Wednesday, July 24, 2013

အမြင့်ပျံ ရန်ကုန် အိမ်ခြံမြေနှင့် တိုက်ခန်း ဈေးကွက်



ချွေးပြန်အောင် ပူလောင်နေသည့် နေ့လည်ခင်း အပူရှိန်နှင့် အသက်ရှူကြပ်စရာအမှုန်တွေက ဘိလပ်မြေအိတ်တွေကို ပုခုံးမှာထမ်းကာ ငါးထပ်၊ ခြောက်ထပ်၊ ခုနစ်ထပ် အမြင့်တွေဆီတက်နေသည့် အလုပ်သမားတွေကို စိတ်အနှောက် အယှက် မပေးနိုင်ပါ။ ကြိုးသိုင်းဖိနပ်စီးထားသည့် ခြေ ထောက် တွေနှင့် လှေခါးထစ်များကို တက်ရင်း လှုပ်ရှားမှု နှေးလာ သည့်အခါ ပါးစပ်က မာန်သွင်း အော်ဟစ်ကြသည်။ ၀န်မပါတော့ဘဲ ပေါ့ပါးစွာ ပြန်ဆင်းလာသည့် လုပ်ဖော်ကိုင်ဖက်တွေနှင့် လမ်းမှာ ဆုံသည့်အခါ ဘေးကိုကပ်ပေးဖို့ အော်ကြသည်။


သူတို့ဖြတ်သွားရာ အထပ်များတွင် ယောက်ျား၊ မိန်းမအချို့က နံရံအတွက် အုတ်စီနေကြသည်။ တပိုင်းတစ အုတ်စီပြီးသွားသည့် နံရံများကို ပလာစတာ အချောကိုင်နေကြသည်။ အပြန်အလှန်လည်း သူတို့ အော်ဟစ်နောက်ပြောင်ကြသည်။

ဆောက်လုပ်ရေးကာလ ဆယ်နှစ်ရှိခဲ့ပြီဖြစ်သော အဆိုပါ ဆယ်ထပ်အဆောက်အဦသည် ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းတွင် အိမ်ငှားများ လာရောက်နေထိုင်ရန် အသင့်ဖြစ်မည်ဟု လုပ်ငန်းခွင်မန်နေဂျာ ဦးနိုင်ဝင်းအောင်က ပြောပြသည်။ အားကစား လေ့ကျင့်ရေးခန်းမနှင့် ရေကူးကန်ပါဝင်သည့် ဈေးနှုန်းမြင့် ထိုအဆောက်အဦမှ ကြည့်လိုက်လျှင် ရန်ကုန်မြို့ ကန်တော်ကြီး၏ စိမ်းလန်းစိုပြေသော ရှုမျှော်ခင်းများကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

တည်နေရာက အချက်အချာကျပြီး အကွာအဝေး တမိုင် မရှိတရှိတွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ကြသည့် ရွှေတိဂုံစေတီတော်ကို ရွှေရောင်တ၀င်းဝင်းဖြင့် မြင်တွေ့နိုင်သည်။ သို့သော်လည်း ယခုချိန်မှာ လုပ်ငန်းခွင်က လျှင်လျှင်မြန်မြန် အကောင်အထည်ပေါ်လာနေသည် ဆိုသော အနေအထားမှာပဲ ရှိသေးသည်။ တည်ဆောက်နေသည့် ရတနာမြိုင် ဆောက်လုပ်ရေးကုမ္ပဏီကတော့ ရန်ကုန်မြို့တော်၏ ပြောင်းလဲတိုးတက်နေသည့် အခြေအနေများထဲတွင် အမီလိုက်နိုင်ရန်အတွက် အရှိန်မြှင့်ပြီး စွမ်းအားပြည့် အလုပ်လုပ်နေရသည်။

အပေါ်ဆုံးအထပ်ကနေ မြင်ရသည့်မြင်ကွင်းကတော့ အံ့မခန်းပင်။ ပေးရမည့် ဈေးနှင့် လိုက်ဖက်သည်။ ၁၈၂၉ စတုရန်းပေ စီ ရှိသည့် အခန်းများ၏ ဈေးနှုန်းမှာ စတုရန်း တပေလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ဖြစ်ပြီး တခန်းလုံးအတွက်ဆိုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ နီးပါး ကျသင့်မည်ဖြစ်သည်။ “အခန်း ၆၀ လုံး ရောင်းထွက်သွားပါပြီ” ဟု ဦးနိုင်ဝင်းအောင် က ပြောသည်။ သူ၏ ရုံးခန်းနံရံပေါ်၌ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် တည်ဆောက်ရန်ရှိသည့် ခန်းနားထည်ဝါသော လူနေတိုက်ခန်းများပုံကို ပန်းချီ ရေးဆွဲထားသည်။

အလားအလာကောင်းနေသည့် ဆောက်လုပ်ရေး လုပ်ငန်းသို့ အစု အပြုံလိုက် တိုးဝှေ့ဝင်လာကြသည့် အတွက် ကိုလိုနီခေတ်ဟောင်း အဆောက်အဦများ ဖြိုချဖျက်ဆီးခံနေရသည့် ရန်ကုန်မြို့ပြ၏ ဒဏ္ဍာရီသစ်တွင် ထိတ်လန့်အံ့သြဖွယ်ရာ ဈေးနှုန်းများက အစိတ်အပိုင်းတခု ခပ်မြန်မြန်ဖြစ်လာသည်။ အချို့နေရာများတွင် ရုံးခန်းငှားခ ဈေးနှုန်းသည် အလွန်ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် “ပထမကမ္ဘာနိုင်ငံ” မြို့ကြီးများမှ ဈေးနှုန်းများထက် ကျော်လွန်၍ နေသည်။

ရန်ကုန်တွင် အနည်းအကျဉ်းသာရှိသည့် ရုံးခန်းဖွင့်ရန် သင့်တော်သော Sakura Tower နှင့် Center Point တို့ကဲ့သို့သော နေရာများတွင် ငှားရမ်းခက တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ အတွင်းတွင်ရှိသည်။ Sakura Tower မှ လမ်းတဖက်တွင် ရွှေတောင်ဖွံ့ဖြိုးရေး ဆောက်လုပ်ရေးကုမ္ပဏီက နံဘေးမှ နာမည်ကျော် ကုန်သည်ကြီးများ ဟိုတယ်ထက် မြင့်မားမည့် ဘက်စုံသုံးအဆောက်အဦးတခု တည်ဆောက်နေသည်။ ရုံးခန်းများ ဖွင့်လှစ်ရန် အထပ် ၁၄ ထပ်ပါဝင်မည့် ထိုအဆောက်အဦးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထဲမှ အကြီး မားဆုံးမှာ ဗီယက်နမ် လုပ်ငန်းစု တခုမှ တာဝန်ယူတည်ဆောက်မည့် ရုံးခန်းများ၊ ဟိုတယ်၊ လူနေအိမ်ခန်း များနှင့် ဈေးဆိုင်ခန်းများပါဝင်သော အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် စီမံကိန်းတခု ဖြစ်သည်။ ထိုစီမံကိန်းသည် ဆီဒိုးနား ဟိုတယ်ဘေးတွင်ရှိပြီး ၂၀၁၇ မတိုင်မီ ပြီးစီးရန် မလွယ်ကူပေ။

ရေရှည်ကို စဉ်းစားကြည့်လိုက်လျှင်မူ ရုံးခန်းနေရာ လိုအပ်မှုတဟုန်ထိုး တိုးတက်လာသည်နှင့်အမျှ မြင့်မားလာသော ဈေးနှုန်းနှင့် အားကောင်းလာသော ၀ယ်လိုအားကြောင့် လုပ်ငန်းရှင်များ အလုအယက် ၀င်ရောက် ရင်းနှီးမြှုပ်နှံလာကြလျှင် ဈေးနှုန်းများ ကျဆင်းသွားနိုင်သည်ဟု Power 7 အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မေထက်အောင် ကပြောသည်။

“ဈေးတွေက စတုရန်း တပေကို ဒေါ်လာ ၅၀ လောက်၊ ဒါမှမဟုတ် အဲဒီအောက်ကို ကျသွားမယ်လို့ မျှော်လင့်ပါတယ်၊ တည်ဆောက်ဆဲ လုပ်ငန်းတွေပြီးသွားရင် ရုံးခန်းနေရာတွေ အများကြီးရှိလာမှာပါ” ဟု သူကဆိုသည်။

လက်ရှိအချိန်တွင် နေရာရှားပါးမှု အခက်အခဲက အာရှ၏ နောက်ဆုံးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးဈေးကွက် တခုအဖြစ်မှ ဖွံ့ဖြိုးမှုအတွက် အလားအလာအကောင်းဆုံး ဖြစ်လာနေသည့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးကို နှေးကွေးသွားစေနိုင်သည်။

“နိုင်ငံခြားက ဆေးကုမ္ပဏီကြီးတခု ကျမဆီလာပြီး ရုံးခန်းနေရာရှာတယ်၊ ဒါပေမယ့် ဈေးနှုန်းတွေ အရမ်းမြင့်နေတာကို လည်း မြင်လိုက်တော့ မငှားတော့ဘူးလို့ ပြောတယ်၊ မြန်မာနိုင်ငံမှာ လုပ်ငန်းလာလုပ်ဖို့ကိုလည်း ရွှေ့ဆိုင်းလိုက်တယ်တဲ့” ဟု ဒေါ်မေထက်အောင် ကပြန်ပြောပြသည်။

ဒီလိုဖြစ်ရပ်မျိုးက တကြိမ်တခါထဲ မကပါ။ “ကုမ္ပဏီကြီး နှစ်ခု၊ သုံးခု လောက် ဒီလိုပဲ ပြန်သွားကြတာ ကျမ ကြုံခဲ့ရတယ်” ဟု သူက ညည်းတွားသည်။

ရန်ကုန်မြို့ရှိ ဂျပန် ပင်လယ်ရပ်ခြား ကုန်သွယ်ရေးရုံးတရုံးမှ အကြီးအကဲ Masaki Takahara က သူ၏ နိုင်ငံမှ ငွေကြေး ကြွယ်ဝသူများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်ရှိနေ ကြသော်လည်း အခြေခံအဆောက်အအုံ အားနည်းမှုများကြောင့် နောက်ပြန်ဆုတ်သွားနိုင်ကြောင်း ပြောသည်။ ဂျပန်နိုင်ငံသည် မကြာသေးမီကမှ ရန်ကုန်မြို့အနီးရှိ သီလ၀ါတွင် စက်မှုဇုန်နှင့် ဆိပ်ကမ်းတည်ဆောက်ရန် ဂျပန်ယန်းငွေ ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း၂၀၀ နီးပါး) ရင်းနှီးမြှုပ်နှံ သွားမည်ဟု ကတိပြုခဲ့သည်။

“လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံပိုင်းမှာ မပြည့်စုံတာတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူကဆိုသည်။

ဂျပန်တို့ ရောက်ရှိလာခြင်းသည် သီလ၀ါဇုန်ကို လူသိများစေခြင်း အကြောင်းတခုသာမကဘဲ မြန်မာနိုင်ငံ၏ ပြတ်တောင်း ပြတ်တောင်း လျှပ်စစ်ဓာတ်အားပေး စနစ်ကို အားဖြည့်ပေးရန်နှင့် လမ်းများကို အဆင့်မြှင့်ပေးရန် ရည်ရွယ်ချက်များလည်း ရှိနေသည်။ အရေးပါသည့် ထိုပြဿနာနှစ်ခု ပြေလည်သွားလျှင် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ကျစားရိတ် လျော့ကျ စေမည့်အပြင် တက်ချင်တိုင်းတက်နေသည့် ရန်ကုန်မြို့မှ အိမ်ခြံမြေဈေးနှုန်းများ ကို မျှတသွားအောင် ချိန်ညှိပေးနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် စွန့်စားချင်သည့် လုပ်ငန်းတခုက ရန်ကုန်မြို့တွင် ရှားပါးနေသော ရုံးခန်းနေရာပြဿနာကို ဖြေရှင်းရန် အတွက် ဧရိယာစတုရန်းမီတာ ၃၀၀ ခန့်ရှိသည့် အခန်းငယ်များကို ရုံးခန်းဖွင့်လှစ်လိုသည့် ကုမ္ပဏီများသို့ ငှားရမ်းပေး နေသည်။

အဆိုပါလုပ်ငန်း၏ တွဲဖက်ကုမ္ပဏီအဖြစ်လုပ်ကိုင်နေသော Myanmar Access မှ Marc Rudolf von Rohr က ဒေသခံ မြန်မာလုပ်ငန်းရှင်များက ရုံးခန်းနေရာနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအတွက် အကြို သဘော လာရောက် စူးစမ်းလေ့လာသည့် နိုင်ငံခြားသားများ တည်းခိုနေထိုင်လေ့ရှိသည့် နေရာများကို ပိုပြီး စိတ်ဝင်စားလာကြကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“အစပိုင်းမှာတော့ ကျနော် အံ့သြသွားပါတယ်။ မြန်မာကုမ္ပဏီတွေရဲ့ ရုံးချုပ်တွေက ရန်ကုန်မြို့ တခြားနေရာတွေမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဟိုတယ်တွေနဲ့ နီးတဲ့နေရာနဲ့ မြို့လယ်မှာ ရှာလာကြ တယ်၊ ဒါမှလည်း နိုင်ငံခြားသား လုပ်ငန်းရှင် တွေနဲ့ လွယ်လွယ်ကူကူ တွေ့နိုင်မယ်လေ” ဟု Marc Rudolf von Rohr ကပြောသည်။

နိုင်ငံခြားစီးပွားရေး လုပ်ငန်းအမြောက်အများသည် မြန်မာနိုင်ငံတွင် အခွင့်အလမ်း လာရောက်ရှာဖွေ ကြသည့် အဆင့်မှာသာ ရှိနေသေးပြီး သူတို့ ပုဂ္ဂိုလ်ရေးလိုအပ်ချက်နှင့် ကိုက်ညီသည့် နေရာတွေ့လျှင် ယာယီ ငှားရမ်းနေထိုင်ကြသည်။ “သူတို့ လာတယ်၊ ဆွေးနွေးမှုတွေ လုပ်တယ်၊ လျှောက်ကြည့်တယ်၊ လုပ်ငန်းကို မြန်မြန်ဆန်ဆန်ကြီး စဖို့ မလိုသေးတာမျိုးက ရှိတတ်ပါတယ်” ဟု Marc Rudolf von Rohr ကပြောသည်။

နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နှေးကွေးသလို ဖြစ်နေရသည့် အကြောင်းမှာ လျှပ်စစ်ဓာတ်အားကဲ့သို့ မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖြည့်တင်းပေးနိုင်ရန် မသေချာ မှုများ ရှိနေခြင်းကြောင့်သာမက အဓိက လိုအပ်ချက်ဖြစ်သော ရုံးခန်းနေရာ ခပ်ကျဉ်းကျဉ်း နေရာမျိုးကိုပင် ခက်ခဲနေရခြင်း ကြောင့်လည်း ဖြစ်သည်။

“အဆင်ပြေတဲ့ နေရာတခုကို ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ရနိုင်ဖို့က တကယ်ကိုမလွယ်ပါဘူး၊ လျှပ်စစ်မီး နဲ့ အင်တာနက် မှန်မှန်ရဖို့လိုတယ်၊ ငှားရမ်းစာချုပ်ကလည်း ခိုင်မာဖို့လိုတယ်၊ အခုထိတော့ နေရာတော်တော် များများဟာ မပြည့်စုံကြ သေးဘူး” ဟု Marc Rudolf von Rohr ကပြောသည်။

ထို့ပြင် နေစရာ အိမ်ငှားရမ်းလိုသူများအတွက်လည်း သင့်တော်သည့် နေရာတခုရရှိရန်မှာ ကျော်ဖြတ်ရမည့် စမ်းသပ်ချက် တခုဖြစ်ပြီး စိတ်ရှည်ဖို့လည်း လိုသည်။

