Thursday, July 11, 2013

ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည်လည်ခွင့်ဆိုင်ရာ ဥပဒေဖြင့်အရေးယူမှု

၁၀.၇.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ကျောက်တံတားမြို့နယ်၊၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့်ဘဏ်လမ်း ထောင့်တွင် အမျိုးသားတစ်ဦးဆန္ဒပြနေကြောင်း သတင်းအရ ရဲအုပ်ဇော်ဝင်းနိုင် အဖွဲ့မှ သက်သေ များနှင့် အတူသွားရောက်စုံစမ်းကြည့်ရှုစဉ် ထင်ကျော်(ခ)ကျော်ထင်၊ ၄၉ နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးလှိုင်၊ မ/၂၆၅၊ ခရေလမ်း၊ (၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူသည် ``ငြိမ်း/စီ (၁၁)၊ ပုဒ်မ ၁၈ အရေးယူမှုတွေ အလိုမရှိ၊ ချက်ခြင်းရပ်၊ ပြည်သူ့အခွင့်အရေးအပြည့်အ၀ပေး၊၂၀၀၈အခန်း(၈)၊ ပုဒ်မ -၃၅၄၊ MDCF `` စာသားပါ PPC ဆိုင်းဘုတ်ပြား(၂x၆)ပေ အရွယ်ရှိ ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကို တွေ့ရှိရ၍ ရဲအုပ်ဇော်ဝင်းနိုင် နှင့် အဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခြင်း မပြုလုပ်ရန် တားမြစ် ခဲ့ပါသည်။


ထိုသို့တားမြစ်သော်လည်း ဆက်လက်ဆန္ဒပြခဲ့သဖြင့် လူ (၄၀)ဦးခန့်နှင့် သတင်းမီဒီယာ (၁၀)ဦးခန့် ရောက်ရှိ လာ၍ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါသည်။

၁၀၄၀ အချိန် ဆန္ဒ ပြမှုပြီးဆုံးခဲ့ပြီးနောက်ထင်ကျော်(ခ)ကျော်ထင်မှ ဒီမိုကရေစီအရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အား စု MDCF စာသားပါ တံဆိပ်ဝိုင်းရိုက်နှိပ်ထားသည့်လှုံ့ဆော်စာ(၃)မျက်နှာခန့်ပါ စာရွက် များကို ဆက်လက်ဖြန့်ဝေခဲ့သဖြင့် ရဲအုပ်ဇော်ဝင်းနိုင်နှင့်အဖွဲ့မှ ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပါသည်။

အဆိုပါခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးယုကြည်မှ ထင်ကျော်(ခ)ကျော်ထင်အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ၁၀.၇.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ကျောက်တံတား မြို့မ ရဲစခန်း (ပ) ၂၄၁/၂၀၁၃၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ဖြင့် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ကိုရီးယား အထည်ချုပ် စက်ရုံ ဆန္ဒပြမူ ပြီးဆုံး

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်(၄)၊ ကိုရီးယားနိုင်ငံသားပိုင် Yootec အထည်ချုပ်စက်ရုံမှာ ဒီကနေ့ အလုပ်ရှင်ဖက်က အလုပ်သမားတွေ တောင်းဆိုထားတဲ့ အခြေခံလစာ နေ့ စဉ်ကြေးကို ( ၉၂၀) ကျပ်ကနေ (၁၅၆၀ ) ကျပ်အထိ တိုးပေးလိုက်တဲ့ အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပြေလည် မှု ရရှိခဲ့ပါတယ်။


လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့နေ့လည်ပိုင်းက အလုပ်ရှင် ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားခေါင်း ဆောင်တွေ တွေ့ဆုံညှိနှိုင်းခဲ့ပြီး၊အလုပ်သမားတောင်းဆိုချက်တွေကို လိုက်လျောပေး တဲ့အတွက် ပြေလည်မှုရရှိခဲ့တာလို့ အလုပ်သမား ကိုမျိုးဇော်ထက်က RFA ကို ပြောပါတယ်။

"အလုပ်သမားတွေ တောင်းဆိုချက်နဲ့စက်ရုံမန်နေဂျာရဲ့ ပေးအပ်တာအဆင်ပြေလို့ ပြေလည်ဖို့ စာချုပ် နှစ်ဦးနှစ်ဖက် ချုပ်လိုက်တယ်။OT ကြေးလည်းတိုးသွားသလို အလုပ်သမားတွေရဲ့ အခွင့်အရေး တော်တော် များများရလို့ သူတို့ကျေနပ်သွားတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ (၆) ရက်နေ့က စပြီး အလုပ်သမား ၇၀ ကျော်လောက်က အခြေခံလစာတိုးပေးဖို့အချက် အပါအဝင် အချက်(၁၅)ချက်ကို တောင်းဆိုနေတာ ဖြစ်ပြီး (၇)ရက်နေ့မှာ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တဲ့အတွက် မနေ့ ကအထိ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ပြေလည်မှုရရှိသွားတဲ့အတွက် မနက်ဖြန်မှာ ပုံမှန်အတိုင်း လုပ်ငန်းခွင်ထဲမှာ ၀င်ရောက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Credit : http://www.rfa.org/burmese/news/korea-garment-protest-07102013110335.html

ဗဟိုဘဏ်ဖွဲ့စည်းပုံအသစ် ရက်ပိုင်းအတွင်း အတည်ပြုမည်

မြန်မာနိုင်ငံအစိုးရက ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုအဖြစ် မကြာခင်ရက်ပိုင်းအတွင်း ဥပဒေထုတ်ပြန်မယ်လို့ သတင်းရပါတယ်။


ဒါဟာ နိုင်ငံခြား မြုပ်နှံသူတွေကို ဆွဲဆောင်ရေးအတွက် မြန်မာပြည်ရဲ့ စီးပွားရေးဆိုင်ရာနောက်ဆုံး အစီ အမံ တခုဖြစ်ပါတယ်။

ဗဟိုဘဏ်ဖွဲစည်းပုံ ဥပဒေအသစ်ကို တနင်္လာနေ့က လွှတ်တော်မှာအတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်တနင်္ဂနွေနေ့ ဥရောပခရီးမထွက်ခင် အတည်ပြုလက်မှတ်ထိုးမယ်လို့သိရပါတယ်။

မြန်မာအရာရှိတဦးက ဒါဟာ နိုင်ငံတကာအဆင့်နဲ့ညီအောင်ဆောင်ရွက်တာဖြစ်ပါတယ်၊ အခုပြဌာန်း မယ့် ဥပဒေ အရ ဗဟိုဘဏ်ဟာ အခွန်ငွေနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံမဟုတ်တော့ပဲ ပိုမို လွတ်လပ်စွာ ဆောင်ရွက်နိုင်မယ် လို့ပြောပါတယ်။

နိုင်ငံတော်သမ္မတက ဗဟိုဘဏ် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ တွေကို ခန့်အပ်တာဝန်ပေးမယ်လို့လည်း ဆိုပါ တယ်။ တကယ် လက်တွေ့ဘယ်လို ဘယ်လောက် လွတ်လပ်စွာလုပ်ကိုင်နိုင်မလဲဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဖူးလို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြထားပါတယ်။

Credit : http://www.rfa.org/burmese/news/central-bank-myanmar-07102013215743.html

မြန်မာပြည် မူဆလင်များအရေး ပိုမိုဆောင်ရွက်ရန် ဘန်ကီမွန်းထံ OIC တောင်းဆို

မြန်မာနိုင်ငံရှိ လူနည်းစု မူဆလင်များ၏ အခွင့်အရေးများ ကာကွယ်ပေးရန် မြန်မာအစိုးရ အား ဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ကမ္ဘာ့အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တိုက်ရိုက် တောင်းဆိုလိုက်သည်။


OIC ကိုယ်စားလှယ်များက မစ္စတာ ဘန်ကီမွန်းတို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မူဆလင်များ အပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ “လွန်စွာ စိုးရိမ်ရကြောင်း” ပြောဆိုခဲ့ပြီး ထိုအရေး နှင့်ပတ်သက်၍ ပိုမိုပါဝင်ဆောင်ရွက်ပြီး “ပိုမိုကျယ်လောင်စွာ” ပြောဆိုပေးဖို့ တိုက်တွန်းခဲ့ကြောင်း ကူဝိတ်နိုင်ငံ အခြေစိုက် KUNA သတင်းတွင် ဖော်ပြပါရှိသည်။

“မြန်မာပြည်ဟာ ကမ္ဘာကြီးနဲ့ ပျားရည်ဆမ်းခရီး ထွက်နေချိန်ပါ။ ပြဿနာရှိနေတာက အဲဒီ ပျားရည်ဆမ်းခရီးဟာ အဲဒီတိုင်းပြည်က မူဆလင် အလောင်းတွေပေါ် ခင်းဆောက်ထားနေတာ ဖြစ်ပါတယ်” ဟုလည်း ကုလဆိုင်ရာ ဆော်ဒီအာရေးဗျ သံအမတ်ကြီး Abdullah al-Mouallemi. အား ကိုးကား၍ PRESS TV သတင်းတရပ်က ဆို သည်။

ထို့ပြင် ကုလဆိုင်ရာ OIC ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Roble Olhaye ကလည်း မြန်မာပြည်တွင်း မူဆလင် ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ “လူမျိုးတုံး သုတ်သင်မှု” တရပ် ဖြစ်ကြောင်း ပြောဆိုသည်။

“ကုလသမဂ္ဂကနေ ကျနော်တို့ လိုအပ်တာကတော့ ကမ္ဘာကြီးရဲ့ စိတ်ဓာတ်အဖြစ် သူ့အသံကို မာမာ ကျယ်ကျယ်နဲ့ ရှင်းရှင်း ပြောဖို့ပါပဲ” ဟု Roble Olhaye က သတင်းထောက်များအား ပြောဆိုသွားသည်။

မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်နေမှုများ ပိတ်ဆို့နိုင်ရန် လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ဝေဖန်သွားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့သည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် ဆော်ဒီ အာရေးဗျ၊ ဘရူနိုင်း၊ အီဂျစ်နှင့် တူရကီနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ထိုတွေ့ဆုံမှု မတိုင်မီ မနက်ပိုင်းကလည်း မြန်မာပြည် မိတ်ဆွေများအဖွဲ့နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံ မိန့်ခွန်းပြော ကြားခဲ့သည်။

နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အသိအမှတ်ပြုကြောင်း မစ္စတာ ဘန်ကီမွန်း က ပြောဆိုခဲ့သော်လည်း “ရခိုင်ပြည်နယ်နှင့် အခြားနေရာများတွင် ဖြစ်ပွားနေသည့် လူအုပ်စု အကြမ်းဖက်မှုများကြောင့် လွန်စွာ ဒုက္ခကြုံ ရကြောင်း” ပြောဆိုသွားသည်။

“ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ/မူဆလင် တွေရဲ့ နိုင်ငံသားဖြစ်မှု အပါအဝင် သူတို့ရဲ့ နစ်နာချက် တွေကို ကိုယ်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တဲ့ခြေလှမ်းတွေလှမ်းဖို့ မြန်မာ အာဏာပိုင်များအတွက် အရေးကြီး ပါတယ်” ဟု ကုလ အတွင်းရေးမှူးချုပ်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့ သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/12502-----oic--.html

သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအား အမျိုးသမီးခြောက်ဦး ပါဝင်သည့် လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာ ကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြု ချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သော အမှုတစ်မှု ဖြစ်ပေါ် ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် နမ့်လန်ကျေးရွာအုပ်စုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး ပျောက်ဆုံးနေသည်ကို နမ့်လန်ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ပြီး နမ့်လန်ရဲစခန်းမှူးမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (လာရှိုး) သို့ ဆက်သွယ်အကြောင်းကြား ခဲ့သဖြင့် စုံစမ်းဖော်ထုတ်ရာ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ်ပို့ဆောင်ပေး ပါက ငွေများများရနိုင်ကြောင်း နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့်မှ မစန်းစန်းအေး အားပြောသဖြင့် မစန်းစန်းအေးမှ တစ်ရွာတည်းနေ မတင်နွယ်စိုး (ခ)မစိုးနှင့် မအေးမီး (ခ)မတင် တင်အေးတို့အားပြောခဲ့ရာ ၎င်းတို့နှစ်ဦးမှ အခန်းချင်းကပ်လျက်ရှိ အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်ပြောဆို စည်းရုံးကာ မစန်းစန်းအေးထံ အပ်နှံ ခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်အား တရုတ်အမျိုးသား တစ်ဦးထံ မယားအဖြစ် ရောင်းစားခဲ့ရာ လူကုန်ကူးဂိုဏ်းအဖွဲ့မှ တရုတ်ငွေယွမ် ၁၉၀၀၀ ရရှိပြီး မြန်မာငွေနှင့် လဲလှယ်ရာ ကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။

အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံ လူပွဲစား များမှတစ်ဆင့် တရုတ်အမျိုးသား တစ်ဦးနှင့် အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်းဖြင့် အကျိုးအမြတ် ရယူ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျုးလွန်သူ မစန်းစန်းအေး၊ မ၀ါနု၊ မအေးမီး(ခ)မတင်တင်အေး၊ မနှင်းရီ(ခ)မညီမ၊ မတင်နွယ်စိုး (ခ)မစိုးနှင့် နိုင်းမြင့်(ခ)ဒေါ်ဆွေမြင့်တို့ ခြောက်ဦးအား နမ့်လန်နယ်မြေ ရဲစခန်း(ပ) ၁၂/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

တရုတ်အမျိုးသား၏ ဇနီးအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၁၁ နှစ်အရွယ် အမျိုးသမီး ငယ်အား ပြန်လည် ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှ လူပွဲစားများအား ဖော်ထုတ်ဖမ်းဆီး ရရှိရေးကို လူကုန်ကူး တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စု (လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင် ရွက် ခဲ့ကြောင်း သိရသည်။

From...EMG

သမိုင်းဆိုင်ရာ စာအုပ်များ

သမိုင်း (၅၂ အုပ်)
(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2

(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k

(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d

(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?ht3gdri35qjcolc

(၅)အိုဘယ့်အနော်ရထာ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?8uzaxzzzzdt9dyf

