Thursday, July 25, 2013

အမျိုးစောင့်ဥပဒေ ရမည်းသင်းဒေသ၌ စတင်လိုက်နာကျင့်သုံး



မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/ အစ္စလာမ်) သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာ သက်ဝင် ချစ်ခင်၍ အကြင် လင် မယား အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြား ခြင်းမပြုခင် အစ္စလာမ်ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အအဖြစ်သို့ တရားဝင် ကူးပြောင်း မည် ဖြစ်ကြောင်း ကမ်းလှမ်း လာ သည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ စာချုပ်၌ လည်း လက်မှတ်ရေးထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့် အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက်လိုက် နာကျင့်သုံးခဲ့ပါသည်။


ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက် ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင် ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည် အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦး တစ်ယောက် ၏ ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့် ဘာသာကူးပြောင်း ခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာသို့ကူးပြောင်းခဲ့သော် သာသနာညှိုးနွမ်းစေ မှု ၂၉၅ (က) ဖြင့် အ ရေးယူ ခံပါမည် ဟု ပါရှိပါသည်။

ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုး ရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ် ကိုင်လက်မှတ်ရေးပါ သည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့ သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသ သည့် သာဓက ပင် ဖြစ်ပါသည်။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည် ဘာသာခြားဖြစ်ခဲ့ သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာ ဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး ၏ မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည် အထက်ပါသတ်မှတ်ချက် များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ် ရမည်။

အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်း သင်းခြင်း ပြု လုပ်ပါ က ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည် ဟုပါရှိပါသည်။

မင်းကျောင်း စန္ဒော

Credit : http://mgkarlu-mymanar.blogspot.com/2013/07/blog-post_24.html

အခွင့်အလမ်းတွေ ကုန်ဆုံး အဆုံးသတ်ရတော့မည့် NLD

ဒေါ်အောင်ဆန်းစုကြည် အသက် ၇၀ နီးလာပါပြီ။ သူ့ပညာ သူ့အတွေ့အကြုံ နဲ့ သူ့အရည်အချင်း အစွမ်းကုန် ထုတ်ဖေါ်.မြန်မာနိုင်ငံအတွက် အသုံးချ ဖို့ အခွင့်အရေး ရပါဦးမလား..သံသယ ဖြစ်လာပါ၏။ နိုင်ငံရဲ့ အင်စတီကျူးရှင်း ကြီး ၂ခု ရဲ့ထောက်ခံမှု ရခဲ့လျှင် ဒေါ်စုအတွက် အခွင့်အလမ်းရနိုင်ခြေရှိပါသည်။ သို့သော်.. ယခုကား အရင်လိုမဟုတ်ပြီ။ ဒေါ်စုကို ယခင်က အသဲထဲနှလုံးထဲက လက်ခံမြတ်နိုး ယုံကြည်ကိုးစား သူအရေအတွက် တဖြေးဖြေး လျော့ကျလာသည်။ပြည်သူအချို့က NLD နှင့် မူဆလင် တွဲမြင်နေကြပြီး၊ ခွပ်ဒေါင်းကနေ .မွတ်ဒေါင်းဖြစ်သွားပြီဟု ပင် ပြောလာကြပါပြီ။


မြန်မာပြည်သူအများစုမှာ ကျေးလက်တောရွာတွင်နေထိုင်ကြပါ၏။ ကျေးလက်ပြည်သူအများစုမှာ အနေအေးပြီး ရိုးသားကြသည်။ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲ တွင် ဒေါ်စုပါတီ NLD. ပြည်သူ့ပါတီ NLD ဟုကြွေးကြော်. ကျွန်းစုမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အမတ်လောင်း ဒေါ်တင်တင်ရီကို တခဲနက် မဲပေးကြပါ၏။ ငွေအား လူအား နှင့် အခွင့်အရေး သြဇာ.. USDA ကို NLD ဘယ်လိုမှ မယှဉ်နိုင်။ သို့သော် ပြည်သူတို့၏ နှလုံးသားတွင် ဒေါ်စု ရှိ၏။ သူတို့သည် ဒေါ်တင်တင်ရီကို မသိ. ဒေါ်စု ကို သိသည်။ ဒေါ်တင်တင်ရီကို မမြင်ဖူး..ဒေါ်စု ပုံကို အိမ်နံရံ ကပ်ချိတ်ထားကြသည်။ တစ်ချို့က မိမိ အိမ်ရှေ့ ဆိုင်းဘုတ်ချိတ်ပြီး NLD အမတ်လောင်းကို မဲပေးရန် အချင်းချင်းနိုးဆော် သတိပေး ရွေးကောက်ပွဲ နွဲခဲ့ကြပါ၏။ ထိုစဉ်က ပြည်သူ့လွှတ်တော် NLD အမတ်လောင်း ဒေါ်တင်တင်ရီ နှင့် USDA အမတ်လောင်း ဦးချစ်သန်း.တို့ ကျွန်းစုမြို့နယ်တွင် အပြိုင်အရွေးခံကြသည်။

ပညာ အတွေ့အကြုံ နှင့်အုပ်ချုပ်ရေး စွမ်းရည် ဦးချစ်သန်းက သာပါ၏။ သို့သော်..လူထုက ဒေါ်စုမျက်နှာဖြင့် NLD ကို တခဲနက်မဲပေးကြသည်။ ဒေါ်တင်တင်ရီ ရွေးကောက်ခံ အမတ် ဖြစ် လွှတ်တော်တက်နေရလေပြီ။ သို့သော်.... ယခုအခါ အခြေအနေတစ်ချို့ပြောင်းလဲစ ပြုလာနေပြီ။ ကျေးရွာလုံးကျွတ် NLD မှ NLD. သို့သော် အမျိုးဘာသာ နဲ့ စပ်လာရင် NLD က သာမည ဖြစ်သွားလေပြီ။ အမျိုးစောင့် ဥပဒေ ကို ထောက်ခံကြောင်းလက်မှတ်ထိုး..ရွာဦးဘုန်းတော်ကြီး နဲ့ အတူ တသားတည်းရှိနေသည်ဟု ကြားသိရပါ၏။

တကယ်တော့ သံဃာထုသည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့။ ၂၀၀၇ အရေးအခင်း..သံဃာထုသည် ပြည်သူနှင့် တသားတည်း.. ရပ်တည် ..န.အ.ဖ စစ်အစိုးရကို အံတု ရင်ဆိုင် ခဲ့ကြသည်။ ရဟန်း သံဃာတော် အချို့ သေသူ သေ. ပြေးသူပြေး.. ထောင်ကျသူကျ။ထိုစဉ်အခါက ဒီမိုကရေစီ ဘက်တော်သား များ သံဃာထု ကိုလက်ခုပ်တီး.. ၊ ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်း အဖြစ် ဂုဏ်တင်ကြွေးကြော်ခဲ့ပါ၏။

ထို့ကြောင့်ပင် လောကီ လောကုတ် စာပေအခြေခံ နည်းလှ တဲ့ ဦးဂမ္ဘီရ (အတန်းပညာ ၃ တန်း၊ ဘုန်းကြီးကျောင်း ပညာ ပထမငယ် တန်း.ဟုဆို) ဒီမိုကရေစီ ဘက်တော်သားတို့ရဲ့ သူရဲကောင်း ဖြစ်လာခဲ့ရ သည်။ ယခု ၂၀၁၃ တွင် အခြေအနေကား ပြောင်းပြန်ဖြစ်ပါ၏။သံဃာတော်များ အမျိုးဘာသာ သာသနာအရေး အတွက် ရတက်မအေး ဘ၀င်မကျတော့။ ခေတ်ပညာ နဲ့ လောကုတ္တရာ စာတတ် ကျမ်းတတ်အကျော် ဆရာတော် များ ပေါင်းစု အင်းစိန် အောင်ဆန်းတောရ တွင် စုစည်းမိကြပါပြီ။

ထိုဆရာတော်များတွင် နိုင်ငံခြားတက္ကသိုလ်များမှ BA.MA.PhD နှင့် လောကုတ္တရာစာပေ တိပိဋက.အဘိဝံသ ဘွဲ့ရ များပါဝင်ကြပါ၏။အမျိုးသားရေး သည် ပထမ ဟု သီတဂူဆရာတော်ကြီးက သြ၀ါဒပေးတော်မူ၏။ ဒီမိုကရေစီ ရှေ့ဆောင် အင်္ဂလန် နှင့် အမေရိကန် ပင်လျှင် အမျိုးသားရေးနှင့် ယှဉ်၊ လူ့အခွင့်ရေုးကို နောက်ပို့ ချောင်ထိုးထားသည်မှာ ပကတိအမှန်တရား။ သို့သော်ငြားလည်း Pro-NLD နှင့် လူ့အခွင့်ရေးသမား ဆိုသူများက အမျိုးသားရေး ပထမ ဆိုသည်ကို မကျေနပ်။ ၂၀၀၇ ခု အရေးအခင်း ကာလ န.အ.ဖ စစ်အစိုးရ နဲ့ မခြား ဒီမိုဖက်တော်သား ဆိုသူများ သံဃာထုကို ပြုမူ ပြောဆို စွပ်စွဲ ကဲ့ရဲ့ ကြလေပြီတည်း။ Time Magazine က ဦးဝီရသူကို Buddhist Terror ဟု စွပ်စွဲ၏။ Pro-NLD နှင့် လူ့အခွင့်ရေးသမား ဆိုသူများက လက်ခုပ်လက်ဝါးတီးချီးကျူး၊ Time Magazine ကို သူကောင်းပြုကြ၏။ ထိုစွပ်စွဲချက်ကို သံဃာထုက လက်မခံပေ။ ဦးဝီရသူဖက်မှ ရပ်တည် ပြန်လည်တုန့်ပြန်ချေပကြပါသည်။

