Monday, July 15, 2013

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး



တေးသံရှင်ဆိုတေး (ခ) အောင်သက်ပိုင်ရဲ့ ကျန်းမာ ရေး အခြေအနေကို သေသေချာချာ ခန့်မှန်းလို့ မရ သေးကြောင်းနဲ့ သတိ ပြန်မလည် သေးဘူးလို့ သူ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း ပြည်သူ့ ဆေးရုံက တာဝန်ရှိ ဆရာဝန်တဦးက ပြောပါတယ်။


“ဆိုတေးက မနေ့တုန်းက ညနေ ၃ နာရီကျော်မှာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ခြေထောက်၊ ခေါင်း ဒဏ်ရာရတာတွေ ရှိတယ်။ အဓိကကတော့ ခေါင်း ခိုက်မိထားတာပေါ့။ ခေါင်းနဲ့ပတ်သတ်ပြီး ဓာတ်မှန်တွေ ရိုက်တယ်။ ဦးနှောက် အာရုံကြောနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ အထူး ကြပ်မတ် ကုသဆောင်မှာ ကုသတယ်။ တာဝန်ယူ ကုသပေးတာက ဦးနှောက် အာရုံကြောက ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်ဝင်းပါ။ အခု လက်ရှိ သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်။ သေချာ ကြပ်မတ်ကုသ နေဆဲရှိပါတယ်” လို့ တာဝန်ရှိ ဆရာဝန်က ဆိုပါတယ်။

တေးသံရှင် ဆိုတေးဟာ ဇူလိုင် ၁၄ နေ့ နေ့လယ် ၁၁ နာရီက တောင်သာမြို့မှာ သီချင်းသွားဆိုဖို့ KIA အမျိုးအစား ကိုယ်ပိုင် ကားနဲ့ သူ အပါအဝင် ၄ ဦး သွားခဲ့ရာမှာ ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်း မိုင်တိုင် ၂၉၁/ ၃ မှာ ကားဘီးပေါက်ပြီး ကားမှောက်ခဲ့တဲ့အတွက် နီးစပ်ရာ မိတ္ထီလာဆေးရုံကို ပို့ဆောင် ခဲ့ရတယ်လို့ ဆိုတေးနဲ့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ ဂီတ ညီအစ်ကို မောင်နှမတွေ ဆီက သိရပါတယ်။

ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ ဆိုတေးရဲ့ချစ်သူ မချောချော (ခ) ဝင့်ကုဋေသူ (၂၂) နှစ်ဟာ မိတ္ထီလာ ဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ယာဉ်မောင်း သန်းဝင်းလှိုင်နဲ့ အတူလိုက်ပါလာသူ မစံပယ်မွန်တို့ကတော့ ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

တေးသံရှင် ဆိုတေးဟာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး မိတ္ထီလာဆေးရုံကနေ မန္တလေး ဆေးရုံကို ပြောင်းတင်လိုက်ပြီး လက်ရှိ အခြေနေမှာတော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေတဲ့အကြောင်း၊ ဦးနှောက် အာရုံကြော ခွဲစိတ်ဆရာဝန်ကြီး ဦးခင်မောင်ဝင်းက သူ့ကို တာဝန်ယူကုသပေးနေကြောင်း မန္တလေးတိုင်း ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိ ဆရာဝန်တဦးထံမှ သိရပါတယ်။

အခု အချိန်အထိတော့ ဆိုတေးရဲ့ အနေအထားကို ဘာမှ ပြောလို့ မရနိုင်သေးတဲ့အကြောင်း၊ ဦးခေါင်းပိုင်း၊ ဦးနှောက်နဲ့ အာရုံကျောပိုင်းတွေကို အရေးတကြီး ကြပ်မတ်ကုသနေတဲ့ အတွက် တခြား ခြေထောက်၊ ရင်ဘတ် စတဲ့ အပိုင်းတွေကိုတော့ နောက်မှ စစ်ဆေးကုသရမယ် ဆိုတဲ့အကြောင်း တာဝန်ရှိ ဆရာဝန်က ဆက်ပြောပါတယ်။

“ခေါင်းက ကောင်းမှ လူက သက်သာမှာပေါ့။ အဓိကကတော့ ခေါင်းထိလာပြီ။ ကျန်တဲ့အပိုင်းက ပြင်းပြင်းထန်ထန်မျိုး မဟုတ်ရင် ဦးနှောက်ပိုင်းပဲ အရင် ကုကြတာပေါ့။ ဦးစားပေး ကုနေရတာပေါ့။ အခု ရောက်နေတာကလည်း သတိမရသေးဘူး။ လိုအပ်တာတွေတော့ ကုသပေးနေတယ်။ ဘယ်လောက် အသက်ရှင်ဖို့ရှိမလဲ၊ သူဘယ်လိုတွေ ခံစားရဦးမလဲ ဆိုတာကတော့ ဆရာဝန် တဦးအနေနဲ့ ဘာမှမသုံးသပ်ချင်ဘူး၊ ပြောလို့မရဘူး။ ဘာကြောင့်ဆို၊ အခြေအနေက ဘယ်သူမှ မှန်းလို့မရသေးဘူး။ အတတ်နိုင်ဆုံး ကုသနေတယ်။ တခြားမှာ ပြောသလို ဘာတွေဖြစ်လာပြီ၊ အခြေအနေ ဘာဆိုတာ ဆရာဝန်တွေက ဘာမှ ပြောလို့မရဘူး။ ပြောလည်း မပြောဘူး။ အခုလက်ရှိက သူ့ကို ခွဲစိတ်ထားတယ်။ သတိမရသေးဘူး။ဦးနှောက်မှာ ဖြစ်တာကျတော့ ပြောရခက်တယ်။ သူ့ကံပေါ်မှာလည်း မူတည်တယ်။ ဆေးရုံအနေနဲ့ အတတ်နိုင်ဆုံးတော့ ကုသနေပါတယ်။ လက်ရှိကတော့ သူက ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ခြေထောက်ပိုင်းလည်း ထိထားတယ်” လို့ သူက ဒီနေ့ ဇူလိုင် ၁၅ ရက် နေ့လယ် ၁၁ နာရီလောက်မှာ ဧရာဝတီကို ပြောပါတယ်။

သီးကုန်းရဲစခန်းမှ ရဲထွက်ချက်အရ အဆိုတော် ဆိုတေး (ခ) အောင်သက်ပိုင်ဟာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာ နားထင်ပေါက်ပြဲ၊ ယာနားစုတ်ပြဲ၊ ၀မ်းဗိုက်ယာဘက်ဟ စုတ်ပြဲ၊ ယာပေါင်စုတ်ပြဲ၊ ၀ဲခြေမ ပေါက်ပြဲ ဒဏ်ရာများ၊ ယာဉ်မောင်း ကိုသန်းဝင်းလှိုင်နဲ့ နောက်တဦးတို့ကတော့ ၀ဲလက်ကောက်ဝတ်၊ ယာတံတောင်ဆစ်၊ ၀ဲခြေသလုံးနှင့် ယာဖနောင့်တို့မှာ ပေါက်ပြဲဒဏ်ရာများ၊ သေဆုံးသွားတဲ့ မချောချော ကတော့ ဦးခေါင်းနောက်စေ့ဖူးရောင်၊ လည်ပင်းစုတ်ပြဲ၊ မေးစေ့ယာဘက် ညိုမဲ၊ ၀ဲလက်မောင်း ဖူးယောင်၊ ယာခြေကျင်းဝတ် စုတ်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တေးသံရှင်ဆိုတေးကို စိုးရိမ်ကြတဲ့ မန္တလေး ပရိသတ်တွေကလည်း ဆေးရုံဝင်ပေါက်တွေမှာ သတင်း မေးချင်လို့ စောင့်နေကြ ပါတယ်။

ဆိုတေးရဲ့ အစ်ကိုဖြစ်သူက “သေဆုံးသွားတဲ့ သူက ဆိုတေးရဲ့ မိန်းမတော့ မဟုတ်ပါဘူး။ သူ့အဖော် မိန်းကလေးပါ။ နောက် ကောင်မလေး တယောက်ကလည်း သူ့အဖော် မိန်းကလေးအတွက် အဖော်အဖြစ် လိုက်လာခဲ့တဲ့သူပါ။ ပထမ ကားကို ဆိုတေး ကိုယ်တိုင် မောင်းလာတာ၊ နောက်မှ ကားဆရာကို ပေးပြီး ဆိုတေးက မောင်းခိုင်းတာ။ သူတို့သွားမယ့် တောင်သာလမ်းခွဲ ရောက်ဖို့ ၂ မိုင်လောက်ပဲ လိုတော့တယ်။ အဲဒီအချိန်မှာ ညာဘက်က ရှေ့ဘီးထကွဲပြီး လမ်းဘေး ဆွဲချသွားတာ။ ဆိုတေးက ကားနောက်ခန်းမှာ အိပ်ပြီး လိုက်လာတာ။ သူလည်း လွင့်သွားတယ်။ မချောချော ကတော့ ဆေးရုံရောက်ပေမယ့်လည်း ခေါင်းထိပြီး အသက်ဆုံးသွားတယ်။ သူလည်း ညာဘက် မျက်နှာပြင်မှာ မှန်စတွေ စိုက်ထားတယ်။ နောက်ပြီး ဘယ်ဘက် နားထင်နားမှာ တော်တော်နက်တဲ့ အပေါက်ကြီး တပေါက် ရှိတယ်။ အဲဒါကြောင့် သူ့အသက် အန္တရာယ် စိုးရိမ်နေရတာ။ ညာဘက် ခြေထောက်ကတော့ အရေပြားတွေ လန်ထွက် ကုန်တာပါ” လို့ ပြောပါတယ်။

ဆိုတေးတို့ စီးလာတဲ့ KIA ကားကို ၀ယ်ယူထားတာ ၁ လကျော်ကျော်ပဲ ရှိသေးတဲ့ အကြောင်း၊ ကား မတော်တဆ ဖြစ်ချိန်မှာ ဒရိုင်ဘာဘက်က လေအိတ်နဲ့ နောက်ခန်းဘက်က လေအိတ်တွေ မထွက်ခဲ့တာ ကြောင့် ကားအတွင်းက လူတွေ အခြေအနေ ဆိုးခဲ့ရတာ ဖြစ်ကြောင်း ဆိုတေး၏ အစ်ကိုက ဆိုပါတယ်။

တေးသံရှင်ဆိုတေးမှာ ညီအစ်ကို မောင်နှမ ၄ ဦး ရှိပြီး ဆိုတေးက အငယ်ဆုံးသား ဖြစ်ပါတယ်။

“ကျနော်တို့အထဲမှာ သူတယောက်ပဲ မထင်မှတ်ဘဲ ပေါက်သွားခဲ့တာ။ သူ့ကိုပဲ လက်ရှိအနေထားအရ အားကိုးနေရတယ်။ ကျနော်တို့ ညီအစ်ကိုနဲ့ မိသားစုတွေရဲ့ ရှေ့ရေးက သူ့အပေါ် မူတည်တယ်။ အဲဒါ ကြောင့် သူ့ကို ပြန်ကောင်းစေချင်တယ်။ အရင်လိုပဲ သီချင်းတွေ ပြန်ဆိုစေချင်တယ်” လို့ ဆိုတေးရဲ့ အစ်ကိုက ပြောပါတယ်။

ဆိုတေး အခုလို ဖြစ်ရတာနဲ့ ပတ်သက်ပြီး Heaven Born တေးဂီတက လိဒ်ဂစ်တာသမား တိုးတိုးနိုင်ထွန်း က ဂီတသမားတွေ အားလုံး ဝိုင်းပြီး ဆုတောင်းပေးနေမယ်လို့ ဆိုပါတယ်။

“Rock ပဲ ဖြစ်ဖြစ်၊ POP ပဲ ဖြစ်ဖြစ်၊ သိပ်ခက်တဲ့ တခြား ဂီတပဲ ဖြစ်ဖြစ်၊ ဆိုလွယ်တေးပဲ ဖြစ်ဖြစ်၊ အောင်မြင်တဲ့ သူတယောက် ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ အသစ် ဆယ်ယောက် ထွက်လို့ တယောက် အဆိုတော် ဖြစ်လို့လား။ အောင်မြင်တဲ့ အနုပညာရှင် တယောက် ဆုံးရှူံးသွားရင် သူ့မိသားစု အတွက်၊ သူ့ပရိသတ် အတွက်၊ သူ့ အတွက်၊ ဂီတ လောကအတွက်၊ အားလုံး အားလုံး အတွက် ၀မ်းနည်းစရာပါ၊ ညီငယ် ဆိုတေးအတွက် ၀ိုင်းပြီး ဆုတောင်းပေးကြရအောင်” လို့ သူက ပြောပါတယ်။

တေးသံရှင် သိန်းလင်းစိုး (Gate Way) ကလည်း ဆိုတေးရဲ့ အခြေအနေ ကောင်းလာပြီလို့ ကြားတဲ့ အကြောင်း၊ ဆက်ပြီး ဆုတောင်းပေးကြဖို့နဲ့ ကောလာဟလတွေကို မယုံကြဖို့ သူ့ရဲ့ facebook စာမျက် နှာမှာ တင်ထားပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမှာ စင်တင်ပွဲတွေ စီစဉ်နေကျလည်းဖြစ်၊ ဆိုတေးကို တူလိုသားလို ချစ်ခင်တဲ့သူလည်း ဖြစ်တဲ့ ဦးချမ်းသာက မန္တလေးဆေးရုံကို အမြဲသွားရောက် ကြည့်ရှုပေးနေပြီး ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေ အရမ်း မစိုးရိမ်ရတော့ကြောင်း၊ ခွဲစိတ်မှု အောင်မြင် ကြောင်း၊ နောက် ၂ ရက်ကြာရင် သတိရလာဖွယ် ရှိကြောင်း တေးသံရှင် မိစန္ဒီကို ပြောတယ်လို့ မိစန္ဒီက ဧရာဝတီကို တဆင့် ပြန်ပြောပြပါတယ်။

