Monday, July 8, 2013

ငြိမ်းချမ်းရေး ဘေးထွက် ဆိုးကျိုးအပေါ် အမြင်များ

မကြာသေးမီက ကျင်းပခဲ့သည့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သတိပေး ပြောဆိုခဲ့သည်။ သူရ ဦးရွှေမန်း က ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆောင်ရွက် ရာတွင် ဥပဒေနှင့် မညီညွတ်ပါက ပြည်သူများ၏ ဘ၀လုံခြုံရေး ထိပါးမှုများ၊ ပြည်သူများ၏ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်ခြင်းများ စသည့် ဘေးထွက် ဆိုးကျိုး ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်လေ့လာ သုံးသပ်သပ်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသွားခြင်း ဖြစ်သည်။


ယင်းပြောဆိုချက်နှင့် ပတ်သက်၍ ထင်မြင်သုံးသပ်ချက်များကို တိုင်းရင်းသား ပါတီများ အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ ဧရာဝတီ သတင်းထောက် လင်းသန့် နှင့် ထက်နိုင်ဇော်တို့က ဆက်သွယ် မေးမြန်းထားပါသည်။


ဦးစိုင်းညွန့်လွင် (ပြောခွင့်ရပုဂ္ဂိုလ်၊ ရှမ်းဒီမိုကရေစီ အဖွဲ့ချုပ်)

ကာလုံအစည်းအဝေးနဲ့ ပတ်သက်ပြီး နားထောင်ကြည့်တော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို ပြည်တွင်းပိုက်ဆံနဲ့ သုံးဖို့လုပ်နေတယ်လို့ ကြားရတယ်။ ကျနော်ထင်တာကတော့ တကယ့်ငြိမ်းချမ်းရေး လုပ်နေတဲ့ အဖွဲ့တွေက သိပ်မခိုင်သေးဘူးဗျ။ ဦးရွှေမန်းက MPC ကိုများ ရည်ညွှန်းချင်တဲ့ သဘောလား မသိဘူး။ Myanmar Peace Center ကို ပြောချင်တာ။ သူပြောသလို ငြိမ်းချမ်းရေးလုပ်တာ ဘယ်လိုလို့ ဘေးထွက်ဆိုးကျိုး ရှိမှာလဲ။ ဆိုးကျိုးကြီး တခုလုံးထက်စာရင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ကတော့ ခံစားရမယ်။ ခင်ဗျား ဗိုက်နာပျောက်ချင်လို့ ဆေးသောက်မယ်ဆိုရင် တခြားဘေးထွက်ဆိုးကျိုး နည်းနည်းကတော့ ရှိမှာပဲ။ အဓိကပြဿနာကို ပြေလည်ချင်ရင် ဒီဘေးထွက်ဆိုးကျိုးဒဏ် အနည်းငယ် ကိုတော့ ခင်ဗျား ခံရလိမ့်မယ်။ အဓိကပြဿနာ အခက်အခဲကြီးကို မကုဘဲနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပဲ သွားကုနေလို့လည်း မရဘူး။

ဦးအောင်မင်းပြောနေတာတွေလည်း ကျနော်ကြားနေတာပဲ။ သူက သူ့သဘောထားကိုပဲ ပြောတာ။ ပေးတာမှ မဟုတ်တာ။ ဥပမာ သူပြောနေတာ ကျနော်ကြားတယ်။ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်၊ ကချင်ပြည်နယ်ကို ကချင်တွေအုပ်ချုပ်လို့ သူပြောနေတာပဲ။ အဲဒါ သူသဘောထားပဲ ရှိတာ။ ပေးတာမှ မဟုတ်တာ။ ဒါတွေက ဆွေးနွေးယူရမယ့် ကိစ္စတွေပဲ။

အစိုးရလုပ်ချင်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲဖို့ဆိုတာက သူတို့က ဖြစ်ချင်နေတယ်။ ဖြစ်သွားရင် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး) ဘန်ကီမွန်းရယ်၊ (အမေရိကန် သမ္မတဟောင်း) ဂျင်မီကာတာရယ် လာမယ်။ ကျနော်တို့ သမ္မတနဲ့ ခဏတွေ့ခွင့် ရခဲ့တုန်းကလည်း ဒီသဘောထားကိုပဲ သူပြောတယ်။ သူတို့ပြောတာ လုပ်နိုင်ရင် ဟိုအဖွဲ့တွေကို မတရားအသင်း ကြေညာထားတဲ့ ကိစ္စလည်း ပြေလည်သွားနိုင်တယ်။ ၁၇ (၁) ကိုလည်း အစိုးရက သတ်သတ် ရုတ်သိမ်းပေးစရာ မလိုတော့တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ တံခါးပွင့်ပြီလို့ ပြောလို့တယ်။ နောက်ပိုင်းမှာ ယွက်ဆစ်တို့အဖွဲ့လာတော့ သမ္မတပြောတာက နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ဆွေးနွေးရမယ်လို့ ပြောတာ ကြားတယ်ဗျ။ ကျနော်တို့က အဲဒီနေရာမှာ နည်းနည်း လည်နေတယ်။ ကြည့်ရတာတော့ လွှတ်တော်နဲ့ အစိုးရနဲ့က အပြန်အလှန် ဖြစ်နေကြတာပဲ။ လူတွေလည်း ဒါပဲပြောနေကြတာပဲ။ ကျနော်အထင်တော့ လွှတ်တော်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ၀င်ပါချင်တဲ့ သဘောရှိတယ်။ အောင်မြင်မယ့် အခြေအနေရှိတော့ ၀င်ပါချင်လာပြီပေါ့။

ဦးစောသန်းမြင့် (ဗဟိုကော်မတီဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

