Wednesday, July 10, 2013

ဗုဒ္ဓဂယာသတင်း အဆက်


"ဗုဒ္ဓဂယာသတင်း အဆက်"

• ဗုဒ္ဓဂယာ အကြမ်;ဖက်တိုက်ခိုက်မှုမှာ ဗုံး ၁၃ လုံး၊ ဒဏ်ရာရသူ ၂ ပါး၊ မေးခွန်းပေါင်း ထောင်သောင်းရှိဆဲ၊
• အိန္ဒိယ မူဂျာဟီဒင်လို့ သံသယတွေများ၊ အထောက်အထား မခိုင်လုံသေး၊
• (မော်ဝါဒီ) သူပုန်လက်ချက် သက်သေမရှိ၊
• ဆလင်ဒါဗုံ ၁၃ လုံးသုံးခဲ့။ ချိန်ကိုက်ဖေါက်ခွဲဘို့ရာ ကြာပန်းတံဆိပ်ပါ (အနာလော့) နာရီကို အသုံးပြုခဲ့၊ မပေါက်သေးတဲ့ဗုံး ၃ လုံးက ဒိအရင်ပေါက်ကွဲမှုကြောင့် လျှပ်စီးကြောင်း ပြတ်သွာလို့ဖြစ်။
• ဗုံးတွေထဲမှာ အမိုးနီးယား နိုက်ထရိတ်၊ ဆာလ်ဖါ နဲ့ ပိုတက်ဆီယမ် အီမားလ်ရှင်းတွေကို သုံးထား။ ဒါတွေကို ထုပ်ပတ်ပြီး ၂ ကေဂျီ LPG မီးဖိုသုံး လောင်စာဓါတ်ငွေ့ ဆလင်ဒါအသေးစားထဲမှာ အပေါက်ဖေါက်ပြီးထည့်ထား။
• ဒီလုပ်နည်းဟာ အရင် ၂ဝဝ၈ (အမာဒါဘတ်) နဲ့ ၂ဝဝ၆ (ဂျေပူး) မှာ ၂ဝ၁၂ (ပူနေး) မှာ ဖေါက်ခွဲခဲ့တဲ့ IED တွေနဲ့ တူတယ်။
• အဲတာတွေအားလုံးကို အိန္ဒိယ (မူဂျာဟီဒင်) ကနေလုပ်ခဲ့တာဖြစ်။ ဒါပေမဲ့ ဆလင်ဒါတွေ မသုံးခဲ့ဘူး။ ဒါကြောင့် အုပ်စုသစ်များဖြစ်မလား စဉ်းစားရပြန်တယ်။
• သုံးထားတဲ့ အမိုးနီးယားပမာဏ နည်းတယ်။ ၁၅ဝ-၂ဝဝ ဂရမ်သာရှိတယ်။ ၂ဝ၁၃ ဖေဖေါ်ဝါရီလတုံးကက လူ ၁၆ ယောက် သေခဲ့တဲ့ ဟိုက်ဒရာဘတ်မှာ ဖေါက်ခဲ့တုံးက ၄ဝဝ-၇ဝဝ ဂရမ်သုံးခဲ့တယ်။
• အိန္ဒိယ (မူဂျာဟီဒင်)တွေက ဗုဒ္ဓဂယာကိုပြစ်မှတ်ထားတယ် ဆိုတာ ပြောပြီးသားပေမဲ့ သက်သေမခိုင်လုံသေးဘူး။
• သံသယရှိသူ ၃ ယောက်ရှိ၊ ၂ ယောက်ရဲ့ဓါတ်ပုံကို ထုတ်ပြန်လိုက်ပြီ။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၃ (နေ့ ၁၂ နာရီ ၃၇ မိနစ်)

• ဗုဒ္ဓဂယာ အကြမ်;ဖက်တိုက်ခိုက်မှုမှာ ဗုံး ၁၃ လုံး၊ ဒဏ်ရာရသူ ၂ ပါး၊ မေးခွန်းပေါင်း ထောင်သောင်း ရှိဆဲ၊

• အိန္ဒိယ မူဂျာဟီဒင်လို့ သံသယတွေများ၊ အထောက် အထား မခိုင်လုံသေး၊

• (မော်ဝါဒီ) သူပုန်လက်ချက် သက်သေမရှိ၊

• ဆလင်ဒါဗုံ ၁၃ လုံးသုံးခဲ့။ ချိန်ကိုက်ဖေါက်ခွဲဘို့ရာ ကြာပန်းတံဆိပ်ပါ (အနာလော့) နာရီကို အသုံးပြုခဲ့၊ မပေါက်သေးတဲ့ဗုံး ၃ လုံးက ဒိအရင်ပေါက်ကွဲမှုကြောင့် လျှပ်စီးကြောင်း ပြတ်သွာလို့ဖြစ်။


• ဗုံးတွေထဲမှာ အမိုးနီးယား နိုက်ထရိတ်၊ ဆာလ်ဖါ နဲ့ ပိုတက်ဆီယမ် အီမားလ်ရှင်းတွေကို သုံးထား။ ဒါတွေကို ထုပ်ပတ်ပြီး ၂ ကေဂျီ LPG မီးဖိုသုံး လောင်စာဓါတ်ငွေ့ ဆလင်ဒါအသေးစားထဲမှာ အပေါက် ဖေါက်ပြီး ထည့်ထား။

• ဒီလုပ်နည်းဟာ အရင် ၂ဝဝ၈ (အမာဒါဘတ်) နဲ့ ၂ဝဝ၆ (ဂျေပူး) မှာ ၂ဝ၁၂ (ပူနေး) မှာ ဖေါက်ခွဲခဲ့တဲ့ IED တွေနဲ့ တူတယ်။

• အဲတာတွေအားလုံးကို အိန္ဒိယ (မူဂျာဟီဒင်) ကနေလုပ်ခဲ့တာဖြစ်။ ဒါပေမဲ့ ဆလင်ဒါတွေ မသုံးခဲ့ဘူး။ ဒါကြောင့် အုပ်စုသစ်များဖြစ်မလား စဉ်းစားရပြန်တယ်။

• သုံးထားတဲ့ အမိုးနီးယားပမာဏ နည်းတယ်။ ၁၅ဝ-၂ဝဝ ဂရမ်သာရှိတယ်။ ၂ဝ၁၃ ဖေဖေါ်ဝါရီလတုံးကက လူ ၁၆ ယောက် သေခဲ့တဲ့ ဟိုက်ဒရာဘတ်မှာ ဖေါက်ခဲ့တုံးက ၄ဝဝ-၇ဝဝ ဂရမ်သုံးခဲ့တယ်။

• အိန္ဒိယ (မူဂျာဟီဒင်)တွေက ဗုဒ္ဓဂယာကိုပြစ်မှတ်ထားတယ် ဆိုတာ ပြောပြီးသားပေမဲ့ သက်သေမခိုင်လုံ သေးဘူး။

• သံသယရှိသူ ၃ ယောက်ရှိ၊ ၂ ယောက်ရဲ့ဓါတ်ပုံကို ထုတ်ပြန်လိုက်ပြီ။

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၃ (နေ့ ၁၂ နာရီ ၃၇ မိနစ်)

Credit : http://www.yeyintnge.com/2013/07/blog-post_662.html#.Ud0wVazhfHY

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို



ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်း ဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့် ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင် ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည် ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။


ဇူလိုင်လ ၉ ရက်က အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ၌ ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ အပါ အဝင် တိုင်းရင်းသားပေါင်းစုံအတွက် လိုအပ် လျက်ရှိသော ကာကွယ်စော င့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ၄င်းက မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ၊ သာသနာ ပျောက်ကွယ်သွားမည် စိုးရိမ်စိတ်ဖြင့် မျိုးစောင့် ဥပဒေ ပြ ဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် ယခုလိုသုံး သပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပထမအဆင့်က စိုးရိမ်ဖွယ်ဖြစ်နေပြီ။ ကိုယ့်ဘာသာသာသနာနဲ့ ပတ်သက်လို့အန္တရာယ် ရှိနေပြီဆိုတာကို အားလုံးက လေး လေးနက်နက် ခံယူပြီလား၊ အဲဒီမှာကို သဘောတူညီမှုတစ်ခု ရအောင် အခြေခံအကျဆုံး အဆင့်ကနေ စပြီး ကိုင်ကွယ်ဖို့ လိုပါတယ်''ဟု ကိုကိုကြီးက ပြော သည်။

လက်ရှိအချိန်၌ ယင်းကိစ္စထက် နိုင်ငံ တကာအလယ်၌ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း၊ အကြမ်းဖက်ဘာသာအဖြစ် ကျဆင်းနေသော ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင် ရန် လုပ်ဆောင် ရမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အကြမ်းဖက် သတ် ဖြတ်မှုကို လိုလားသောဘာသာမဟုတ်ကြောင်း ပုံရိပ်ကို ပြန်လည်ပြသနိုင်ရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။

အမျိုးဘာသာ သာသနာ ပျောက်ကွယ်မည် စိုးရိမ်၍ ဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသော မျိုးစောင့်ဥပဒေ နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ မတူညီ သော သဘောထားများ ထွက်ပေါ်လာ ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာဆုံးဖြတ် ချက်ကို ဟန့်တားခြင်း မဟုတ်ဘဲ၊ အကာအကွယ်မဲ့ အမျိုးသမီးများအတွက် အရေးကြုံလျင် အကာအကွယ်တစ်ခုဖြစ် ရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။

''အားလုံး ညီညီညွှတ်ညွှတ်နဲ့ ငြိမ်း ချမ်းရေးကို လိုချင်ပါတယ်။ ဘာသာရေး ပဋိပက္ခ စတင်မှုကနေ နောက်ဆုံး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲမယ့် အနေအ ထားဖြစ်လာတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်'' ဟု နာရေးကူညီမှုအ သင်း အလုပ်အမှုဆောင် ဆရာမ သန်း မြင့်အောင် က ပြောသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ကန့်ကွက်သူနှင့် ထောက်ခံသူကြား အမျိုးဘာသာသာသနာကို စောင့် ရှောက်သူနှင့် မစောင့်ရှောက်သူအဖြစ် အမြင်သဘောထားများဖြစ်ပေါ်လျက် ရှိပြီး ယင်းသို့မဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် ရှိစေချင် ကြောင်း ၄င်းကထပ်လောင်းပြောကြား သည်။

''ပဋိပက္ခအသွင်ဆောင်နေတာကို ကျွန်မ မကြည့်နိုင်ပါဘူး ။ ဆွေးနွေးငြင်း ခုံခြင်းဖြင့် အဖြေမှန်ထွက်သွား စေချင် ပါ တယ်''ဟု ဆရာမသန်းမြင့်အောင်က ဆိုသည်။

အငြင်းပွားဖွယ်ဖြစ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကျွမ်း ကျင်ဥပဒေပညာရှင်၊ အတတ် ပညာရှင်များ၊ အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံရေးအင်အားစု များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_9517.html#.Ud0wVKzhfHY

ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်သူ ၅၀၀ကျော် ပြစ်ဒဏ်ချ

နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေသည်ဟု ဆိုသည့် ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန် ခဲ့သူ ၅၀၀ ကျော်ကို ပြစ်ဒဏ် ချမှတ်ထားပြီး ၆၀၀ ကျော်ကို ဆက်လက် စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။


ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် ခရီးစဉ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က နိုင်ငံတကာ သံတမန်များ၊ အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန ရုံးတွင် ဇူလိုင်လ ၉ရက်နေ့က တွေ့ဆုံ ရှင်းလင်းစဉ် ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှုပေါင်း ၂၉၅မှုဖြင့် လူ ၁၁၈၉ ဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှု ကျူးလွန် ခဲ့သူ ၅၀၇ ဦးကို ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ မှုတွင် ပြစ်မှု ကျူးလွန် ခဲ့သူဟု ဆိုသူ ၆၆၂ ဦးကို ဆက်လက် စစ်ဆေး အရေးယူနေကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ဆိုသည်။

ပြစ်မှု ကျူးလွန်ခဲ့သူများတွင် ဘင်္ဂါလီလူမျိုး အများစု ပါဝင်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည့် သာမန် ပြစ်မှုမှတစ်ဆင့် ပဋိပက္ခ အသွင် ကူးပြောင်းသွားခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်အောင် လူ့အဖွဲ့အစည်း နှစ်ဖက်လုံးတွင် လှုံ့ဆော်သူများ ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး အတွက် အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ပြန်လည် နေရာချထားရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေး စသည့် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ လူ့အဖွဲ့အစည်း နှစ်ခုလုံးတွင် ရှိသည့် စိတ် ဒဏ်ရာများကို အချိန်ယူကာ ကုစားပေးသွားရမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ကို ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံး ပြီး တစ်သိန်းကျော် အိုးမဲ့၊ အိမ်မဲ့ ဒုက္ခရောက် ခဲ့ကြသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_688.html#.Ud0wTKzhfHY

ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်ဖြစ်

ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်း သည် အာဏာရှင် စနစ်သာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ က ပြောကြားသည်။


