Wednesday, July 17, 2013

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်



မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေ အတွက် သြဂုတ် လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 1331 ကတစ်ဆင့်မိုဘိုင်းအင်တာနက် လျှောက် ထား နိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေး သင်တန်း ကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုး ထံက သိရပါတယ်။


ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်း ရှိဖို့ လိုပါတယ်။


လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 1331 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့် အနည်းငယ် အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးလာခဲ့ရင် အင်တာနက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။

မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Mordern

ငှက်ပျောသီးနှင့်ပေါင်းတင်ကြည့်ပါ



မည်သို့သောအသားအရေ ပုံစံ မျိုးအတွက်မဆို ငှက်ပျောသီး ၏ ပိုတက်စီယမ်၊ ဘီတာကရိုတင်း၊ ဗီ တာမင် B အုပ်စုတို့ ကြွယ်ဝမှုကြောင့် အသားအရေအတွက် အထူးကောင်း မွန် စေသည်။


ပိုတက်စီယမ်သည် ရေဓာတ် ထိန်းသိမ်းခြင်း၊ မျက်အိတ် ကြီးခြင်း၊ မျက်ကွင်းမည်းခြင်းအတွက် အသုံးတည့် သည်။

ဘီတာကရိုတင်းက ခန္ဓာကိုယ်အား ဗီတာမင် ဗ ရရှိစေခြင်း၊ Free radical ဓာတ်တိုးပစ္စည်းကို ဟန့်တားခြင်း၊ နုပျိုသောဆဲလ်များကို ရရှိ စေခြင်းနှင့်အသားအရေကို ချောမွေ့ နူးညံ့စေခြင်းတို့ကို ပြုလုပ်ပေးသည်။

ပျားရည်နှင့်သံပရာသီးများက အသားအရေကို သန့်စင်စေခြင်း၊ ရောဂါပိုးကပ်ငြိစေသောအရာများကို တိုက် ထုတ်ပေးခြင်း၊ အရေပြား အက်ကွဲမှုကို ကာကွယ်ပြီး အသားအရေ တင်းရင်းစေခြင်းတို့ကို ဖြစ်စေသည်။

ပြုလုပ်နည်း

-ငှက်ပျောသီးမှည့်ကို အခွံခွာ၍ ခရင်းကိုသုံးပြီး ပန်းကန်လုံးထဲသို့ ချေထည့်ပါ။

-ပျားရည်နှင့်သံပရာရည်ကို လက် ဖက်ရည်ဇွန်းနှင့် (၁)ဇွန်းစီ ထည့်ပါ။

-မျက်နှာပေါ်တွင် မျက်လုံး၊ မျက်ခွံ ကို ရှောင်၍ ဖြန့်လိမ်းပါ။ (၁၅) မိနစ်ထားပါ။

-ရေနွေးနှင့်ဆေးပါ။ နောက်ဆုံး အဆင့်ကို ရေအေးနှင့်ဆေးချပါ။

-မျက်နှာအသားအရေ၏ထူးခြားမှု ကို တွေ့ရပါလိမ့်မည်။



Health Updates Journal

နိုင်ငံရေး ဆွေးနွေး ပွဲ၌ “ဒေါ်စု” နှင့် အခြား ခေါင်းဆောင်များ ပါဝင်ရန် UNFC လိုလား



ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာပါက ပြင်ပ နိုင်ငံကြီး များနှင့် အထင်ကရ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် များ ပါဝင် နိုင်ရန် UNFC မှလိုလားကြောင်း UNFC ၏ လုပ်ငန်း အထောက် အကူပြု အဖွဲ့ ခေါင်းဆောင်ပဒိုမန်းမန်းက ပြောသည်။


ထိုသို့ ပါဝင် ရာတွင်လည်း UNFC ဘက်မှ လေ့လာ စောင့်ကြည့်သူ အဖြစ်သာမဟုတ်ပဲ ကြားဝင်ဖြန်ဖြေ ပေးသူအဆင့်ကို အစိုးရမှ ခွင့်ပြုပေးသွားရန် ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း ဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် NBF ခေါင်းဆောင်တွေ၊ နောက် မွန်၊ ရခိုင်အပြင် တခြား အထင်ကရ ခေါင်းဆောင်တွေ ဖိတ်ဖို့ အဓိက စဉ်းစား ထားတဲ့ အထဲမှာ ပါပါတယ်။ တစ်ဘက်ကို တစ်ဘက် ယုံကြည်မှုရဖို့ ယုံကြည်မှု တည်ဆောက် ဖို့က နှောင့်နှေး ကြန့်ကြာမှုကိုဖြေလျော့ဖို့ အတွက် ကြားဝင် ဖြန်ဖြေ မှုက မဖြစ်မနေလိုအပ်တယ်လို့ ကျနော်တို့ လက်ခံတယ်” ဟု ပဒိုမန်းမန်းမှ ဆိုပါသည်။

UNFC မှ ဒေါ်အောင်ဆန်းစုကြည်အား အထင်ကရ ပုဂ္ဂိုလ်အဖြစ်၎င်း၊ လူထု ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ၄င်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ဦးအဖြစ်၎င်း လက်ခံယုံကြည်ထားပါသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲ ရေးကို ဆောင်ရွက် နေသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရ အဖွဲ့ နှင့်လည်း နားလည်မှုအတိုင်းအတာတစ်ခုအထိရထားပြီးဖြစ်ကာ လွှတ်တော်၌လည်း ပါဝင်လာနိုင်ပြီ ဖြစ်ကာ ယခု ငြိမ်းချမ်းရေး ကိစ္စရပ်များ၌လည်း ပါဝင်စွမ်းဆောင် နိုင်မည်ဟု UNFC မှ သုံးသပ်ထားပါသည်။

ထို့ပြင် တိုင်းရင်းသား အဖွဲ့များမှ ယခင်ကတည်းကပင် ဒေါ်အောင်ဆန်း စုကြည်နှင့် စာအဆက်အသွယ် ရှိကြကာ ဒေါ်အောင်ဆန်းစုကြည်မှနှုတ်အရနှင့် စာအရ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား အခန်း ကဏ္ဍများနှင့်ပတ်သက်၍ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့မှုမျိုး ရှိခဲ့သည် ဟု ပဒိုမန်းမန်းမှ ပြောသည်။

“ကျနော်တို့ ဖိတ်ခေါ်ချက်ကို ငြင်းဖွယ်ရာ မရှိဘူးလို့ ယုံကြည်တယ်။ သူအနေနဲ့ ဝမ်းမြောက် ဝမ်းသာ ကြိုဆို လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ၄င်းမှ ဆိုပါသည်။

ထပ်မံ၍လည်း တတိယ အင်အားစု၌ ပါဝင်မည့် နိုင်ငံများ အဖြစ် ထိုင်း ၊ တရုတ်၊ အိန္ဒိယ၊ US၊ UK၊ Canada၊ Japan ကဲ့သို့ နိုင်ငံများကိုလည်းနိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားသွားရန် ရှိနေပါ သည်။ သို့မှသာလျှင် ဆွေးနွေးပွဲ၌ နိုင်ငံတစ်ခုခု၏ သြဇာလွှမ်းမိုးမှုကို ထိန်းညှိနိုင်မည်ဟု ဆိုပါသည်။

ထိုသို့ နှစ်ဖက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်အတွက် ပထမအဆင့်နှစ်ဖက်လုပ်ငန်း အထောက်အကူပြု အဖွဲ့တို့သည် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့က တစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ထပ်မံ၍လည်း ဇူလိုင်လ(၂၀)ရက်နေ့ နောက်ပိုင်းတွင် တွေ့ဆုံဖွယ်ရှိသည်ဟု နှစ်ဖက်ထုတ်ပြန် ပြောကြား ချက်များအရ သိရသည်။

သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင်(၁၃)ရက် နှစ်ဖက်လုပ်ငန်း အထောက်အကူပြုအဖွဲ့များ တွေ့ဆုံခဲ့ကြရာ၍ အစိုးရ ဘက်မှ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြခဲ့သည်။၎င်းနောက်မှ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားခြင်းမျိုး အစိုးရကိုယ်စားလှယ်များက တင်ပြခဲ့ကြ သည်။

နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် ဆိုသည့် ကိစ္စသည် နှစ်ခုစလုံး အရေးကြီး သည့်အရာဖြစ်ကာ ထိုနှစ်ခုသည် တစ်ခုပြီးမှ အခြားတစ်ခုကို ဆောင်ရွက်သွားရန်ဆိုခြင်းထက် တစ်ပြိုင်နက် အကောင်အထည်ဖော်သင့်သည့်လုပ်ငန်း ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းမှ ထောက်ပြကာ ပြောကြားသွား သည်။

Phophtaw News Association

နစကအဖွဲ့ ဖျက်သိမ်းတဲ့အစီအစဉ် ကင်တားနားကြိုဆို



နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန ချုပ် (နစက) ကို ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ အမိန့်နဲ့ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူး ကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ကြိုဆိုလိုက်ပြီး၊ တချိန် တည်းမှာလည်း ရခိုင်ပြည်နယ်တွင်း နစက အဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေး ကတင်ပြ ထားပါတယ်။


ဇူလိုင်လ ၁၂ ရက်နေ့ကပဲ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်(နစက)ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဖျက်သိမ်းကြောင်း သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို နစကအဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ဒါဟာ အရေးပါတဲ့ တိုးတက်မှုတခုလို့ ဆိုပြီး၊ တချိန်တည်းမှာလည်း ခုလို ဖျက်သိမ်းလိုက်တဲ့အတွက် ရခိုင်ပြည်နယ်တွင်း နစက အဖွဲ့ဝင်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုလိုက်တာမျိုး မဖြစ်စေဘဲ၊ အစိုးရအနေနဲ့ အပြစ်ကျူးလွန်သူ တွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့လည်း မစ္စတာ ကင်တားနားက တောင်းဆိုလိုက်ပါတယ်။

“ကျနော့်အမြင်တော့ ခုလို နစက ကို ဖျက်သိမ်းလိုက်တယ်ဆိုတာက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက် မှုပါ။ ဒါပေမဲ့ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ နစက အဖွဲ့ဝင် တွေကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူရမယ့် အစိုးရရဲ့ တာဝန် ကတော့ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို ဖျက်သိမ်းလိုက်တာကတော့ တိုးတက်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီး တော့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ဘယ်လို အဖွဲ့မျိုးကို အစိုးရက ဖွဲ့စည်းလုပ်ကိုင်သွားမလဲဆိုတာကို လည်း ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်တွေကို သတ်ဖြတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးပြီး နှိပ်စက်ညှင်း ပမ်းတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားမှာ နစက အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ အကြောင်း စွပ်စွဲချက်တွေနဲ့ အထောက်အထားတွေကို သူ လက်ခံ ရရှိထားတဲ့အကြောင်းလည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီလို အပြစ်ကျူးလွန်ခဲ့သူတွေကို အစိုးရအနေနဲ့ အပြစ်ပေး အရေးယူဖို့ လိုအပ်သလို၊ ဒါဟာ နောက်ပိုင်း နစက နေရာမှာ အစားထိုး ၀င်ရောက်လာမယ့် အဖွဲ့အစည်းတွေကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံ မဖြစ်ပွားရအောင် ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ကျနော် မြန်မာနိုင်ငံကိုရောက်တဲ့ခရီးစဉ်တိုင်းမှာ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ နစက အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။ထင်ရှားတဲ့ နောက်ဆုံး ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေမှာ နစက အဖွဲ့ဝင်တွေ ပါဝင်ခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ကျနော့်ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာလည်း နစကရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့၊ လုံခြုံရေးကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်ခဲ့သလဲဆိုတာနဲ့ ရခိုင်ပြည်နယ်တွင်း ပြဿနာ တွေကို ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စတွေကို တင်ပြခဲ့ပါတယ်။”

နစက ပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေအနေနဲ့ ကိုယ်ကျူးလွန်တဲ့ ပြစ်မှုအတွက် တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါပေမဲ့ ခုထိတော့ နစက လို အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေအပေါ် အစိုးရက အပြစ်ပေးအရေးယူတာ မျိုး မတွေ့ရသေးဘူးလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဘယ်သူတွေ ပါဝင်ပတ်သက်ခဲ့လဲ၊ ဘယ်သူ့တွေမှာ တာဝန်ရှိလဲ ဆိုတာကို အစိုးရက စုံစမ်းစစ်ဆေးပြီး အရေးယူတာ မတွေ့ရသေးပါဘူး။ မူဆလင်တချို့ကို အရေးယူတာလောက်ပဲ တွေ့ရပြီးတော့၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အထူးသဖြင့် နစက အရာရှိတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့လဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်တာ မရှိသေးပါဘူး။ ဒါက အားနည်းချက်ပါ။ ကျနော့်အနေနဲ့ကတော့ မြန်မာအစိုးရကိုရော နိုင်ငံတကာအသိုင်းအ၀ိုင်းကိုပါ ဒီကိစ္စဟာ အရေးတကြီး ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောဆိုနေတာပါ။”

မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာဖြစ်လို့၊ ဒီလို ဖော် ဆောင်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ မရှိအောင် ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

နစက အဖွဲ့ဟာ ရခိုင်ပြည်နယ် နယ်စပ်ဒေသတလျှောက် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေး ဆိုင်ရာကိစ္စတွေကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နစက အဖွဲ့တွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ရုံမက၊ အကြမ်းဖက် မှုတွေ မှာ ကိုယ်တိုင် ပါဝင်ခဲ့တာတွေ ရှိတယ်ဆိုပြီးတော့လည်း ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

အခု နစကအဖွဲ့ကို သမ္မတအမိန့်နဲ့ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ထားပေမဲ့၊ ဘာကြောင့် ခုလို ဖျက်သိမ်းရတယ်ဆိုတာနဲ့ ဖျက်သိမ်းလိုက်တဲ့ နစက နေရာမှာ ဘယ်အဖွဲ့အစည်းက အစားထိုး ၀င်ရောက် လုပ်ကိုင်မယ် ဆိုတာတွေကိုတော့ ပြောမထားပါဘူး။