(၆)၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?1y75jvx7jcb9c63

(၇)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၁ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?2y0baijuh4lwwhl

(၈)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၂ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?41cyj328ij0mrnz

(၉)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၃ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?aagkbtzijt0woxf

(၁၀)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၄ (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?5wjjc614w9a48z5

(၁၁)သံလွင်မြစ်ကမ်းတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4r06dy1l62o6l08

(၁၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?clqr7837agtc42r

(၁၃)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp

(၂၄)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef

(၁၅)အမြဲသတိထားရမည့် အိမ်နီးချင်း (ကျော်ထင်နော်ရထာ)
http://www.mediafire.com/?441z3s3g8copbw1

(၁၆)ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်စာတမ်း
http://www.mediafire.com/?3aa1934tbwuk9d3

(၁၇)ပန်ထွာဘုရင်မ (စိမ့်-ပညာရေး)
http://www.mediafire.com/?jbyj8tz8fisfu3q

(၁၈)ရှေးမြန်မာမင်းများလက်ထက်ထောက်လှမ်းရေး (ဗိုလ်မှူးကြီးစန်းပွင့်)
http://www.mediafire.com/?cv9hmdu0323e2c4

ု(၁၉)မြန်မာစာပေပညာရှင် တွင်းသင်းမင်းကြီး (မင်းသုဝဏ်)
http://www.mediafire.com/?no1vhafb29149am

(၂၀)လင်းယုန်သစ်လွင်-သေမင်းတမန်ရထားလမ်းကိုယ်တွေ့ချွေးတပ်မှတ်တမ်း
http://www.mediafire.com/?g70t623g2r8gzio

(၂၁) သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း
http://www.mediafire.com/?4f8oqlj9sb32td2
or
https://docs.google.com/leaf?id=0B_tDQldqWQvgZmVlMDg5YmEtOWVlYS00MjJiLTk0OTctYTE5MTkwMzcxNmVk&hl=en

(၂၂) ဧကရီဖွားစော
http://www.mediafire.com/?f0mzg9mlxdr3uyb
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgNzRlMzU1NmUtNDFkNi00YjhlLWE2OWItNzViYTE5NjcwNDc0&hl=en

(၂၃) ပန်းသာမစာဥ (သခင်ဘသောင်း)
http://www.mediafire.com/?hp5995cwhc39h3d

(၂၄)ကျော်စွာ ၁၀၀ (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?j6sc2f5gkfd1rgd

(၂၅)မြန်မာ့သမိုင်းမြေပုံများ (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?0uo43g58qmdruvv
or
https://docs.google.com/file/d/0B5MWMa_nIbQOeXFkV0psbzdUdnc/edit

(၂၆)၀ိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့မြန်မာအနုပညာလက်ရာပစ္စည်း (ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?xj9vfb33w1r3y08
or
https://docs.google.com/file/d/0B5MWMa_nIbQOdHI0YWN4QVh2VDQ/e

(၂၇)ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင် မှတ်တမ်း (ချစ်စိန်လွင်)
http://www.mediafire.com/?jtewp5s117iz0oy

(၂၈)နယ်လှည့်ရာဇ၀င်(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?dd4aes1m186ard9

(၂၉)ဒေါက်တာသန်းထွန်းစာတမ်းများ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?wbhwayc1bm7xc9q

(၃၀)မြန်မာဆိုတာ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5o78q84rebldj4q

(၃၁)ငါပြောချင်သမျှ ငါ့အကြောင်း(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5yrmiyvbpm6yzmb

(၃၂)မြန်မာ့သမိုင်းမြေပုံများ(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?fh3os6f4iwn7t46

(၃၃)သမိုင်းနှင့်စကားပြောခြင်း(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?rdmyku44i5udky1

(၃၄)The Royal Orders of Burma A.D. 1598-1885
PART FOUR, A.D. 1782-1787 (Part IV) (တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၄)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?0imlhrc6xfppih6

(၃၅)The Royal Orders of Burma 1598-1885
PART THREE, A.D. 1751-1781(Part III)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၃)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?ucug2l03l1u4mcc

(၃၆)THE ROYAL ORDERS OF BURMA, A.D. 1598-1885
PART TWO, A.D. 1649-1750 (Part II)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၂)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?5zy9vs59ar4xjfb

(၃၇)THE ROYAL ORDERS OF BURMA, A.D.1598-1885
PART ONE , A.D.1598-1648 (Part I)(တော်ဝင်အမိန့်ပြန်တမ်းများ-အတွဲ ၁)(ဒေါက်တာသန်းထွန်း)
http://www.mediafire.com/?u566m1yau39o5hg

(၃၈)တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲနှင့်မင်းလှခံတပ် (သုတေသနစာတမ်း)
http://www.mediafire.com/?5f4t9lmae81h82yu84g8j4m1u1sp6ta

(၃၉)နှစ်ပေါင်း ၂၀၀ မြန်မာ့ဆေးပညာ-(သုတေသနစာတမ်း)
http://www.mediafire.com/?2vlf7n68uruozdt


(၄၀)သီပေါမင်း ပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား)
http://www.mediafire.com/?ixcuxvucrl71rw6

(၄၁)ခေတ်မီမြန်မာရာဇ၀င်အကျဉ်း (ဦးဖိုးကျား)
http://www.mediafire.com/?97mrh7zjqri3do0

(၄၂)မနုမဟာသခင်ကြီး၏ လှို့ဝှက်မှတ်တမ်း (ဘုန်းပြည့်တေဇာ)
http://www.mediafire.com/?easlot6fkfiz2r1

(၄၃) မြန်မာမြို့ ဟောင်းတကောင်းရုပ်ပုံလွှာ (ချစ်စံဝင်း)
http://www.mediafire.com/?doqv959794g3btq
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgMDFhNjdlNzAtYTQzZS00MzNmLWFlMDEtYmU4YjI5YWU5NzEx&hl=en

(၄၄) မြန်မာအစ အထောက်အထားလေ့လာချက်စာတမ်း(ချစ်စံဝင်း)
http://www.mediafire.com/?57221me1wb0bmy3
or
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_tDQldqWQvgOGM1MDBkY2EtNGIzYi00NjAyLWEwYzEtOTg3ZWMwNzNmMzgz&hl=en

(၄၅) ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ(ချစ်စံဝင်း)
http://www.mediafire.com/?1bxzq91rcfkjzv2
or
https://docs.google.com/leaf?id=0B_tDQldqWQvgYmRiYzlkNzEtMWJlZC00YzE1LTkyMmUtZDc0Y2QwMTJiNjVj&hl=en

(၄၆)ရတနာပုံမှရတနာဂီရိသို့ (တော်ဘုရားလေးအောင်ဇေ)
http://www.mediafire.com/?knel1x2nwlf2enb

(၄၇)ဂျပန်ခေတ်ရက်စွဲသမိုင်း
http://www.mediafire.com/?d1f8bjvll3p8290

(၄၈)ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (နိုင်ပန်းလှ)
http://www.mediafire.com/?h6ydd7md9k88z9j

(၄၉)အနော်ရထာအရင်က မြန်မာနိုင်ငံ (ဗိုလ်မှူးဘရှင်)
http://www.mediafire.com/?dl53g30llva3qj2

(၅၀)ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ)
http://www.mediafire.com/?en62ky1pgy4ikvm

(၅၁)ထီးရနံ့နန်းရနံ့ (မောင်သန်းဆွေ)
http://www.mediafire.com/?ycclagkb349pccy

(၅၂)ပထမမြန်မာများ (မင်းယုဝေ)
http://www.mediafire.com/?jyukoq88u43qon4
သမိုင်း (၅၂ အုပ်)

(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)


(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)

(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)

(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)

(၅)အိုဘယ့်အနော်ရထာ (တက္ကသိုလ်စိန်တင်)

(၆)၁၉၄၅ မြန်မာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)

(၇)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၁ (တက္ကသိုလ်စိန်တင်)

(၈)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၂ (တက္ကသိုလ်စိန်တင်)

(၉)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၃ (တက္ကသိုလ်စိန်တင်)

(၁၀)ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့် ၄ (တက္ကသိုလ်စိန်တင်)

(၁၁)သံလွင်မြစ်ကမ်းတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)

(၁၂) ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း(တက္ကသိုလ်နေ၀င်း)

(၁၃)နေဝင်ဘုရင်များ (ကျော်အောင်)

(၂၄)အို ဂျေရုဆလမ် (ကျော်အောင်)

(၁၅)အမြဲသတိထားရမည့် အိမ်နီးချင်း (ကျော်ထင်နော်ရထာ)

(၁၆)ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်စာတမ်း

(၁၇)ပန်ထွာဘုရင်မ (စိမ့်-ပညာရေး)

(၁၈)ရှေးမြန်မာမင်းများလက်ထက်ထောက်လှမ်းရေး (ဗိုလ်မှူးကြီးစန်းပွင့်)

ု(၁၉)မြန်မာစာပေပညာရှင် တွင်းသင်းမင်းကြီး (မင်းသုဝဏ်)

(၂၀)လင်းယုန်သစ်လွင်-သေမင်းတမန်ရထားလမ်းကိုယ်တွေ့ချွေးတပ်မှတ်တမ်း

(၂၁) သမိုင်းထဲကမန္တလေး၊ မန္တလေးထဲကသမိုင်း

or


(၂၂) ဧကရီဖွားစော

or


(၂၃) ပန်းသာမစာဥ (သခင်ဘသောင်း)

(၂၄)ကျော်စွာ ၁၀၀ (ဒေါက်တာသန်းထွန်း)

(၂၅)မြန်မာ့သမိုင်းမြေပုံများ (ဒေါက်တာသန်းထွန်း)

or


(၂၆)၀ိတိုရိယနဲ့အယ်လဗတ်ပြတိုက်မှာရှိတဲ့မြန်မာအနုပညာလက်ရာပစ္စည်း (ဒေါက်တာသန်းထွန်း)

or


(၂၇)ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင် မှတ်တမ်း (ချစ်စိန်လွင်)

(၂၈)နယ်လှည့်ရာဇ၀င်(ဒေါက်တာသန်းထွန်း)

(၂၉)ဒေါက်တာသန်းထွန်းစာတမ်းများ(ဒေါက်တာသန်းထွန်း)

(၃၀)မြန်မာဆိုတာ(ဒေါက်တာသန်းထွန်း)

(၃၁)ငါပြောချင်သမျှ ငါ့အကြောင်း(ဒေါက်တာသန်းထွန်း)

(၃၂)မြန်မာ့သမိုင်းမြေပုံများ(ဒေါက်တာသန်းထွန်း)

(၃၃)သမိုင်းနှင့်စကားပြောခြင်း(ဒေါက်တာသန်းထွန်း)

(၃၄)The Royal Orders of Burma A.D. 1598-1885
PART FOUR, A.D. 1782-1787 (Part IV) (တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၄)(ဒေါက်တာ သန်းထွန်း)

(၃၅)The Royal Orders of Burma 1598-1885
PART THREE, A.D. 1751-1781(Part III)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၃)(ဒေါက်တာ သန်းထွန်း)

(၃၆)THE ROYAL ORDERS OF BURMA, A.D. 1598-1885
PART TWO, A.D. 1649-1750 (Part II)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၂)(ဒေါက်တာ သန်းထွန်း)

(၃၇)THE ROYAL ORDERS OF BURMA, A.D.1598-1885
PART ONE , A.D.1598-1648 (Part I)(တော်ဝင်အမိန့်ပြန်တမ်းများ-အတွဲ ၁)(ဒေါက်တာသန်းထွန်း)

(၃၈)တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲနှင့်မင်းလှခံတပ် (သုတေသနစာတမ်း)

(၃၉)နှစ်ပေါင်း ၂၀၀ မြန်မာ့ဆေးပညာ-(သုတေသနစာတမ်း)

(၄၀)သီပေါမင်း ပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား)

(၄၁)ခေတ်မီမြန်မာရာဇ၀င်အကျဉ်း (ဦးဖိုးကျား)

(၄၂)မနုမဟာသခင်ကြီး၏ လှို့ဝှက်မှတ်တမ်း (ဘုန်းပြည့်တေဇာ)

(၄၃) မြန်မာမြို့ ဟောင်းတကောင်းရုပ်ပုံလွှာ (ချစ်စံဝင်း)

or


(၄၄) မြန်မာအစ အထောက်အထားလေ့လာချက်စာတမ်း(ချစ်စံဝင်း)

or

(၄၅) ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ(ချစ်စံဝင်း)

or


(၄၆)ရတနာပုံမှရတနာဂီရိသို့ (တော်ဘုရားလေးအောင်ဇေ)

(၄၇)ဂျပန်ခေတ်ရက်စွဲသမိုင်း

(၄၈)ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (နိုင်ပန်းလှ)

(၄၉)အနော်ရထာအရင်က မြန်မာနိုင်ငံ (ဗိုလ်မှူးဘရှင်)

(၅၀)ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ)

(၅၁)ထီးရနံ့နန်းရနံ့ (မောင်သန်းဆွေ)

(၅၂)ပထမမြန်မာများ (မင်းယုဝေ)

တစ်မိနစ်အများဆုံး ဖုန်းခေါ်ခ တယ်လီနော ၂၅ ကျပ်၊ အော်ရီဒူး ၄၅ ကျပ်ကျမည်

တင်ဒါအောင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့က ၎င်းတို့၏ ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို ဇူလိုင် လ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ကုမ္ပဏီနှစ်ခုလုံးက ဆင်းကတ် တစ်ကတ်လျှင် ၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး တစ်မိနစ် ဖုန်းခေါ်ခများကို တယ်လီနောက ၂၅ ကျပ် နှင့် အော်ရီဒူးက ၄၅ ကျပ် ကျသင့်မည် ဖြစ်ကြောင်း သတ်မှတ် ကြေညာလိုက်သည်။


တင်ဒါအောင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ဆင်းကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။

ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးကလည်း ဆင်းကတ်တစ်ခု တန်ဖိုးကို ၁၅၀၀ ကျပ် သတ်မှတ် ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ် ၄၅ ကျပ်ထက် မကျော်ဘဲ သုံးစွဲခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောသည် ငါးနှစ်အတွင်း မိုဘိုင်းလ်ကွန်ရက်အတွင်း Voice (ဖုန်းပြောဆိုမှု) မြန်မာနိုင်ငံတစ်ဝှမ်း ၈၃ ရာခိုင်နှုန်းနှင့် Data (အချက်အလက်ပေးပို့မှု) မြန်မာနိုင်ငံတစ်ဝှမ်း ၈၇ ရာခိုင်နှုန်း အသုံးပြုနိုင်မည် ဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ဒုတိယနှစ်ဝက်တွင် စတင်အသုံးပြု ခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောကုမ္ပဏီက ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ တရားဝင် ဖွင့်လှစ်မည့် အရောင်းဌာန ခုနစ်သောင်းနှင့် လက်ခွဲဆိုင်ပေါင်း ကိုးသောင်းခွဲခန့်အထိ ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကာ မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

အော်ရီဒူးက လုပ်ငန်းစတင်ပြီး ငါးနှစ်ကာလအတွင်း Data နှင့် Voice အသုံးပြုမှု ၈၄ ရာခိုင်နှုန်းအထိ ရောက်ရောက် ရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး SIM Card အရောင်းဌာန နှစ်သိန်း လေးသောင်းနှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ခုနစ်သိန်းနှစ်သောင်းအထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူး၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်အသုံးပြုနိုင်မည့် အချိန်ကိုမူ ယခုထိ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သီးနှံဈေးနှုန်း၊ ရာသီဥတု၊ ကုန်ပစ္စည်း အငှားဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည့်အပြင် အင်တာနက်အသုံးပြုမှု အဆင်ပြေစေရန် Tele Center ၁၀,၀၀၀ ကို နိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရှိရသည်။

လူမှုတာဝန်သိမှု အစီအစဉ် (Corporate Social Responsibility) အတွက် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားမည် ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ အထက်တန်း၊ အလယ်တန်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အင်တာနက်ကွန်ရက် လွှမ်းခြုံစေမည်ဟု အော်ရီဒူးက ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည် ဖြစ်ကာ 4G ကွန်ရက် ရရှိရန် ဆောင်ရွက် သွားမည်ဟု အဆိုပါကုမ္ပဏီမှ အာရှပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack ကပြောကြားသည်။

လက်ရှိ CDMA မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်လင်းက “ဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်။ တယ်လီနောကိုတော့ အရင်ကတည်းက သဘောကျနေတာ အခုသူက ဈေးပို သက်သာ တော့ သူ့ကိုပဲသုံးဖြစ်မယ်” ဟု မှတ်ချက်ပေးသည်။

တယ်လီနောကုမ္ပဏီသည် 2G စနစ် စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်မူ 3G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သည်။ အော်ရီဒူး ကုမ္ပဏီကမူ စတင်ဝန်ဆောင်မှု ပေးအပ်စဉ်ကာလတွင် 3G စနစ်စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် 4G စနစ် အသုံးပြုခွင့် ပြုသွားမည်ဟု ဆိုထားသည်။

နိုင်ငံတကာမှ စိတ်ဝင်စားနေသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် အတွက် နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူး ကုမ္ပဏီတို့ကို လိုင်စင် ချထားပေးခဲ့ပြီး နှစ်ပတ်အကြာ တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မည်သူနှင့်မျှ ယှဉ်ပြိုင်စရာမလိုဘဲ အလိုအလျောက် လုပ်ပိုင်ခွင့် ရထားသည့် မြန်မာတယ်လီကွန်းနှင့် ရတနာပုံ တယ်လီကွန်းတို့ကမူ ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

The Voice Weekly

တပ်မတော်နှင့် ပါတီပေါင်းစုံပါ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းမည်



ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီ ပေါင်းစုံမှ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီတရပ် ယခုလွှတ်တော် ကာလအတွင်း ဖွဲ့စည်းသွားရန် ရှိကြောင်း လွှတ်တော် ကိုယ်စား လှယ်များထံမှ သိရှိရသည်။


လွှတ်တော်တွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေး ပါတီ ၂၀ နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က နိုင်ငံရေးပါတီများထံမှ လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းများကို ဇူလိုင်လ ၄ ရက်နေ့ နောက်ဆုံးထား တောင်းခံခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်အရေအတွက် အချိုးကျဖြင့် ပါဝင်ခွင့်ပြုထားပြီး နိုင်ငံရေးပါတီအများစုမှာ လွှတ်တော် ကိုယ်စားလှယ်တဦးသာ ပါဝင်ခွင့်ရသည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

လွှတ်တော်တွင် အမတ်နေရာ အများဆုံး ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၅၂ ဦး ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီတွင် လွှတ်တော်အမတ် ၇ ဦး ပါဝင်ခွင့် ရရှိမည်ဖြစ်ပြီး အမတ် ၇ ဦး၏ အမည်စာရင်းများကို ဇူလိုင်လ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ ပေးပို့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သည့်ပြဋ္ဌာန်းချက်များကို ပြုပြင်လိုသည်ဆိုသော ကိစ္စကို မီဒီယာသို့ တရားဝင် ထုတ်ဖော် မပြောဆိုလိုကြောင်း NLDမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က ပြောသည်။

“ကျနော်တို့ ခုနှစ်ဦး တင်ထားတယ်။ ကျနော်၊ ဦးအောင်ကြည်ညွှန့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ မြတ်ဥာဏစိုး၊ ဒေါက်တာ အောင်မိုးညို၊ ဦးခင်မောင်ဝင်း တို့ပါတယ်။ ကော်မတီရဲ့ တာဝန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်လား၊ မပြင်သင့်လား ပြန်သုံးသပ်မယ်။ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မထုတ်ပြန် သေးဘူးလား။ ကျနော်တို့ မူဝါဒတွေကို ကော်မတီမှာ လည်း ချပြမှာပေါ့” ဟု ဦးဝင်းမြင့်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သူ ဦးလှဆွေကမူ ကြံ့ခိုင်ရေးပါတီ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မူဝါဒ တစုံတရာ မချမှတ်နိုင်သေးဘဲ မည်သည့်ပြဋ္ဌာန်းချက်များကို ပြင်ဆင်မည်ကိုလည်း တိတိကျကျ မသိရှိဟုဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်တာတွေရှိလို့ သူရဦးအေးမြင့်က စာတင်ထားတာဖြစ်လို့ ပြင်စရာ ရှိတာကိုတော့ ပြင်မယ့်သဘောရှိပါတယ်။ လွှတ်တော်အမတ် တဦးချင်းရဲ့ အမြင်ကိုလည်း ပါတီကို တင်ပြလို့ ရပါတယ်။ လောလောဆယ် အထိတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းချက်တွေကို ပြင်မယ်ဆိုတဲ့ မူဝါဒ မရှိသေးပါဘူး” ဟု ဦးလှဆွေက ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကြံ့ခိုင်ရေး ပါတီနှင့် ပူးတွဲ ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သော်လည်း လတ်တလောတွင် ပါတီ ၂ ခု အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ညှိုနှိုင်းမှု တစုံတရာမရှိဟု သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း ၂၅ ဦး ပါဝင်မည်ဟု လွှတ်တော်သတင်းရပ်ကွက်မှ သိရှိရသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်း တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားပါတီ ၊ ကရင်ပြည်သူ့ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ “၀” ဒီမိုကရက်တစ် ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် အပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ကော်မတီတွင် ပါဝင်ခွင့်ရမည်ဟု သိရှိရသည်။

ရန်ကုန်မြို့အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော် ကိုယ်စားလှယ် တဦးစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေးကော်မတီတွင် ပါဝင်ခွင့်ရရှိထားပြီး ကော်မတီကို ယခု ဇူလိုင်လတွင် ဖွဲ့စည်းသွားမည်ဟု သိရှိထားကြောင်း ယင်းပါတီ ၂ ရပ်မှ တာဝန်ရှိသူ များကပြောဆိုကြသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က “အခြေခံဥပဒေ သုံးသပ်ရေးကော်မတီမှာ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးစိုးဝင်းပါဝင်ဖို့ ကျနော်တို့ အဆိုပြုထားပါတယ် ။ ကော်မတီကို ဒီလထဲမှာ တရားဝင်ဖွဲ့စည်းကြောင်း ကြေညာမယ်လို့ သိထားပါတယ်” ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်တွင် အတည်ပြု ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် ဒီမိုကရေစီ မဆန်သော ပြဋ္ဌာန်းချက်များ ပါဝင်လျက်ရှိကြောင်း နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။

Credit : http://burma.irrawaddy.org/archives/44169

အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာအပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ဟု မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် နာယက ဆရာတော်ကြီးများ မိန့်ကြား



အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အတွက် အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓ ဘာသာ အပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ဟု ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက် လမ်းရှိ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ချုပ်တွင် ကျင်းပသည့် အမျိုး ဘာသာသာသနာတော်ကို ဓမ္မ၀ိနယ နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲတွင် နာယက ဆရာ တော်ကြီးများက မိန့်ကြားသည်။


အဆိုပါ အခမ်းအနားသို့ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ချုပ်၏ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ သံဃာတော် စုစုပေါင်းအပါး ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

နာယက ဆရာတော် ဦးအဂ္ဂဥာဏက "အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်၍ ဟောပြောတဲ့အခါ မည် သည့်ဘာသာကိုမျှ မထိခိုက်အောင် တစ်ပါးသူတွေကို စိတ်အနှောင့်အယှက် မဖြစ်အောင်အထူးစောင့် စည်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရှေ့တန်းထား၍ သက်ဝင်ယုံကြည်အောင် ဟောပြော ဖို့ လိုအပ်ပါတယ်။ တပည့်တော်တို့အားလုံး အစွန်းလွတ်အောင်နေပြီး ဖြောင့်မှန်သော တရားကို ရှေးရှုပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု မိန့်ကြားသည်။

နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက "နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က ပြောပါ တယ်။ ဘာလဲဆိုတော့ ကိုယ့်ဘာသာကနေ သူများဘာသာကို ပြောင်းသွားတာဟာ ကိုယ့်ဘာသာအပေါ်မှာ ယုံကြည်ချက် မခိုင်မာလို့၊ ယုံကြည်ချက် ခိုင်မာနေတဲ့ ပုဂ္ဂိုလ်များအတွက် ဘယ်ဥပဒေမှ ထုတ်စရာ မလိုပါဘူး ဆိုပြီး ပြောသွားတာကို တပည့်တော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာဟုတ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ယုံကြည်မှုပါပဲ။ ဘယ်လောက်ပဲ ဥပဒေတွေနဲ့တားတား ယုံကြည်မှု မခိုင်မာရင် တခြားဘာသာ ပြောင်းသွားမှာပါ" ဟု မိန့်ကြားသည်။

ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင် နိုင်မည်ဖြစ်ကြောင်း . . . . .

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး" ဟု ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားစဉ် မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"ယုံကြည်မှု မခိုင်မာသေးတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်မှုခိုင်မာအောင် လုပ်ပေးရမှာ အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ အဓိက တာဝန်ပါ။ ကိုယ့်ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘာသာသာသနာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ယုံကြည်မှုဖြစ်အောင် ယုံကြည်မှု အပြည့်အ၀ ရရှိအောင် လုပ်ရပါမယ်။ ယုံကြည်မှု ခိုင်မာအောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သံဃာပါပဲ။ ဘုရားတရားပေါ် ယုံကြည်ချက် ခိုင်မာဖို့ တာဝန်သည် သံဃာတော် အရှင်သူမြတ်တွေဆီမှာပဲ ရှိတယ်။ အရှင်ဘုရားတို့ တပည့်တော်တို့ ပေါ့ပေါ့တန်တန် နေလို့ မရဘူး။ သံဃာတော်အရှင် သူမြတ်တွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆုံးမစကားတွေ ပြောပေးရပါမယ်" ဟု နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက ဆက်လက်မိန့်ကြားသည်။

ထိုသို့ ဆုံးမစကားများ ပြောကြားရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာ သိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင် လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့် ၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာစန္ဒာဝရာ ဘိဝံသက မိန့်ကြား သည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာသာသနာအတွက် လုပ်ဆောင်ခဲ့သည့် သံဃာတော် အရှင်သူမြတ် အချို့သည် အဖွဲ့အစည်း အချို့၏ ခုတုံးလုပ်မှုကို ခံခဲ့ရကြောင်း၊ ထိုသို့ ခုတုံးလုပ်ခံခဲ့ရခြင်းမှာ လောက အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာခဲ့သည့်အတွက် ဖြစ်သောကြောင့် သံဃာတော်များ အနေဖြင့် ဒါယကာ၊ ဒါယိကာမများကို အသိဥာဏ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့ သံဃာတော်များ အနေဖြင့်လည်း လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော်များအား တိုက်တွန်းပြောကြားသည်။

နိဂုံးချုပ်တွင် ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသက "ကမ္ဘာအရပ်ရပ်က တပည့်တော်တို့ကို ထင်ကြေး ပေးနေတဲ့ ဘာသာရေး လူမှုရေး အကြမ်းဖက် အစွန်းရောက်ဆိုပြီး စွပ်စွဲတယ်။ အဲဒါတွေကိုလည်း မဟုတ် ပါဘူးဆိုတာ ပြောပေးနိုင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်အောင် နေထိုင်ရပါမယ်။ ဘာသာသာသနာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ရမယ်။ အဲဒီလို လုပ်မယ်ဆိုရင် တပည့်တော်တို့ သာသနာသည် တပည့်တော်တို့ လက်ထက်မှာ ဘယ်တော့မှ ကွယ်ပျောက်မသွားနိုင် ဘူးဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်" ဟု မိန့်ကြားသည်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာနာယကအဖွဲ့၊ အစိုးရ၊ ပြည်သူ တို့နှင့် လက်တွဲဆောင်ရွက်သွားရန်၊ သံဃာထု၏နောက်တွင် ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သီတဂူ ဆရာတော် ဦးဥာဏိဿရက မိန့်ကြားထားသည်။

eleven media group

ဆေးလိပ်ကြော်ငြာ ထိန်းချုပ်လျှင် လူ့အသက် သန်းချီကယ်နိုင်မည်



ဆေးလိပ်မသောက်ဖို့ လှုံ့ဆော်မှုတွေနဲ့ ဆေးလိပ် သောက်သုံးတာကို ထိန်းချုပ်ဖို့ တခြားလုပ်ဆောင် မှုတွေကို ကမ္ဘာတဝှမ်းမှာ လုပ်ဆောင် ခဲ့မယ်ဆိုရင် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်နိုင်မယ် လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြား လိုက်ပါတယ်။