ကနေဒါနိုင်ငံသား Emmanuel Jaquet သည် ရန်ကုန်တွင် ၁၀ လ ကျော်ကြာနေထိုင်ခဲ့ပြီး ဖြစ်သည်။ သူနှင့် သူ၏အဖော်တို့ တတ်နိုင်သည့် ဈေးနှုန်း အတွင်းတွင် ရှိသည့် တိုက်ခန်းတခု မငှားရမ်းမီ နေရာ ၁၅ ခုခန့် လိုက်ရှာကြည့်ခဲ့ရသည်ဟု သူက ပြောပြသည်။

“ကျနော်တို့က တလကို ဒေါ်လာ ၁၀၀၀ လောက်ပဲ စပ်တူသုံးပြီးငှားမှာ၊ ကျနော့် မိန်းကလေးကတော့ နေရာတော်တော်များများ ကြည့်ခဲ့တယ်။ ဒါပေမယ့် တချို့တွေက ဆောက်လို့ မပြီးသေးဘူး၊ တချို့နေရာ တွေက ညစ်ပတ်တယ်၊ လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းပစ္စယလည်း မစုံလင်ဘူး။ ဒါတောင်မှ သူတို့ တောင်းတဲ့ဈေးတွေက ရူးချင်စရာပဲ” ဟု Jaquet က ဆိုသည်။

သူတို့စုံတွဲ၏ နေရာရှာဖွေခြင်း စွန့်စားခန်းတွင် အများနှင့် မတူ တမူထူးခြားသည့် အိမ်တွင်းပြင်ဆင်မှု ပုံစံတွေလည်းတွေ့ခဲ့ ရသေးသည်။ “မီးဖိုခန်းထဲမှာ ရေချိုးခန်းသုံးတဲ့ ရေပန်း တပ်ထားတာလည်း ကျနော်တို့ တနေရာမှာ တွေ့ခဲ့ရသေးတယ်” ဟု သူက ပြောပြသည်။

နောက်ဆုံးတွင် သင့်တော်သည့်နေရာတခု ရခဲ့သော်လည်း Jaquet က သူတို့ စုံတွဲအတွက် ပြဿနာတွေက မဆုံးသေး ပါကြောင်း ပြောသည်။ “ကျနော်တို့ဆီက တနှစ်စာအတွက် ကြိုတင်ငွေရတော့ အိမ်ရှင်ကပျော်နေတယ်၊ ဒါပေမယ့် ပြင်စရာက နည်းနည်း ကျန်နေတယ်၊ အဲဒီအတွက် ရက်သတ္တပတ် နည်းနည်းလောက် ထပ်စောင့်ရမယ်တဲ့။ နောက်ဆုံး တော့ ပြင်စရာရှိတာ ကိုယ်ဖာသာပဲ ပြင်ဖို့ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့မှ အိမ်ရှင်ဆီကို ကျသင့်ငွေ ဘောက်ချာ ပို့ပေးလိုက်တယ်လေ” ထိုသို့သော ဖြစ်ရပ်မျိုးမှာ ရန်ကုန်ကိုရောက်လာကြသော နိုင်ငံခြားသား အိမ်ငှားများကြားတွင် အမြောက်အများ ရှိသည်။ Power 7 အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မေထက်အောင်က တနှစ် အတွင်းတွင်မှာပင် အကြိမ် တော်တော်များများ တွေ့ခဲ့ရသည်ဟု ဆို၏။

ရန်ကုန်တွင် အိမ်ရှင်များက စံသတ်မှတ်ချက်တခုသဖွယ် ကျင့်သုံးနေကြသည့် အလေ့အထတခုလည်း ရှိသေးသည်။ အိမ်ရှင်များက တနှစ်စာ ကြိုတင်ငွေကို အပြည့်အ၀ လိုချင်ကြသည်။ အကယ်၍ ငှားရမ်းသူက တနှစ်မပြည့်မီ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရမည့် အကြောင်းမျိုးရှိလာလျှင်ပင် ကျန်ငွေကို ပြန်လည်ရရှိရန် အခွင့်အလမ်း အလွန်နည်းသည်။ အိမ်ရှင် အများစုနှင့်ပတ်သက်၍ ဒေါ်မေထက်အောင်က သက်ပြင်းချရင်း “သူတို့ တွေက အိမ်ငှားတာကို စီးပွားရေးလုပ်ငန်း တခု လုပ်တယ်လို့ သဘောထားကြတာ မဟုတ်ဘူး၊ သူတို့လိုချင်တာက ပိုက်ဆံတခုပဲ” ဟုဆိုသည်။

သူ၏ ကုမ္ပဏီ အနေဖြင့် ယခု နွေရာသီတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းနိုင်သည့် အခြေအနေများ ဖြစ်အောင် စီစဉ်နေသည်ဟု သိရသည်။ “အိမ်ရှင်ရော အိမ်ငှားကိုပါ အတူရှိအောင် ခေါ်နိုင်ဖို့ ကြိုးစားမယ်” ဟု ဒေါ်မေထက်အောင်က ပြောသည်။ သို့သော်လည်း တလချင်းသာ ပိုက်ဆံကောက်ယူရန်နှင့် ငှားရမ်းမှု အဆုံးသတ်မည့်အခါတွင် တလ ကြိုတင်၍ အသိပေးရန် အစရှိသည့် သတ်မှတ်ချက်များကို အိမ်ရှင်များဖက်က လက်ခံဆောင်ရွက်ကြရန် ဖြစ်လာနိုင်ခြင်း ရှိမရှိကို သူ ပြောနိုင်ခြင်း မရှိပေ။ “ကျမတို့ နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဈေးကွက် အနေအထားကို တိုးတက်လာအောင်လုပ်ဖို့ လိုပါတယ်” ဟု သာ ပြောသည်။

လတ်တလောတွင်မူ မည်သို့သော သတ်မှတ်ချက်တွေ ရှိနေသည်ဖြစ်စေ နိုင်ငံခြားသားများ၏ လိုအပ်ချက်များအတိုင်း ၀န်ဆောင်ပေးနိုင်ရန်၊ သင့်လျော်သော နေရာရနိုင်လျှင် အကျိုးအမြတ်ရရှိဖို့က သေချာနေသည်။ ရန်ကုန်တွင် နိုင်ငံခြား သားများ အတွက် တိုက်ခန်းငှားခမှာ တလလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် ၄၀၀၀ ကြားတွင်ရှိသည်ဟု ဒေါ်မေထက် အောင်ကပြောသည်။ အချို့နေရာများတွင် တလအတွက် ဒေါ်လာ၂၀၀၀၀ ခန့်ပေးကြရသည်ဟုလည်း သူက ထပ်ပြောသည်။

“ဟုတ်တယ်၊ ကုမ္ပဏီကြီးတွေ နဲ့ ရေနံကုမ္ပဏီတွေပေါ့၊ သူတို့ကတော့ ၀န်ထမ်းတွေအတွက် အဲဒီလောက် သုံးနိုင်ကြတယ် လေ” ဟု ဒေါ်မေထက်အောင်က တိုက်ခန်းတခန်းကို တလ ဒေါ်လာ ၂၀၀၀၀ ပေးငှားသည့် ကိစ္စကို ရှင်းပြသည်။

နေရာတွေ များလာပါက အခုလိုတက်နေသည့် ဈေးနှုန်းတွေ ကျဆင်းသွားလိမ့်မည်ဟု ပြောနိုင်ဖို့က မသေချာသေး။ သေချာသည့် အချက်က ရန်ကုန်တွင် ရုံးခန်းဖွင့်ရန် နှင့် လူနေထိုင်ရန် နေရာတွေ အလွန်အမင်း လိုအပ်နေသည် ဆိုခြင်းသာ ဖြစ်ပါသည်။ လအတန်ကြာ သို့မဟုတ် ထို့ထက်ပို၍ ကာလရှည်ကြာစွာ နေထိုင်နိုင်မည့် နေရာထိုင်ခင်းရှိဖို့ လိုသည်။ တိုးပြီးလာနေကြသည့် ကမ္ဘာလှည့် ခရီးသွားတွေ အတွက်လည်း ဟိုတယ်ခန်းတွေလိုနေသည်။

အစိုးရ တာဝန်ရှိသူများက ရာစုနှစ် အလယ်ပိုင်းတွင် လူဦးရေ ၁၀ သန်း ကျော် နေထိုင်နိုင်မည့် “မဟာမြို့ကြီး” ဖြစ်လာမည်ဟု ပြောဆိုကြသည့် ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် သမိုင်း၏ အငွေ့အသက်များ၊ သမိုင်းဝင် အဆောက်အဦ များသည် အောက်ခြေကနေဖြိုလှဲခံရတော့မည့် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် မြို့ပြစီမံကိန်း နှင့် ပြန်လည်နေရာချထားမှု အစီအစဉ်များ အားနည်းသည့်အတွက် ဗိသုကာလက်ရာ မြောက်ပြီး ပေါ်လွင်ထူးခြားသည့် အဆောက်အဦများနေရာတွင် မှန်အပြည့်ကာသည့် ဈေးဆိုင်ကြီးများ၊ အကျည်းတန်သည့် အထပ်မြင့်တိုက်ကြီးများနှင့် အစားထိုးခဲ့ခြင်းများ ရှိခဲ့သည်။

The Yangon Heritage Trust (YHT) သည် မြို့တော်၏ ဖြိုဖျက်ခံရတော့မည့် ကိုလိုနီခေတ်လက်ရာ အဆောက် အဦးကြီးများကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်ရန် ဦးဆောင်အားထုတ်နေသည့် အဖွဲ့ဖြစ်သည်။

YHT ၏ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က အဖွဲ့အနေဖြင့် အရေးတကြီးလိုအပ်နေသော အိမ်ယာများ၊ စီးပွားရေး အဆောက်အဦးများ တည်ဆောက်နေမှုကို ကန့်ကွက်တားဆီးရန် မရှိသော်လည်း ထိုသို့ ဆောက်လုပ်နိုင်ရန်အတွက် ဗြိတိသျှတို့ တောင်အာရှ အင်ပါယာ တည်ထောင်နိုင်ခဲ့စဉ်က ရောမနှင့် ဂရိရှေးဟောင်း ဂန္တဝင်ပုံစံကို အခြေခံကာ တည်ဆောက်ထားခဲ့သည့် ၀ိတိုရိယနှင့် အက်ဒွပ် ခေတ်လက်ရာ အဆောက်အဦးများ ဖျက်ဆီးဖယ်ရှားခံရပြီး ရန်ကုန်၏ ၀ိဥာဉ်ပျောက်ဆုံးသွားမည်ကိုတော့ စိုးရိမ်ကြောင်း ပြောသည်။

ထိုအဆောက်အဦးများသည် ကိုလိုနီခေတ်၏ အမွေအနှစ်များ ဖြစ်သည့်အတွက် ဖျက်ဆီးပစ်သင့်သည် ဆိုသော အမြင်သ ဘောထားများ ကိုလည်း ဒေါ်မိုးမိုးလွင်က “အဲဒီလို ပြောမယ်ဆိုရင် ဒီမှာ မွန်ရိုးရာ အဆောက်အဦးတွေပဲ ရှိသင့်ပါ တယ်၊ ဒီနေရာကို ဗမာတွေ မသိမ်းပိုက်ခင်က မွန်တွေရဲ့ နေရာလေ” ဟု ပယ်ချခဲ့သည်။

ဗိသုကာပညာရှင်တယောက်လည်း ဖြစ်သော ဒေါ်မိုးမိုးလွင်က ဗြိတိသျှတို့ ဆောက်လုပ်ခဲ့သည့် အဆောက်အဦးကြီးများ ဖြစ်သော ယခုအခါ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးပြုလုပ်ထားသည့် မြို့တော်ခန်းမ နှင့် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် အတွင်းဝန်ရုံး တို့နှင့် ပတ်သက်၍ လည်း “ဒီ အဆောက်အဦးတွေက ကျမတို့ရဲ့ သမိုင်းဖြစ်စဉ်ထဲက နေရာတွေပါ” ဟုဆိုသည်။

လိုအပ်ချက်များအရ အိမ်ယာများ၊ ရုံးခန်းများနှင့် ဟိုတယ်များ အသစ်တိုးချဲ့တည်ဆောက်နေရခြင်း နှင့် ရှေးဟောင်း အမွေ အနှစ်ထိန်းသိမ်းရေး တို့ကြားတွင် ဟန်ချက်ညီသော အခြေအနေတရပ် ဖြစ်ထွန်းလာနိုင်ရေးအတွက် မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်သည့် အခါတွင် ကဏ္ဍအသီးသီးမှ ပါဝင်သည့် ဆန်းစစ်ဝေဖန်ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်း တည်ထောင်ရန် မြို့တော် အာဏာပိုင်များကို ဆွဲဆောင်တိုက်တွန်းနိုင်လိမ့်မည်ဟု YHT က မျှော်လင့်ထားသည်။

သို့သော်လည်း အငြင်းပွားဖွယ်ရာ စီမံကိန်းတခုက ပြည်သူ့ဥယျာဉ် ပန်းခြံအတွင်းတွင် သုံးထပ် ဈေးဝယ်စန်တာကြီးတခု ဆောက်လုပ်နေခြင်းပင်။ မလှမ်းမကမ်းတွင် ရှိနေသည့် ရွှေတိဂုံစေတီတော်ကို အနီရောင် သံမဏိတန်းကြီးများ ကြားမှကြည့်နေရသည့် မြင်ကွင်းက တချို့တွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းနေသည်။

“ပန်းခြံထဲက မြေမြေနေရာက အများပြည်သူအတွက်ပဲ ဖြစ်ရပါမယ်၊ ပုဂ္ဂလိက ကုမ္ပဏီ တခုအတွက် မဖြစ်သင့်ပါဘူး” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

ညနေစောင်းချိန်တွင် ပန်းခြံထဲတွင် ပန်းခြုံများအောက်တွင် ဟိုတစုဒီတစု ထိုင်ကာ နေ၀င်ချိန်ကို အကာအကွယ်ယူရင်း စုံတွဲများ တယောက်ကို တယောက် ပွတ်သီးပွတ်သပ်လုပ်နေကြသည်။ အုပ်ထိန်းသူများနှင့်အတူ ရောက်လာကြသည့် ကလေးငယ်များက ဟိုမှာဒီမှာ ပြေးလွှားဘောလုံး ကစားနေကြသည်။ ရံဖန်ရံခါ မိခင်များ အော်ဟစ် ဆူပူခြင်းတတ်ကြ၏။ တခြားတဖက်မှာကား တကျီကျီ အော်မြည်နေသည့် ငှက်သံများကို အကာအကွယ် မပါဘဲ အလုပ်လုပ်နေသည့် အလုပ်သမားများဆီမှ ကျောက်စက်တိုက်သံများက ဖုံးလွှမ်းထား၏။ အမှောင်ဝင်လာစ ညနေခင်း တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီမှ ဂဟေဆော်နေသည့် မီးပန်း တွေကလည်း တဖျတ်ဖျတ် လက်နေသည်။

သူ၏ ချစ်သူနှင့်အတူ ညနေခင်း အပန်းဖြေ လမ်းလျှောက်ထွက်လာသော ရန်ကုန်မြို့ခံ ကိုကျော်ဇင်မင်းက အသစ်တည် ဆောက်မည့် ဈေးဝယ်စန်တာကြီး ဒီနေရာမှာ ရှိသင့်၊ မရှိသင့်ကို သူ သေသေချာချာ မပြောတတ်ဟု ဆိုသည်။

“အဲဒါက တကယ့် အထင်ကရ အထွဋ်အမြတ် နေရာတခုနဲ့ နီးလွန်းနေတယ်” ဟု ရွှေတိဂုံစေတီကြီးကို ရည်ညွှန်း၍ သူက ပြောသည်။ ထို့နောက် စဉ်းစားဟန်ဖြင့် ရပ်လိုက်ပြီး “ဒါပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုး တိုးတက်ဖို့ လိုနေတယ်လေ” ဟု ကိုကျော်ဇင်မင်းက ထပ်ပြောလိုက်သည်။

ထိုအချက်က ရန်ကုန်မြို့တော် ရှာဖွေဖို့ လိုအပ်နေသည့် ဟန်ချက်ညီမျှမှု ဖြစ်သည်။ အဆောက်အဦး သစ်များ ဖွံ့ဖြိုးများပြားလာခြင်းနှင့်အတူ ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထားသူတို့က ရန်ကုန်မြို့ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်နေခြင်းမှာ အလွန်သင့်လျော်သော အချက်ပင် ဖြစ်တော့သည်။