VOA

သေသေချာချာမသိဘဲ ကိုယ့်နိုင်ငံကို နှိမ့်ချပြီးပြောတာမျိုး စိတ်မကောင်းဘူး(သက်မွန်မြင့်)



Queen Jewel ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှ ဒေါ်ဖြူဖြူခိုင် စီစဉ်ထုတ်လုပ်တဲ့ ဖြူ (အ၀ကျွန်းဇာတ်လမ်းကို ဇာတ်ညွှန်း သည်ခေတ်နေ၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး နေတိုး၊ သက်မွန်မြင့်၊ ရတနာ ဖြူဖြူအောင်၊ ဇော်ဦး၊ အောင်ခိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ သား ညီ၊ ဇော်ဇော်အောင်၊ ဒိန်းဒေါင်၊ ကေညီ၊ ကေငြိမ်း၊ မေသဉ္ဇာဦး၊ ၀ါဝါအောင်၊ သန်းသန်းစိုး၊ အေးသီတာ၊ လမင်း ကဗျာနဲ့ သရုပ်ဆောင်များစွာပါဝင်တဲ့``နက္ခတ် မှားတဲ့တိုက်ပွဲ´´ ရုပ်ရှင် ကန်တော့ပွဲပေးအခမ်းအနားကို ဇူလိုင် (၄)ရက်၊ နံနက်(၉)နာရီက ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းမှာ နေတိုးက ဇာတ်ရုပ်(၃)မျိုးနဲ့ သရုပ်ဆောင် ထားပြီး သက်မွန်မြင့်ကလည်း ဇာတ်ရုပ်ပုံစံနှစ်မျိုးနဲ့ သရုပ်ဆောင် ထားကာ ရတနာဖြူဖြူအောင်ကတော့ NGO မှာအလုပ် လုပ်တဲ့ ဆရာဝန်မလေးပုံစံ သရုပ်ဆောင်မယ်လို့ သိရပါတယ်။


``သက်မွန်က ကျောင်းတက်ရတာ၊ စာကျက်ရတာအရမ်းဝါသနာပါတယ်။ ဒါပေမဲ့ ကိုယ်ဖြစ်လာတာ သရုပ်ဆောင်ဆိုတော့ ဒီအလုပ်က စိတ်နှစ်ရတယ်။ အချိန်အရမ်းပေးရတယ်။ ကိုယ်ပါသည်ဖြစ်စေ၊ မပါ သည် ဖြစ်စေ ဒီရိုက်ကွင်းပေါ်မှာ နေနေရတဲ့အခါကျတော့ ကျောင်းတက် ဖို့အချိန်မပေးနိုင်ဘူး။

ကျောင်းတက်မယ်ဆိုရင် ကျောင်းတက်ပြီး စာမလိုက်နိုင်ဘူးဆိုတာလည်း မဖြစ်ချင်ဘူး။ အသက်အရွယ် ကလည်းစကား ပြောလာပြီလေ။ ဘာပဲဖြစ်ဖြစ် သက်မွန်ကျောင်းသီးသန့်တက်တာ မျိုးမဟုတ်ဘဲ ဘာသာစကားတစ်ခုခုကို သင်ဦးမယ်လို့စိတ်ကူးထားတာမျိုးရှိပါတယ်။ခုလောလောဆယ် တော့ဒီ အလုပ်ကို စိတ်နှစ်ပြီးလုပ်ချင် သေးတယ်။ လက်မလွှတ်ချင်သေးဘူး´´ဆိုတဲ့ သက်မွန်မြင့်ကို ခဏတာ မေးမြန်းခဲ့ပါတယ်။

Q. သက်မွန်ဒီကားထဲမှာ သက်မွန်ရဲ့ဇာတ်ရုပ်အတွက် ဘယ်လိုပြင်ဆင်ထားလဲ။

A. ဇာတ်ရုပ်ပုံစံနှစ်မျိုးပါ။ အငယ်ဇာတ်ရုပ်ရှိမယ်။ ပြီးရင်အကြီး ကိုနေတိုးရဲ့ အမေနေရာက ဇာတ်ရုပ်ပေါ့။ စိတ်ဖောက်ပြန်နေတဲ့အမျိုးသမီး သူက သွက်သွက်ခါအောင်ရူးနေတာလည်း မဟုတ်ဘူးဆိုတော့ အသက် အရွယ်နဲ့ သူ့ရဲ့စည်းစိမ်နဲ့ လိုက်ဖက်တဲ့ပုံစံမျိုးဖြစ်အောင်တော့ သရုပ်ဆောင်ရမှာပေါ့။

Q. ဒီလိုရူးတဲ့ဇာတ်ရုပ်က သက်မွန်အတွက် ဒါဘယ်နှကြိမ်မြောက်လဲ။

A. သက်မွန် ခဏခဏရိုက်ရတယ်။ ဇာတ်လမ်းကွာရင်တော့ သရုပ်ဆောင်တဲ့ပုံစံတွေ ကွာသွားမှာပေါ့။ အ၀တ်အစားတွေ ဂရုစိုက်ပြီးပြင်တယ်။ အိုက်တင်က သက်မွန် Scene ပေါ်ရောက်ရင် ကိုယ်ပြောရမယ့် စကား ကိုယ်သရုပ်ဆောင်ရ မယ့် Mood ကို ပီပြင်အောင်လုပ်တယ်။

Q. သရုပ်ဆောင်သက်တမ်း ကြာလာတဲ့အခါ ဇာတ်ရုပ်တွေက ကိုယ့်အတွက် ပိုပြီးလွယ်ကူလာစေလား။

A. စစချင်း သရုပ်ဆောင်ခါစ တုန်းကလောက် မခက်တော့ဘူး။ ရိုက်တာများလာတဲ့အခါ ဒါရိုက်တာတွေရဲ့ သင်ပြမှု၊ အတွေ့အကြုံတွေက ရတဲ့သဘောတရားတွေ နားလည်လာတယ်။ ၀ါရင့် သရုပ်ဆောင် တွေကြည့်ပြီး ပညာယူတယ်ဆိုတော့ အရင်လောက်မခက်ခဲပေမယ့် ဒီအလုပ်က စိတ်နဲ့လုပ်ရတဲ့အလုပ် တစ်ခုဖြစ်တယ်။ စိတ်ကြည်နေရင်လုပ်ရတာ လွယ်ကူတယ်။ အိပ်ရေးတွေပျက်ပြီး အရမ်းပင်ပန်းနေတဲ့ အခါ ကိုယ့်စိတ်ကို ခိုင်းရတာမလွယ်ဘူး။ အဲဒီခါကျရင်တော့ သရုပ်ဆောင်ရ တာခက်တယ်။

Q. ရုပ်ရှင်ဇာတ်ကား အရေအတွက် လျော့ရိုက်ခိုင်းတာကသက်မွန်အတွက် ပိုပြီးသက်သောင့်သက်သာ ဖြစ်စေလား။

A. တစ်ခုခုမှာ အဆိုးအကောင်းက ဒွန်တွဲနေတာပါပဲ။ အဲဒီလိုသတ်မှတ်လိုက်တဲ့အတွက် လူက အနားရသွား တယ်။ ပြင်ဆင်ချိန်တွေ ရလာတယ်။ တစ်ခါတစ်ရံမှာ ဇာတ်လမ်းအရ ဆယ်ရက်လုံး မရိုက်ရတဲ့ ဇာတ်လမ်း တွေရှိတဲ့အခါ အနားပိုရတယ်။ ကြော်ငြာရိုက်ဖို့ ရက်ချိတ် လွယ်တာလေးတွေ ရှိလာတယ်။ တစ်ဖက်ကကြည့် ရင် ကားရိုက်ရက် ကားအရေအတွက်သာ သတ်မှတ်လိုက်တာ ၀င်ငွေကတိုးလာတာ မဟုတ်ဘူး။ဝင်ငွေဘက် ကြည့်ရင် တအားနာတယ်။ ရင်မောရတဲ့ အပိုင်းလေးတွေရှိတယ်။ တခြားသူတွေလည်း အဲဒီလိုအခက်အခဲ လေးတွေရှိကြမှာပါပဲ။ တစ်သက်လုံး ဒီလိုပဲသွားမှာလားဆိုတော့ မသေချာဘူးလေ။ ပြုပြင်နေဆဲ ကာလဆို တော့ ဈေးကွက်ပျက်နေတာတွေလည်းပါတယ်။ အဲဒီအတွက် သူတို့ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အပေါ် မှာ သရုပ်ဆောင်အနေနဲ့ သက်မွန်တို့က တစ်တပ်တစ်အား ကူညီပေးတဲ့သဘောပါပဲ။

Q. ပိန်သွားတယ်နော်။ ဇာတ်ကားအတွက် ၀ိတ်ချထားတာလား။

A. မဟုတ်ဘူး။ ``လူးရတနာသိုက်´´ ရုပ်ရှင်ရိုက်တုန်းက တအားပင်ပန်း တယ်။ တစ်သက်နဲ့တစ်ကိုယ် အဲဒီလောက်ပင်ပန်းတာမရိုက်ဖူးဘူး။ နေ့လယ် ရိုက်ညကျရင် နောက်တစ်နေရာကူး။ နေ့စဉ်ရက်ဆက် မြို့ တွေကိုကူးပြီးရိုက်ရတာ ရိုက်ရက် (၂၀) ပြည့်ပဲ။ တောထဲမှာရိုက်တဲ့အခါ အစားအသောက်အနေအထိုင် ကလည်း ဆင်းရဲတယ်။ လူလည်းမောပြီးပိန်သွားတယ်။

Q. အဲဒီထဲက ၀တ်စုံဒီဇိုင်းတွေ က ဘယ်သူ့ Idea လဲ။

A. လူးလူမျိုးတွေအကြောင်းရိုက်တာဆိုတော့ ဒါရိုက်တာနဲ့ဒီဇိုင်နာ တိုင်ပင်ပြီးလုပ်ထားတာပါ။ ဆံပင်နဲ့ တခြား accessories လေး တွေကတော့ သက်မွန်စဉ်းစားပြီး လုပ်ရတာပေါ့။

Q. အဲဒီထဲက သက်မွန်ရဲ့ပုံနဲ့ PEE MAK ထဲက NAK ရဲ့ပုံနဲ့ ယှဉ်ထားတဲ့အပေါ်မှာရော ဘယ်လို ခံစားမိလဲ။

A. ဒါကတော့ လူတွေကသူတို့ စိတ်ကူးရတာလုပ်တာပဲ။ ကိုယ်က အနုပညာရှင်ဖြစ်နေတော့ ဒါကို မလုပ်နဲ့လို့ လည်း ပြောလို့မရဘူး။ တစ်ခုပဲ Commentတွေ ဖတ်တဲ့အခါမှာတော့စိတ်မကောင်းဘူး။ သူတို့ သေသေ ချာချာ တိတိကျကျမသိဘဲ ကော်ပီလား၊ ကော်ပီမဟုတ်ဘူးလား ဆိုတာတွေက အငြင်းပွားနေကြတယ်။ သက်မွန်တို့က ဇာတ်ကား မထွက်လာသေးဘူး။ ရင်လျားဝတ် တယ်ဆိုတာကလည်း အရင်ခေတ်တွေက လည်း ရှိတာပဲ။ ဆံပင်အလယ်ခွဲတယ်ဆိုတာကလည်း သက်မွန်မော်ဒယ်စလုပ်ကတည်းက ခွဲခဲ့တာ။ အရမ်း စိတ်အနှောင့်အယှက် ဖြစ်တာ မဟုတ်ပေမယ့် Commentsတွေထဲမှာ ဆဲတာတွေပါတော့ အဲဒါတွေကို သဘောမကျဘူး။ မြန်မာ့ရုပ်ရှင်ကညံ့တယ်။ သူများနိုင်ငံကကားကို ကော်ပီကူးချတယ်ဆိုပြီး မသိဘဲ ကိုယ့်နိုင်ငံကိုယ်နှိမ့်ချ ပြောတာမျိုးတော့ တကယ်ကိုစိတ်မကောင်းဘူး။

Q. သက်မွန် Printed မီဒီယာနဲ့ပတ်သက်ပြီး ဓာတ်ပုံမရိုက်ပေးတော့ဘူးဆိုပြီး ဖြစ်မိလား။

A. မရိုက်ပေးဘူးဆိုတာတော့ မရှိပါဘူး။ သက်မွန်က အလုပ်တွေ ဆက်တိုက်လုပ်နေတော့ သူတို့ရိုက်ချင်တဲ့ အချိန် ကိုယ့်ဘက်ကလည်း မအားတဲ့အခါကျတော့ မရိုက်ဖြစ် တာတွေရှိတယ်။ စာနယ်ဇင်းဆိုတာက ကိုယ် စလုပ်ကတည်းက ကျေးဇူးရှိတဲ့သူတွေပရိသတ်နဲ့ကိုယ့်ကိုပေါင်း ကူးပေးတဲ့ သူတွေဆိုတော့ အဲဒီလို တစ်ခါမှ မစော်ကားဖူးပါဘူး။

Q. မီဒီယာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးလား။

A. ဒါကတော့ လောကတစ်ခုမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိမယ်။ ကိုယ့်ကိုစိတ် ချမ်းသာမှု ပေးတဲ့သူရှိသလို စိတ်အနှောင့်အယှက်ပေးတဲ့သူလည်းရှိမယ်။ ဒါကတော့ သဘာဝပါပဲ။ အဲဒီအပေါ်မှာ သိပ်မ ခံစားပါဘူး။ တစ်ခုရှိတာက ဒီမှာက ကိုယ့်ရဲ့လုပ်ငန်းခွင်ကို သတင်းသမားကလာရတာသီးသန့်အချိန်ပေးပြီး လုပ်တာရှားတယ်။ နိုင်ငံရပ်ခြားမှာဆိုရင် အင်တာဗျူး တစ်ခုလုပ်မယ်ဆိုရင် သီးသန့် Appointment ယူ သေချာချိန်းပြီးပြော ဆိုကြတာ ဒီမှာကကိုယ့်ရဲ့အလုပ်ချိန် ရှုတင်မှာလာပြီးမေးရရှာတာကိုး။ တစ်ခါတစ်ရံမှာ ကိုယ်ကလည်း လောနေတဲ့အချိန်၊ ဒီဇာတ်ရုပ် အပေါ်မှာ စိတ်နှစ်နေတဲ့အချိန်ကျရင် မဖြေပေးနိုင်ဘူး။ အဲဒါ လေးတော့ စာနယ်ဇင်းဘက်က နားလည်ပေးရမယ် ထင်ပါတယ်။ တချို့က လည်းစောင့်ပါတယ်။ တချို့က လည်း ဟာဆိုပြီးပြန်သွားကြတယ်။ အဲဒီလိုတွေတော့ ကြုံခဲ့ဖူးပါတယ်။