“သမီးတို့ဆီကို ဦးချမ်းသာက ပြောပြတာပါ။ သမီးက ကိုဆိုတေးရဲ့ ကောင်မလေးနဲ့လည်း ခင်နေတော့ မနေ့ကဆို ကြားကြားချင်း ရင်ထဲမှာ နင့်နေတာပဲ။ တနေ့လုံး ပွဲတွေဆိုရတာလည်း အဆင်မပြေခဲ့ဘူး။ အခု ခွဲစိတ်တာ အောင်မြင်ပြီးဆိုလို့ ဝမ်းသာပါတယ်။ သတိ မြန်မြန်ပြန်ရပြီး ပရိသတ်နဲ့ပြန်တွေ့ပါဦး၊ သူချစ်တဲ့ အနုပညာတွေ လုပ်ဖို့ သမီးတို့ဆီ ပြန်လာပါဦးလို့ ပြောချင်ပါတယ်” လို့ မိစန္ဒီက ဆိုပါတယ်။

တေးသံရှင်ဆိုတေးတို့ရဲ့ ကားမတော်တဆမှုကြောင့် ယာဉ်မောင်း ကိုသန်းဝင်းလှိုင်ကို သီးကုန်း အမြန်လမ်း ရဲစခန်းက ယာဉ် (ပ) ၁၃/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ – က/ ၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်း ရရှိ ပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလ အတွင်းမှာ ယာဉ်မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစု ကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇၀ ကျော်ရှိနေပြီလို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံး ဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေကြောင်းလည်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဧရာဝတီကို ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို၊ ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေးတဘက်တချက် စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်း ရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင် ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင် ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့ကို ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်း သွားလာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေ မောင်းနှင်သွားတဲ့ အချိန်၊ မောင်းနှင်သွားတဲ့ အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမယ့် စက်ကိရိယာတွေကို ၂၀၁၂ ဇွန်လမှာ အမြန်လမ်းမကြီးနဲ့ သက်ဆိုင်တဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတို့ကို တင်ပြပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန ဘတ်ဂျက်နဲ့ တပ်ဆင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း တိုးချဲ့ တပ်ဆင်သွားမယ် ဆိုတဲ့ အကြောင်း၊ အရက်သောက်ပြီး မောင်းနှင်မှုက ကင်းဝေးဖို့ အရက်မူးတိုင်း ကိရိယာ ၁၀ စုံ၊ ယာဉ်မောင်းတွေ အိပ်ငိုက်ခြင်းကနေ ကင်းဝေးဖို့ Rest Camp ၅ ခု၊ ကော်ဖီဆိုင်နဲ့ အများသုံး အိမ်သာတွေကိုလည်း ထပ်ဆောက်မှာ ဖြစ်တဲ့အကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ဆိုထားပါတယ်။

အမြန်လမ်းမကြီးတွေပေါ်မှာ လုံခြုံရေးအတွက် အမြန်လမ်းရဲစခန်း ၂၁ ခုကို ဖွင့်လှစ်ထားပြီး အသစ်နှစ်ခု ကိုလည်း ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_8744.html

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်



မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေး သင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။


“ဘယ်နေရာမှာ အရေအတွက် ဘယ်လောက် ဆိုတာ မျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာ ပါလိမ့်မယ်။ ရောင်းတာကတော့ ဈေးမပြောင်းဘူး။ ၁၅၀၀ ကျပ်ပဲ” ဟု ဦးကျော်စိုးက ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်း ဖုန်းလိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့သည်။

CDMA ဖုန်းလိုင်းအသုံးမပြုနိုင်သည့် နေရာဒေသတချို့၌ WCDMA ဖုန်းလိုင်းအနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။ “GSM က အရေအတွက် ၂ သိန်း၊ CDMA က အရေအတွက် ၁ သိန်း ခွဲရောင်းမှာ” ဟု ဦးကျော်စိုးက ပြောသည်။ အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုဘိုင်းဖုန်းလိုင်းကို ခွဲတမ်းအနေဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး လစဉ်လတိုင်းအရေအတွက် ၃ သိန်းခွဲကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

လိုင်းအရေအတွက် ၁၀ သိန်းကျော် ချထားပေးပြီးဖြစ်သည့် MEC ၏ CDMA 800 မိုဘိုင်း ဖုန်းလိုင်း ကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက်တိုးချဲ့ နေသည့် မိုဘိုင်း ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ချထားပေး မည့် မိုဘိုင်း ဖုန်းလိုင်းများမှာ GSM များသာ ဖြစ်လာနိုင်ကြောင်း မိုဘိုင်း အင်ဂျင် နီယာမှူး တစ်ဦးက ပြောသည်။

နိုင်ငံတကာ အဆင့်အတန်းမီသည့် GSM ဖုန်းလိုင်းများကိုသာ အသုံးပြုသူများအနေဖြင့် အသုံးပြု ကြသော်လည်း လက်ရှိအချိန်၌ MEC ၏ CDMA ဖုန်းလိုင်းများကိုသာ ရောင်းချပေးနေသည့်အတွက် အသုံးပြုသူများမှာ ရရှိရာ ဖုန်းလိုင်း ကိုသာ အသုံးပြုကြရသည် ဟု မိုဘိုင်းဖုန်းဆိုင်တချို့က ပြောသည်။ “GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ် ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွား မယ်ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်” ဟု ACE ဟန်းဆက်အ ရောင်းဆိုင်မှ ဦးသန်းထိုက်က ပြောသည်။

From: Internet Journal

ဘင်္ဂလီခေါင်းဆောင် ကျော်မြင့်အတွက် NLD က ဦးလှမျိုးမြင့်မှာ ‘တာဝန်ပေးချက်အရ’ စစ်တွေအထိ ရှေ့နေလာလိုက်ပေးနေ



NLD ၏ ဗဟို ဥပဒေအထောက်အကူပြုကော်မတီ မှ ဥပဒေ အကြံပေးတစ်ဦးဖြစ်သူ ရှေ့နေ ဦးလှမျိုးမြင့်သည် (စစ်တွေ တွင် ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံသည့် ပထမဆုံးနေ့က လ၀က အရာရှိတစ်ဦး နှင့် တပ်မတော်သားတစ်ဦး ဒဏ်ရာ ရရှိ သွားအောင်တိုက်ခိုက်ခံရပြီး ယင်း ဆွဲ၊တင်၊စစ် စီမံချက် ပျက်ပြားသွားသည်အထိ အကြမ်းဖက်နှောင့်ယှက်မှုကို ဦးဆောင်ပြုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်း ခံထားရသူ) ကုလားခေါင်းဆောင် ကျော်မြင့် နှင့် သားဖြစ်သူ လှမြင့် အပါ အ၀င် ကုလားတရားခံ ခုနစ်ဦးတို့အတွက် စစ်တွေ သို့ လာရောက်ပြီး ရှေ့နေလိုက်ပေးလျက်ရှိသည်။


ထိုကဲ့သို့ ကျော်မြင့်အတွက် လာရောက် ရှေ့နေလိုက်ပေး ရခြင်း မှာ ၄င်းအား တာဝန်ပေးချက် အရဖြစ်ကြောင်း ၄င်းကပြောသည် ဟု ဆိုသည်။ ဈေးကြီးလှသော စစ်တွေဟိုတယ်တွင် တည်းခိုနေသည့် ဦးလှမျိုးမြင့် နှင့် ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေ တက်ကြွလှုပ်ရှားသူအချို့ သွားရောက်တွေ့ဆုံ စကားပြောခဲ့ကြရာ၊ ယင်းတွင် ပါဝင်ခဲ့သူ တစ်ယောက်က “ကုလားတွေက သူ့ကို တိုက်ရိုက် ဆက်သွယ်တာ မဟုတ်ဘူးလို့ ပြောတယ်။ တာဝန်ပေးချက်အရ ဒီအမှုကို သူလိုက်တာဖြစ်တယ် လို့ပြော တာ ကြားလိုက်တယ်။ NLD ပါတီက တာဝန်ပေးတာလား၊ အစ်မက တာဝန်ပေးတာလား ဆိုတာကိုတော့ သူ ခွဲခြားပြောမသွားဘူး” ဟု Coral Arakan News အား ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းက တရားခံ ကျော်မြင့် နှင့် အပေါင်းအပါများကို စစ်ဆေးကြားနာခြင်းကို စစ်တွေမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့ရာ ရဟန်းအပါး နှစ်ဆယ်ခန့် နှင့် လူပုဂ္ဂိုလ် နှစ်ဆယ်ခန့် လာရောက် နားထောင်ခဲ့ကြသည်။ဦးလှမျိုးမြင့်သည် ဂျွန်ယက်တော အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားပြု ခုခံကာကွယ်ခဲ့သော ရှေ့နေဖြစ်ပြီး၊ယခုကျော်မြင့်အမှုတွင် ၄င်းနှင့်အတူ ၄င်း၏လက်ထောက် အဖြစ် ရှေ့နေ ဦးအောင်မင်းက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြသည်။

ယမန်နေ့ ကျော်မြင့်အမှုတွင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေစဉ် ဦးလှမျိုးမြင့်သည် ၄င်း၏တိုက်ပုံ ရင်ဘတ်တွင် NLD ရင်ထိုးကို ဂုဏ်ယူဝင့်ကြွားစွာ တပ်ဆင်ထားသည်ကို တွေ့ရသည်။ စစ်တွေဟိုတယ် တွင် ဧည်သည်များနှင့်တွေဆုံစဉ်ကမူ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ ရင်ထိုးကို ၀တ်ဆင်ထားသည်ဟု မြင်တွေ့သူများက ပြောကြားသည်။

ဤအမှုတွင် သူ၏ လက်ထောက်အဖြစ် ဆောင်ရွက်သူ ဦးအောင်မင်းကမူ NLD ပါတီဝင်တစ်ဦးမဟုတ်ပေ။

၂၀၁၃-ခုနှစ် ဧပြီလ (၂၆) ရက်နေ့က စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီလူဦးရေရှိရာနေရာများတွင် ဆွဲ၊တင်၊စစ် (ခေါ်) ကုလားလူဦးရေ မှတ်တင်းတင်ခြင်းကို ဆောင်ရွက်ရန်သွားကြသည့်အနက် သက်ကယ်ပြင် ကုလားရွာတွင် ဆောင်ရွက်သည့် မှတ်တမ်းတင်အဖွဲ့အား ကုလားလူစုလူဝေးဖြင့် တိုက်ခိုက်ခြင်းဖြစ်ပွားရာ လ၀ကအရာရှိတစ်ဦး ပြင်းထန်စွာရိုက်နှုက်ခံရကာ ဒဏ်ရာရပြီး အခြားနောက်တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ သည်။

ထိုနေ့က သက်ကယ်ပြင်ကျေးရွာမှာသာမက အခြားနေရာအသီးသီး၌လည်း ဘင်္ဂါလီများက အစီအစဉ် တကျ အုပ်စုဖွဲ့ ဆူပူ ဆန့်ကျင်မှုကိုခံရကာ ဆွဲ၊တင်၊စစ် အစီအစဉ်မှာ ရပ်တန့်သွားခဲ့သည်။ ထိုဖြစ် စဉ်နောက်ကွယ်တွင် စနစ်တကျ ကြိုးကိုင်စီမံမှုရှိနေသည် ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သဘော ထား မှတ်ချက်ပေးခဲ့သည် ဟု သိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီများအား ဦးစီးကွပ်ကွဲနေသူ ဦးကျော်မြင့် (ခေါ်) မာမောက်ချော်ဘီ (၅၈-နှစ်) အပါအ၀င် ကုလားခုနစ်ဦးအား ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။

ဘင်္ဂါလီများအား နိုင်ငံသားဟုတ်/မဟုတ် စိစစ်ရေးသည် ပြဿနာများ၏ အခြေခံကို စတင်ကိုင် တွယ်ဖြေ ရှင်းခြင်းဟု ရခိုင်အသိုက်အ၀န်းတစ်ရပ်လုံးက သဘောထားရှိနေကြရာ၊ ဆွဲ၊တင်၊စစ် ဖြစ်စဉ်ကို ဘင်္ဂါလီ များက အနှောင့်အယှက်ပေးခြင်းအားဖြင့် ဤပဋိပက္ခပြဿနာများသည် တစ်ဘက်နိုင်ငံမှ ခိုးဝင်သူ များ နှင့် နိုင်ငံမဲ့ ဘင်္ဂါလီများက ဖန်တီးနေခြင်းဖြစ်သည် ဆိုသော ယူဆချက်ကို ပိုမိုခိုင်မာ လာစေသည်။

ယခု ကျော်မြင့်ပါ ကုလားခုနစ်ဦး အမှုတွင် နိုင်ငံခြားအဖွဲ့အစည်းများ နိုင်ငံခြား NGO များမှ နိုင်ငံခြားသားများ လာရောက်နားထောင်ကြသည်သာမက မည်သည့်နေရာမှ ရမှန်းမ သိသောငွေ များဖြင့် ငွေကို ပုံအော သုံးစွဲကာ အမှုကွင်းလုံးကျွတ်လွတ်မြောက်ရေးကို ဆောင်ရွက်နေကြရာ ဤကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့သူမြို့သားများ အကြားတွင် မကျေနပ်မှု ကြီးထွားလျက်ရှိသည်။