လွှတ်တော်ကတော့ ဥပဒေပြုဖို့ပဲ တာဝန်ရှိတယ်။ ငြိမ်းချမ်းရေး လုပ်တာက အစိုးရအလုပ်ဗျ။ အခု ငြိမ်းချမ်းရေး လုပ်နေတာက သမ္မတက လုပ်နေတာ။ လွှတ်တော်က လုပ်နေတာ မဟုတ်ဘူး။ အခုအစိုးရက ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ကို MPC မှာ လုပ်ဖို့ တာဝန်ပေးထားတယ်။ တခုရှိတာက တခါ တလေမှာ ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့က ငြိမ်းချမ်းရေး အရမ်း လိုချင်နေတဲ့အတွက် သူတို့ပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် မညီတာလေးတွေ ပါလာနိုင်တယ်။ ကျနော်အထင်တော့ တကယ့်ကို ငြိမ်းချမ်းရေး ရချင်တဲ့ဆန္ဒနဲ့ ပြောတာလို့ ကျနော်ထင်တယ်။ တကယ် အမှားရှိခဲ့ရင်လည်း စေတနာအမှား ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒါပေမယ့် အခြေခံဥပဒေနဲ့ မလွတ်ကင်းတာတွေ ပါနေတယ်။ ဥပမာ သူတို့ KNU နဲ့ ညှိနှိုင်းတဲ့အခါမှာ ပိုပြီးတော့ မြင်သာတာပေါ့။ အရင်အစိုးရ အဆက်ဆက်က မဖြစ်နိုင်တဲ့ကိစ္စတွေကို သူတို့ MPC က တော်တော်များများ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ပြောလာတယ်။ အဲဒီထဲက အချက်အချို့ကတော့ လက်ရှိ Constitution နဲ့ မကိုက်ညီတာလေးတွေ ရှိတယ်။ ဦးရွှေမန်းပြောတဲ့ ကိစ္စကလည်း အမှန်တော့ အမှန်တရားပါပဲ။ တချို့ကိစ္စတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုတာမျိုးလေ။

ကျနော်တို့ကတော့ လက်မှတ်ထိုးပွဲကို ကြိုဆိုတယ်။ အနည်းဆုံး အာဆီယံနိုင်ငံတွေကိုပဲ ဖိတ်ပြီး လက်မှတ် ထိုးနိုင်ခဲ့ရင်တောင် ကောင်းတယ်။ နောက်ပြီးတော့ US တို့၊ Europe တို့ကိုပါ ခေါ်ပြီးတော့ လုပ်နိုင်ရင်တော့ ခိုင်မာမှု ပိုရှိတာပေါ့နော်။ အဲဒီလို ဖြစ်သွားရင် စာချုပ်စာတမ်း ကတိတွေဟာ မပျက်နိုင်တော့ဘူးလို့ မြင်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို ဆန္ဒရှိပါတယ်။ လုပ်နိုင်ခဲ့ရင် ကမ္ဘာ့မျက်နှာစာမှာလည်း စာချုပ်ရဲ့တန်ဖိုးက ပိုမြင့်တက်မယ်။ ချုပ်တဲ့အတိုင်းလည်း လုပ်ကိုလုပ်ရမယ်ဆို့တော့ ကမ္ဘာ့မျက်နှာစာ မှာလည်း အစိုးရအဖွဲ့အတွက်လည်း အခိုင်အမာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ယုံကြည်မှုရလာ တာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာလည်း နိုင်ငံတကာအဖွဲ့တွေ ကြားခံပါတဲ့အတွက် ပိုပြီးတော့ လက်ရှိအစိုးရကို ပိုယုံကြည်လာမယ်လို့ ဦးတော့ထင်တယ်။

လွှတ်တော်က ဥပဒေပြုရေးကိုပဲ အဓိကထား လုပ်ဖို့လိုတဲ့အတွက် နိုင်ငံတကာမှာလည်း လွှတ်တော်တွေက ဥပဒေပြုရေးပဲ လုပ်ကြတယ်။ အခုငြိမ်းချမ်းရေး ကာလမှာလည်း ဥပဒေတွေအများကြီး ပြင်ရမယ်လေဗျာ။ အဲလိုဆိုရင်တော့ လွှတ်တော်မှာလည်း တာဝန်ရှိတာပေါ့။ တကယ်တမ်းပြောရရင် အစိုးရရော လွှတ်တော် ရော တပ်မတော်ရော အကုန်ပါလာရင် ပိုကောင်းတာပေါ့။ အားလုံးပါလာရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေး ကို ဦးတို့ တည်ဆောက်နိုင်လိမ့်မယ်လို့ ဦးတို့မြင်တယ်။

ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)

ထဲထဲဝင်ဝင် မသိပေမယ့် ကြားရတာတော့ စိတ်မကောင်းစရာပဲ။ တိုင်းရင်းသားတွေရဲ့ စိတ်သဘောထား အမှန်နဲ့ သူတို့ရဲ့ စိတ်သဘောထား အမှန်က အခုထက်ထိ ညှိလို့မရသေးဘူးလို့ပဲ ဆုံးဖြတ်ချင်တယ်။ သူရဦးရွှေမန်း အပါအ၀င် နိုင်ငံတော် တာဝန်ရှိသူတွေက တိုင်းရင်းသားဘက်က မဟုတ်ဘူးပေါ့ဗျာ။ ဗမာတွေရဲ့ အခုပကတိ အနေအထား စိတ်ရင်း သဘောထားက ဘယ်လိုလဲဆိုတော့ ကျနော် ပြောချင်တာက လက်ရှိ ခေါင်းဆောင်တွေရဲ့ သဘောထားဟာ ဗမာအားလုံးရဲ့ သဘောထားလို့တော့ မဆိုလိုပါဘူး။ သူတို့ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာရှိရင်တောင် ဘယ်လောက် စေတနာရှိနေလဲဆိုတာ မဖော်ပြနိုင်လို့ ကျနော်ဝမ်းနည်းတယ်။