အဘယ်ကြောင့်ပါနည်း။ အဖြေရှိပါသည်။ ထိုအဖြေကို ဒီမိုဖက်တော်သား ဆိုသူများ လေ့လာသင့်သည်။ တကယ်တော့ သံဃာအဖွဲ့စည်းသည် နှစ်ပေါင်း ၂၅၀၀ ကျော် ရှည်ကြာ တည်ရှိနေသော အင်စတီကျုကြီးဖြစ်ပါ၏။ စည်းမျဉ်းစည်းကမ်း ဥပဒေသ လုပ်ထုံးလုပ်နည်းများ စံ အတိအကျ ရှိပါ၏။ ထိုစံ နဲ့တိုက် ကိုက်ညီပါလျှင် ထိုသူသည် အပြစ်ကင်းသူဟု သာ မှတ်ယူပါ၏။ ထို စံ မသိ၊ စံ မညှိ သမျှ အဘယ်သူ ခွဲ ကွဲနိုင်ပါအံ့နည်း။ တကယ်တော့ ပြည်သူများကား သနားစရာ။

န.အ.ဖ ကို မကြိုက်ကြ။ ၂၀၁၀ ရွေးကောက်ပွဲ ဒီမို ဖက်တော်သား မပါ၍ ပြည်သူအများ မချိတင်ကဲ ဖြစ်ကြသည်။

တစ်ချိုပြည်သူများ မဲပေးခွင့်ပင်မရလိုက်ကြ။ ကျွန်းစု.တနင်္သာရီ.ဘုတ်ပြင်းမှ USDA အမတ်လောင်းတို့ အော်တို အမတ်ဖြစ်လာကြပါ၏။ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်တစ်နေရာ ကျွန်းစု NLDအမတ်လောင်း ကို ပုံအောမဲပေးကြသည်။ ၂၀၁၅ အတွက် အားခဲ NLD ကိုပဲ မဲပေးမည်ဟု ကြိုတင် ကြံရွယ် ထားကြပြီးဖြစ်ပါ၏။ သို့သော်..အမျိုးဘာသာ သာသနာ နဲ့ စပ်လာသောအခါ တွင်မူကား...NLD အတွက် စိုးရိမ်စိတ်ဝင်လာရပေပြီ။ ရလာဒ်အဖြေအတွက် . ၂၀၁၅ စောင့်ကြည့်ရပေတော့မည်။

From:Myeik Voice

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုနှင့် စဉ်းစားဖွယ်အချက်များ

ဇူလိုင်လ ၂၃ ရက်တွင် အကျဉ်းသား ၇၃ ဦး လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ပါဝင်လာခဲ့သည်။ ဝမ်းသာဖွယ်ပင် ဖြစ်သည်။ သို့သော် ထိုနေ့တွင်ပင် တောင်ကြီးမြို့ ထင်းရှူးမြိုင် ဆရာတော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်းက စဉ်းစားဖွယ်ကိစ္စတစ်ခု ဖြစ်လာသည်။


အလားတူပင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာ ကိုဖမ်းဆီး ကာ တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။ ဒေါ်ဘောက်ဂျာ၏ အမှုမှာ ရုပ်သိမ်းလွှာ တင်ပြီး ဖြစ်သည်ဟု ရှေ့နေက ဆိုထားသည်။ သူ၏အမှုသည် သုံးနှစ်ကျော်ကြာပြီးမှ ပြန်လည် ထွက်ပေါ်လာ ခဲ့သည့်အမှုလည်း ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက် အကျဉ်းသားများ လွှတ်ပေးမှုမှာ ၁၀ ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အခြား တစ်ဖက်တွင်လည်း ထင်းရှူးမြိုင်ဆရာတော်နှင့် ဒေါ်ဘောက်ဂျာတို့ ကဲ့သို့သော အရေးယူသည့် အမှုကိစ္စများသည် ပြန်လည်စဉ်းစားဖွယ်အချက်များ ဖြစ်လာခဲ့သည်။

ဇူလိုင် ၂၃ ရက်က ပြန်လည်လွှတ်ပေးသည့် အကျဉ်းသားများတွင် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခြင်း ခံထားရသူများ ပြန်လည် လွတ်မြောက်လာသည်ကိုလည်း တွေ့ရှိရသည်။ ထိုအထဲတွင် ကချင်ပြည်နယ်မှ ဦးဘရန်ရှောင်လည်း ပါဝင်သည်။ သူက ထောင်မှပြန်လည် ထွက်လာလာချင်း KIO နှင့် ဆက်နွှယ်ခြင်းမရှိ၊ KIO တပ်သားအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးခြင်းမရှိဟု ထုတ်ဖော်ပြောဆိုသည်။ ဤအချက်သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့မှ တာဝန်ရှိသူများ၏ လုပ်ရပ်အပေါ် ထပ်မံ စဉ်းစားရမည့် အချက်တစ်ချက်အဖြစ် ထွက်ပေါ်လာခဲ့ သည်။

အကျဉ်းသားများ အကြိမ်ကြိမ် လွှတ်ပေးမှုနှင့်အတူ Generation Wave (မျိုးဆက်သစ်လူငယ်များ) ၏ အတွင်းရေးမှူး ကိုဝေဖြိုး ဇူလိုင်လ ၁၀ ရက်က ဖမ်းဆီးခံရခြင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရဲမင်းဦးကို မတ်လအတွင်း ဖမ်းဆီးခဲ့ခြင်းတို့လည်း ရှိနေခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ မေလအတွင်း ထုတ်ပြန်သည့် စာရင်းများ အရ နိုင်ငံရေးအကျဉ်းသား ၁၈၃ ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဇူလိုင် ၂၃ ရက် အကျဉ်းသားလွှတ်ပေးမှုတွင် ရှမ်းပြည်နယ် တောင်ကြီးနှင့် လားရှိုးတို့ တွင် ပြစ်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိ သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား ဟူသည်ကို မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုသည် လိုအပ်ချက်များ ရှိနေသေးသည်ပင် ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးမည်ဟု သမ္မတ၏ ကတိပေးထားမှုကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ 

Credit : http://www.mizzimaburmese.com/edop/editorial/12794-2013-07-25-01-09-21.html 

ကျေးလက်အထိ မိုဘိုင်းကွန်ရက်ပျံ့နှံ့စေရန် အော်ပရေတာများ၏ ငွေကြေးဖြင့် ရန်ပုံငွေထားရှိမည်

ပြည်တွင်းမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို အော်ပရေတာများက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ကျေးလက်ဒေသ များအထိ မိုဘိုင်းကွန်ရက်ပျံ့နှံ့စေရန်နှင့် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် အတွက် မိုဘိုင်း အော်ပရေတာများ၏ငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်းကို ဆောင်ရွက် သွားမည်ဖြစ်သည်။


ယင်းသို့ မိုဘိုင်းအော်ပရေတာများငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်း (Universal Service Fund) လုပ်ကိုင်ရန် ဆက်သွယ်ရေး ဥပဒေမူကြမ်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး အော်ပရေတာများအနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေးကွန်ရက်မရောက်ရှိနိုင်သည့် ကျေးလက် ဒေသများတွင် မိုဘိုင်း တာဝါတိုင်များ တည်ဆောက်ခြင်းနှင့် အိုင်စီတီဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။

ယင်းသို့ထည့်သွင်းခြင်းမှာ ဆက်သွယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေး သည့်အချိန်၌ ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေးခဲ့သူ ကွန်ပျူတာ အသင်းချုပ် အလုပ်အမှုဆောင် ဦးဇော်မင်းဦးက မဇ္ဈိမသို့ ပြောသည်။

ဦးဇော်မင်းဦးက “အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေတွေထားရမယ်။ အဲဒီရန်ပုံငွေတွေကို Communication Development (ဆက်သွယ်ရေးဖွံ့ဖြိုးမှု) နိမ့်ကျတဲ့နေရာတွေမှာသုံးဖို့နဲ့ လိုအပ်ရင် အိုင်စီတီဧရိယာတွေမှာသုံးဖို့ ဆွေးနွေးတယ်”ဟု ပြောသည်။