Q. ပရိသတ်ကိုရော

A. ခုချိန်ထိအားပေးတဲ့ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ သက်မွန်ဘက်ကနေလည်း အားပေးရကျိုး နပ် အောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။

8 DAYS A WEEK ENTERTAINMENT

အလောင်းမင်းတရားကြီး၏ ရွှေစာချွန်လွှာ မြန်မာနိုင်ငံသို့ ပြန်လွှဲပေး ရန် ဂျာမနီအစိုးရ လုပ်ဆောင်နေ



ဂျာမနီနိုင်ငံဟန်နိုဗာမြို့ရှိ Leibniz စာကြည့်တိုက် တွင် နှစ်ပေါင်း ၂၅ဝ ခန့်ထိန်းသိမ်းထားသော အလောင်း မင်းတရားကြီး၏ ရွှေစာချွန်လွှာအား မြန်မာ နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် လုပ် ဆောင် နေပြီး နေပြည် တော်ရှိ ဆောက်လုပ်ဆဲ အမျိုးသား ပြတိုက်ဖွင့်ပွဲအမီ လွှဲပြောင်းပေးနိုင် လိမ့် မည်ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ကော်နယ် လီယာပိုက်ပါက ပြောသည်။


''ဒီရွှေပေလွှာကို ပြန်လည်လွှဲ ပြောင်းပေးဖို့ ကျွန်မတို့ လုပ်နိုင်တာ အကုန်လုံး လုပ်ပြီးသွားပြီ''ဟု အထက်ပါ ဝန်ကြီးက ဆိုသည်။

ကုန်းဘောင်မင်းဆက် တည် ထောင်သူ အလောင်းမင်းတရားကြီး ဦး အောင်ဇေယျက ၁၇၅၆ ခုနှစ်တွင် ဗြိ တိန်အင်ပါယာပြည့်ရှင် ဒုတိယမြောက် ဂျော့ခ်ျဘုရင်ထံသို့ ပုသိမ်မြို့တွင် ဆိပ် ကမ်းဖွင့်ခွင့်ပြု မည့် အကြောင်း ရွှေသား အတိပြီးသော စာချွန်တော် ပေးပို့ခဲ့သည်။ အဆိုပါ ရွှေစာချွန်လွှာအား ဂျော့ခ်ျ ဘုရင်က ၄င်း၏ မွေးရပ်ဇာတိ ဖြစ်သော ဟန်နိုဗာမြို့Leibniz စာကြည့်တိုက်သို့ ပေးပို့၍ သိမ်းဆည်းထား စေခဲ့သည်ဟု သိရသည်။

သို့ရာတွင် မူရင်းရွှေစာချွန်လွှာကို ပြန်လည်လွှဲအပ်ပေးနိုင်ခြင်း ရှိ၊ မရှိသည် ဟန်နိုဗာပြည်နယ် အစိုးရနှင့် စာကြည့်တိုက်၏ သဘောထားအပေါ်တွင် မူတည်သည်ဟု ကော်နယ်လီယာ ပိုက်ပါက ဆိုသည်။

''မူရင်းကို ပြန်ပေးနိုင်၊ မပေးနိုင်ကတော့ ကျွန်မတို့ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး'' ဟု သူမက ပြောသည်။

ရွှေစာချွန်လွှာမူရင်းကိုဖြစ်စေ၊ သိပ္ပံ နည်းကျပြုလုပ်မည့် မိတ္တူကိုဖြစ်စေ နေပြည်တော်တွင် ဆောက်လုပ် လျက်ရှိသော အမျိုးသားပြတိုက် ဖွင့်ပွဲအမီ ပေးပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း သူမက ပြောသည်။

ယခုကဲ့သို့ အလောင်းမင်းတရား ၏ ၁၈ ရာစု ရှေးဟောင်းလက်ရာ ကို ပြန်လွှဲပေးရေးသည် ဂျာမနီနှင့် မြန်မာ နှစ်နိုင်ငံကြား စာပေနှင့် ယဉ်ကျေးမှုဖလှယ်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရသည်။

''ကျွန်မတို့ မနေ့က (ဇူလိုင်လ ၁၅ ရက်) မြန်မာအစိုးရနဲ့ သဘောတူညီ ချက်တစ်ခုလက်မှတ်ရေးထိုးခဲ့ပါ တယ်။ စာပေ၊ ယဉ်ကျေးမှုတွေ အပြန် အလှန် ဖလှယ်ဖို့နဲ့ Goethe Institute ကို ရန်ကုန်မှာ ဖွင့်ဖို့တို့ ပါပါတယ်'' ဟု သူမက ပြောသည်။

ဂျာမနီစိုးရသည် ရန်ကုန်မြို့မှ Goethe Institute ကို ၁၉၆၅ ခုနှစ်တွင် ပိတ်ခဲ့ပြီး ယခုအခါ ပြန်လည်ဖွင့်လှစ် ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

''ဦးနေဝင်း လက်ထက်မှာ ကျွန် တော်တို့ ဘာမှ လုပ်လို့မရခဲ့လို့ ပိတ်ခဲ့ရတာပါ။ အခု ရုံးကိုတော့ ၂ဝ၁၄ ခုနှစ် အစောပိုင်းမှာ ဖွင့်မှာပါ မတ်လ မ တိုင်မီပေါ့'' ဟု Goethe Institute ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Klaus Dieter Lehmann က ပြောသည်။

Popular Myanmar News Journal

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်



ဗုဒ္ဓဘာသာတွင် လက်ထပ် ထိမ်းမြားခြင်း ဆိုသည် မှာ လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင် သော ကိစ္စရပ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာ တာဝန် တရပ် မဟုတ်ပေ။


လက်ထပ်ခြင်းဆိုသည်မှာ လူမှုရေး သဘော တူညီချက် တခုဖြစ်သည်။ ဘ၀ကို ကောင်းမွန် ပျော်ရွှင် စွာ နေထိုင်ရေးအတွက် လူသားက ဖန်တီး သော အဖွဲ့အစည်းတခု ဖြစ်သည်။ လူသားမျိုးနွယ်ကို တိရိစ္ဆာန်ကဲ့သို့သော အနေအထားမှ စည်းခြားလိုက်ခြင်းဖြစ်ပြီး မျိုးဆက်ပြန့်ပွားခြင်းကို စနစ်တကျနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန် ဖြစ်သည်။ ဗုဒ္ဓ၀ါဒ ကျမ်းစာများတွင် တလင်တမယားစနစ် သို့မဟုတ် မယားပြိုင်စနစ်ဟူ၍ ခွဲခြားသတ်မှတ်ခြင်းမျိုး မရှိသော်လည်း ဗုဒ္ဓဘာသာဝင် ယောက်ျားတို့သည် ဇနီးမယားတယောက်သာ ယူရန် မိမိဖာသာ သတ်မှတ်ထားကြသည်။ ဗုဒ္ဓက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ စည်းကမ်းဥပဒေများ ချမှတ်ပေးခဲ့ခြင်း မရှိသော်လည်း အိမ်ထောင်သည်ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကြံဥာဏ်များ ပေးခဲ့သည်။ ဗုဒ္ဓဟောကြားခဲ့သော တရားအမြောက်အများထဲတွင် ဇနီးမယား တယောက်ထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းရန်နှင့် ရမ္မက်တဏှာနောက်သို့ လိုက်ပြီး တခြားသောမိန်းမများ အတွက် ဇနီးမယားကို စွန့်ခွာခြင်းမပြုရန် ဆုံးမခြင်းများ ပါဝင်ခဲ့သည်။ ယောက်ျားတယောက်ကို ပျက်စီး ကျဆုံးစေသော အကြောင်များထဲတွင် မိမိ၏ ဇနီးမယားမှ အပဖြစ်သော တခြားမိန်းမများနှင့် ဖောက်ပြန်ခြင်းသည်လည်း တကြောင်းဖြစ်သည်ဟု ဗုဒ္ဓက သတိပေး ဟောကြားခဲ့သည်။

အမျိုးသားများကလည်း ကြုံတွေ့ရမည့် အခက်အခဲနှင့် အမှုကိစ္စများကို ၀န်ထုပ်ဝန်ပိုး တခုသဖွယ် သဘောပေါက် လက်ခံကြသည့်အတွက် ဇနီးမယား တယောက်နှင့် အိမ်ထောင်စု တခုကိုသာ စောင့်ရှောက် ထိန်းသိမ်းခဲ့ကြသည်။ သို့သော်လည်း ကံအကြောင်းမလှသည့် အခါမျိုးတွင် ပြဿနာကို ကြီးအောင် ချဲ့သလိုဖြစ်နေသည်။ လူသားသဘာဝ၏ အားနည်းချက်ကို သိနားလည်သော ဗုဒ္ဓက သူ့ကိုဆည်းကပ်သူများအား အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မတရားသော လိင်မှုကိစ္စကို ရှောင်ကြဉ်ရန် တားမြစ်ခဲ့သည်။

လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော ဗုဒ္ဓဘာသာ၏ အမြင်မှာ လွတ်လပ်သည်။ လက်ထပ် ထိမ်းမြားခြင်းကို လူတဦးတယောက်တည်းနှင့်သာ သက်ဆိုင်သော ကိစ္စရပ်တခု အဖြစ်သဘောထားပြီး ဘာသာရေးဆိုင်ရာ တာဝန်တရပ်ဟု မသတ်မှတ်ပေ။ ဗုဒ္ဓဘာသာတွင် လူတဦးတယောက်ကို လက်ထပ်ရန် သို့မဟုတ် လက်မထပ်ဘဲ ဗြဟ္မစရိယကျင့်ရန် အတင်းအကျပ် ဆောင်ရွက်သော ဥပဒေ သတ်မှတ်ချက်များ မရှိပေ။

ထို့နည်းတူပင် ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသည်။

အိမ်ထောင်ပြုခြင်းကို ကန့်သတ် ပိတ်ပင်ထားသည့် ဥပဒေသများ မရှိသော်လည်း ဗုဒ္ဓဘာသာ ရဟန်းများ အဘယ်ကြောင့် အိမ်ထောင် မပြုကြသနည်းဟု မေးခွန်းထုတ်ရန် ရှိလာသည်။ ထင်ရှားစွာတွေ့ရသည့် အကြောင်းပြချက်မှာ ရဟန်းများသည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ရန် ဗြဟ္မစရိယအကျင့်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ရဟန်းများသည် လောကီနှင့် စပ်ဆိုင်သော အိမ်ရာထူထောင်ခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်၏ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာ အခြားသူများကိုလည်း စိတ်အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန် ကူညီရေးအတွက် အိမ်ထောင်မပြုကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ထပ်မင်္ဂလာ အခမ်းအနားများနှင့် စပ်ဆိုင်မှုမရှိဟု ဆိုနိုင်သော်လည်း လက်ထပ်သူများကို ဘာသာရေးအရ ဆုံးမသြ၀ါဒပေးရန်နှင့် ၎င်းတို့၏ လှူဒါန်းမှုစသော ကောင်းမှုများကို ချီးမြှောက်ပေးရန် ကြွရောက် ပေးလေ့ရှိကြသည်။

ဗုဒ္ဓ၏ အဆုံးအမများကို တင်းကျပ်စွာ လိုက်နာကြသည့်အတွက် လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲခြင်းများ နည်းပါးသော်လည်း ဗုဒ္ဓဘာသာတွင် ကွာရှင်းပြတ်စဲမှုကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေ။ ယောက်ျားနှင့် မိန်းမသည် တယောက်နှင့် တယောက် သဘောထားချင်း တိုက်ဆိုင်မှု အမှန်တကယ် မရှိတော့လျှင် လွတ်လပ်စွာ ကွာရှင်းပြတ်စဲနိုင်ခွင့် ရှိသည်။ ကွာရှင်းပြတ်စဲလိုက်ခြင်းအားဖြင့် နောင်တွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် ပြဿနာ အခက်အခဲများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဗုဒ္ဓက အသက်ကြီးရင့်သော ယောက်ျားများ အနေနှင့် ငယ်ရွယ်သော ဇနီးမယား မယူသင့်ကြောင်း အကြံပြုခဲ့သည်။ အသက်အရွယ် ကွာခြားမှုကြောင့် လိုက်ဖက်မညီဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်ကာ အိမ်ထောင်ရေးကို ပျက်စီးဆုံးရှုံးစေနိုင်သည်။

လူ့အဖွဲ့အစည်းသည် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ရက်မှတဆင့် ဖွံ့ဖြိုးတိုးတက်လာသည်။ ဆက်သွယ်မှုတိုင်းသည် မိမိတို့ အသိုင်းအ၀ိုင်းအတွင်းမှ အခြားသူများကို ထောက်ကူခြင်း၊ ကာကွယ်ခြင်းကို ရင်ထဲမှလာသော စိတ်အမှန်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ကူညီလို၊ ကာကွယ်လိုသော ဆက်သွယ်မှု၏ အရေးပါသော အားကောင်းသည့် အစိတ်အပိုင်းတခု ဖြစ်သည်။