(Simon Roughneen ၏ Property boom fuels Yangon’s skyward climb ကို နိုင်မင်းသွင် ဘာသာ ပြန် သည်။)

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_7052.html

ကရင့် အမျိုးသား တပ်မတော် တခုထဲ ဖြစ်ရေး သုံးပွင့်ဆိုင် ဆွေးနွေး

ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA) (၃) ဖွဲ့တို့သည် တခုတည်းသော ကရင် အမျိုးသား တပ်မတော် ဖြစ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် သဘော တူခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက် ခဲ့သော KNU မှ ပဒိုဖေါဒို့က ဆိုပါသည်။


“ ဒီနေ့ (၁၂) နာရီလောက်မှာ မြ၀တီမှာ ဆွေးနွေးကြပါတယ်။ ကရင် လူမျိုးအတွက် အဓိက အရေးကြီးတဲ့ သဘောတူညီ ချက် (၂) ချက် ရသွားကြပါပြီး။ ဒီအဖွဲ့တွေဟာ တချိန်တုန်းက မိခင် ပါတီ ဖြစ်တဲ့ KNU အဖွဲ့က ချည်းပါဘဲ။ ဒီအချိန်မှာ သွေးစည်း ညီညွတ်ဖို့ အချိန်တန်ပြီး။ ဒါမှ မဟုတ်ရင် သူများနဲ့ ရင်ဘောင် တန်းဖို့ နောက်ကျ နေပါလိမ့်မယ်” ဟုဆိုပါသည်။

သုံးပွင့်ဆိုင် အဖွဲ့၏ သဘော တူညီချက်များမှာ (၁) တခုတည်းသော နိုင်ငံရေး ရပ်တည်ချက် ဖြစ်ရေး နှင့် တခုတည်း တပ်မတော် ဖြစ်ရေးကို သဘော တူခဲ့ကြပါသည်။

တက်ရောက် ဆွေးနွေးခဲ့သော KNU ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်ပြီး၊ ပဒို စောရော်ဂျာခင်၊ ပဒို မန်းငြိမ်းမောင်၊ ပဒိုဖေါဒို့ နှင့် စောသာဒို့မှူး တို့ဖြစ်ပါသည်။

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးချုပ် ကျော်သက် ဦးဆောင်ပြီး ဗိုလ်မှူး သရီထူးနှင့် အဖွဲ့ဝင်တို့ဖြစ်ပါသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA) မှ ကိုယ်စားလှယ်များမှာ စောရင်နု ခေါင်းဆောင်ပြီး စောမောင်ဖလိုင်း နှင့် အဖွဲ့ဝင် များက တက်ရောက် ခဲ့ပါသည်။

ဤအဖွဲ့များသည် ယခင်က KNU မိခင် အဖွဲ့အစည်း ၀င်များ ဖြစ်ကြပါသည်။ DKBA သည် (၁၉၉၄)ခုနှစ်တွင် မိခင် KNU မှ ခွဲထွက် ခဲ့သလို KNLA သည်လည်း ပထမအကြိမ် အစိုးရနှင့် KNU တို့ တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေသည့် နောက်ပိုင်း၌ အပစ် ရပ်ခဲ့ကြပါသည်။

KNU သည် ၂၀၁၂ ခုနှစ် ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ဤအချိန်မှ စပြီး အမျိုးသား ပြန်လည် စည်းလုံးရေး အတွက် ဦးတည် ဆောက်ရွက် ခဲ့သလို ကွဲထွက် သွားခဲ့ကြသော ကရင် အမျိုးသား တပ်မတော် များကိုလည်း ပြန်လည် စုစည်းရန် ကြိုးပမ်းခဲ့ပါသည်။

လက်ရှိ အခြေအနေသို့ ရောက်ရှိ လာရန် KNU သည် DKBA နှင့်လည်းကောင်း၊ KNLA နှင့်လည်းကောင်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ကရင် တမျိုးသားလုံးနှင့် ဆိုင်သော ရေးရာနှီးနှော ဖလှယ် ပွဲများကိုလည်း အကြိမ်ကြိမ် ကျင်းပခဲ့ပါသည်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_3065.html

ပညာကြိုးစားကြရန် လူငယ်များကို အဆိုတော် ချမ်းချမ်း တိုက်တွန်း



နိုင်ငံတစ်ခုကို ဦးဆောင်မည့်သူသည် ပညာတတ် ဖြစ်ရမည်ဖြစ်ပြီး လူငယ်များအနေဖြင့် ပညာ ကြိုးစားကြရန် နာမည်ကျော် ပေါ့ပ် အဆိုတော် ချမ်းချမ်းက ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ ၏ ဘ၀မြှင့်တင်ရေး ရံပုံငွေ အနုပညာဖျော်ဖြေပွဲ ယနေ့ပြုလုပ် သည့် သတင်းရှင်းလင်းပွဲတစ်ခု၌ ပြောကြား သွားခဲ့သည်။


ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star Hotal တွင် ပြုလုပ်သည့် ယင်းသတင်းစာရှင်း လင်းပွဲတွင် ချမ်းချမ်းက “အနာ ဂတ်ဦးဆောင်မယ့် လူတွေက လူငယ်တွေပဲလေ၊ ဆိုတော့ သူတို့ရဲ့ ပညာရေးက အဓိကကျတယ်။ ပညာမတတ်ဘဲ နိုင်ငံတစ်ခု ကို ဦးဆောင်လို့ မရဘူး။ ပညာမတတ်ရင် အတွေးမခေါ် မတတ်ဘူး။ အမြင်မကျယ်ဘူး”ဟု သတင်းထောက်များကို ပြောဆိုခဲ့ သည်။

ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ၏ ဘ၀မြှင့်တင်ရေးရံပုံငွေ အနုပညာဖျော်ဖြေပွဲကို လာမည့် သြဂုတ်လ ၂ရက်နေ့တွင် ပြု လုပ်ကျင်းပမည်ဖြစ်ပြီး အဆိုတော်တစ်ဦးအနေဖြင့် သီချင်းဖျော်ဖြေ သီဆိုခွင့်ရမည့်အပေါ် ကျေနပ်ကြောင်းလည်း ချမ်းချမ်းက ဆက်ပြောသည်။

ထို့အပြင် ကျင်းပသွားရန်ရှိသည် ၎င်းရန်ပုံငွေ အနုပညာဖျော်ဖြေပွဲတွင် အခြား အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် လူရွှင်တော်များလည်း ပါဝင်တင်ဆက်ရန် ရှိကြောင်းလည်း ပွဲစီစဉ်သူများက ပြောသည်။

ဖျော်ဖြေပွဲမှ ရရှိလာသော အလှူငွေများကို ဖွံ့ဖြိုးမှု နည်းပါးသည့်ဒေသများနှင့် ငြိမ်းချမ်းရေး ရယူပြီးသော ဒေသများ၊ ပဋိပက္ခဖြစ် စဉ်များကြောင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရသော ဒေသများရှိ ကျောင်းသားများအား အရေအတွက်တစ်ခု သတ် မှတ်၍ ပညာသင်ထောက်ပံ့မှုများကို ဆောင်ရွက်သွား မည်ဟု သိရသည်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_7391.html

ဒေါ်ဘောက်ဂျာ အမှု ရုံးချိန်း ထပ်ပေးလိုက်၊ အာမခံ မလျှောက်သေး

အမျိုးသားဒိမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ပထမဆုံးအကြိမ် ရုံးချိန်းတွင် အမှုတွဲများကိုသာ ဖတ်ပြပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးလိုက်သည် ဟု ဖားကန့်မြို့နယ် NDF ဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။


လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင် ထားမှု တို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်မြို့နယ်တရားသူကြီးက ဖတ်ပြ၍ ထိုသို့ ရုံးချိန်း ပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့က ဘာမှ မစစ်ဆေးဘူး။ အမှုတွဲ ဖတ်ပြပြီးတော့ ဒီလ ၃၁ ရက်နေ့ ရုံးချိန်း သတ်မှတ်ပေးလိုက် ပါတယ်။ ဒေါ်ဘောက်ဂျာက တရားရုံးမှာ သူ့ကိုစွဲထားတဲ့ ပုဒ်မ အမှုဖိုင်တွဲကို မိတ္တူကူးခွင့်ပြုဖို့ လျှောက်လွာ တင်းခိုင်းတယ်။ အာမခံရဖို့ ရှေ့နေရောက်မှ အာမခံ လျှောက်မယ်ဆိုတာပဲ ပြောတယ်” ဟု ဦးသန်းဦးက မဇ္စျိမကို ပြောသည်။

ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာသော ဒေါ်ဘောက်ဂျာသည် ကျန်းမာရေး ကောင်းမွန်နေကြောင်း ၎င်းက ဆက်ပြောသည်။၂၀၀၉ ကတည်းက ဒေါ်ဘောက်ဂျာကို ဖားကန့်မြို့နယ် ကျေးရွာ ဒေသခံတစ်ဦးအား ဆေးကုသပေးနေစဉ် သေဆုံးခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဟု ကားမိုင်းမြို့နယ်မှ ဒေသခံ တဦးနှင့် ကားမိုင်းရဲအုပ် နှစ်ဦးတို့က တရားလိုအဖြစ်ပြုလုပ်ပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာအား အစိုးရက မကြာခဏ ဖမ်းဆီးမည်ဆိုသော သတင်းများပေးကာ သတိနှင့် ရှောင်တိမ်း နေရမှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုတချိန်မှာမူ ဖမ်းဝရန်းထုတ်ခြင်း မရှိဘဲ မြစ်ကြီးနားမြို့ နေအိမ်မှ ရဲတပ်ဖွဲ့များက ယခုလ ၁၈ ရက်နေ့ညနေပိုင်းက လာရောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု နေပြည်တော်ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်းတန်းခဲ့ပြီးနောက် အမှုကို နှစ်ဘက် ကြေအေးမှု ယူကာ ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဒေါ်ဘောက်ဂျာမှာ ဖားကန့်မြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်မြေများအား ယုဇနကုမ္ပဏီမှ သိမ်းယူ ထားမှုကို ကုမ္ပဏီအား တရားစွဲဆိုရာတွင် တောင်သူများဘက်မှ ကူညီပေးခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်ကလည်း အမေရိကန်အခြေစိုက် NED အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိ လာပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့် တွေ့ဆုံ၍ ကချင် ပြည်နယ် အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ဖူးသည်။

Credit : http://abbsoluteright.blogspot.com/

မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ



ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့်အထိမ်း အမှတ် အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက် နေ့ ဖြစ်သည့် ဆရာတော် ဦးဝီရသူ တရားပွဲညတွင် ပေါက်ကွဲခဲ့သည့်ဗုံးမှာ သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ်ဗုံးဟု ယူဆကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။


အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/ မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ည ၉ နာရီ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားဒေါက်တာတင်မြင့်ပိုင် ၇က/ ၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့်ရှေ့ယာဘီးတို့ ဘီးပေါက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးဦးစိုးညိမ်းက ''ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ယာဉ်အနီးကနေ သံကြွပ်အစငယ် လေးခုခန့် တွေ့ရှိခဲ့တယ်။ ယာဉ်ရဲ့ ယာဘက်နောက်တံခါးမှာ အစငယ်အချို့ ထိမှန်ထားတဲ့အရာ ၃/၄ ချက်ခန့် ထိမှန်တာကြောင့် ယာဉ်အောက်မှာရှိတဲ့ ဆီတိုင်ကီ အနည်းငယ်ပေါက်ပြီး ဆီယိုစိမ့်နေတာကို တွေ့ရှိခဲ့တယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာဖွယ်ရာ အခြေအနေရှိသူတွေကို စုံစမ်းဖို့ မြို့ဝင်/မြို့ထွက် ထူးခြားမှုတွေကို စောင့်ကြည့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ စုဖွဲ့ပိတ်ဆို့ ဆောင်ရွက်နေပါတယ်'' ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ကိုရင်ရှင်ပညာသာမိ၊ မြတောင်ကျောင်းတိုက် ယာခြေသလုံးပွန်းပဲ့ဒဏ်ရာ၊ မပန်းနုအောင် ၂၄ နှစ် ယာခြေသန်း ပွန်းပဲ့ဒဏ်ရာ၊ဒေါ်အေးခင် ၄၆ နှစ် ၀ဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဦးကျော်ဦး ၃၆ နှစ် ၀မ်း ဗိုက်ယာဘက် ပွန်းရှဒဏ်ရာ၊အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး စကားမပြောတတ်(စိစစ်ဆဲ)မှာယာပေါင် ပေါက်ပြဲဒဏ်ရာများ ရရှိပြီး ဒေါ်အေးခင်မှာ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနှင့် ပတ်သက်၍ ဖြစ်စဉ်အနီးတွင် နေထိုင်သူ တစ်ဦးက ''ပထမ ကြားလိုက်ရတာက ၀ုန်းဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ တရားပွဲကလည်း မပြီးသေးဘူး။ မိုက်သံနဲ့ဆိုတော့ ပေါက်ကွဲသံက ပိုကျယ်တာကို သတိထားမိတယ်။ နိဗ္ဗာန်ဆော်က ကြေညာတာက ကားဘီးပေါက်တာလို့ ကြေညာပါတယ်။ နောက်မှ ဗုံးပေါက်တယ်ဆိုပြီး ရဲတပ်ဖွဲ့တွေနဲ့ စစ်သားတွေက လုံခြုံရေးနဲ့ ဗုံးရှင်းလင်းရေးတွေ လုပ်တာ တွေ့ရပါတယ်'' ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ပြောပြသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စအရ (၉၁၀) နှင့် တာဝန်ရှိသူများက ဆက်လက် စိစစ်ခဲ့ရာအခင်းဖြစ် ပွားသည့် အနီးပတ်ဝန်းကျင်တွင် နှစ်စင်တီမီတာခန့်ရှိ သံကြွပ်စ ၁၀ ခုခန့် ရှာဖွေတွေ့ရှိခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းရင်းမှာ သံကြွပ်စ ထည့်သွင်းပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲစေနိုင်သည့် ပစ္စည်းဖြင့် ပေါက်ကွဲမှုဖြစ်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ စစ်ဆေးချက် အရ သိရသည်။

''ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ တရားပွဲ ကျင်းပနေတာ မပြီးသေးဘူး။ ပေါက်ကွဲမှုကြောင့် တရားပွဲက ခဏရပ် နားသွားတယ်။ တရားနာလာတဲ့သူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ တချို့ပြန်သွားကြပြီး စိုးရိမ်စိတ် တွေကြောင့် ပြန်မလာကြတော့ဘူး။ တရားပွဲကတော့ ဆရာတော်က ရေစက်ချဖို့ ကျန်နေသေး တာကြောင့် ဆက်ပြီး ဟောသွားခဲ့ပါတယ်'' ဟု တရားနာ ပရိသတ်တစ်ဦးက ဆိုသည်။

''ပေါက်ကွဲမှု ဖြစ်သွားတဲ့ကားက သမီးဆရာဝန်မ အပြင်က ပြန်လာချိန်မှာ ရပ်နေကျ နေရာမှာပဲ ရပ်ထားခဲ့ တာပါ။ နေ့တိုင်း ဒီလိုပဲ ရပ်ထားနေကျလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ကားဘီးသုံးဘီး ပေါက်ပြီး တော့ ကားဘော်ဒီလည်း ထိခိုက်သွားတယ်။ အနီးနားမှာ ရှိနေတဲ့ လူငါးဦးလည်း ထိခိုက်ဒဏ်ရာတွေ ရသွားတာကို သိလိုက်ပါတယ်'' ဟု ပေါက်ကွဲမှု ဖြစ်ခဲ့ရသည့် ကားပိုင်ရှင်၏ မိခင်ဖြစ်သူက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

eleven media group

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်မပို့က အရှင်ဆန္ဒာဓိက ဆန္ဒထုတ်ဖော်မည်ဟုဆို



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၃၃ ခုနှစ် ကျောင်းသားဘဝက ရေးသားခဲ့သော ပါဠိ ဘာသာ မှတ်စုစာအုပ်ကို ရေနံချောင်းမြို့ တွင် ပြန်မထား ပါက ယင်းမြို့ဇာတိ ဆရာတော် အရှင်ဆန္ဒာဓိက ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ဆရာတော်၏ မိန့်ကြားချက် ကို ကိုးကား၍ဒေသခံများက ပြောကြားသည်။