အရိုက်နှုက်ခံရသော လ၀က အရာရှိအား အစိုးရဘက်မှ တရားလိုသက်သအဖြစ်တင်ထားရာ ၄င်း၏ ထွက်ဆိုချက်များမှာ ကျော်မြင့်တို့၏ အပြစ်ကိုပေါ့စေအောင်ထွက်ဆိုထားသည်ဟု ထင်မြင်စရာရှိနေရာ၊ ၄င်းကိုယ်တိုင်ပင် ကုလားကျော်မြင့်တို့ဘက်မှ သိန်းရာချီ လာဘ်ငွေယူထား သည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်းမရှိပေ။

ပြီးခဲ့သော နှစ်ပတ်ခန့်က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတစ်ခုတွင် NLD မှ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းသော နိုင်ငံရေး အကျဉ်းသားစာရင်း တွင် ခေတ် အဆက်ဆက် မောင်တော ဘင်္ဂါလီလှုပ်ရှားမှုများကို နောက်ကွယ်က ကြိုးကိုင်သူ အကြမ်း ဖက်ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်အား နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းထဲ ထည့်ထားရာ၊ ဦးဇော်အေးမောင်၊ ဦးလှမောင်ရွှေ နှင့် ဇာဂနာ တို့က ကန့်ကွက်ခဲ့ကြသည် ဟု ဆိုသည်။

ထိုကဲ့သို့ ကုလားအကြမ်းဖက်လှုပ်ရှားမှုများကို ထောက်ခံအားပေးသော လုပ်ရပ်များကြောင့် NLD မှာ ထိပ်ဆုံးကနေ အောက်ခြေအလွှာအသီးသီးတွင် ကုလားများက ထိုးဖောက်နေရာယူ သြဇာလွှမ်းမိုး နေပြီး ဖြစ်သည် ဆိုသည့်အချက်မှာ မှန်ကန်နိုင်ကြောင်းကို စောင့်ကြည့်သူများက စိုးရိမ်မှုဖြင့် မှတ်ချက်ပေး ကြသည်။                                                                                                                       

( Coral Arakan News အတွက် သောင်းကြွယ် ရေးသား သည်။)

Credit : http://www.khitthitmyanmar.com/2013/07/nld_14.html?zx=2e007e4e92014ba

နစက ဌာနချုပ် ဖျက်သိမ်းခြင်းအပေါ် ရခိုင်ဒေသခံများ စိုးရိမ်နေ



သမ္မတ ဦးသိန်းစိန် က နယ်စပ်ဒေသ လူဝင်မှု ကွပ် ကဲရေး စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) အား ဖျက်သိမ်းလိုက်ခြင်းအပေါ် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဒေသခံ တိုင်းရင်းသားများ စိုးရိမ် လျက် ရှိကြောင်း သိရသည်။


သမ္မတရုံး၏ ဇူလိုင်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန် သည့် အမိန့်ကြော်ငြာစာအရ နစက ကို ဖျက်သိမ်း လိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာ သတင်းတွေမှာ အကြမ်းဖက် အဖွဲ့အစည်းတွေက ကြိုးကိုင်ပြီး ရိုဟင်ဂျာတွေကို စစ်ရေး လေ့ကျင့်နေတာတွေ ကြားနေရချိန်၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ အကြမ်းဖက် ဗုံးဖောက်တာတွေ ဖြစ်နေ ချိန်မှာ အခုလို နယ်စပ်လုံခြုံရေးအတွက် အသက်လောက် အရေးကြီးတဲ့ နစက ကို ဖျက်သိမ်းလိုက်တော့ ဒေသခံတိုင်းရင်းသားတွေ အထူးစိုးရိမ်နေကြရတာပေါ့ဗျာ” ဟု မောင်တောမြို့ခံ ဦးလှမြင့် က မဇ္ဈိမကို ပြောသည်။

မောင်တောခရိုင်မှ ရဲအရာရှိ တဦးကလည်း “နစကကို ဖျက်ပြီး ရဲတပ်ဖွဲ့ကို အစားထိုးတာဟာ နိုင်ငံတကာ ပုံစံနဲ့ အညီ လုပ်တာ ဖြစ်နိုင်တယ်။ တဖက် ဘင်္ဂလာဒေ့ရှ်မှာလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGB) ဆိုတာ ရှိတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ ရခိုင်နယ်စပ်နဲ့ပတ်သက်လို့ ကောလာဟလတွေ အမျိုးမျိုး ဖြစ်ပေါ်နေတုန်း ဒီအမိန့် ထွက်လာတော့ လူတွေ စိုးရိမ်ကြတာ အမှန်ပါပဲ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကမူ နစကကို ဖျက်သိမ်းလိုက်ပြီး နယ်စပ်လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

“သမ္မတ အမိန့်နဲ့ နစကကို ဖျက်သိမ်းလိုက်တာ မှန်ပါတယ်။ နယ်စပ်ကွပ်ကဲရေး တာဝန်တွေကို ပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီးတဦးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရရဲ့ နောက်ထပ် အသေးစိတ် အစီအစဉ်တွေ ကိုတော့ မသိရ သေးပါဘူး” ဟု ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ နယ်စပ်လုံခြုံရေး တာဝန်ယူမည့် ပြည်နယ်ရဲမှူးမှာ ဦးဗိုလ်ဗိုလ်ဦး ဖြစ်ပြီး ယခုအခါ မောင်တောမြို့ သို့ ရောက်ရှိ တာဈန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နစကကို စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ် တွင် တပ်၊ ရဲ၊ အကောက်အခွန်နှင့် လဝက တို့ ပေါင်းစပ် လျက် ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်း နစက ဌာနပေါင်း ၁၁ ခုဖြင့် စီမံ ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

From:Mizzima

မုဒိန်း ပြုကျင့်သူများဟု စွပ်စွဲခံရသူ နှစ်ဦးကို သံတွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့ ရုံးထုတ်မည်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မုဒိမ်း ပြုကျင့်သူများဟု စွပ်စွဲခံထားရသူ (၂) ဦးကို လာမည့် ဇူလိုင်လ ၁၅ ရက် တနင်္လာနေ့တွင် ရုံးတင် စစ်ဆေး မည်ဟု သတင်း ရရှိသည်။


“ သူတို့ ၂ ဦးကို ဒီလ ၉ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှာ ခဏလေး ရုံးထုတ်ပြီး ရမန်ယူပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးပြန်တင်ဖို့ တရားသူကြီးက အမိန့်ချပါတယ်” ဟု တရားရေး ၀န်ထမ်း တစ်ဦး က ပြောသည်။

မုဒိမ်းပြုကျင့်သူများဟု စွပ်စွဲခံထားရသူ (၂) ဦးမှာ ကမန်လူမျိုး၊ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည့် သံတွဲမြို့မှ ကိုနိုင်သူနှင့် ကိုမင်းနိုင် (ခ) ဗေလုဝ (ခ) ငပြူးတို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးသည် ဆပ်သွားကျေးရွာ အဒေါ်အိမ်မှ နေပြီး တောင်ကုတ်သို့ ပြန်သူ မစုစုမွန် (၁၅) နှစ်အား ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် သံတွဲကားဂိတ်မှ ဟိုတည် တစ်ခုသို့ ပို့ဆောင်ပေးမည်ဟု တက်စီ ဆိုင်ကယ် တစ်စီးဖြင့် ခေါ်ယူကာ နောက်ပိုင်းတွင် အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထား ရသည်။

အဆိုပါ သတင်း အပြင်သို့ ပျံ့နှံ့သွားပြီးနောက် သံတွဲမြို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် ဘာသာဝင်များ အကြား ဇွန်လ ၃၀ ရက်နေ့က အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး နေအိမ် တချို့လည်း မီးလောင် ဆုံးရှုံးခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ညမထွက်ရ၊ လူစု လူဝေး မလုပ်ရ အမိန့် (ပုဒ်မ ၁၄၄) ကို ချက်ချင်း ထုတ်ပြန်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။

မုဒိမ်းပြုကျင့်ခံရသူ မစုစုမွန်မှာ ယခုအခါ အုပ်ထိန်းသူ မိဖများနှင့် အတူ တောင်ကုတ်တွင် ရှိနေပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် တရားရုံးသို့ အမူ လာရောက် ရင်ဆိုင်မည်လား ဆိုသည်ကို သဲကွဲစွာ မသိရသေးကြောင်း ဆိုသည်။

အမူကို ကြားနာ စစ်ဆေးစဉ် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် အများပြည်သူများ တက်ရောက်နားထောင်ခွင့်ကို သက်ဆိုင်ရာမှ ပိတ်ပင်ထားမည်ဟု ပြောကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ 

From:News Collection

ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ


7.14.21

ကရင်ပြည်နယ်အတွင်း ယခင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ကိုယ်တိုင်ပြန်လည် ရှင်းလင်း ပေးသွားရန်အတွက် ကရင်တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ မိုင်းများပြန် ရှင်းလင်းသွားမည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။


ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ် အတွင်းရှိ ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ပူးပေါင်း ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးရုံးချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ KNU မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ DKBA မှ စစ်ဗျူဟာမှူး စောကျော်သက်၊ KNU/KNLA (PC) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ရင်နု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ယင်း အစည်းအဝေးတွင် အောက်ခြေမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာရာတွင် သဘောတူညီချက်သုံးရပ် ရရှိခဲ့ကြောင်း သိရသည်။

သဘောတူညီချက် သုံးရပ်မှာ ကရင်ပြည်နယ် အတွင်း မြေမြှုပ်မိုင်း အများဆုံးနှင့် အဓိက ရှိနေသည့် မိဆိုင်းဒေသနှင့် ကျုံထော်ဒေသ အနီးတစ်ဝိုက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းရန်၊ ဖော်ထုတ်၍ မရနိုင်သော မိုင်းများအား ကျေးရွာသူ၊ ရွာသားများ မြင်သာသည့် ထင်ရှားသော အမှတ်အသားများ ပြုလုပ်ကာ ရှင်းလင်းဖောက်ခွဲရန်၊ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန်တို့ ဖြစ်သည်။ မိဆိုင်း နှင့် ကျုံထော်ဒေသများမှာ ကရင်ပြည်နယ်အတွင်း အဓိက မြေမြှုပ်မိုင်းရှိရာ ဒေသများဖြစ်ပြီး အဆိုပါ ဒေသရှိ ဒေသခံများမှာ မြေမြှုပ်မိုင်းဒဏ်ကို အများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ မြေမြှုပ်မိုင်းများကို ပြန်လည်ဖယ်ရှားရာတွင် ကရင်လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ပူးပေါင်းထားသည့် ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အလိုက် တာဝန်ယူကာ ယခုကတည်းကပင် မြေမြှုပ်မိုင်းများ ပြန်လည်ဖယ်ရှားရန် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု နယ်ခြား စောင့် တပ် (ကရင်ပြည်နယ်) မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့များမှ တည်ထောင်ထားခဲ့သည့် မိုင်းများကို ပြန်လည် ရှင်းလင်းရန် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား သဘောတူညီချက် ရရှိသည်မှာ သမိုင်းတစ်လျှောက် တွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ''ကရင်ပြည်နယ်အတွင်း မိုင်းဧရိယာမှာ ရှိနေတဲ့ ပြည်သူတွေအတွက် ဆွေးနွေးဆုံးဖြတ်ချက်က ၀မ်းသာစရာ သတင်းဖြစ်လာ လိမ့်မယ်လို့ မျှော်လင့် ပါတယ်'' ဟု ပြောကြားသွားခဲ့သည်။

လက်ရှိ မိဆိုင်းဒေသ အခြေပြု အဖွဲ့တာဝန်ခံ DKBA မှ ဗိုလ်ရဲချစ်နှင့် ကျုံထော်ဒေသ အခြေပြု တာဝန်ခံ ဗိုလ်ပိတို့လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

BGF မှ ဗိုလ်မှူး နိုင်မောင်ဇော်ကလည်း ''ကရင်လက်နက်ကိုင် ညီညွတ်ရေး ကော်မတီအနေနဲ့ စဖွဲ့ပြီးတဲ့ အချိန်မှာပဲ လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြဿနာကို ဖြေရှင်းတဲ့အခါ သေနတ်အစား စကားဝိုင်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကို ရခဲ့တယ်။ အခု ဒုတိယအကြိမ် တွေ့ဆုံတာနဲ့တင် ပြည်နယ်အတွင်းမှာ အရေးကြီးနေတဲ့ ပြည်သူတွေ အန္တရာယ်ကင်းရှင်းဖို့အတွက် မြေမြှုပ်မိုင်း ဖယ်ရှားဖို့ကို သဘောတူညီခဲ့တယ်။ 

အရင်တုန်းက လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးရင် အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် အခုလုံးဝမရှိဘဲ သူ့ဘက်ကိုယ့်ဘက် လိုတာကို ဆွေးနွေးပြီး သံသယကင်းကင်း ချစ်ချစ်ခင်ခင် သဘောတူညီချက်တွေ ရလာတာတွေ့ရတယ်။ အဲဒီအတွက် ရှေ့ဆက်တွေ့ဆုံ ဆွေးနွေးတဲ့ ပွဲတွေမှာ ဒီထက်ပိုပြီး ညီညွတ်လာ မယ်လို့ သုံးသပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဇူလိုင် ၁၃ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ဆွေးနွေးမှု ပြုလုပ်နေစဉ်

