဒကို တောင်ပိုင်း ဂိုဏ်း ဟု ညွှန်းဆိုတတ်ကြပါသည်။

ထိုဂိုဏ်းနှစ်ခုတွင် သိသာထင်ရှားသော ကွဲလွဲချက်များ ရှိသော်လည်း.. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ ပဋိစ္စသမုပါဒ အစရှိသော အခြေခံ တရားများမှာမူ ဂိုဏ်းနှစ်ခုစလုံးတွင် ထပ်တူ တူညီကြသည့် အချက်ကိုမူ အလေးထားမှတ်ယူ သင့်သည်မှာ အရေးပါပေသည်။ ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာန တရားမြတ်ကို မျက်မှောက်ပြုရေး .. နောက်ဆုံး အန္တိမပန်းတိုင်ကား အတူတူပင် ဖြစ်သည်။

ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။

ထိုအကြောင်းကြောင့် ပင် အဆုံးအမများ၏ စွမ်းရည်ပြည့်ဝ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံး ရှိမြဲ ရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။

ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒက စစ်မှန်သည်ဟု လက်မခံကြပါ။

ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင် ဖြစ်ပါသည်။ ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည် ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒ သံဃာများက လက်ခံကြသည်။ (ဘာသာပြန်ဆိုသူ= ကိုဝင်းပြည့်ဖြိုး)

** လိုက်နာကျင့်သုံးရမည့် စည်းကမ်း (၅)မျိုး

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း(၅)မျိုး ရှိသည်။
(၁) သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
စည်းကမ်း(၅)မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဥာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည်။ လူသားများသည် အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

** ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅)ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅)ရပ်ကို အဂ္ဂုင်္တ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်
-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်
- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ
-ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။

(၄)ကံတရားကို ယုံကြည်သူဖြစ်ရမည်
-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။

(၅)သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ
-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ် များခြင်း စိုးရိမ်စိတ် များခြင်းတွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊)(မကောင်းမှုမှ ကောင်းမှုသို့၊)(အမှောင်မှ အလင်းသို့၊)(မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

** မြန်မာနိုင်ငံရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉-ဂိုဏ်း
(၁) သုဓမ္မာဂိုဏ်း။
(၂) ရွှေကျင်ဂိုဏ်း။
(၃) ဓမ္မာနုဓမ္မ(မဟာဒွါရ)နိကာယဂိုဏ်း။
(၄) ဓမ္မ၀ိနယာနုလောမ(မူလဒွါရ)ဂိုဏ်း။
(၅) အနောက်ချောင်းဒွါရဂိုဏ်း။
(၆) ဝေဠုဝန်နိကာယဂိုဏ်း။
(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန်(ငှက်တွင်း)ဂိုဏ်း။
(၈) ဂဏ၀ိမုတ်(ကူးတို့)ဂိုဏ်း။
(၉) ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်းတို့ဖြစ်ကြသည်။



စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာ

ထေရ၀ါဒ ဆိုသည့် စကားလုံးဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုလျှင် ဗုဒ္ဓ မြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင် သုံးစွဲခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။


ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာ ကျော်တွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မ နှင့် ၀ိနယ ပေါ်တွင် မိမိတို့ စိတ်ကြိုက် ဖြည့်စွက် ကျင့်သုံး လိုသော ရဟန်းများ ပေါ်ပေါက်လာခဲ့သ...ည်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုကို အကြောင်းပြု၍ ဗုဒ္ဓ၏ အဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏ အလိုနှင့် အညီ အတည် ပြုလိုက်သည့် အယူအဆကို “ထေရ၀ါဒ” ဟု စတင်ခေါ်ဝေါ်ခဲ့ကြသည်။

** “ ထေရ” ဆိုသည်မှာ ရဟန်းသက် (၁၀) ၀ါ ရရှိပြီးသော မထေရ်ကို ဆိုလိုပြီး၊
** “၀ါဒ” ဆိုသည်မှာ ခံယူချက်ကို ဆိုလိုသည်။
ထို့ကြောင့် “ထေရ၀ါဒ” ကို ဆီလျော်အောင် ဘာသာပြန်ရလျှင် ရဟန်းသက် (၁၀) ၀ါ နှင့် အထက် ရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု အဓိပ္ပါယ် ရပါသည်။