အဆိုပါရန်ပုံငွေများကို ဆက်သွယ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းကာလိုအပ်သည့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းစဉ် များကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဥပဒေတွင်ပါရှိပြီး ကောက်ခံရမည့် ရာခိုင်နှုန်းပမာဏကို ဆက်သွယ်ရေးနည်းဥပဒေတွင် ထပ်မံထည့်သွင်းဖွယ်ရှိကြောင်း ၎င်းကပြော သည်။

ဦးဇ်ာမင်းဦးက “ဥပဒေအရတော့ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့်ပေးထားတယ်။ Fund ကောက်ဖို့၊ ထိန်းသိမ်း ဖို့က Regulator (ညွှန်ကြားမှုဦးစီးဌာန) ကကောက်ပြီး ထိန်းသိမ်းပေးမယ်”ဟု ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်မူ ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များကို လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုလည်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။

၎င်းက “အဲဒါကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းချုပ်ပြီးလုပ်မှာ။ ကျွန်တော်တို့ အော်ပရေ တာတွေ အနေနဲ့ ဆက်သွယ်ရေး ဥပဒေမှာပါတဲ့အချက်တွေကို လိုက်နာပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် လူဦးရေထူထပ်သော မြို့ကြီး များတွင် ဆက်သွယ်ရေး ကွန်ရက်ကောင်းစေရန် လုပ်ပေးရုံသာမက ကျေးလက်ဒေသရှိ ပြည်သူလူထုများပါ မိုဘိုင်းကွန်ရက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ပြည်တွင်း အိုင်စီတီ ပညာရှင်များက သုံးသပ်သည်။

Red link ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က “ဒေသအကုန်လုံး ဆက်သွယ်ရေးကွန်ရက် မဖွံ့ဖြိုးရင် အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ ရွေးချယ်ထားတဲ့ အော်ပရေတာတွေကိုလည်း ဘယ်နှစ်အတွင်း ဘယ်ဧရိယာကို နက်ခ်ဝပ်ဘယ်လောက်ရောက်အောင်လုပ်ရမယ် ဆိုတာရှိတယ်။ တချို့ဧရိယာတွေ ကတော့ ကျန်ကောင်းကျန်နေဦး မှာပေါ့” ဟု သုံးသပ်ပြောကြားသည်။ 

Credit : http://www.mizzimaburmese.com/news/business/12790-2013-07-24-12-14-00.html

တောပြုန်းမှုကြောင့် ဆင်ရိုင်းများ တိုက်ကြီးတွင် သောင်းကျန်းနေ

သစ်ထုတ်လုပ်မှုများကြောင့် သစ်တောများပြုန်းတီးနေသဖြင့် စားစရာ၊ နေစရာ ရှားပါးလာသော ဆင်ရိုင်း များက တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောင်းကျန်းနေပြီး လူနေအိမ်များနှင့် လယ်ယာများကို ဖျက်ဆီးသလို ဒေသခံများကိုလည်း အန္တရာယ်ပြုကြောင်း ဒေသခံများက ပြောသည်။


“အကောင်များရင် နေ့ဘက်လာတယ်။ နည်းရင် ညဘက်လာတယ်။ အကောင်ရေ ၁၀ ကောင်၊ ၁၅ ကောင် လောက် ဆိုရင် နေ့ဘက်ကိုလာတယ်။ အုပ်စုတောင့်ရင် မကြောက်တဲ့သဘောပေါ့” ဟု ကျောက်ပြင်သာ ကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။

ဆင်ကောင်ရေ အနည်းဆုံးလေးကောင်မှ အများဆုံး အကောင် ၂၀ အထိပင် ကျေးရွာများသို့ လာရောက် ဖျက်ဆီး လေ့ ရှိပြီး ယခင်က ညအချိန်သာဝင်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ နေ့ဘက်များတွင်ပါ ရွာတွင်းသို့ ဝင်လာကြ ကြောင်း ဒေသခံတို့က ဆိုသည်။

ဆင်များအများဆုံးဝင်သည်မှာ တိုက်ကြီးမြို့နယ်အတွင်းရှိ ချောင်းစောက်ကျေးရွာ အုပ်စုမှ ရွာများတွင် ဖြစ်သည်ဟုလည်း ဒေသခံများထံမှ စုံစမ်းရရှိသည်။

ဆင်ရိုင်းများ၏ တိုက်ခိုက်မှုကြောင့် ယခုနှစ်အတွင်းတွင် ဒေသခံ ၂၀ ဦးခန့် ဒဏ်ရာများရရှိခဲ့သည်ဟုလည်း သူတို့က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းကဆိုလျှင် တောင်ယာထဲသို့ ဝင်လာသည့် ဆင်ရိုင်းများကို ခြောက်လှန့် မောင်းနှင် သည့် တောင်သူသုံးဦးသည် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ဖူးသည်ဟု ဒေသခံတို့ကဆိုသည်။

လက်ရှိတွင် ဆင်များ၏တိုက်ခိုက်မှုကို အများဆုံးခံနေရသည်မှာ ချောင်းစောက်ကျေးရွာအုပ်စုအတွင်းမှ ရွာငါးရွာဖြစ်ပြီး ထိုရွာများသည် တောနှင့် မိုင် ၃၀ ခန့် ကွာဝေးသည်ဟု စုံစမ်းရရှိသည်။

ဒေသခံတို့က ဆင်များ၏ရန်ကို ကာကွယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံရာ တစ်ညသာ ကင်းစောင့်သည့် သူများကိုလွှတ်ပေးခဲ့ပြီး နောက်နေ့တွင်ပြန်သွားကြသဖြင့် ဒေသခံများက မိမိတို့ဘာသာ မီးများဖိုခြင်း၊ သံချောင်းများခေါက်ခြင်းတို့ဖြင့် ခြောက်လှန့်ကာ အဆင်ပြေသလို ကာကွယ် နေရသဖြင့် စိုးရိမ်ကြောင်း ဒေသခံတို့က ဆိုသည်။

သုံးလတာကာလအတွင်း ရွာငါးရွာမှ စပါးဧက ၂၀ သည်လည်း ဆင်များ၏ ဖျက်ဆီးမှုကိုခံခဲ့ရပြီဖြစ်ကြောင်း ချောင်းစောက်ရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးကျော်နိုင်ဝင်းက ပြောသည်။

ယခုကိစ္စများကို “သစ်တောတွေပြုန်း၊ စားကျက်တွေရှားတော့ နေရာတွေပြောင်းရင်း လမ်းမှာတွေ့တာ ဖျက်ဆီးသွား တယ်။ လူကို နင်းတာလည်း နင်းကျင့်ဖြစ်သွားလို့ ထပ်ပြီး နင်းချင်တယ်” ဟု ၎င်းက မှတ်ချက် ပြု သည်။

ယင်းကိစ္စကို အဆိုပါဒေသမှ မြိုင်ဟေဝန်ဆင်စခန်းမှ သစ်တောအရာရှိတစ်ဦးက “ကျွန်တော်တို့ သစ်တော ဘက်နဲ့ သစ်ထုတ်ရေး တွေပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ရင် ကျွန်တော်တို့က သွားရောက် ကြည့်ပေးပါတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံဆင်သုတေသနအဖွဲ့ကလည်း ဤနိုင်ငံတွင် သစ်တောများပြုန်းလာပြီး၊ သားရဲတိရစ္ဆာန်များ၏ စားကျက်များ လျော့နည်းလာသလို၊ ပစ်ခတ်ဖမ်းဆီး မှုများလည်း ရှိသဖြင့် တောရိုင်းတိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်မှုများရှိသည်ဟု ရှင်းပြသည်။

မြန်မာနိုင်ငံမှ တောဆင်ရိုင်းများသည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစသည့်နိုင်ငံများအထိပင် ရွှေ့ပြောင်းမှုများ ရှိသည်ဟုပင် ထိုအဖွဲ့ကဆိုသည်။

လက်ရှိတွင် အစိုးရသည် ဆင်ဘေးမဲ့တော လေးခုလုပ်ရန် စီစဉ်နေပြီး မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်တွင် တစ်ခု၊ ရခိုင်ရိုးမတွင် ဆင်ဘေးမဲ့တောနှစ်ခု၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် တစ်ခု တို့ဖြစ် သည်ဟု ဆင်သုတေသနအဖွဲ့ ထံမှစုံစမ်းရရှိသည်။

Credit : http://shan.myanmargame.com/play.aspx#

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကလည်း ဖြေရှင်းပေးစေလိုဟု တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ အနေဖြင့်လည်း ဖြေ ရှင်းပေးစေ လိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Fan Changlong တို့သည် ဇူလိုင် ၂၃ ရက် နံနက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ-တရုတ် နယ်စပ်တွင် အဖွဲ့အစည်း အချို့သည် မူးယစ်ဆေးဝါး လုပ်ကိုင်သည့် အထောက်အထား များ တွေ့ရှိနေရကြောင်း၊ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ပြဿနာသည် တရုတ်နိုင်ငံ အတွက်လည်း ကြီးမား သည့် ခြိမ်းခြောက်မှုဖြစ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့်လည်း ဆက်စပ်နေသောကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရင်းအမြစ်များအား နှစ်နိုင်ငံပူးပေါင်း၍ ဖြတ်တောက်သွားရန် လိုအပ်သည်ဟုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

"မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသများတွင် မည်သည့်တရားမ၀င် လက်နက်ကိုင်အဖွဲ့မှ မရှိအောင် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး အဓိက လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာကို မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် ဆောင်ရွက်ခြင်းသာမက တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ကိုင် တွယ်ဖြေ ရှင်း ပေးစေလိုကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌကလည်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးရေး ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့် ကိုက်ညီသော ဥပဒေများ၊ အခွင့်အရေးများ ပြဋ္ဌာန်းပေးပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် အသက်ငွေကြေး၊ အချိန်များ ပေးဆပ်ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံ များနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးရမှ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စေ့စပ် ညှိနှိုင်း ဆွေးနွေးအဖြေ ရှာနိုင်ရေး ဆောင်ရွက် သွားမည်ဟု ပြောကြား သည်။

မြန်မာ့တပ်မတော် အနေဖြင့် အခြားနိုင်ငံ အသီးသီး၏ တပ်မတော်များနှင့် ဆက်ဆံရေး ကောင်း မွန်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌသည် ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး အစိုးသစ်လက်ထက်တွင် အရှေ့-အနောက် မခွဲခြား ဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေမှု၊ နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတတို့ တွေ့ဆုံပြီး နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး နောက် တစ်ဆင့် တိုးမြှင့်ရန် ဆွေးနွေးခဲ့မှုအပေါ် ဆက်လက်အကောင် အထည် ဖော်သွားရန် ဆွေးနွေးခဲ့သည်။

EMG

ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက ပြန်ဆပ်ချိန် နှစ်ရှည်တိုးမြှင့်ပေးရန် ၀န်ကြီးဌာနသို့ တင်ပြသွားမည်

နိုင်ငံတော်သို့ ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက အကြွေးပြန် ဆပ်ရန် အခက်အခဲ ရှိသည့်အတွက် နှစ်ရှည်တိုးမြှင့် ဆပ်ခွင့်ပေးရန် မွေး/ရေ၀န်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။


မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ ကျပ်သန်း ၂၈၆၀၀ ကျော် အကြွေးဆပ်ရန်ရှိသည့် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက် အတွင်း ပြန် မဆပ်လျှင် တရားစွဲသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ဇူလိုင် ၁၈ ရက်တွင် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ အကြွေးပေးဆပ်ရန်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင် ကိုတင်စိုး က "မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနကနေ ငါးစာတွေကို ၀ယ်ယူခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ကြာခဲ့တဲ့ ကာလအတွင်းမှာ လုပ်ငန်းတွေက အောင်မြင်ခဲ့တာတွေ ရှိသလို ရှုံးနိမ့်ခဲ့တာတွေ ရှိပါ တယ်။ နောက်ပိုင်းမှာ ကန်တွေတိုးချဲ့ပြီး လုပ်ကိုင်တဲ့အချိန် ငါးတွေအများအပြား ထုတ်နိုင်တဲ့အချိန်မှာ သဘာဝဘေး အန္တရာယ်တွေ၊ ကမ္ဘာ့စီးပွား ပျက်ကပ်တွေနဲ့ ကြုံလာတဲ့ အခါကျတော့ ပြည်တွင်းဈေး ကွက်တွေ ပျက်ပြီး လုပ်ငန်းတွေ အရှုံးပေါ်ခဲ့ပါတယ်" ဟု ပြောကြားသည်။ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန မှ မွေးမြူရေး အစာများကို ၀ယ်ယူရင်း အကြွေးတင်ခြင်းဖြစ်ကြောင်း သိရပြီး အတိုးနှုန်းမှာ ၁ ကျပ် ၂၅ ပြားဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

"ကျွန်တော်တို့ တကယ်ယူထားတာလည်း မှန်ပါတယ်။ တကယ်လည်း ပြန်ဆပ်မှာပါ။ ၀န်ကြီးဌာနကို ထိုက်သင့်တဲ့ အတိုးတွေလည်း ပေးထားပါတယ်။ တချို့လည်း ကျေတဲ့သူ ရှိသလို တချို့လည်း ကျန်တဲ့သူ ရှိပါတယ်။ တချို့လည်း ဆပ်နိုင်သလောက် ဆပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သြဂုတ် ၁၅ ရက်အစား ပြန်ဆပ်ရမယ့်ရက်ဆွဲ ဆန့်ပေးမယ်ဆိုရင် ကျွန်တော်တို့ အရမ်းအခွင့်အရေး ရမှာပါ။ ဆပ်ဖို့လည်း စီစဉ်ထားပါတယ်။ ငါးတွေလည်း ရှိပါတယ်" ဟု မွေး/ရေ ၀န်ကြီးဌာနသို့ အကြွေးပေး ရမည့် မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ ကျပ်သန်းပေါင်း ၂၈၆၀၀ ကျော် ပေးဆပ်ရမည့် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များနှင့် အခြားလုပ်ငန်းရှင်များမှာ ၇၅ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

EMG

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်


Photo: ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်

ရန်ကုန်၊ ဇူလိုင် ၂၃

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တစ်ဆယ့် သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့် မပြုထားကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ် စီးရင် ဖမ်းပြီး အရေးယူမယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက်နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း သယ်ဆောင်သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့ပြင် မြဝတီ ကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင် ဂိတ်များမှ လိုင်စင်မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တပ်သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်းနံပါတ်ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ ဝင်များလိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။


ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တစ်ဆယ့် သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယ ဝန်ကြီးက အထက်ပါ အတိုင်း ပြော ကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့် မပြုထားကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြော ကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ် စီးရင် ဖမ်းပြီး အရေး ယူမယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက် နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း သယ်ဆောင် သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့ပြင် မြဝတီ ကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင် ဂိတ်များမှ လိုင်စင်မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တပ်သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်းနံပါတ် ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

The Voice

အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်


Photo: အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်

အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ်သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့မှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိတဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအတွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစာအုပ်ထုတ်ဝေရေးအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မကြာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြစ်တယ်”

အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေ အကြောင်းရေး သားမယ့် အလုပ်သမားလက်စွဲ စာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီ ထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။


ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ် သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့ မှာဖြစ် တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ် သမား၊ အလုပ် ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိတဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအတွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစာအုပ်ထုတ်ဝေရေး အဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မကြာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြစ်တယ်”

အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

RFA

တနိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားညီလာခံ ကျင်းပမယ်


ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ

မြန်မာနိုင်ငံက ​တိုင်းရင်းသား စည်းလုံးညီညွှတ်မှု အပါအ၀င် ​ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ​ကိစ္စတွေ ကို ​ဆွေးနွေးဖို့အတွက် ​တနိုင်ငံလုံးအတိုင်းအတာ ​တိုင်းရင်း သားညီလာခံတရပ်ကို ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ မှာ ​၄ ​ရပ်ကြာ ​ကျင်းပသွားဖို့ရှိပြီး ​ကိုယ်စားလှယ်ပေါင်း ​၁၅၀ ​ကျော် ​တက်ရောက်ဖို့ရှိတယ်လို့ ​သိရပါ တယ်။


အခုကျင်းပပြုလုပ်မယ့် ​ညီလာခံဟာ ​ဇူလိုင်လ ​၂၉ရက်နေ့ကနေ ​သြဂုတ်လ ​၁ရက်နေ့အထိ ​ကျင်းပ သွား မှာဖြစ်ပြီး ​တော့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေ ​စုပေါင်းဖွဲ့စည်းထားတဲ့ ​ညီညွှတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​ကနေ ​ဦးဆောင် ​ကျင်းပသွားမှာ ​ဖြစ်ပါတယ်။

ညီလာခံမှာ ​ပြည်တွင်း​ပြည်ပက ​တိုင်းရင်းသားနိုင်ငံရေးပါတီ ​ခေါင်းဆောင်တွေ ​ပါဝင်တက်ရောက် မှာ ​ဖြစ်ပြီး​တော့ ​ညီလာခံ ​ခေါ်ယူကျင်းပရတဲ့ ​ရည်ရွယ်ချက်နဲ့ ​ပတ်သက်ပြီး ​UNFC ​အဖွဲ့က ​တွဲဖက် ​အတွင်းရေးမှူး ​၁ ​ပဒို ​မန်းမန်းက ​ရေဒီယို ​သြစတေးလျ ​ကို ​အခုလိုပြောပါတယ်။