ကောင်းမွန်သော လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုသည်မှာ စစ်မှန်သော သစ္စာရှိခြင်းနှင့် နားလည် ခြင်းမှ အရှိန်မှန်မှန် ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး တယောက်အလိုကို တယောက်က လိုက်လျောခြင်း သက်သက် မဟုတ်ပေ။ လက်ထပ်ထိမ်းမြားခြင်းကြောင့် လူ့အသိုက်အ၀န်းကိုလည်း ဖွံ့ဖြိုးတိုးတက် စေနိုင်သည်။ လူသားနှစ်ယောက် ပေါင်းစည်းခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံတခုကို တည်ထောင်နိုင်ပြီး အထီးကျန်ခြင်း၊ ချို့ငဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှလည်း ကင်းဝေးစေနိုင်၏။

လက်ထပ်ထိမ်းမြားခြင်းအားဖြင့် နှစ်ဦး နှစ်ဖက်လုံး၏ အခန်းကဏ္ဍကို မြင့်တက်စေနိုင်ပြီး ခွန်အားနှင့် သတ္တိများကို အပြန်အလှန် ပေးအပ်နိုင်ကြသည်။ တယောက်၏ စွမ်းရည်ကို တယောက်က ထောက်ကူပြီး အသိအမှတ်ပြုကာ ကျေနပ် လက်ခံနိုင်စေသည်။ ယောက်ျားနှင့် မိန်းမတွင် မည်သူကပို၍ သာလွန်ကြီးမြတ် သည်ဟူ၍ မရှိ။ တန်းတူညီမျှဖြစ်ခြင်း၊ ပွင့်လင်းသော ကြင်နာခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စိတ်ကို ငြိမ်းအေး စေခြင်း စသည်တို့ဖြင့် အပြန်အလှန် အမှီသဟဲ ပြုခြင်းမျိုးသာ ရှိသည်။

လူသားသည် မိသားစုကို ၎င်း၏ ကိုယ်ပိုင်အယူအဆဖြင့် စီစဉ် တည်ဆောက်နိုင်သော်လည်း ကိုယ်ဝန် ဖျက်ချ ခြင်းကိုမူ တရားမျှတမှုဟု မဆိုနိုင်ပေ။

ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ကြပ်မတ်ရန် ဗုဒ္ဓ၀ါဒတွင် အကြောင်းပြချက်မရှိပေ။ ပဋိသန္ဓေ တားဆီးရာ တွင်လည်း ခေတ်ဟောင်း ခေတ်သစ်နည်းများကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိသည်။ ကလေးမွေးဖွားမှု ထိန်းချုပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်းသည် လိုက်နာကျင့်သုံးရမည့် ဗုဒ္ဓ၏ တရားများကို ဆန့်ကျင်ခြင်းပင်ဖြစ်ပြီး ၎င်းတို့၏ အယူအဆသည် ကြောင်းကျိုး ဆီလျော်မှု မရှိသည်ကို သတိပြုသင့်သည်။ ပဋိသန္ဓေ တားဆီးခြင်းဆိုသည်မှာ အသက်ရှင်သန်မှုတခု ဖြစ်ပေါ်မလာမီ ကြိုတင်တားဆီးခြင်းသာ ဖြစ်သည်။

ယင်းကိစ္စတွင် သတ်ဖြတ်ခြင်း မပါဝင်သကဲ့သို့ အကုသိုလ်လည်း မဖြစ်ပေ။ သို့သော် ဖြစ်လာပြီးသော ကိုယ်ဝန်ကို ဖျက်ချလျှင်ကား မှားယွင်းမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖြင့် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ဘ၀တခုကို ဖျက်ဆီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကိုယ်ဝန်ဖျက်ချခြင်းသည် မတရားသောအမှု ဖြစ်သည်။

ဗုဒ္ဓ၏ အဆုံးအမများအရဆိုလျှင် ဖော်ပြပါ အကြောင်းငါးချက်နှင့် ငြိစွန်းပါက သူ့တပါးအသက်ကို သတ်ခြင်း မည်သည်။ ၎င်းတို့မှာ (၁) အသက်ရှိခြင်း၊ (၂) အသက်ရှိကြောင်းကိုသိခြင်း (သို့) သတိပြုမိခြင်း၊ (၃) သေစေလိုသော ဆန္ဒရှိခြင်း၊ (၄) သတ်ရန်အားထုတ်ခြင်း နှင့် (၅) အထက်ပါ အကြောင်းတို့ကြောင့် သေဆုံးရခြင်းတို့ ဖြစ်သည်။

အမျိုးသမီးတယောက် ကိုယ်ဝန်ရှိလာပါက သူ၏သားအိမ်တွင်းတွင် အသက်တခု ဖြစ်လာသည်။ ၎င်းက အမှတ်စဉ် (၁) အချက်နှင့် ကိုက်ညီသည်။ လအနည်းငယ် ကြာပြီးသည့်အခါ ကိုယ်အတွင်းတွင် ရှိနေသောအရာမှာ သက်ရှိဖြစ်သည်ကို သိလာသည်။ ၎င်းက အမှတ်စဉ် (၂) အချက်နှင့် ကိုက်ညီသည်။ ထို့နောက် အကြောင်းပြချက် တစုံတရာဖြင့် ကိုယ်ဝန်ကို ဖြစ်သည့်နည်းနှင့် ဖယ်ထုတ်ရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် ဖျက်ချပေးမည့်သူကို ရှာဖွေပြီး ဖျက်ချပေးရန် ခိုင်းစေသည်။ ၎င်းက အမှတ်စဉ် (၃) အချက်နှင့် ကိုက်ညီသွား၏။

ကိုယ်ဝန်ဖျက်ချသူက ၎င်း၏အလုပ်ကို ဆောင်ရွက်လိုက်သည့် အခါ အမှတ်စဉ် (၄) အချက်နှင့် ကိုက်ညီသွားပြီး နောက်ဆုံးတွင် သူတပါးအသက်ကို သတ်ခြင်း ဖြစ်သွားတော့သည်။ ယင်းသို့ဆိုလျှင် “သူ့အသက်ကို မသတ်ရာ” ဆိုသည့် ပထမဆုံးသော သီလ (ပါဏာတိပါတာ) ကို ကျူးလွန် ဖောက်ဖျက် ခဲ့ပြီဖြစ်၍ လူ့အသက်ကို သတ်ရာရောက်ပေသည်။ ဗုဒ္ဓဘာသာတွင် အခြားသူတဦး တယောက်၏ အသက်နှင့်ဘ၀ကို ဖျက်ဆီးခွင့် ပေးအပ်ထားခြင်း လုံးဝ မရှိပေ။ တိကျသော အခြေအနေတခု၏ အောက် တွင် လူတို့သည် မိမိတို့အတွက် အဆင်ပြေရာကို လုပ်ရန်အတွက် အတင်းအကြပ် တားဆီးထားသလို ခံစားကြရသည်။ သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်း ကဲ့သို့သော အမှုကို ကျူးလွန်ပါက အပြစ်မှ ကင်းလွတ်ခွင့် မရသင့်သလို အခြားနည်းလမ်းအားဖြင့်လည်း ဆိုးဝါးသည့် ကံကြမ္မာနှင့် ကြုံဆုံနိုင်သေးသည်။ အချို့ သော နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုထားသည်။ သို့သော် ခွင့်ပြုထားသည့်အတွက် ပြဿနာများလည်း ရှိနေသည်။ ဘာသာရေး စည်းမျဉ်း စည်းကမ်းများသည် လူသားတို့၏ စိတ်ဆန္ဒကို နေရာတိုင်းတွင် အလျှော့ပေးနေ၍ မဖြစ်နိုင်ပေ။ စည်းကမ်းဆိုသည်မှာ လူသားမျိုးနွယ်တခုလုံး၏ ချောင်ချိမျှတမှုအတွက်သာ ရပ်တည်ရမည်ဖြစ်သည်။

မည်သည့် အခြေအနေအရဖြစ်စေ တစုံတယောက်၏ အသက်ကို ရယူခြင်းသည့် လူ့ကျင့်ဝတ်အရရော ကိုးကွယ်ရာ ဘာသာတရား အတွက်ပါ မှားယွင်းသောအမှု ဖြစ်သည်။ တစုံတယောက်၏ အသက်ကို ဖျက်ဆီး နှောက်ယှက်သူသည် ပြင်းထန်သော ၀ဋ်ကြွေးကို ခံစားရမည် ဖြစ်သည်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_5261.html

ကေတီဗွီအချို့ ပါတီအမည်ခံ ဖွင့်ထားကြောင်း တာဝန်ရှိသူပြောကြား



ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့် ဖွင့်လှစ်ထား သော ကေတီဗွီ များ ရှိနေ ကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦး မှ ပြောကြားခဲ့သည်။


ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စ များနှင့် ပတ်သက် ၍ နေပြည် တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာ ချိန်ကတည်း က တရားမ၀င်အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများ လည်းပိတ် ထားပြီးမြို့နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသော ကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

““လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ် ယောက် နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံနဲ့ပါ”” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်းမရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

Credit : http://www.mmdailystar.com/2013/07/blog-post_2216.html

စစ်ရေးပူးပေါင်းမှု မြှင့်တင်ရန် ဗြိတိန်ဝန်ကြီးချုပ် ကမ်းလှမ်း



ဆယ်စုနှစ်ပေါင်းများစွာ ဆက်ဆံရေး ပြတ် တောက် ခဲ့သည့် မြန်မာ့တပ်မတော်နှင့် ဗြိတိန် တပ်မတော် တို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု မြှင့်တင်ရန် သမ္မတဦးသိန်းစိန်ကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ကမ်းလှမ်းလိုက်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ဘီဘီစီ သတင်းဌာနတွင် ဖော်ပြ ထား သည်။


သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ ဇူလိုင်လ ၁၅ ရက်နေ့က လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ရုံးခန်းတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ တပ်မတော်တို့အကြား အပြန်အ လှန် ပူးပေါင်းဆောင်ရွက်မှုများတွင် ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတူတ ကွ ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီး ကြိုဆိုပါတယ်။ 

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း လွတ်လပ်မျှတပြီး ပွင့်လင်းစွာ ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီးချုပ် ကင်မရွန်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် နိုင်ငံတွင်း ပဋိပက္ခများ ဖြေရှင်းရာတွင် ဗြိတိန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီရန် ဆုံးဖြတ် ထားကြောင်း၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကဏ္ဍများတွင် အကူအညီပေးရန် သမ္မတဦးသန်းစိန် ၏ ဗြိတိန်ခရီးစဉ်အတွင်း ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီး Mr.Hugo Swire က ပြောကြားထားသည်။ မြန်မာ့တပ်မတော်၏ လက်ရှိအနေအထားမှာ လက်နက်ပစ္စည်းပိုင်း ဆိုင်ရာတွင် သာမက အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင်ပါ များစွာလိုအပ်နေသေးပြီး ဗြိတိန်ကဲ့ သို့သော ခေတ်မီတပ်မတော် ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးများ ကူညီမှုမှာ လွန်စွာ အရေးပါကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “စစ်ရေးနဲ့ မဆိုင်တဲ့ ပဋိပက္ခ ကိုင်တွယ်ထိန်းသိမ်းရေး နဲ့ အခြားလေ့ကျင့်ရေး ကဏ္ဍတွေမှာ ကူညီဖို့ အရင်ကလည်း ပြောထားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ လုံခြုံရေး ကဏ္ဍတွင် ရဲတပ်ဖွဲ့၏ ပါဝင်နိုင်မှုကိုလည်း မြှင့်တင်လျက်ရှိပြီး နည်းပ ညာနှင့် အရည်အသွေးပိုင်း မြှင့်တင်ရန် မျာစွာ လိုအပ်နေသေးကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားပေး ကူညီ ရန် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းမှုများ ပိုမိုမြှင့်တင်ရန် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ် သည် ဇွန်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ၎င်း၏ အရပ်သားအစိုးရ နှစ်နှစ်ကျော် ကာလ အတွင်း ဒုတိယမြောက် ဥရောပ ခရီးစဉ်အဖြစ် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ သွားရောက်နေခြင်းဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည့် ဗြိတိန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။ 

From:The Voice Credit : Here

ဆိုတေး နှစ်ရက်အတွင်း သတိပြန်မရပါက ဘန်ကောက်တွင် ကုသမည်



မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိသည့် ဆိုတေးအားနှစ်ရက်အတွင်း သတိပြန်လည် လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေကြကြောင်း ၎င်း၏ သူငယ်ချင်း ဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြား လိုက်သည်။


ရန်ကုန်မှ မန္တလေးတောင်သာဘက်သို့အသွား မိတ်္ထီလာအမြန်လမ်းမပေါ်တွင် ဇူလိုင် ၁၄ ရက်က ဖြစ်ပွား ခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့် ဆိုတေးသည် ဦးခေါင်း၊ လည်ပင်းနှင့် ခြေထောက် တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဦးနှောက်အား ခွဲစိတ်ကုသမှု ခံယူရာတွင် အောင် မြင်မှုရရှိခဲ့သော်လည်း ဇူလိုင် ၁၅ရက် ညနေ ၆ နာရီအထိ သတိပြန်လည် လာခြင်း မရှိပေ။

“ဦးခေါင်းကို ၄၁ချက် ချုပ်လိုက်ရတယ်။ ခြေထောက်က အဆိုးရွားကြီးတော့မဟုတ်ပါဘူး။ ဆရာဝန်ကြီး ကတော့ စိုးရိမ်ရတဲ့အနေအထားက လွတ်မြောက်သွားပြီလို့တော့ ပြော တယ်။ နှလုံးခုန်နှုန်း ကလည်း အခုဆို ၁၃၇ လောက်ဖြစ်လာပြီ”ဟု လူရှင်းမောင်က ဆိုသည်။

ဆိုတေးအားလက်ရှိတွင် ICU ထဲတွင်သာထားရှိဆဲဖြစ်သည်။ ဆိုတေးသည် ယခုနှစ်ပွင့်လင်းရာသီတွင် “မင်္ဂလာပါ ဆိုတေး” အမည်ဖြင့် တေးစီးရီးထွက်နိုင်ရန် ပြင်ဆင်ဆဲကာလတွင် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။