From:Eleven

ပခုက္ကူမြို့ပေါ်တွင် ပုံပြော ကဗျာရွတ် ကျပန်းစကားပြော စကားရည်လုပြိုင်ပွဲများ ကျင်းပ


0

ကျောင်းသား၊ ကျောင်းသူ များ၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကာ ပခုက္ကူမြို့နယ် ပညာရေး ဌာနက ကြီးမှူးကျင်းပသော မြို့နယ်အဆင့် (စကားရည်လု ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ် ဆို ပြိုင်ပွဲ) များကို ပခုက္ကူမြို့ပေါ် ကျောင်းများ၌ ဇူလိုင် ၁၃ ရက် နံနက် (၈)နာရီမှ (၁၂)နာရီအထိ ယှဉ်ပြိုင်ကျင်းပခဲ့ကြသည်။

စကားရည်လုပြိုင်ပွဲကို ပခုက္ကူမြို့၊ အထက (၂) ကျောင်း ခန်းမ၌ အထက်တန်းအဆင့်ပြိုင် ပွဲဝင် (၁၇) ဦးဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကိုပခုက္ကူ မြို့၊ အထက (၂) ကျောင်းခန်းမ၌ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် (၃၁) ဦးဖြင့်လည်းကောင်း၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ပခုက္ကူမြို့၊ အလက (၃) ကျောင်းခန်းမ၌ မူလတန်းအဆင့်ပြိုင်ပွဲဝင် (၄၁) ဦးဖြင့် လည်းကောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ၀င်များ၊ အမှတ်ပေး အကဲဖြတ်ဒိုင်အဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်း သားကျောင်းသူများ၊ မိဘပြည်သူ များတက်ရောက်အားပေးကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23423

ပေါက်ကွဲစေတတ်သည့်ဆက်စပ်ပစ္စည်းများ မီးရထားတွဲပေါ်တင်ဆောင်လာစဉ် ကောလင်းဘူတာ၌ ဖမ်းဆီးရမိ


0

မန္တလေး-မြစ်ကြီးနားရထား တွဲများတွင် မီးရထားခရီးသည် များ အသက်ဘေးအန္တရာယ် ဖြစ်စေသောပေါက်ကွဲစေ တတ်သည့် ဆက်စပ်ပစ္စည်းများကို ၀န်းသိုဘူတာ၊ နမ်းခမ်း ဘူတာ မှတစ်ဆင့်ဝန်းသို၊ ဗန်းမောက်၊ပင် လည်ဘူး ရွှေလုပ် ကွက်များသို့ သယ်ဆောင် အသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်နေသည့် အတွက်၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်း များ ရထားအလုံပိတ်ပါဆယ်တွဲ၊ ဂါတ်တွဲမတင်မိစေရန် သက်ဆိုင်ရာ ဌာနအသီးသီးက နေ့စဉ်နှင့်အမျှ စစ်ဆေး ကြပ်မတ်ရန် လိုအပ်သည်ဟု သိရသည်။


ထိုသို့ သတင်းများအရ အမှတ်(၂)တပ်ခွဲ၊ မီးရထားရဲစ ခန်း (ကောလင်း)မှ နယ်ထိန်း အဖွဲ့ဝင်များဖြစ်သော ရဲဒုတပ် ကြပ် စိုးနိုင်၊ ရဲတပ်သား သန်း ထိုက်ထွေး၊ ရဲတပ်သား သဲကိုကို အောင်၊ ရဲတပ်သားခင်မောင်နိုင်၊ ရဲတပ်သား စိုးနိုင်တို့သည်သတင်း အရ မန္တလေးဘူတာမှ အမှတ် (၄၇)အဆန်၊ မန္တလေး-ဘူတာ ရထားဂါတ်တွဲကို ဇူလိုင်(၇)ရက် နေ့ မွန်းလွဲ(၁)နာရီခန့်က အသိ သက်သေများနှင့်အတူ စစ်ဆေး ခဲ့ကြ သည်ဟု သတင်းရရှိသည်။

အဆိုပါနယ်ထိန်းအဖွဲ့သည် သတင်းအရ မီးရထားဂါတ်တွဲ တွင် ရှာဖွေပုံစံဖြင့် စစ်ဆေးတွေ့ရှိ ချက်အရ(Coconut Shell Charconal) စာတန်းပါ 25K လေးချိန်ရှိ အိတ်အတွင်း ဓာတု ပစ္စည်းဟုယူဆရသောကာဗွန်အမည်း ရောင်အတုံးကလေးများ ထည့် ထားသည့် အိတ်(၂၅)လုံးEDIT EKAHIDRATစာတန်းနှင့်ဓာတု ဗေဒအမည်(NaB4O210H2O) စာတန်း ပါ ၂၅ုအလေးချိန်ရှိ အိတ်အတွင်း ဓာတုပစ္စည်းဟုယူဆရသောအဖြူရောင်အမှုန်နှင့်အခဲ များထည့်ထားသည့် အိတ်(၂) အိတ်၊ လက်ဆွဲကိုင်းပါ ပလတ်စ တစ်ပုံး၊အမည်းရောင်(၅)ဂါလံခန့်ဝင် အတွင်း အက်စစ်ဟုယူဆရသော ဓာတုဗေဒပစ္စည်းများ ထည့်ထား သည့် ပုံး(၅)ပုံးတို့ကိုစစ်ဆေးတွေ့ ရှိရပြီး မီးရထား အမှတ်(၂)ရဲစ ခန်း၌ သိမ်းဆည်းခဲ့သည်။

အဆိုပါအဖွဲ့၏ စုံစမ်းစစ် ဆေးချက်အရ အမှတ်(၄၇) အဆန်ရထားတွဲတွင် တင်ဆောင် လာသော ပစ္စည်းများကို ရွှေကြက်ယက်ဘူတာရုံပိုင်ကြီး ဦးစံဌေးက တန်ဆာပြုလုပ်ပြီး ရထားထိန်း ဦးသိန်းလွင်က သယ်ဆောင်လာကြောင်း သိရှိရပြီး အဆိုပါပစ္စည်းများကို နယ်ထိန်းအဖွဲ့က အချိန်ယူစစ်ဆေးကြပြီး အမှတ် (၂)တပ် ခွဲ မီးရထားရဲစခန်း(ပ)၁/၂၀၁၃၊ မီးရထားအက်ဥပဒေပုဒ်မ ၁၀၇/ ၁၂၉အရ အမှုဖွင့်ပြီး သက်သေခံ နမူနာပစ္စည်းများကို မန္တလေးမြို့၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲသို့ အမှတ်(၂)တပ်ခွဲ၊ မီးရထားရဲစ ခန်း၊ ကောလင်းမှ ရဲအုပ် သန့်ဇော် ကပေးပို့ပြီး စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း သတင်းရရှိသည်။

Credit : http://www.hotnewsweekly.com/archives/23437

ယခင် ပုံစံ (၁၉) ရုံး ယခုအခွန်ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ရုံး အတွက် တရားရင်ဆိုင်နေကြ


0

ယခင်ပြည်ပထွက်ခွာခွင့် စီစစ်ရေးရုံး (ပုံစံ ၁၉) ရုံး ယခု ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းအခွန်ဦးစီးဌာနမှူးရုံးနှင့် အခွန် ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ ရုံးအား မူလပိုင်ရှင်ဖြစ်သူက မိမိတို့ပိုင် အဆောက်အဦး ပြန်လည်ရ ရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ရုံးတွင် အမှုအမှတ်၂၁/၂၀၁၃ ဖြင့် တရားစွဲဆို ထားကြောင်း မူလပိုင်ရှင်မိသားစုဝင်များထံမှသိရှိရသည်။


ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်ရှိ တိုင်း အခွန်ဦးစီးဌာန မှူးရုံးနှင့် အခွန်ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ရုံး နေရာနှင့် အဆောက်အဦးတို့သည် ယခင်က မြန်မာအမျိုးသားပိုင် စိန်ဘရားသားကုန်တိုက်ပိုင်နေရာဖြစ်ပြီး ပြည်သူပိုင်သိမ်းဆည်းခြင်း ခံခဲ့ရပါသည်။

ထို့နောက်ပုံစံ(၃) ဖြင့် ပြန်လည်ရရှိခဲ့ပြီး မြန်မာ့အာမခံ လုပ်ငန်းသို့ ရုံးအဖြစ် ပြန်လည်ဆက်လက် ငှားရန်းခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်းမှ စားချုပ်စာတမ်းဖြင့် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ 

ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးပြည်တွင်းအခွန်ဦးစီးဌာန ဦးစီးမှူးရုံးအဖြစ်လည်းကောင်း အခွန် ကောက်ခံမှု စံနှုန်းစီစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ရုံးဖြင့် လည်းကောင်း ဖွင့်လှစ်ထားပြီးမူလပိုင်ရှင်မှ မိမိတို့ အဆောက်အဦးပြန်လည်ရရှိရေးအတွက်တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သိရှိရပါသည်။

Credit : http://www.hotnewsweekly.com/archives/23460

၂၀၀၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသားများပြောသော ဖယ်ဒရယ်မည်သို့မျှသက်ဆိုင်ခြင်းမရှိဟုဆို


SONY DSC

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များ၌ တိုင်းရင်းသားများ၏ အခွင့်အရေး ရပိုင်ခွင့်များနှင့် ပတ်သက် ၍ အပြည့်အ၀ပါဝင်သည်ဟုဆိုနေ သော်လည်း ယင်းဖွဲ့စည်း ပုံ အခြေခံဥပဒေမှပေးသော အခွင့် အရေးများသည် တိုင်းရင်း သားများ တောင်းဆိုသော ဖယ်ဒရယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးနှင့် SNLD တာဝန်ရှိသူတစ် ဦးဖြစ်သူဦးစိုင်းညွန့်လွင် ကဆိုသည်။


“၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော် တို့တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တွေ၊ပြီးတော့ ဖယ်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီးလုံးဝမပါပါဘူး။ ပွင့် ပွင့်လင်းလင်းပြောရရင် ၂၀၀၈ အခြေခံဥပဒေကဖယ်ဒရယ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်း ပုံမှာဖယ်ဒရယ်ပါတယ်လို့ပြောရင် လည်း လုံးဝလက်မခံပါဘူး။ ကျွန်တော်တို့ရဲ့ ဖယ်ဒရယ်က အဓိကပင်လုံစိတ်ဓာတ်၊ ပင်လုံစာ ချုပ်ကလာတဲ့ ပင်လုံစိတ်ဓာတ်ကို ဆိုလိုတာပါ။

ပင်လုံစိတ်ဓာတ်လို့ ဘာလို့ပြောသလဲဆိုတော့ ပင်လုံ စာချုပ်ချုပ်စဉ်မှာပါတာတွေကို မမေ့ဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတော့ မဝေဖန် လိုပါဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ တိုင်းရင်း သားတွေအတွက်ဖယ်ဒရယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံမှာမပါတာတော့ အသေ အချာပါပဲ။ ခြုံပြီးပြောရရင် တန်းတူညီတူပြဋ္ဌာန်းခွင့်လိုပြော ချင်တာ ဒီလောက်ပါဘဲ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တပ်မတော်အစိုးရ လက်ထက်၌ စတင်ရေးဆွဲခဲ့ပြီး ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာ၌ပါဝင်ခဲ့သူများနှင့် ယခင် တပ်မတော်အစိုးရရလက်ထက် တာဝန် ရှိသူများဖြစ်ပြီး ယခုအစိုးရ သစ်လက်ထက်၌ သတ်မှတ်မဲ ဆန္ဒနယ်များမှ လွှတ်တော်ကိုယ် စားလှယ်များ အဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံထားရသူအချို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည်ပြီးပြည့်စုံသော မိခင်ဥပဒေ ကြီးတစ်ခုဖြစ်သည်နှင့် အညီ တိုင်းရင်းသားများတောင်းဆိုသော ဖယ်ဒရယ်အချက် အလက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးသော ရပိုင်ခွင့်များမှာကွာခြား မှုမရှိဟုဆိုကြ ပါသော်လည်း လက်ရှိတိုင်းရင်းသားပါတီကြီးတစ် ခု၏ခေါင်းဆောင်တစ်ဦးဖြစ်သူက မူယင်းနှင့် ပတ်သက်၍ ပြန်လည် ချေပပြောဆိုလိုက်ခြင်းဖြစ်သည်။

Credit : http://www.hotnewsweekly.com/archives/23453

တိုက်စစ်ဖွင့်ရန် အချိန်ရောက်ပြီ NLD

ဒေါ်အောင်ဆန်းစုကြည်ဧ။် နေ့စဉ်လှူပ်ရှားမှုများကို ခွန်ဒီးယမ်ဟူသော အမည်ဝှက်တစ်ခုမှ တစ်ဆင့် အင်တာနက်ပေါ်တွင် သိခွင့်ရကြသည်။ မေမေ၊ ချစ်မေ စသော ထပ်တလဲလဲခေါ်သံသည် ကြည်ညိုသူများ ကိုပင် ကသိကအောင့်ဖြစ်စေသည်။


တစ်နည်း ကြားပါများလျှင် ရိုးသွားတတ်သော လူ့သဘာဝကို ထည့်မတွက်သည့် အရေးအသားမျိုးတွေ ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များစေနိုင်သော်လည်း အခြားသော NLD ပါတီဝင်များအား မှေးမှိန်သေးသိမ်စေလျက်ရှိသည်။ တဖြည်းဖြည်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် နတ်ဘုရားတမျှ ဖြစ်လာပြီး ကျန်ပါတီဝင်များမှာ နတ်ကတော်အဆင့်သာရှိတော့သည်။ ပြည်သူများမှာမူ နတ်တင်သလို ဆုတောင်းသမှု ပြုရုံသက်သက်လို ဖြစ်နေသည်။ ဤအချက်သည် NLD အတွက် အလားအလာကောင်းမည်မဟုတ်။