နေပြည်တော်မှာ တိုင်းရင်းသားတွေ လက်မှတ်စုထိုးဖို့ ကိစ္စက သမ္မတက လုပ်ချင်နေတာ။ ဒါတွေက မနက်ဖြန် ထလုပ်လည်း ရတဲ့ကိစ္စပါ။ တကယ်စိတ်ထဲကကို ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်ရှိရင် မနက်ဖြန် ထလုပ်လို့ရပါတယ်။ မဖြစ်နိုင်တာ မရှိပါဘူး။ အဓိကက ကျနော်တို့ရဲ့ စိတ်သဘောထား အမှန်အကန်က ဘာဖြစ်နေလဲ အရေးကြီးတာပါ။ ဖက်ဒရယ်ကိစ္စ ဆိုရင်လည်း သူတို့ပေးတာ မပေးတာ ကျနော် မပြောလိုဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးပါ။ သူတို့ပေးမှ ရတဲ့ဟာလည်း မဟုတ်ပါဘူး။ အဓိကကတော့ ကျနော်တို့ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်။ ပြီးလို့ရှိရင် ဘယ်လို လက်တွဲပြီးမှ ခရီးသွားမလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်ရမယ်။ ကျနော်တို့ ပါဝင် ပတ်သက်နေတဲ့ Stake Holder တွေအားလုံး အတူတွဲလုပ်မယ်ဆိုတဲ့ စိတ်နေသဘောထား ရှိဖို့သာလျှင် အဓိက ဖြစ်တယ်။ အမျိုးသားရင်ကြား တကယ်စေ့ချင်တယ်ဆိုရင် မနက်ဖြန် စေ့လို့ရပါတယ်။

ကာလုံအစည်းအဝေး ခေါ်တဲ့ကိစ္စကတော့ အခုတိုင်းပြည်မှာ သေရေးရှင်ရေး ကိစ္စမှ မရှိတာ။ ငြိမ်းချမ်းရေးတို့ Reconciliation တို့ဆိုတာ ပုံမှန် Process တွေအပေါ်မှာ အလုပ်လုပ်ရတာ ဖြစ်တယ်။ ကျနော်အမြင်အရ ပြောရရင် ကာလုံ အစည်းအဝေးတွေ ဘာတွေဆိုတာ အရေးပေါ်ကာလတွေမှာပဲ လုပ်ရမှာပေါ့နော်။ အခုအခြေအနေက ကာလုံ အစည်းအဝေးခေါ်စရာ မလိုဘူးလို့ပဲ သုံးသပ်ချင်ပါတယ်။

ဦးသုဝေ (ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ [မြန်မာ])

အခုဖြစ်ပျက်နေတဲ့ အခြေအနေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ တိုက်ပွဲတွေ ဖြစ်လိုက်နဲ့ဗျာ။ အဲဒီတော့ အစိုးရက ကာလုံလိုမျိုး ခေါ်ပြီးတော့ သေသေချာချာ ဆွေးနွေးနိုင်ရင်တော့ ကောင်းသွားမလား မသိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာကိုတော့ တကယ်က အစိုးရကပဲ လုပ်ရမှာ။ အစိုးရနဲ့ တပ်မတော် ညှိလုပ်ရမှာ။ ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကလည်း ငြိမ်းချမ်းရေးကို အစိုးရကပဲ ဦးဆောင် ဆွေးနွေးတာပဲ။ လွှတ်တော်က သိပ်မပါခဲ့ဘူး။ အကြောင်းရှိရင် လွှတ်တော်မှာ ဆွေးနွေးတာလောက်ပဲ ရှိတယ်။

အစိုးရလုပ်ချင်တဲ့ လက်မှတ်ထိုးပွဲကလည်း ဖြစ်နိုင်မယ် မထင်ဘူး။ တဖွဲ့ချင်းစီတွေ ဆွေးနွေးတာတောင် ဒီလောက် ပြဿနာတွေ တက်နေတာ။ နောက်ဆုံးရနိုင်ဖို့ကတော့ တော်တော်လေး ခက်မယ်တူတယ်။ အခုကြည့်ရတာက အစိုးရနဲ့ လွှတ်တော်ကြားမှာ အားပြိုင်မှုတွေ ရှိနေတယ်။ အခုကျနော်တို့ ကြိုးစားနေတဲ့ PR ကိစ္စမှာလည်း ရွေးကာက်ပွဲ ကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ အခါမှာတောင် အဆင်မပြေဘူး။ အမှန်က သူတို့အချင်းချင်း ပြေလည်ရင် ဒီကိစ္စ ဘာပြဿနာမှ တက်စရာမရှိဘူး။ အခုလွှတ်တော်က ပြောလိုက်တဲ့ပုံက ရွှေးကောက်ပွဲ ကော်မရှင်ကပဲ စည်းကမ်း နားမလည်တဲ့ ပုံစံဖြစ်နေတယ်။ သူတို့အချင်းချင်း မတည့်လို့သာ PR က ဒီပုံစံဖြစ်သွားတာ။ ဟုတ်တယ်မဟုတ်လား။

ဒေါက်တာ အေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေး ပါတီဥက္ကဋ္ဌ)