ဆရာတော်က ဗိုလ်ချုပ် လက်ရေးမူကို ရေနံချောင်း မြို့တွင် ပြန်ထားရန် မိန့်ကြားသည်ကို အသံသွင်းထား သော စီဒီခွေများ လိုက်လံဖြန့်ဖြူးရင်း မြို့ခံလူထု၏ သဘောထား လက်မှတ်များကောက်ခံ သွားမည်ဖြစ် ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကျော်ဆန်းဦး က ဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူ ပြန်မထားပါက ရေနံချောင်းမြို့တွင် နှစ်စဉ် ပြုလုပ်သောရွှေပါရမီ ပညာရည်ချွန် ဆုပေး ပွဲသို့ ဆန္ဒထုတ်ဖော်သည့် အနေနှင့် ကြွမည် မဟုတ်သကဲ့သို့ ရေနံချောင်းမြို့ အထက (၁) ကျောင်းရှိသည့် နေရာ ကိုလည်း ခြေဦးလှည့်တော့မည်မဟုတ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

“ဒီလက်ရေးမူက အသည်းနှလုံးပေါင်း များစွာကို ကိုယ်စားပြုတာဆိုတော့ မြို့သူ မြို့သားအားလုံး၊ တစ်ဦး တစ်ယောက်မကျန်ရဲ့ အသည်းနှလုံးကို ဖြုတ်ယူသွားသလိုပါပဲ။ ဆိုတော့၊ အသည်းနှလုံးကို ချမ်းသာပေးပါ ပေါ့နော်” ဟု ဆရာတော်က မိန့်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ်ကို ရန်ကုန်မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်ပြတိုက်တွင် ပြသထား မည်ဖြစ်ပြီး လက်ရေးမူ မိတ္တူစာအုပ်ကိုသာ ရေနံချောင်းမြို့သို့ ပြန်ပို့မည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောကြားထားကြောင်း ဗိုလ်ချုပ်ကျောင်း (ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သည့် ကျောင်း) မူလတန်းကျောင်းအုပ် ဦးမင်းဟန် က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်မှာ ဆွေးမြည့်နေသဖြင့် ရေရှည် ထိန်းသိမ်းထားနိုင်ရေး အတွက် ရေနံချောင်းမြို့နယ် ပညာရေးမှူးနှင့် အထက (၁) ကျောင်းအုပ်ကြီးတို့က လှူဒါန်းခဲ့သည့်အတွက် (၆၆) နှစ် မြောက် အာဇာနည်နေ့တွင် မှတ်တမ်းတင်လောက်သည့် လှူဒါန်းမှုဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်မူမူထွန်းက “ငှားရမ်းတာကိုလည်း ခွင့်မပြုခဲ့ဘူး။ မိတ္တူကူးခွင့်ပြုပါဆိုတာကိုလည်း ခွင့်မပြုခဲ့ဘူး။ ပျက်စီးသွားမှာစိုးလို့။ စာရွက်ကလေးတွေက နှစ်ရှစ်ဆယ် လေ။ ခဏလေး ယူပြပါရစေဆိုတာကိုလည်း ခွင့်မပြုခဲ့ဘူး။ အဲဒါတွေ တစ်ခုမှ ခွင့်မပြုခဲ့ဘူး” ဟု ဆိုသည်။

ယင်းသို့ တားမြစ်သော်လည်း လက်ရေးမူကို ထိန်းသိမ်းရန် နိုင်ငံတော်က တာဝန်ရှိပြီး ယဉ်ကျေးမှု ဝန်ကြီး ဌာနတွင် အပ်နှံရမည်ဟု လွှတ်တော်အဖွဲ့ က ပြောဆိုပြီး ကျောင်းအုပ် ဆရာမကြီးနှင့် မြို့နယ် ပညာရေးမှူး တို့ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လက်မှတ်ထိုးစေကာ ယူဆောင်သွားခြင်း ဖြစ်ကြောင်း ဒေါ်မူမူထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသား ဘဝကို ဖြတ်သန်းခဲ့ဖူးသည့် ရေနံချောင်းမြို့တွင်သာ လက်ရေးမူ မူရင်း စာအုပ်ကို ထားရှိစေလိုကြောင်း ရေနံချောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင် ကလည်း မှတ်ချက်ပြုသည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း ပညာသင်ဆုနှင့် ဦးရွှေခိုဆုကိုရရှိခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသားအထက်တန်းကျောင်းကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက်ဖွင့်လှစ်ထားပြီး ဒေသခံများက ဗိုလ်ချုပ် ကျောင်းဟု အမည်သမုတ်ကြသည်။

The Voice Weekly

ရွှေတိဂုံသမိုင်းပြဇာတ်ခွေ ရောင်းရငွေ ၁၅ သိန်းလှူဒါန်း



အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ ပါဝင် သရုပ်ဆောင် ထားသော ရွှေတိဂုံဘုရားသမိုင်း ပြဇာတ်ခွေများ ဝါဆိုလပြည့်နေ့ ၌ ရွှေတိဂုံ စေတီတော်ပေါ်တွင် ရောင်းချရာမှ ရရှိသည့်ငွေများအနက် ကျပ် ၁၅ သိန်းကို ရွှေတိဂုံစေတီသို့ လှူဒါန်းခဲ့ကြောင်း ယင်း တက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။


ရုပ်ရှင်နှင့် ပြဇာတ်မေဂျာ၏ (၁၆) ကြိမ်မြောက် ကျောင်းဆင်းပွဲတွင် ကပြခဲ့သော ပြဇာတ်အခွေ တစ်ထောင်ကို ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ ၉နာရီ အထိ တစ်ခွေလျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို ရွှေတိဂုံဘုရား၏ ဘက်စုံ အသုံးစရိတ်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဆရာ၊ ဆရာမများက အမျိုးသားကဇာတ်ရုံတွင် ရိုက်ကူး ကာ တည်းဖြတ်ထားသည့် ပြဇာတ်ကို ယခင်နှစ်က ကျင်းပသော ရွှေတိဂုံဘုရားနှစ် ၂၆၀၀ ပြည့်ပွဲတော်တွင် သွား ရောက်ပြီး ကပြခဲ့ဖူးကြောင်း ပြဇာတ်ရိုက်ကူးရာတွင် ပါဝင်ခဲ့သူ ကင်မရာဆရာ ဦးသိန်းကျော် က ပြောကြား

သည်။ “ဆရာတို့က အခွေကို မနက်နဲ့ညဆိုပြီး ခွဲရောင်းမယ်ပေါ့၊ ဒါပေမဲ့ မနက်ပိုင်းမှာပဲ အခွေတွေ အားလုံးကုန် သွားတယ်” ဟု ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ ဆရာဖြစ်သူ ၎င်းက ဆိုသည်။

အခွေရောင်းချပွဲတွင် အနုပညာရှင်များ ဖြစ်ကြသည့် ခင်လှိုင်၊ ပွင့်၊ အိချောပို၊ ဖိုးသောကြာ၊ ရိုတ၊ မိုးယံဇွန်တို့ ပါဝင် ရောင်းချပေးခဲ့ကြောင်း ဦးသိန်းကျော် က ပြောကြားသည်။

The Voice Weekly

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် ဝန်ထမ်း တစ်သိန်းကျော် နေ့စား ခန့်မည်



လာမည့်နှစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက် ယူရေး အတွက် ဝန်ထမ်းအင်အား တစ်သိန်း နှစ်သောင်း လိုအပ်နိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ခန့်မှန်း ထားပြီး ယင်းဝန်ထမ်းနေရာများတွင် ပညာရေးဝန်ထမ်းများကို နေ့စားအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ အမျိုးသားအဆင့် အရာရှိတစ်ဦးက ပြောကြားသည်။


ဒေသအလိုက် စာရင်း ကောက်ခံမည့် ဝန်ထမ်း တစ်သိန်းနှင့် ကြီးကြပ် စစ်ဆေးမည့် စာရင်းစစ် နှစ်သောင်း ခန့်ထားမည်ဖြစ်ပြီး အခြားဝန်ထမ်းများထက် ပညာရေးဝန်ထမ်းများက တစ်နိုင်ငံလုံး အတိုင်းအတာ ရောက်ရှိနိုင်သောကြောင့် ပညာရေး ဝန်ကြီး ဌာနနှင့်ညှိနှိုင်းကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“စာရင်းကောက်တဲ့ ဆရာမလေးတွေကို တစ်နေ့ ကျပ်သုံးထောင်နဲ့ ကြီးကြပ်တဲ့ ဆရာမတွေကို ကျပ်လေး ထောင် ဆိုပြီး သတ်မှတ်ထားတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောဆိုသည်။

ယင်းသန်းခေါင်စာရင်း ကောက်ယူမှု စီမံကိန်းတွင် လက်နက်ကိုင် ပဋိပက္ခ ဒေသများ အပါအဝင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အားလုံးကိုကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့် တစ်ခု ကောက်ခံ မှုနည်းဗျူဟာ များ ကွဲပြားသွားရန်ရှိကြောင်း အမျိုးသားအဆင့် အရာရှိတစ်ဦးက ဖြည့်စွက် ပြောဆိုသည်။

လွန်ခဲ့သောနှစ်က ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် သန်းခေါင် စာရင်း ကောက်ယူမှုကို အထူးအစီအစဉ်ဖြင့်ဆောင်ရွက်သွားရန်ရှိပြီး ယင်းစခန်းများကို စီမံခန့်ခွဲနေသော ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီနှင့် ကောက်ခံမည် ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှု အတွက် နည်းပညာပိုင်း ကူညီပံ့ပိုးနေသော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ထံမှ သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် စမ်းသပ် သန်းခေါင် စာရင်းကို ပညာရေး ဝန်ထမ်း များ၏ လုပ်အားဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးရှိ မြို့နယ် တစ်ခုစီတွင် ကောက်ယူခဲ့ပြီး အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်း ထားပြီး အစိုးရက ဒေါ်လာ ၁၅ သန်း၊ ကုလသမဂ္ဂ အကူအညီ ဒေါ်လာ ငါးသန်းနှင့် ကျန်လိုအပ်သည်ကို အလှူရှင်နိုင်ငံများထံမှ ရယူသုံးစွဲမည်ဖြစ်ကြောင်း ဦးခင်ရီ က ပြောကြား သည်။

လက်ရှိ အချိန်တွင် ဒေါ်လာ ၁၄ သန်းခန့် လက်ခံ ရရှိထားသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ စာရင်းများအရ သိရသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသအချို့နှင့် ရခိုင်ပြည် နယ်ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်ရာဒေသများတွင် အခက်အခဲများ ကြုံတွေ့နေရသေးကြောင်း ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တည်ရှိရာ ဒေသများတွင် သန်းခေါင် စာရင်း ကောက်ယူနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစဉ် တစ်ပါတည်း ညှိနှိုင်းနေပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက် ယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းအကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ပြောကြားချက်အရ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ် သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် မြန်မာနိုင်ငံ ဧရိယာအတွင်း နေထိုင်သူ တိုင်းရင်းသား လက်နက်ကိုင်များ၊ ဘင်္ဂါလီ လူမျိုးများအပါအဝင် လူဦးရေအားလုံးနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များပါဝင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

အင်းလေးကန် ဓာတုအဆိပ် လျှော့ချရေး ကျပ်သိန်း ၁၅၀ ကျော် သုံးစွဲမည်



ကျွန်းမျောခရမ်းချဉ်သီး စိုက်ခင်းများတွင် ဓာတု ဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲ မှု ကြောင့် ရေထု ညစ်ညမ်းပြီး အဆိပ်သင့်နေမှုကို လျှော့ချ နိုင်ရန်အတွက် မြန်မာငွေကျပ် ၁၅၁ သိန်း သုံးစွဲ မည့် စီမံကိန်းကို ဇူလိုင်လအတွင်း အကောင် အထည် ဖော်မည်ဖြစ်ကြောင်း အင်းလေးကန် ရေရှည် တည်တံ့စေရေး စီမံချက်မှ စိမ်းလှနန္ဒာ စိုက်ပျိုးရေး လုပ်ငန်း စီမံကိန်းမန်နေဂျာ ဦးသာဒိုးက ပြောကြားသည်။


အင်းလေးကန် ရေဝေရေလဲ နယ်မြေများနှင့်ကန်အတွင်းရှိ ကျေးရွာများတွင် သစ်တောများ ပြန်လည်ထူ ထောင်ရေး ကျွန်းမျောစိုက်ခင်း ဖြစ်ထွန်းနေမှု အကျယ်အဝန်းဧရိယာကို ကန့်သတ်ရန် ကြိုးပမ်းခြင်း၊ သဘာဝအလျောက် အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ခြင်း၊ အသိပညာပေးခြင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိအောင်ဆောင်ရွက်ခြင်းစသည့်အသေးစား၊အလတ်စား စီမံကိန်းများကို ဆောင်ရွက်ရန် အတွက် ပြည်တွင်းနှင့် ဒေသခံလူမှုအဖွဲ့အစည်း ၈ ဖွဲ့ကို အမေရိကန်ဒေါ်လာ သုံးသိန်းခွဲချထား ပေးခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အမျိုးသား အဆင့် စီမံကိန်းမန်နေဂျာ ဦးထွန်းပေါ်ဦး က ဆိုသည်။

အဆိုပါ ချထားပေးမှုတွင် ၎င်းတို့အဖွဲ့ အနေနှင့် ကျွန်းမျောများပေါ်တွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီး စိုက်ခင်း များတွင် ဓာတုဓာတ်မြေသြဇာများ သုံးစွဲမှုကိုလျှော့ချရန် အမြင့်တစ်ပေနှင့် လုံးပတ် ၁၀ လက်မရှိ သော ပလတ်စတစ် Container (ထည့်စရာအိတ်) သုံးသောင်းကျော်ကို အသုံးပြု၍ ဒေသခံတောင်သူ များနှင့်အတူ စိုက်ပျိုးရန် စီစဉ်ထားကြောင်း၊ အဆိပ်သင့်မှုလုံးဝမရှိဘဲ ခရမ်းချဉ်သီးဈေးနှုန်းကို ယှဉ်ပြိုင် ရရှိနိုင်သည့် နဂါးမောက်အပင်များကိုလည်း စိုက်ပျိုးသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသာဒိုးက ရှင်းပြသည်။

အင်းလေးကန်အတွင်း ခရမ်းချဉ်သီး စိုက်ခင်းများတွင် အသုံးပြုသည့် ဓာတုဓာတ်မြေသြဇာများကြောင့် ရေထုညစ်ညမ်းပြီး အဆိပ်သင့်မှုများဖြစ်ကာ ကန်အတွင်းရှိ ငါးမျိုးစိတ်များ သေဆုံးမှုများ ဖြစ်ပေါ် နေကြောင်း၊ ၎င်းအပြင် ကန်ရေသည် ဒေသခံလူထု သောက်သုံးရန် အတွက်လည်း အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိနေကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

The Voice Weekly

ထင်းရှူးမြိုင် ဆရာတော် အလုပ်ကြမ်း နဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံရ

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်ကြီးမြို့ ထင်းရှူးမြိုင်ကျောင်းတိုက် ဆရာတော် ဦးကဝိစာရကို တောင်ကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။


ဒီအမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ အယူခံဝင်သင့် မဝင်သင့်ကိုတော့ မစဉ်းစားရသေးဘူးလို့ ဆရာတော်ရဲ့ ဒကာမ ဒေါ်ရီရီမြင့်က ပြောပါတယ်။

"အမတို့ဘက်က အခုသက်သေ ၅ ဦးကလည်း ထွက်ဆိုချက်ကောင်းတယ်၊ တရားသူကြီးက အခုဖတ်ပြပြီးမှ ဒီဘက်သက်သေ ၅ ဦးက ထွက်ချက်ကောင်းပါတယ်လို့ပြောပြီးမှ ဒီဟာကို တစ်နှစ်ခွဲ ဘာလို့အမိန့်ချ တာလဲဆိုတာ သိချင်ပါတယ်”