ဆေးလိပ်မသောက်အောင် ထိန်းချုပ်တဲ့ နည်းလမ်း တွေထဲမှာ ဆေးလိပ်ထုတ် လုပ်တဲ့ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေ၊ ဆေးလိပ်ရောင်းကောင်းအောင် လျှော့ပေး တာတွေ၊ အခမ်းအနားတွေ ကျင်းပဖို့ ငွေထောက်ပံ့ ပေးတာတွေနဲ့ ပတ်သက်ပြီး တားမြစ်လိုက်တာဟာ အထိရောက်ဆုံး နည်းလမ်းတခုလို့ ကုလသမဂ္ဂရဲ့ ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုတားမြစ်မှုတွေ တင်းတင်းကျပ်ကျပ်ချထားတဲ့ နေရာ ဒါမှမဟုတ် တစိတ်တပိုင်း တင်းကျပ်ထားတဲ့ နေရာတွေမှာ နေထိုင်သူက သန်းပေါင်း သုံးထောင်လောက်ရှိပေမဲ့ ကမ္ဘာပေါ်က လူအများစုကတော့ ဒီလိုသတ် မှတ်မှုမျိုး လုံးဝ မရှိတဲ့နေရာမှာ နေထိုင် နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးမှု အန္တရာယ်ဟာ လူထုကျန်းမာရေးအတွက် ယနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး အန္တရာယ်ကြီးတခုလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခေါ်ဆိုလိုက်ပါတယ်။

တနှစ်တနှစ် ဆေးလိပ်သောက်သုံးတာနဲ့ ဆက်နွယ်ပြီး သေဆုံးရသူပေါင်း ၆ သန်းလောက်ရှိနေပြီး တားဆီးမှု တွေကိုသာ သေသေချာချာ ဆက်မလုပ်ရင် တနှစ်ကိုသေဆုံးသူ ၈ သန်းလောက်အထိ တိုးလာနိုင် တယ်လို့ပါ သတိပေး လိုက်ပါတယ်။

VOA

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC တို့မှ အလုပ်အဖွဲ့ ကိုယ်စားလှယ်များ ဇူလိုင် ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံမည်



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့၏ အလုပ်အဖွဲ့ (Technical Team) ကိုယ်စားလှယ်များသည် ဇူလိုင် ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံမည်ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က The Daily Eleven သို့ ပြောကြားသည်။


"ဇူလိုင် ၁၃ ရက်မှာ တွေ့မယ်။ နေရာကို အတိအကျပြောလို့ မရသေးဘူး။ ကျွန်တော်တို့ဘက်က ဖွဲ့စည်းထား တဲ့ နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့က ရွေးချယ်ထားတဲ့ အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ကြမှာပါ" ဟုနိုင်ဟံသာက ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းရင်းသား ပေါင်းစုံပါဝင်သော နိုင်ငံရေး စကားဝိုင်းများ ဖြစ်ပေါ်ရေးအတွက် လမ်းပြ မြေပုံ ချမှတ်ရေး၊ အစီအစဉ်များ ရေးဆွဲခြင်းနှင့် လေ့လာသူအဖြစ် ဖိတ်ကြားမည့်သူများကို ညှိနှိုင်းရေး အစရှိ သည်တို့ကို နှစ်ဦးနှစ်ဖက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အလုပ်အဖွဲ့ကို Myanmar Peace Center မှ ဦးလှမောင်ရွှေက ဦးဆောင်ပြီး UNFC ၏ အလုပ်အဖွဲ့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တွဲဖက်အတွင်းရေးမှူး-၂ ပဒိုမန်းမန်းက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲကို တစ်ရက်သာပြုလုပ်ရန် စီစဉ်ထားပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသောရလဒ်များကိုအခြေခံ၍ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့်အချိန်ကို သတ်မှတ်မည်ဟု နိုင်ဟံသာက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့သည် ၂၀၁၂ ခုနှစ် နိုဝင် ဘာလက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ရပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ ပေးအပ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ခြေလှမ်းစတင်ခဲ့သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ပြန်လည်ဖွဲ့စည်းလိုက်သော UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် "၀" အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ခဲ့ကြသည်။

UNFC တွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အင်ဘန်လ (KIO) က တာဝန်ယူခဲ့ပြီး အေဘယ်တွီ (KNPP)က ဒုတိယ ဥက္ကဋ္ဌ(၁)၊ ပဒိုစောဒေးဗစ်သကဘော (KNU)က ဒုတိယဥက္ကဋ္ဌ(၂)၊ နိုင်ဟံသာ (NMSP) က အထွေထွေ အတွင်းရေးမှူး စောဒေါလေးမူ (KNU) က တွဲဖက်အတွင်းရေးမှူး(၁)နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)က တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် တာဝန်ယူလျက် ရှိသည်။

eleven media group

ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ နေရာ အနှံ့ ကျင်းပ



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ဆိုးရွားစွာ မိုးခေါင်လျက်ရှိနေပြီး ရိုးရာဓလေ့ ဖြစ်သော မိုးခေါ် လွန်ဆွဲပွဲများကို နေရာအနှံ့အပြား ကျင်းပ လျက် ရှိသည်။


"ရာသီဥတုက တအားပူနေတယ်။ မိုးကလည်း လုံးဝကို မရွာတာလေ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ရွှေဘို စည်ပင် ဈေးကြီးမှာ လွန်ဆွဲခဲ့တယ်" ဟု စည်ပင် ဈေးမှ ကိုမြင့်နိုင်က ပြောကြားသည်။

မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးနှင့် အဓိက အသက်မွေးဝမ်းကျောင်းပြုရာဒေသဖြစ်သော ရွှေဘိုတွင် ဆိုးဝါးစွာ အခက်ကြုံလျက်ရှိပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို ကျင်းပကြခြင်း ဖြစ်သည်။

"မိုးက တအားခေါင်နေတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်လူကြီး အားလုံးပေါင်းပြီး လွန်ဆွဲကြတာ လေ။ တက္ကသိုလ် ကျောင်းသူကျောင်းသားလေးတွေ ပါဝင်ဆွဲကြတာ။ ရိုးရာ အငွေ့ အသက်လေးလည်းပါ တော့ ပျော်စရာကောင်းတယ်။ မိုးတကယ်ရွာခဲ့ရင် ပိုပြီးပျော်စရာ ကောင်းမှာ" ဟု သခွတ္တောရပ်တွင် နေထိုင်သူ ကိုထွေးက ဆိုသည်။

"မနှစ်က လွန်ဆွဲပွဲပြီးတော့ မိုးကတောက်လျှောက် ရွာတယ်။ အဲဒီတော့ပျော်လိုက်ရတာ။ ခဏပဲ မိုးကလုံးဝ ပျောက်သွားတာ။ ဒီနှစ်အဲလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ။ မိုးမရွာရင် တောင်သူတင်မကဘူး။ တောင်သူ ကို အားပြုရောင်းရတဲ့ စည်ပင်ဈေးကြီးလည်း သိသိသာသာ အရောင်းပါးသွားတာလေ" ဟု စည်ပင်ဈေးဆိုင် ခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘိုနယ်တွင်ပုဂံခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရွှေတန်ဆာဘုရားအညာဆန်ပွဲ၊ မိုးခေါ်လွန်ဆွဲပွဲနှင့် ငါးရံ့မင်း ပူဇော်ပွဲများကို ရိုးရာဓလေ့ စရိုက်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိသည်။

အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော ရွှေဘိုတွင် နှစ်စဉ်မိုးနည်းလေ့ ရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ရာသီဥတု လွန်ကဲသော ဖြစ်စဉ်များ သိသာစွာ ဖြစ်ပွားခဲ့ပြီး တောင်သူများ ဆိုးရွားစွာ အခက်ကြုံ နေ ခဲ့ရသည်။

eleven media group

ညအချိန် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် တိုင်ကြားမှုအချို့ကြောင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ညအချိန်လုပ်ကိုင်ခြင်းကို ကန့်သတ်



ညအချိန် ဆောက်လုပ်ရေးလုပ်ငန်း ပြုလုပ်နေမှု များနှင့် ပတ်သက်၍တိုင်ကြားမှုအချို့တက်လာ ခြင်းကြောင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၏ လုပ်ငန်းလုပ်ချိန်ကို သတ်မှတ်ကာ ညအချိန် လုပ်ငန်းလုပ်ကိုင်ခြင်းကို ကန့်သတ်လိုက် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။


ညအချိန် ပြုလုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများမှ အသံဆူညံခြင်းကြောင့် ညအိပ်၍ မရကြောင်းနှင့် အနှောင့်အယှက်ဖြစ်ကြောင်း အများ ပြည်သူများထံမှ တိုင်ကြားမှုအချို့ စည်ပင်သို့ ရောက်ရှိလာကြောင်း၊ ထို့အတွက်ဆောက်လုပ်ရေး လုပ်ငန်း များ၏ လုပ်ငန်းခွင်အား နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိသာ လုပ်ကိုင်ရန် ဇွန်လကုန်ပိုင်းတွင် သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ညအချိန်လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အသံဆူညံမှုတွေကြောင့် အိပ်လို့မရဘူးလို့ Complain အချို့ တက်လာတယ်။ Complain တက်လာတဲ့အထဲမှာ အထူးသဖြင့်လူနေရပ် ကွက်တွေထဲမှာ ဆောက်နေတဲ့ ကန်ထရိုက်တိုက်တွေနဲ့ မြို့တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေကို နေ့စဉ်နံနက် ၇ နာရီကနေ ညနေ ၆ နာရီအထိပဲ လုပ်ငန်းလုပ်ဖို့ သတ်မှတ်လိုက်ပါတယ်။ ညအချိန် လုံးဝအလုပ်လုပ်လို့ မရတော့ပါဘူး။ တကယ်လို့ ညအချိန်လုပ်မယ် ဆိုရင်လည်း အသံဆူညံမှုမရှိတဲ့ အပိုင်းတွေပဲ လုပ်လို့ရပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။

ထိုကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်လုပ်ချိန် သတ်မှတ်ချက်ကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများ၏ ဆောက်လုပ်ခွင့် ပါမစ်တွင် တစ်ပါတည်း တံဆိပ်တုံးဖြင့် ရိုက်နှိပ်ပေးသည်ဟု သိရသည်။

"ဒီလို အလုပ်ချိန် ကန့်သတ်လိုက်တာ လုပ်ငန်းတွေကိုတော့ မထိခိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုတို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်သမားတွေ နံနက် ၈ နာရီခွဲလောက်က နေညနေ ၄ နာရီခွဲ ၅ နာရီလောက်အထိပဲ လုပ်ကြတာပါ။ အခု စည်ပင်က သတ်မှတ်လိုက်တဲ့ လုပ်ငန်းခွင် အချိန်က များတောင်များနေသေးတယ်။ ဒါပေမဲ့ အရမ်းအရေးကြီးလာတဲ့ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွေ ရှိလာရင်၊ အလုပ်သမားတွေမှာလည်း ညဘက်လုပ်ချင်တဲ့သူတွေ ရှိလာမယ်ဆိုရင်တော့ ညဘက်လုပ်ခွင့်ကို ပြန်တင်ပြလို့ရရင် ကောင်းတာပေါ့" ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

အလုပ်လုပ်ချိန် ကန့်သတ်လိုက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် နိုင်ငံတော် အစီအစဉ်ဖြင့် ပြုလုပ်နေသော တံတားစီမံကိန်းများ မပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံဌာနမှ သိရသည်။

eleven media group

၂၀၀၂ မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်း၊ ငလျင်နှင့် ရေကြီးမှု ဒဏ်ကြောင့် လူဦးရေ သုံးသန်းကျော် ထိခိုက်ခဲ့



၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း၊ ငလျင်နှင့် ရေကြီးမှုဒဏ် ကြောင့် လူဦးရေ ၃ သန်းကျော် ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ကူညီ ဆောင်ရွက်ပေးရေးရုံး (UNOCHA) မှ သိရသည်။


မြန်မာနိုင်ငံသည် မုန်တိုင်း၊ ရေကြီးမှု၊ ငလျင်၊ မြေပြိုမှု အန္တရာယ်နှင့် ဆူနာမီ အန္တရာယ်များကို ထိခိုက်ခံစား လွယ်သည့် အနေအထားတွင် ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် သမိုင်းအထောက်အထားများအရ နှစ်နှစ်လျှင် တစ်ကြိမ်ခန့် အလယ်အလတ်အဆင့် (သို့မဟုတ်) ကြီးမားသော အဆင့်ရှိ သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်ခြေ ရှိနေသည်ဟု UNOCHA က ဆိုသည်။ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်က စတင်ပြီး ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့ သော နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း ရေကြီးမှု၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာတွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း၊ ၂၀၁၁ ပြည့်နှစ် မတ်လတွင် ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် ဖြစ်ပွားခဲ့သော မကွေးတိုင်းရေကြီးမှု၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံအနှံ့အပြား ရေကြီးမှု၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၌ လှုပ်ခတ်ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်၊ ၂၀၁၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်းတို့၏ သက်ရောက်မှု အန္တရာယ်ကို ခံစားခဲ့ရသည်။