အကြံပြုလိုသည်မှာ NLD သည် ခွန်ဒီးယမ်နှင့် ပတ်သက်နေလျှင် အရေးအသားများကို ပြင်သင့်သည်။ ပါတီကြီးတစ်ခုဧ။် ကိုယ်ရေးတာ ကိုယ်တာဝန်ခံနိုင်သော လူလေးစားဖွယ် အရေးအသားများဖြစ်သင့်သည်။ အကယ်၍ NLD သည် ခွန်ဒီးယမ်နှင့် မပတ်သက်ပါက မပတ်သက်ကြောင်းကို လူသိရှင်ကြားကြေငြာလျက် တစ်ဖက်စောင်းနင်းဖြစ်နေသော စကားလုံးများအတွက် မေတ္တာရပ်ခံသင့်သည်။ ခွန်ဒီးယမ်သည် နောက်ဆုံးသတင်းများကို ရှေ့ဆုံးမှ မည်သို့ရရှိနေကြောင်း မည်သူမှ မသိ။

NLD ဧ။် တရားဝင် ဂျာနယ်ဖြစ်သော ဒီလှိုင်းသည် ကြေးမုံသတင်းစာအဆင့်မျိုးမှာသာ ရှိနေခြင်းမှာလည်း အားနည်းချက်တစ်ခုဖြစ်သည်။ တစ်ဖက်သတ်ဆန်သော အရေးအသားများသည် တစ်ခဏတာ စိတ်လှူပ်ရှား စေအောင် စွမ်းဆောင်နိုင်သော်လည်း ရေရှည်တွင်မူ အကျိုးမရှိ။ ဒေါ်အောင်ဆန်းစုကြည်ဧ။် သတင်းများ၊ ဓါတ်ပုံများ၊ အရေးအသားများကိုသာ အားထားနေရသော ဂျာနယ်သည် မက်လောက်စရာ တစ်ခုမှ မရှိဖြစ်နေသည်။ 

အတိတ်ကိုလွမ်းမောသံများ၊ ပွေ့ဖက်သံများသည် လူကြီးများအတွက် အရသာဖြစ်ကောင်းဖြစ်မည်။ အနာဂတ်ကို တောက်ပသောနံနက်ခင်းအဖြစ်သာ မြင်တွေ့လိုသည့် လူငယ်များအတွက်မူ ကောက်ကိုင် ချင်စရာမကောင်းပေ။ လူထုကို အားပြုရသော ပါတီစာစောင်ဖြစ်သည့် အားလျော်စွာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ဖတ်ချင်စဖွယ်ဖြစ်အောင် လူထုအကြိုက်ကို အလေးထားရန်လိုအပ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဂျာနယ်စာမျက်နှာများပေါ်တွင် မင်းသမီးများထက်ပင် နေရာယူထား နိုင်သည်ကို အားလုံးသိပြီးဖြစ်သည်။ သို့ရာတွင် မော်ဒယ်တစ်ယောက်အတွက် ဓါတ်ပုံသည် လုံလောက် သော်လည်း ရုပ်ရှင်မင်းသမီးတစ်ယောက်အတွက်မူ ဗီဒီယိုကလစ်တစ်ချက်က ပိုအဖိုးတန်သည်။ ထို့အတူ နိုင်ငံရေးသမားတစ်ယောက်အတွက် စကားတစ်ခွန်း၊ မှတ်ချက်တစ်ခုကိုသာ ရွေးလျက်ဖော်ပြခံရခြင်းသည် အန္တရာယ်များလှပေသည်။ သို့ဖြစ်၍ မိမိအမြင်ကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ တင်ပြထားသော ကိုယ်ပိုင် မီဒီယာတစ်ခုရှိသင့်သည်။ ကွဲပြားမှုများ ပေါ်ပေါက်လာပါက အလွယ်တကူ ကိုးကားနိုင်သော အထောက် အထားခိုင်ခိုင်မာမာလည်း ဖြစ်သင့်သည်။

NLD ဧ။် ပြန်ကြားရေးသည် ဒေါ်အောင်ဆန်းစုကြည်ဧ။် ကိုယ်ပိုင်ပြန်ကြားရေး၊ ပါတီဧ။် တရားဝင် ပြန်ကြားရေးဟု နှစ်မျိုးနှစ်စား ခွဲခြားဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်မည်။ သို့မှသာ ပါတီခေါင်းဆောင်ဧ။် ဆောင်ရွက်မှုများအပြင် အခြားသော အရည်အချင်းရှိပါတီဝင်များဧ။် ကြိုးပမ်းမှုများကို ပြည်သူများ ထိတွေ့ခွင့်ရမည်ဖြစ်သည်။ 

ဥပမာအားဖြင့် အများအကျိုးဆောင်ခဲ့သော ဒေါ်ဖြူဖြူသင်းသည် ကိုယ်ပိုင်အစွမ်းအစပြနိုင်သူအဖြစ် မြင်ကြည့် နိုင်သည်။ လတ်တလောတွင် ဒေါ်စန္ဒာမင်းမှ လူပြောအများဆုံး၊ အငြင်းအပွားဆုံး ဥပဒေတစ်ခုနှင့် ပတ်သက်၍ သတင်းတင်ထားသည်ကို တွေ့ရသည်။ အလားအလာကောင်းသော ခြေလှမ်းတစ်ရပ်အဖြစ် ရှူမြင်သည်။ ဒီမိုကရေစီစနစ်တွင် အားလုံးသဘောညီရန် မလိုအပ်။ ငြင်းခုန်ခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်း အဖြေရှာခြင်းသည်သာ အနှစ်သာရဖြစ်ဧ။်

နောက်ဆုံးပေါ်ပြသနာဖြစ်သော ပုံနှိပ်ထုတ်ဝေရေး ဥပဒေနှင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ကန့်ကွက်သော အဆိုများ နှင့်ပတ်သက်၍လည်း NLD မှ ကိုယ်ပိုင်ရပ်တည်ချက်၊ ခံယူချက်များကို အမြန်ဆုံး လူထုသို့ရှင်းလင်းတင်ပြနိုင်ရန် လိုအပ်သည်။ သို့မှသာ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့လိုအပ်ချက်၊ ကိုယ့်လိုလား ချက်များကို အချိန်မဆိုင်းပဲ အပြန်အလှန်ဖလှယ်နိုင်လိမ့်မည်။

ဤအချက်များသည် ပြည်တွင်းနိုင်ငံရေးကွင်းနှင့်သာ သက်ဆိုင်သည်ဟု မမှတ်ယူစေလိုပါ။ အင်တာနက်ပေါ်တွင် ပြည်ပရောက် မြန်မာများ သန်းနှင့် ချီ၍ရှိနေသည်ကို သတိပြုစေလိုသည်။။ အများစုသည် အိမ်ပြန်ချင်သော မျှော်လင့်ချက်ဖြင့် အပြောင်းအလဲကို စောင့်စားနေသည်ကိုလည်း ထည့်တွက်စေလိုသည်။ ထိုသူတို့အား NLD ဘာလုပ်နေကြောင်း၊ ဘာတွေစီစဉ်ထားကြောင်း အသိပေးရန် တာဝန်ရှိသည်။ ဤသည်ပင်လျှင် တစ်ချိန်၌ နိုင်ငံတည်ဆောက်ရေးအတွက် ကြိုတင်လူသူစုဆောင်း ခြင်းလည်း ဖြစ်နိုင်သည်။

နောက်တစ်ဆင့်တက်လိုသည်မှာ ပြည်ပနိုင်ငံများနှင့် သံတမာန်အသိုင်းအ၀ိုင်းများ၊ ပြည်ပမီဒီယာသမား များ အတွက်ဖြစ်သည်။ NLD သည် ရက်စက်စွာ ဖိနှိပ်မှုများကို နှစ် ၂၀ ကြံ့ကြံ့ခံခဲ့သော အံ့သြဖွယ်ပါတီဖြစ် သည်။ နှစ် ၂၀ အတွင်း ပြည်သူတို့ဧ။် ကရုဏာပေါ်တွင် ခြေချခဲ့သည်။ ယခုမူ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သောပါတီဖြစ်ကြောင်း ကမ္ဘာသိပြရလိမ့်မည်။ ပါတီမူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်း များကို စဉ်ဆက်မပြတ်ကမ္ဘာသို့ ချပြနိုင်မှသာ မိမိတို့သည် အရည်အချင်းပြည့်ပါတီဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာကို စနစ်တကျ ဆက်ခံနိုင်စွမ်းရှိကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြေငြာနိုင်ပေလိမ့်မည်။

Ref : Thanda Win
Credit : http://arrluelay.blogspot.com/

ဘင်္ဂလီအရေး လျှော့မတွေးသင့်ပါ

ခိုင်အရေးအခင်း မတိုင်မီ ဘီဘီစီသတင်းဌာနကနေ မြန်မာနိုင်ငံ မြေပုံပေါ်က ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာအမှတ်အသားကို ထည့်သွင်းဖော်ပြခဲ့လို့ ပြည်တွင်းရော ပြည်ပမှာပါ ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြတာကို အားလုံးမှတ်မိကြပေလိမ့်မည်။

သိပ်မကြာခင်မှာပင် ကျောက်နီမော်ရွာသူ မသီတာထွေးကို အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ် ခဲ့မှုကို အကြောင်းပြု၍ ကျူးကျော်ဝင်ရောက် နေထိုင်သူ ဘင်္ဂလီတို့နှင့် ဌာနေ ရခိုင်တိုင်းသားတို့အကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ခဲ့သည်။


ရခိုင်အရေးအခင်းဖြစ်နေစဉ် အချိန်မှာပင် ပါမောက္ခ ၀ါကာအူဒင်ကို ဗွီအိုအေသတင်းဌာနမှူး ဦးသန်းလွင်ထွန်း ကနေ အင်တာဗျူးလုပ်ပြန်သည်။ ”ရိုဟင်ဂျာဆိုတာ အများထင်သလို ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီ မဟုတ်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စကားရှိကြောင်း အတူယှဉ်တွဲနေထိုင်လို့ ဖြစ်နိုင်ကြောင်း ”စသည်ဖြင့်… စီကာပတ်ကုံး ရှင်းပြခဲ့သည်။

ပါမောက္ခ၀ါကာအူဒင်ရဲ့ ဆိုလိုရင်းကို အနှစ်ချုပ်ကြည့်လျှင် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးရေးကို တောင်းဆိုသွားသည်ဟု သတ်မှတ်နိုင်သည်။ တမင်ပွဲလှန့်ပြီး ဖျာဝင်ခင်းသည့် လုပ်ရပ်မှန်း သိသာလွန်းသည်။

များမကြာမှီမှာပင် တောင်ကုတ်တွင် တဗ်လီဂ်ဂျမာအတ်သား ၁၀ဦး သတ်ခံရပြီးနောက်ပိုင်းတွင် ဘာသာ ရေး အဓိကရုဏ်း အသွင်အဖြစ် ပြောင်းလွဲသွားပြီး နေရာတော်တော် များများသို့ ကူးဆက်ပြန့်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတို့နှင့်ပတ်သက်၍ မီဒီယာတို့၏ တင်ပြပုံတို့မှာ အကောင်း ဘက်ထက် အဆိုးဘက်ကိုသာ တွန်းပို့နေသည်ဟု အထက်တွင် တင်ပြခဲ့သည့်တို့နှင့်အတူ ၂၀၁၃၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံးပါ The Face Of Buddhist Terror ဆောင်းပါးတို့က သက်သေပြနေသည်။

ကျောက်နီမော်အရေးအခင်းသည် ယနေ့ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း၏ မီးစတစ်စဟု သုံးသပ်နေမှုများသည် အတိုင်းအတာတစ်ခုထိတော့ မှန်ကောင်းမှန်ပါလိမ့်မည်။ အခြားတဖက်မှာတော့ ကျောက်နီမော် အရေးအခင်း မဖြစ်ခဲ့လျှင်လည်း ပြဿနာ တစ်ခုခုကို အကြောင်းပြု၍ ဖြစ်ကိုဖြစ်လာ ပါလိမ့်မည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်အတူ ဘင်္ဂလီတို့၏လှုပ်ရှားမှုသည်လည်း အရှိန်ကောင်းခဲ့သည်။ ရိုဟင်ဂျာနာမည်ကိုသုံး၍ မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားတစ်ခုသဖွယ် နိုင်ငံတကာအ၀န်းအ၀ိုင်းသို့ ထိုးဖောက်ခဲ့သည်။

လူ့အခွင့်အရေး လက်နက်ကို ကျည်အပြည့်ထည့်၍ တွေ့သမျှ NGO တွေကို မလွတ်တမ်း ပစ်တော့သည်။

ဘယ်လောက်ထိအောင် အခြေအနေဆိုးခဲ့သလဲဆိုလျှင် မလေးရှား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအပါအ၀င် တချို့NGO တွေမှာ ရိုဟင်ဂျာကို ရခိုင်တိုင်းရင်းသားအဖြစ် နားလည်ထားကြ သည်အထိ ဖြစ်ခဲ့ရသည်။