“ကျနော်တို့ ​အဓိက ​ရည်ရွယ်ချက် ​၄ ​ချက်ပေါ့နော်၊ ​ပထမအချက်ကတော့ ​ကျနော်တို့ ​တိုင်းရင်းသား ​လူမျိုးစုတွေရဲ့ ​စည်းလုံး ​ညီညွတ်မှုကို ​ပိုမိုအားကောင်းစေဖို့၊ ​ဒုတိယ ​အချက်ကတော့ ​ယနေ့ ​ကျနော်တို့ ​သွားနေတဲ့ ​ငြိမ်းချမ်းရေး ​နဲ့ ​နိုင်ငံရေး ​ဆိုင်ရာ ​ဘုံသဘောတူညီချက်ကို ​ကျနော်တို့ ​ရယူချမှတ် သွားနိုင် ဖို့၊ ​တတိယ ​အချက်ကတော့ ​ကျနော်တို့ ​တိုင်းရင်းသား ​တော်လှန်ရေး ​အင်အားစု ​တွေရယ် ​နောက် ​ဒီ ​ပြည်တွင်းမှာရှိတဲ့ ​ဒီ ​နိုင်ငံရေးပါတီ ​အင်အားစုနဲ့ ​လူထုအခြေပြု ​အဖွဲ့အစည်းတွေ ​အပါအ၀င်ပေါ့နော် ​အဲ့ဒါတွေကို ​ကျနော်တို့ ​လုပ်ငန်း ​ဆက်စပ်ဆောင်ရွက်မှု ​အားကောင်းလာဖို့၊ ​နောက်ဆုံး ​၄ ​ချက်ကတော့ ​အဓိကကျတဲ့ ​ဖယ်ဒရယ်ပြည်တောင်စု ​တည်ဆောက်ရေးအတွက် ​လုပ်ငန်းစဉ် နဲ့ ​ဖြစ် စဉ်တွေကို ​ချမှတ်ဆောင်ရွက်သွားနိုင်ဖို့ပေါ့နော်၊ ​အဓိကကျနော်တို့ ​ဒါကို ​ရည်ရွယ်ပြီးတော့မှ ​ကျနော် တို့ ​ခေါ်ရခြင်းဖြစ်ပါတယ်။”

နိုင်ငံရေးပါတီတွေ ​မဟုတ်တဲ့ ​အခြားတိုင်းရင်းသားအဖွဲ့အဖွဲ့အစည်းဝင်တွေ၊ ​ဒီမိုကရေစီ ​အင်အားစုတွေ၊ ​ညီနောင်တိုင်းရင်းသား ​ပါတီများ ​ဖယ်ဒရေးရှင်း(NBF) ​၊ ​တိုင်းရင်းသား ​လူမျိုးများ ​မဟာမိတ် ​အဖွဲ့နဲ့ ​နိုင်ငံတကာရောက် ​တိုင်းရင်းသား ​တသီးပုဂ္ဂလ ​ပညာရှင်တွေ ​ကို ​ညီလာခံကို ​တက်ရောယောက် ဖို့ ​ဖိတ်ကြားထားတယ်လို့ ​ပဒိုမန်းမန်းကဆိုပါတယ်။

ဇူလိုင်လ ​၂၉ ​ရက်နေ့ကနေ ​၃၁ ​ရက်နေ့အထိကို ​တိုင်းရင်းသား ​ပါတီ ​နိုင်ငံရေး ​အဖွဲ့အစည်းတွေ နဲ့ပဲ ​ဆွေးနွေးသွားမှာဖြစ်ပြီး ​ညီလာခံ ​နောက်ဆုံးနေ့ဖြစ်တဲ့ ​သြဂုတ်လ ​၁ ​ရက်နေ့မှာတော့ ​ဒီမိုကရေစီ ​အင်အားစုတွေနဲ့ ​ထပ်မံဆွေးနွေးသွားမှာဆိုတဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio

နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်မပေးသည့်အတွက် သတင်းမီဒီယာ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီမှ လွှတ်တော်သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်

ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည် ဟု ပြောဆိုခဲ့သော် လည်းမတင်ပေးသည့်အတွက် အဆိုပါ ကတိပျက်မှုအပေါ် မယုံကြည် တော့သောကြောင့် စာနယ် ဇင်းကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တိုက်ရိုက်တင်သွင်း သွား မည်ဖြစ်ကြောင်း သိ ရသည်။

media-july25

ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ ဆုံဆွေးနွေးစဉ်


ဇူလိုင် ၂၄ ရက်က လွှတ်တော်ဝင်းအတွင်း ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်းကောင် စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီ တို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ရာတွင် အဆိုပါ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ၎င်းတို့နှင့် သဘောထားကွဲလွဲနေသည့် အချက်များ ပါဝင်မှုကြောင့် တင်မပေးနိုင်ဟု ဆုံးဖြတ်ခဲ့သည့်အတွက် စာနယ်ဇင်းကောင်စီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသော ဥပဒေကြမ်းနှင့် စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသော ဥပဒေကြမ်းတို့အပေါ် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အချက် ၅၁ ချက်ကို လက်ခံခဲ့ပြီး အချက် ၁၇ ချက် အပေါ်တွင် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့တင်တဲ့ ဥပဒေကြမ်းမှာက ပြန်ကြားရေး ၀န်ကြီးဌာနက မကြိုက်တဲ့အချက် ၁၇ ချက် ပါနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကနေ တိုက်ရိုက်တင်မှာ" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

"အရင်က မီဒီယာနဲ့ပတ်သက်ပြီး ဥပဒေတစ်ခုပဲ ရှိတယ်။ အဲဒီတစ်ခုကို ပြင်ရေးဖို့ စာနယ်ဇင်းကောင်စီကို အပ်တယ်။ အပ်တော့မှ ပြန်ကြားရေးက နောက်တစ်ခုကို တင်လိုက်တဲ့အတွက် နှစ်ခုဖြစ်လာတယ်ဆိုတာ သတင်းတွေကို နားစွင့်တဲ့လူတိုင်း သိပါတယ်။ နှစ်ခုဖြစ်လာတဲ့ အခါကျတော့ ဒီအကြောင်းအရာ ကိုပဲ နှစ်ခြမ်းခွဲတယ်လို့ ဆိုတယ်။ အဲဒီလို နှစ်ခြမ်းခွဲတာသည် ဒင်္ဂါးပြားတစ်ခုကို နှစ်ခြမ်းခွဲသလိုပဲ။ ခွဲလို့မရတဲ့ဟာ နှစ်ခုကို ခွဲတာ။ ဒါကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေ။ ဒါကတော့ ပရော်ဖက်ရှင်နယ်နဲ့ ပတ်သက်တဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။ ဒါက သတင်းမီဒီယာ အပိုင်း၊ ဒါက သတင်းသမား အပိုင်း။ နောက်ပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနက လျှောက်ပြီးတော့ ၀ါဒဖြန့်တဲ့အထဲမှာ ဘာပါ သလဲ ဆိုတော့ သတင်းသမား ဆိုတာက နည်းနည်းလေးပဲ။ ပုံနှိပ်လုပ်ငန်း ဆိုတာက ဘာညာဘာညာနဲ့ သူတို့နဲ့ ဆိုင်တာ မဟုတ်ဘူး။ စသည်ဖြင့် ဒီလိုပြောတယ်။ အဲဒီတော့ စာနယ်ဇင်း လုပ်နေတဲ့ ပုံနှိပ်သမား ထုတ်ဝေသူဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ အမြောက်အမြားသည် ဘာညာဘာညာ စသည်ဖြင့် ပြောတယ်။ စာနယ်ဇင်းတွေသည် ပုံနှိပ်မထုတ်ဝေဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ကို အဲဒီဘက်ကနေလာပြီး ပိတ်ပါတယ်" ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဖေမြင့် က ပြောကြားသည်။

ကွဲပြားရသည့်အကြောင်းရင်းကို အတိုချုပ်ပြောမည် ဆိုပါက တောင့်တခြင်းနှင့် ကြောင့် ကြခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နူးညံ့သိမ်မွေ့သည့် အပြောင်းအလဲ ကာလကို ဖြတ်သန်း ရသည့်အတွက် ကြောင့်ကြပါကြောင်း၊ စာနယ်ဇင်းများ အနေဖြင့်လည်း ဖိနှိပ်မှုအောက် တွင် နေခဲ့ရသည့် အတွက် လွတ်လပ်မှုကို လိုချင်သည့် တောင့်တစိတ်များ ရှိကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက "ဥပဒေတစ်ခု ဟာ တောင့် တခြင်း၊ ကြောင့်ကြခင်းနဲ့ ဆွဲလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုကနေ စနစ် တစ်ခုကို ပြောင်း တဲ့ ကာလ။ အဲဒီကာလမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ မယုံသင်္ကာမှုတွေ ရှိတတ်ပါတယ်။ အဲဒီ မယုံသင်္ကာမှုတွေနဲ့ ကျင့်ဝတ်တွေကိုဆွဲရင် ပြဿနာ ရှိပါတယ်။ ဒီမိုကရေစီ မြင့် တက်တဲ့ နိုင်ငံ တစ်ခု ဖြစ်ဖို့က အဲဒါတွေ မပါအောင် ဆွဲဖို့လိုပါတယ်။ အဲဒီ သံသယတွေ၊ မယုံသင်္ကာမှုတွေနဲ့ ဆွဲခဲ့ရင် အဲဒီထွက်သွားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ၊ ပြဿနာတွေ၊ ဆန္ဒပြတာတွေ ကြုံတတ်ပါတယ်" ဟု ပြန်လည်ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီမှတစ်ဆင့် တင်သွင်းသွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးကျော်မင်းဆွေက ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကြားခံအဖြစ် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ၎င်းတို့ကော်မတီ အနေဖြင့် စာနယ်ဇင်းကောင်စီက တင်သွင်းမည့် ဥပဒေကြမ်းကို လက်ခံသွားမည်ဖြစ်ကာ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စာနယ်ဇင်းကောင်စီမှ တင်သွင်းသည့် ဥပဒေကြမ်းကို ၀န်ကြီးဌာနမှ တင်မည်ဆိုပါက မည်သည့်ပြင် ဆင်ချက်မှ မပါဘဲ နဂိုရေးဆွဲထားသည့် မူကြမ်းအတိုင်းသာ တင်ရမည်ဟု သူရဦးအေးမြင့် က ပြောကြား ခဲ့ရာ ပြန်ကြားရေး ဒုတိယ၀န်ကြီးများက မည်သည့်သဘောထားမျှ တိတိကျကျ မပေးခဲ့ဘဲ ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် တစ်ဦးဖြစ် သူ ဦးရဲထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၎င်းတို့လက်မခံသည့် အချက်များပါဝင်သည့် ဥပဒေကြမ်းကို တာဝန်ခံတင်ပေးလိုမည်မဟုတ်ကြောင်း ကြားဝင်ရှင်းလင်း ပေးခဲ့သောကြောင့် စာနယ်ဇင်းကောင်စီမှ တိုက်ရိုက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