အဆိုပါ သဘာဝ ဘေးအန္တရာယ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ အသက် မွေးဝမ်းကျောင်း ဆုံးရှုံးမှုများ၊ နေရပ်ရွှေ့ပြောင်းရမှုများ၊ လမ်းတံတား ပျက်စီးမှုများ ကြုံတွေ့ခဲ့ရ သည်။မြန်မာ နိုင်ငံသည် ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ် ဒေသတွင် သဘာဝ ဘေးအန္တရာယ် အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အာရှဒေသတွင်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် ထိခိုက်သက်ရောက်နိုင်ခြေ အများဆုံးမြို့များတွင် ရန်ကုန်မြို့သည် နံပါတ်လေးနေရာသို့ ရောက်ရှိနေ ကြောင်း သိရသည်။

၂၀၀၂-၂၀၁၃ ခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် သက်ရောက်မှု ခံစားရသည့် သူများထဲတွင် ဆိုင်ကလုန်းမုန်တိုင်း သုံးခုကြောင့် ထိခိုက်ခံရသူဦးရေ ၂ ဒသမ ၆ သန်း၊ ရေကြီးမှုများကြောင့် ထိခိုက်ခံစား ရသူဦးရေ ၅၀၀၀၀၀ ခန့်၊ ငလျင်ကြီးနှစ်ခုကြောင့် ထိခိုက်ခံစားရသူဦးရေ ၁၈၀၀၀ ခန့်ရှိကြောင်း သိရသည်။

eleven media group

ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်



ယခုလလယ်ပိုင်းအတွင်း ဧရာဝတီမြစ်တွင် မြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်တွင် မြစ်ရေ ရှစ်ပေ မှ ၁၀ ပေခန့် အချို့မြို့များတွင် လက်ရှိ ရေမှတ်များထက် မြင့်တက်နိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။


ဇူလိုင်လသည် မြန်မာနိုင်ငံ၏ မိုးလယ်ကာလဖြစ်ပြီး မိုးရွာသွန်းမှု အနေအထားများပေါ် မူတည်ကာ မိုးဦး ကာလ ဇွန်လအတွင်းမှ စတင်၍ လက်ရှိကာလအထိ မြစ်ရေမြင့်တက်မှုရှိလာခြင်း ဖြစ်သည်။

ဇူလိုင် ၁၁ ရက်မှ ၂၀ ရက်အတွင်း အကျုံးဝင်သည့် ဇူလိုင်ဒုတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ခုနစ်ပေမှ ကိုးပေခန့် လက်ရှိရေမှတ်များ ထက် မြင့်တက်နိုင် သည်ဟု ခန့်မှန်းထားသည်။

ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ် အတွင်းတွင်ပင် ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမှ ငါးပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သည်ဟု သိရသည်။

ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ရှစ်ပေမှ ၁၀ ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့ နှင့် မုံရွာမြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။

ယခုနှစ် မိုးလယ်ကာလ ပထမလဖြစ်သည့် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ကသာ၊ မန္တလေး၊ စစ်ကိုင်း နှင့် ဟင်္သာတမြို့တို့တွင် တစ်ကြိမ်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မုံရွာမြို့ တို့တွင် တစ်ကြိမ်စီ၊ ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့၌ တစ်ကြိမ်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့၌ တစ်ကြိမ်စီ၊ ရွှေကျင်မြစ်ရေသည်ရွှေကျင်မြို့၌ တစ်ကြိမ်၊ သံလွင်မြစ်ရေ သည် ဘားအံမြို့တွင် တစ်ကြိမ်၊ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်တစ်ကြိမ်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် တစ်ကြိမ်စီ အဆိုပါ မြို့အသီးသီး၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိ နိုင်သည်ဟု ဇူလိုင်လအတွက်မြစ်ရေခန့်မှန်း ချက်တွင် ဖော်ပြထားသည်။

eleven media group

ဆူပူလှုပ်ရှား နိုဗယ်ဆုရှင်များ

အသရေဖျက်မှုနဲ့ တရားမစွဲဖို့ ကြိုတင်တောင်းပန်ပါရစေ။ မြင်မိတာပြောခြင်းဟာ အပြစ်မဖြစ်တန်ရာဘူး ထင်လို့ပါ။ အထင်လွဲ၊ အမြင်လွဲ၊ အချစ်မွဲကြတဲ့ ကနေ့သံသရာခရီးသွားတွေကြားမှာ အမုန်းတရား ပွားနေကြတာမို့ ကြို၍ တောင်းပန်ထားခြင်းပါခင်ဗျ။


အထင်လွဲစရာဖြစ်တယ်ဆိုရင်လည်း သည်းခံပါ။ ဘ၀င်ဟပ်ပြီး ကျေနပ်ဖွယ်ဖြစ်ရင်လည်း ပုဆိုးခြုံထဲမှာ လက်ခုပ်ကလေးကို အသံမထွက်အောင်တီး၍ ဘစီကိုဂုဏ်ပြုပါ။ နို့မဟုတ်ရင်လည်း တိတ်တိတ်နေပြီး စိတ်ကျေနပ်အောင်သာဆဲပါ။ တစ်ဆိတ် ဖေ့စ်ဘွတ်ခ်မှာ မဖွကြပါနဲ့ ခင်ဗျာ။

အင်း... ကမ္ဘာကြီးကလည်း တလှုပ်လှုပ်ရယ်။ ဟိုတိုင်းပြည်မယ် ဆန္ဒတွေပြလို့ မငြိမ်မသက် ဖြစ်လာဖြစ်ရဲ့။ ဒီတိုင်းပြည်မယ် ကားဗုံးခွဲလို့ လူဘယ်နှယောက် သေသတဲ့။ နောက်တစ်ခါ ဘယ်နိုင်ငံက လွှတ်တော်ထဲမယ် ရန်ဖြစ်ကြလို့ဆိုလား။ ငြိမ်းချမ်းခြင်းဟာ ဘယ်နေရာမှ မရှိပါကလားလို့ သံဝေဂပွားပြီးနေမှ တော်မယ့် အဖြစ်။

ငြိမ်းချမ်းရေးဟာ ဒီကမ္ဘာမှာ အမြဲလိုအပ်နေပါတယ်။ တည်ငြိမ်မှုကင်းမဲ့တဲ့ တိုင်းပြည်အချို့ရဲ့ အပူမီးဟာ အခြားသော ကမ္ဘာ့တိုင်းပြည်များကိုလည်း ကူးစက်နိုင်ပါတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားဟာ ပေါင်ကျိုးနိုင်တယ်ဆိုတာ ရှေးလူကြီးတွေ နှစ်ရာနဲ့ချီပြီးပြောတဲ့ စကားပါ။ ဒါကို အနောက်တိုင်းက ဋီကာချဲ့တဲ့အခါ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ခြင်းဆိုလား၊ ဘိုလိုပြောရင် ဂလိုဘယ်လိုက်ဇေးရှင်းလို ဖြစ်စဉ်ဆိုသဟာပေါ့။

ဆိုလိုရင်းကတော့ အိမ်နီးချင်းတိုင်းပြည်မှာ စစ်ဖြစ်နေတာဟာ ကျုပ်တို့နဲ့ အဝေးကြီးပါလို့ တွေးနေလို့ ခေတ်မမီ တော့တဲ့အချိန် ဖြစ်သဗျာ။ အိမ်ရှေ့ပူဟာ အိမ်နောက်မှာလည်း မချမ်းသာနိုင်ပါဘူး။ ကမ္ဘာရဲ့ ဘယ်နေ ရာမှာ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျုပ်တို့မှာလည်း ငြိမ်းချမ်းခြင်း မရှိနိုင်ပါဘူး။

ကျုပ်တို့ရဲ့ ရွှေပြည်ကြီးမှာလည်း ရန်ဖြစ်တဲ့နေရာမယ် ကမ္ဘာနဲ့ ရင်ပေါင်တန်းနေတယ် ပြောရမလားပဲ။ တိုင်းတုန်ပြည်တုန် ဟိုးလေးတကျော် ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ ကနေ့အချိန်မှာ ကျုပ်တို့ဟာ ငြိမ်းချမ်းရေးကို ပိုပြီး တောင့်တနေမိပါတယ်။ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမယ့် စိတ်ကူးတွေကိုလည်း တွေးမိပါတယ်။ ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အကြောင်း မငြိမ်းချမ်းတဲ့အခါ ပိုသိလာတဲ့ စကားရှိမို့လား။

ကျုပ်လည်း ပဋိပက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရမှ ငြိမ်းချမ်းရေးကို သဘောပေါက်လာလို့လား မသိဘူး။ ကမ္ဘာကိုလည်း လှမ်းကြည့်တယ်။ ကျုပ်တို့ထက်တောင် ဆိုးသေးတယ်။ တချို့နေရာတွေမှာ သတ်ဖြတ်နေလိုက်ကြတာ။ မငြိမ်မသက် ဖြစ်နေလိုက်ကြတာ။ ငြိမ်းချမ်းခြင်းမရှိ ဖြစ်နေလိုက်ကြတာ။

လူဆိုတာ ကူကယ်ရာမဲ့နေချိန်မှာ အားကိုးရာရှာစမြဲပါပဲ။ ဒီကမ္ဘာမယ် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ကြဉ်းပေးနိုင်မယ့် လူပုဂ္ဂိုလ်တွေကို တောင့်တမြဲမို့လား။ ဒါနဲ့ ကျုပ်လည်း ရေနစ်သူဟာ အားကိုးရာအဖြစ် ကောက်ရိုးတစ်မျှင်ကိုဖြစ်စေ ဖမ်းဆုပ်ရသေးတာဆိုတော့ တွေးမိတွေးရာ တွေးမိပါသဗျ။ တခြား ဟုတ်ပါရိုးလားဗျာတို့။ ဒိုင်းနမိုက်နဲ့ ကြွယ်ဝချမ်းသာသွားတဲ့ အဲဖရက်နိုဗယ်ဟာ သူသေခါနီးမှာ အမြင်မှန်တစ်ခု ရခဲ့သဗျ။ အဲဒါကတော့ လူသတ်လက်နက် ထုတ်လုပ်မှုကရရှိတဲ့ ပိုင်ဆိုင်မှုတွေကို အရင်းအနှီးပြုပြီး ကမ္ဘာအတွက် ကောင်းရာကောင်းကြောင်း သယ်ပိုးထမ်းဆောင်ကြတဲ့သူတွေကို ထိုက်တန်တဲ့ဆုများ ချီးမြှင့်ဖို့ အမိန့်ရှိသွားတယ်။

ဒါနဲ့ နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ကမ္ဘာတစ်ဝန်းက ထိုက်တန်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် နိုဗယ်ဆုတွေ ချီးမြှင့်တယ်။ စာပေ၊ ဆေးသိပ္ပံနဲ့ အခြားသောဆုများအပြင် အရေးကြီးဆုံးနဲ့ လူသိအများဆုံးကတော့ ငြိမ်းချမ်းရေးနိုဗယ်ဆု ဖြစ်ပါတယ်။ ဂုဏ်ယူလောက်တဲ့ ဒီဆုကို လက်ဝယ်ပိုင်ပိုင် ရရှိတဲ့သူတွေဟာ ကမ္ဘာမယ် မနည်းတော့ပါဘူး။ ဂုဏ်ယူဖွယ် အဖြစ်ကတော့ ကျုပ်တို့တိုင်းပြည်က ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်လို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါသကြီးသူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျုပ်တို့ လူ့အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းရေး လိုလားသူတွေ ရှိနေတာဟာ အားတက်စရာပါပဲ။ အဖျက်အင်အားစုက ဘယ်လောက်ပဲ အားကောင်းမောင်းသန် ရှိနေပါစေ။ ငြိမ်းချမ်းရေးနှလုံးသားကို ရိုက်မချိုနိုင်ဘူးလို့ အားတက်ချင်စရာပါပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အရေအတွက် ကမ္ဘာမှာ များလာပါတယ်။ ငြိမ်းချမ်းရေးသမားတွေ များလာတာလည်း အမှန်ပဲ။ ငြိမ်းချမ်းရေးသမားထက် အရေအတွက် များတာကတော့ အကြမ်းဖက်၊ အစွန်းရောက်၊ စစ်သွေးကြွနဲ့ အမျိုးသားရေးစိတ် ပြင်းထန်သူတွေပဲလေဗျာ။

ဒီနေရာမှာ ကျုပ်တွေးနေမိတာ တစ်ခုရှိသဗျ။ ပြီးတော့ နည်းနည်း ဘ၀င်မကျ ဖြစ်မိတာလေးပေါ့ခင်ဗျာ။ အနှီလို တလှုပ်လှုပ် ဖြစ်နေတဲ့ လက်ရှိကမ္ဘာအနေအထားမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ငြိမ်းချမ်းရေးစကားကို မကြားရတာကတော့ အတော်ထူးတယ်။ ကမ္ဘာတစ်ဝန်းမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေဟာ ဘယ်လုပ်နေကြသလဲ။

သိကြတဲ့အတိုင်း ဟိုတလောလေးတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို စိန်ခေါ်လိုက်တယ်။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ နျူကလီးယားလက်နက်နဲ့ ပစ်မယ်လုပ်လို့ တစ်ကမ္ဘာလုံး တုန်လှုပ် သွားသေးတယ်။ အနှီလို တင်းမာနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ကြားဝင်ဖျန်ဖြေတာ၊ ငြိမ်းချမ်းရေးအတွက် နှိုးဆော်တာလုပ်တယ်လို့ ကျုပ်ဖြင့် မတွေ့မိဘူး။ အမှတ် မမှားရင်ပေါ့လေ။ အခု ဆီးရီးယားအရေးမှာလည်း အဲသလိုပဲ။

ကျုပ်တို့ဆီမှာလည်း အလားတူပဲဗျာ။ ပဋိပက္ခတွေဖြစ်နေလိုက်တာ။ နောက်တစ်ခါ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောဆိုနေကြလို့ အဆင်မသင့်ရင် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာဖွယ်ရှိတဲ့ အနေအထားမှာ ငြိမ်းချမ်းရေးသမားတွေဟာ ဘာမှ ၀င်ရောက်ပြောဆိုခြင်း၊ ထင်မြင်ချက်ပေးခြင်း၊ ဝေဖန်ပြောဆိုခြင်း မပြုကြတာဟာ ထူးဆန်းမနေဘူးလား။