From: Mizzima

ဓာတ်ဆီဆိုင်ကိစ္စသက်ဆိုင်ရာဌာနများသို့(၂)ကြိမ် တိတိတိုင်ကြားခဲ့သော်လည်းမထူးခြားသည့် အတွက်သမ္မတထံတိုင်စာပို့မည်


0

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ အမှတ်(၁)ရပ် ကွက် လူနေအိမ်များရှိသောနေရာ တွင် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်တည် ဆောက်မည့်အပေါ်ကျေးရွာသ၊ူ ကျေးရွာသား များက သက်ဆိုင်ရာ ဌာနများသို့(၂)ကြိမ်တိုင်ကြားခဲ့ သော်လည်း မထူးခြားသည့်အတွက် သမ္မတထံတိုင်ကြားစာ ပို့မည်ဖြစ် ကြောင်းသတင်းရရှိသည်။


““ကျွန်တော်တို့အနေနဲ့ကျေး ရွာအုပ်ချုပ်ရေးမှူးကစပြီးပြည်နယ် ၀န်ကြီးချုပ်နဲ့ပြည်နယ်စွမ်းအင်ဝန် ကြီးဌာနထိအောင်(၆)လပိုင်း(၂၈) ရက်နေ့ကတစ်ကြိမ်၊(၇)လပိုင်း(၁) ရက်နေ့ကတစ်ကြိမ်ပေါင်း(၂)ကြိမ် တိတိတိုင်ကြားခဲ့ပေမဲ့ဘယ်လိုမှ ထူးခြားမှုမရှိပါဘူး။

အဲဒီအတွက် ကြောင့်ကျွန်တော်တို့အနေနဲ့ကျေး ရွာရဲ့မီးဘေးအန္တရာယ်လုံခြုံရေး အတွက် နိုင်ငံတော် သမ္မတကြီး ဆီကိုလည်းတိုင်ကြားသွားပါမယ်။ နောက်တစ်ခုကစွမ်းအင်ကတာဝန် ရှိသူနဲ့တွေဆုံမေးမြန်း ရာမှာ ဓာတ်ဆီ ဆိုင်ဆောက်လုပ်နေတဲ့ခြံမြေက ဥယာဉ်ခြံမြေလို့တင်ပြခဲ့တဲ့အတွက် ခွင့်ပြုခဲ့ကြောင်းနဲ့ အနီးပတ်ဝန်းကျင် လူနေအိမ်(၁၀)အိမ်ကလက်မှတ် ထိုးထားတယ်လို့ပြောပါတယ်။ တကယ်တော့ ကျွန်တော်တို့အနီး ၀န်းကျင်ကအိမ်တွေအနေနဲ့လက် မှတ်ရေးထိုးခြင်းမရှိပါဘူး။ဒီကိစ္စ ကိုကျွန်တော်တို့ ရွာသူရွာသားတွေ အနေနဲ့ကတော့လူနေအိမ်တွေရှိ တဲ့နေရာမှာဓာတ်ဆီဆိုင်ဆောက် မှာဖြစ်တဲ့အတွက် လုံးဝလက်မခံပါ ဘူး””ဟုကျေးရွာသူကျေးရွာသား များကိုယ်စားဦးစံသွင်ကပြောကြား ခဲ့သည်။

သက်ဆိုင်ရာန(၇)ဌာနသို့ ကျေးရွာသူကျေးရွာသား(၅၆)ဦးက လက်မှတ်ရေးထိုးတိုင်ကြားထား ကြောင်း၊ ယင်းတိုင်းကြားစာတွင်ဇင်း ကျိုက်တောင်ခြေရှိပန်းကုန်းကျေး ရွာသည်ဆောင်းရာသီတွင်အရှေ့ တောင်လေ တိုက်ခက်ခြင်းဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ လောင်စာဆီဆိုင်သည်လူနေအိမ် များနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် ကိုမီးဘေးအန္တရာယ်စိုးရိမ်နေ ရကြောင်းစသည်ဖြင့်ပါဟုရှိ ကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23526

UMFCCI အမှုဆောင်ရွေးချယ်ဂယက်ကြောင့် ကြေညာချက်ထုတ်ပြန်ရ


IMG_5218

(၂၀၁၃) ခုနှစ် ဇွန် (၁၅) ရက်တွင်ကျင်းပခဲ့သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အမှုဆောင်သစ်ရွေး ချယ်ရာ၌ တရားမျှတမူ မရှိခြင်း၊ ညီနောင်အသင်း (၅၉) သင်းရှိ သည်ကို (၆၉) သင်းရှိသည်ဟု အသင်း (၁၀) အသင်းထပ်မံတိုး ထားခြင်း၊ ကွန်ပျူတာစနစ်ဖြင့် မဲရွေးချယ်ရာတွင် မှန်ကန်မူမရှိ ခြင်း၊ ကြိုတင်မဲကောက်ယူသည့် ပုံစံဖြင့်မဲပေးထားခြင်းများပြုလုပ် ခဲ့သည်ဆိုကာမှန်ကန်သောနည်း လမ်းဖြင့် ပြန်လည် ရွေးချယ်ပေး ရန် UMFCCI အသင်းဝင်တချို့ က ဇူလိုင်လ (၁၂) ရက် နေ့လယ် (၁း၃၀) အချိန်တွင် မြန်မာဘစ် ရှော့စင်တာ၌ပြုလုပ်သောသတင်း စာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ကြ သည်။


“အသင်းချုပ်မှာအသင်းသား ဦးရေ (၂၀၀၀၀) ကျော်ရှိတဲ့အထဲ မှာဆန္ဒမဲပေးသူ (၄၀၀) ကျော် ပဲရှိပါတယ်။ ဒါပေမဲ့တချို့ဆန္ဒမဲ ပေးသူတွေကဆန္ဒမဲငါးစောင်က နေဆယ်ဆောင်အထိမဲပေးတဲ့ အတွက် ဆန္ဒမဲ (၇၂၂) မဲရှိသွား ပါတယ်။ ရွေးချယ်ပွဲမှာတရားမျှ တမှုရှိအောင်ပညာရှင် (၁၁)ဦး ရွေးချယ်သော်လည်းတကယ်လက် တွေ့မှာ ရွေးချယ်မူမမှန်ကန်ခဲ့ပါ ဘူး။ ဒါကြောင့်တရားမျှတတဲ့ နည်းလမ်းနဲ့ ပြန်လည်ရွေးချယ်ပေး စေလိုပါတယ်”ဟု ဇောတိကသင်္ကန်း တိုက်ပိုင်ရှင်ဦးခင်လှိုင်ကဆိုသည်။

အလုပ်အမူဆောင်ရွေးချယ် ပွဲတွင် မှန်ကန်မူမရှိ၍အစိုးရထံ တင်ပြထားကြောင်း၊ရှေ့ဆက်သွား မည့်အသင်း၏လုပ်ဆောင်မှုများ တွင်အများအတွက်မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ယခုကဲ့သို့ရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ EC ဖြစ်ချင်၍ မဟုတ်ကြောင်း၊ ရိုးသားစွာယှဉ်ပြိုင် သူများနစ်နာမှုအတွက် ထောက်ပြ နေခြင်းဖြစ်ကြောင်း၊ ကြိုတင်အုပ် စုဖွဲ့၍ဆောင်ရွက်ခဲ့မှု ၎င်းရွေးကောက် ပွဲတွင်ရှိကြောင်း အသင်းဝင်တစ် ဦးဖြစ်သည့်ဒေါက်တာဦးထွန်းက ပြောသည်။

အဆိုပါအမူဆောင်သစ်ရွေး ချယ်ရာတွင်နောက်ဆက်တွဲသတင်း များကြောင့် UMFCCI ကဇူလိုင် (၁၁) ရက်တွင် သဘောထားထုတ် ပြန်ချက် (၈) ချက်ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။ ရွေးကောက် ပွဲနေ့တွင် ကော်မရှင်သည်အဆို ပြုကိုယ်စားလှယ်လောင်းများအား လုံးကို မဲဆန္ဒပြုခန်းမ၌ လွတ်လပ်စွာ မဲဆွယ်ခွင့် ပြုခဲ့ကြောင် မဲပေးပိုင်ခွင့်ရှိသော အသင်းသား များအနက်မှ မဲပေးရန်ဆန္ဒရှိသော မှတ်ပုံတင်စာရင်းသွင်းသူ (၈၉၆) ဦးရှိပြီးအမှန်တကယ်လာရောက် မဲပေးသူအသင်းသား (၇၂၂) ဦးရှိကြောင်း၊ အမှုဆောင်အဖြစ် ရွေးချယ်ခံရန်အဆိုပြုသူ (၁၉၉) ဦးရှိပြီး ယင်းအနက်မှညီနောင် အသင်းအရေအတွက်နှင့် အညီ အမျှဖြစ်သည့်တစ်သီးပုဂ္ဂလအမှု ဆောင် (၆၉) ဦးကိုရွေးချယ်ခဲ့ ကြောင်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ညီနောင်အသင်းအဖြစ် အသိအမှတ်ပြုထားသောတရား ၀င်မှတ်ပုံတင်သက်တမ်းရှိသည့် ညီနောင်အသင်း (၆၉) သင်းမှ ကိုယ်စားလှယ်စာရင်းအချိန်မီပေး ပို့သော အမှုဆောင် (၅၉) ဦး အပါအ၀င်စုစုပေါင်း အလုပ်အမှု ဆောင် (၁၂၈) ဦးကို ရွေးချယ် ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် များသည်ရွေးကောက်ပွဲအဆင့် တိုင်းတွင် ဆန္ဒမဲများကို ကွန်ပျူတာစနစ်ဖြင့် သာမကလူ ကိုယ်တိုင်လည်းအနီးကပ်ကြီးကြပ် ဆောင်ရွက် ခဲ့ကြ ပါကြောင်း၊ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23518

အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရတို့ ဆွေးနွေးခဲ့ပြီး နောက်နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေအနေတည်ငြိမ်လျက်ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေး ဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။


“ကျွန်တော်သိသလောက်တော့ ခုဖြစ်နေတဲ့ စခန်းကနေ ဟိုတစ်နေ့က နှစ်ဖက်စလုံးက ဆုတ်လိုက်တယ်။ ဆွေးနွေးပွဲပြီးမှ နောက် တစ်နေ့ ဆုတ်ပေးလိုက်တယ်။ ခုဘာမှ မရှိတော့ဘူး။ အဆင်ပြေနေပါပြီ” ဟု သူက မဇ္စျိမ ကို ပြောသည်။ သို့သော် အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့နှင့် UWSA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇူလိုင်လ ၁၃ ရက်မှာနှစ်ဖက်တပ်များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဇွန်လလယ်မှ စတင်၍ အစိုးရဘက်မှ နေရာယူထားသော စခန်းများမှ နှစ်ဖက်စလုံး ဆုတ်ခွာပေးကြမည်ဟု သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့မှာဘဲ တပ်မတော်နှင့် ‘ဝ’ တို့အကြား နှစ်ဘက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများမှ သဘောတူညီချက်များအား ဆက်လက် အလေးထား လိုက်နာရန် အပါအဝင် အချက် ၅ ချက်ကို သဘောတူချက် ထုတ်ပြန်ခဲ့သည်။

နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်း ပေါ်ပေါက်လာပါက အပြုသဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး တွေ့ဆုံ ညှိ နှိုင်းဖြေရှင်းရန်၊နှစ်ဖက် လက်ရှိ တည်ဆောက်ပြီးဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး အစဉ် အလာကောင်းများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပြီး အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေး မှုနှင့် ငြိမ်းချမ်းရေးရသည်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့ပြင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များအား ပြည်ထောင် စု အစိုးရနှင့် ‘ဝ’ အထူးဒေသ(၂)တို့ အပြန်အလှန် ပူးပေါင်း ကူညီဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ သည်။

‘ဝ’ အထူးဒေသ (၂)သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်သည့် အားလျှော်စွာ နိုင်ငံတော်အားသွေးကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း စသည့်တို့ကို လုံးဝ ပြု လုပ်မည် မဟုတ်ဘဲနိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ‘ဝ’ အထူး ဒေသ(၂)၏ စွမ်းရည်များကို လှူဒါန်း ပေးဆောင်သွားမည်ဟု သဘောတူခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ်ထားသော်လည်း ‘ဝ’ တို့တွင် အစိုးရတစ်ရပ် ယန္တရားများ ပြည့်စုံနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုပေးရန် ‘ဝ’ က တောင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀ဝ၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင် မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ် ခရိုင်ဖွဲ့ပြီး၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ်ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

မဇ္ဈိမ သတင်းဌာန

ခြေလေးချောင်းရှိ ကလေးငယ် ပထမဆင့် ခွဲစိတ်ပြီး

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ခွဲစိတ်မှုဖြစ်သော ခြေလေးချောင်းရှိနေသော ကလေးငယ်တစ်ဦးကို ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် ပထမအကြိမ် ခွဲစိတ်ပြုပြင်ပေးခဲ့ပြီး ခွဲစိတ် မှူများ ထပ်မံပြုလုပ်ရဦးမည်ဖြစ်သည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ပြောသည်။


အသက်ငါးလသားအရွယ်ရှိ ယင်းကလေးငယ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လွယ်မွတ်ရွာ ပင်လုံးမြို့မှ ဖြစ်ပြီး ယင်းကလေးငယ် ခွဲစိတ်မှုအား ဧရာဝတီဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ထပ်မံ၍ ခွဲစိတ်မှုများပြုလုပ်ရဦးမည်ဖြစ်ပြီး အချိန်အားဖြင့် တစ်နှစ်ခွဲခန့် ကြာနိုင်သည်ဟုလည်း ဒေါက်တာအောင်မြင့် လွင်က ပြောသည်။

၎င်းက “အခုနှစ် ခြေနှစ်ချောင်း အပိုပါတဲ့အဆင့်ကိုခွဲတာက တစ်ခုခွဲပြီး အောက်ပိုင်း မူလပကတိဖြစ်ဖို့ တစ်လနဲ့နှစ်လကြားမှာ နောက်ထပ်တစ်ဆင့် ခွဲရမယ်။ တတိယအဆင့်က လိုရင်ထပ်ခွဲမယ်။ မလိုရင်လည်း နှစ်ဆင့်နဲ့ပြီးမှာပေါ့”ဟု ပြောသည်။