ဇူလိုင် ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်၊ မြို့မလမ်းရှိ အိုးဝေ စာကြည့်တိုက် တွင် ပြု လုပ်သည့် 7 July ကျောင်းသား အရေးတော်ပုံ ၅၁ နှစ်မြောက် အခမ်းအနားတွင် တက်ရောက် လာကြသည့် ကျောင်းသားသမဂ္ဂ အသီးသီးမှ မျိုးဆက်သစ် ကျောင်းသားများအား ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်သာ ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂကို အပြတ်ချေမှုန်းခြင်း ၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးခဲ့ခြင်းသည် ပြိုင်ဘက်ကို အပြတ် ရှင်းခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ပြည်သူလူထု၏အသံ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အတွေးအခေါ်များကို ဆိတ်သုဉ်းသွားစေရန်၊ တိုးတိတ်သွားစေရန် အာဏာရှင် အစိုးရတိုင်းက လုပ်လေ့ ရှိကြောင်း ဦးဂျင်မီက ဆိုသည်။

''ကျွန်တော်တို့ ယုံကြည်ရာကို ငြင်းခုံကြရမယ်။ ပြောကြည့်ကြရမယ်။ အမြင်ချင်း မတူတာတွေ ကို ပြောကြည့်ကြရ လိမ့်မယ်။ အမြင်မတူလို့ ဖိနှိပ်တယ်။ ချေမှုန်းတယ်ဆိုတဲ့ အလေ့အကျင့် ဆိုးကြီးကို တိုက်ဖျက်ကြရမယ်'' ဟု ဦးဂျင်မီက ပြောကြားသည်။

အဆိုပါ 7 July အခမ်းအနားသည် အခမ်းအနား တက်ရောက်လာသူများ အတွက် နေရာအခက်အခဲ ရှိခဲ့ပြီး အာဏာပိုင် အချို့၏ ဖိအားပေးမှုကြောင့် အခမ်းအနား ကျင်းပရန် နေရာငှားရမ်းရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တာဝန်ခံ ဦးမင်းသွေးသစ်က ပြောကြားသည်။

From...EMG

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်း အထိ ပြစ်မှု ကျူးလွန်သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


မတ် ၂၂ ရက်က နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံ တစ်ခုအား ဖျက်ဆီးခဲ့သူ အေးမင်းစိုး (ဗုဒ္ဓဘာသာဝင်) အသက်(၃၄ နှစ်)အား ပြစ်မှုပုဒ်မ ၂၉၅ အရ ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇူလိုင် ၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ရန်နိုင် (ဗုဒ္ဓဘာသာဝင်) အသက်(၂၇နှစ်)အား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မတ် ၂၁ ရက်က အုတ်ကျင်းကျေးရွာအနီးတွင် ဦးတင်အောင်အား သတ်ဖြတ်မှုဖြင့် အောင်အောင် (ခ)အောင်ဆန်းဦး (ဗုဒ္ဓဘာသာဝင်) တစ်ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)/၃၄ အရ ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် ဇူလိုင် ၅ ရက်တွင် အမိန့် ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ဘဂျမ်း (ဗုဒ္ဓဘာသာဝင်)(ဘ)ဦးဝင်းဦး၊ သော်သော် (ဘ) အေးလွင် (ဗုဒ္ဓဘာသာဝင်)၊ ဆန်းဝင်း (ဗုဒ္ဓဘာသာဝင်)(ဘ) ဦးသန်းမောင်တို့အား တရားခံပြေး အဖြစ် ကြေညာ ထားကာ ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ 

မတ် ၂၃ ရက်က နန်းတော်ကုန်း ရပ်ကွက် သံလမ်းကူးအနီးတွင် လူလေးဦး မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးမှုအတွက် တာတာစိုး (ဗုဒ္ဓဘာသာဝင်) အသက် (၂၄ နှစ်)၊ (ဘ)ဦးမြင့်စိုးအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ (၂)/၁၁၄ အရ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် ဇွန် ၂၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ အငယ်ကောင် (ခ)စိုးမင်းသူ (ဗုဒ္ဓဘာသာဝင်) အား တရားခံပြေးအဖြစ် ကြေညာခဲ့သည်။

အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား စိတ်ဝမ်းကွဲအောင် ပြောဆိုမှုဖြင့် ဧပြီလကုန်က တရားစွဲဆိုခဲ့သူ ကျော်ကျော် (ဗုဒ္ဓဘာသာဝင်) အသက် (၄၇ နှစ်) (ဘ) ဦးလှသောင်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇွန် ၂၄ ရက်က အမိန့်ချမှတ်ခဲ့ပြီး ယင်းမှာ သတင်းထောက်တစ်ဦး မဟုတ်ကြောင်းလည်း သိရသည်။

From...EMG

တိုင်းဒေသကြီးသုံးခုမှ လယ်သမား ၂၀၀ ခန့် လယ်ယာမြေ မူလပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုများအတွက် ရန်ကုန်တွင် ဆန္ဒပြ


yangonwish-july10

တပ်မတော်၊ တိုင်းဒေသကြီး အစိုးရနှင့် ၀န်ကြီးဌာန အချို့က သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက် ၍ တိုင်းဒေသကြီး ဒေသသုံးခုမှ လယ်သမား ၂၀၀ ခန့်သည် ၎င်းတို့၏ လယ်ယာမြေ မူလပိုင် ဆိုင်မှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဆန္ဒပြမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တို့မှ လယ်သမားများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ယခုဆန္ဒပြမှုသည် သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။


ဒလမြို့နယ်၊ ခနောင်ကျေးရွာမှ လယ်သိမ်းဆည်းခံ လယ်သမား ဦးကြည်စိုးက "ကျွန်တော်တို့ လယ်တွေ ကို ဧရာဝတီ ရေတပ်ဌာနချုပ်က စီမံကိန်းဆိုပြီး သိမ်းထားတာပါ။ စီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်တာဆိုလို့ အခုခြံစည်းရိုး ခတ်တာလောက်ပဲ ရှိပါတယ်။ သူတို့သိမ်းထားတာက အနှစ် ၂၀ လောက် ရှိသွားပါပြီ။ အရင်က သီးစားချပေးခဲ့ပေမယ့် အခုထွန်ယက်စိုက်ပျိုး တာတွေကို ခွင့်မပြုဘဲ ဖျက်ဆီး တာတွေ ပြုလုပ် လာတယ်" ဟု ယင်းဆန္ဒပြပွဲတွင် ပြောကြားသည်။

ထို့ပြင် ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် တွံတေးမြို့နယ်၊ ထော်ကူးမှ လယ်သမားများကလည်း "အာဏာ လည်းမရှိ၊ ငွေလည်းမချမ်းသာ၊ တရားဥပဒေလည်း နားမလည်၊ ကိုယ့်နာမည်တောင် ကိုယ်မရေးတတ်တဲ့ ကျွန်တော်/ကျွန်မတို့အပေါ် အာဏာရှိ၊ ငွေချမ်းသာ၊ တရားဥပဒေလည်း နားလည်တဲ့ လူတွေက လိမ်လည် လှည့်စား အနိုင်ကျင့်ယူခဲ့တဲ့ လယ်ယာမြေတွေကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပေးပါ" ဟု စာတန်းပါ ရှိသည့် ပိုစတာဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

တွံတေးမြို့နယ်၊ ထော်ကူးမှ လယ်သမား ဦးမြင့်စိန်ကလည်း "ကျွန်တော်တို့ လယ်သမားတွေရဲ့ ၈၁၄ ဧက ကို ၁၉၉၂ ခုနှစ်က တပ်မတော်၊ ဌာနဆိုင်ရာတွေနဲ့ ငွေရှင်ကြေးရှင်တွေရဲ့ သိမ်းဆည်းမှုကို ခံခဲ့ရပါ တယ်" ဟု ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ လယ်သမားများနှင့် ဥယျာဉ်ခြံမြေ သမားအချို့တို့ကလည်း ပဲခူး တိုင်းဒေသ ကြီးတွင် ဆန္ဒပြခွင့် မရသဖြင့် ရန်ကုန်မြို့တွင် ယခုလို ပူးပေါင်းပါဝင် ဆန္ဒပြရခြင်း ဖြစ် သည်ဟု ပြော ကြားသည်။

"ကျွန်တော်တို့က ပဲခူးမြို့မှာ လယ်သိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြဖို့ စာတင်တာကို လုံးဝခွင့်ပြုချက် မရပါဘူး။ ကျွန်တော်တို့က ဘယ်သူသိမ်းတာလဲမေးရင် တိုင်းဒေသကြီး အစိုးရက သိမ်းတာလို့ပဲ သိရတယ်။ တက္ကသိုလ်တိုးချဲ့ စီမံကိန်းဆိုပြီး သိမ်းသွားတဲ့တွေဆိုလည်း လက်ရှိခြံခတ် ထားတာလောက်ပဲ ရှိတယ်။ ဘာမှမလုပ်သေးဘူး။ တကယ် စီမံကိန်းလုပ်ရင် ကျွန်တော်တို့ အနေနဲ့ ပြောစရာ မရှိပါဘူး" ဟု ပြောကြားသည်။ ထို့အပြင် တာဝန်ကျေစပါး မပေးသွင်းနိုင်၍ လယ် ၁၀ ဧက အသိမ်းခံခဲ့ရသည့် ဧရာဝတီ တိုင်းဒေသကြီး မော်ကျွန်းမြို့မှ လယ်သမား တစ်ဦးကလည်း "ကျွန်တော့်လယ်ကို တာဝန်ကျေ စပါး မသွင်းလို့ဆိုပြီး သိမ်းထားပါတယ်။ စသိမ်းတုန်းက တစ်နှစ်ပဲလို့ပြောပြီး အခု အနှစ် ၂၀ လောက်ရှိ သွားပြီ။ ပြန်မရတော့ဘူး။ မော်ကျွန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းတွေက လယ်သမားတွေကို ဖိနှိပ် ချုပ်ချယ်မှုတွေ လုပ်နေပါတယ်" ဟု ဆိုသည်။

လယ်သမားများ ဆန္ဒပြနေသည်ကို ဇူလိုင် ၉ ရက် နံနက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တွေ့ရစဉ်
(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

From...EMG

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်


ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

Wednesday, 10 July 2013

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြုလုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။        

From...EMG

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ များအား အိမ်ထောင်စု စာရင်း ကောက် ယူမှု ပြန်လည်ပြု လုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ နှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြား သည်။


ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ် ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေ များနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခု ကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့် အချိန်တွင် ပြန် လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည် စာရင်း ကောက်ယူဖို့ လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက် ယူရာ တွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆို သည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါ အားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက် ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ် ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်း အကြမ်း ဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေ စာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

From...EMG

ဗုဒ္ဓဂယာ ဗုံးကွဲမှုကြောင့် ရွှေတိဂုံနှင့် မန္တလေး မဟာမြတ်မုနိဘုရား လုံခြုံရေး တိုးမြှင့်ပြီ



ဗုဒ္ဓဘာသာဝင် တို့၏ အထွဋ်အမြတ်ထားရာ ဂေါတမ မြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သော အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် ရန်ကုန်ရှိ ရွှေတိဂုံ စေတီတော်နှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရား ကြီးတို့တွင် လုံခြုံရေး အထူးတိုးမြှင့် ချထား လိုက်ကြောင်း သတင်းရရှိသည်။


ဗုဒ္ဓဂယာ ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် ဗုဒ္ဓဘာသာ ဝင်များ၏ အထွဋ်အမြတ်ထားရာ နေရာများကို အဓိက ဦးတည်သော ပထမဦးဆုံးအကြိမ် အကြမ်းဖက်မှုဟု ယူဆရသဖြင့် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများတွင် လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံ စေတီတော်တွင် ဘုရားလုံခြုံရေး ၀န်ထမ်း ၂၀၄ ဦးရှိပြီး လုံခြုံရေး အစီအမံများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ဘုရား လုံခြုံရေး အဖွဲ့ဝင်များ ယခင် ၂ ရက် အလုပ်ဆင်း၊ တရက်အနားပေးသည့် စနစ်မှ တရက်အလုပ်ဆင်း၊ တရက်အလုပ်နား စနစ်သို့ ပြောင်းလဲပြီး လုံခြုံရေး အင်အား တိုးမြှင့်ထား ကြောင်း၊ ရွှေတိဂုံ စေတီတော်ကြီး အထိအခိုက် မရှိစေရန် လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပါ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

“ကျနော်တို့ အဆင့်နဲ့ မရတော့တဲ့အတွက် ကျနော်တို့ထက်အဆင့်မြင့်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကနေ လာပြီးတော့ လုပ်ပေး နေတာပေါ့။ လုံခြုံရေးအင်အား တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတယ်။ ကျနော်တို့ ဘုရားလုံခြုံရေး ၀န်ထမ်းတွေက ရဲတပ်ဖွဲ့ အောက်ကို ရောက်သွားတယ်။ ရဲတပ်ဖွဲ့နဲ့ ပေါင်းလုပ်တာပါ” ဟု ဦးဝင်းကြိုင်က ရှင်းပြသည်။