ပြီးခဲ့တဲ့ မေလအတွင်းက တောင်ကြီးမြို့ သစ်တောရပ်ကွက်အတွင်းမှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီး ကျောင်းက သံဃာတော် ၁၂ ပါးကို ဆေးတက္ကသိုလ်တည်ဆောက်မယ့် စီမံကိန်းဧရိယာထဲ ကျူးကျော် ဝင်ရောက် နေထိုင်တယ်ဆိုပြီး တောင်ကြီးမြို့နယ်အမှတ် ၁ ရဲစခန်းက လူဝတ်လဲစေခဲ့ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ထင်းရှူးမြိုင်ကျောင်းအနေနဲ့ သစ်တောရပ်ကွက်မှာ တည်ရှိလာခဲ့တာ ၁ဝ နှစ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါ တယ်။

Credit : http://www.rfa.org/burmese/news/court-sentence-hteeshumyaing-monk-07232013125857.html

အပစ်ရပ်ရေးထက် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ KIA တောင်းဆို



ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မူလတောင်းဆိုချက် အတိုင်း အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးက ပိုအရေးကြီးကြောင်းအဆိုကို ဒီကနေ့ နည်းပညာအကြံပေးအဖွဲ့ (Technical Team) ရုံးဖွင့်ပွဲ အခမ်းအနားမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။


အစိုးရဘက်ကတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပဖို့ အစီအစဉ်ရှိကြောင်းကို ထည့်သွင်းပြောခဲ့ပြီး Technical Teamတွေကို စနစ်တကျ ဖွဲ့စည်းပြီးတဲ့နောက် နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လွယ်ကူ မြန်ဆန်လာမှာဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ (Technical Team) ရုံးကို အင်္ဂါနေ့ မနက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်လိုက်ပြီး ရုံးဖွင့်ပွဲ အခမ်းအနားမှာ နှစ်ဘက်ခေါင်းဆောင်တွေက သူတို့ရဲ့ အမှာစကားမှာ ဒီလို မူဝါဒ လမ်းစဉ်တွေကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အလေးထားပြောဆိုသွားတဲ့ အချက်ကိုတော့ KIO နည်းပညာအကြံပေးအဖွဲ့ ပြောခွင့်ရသူ ဆရာဒေါင်ခါးက အခုလို ပြောပါတယ်။

“အခု ဗမာပြည်ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတွေက နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုပါတယ်ဆိုတဲ့အကြောင်းပေါ့။ ပြီးရင် ဒီဗမာပြည်ရဲ့ ဖွဲ့စည်းပုံအရ nature အရ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပုံစံဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းတွေပေါ့ ဒါတွေ ပြောပါတယ်။ ဒီဥစ္စာက အစကတည်းကနေ KIA ရဲ့ တောင်းဆိုချက်၊ လိုလားချက်ပေါ့။ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာက ဒီကနေ့မှာ ဟိုမှာ လုပ်ထားပြီးသား အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ လက်နက်တွေနဲ့ ပစ်တုန်း ခိုက်တုန်း သတ်တုန်း။ ဆိုတော့ ဒါတွေက မျက်မြင်သက်သေတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အပစ်အခတ်ရပ်စဲရေး ဆိုတာထက် နိုင်ငံရေးအရ ဖြေရှင်းဖို့က ပိုအရေးကြီးတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။” 

အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းကလည်း နိုင်ငံတော်သမ္မတရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြ ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ရည်ရွယ်ထားကြောင်းကို ထည့်သွင်းပြောကြား ပါတယ်။

လောလောဆယ်မှာတော့ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ကို KIO အဖွဲ့ဝင် ၅ ယောက်၊ အရပ်သားပညာရှင် ၁၀ယောက်နဲ့ ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာတော့ အဓိက ညှိနှိုင်းဆောင်ရွက်ရမယ့် အချက်တွေကို သူတို့အဖွဲ့တွင်းမှာ ဆွေးနွေးပြီးတဲ့နောက် မြန်မာငြိမ်းချမ်းရေး စင်တာက နည်းပညာ အကြံပေး အဖွဲ့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီလို နည်းပညာ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နိုင် တာကြောင့် နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ပိုမိုလွယ်ကူ မြန်ဆန်လာမယ်လို့ ယုံကြည်ထားပါတယ်။

“Technical Team တွေကတော့ ရုံးဖွင့်ပြီးတဲ့နောက်ပိုင်းမှာ တောက်လျှောက် ဆွေးနွေးလို့ ရပါပြီ။ သူတို့ အဲ့ဒီမှာ ဆွေးနွေးတဲ့အချက်တွေကို ကျနော်တို့ လူကြီးတွေကို တင်ပြမှာပေါ့ဗျာ။ လူကြီးတွေကနေမှ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျရင် သူတို့အတွက် လွယ်ကူသွားတာပေါ့။ အစည်းအဝေးကျမှ ဆွေးနွေး ငြင်းခုံနေတာထက်စာရင် Technical Team ဆိုတာ တခါတည်း ပါပြီးသား ဖြစ်လာမှာပေါ့ဗျာ။ အဲ့ဒီအတွက် ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။ လုပ်ငန်းတွေ ပိုပြီးတော့ လျှင်မြန်လာမယ် လို့လည်း ကျနော်က အဲ့ဒီလို တွက်လို့ရပါတယ်။”

မြစ်ကြီးနားမြို့ စီတာပူက မဂျွယ်ခန်းမမှာ ကျင်းပတဲ့ ရုံးဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဇွန်ငန်ဆိုင်း၊ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့အတူ စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

KIOရဲ့ နည်းပညာအကြံပေးအဖွဲ့ ရုံးဖွင့်လှစ်တဲ့နေ့မှာပဲ အစိုးရက မြန်မာပြည်အ၀ှမ်းမှာ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ မြစ်ကြီးနားထောင်က အကျဉ်းသား ၁၃ ယောက် လွှတ်ပေးခဲ့တဲ့အထဲမှာ ဒီလ ၁၈ ရက်နေ့က မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံထားရတဲ့ ဦးလထော် ဘရန်ရှောင် ကို ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ 

Credit : http://burmese.voanews.com/content/kio-tech-team-office-opens-today/1707686.html

အငှားယာဉ်မောင်းတွေကို ဘယ်သူ စည်းကြပ်မလဲ

ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေကို စည်းကမ်းစနစ်တကျ သင်တန်းပေးတန်ပေး၊ ကြပ်မတ်တန် ကြပ်မတ်ဖို့လိုနေပြီလို့ ခရီးသွားတွေက ပြောဆိုလာနေပါပြီ။ ဒါကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်တွေက တာဝန်ရှောင်နေကြပေမယ့် ပုဂ္ဂလိက အဌားယာဉ်ကုမ္ပဏီ တချို့က စပြီး ပြင်ဆင် လုပ်ဆောင်လာနေပါတယ်။


“မြန်မာပြည်က ယာဉ်မောင်းတွေက ရိုင်းစိုင်းကြတာ များတယ်လေ။ ဒါကြောင့် ယာဉ်မောင်းတွေရဲ့ စိတ်ဓာတ်ကို ပြင်ဆင်လာနိုင်အောင် လစဉ် အစည်းအဝေးထိုင်တယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေ လည်းလုပ်ဖြစ်တယ်။ အဓိက က ယာဉ်မောင်းတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ဆင်နိုင်အောင်လို့ပါ” လို့ ရောင်နီဦး ကုမ္ပဏီ အဌားယာဉ်ဌာန မန်နေဂျာ ဦးကြည်စိုးက ဧရာဝတီကို ပြောပါတယ်။

ရောင်နီဦးကုမ္ပဏီက ၂၀၁၃ ဖေဖော်ဝါရီလ မှာ စတင်ပြီးတော့ အဌားယာဉ်အစီးရေ ၁၀၀ ကို မြို့တွင်းမှာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ပြေးဆွဲနေတာ လက်ရှိအချိန်ထိပါပဲ။ အဲဒီကုမ္ပဏီရဲ့ အဌားယာဉ် ဝန်ဆောင်မှုက ရေသန့်ဗူး၊ အဲကွန်း အပြင် ယာဉ်စီးခ နှုန်းထားကလည်း သင့်တင့်တာကြောင့် စီးနင်းသူ အများစုက သဘောကျတယ်လို့ သိရပါတယ်။

ကုမ္ပဏီက ယာဉ်ပြင်ဆင်စရိတ်နဲ့ ရေသန့်ဗူးဝန်ဆောင်မှုစရိတ်တွေကို ကုန်ကျခံပေးပြီး ယာဉ်မောင်းတွေကို တရက် ၁၃၀၀၀ ကျပ်ကုမ္ပဏီပြန်သွင်းစေပြီး အုံနာသဘောမျိုး ဆောင်ရွက်ထားတာလို့ သိရပါတယ်။

“ကျနော်တို့ ရဲ့ ယာဉ်မောင်းတွေအနေနဲ့ ခရီးသည်တွေကို ယဉ်ကျေးစွာဆက်ဆံဖို့ စည်းကမ်းသတ်မှတ် ထားတယ်။ ခရီးသည်က တိုင်ကြားရင် စစ်ဆေးပြီးတော့ ပထမအကြိမ် သတိပေးတယ်။ နောက်တခါဆိုရင် ကားသိမ်းတယ်”လို့ ဦးကြည်စိုးက ရှင်းပြပါတယ်။

ဒီလို လုပ်ဆောင်သင့်တာဟာ အဌားယာဉ်မောင်း တွေက စီးနင်းတဲ့ ခရီးသည်တွေအပေါ် ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံမှုတွေ၊ ယာဉ်စီးခ ပိုတောင်း တာတွေ၊ ပစ္စည်းလုပြေးတဲ့ ဖြစ်စဉ်တွေ ခဏခဏ ဖြစ်လာ နေလို့ပါ။

ကြုံတွေ့ကြတဲ့ ခရီးသည်အများစုက အဌားယာဉ်မောင်းတွေကို ကြီးကြပ်ထားတဲ့ နေရာ၊ တိုင်ကြားဖို့ နေရာ သပ်သပ်မရှိတာ၊ အရေးယူလိုက်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးလည်း နည်းတာကြောင့် မတိုင်ဖြစ်ဘဲ ငြိမ်ခံနေကြရတယ်လို့ ဆိုပါတယ်။

“တက္ကစီသမားက ကျမကို အိမ်ထောင်ရှိလားမေးတယ်။ ရှိတယ်ပြောတော့ ထိကပါး ရိကပါးလုပ်တယ်။ ကားကို ပြောထားတဲ့အတိုင်း မောင်းရမယ့်အစား အမှောင်ဘက်ခြမ်း ကိုမောင်းတယ်။ ဒါနဲ့ ကျမလည်း ရဲစခန်းနဲ့ သူငယ်ချင်းတွေဆီကို ဖုန်းဆက်ချင်ယောင်ဆောင်တော့မှ အဲဒီယာဉ်မောင်းက ကျမကို ထားခဲ့ပြီး ကားမောင်းထွက်သွားတယ်။ ဒါပေမယ့် အဲဒီကားကို ဓာတ်ပုံရိုက်ဖို့ အချိန်မရလိုက်ဘူး။ ဒါက ကျမအတွက် သင်ခန်းစာကြီးတခုဖြစ်မယ်”လို့ ဂျက်ဆီကာ ဆိုတဲ့ နိုင်ငံခြားသူအမျိုးသမီးက အငှားယာဉ်စီးရင်း ကြုံတွေ့ခဲ့ ရတဲ့ဖြစ်စဉ်ကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘုတ်ပေါ်မှာ ရှင်းပြထားတာ တွေ့ရပါတယ်။

တချို့ အငှားယာဉ်မောင်းတွေက သူတို့ရဲ့ ကားပေါ်မှာ ပါတဲ့ တီဗွီမှာ လိင်အသားပေးကားတွေကို အမြင် မသင့် အောင် ပြတာမျိုး၊ အငှားယာဉ်ကို ရပ်နားထားတုန်း ယာဉ်မောင်းက တကိုယ်တော် လိင်စိတ်ဖြေတဲ့ အပြုအမှုတွေ လုပ်နေတာမျိုးလည်း ကြုံဖူးကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်မှာ တက္ကစီသမား တွေက လူတချို့နဲ့ပေါင်းပြီး လမ်းသွား လမ်းလာတွေကို လုတာမျိုး၊ နှောင့်ယှက်တာမျိုးလည်း ရှိနေတယ်လို့ ကြုံတွေ့ဖူးတဲ့ ခရီးသည်တွေထံက သိရပါတယ်။

“ တက္ကစီသမားအချင်းချင်း ရန်ဖြစ်တော့ ကိုယ်က ကားပေါ်က ဆင်းပြေးရဖူးတယ်။ တချိန်လုံး သူတို့အချင်းချင်း မကျေနပ်လို့ ဆဲဆိုသမျှလည်း ငှားစီးတဲ့နေရာ မရောက်မချင်း နားထောင်ခဲ့ရသေးတယ်။ ဒါမျိုးက ခရီးသည်တွေ ပါလာတဲ့ အခါမှာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်၊ စိတ်အနှောင့်အယှက် ဖြစ်စေတယ်လေ”လို့ ရုံးဝန်ထမ်းတဦးဖြစ်တဲ့ ကိုရဲလင်း က ပြောပြပါတယ်။

တက္ကစီမောင်းတဲ့သူတွေက ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ စာတန်းတွေ ကားပေါ်မှာ ကပ်ထားပေမဲ့ သူတို့ကိုယ်တိုင်က စည်းကမ်းမလိုက်နာတာတွေ့ရကြောင်း၊ နှစ်ဦးနှစ်ဖက် သဘောတူလို့ ငှားပြီးမှ ကားသမားက လမ်းကျဉ်း၊ လမ်းကြမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငှားထားတဲ့နေရာအထိ မပို့ပေးချင်တာတွေကလည်း မဖြစ်သင့်ဘူးလို့ ကိုရဲလင်းက ပြောပါသေးတယ်။

ဇွန်လအတွင်းကလည်း အောင်မင်္ဂလာအဝေးပြေးကွင်းမှာ သံဃာတော်တွေ ငှားစီးလာတဲ့တက္ကစီက ကားပျက်လို့ ဆင်းတွန်းခိုင်းပြီး သံဃာတော်တွေရဲ့ ပစ္စည်းတွေကို ယူဆောင် ထွက်ပြေးသွားတာမျိုးလည်း ဖြစ်ခဲ့ပါသေးတယ်။

“ တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီတွေအများကြီး ရှိလာသင့်တယ်။ အခုဖြစ်နေတာက တက္ကစီ မောင်းတဲ့သူတွေက ခရီးသည်ကို ဝန်ဆောင်မှုပေးတယ် လို့ ခံယူပုံ မရဘူး။ ဒါကြောင့် သူတို့ ဆက်ဆံချင် သလို ဆက်ဆံနေကြတာပေါ့” လို့ နေ့စဉ်အလုပ်ကိစ္စနဲ့ ခရီးသွားလာနေသူ မလွင်လွင်ကလည်း သုံးသပ် ပါတယ်။

သြစတြေးလျ အပါအဝင် နိုင်ငံတချို့မှာတော့ အငှားယာဉ်မောင်းတွေဟာ ပြစ်မှုကင်းရှင်းမှု ရှိမရှိ ဆိုတဲ့ နောက်ကြောင်းကို စုံစမ်းပြီးမှသာ ယာဉ်မောင်းနှင်ခွင့်ပေးတယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံသား စတိဗ်က ပြောပြပါတယ်။

ရန်ကုန်မြို့ရဲ့ City Taxi တွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူ အုပ်ချုပ်နေပါတယ်။ ဒါပေမယ့် အဌားယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားမှုမျိုး တခါမှ စည်ပင် ကော်မတီကို မရောက်သေးဘူးလို့ သိရပါတယ်။

“ အဌားယာဉ်တွေနဲ့ ပတ်သက်ပြီး တိုင်မယ်ဆိုရင် စာနဲ့ပဲ တိုင်လို့ရမယ်။ ဖုန်းနဲ့တိုင်ချက်ကျတော့ အထောက်အထား မခိုင်လုံတာဖြစ်နိုင်တယ်။ တိုင်စာရရင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ဆက်လုပ်ရမယ့်ကိစ္စ တင်ပြတယ်။ ပြီးမှ သက်ဆိုင်ရာကိုလွှဲတယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဒု-ဌာနမှူး ဦးညီညီဦးက ရှင်းပြပါတယ်။

အဌားယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ချက်ဖွင့်ချင်တယ်ဆိုရင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကိုင်တွယ်ထားတယ်လို့ စည်ပင်ကော်မတီက ပြောပေမယ့် ယာဉ်ထိန်းက အငှားယာဉ်တွေရဲ့ ကိစ္စတွေကို မကိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကြီးကြပ်မှုကော်မတီ ဒု-ရဲမှူးကြီး ဦးသာဌေးက ဆိုပါတယ်။

“ တက္ကစီတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့ ဌာနက ရှိကို မရှိသေးတာ၊ အစကတော့ မထသကပဲ ကိုင်တွယ် မလို လုပ်ပြီးမှ ခု မလုပ်ဖြစ်ပြန်ဘူး”လို့ သူက ဆိုပါတယ်။

City Taxi တွေကို တာဝန်ယူကိုင်တွယ်နေတဲ့ စည်ပင်ကော်မတီကတော့ အဌားယာဉ်တွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်တာကိုပဲ အဓိက လုပ်ပေးနေတာဖြစ်ကြောင်း၊ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး တိုင်ကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မကြာခင်မှာတော့ အဌားယာဉ်တွေနဲ့ပတ်သက်တဲ့ တက္ကစီကြီးကြပ်ရေး အသင်းအဖွဲ့ တခုကို ယာဉ်ပိုင်ရှင်တွေနဲ့ ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာတော့ရှိတယ်လို့ စည်ပင်က စီမံရေးရာဌာန ဒု-ဌာနမှူး ဦးညီညီဦးက ရှင်းပြပါတယ်။

လက်ရှိ စည်ပင်ကော်မတီမှာ မှတ်ပုံတင်ထားတဲ့ အဌားယာဉ် စုစုပေါင်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အငှားယာဉ်အချို့မှာ နာမည်ဘုတ်တွေ တပ်မထားတာ၊ ယာဉ်မောင်း နာမည်မှားနေတာ၊ မောင်းတဲ့သူနဲ့ နာမည်ဘုတ်က လူမတူတာမျိုးတွေလည်း ရှိနေသလို ကားငှားတဲ့အခါမှာ သူလိုချင်တဲ့ ခရီးဈေးနှုန်းမပေးလို့ ဆဲဆိုသွားတဲ့ ယာဉ်မောင်းတွေ များလာနေတာကြောင့် အငှားယာဉ် တွေကို စည်းကမ်းထိန်းသိမ်းဖို့ လိုနေပြီဆိုတာ အသေအချာပါပဲ။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_5094.html

နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်လွတ်၊ တိုင်းရင်းသားအတော်များများပါဝင်



သမ္မတ ​ဦးသိန်းစိန်ရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ​ဇူလိုင် ​၂၃ ​ရက်နေ့မှာ ​ရန်ကုန်အကျဉ်းထောင် ​အပါ အ၀င် ​အကျဉ်းထောင်အသီးသီးက ​နိုင်ငံရေး အကျဉ်းသား ​၇၃ ​ယောက်ကို ​လွတ်ပေးလိုက်ပြီး ​အဲ့ဒီထဲမှာ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန် ရေးအဖွဲ့တွေက ​တပ်ဖွဲ့ဝင်တွေ ​အတော်များများ ​ပါဝင်တယ်လို့ ​သိရပါတယ်။


သမ္မတဦးသိန်းစိန်ရဲ့ ​ဒုတိယအကြိမ်မြောက် ​ဥရောပ ​ခရီးစဉ်အတွင်း ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေးအကျဉ်းသား ​အားလုံးလွှတ်ပေးမယ်လို့ ​ကတိပေးပြီး ​မကြာခင်မှာပဲ ​ခုလို ​လွှတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့တွေ ​အားလုံးနဲ့ ​ပြည်လုံးကျွတ် ​အပစ်အခတ် ​ရပ်စဲနိုင်တော့မယ်ဆိုတာမျိုးတွေပါ ​ပြောခဲ့ပြီးနောက် ​အခုတစ်ကြိမ် ​လွှတ်မြောက်လာသူတွေထဲမှာ ​တိုင်းရင်းသားတွေ ​အတော်များများ ​ပါဝင်တယ်လို့လည်း ​သိရပါတယ်။

အဲဒီထဲမှာ ​ကရင်၊ ​ရှမ်းနဲ့ ​ကချင်လူမျိုးတွေ ​အများဆုံးပါဝင်ပြီး ​ကချင်လူမျိုး ​ဦးလထော်ဘရန်ရှောင်ကိုတော့ ​ဝန်ကြီး ​ဦးအောင်မင်းကိုယ်တိုင် ​လာခေါ်ပြီး ​နေရပ်အထိ ​ပြန်လည်ပို့ဆောင် ​ပေးခဲ့တယ်လို့ ​သိရပါတယ်။

မန္တလေးအိုးဘို ​အကျဉ်းထောင်ကနေ ​လွတ်မြောက်လာတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​၈ ​ဦးဟာ ​ရှမ်းနဲ့ ​ကချင်လက်နက်ကိုင် ​အဖွဲ့တွေက ​ဖြစ်ပြီး ​အဲ့ဒီထဲမှာ ​ထောင်ဒဏ် ​တစ်သက်တစ်ကျွန်း ​ကျခံနေကြတဲ့ ​ရှမ်းပြည်နယ်တပ်မတော် ​တပ်ဖွဲ့ဝင် ​အိုက်မွန်း၊ ​ဟိန်းဇော်၊ ​လှမြင့်၊ ​အိုက်တိ၊ ​စိုင်းအွန် ​နဲ့ ​ထောင်ဒဏ် ​၄၂ ​နှစ် ​ကျခံရတဲ့ ​အိုက်ညွန့် ​တို့ပါဝင်တယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ထောင်ဒဏ် ​၆ ​နှစ်ကျခံနေရတဲ့ ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဝင် ​ဇော်ဒွဲ ​နဲ့ ​ထောင်ဒဏ် ​၃ ​နှစ် ​ကျခံနေရတဲ့ ​မောင်ကျော် ​တို့လည်း ​ပြန်လွတ်လာကြောင်း ​သိရပါတယ်။

သာယာဝတီ ​အကျဉ်းထောင်ကနေ ​လွတ်မြောက်လာတဲ့ထဲမှာတော့ ​ဦးမြသောင်း၊ ​ဦးသန်းမောင်၊ ​စိုင်းကျိန်း၊ ​စိုင်းပန်၊ ​ဦးတင့်နိုင်၊ ​ထက်ပိုင် ​တို့ပါဝင်ပြီး ​သူတို့ဟာ ​ရှမ်းပြည်တပ်မတော် ​တောင်ပိုင်းက ​ထောင်ဒဏ်တစ်သက် ​ကျခံနေရသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

မော်လမြိုင်အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ထဲမှာတော့ ​ထောင်ဒဏ် ​၁၃ ​နှစ်ချမှတ်ခံခဲ့ရတဲ့ ​ကရင် အမျိုးသား ​ဦးကျော်မြင့်မျိုး ​လွတ်မြောက်လာပြီး ​သူဖမ်းဆီးခံခဲ့ရပုံကို ​အကျဉ်းထောင်ရှေ့မှာပဲ ​သတင်းထောက် ​တွေကို ​အခုလို ​ပြောဆိုပါတယ်။

နောက်ကြောင်းပြန်ပြီး ​အရေးယူထားတဲ့ ​နိုင်ငံတော် ​လျို့ဝှက်ချက်ဥပဒေ ​ပုဒ်မ ​၃ ​နဲ့ ​နိုင်ငံတော် ​၂၀၀၇ ​က ​အဖမ်းခံရတယ်။ ​ကျနော် ​အင်တာဗျူးလုပ်ခဲ့တာ ​၂၀၀၅ ​မှာ ​လုပ်ခဲ့တယ်။ ​နိုင်ငံခြားမှာ ​လုပ်ခဲ့တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီးတော့ ​၂၀၀၇ ​ခုနှစ်မှာ ​ဖမ်းဆီးခံရတာပါ။ ​အဓိကကတော့ ​အစိုးရရဲ့ ​criminal ​case ​တွေ ​genocide ​တွေ ​နောက်ပြီးတော့ ​နျူးကလီးယား ​ပါဝါကိစ္စတွေ ​အဲဒီကိစ္စကို ​ကျနော့် ​အေ့ဂျင့်တစ်ယောက်၊ ​ကျနော့်ညီမှာပဲ ​ရေတပ်က၊ ​အဲဒါ ​သူ့ရဲ့ ​လင့်ကနေ ​တင်ပါတယ်ဆိုပြီး ​စွပ်စွဲပြီး ​တရားစွဲတယ်။ 

ဦးကျော်မြင့်မျိုး ​ဖမ်းဆီးခံခဲ့ရချိန်က ​ကျန်းမာရေးကောင်းမွန်ခဲ့ပေမယ့် ​ဖမ်းဆီးခံရပြီးနောက် ​စစ်ကြောရေးစခန်းမှာ ​ညင်းပန်းနှိမ့်စက်မှုဒဏ်ခံခဲ့ရမှုကြောင့် ​ခါးဆစ်ထိပြီး ​အောက်ပိုင်းမလှုပ်ရှားနိုင်ပဲ ​ဖြစ်နေတယ်လို့ ​သိရပါတယ်။ ​သမ္မတရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ​လွတ်မြောက်လာတဲ့အပေါ် ​သူ့အနေနဲ့ ​၀မ်းသာမိပေမယ့် ​မော်လမြိုင်အကျဉ်းထောင်အတွင်းမှာ ​အညတရ ​နိုင်ငံရေးအကျဉ်းသား ​၆ ​ယောက် ​ကျန်ရှိနေသေးတဲ့အတွက် ​၀မ်းမသာနိုင်ဘူးလို့လည်း ​အခုလို ​ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ​လွတ်လာတာကတော့ ​ဘယ်သူမဆို ​ဘာသာရေးကပဲ ​ကြည့်ကြည့် ​လူမှုရေးဖက်ကကြည့်ကြည့် ​ပျော်ကြတာပဲ။ ​ဒါပေမယ့် ​တကယ်တမ်း ​ပြောရတော့လည်း ​သိပ်ပြီးတော့ ​မပျော်နိုင်ဘူး၊ ​ဘာလို့ ​မပျော်နိုင်ဘူးလည်း ​ဆိုတော့ ​ကျနော်မှာ ​ဘာမှ ​မကျန်တော့ဘူး၊ ​ပြီးတော့ ​ကိုယ့်ရဲဘော်တွေ ​ကျန်ခဲ့တယ် ​ထောင်ထဲမှာ ​အညတရလေးတွေ၊ ​တကယ်လုပ်ခဲ့တဲ့ ​ရဲဘော်လေးတွေ ​ကျန်ခဲ့တယ်။ ​တချို့ဆိုရင် ​အပြစ်မရှိတဲ့သူတွေ၊ ​အပြစ်မရှိဘူးဆိုတာလည်း ​သိတယ်၊ ​သိသိနဲ့ ​ကျန်နေခဲ့ရတဲ့လူတွေ ​ရှိတယ်။ ​အဲဒီအတွက် ​ကျနော်မပျော်နိုင်ဘူးပေါ့။ 

အခုလို ​နိုင်ငံရေးအကျဉ်းသားတွေ ​လွတ်မြောက်ပေးမှုဟာ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ ဗြိတိန်နိုင်ငံ ​ခရီးစဉ် ​အတွင်းမှာ ​ဒီနှစ်မကုန်ခင် ​နိုင်ငံရေး ​အကျဉ်းသား ​တွေ ​အကုန်လွတ်ပေးမယ်လို့ ​ကတိပြုအပြီး ​ရက်ပိုင်းအတွင်း ​အကောင်အထည်ဖော်လိုက်တာဖြစ်သလို ​ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ​ကြေညာမယ်လို့ ​ပြောဆိုပြီးနောက် ​ခုလို ​တိုင်းရင်းသားလက်နက်ကိုင် ​အဖွဲ့ဝင် ​အများစု ​လွှတ်မြောက် လာတာလည်း ​ဖြစ်ပါတယ်။

နိုင်ငံရေး ​အကျဉ်းသားများ ​ကူညီစောင့်ရှောက်ရေး ​အသင်း ​AAPP ​ရဲ့ ​စာရင်းအရ ​ပြစ်ဒဏ်စီရင်ခံရသူ ​၁၆၀ ​နီးပါး ​နဲ့ ​တရားရင်ဆိုင်နေရသူ ​၇၀ ​ခန့်ပါဝင်တဲ့ ​နိုင်ငံရေးအကျဉ်းသား ​၂၃၀ ​လောက် ​အကျဉ်း ထောင်တွေမှာ ​ရှိနေတယ်လို့ ​သိရကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

လှုပ်ရှားရေးသမားတွေကတော့ ​သမ္မတက ​နာမည်ကောင်းရဖို့အတွက် ​တသုတ်ပြီးတသုတ် ​လွှတ်ပေး နေတာသာ ​ဖြစ်တယ်လို့ပြောပြီး ​နောက်ထပ် ​ဖမ်းဆီးခံရသူတွေ ​ရှိနေတဲ့အတွက် ​အဲဒီအပေါ်စိုးရိမ်မကင်း ဖြစ်နေရတယ်လို့လည်း ​ပြောနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ​ထပ်မံလွှတ်ပေးလိုက်တဲ့အပေါ် ​ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ​ဘန်ကီမွန်း က ​ကြိုဆိုလိုက်ပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_701.html

KIO သည် Technical Team ရုံး ဖွင့်နိုင်သော်လည်း Team ဖွဲ့ရန် အခက်တွေ့နေဆဲ



ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO သည် အစိုးရ နှင့် ဆွေးနွေးရမည့် အရေး ကိစ္စများကို ကြားခံ ဆောင်ရွက် ပေးရသော နည်းပညာ အထောက် အကူ ပြု (Technical Team) အဖွဲ့ကို ၄င်းတို့ ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသေးကြောင်း ကချင် ငြိမ်းချမ်း ရေး အကျိုးတော်ဆောင် လမိုင်းခွန်ဂျာက ဆိုပါ သည်။


“KIO Technical Team ရုံးကိုတော့ ဒီနေ့ဖွင့်ပေးနိုင်ခဲ့ပေမဲ့ အဖွဲ့ကိုတော့ ဖွဲ့စည်းပေးနိုင်တာ မရှိသေးဘူး။ အခက် အခဲ ကတော့ ပါဝင်ပေးမဲ့ ပညာရှင်တွေ ဘက်က ရှာရတာ နည်းနည်း အခက် အခဲ ဖြစ်နေတယ်။ ဒီလကုန်ပိုင်းလောက်မှ ဖွဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ အဲဒီ အတွက်ကြောင့် ရုံးကိုတော့ သြဂုတ် လ ဆန်းပိုင်းမှ ထိုင်ဖြစ်မှာပါ” ဟု လမိုင်းခွန်ဂျာက ဆိုပါသည်။

နည်းပညာ အထောက်အကူပြု ရုံးကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီပူတာရပ်ရှိ KIO ဆက်ဆံရေးရုံး အနီး၌ အခမ်းအနား ကျင်းပပြီး ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ယင်းဖွင့်ပွဲ အခမ်းအနားသို့ KIO ဖက်မှ ဆရာ ဆွမ်လွတ်ဂမ် ဦးဆောင်ပြီး တက်ရောက် ခဲ့ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကမူ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် ၉ ဦး တက်ရောက် ခဲ့ပြီး ကချင်ပြည်သူ စုစုပေါင်း ၁၆၀၀ ကျော် တက်ရောက် ခဲ့ပါသည်။

ယင်းအခမ်းအနား၌ ၀န်ကြီး ဦးအောင်မင်းက “ ဒီအလုပ် အဖွဲ့ရုံးကို ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းက ကျနော်တို့ နဲ့ KIO တို့ရရှိထားတဲ့ သဘော တူညီချက် ၇ ချက်ထဲက အချက် ၆ အတိုင်း အကောင် အထည်ဖော် လုပ်ဆောင်နေတာပါ။ ဒီအဖွဲ့ထဲမှာ ပြည်သူလူထု တွေကလည်း ပူးပေါင်း ပါဝင် ပေးသင့် တယ်လို့” ပြောကြား သွားခဲ့ပါသည်။