ယင်းကလေးငယ် ခွဲစိတ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပံ့ပိုးမှုများပြုလုပ်ပေးပြီး ဆေးတက္က သိုလ်(၁)နှင့် ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခများအားလုံးလည်း ပါဝင်ဆောင်ရွက်ကြသည်ဟု သိရသည်။

ယင်းခွဲစိတ်မှုကို တာဝန်ယူထားသည့် ဧရာဝတီဖောင်ဒေရှင်းဥက္ကဋ္ဌ ဦးအောင်မိုးကျော်ကလည်း “ရန်ကင်း ကလေးဆေးရုံးက ဆရာဝန်ကြီးတွေ သွားကြည့်ကတည်းက ပါဝင်ခဲ့တာပါ။ ဒီကလေးလေး ကောင်းသွားရင် မိဘတွေ ၀မ်းသာသလို ဧရာဝတီဖောင်ဒေးရှင်းကလည်း ၀မ်းသာတာပေါ့”ဟု ဆိုသည်။

ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ဒေါက်တာအောင်မြင့်လွင်ကလည်း “ပထမအဆင့် အရိုးခွဲတဲ့ အနာတွေ ကျက်သွား ရင် ဒုတိယအဆင့် ပြန်လုပ်မယ်။ ကလေးကို လူကောင်းပကတိ ဖြစ်အောင် ဒုတိယအဆင့်ခွဲရမယ်၊ နောက် တစ်ဆင့် ဗိုက်ခွဲရမယ်ဟု”ဟု ဆိုသည်။

မဇ္ဈိမ သတင်းဌာန

လယ်သိမ်းခံရမှု သိမ်းဆည်းစဉ် ကာလပေါက်ဈေးအတိုင်း ပေးလျော်မည်ဟု သမ္မတရုံးဝန်ကြီး ပြော

လယ်မြေ သိမ်းဆည်းခံရမှုများအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အထောက်အထားများဖြင့် စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ပြီး သိမ်းဆည်းစဉ် ကာလ၏ ပေါက်ဈေးအတိုင်း ပေးလျော်မှုများ ပြုလုပ် သွားမည်ဟု သမ္မတရုံး ဒုတိယ၀န်ကြီးဦးသန့်ရှင်းက ဇူလိုင်လ ၁၆ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသွားသည်။


“လယ်ယာမြေ သိမ်းဆည်းခံရသူများအတွက် နစ်နာကြေးပေးရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ အထောက်အထားများဖြင့် စစ်ဆေး ဖော်ထုတ်သွားပါမည်။ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်၏ အကြံြုပုချက်ဖြင့် သိမ်းဆည်းစဉ် ကာလ၏ ပေါက်ဈေးနှင့်အညီ ပေးလျော်နိုင်ရန် စီစစ်လျက် ရှိပါတယ်။” ဟု ဦးသန့်ရှင်းက လွှတ်တော်တွင် ပြောဆိုသည်။

ကုမ္ပဏီများက သိမ်းယူထားသည့် မြေများပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေများကိုလည်း ပြန်လည်သိမ်းယူကာ မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်မည်ဟုလည်း ဦးသန့်ရှင်းက ဆိုသည်။

“နိုင်ငံတော်မှ ချန်လှပ်မြေများကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုမ္ပဏီများမှ မူလ ရည်မှန်းချက်အတိုင်း ဆောက်ရွက်ခြင်းမရှိဘဲ လယ်မြေများ ချန်လှပ်ထားပါက လယ်ယာမြေဥပဒေနဲ့ အညီ ပြန်လည် သိမ်းဆည်းပြီး မူလပိုင်ရှင် တောင်သူ လယ်သမားများထံသို့ ပြန်လည်အပ်နှံနိုင်ရန်စီမံဆောင်ရွက် လျှက် ရှိပါတယ်”ဟု ဦးသန့်ရှင်းက ပြောသည်။

ဧရာဝတီတိုင်း မြောင်းမြစက်မှုဇုန် ၁ အတွက် သိမ်းယူထားသည့် လယ်သမား ၁၇ ဦး ပိုင်ဆိုင်သည့် လယ် မြေ ဧက ၅၀ ကျော်အတွက် နစ်နာကြေး တစ်ဧက ၁၅ သိန်း တောင်းဆိုသည့် လယ်သမားများကို လျော် ကြေးပေးမည်ဖြစ်ပြီး ကာလပေါက်ဈေးထက် ကျော်လွန်တောင်းဆိုမှုကိုမူ ဥပဒေအတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်။

“ကာလပေါက်ဈေးထက် ပိုမိုတောင်းခံသူနှင့် နစ်နာကြေးမယူဟုဆိုကာ မြေကွက်ပေါ်ကလည်း ဖယ်မပေး သူတို့အား ညှိနှိုင်းဆောင်ရွက်ရာ မရသဖြင့် စက်မှုဇုန် ဆက်လက် အကောင်အထည်ဖော်ရေးအတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးသန့်ရှင်းက ပြောသည်။

လယ်ယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ လွှတ်တော်အတွင်း အမတ် ၄၅ ဦးက အပြင်းထန်ဆုံး စကားလုံး များဖြင့်ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမ သတင်းဌာန

မြန်မာသမ္မတခရီး ဆန္ဒပြခြင်းအပေါ် သုံးသပ်ခြင်း

၈၈- နောက်ပိုင်း ကျနော်တို့  နိုင်ငံတကာ ရောက်ကြတယ် ။ ပြည်တွင်းက စစ်အစိုးရကို ပြည်ပကနေပြီး ဆန္ဒပြ ကြတယ် ။ ပြည်ပမှာ အဖွဲ့ အစည်းတွေ အများကြီးဖြစ်လာတယ် ။ NGOs တွေကလဲ နယ်စပ်တွေ ဆင်းလာကြတယ် ။ ထိုင်းနိုင်ငံဖက်ကို လာကြတဲ့  အဖွဲ့ အစည်းတွေက ငွေရေးကြေးရေး မစို့ မပို့ လေး ပေးပြီး ဒီမိုကရေစီအတိုက်အခံလောကကို မွှေနှောက်လိုက်တယ် ။ ထိုင်းမှာရှိတဲ့  လက်နက်ကိုင်အဖွဲ့ တွေ ကော လက်နက်မကိုင်အဖွဲ့ တွေကော အလုပ်ဖြစ်ကြတယ် ။


ရတဲ့ ဟာနဲ့ အလုပ်ဖြစ်ကြတယ်။ နောက်ဆုံးမှာ မိန်းမလျှာတွေကလဲ အလုပ်ဖြစ်ကြတယ် ။ မိန်းမလျှာ အခွင့်အရေးတွေ လှုပ်ရှားလို့  ။ အိန္ဒိယဖက်မှာတော့ ထိုင်းဖက်ကလာတဲ့  အဖွဲ့ အစည်းတွေရဲ့  လက်အောက်ခံ မစို့ မပို့ နဲ့ လှုပ်ရှားကြရတယ် ။ ဘင်္ဂလားဒေ့ရှ့် ဖက်ကတော့ ဘာမှ အထောက်အကူမရတဲ့ အတွက် သူတို့ နည်းသူတို့ ဟန်နဲ့  လှုပ်ရှားကြတယ် ။ မလေးရှားကျပြန်တော့လဲ သူတို့ နည်း သူတို့ ဟန်နဲ့ ဘဲ ။ ဒီလို -၈၈-နော်ကပိုင်းကနေပြီး -၂၀၁၀-ရွေးကောက်ပွဲကာလအထိ မြန်မာ့ဒီမိုကရေစီ အင်အားစု တွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆန္ဒပြတော်လှန်ရေးကို ကောင်းစွာ လှုပ်ရှားနိုင်ခဲ့ ကြတယ် ။ အောင်မြင်မူတွေ အများကြီး ရရှိခဲ့တယ် ။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ ဆုံရင်း ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံရှေ့မှာ အတူတွဲရိုက်ပြပြီး နိုင်ငံရေးစိန်ခေါ်မှု တစ်ရပ်ကို လှုပ်ရှားလိုက်တယ် ။ အဲဒီအချိန်ကစလို့  ပွဲက တဖက်သတ်ဖြစ်သွားတယ် ။ နောက် ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်သွားတော့ ကျနော်တို့ ရဲ့  ပြည်ပနိုင်ငံရေး ဆန္ဒပြ့ပွဲတွေဟာ သဂြိုလ်ခံလိုက်ရတယ် ။ အဲဒီတုံးက ကျနော် ဆောင်းပါးတပုဒ် ရေးသားတင်ပြခဲ့ တယ် ။ ဘာလဲဆိုတော့ ပြည်ပမှာရှိတဲ့  ပြည်ထောင်စုအမျိုသားညွန့် ပေါင်းအစိုးရ ( NCGUB ) ဆိုတာကို ဖျက်သိမ်းရတော့မယ်လို့  ရေးတယ် ။ အခြားပြည်ပမှာ ဖွဲ့ စည်းထားတဲ့  ဘယ်အဖွဲ့ အစည်းမဆို ဖျက်သိမ်းရမယ်လို့  ရေးတယ် ။ ပြည်ပက မီဒီယာတွေလဲ ပြည်တွင်းကို ၀င်ကြ လိမ့်မယ်လို့ ဟောကိန်းထုတ်ရေးတယ် ။

ကျနော်ရေးခဲ့ သလိုပါဘဲ ။ ဖျက်သိမ်းလိုက်ရပါတယ် ။ အဖွဲ့ အစည်းတွေဟာ တစ်ခုမကျန် ဖွဲ့ စည်းလိုက် ရတယ် ။ မီဒီယာတွေ ဆိုရင်လဲ ကျနော်တို့ မှားခဲ့ ပါပြီလို့  ဒူးထောက်ပြောဆိုတဲ့ အထိ ကပ်ဖါးယပ်ဖါး ပြောယူရ လောက်အောင် မိဇျိမ္မက စိုးမြင့်က ၀န်ကြီးဦးကျော်ဆန်းကို တောင်းတောင်းပန်ပန် နဲ့  ပြည်တွင်းမှာ လုပ်စားဖို့  ၀င်သွားရတယ် ။ ဧရာဝတီအောင်ဇေါ်က သူတို့ တွေဟာ ဒေါ်အောင်ဆန်း စုကြည်ကြောင့် NGOs တွေက အကူအညီ ထောက်ပံ့ငွေ မရရှိတော့ဘူး ။ ဒါ့ကြောင့်မို့ လို့  ပြည်တွင်းကို လူမသိ သူမသိ နဲ့  ၀င်သွားရတယ် ။ မီဒီယာသမားတွေဟာ ၀ပ်ဆိုက်နဲ့  ဘလော့ကလေး လုပ်ရုံနဲ့  ကြီးကြီး ကျယ်ကျယ် သတင်းမီဒီယာကြီးလို ဟန်ကြီးတစ်ခွဲသားနဲ့  အင်တာနတ်အကြောင်း နားမလည်လွန်းသေးတဲ့  မြန်မာ နိုင်ငံအစိုးရနဲ့  ပြည်သူတွေကို လှည့်စားဖို့  ၀င်သွားကြတာဖြစ်တယ် ။ သူတို့ တွေကြောင့် မြန်မာနိုင်ငံ အစိုးရဟာ မူဆလင်ကုလားတွေရဲ့  လုပ်ကြံမှုတစ်ခုကို ခုထက်ထိ ဖြေရှင်းနေရ မဆုံးဖြစ်နေ တယ် ။

စောစောက ပြောခဲ့ သလို -၈၈-နောက်ပိုင်းမှာ နိုင်ငံတကာမှာ ဆန္ဒပြခဲ့ တဲ့  ကျနော်တို့ ဟာ ဘယ်နိုင်ငံမဆို တက်ညီလက်ညီ အတူတူ တိုက်ပွဲဝင်ခဲ့ ကြတယ် ။ ဘယ်မူဆလင်ကုလား တစ်ကောင်မှ အဖွဲ့ အစည်းနဲ့  အတူတူ လိုက်ပါ ဆန္ဒပြခဲ့ တာ မရှိဘူးဆိုတာ ပြောချင်တယ် ။ ဒါဟာ နှစ်ပေါင်း-၂၀-အတွင်းမှာ ထူးခြားနေတဲ့  ပြသနာဖြစ်တယ်ဆိုတာ ပြောလိုတယ် ။ နောက်တစ်ချက်က မူဆလင်ကုလား တွေကို အဓိကပွဲထုတ်တဲ့  ဦးဟန်ညောင်ဝေကို ဒီနေရာမှာ ပြောချင်တယ် ။ ဦးဟန်ညောင်ဝေက မြန်မာ နိုင်ငံ ရဲ့  ပထမ သမ္မတဖြစ်သူ စပ်ရွှေသိုဝ်ရဲ့ သားမို့ လေးစားတယ် ။ ဒါပေမဲ့  သူ့ အဖေကိုသာ လေးစား တာဖြစ်တယ် ။ ဒီဦးဟန်ညောင်ဝေဆိုတဲ့  သူတောင်းစားက မူဆလင်ကုလားတွေရဲ့  လော်ဘီသမားမို့  အကြံအဖန်ကို ကောင်းကောင်းကြီးအသုံးချသွားတယ် ။ ၈၈-နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားမှုမှာ အတူတူ တန်းတူအခွင့်အရေးနဲ့  လှုပ်ရှားကြတာဖြစ်တယ် ။ ဒါပေမဲ ဦ့းဟန်ညောင်ဝေက ဒီလိုမဟုတ်ဘူး ။ တိုင်းရင်းသားလူမျိုးများကောင်စီ ( Ethnic National Council )-ENC- ဆိုတာကို ထိုင်းနယ်စပ်မှာ သွားပြီး စတင်လှုပ်ရှားတယ် ။