လုံခြုံရေး တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာတွင် အဓိကအားဖြင့် ဘုရားဖူး လာရောက်သူများ၏ အိတ်များကိုလည်း ယခင်က ထက် ပိုမို အရေးတယူ စစ်ဆေးလျက်ရှိပြီး လှိုင်သာယာ ရဲတပ်ရင်း ၉ မှ ရဲတပ်ဖွဲ့ဝင်များကို အရပ်ဝတ် လုံခြုံရေး ပုံစံဖြင့် ရွှေတိဂုံ စေတီတော်တွင် ဖြန့်ကျက် ချထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“ကျနော်တို့ ရဲတပ်ရင်း ၉ က လူအင်အား တော်တော်များများ ဒီကို ရောက်နေတယ်။ အထက်က ညွှန်ကြားလို့ ဒီမှာလုံခြုံရေး စောင့်နေရတာပါ” ဟု ရွှေတိဂုံစေတီတော် မြောက်ဘက် စောင်းတန်းတွင် လုံခြုံရေး တာဝန်ယူနေသော ရဲဝန်ထမ်းတဦးက ပြောသည်။

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရား တဆူဖြစ်သော မဟာမြတ်မုနိ ဘုရားကြီးတွင်လည်း ရန်ကုန်မြို့ နည်းတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေရကြောင်း၊ မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေး အဆိုင်း ၄ ဆိုင်း ခွဲထားပြီး တဆိုင်းလျှင် ၁၅ ဦးစီဖြင့် ဘုရားကြီးကို လှည့်ပတ် စစ်ဆေးလျှက်ရှိကြောင်း မဟာမြတ်မုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ပြောသည်။

“ကျောပိုးအိတ်တွေကို ဘုရားကြီးထဲ ယူခွင့် မပေးတော့ဘူး။ တခြား ပစ္စည်းတွေကိုလည်း ယူခွင့်မပေးဘူး။ သေတ္တာထဲမှာ အပ်ခိုင်းတယ်။ ကျောက်ဆည်မှာကော၊ ပြင်ဦးလွင် မဟာအံ့ထူး ကံသာမှာပါ လုံခြုံရေးတွေ တိုးချ ထားတယ်လို့ သိရတယ်” ဟု မန္တလေးမြို့ အခြေစိုက် ဧရာဝတီ သတင်းထောက် မန်းသားလေးက ပြောသည်။

ဗုဒ္ဓဂယာ ဗုံးခွဲခံရမှု သတင်းကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်မည့်သူ အရေအတွက် လျော့ကျသွားဖွယ် ရှိကြောင်း၊ ယခုအချိန်သည် ဘုရားဖူးရာသီ မဟုတ်သော်လည်း ယခင်နှစ်များက ဗုဒ္ဓဂယာ ဘုရားဖူး သွားရောက်သူ သောင်းဂဏန်းရှိကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်များ သီးသန့် ပို့ဆောင် ပေးနေသော ရွှေတော်ဝင် ခရီးသွားလုပ်ငန်းမှ ဒေါက်တာ သန်းဇော်ဝင်းက ဆိုသည်။

“ဗုဒ္ဓဂယာ ခရီးသွားရာသီက စက်တင်ဘာ လပိုင်းအကုန်မှ စတယ်ဆိုပေမယ့် ဒီဗုံးသတင်းကြောင့် ဘုရားဖူးတွေ တွန့်သွား နိုင်တယ်။ နောက်ဆုတ် သွားနိုင်တယ်။ ပြီးခဲ့တဲ့ နှစ်လောက်တော့ သွားကြမှာ မဟုတ်တော့ဘူး” ဟု ဒေါက်တာ သန်းဇော်ဝင်းက သုံးသပ်သည်။

ဗုဒ္ဓဂယာတွင် ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှု သမိုင်းတွင် ဖြစ်တောင့်ဖြစ်ခဲ ရှားပါးသော ဖြစ်စဉ် တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်နိုင်ကြောင်း၊ အိန္ဒိယနိုင်ငံရှိ အစ္စလမ် ဘာသာဝင် မူဂျာဟစ်ဒင် များက လက်တုံ့ပြန်မှု ဖြစ်နိုင်ကြောင်း အိန္ဒိယ သတင်းစာ များက ရေးသား ဖော်ပြကြသည်။

ဗုဒ္ဓဂယာ ဗုံးခွဲခံရမှုဖြစ်စဉ်နှင့် ဆက်စပ်သော သံသယရှိသူ ၂ ဦး၏ ဓာတ်ပုံကို အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်ခံရမှု၏ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်များကို မြန်မာအစိုးရနှင့် သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ကတိပြုလိုက်ကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဂယာ ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သူ ၂ ဦးအနက် တဦးမှာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စာသွားရောက် သင်ယူနေသော ရဟန်းတပါး ဖြစ်ပြီး ရရှိသောဒဏ်ရာမှာ အသက် အန္တရာယ် စိုးရိမ်စရာ မရှိဟု သိရှိရသည်။

Credit : http://burma.irrawaddy.org/archives/44041

သွေးလွန်တုပ်ကွေး ဖြစ်ပါက ငွေအတွက်မပူဘဲ ကလေးဆေးရုံကြီးသို့ အမြန်လာရန် နှိုးဆော်



ကလေးငယ်များ သွေးလွန်တုပ်ကွေးဝေဒနာ ခံစား ရပြီး သွေးလန့်ခြင်းအတွက် ရန်ကုန်ကလေး ဆေးရုံ ကြီး တွင် ဆေးဝါးများ လိုအပ်သည်ထက် ပိုမို ဖြည့်တင်းထားပြီဖြစ်ရာ ငွေကြေး အဆင်မပြေမှု ကြောင့် ဆေးရုံ အရောက်နောက်ကျခြင်း မဖြစ် စေလို ကြောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ သန်းထိုက်က ဧရာဝတီ သို့ ပြောသည်။


“မိဘတွေကို မှာချင်တာက နိုင်ငံတော်က ဆေးဝါးနဲ့ ပတ်သက်လို့ အလုံအလောက် ဖြန့်ဖြူးပေးထားတာ ရှိတယ်။ ကလေး ဆေးရုံမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့၊ ဆေးသွင်း ကုသရမယ့် ဆေးပုလင်းတွေ လုံလောက်တာထက် ပိုလျှံပြီး ရှိတယ်။ ဆေးသွင်းပြီး ကုသရမယ့် ငွေရေးကြေးရေး ကုန်ကျစရိတ် မလိုဘူး။ ဒါကြောင့် ဆေးရုံသွားရင် ငွေကုန်မှာပဲ ဆိုပြီးတော့ ဒီ သွေးလွန်တုပ်ကွေး အတွက် ငွေရှာပြီးမှ မလာပါနဲ့၊ စိတ်ပူတယ်ဆိုရင် ချက်ချင်းသာ လာခဲ့ပါ” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။


မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကို ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ယခု ၂၀၁၃ ခုနှစ် အတွက် ကျပ် သိန်း ၁၅၀၀ ချထားပေးကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ သွေးလွန်တုပ်ကွေး ဋ္ဌာနစိတ်မှ သိရသည်။

“သွေးလွန်တုပ်ကွေးက ၄ နှစ်တကြိမ် အဖြစ်များတယ်။ ဒီနှစ်နည်းနည်း အဖြစ်များတဲ့ အတွက် နိုင်ငံတော်က ဘတ်ဂျက်နဲ့ ရေထဲမှာခပ်တဲ့ အဘိတ်ဆေး ခတ်ဖို့နဲ့ ဆေးမှုတ်ဖို့ ဘတ်ဂျက် ချပေးတယ်” ဟု သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါကြောင့် နောက်ဆက်တွဲ သွေးလန့်ခြင်း လက္ခဏာသည် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်ပြီး စောလျဉ်စွာ ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ရာ၊ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရန် လိုအပ်ကြောင်း ရန်ကုန် ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။

“နောက်ကျပြီး မလာနဲ့၊ နေ့နေ့ ညညမရွေး ချက်ချင်း လာခဲ့စေချင်တယ်။ သွေးလန့်တဲ့ လက္ခဏာတွေ ရှိရင် မစောင့်ပါနဲ့။ ချက်ချင်း လာပါ။ ညမိုးချုပ်နေပြီ၊ ဒီအချိန်သွားလည်း ဆေးရုံမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ မနက်ကျမှ သွားမယ် မလုပ်ပါနဲ့။ စပြီး သွေးလန့်တဲ့ အချိန်နဲ့ စနစ်တကျ ဆေးသွင်းကုတဲ့အချိန်က ဝေးလေလေ၊ ကြာလေလေ ကလေးသေဖို့ များလေလေပဲ။ ၁၂ နာရီကျော် သွားရင် သိပ်မကောင်းဘူး။ ၂၄ နာရီကျော်သွားရင် မကောင်းဘူး။ ၄၈ နာရီ ကျော်သွားရင်တော့ သေဖို့ များသွားပြီ” ဟု ဒေါက်တာ သန်းထိုက်က ရှင်းပြသည်။

သွေးလွန်တုပ်ကွေးကြောင့် အပြင်းအထန် ဖျားနေသည့် အချိန်သည် အသက်အန္တရာယ် စိုးရိမ်ရသောအချိန် မဟုတ်သေးဘဲ၊ ရုတ်တရက် အဖျားကျပြီးနောက် ကလေးငယ်၏ ဒူးခေါင်းနှင့် တံတောင်ဆစ် အောက်ပိုင်း ခြေနှင့် လက်များ အေးစက်စေးထန်း နေခြင်း၊ ဆီးသွားနည်းလာခြင်း၊ အဖျားကျသွားသော်လည်း ကလေးသဘာဝ ဆော့ခြင်း၊ အစာစားခြင်းများ မပြုလုပ်ခြင်း၊ မကြာ ခဏ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ နားနှင့်နှာခေါင်းမှ သွေးလျှံခြင်း၊ အရွယ်မတိုင်မီ ရာသီသွေးဆင်းခြင်း၊ အမည်းရောင် ၀မ်း သွားခြင်းများ၊ ခန္ဓာကိုယ် အနှံ့တွင် အနီစက်များ ပေါ်လာခြင်းတို့သည် အသက်အန္တရာယ် စိုးရိမ်ရသော သွေးလန့်ခြင်း လက္ခဏာများ ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုတ်ကွေး သွေးလန့်ခြင်းကြောင့် ၁ ပတ်ကြာဆေးရုံ တက်ခဲ့ရသည့် ၈ နှစ်အရွယ် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်တင်နွယ်ဦးက “သမီးလေး ဆေးရုံတက်ရတာ ၁ ပတ်တိတိ ကြာတယ်။ နှာခေါင်းသွေးလျှံတဲ့ အဆင့်အထိ ဖြစ်တယ်။ ဆရာဝန်တွေ၊ ဆရာမတွေ အရမ်းကို ဂရုစိုက်တယ်။ အရမ်းကို ကျေးဇူး တင်ပါတယ်။ ဆေးသွင်းဖို့အတွက် ဆေးဝယ်စရာ မလိုဘူး။ ဆေးရုံက ဆေးတွေနဲ့ပဲ ကုပေးတယ်။ ဆေးရုံမှာ မရှိတဲ့ ဆေးတချို့လောက်ပဲ အပြင်ဆိုင်မှာ ၀ယ်ရတယ်။ တပတ်လုံးမှာမှ ဆေးဖိုး ကျပ် ၂ သောင်းလောက်ပဲ ကုန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ ပြီးခဲ့သည့် ဇွန်လကုန်အထိ ရန်ကုန် ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ရောဂါကြောင့် တက်ရောက် ဆေးကုသခံခဲ့သူ ၁၇၂၇ ဦးရှိပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ကလေးလူနာတဦးကို သူနာပြုများ ပြုစုနေစဉ်
(ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/44053

တိုင်းပြည်တိုးတက်ရေးအတွက် လှည့်မကြည့်သော်လည်း ပြည့်တန်ဆာများကိုမူ တရားဝင်လုပ်စားစေလိုသူ ဒေါ်စန္ဒာမင်းမှ ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲ သွားရန် အဘက်ဘက်မှ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။


ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ အကြိမ် ပုံမှန် အစည်းအဝေးတွင် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိမရှိကို ဒေါ်စန္ဒာမင်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ထိုဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ဖြေခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောခြင်း ဖြစ် သည်။

“ဒီမေးခွန်းကို ဒီလိုဖြေမယ်ဆိုတာ တွက်ထားပြီးသား။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး စတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ ဒါတွေကို မသိချင်ယောင် ဆောင်ပြီး မပြင်ဖို့ ကြိုးစားနေတာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီ သို့ ပြောသည်။

ထို့အပြင် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁ နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက် မည်မျှရှိသည် ဆိုသည့် မေးခွန်း၊ နိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာနှင့် အလုပ်အကိုင် ရှားပါးမှု ပြဿနာ ကြောင့် ပြည့်တန်ဆာ အမှု များလာခြင်းဖြစ်ကာ ၎င်းတို့ကို ဖမ်းဆီး ပြစ်ဒဏ်ပေးရုံဖြင့် ပြည့်တန်ဆာ လုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်ကို ဟန့်တားနိုင်မည်လား ဆိုသည့် မေးခွန်း၊ အဆိုပါ ဥပဒေအရ အရေး ယူခံရသည့် အမျိုးသမီးများသည် အကျဉ်းထောင်တွင် HIV/ AIDS ပပျောက်ရေး အတွက် လည်းကောင်း၊ ဘဝသစ် ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း ထောင်က လွတ်လာသည့်အခါ မည်ကဲ့သို့ ကူညီထားကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းကို ပြန်လည် မရောက်ရှိရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိကြောင်း အစရှိသည့် မေးခွန်းများကိုလည်း ဒေါ်စန္ဒာမင်းက ယနေ့ လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ပြည့်တန်ဆာ ဖမ်းဆီး အရေးယူမှု အရေအတွက်သည် ယခုအစိုးရ လက်ထက် ၂၀၁၁ ခုနှစ်တွင် ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၆၄၀ မှုတို့ အရေးယူခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းသည် စီးပွားရေး၊ လူမှုရေး အကြောင်းများနှင့် ဆက်စပ် နေသည့်အတွက် ပြည့်တန်ဆာ ပပျောက်ရေးသည် မျှော်လင့်ရန် မရသည့် ကိစ္စဖြစ်သော်လည်း အတိုင်း အတာ တရပ်အထိ ဟန့်တားနိုင်မည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က ဖြေကြားခဲ့သည်။