အနှီလိုဆိုရင် အခုတစ်လော ပြောပြောနေတဲ့ တိတ်ဆိတ်နေသူတွေ စာရင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တွေကိုလည်း ထပ်ဖြည့်ရလိမ့်မယ် ထင်သဗျ။ အဲဖရက်နိုဗယ်ကတော့ ငြိမ်းချမ်းရေးဆု ပေးမယ်ဆိုတဲ့အခါ ကမ္ဘာမယ် စစ်မက်နဲ့ ငြိမ်းချမ်းရေးကို ဟန့်တားမယ့်သူ၊ ကာကွယ်နိုင်မယ့် သူတွေနဲ့ ကာကွယ်ပေးတဲ့သူတွေကို ရည်စူးခဲ့တာမို့လား။

ဒါပေမယ့် ပြောင်းပြန်တွေးကြည့်ရင် ဒီလိုလည်း ဖြစ်နိုင်သေးတယ်ဆိုတဲ့ အဖြေတစ်ခုရတယ်။ အဲဒါက အခုနောက်ပိုင်း နိုဗယ်ငြိမ်းချမ်းရေးဆုတွေပေးတာဟာ ဦးတည်ချက် နည်းနည်းပြောင်းသွားတာ သတိထားမိတယ်ဗျ။ ငြိမ်းချမ်းရေးလိုလားသူ၊ တိုက်တွန်းသူများထက် ငြိမ်းချမ်းရေးကို ဖျက်ဆီးဖွယ် ရှိတဲ့သူတွေကိုချိန်ပြီး ပေးနေတာမျိုး တွေ့လာရလို့ပါ။ ရွှေပြားသူခိုးကို ဘုရားလူကြီး ခန့်လိုက်သလိုပေါ့ဗျာ။ လူကြီးဖြစ်သွားတော့ သူခိုးပေမယ့် လူရိုသေအောင် နေရတဲ့အခြေအနေ ဖြစ်လာအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာမျိုး ဖြစ်နိုင်သဗျ။ ဒါကြောင့် အိုဘားမားဟာ သူ့ရဲ့ သမ္မတရာထူး လက်ခံပြီးစ ကမ္ဘာကို ဘာမှ လုပ်မပြရသေးခင်မှာတင် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးလိုက်တာပေါ့။ သူက စူပါပါဝါ အဏုမြူလက်နက် နိုင်ငံတော်ရဲ့ ရေမြေ့သခင်ဆိုတော့ သူ့ကို ဘုရားလူကြီး ခန့်လိုက်တဲ့သဘော ဖြစ်နိုင် တယ်ဗျ။

အာရပ်နဲ့အစ္စရေး နောင်ဂျန်ချနေချိန်မှာ အာရပ်ခေါင်းဆောင် အာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့နှစ်ဦးဟာ ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲရဖူးတယ်။ ကမ္ဘာကို အိပ်ရေးပျက်အောင် ဆူပူနေတဲ့သူတွေကို ဆုပေးလိုက်တဲ့သဘော မဖြစ်နိုင်ဘူးလား။ ဒါနဲ့ဆက်စပ်ပြီး ကျုပ်စဉ်းစားကြည့်တယ်။ မြောက်ကိုရီးယားက ခေါင်းဆောင်လေး ကင်ဂျုံအန်ကိုများ ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးလိုက်ရင် ဘယ်နှယ့် နေမလဲ။

ပြီးတော့ ဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ကိုင်ဒါအဖွဲ့ကို ငြိမ်းချမ်းရေးနိုဗယ်ဆုများ အစကတည်းက ပေးထားလိုက်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ တစ်မျိုးတစ်မည်အားဖြင့် တိုးတက်ကောင်း တိုးတက်လာနိုင်တယ်။ ဒီကနေ့ ဟန်ရေးတပြပြနဲ့ ဆူပူလှုပ်ရှား အကြမ်းဖက်သမား အတော်များများ ကိုလည်း နိုဗယ်ဆုပေးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခိုင်းလိုက်ရင် ဘယ်နှယ့်နေတုံး။

မဟုတ်ဘူးလားဗျာ။ ကနေ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ရှိနေတော့ကော ငြိမ်းချမ်းရေးစကား ကြားရ လို့လား။ မကြားရတာထက်စာရင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို ပေးလိုက်ပြီး ချွေးသိပ်လိုက်ရင် မကောင်းဘူးလား။

ဒီကိစ္စမှာ အငြင်းပွားစရာ တစ်ခုတော့ရှိတယ်။ တော်ကြာ ငြိမ်းချမ်းရေးနိုဗယ်ဆုလိုချင်လို့ တမင်တကာကို ဆူပူလှုပ်ရှားတဲ့ အဖျက်သမားတွေရဲ့ အင်အားဟာ တိုးပွားလာမယ်။ အနှီလိုများဆို ခက်ရချည်ရဲ့လို့ ပူပင်ကြောင့်ကြသူများ ရှိလာနိုင်ပါရဲ့။ ဒါလည်း မပူပါနဲ့။ ဘယ်အရာမဆို ဘေးထွက်ဆိုးကျိုးကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။

တကယ်လို့ အဲဒီလို လိုချင်သူတွေ များမယ်ဆိုရင်လည်း ဆူပူလှုပ်ရှား အကြမ်းဖက်သမားများအတွက် နိုဗယ်ဆုတစ်ခု ဖန်တီးပြီး ထပ်တိုးချီးမြှင့်ဖို့ နိုဗယ်ဆုကော်မတီကို ကျုပ်တို့ မေတ္တာရပ်ခံလိုက်တာပေါ့လေ။ ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့အပြိုင် ဆူပူလှုပ်ရှားနိုဗယ်ဆု ဆိုသဟာမျိုးပေါ့။ အဲဒီလို ဆူပူလှုပ်ရှားနိုဗယ်ဆု ကိုများ ရွေးချယ်ပေးအပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်တွေက ဘယ်သူတွေများ ရရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်မှာ။

ကျုပ်ဖြင့် မြင်ယောင်ပါသေးတယ်။ သေချာတာက အဲဒီအချိန်ကျ ကျုပ်တို့တိုင်းပြည်မှာလည်း နိုဗယ် ဆုရှင်တွေ အတော်များများ ပေါ်ထွက်လာမယ် ဆိုတာပါပဲ။ ကျုပ်တို့အဖို့ ဂုဏ်ယူစရာကြီးနေမှာပေါ့။

ကျုပ်ရဲ့ ဒီလို သရော်တော်တော် ရေးတာကိုဖတ်ပြီး နိုဗယ်ဆုရွေးချယ်ရေးကော်မတီက စိတ်ဆိုးမာန်ဆိုးနဲ့ ကန့်ကွက်လာမယ်ဆိုရင် ဘယ်နှယ့်လုပ်ရမလဲ။ ဒီဆောင်းပါးကို ထည့်သွင်းဖော်ပြတဲ့ သတင်းစာတိုက် ရှေ့မှာ ဆန္ဒပြကြမလားမသိဘူး။

ဘစီ

(ဤစာစုသည် သရော်စာဖြစ်ပြီး စာရေးသူဘစီ၏ အာဘော်အတိုင်းသာ ဖြစ်ပါသည်)

7Day Daily သတင်းစာ အမှတ် ၇၃၊ ဇူလိုင် ၆၊ ၂၀၁၃၊ စာမျက်နှာ ၂၀

Credit : http://myanmarthway.blogspot.com/

အစိုးရ ကိုယ်စားလှယ် များနှင့် ဆွေးနွေးရန် UWSA ကိုယ်စားလှယ်များ ကျိုင်းတုံမြို့သို့ ထွက်ခွာ

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်စားလှယ် (၅) ဦးသည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးရန် ယနေ့ မနက် ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ကျိုင်းတုံ မြို့သို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ဆိုပါသည်။


“ အခုသွားတဲ့ ကိုယ်စားလှယ် တွေကတော့ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံက ခေါင်းဆောင် ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ ဆက်သွယ်ရေး ဌာနကြီးမှူး ကျောက်ကုန်အန်း ပြီးတော့ (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး၊ ဝေရှောရင်း၊ ဒုဦးစီးမှူး စိုင်းစံနဲ့ ရုံးအုပ် ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦးပေါ့၊ ဒီနေ့ မနက်ပိုင်းမှာ ကျိုင်းတုံ မြို့ကို ထွက်သွား ပါပြီ” ဟု ဆိုပါသည်။

UWSA သည် မူလက ၄င်းတို့၏ ဒုတိယ ဥက္ကဌ ရှောင်းမီလျံကို အဖွဲ့ ခေါင်းဆောင် အဖြစ် လျာထား သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပါသည်။ အစိုးရဘက်မှ ကိုယ်စားလှယ် များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ဟု သိရ သော်လည်း ကိုယ်စားလှယ် ဦးရေ စာရင်းကို မသိရ သေးဟု ဆိုပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် UWSA နှင့် အစိုးရ တပ်တို့၏ နှစ်ဖက် စစ်ရေး တင်းမာမှု များကို ဖြေရှင်းရန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ UWSA ကို အကြောင်းကြား ထားခဲ့သည်ဟု ဆိုပါသည်။ UWSA သည် အစိုးရ ချိန်းဆိုခဲ့သော ဇူလိုင် (၆) ရက်နေ့တွင် အဆင်သင့် မရှိသဖြင့် မနက်ဖြန် ဇူလိုင်လ (၁၁) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူ ထားခဲ့ခြင်း ဖြစ်ပါသည်။

ဆွေးနွေးရမည့် အကြောင်းအရာများမှာ UWSA နှင့်အစိုးရတပ်ဖွဲ့တို့သည် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးတင်ဝင်းမှUWSA ၏ တပ်တည်နှင့် အင်အား စာရင်း တောင်းခံသည့် ကိစ္စ၊ တပ်စခန်းချင်း မျက်နှာချင်းလာရောက် ဆိုင်ထားသည့် ကိစ္စ၊ UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းပိုက်သည့် ကိစ္စနှင့် တာချီလိတ် မြို့တွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦး သေဆုံးသည့် ကိစ္စ များပင် ဖြစ်ကြောင်း ဦးအောင်ကျော်ဇော က ဆိုပါသည်။

UWSA နှင့် အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည်နယ် တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်နှင့် မိုင်းတန် မြို့နယ်တွင်မက ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဟိုပန်၊ မိုင်းယွမ်း၊ မုင်တန်၊ ဟွေအော့၊ မိုင်းကျွတ်နှင့် ခိုင်လုံး ဒေသ အားလုံးနှင့် ဆိုင်သော ၀တောင်ပိုင်း ကိစ္စ အတွက် အစိုးရ၏ သဘောထား တစ်ရပ် ရရှိရန် ဆွေးနွေး ရတော့မည်ဟု အကဲခတ် များက ဆိုပါသည်။

UWSA ၏ တောင်ပိုင်းတိုင်းတွင် စစ်အင်အား (၂)သောင်း နီးပါးရှိပြီး ၀ပြည်သူ တစ်သိန်းခန့်က ၀န်းရံ ထားပါသည်။ ဤအစီ အစဉ်သည် ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ် ခင်ညွန်နှင့် တရုတ် အစိုးရတို့၏ သဘော တူညီချက်အရ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ UWSA ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပါ ပေးထား ခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် လက်ရှိ ၀တောင်ပိုင်း ဒေသ၌ အစိုးရ တပ်အင်အားသည် အများဆုံး တပ်ရင်း (၁၅) ရင်းခန့်သာ ရှိနေသည့် အတွက် အင်အား (၃၀၀၀) ကျော်သာ ရှိနေကြောင်း ၀ဖက်က ဆိုပါသည်။ ဤအခြေအနေ များကြောင့် အစိုးရတပ်ဖွဲ့များ သည် UWSA ကို ရင်ဆိုင် တိုက်ခိုက်သည့် အနေအထား၌ မရှိသေးကြောင်း အကဲခတ် များက ဆိုပါသည်။ 

Credit : http://abbsoluteright.blogspot.com/

လက်ပံတောင်းအရေး လှုပ်ရှားသူများကို ထောင်ဒဏ်ချ



လက်ပံတောင်းတောင် အရေး လှုပ်ရှားခဲ့သူများကို ရွှေဘိုခရိုင် တရားရုံးမှ တရားဥပဒေအရ ဖြေရှင်း ခွင့်မပေးဘဲ ပုဒ်မပေါင်း များစွာဖြင့် ဇူလိုင်လ ၈ ရက်နေ့က ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။


လက်ပံတောင်းအရေး လုပ်ဆောင်နေသည့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး ကို ရွှေဘိုခရိုင် တရားရုံးက ပုဒ်မ ၁၄ ခုနှင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်လိုက်ပြီး ဒေသခံ ကိုစိုးသူနှင့် ကိုမောင်ဆန်းတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ် လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဧရာဝတီသို့ ပြောသည်။

“တရားဥပဒေအရ တရားခံတွေဘက်ကနေပြီး ကျနော် ခုခံချေပ ပိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ဒီတခေါက် ရုံးချိန်းက နောက်ဆုံးအဆင့် ရောက်နေပြီလို့ သိရတယ်။ နောက်ဆုံးအဆင့် ဖြစ်တဲ့အတွက် ထုချေပိုင်ခွင့်မရှိဘဲ နားထောင်ပိုင်ခွင့်နဲ့ပဲ ကျနော် ကျေနပ်ခဲ့ရတယ်။ တရားခံတွေ ဘက်ကနေ ရှေ့နေလိုက်ပေးခွင့် ရပေမယ့် ရုံးချိန်းကို ၂ ခေါက်ပဲ တက်ရောက်ခွင့် ရတယ်။ ပထမ တခေါက်ကတော့ တရားခွင်ထဲ ၀င်ခွင့်မပေးဘူး။ သူတို့ကိုလည်း ၃ မိနစ်လောက်ပဲ မြင်လိုက်ရတယ်။ ကားပေါ် ပြန်တင်ပြီး ထောင်ထဲ ပြန်ခေါ်သွားတာ။ အခု တရားခွင်ကျတော့လည်း ၀င်ပြီး ဘာမှ မပြောရဘဲ အမိန့်ချတာကို နားထောင်ရုံ သက်သက်လို ဖြစ်သွားတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီတဲ့အတွက် ကျနော်တို့ အထက်တရားရုံးအထိ တက်ပြီး အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ရှေ့နေ ဦးအောင်သူရိန်ထွန်းသည် ရန်ကုန်ရှေ့နေအသင်းမှ ဖြစ်ပြီး လက်ပံတောင်းအရေးတွင် ဖမ်းဆီးခံရသူများဘက်မှ ရှေ့နေလိုက်ပေးနေသူ ဖြစ်သည်။