အဲဒီအဖွဲ့ ကို ကျနော်က တချိန်လုံးလက်မခံဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဗမာလဲ တိုင်းရင်းသားလူမျိုး တမျိုးဆိုတာ ကျနော်က လက်ခံထားသူဖြစ်တယ် ။ ဒါပေမဲ့  ဦးဟန်ညောင်ဝေက ဗမာဟာ တိုင်းရင်းသား လူမျိုး မဟုတ်သလို သူ့ အဖွဲ့ အစည်းကို ဗမာမပါသော တိုင်းရင်းသားလူမျိုးများဆိုပြီး သွေးခွဲဖွဲ့ စည်းတာ ဖြစ်တယ် ။ အဲဒီအဖွဲ့ မှာပါတဲ့  လူတွေကလဲ ကိုယ်ဘာကောင်လဲဆိုတာတောင် မသိကြဘူး ။ ပြောလာတဲ့ အခါ ဗမာတစ်ကျပ် ကရင်တစ်ကျပ်- ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် -ဗမာတစ်ကျပ် ရခိုင်တစ်ကျပ် ဆိုပြီး ပြောသေး ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလို့ လဲ ပြောပြန်သေးတယ် ။ ကဲ - ဗမာလူမျိုး တွေဟာ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုရင် သူတို့ လိုချင်တဲ့ တန်းတူအခွင့်အရေးတို့ -အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဘယ်လို တည်ဆောက်နိုင်မှာလဲ ဆိုတာ စဉ်းစားလို့ မရ ဖြစ်တယ် ။ ဗမာလူမျိုးဟာ တိုင်းရင်းသားလူမျိုးပါလို့  ဗမာကလဲ လက်ခံမ-ှ ကျန်ရှိနေတဲ့  အခြားလူမျိုး တွေကလဲ အားလုံးသောလူမျိုးဟာ တိုင်းရင်းသားလူမျိုးပါလို့  လက်ခံထားမှ -ဖက်ဒရယ်ပြည်ထောင်စုစနစ် တစ်ခုနဲ့  မြန်မာနိုင်ငံကို တည်ဆောက်လို့ ရမှာဖြစ်တယ် ။

ဒီတော့ ဦးဟန်ညောင်ဝေရဲ့ - ENC -က ဗမာလူမျိုးကို တိုင်းရင်းသားလူမျိုးလို့ အသိအမှတ် မပြုသမျှ ဖက်ဒရယ်ပြည်ထောင်စုကိုဖေါ်ဆောင်လို့ မရဘူးလို့  ပြောရဲတယ် ။ တကယ်လို့ ဗမာလူမျိုးဟာလဲ တိုင်းရင်းသားလူမျိုးပါလို့  အခုအချိန်မှာ လာပြောရင်လဲ အဲဒီ ENC အဖွဲ့ အစည်းမှာ ဗမာလူမျိုးတွေကို ထည့်သွင်းရမယ် ဖြစ်တယ် ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆွေးနွေးဖို့ ထက် အဲဒီပြသနာကို ပထမဦးစွာ ဆွေးနွေးဖို့ တောင် လိုနေသေးတယ် ။ နောက်ဒုတိယတစ်ချက်က ဦးဟန်ညောင်ဝေက မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးများ ညီလာခံပြုလုပ်ဖို့  ငွေကြေးတွေ စိုက်ထုတ်ပေးနေတာတွေ မြင်နေရတယ် ။ ဒါက သူ့ အနေနဲ့  ဘယ်ကရရှိတဲ့  ငွေနဲ့  လုပ်ကိုင်သလဲ ဆိုတာ ပြောလို့ မရလူး ။ သူ့ ရဲ့ ကြိုးစားမှုကြောင့် ရတာဘဲလို့  မှတ်ယူပါတယ် ။ ဒါပေမဲ့  ဦးဟန်ညောင်ဝေဟာ မူဆလင်ကုလားတွေနဲ့  ပတ်သက်လို့  အထူးစိုးရိမ်ရသူဖြစ်တယ် ။ သူဟာ နိုင်ငံတကာမှာ မူဆလင်ကုလားတွေနဲ့  ကွန်ဖရင့်တွေ လုပ်တော ကြားနေမြင်နေရတယ် ။ သူ့ ကြောင့် ရခိုင်ပြည်နယ်ဟာ မီးဟုန်းဟုန်း တောက်လောင်နေပြီ ။ တစ်ချိန်တည်းမှာဘဲ မြန်မာနိုင်ငံတော်ဟာ မီးလောင်ပြာကျ နေရပြီ ။ အဲဒါဟာ ရှမ်းလူမျိုးတွေရဲ့  သမ္မတကြီး စပ်ရွှေသိုဝ်ရဲ့  သားဖြစ်သူ ဦးဟန်ညောင်ဝေကြောင့် ဖြစ်တယ်လို့  ကျနော်ခိုင်မာစွာ ပြောဆိုရဲတယ် ။ သူက-၈၈-အရေးအခင်းမှာ ဘာမှ လှုပ်ရှားဆောင်ရွက်သူမဟုတ်ဘဲနဲ့  နော်ဝေးနိုင်ငံက လွှင့်ထုတ်နေတဲ -့DVB -အသံလွှင့်ဋ္ဌာနကို ကြိုးကိုင်လိုက်နိုင်တယ် ။ အစပိုင်းမှာ ဒေါက်တာစိန်ဝင်းတို့ က ပါဝင်ဆောင်ရွက်ပေမဲ့  နုတ်ထွက်သွား ပြီးနောက် အခုအချိန်ထိ -DVB -အသံလွှင့်ဋ္ဌါနဟာ ဦးဟန်ညောင်ဝေရဲ့  အုပ်ချုပ်မှူအောက်မှာ ရှိနေတယ် ။ ဒီတော့ မူဆလင်ကုလားတွေရဲ့ လော်ဘီအတွက် အကောင်းဆုံးအလုပ်ဖြစ်သွားတဲ့  မီဒီယာတစ်ခု ဖြစ်သွားတယ် ။

ဦးဟန်ညောင်ဝေရဲ့  လက်တန်က ရှည်လွန်းတာကြောင့် မီဒီယာတွေဟာ သူနဲ့ မပေါင်းသင်းရင် မရတော့သလို ဖြစ်နေတယ် ။ နောက်ဆုံးမှာ သမိုင်းလိမ်ဘင်္ဂလီ ကုလားများ ညီလာခံပြုလုပ်တိုင်း ဦးဟန်ညောင်ဝေဟာ သဘာပတိ အနေနဲ့  တက်ရောက်နေတယ် ။ ကျနော်နောက်ဆုံး သိရသလောက်တော့ ရခိုင်ပြည်နယ်မှာ ပြုလုပ်မဲ့  ရခိုင်အမျိုးသားညီလာခံဟာလဲဘဲ ဦးးဟန်ညောင်ဝေရဲ့  အိတ်ကပ်ထဲက ငွေကြေးနဲ့  ဆိုတာ သိရတယ် ။ သူ့ ဆီက ငွေကြေးနဲ့  ပြလုပ်တာကို ကျနော့် အနေနဲ့  ဘာမှ မပြောချင်ဘူး ။ ဒီငွေတွေဟာ မူဆလင်ကုလားများဆီက ရချင် ရနေလိမ့်မယ်လို့ လဲ ကျနော်က အရမ်းကရော မစွပ်စွဲလိုဘူး ။ ပြောချင်တာက ဦးဟန်ညောင်ဝေဟာ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေအတွက် သူဘာတစ်ခု ကောင်းကျိုးကို လုပ်ပေးနေလို့ လဲ ဆိုတဲ့  ပေတံနဲ့ သာ စကားပြောချင်တယ် ။ သူ့ လိုလူက ငွေကြေားစိုက်ထုတ်ပေးလို့  သူနဲ့ အတူ တန်းတူထိုင်ပြရမဲ့  အခြေအနေကို ကျနော် မတွေးရဲစရာခံစားရတယ် ။ ကျနော်ကတော့ ဦးဟန်ညောင်ဝေကို ရခိုင်ပြည်နယ်ကို ဖျက်ဆီးရန် ကြိုးစားနေတဲ့  အဓိက ကြိုးကိုင်သူလို့  သတ်မှတ်ထားသူလို့ ခံယူထားတယ် ။ ခုအချိန်မှာ မြန်မာနိုင်ငံဟာ သူ့ ကြောင့် မီးဟုန်းဟုန်းတောက်လို့  တနိုင်ငံလုံး ပြသနာဖြစ်နေရတယ်လို့ ကျနော်ထင်တယ် ။ ယုံလဲ ယုံကြည်တယ် ။

ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို လန်ဒန်ရောက် ကချင်လူမျိုးများ ဆန္ဒပြတောင်းဆိုတာကို မြင်ရကြားရတယ် ။ ကျနော်လက်ခံပါတယ် ။ ကျနော်တို့ လဲ ဒီလိုဘဲ လမ်းပေါ်မှာဆ န္ဒပြခဲ့ သူတွေဘဲဖြစ်တယ် ။ စင်စစ်တော့ ကချင်အဖွဲ့ အစည်းတွေဟာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိနန်နဲ့  နဖူးတွေ့ ဒူးတွေ့ တွေ့ ဆုံပွဲကို ပြုလုပ်စေဖို့  မြန်မာနိုင်ငံအစိုးရဖက်က ကြိုတင် ဆောင်ရွက်ရန် သင့်တယ် ။ အဲလို မဆောင်ရွက်ခဲ့ လို့  မူဆလင် ဘာသာဝင် ဘင်္ဂလီ ကုလားတွေက ရောပြီး ဆန္ဒပြပွဲ ပြုလုပ်လာဖြစ်ကြတယ် ။ ကချင်လူမျိုးတွေ ဆန္ဒပြတာကို ကျနော်လက်ခံတယ် ။ သူတို့ ဟာ ကျနော်တို့ ရဲ့  ညီအစ်ကို တိုင်းရင်သားလူမျိုးများဖြစ်တယ် ။ သူတို့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့  ပြည်တွင်းစစ်ကို သူတို့ ရပ်တန့် ပေးဖို့  တောာင်းဆိုတာကို ကျနော်လက်ခံတယ် ။ ဘာမှ မဆိုင်တဲ့ မူဆလင်ကုလား လူမျိုးတွေရဲ့  ဆန္ဒပြတာကိုတော့ ကျနော် လက်မခံဘူး ။ ရွံတယ် ။ သူတို့ ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးမှာ မပါရှိတဲ့  နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးများဖြစ်တယ်လို့  မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားတာဖြစ်တယ် ။ Burma Camping UK -ဆိုတာဟာ -၈၈- နောက်ပိုင်းမှာ ခါတော်မှီ ဖွဲ့ စည်းပြီး စစ်အစိုးရကို ဆန့် ကျင်ဆန္ဒပြခဲ့ ရာကို အဓိက ကြိုးကိုင် ဦးဆောင်အဖွဲ့ အစည်းဖြစ်တယ် ။ စောစောက ပြောခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယစားလှယ်ဖြစ်သွားတော့ မြန်မာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် မရှိတော့သလို နိုင်ငံတကာမှာလဲ အတိုက်အခံအဖွဲ့ အစည်းရယ်လို့  မရှိကြတော့ဘူး ။ လန်ဒန်မှာရှိတဲ့  -Burma Campaign UK- ဟာ မြန်မာနိုင်ငံဒီမိုကရေစီအတိုက်အခံသမားတွေ မဟုတ်တော့ဘဲ မူဆလင်ကုလားတွေအတွက် အကြံအဖန်သမးများနဲ့ သာ လျှော့ရိလျှောရဲ အဖွဲ့ အစည်းသာဖြစ်တယ် ။ ဥရောပရောက် ဒီမိုကရေစီအင်အားစုများကို ကိုယ်စားပြုတဲ့  အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာ ပြောချင်တယ် ။ ဒီမိုကရေစီအင်အားစုများမပါတဲ့  မူဆလင်ကုလားများအုပ်စုဟာ -၈၈-နောက်ပိုင်းမှာ တစ်ခါမှ ကျနော်တို့ ရဲ့  အင်အားစုတွေနဲ့  လမ်းပေါ်မှာဆန္ဒပြခဲ့ သူများ မဟုတ်ဘူးဆိုတာ ပြောချင်တယ် ။