“ဆင်းရဲမွဲတေမှု၊ အလုပ်ရှားပါးမှုက ပြည့်တန်ဆာ တိုးစေတာလို့ ဆိုနိုင်ပေမယ့် ကိုယ်ကျင့်တရား အပေါ် တန်ဖိုးထားမှု စံနှုန်းလျော့ပါးခြင်း၊ ပြောင်းလဲလာတဲ့ ခေတ်အရ လူမှု ဆက်ဆံရေးအခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်းစတဲ့ တခြားအကြောင်းလည်း ရှိနေတာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်နိုင်တဲ့ အခြေအနေမှာပင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက်လိုစိတ်မရှိဘဲ လွယ်လွယ်နဲ့ ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ရွေးချယ် ကြသူများလည်း ရှိကြောင်း တွေ့ရှိရပါတယ်” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ပြည့်တန်ဆာ နှိပ်ကွတ်ရေး အက်ဥပဒေအရ ဖမ်းဆီး အရေးယူခံရသည့် အမျိုးသမီးများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ ပြည့်တန်ဆာလုပ်ငန်း ပြန်လည် မလုပ်စေရန် စာအုပ်များ ဖတ်စေခြင်း၊ အသိပညာပေးခြင်း၊ ဇာထိုး ပန်းထိုးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မျက်တောင်အတု လုပ်ငန်း၊ ဆံကေသာ အလှပြုပြင် သင်တန်း၊ မျက်နှာအလှပြင် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာ သင်တန်း၊ အ သုံးလုံး သင်တန်း စသည့် သင်တန်းများ ပေးနေကြောင်း သိရသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ဖမ်းဆီးခံရသည့် ၁၈ နှစ်အောက် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးပြီး လူမှု အသိုင်းအဝိုင်းအတွင်း ပြန်ဝင်ဆံ့နိုင်ရန် မိမိဘဝ ရပ်တည်နေထိုင်ရေး၊ ဆေးဝါးကုသမှု ခံယူရစေရန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေရန်နှင့် သင်တန်း ကာလအတွင်း ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစု စောင့်ရှောက်ရေးဌာနကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ လည်းကောင်း၊ မန္တလေးရှိ အမျိုး သမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း ရဲချုပ် ကျော်ကျော်ထွန်းက ပြောသွားသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ် ကာလတွင် လိုက်နာ ကျင့်သုံးလျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“သူတို့တတွေ အခုအချိန်မှာ ဒီဥပဒေကို မပြင်ပေမယ့်လည်း တနေ့နေ့ တချိန်ချိန်မှာတော့ ဒီ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟာ ပြင်ဖို့ လိုနေပြီ ဆိုတာကို သိလာမှာပါ” ဟု ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

ယနေ့ ဒေါ်စန္ဒာမင်း တင်သွင်းသည့် အဆိုပြုချက်ကဲ့သို့ပင် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ဖူးသည်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_865.html

ဦးဝီရသူထံသို့ အိတ်ဖွင့်ပေးစာ



လေးစားစွာလျှောက်ထားအပ်ပါသည် အရှင်ဘုရား။

တပည့်တော် ဦးတာသည် 18.6.2013 နေ့ ညနေက၊ သိမ်တောင်ကျောင်း၊ မြောက်ဘက်မုဒ်ဦးမှ ကြို၍ စာတစ်စောင် ပေးခဲ့ပါတယ်ဘုရား။


တပည့်တော်၏ဆန္ဒနှင့် ဆရာတော်၏ ဟောပြော ချက်များ ထပ်တူဖြစ်နေ၍ တပည့်တော် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။

အရှင်ဘုရားတို့အဖွဲ့ တောင်ကြီးမှ ပြန်ကြွပြီး မကြာမီ TIME-မဂ္ဂဇင်းမှ အရှင်ဘုရား၏ ပုံနှင့် သိက္ခာကျစေသော အရေးအသားများ DVB-မှ တွေ့မြင်ရ၍ အရှင်ဘုရားအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ ပါသည်။ သို့သော် ...

၁။ အစိုးရမှ အရှင်ဘုရားဘက်မှ ရပ်တည်ခြင်း။
၂။ SNLD-ပါတီမှ အရှင်ဘုရားဘက်မှ ရပ်တည်ခြင်း။
၃။ ရန်ကုန်အောင်ဆန်းတပ်ဦးကျောင်းတိုက် သံဃာ(၁ဝဝဝ)ကျော် အစည်းအဝေးမှ ထောက်ခံခြင်း။
၎။ ဆရာတော်ကြီး ဦးဉာဏိဿရ၊ (ရေ ဆရာတော်ကြီး)မှ ထောက်ခံဟောပြောခြင်း။
၅။ ငါးကျမ်းပြီး ဆရာတော်ဘုရားကြီးမှ အရှင်ဝီရသူ အပြစ်မရှိကြောင်း တင်ပြချက်များကြောင့် တပည့်တော် အရှင်ဘုရားအတွက် စိတ်အေးရပါတယ် ဘုရား။

ယနေ့ အခြေအနေမှာ ဆရာဇော်ဂျီရဲ့“ထလော့မြန်မာ”ကဗျာလေးဟာ ဆရာတော်နဲ့ သိပ်ကိုကိုက်ညီတဲ့ ကဗျာလေးဖြစ်လို့ ထည့်ပေးလိုက်ပါတယ်ဘုရား။ အလုပ်များတဲ့ကြားက အားတဲ့အချိန် ဖတ်ရှုတော်မူပါ ဘုရား။ ကျန်းမာရေးနှင့် မူဆလင်အန္တရာယ် အစဉ်သတိထားပါ ဘုရား။

လေးစားကြည်ညိုလျက်
ဦးတာ (ကျောင်းဆရာ-ငြိမ်း)


“ထလော့မြန်မာ”

၁။ ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ၊ ဒို့မြေ၊ ဒို့ရွာမြေဝယ်
စေတီစပါး၊ များလဲများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်၊ မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

၂။ ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ၊ ဒို့ပြည်၊ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား၊ များလဲများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရနှင့်
တောကပြိတ္တာ ဖြစ်မည်တည်း။

၃။ ထလော့မြန်မာ၊ အိုမြန်မာတို့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ၊ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍၊ တဝမ်းတစိတ်
ညီစေသတည်း။

အမျိုးဘာသာ၊ သာသနာအတွက်
ကြိုးစားလုပ်မည်... ဝီရသူ...ဟေ့

ဇော်ဂျီ + ဦးတာ
အရှင်ဝီရသူအား ဦးညွတ်လျက်
ဦးတာ (ကျောင်းဆရာ-ငြိမ်း)

From:Wira Thu

ရှမ်းနီ သတင်းဌာန ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမူအတွက် ရှမ်းနီ သတင်းဌာန၏ သဘောထား



ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရူသော ဘာသာတရား တစ်ရပ်ဖြစ်ပြီး အကြမ်းဖက်မူမှန်သမျှကို အားပေးခြင်းမရှိသော ဘာသာ တစ်ရပ်ဖြစ်ကြောင်း ရှမ်းနီသတင်းဌာနက ယုံကြည်သည်။


ယနေ့ ဇူလိုင်လ ၇ ရက်နေ့ ဗုဒ္ဓဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင် ရင်း၌ ဗုံးပေါက်ကွဲမူဖြစ်ပွားကြောင်း ခိုင်လုံသော သတင်း အချက် အလက် များအရသိရသည်။

အဆိုပါနေရာဌာနသည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓ ဘာသာဝင်များ၏ အထွဋ် မြတ်ထားရာ သမိုင်းဝင် နေရာထူးတစ်ခုလည်းဖြစ်သည်။

အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာအပေါ် နားလည်မူလွဲမှားသော ဘာသာရေးအစွန်းရောက် ပုဂ္ဂိုလ်များ၏ ယဉ်ကျေးမူမရှိသော လုပ်ရပ်ဖြစ်သည်ဟုလည်း ယုံကြည်သည်။

အဆိုပါဖြစ်ရပ်သည် ကမ္ဘာ့ဘာသာကြီးများဖြစ်ကြသော အစ္စလမ်ဘာသာဝင်များ၏ မက္ကာဒေသ၊ ခရစ်ယာန်ဘာသာများ၏ ဘာတီကန် ဒေသ အစရှိသော ဒေသများကဲ့သို့ အရေးပါသော နေရာတစ်ခု ဟုလည်း ယူဆသည်။

ယခုဖြစ်ပွားသော ဗုဒ္ဓဂါရာဗုံးပေါက်ကွဲမူသည် ဇူလိုင်လထုတ် Time Magazine၏ ဇူလိုင်လ Issue၏ မျက်နှာဖုံးနှင့် ဆောင်းပါးပါ ဖော်ပြချက်များနှင့် ဆက်စပ်မူရှိမည်ဟုလည်း ယူဆသည်။

ရှမ်းနီလူမျိုးများသည် ဗုဒ္ဓဘာသာကို ရှေးအစဉ်အဆက် ကိုးကွယ်ခဲ့ကြသူများဖြစ်ပြီးအခြားဘာသာများ၏ ဖြစ်သည်မူကိုလေးစားလျှက် ရှိသည်။

ယခုဖြစ်ရပ်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများအားလုံးအား ရိုင်းပြစော်ကား မလေးမစား ပြုလုပ်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရှမ်းနီသတင်းဌာနက ယုံကြည်ယူဆလျှက် ထိုလုပ်ရပ်အား ပြုလုပ်ခဲ့သော လူပုဂ္ဂိုလ်နှင့် ထောက်ခံမူ ပေးသော အဖွဲ့အစည်းအားလုံး အားလည်း ရှမ်းနီသတင်းဌာနက ရူံ့ချသည်။

အဆိုပါဖြစ်ရပ်တွင် ထိခိုက် ခံစားခဲ့ရသော ရဟန်းရှင်လူပုဂ္ဂိုလ်များအားလုံးအားလည်း ဒဏ်ရာများမှ အမြန်ဆုံးပြန်လည်သက်သာပါစေကြောင်း ရှမ်းနီသတင်းဌာနကဆုမွန်ကောင်းပါးအပ်ပါသည်။

သက်ဆိုင်ရာ အစိုးရအနေဖြင့်လည်း လက်သည်တရားခံ နှင့် ဆက်သွယ်ဆောင်ရွက်ရန်စေခိုင်းခဲ့သော အဖွဲ့အစည်းများအား ရှာဖွေဖော်ထုတ်ကာ ဥပဒေအရ အမြန်ဆုံးအရေးယူသင့်ကြောင်း ရှမ်းနီ သတင်း ဌာနက တိုက်တွန်းသည်။

From: ရှမ်းနီသတင်းဌာန

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ်

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် လုံခြုံရေး တင်းကျပ် ထားပြီး နိုင်ငံတကာမှ ဘုရားဖူး ခရီးသွားများကို ယင်းနေရာ များသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က The Voice သို့ ပြောကြားသည်။


ယင်းသို့ တားမြစ်ထား မှုကြောင့် ၎င်းနေရာများ အတွင်းသို့ ခရီးသွားများ ဝင်ရောက် ဖူးမြော်ခွင့် မရရှိဘဲ အခြားနေရာများသို့ ခရီးသွားများအား အစားထိုး ပို့ဆောင်ရမှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယခုနှစ် ဘုရားဖူး ခရီးစဉ်အတွက် ကြိုတင် စာရင်းပေး ထားသူ ဘုရားဖူး ခရီးသည် ၁၀၀ ကျော်ခန့်ရှိပြီး၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ကြိုတင် စာရင်းပေးထားခြင်းကို ပြန်ဖျက်သိမ်းမှု မရှိသေးကြောင်း မြန်မာနိုင်ငံရှိ ဒါနဗုဒ္ဓဂယာ ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေး တာဝန်ရှိသူများ၊ သံရုံးများနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်၏ လုံခြုံရေး ကိစ္စများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ခရီးသွားများကို မှုခင်းများ၊ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်ပွားပါက မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို သိရှိစေရန် ပညာပေး အစီအစဉ် တစ်ရပ် ပြုလုပ်သွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားများကို ခရီးသွား အာမခံ Travel Agency ယူသွားရန် ခရီးသွား လုပ်ငန်းများသို့ တိုက်တွန်း ထားကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသတွင် ဇူလိုင် ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်၌ မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင်း ဗုံးပေါက်ကွဲမှု လေး ကြိမ်၊ ထရီဂါ Tregg မေ ဘုန်းကြီးကျောင်းဝင်း အတွင်း သုံးကြိမ်၊ ဂျပန် ဘုရားတွင် တစ်ကြိမ်၊ ဘတ်စ်ကား မှတ်တိုင်တွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ် ပေါက်ကွဲခဲ့ရာ ရဟန်း နှစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဘုရားဖူး များသည် ဗုဒ္ဓဂယာ ကို ခရီးသွား ရာသီဖြစ်သော စက်တင်ဘာလမှ စတင် သွားရောက်လေ့ ရှိသည်။