ကျနော် စဉ်းစားကြည့်တာတော့ လွှတ်တော်ဥက္ကဋ္ဌက အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေဟာ ဥပဒေနဲ့ ညီရဲ့လားဆိုတာကို သူစဉ်းစား သုံးသပ်မိပုံရတယ်။ ဥပမာ ၁၇ (၁) ပေါ့ဗျာ။ မတရား အသင်းနဲ့ ပတ်သက်တဲ့ကိစ္စ။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် အဲဒီ ၁၇ (၁) တို့၊ (၂) တို့ကို ဖျက်ပစ်ဖို့ လိုမလားပေါ့။ ဥပဒေ ဘောင်အတွင်းမှာ ဆွေးနွေးနိုင်အောင်၊ ဥပမာ – ပါတီတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ တချို့ MPC မှာ ပါတဲ့ပုဂ္ဂိုလ်တွေကလည်း လောလောဆယ်မှာ မတရာအသင် ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတကာက ယူနေတဲ့ ငွေကြေးကိစ္စတွေမှာလည်း ဥပမာ – နိုင်ငံရေးပါတီတွေကို နိုင်ငံတကာ အထောက်အပံ့တွေ မယူဖို့ ပြောထားတာရှိတယ်။ MPC ဆိုတာလည်း အစိုးရက တရားဝင် တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်တော့ မေးခွန်းလေးတွေ ပေါ်လာ တာပေါ့ဗျာ။ အခု ဦးဝင်းမရ (ဦးဝင်းမြ) တို့ လုပ်နေတဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဆိုရင်လည်း ဒီပြဿနာရှိခဲ့တာပဲ။ သမ္မတရုံး အောက်ကလား၊ လွတ်လပ်တဲ့ အဖွဲ့လား ဆိုတာမျိုးလေ။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းဆိုရင် နိုင်ငံတော် ဘတ်ဂျက်ကနေသုံးပြီးတော့ လွှတ်တော်ကို ဖြတ်သွားဖို့ လိုတယ်။ လွှတ်တော်က သုံးသပ်မယ်၊ ဖြတ်တောက်မယ်၊ ခွင့်ပြုမယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ကို ပြောတာပါ။ နိုင်ငံတကာငွေဆိုရင် ဘယ်လို ခေါင်းစဉ်အောက်မှာ သုံးမှာလဲ။ နိုင်ငံတကာငွေနဲ့ ပတ်သက်ပြီး သုံးမယ်ဆိုရင် တရားဝင်အောင် လွှတ်တော်ကို ဖြတ်သန်းရတယ်ဗျ။ ကျန်းမာရေး ၀န်ကြီးဌာနဆိုရင်လည်း ယူနီဆက်ဖ်တို့နဲ့ ပေါင်းလုပ်ပြီး နိုင်ငံတကာငွေတွေ သုံးတဲ့အခါ လွှတ်တော်ကို အသိပေးတာမျိုးတွေ ရှိတယ်။

ဘာပဲလုပ်လုပ် ကျနော်တို့က ဥပဒေကြောင်းအရပဲ ရှေ့ဆက်သွားရမှာ။ ဥပဒေရဲ့ အထက်မှာလည်း မရှိရဘူး။ ဥပဒေဘောင်တွေကိုလည်း ကျော်လုပ်လို့ မရဘူး။ ပြည်ထောင်စုတခုလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ မဏ္ဍိုင်တွေအားလုံး ပါဖို့လိုမယ်။ အုပ်ချုပ်ရေးပိုင်းကိုတော့ အစိုးရကလုပ်ပေါ့။ လွှတ်တော်ဘက်က ထောက်ပြတာဟာလည်း ထောက်ပြသင့်တဲ့ ထောက်ပြချက်ပါ။ ဥပဒေဘောင်ထဲက သွားဖို့ကို ကျနော်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ထောက်ခံနေတယ်။ MPC နဲ့ ပတ်သက်လို့ ပြောရရင်လည်း သမ္မတရုံးမှာ တရားဝင်ဖွဲ့ထားတဲ့ သမ္မတအကြံပေးအဖွဲ့ ရှိတာပဲ။ တရားဝင်လစာ ပေးထားတယ်။ သူတို့အသုံးစရိတ် ဘယ်လောက်ရှိလဲ လွှတ်တော်က သိတယ်။ MPC ကို ဘယ်လိုတရားဝင်အောင် တည်ထောင်ထားလဲ ဆိုတာတော့ ကျနော်တို့ မသိသေးဘူး။ အစိုးရအဖွဲ့ ကလည်း လွှတ်တော်ဘက်ကိုလည်း တင်ပြဖို့ လိုကောင်းလိုနိုင်တယ်လို့ ကျနော်ထင်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)

ကာလုံ အစည်းအဝေးနဲ့ ပတ်သက်လို့က သူခေါ်တဲ့အကြောင်းကိုပဲ ကျနော်တို့ကို ရှင်းပြတာလေ။ သူက သမ္မတဆီကို ကာလုံ အစည်းအဝေး ခေါ်ချင်တဲ့အကြောင်း သ၀ဏ်လွှာ ပို့လိုက်တာပေါ့။ သူတို့ ဘာဆွေးနွေးခဲ့တယ် ဆိုတာတော့ အသေးစိတ် ဘယ်ပြောမလဲဗျာ။ အားလုံး ပူးပေါင်းလုပ်ဆောင်ကြမယ် ဆိုတာနဲ့ ပြောတာပါ။ ဒါလေးပဲ ပြောတာပါ။ တချို့ကိစ္စတွေက လျှို့ဝှက်ချက်တွေ ဖြစ်မှာပေါ့။ ကျနော်သိတာကတော့ သူရဦးရွှေမန်းက ကာလုံ အစည်းအဝေးခေါ်တယ်။ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေး ကြတယ်။ ဒါပဲသိတယ်။ သူဆိုလိုချင်တာက အာဏာကြီးသုံးရပ် ကိုင်ဆွဲထားတဲ့ သူတွေအားလုံး အတူ လက်တွဲ လုပ်မယ် ဆိုတာပဲ။ အစိုးရကလည်း ဦးအောင်မင်းနဲ့ ဦးခင်ရီလာပြီးတော့ လွှတ်တော်မှာ လာရှင်းပြတာမျိုးတွေ ရှိပါတယ်။ သူတို့ဘာတွေ ကတိပေးခဲ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာတော့ အသေးစိတ် မပြောဘူး။ သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်အဆင့် ရောက်နေပြီလဲ ဆိုတာကို လာရှင်းပြတာပါ။ ဒါကလည်း ဦးရွှေမန်းရဲ့ ဖိတ်ကြားချက်နဲ့ပဲ လာရှင်းပြသွားတာပါ။ ယေဘုယျ ရှင်းပြတဲ့ သဘောပါပဲခင်ဗျ။ ကျနော်တို့လည်း ယေဘုယျလောက်ပဲ သိပါတယ်။