ရွှေဘိုတရားရုံးက ၎င်းအား တရားဥပဒေအရ လျှောက်လွှဲပိုင်ခွင့်နှင့် ထုချေပိုင်ခွင့်များ မပေးခဲ့ဘဲ အမိန့်ချမှတ်သည့် အတိုင်းသာ တရားခွင်အတွင်းတွင် နားထောင်ခိုင်းခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လယ်ယာမြေပေါ်တွင် ဒေသခံများက ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့တွင် ဝင်ရောက် ထွန်ယက်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုးနှင့်အတူ ဒေသခံနှစ်ဦး ဖြစ်သော ကိုမောင်ဆန်းနှင့် ကိုစိုးသူတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကိုအောင်စိုးတဦးတည်း အတွက် ချမှတ်လိုက်သည့် ထောင်ဒဏ်များမှာ ပုဒ်မ ၃၃၂၊ ၄၄၇၊ ၁၄၃ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် စုစုပေါင်း ၂ နှစ်၊ ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၁၁၇ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၁၁၇ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၁၃ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၁၇ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၀ တို့ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၄၄၇၊ ၁၄၇၊ ၁၄၃ ဖြင့် ထောင်ဒဏ် ၆ လအပြင် ရှေ့တွင် စွဲဆိုထားသည့် အမှု ၃ မှုအတွက် ၆ လစီနှင့် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံရမည် ဖြစ်သည်။

စွဲဆိုထားသည့် ပုဒ်မထဲမှ ပုဒ်မ ၃ ခုမှာ တရုတ်ကုမ္ပဏီ ၀မ်ပေါင်မှ စွဲဆိုထားသည့် ပုဒ်မ ၃ ခုဖြစ်ပြီး ယင်းအတွက် တပေါင်းတည်း ထောင်ဒဏ် ၂ နှစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံများ အနေဖြင့် ၀မ်ပေါင် ကုမ္ပဏီကို တရားစွဲထားမှုများ ရှိသော်လည်း မည်သည့် ဥပဒေနှင့်မျှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာသားများ ဖြစ်သော ကိုမောင်ဆန်းနှင့် ကိုစိုးသူတို့မှာ ရှေ့တွင် ချမှတ်ထားသော ထောင်ဒဏ် ၆လစီနှင့် နောက်ထပ် ချမှတ်လိုက်သည့် ထောင်ဒဏ် ၂ နှစ်များဖြင့် စုစုပေါင်း တဦးလျှင် ထောင်ဒဏ် ၂ နှစ် ၆ လစီ ကျခံရမည် ဖြစ်သည်။

လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများကို စွဲဆိုထားသည့် ပုဒ်မများမှာ လိုအပ်သည်ထက် များပြား နေပြီး တချို့ပုဒ်မများမှာ ထပ်နေကြောင်း ဝေဖန်မှုများ ရှိသည်။

“ကိုအောင်စိုးတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေက ထပ်နေတယ်။ ဥပမာ ၁၄၃ တို့၊ ၄၄၇ တို့ဆို အမှုတခုစီမှာ နှစ်ခါ ပြန်ပါနေတယ်။ ၁၉၇၃ ခုနှစ် အနက်အဓိပ္ပာယ်ဖွင့်ဆို၊ ဥပဒေ ၂၀ အရ ပြဌာန်းချက်အရ ပြုလုပ်မှုတခုတည်းကို ပြစ်မှုနဲ့ ပြစ်ဒဏ် ၂ ကြိမ်ဆက်တိုက် မခံထိုက်စေရဆိုပြီး ပြဌာန်းထားပါတယ်။ ဒ့ါကြောင့်ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောစရာရှိပါတယ်” ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ထို့ပြင် ဥပဒေနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် ဦးမြင့်သွင်ကလည်း “လူတဦးကို အမှုပေါင်း ၄ မှုထက် ပိုပြီး တပ်ခွင့် မရှိပါဘူး။ အမှုတွေအများကြီး တပ်တယ်ဆိုတာ စစ်အစိုးရခေတ် လက်ထက်က လုပ်ခဲ့တာပါ။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဆိုရင်တော့ တရားခွင်အတိုင်း ဖြစ်သင့်ပါတယ်” ဟု ပြောကြားသည်။

လက်ပံတောင်း စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်အောင် နောက်ကွယ်မှ ကြိုးကိုင်သူ ၇ ဦးကို တရားဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူတော့မည် ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ အမိန့်စာများ ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ကိုဗထူး ဦးဆောင်သော ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ၅ ဦး၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ဖြစ်သည်။

တရားခံများကို လက်ခံထားရှိသူများအား ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

“လက်ပံတောင်းတောင် အရေး လှုပ်ရှားတဲ့သူတွေကို ဒီအတိုင်းပဲ ပုဒ်မတွေတပ်ပြီး ဖမ်းတယ်။ တရားရုံး ရောက်တော့လည်း သူတို့တပ်ထားတဲ့ ပုဒ်မတွေအတိုင်းပဲ ထောင်ချတယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် စစ်အာဏာရှင် ခေတ်တုန်းက လုပ်ခဲ့တဲ့ မူအတိုင်း ပြန်ကျင့်သုံးတာပါပဲ။ နောက်ကြောင်းကို ပြန်လှည့်တဲ့ သဘောပါ။ ဒါကို ကျနော်တို့က တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် တောင်းဆိုသွားမှာပါ။ ဒီမိုကရေစီ နိုင်ငံမှာ ဒါလိုမျိုး လုပ်ရပ်တွေ ဆက်ရှိနေသေးတာ မကောင်းတဲ့ အလားလာပါ” ဟု ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဗထူးက ပြောသည်။

လက်ပံတောင်းတောင် စီမံကိန်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ယခုအချိန်အထိ အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်ပြီး လက်ရှိအနေထားအထိ ဒေသခံပြည်သူများနှင့် တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့ အဆင်မပြေမှုများ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။ 

Credit : http://abbsoluteright.blogspot.com/

မိတ္ထီလာတွင် ဗလီတချို့ ဘာသာရေးလအမီ ပြန်ဖွင့်ခွင့်ပြု



မန္တလေးတိုင်း မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖျက်ဆီး ခံလိုက်ရသော ဗလီဝတ်ကျောင်းတချို့ကို အစ္စလမ်ဘာသာဝင်တို့၏ ဥပုသ်လအမီ ၀တ်ပြု ၀ါရှောင် ဆုတောင်းနိုင်ရန် ပြန်လည်ဖွင့်ပေး နေ ကြောင်း သိရသည်။


ယခု ဖွင့်ခွင့်ပေးလိုက်သော ဗလီ ၃ ခုသည် ချမ်းအေး ရပ်ကွက် အတွင်းရှိ ဗလီ၊ မိတ္ထီလာမြို့ အ၀င် စစ်တပ်အနီးရှိ ဗလီနှင့် ရတနာမာန်အောင် ရပ်ကွက်အတွင်းရှိ ဗလီတို့ ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

“ဗလီတွေကို ပြန်ဖွင့်ခွင့် ပေးနေပါတယ်။ နယ်မြေ အခြေအနေကလည်း အေးဆေးနေပြီ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒုက္ခသည် တော်တော်များများကလည်း ကိုယ့်နေရပ်ကို ပြန်နေကြပါပြီ” ဟု ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဗလီဝတ်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးခြင်းအား ကြိုဆိုကြောင်း၊ သို့ရာတွင် မိတ္ထီလာမြို့၏ လုံခြုံရေးအရ ညမထွက်ရ ဒေသန္တရ အမိန့် ၉ နာရီအထိသာ ဖြစ်သောကြောင့် နံနက်ပိုင်းတချိန်၊ ညပိုင်း တချိန် စုပေါင်းဝတ်ပြုမှုကိုမူ ပြုလုပ်၍ ရနိုင်မည် မဟုတ်ကြောင်း အစ္စလမ် ဓမ္မဗိမာန်မှ ဦးဆောင် ဆော်သြရေးမှူး ဦးအေးလွင်က ပြောသည်။

အစ္စလမ်ဘာသာရေးအရ ဥပုသ် ၀ါရှောင်ခြင်းကို အာရဗီ ဘာသာစကားအရ ဆွီယမ် (သို့) ဆောင်မ်ဟု ခေါ်ဆိုပြီး ခေတ္တခဏ ယာယီရပ်ဆိုင်းခြင်းဟု အဓိပ္ပာယ်ရကြောင်း၊ မြန်မာနိုင်ငံတွင် ဇူလိုင် ၁၁ ရက်နေ့မှ ဥပုသ်ဝါရှောင်ခြင်း စတင်ပြီး ရက်ပေါင်း ၂၉၊ ၃၀ ရက်ကြာ ဥပုသ်ဆောက်တည်ရကြောင်း သိရသည်။

ဥပုသ် စတင်ဆောက်တည်သည့် အချိန်သည် နံနက် ၄ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီ ၄၅ မိနစ်အထိ မည်သည့်အရည်၊ မည်သည့် အဖတ် အစားအစာမျှ စားသောက်ခြင်း မပြုဘဲ ဇနီးမောင်နှံ ဆက်ဆံမှုများလည်း ရှောင်ကျဉ်ရကြောင်း သိရသည်။

ပဋိပက္ခအတွင်း တိုက်ခိုက်ခံရသည့် ဗလီဝတ်ကျောင်းအများစုသည် လုံးဝ ပျက်ဆီးသွားခြင်းမျိုး မဟုတ်ဘဲ အနည်းငယ် ပြုပြင်လိုက်လျှင် ပြန်လည် ဖွင့်လှစ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ဦအေးလွင်က ပြောသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစဉ်ကလည်း ဖြစ်ပွားပြီးပြီးချင်း ၂ ရက်အတွင်း ဗလီဝတ်ကျောင်းများကို ပြန်ဖွင့်ပေးခဲ့သည့်တွက် မိတ္ထီလာမြို့တွင်လည်း ပျက်စီးမှုနည်းခဲ့သော ဗလီများကို မကြာခင် ပြန်လည်ဖွင့်နိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

“ဗလီအားလုံး ပျက်သွားတာက ၁၂ လုံး။ လေ့လာကြည့်သလောက်တော့ ၂ လုံးပဲ လုံးဝပျက်တာ။ အမိုးတွေ၊ အကာတွေက အစ ကျန်တာတွေက တော်တော်လေးကောင်းတယ်။ ပြန်ဖွင့်မယ်ဆိုရင် ဖွင့်လို့ရနိုင်တယ်” ဟု ဦးအေးလွင်က ဆက်ပြောသည်။

ယခုနှစ် ဥပုသ်အချိန်ကို အများအားဖြင့် မိမိတို့ နေအိမ်တွင်သာ ဘာသာရေးကျမ်းစာများ ဖတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း၊ ပိတ်ထားသော ဗလီဝတ်ကျောင်းများတွင် ၀င်ရောက်ဝတ်ပြုလျှင် အရေးယူခံနိုင်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း မိတ္ထီလာမြို့ အရှေ့ပြင်တွင် နေထိုင်နေသည့် အစ္စလမ်ဘာသာဝင် ဦးရန်အောင်က ပြောသည်။

“ကျနော်တို့က မနက်ပိုင်းနဲ့ ညပိုင်း စုပေါင်းဝတ်ပြုချိန်ကိုသာ မလုပ်နိုင်ရင်နေမယ်။ တနေ့ ၅ ကြိမ် လုပ်ရတဲ့ ၀တ်ပြုမှုကိုတော့ လုပ်လို့ရသေးတယ်။ ကယ်ဆယ်ရေးစခန်းထဲက ကျနော်တို့ ဘာသာဝင်တွေဆိုရင် ဥပုသ်တောင် စောင့်နိုင်မယ့် အခြေအနေ သိပ်မရှိဘူး” ဟု ၎င်းက ဆိုသည်။

ယခု ပြန်လည် ဖွင့်ခွင့်ပေးလိုက်သော ဗလီဝတ်ကျောင်းများမှာ အစ္စလမ်ဘာသာဝင် အများစု နေထိုင်နေသော ရပ်ကွက်များနှင့် အတွင်းပိုင်း ဒေသများရှိ နေရာများတွင်သာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့မဈေးတွင် ဈေးဆိုင်ဖွင့်ထားသူ ကိုဂျူဂျူးက ပြောသည်။

“အစိုးရက စာရွက်စာတမ်းနဲ့တကွ အရင်ကတည်းက တရားဝင် ဖွင့်ခွင့်ပေးခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်တာကတော့ ဖွင့်ရမှာပဲလေ။ အရေးကြီးတာက ငြိမ်းချမ်းနေဖို့ပဲ။ မြို့ခံတွေအနေနဲ့က မငြိမ်းချမ်းတာကို မလိုချင်ပါဘူး။ အားလုံး ခံစားကြရတာပဲလေ။ ဒါပေမယ့် ဘာသာရေးအရ အရောင်းအ၀ယ်တွေကအစ အရင်ကထက် စာရင်တော့ ခွဲခြားဝယ်ခြမ်းကြတာမျိုးကို ပိုတွေ့လာရတယ်” ဟု ၎င်းက ပြောသည်။

ဗလီဝတ်ကျောင်းများ ပြန်ဖွင့်သည့်အတွက် နယ်မြေလုံခြုံရေးကို ပိုမိုတင်းကျပ်ထားကြောင်း၊ ဖွင့်ခွင့်ပေးသော ဗလီများတွင် နေ့စဉ် ရဲအင်အား ၂၀ ဖြင့် စောင့်ကြပ်သွားမည်ဟု သိရကြောင်း အစ္စလမ် ဘာသာဝင် ဦးရန်အောင်က ပြောသည်။