From:The Voice

SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် လူငယ်များ နိုင်ငံရေးဆိုင်ရာဗဟုသုတပေးသင်တန်းပေး


သင်တန်းသားလူငယ်များ

သျှမ်းပြည်အလယ်ပိုင်း လူငယ်များ နိုင်ငံရေး ဆိုင်ရာဗဟုသုတပေးသင်တန်းကို သျှမ်းပြည် တိုးတက် ရေးပါတီ ဌာနချုပ်ဝမ့်ဟိုင်းတွင် တပတ် ကျော်ကြာ ပြုလုပ်ခဲ့ရာ သင်တန်းသား လူငယ် ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါ သည်။


သင်တန်းအား ဂျွန်လ ၂၄ ရက်မှ ဂျူလိုင်လ ၅ ရက်နေ့အထိ ၁၂ ရက်သာကာလ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျေးသီးမြို့ နယ်၊ မိုင်းနောင်၊မိုင်းရှူး တန့်ယန်း၊ မိုင်းရယ် သီပေါ နမ္မတူ ဘက်မှ ဒေသခံလူငယ် ၈၅ ဦးတက်ရောက်ခဲ့သည်ဟု သင်တန်းသား အိုက်စိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သင်တန်းသားများအား နာယကကြီး စဝ်ဆေထဲန့်က စကားပြောနေစဉ်
သင်တန်းသားများအား နာယကကြီး စဝ်ဆေထဲန့်က စကားပြောနေစဉ်

“ သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးအသင်း (SSYNC)ကနေ ကမကထပြု ပြုလုပ်ပေး ပါတယ်။ ဒေသခံလူငယ်တွေ နိုင်ငံရေးအသိအမြင်ကြွယ်ဝလာအောင်၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပေါ် သုံးသပ် လေ့လာတတ်အောင် ရည်ရွယ်ခြင်းပြီး လုပ်ပေးတာဖြစ်တယ်လို့ပြောပါတယ်” အိုက်စိုင်းကပြန် လည်ပြော ပြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ကျားဖြူပါတီ၊ သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်း ပါတီ၊ ဆိုင်ပဲန်းမီဒီယာ၊ ကော့လီမီဒီယာနှင့် သျှမ်းလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာတို့မှ သင်တန်း ပေးခဲ့ကြကြောင်း သိရသည်။

training SSPP1

“ နိုင်ငံရေးဆိုင်ရာ ဗဟုသုတသင်တန်းတွေ အမြင်ဖွင့်သင်တန်းတွေဆိုတာ မရှိခဲ့ဖူးတဲ့အတွက်၊ ရှိခွင့်မရ ခဲ့တဲ့ အတွက် ကျနော်တို့ သျှမ်းလူငယ်တွေကြားမှာ နိုင်ငံရေးနှိုးကြားမှု အရမ်းကိုအားနည်းပါတယ်။ အခုလိုသင်တန်း မျိုးကို လူငယ်တွေအတွက် ပါတီပေါင်းစုံ၊ လူမှုအဖွဲ့အစည်းပေါင်းစုံမှ ပူးပေါင်းပြီး ဖွင့်လှစ်တာဟာ ကျနော်တို့ရဲ့ အသံတွေ၊ ခံစားချက်တွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေတူညီ နေတယ်ဆိုတာသက်သေ တစ်ခုပဲလေ။ ဒါကြောင့် ဒီလိုသင်တန်းမျိုးကို များများပို့ချပေးစေချင်ပါတယ်။ အဲ .. ပို့ချတဲ့နေရာမှာလည်း ကိုယ့်ပါတီမဲရဖို့ လောက်ပဲ ပို့ချတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော် … Civil Education ပုံစံမျိုးနဲ့ ပို့ချတာဟာ ပိုပြီးကောင်းမွန်သင့်တော်မယ်လို့ ထင်မြင်မိပါတယ် ” ဟု ထိုသင်တန်းကို သွားရောက်ပို့ချပေးခဲ့ သည့် ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာ စိုင်းဆိုင်မိန်းက ပြောကြား ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ အစိုးရအဖွဲ့၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ရွေးကောက်ပွဲစနစ်၊ လူငယ်များ နိုင်ငံရေး ကဏ္ဍတွင် လူငယ်များပါဝင်လာမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့နိုင်ငံရေးသမိုင်း၊ သျှမ်းနိုင်ငံရေးသမိုင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ ၂၀၁၀ မှတက်လာသော အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့် သျှမ်းပြည်နယ် လွှတ်တော်အတွေ့အကြုံ စသည့်ဗဟုသုတများ ပို့ချ ဖလှယ် ပေးကြောင်း ဝမ့်ဟိုင်းမှ တာဝန်ရှိပုဂ္ဂိုလ် တဦးကလည်းပြောပြသည်။

Article source: http://burmese.bnionline.net/index.php/news/shan/14552-ssppssa----.html

ကယန်းပြည်သစ်တပ်မတော်တပ်ခွဲမှူးကို စိတ်ကြွဆေးများနှင့်အတူ ရဲဖမ်းမိ

ကယန်းပြည်သစ် တပ်မတော်မှ တပ်ခွဲမှူးအဆင့်ရှိသူ ကိုနေလင်းအောင်(ခ) ကိုအသိုက်ကို စိတ်ကြွ ဆေးပြားများ နှင့်အတူ ရန်ကုန်-မန္တလေးအဝေးပြေး အမြန်လမ်းမကြီးရှိ တိုးဂိတ်အမှတ်-၃တွင် ဇူလိုင် ၇ ရက်က ရဲများက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။


ကိုနေလင်းအောင်တို့ မောင်းနှင်လာသည့် HONDA PREKUDE ပြိုင်ကားထဲတွင်ပါလာသည့် WY စာတမ်းပါ စိတ်ကြွဆေးပြားများသည် ကျပ်သိန်း ၅၀၀ ခန့်တန်ဖိုးရှိပြီး ကားသည်လည်း လိုင်စင်မဲ့ ကားဖြစ်ကြောင်းလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၇ ရက် ည ၁၀ နာရီကျော်အချိန်တွင် ရန်ကုန်တိုင်းမူးယစ်အထူးတပ်ဖွဲ့မှ ရဲ အုပ် အောင်ဇော်မျိုးလွင်နှင့် ရဲများက လှည်းကူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်မှ တိုးဂိတ် အမှတ်-၃တွင် စောင့်ဆိုင်းကာကားများကို စစ်ဆေးခဲ့ခြင်းကြောင်း ထိုကားအတွင်းပါလာသော မူးယစ်ဆေးများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ကားထဲတွင် ကိုနေလင်းအောင်သည် ကယန်းပြည်သစ်တပ်မတော်တွင် တာဝန်ထမ်းဆောင်သည့် ကိုယ်ပိုင်အမှတ်မှာ ၀၉၉၂၁ဖြစ်ပြီး စိတ်ကြွဆေးများဖမ်းမိစဉ်က ကားထဲတွင် သူနှင့်အတူ ကိုဘိုဘိုအောင် ဆိုသူ လည်းပါလာခဲ့ကြောင်း ရဲဌာနက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲများက တိုးဂိတ်တွင်သူတို့၏ ကားကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းတွင် အ၀ါရောင်တိပ်ဖြင့် ပတ်ထားပြီး မိုင်းကိုင်စက္ကူဖြင့် ထုတ်ပိုးထားသော WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြားများကို တွေ့ရကြောင်း၊ ဆေးများကို အလုံးရေ ၂၀၀ စီ ခွဲထုတ်ထားပြီး အထုပ်အားလုံးပေါင်း ၅၀ ရှိသဖြင့် စုစုပေါင်းဆေးပြား တစ်သောင်းရှိ ကာ အလေးချိန်အားဖြင့် တစ်ကီလိုဂရမ်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ဆေးပြားတစ်ပြားလျှင် ပေါက်ဈေးကျပ် ၅၀၀၀ ခန့်တန်ကြေးရှိသည်ဟု ရဲများက သုံးသပ်ထားသဖြင့် ဆေးပြားများ၏ စုစုပေါင်းတန်ဖိုးမှာလည်း ကျပ်သိန်း ၅၀၀ ခန့်ရှိသည်ဟု ရဲဌာနကဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကိုနေလင်းအောင်နှင့် ကိုဘိုဘိုအောင်တို့ကို ရဲက ဖမ်းဆီးထားပြီး သူတို့ကို မူးယစ် ဆေးဝါးသယ်ဆောင်သူများအဖြစ် စွပ်စွဲကာတရားစွဲဆိုမည်ဟုလည်း ရဲဌာနကဆက်လက်သတင်းထုတ်ပြန် ထားသည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/12439-2013-07-09-12-14-49.html

မန်းမှကုန်သည်အသင်းနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ MBA သင်တန်းဖွင့်မည်

မန္တလေးတိုင်း ကုန်သည်/စက်မှုအသင်းနှင့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ စီပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) သင်တန်းဖွင့်လှစ်ရန်အတွက် အပြီးသတ်သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ် ကြောင်းစုံစမ်းရရှိသည်။


“မန္တလေးမှာ MBA သင်တန်း ဖွင့်လှစ်နိုင်ခြင်းအားဖြင့် အထက်မြန်မာပြည်က စီးပွားရေးပညာကို စိတ်ဝင် စားတဲ့ လူငယ်တွေအတွက် နိုင်ငံတကာစီးပွားရေးပညာရပ်တွေကို အလွယ်တကူသင်ကြားခွင့်ရရှိ သွားမှာပါ” ဟု မန္တလေးတိုင်း ကုန်သည်/ စက်မှုအသင်း ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က မဇ္ဈိမကိုပြောသည်။ ထိုသင် တန်းကို တက်ရောက်လိုသူများသည် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး ၀င်ခွင့်စာမေးပွဲကို သြဂုတ်လ ၃ ရက်တွင် ဖြေဆိုရမည်ဖြစ်သလို လူတွေ့စစ်မေးမှုကို သြဂုတ် ၄ ရက်တွင် ပြုလုပ်မည်ဟုဆိုသည်။ သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဟုလည်း စုံစမ်းရရှိသည်။

သင်တန်းသို့ စာရင်းပေးသွင်းကြေးမှာ ငွေကျပ် ၁၈၀၀ သာရှိသော်လည်းသင်တန်း ကာလနှစ်နှစ်စာအတွက် သင်တန်းကြေးမှာမူ အမေရိကန်ဒေါ်လာ ၉၅၀၀ ဖြစ် သည်ဟု ထုတ်ပြန်ထားသည်။ 

ကြိုတင်လေ့လာ သင်ယူသည့် အနေဖြင့် သင်ယူ သူများသည် တစ်ဘာသာလျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် လေး ဘာသာသင် ယူရမည်ဖြစ် သည်။ ယခုကိစ္စကို ပူးတွဲဆောင်ရွက်မည့် ထိုင်းကုန်သည် ကြီးများ အသင်း၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ချက်ကရီစီရီမွန်းက သင်တန်းလုပ်ရခြင်း ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ပေးလို တာက အဓိကအချက်ဖြစ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် “မြန်မာနိုင်ငံမှာ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အမျှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မှု က လည်း အရေးကြီးလားပါတယ်။ ဒါကြောင့် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပိုမိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုလည်း သူကရှင်း ပြသည်။ မန္တလေးတွင် ဖွင့်မည့် MBA သင်တန်းတွင် ထိုင်းနိုင်ငံမှ ဆရာများသာ မက အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားစသည့် နိုင်ငံများမှ ဆရာများလည်းပါဝင်ကြောင်း ဒေါက်တာချက်ကရီစီရီမွန်းက ဆက် ပြောကြား ခဲ့သည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/12437----mba-.html

နိုင်ငံအခွန်ငွေ(၁၉၅)သိန်းပျောက်ဆုံးခြင်းအတွက် အခွန်ဦးစီးမှူးအားနိုင်ငံတော်သမ္မတထံ တတိယအကြိမ်တိုင်ကြား



ကချင်ပြည်နယ်၊ဗန်းမော်ခရိုင် သည်တရုတ်ပြည်သို့တရားဝင်- ၀င်ပေါက်၊ ထွက်ပေါက်များရှိသလို တရားမ၀င်လမ်းကြောင်း များစွာ ရှိသည့်စီးပွားရေးမြို့တော်တခုဖြစ် သည်။ စီးပွားရေး မြို့ ဖြစ်သည့် အလျာက်၊စီးပွားရေးသမားအများစု သည် ရုံးပြင်ကန္နား၊အစိုးရဌာနများ သို့မသွားချင်ကြ။မပါတ်သက်ချင် ကြပါ။ မလွှဲမရှာင်သာလို့ပါတ် သက်ရရင်တောင် ကြားခံလူ၊ ပွဲစား များသုံးပြီးဆောင်ရွက်လေ့ရှိကြ သည်။ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ အလုပ်ပျက်ခံကာသွားပြီးစကားမ ပြောချင်ကြ။