အလားတူ ဆရာ ဆွမ်လွတ်ဂမ်ကလည်း “ဒီအလုပ် အဖွဲ့ရုံးဟာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တဲ့ ရုံးဖြစ်တယ်။ ကချင် ပြည်နယ် ငြိမ်းချမ်းရေး အတွက် အကြံပြုချက်များ လာရောက် ပေးနိုင်တဲ့ နေရာဖြစ် တယ်” ဟုပြောကြား သွားခဲ့ပါသည်။

ဤရုံးဖွင့်ပွဲနှင့် တိုက်ဆိုင်ပြီး အစိုးရ ဘက်က KIA အဖွဲ့ဝင် အဖြစ် စွပ်စွဲပြီး ဖမ်းဆည်း ထားသော လထော်ပရာန်ရှောင်ကိုလည်း ယနေ့ လွှတ်ပေး ခဲ့ပါသည်။ အစိုးရသည် လထော်ပရာန်ရှောင်အား KIO ဆက်သွယ်မှုဖြင့် ထောင်၂ နှစ်ခန့်ပစ်ဒဏ် ပေးခဲ့ ပါသည်။ အလားတူ မန္တလေးထောင်မှ ယနေ့ ညနေ ၄ နာရီတွင် လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသား [ ၈ ] ဦး ထဲမှKIA တပ်ရင်း ၉ မှ ဇော်တွဲနှင့် တပ်ရင်း ၈မှ မောင်ကျော်တို့လည်း လွတ်လာကြောင်း ဆိုပါသည်။

KIA နှင့် အစိုးရ တပ်ဖွဲ့တို့သည် စစ်ရေး အရှိန် လျှော့ချရန် အတွက် ပြီးခဲ့သည့် မေလကုန်ပိုင်း၌ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး သဘော တူညီချက် (၇) ချက်ဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရန် သဘော တူခဲ့ပါသည်။ သို့သော်လည်း နေ့တိုင်းလိုလို အနည်းနှင့် အများ တိုက်ခိုက်မှုများ ရှိနေဆဲဟု နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်းလန်တောင်က ဆိုပါသည်။

ဤကဲ့သို့သော ပြသနာ မျိုးများကို ဖြေရှင်း သွားရန် အပါအ၀င် KIO နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ KIO နှင့် အစိုးရ အကြား တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကို ကြိုတင် ညှိနှိုင်းပေးရမည်။ ရရှိလာသော သဘော တူညီမှုများ အပေါ် မူတည်ပြီး KIO အတွက် ဆွေးနွေးရမည့် အချက်အလက်များနှင့် အစီအစဉ်များကို တင်ပြပေးရပါသည်။ ဤသည် KIO မှ ဖွဲ့စည်း ပေးထားသော နည်းပညာ အထောက်အကူပြု (Technical Team) အဖွဲ့၏ တာဝန်ဖြစ်ပေသည်။ 

Credit : http://abbsoluteright.blogspot.com/2013/07/kio-technical-team-team.html

ဝါဒဖြန့် ကြမယ် (၁)


ဝါဒဖြန့် ကြမယ်(၁)

Propaganda (သို့ မဟုတ်)ဝါဒဖြန့် ခြင်းဆိုသည်မှာ အဆိုတစ်ခု(သို့ မဟုတ်)ယုံကြည်ချက်တစ်ခု(သို့ မဟုတ်)ဝါဒတစ်ခုခုကို လူအများ ယုံကြည်လက်ခံလာအောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းခြင်းပင်ဖြစ်သည်။

ဝါဒဖြန့် ခြင်းဟူသည် မိမိဆိုလိုရင်းပန်းတိုင်ရောက်အောင် အသုံးပြုသည့် လမ်းကြောင်းတစ်ခုသာဖြစ်ပြီး အကောင်းအဆိုးကိုမူ ၄င်းတို့ ရည်ညွှန်းရာပန်းတိုင်က အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။
ထို့ ကြောင့် ဝါဒဖြန့် ခြင်းတွင် ကောင်းသောဝါဒဖြန့် ခြင်းရှိသကဲ့သို့  မကောင်းသောဝါဒဖြန့် ခြင်းလည်းရှိနိုင်ပေသည်။
သို့ သော် ဝါဒဖြန့် ခြင်းဟူသော စကားလုံးသည် နာဇီတို့ ၏ လက်ကိုင်တုတ်တစ်ခုဖြစ်ပေရာ ဝါဒဖြန့် ခြင်းဟုဆိုလိုက်သည်နှင့် လူတို့ စိတ်ထဲတွင် မကောင်းသောအမြင်ဖြင့်သာမြင်လေ့ရှိသည်။
၂၁ရာစုတွင်တော့ ဝါဒဖြန့် ခြင်းကို နယ်ပယ်အသီးသီး၌ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုလာကြပြီဖြစ်ပါသည်။
နိုင်ငံရေးနယ်ပယ်တွင် မဲဆွယ်ရာ၌လည်းကောင်း ၊ ကုန်ပစ္စည်းများကို ကြော်ငြာရာတွင်လည်းကောင်း၊ မီဒီယာမှတစ်ဆင့် လူထုလှုပ်ရှားမှုများပြုလုပ်ရာတွင်လည်းကောင်း ဝါဒဖြန့် ခြင်းသည် အရေးပါသော ပညာတစ်ခုဖြစ်လာပေသည်။

ဝါဒဖြန့် ခြင်းသည် နက်နဲကျယ်ပြန့် သော ပညာတစ်ခုဖြစ်သဖြင့် အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံပြောနိုင်လျှင် ပြောနိုင်သလောက် တစ်ဖက်သား၏ ယုံကြည်မှုကို ဖမ်းစားနိုင်စွမ်းရှိပေသည်။ထို့ ကြောင့် ၄င်းကို ပညာရပ်တစ်ခု အဖြစ် သီးသန့် ရှုမြင်ခြင်းထက် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသောနယ်ပယ်အသီးသီးတွင် အသုံးပြုနေပုံများနှင့် ဆက်စပ်ယှဉ်တွဲစဉ်းစားမှသာလျှင် ရုပ်လုံးကြွလာမည်ဖြစ်သည်။
ဝါဒဖြန့် ခြင်းကို အသုံးချသည့် နယ်ပယ်များမတူညီကြသော်လည်း တူညီသောအချက်များရှိပါသည်။

(၁)ဝါဒဖြန့် ရာတွင် မိမိဦးတည်ရာ ပရိသတ်ကို အသေအချာသိရမည်။
(၂)မိမိဖြန့် လိုသော ဝါဒ(သို့ မဟုတ်)အဆိုကို ပိုင်နိုင်စွာဆုပ်ကိုင်ထားနိုင်ရမည်။
(၃)ထို အဆိုကို အထောက်အပံ့ဖြစ်မည့် အချက်အလက်များစုဆောင်းထားနိုင်ရမည်။
(၄)မိမိပြောလိုသည်တို့ ကို အချိတ်အဆက်မိစေရန် စီစဉ်ထားရမည်။
(၅)ပြောင်မြောက်သော စကားလုံးရွေးချယ်မှုဖြင့် ပရိသတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိရမည်ဟူ၍ဖြစ်သည်။

ဝါဒဖြန့် ခြင်းများမှာ ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက် ပရိသတ်၏အာရုံကိုသိမ်းသွင်းနိုင်သည့်အပြင်  ပရိသတ်ကလည်း မိမိကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းပင်မသိလိုက်ဖြစ်သွားနိုင်သည်။
ဝါဒဖြန့် ခြင်းများသည် နေရာအနှံ့ ရှိနေနိုင်သည့်အတွက် မိမိသည် ဝါဒအဖြန့် ခံနေရပြီလားဟူ၍ စဉ်းစားဆင်ခြင်ရန်လိုပါသည်။ 
အကြောင်းအရာတစ်ခုကို မြင်သမျှနှင့်မယုံရန် ၊ ကြားသမျှနှင့်မယုံရန် ၊ သေချာစဉ်းစားပြီးမှ ယုံကြည်ရန်အရေးကြီးပါသည်။
ထို့ ကြောင့် ဝါဒဖြန့် ခြင်းနည်းနာများကို အသေအချာသိရှိခြင်းအားဖြင့် မိမိကိုယ်တိုင် ဝါဒဖြန့် ပြီး လူပေါ်လူဇော်လုပ်နိုင်သကဲ့သို့  ကိုယ်ကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းမသိအောင်ပင် ထုံအ,နေခြင်းမဖြစ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ဝါဒဖြန့် ခြင်းနည်းနာများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် အောက်ပါအတိုင်း တွေ့ ရမည်ဖြစ်ပါသည်။
(၁)တံဆိပ်ကပ်ခြင်း
(၂)ဂုဏ်ပြုတင်စားခြင်း
(၃)အာရုံလွှဲခြင်း
(၄)ကိုယ်စားလှယ်လွှဲခြင်း
(၅)လူထုနှင့်အတူပျော်ဝင်ခြင်း
(၆)အများအကြိုက်လိုက်လုပ်ခြင်း
(၇)ခြိမ်းခြောက်ခြင်း
(၈)ယုတ္တိမရှိ ဆက်စပ်တွေးခေါ်မှုများပြောကြားခြင်း
(၉)မျက်ကန်းဟောကိန်းထုတ်ခြင်း တို့ ဖြစ်ပါသည်။

်
ကိုးကား
"Propaganda and How to recognize it" by Ronald
B.Standler
"Propaganda analysis" by New York Columbia
University.
"Propaganda Model" by Jeffery Klaehn


(မှတ်ချက်။ခေါင်းစဉ်တစ်ခုချင်းကိုတော့ တစ်ရက်တစ်ပုဒ်ရေးသွားပါမယ်။)

Propaganda (သို့ မဟုတ်)ဝါဒဖြန့် ခြင်းဆိုသည်မှာ အဆိုတစ်ခု(သို့ မဟုတ်) ယုံကြည်ချက်တစ်ခု (သို့ မဟုတ်) ဝါဒတစ်ခုခုကို လူအများ ယုံကြည်လက်ခံ လာအောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်း သွင်းခြင်းပင်ဖြစ်သည်။


ဝါဒဖြန့် ခြင်းဟူသည် မိမိဆိုလိုရင်းပန်းတိုင် ရောက် အောင် အသုံးပြုသည့် လမ်းကြောင်းတစ်ခု သာဖြစ်ပြီး အကောင်းအဆိုးကိုမူ ၄င်းတို့ ရည်ညွှန်းရာပန်းတိုင်က အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ ထို့ ကြောင့် ဝါဒဖြန့် ခြင်းတွင် ကောင်းသောဝါဒဖြန့် ခြင်းရှိသကဲ့သို့  မကောင်းသောဝါဒဖြန့် ခြင်းလည်း ရှိနိုင်ပေသည်။ သို့ သော် ဝါဒဖြန့် ခြင်းဟူသော စကားလုံးသည် နာဇီတို့ ၏ လက်ကိုင်တုတ်တစ်ခုဖြစ်ပေရာ ဝါဒဖြန့် ခြင်းဟုဆိုလိုက်သည်နှင့် လူတို့ စိတ်ထဲတွင် မကောင်းသောအမြင်ဖြင့်သာမြင်လေ့ရှိသည်။ ၂၁ရာစုတွင်တော့ ဝါဒဖြန့် ခြင်းကို နယ်ပယ်အသီးသီး၌ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုလာကြပြီဖြစ်ပါသည်။ နိုင်ငံရေးနယ်ပယ်တွင် မဲဆွယ်ရာ၌လည်းကောင်း ၊ ကုန်ပစ္စည်းများကို ကြော်ငြာရာတွင်လည်းကောင်း၊ မီဒီယာမှတစ်ဆင့် လူထုလှုပ်ရှားမှုများပြုလုပ်ရာတွင်လည်းကောင်း ဝါဒဖြန့် ခြင်းသည် အရေးပါသော ပညာတစ်ခုဖြစ်လာပေသည်။

ဝါဒဖြန့် ခြင်းသည် နက်နဲကျယ်ပြန့် သော ပညာတစ်ခုဖြစ်သဖြင့် အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံပြောနိုင်လျှင် ပြောနိုင်သလောက် တစ်ဖက်သား၏ ယုံကြည်မှုကို ဖမ်းစားနိုင်စွမ်းရှိပေသည်။ထို့ ကြောင့် ၄င်းကို ပညာရပ်တစ်ခု အဖြစ် သီးသန့် ရှုမြင်ခြင်းထက် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသော နယ်ပယ်အသီးသီးတွင် အသုံးပြုနေပုံများနှင့် ဆက်စပ်ယှဉ်တွဲစဉ်းစားမှသာလျှင် ရုပ်လုံးကြွ လာမည် ဖြစ်သည်။

ဝါဒဖြန့် ခြင်းကို အသုံးချသည့် နယ်ပယ်များမတူညီကြသော်လည်း တူညီသောအချက်များရှိပါသည်။

(၁)ဝါဒဖြန့် ရာတွင် မိမိဦးတည်ရာ ပရိသတ်ကို အသေအချာသိရမည်။
(၂)မိမိဖြန့် လိုသော ဝါဒ(သို့ မဟုတ်)အဆိုကို ပိုင်နိုင်စွာဆုပ်ကိုင်ထားနိုင်ရမည်။
(၃)ထို အဆိုကို အထောက်အပံ့ဖြစ်မည့် အချက်အလက်များစုဆောင်းထားနိုင်ရမည်။
(၄)မိမိပြောလိုသည်တို့ ကို အချိတ်အဆက်မိစေရန် စီစဉ်ထားရမည်။
(၅)ပြောင်မြောက်သော စကားလုံးရွေးချယ်မှုဖြင့် ပရိသတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိရမည်ဟူ၍ဖြစ်သည်။

ဝါဒဖြန့် ခြင်းများမှာ ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက် ပရိသတ်၏အာရုံကိုသိမ်းသွင်းနိုင်သည့်အပြင် ပရိသတ်ကလည်း မိမိကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းပင်မသိလိုက်ဖြစ်သွားနိုင်သည်။ ဝါဒဖြန့် ခြင်းများသည် နေရာအနှံ့ ရှိနေနိုင်သည့်အတွက် မိမိသည် ဝါဒအဖြန့် ခံနေရပြီလားဟူ၍ စဉ်းစားဆင်ခြင်ရန် လိုပါသည်။

အကြောင်းအရာတစ်ခုကို မြင်သမျှနှင့်မယုံရန် ၊ ကြားသမျှနှင့်မယုံရန် ၊ သေချာစဉ်းစားပြီးမှ ယုံကြည်ရန် အရေးကြီးပါသည်။ ထို့ ကြောင့် ဝါဒဖြန့် ခြင်းနည်းနာများကို အသေအချာသိရှိခြင်းအားဖြင့် မိမိကိုယ်တိုင် ဝါဒဖြန့် ပြီး လူပေါ်လူဇော်လုပ်နိုင်သကဲ့သို့  ကိုယ်ကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းမသိ အောင်ပင် ထုံအ,နေခြင်းမဖြစ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ဝါဒဖြန့် ခြင်းနည်းနာများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် အောက်ပါအတိုင်း တွေ့ ရမည်ဖြစ်ပါသည်။

(၁)တံဆိပ်ကပ်ခြင်း
(၂)ဂုဏ်ပြုတင်စားခြင်း
(၃)အာရုံလွှဲခြင်း
(၄)ကိုယ်စားလှယ်လွှဲခြင်း
(၅)လူထုနှင့်အတူပျော်ဝင်ခြင်း
(၆)အများအကြိုက်လိုက်လုပ်ခြင်း
(၇)ခြိမ်းခြောက်ခြင်း
(၈)ယုတ္တိမရှိ ဆက်စပ်တွေးခေါ်မှုများပြောကြားခြင်း
(၉)မျက်ကန်းဟောကိန်းထုတ်ခြင်း တို့ ဖြစ်ပါသည်။

ကိုးကား
"Propaganda and How to recognize it" by Ronald B.Standler

"Propaganda analysis" by New York Columbia University.