EMG

နောက်ဆုံးပေါ် လျှပ်စစ်ဓာတ်အားပေးစက်

အနာဂတ်မှာ ခေတ်စားလာမယ့် နောက်ဆုံးပေါ် လျှပ်စစ် ထုတ်တဲ့ စက်ကို နာဆာမှာ အလုပ်လုပ်ကိုင်နေ တဲ့ အိန္ဒိယလူမျိုး သိပ္ပံပညာရှင် တဦးက တီထွင်ထားပါတယ်။



အဲဒီစက်ဟာ အိမ်တခုလုံးမှာ ရှိတဲ့ ရေခဲ့သေတ္တာ၊ လေအေးပေးစက်၊ အိမ်သုံးရိုးရိုးလျှပ်စစ်မီး၊ ပါဝါမီးတွေက အစ အသုံးပြုလို့ရတဲ့ လျှပ်စစ် ဓာတ်အားကို ထုတ်ပေးပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း မဖြစ်စေတဲ့ နည်းစနစ်နဲ့ တီထွင်ထားတာလို့ သိရပါတယ်။ 

အဲဒီ ကိုယ်ပိုင်လျှပ်စစ်မီး ထုတ်တဲ့ စက်တလုံးဟာ အမေရိကန် ဒေါ်လာ ၃၀၀၀ လောက်ပဲ ပေးရပြီး သူ့ရဲ့ ဘက်ထရီ ကိုတော့ ၂ နှစ်/ ၃ နှစ်ကြာရင် အသစ်တော့ ပြန်ဝယ်ရပါမယ်တဲ့။ ဒီစက်နဲ့ အိမ်မှာ လျှပ်စစ်မီး သုံးတော့ မီတာကြေးတွေ ဘာတွေ ဆောင်စရာလည်း မလိုတော့ဘူးပေါ့။ 

အခု ဆိုရင် အမေရိကားမှာ ကော်ပိုရေးရှင်းကြီးတွေကပါ အဲဒီ လျှပ်စစ် ထုတ်တဲ့ စက်ကို အပြိုင်အဆိုင် မှာယူ ၀ယ် နေကြပါတယ်။ 

အရင်ကတော့ ကော်ပိုရေးရှင်းကြီးတွေက လျှပ်စစ်ထုတ်စက်ကြီးတွေကို ဒေါ်လာ သိန်းချီ ပေး ၀ယ်နေရတဲ့ စရိတ်ကြီးမြင့်မှုတွေရှိခဲ့ပါတယ်။ 

အခုတော့ ကုန်ကျစရိတ် အလွန်သက်သာပြီး အဆင်ပြေတဲ့ နောက်ဆုံးပေါ် လျှပ်စစ်မီးစက်ဟာ မြန်မာပြည် အတွက် အလွန်အသုံးတည့်မယ် ထင်ပါတယ်။ 

လျှပ်စစ်မီး ပုံမှန်မရမယ့် အတူတူ ဒီလို မီးစက်မျိုးကို ၀ယ်ယူအသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေကြမယ် ထင်ပါတယ်။

Credit : http://blog.irrawaddy.org/2013/07/blog-post_4431.html

ဦးသိန်းစိန်နဲ့ ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဘာတွေဆွေးနွေး

သမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG နဲ့ အဖွဲ့ကို မနေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ လက်ခံတွေ့ခဲ့ ပါတယ်။



သမ္မတ ဦးသိန်းစိန်နဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်

မြန်မာ- ဗီယက်နမ် ၂ နိုင်ငံ ပူးပေါင်းပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ဗီယက်နမ်နိုင်ငံရဲ့ နှစ် ၃၀ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေကနေ မြန်မာပြုပြင်ပြောင်းလဲရေးတွေ အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ဆွေးနွေးကြပါတယ်လို့ သမ္မတရုံးဝက်ဆိုက် မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံဟာ ဗီယက်နမ် ကုမ္ပဏီတချို့နဲ့ ပူးပေါင်းလုပ်နေတာတွေရှိနေတာလည်းဖြစ်ပါတယ်။ 

အခု သမ္မတနဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဟာ အထူးသဖြင့်တော့ ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ဖို့၊ စိုက်ပျိုးရေး၊ သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွေ အပြင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ကဏ္ဍတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်နဲ့ အကောင်အထည်ဖော် ရင်း ဒေသတွင်းနိုင်ငံများထဲမှာပါ စီးပွားရေး အခြေအနေ မြင့်မားလာနေတာပါ။ 

အတိတ်ကို သင်ခန်းစာအဖြစ်ထားပြီး အနာဂတ်ကို ရှေ့ရှုလုပ်ဆောင်မှုနဲ့ တချိန်က ရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားခဲ့တဲ့ အမေရိကန်နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေက ဗီယက်နမ်ရဲ့ စီးပွားရေးကို ဦးမော့ သွားစေခဲ့တာလည်းဖြစ်ပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/blog-post_9496.html

တရားသူကြီးချုပ်၊ ရှေ့နေချုပ်ခန့်အပ်တာနဲ့ပတ်သက်လို့ ဦးရဲထွဋ် ဘာပြောလဲ



သမ္မတ၏ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပြ လာတဲ့ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ် ခန့်အပ်မှု ဆိုင်ရာ ရေးသားတင်ပြချက်ဖြစ်ပါတယ်။


မီဒီယာများမှာ ဒေါ်အောင်ဆန်းစုကြည်က တရား သူကြီး ချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက် ခန့်အပ်တာ ဖြစ်လို့ တရားရေးမဏ္ဍိုင်က အုပ်ချုပ် ရေး မဏ္ဍိုင်အောက်မှာရောက်နေတယ်လို့ ပြောဆို ကြောင်း ရေး သားဖော်ပြနေတာကို တွေ့ရ ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့စကားအတိအကျကို ကျွန်တော်မသိပါဘူး။ သို့သော် မီဒီယာများ မှာ ရေးသားဖော်ပြ နေတဲ့ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်တာ ဆိုတဲ့ အချက် ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ကွဲလွဲနေပါတယ်။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၇ (က) မှာ နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဥာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးအပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦး ဦးကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ် တာဝန်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ပုဒ်မ ၂၃၇( ဂ) မှာတော့ ပြည်ထောင် စုလွှတ်တော်က သဘောမတူရင် အမည်စာရင်း အသစ်ပြန်တင်ပြ ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ပြည်ထောင်စုတရားသူကြီးချုပ် နဲ့ပတ်သက်ပြီး ပုဒ်မ ၂၉၉ (ဂ)(၁) မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု တရားသူ ကြီးချုပ် အဖြစ်ခန့်အပ်သင့်သောပုဂ္ဂိုလ်အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက်ရယူ ရမည်လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၉၉ (ဂ) ( ၃) မှာ တော့ ပြည်ထောင်စုလွှတ်တော်က သဘောမတူရင် အမည်စာရင်း အသစ်ပြန်တင်ဖို့ ပြဋ္ဌာန်းထားပါတယ်။ 

ပုဒ်မ ၂၉၉(ဂ) (၄) မှာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသူကိုသာ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ 

ဒါတင်မကသေးပါဘူး။ ကျန်တဲ့ တရားလွှတ် တော်ချုပ်တရားသူကြီးများကိုလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သာ ခန့်ထားရမယ်လို့ ပုဒ်မ ၂၉၉ (ဃ) မှာ ပြဋ္ဌာန်းထားပါသေးတယ်။ 