ဦးဌေးဦး (ဒု ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ဥက္ကဌဆိုလိုတာက ကျနော်တို့မှာ ဥပဒေတွေ ရှိတယ်လေ။ အားလုံးက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ အချိန်မှာ ဥပဒေနဲ့အညီပဲ လုပ်ကြရမှာပဲလေ။ ညှိနှိုင်းတာတွေ ဘာတွေလဲ ရှိမှာပေါ့။ ဥပဒေအပေါ်မှာပဲ အခြေခံရမှာပေါ့။ ဘယ်ဥစ္စာကိုမှ ရည်ညွှန်းပြောချင်တဲ့သဘော မဟုတ်ပါဘူး။ အားလုံးကို ခြုံငုံပြောလိုက်တာပဲ။ ကျနော်တို့ လွှတ်တော် ဆိုတာကတော့ ဥပဒေဘက်က ရပ်တည်တာလေ။ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာကတော့ ပြည်တွင်းကိစ္စပဲလေ။ ပြည်တွင်းမှာ နားလည်မှုရှိမှပဲ တယောက်နဲ့တယောက် ယုံယုံကြည်ကြည်ရှိမှ အပြန်အလှန် နားလည်မှုတွေ ရှိမှ အောင်မြင်မှာလေ။ သူတို့ပြန်လာလို့ရှိရင် ပြန်လည် ထူထောင်ရေးဖို့ လုပ်စရာတွေ အများကြီး ရှိပါတယ်ဗျာ။ ဒီလိုပဲ ကျနော် သဘောပေါက်ပါတယ်။ ပြည်တွင်းကတော့ ပြည်တွင်းရဲ့ အခြေအနေကြောင့် ဖြစ်တာပဲလေ။ လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်လာတယ် ဆိုတာလည်း ပြည်တွင်း အခြေအနေကြောင့်ပဲလေ။ တနိုင်ငံလုံး အပစ် အခတ်ရပ် လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကို ကျနော်မသိပါဘူးဗျ။ ကျနော်တကယ် မသိပါဘူးဗျ။ ကျနော် မသိတာတွေလည်း ရှိမှာပေါဗျာ။ ကာလုံ အစည်းအဝေးကတော့ အခါအားလျော်စွာ ခေါ်ပါတယ်။ ဒီတခါပဲ အများသိသွားတဲ့ သဘောပါပဲ။

ဦးနိုင်ဟံသာပိန်ခိုင်း (နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ၊ မွန်ပြည်သစ်ပါတီ)

ဦးရွှေမန်းအမြင်က ဒီအပစ်အခတ် ရပ်စဲရေးကိစ္စ လွှတ်တော်ရဲ့ အခန်းကဏ္ဍက သွားတာ တရားဝင် ဖြစ်တယ် လို့ ယူဆလို့ ကာလုံ ကို တင်တာဖြစ်နိုင်တယ်။ ဒါက ကျနော့်အမြင်ပါ။ ကာလုံနဲ့ ပတ်သက်လို့ အနေ အထားကိုတော့ ပြောဖို့ စောသေးတဲ့ အပိုင်းရှိတယ်လေ။ ဌာနချုပ်နဲ့ ဆက်သွယ်ပြီးမှ ပြောလို့ရမှာ လေ။ အခုဟာက လုပ်ပိုင်ခွင့်က သူတို့မှာ လွှတ်တော်လား၊ အစိုးရလား၊ ကာလုံလား ဆိုတာ ပြောရ ခက်နေသေးတဲ့ အနေအထားတွေလေ။ ဒါက အထိမခံတဲ့ ကိစ္စပါ။

အမှန်က ကျနော်တို့လည်း တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့ တစိုက်မတ်မတ် တောင်းနေတာလေ။ ဒီလို ဖြစ်ဖို့၊ လုပ်ဖို့ ကျနော်တို့ အဖွဲ့အပါအ၀င် အဖွဲ့တိုင်းက ဖြစ်စေချင်လို့ တိုက်တွန်း တာတွေ ရှိပါတယ်။ ဒါမှ နိုင်ငံရေး ဆွေးနွေးပွဲ သွားလို့ ရမှာကိုး။

တကယ်တမ်းမှာ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ လုပ်ဖို့ အခု ဇူလိုင် လထဲ လုပ်မယ် ဆိုတာ သတင်းတွေထဲမှာပဲ ကြားရပြီး ကျနော်တို့ အဖွဲ့အစည်းကိုတော့ တရားဝင် ပြောတာ တွေ ဖိတ်ကြားထားမှု မရှိသေးပါဘူး။ ဒီကိစ္စက ဆေးမြီးတို လုပ်လို့ မရဘူးလေ။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အခြေအနေ အာမခံချက်ရှိမှ ရမယ်လေ။ ဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်မှာ။ ဆေးမြီးတို ပုံစံနဲ့သွားရင် ပြဿနာက လုံးခြာလည်ပြီး ပြီးမှာလည်း မဟုတ်ဘူး။ စေတနာ မှန်တဲ့လူ ရှိသလို စေတနာ မမှန်တဲ့လူလည်း ရှိနိုင်ပါတယ်။

အဲဒီမှာ လက်မှတ်ထိုးရေးဆိုတာက ကျနော်တို့ တဖွဲ့တည်းအပေါ် မမူတည်ဘူး။ ကျနော်တို့က UNFC (ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ကောင်စီ) နဲ့ပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေအထိ သွားဖို့ အဓိက စောင်းပေးထားတယ်။ ကျနော်တို့ကလည်း ဒီ တပ်ပေါင်းစု UNFC သဘောအတိုင်းပဲ ရပ်တည်သွားမယ်။

ကျနော့်တဦးတည်း အမြင်မှာ လောလောဆယ်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲဖြစ်ဖို့ မမြင်သေးဘူး။ အဓိက မြောက်ပိုင်းမှာ စစ်ရေး အနေအထား တင်းမာနေတာတွေလည်း ရှိသေးတယ်လေ။ ယုံကြည်မှု ဖြစ်ဖို့ကျတော့ နည်းနည်း ကြိုးစားရမယ့် အပိုင်းတွေ ရှိသေးတယ်။ Stable မဖြစ်တဲ့ အနေအထားရှိနေတယ်။