”မြန်မာအခက် ဘင်္ဂလီအချက်”လို့ ဆိုရလောက်အောင် ဘင်္ဂလီတွေဟာ ဆယ်စုနှစ် ငါးခုကျော် မြန်မာ့နိုင်ငံရေးအကျပ် အတည်းကာလကို ကောင်းကောင်းအသုံးချနိုင်ခဲ့သည်။ မီဒီယာအား လူ့အခွင့်အရေး ဓါးနဲ့ မြန်မာနိုင်ငံကို ပါးပါးလှီးလာခဲ့သည်။

ဘင်္ဂလီတို့၏ နောက်ဆုံးလက်နက်သည် ဂျီဟတ်စစ်ဆင်နွှဲ၍ မြန်မာနိုင်ငံကို အပြီးသတ် ၀ါးမြိုရေး ပင်ဖြစ်သည်။

ပထ၀ီအနေအထားကြောင့် ဖြစ်လာမည့် ဤစစ်ပွဲတွင် အနိုင်ရလိုသူသည် ပထ၀ီနိုင်ငံရေး သဘောတရားအရ လူဦးရေကို ထည့်သွင်းစဉ်းစားကြမည် အမှန်ပါ။

ရိုဟင်ဂျာဦးရေကို အမျိုးမျိုး ခန့်မှန်းကြသည်။ တချို့က သိန်းဂဏန်း၊ တချို့ကတော့ သန်းဂဏန်း။

ကျွန်တော်အနေဖြင့် ကိုယ်တွေ့ အဖြစ်အပျက်ကို လက်ကိုင်ထားလို့ ”ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဘင်္ဂလီ အရေ အတွက်ဟာ ရိုဟင်ဂျာအရေအတွက်ပါ” လို့ပဲ ပြောချင်ပါသည်။

မလေးရှားမှာ တရားမ၀င်နေထိုင်မှုဖြင့် ၂၀၀၄ ခုနှစ်၊ ဇွန်လထဲမှာ ကျွန်တော် အဖမ်းခံခဲ့ရဖူးသည်။ ရိုဟင်ဂျာအယောက်(၇၀)ခန့်နှင့်အတူ လင်းခေး camp မှာ တစ်လတာ နေထိုင်ခဲ့စဉ်ကာလနှင့် အဆင့်ဆင့် ပြောင်းလဲကာ နေထိုင်ခဲ့ရသည့် ထိုင်း လ.၀.က အချုပ်ခန်း အပါအ၀င် နောက်ဆုံး မလေးရှားကို ပြန်တက် ခဲ့သည့် ခရီးတစ်လျှောက်လုံး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတို့အကြောင်း သိခွင့်ရခဲ့သည်။

မလေးရှားမှာ တရားမ၀င် နိုင်ငံခြားသား မြောက်များစွာရှိသည့်အနက် မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံက လွဲလို့ ကျန်နိုင်ငံသားအားလုံး အဖမ်းခံရပြီဆိုလျှင် မိမိနိုင်ငံကနေ လေယာဉ်လက်မှတ် ပို့ပေးသည်အထိ ထောင် တို့၊ camp တို့ထဲမှာ နေကြရသည်။ တချို့ဆိုလျှင် နှစ်နဲ့ပါချီပြီး စောင့်ကြရသည်။ အင်ဒိုနီးရှား တွေကိုတော့ ရေ လမ်းကနေတဆင့် အင်ဒိုနီးရှား လ.၀.က တွေ လက်ထဲကို လွှဲပြောင်းပေးကြသည်။

ကျွန်တော်တို့ မြန်မာတွေမှာတော့ ဘဘဗိုလ်ချုပ်ကြီးတွေရဲ့ တာဝန်မဲ့မှုကြောင့် ထိုင်း လ.၀.က လက် ထဲကိုသာ လွှဲပြောင်းခံရပြီး ..ထိုင်း လ.၀.က မှတဆင့် ၀က်တင်တဲ့ကားနဲ့ ၀က်တွေလိုတင်ပြီး ရနောင်း ရဲစခန်းကို ပို့ သည်။ ပြီးမှ ရနောင်းရဲစခန်းကနေ စစ်ဆေးပြီးသူတွေကိုသာ ရနောင်းနဲ့ ကော့သောင်းကြားက ပင်လယ်ထဲမှာ စောင့်နေတဲ့ လူပွဲစားတွေ လက်ထဲကိုအပ်ကြသည်။ (များသောအားဖြင့် မလေးရှားနဲ့ ထိုင်းနယ်စပ်မှာပဲ ပစ်လေ့ရှိသည်။)

မည်သို့ပင် ခက်ခဲသည်ဆိုစေကာမူ ရည်မှန်းချက်မပြည့်သေးလို့ မလေးရှားကိုပြန်တက်လိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက်တော့ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်လို့နေသည်။ သည်တော့ လမ်းကြောင်းသိထားတဲ့ ဘင်္ဂလားဒေ့ရှ်တွေကတော့ အဖမ်းခံရပြီဆိုတာနဲ့ သူတို့ကို သူတို့ ဘူးရ်မား(မြန်မာ)လို့ စာရင်းပေးကြသည်။

မြန်မာဆိုတော့ မြန်မာတွေရှိတဲ့အဆောင်ကို ရဲကပို့လိုက်သည်။ မြန်မာမဟုတ်ဘဲ မြန်မာတွေနေတဲ့ အဆောင်ထဲကိုရောက်လို့လည်း စိတ်ပူစရာလိုပါ။ ရိုဟင်ဂျာတွေ အမြဲရှိနေသည့်အတွက် အဆင်ပြေကြ သည်။ ဘာစကားပြောလဲဆိုတာ မသိပေမယ့် ရိုဟင်ဂျာပြောတဲ့စကားကို ဘင်္ဂလားဒေ့ရှ်တွေက နားလည် ကြသည်။

မိတ်ဟောင်းဆွေရင်းပမာ ရင်းရင်းနီးနီးရှိကြသည်။ ဘယ်သူက ရိုဟင်ဂျာ ...ဘယ်သူက ဘင်္ဂလားဒေ့ရှ် ဆိုတာ ဗမာစကားမပြောသ၍တော့ အမှန်တကယ် မခွဲခြားတတ်ပါ။

တချို့ ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ဗမာစကားကိုပင် အတော်အတန်ပြောတတ်နေသည်ကို တွေ့ခဲ့ရသည်။ အထူးအဆန်းတော့ မဟုတ်ပါ။ မြန်မာ ...လို့စာရင်း ပေးထားသည့် ဘင်္ဂလားဒေ့ရှ်တိုင်း ..camp ထဲ ရောက်သည် နှင့် ဗမာစကားကို မဖြစ်မနေ သင်ကြရသည်။

အနိမ့်ဆုံးတော့ ထိုင်း လ.၀.က တွေ မေးလေ့ မေးထရှိသည့် နာမည်၊ အဖေနာမည်၊ အသက်၊ နေရပ် စသည့် မေးခွန်းလေးခုကို မဖြစ်မနေ သင်ကြရသည်။ (ထိုင်း လ.၀.က တွေ မြန်မာလို အနည်းအကျဉ်း တတ်ကြသည်။)

အဖမ်းခံရတာများနေသည့် ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ရိုဟင်ဂျာတွေထက် ဗမာစကားကို ပိုလို့တောင် ပြောတတ်ကြသေးသည်။

အဲသည်တော့ ပါမောက္ခ၀ါကာအူဒင် ပြောသလို ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီမဟုတ်ပါဘူး ...ဆိုတာကို ယုံတဲ့သူတွေရှိရင် ၊ မလေးရှားမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံကြည့်ကြပါ..လို့ အကြံပေး ချင်ပါသည်။

ရိုဟင်ဂျာဆိုသူတွေဟာ ခေသူတွေ မဟုတ်ဘူးဆိုတာကို သိသာစေတဲ့ နောက်ထပ်အချက်တွေ ရှိသေးသည်။ မလေးရှားတွင် သြဇာကြီးမားသော NGO တစ်ခုဖြစ်သည့် TENAGANITA အဖွဲ့ကို တည်ထောင်သူ tenaganita ဆိုသည့် အဖွားကြီးကို အသေကပ်ထားရုံ သာမက ၀န်ကြီးချုပ် မဟာသီဟာ မိုဟာမက်အထိကိုတောင် ချဉ်းကပ်နိုင်သူတွေဆိုတာ မမေ့သင့်ပါ။

tenaganita ကလူ့အခွင့်အရေး သမားဆိုတော့ လူ့အခွင့်အရေးရှုထောင့်ကနေ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂထိ ပေါက်အောင် အခိုင်အမာရပ်တည်ပေးခဲ့သလို အာဏာရပါတီရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ မဟာသီကလည်း အာဏာစက်နဲ့ သူအနား မယူခင်လေးမှာ.. ရိုဟင်ဂျာ ၁၀၇၀၀ ကို နိုင်ငံသားအဖြစ် လက်ခံပေးဖို့ လက်အောက်ခံ ငယ်သားတွေကို မှာကြား သွားလေသည်။

မဟာသီကတော့ ဘာသာတူတာက တစ်ကြောင်း၊ သနားတာက တစ်ကြောင်း၊ လူအခွင့်အရေး လေးစား တာကို ပြချင်တာ တစ်ကြောင်း ...အကြောင်းကြောင်းတွေကြောင့် နိုင်ငံသားပေးဖို့ ခိုင်းခဲ့ဟန်တူသည်။

သို့သော်လည်း သိကြသည့်အတိုင်း ရိုဟင်ဂျာတချို့ရဲ့ စရိုက်က ဝေဖန်စရာ ဖြစ်လောက်အောင်ကိုပင် ဖြစ်ခဲ့ရသည်။ လူသတ်၊ ဓါးပြတိုက်၊ လုယက်၊ ဆေးပစ်မှု တို့ကြောင့် နိုင်ငံသားပေးမည့် အစီအစဉ်ကို ၀န်ကြီးချုပ်သစ် ဘာဒါဝီ လက်ထက်၌ သောင်မတင် ရေမချ ဖြစ်ခဲ့ရသည်။

ရိုဟင်ဂျာတွေကို မလေးရှားအစိုးရက လွတ်လွတ်လပ်လပ် နေခွင့်ပေးတာဟာ ဘာသာတူတာ ကြောင့်လို့ ပြောလျှင် ရနိုင်ပါသည်။ ဒီအချက်ကို ရိုဟင်ဂျာတွေက ကောင်းကောင်း အသုံးချတတ်ကြသည်။

ဒီကနေ့ မလေးရှားမှာ မြန်မာတွေ အသတ်ခံနေရသည့် ကိစ္စသည် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို တန်ပြန်သည့် လုပ်ရပ်ဆိုတာကို လူတိုင်းနားလည်ထားကြသည်။

သို့သော်လည်း မလေးအစိုးရ၏ ကိုင်တွယ်ပုံတို့မှာ မြန်မာအစိုးရကဲ့သို့ မဟုတ်သည့်တိုင် အကြမ်းဖက် သူတွေကို မဖမ်းဆီးနိုင်သေးတာဟာ တမင်လွှတ်ထားနေသ လားလို့တောင် ထင်စရာဖြစ်နေသည်။

အထက်ပါအချက်တို့ကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာ(ခေါ်) ဘင်္ဂလီတို့နောက်မှာ မီဒီယာ၊ လူ့အခွင့်အရေးသမား၊ OIC အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ပေးနေရသည့် ကိုယ်ပိုင်သြဇာ မရှိသည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် မွတ်ဆလင်နိုင်ငံတချို့ ရှိနေသည်မှာ ငြင်းစရာမလိုအောင် ခိုင်မာနေသည်။ သိုသော်လည်း ထိုအချက်တို့ဖြင့် မြန်မာနိုင်ငံကို မခြိမ်းခြောက်နိုင်ပါ။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ကမှ ခြိမ်းခြောက် အကျပ်ကိုင်လို့ မရပါ။ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါလိမ့်မည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း ကြီးထွားလာရခြင်း၏ အဓိကကျသော အချက်မှာ မြန်မာ-မွတ်ဆလင်ဘာသာဝင် အများစုနှင့် မြန်မာ-ဗုဒ္ဓဘာသာဝင်အများစုတို့သည် ဘင်္ဂလီလူမျိုးနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားမမြင်နိုင်ခြင်း၏ ဆိုးကျိုးရလဒ် တစ်ခုသာဖြစ်သည်။

ဘင်္ဂလီတို့သည် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြသော မွတ်ဆလင်ဘာသာဝင်တွေနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ညီညွတ်မှုကို ဖြိုလှဲပစ်ခဲ့သည်။ ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲမရလေအောင် ဘာသာရေး မှိုင်းတိုက်ခဲ့သည်။

တဖက်တွင်လည်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို နိုင်နိုင်နင်းနင်း မကိုင်တွယ်သည့် အစိုးရ၏ အားနည်းချက် တို့က သဘောထား တင်းမာသူ အာဏာရှင်ဟောင်းတို့အတွက် စနစ်ဟောင်းသို့ပြန်သွားရန် ဖြတ်လမ်း တစ်ခု သဖွယ်ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဖြစ်ပေါ်လာမည့် အခြေအနေအားလုံးအတွက် တာဝန်အရှိဆုံးမှာ အစိုးရပင်ဖြစ်သည်။

စက်တင်္ဘာ (၁၁)တိုက်ခိုက်မှုနှင့် ဘာလီဗုံးခွဲမှုတို့ကဲ့သို့ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက် ကြမ်းကြုတ်မှုတို့ကြောင့် အစ္စလာမ်ဘာသာအပေါ် ကမ္ဘာ့ပြည်သူတွေ နည်းတူ.. မြန်မာပြည်သူတွေလည်း စိုးရိမ်ခဲ့ကြသည်။

လွတ်လပ်လာသည့် မီဒီယာလောကနှင့်အတူ ယှဉ်တွဲပါလာသည့် လူမှုကွန်ယက်တို့ကြောင့် ကမ္ဘာတလွှားမှ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက်မှုများ၊ ဂျီဟတ်စစ်ပွဲမှာကျရှုံးခဲ့ရသည့် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည့် နိုင်ငံတချို့ အစ္စလာမ်နိုင်ငံဖြစ်သွားခဲ့ရသည့် သမိုင်းနောက်ခံများကို ပိုမိုသိခွင့်ရ လာသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့၏ ဘာသာတရားအပေါ် စိုးရိမ်စိတ်သည် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြား၍ မမြင်နိုင်သည်အထိ စိုးရိမ်ရေအမှတ်ကို ရောက်ခဲ့ရသည်။

လွတ်လပ်ရေးခေတ်မှသည် ယနေ့အချိန်ထိ မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင်တချို့၏ မြန်မာ နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံခဲ့မှုတို့ကြောင့် မြင့်မြတ်လှသည့် ဂုဏ်ပုဒ်ကို ကျူးကျော်လာသူ ဘင်္ဂလီ တို့ကြောင့် မညှိုးနွမ်းလိုပါ။

အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားများခင်ဗျာ ...

ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ဦးဖြစ်ပါသည်။ သိုသော်လည်း ဘာသာတရားတိုင်းသည် လူသားတိုင်းအတွက် ငြိမ်းချမ်းမှုကိုသာ ပေးသည်ဟု ယုံကြည်ထားသည့်အတိုင်း ဘာသာရေးအရ မည်သည့်ဘာသာကိုမှ စော်ကားပုတ်ခတ်လိုခြင်း အလျင်းမရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂလီခေါင်းဆောင်တို့၏ မိုက်မဲမှုကို တားဆီးလို၍သာ ဘင်္ဂလီတို့၏ လုပ်ရပ်တွေကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားပြနေသူ တစ်ဦးသာ ဖြစ်ပါသည်။

လူ့အသက်ပေါင်းများစွာပေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာဟာ ဒီမိုကရေစီအတွက်ပါ။ သို့ပေမယ့် ဒီကနေ့ ကျွန်တော်တို့နိုင်ငံသားတွေ ရရှိနေသည့် ဒီမိုကရေစီဆိုတာဟာ အိမ်သာကြို အိမ်သာကြားကို ဖြတ်တိုက်လာတဲ့ လေနဲ့အတူပါလာသည့် တောစံပါယ်ရနံ့လိုပါပဲ။

တောစံပါယ်ရနံ့ထက် မစင်နံ့ကသာ ပိုကဲလို့နေချေသည်…။ မလူးသာ မလိမ့်သာ အခြေအနေကြောင့် မပေးချင် ပေးချင်နဲ့ ပေးခဲ့ရတဲ့ ဒီမိုကရေစီကနေ ပြည့်ဝသည့် ဒီမိုကရေပန်းတိုင်ကို လျှောက်လှမ်း နိုင်မှသာလျှင် ပေးဆပ်ခဲ့သူတို့၏ ကျေးဇူးကို တန်ဖိုးထားရာရောက်ပေမည်။

ဒီမိုကရေစီကို လိုလားသူတိုင်းသည် မတူညီမှုတွေကို နားလည်မှုအပြည့်ဖြင့် လက်ခံရပေလိမ့်မည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် လိုလားလျှင် မတူကွဲပြားသည့် အယူအဆ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို လက်ခံရပေလိမ့်မည်။

ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ မည်သည့်ဘာသာပင်ဖြစ်ပါစေ ...အတူတကွ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်စရာအကြောင်းမရှိပါ။

သို့သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာသူဆိုလျှင် မည်သည့် လူမျိုး၊ မည်သည့်ဘာသာပင်ဖြစ်ပါစေ ပြတ်ပြတ်သားသား ဆန့်ကျင်ရပါလိမ့်မည်။

ဘင်္ဂလီလူမျိုးတို့အနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သည့် မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင် တို့၏ မြင့်မြတ်လှသော စိတ်နေသဘောထားနှင့် ဂုဏ်ပုဒ်ကို အားကျအတုယူသင့်ပါသည်။ ပထ၀ီ အနေအထားကိုမူတည်၍ နိုင်ငံသားအက်ဥပဒေတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီနိုင်ပါ။ မြန်မာ နိုင်ငံ၏ နိုင်ငံသားအက်ဥပဒေသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေ ဖြစ်သလို၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံတို့၏ နိုင်ငံသားအက်ဥပဒေသည်လည်း ထိုနိုင်ငံတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေသာဖြစ်ပါလိမ့်မည်။

ထို့အတွက်ကြောင့် ဘင်္ဂလီလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အမှန်တကယ် ကာကွယ်လိုသည့် ဆန္ဒရှိပါက မြန်မာနိုင်ငံ၏ နိုင်ငံသားအက်ဥပဒေ၏ အဆုံးအဖြတ်အတိုင်း ငြိမ်းချမ်းသော နည်းဖြင့်သာ နိုင်ငံသားအဖြစ် ရယူစေလိုပါသည်။

သို့သော်လည်း ဘင်္ဂလီအများစုတို့မှာ ”မြန်မာနိုင်ငံတော်အလံကိုပင် အလေးမပြုနိုင်”ဟု တုန့်ပြန်မှုမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာဝေးစွ ။ဒုက္ခသည်အနေဖြင့် လက်ခံထားသည့်အတွက်ကိုပင် မြန်မာ နိုင်ငံကို အထူးပင် ကျေးဇူးတင်ရပေလိမ့်အုံးမည်။

အိမ်နီးချင်းနိုင်ငံဆိုသည်မှာ အကောင်းဆုံးမိတ်ဆွေဖြစ်သလို အနီးဆုံးရန်သူလည်း ဖြစ်သည်။ “ သစ်ပင်မှန်က အမြစ်နှင့်မကင်း၊ တိုင်းပြည်မှန်က စစ်နှင့်မကင်း” ဟူသည့် ဆိုရိုးစကားအတိုင်း ရခိုင်နှင့် ဘင်္ဂလားတို့ သည် အတိတ်သမိုင်း၌ စစ်ခင်းခဲ့ကြဖူးသည်။

နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝဘေးအန္တရာယ်၊ မြေနေရာနှင့်မမျှတအောင် ထူထပ်သိပ်သည်း လွန်းသည့် လူဦးရေတိုးပွားမှုတို့ကြောင့် မြန်မာနိုင်ငံတွင်းသို့ စိမ့်ဝင်လာသည့် ဘင်္ဂလီအရေးအပေါ် လျစ်လှူရှုမှု၊ ရေပိုင်နက်ကိစ္စတို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်အင်အားတည်ဆောက်နေမှုနှင့် ဘင်္ဂလီတို့၏ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သဲသဲမဲမဲ တောင်းဆိုနေမှုတို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဘင်္ဂလီ ဘာလဲ…ဘယ်လဲ လို့ မေးရပေလိမ့်မည်။

အကယ်၍ မလွှဲမရှောင်သာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စစ်ဖြစ်ခဲ့ပါလျှင် ” နိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်သည့် ရိုဟင်ဂျာဆိုသူတွေ ဘယ်ဘက်ကနေ ရပ်တည်ကြမလဲ” ဆိုတာ စာဖတ်သူတို့အတွက် မေးခွန်းတစ်ခုအဖြစ် ချန်ခဲ့ပါရစေ…။

(ထွန်းထွန်းနိုင်)
-----------------------

မှတ်ချက်။ ။ ဘင်္ဂလီ(ရိုဟင်ဂျာ)တွေအပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိပါ။ လူ့အခွင့်အရေး သမား တွေအနေနဲ့ ကျွန်တော့်ကို လူသားမဆန်သူလို့ ဝေဖန်လာခဲ့မယ်ဆိုရင်လည်း အမျိုးသားလုံခြုံရေး ဖြစ်နေသည့်အတွက် ဂရုမစိုက်နိုင်ပါ။ သို့သော်လည်း အပြစ်ကင်းစင်သည့် အဖြူရောင်နှလုံးသားပိုင်ရှင် ကလေးငယ်တွေအပေါ်မှာတော့ လူမျိုး၊ ဘာသာ၊ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘူးဆိုတာ အန္တရာယ်ကြားမှာ ခရီးသွားရင်း ကျွန်တော်ကူညီခဲ့ဖူးသည့် ဘင်္ဂလီမိသားတစ်စုနှင့် ကျွန်တော်အကြောင်းကို အလျင်းသင့်လျှင် ရေးသားပါဦးမည်။

(ထွန်းထွန်းနိုင်)

၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း မြန်မာအစိုးရ တုံ့ပြန်

မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာ တိုင်းရင်းသား မျိုးနွယ်စုဆိုပြီး တရားဝင် လက်ခံအတည်ပြုထားခြင်း မရှိတဲ့အတွက် ရိုဟင်ဂျာအတွက်ဆိုပြီး သီးသန့်စဉ်းစား သွားမှာမဟုတ်ဘဲ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ်လက်ခံဖို့ တိုက်တွန်းချက်အပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။

"ကျနော်တို့လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ (၁) ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊ သမိုင်း ကြောင်း အထောက်အထားအရလည်း ဟိုးတုန်းက အင်္ဂလိပ်ခေတ်က စပြီးတော့ကောက်ခဲ့တဲ့ သန်းခေါင် စာရင်း မှာလည်း ရိုဟင်ဂျာဆိုတာ ဖော်ပြခဲ့တာ မရှိပါဘူး၊ ဘင်္ဂါလီလူမျိုးလို့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်၊ (၂) ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသား အက်ဥပဒေ နဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"

ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီ သူတွေကို နိုင်ငံသားပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင် တုံ့ပြန်ထားပါတယ်။

နိုင်ငံသားအခွင့်အရေး ပေးနိုင်ဖို့အတွက်လည်း ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ယူနေကြောင်း ဒါပေမဲ့ စာရင်းကောက်ယူမှုမရအောင် ပြင်ပက သွေးထိုးမှုတွေရှိနေကြောင်း ဒီကိစ္စကို အရင်ဖြေရှင်းဖို့ လိုအပ် နေပါတယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီအတောအတွင်းမှာဘဲ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်းပို့ချပေးနေတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရအနေနဲ့ နိုင်ငံလုံခြုံရေးအတွက် အချိန်နဲ့အမျှ စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖြေကြား ပါတယ်။

"နိုင်ငံတော်အစိုးရဆိုတော့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် အမြဲတမ်းဆောင်ရွက်နေကြတာပဲ၊ လုံခြုံရေးဆိုင်ရာအဖွဲ့တွေက ဒီသတင်းတွေတင်မဟုတ်ပါဘူး၊ ရရှိတဲ့သတင်းတွေအပေါ် မူတည်ပြီးတော့ သူတို့စဉ်းစားဆောင်ရွက်သွားမှာပါ၊ ဒါကလုံခြုံရေးကိစ္စဖြစ်တော့ ဘယ်သတင်းကိုယုံတယ် ဘယ်သတင်းကိုမယုံဘူး ဘယ်သတင်းကို မူတည်ပြီးတော့ စုံစမ်းတယ်ဆိုတာမျိုး ကျနော်တို့ကပြောလို့မရပါဘူး"

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ မွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Credit : RFA Burmese

အစိုးရ ၅၁၊ ၀မ်ပေါင်၃၀ ၊ဦးပိုင် ၁၉ စာချုပ် ပြင်ချုပ်

ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရာတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်မှ ၁၉ ရာခိုင်နှုန်းနှင့် ၀မ်ပေါင်ကုမ္ပဏီမှ ရာခိုင်နှုန်း ၃၀ အချိုးဖြင့် ပြန်ပြင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Myanmar Wanbao Mining Copper Ltd ၏ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ငန်းအတွက် သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် Wanbao Mining Ltd တို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူ စာချုပ်ကို ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ပြု လုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၈/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက် ရယူ၍ ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များကို ပြည်သူသို့ ချပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာချုပ်သစ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့အကြား အကျိုးအမြတ် ခွဲဝေမှုကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များထဲမှ ဒေသခံများအတွက် လူမှုရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း ကိစ္စရပ်များကို ပြင်ဆင်ချုပ်ဆို သွားမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံဥပဒေ စည်းမျဉ်းများကို သတ်မှတ်ထားသည့် ဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအား မြန်မာပြည်သူများ ယုံကြည်နိုင်စေရန်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ဆောင်နေမှုများအား အများပြည်သူ သိရှိနိုင်ရန် ချပြသွားမည်ဖြစ်ကြောင်း သိရသည်။

Credit : first-11.com

ဘာကြောင့်အမြတ်ပြပြီး ပြန်ဆောင်သလဲ။

နှစ်စဉ် လုပ်ငန်းအရှုံးပြကာ အခွန်ကြေညာလွှာများ လိမ်လည်တင်ကာ အခွန်တိမ်းရှောင်နေသည့် လုပ်ငန်း များအား အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။