ဒါ့ကြောင့် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက်ခန့် အပ်တာမဟုတ်ဘဲ နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ ခန့်အပ်တာဖြစ်ကြောင်း ထင်ရှားစွာ တွေ့နိုင် ပါတယ်။ 

ဒီလို သမ္မတက အမည်စာရင်းတင်သွင်း၊ လွှတ်တော်က အတည်ပြု၊ လက်မခံနိုင်ရင် အမည်စာရင်း အသစ် တင် ဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ သမ္မတက နိုင်ငံ အကြီးအကဲ အဖြစ်ရော၊ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်ရောဆောင်ရွက်ပြီး မဏ္ဍိုင် သုံးရပ် အပြန်အလှန်ထိန်းကျောင်း တဲ့အုပ်ချုပ်ရေးစနစ် (Presidential System ) ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ 

ဒီလိုအုပ်ချုပ်ရေးစနစ်ကို စတင်တီထွင်အသုံးပြုခဲ့တဲ့ အမေရိကန်နိုင်ငံမှာလည်း တရားသူကြီးချုပ်နဲ့ ရှေ့နေ ချုပ် ကို သမ္မတ က အမည်စာရင်းတင်သွင်းပြီး အထက်လွှတ်တော်( ဆီးနိတ်)က အတည်ပြုပေးရပါ တယ်။ 

အောက်လွှတ်တော်က ဒီရာထူး ခန့်အပ်ေ၇းမှာ ပါဝင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကတော့ လွှတ်တော်နှစ်ရပ်လုံးကို အာဏာတူ ပေးအပ်ထားတဲ့အတွက် ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ပါ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါ တယ်။

နောက်ထပ်မှားယွင်းချက်တစ်ခုကတော့ မီဒီယာများရဲ့ သတင်းရေးသားဖော်ပြချက်များအရ ကြည့်လိုက် ရင် ပြည်ထောင်စု ရှေ့နေချုပ်ကိုပါ တရားရေးမဏ္ဍိုင်ထဲမှာ ထည့်ထားတဲ့သဘောသက်ရောက်နေပါတယ်။ အဲဒါမှားပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) ဟာ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့သီးခြားပြဋ္ဌာန်းချက်များဖြစ် ပြီး အဲဒီ အခန်းမှာပါတဲ့ ပုဒ်မ ၂၉၄ မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်လို့ ပြဋ္ဌာန်းပြီး နောက် ပုဒ်မများမှာ ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်ခြင်း အပါအ၀င် ပြဋ္ဌာန်းချက်များပါဝင်ပါတယ်။ 

ပြည်ထောင်စုရှေ့နေချုပ်ခန့်အပ်ခြင်းကိုတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အခန်း ၅ ထဲမှာထည့်ထားပါတယ်။ 

ဒီလိုအုပ်ချုပ်ရေး မဏ္ဍိုင်ထဲမှာထားရခြင်းဟာလည်း ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံတော်သမ္မတကို ဥပဒေဆိုင်ရာအကြံဥာဏ်များပေး ဖို့ နဲ့ ဥပဒေဆိုင်ရာတာဝန်များထမ်းဆောင်ဖို့ တာဝန်ရှိတဲ့ အတွက် ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာလည်း တရားရုံးချုပ် ( Supreme Court ) ဟာသီးခြားမဏ္ဍိုင်အဖြစ် ရှိပြီး ရှေ့နေချုပ် ကတော့ United States Attorney General (AG) ဆိုပြီး တရားရေးဌာန Department of Justice ကို ဦးဆောင်ရပါတယ်။ 

သူဟာ ဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် တာဝန်ရှိတဲ့အတွက် သမ္မတရဲ့ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အပြင် အက်ဖ်ဘီအိုင် အဖွဲ့ကို သူ့လက်အောက်မှာထား ပါတယ်။ 

တစ်နည်းအားဖြင့်အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနေချိန်မှာ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့ ပတ်သက်ပြီး လွဲမှားပြောဆိုမှုများ နည်းနိုင်သမျှ နည်းအောင်လုပ်ဖို့လိုပါတယ်။ 

ပြောဆိုဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ ပြုမူကျင့်ကြံရာမှာပဲဖြစ်ဖြစ် အခြေခံဥပဒေပါအချက်များနဲ့ မကိုက်ညီ လွဲမှားခဲ့ရင်လည်း မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့် ပေးနေတဲ့ Watch Dog ဖြစ်သော စာနယ်ဇင်းများ က ထောက်ပြပြုပြင်ပေးကြပါ။ 

အဲဒီလို ထောက်ပြ နိုင်အောင် ကိုယ်တိုင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အကျွမ်း တ၀င် ဖြစ်အောင် လေ့လာဖို့ တိုက်တွန်း လိုပါတယ်။ 

ဦးရဲထွဋ် ~

မြန်မာ့အင်တာနက်သုံးသူများ စိတ်ရှည်သည်းခံကြလေကုန်



အင်မတန်ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမပြောနဲ့၊ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေလောက်ကို မမြန်ပဲ အလွန်နှေးတဲ့ မြန်မာ့အင်တာနက်ဟာ လူတွေ အပြောမှာ လိပ်ကို ကြိုးတုတ်လွှတ်လိုက် သလိုပဲ လို့ ပြောစမှတ် ပြုကြပါတယ်။


အခု မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေကို အသိပေးလိုက်တာကြောင့် ကြိုးတုတ်လွှတ်လိုက်တဲ့ လိပ် အပြေးနှုန်း ထက် ပိုနှေးရပါတော့မယ်။ 

ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းမှာ ချို့ယွင်းမှု ဖြစ်ပွားခဲ့ လို့ နိုင်ငံတကာ တယ်လီဖုန်း ခေါ်ဆို မှုနဲ့ အင်တာနက် တွေကို မပြတ်တောက်ရုံသက်သက်ပဲ ထိမ်းပြီးချိတ်ဆက်ပေးထားတယ်တဲ့။ 

ဒီလိုမျိုး အင်တာနက် ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုကို ပြင်ဆင်ဖို့အတွက် ၁ လ လောက် ကြာမယ်လို့ ခန့်မှန်းထားတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး ရဲ့ အသိပေးချက်မှာ ပြောထား တယ်။ 

ဒီတလတော့ နှေးသည်ထက် နှေးတဲ့ မြန်မာအင်တာနက် အမြန်နှုန်းကို မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေ ထုံးစံ အတိုင်း စိတ်ရှည်သည်းခံတော်မူကြပါကုန်လေ။ 


အပေါ်ပုံမှာ - ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊ ဓာတ်ပုံ- thetechjournal.com

Credit : http://blog.irrawaddy.org/2013/07/blog-post_3686.html

၁၁ နဲ့ ၃၉



ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သူ လေးစား ကြည်ညိုမိတဲ့ တပ်မတော်သားဟောင်ကြီး တဦးဖြစ်သူ ဗိုလ်ချုပ် လွန်းမောင် ( ငြိမ်း ) ကို သွားရောက် နှုတ်ဆက်စကားပြောစဉ် ရိုက်ကူး ထားတဲ့ ဓာတ်ပုံလို့ သိရပါတယ်။


လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ဦးနေမျိုးဇင်က အဲဒီဓာတ်ပုံ ကို သူ့ဖေ့စ်ဘုတ်မှာ တင်ထားပြီး မှတ်ချက်လေးတခုကိုလည်း အခုလို ရေးထားပါ တယ်။ 

“၁၁ ၏ အစဉ်အလာကောင်းများအား ၃၉ မှ ဆက်လက် ထိမ်းသိမ်းနိုင်ရန် ကြိုးစားမည်ဖြစ်ပါသည်” တဲ့။ 

၁၁ နဲ့ ၃၉ ဆိုတာ စစ်တက္ကသိုလ် အပတ်စဉ်တွေကို ဆိုလိုတာဖြစ်ပြီး အခုလို ပြည်သူချစ်ခင်လေးစားတဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းတွေ ရှိနေတယ်ဆိုတာ ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဟောင်း လွန်းမောင်နဲ့ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံမေးမြန်းခန်းတခုကိုလည်း လွန်ခဲ့တဲ့ လ အနည်းငယ်က ပြုလုပ်ပြီး ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ (http://burma.irrawaddy.org/archives/40167) ဆိုတဲ့ ဧရာဝတီ သတင်းထောက် မေခ ရဲ့ အင်တာဗျူး ကဏ္ဍမှာ ဖော်ပြခဲ့ပါသေးတယ်။ 

တချိန်က စာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်လွန်းမောင်ဟာ တာဝန်က အနားယူလိုက်ပြီးနောက်ပိုင်း ဇနီးသည်ရဲ့ ထမင်းဆိုင်မှာပဲ အတူတကွ ဘ၀ကို ဖြတ်သန်းနေသူတဦးလည်းဖြစ်ပါတယ်။ 

Credit : http://blog.irrawaddy.org/2013/07/blog-post_9032.html

မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခွင့် လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်



လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာအလုပ်သမားများအား အထူးလျှောက်ထား ခွင့် (Special Pass) လက်မှတ်ခကို ရင်းဂစ် ၄၀၀ ကောက်ခံရာမှ ရင်းဂစ် ၃၀၀၀ သို့ ရှစ်ဆခန့် တိုးမြှင့် ကောက်ခံ လိုက်သည်။


ဇူလိုင် ၁၆ ရက်မှစ၍ မလေးရှားနိုင်ငံ ပူထရာဂျာရာ လူဝင်မှုကြီးကြပ်ရေး ရုံးမှ မြန်မာနိုင်ငံသို့ တရားဝင် ပြန်မည့် မြန်မာအလုပ်သမားအား အထူး လျှောက်ထား ခွင့်လက်မှတ်ကို ပတ်စ်ပို့ရှိသူနှင့် မရှိသူ နှုန်း ထားနှစ်မျိုးခွဲလိုက်ပြီး ပတ်စ်ပို့ရှိသူများ ပြန်ရန်အတွက် အထူးလျှောက် ထားခွင့်လက်မှတ် ရင်းဂစ် ၂၂၀၀ ကောက်ယူကာ ပတ်စ်စ်ပို့မရှိသူများကို ရင်းဂစ် ၃၀၀၀ သို့ အသီးသီးပြောင်းလဲ ကောက်ခံလိုက်ပြီး နေ့ချင်းပြီး လက်မှတ်ထုတ်ပေးကြောင်း သိရသည်။

ယခင်က နှုန်းထားခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ ရင်းဂစ် ၄၀၀ နှင့်သာ ထုတ်ပေးခဲ့ပြီး ယင်းလက်မှတ် ရရှိပြီးမှ သာ မြန်မာနိုင်ငံ သို့ပြန်ရန် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်း ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံသို့ပြန်ရန်အတွက် ဆောင်ရွက်မှုများမှာ ပတ်စ်ပို့ရှိသူများ၊ ပတ်စ်ပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများမှာ ပူထရာဂျာရာလူဝင်မှုကြီးကြပ်ရုံးသို့ သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တိုကင်ယူကာ ပြန်လည်ချိန်းဆိုသောနေ့တွင် လက်မှတ်ခ ၄၀၀ ရင်းဂစ် ပေးဆောင်ရသည်။

ယခုကဲ့သို့ ပြောင်းလဲကောက်ခံလိုက်ခြင်းကြောင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်မည့် အလုပ်သမား များမှာ အောက် လမ်းမှပြန် ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“လက်မှတ်ခ ၃၀၀၀ ရင်းဂစ် ဆိုရင် မြန်မာငွေ ကျပ် ကိုးသိန်း ကျော် ဆယ်သိန်းနီးပါးဖြစ်ပြီး ပုံမှန် လစာရှိသူတစ်ယောက်ရဲ့ ၀င်ငွေက စားသောက်စရိတ်နုတ်ပြီး စုနိုင်ရင် တစ်လ ၆၀၀ ရင်းဂစ်ပေါ့။

မြန်မာတွေ ဒုက္ခတော်တော်ရောက်နေတယ်။ ခုပြန်မယ့်သူတွေ အောက်လမ်းကပြန်ဖို့လုပ်နေတယ်”ဟု မလေးရှားနိုင်ငံ ဧဒင်ဥယျာဉ်သတင်းဌာနမှ ကိုမျိုးကပြောသည်။

အဆိုပါပြောင်းလဲကောက်ခံမှုသည် အလုပ်သမားအခက်အခဲများကြောင့် မပြန်နိုင်ရန်အတွက် ယခုလို တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်ကြောင်း ကိုမျိုးက ၄င်း၏ အမြင်ကိုပြောသည်။

“ပြန်ချင်တဲ့သူတွေက ဒုက္ခတွေရောက်နေပြီး အရင်က ရင်းဂစ် ၄၀၀ ပဲပေးရတော့ သက်သာတာပေါ့။ ခုတော့ ပြန်ချင်ရင် အောက်လမ်းကနေပဲ ပြန်ရတော့မှာပေါ့။

ဆယ်သိန်းကြီးကျတော့လည်း မတတ်နိုင်ကြဘူး””ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အလုပ် လုပ်ကိုင်သော ကိုစန်းမျိုးကပြောသည်။

မလေးရှားနိုင်ငံသို့ရောက်ရှိနေသော မြန်မာအလုပ်သမားများအားပြည်တော်ပြန်ရန်အတွက် စင်းလုံးငှား အခမဲ့သယ်ယူပို့ဆောင်ပေးနေသော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် ဇူလိုင် ၁၆ ရက် နောက်ပိုင်းတွင် အခမဲ့နှစ်ကြိမ်သာ ပျံသန်းပေးတော့ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းလိုင်း (MAI) မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိသူများမှာ ဇူလိုင် ၂၁ ရက်ထိ ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး မြန်မာနိုင်ငံပြန်ရန်အတွက် မလေးရှား ရှိ မြန်မာသံရုံးတွင် လူဦးရေ ၂၅၀၀ ၀န်းကျင် စာရင်းပေးပို့ ထားကြောင်း သတင်းရရှိသည်။

မေ ၂၉ ရက်မှစ၍ မလေးရှားနိုက်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုများကြောင့် မြန်မာ နိုင်ငံသားအချို့ ပြန်ရောက်ရှိလာသည်။ ထိုအကြမ်းဖက်ခံရမှုများကြောင့် မြန်မာနိုင်ငံသား ခုနစ်ဦး သေဆုံး ခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

7Day News Journal

တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းနေ



မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အကြောင်းကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက်ထားခဲ့ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကို တစ်ဦးလျှင် ဒဏ်ကြေးရင်းဂစ် ၄၀၀ (မြန်မာငွေကျပ် ၁၂၀၀၀၀ ခန့်) ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းနေကြောင်း စုံစမ်းသိရှိရသည်။


အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများ ပြည်တော်ပြန်ရာတွင် သက်ဆိုင်ရာသံရုံး၏ အထောက်အထားဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနက စိစစ်ပေးလျက်ရှိပြီး ထိုသို့စိစစ်ပေးရာတွင် အခွင့်အရေးတစ်ရပ် အနေဖြင့် တစ်ဦးလျှင် ဒဏ်ကြေးငွေရင်းဂစ် ၄၀၀ ဖြင့် ဆောင်ရွက်ပေးခဲ့ရာမှ ဇူလိုင် ၁၈ ရက်နေ့တွင် တစ်ဦးလျှင် ရင်းဂစ် ၃၀၀၀ (မြန်မာငွေကျပ် ဆယ်သိန်းနီးပါး)သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

"မြန်မာနိုင်ငံက လူတွေအတွက်ချည်း တိုးလိုက်တာ မဟုတ်ပါဘူး။ နိုင်ငံပေါင်းစုံက တရားမ၀င် အလုပ်သမားတွေ အားလုံးအတွက် တိုးလိုက်တာပါ။ ဒဏ်ကြေးရင်းဂစ် ၃၀၀၀ ဆိုတာ အရင်တုန်းက သတ်မှတ်ထားတဲ့ ဒဏ်ကြေးပမာဏ ဖြစ်ပါတယ်။ ဒါပမဲ့ 6P လုပ်ပေးပြီးနောက်ပိုင်း အခွင့်အရေး တစ်ရပ်အနေနဲ့ ပြန်ချင်တဲ့လူတွေရှိရင် ဒဏ်ကြေးရင်းဂစ် ၄၀၀ ဆိုပြီး ပြောင်းလဲသတ်မှတ် ပေးခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီအစီအစဉ် အချိန်ပြည့်သွားပြီဆိုပြီး အရင်ကောက်တဲ့ ဒဏ်ကြေးရင်းဂစ် ၃၀၀၀ ကို ပြန်ပြောင်းလိုက်တာပါ" ဟု မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန် နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုသီဟမောင်မောင်က ပြောကြားသည်။

ယခုကဲ့သို့ ဒဏ်ကြေးငွေကို ရင်းဂစ် ၄၀၀ မှ ၃၀၀၀ အထိ ပြန်လည်တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်တော်ပြန် လိုသူ တရားမ၀င် မြန်မာအလုပ်သမားများ အခက်အခဲ တွေ့သွားကြောင်း သိရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲပေါင်းစုံတွေ့၍ မြန်မာနိုင်ငံ ပြန်လိုသူများ၊ တရားမ၀င် အလုပ်သမားများကို ပြည်တွင်းမှ အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးလျက် ရှိသည်။

ထိုသို့ ပို့ဆောင်ရာတွင် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ အရေအတွက်မှာ ၈၉၆ ဦးရှိပြီး သီတဂူ ဆရာတော်၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ ၃၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲတွေ့နေပြီး အလှူရှင်များ၏ အစီအစဉ်ဖြင့် ပြန်လိုကြောင်း သံရုံးသို့ အကြောင်းထားသူ ၂၇၀၀ ဦးခန့် မလေးရှားနိုင်ငံ၌ ကျန်ရှိနေ သေးကြောင်း သိရသည်။

eleven media group