"Propaganda Model" by Jeffery Klaehn

(မှတ်ချက်။ခေါင်းစဉ်တစ်ခုချင်းကိုတော့ တစ်ရက်တစ်ပုဒ်ရေးသွားပါမယ်။) 

Credit : http://www.ex-absdf.net/2013/07/blog-post_5068.html

"ဒေါ်စုဟာ အရင် ဒေါ်စုမဟုတ်တော့ပါဘူး"



ခင်ဗျားတို့ ကျွန်တော်တို့တွေ တိုင်းပြည်မှာ ပြသနာတစ်ခုခုဖြစ်တိုင်း ဒေါ်စု ဒီကိစ္စဘာပြောမလဲ ဘာထင်မြင်ချက်ပေးမလဲ ဘာတွေများ ညွှန်ကြားမလဲဆိုပြီး အမြဲမျှော်နေတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ဘဲ မျှော်မျှော် ဒေါ်စုဟာ အမြဲလိုလို ဝင်ပါခြင်း မလုပ်ဘဲ နှုတ်ဆိတ်နေတာ များပါတယ်။အဲလိုလုပ်တာများတော့ ကျွန်တော်ကိုယ်တိုင် သူ့အပေါ်အရင်လောက် အားမရတော့တာ အမှန်ပါဘဲ။


ဒါပေမယ့် တချက်ပြန်စဉ်းစားကြည့်တော့ သူမ အနေအထားဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ တွေ့ရပါတယ်။ အရင်က ပါတီရဲ့ အကြီးအကဲဖြစ်ပြီး သူ့အထက်မှာ ဘယ်သူမှရှိမနေတော့ မြန်မာ ပြည် ပြသနာဖြစ်တိုင်း လွတ်လပ်စွာပြောနိုင်ဆိုနိုင်ပြီး အစိုးရရဲ့ မှားယွင်းမှုတွေကိုလည်း ပွင့်လင်းစွာ ထောက်ပြ ဝေဖန်နိုင်ပါတယ်။

ဒါပေမယ့် ခုကျတော့ သူမဟာ အစိုးရအဖွဲ့ဝင်ထဲ ပါဝင်နေသူတဦး ဖြစ်လာတော့ သမ္မတက မပြောတဲ့ကိစ္စတွေ မဖြေရှင်းတဲ့ ပြသနာ တွေကို အရင်လို ကျော်ပြီး လုပ်လို့မရတော့ပါဘူး။

ခနခန ကျွန်တော်တို့တွေက သူမနဲ့ သမ္မတကို နှိုင်းယှဉ်ပြောဆိုနေကြ တန်းညှိနေကြပေမယ့် တကယ်တန်း လက်တွေ့မှာတော့ ဒေါ်စုဟာ လွတ်တော်အမတ်တစ်ဦးသာဖြစ်ပြီး ဦးသိန်းစိန်ကတော့ သူမထက် အာဏာပိုကြီးတဲ့ သမ္မတတစ်ဦးပါ။

သူတို့ ၂ ယောက်ကြားမှာ ဒုသမ္မတ၊ ဗိုလ်ချုပ်မှုးကြီး၊ ဗိုလ်မှုးကြီး၊ ဝန်ကြီးစတဲ့ အဆင့်တွေအများကြီး ခြားနားနေပါသေးတယ်။ နောက်ပြီး အမတ်ထဲမှာတောင် ဒေါ်စုဟာ လွတ်တော်ထဲမှာ နေရာ အများဆုံးရထားတဲ့ အမတ်မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးက အများဆုံးပါ။ အဲလောက်ခြားနားနေရင် သမ္မတ ထက် လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက် နိမ့်မလည်းဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံကို ကြည့်ပါ။ သူတို့နိုင်ငံမှာ ဗုံးပေါက်သည်ဖြစ်စေ၊ လေဆင်နှာမောင်း တိုက်သည်ဖြစ်စေ၊ မီးလောင်သည်ဖြစ်စေ ဘယ်လိုပြသနာဖြစ်ဖြစ် ဖြစ်ပြီး နာရီပိုင်းအလိုမှာ သမ္မတကိုယ်တိုင် ဒါမှမဟုတ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ(သူတောင်မှ သူ့သဘော အတိုင်း သတင်းထုတ်ပြန်ခွင့်မရှိဘဲ သမ္မတရဲ့ စကားကို အငှားပြောရတာပါ)က အမြဲလိုလို သတင်း ထုတ်ပြန်ခြင်း ဖြေရှင်းခြင်းတွေ လုပ်လေ့ရှိပါတယ်။ ပြသနာကြီးရင် ကြီးသလို ပြသနာဖြစ်ပွားတဲ့နေရာကို သမ္မတကိုယ်တိုင် သွားရောက် ကြည့်ရှုတာ ပြည်သူကို နှစ်သိမ့်တာမျိုးတွေ လုပ်ပါတယ်။

အဲမှာပြသနာဖြစ်တိုင်း သမ္မတကိုကျော်ပြီး (ဝါ) သမ္မတအမိန့်မရဘဲ လွတ်တော် ကိုယ်စားလှယ် အမတ် တယောက်က သတင်းစာရှင်းလင်းပွဲလုပ် သူတို့ အစိုးရက ဒီကိစ္စကို ဘယ်လို အရေးယူမယ် ဘယ်လို ဆောင်ရွယ်မယ် ဆိုပြီး ပြောတာများတွေ့ဖူးကြပါသလား။မတွေ့ဖူးသလို လုပ်လို့လဲ မရပါဘူးဗျာ။ လွတ်တော် အမတ်တွေ ဘယ်လိုဘဲ သဘောထားရှိရှိ သမ္မတရဲ့ သဘောထားမှ အတည်ဖြစ်ပါတယ်။ သမ္မတကို လုံးဝကျော်လုပ်လို့မရပါ။

ခုတော့ မြန်မာပြည်ကျမှ ပြသနာတစ်ခုဖြစ်တိုင်း လူတွေက သမ္မတရဲ့ သဘောထား သမ္မတ ဘယ်လိုဆောင်ရွက်မှာလည်းဆိုတာထက် လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်စုကို ဘယ်လိုဖြေရှင်းပေးမှာလဲ ဘယ်လိုတာဝန်ယူပေးမှာလည်းဆိုတာ ပိုသိချင်နေကြပါတယ်။ ဒေါ်စုဘာမှ မပြောရင် ဒေါ်စုက တာဝန်ယူစိတ်မရှိဘူး အရင်က အဲလိုမဟုတ်ပါဘူးဆိုပြီး လက်ညိုးဝိုင်းထိုး ခံရတော့တာပါဘဲ။

(ဒါပေမယ့် သူမရဲ့ ကိုယ်ပိုင် သဘောထားကိုတော့ ပြောလို့ရပါတယ်။ အဲလိုပြောလို့ရတာကလည်း သူမက စပြောရမှာမဟုတ်ဘဲ သတင်းထောက်တွေက ပြသနာအပေါ်ဘယ်လို သဘောရလဲလို့ မေးမြန်းမှသာ သူ့သဘောထားကို ပြောလို့ရတာပါ။ ဒါပေမယ့် အလွန်အကျွံစည်းကျော်ပြီး ပြောလို့မရပါ။)

အရှင်းဆုံး ဥပမာတစ်ခုပြောရရင် ကျွန်တော်က ဘောလုံးအားကစား ဝါသနာပါသူပီပီ ဘောလုံးလောကနဲ့ ဥပမာပေးပြီးပြောပါ့မယ်။ ဘောလုံးအသင်းတစ်သင်းမှာ အသင်း ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သူတို့အသင်းရဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ မန်နေဂျာက သတင်းစာရှင်းလင်းပွဲလုပ်ရပါတယ်။

အသင်းရဲ့ ကိစ္စကို သတင်းထုတ်ပြန်ရပါတယ်။ အဲလိုကိစ္စမျိုးကို မန်နေဂျာဘဲ လုပ်ရတာပါ။ အသင်းရဲ့ ဆေးအဖွဲ့ဝင်ကတစ်ယောက်က မန်နေဂျာကို ကျော်ပြီး အသင်းရဲ့ ရှုံးနိမ့်မှုအတွက် တောင်းပန်ကြောင်း နောက်ပွဲတွေ ဘယ်လိုကျိုးစားသွားမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်လို့ မရပါဘူး။

ထို့အတူ company မှာလည်း အနာဂတ်ရေးရာ လုပ်ဆောင်ချက် မှုဝါဒတွေ၊ ပြသနာတွေကို ဖြေရှင်းဖို့အတွက် ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာ ဒါရိုက်တာက ချမှတ်ရတာပါ။ စာရေးတစ်ယောက်က ဒါရိုက်တာကို ကျော်ပြီး ချမှတ်လို့မရပါဘူး။

အဲလိုဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သမ္မတတစ်ဦးတည်း လုပ်လို့ရတဲ့ ကိစ္စတွေကို သူ့အနေနဲ့ ဝင်စွက်ဖက်လို့မရပါဘူး။ သူသာ သမ္မတကိုကျော်ပြီး ဒီကိစ္စကို ဒီလိုလုပ်ပါမယ် ဟိုကိစ္စကို ဟိုလိုဖြေရှင်းပါမယ်ဆိုပြီး ပြောနေမယ်ဆိုရင် စည်းကျော်ရာကျသလို သမ္မတကို မလေးစားရာလည်း ကျပါမယ်။

သမ္မတလုပ်ချင်ပါတယ်လို့ ပြောတဲ့သူတစ်ယောက်က အဲလိုစည်းဖောက်နေရင် သူသာသမ္မတ တစ်ယောက် ဖြစ်လာရင် လက်အောက်ငယ်သားတွေ ဘယ်လိုတုံ့ပြန်ကြလိမ့်မလဲ။ သူတောင်လုပ်သေးတာဘဲ ငါတို့လည်း သူ့ကိုကျော်ပြီး လုပ်မယ်ကွာလို့ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။

ဒါကြောင့် သူမကိုယ်တိုင်ပြောပါတယ်။ ၂ ခါလည်းရှိပါပြီ။ သူမ သမ္မတတယောက်ဖြစ်ချင်တယ်လို့။ အဲတော့ လူတွေက ဘာလောက်လောက်လားလား လုပ်ပေးနိုင်လို့ သမ္မတဖြစ်ချင် ရတာလည်းဆိုပြီး ဝေဖန်လာကြ ပါတယ်။

ဟုတ်ပါတယ် သူမ ဘာမှ လောက်လောက်လားလား လုပ်လို့ မရလို့ သမ္မတဖြစ်ချင်တာပါ။ လုပ်ပေးချင် ပေမယ့် စည်းကျော်လို့မရ ပြောချင်ပေမယ့်လည်း ပြောလို့ မရလို့ သမ္မတဖြစ်ချင်တာပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူမသာ သမ္မတဖြစ်ခဲ့မယ်ဆိုရင် ခုလို ပြသနာတစ်ခု ဖြစ်တိုင်း ပြည်သူတွေ ဘယ်သူ့ အဖေခေါ်လို့ ခေါ်ရမှန်းမသိ မဖြစ်တော့တာကတော့ သေချာတယ်လို့ ပြောပါရစေ။

Ryo Miyaichan

Credit : http://www.ex-absdf.net/2013/07/blog-post_6438.html

"ဦးဝီရသူ ထိခိုက်ဒဏ်ရာရ လူနာများထံ သွားရောက်အားပေး"



မန္တလေးဆေးရုံကြီး၊ ထိခိုက်ဒဏ်ရာ ကုသဆောင်၌ ကုသမှုခံယူနေသော ဒေါ်အေးအေးခင်၊ (၄၆)နှစ် (အောင်မြေသာဇံမြို့နယ်၊ ဓမ္မပိယတရားနာအဖွဲ့)ထံ သွားရောက်ကာ အားပေးစကား ပြောကြားရင်း စားစရာ နှင့် ငွေကြေးများ ထောက်ပံ့ခဲ့ကြောင်း သိရ သည်။


ဒေါ်အေးအေးခင်သည် ပရိသတ်အလယ်ရှိ လျှောက် လှမ်း ဘက်သို့ ခန္ဓာကိုယ်တစ်ခြမ်း ထွက် နေမိအောင် ထိုင်မိခြင်းမှာ နောက်ကျ၍ နေရာ မရသောကြောင့် ဖြစ်ကြောင်း၊ တရားဟောဆရာတော် ကိုသာ ဖူးမျှော်ရင်း တရားနာနေသောကြောင့် ဘာမျှမမြင်မိကြောင်း ဒေါ်အေးအေးခင် ဘေးမှ အဖော် အမျိုးသမီးက မဏ္ဍပ်ဘေးမှာ မီးခိုးလုံးကြီး ကျသွားသည်ကို မြင်လိုက်ရကြောင်း၊ မဏ္ဍပ်စင်အောက်မှ ရဲရဲအလုံးကြီး ပြေး လာသည်ကို မြင်ရ၍ လက်တို့သတိပေးမည်အပြုတွင် ထိမှန်သွားခဲ့ကြောင်း၊ ထိထိခြင်း ဘာမျှမသိလိုက်ကြောင်း၊ ပြီးမှ သွေးများ ဒလဟောယိုစီးကျ လာခြင်းဖြစ်ကြောင်း ပြောပြ လျှောက် ထားပါသည်။


ဒေါ်အေးအေးခင် ပေါင်သားထဲ စူးနစ်ဝင်နေသော ခဲယမ်းအစကို ယခုထိ ခွဲစိတ်ထုတ်ယူခြင်း မရှိသေး၍ အနာ၏ အထက်ဘက်မှ အမြဲတမ်း နာကျင်မှုကို ခံစားနေရကြောင်း၊ ထုတ်စရာလိုရင်လည်း ထုတ်ပေးဖို့နှင့် ထုတ်စရာမလိုက ဆေးရုံမှဆင်းလိုကြောင်း လျှောက်ထား တင်ပြနေပါသည်။

ယနေ့ (23.7.2013) ရက်နေ့တွင် ၆၂-လမ်းရှိ အရိုးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရကြောင်း သိရပါသည်။

ဒေါ်အေးအေးခင်နှင့်အတူ ဆေးကုသမှုခံယူနေရသည့် အခြားတစ်ဦးမှာ အသက်(၇၀)ကျော်၊ (၈၀)နီးပါးရှိ အမေကြီးတစ်ဦးဖြစ်ပြီး အမည်လည်းမပြော စကားလည်းမပြော ဘာမျှလည်းမေးမရ၊ နားလည်းမကြား၊ ဆွံ့.အ.နား မကြားပုံစံမျိုး သက်ရောက်နေပြီး၊ ဆွေမျိုးအသိုင်းအ၀န်းလည်းမရှိ၊ ရပ်ကွက်မှ ကြည့်ရှု ထားရသူဖြစ်ကာ၊ ပလက်ဖောင်းပေါ်တွင် အမြဲတမ်း နေသူဖြစ်သည်ဟု သိရသည်။

ကိုရင် ဥာဏသာမိသည် ပေါင်မှာခဲစ မှန်ရုံသာဖြစ်၍ ဆေး ထိုး ဆေးထည့် ရုံနှင့် ပျောက် ကင်း နိုင်၍ ဆေးရုံမတက်ခဲ့ကြောင်း သိရသည်။(နောက်ဆုံးသတင်းအရ၊ နားမကြားသူ အမေအိုကြီး၏ ပေါင်ရင်းတွင် စူးနစ်ဝင်နေသော ခဲယမ်းစက ပေါင်းရိုးနှင့် ထိစပ်နေ၍ ချက်ချင်းဆွဲနှုတ်၍ မရကြောင်း၊ ဒေါ်အေးအေးခင်၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစက အကြောနှစ်ခုကြား ညပ်နေ၍ ချက်ချင်းခွဲကု၍ မရသေးကြောင်း ဖြစ်သည်ဟု အရိုးအထူးကု ဆရာဝန်ကြီးက ရှင်းပြသည် ဟု သိရပါသည်။ )

From:Wira Thu

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။


သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီ ဖြစ်သည်။ 

နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။

အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လိင်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။ ရည်းစားနှင့် လိင်ဆက်ဆံ သည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံ ဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။

အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။

"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေဆုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။ စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီ ဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုး သားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။

From:စင်္ကာပူဖီးလ် Credit : Here