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ(၅၈၈)ခုမှာ သံဃာ ရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော် မူခဲ့သည်။

(၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း
(၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ ဖြစ်ပါသည်။
ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။

** ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ

ထေရ၀ါဒ နှင့် မဟာယန ဟူ၍ ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ် ဂိုဏ်း ရှိပါသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည် သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ် ကာလထိအောင် ရှင်သန်လာ၏။

မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ် နိုင်ငံများတွင် ပျံ့နှံ့ခြင်းဖြင့် ရှင်သန်ခဲ့သည်။ ထေရ၀ါဒသည် ပင်မအားဖြင့် အိန္ဒိယ တောင် ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ခဲ့၏။ ထို အကြောင်းကြောင့်ပင် မဟာယနကို ရံဖန်ရံခါ မြောက်ပိုင်းဂိုဏ်း ဟု ညွှန်းဆိုကြပြီး ထေရ၀ါဒကို တောင်ပိုင်း ဂိုဏ်း ဟု ညွှန်းဆိုတတ်ကြပါသည်။

ထိုဂိုဏ်းနှစ်ခုတွင် သိသာထင်ရှားသော ကွဲလွဲချက်များ ရှိသော်လည်း.. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ ပဋိစ္စသမုပါဒ အစရှိသော အခြေခံ တရားများမှာမူ ဂိုဏ်းနှစ်ခုစလုံးတွင် ထပ်တူ တူညီကြသည့် အချက်ကိုမူ အလေးထားမှတ်ယူ သင့်သည်မှာ အရေးပါပေသည်။ ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာန တရားမြတ်ကို မျက်မှောက်ပြုရေး .. နောက်ဆုံး အန္တိမပန်းတိုင်ကား အတူတူပင် ဖြစ်သည်။

ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။

ထိုအကြောင်းကြောင့် ပင် အဆုံးအမများ၏ စွမ်းရည်ပြည့်ဝ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံး ရှိမြဲ ရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။

ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒက စစ်မှန်သည်ဟု လက်မခံကြပါ။

ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင် ဖြစ်ပါသည်။ ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည် ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒ သံဃာများက လက်ခံကြသည်။ (ဘာသာပြန်ဆိုသူ= ကိုဝင်းပြည့်ဖြိုး)

** လိုက်နာကျင့်သုံးရမည့် စည်းကမ်း (၅)မျိုး

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း(၅)မျိုး ရှိသည်။

(၁) သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

စည်းကမ်း(၅)မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဥာဏ်ရည် အဆင့် အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည်။ လူသားများ သည် အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုး ရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာ ၀င်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှု အရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

** ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅)ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅)ရပ်ကို အဂ္ဂုင်္တ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်

-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်

- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီး ကျင့်ဝတ်, အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ

-ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနား ရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာ ၀င်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။

(၄)ကံတရားကို ယုံကြည်သူဖြစ်ရမည်

-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘော တရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။

(၅)သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ

-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ် များခြင်း စိုးရိမ်စိတ် များခြင်းေ တွကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊)(မကောင်းမှုမှ ကောင်းမှုသို့၊)(အမှောင်မှ အလင်းသို့၊)(မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

** မြန်မာနိုင်ငံရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉-ဂိုဏ်း

(၁) သုဓမ္မာဂိုဏ်း။
(၂) ရွှေကျင်ဂိုဏ်း။
(၃) ဓမ္မာနုဓမ္မ(မဟာဒွါရ)နိကာယဂိုဏ်း။
(၄) ဓမ္မ၀ိနယာနုလောမ(မူလဒွါရ)ဂိုဏ်း။
(၅) အနောက်ချောင်းဒွါရဂိုဏ်း။
(၆) ဝေဠုဝန်နိကာယဂိုဏ်း။
(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန်(ငှက်တွင်း)ဂိုဏ်း။
(၈) ဂဏ၀ိမုတ်(ကူးတို့)ဂိုဏ်း။
(၉) ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်းတို့ဖြစ်ကြသည်။

စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာ

Credit : http://www.todaymyanmar.net/2013/07/0.html

မက်ဆေ့ခ်ျပို့၍ အင်တာနက်လျှောက်ခွင့်တွင် စီဒီအမ်အေ ၈ဝဝ မပါ



CDMA 800 MHz ဖုန်းမက် ဆေ့ခ်ျပို့၍ အင်တာနက် လျှောက်ထား နိုင်မည်မဟုတ်ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။


လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ဂျီနှင့် WCDMA ဖုန်းများကို သြ ဂုတ်လ ၁ ရက်နေ့မှ စ၍ မက်ဆေ့ခ်ျ ပို့ ပြီး အင်တာနက် လျှောက်ထားနိုင်မည် ဟု သတင်းထုတ်ပြန်ထားသည်။

''သူ့အတွက် အစီအစဉ်မလုပ်ရ သေးတဲ့အတွက် မပေးသေးတာပါ။ လက်တလောအနေနဲ့ ၈ဝဝ ဖုန်းတွေ အင်တာနက်လျှောက်ထားမှု ကိုပါ ယာယီရပ်ဆိုင်းထားပါတယ်။ လျှောက်ထား နိုင်မယ့် အချိန်ရောက် ရင်တော့ ကြေညာ ပေးမှာပါ''ဟုရတနာပုံ Call Center မှ မြန်မာ့ဆက်သွယ်ရေးနှင့် ပတ်သက် သော သတင်း များအား ဖြေကြားပေးသူ ဝန်ထမ်းတစ်ဦး က ပြောသည်။

ယင်းအပြင် ကျပ်ထောင့်ငါးရာ တန်MEC တံဆိပ်ဖုန်းများမှာလည်း ကျပ် ငါးသိန်းCDMA ကဲ့သို့ပင် မက် ဆေ့ခ်ျပို့ အင်တာနက်လျှောက်ထားခွင့် ရရှိမည်မဟုတ်ဘဲ လက်ရှိ အင်တာနက် လျှောက်ခွင့်ပေးသည့် တိုင်းမန်နေ ဂျာ ရုံးတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

CDMA 800 MHz ဖုန်းနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ ဖုန်းကိုင်ဆောင်သူ ကိုအောင်ထွန်းက ''ဖုန်းလိုင်းကျတော့လည်း မြို့အားလုံးမရ၊ ရန်ကုန်က ထွက်တာနဲ့ လိုင်းမမိ၊ အင်တာနက်အသုံးပြုခကလည်း တစ် မိနစ်လေးကျပ်၊ အခု မက်ဆေ့ခ်ျနဲ့ အင် တာနက်လျှောက်တော့ လည်းမရ၊ ပြန် ရောင်းတော့မယ် ဆိုတော့လည်းဈေးမရ၊ ဘယ်လိုမှ အသုံးမကျတဲ့ဖုန်းပါ။ ဝယ်ခဲ့ မိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဆိုရမှာ ပါပဲ'' ဟု ပြောသည်။

ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး မှ ၂ဝ၁ဝခုနှစ်ဆန်းပိုင်းတွင် စ တင်ရောင်း ချပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည် တော်မြို့သုံးမြို့သာ အသုံးပြုခွင့်ပေးခဲ့ ကြောင်း နယ်ကျော် သုံးစွဲချင်ပါက CDMA 450 MHz ဟန်းဆက်ပြောင်း၍ အသုံး ပြုခွင့်ပေးခဲ့သည်။ ယင်းဖုန်းများ အင် တာနက်လျှောက်ထားခွင့်ကို ၂ဝ၁၁ခုနှစ် ဇန်နဝါရီလတွင်ခွင့်ပြုခဲ့ပြီး 3G အင်တာနက်စနစ်ဖြင့် သုံးစွဲ ခွင့်ပေးခဲ့ကြောင်း ကျပ်ထောင့်ငါးရာတန်CDMA 800 (MEC) ဖုန်းများကို ယခုနှစ်ဧပြီလမှ စ၍ရောင်း ချခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ



ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့ သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲ တွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။


''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။ ကော်မတီ ထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။ 

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။ ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။ 

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်း များကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။ 

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြား သေးပေ။

Popular Myanmar News Journal

Credit : http://www.maharhero.com/2013/07/blog-post_1028.html