ညဘက်ပိုင်း မြို့တွင်းသွားလာမှုနှင့် မြို့ဝင်မြို့ထွက်များကိုလည်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း ဗုဒ္ဓဘာသာဝင် ဒေသခံတဦးကလည်း ဆိုသည်။

ယနေ့သိရှိရသည့် သတင်းများအရ မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖမ်းဆီး စစ်ဆေးနေသူ လူ ၁၂၀ ကျော်ရှိသည့်အနက် လူသတ်မှုကြောင့် ဖမ်းဆီးခံနေရသူ ၄ ဦးထဲမှ ၂ ဦးကို တရားသေ လွှတ်ပေးခဲ့ပြီး ၂ ဦးကို ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း၊ စုစုပေါင်း ပြစ်ဒဏ်ကျခံရသူ ဗုဒ္ဓဘာသာဝင် ၆ ဦးနှင့် အစ္စလမ်ဘာသာဝင် ၇ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ တရားခံပြေးအဖြစ် သတ်မှတ်ထားသူ များလည်း ရှိကြောင်း မိတ္ထီလာ ခရိုင်တရားရုံး၏ မှတ်တမ်းများအရ သိရသည်။

ပြစ်ဒဏ်ခံရသူ အများစုမှာ လူသတ်မှု ကျူးလွန်၍ ကျခံရခြင်းဖြစ်ပြီး လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ မီးရှို့ဖျက်ဆီးမှုများဖြင့်လည်း ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ တရားခံများထဲမှ တချို့သည် မြို့နယ်တရားရုံးမှသာမက ခရိုင်တရားရုံးမှပါ ပြစ်ဒဏ်များ အသီးသီးချမှတ် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိခဲ့သူများထဲမှ နေအိမ်ပျက်ဆီးမှု မရှိသူများသာ မိမိတို့နေရပ်ထံ– ပြန်လည်နေထိုင်နေကြပြီး နေအိမ်များ မီးရှို့ ဖျက်ဆီးခံလိုက်ရသည့် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင် နှစ်ဖက်စလုံးမှ လူ ၃ သောင်းဝန်းကျင်မှာ ကယ်ဆယ်ရေးစခန်းတွင်ပင် ဆက်လက်နေထိုင်လျှက် ရှိနေကြောင်း ဒုက္ခသည်များကို အထောက်အပံ့ပေးနေသော အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

Credit : http://abbsoluteright.blogspot.com/

ငွေတိုးချေးစားသူတွေကို အရေးယူမှာလား



မြန်မာနိုင်ငံရှိ မြို့နယ်တော်တော်များများတွင် တရားမ၀င် ငွေတိုးချေးစားမှုများ များပြားလာနေပြီး အတိုးနှုန်းမြင့်မားမှုကြောင့် ဆင်းရဲသား ပြည်သူ များမှာ အကြွေးပြန်မဆပ်နိုင်ဘဲ ဒုက္ခ ဆင်းရဲမျိုးစုံ ကြုံတွေ့နေရ၍ ပြည်သူ့လွှတ်တော်တွင် မေးမြန်း ဆွေးနွေးမှုများနှင့် ကွင်းဆင်းမေးမြန်းမှုများ ကြုံလာ နေရပြီဖြစ်သည်။


အတိုးနှုန်း အဆမတန်မြင့်မားမှုနှင့် စာချုပ်လွတ် လက်မှတ်ထိုးခိုင်းမှုများကြောင့် အကြွေးပြန်မဆပ်နိုင်ဘဲ မိမိကိုယ်မိမိ သတ်သေသူများအပါအ၀င် အိုးအိမ်ပျက် ဘ၀ပျက်သွားသူများစွာ ရန်ကုန်မြို့တွင် ရှိနေသည်။

တနေ့ ၀င်ငွေနှင့် ထွက်ငွေမှာ မမျှသောကြောင့် ငွေပိုငွေလျှံမရှိဘဲ ကျန်းမာရေးကိစ္စပေါ်လာသောအခါ အတိုးနှုန်းကြီးစွာဖြင့် ရပ်ကွက်အတွင်း ငွေတိုးချေးစားသူထံတွင် သွားရောက်ချေးငှားရပြီး ပေါင်နှံစရာ ပစ္စည်းမရှိပါက နေ့ပြန်တိုးဟု ခေါ်သော အရင်းမဆပ်နိုင်မချင်း အတိုးပေးနေရသော အလုပ်ကို တစ်နှစ်ခန့် လုပ်ခဲ့ရကြောင်း မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်တွင် မုန့်လင်မယားရောင်းသူ မသူဇာက ဧရာဝတီကို ပြောပြသည်။

” တစ်နေ့ရှာတာက စားဖို့လောက်ပဲ ရှိတယ်။ မပိုလျှံဘူး။ နေမကောင်းဖြစ်လာတော့ ကုရပြန်ရော။ ကျန်းမာရေးကိစ္စ ပေါ်လာရင် ပိုက်ဆံချေးရတယ်။ ချေးလိုက်တော့ အကြွေးဖြစ်သွားရော။ အဲဒီအကြွေး လည်း ဆပ်ရတယ်။ စားဖို့လည်း ရှာရတယ်”ဟု မသူဇာက ဆိုသည်။

အတိုးဟု ဆိုရာတွင် အရပ်အခေါ် နေ့ပြန်တိုး၊ မတ်တိုး၊ ရက်သုံး၊ လသုံးနှင့် လတိုးဟူ၍ အတိုးများစွာရှိပြီး ချေးငှားသူနှင့် ငွေရှင် ကျေနပ်ပါက နားလည်မှုဖြင့် ချေးငှားနေကြကြောင်း တွေ့ရသည်။

” နေ့သွင်းကျတော့ နှစ်သောင်းယူရင် တစ်ရက်ကို တစ်ထောင်နှုန်းနဲ့ ၂၄ ရက် ပြန်သွင်းရတယ်။ မတ်တိုးဆိုတာက ပိုက်ဆံတစ်သိန်း ချေးလိုက်တယ်ထား၊ အဲဒီတစ်သိန်းကို ပြန်မပေးနိုင်မချင်း နေ့တိုင်း အတိုးပေးရမယ်။ အတိုးက တစ်ရက်ကို ၃၀၀၀။ ၁၀ ရက်ကို သုံးသောင်း ။ ၃၀ တိုးပေါ့။ မဆပ်နိုင်မချင်း ပေးရောပဲ။ ကျမ မတ်တိုးချေးဖူးတယ်။ ကျမ မတ်တိုး နှစ်သောင်းချေးလိုက်တာ နောက်ဆုံးမဆပ်နိုင်တော့ သိန်းနဲ့ချီသွားတယ်။ ရက်သုံးဆိုတာ ရှိသေးတယ်။ ရက်သုံးက ၁၀ ရက်သုံးရှိတယ်။ တချို့က ရက်သုံးကို ၂၀ တိုးယူတာ ရှိတယ်။ တချို့က ၃၀ တိုးယူတယ်။ ရက်သုံးကျတော့ ကိုယ်ယူတဲ့ငွေ မပေးနိုင်မချင်း ၁၀ ရက် တခါ အတိုးသတ်ရတာပေါ့။ နေ့ပြန်တိုးကတော့ နေ့သွင်းပေါ့။ နှစ်သောင်းပေးလိုက်တယ်။ နှစ်သောင်းဆိုရင် နှစ်ထောင်သွင်း”ဟု အတိုးပေါင်းများစွာအကြောင်းကို မသူဇာက ရှင်းပြသည်။

ယင်းသို့ ရန်ကင်း၊ ဒေါပုံ၊ ဒလ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ သုံးခွ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များနှင့် နိုင်ငံတဝှမ်း မြို့နယ်တော်တော်များများ၌ အတိုးနှုန်းမြင့်မားစွာဖြင့် ငွေတိုးပေးစားသူများက အဆင်းရဲဆုံး ပြည်သူများအပေါ် စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ပေးဆပ်နေရသည့်အတိုးကို လက်ခံရရှိကြောင်း အထောက်အထား မပေးခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်မှုကြောင်းစွဲဆို၍ ထောင်ဒဏ်ကျခံစေခြင်း၊ တရားမကြောင်းစွဲ၍ အိမ်‌မြေများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က လွှတ်တော်တွင် ဇူလိုင်လ ၉ ရက်နေ့က ပြောဆိုကာ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားသူများအပေါ် အရေးယူပေးရန် အစီအစဉ်ရှိပါသလားဟု ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းကို မေးခွန်းထုတ်ခဲ့သည်။

ရဲချုပ်ကျော်ကျော်ထွန်းက အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုသည့် စကားရပ်၏ အဓိပ္ပာယ် ဖော်ပြချက်မှာ အသေးစား ချေးငွေ ထုတ်ပေးခြင်းလုပ်ငန်း ပါဝင်ပြီး ယင်းဥပဒေပုဒ်မ ၅၄ တွင် လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းရဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည့်အတွက် အဲဒီ တားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ ၅၇ အရ အရေးယူနိုင်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

၁၉၄၅ ခုနှစ် The Money-Lender Act ဥပဒေအရ အမြဲတန်းမဟုတ်ဘဲ လက်လှည့်သုံးဟုခေါ်သော တဦး အခက်အခဲကို တဦးက ကူညီသည့်သဘောဖြင့် ငွေချေးငှားခွင့်ရှိကြောင်း၊ သို့သော် စီးပွားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် အမြဲငွေချေးငှားလိုလျှင်မူ ငွေကြေးချေးငှားခွင့်လိုင်စင် လျှောက်ရန် လိုအပ် ကြောင်း ကိုမူ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောဆိုသည်။

”စာချုပ်အလွတ်မှာ လက်မှတ်ထိုးလိုက်တော့ သူ့အတွက်ရေးချင်တာ ရေးလို့ရတဲ့ အခွင့်အရေး ရသွားတာ ပေါ့။ အမှန်ကတော့ စာချုပ်အလွတ်မှာ လုံးဝ လက်မှတ်မထိုးသင့်ပါဘူး။ တဖက်က မသမာတဲ့နည်းနဲ့ လုပ်မယ်ဆိုရင် ရင်ဆိုင်တဲ့အခါ ကိုယ်ဘက်က အားနည်းသွားရော။ မဟုတ်က ဟုတ်က ရေးပြီး အမှုဆင်တာမျိုးတွေလည်း အန်ကယ်တို့ တွေ့ရတယ်” သူက ဆိုသည်။

တရားမ၀င် ငွေတိုးချေးစားသူတဦးဖြစ်သည့် မြောက်ဒဂုံမြို့နယ်နေ ဒေါ်လွင်ကမူ ” ကျမက ဘယ်သူကိုမှ လာယူပါဆိုပြီး ပေးနေတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ အတိုး ဘယ်လောက်ပေးရရ ယူမယ်ဆိုပြီး ရောက်လာတာ။ ပြန်တောင်းတဲ့အခါကျတော့ တချို့က ပေးစရာမရှိလို့ အသားလှီးယူလို့ ပြောတာ ရှိသေးတယ်။ ကိုယ့်ငွေရင်းထားရတာ အတိုးတော့လိုချင်တာပဲ။ အခုခေတ်ကတော့ လုပ်စားလို့ကို မကောင်း တော့ပါဘူး”ဟု ညည်းသည်။

ငွေချေးသူ သားသမီး ၃ ယောက်အမေ ပဲပြုတ်သည် မအေးအေးဝင်ကလည်း “မရှိလို့ ချေးစားတာလေ။ အတိုးအများကြီးယူတော့ လပိုင်းလောက်မှာ မသိသာပေမယ့် နှစ်ချီလာရင်တော့ မပေးနိုင်တဲ့အခါ ငါပေးထားတဲ့ ပိုက်ဆံတွေက ဘယ်လောက်ရှိပြီ။ နင့်ကိုငါ အတိုးဘယ်လောက်ပေးထားပြီးပြီ ဆိုပြီး ပြဿနာတွေက တက်ကြရော။ နောက်ဆုံး ရုံးရောက် ဂတ်ရောက်ဖြစ်တာပေါ့”ဟု ဆိုသည်။

ရန်ကုန်မြို့တွင် တရားဝင် ငွေတိုးချေးသည့် လုပ်ငန်းများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လက်အောက်မှ ငွေချေးလုပ်ငန်းများ၊ စည်ပင်သာယာရေး ကော်မတီတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက အပေါင်ဆိုင်များ ဖြစ်ပြီး သမ၀ါယမ၀န်ကြီးဋ္ဌာနတွင် မှတ်ပုံတင်၍ တရားဝင် အစုဖွဲ့ထားသော သမ၀ါယမ အသင်းများထံတွင် ငွေချေးငှား၍ ရနိုင်သည်။

သို့သော် တရားဝင်အပေါင်ဆိုင်များတွင် ငွေချေးငှားလိုပါက အပေါင်ပစ္စည်းလိုအပ်ပြီး သမ၀ါယမအသင်း များကလည်း အသင်းဝင်ဖြစ်သော လုပ်ငန်းတစ်ခုခု ရှိသူကိုသာ ငွေကြေး အကန့်အသတ်ဖြင့် ချေးငှား ပေးနေခြင်းဖြစ်သည်။

အစိုးရ၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစီအစဉ်ဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများမှ တရားဝင် ချေးငှား ပေးနေသော ငွေမှာလည်း အတိုးနှုန်းနည်းပါးသော်လည်း ပြန်ဆပ်ရသည့် ကာလကြာရှည် သောကြောင့် စိတ်ပါဝင်စားသူ နည်းပါးသည်။ အစိုးရအနေဖြင့် ဆင်းရဲသားများကို ကူညီစောင့်ရှောက် မည်ဆိုပါက နေစရာအတွက် တန်ဖိုးနည်း အိမ်ရာများစီစဉ်ပေးရန်နှင့် ကျန်းမာရေးတွင် အခမဲ့ဆေးကုသခွင့် ရရှိရန် လိုအပ်ကြောင်း ဧရာဝတီနှင့် တွေ့ဆုံခဲ့သူအများစုက ပြောကြသည်။

Credit : http://abbsoluteright.blogspot.com/