မြန်မာနိုင်ငံတွင် အမြတ်အစွန်း ကြီးမားသည့် သစ်အလုံးလိုက် ပြည်ပတင်ပို့မှု၊ နိုင်ငံပိုင် လုပ်ငန်းများအား BOT စနစ်ဖြင့် ရယူကာ လုပ်ကိုင်မှု၊ စက်သုံးဆီ ပြည်ပမှ တင်သွင်းဖြန်ြ့ဖူး ရောင်းချမှု၊ အိမ်ခြံမြေ တိုက်တာ ဆောက်လုပ် ရောင်းချမှု၊ ရှော့ပင်းမောလ်နှင့် ကွန်ဒိုများ ဆောက်လုပ်ရောင်းချမှုကဲ့သို့ လုပ်ငန်းပေါင်း များစွာ လုပ်ကိုင်နေသည့် နာမည်ကျော် ကုမ္ပဏီကြီးအချို့မှာ လုပ်ငန်းအရှုံးပြကာ အခွန်တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ကြောင်း၊ အခွန်ပေးဆောင်ထားသည့် အခွန်ထမ်း စာရင်းများတွင် ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ်လက်ထက် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အထိပင် အဆိုပါ လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီပေါင်းများစွာသည် ရဲတင်းစွာဖြင့် အခွန်လိမ်လည် တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ပြီး ယနေ့အချိန်အထိလည်း အရေးယူမှု တစ်စုံတစ်ရာ ခံရခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ် ပထမဆုံးလက်ထက် ၂၀၁၁- ၂၀၁၂ စည်းကြပ်နှစ်ကလည်း နာမည်ကြီး ကုမ္ပဏီကြီးများမှာ အခွန်ကြေညာလွှာပင် လာရောက်မတင်ခြင်း၊ အခွန်ကြေညာလွှာ တင်ရာတွင်လည်း လုပ်ငန်းအရှုံးပြ တင်ကာ အခွန်ရှောင်တိမ်းခဲ့သည်။

ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော် တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ                 

ယခု အစိုးရသစ်လက်ထက် ဒုတိယနှစ် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွက် အခွန်ထမ်းစာရင်း ပြုစုထားပြီးသည့်နောက်ဆုံး စာရင်းများ၌လည်း ထိုသို့ နှစ်စဉ်ရှောင်တိမ်းနေသည့် ကုမ္ပဏီများမှာ ပါဝင် လာခြင်း မရှိဘဲ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ အခွန်စည်းကြပ်နှစ်က မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ် စုစုပေါင်း ကျပ်ဘီလျံ ၁၅၀၀ ကျော်သာ ရရှိပြီး ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် အခွန် အရပ်ရပ် ကျပ်ဘီလျံ ၂၅၀၀ ကျော်အထိ ရရှိခဲ့ကြောင်း၊ တစ်နှစ်အတွင်း၌ပင် ပြည်တွင်းအခွန် ဦးစီးဌာနမှ ကျပ်ဘီလျံ ၁၀၀၀ နီးပါးအထိ တိုးတက်ကောက်ခံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခွန်ပိုမိုရရှိမှုမှာ အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများ အခွန်ထမ်းဆောင်လာခြင်းကြောင့် မဟုတ်ဘဲ နှစ်စဉ်အခွန်ထမ်းဆောင်နေကြ ကုမ္ပဏီများနှင့် အများပြည်သူမှ ပိုမိုပေးဆောင် လာခဲ့ခြင်း ကြောင့် လည်းကောင်း၊ ထိပ်ဆုံးအခွန်ထမ်း စာရင်းများ ထုတ်ပြန်ကာ အခွန်မည်သူ တိမ်းရှောင်နေသည်၊ မည်သူက ပေးဆောင်နေသည်ကို သိရှိမည့်စနစ်ကို ပြောင်းလဲလိုက်သည့်အတွက် လည်းကောင်း၊ အခွန် ပေးဆောင်သည့် နှုန်းထားများအား လျှော့ချပြင်ဆင် ကောက်ခံလိုက်သည့်အတွက် လည်းကောင်း၊ နိုင်ငံ တကာ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်ချိန်တွင် နိုင်ငံတကာမှ အခွန်တာဝန် ကျေပွန်စွာ ထမ်းဆောင် သည့် ကုမ္ပဏီများကိုသာ လက်ခံလုပ်ကိုင်သည့်အတွက် လည်းကောင်း ယခုကဲ့သို့ ပိုမိုရရှိလာခြင်းဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းအရှုံးပြကာ အခွန်မဆောင်သည့် လုပ်ငန်းရှင်ကြီးများထဲတွင် လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ထိပ်ပိုင်းတာဝန် ယူထားသည့် လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ပါဝင်နေပြီး နှစ်စဉ်ကျပ်သိန်းပေါင်း ထောင်သောင်းချီကာ အရှုံးပြပြီး အခွန်ဥပဒေပါ အချက်များအား လက်တစ်လုံးခြားပြုကာ အခွန်ရှောင်တိမ်းနေခြင်းဟု သိရသည်။

"အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က အရှုံးပြပြီးတင်တဲ့ လုပ်ငန်းတွေကို စစ်တော့မယ်။ လုပ်ငန်းတချို့က စာရင်းလိမ်ပြီး အရှုံးပြတာ။ ဥပမာ-ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော်တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ" ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Credit : first-11.com

ဦးသိန်းစိန်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အား တွေ့ဆုံ



ရန်ကုန် ဇူလိုင် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန် မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦး၊ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့မှ နာယက၊ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံအနေဖြင့် State Building, Nation Buildingနှင့် Peace Building တို့ အပြီးတည်ဆောက်နေချိန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့် လူ့အဖွဲ့ အစည်းဖြစ်ရန် နိုင်ငံသားအားလုံး၊ တိုင်းရင်း သားမျိုးနွယ်စုအားလုံး၊ လူမျိုး ဘာသာ မရွေးအားလုံး လက်ခံကျင့်သုံးသည့် အမျိုးသားကြန်အင်လက္ခဏာ သစ် တစ်ရပ် New National Identity ကို တည်ဆောက်ရန် ကြိုပမ်းနေရချိန်လည်းဖြစ်ပါကြောင်း၊ သို့မှသာ လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားအားလုံး၊နိုင်ငံသား အားလုံးအကြား တွင် သွေးစည်းညီညွှတ်မှု၊ ယုံကြည်မှု၊ ချစ်ခင် ရင်းနှီးမှုနှင့် နိုင်ငံချစ်စိတ်များ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အချို့သောဘာသာရေး ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများသည် ကိုလိုနီခေတ်ကတည်းက စတင် ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ ဓလေ့စရိုက်မတူဘဲ ပြည်သူများအကြား နားလည် သည်းခံမှုများနှင့် သဟဇာတဖြစ်အောင် သမိုင်းနှင့် ချီပြီး နေလာခဲ့ကြခြင်းဖြစ်ပါကြောင်း။

မကြာခဏဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မတူညီသည့် လူအုပ်စုနှစ်ခုအကြား အစွန်းရောက်သူများ၏ အကြမ်းဖက်မှုများကို အပြန်အလှန် အကာအကွယ်ပေးမှုများ ရှိခဲ့ပါကြောင်း၊ အကြမ်းဖက်ခံရသည့် မိသားစုများကိုလည်း နားလည်စာနာပြီး အကူအညီပေး မှုများရှိပါကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများ၏ အခြေခံ အကြောင်းအရင်း များထဲတွင် ပညာရေးနိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများ ပါဝင်ပါကြောင်း၊ ထို့ကြောင့်လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ယနေ့ ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရန် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ် စွာ ပြောဆိုခွင့် များကို အကာအကွယ်ပေးရမည်ဖြစ်ပါကြောင်း။

လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည် လေးစားမှုများနှင့် နားလည် စာနာသည်းခံမှုများ ထားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ မြန်မာ လူ့အဖွဲ့အစည်းသည် ထိုမှသာ လူမျိုးဘာသာ ကိုးကွယ် ယုံကြည်မှု ဓလေ့ပေါင်းစုံနှင့် စုဖွဲ့ထားသည့် လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်ဂုဏ်ယူ နိုင်ကြမှာဖြစ် ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံသားအားလုံး မတူညီသည့် ကိုးကိုယ်ယုံကြည်မှုကို အချင်းချင်းနားလည် စာနာကြရန်နှင့် ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ်အသုံးချပြီး ပဋိပက္ခများကို ပိုကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင်၊ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်ပြီးအမြတ်ထုတ် လုပ်ဆောင် နေသူများကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် တရားဥပဒေ အရလည်း ထိရောက်စွာ အရေးယူ သွားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ပဋိပက္ခများအကြား အကြမ်းဖက်ခံ ရသည့် ဒုက္ခသည်များကို လူမျိုး ဘာသာ မခွဲခြားဘဲ အကူအညီ ပေးမှုများနှင့် နားကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကူညီဆောင် ရွက်ပေးနေသည်ကို နားလည်စာနာပြီး ဒေသခံများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းလို ပါကြောင်း။

ယင်း ပြဿနာများသည် မိမိတို့ပြည်တွင်းတွင်သာ ပြီးမသွားဘဲ ယနေ့ ဒေသတွင်း ပြဿနာဖြစ်အောင်၊ နိုင်ငံတကာ ပြဿနာဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြသည့်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းသည်ပင်လျှင် မိမိတို့အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိလာနေပြီ ဖြစ်ပါကြောင်း၊ လူတစ်စု၏ မဆင်မခြင် လုပ်ရပ်များကြောင့် မိမိတို့တိုင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူအားလုံးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် များကို ကြိုတင်မျှော်တွေးပြီး အလားတူ ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် ပြည်သူများ အပေါ် ဘေးအန္တရာယ် မကျရောက်စေရန် အတွက် ရဟန်း ရှင်လူ ပြည်သူအပေါင်းနှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့ကြီး အနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း။

ယနေ့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသိအမှတ်ပြုထားသည့် ဘာသာကြီး လေးဘာသာ အနက် မည်သည့် ဘာသာမဆို အနှစ်သာရအားဖြင့် လူသားများကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ သည်းခံခွင့်လွှတ်တက်အောင်၊ မေတ္တာတရား ထားတတ်အောင်နှင့် အမှန်အမှား ဝေဖန်ပိုင်းခြား တတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ် စွာ ယုံကြည် ကိုးကွယ်ခွင့်ကို နားလည်လက်ခံကြရ မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အစ္စလာမ် ဘာသာဝင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန် ဘာသာဝင် ဦးသာဉာဏ်နှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက် သွားသင့်သည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တို့က ဖြည့်စွက် ဆွေးနွေး အကြံပြုကြသည်။

Credit : ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံး

အပေါင်ဆိုင်များတွင် အတိုးများစွာဖြင့် တရားမ၀င် ငွေချေး

အပေါင်ဆိုင်နှင့် ရွှေဆိုင်များတွင် ရွှေပေါင်နှံပြီး ပြင်ပတွင် အတိုးနှုန်းများစွာယူ၍ ပြန်လည် ငွေချေးသည့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် ငွေချေးယူသူများ အနေဖြင့် အတိုးပေါ် အတိုးဆင့်ကာ ထွက်ပြေး တိမ်းရှောင်သူများ ယခင်ထက် ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမိန့်ရ အပေါင် ဆိုင် များနှင့် ငွေတိုးပေးသူများ အသိုင်းအ၀ိုင်းမှ သိရသည်။


ပြင်ပတွင် တရားမ၀င် ချေးထားသည့် ငွေရှင်များ၏ ချေးငွေမှရရှိသည့် အတိုးနှုန်းသည် မြန်မာနိုင်ငံ၏ လက်ရှိအပ်ငွေအပေါ်ပေးသည့် ဘဏ်တိုးနှုန်းထက် များစွာရရှိသဖြင့် ငွေရှင်များအတွက် စီးပွားရေးအရ အမြတ်အစွန်း ပိုမိုရရှိသည်ဟု ငွေတိုးပေးသူများက ဆိုသည်။

အပေါင်ဆိုင်များနှင့် ရွှေဆိုင်များတွင် ရွှေပေါင်လျှင် သုံးကျပ်တိုးနှုန်းနှင့် သတ်မှတ်ကာလ သုံးလဖြစ်ပြီး အပေါင်ဆိုင်များတွင် အ၀တ်အထည်နှင့် အခြားအိမ်သုံးပစ္စည်းများ ပေါင်ပါက အတိုးနှုန်း ၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြင်ပငွေချေးသူများထံတွင် အတိုးနှုန်းကျပ် ၃၀ မှ ၉၀၊ ကျပ် ၁၀၀ ၀န်းကျင်အထိ ရှိနေသည့်အတွက် တရား မ၀င် ငွေချေးစားသူများထံမှ ငွေချေးယူသူများမှာ အတိုးပေးချေနိုင်မှု မရှိသောကြောင့် ထွက်ပြေးမှုများ ရှိကြောင်း တရားမ၀င် ငွေတိုးချေးစားသူများ ဈေးကွက်မှ သိရသည်။

ယခုကဲ့သို့ အတိုးနှုန်းများများဖြင့် အပေါင်ခံပြီး အိမ်ပေါင်ခံ ငွေချေးယူမှုကြောင့် အတိုးပေါ် အတိုးဆင့်ပြီး အိမ်ဆုံးရှုံးမှုများလည်း ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရ သူများလည်း ရှိနေကြောင်း သိရသည်။

မြို့နယ်အသီးသီးရှိ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုများ ယခင်နှစ်များထက် ပိုမိုများပြားခြင်း သာမက ရပ်ကွက်များအတွင်းရှိ ရွှေဆိုင်များတွင်လည်း ရွှေအပေါင်ခံမှု များပြားလာကြောင်း သိရသည်။

အမိန့်ရ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားနေပြီး ရွှေအဆုံးခံပေါင်သည့် သူများထက် ပစ္စည်းထားခြင်း၊ ပုံမှန်အတိုးပေးခြင်း၊ ပြန်ရွေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

Credit : EMG