ထို့အတွက်ကြောင့် လဲမည်သည့်ကိစ္စကြီးငယ်မဆို ငွေလမ်း ခင်းပြီးဆောင်ရွက်လေ့ရှိ ကြတာမို့လာဒ်ပေးလာဒ်ယူအကျင့် ပျက်ခြစားမှုကြီးများဗန်းမော်တွင် လွတ်လပ်စွာရှင်သန် ကြီး ထွား နေရ ခြင်းဖြစ်သည်။မိရိုးဖလာ၊လုပ်ရိုး လုပ်စဉ်တခုဟု ပြောရ လောက်အောင် ဂဠန်စီး၊ခြင်္သေ့စီး၊ဆင်စီးပြီးအဟန့် အတားမှန်သမျှကိုကျော်ဖြတ်နင်းချေ သွားကြသည်ချည်း။ လူကိုခင်ရင်မူကိုပြင်သည်။ လူကိုမုန်းလို့မူကိုသုံးသည်ဟုခြုံပြော နိုင်သည့်ဖြစ်စဉ်ဖြစ်ရပ်များစွာရှိခဲ့ ဖူးပါသည်။အမှန်တကယ်သည်းခံ ခြင်းတရားအလွန်ထားရှိနိုင်တဲ့မြို့ ဖြစ်သည်။အမှန်တရားကိုမပြောရဲ မတိုင်ရဲလောက်အောင်အကြောက် တရားကလဲကြီးစိုးခဲ့တာကိုး။

ဗန်းမော်မြို့၊အစိုးရဌာနတိုင်း တွင်ထူးခြားဖြစ်စဉ်ဖြစ်ရပ်ပေါင်း မြောက်များစွာရှိခဲ့သည့်အနက် လွန်ခဲ့တဲ့ နှစ်ဟိုးလေးတကျော်ဖြစ် ခဲ့သောဒေသခံများစိတ်အရမ်း ၀င်စားလျက်ရှိနေကြသောဖြစ်ရပ် တခုကို တင်ပြပါမည်။တစ်နှစ်နီးပါး အချိန်ကာလကြာမြင့်ခဲ့ပေမဲ့ယနေ့ ထိတိုင်မဖြေရှင်းပေးသည့်အတွက် ကာယ ကံရှင် မှနိုင်ငံတော်သမ္မတကြီး ထံ၁.၇.၂၀၁၃နေ့က E.mail ဖြင့် လည်းကောင်း၊စာတိုက်မှတ်ပုံတင် စာအမှတ်(၆၀)ဖြင့်လည်းကောင်း တတိယအကြိမ်မြောက်တိုင်ကြား စာပေးပို့လိုက်ကြောင်းသိရသည်။

ဗန်းမော်မြို့၊သာစည်ရပ်ကွက် အကွက်အမှတ်၃၀၊ဦးပိုင်အမှတ် ၂/က၊အိမ်အမှတ်သစ/၂၇ကိုပိုင်ရှင် ဖြစ်သူ ဦးညီညီဖေတင်(၉/မရမ (နိုင်)၀၆၃၂၃၄)မှဦးတေဇ၏ ““အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် သို့ ၁၀.၈.၂၀၁၁နေ့ကကျပ်သိန်း (၅၀၀၀)ဖြင့်ရောင်းချခဲ့ရာမှဇာတ်လမ်း စခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောင်းချမှုအတွက် အမြတ်ငွေကိုအမြတ်ခွန်၁၀ရာခိုင်နှုန်း ပေးဆောင်ရမည်ဟုအခွန်ဦးစီး ဌာနမှူး ဦးသိန်းဇော်ဦးကပြောပြီး၊ မြို့နယ်ထွေ/အုပ်၊စီမံကိန်းရုံး၊အခွန် ဦးစီး၊စည်ပင်သာယာရေး၊ရဲနှင့် မြေစာရင်းဌာနတို့ပါဝင်သောကာလ တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ ဈေးနှုန်းသတ်မှတ်ကြောင်းသိရ သည်။

ထိုနောက်အမြတ်ခွန်ဌာန ဦးစီးမှူးဦးသိန်းဇော်ဦးမှကျပ်သိန်း လေးရာပေးဆောင်ခိုင်းသဖြင့် ၁၂.၈.၂၀၁၁နေ့တွင်မြန်မာ့စီးပွား ရေးဘဏ်သို့ငွေစာရင်းအမှတ် MD.000154 ငွေသွင်းချလံအမှတ် (၆)ဖြင့်ငွေကျပ်သိန်း(၂၀၀)ကိုပေး သွင်းခဲ့ပြီး၊ကျန်ငွေသိန်း(၂၀၀)ပေး ကိုအခွန်ဦးစီးမှူးထံသို့သာလာရောက် ပေးရန်ပြောသဖြင့်၁၀.၈၀၂၀၁၁ နေ့တွင်ကျပ်သိန်း(၁၀၀)၊၉.၉.၂၀၁၁ နေ့တွင်ကျပ်သိန်း(၁၀၀)ကိုသက်သေ တစ်ဦးနှင့်အတူသွားပေးခဲ့ကြောင်း ရာဖြတ်သတ်မှတ်မှုအပေါ်၊အကြမ်း မျဉ်းတွက်ချက်ရာတွင်ကာလတန် ကြေးအတိုင်းမတွက်ပဲယခင်ဈေး ဖြင့်လျှော့တွက်ထားကြောင်း၊ အခွန်ထမ်းပြည်သူကိုဆန္ဒတောင်းခံ လွှာပေးပို့ခြင်းလုံးဝမရှိခဲ့ကြောင်း ဦးညီညီဖေတင်က Hot News ဂျာနယ်သို့ပြောသည်။

ထိုသို့သတ်မှတ်သည့်နိုင်ငံတော် အခွန်ငွေကိုတာဝန်ကျေပေးဆောင် ခဲ့ပေမဲ့(၂၈.၉.၂၀၁၁)နေ့တရားဝင် အခွန်သွင်းငွေ(ငွေဖြူစာရွက်)တွင် ကျပ်(သိန်းလေးရာ)ဟုဖေါ်ပြမ ထားပဲကျပ်သိန်း(နှစ်ရာ့ငါး)ဟုသာ ဖေါ်ပြထားပါသည်။ငွေစာရင်း အမှတ် MD.000154 ချလံအမှတ် ၁၇ဖြင့်၊ငွေငါးသိန်းကျပ်ကိုသာ၎င်း တို့ကပေးသွင်းထားကြောင်းတွေ့ ရပါသည်။ကျပ်(၁၉၅)သိန်း(ကျပ် တစ်ရာ့ကိုးဆယ့်ငါးသိန်း)ကွာဟ စာရင်းပျောက်နေသည့်အတွက် ၁၉.၉.၂၀၁၂နေ့တွင်နိုင်ငံတော် သမ္မတကြီးထံ၊တိုင်ကြားစာပေးပို့ ခဲ့ပြီး၊ပြည်ထောင်စုဝန်ကြီး၊ဘဏ္ဍရေး နှင့်အခွန်ဝန်ကြီးဌာန၊ဥက္ကဌ၊တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း မှုကော်မတီဝန်ကြီးချုပ်၊ကချင်ပြည်နယ် အစိုးရအဖွဲ့၊အုပ်ချုပ်ရေးခရိုင်ထွေ/ အုပ်တာဝန်ခံစုံစမ်းစစ်ဆေးရေးဦးစီး ဌာန(ဗန်းမော်)တို့ထံမိတ္ထူများပေး ပို့ခဲ့ကြောင်းသိရသည်။

လက်ရှိအခွန်ဦးစီးမှူးဦးစောဆွေ ဒုဦးစီးမှူးဒေါ်စန်းစန်းဝင်းမှံနလေနည သောက်ရေသန့်ပိုင်ရှင်ဦးထွန်းထွန်း နှစ်ကိုတီးကိုကြားခံဆက်သွယ်ခိုင်း ပြီး(၉.၁၀.၂၀၁၂)နေ့နံနက်(၁၀း၃၀) နာရီက အလွတ်သဘော လာရောက် ညှိနှိုင်းပါသည်။ထိုသို့လာရောက် ညှိနှိုင်းခြင်းသည်သမ္မတထံတိုင်ကြား စာကြောင့်ဟု ထင်ရကြောင်း၊ ထို့နောက် တဖန်(၁၂.၁၀.၂၀၁၂)နေ့တွင် စီးပွားရေးလုပ်ငန်းရှင်ဦးကျော်မင်း အထက်တန်းပြဆရာမဟောင်း ဒေါ်မင်းမင်းအေးတို့ကိုဒုတိယ အကြိမ်စေလွှတ်ပြီး““တိုင်ကြားစာကို ပြန်ရုတ်ပေးပါ၊ငွေကျပ်(၁၉၅)သိန်း ကိုချက်ခြင်းပြန်ပေးပါမည်””ဟုညှိနှိုင်း ပြောဆိုခိုင်းပြန်ရာကာယကံရှင် ဦးညီညီဖေတင်မှလုံးဝလက်မခံခဲ့ ကြောင်းသိရသည်။

ယခင်အခွန်ဦးစီးမှူးဦးသိန်း ဇော်ဦး၏အခွန်ငွေအလွှဲသုံးစားလုပ် မှုအားဖေါ်ထုတ်၊စစ်ဆေး၊အရေးယူ ပေးပါရန်တိုင်ကြားစာကြောင့် သက်ဆိုင်ရာဌာနမှစုံစမ်းစစ်ဆေး ရေးအဖွဲ့၊ဖွဲ့ပြီး(၁၆.၁၀.၂၀၁၂) နေ့တွင် စစ်ဆေးမေးမြန်းခဲ့ပါသည်။ ထူးဆန်းတာက၎င်းအဖွဲ့ဝင်များသည် ““ပွဲစားပုံစံ၊တိုးတိုးတိတ်တိတ်လာ ရောက် တောင်းပန်ညှိနှိုင်းခဲ့ဖူးသည့် လက်ရှိအခွန်ဦးစီးမှူးဦးစောဆွေ နှင့်ဒု-ဦးစီးမှူးဒေါ်စန်းစန်းဝင်း တို့ဖြစ်နေသည် ဟုဆိုသည်။ထိုသို့ စစ်ဆေးမေးမြန်းခဲ့ပြီးတစ်လကျော် ကြာသည့်တိုင်ထူးခြားမှုမရှိသည့် အတွက် သမ္မတကြီးထံဒုတိယအကြိမ် တိုင်ကြားစာကို(၂၃.၁၁.၂၀၁၂) နေ့ကပေးပို့ခဲ့ပြန်ပါသည်။

ယနေ့ဆိုလျှင်စစ်ဆေးမေးမြန်း သွားခဲ့သည်မှာတစ်နှစ်နီးပါးကြာ ခဲ့ပေမဲ့မည်သို့မည်ပုံအရေးယူဆောင် ရွက်ထားသည်မသိရသည့်အတွက် (ယခင်)အခွန်ဦးစီးမှူးဦးသိန်းဇော်ဦး အားအရေးယူပေးပါရန်နှင့်နစ်နာ ဆုံးရှုံးငွေ၊လျော်ကြေးငွေများပြန် လည်ပေးအပ်စေရန်အတွက် နိုင်ငံတော်သမ္မတကြီးထံယုံကြည် အားကိုးစွာဖြင့်(၁.၇.၂၀၁၃)နေ့ ကတတိယအကြိမ်မြောက်တင်ပြ တိုင်ကြားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဌာန၀န်ထမ်းတချို့ သည်တောင်းခံသည့်ငွေကြေးကို နှုတ်မှဖွင့်မပြောပဲဂဏန်းပေါင်းစက် နှိပ်ပြ၍ဒီလောက်ပေးရမယ်ဟု တောင်းလေ့ရှိကြောင်း၊၀န်ထမ်းအချင်း ချင်းနှင့်ဘေးလူတွေမသိစေလိုသည့် သဘော၊ကိုယ်ရကိုယ်ယူလုပ်စား နေကြသည်(သို့)ခွဲဝေယူကြသည် ဟုယူဆကြောင်း၊ကိုယ်တွေ့ကြုံခဲ့ ဖူးသည့်အမည်မဖေါ်လိုသူလုပ်ငန်း ရှင်တစ်ဦးကလဲပြောသည်။““မည် သူ့ကိုမှထိခိုက်နစ်နာစေလိုစိတ်မရှိ ဘူး၊ကျွန်တော်ကကျွန်တော့်နစ်နာ ဆုံးရှုံးမှုကိုသာတင်ပြတောင်းဆို တာပါ၊ဒီလိုတောင်းဆိုတာကြောင့် အခွန်ဌာန၀န်ထမ်းနှင့်အဆင်ပြေ အောင်ပေါင်းပြီး၊နိုင်ငံတော်သို့ ပေးသွင်းရမဲ့အခွန်ငွေလျော့နည်း သက်သာအောင်၊ကင်းလွှတ်အောင် ဆောင်ရွက်နေသူတွေကတော့ ကြိုက်ချင်မှကြိုက်မယ်””ဟုဦးညီညီ ဖေတင်ကဆက်ပြောသည်။