နောက် အစိုးရဘက်ကလည်း ကြည့်ရတာ အမြင်ချင်း မတူတာတွေလည်း တွေ့ရတယ်လေ။ ချဉ်းကပ်ပုံ၊ လုပ်ပုံတွေမှာလည်း သူတို့ သဘောတရား မတူကြဘူး ပုံစံရှိနေတယ်။ ဒါကြောင့်လည်း ကာလုံ အရေးပေါ် အစည်းအဝေး ခေါ်ရတဲ့ အနေအထားရှိတာလေ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအားလုံး ပါဝင် လက်မှတ်ထိုးဖို့ ဆိုတာ အချိန်တခုတော့ စောင့်ရမယ့် အနေအထားရှိတယ်။

တကယ်လို့ နိုင်ငံတကာ ခေါင်းဆောင်တွေပါ ဒီလက်မှတ်ရေးထိုးပွဲမှာ ပါဝင်လာမယ်၊ monitoring လုပ်ပေးနိုင်တယ် ဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုတော့ ပိုရှိလာနိုင်ပါတယ်။

ဗိုလ်မှူး စိုင်းလောင်ဆိုင်း (ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ပြောခွင့်ရပုဂ္ဂိုလ်)

ဦးအောင်မင်း လွှတ်တော်ထဲမှာ ပြောတဲ့ စကားကို ကိုးကားပြီး ပြောရမယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကို လွှတ်တော်ကို ပြန်ပြီးတော့ လွှဲအပ်ချင်တဲ့ သဘောမျိုး ရှိတဲ့ ပုံစံမျိုးနဲ့ အလဲဗင်း ဂရု သတင်းမှာ ဖော်ပြထားတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလိုဆိုတော့ အခု ကာလုံအစည်းအဝေး ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ကျနော်တို့ ယူဆရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဘယ်သူ့ mandate ကနေ ရပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်နေတာလဲဆိုတာ မေးခွန်းတခု၊ ကျနော်တို့မှာ စဉ်းစားစရာတခု ဖြစ်လာတယ်။ အစိုးရက တာဝန်ပေးတယ်ဆိုတော့ အစိုးရကို ဘယ်သူက တာဝန်ပေးတာလဲ။ အဲဒါလည်း မေးခွန်းတခု။

အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကာလုံကနေ လုပ်ပိုင်ခွင့်ပေးလို့ လုပ်နေတာလား ဆိုတာတော့ ကျနော်တို့ သေချာ မပြောနိုင်သေးဘူး ဖြစ်နေတယ်။ အစိုးရက၊ ဦးသိန်းစိန်တို့က ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေကို ကမ်းလှမ်းလာတယ်။ ကမ်းလှမ်းလာတော့ ဦးသိန်းစိန် ကမ်းလှမ်းလာတဲ့ အတိုင်းပဲ ဒီ လက်နက်ကိုင် အဖွဲ့တွေက သွားကြတာတွေ ဖြစ်လာတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြတယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဆိုပြီးတော့ ထပ်ဖွဲ့တယ်။ အဲဒါတွေနဲ့ လုပ်ကြတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ ကျနော်တို့ ဘယ်နားရောက်သွားမှန်း မသိသေးဘူးဖြစ်နေတယ်။ အဲဒီလို ပြန်သုံးသပ်လို့ ရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်းတို့နဲ့ အများဆုံး လုပ်ကြတာပေါ့ဗျာ။ ဦးသိန်းဇော်တို့နဲ့ လုပ်ကြတာပေါ့။ အဲဒီလိုမျိုးလုပ်နေတဲ့ ကာလအတော အတွင်းမှာ ဆိုရင် ကျနော်တို့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြတာ များကြပါတယ်။ ဆိုတော့ အဖွဲ့အစည်းတိုင်းလိုလို ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုး တာတွေ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် တကယ့်တကယ် အကောင်အထည် ဖော်နိုင်တာ မရှိသလို ဖြစ်နေပါတယ်။ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ပေးဖို့ သူတို့မှာ အာဏာ မရှိသလို ဖြစ်နေသလားပေါ့၊ အဲဒါက စဉ်းစားစရာတခုဖြစ်လာပါတယ်။ အစိုးရကို ပြန်ပြီးတော့ တင်ပြမယ်၊ သမ္မတကို ထပ်ပြီးတော့ တင်ပြမယ်ဆိုတဲ့ ပြန်ကြားချက်တွေပဲ ကျနော်တို့ ရရှိတယ်။ ဆိုတော့ သမ္မတကလည်း ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ သဘောတူ ညီချက်ရရှိထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ သမ္မတမှာလည်း လုပ်ပိုင်ခွင့် မရှိဘူးလားလို့ ကျနော်တို့ကလည်း ပြန်ပြီးတော့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။

တိုင်းရင်းသားပေါင်းစုံနဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆို အပစ်အခတ် ရပ်စဲရေး တမျိုးတည်းနဲ့ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အဲဒီလောက်နဲ့ ကျေနပ်မှာ မဟုတ်ပါဘူးလို့ ကျနော်တို့က မြင်တယ်။ ဘာဖြစ်လဲ ဆိုတော့ အပစ်အခတ် ရပ်စဲရေးလုပ်တာဆိုတာ ဘာအတွက်နဲ့ လုပ်တာလည်းဆိုတာ ကျနော်တို့က အစကတည်းက တောင်းဆိုထားတာတွေ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးဖို့၊ နိုင်ငံရေး အာမခံချက်တွေ တစုံတရာ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုရှိမှသာ တိုင်းရင်းသားအဖွဲ့တွေက လက်မှတ်ထိုးမယ်လို့ ကျနော်တို့လည်း အမြင်ရှိပါတယ်။