အဲဒီအဖွဲ့ အစည်းကို ဦးဟန်ညောင်ဝေက ပါဝင်ပတ်သက်တယ် ဆိုတာ ကျနော်တို့ သိနေတယ် ။ တိတိကျကျ ပြောရရင် ဥရောပမှာ ဦးဟန်ညောင်ဝေဟာ မူဆလင်ကုလားများအတွက် အဓိက လှုပ်ရှားသူဖြစ်တယ် ။ သူဟာ ရခိုင်လူမျိုးများရဲ့  အဓိက ရန်သူဖြစ်တယ် ။ နိုင်ငံရေးစကားမှာ ရန်သူများရဲ့  ရန်သူဟာ မိတ်ဆွေဘဲဖြစ်တယ် ။ ကျနော်တို့ ရခိုင်လူမျိုးများရဲ့  ရန်သူဖြစ်တဲ့  ဦးဟန်ညောင်ဝေရဲ့ မိတ်ဆွေဟာ ကျနော်တို့ နဲ့  ဘာဖြစ်နေမှာလဲ ဆိုတာ ဥဏှောက်ရှိသူတိုင်း ဖြေနိုင်ကြမှာဖြစ်တယ် ။ မီဒီယာတွေကို တစ်ချိန်လုံး ဖွပေးနေခဲ့ တဲ့  ဦးဟန်ညောင်ဝေရဲ့  အဆက်အသွယ်များဟာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ရဲ့  ခရီးမှာ ဆန္ဒပြလှုပ်ရှားနေကြတယ် ။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဘီဘီစီနဲ့ေ တွ့ ဆုံခန်းမှာ ပြောဆိုသွားပြီဖြစ်တယ် ။ ဘီဘီစီဟာ ဆန္ဒပြသူများရဲ့  တောင်းဆိုချက်များကို ထုတ်ဖေါ်ပြောရာမှာ မီဒီယာဋ္ဌါနအနေနဲ့  ပြန်ကြားရေုးဝန်ကြီး တစ်ယောက်ဖြစ်တဲ့  ဦးရဲထွဋ်ကို ရှေ့မှာ ထိုင်နေတာတောင် သတင်းအတည်ပြုချက် မယူဘူး ။ ရိုဟင်ဂျာ မူဆလင်ဟုခေါ်သော (ှSo call Rohingyas ) ဒီလူမျိုးဟာ ရှိပါသလားဆိုတာကို မီဒီယာဥပဒေအရ တစ်လုံးတစ်ပါဒမှ မမေးခဲ့ ဘူး ။ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ဖြေဆိုချက်များဟာ လုံလောက်ပါတယ် ။ ဒါပေမဲ့  ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အဖွဲ့ အစည်းတစ်ခုရဲ့  ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကို ထုတ်ဖေါ်ပြောဆိုတာကို ကျနော်လက်မခံဘူး ။ ပယ်ချတယ် ။ ရိုဟင်ဂျာမူဆလင်များကို အကြမ်းဖက် လူမျိုးတုံးသတ်ဖြတ်မှုစတာတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ် ဆိုတဲ့ စကားက သူ့ အရည်အချင်းကို ဖေါ်ပြလိုက်တာဖြစ်တယ် ။ အင်အားကြီး နိုင်ငံတစ်ခုက ၀န်ကြီးချုပ် တစ်ဦးဟာ မြန်မာနိုင်ငံရဲ့  သမ္မတ တစ်ဦးကို တွေ့ ဆုံဖို့ ရာမှာ အဲဒီနိုင်ငံရဲ့  နိုင်ငံရေးအခြေအနေနဲ့  ပထ၀ီနိုင်ငံရေးပြသနာတွေကို ဘာမှ မလေ့လာဘဲ ပြောဆိုတာကို အံ့သြမိတယ် ။ လေ့လာထားလို့  ပြောချင်လွန်းလို့  ပြောရပါတယ်ဆိုရင် ဒီလူဟာ တကယ့်နိုင်ငံရေးသမားကောင်း တစ်ဦးမဟုတ်ဘူးဆိုတာဘဲ ပြသနေတယ် ။ဘာဖြစ်လို့ လဲ ဆိုရင် ဗြိတိသျှနိုင်ငံနဲ့  မြန်မာနိုင်ငံဟာ -၁၉၄၈-ခုနှစ် မတိုင်မှီ အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုအောက်မှာ အတူတကွ ပါဝင်နေခဲ့ တာဘဲဖြစ်တယ် ။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ကျနော်တို့  လက်ဆောင်စာအုပ်တွေ ပေးရတော့မယ်ဖြစ်တယ် ။ သူဟာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုင်အုပ်ချုပ်ချိန်က မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်မှာ ဘယ်လူမျိုးတွေ ဘယ်လောက်အထိ နေထိုင်ခဲ့ တယ် ဆိုတဲ့  သန်းကောင်စာရင်းကို တစ်ချက်ကလေးမှ မလေ့လာဘဲ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို ပြောဆိုခဲ့ တာဟာ အင်မတန်မှ ရုပ်ပျက်လွန်းတယ် ။ သူ့ သိက္ခကျဆင်းသွားတာ သူမသိလိုက်ဘူး ။ တကယ်လို့  လမ်းကြုံရင်မှာလိုက်ပါရစေ ။ မြန်မာနိုင်ငံက တာဝန်ရှိသူများက နောက်တစ်ကြိမ် လန်ဒန်သွားဖြစ်ရင် ဗြိတိသျေ၈ဇက်မှာပါတဲ့  သန်းကောင်စာရင်းတွေကို ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ပေးလိုက်ကြပါလို့ --------

ခိုင်အောင်ကျော် ( နယူးယောက် )

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးနှင့်ကူညီပေး ခဲ့သူ(၂)ဦးအားလ၀ကအက်ဖြင့် ထပ်မံအရေးယူ



ရန်ကုန်၊ ဇူလိုင် ၁၆

၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့်


PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊
North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့်
ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA
လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်
မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့

(၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက်ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခိုနေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို ဖေါက်ဖျက် ကျူးလွန်ခဲ့ သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်း ခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်အရေးယူ ခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ရန်အတွက် မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့ သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့်ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်းသတင်းရရှိ ပါသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_2933.html#.UeYJpqy9YpM

အလေးချိန် လေးပိဿာကျော်ရှိ ကြေးဖိနပ်တစ်ဘက် ကွမ်းထောင်ကျွန်းပင်လယ်ပြင်မှဆယ်ယူ ရရှိ



တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကွမ်းထောင်ကျွန်း အနောက်ဘက်ရှိ ရေအောက် အနက် ၄၂ ပေမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် လေးပိဿာကျော်ရှိသည့် ကြေးဖိနပ်တစ်ဘက် ဇူလိုင်လ ၆ ရက်က ဆယ်ယူရရှိသည်ဟု မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပန်းယာလမ်းဝပ်ရှော့နေ ဦးငွေစိုးက ပြောသည်။


ကွမ်းထောင်ကျွန်းအနီးတွင် စက်လှေဖြင့် ငါးမျှားရာ၊ ငါးမျှားချိတ်တွင် ချိတ်ပါလာခြင်း ဖြစ်သည်။ အလေးချိန် ၄ ပိဿာ ၂၀ ကျပ်သားရှိသည့် ဖိနပ်သည် အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မ ရှိသည်။ ဖိနပ် ပတ်လည်တွင် ဘဲဥပုံ အပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဘက်တစ်ချက်စီတွင် အပေါက် လေးပေါက် ပါရှိသည်။


ဖိနပ်၏ ဘေးတစ်ဖက်တွင် C,F,HEINKE,S စာတမ်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်း များ ပါရှိသည်။ “PATENT ဆိုတဲ့ စကားလုံးက ဗိုက်ကင်း ပင်လယ်ဓားပြအုပ်စုတွေနဲ့ နွယ်တဲ့ နာမည် တစ်မျိုး ဖြစ်တယ်။ ဒီ အုပ်စုတွေ ဒီလာတယ်လို့ မှတ်တမ်းမရှိဘူး။ 

ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက် ပြုသည်။ 

လွန်ခဲ့သည့် ၁၇ ရာစုဝန်းကျင်က ပင်လယ်ဓားပြအုပ်စုများတွင် နာမည်ကြီးသည့် ယိုးဒယားတစ်ဝိုက် ပင်လယ်ဓားပြများ တနင်္သာရီတွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများအထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော်သူရက ပြောသည်။

မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေအိုးတစ်လုံး တူးဖော် ရရှိဖူးပြီး ရေထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံ ရှေးဟောင်းပစ္စည်း စိတ်ဝင်စား သူများက ပြောသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_1740.html#.UeYJnay9YpM

ဝန်ကြီးဌာနများ၏ အလွဲသုံးစားမှုများစစ်ဆေးရန် အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်း

ရန်ကုန်- အစိုးရ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို တိုက်ရိုက်စစ်ဆေးရန် အစိုးရက အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး လစဉ်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။


ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ အာမခံရုံး၌ အမှုထမ်းအရာထမ်းများနှင့် ၀န်ကြီးဒေါက်တာ မောင်မောင်သိမ်း တို့ တွေ့ဆုံပွဲတွင် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


အတွင်းစာရင်းစစ်အဖွဲ့ကို ဒေါက်တာမောင်မောင်သိမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ အထွေထွေမန် နေဂျာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ဒုဝန်ကြီးကပြောသည်။

“ဒီအဖွဲ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်ရဲ့လား။ ဥပဒေနဲ့ညီရဲလား။ အဲဒါတွေ အပြင် ငွေကြေးအလွဲသုံးစား လုပ်မှုတွေကိုလဲ အရေးကြီးရင်ကြီးသလို ၀င်ရောက်ကိုင်တွယ်သွားမယ်”ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ၀န်ကြီးဌာနအချို့အတွင်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အလွဲသုံးစားပြုလုပ်နေခြင်း၊ ၀န်ကြီးဌာန၏ သတ်မှတ်ထားသည့် လုပ်ပိုင် ခွင့်ထက်ကျော်လွန်ပြီး လုပ်ဆောင်မှုများရှိနေသောကြောင့် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

ဝန်ကြီးဌာနများ၏ လက်ရှိဝင် ငွေ၊ ထွက်ငွေအသုံးပြုမှုစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၀န်ကြီးဌာနများတွင် အတွင်းစာရင်းစစ်၊ အပြင်စာရင်းစစ်များဖြင့် နှစ်စဉ်စစ်ဆေးလျက်ရှိသည်။

“အခုမှ လူထုအမြင်မှာထူးပြီး အမြင်ကြည်လာအောင် လုပ်ပြတာဖြစ်မယ်။ အမှန်တကယ် မလိုအပ်ဘူးလို့ ထင်တယ်။ စာရင်းစစ်ချုပ်ရုံး ဆိုတာရှိနေပြီးသားပဲ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က ဝေဖန်ပြောကြားသည်။

၂၀၁၂ခုနှစ်မတ်လက ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီးဌာနများ၏ မသမာမှုများ၊ စွမ်းဆောင်ရည်နိမ့်ကျမှုများ၊ လိမ် လည်မှုများနှင့် ငွေကြေးဆိုင်ရာလုပ် ထုံးလုပ်နည်း မလိုက်နာမှုများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံစာတစ်ရပ်ကို တင်သွင်းခဲ့ သည်။

အဆိုပါ အစီရင်ခံစာတွင် စက်မှုဝန်ကြီးဌာန ယခင်စက်မှု(၁)၀န်ကြီးဌာနနှင့် စက်မှု(၂)၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာနများမှ ငွေကြေးနှင့်ပတ် သက်ပြီးမရိုးဖြောင့်သည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့အပြင် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၆ရက်တွင် ဒုတိယအကြိမ်လွှတ်တော်သို့ ထပ်မံတင်သွင်းခဲ့ရာ အထက်ပါ ၀န်ကြီးဌာနများသာမက ၀န်ကြီး ဌာန ၁၅ ခု၏ အလွဲသုံးစားမှု၊ မရိုးဖြောင့်မှုများကိုပါ ထပ်မံစစ်ဆေး တွေ့ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၅၈၃၉၈ဒသမ ၈၁၀၊ အမေရိကန် ဒေါ်လာ ၂၉၂၉၇၇ဒသမ ၃၁၀ဆုံး ရှုံးနစ်နာခဲ့ရကြောင်း နိုဝင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_3189.html#.UeYJl6y9YpM

အာဇာနည်နေ့ကို ရန်ကုန်မြို့တွင် ကားဟွန်း တီး၍ ဂုဏ်ပြုမည်



ဇူလိုင် ၁၆၊ ရန်ကုန်

၆၆နှစ်မြောက်အာဇာနည် နေ့ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့တွင်း ၃၅မြို့နယ်ရှိ လူ စည်ကား ရာ နေရာများတွင် တက်္ကသိုလ်ကျောင်းသားသမဂ်္ဂ မှ ဦးဆောင်၍ ကားဟွန်းတီး ခြင်းကို နံနက် ၁၀း၃၇ မိနစ်တွင် တစ်ပြိုင်တည်းပြုလုပ်သွားမည် ဖြစ်သည်။


အာဇာနည်ခေါင်းဆောင် ကြီးများအား ဂုဏ်ပြု လိုသည့် ပြည်သူများ၏ဆန်္ဒကို အစိုးရမှ ဖြည့်ဆည်းပေးရန်ပျက်ကွက် သည့်အတွက် ကျောင်းသားများ မှ ပြည်သူလူထုနှင့်ပူးပေါင်းကာ ပြည်သူတို့၏ဆန်္ဒကို ဖြည့်ဆည်း ပေးခြင်းဖြင့် အစဉ်အလာ ကောင်းတစ်ရပ်ကို ပြန်လည်ဖော် ထုတ်ရန် ပြုလုပ်သွားမည်ဖြစ် သည်ဟု ရန်ကုန်စီးပွားရေး တက်္ကသိုလ်ကျောင်းသားများ သမဂ်္ဂ အထွေထွေအတွင်းရေး မှူး ကိုဇေယျာလွင်ကပြော သည်။

အစိုးရအနေဖြင့် အာဇာ နည်နေ့ကို ဥသြဆွဲဂုဏ်ပြုသည့် အစီအစဉ်အားမလုပ်သော် လည်း တ.က.သမှ ဦးဆောင် လုပ်ခြင်းသည်လည်း ဆန့်ကျင် ခြင်းမဟုတ်ဘဲ ကျောင်းသားနှင့် ပြည်သူပေါင်းပါက ဘယ်အတိုင်း အတာထိဖြစ်နိုင်သည်ဆိုခြင်းကို ပြသလိုခြင်း ဖြစ်ကြောင်း၎င်းင်းက ဆိုသည်။

““ဒီနှစ်မှာလုပ်လို့အောင် မြင်ခဲ့ရင် နောက်နှစ်တွေမှာ အစိုးရကိုဖိအားတစ်ခုပေးနိုင် မယ်လို့ထင်ပါတယ်။ ဒီအတွက် အစိုးရဘက်က ပုဒ်မ ၁၈၊ဟွန်း ဥပဒေတွေနဲ့ စွဲလာရင်လဲခံနိုင်မှု ရှိမှာဖြစ်တယ်””ဟု ကိုဇေယျာ လွင်က ပြောသည် ။

တ.က.သများအနေဖြင့် အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ် ပြုသည့်အစဉ်အလာကို အစိုးရ မှပြန်လည် တာဝန်ယူ ဆောင် ရွက်ပေးစေချင်ကြောင်းနှင့် ပြည် သူလူထုအနေဖြင့်လည်း ပူး ပေါင်းပါဝင်စေချင်ကြောင်း တိုက်တွန်းထားသည်။ ဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်မြို့အပြင် မအူပင်မြို့နယ်တွင်လည်း ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

http://www.yeyintnge.com/2013/07/blog-post_4860.html#.UeYJj6y9YpM