တံဆိပ်ခေါင်းတသိန်းခွဲဖိုးဝယ် ရင်၊တံဆိပ်ခေါင်းသွားထုတ်ရတဲ့ ခရီးစရိတ်တသောင်းခွဲအပိုပေးရန် အမျိုးသမီးဝန်ထမ်းတစ်ယောက် ကဂဏန်းပါင်းစက်နှိပ်ပြပြီးတောင်း တယ်၊တသောင်းခွဲမပါဘူး၊၉၀၀၀ ဘဲပါတယ်လို့ပြောတော့““ငါ့ဆီက ချေးပြီးပေးခဲ့၊နောက်ရက်မှပြန်လာ ဆပ်ပေါ့””ဟုကူညီပေးသယောင် ပြောပြီး တောင်းတယ်၊““ဒီလိုပေးရ သလား၊တခြားရုံးတွေမေးကြည့် အုံးမယ်””ဆိုပြီးမိတ်ဆွေထံဖုန်းဆက် တယ်။““စုံစမ်းမနေနဲ့၊မပေးချင်ရင် မြန့်မာစီးပွားရေးဘဏ်မှာကိုယ်တိုင် ငွေသွားသွင်းပြီးငွေသွင်းချလံပြန် ယူလာခဲ့””လို့ပြောပြီးစာရေးမတစ် ယောက်ကိုဘဏ်သွင်းပုံစံရေးဖြေည့် ခိုင်းတယ်၊ရေးပြီးတော့သူ့ရုံးခန်း မှာလက်မှတ်ထိုးဖို့ခေါ်ပြီးနင့်အဖေ နင့်အမေတွေနဲ့လဲခင်နေတာမို့၊ သွားမသွင်းပါနဲ့တော့၊ဒီမှာပဲပေးထား ခဲ့””လို့ပြောတယ်။ကျွန်မလဲမရ ရတဲ့နည်းနဲ့ငွေတောင်းယူတာကို အံ့သြစွာနဲ့တံဆိပ်ခေါင်းဖိုး(၁၅၀၀၀၀) အတိအကျထားခဲ့တယ်။ရုံးထဲမှာ အခုလိုတောင်းတာကိုကြောက် လို့၊အပြောကောင်းတာကြောင့် အားနာလို့ပေးလိုက်ကြရသူတွေ အများကြီးရှိခဲ့ဖူးတယ်””ဟုလွန်ခဲ့တဲ့ အပတ်ကအခွန်တံဆိပ်ခေါင်း (၁၅၀၀၀၀)ဖိုးသွားဝယ်ခဲ့သူအမျိုး သမီးတစ်ဦးကပြောသည်။

ဗန်းမော်ရှိဌာနဆိုင်ရာဝန်ထမ်း အချို့သည်ပြည်သူလူထုအနေဖြင့် သိရှိလိုသည်ကိုသွားရောက်ပြီး မေးမြန်းခြင်း၊နိုက်နိုက်ချွတ်ချွတ် စုံစမ်းခြင်းမျိုးလုံးဝလက်မခံ၊မကြိုက် ကြပါ။တရားရုံးရောက်လာသည့် တရားခံကိုဆက်ဆံတာမျိုး၊အမှုသည် ကိုအထင်သေးအမြင်သေးကြည့် ပြီးဆက်ဆံတာမျိုးရှိကြောင်းသိရ သည်။ပြီးတော့““အနှောက်အ ယှက်ပေးသည့်၊၀တ္တရားနှောက်ယှေက် သည်””ဟုမဟုတ်မတရားပုံကြီးချဲ့ စွတ်စွဲပြီးအရေးယူမည့်ပုံစံခြောက် လှန့်တတ်သည့်အမူအကျင့်ရှိသူများ လဲတွေ့ရတာကြောင့်၊ဗန်းမော်မြို့ သားအများစုသည်လျှပ်စစ်မီတာခ ပေးဆောင်သည့်ကိစ္စမျိုးလေးတောင် မှကိုယ်တိုင်မသွားချင်၊မပါတ်သက် ချင်ကြ၍ကြားခံလူတစ်ယောက် နှင့်သာပေးဆောင်စေကြောင်း မြို့မရပ်မှလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စီးပွားရေးမြို့တော်ဗန်းမော်ရှိ စီးပွားရေးလုပ်ငန်းရှင်များဒေသခံ ပြည်သူများကိုနိုင်ငံတော်သို့ထမ်း ဆောင်ရမည့်အခွန်ငွေနှင့်ပါတ်သက် ပြီးပညာပေးရန်အထူးလိုအပ်ပေမဲ့ ပညာပေးခြင်းမျိုးအားနည်းသည့် အတွက်ဗဟုသုတမရှိကြပါ။ဒါကြောင့်လဲအခွန်ဝန်ထမ်းများပြော သမျှ၊တခြားလူမသိအောင်ဂဏန်း ပေါင်းစက်ဖြင့်နှိပ်ပြပြီးတောင်းသမျှ ဈေးဆစ်၍ပေးနေရကြောင်းမြို့ခံ အခွန်ထမ်းလုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့်သည်

စကားနည်းရန်စဲနေတတ်ကြ ပြီး၊တော်ရုံတန်ရုံတိုင်ကြားခြင်း၊ ပြောဆိုခြင်းမျိုးမရှိ၊ပြီးရင်ပြီးရောခွင့် လွှတ်သည်းခံလေ့ရှိသည့်ဒေသခံ တွေမှာမတရားမှုမြောက်များစွာ ကြုံရပေမဲ့၊ယခုကာယကံရှင်ဦးညီ ညီဖေတင်မှာတော့နစ်နာဆုံးရှုံးနေ ရတာထက်နှစ်ပေါင်းများစွာမတော် မတရားလုပ်မှုများ လုံးဝပပျောက် သွားအောင်ဆန္ဒရှိတာကြောင့်၎င်းမခံ မရပ်နိုင်လွန်းတာကြောင့်နိုင်ငံတော် သမ္မတကြီးထံ တတိယ အကြိမ်မြောက် တိုင်ကြားရခြင်းဖြစ်ကြောင်း၊အလား တူလူမသိ၊သူမသိဘဲနိုင်ငံအခွန်ငွေ များနစ်နာဆုံးရှုံး နေရကြောင်း၊ယခု အမှုကိုစောင့်ကြည့်လေ့လာနေသည့် ကိုယ်တွေ့ခံစားရတာကိုတိုင်ကြား စာပေးပို့လိုသူ မင်းကုန်းရပ်ကွက်မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

၎.၇.၂၀၁၃နေ့အခွန်ဦးစီး ဌာနသို့သွားရောက်မေးမြန်းစုံစမ်း ရာ““မိမိတို့ဌာနအနေဖြင့်စစ်ဆေး မေးမြန်း တွေ့ရှိချက် များကိုအထက် သို့ပြန်လည်တင်ပြထားပါတယ်”” ဟုဦးစီးမှူးဦးစောဆွေကပြန်လည် ဖြေကြားခဲ့ပါသည်။

နိုင်ငံတော်အဆင့်တွင်အပြောင်း လဲကြီးပြောင်းလဲနေပေမဲ့အောက် ခြေပိုင်းတွင်ပြုပြင်ပြောင်းလဲခြင်းများ အားနည်းနေသေးကြောင်းသိရှိ ရပြီး၊ယခုဖြစ်စဉ်ကိုဒေသခံပြည်သူ များ၊အထူးစိတ်ဝင်စားလျက်ရှိကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။

Credit : http://www.hotnewsweekly.com/archives/23203

နေပြည်တော် ပျဉ်းမနားခုတင်(၂၀၀)ပြည်သူ့ဆေးရုံ ၀န်ထမ်းနေအခန်းများ မီးလောင်မှုဖြစ်ပွား



နေပြည်တော်ကောင်စီနယ် မြေ ပျဉ်မနားခုတင်(၂၀၀)ပြည် သူ့ဆေးရုံ အတွင်းရှိဝန်ထမ်းအိမ် ခန်းများတွင် ဇူလိုင်(၅)ရက်နေ့ နံနက်၃နာရီ၂၀မိနစ်ခန့်တွင် မီး လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် ၀န်ထမ်းများနေထိုင်သော အခန်း(၃)ခန်းမီးလောင် ကျွမ်းခဲ့ ကြောင်းနှင့် မီးလောင် ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် တစ်သိန်း ခန့်ရှိကြောင်း သက် ဆိုင်ရာက သတ်မှတ်ထားပြီး ဟောင်းနွမ်းနေသော ၀ိုင်ယာကြိုး ရှော့(ခ်)ဖြစ်ပြီးလောင်ကျွမ်း ခြင်းဖြစ်ကြောင်း၊ မီးလောင်စဉ် ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံမှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြစ်သော ဒေါ်ရီလေးခိုင်နှင့် ဒေါ် ဝေေ၀သွင်တို့မှာ တာဝန်နှင့်ခရီး သွားနေကြောင်း၊ ဆေးရုံ အလုပ်သမား ၀န်ထမ်းဒေါ်ဌေးအခန်း သာလျှင်လူရှိကြောင်း သိရ သည်။ တာဝန်ရှိသူများအချိန်မီ ရောက်ရှိ လာပြီး မြို့နယ် မီးသတ်ဦးစီး ဌာန၏ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် ၃နာရီ ၃၅မိနစ်ခန့်တွင် မီး ငြိမ်းသတ်နိုင် သော်လည်း ၀န်ထမ်း (၃)ဦး၏အခန်းများ မီးလောင် ပျက်စီးဆုံးရှုံးသွားသောကြောင့် မီးလောင်မှုဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23192

ပြည်ထောင်စုသဘောရ ပေးထားတဲ့အာဏာကို တိုင်းရင်းသားတွေမသုံးတတ်သေး


DSC05178

အခြေခံဥပဒေအရအစိုးရရဲ့ ဖယ်ဒရယ်မူစနစ်နှင့် တိုင်း ရင်း သား တောင်းဆိုတဲ့ဖယ်ဒရယ်မူစနစ် တူ ညီမျှရှိခဲ့သည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ်ကဆိုသည်။သို့သော် ယနေ့ထိတိုင် ငြင်းခုံ နေကြဆဲဖြစ် ကာ တိုင်းရင်းသားတွေအတွက် နိုင်ငံရေး အရစကားပြောဆိုနေကြ ဆဲပင်ဖြစ်သည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍၀န်ကြီးချုပ်ဦးအုန်းမြင့်ကိုတွေ့ ဆုံမေးမြန်းခွင့်ရခဲ့သည်။


““ကျွန်တော် တို့ အခြေခံဥပဒေမှာ အာဏာ ခွဲဝေမှုရှိတယ်။ အခြေခံဥပဒေမှာ ကြည့်ရင် လူမျိုးဘာသာ သာသနာ၊ယဉ်ကျေးမှုနဲ့ပညာက အစ အားလုံးပေးထားပြီးသား။ ဒါ့ အပြင် ဒီနေ့ဖွဲ့စည်းတဲ့ပြည် ထောင်စုမှာ ပြည်နယ်/တိုင်း အစိုးရတွေရယ်လို့ရှိတယ်။ ပြည် ထောင်စုမှာ အစိုးရရှိတယ်။ တရားလွှတ်တော်တရားသူကြီး ဆိုတာရှိတယ်။ဥပဒေချုပ်ဆိုတာ ရှိတယ်။စာရင်းစစ်ချုပ် ပြည်နယ် လွှတ်တော်ဆိုတာရှိတယ်။ပြည် နယ်လွှတ်တော်က ကျွန်တော်တို့ ပြည်နယ်အတွက် ဥပဒေပြုလို့ရ တယ်။

ဒီလိုလုပ်လို့ပြည်ထောင်စု လွှတ်တော် ကို မထိခိုက်စေရ။သဘောက တော့ဗျာ၊ ကိုယ်ပြည်နယ်မှာ ပေး ထားတဲ့ ဇယား(၂)ဆိုတာရှိတယ်။ အခုအချိန်အခါက အစဖြစ်နေ လို့ပါ။ နောက်ဆိုကျင့်သားရကြ မှာပါ။အာဏာခွဲဝေမှုကို မလုပ် နိုင်ကြသေးဘူး။ရှိပြီးသားလူတွေ ရဲ့ အလေ့အကျင့်က မရသေး တာ။ ဒါကိုချက်ချင်းပေးဖို့ မဖြစ်နိုင် သေးဘူးလေ။