အခု ဦးအောင်မင်း ထုတ်ဖော်ပြောကြားတဲ့ အချက်အလက်ထဲမှာတော့ ဒီ ယခုလက်ရှိ ငြိမ်းချမ်းရေး ကိစ္စကို လွှတ်တော်ကို လွှဲအပ်ပေးဖို့ ပြောလာတယ်ဆိုတော့ လွှတ်တော်ကို သွားရင်တော့ ဒီဟာက ပိုပြီး တရားဝင်မယ်လို့ ကျနော်တို့တော့ မြင်ပါတယ်။ ကျနော်တို့က လွှတ်တော်ကနေ သွားချင်တာမျိုးတော့ မဟုတ်ပါဘူး။ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တာက လွှတ်တော်က ဆွေးနွေးမှသာ တရားဝင်ဖြစ်မယ်လို့ ကျနော်တို့က ယူဆပါတယ်။

အခု လက်မှတ်ထိုးပွဲ လုပ်မယ်ဆိုတာ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ တဖွဲ့တည်းနဲ့ သွားလို့ မရပါဘူး။ ဒါကြောင့် မို့ ကျနော်တို့ တိုင်းရင်းသား ပေါင်းစုံရဲ့ သဘောထားကိုလည်း ညှိယူဖို့ လိုအပ်တယ်။ ကျနော်တို့ ရှမ်းပြည်ထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ရော ပြည်သူတွေရဲ့ သဘောတွေကိုရော ကျနော်တို့ ရယူပြီးလုပ်မှာဖြစ်ပါတယ်။ အဲဒါတွေ ကျနော်တို့ လုပ်နေတုန်းပါပဲ၊ ဒါကြောင့် အခုလက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။

ဒီကိစ္စက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်လို့ အားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီမှသာ နိုင်ငံရေးလို့ ခေါ်ခံရမှာပါ၊ ခေါ်ထိုက်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ လက်မှတ်ရေးထိုးတာမျိုး လုပ်ကြရမှာပါ။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆိုတာ အမှန်တော့ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တာပါ။ အမြန်ဆုံး ရပ်သင့် ရပ်ထိုက်ပါပြီ။ ဒါမှသာ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အမြန်ဆုံးရှာဖွေနိုင်မှာပါ။

ယမန်နှစ် ဇန်န၀ါရီ ၁၁ ရက်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/43697

အိန္ဒိယရှိ ဗုဒ္ဓဘာသာ နယ်မြေများနှင့် မြန်မာများ လုံခြုံရေး အစိုးရ စီစဉ်မည်



အိန္ဒိယ နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာများနှင့် အိန္ဒိယရောက် မြန်မာများ၏ လုံခြုံရေး ဆိုင်ရာ အစီအစဉ်များ အတွက် အစိုးရ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက် နေကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ယမန်နေ့က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှုကြောင့် မြန်မာ ရဟန်းတပါးနှင့် အမျိုးသားတဦး ဒဏ်ရာ ရရှိမှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ အစီအစဉ် ဖြစ်ပေါ်လာရကြောင်း သမ္မတ ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။

“အိန္ဒိယနိုင်ငံမှာ သတင်းသုံးနေတဲ့ မြန်မာရဟန်းတော်များ၊ မြန်မာနိုင်ငံသားများ၊ နောက် ဗုဒ္ဓဘာသာဝင်တွေ ဘာသာ ရေး အရ အထွဋ်အမြတ်ထားရာနေရာများရဲ့ လုံခြုံရေး ကိစ္စတွေအတွက် အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရများနဲ့လည်း ကျနော်တို့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်လျက်ပဲ ရှိပါတယ်။ လောလောဆယ် အဲဒီလောက်ပဲ ရှိပါသေး တယ်”ဟု သူက ဧရာဝတီကို ပြောပြသည်။

ယခုအခါ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် သာသနာရေးဝန်ကြီးဌာနကလည်း ဒဏ်ရာရ ရဟန်းတော်၏ မိသားစုကို ဆက် သွယ် ကူညီရန် ပြင်ဆင်နေကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဂယာ၌ ၂ မိနစ်ခြားစီ ပေါက်ကွဲမှု ၉ ခု ဖြစ်ပွားသည်ဟု အိန္ဒိယ သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း ရှိ မဟာဗောဓိညောင်ပင် အောက်၊ ရတနာဃရ သတ္တာဟ ၊ အနိမိတ္တသတ္တာဟ၊ ဂျပန်ဘုရားကြီး ကမာကူရ ဆင်း တုတော် အနီး၊ တိဗက်ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တို့တွင် ပေါက်ကွဲခဲ့ကြောင်း၊ ကမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံး ၁ လုံးကို တွေ့ရှိရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း ဖော်ပြထားသည်။

မဟာဗောဓိ စေတီတော်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) က ကမ္ဘာ့ ယဉ်ကျေးမှု သမိုင်းဝင် အဖြစ် အသိအမှတ်ထားသည့် နယ်မြေတခု ဖြစ်သည်။

ဘီဟာပြည်နယ် ရဲချုပ် က“မဟာဗောဒီ ညောင်ပင်ကတော့ ဘာမှ မဖြစ်သွားခဲ့ပါဘူး၊ ပျက်စီးထိခိုက်မှုလည်း မရှိပါဘူး” ဟု ပြောကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသော မြန်မာရဟန်းတော် ပါရဂူဘွဲ့အတွက် စာတမ်း ပြုစုနေသည့် သက် တော် ၂၇ နှစ် ၀ါတော် ၇ ၀ါ ရှိ ဦးဝိလာ သက္ကလင်္ကာရနှင့် အသက် ၅၀ အရွယ် တိဗက်လူမျိုးတို့ကို ဗုဒ္ဓ ဂယာဆေးရုံမှ တဆင့် ပတ္တနာ ဆေးရုံသို့ ပို့ဆောင်ကုသ ပေးနေရကြောင်းလည်း အစိုးရ သတင်းစာများ၌ ပါရှိသည်။