ဒီနှစ်ဆိုရင် နိုင်ငံတော် သမ္မတကသူ့မှာရှိ တဲ့ပြည် ထောင်စုကပါဝါတွေနဲ့ ကျွန်တော် တို့ပြည်နယ်တွေကို ခွဲ ၊ လွှတ်တော်က သမ္မတက ကိုရွေးပေးတယ်။လွှတ်တော်ကို တင်ပေးလိုက်တယ်။အတည်ပြု ပေးတယ်။ ပြည်နယ် တိုင်းဝန်ကြီး ချုပ်ကိုတော့ နော်မယ်လိုက်လုပ် ပေးတယ်။ပြည်နယ်လွှတ်တော်ကို တင်ရတယ်။ ပြည်နယ်လွှတ်တော် က အတည်ပြု ၊ဒီဝန်ကြီးချုပ်ကို တော့ သမ္မတခန့်ပေးလိုက်တယ်။ အဲဒီဝန်ကြီးချုပ်ဟာ ဒီပြည်နယ် က ကျွန်တော်ဆိုပါစို့။ကျွန်တော် တို့ လူမျိုးမွန်ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌကလည်း မွန်လူမျိုး၊မွန်လူမျိုးလွှတ်တော် ဥက္ကဋ္ဌ။ကျွန်တော်တို့လွှတ်တော် မှာ ဥပဒေပြုခွင့်ရှိတယ်။ဒီခေါင်း နှစ်ခေါင်းကြည့်လိုက်ရင် လွှတ် တော် ဥက္ကဋ္ဌကလည်းမွန်၊၀န်ကြီး ချုပ်ကလည်း မွန်ဇာတိတွေပဲ ၀န်ကြီးချုပ် က ပြည်နယ်မှာ လုပ် ပိုင်ခွင့်ပြုလို့ရတယ်။ကျန်တဲ့ဝန် ကြီးတွေကိုလည်း ခန့်အပ်လို့ရ တယ်ဗျ။ရွေးချယ်တာ ၀န်ကြီးချုပ် လေ။

ကျွန်တော်တို့ မွန်ပြည်နယ် မှာဘဲကြည့်ဦးဝန်ကြီးချုပ်ရွေး ချယ်တဲ့အခါ ကျွန်တော်တို့အစိုးရ လက်ထက်မှာ(၃)ပါတီရှိတယ်။ ပြည်ခိုင်ဖြိုးပါတီပေါ့၊ ဒါကလည်း အစဉ်အလာမို့လို့ပါ။ ပါတီဥက္ကဋ္ဌ ကလည်း ကျွန်တော် မွန်လူမျိုးဘဲ၊ ပြည်ခိုင်ဖြိုးပါတီလို့သာပြောတယ်၊ ပြည်ခိုင်ဖြိုးပါတီမှာလည်း မွန်လူ မျိုးတွေအများကြီးပဲ။ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီကိုလည်း ကျွန်တော်တို့က ၀န်ကြီး(၂)ပါး ပေးထားလိုက်တယ်။ ဒါကိုလည်း ကျွန်တော်တို့ပဲ ရွေးပေးတာလေ၊ သူတို့လည်းလက်ခံတယ်။အစိုးရ အဖွဲ့ထဲမှာထည့်တယ် ဆိုတော့ ကျွန်တော်တို့ပြည်နယ်မှာပြန်ကြည့် လိုက်ရင် ပြည်ခိုင်ဖြိုးပါတီက ဦး ဆောင်နေတယ်ဆိုပေမဲ့ ပါတီစုံ ဖြစ်နေတယ်။

ဒီစနစ်ကိုကအာဏာခွဲဝေမှု ညီမျှနေတယ်။ဒါကိုက တိုင်းရင်း သားလူမျိုးတွေကို နှိမ်ထားတာ မရှိဘူးလို့ ပြောလို့ရပါတယ်ဗျာ။ ထပ်ပြီးရှင်းပြမယ်။လွှတ်တော် ဥက္ကဋ္ဌကလည်းမွန်ပဲ။အစိုးရထဲမှာ လည်းမွန်ပါတယ်။ ပါတီစုံပါတယ်။ ကျွန်တော်တို့ အခြေခံဥပဒေက ပေးထားတဲ့အတိုင်း ကျွန်တော်တို့ ရတယ်။ ဒါကြောင့်မို့လွှတ်တော် မှာ လည်းဥပဒေပြုခွင့်ရှိတယ်။ တရားလွှတ်တော် တရားသူကြီး ချုပ်ကလည်း တရား ရေးနဲ့ပတ် သက်လာရင် သူက ၀န်ထမ်း မဟုတ်ဘူး၊တရားရေးမတိမ်းစောင်း အောင်လည်းရှေ့နေချုပ်ကို ထိန်းထားတာရှိတယ်။လက်ရှိ ရှေ့နေချုပ်က အစိုးအဖွဲ့ဝင်၊ စာရင်းစစ်ချုပ်လည်း နိုင်ငံတော် ဘတ်ဂျက်နဲ့ပတ်သက်လို့ အလွဲ သုံးစားမဖြစ်အောင် ထိန်းညှိ တယ်။ဝန်ကြီးချုပ်က တာဝန် ခံရတယ်။လွှတ်တော်ကိုလည်း ပေးပို့ရတယ်။ ကျွန်တော်တို့ပြည် နယ်မှာ ကျွန်တော်တို့ ကြမ်္မာ ကျွန်တော်တို့ ဖန်တီးပြီးသားပါ။ပင်လုံဖယ်ဒရယ် ကခွဲထွက်တယ်။ကျွန်တော်တို့ ဖယ်ဒရယ်က ခွဲမထွက်ဘူးဗျ။ ကိုယ်ကြမ်္မာကိုယ် ဖန်တီးလို့ရပြီး သားပဲဗျာ။

နောက်တစ်ခုပြောလို တာက ပြည်ထောင်စုဆိုတာ တိုင်း ရင်းသားပေါင်းစုံနေတာဖြစ်တဲ့ အတွက် တစ်ခုခုကို ပြဌာန်းလို့ မရဘူးဗျ။မွန်ပြည်နယ်မှာ မွန်စာ ပေ ဆရာ/ဆရာမ တွေနဲ့ စသည် ဖြင့်လုပ်မယ်။ ဒါပေမဲ့ ပအို့ဝ် ကရင်စတာတွေလည်းရှိသေး တယ်။ဒါတွေကအစ ကျွန်တော် တို့မှာ စဉ်းစားရတယ်။ လုပ်ပိုင်ခွင့် ရှိသွားတဲ့အတွက်ကြောင့် ကိုယ် ပြည်နယ်ကို ကိုယ်ဘယ်လိုဖန်တီး မလဲဆိုတာ ကိုယ့်ဟာကိုယ် ဆုံး ဖြတ်ပိုင်ခွင့်ရှိတယ်။အဲဒါဟာ ဖယ်ဒရယ်ပဲ၊ အမေရိကန်ပြည် ထောင်စုမှာလည်းဒါပဲ၊ကျွန်တော် တို့ဆီမှာလည်းဒါပဲလေ။အခုက ပြောနေတဲ့ ပင်လုံဖယ်ဒရယ်က (၁၀)နှစ်ကြာရင်ခွဲထွက်ခွင့်ပေးရ မှာ။ ဒါဆိုပြည်ထောင်စုကြီးပြိုကွဲ မယ်၊ကျွန်တော်တို့ဟာ ကျွန်တော် တို့ ဖယ်ဒရယ်ရှိပြီးသားပဲလေ။ ဒီထက် ကောင်းတဲ့ အခွင့်အရေး ဆိုတာမရှိဘူး။

ခင်ဗျား(Hot News ဂျာနယ်) မေးလိုက်တဲ့ တိုင်းရင်းသားတွေ မှာ အာဏာခွဲ ဝေမှုမညီမျှလို့ ယနေ့ထက်ထိ အောင် နိုင်ငံရေးအရစကားပြော နေကြဆဲဆိုတာက ညီမျှတယ်၊ ကျွန်တော်တို့မှာ ဟိုဘက်က စနစ်ကနေ ဒီစနစ်ကို ပြောင်းတဲ့ အခါ အသစ်ဖြစ်နေတယ်။ပေး တော့ပေးထားပြီးသား၊ကျွန်တော် တို့ တိုင်းရင်းသား တွေအနေနဲ့ မတတ်သေးတာ၊မကျွမ်းကျင်သေး တာ၊ပေးပေမဲ့လည်း အစပိုင်း က ဘတ်ဂျက်တောင် မသုံးတတ် သေးဘူးဗျ။မဆွဲတတ်ဘူး၊ကျွန် တော်တို့မှာ ဘတ်ဂျက်ဆွဲပြီး ရှင်းပြီးပြီ။ဒါကြောင့်မို့ ပြည်ထောင် စုက ခွဲဝေပေးတဲ့အာဏာဟာ အခုတဖြည်းဖြည်းနဲ့ရလာပြီ။ ပြည်နယ်တွေတိုးတက်ဖို့ သမ္မတ က ခွင့်ပေးပြီးသား။မြန်ချင်ရင် တော့ အစိုးရဘတ်ဂျက်စောင့်နေ လို့မရဘူးဗျ။ကိုယ့်ပြည်နယ်မှာ အလုပ်အတွက် ပါဝင်ချင်တဲ့ နိုင်ငံ က လာပြီးလုပ်မယ်၊အစိုးရက လည်း ဘတ်ဂျက်ချပေးမယ်ဆို ရင်သည့်နေ့ပြည်နယ် တွေမှာ တောင်းဆိုနေတဲ့ အချက်တွေဟာ စနစ်အရကောင်း ပါလားဆိုတာ သိကြမှာပါ။အဲဒီကျမှ တိုင်းရင်း သားတွေတောင်းတဲ့ ဖယ်ဒရယ် စနစ်ရယ် အစိုးရရဲ့ဖယ်ဒရယ် စနစ်ရယ်တူတယ်ဆိုတာသိမှာပါ လို့ပဲပြောလိုပါတယ်””ဟု ယနေ့ ထိတိုင်အောင် အငြင်းပွား နေဆဲဖြစ်သောဖယ်ဒရယ်စနစ် နှင့်ပတ်သက်၍ အပေါ် မွန် ပြည်နယ် ၀န်ကြီးချုပ်ဦးအုန်းမြင့် ကဆိုပါသည်။

Credit : http://www.hotnewsweekly.com/archives/23207

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီးသံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ် ချက်ဖြင့် ရောက်ရှိလာခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ သိရသည်။


အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်ရှိသည့်အခါတွင် သင်္ကန်းဝတ်ဖြင့် သံဃာအယောင်ဆောင်ကာ ပန်းပဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့မှ ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနှစ်ဦးမှာ Parsujait Barua (၂၇)နှစ်၊ ပတ်စ်ပို့စ်အမှတ် Ae-4674854 နှင့် Antar Barua (၂၉) နှစ်၊ ပတ်စ်ပို့စ်အမှတ် Ac-9257706 ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။

သင်္ကန်းဝတ်ဖြင့် သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမည်မသိ မွတ်စလင် ဇနီးမောင်နှံနှစ်ဦးနှင့် ဖုန်းအဆက်အသွယ် ရရှိပြီး မလေးရှား နိုင်ငံသို့ ပို့ပေးမည်ဟု ပြောသဖြင့် မြန်မာနိုင်ငံသို့ ထွက်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာလေဆိပ်မှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာ့လေကြောင်းနှင့် ဇူလိုင် ၉ ရက်၊ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

ရန်ကုန်လေဆိပ်သို့ အရောက်တွင် ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးမှ လာရောက်ကြိုခဲ့ပြီး တက္ကစီယာဉ်ဖြင့် ပန်းပဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တစ်ရက်လျှင်ကျပ် ၁၂၀၀၀ နှုန်းဖြင့် တည်းခိုခဲ့ကြောင်း၊ ထမင်းစားရန်အတွက် သွားရာတွင် မွတ်စလင် လင်မယားနှစ်ဦးမှ သင်္ကန်းဝတ်ဖြင့် မသွားရန်၊ အရပ်ဝတ်ဖြင့် လဲလှယ်ကာ သွားရောက် စားသောက်ရန် စသည့်အချက်အလက်များကို စစ်ဆေးရာ၌ ထွက်ဆိုချက်အရ သိရသည်။

သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ . . . . . အဆိုပါ အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးထံမှ ပါရှိလာသည့် ပစ္စည်းများ၊ ပတ်စ်ပို့နှင့် တယ်လီဖုန်းများကိုလည်း သိမ်းဆည်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်အား ဆက်သွယ်မေးမြန်းရာ ၄င်းက "အခု ကျွန်တော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ" ဟု ဇူလိုင် ၉ ရက်၊ ည ၇ နာရီက ပြောကြားသည်။

တည်းခိုခဲ့သည့် ပန်းပဲတန်းမြို့နယ်ရှိ ပိုလိုတည်းခိုခန်းမှ ညပိုင်းမန်နေဂျာဖြစ်သူ ဦးအောင်ကျော်ဦးက ဇူလိုင် ၉ ရက်၊ ည ၈ နာရီတွင် "သူတို့နှစ်ဦးက ဒီနေ့မနက်မှာပဲ လာပြီးတည်းတယ်။ မွန်းလွဲပိုင်းမှာပဲ ရဲတွေကလာပြီး ဖမ်းသွားတယ်။ သူတို့နှစ်ယောက်အပြင် ဆိုင်က မနက်ပိုင်းမန်နေဂျာ ကိုတင်မောင်မြင့် ကိုလည်း ခေါ်သွားပါတယ်" ဟု ပြောကြားသည်။

ပိုလိုတည်းခိုခန်းမှ ပိုင်ရှင်ဖြစ်သူအား မေးမြန်းရာ ၎င်းက "မနက်ပိုင်း မန်နေဂျာကတော့ ပတ်စ်ပို့ကို ကြည့်ပြီးတော့ တည်းခိုခွင့် ပေးလိုက်တာပါ။ သင်္ကန်းဝတ်နဲ့ လာတာလား၊ အရပ်ဝတ်နဲ့ လာတာလား ဆိုတာ တော့ ကျွန်တော်မသိပါဘူး" ဟု ပြောကြားသည်။

Eleven Media Group