“ကျနော်တို့ဘက်ကတော့ ဖြစ်စဉ်တွေ၊ အကြောင်းအရင်းမှန်တွေသိရအောင် သက်ဆိုင်ရာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ ဒါမျိုးတွေမဖြစ်အောင် ကာကွယ်တားဆီးရမယ်၊ ဖြစ်လို့ ရှိရင်လည်း ပြစ်မှု ကျူးလွန် တဲ့ လူကိုပဲ ဖမ်းမိဖို့လည်း လိုတာပေါ့၊ ဒီမှာဖြစ်လို့ဆိုပြီး ကျန်တဲ့လူတွေကို လွဲမှားတဲ့ တုံ့ပြန်မှုတွေ မလုပ်ဖို့လိုတယ်”ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ဦးဝိလာသက္ကလင်္ကာရ၏ အတူနေ မြန်မာရဟန်းတော် အရှင်ကုမုဒ(ဗောဓိတထောင်) ကလည်း ယခု တိုက်ခိုက်မှုများသည် မြန်မာရဟန်းတော်များကို ပစ်မှတ်ထားတိုက်ခိုက်မှု မဟုတ်ကြောင်း၊ ဒဏ်ရာရ ရဟန်း၏အခြေအနေ ကောင်းမွန် လျက် ရှိကြောင်းနှင့် တချို့သော ပြဿနာဖြစ်စေမည့် ချဲ့ကား ပြောဆိုမှုများ မလုပ်ရန် ၄င်း၏ လူမှုကွန်ရက် အင်တာနက် စာမျက်နှာမှ တဆင့် တိုက်တွန်း နှိုးဆော်မှု ပြုလုပ်သည်ကို တွေ့ရှိရသည်။

“အမျိုးမချစ်တဲ့ မျက်ကန်းတွေကြောင့် တိုင်းပြည်နှင့်လူမျိုး သိက္ခာ ကျစေနိုင်သလို မျက်ကန်းမျိုးချစ် တွေကြောင့်လည်း တိုင်းပြည်နှင့်လူမျိုး အဖတ်ဆယ် မရအောင်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို မိမိတို့ တိုင်းပြည်ရဲ့ ယနေ့ ရောက်ရှိနေတဲ့ ခေတ်အခြေနေ၊ စနစ်အခြေနေတွေနှင့် မျက်မှောက်ကမ္ဘာကြီး၏ ပကတိအခြေနေမှန်များကို ကိုယ်ပိုင် ဉာဏ်နဲ့သုံးသပ်ပြီး မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း မဇ္ဈိမပဋိပဒါ လမ်းစဉ်အတိုင်း ကျင့်သုံး နေထိုင်ခြင်းကသာ မိမိနှင့် မိမိတိုင်းပြည်အတွက် အကျိုးရှိမည်ဟု စဉ်းစားသုံးသပ်မိပါကြောင်း”ဟုလည်း ၄င်းက ဆိုသည်။

အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟန်ဆင်းမ်ကမူ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဘာသာရေးနှင့် သက်ဆိုင် သည့် နေရာများကို အလားတူ တိုက်ခိုက်မှုမျိုးလုပ်လာပါက မည်သို့မျှ သည်းခံမည် မဟုတ် ကြောင်း ပြောဆို သတိပေးသည်။

အိမ်လုပ်ဗုံးဟု ယူဆရသည့် အရာများနှင့်ပထမဆုံး ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲကျော်က ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှု၏ လက်သည် တရားခံကို ယခုအထိမည်သူကမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း သိရ သည်။

အိန္ဒိယ လက်ထောက်ပြည်ထဲရေး ၀န်ကြီးက ယခုကိစ္စသည်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်မှာ ထင်ရှား ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ အပူတပြင်း လုပ်ဆောင်နေကြောင်း သတင်းထောက်များကို ပြောသည်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာဒေသသည် ကမ္ဘာတ၀န်းမှ ခရီးသွားများနှင့် ဗုဒ္ဓဘာသာဝင်တို့အား ဆွဲဆောင် မှုအားကောင်းသော နေရာဒေသတခုလည်း ဖြစ်သည်။

လက်ရှိအခြေအနေအရ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂယာ အနီးတ၀ိုက်၌ အိန္ဒိယ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ ရဲ ဌာနက အိမ်နီးချင်း မြန်မာနိုင်ငံတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် တို့အကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယရှိ မူဂျာဟစ်ဒင် အုပ်စု အစ္စလမ် စစ်သွေးကြွများ က ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂယာကို ပစ်မှတ်တခုအဖြစ် ထားလာနိုင်သည်ဟု ဒေသ အာဏာပိုင်များကို ပြီးခဲ့သည့် ဆောင်းရာသီက သတိ ပေး ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ဖော်ပြ ထားသည်။

Credit : http://burma.irrawaddy.org/archives/43949

မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်



မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ဖို့ သမ္မတ ဦးသိန်းစိန်ထံ ခွင့်ပြုချက် တောင်းချင်တယ် လို့ စီမံကိန်းတွေ တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ China Power Investment Corporation (CPI) ကုမ္ပဏီရဲ့ တာဝန် ရှိသူ တွေက ပြောပါတယ်။


ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ပြုလုပ်တဲ့ တရုတ်ကုမ္ပဏီများနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲမှာ ဧရာဝတီကို ပြောကြားခဲ့တာပါ။

“ဒီစီမံကိန်းကို ရပ်မနေဘဲ တခြား ရှိတဲ့နည်းလမ်းတွေနဲ့ စဉ်းစားကြဖို့၊ စီမံကိန်းကို ပြန်စနိုင်ဖို့အတွက် သမ္မတကို ခွင့်တောင်းချင်တယ်။ မျှမျှတတနဲ့ လူမှုအဖွဲ့အစည်းထဲမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာအောင် ကျနော်တို့ လုပ်သွားမယ်” လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ Mr. Geng Yi က ပြောပါတယ်။

CPI ရဲ့ မြန်မာပြည် ကိုယ်စားလှယ် Guo Gengliang ကလည်း သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ပြောပေမယ့် ဆက်လက် လုပ်ဆောင်ဖို့ ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချင်တဲ့ ဆန္ဒတွေရှိတယ်” လို့ သူက ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အချိန် အတိုင်းအတာ တခုအထိ စောင့်ကြည့်ပြီးမှသာ ဝေဖန်စေလိုတဲ့အပြင် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်မယ့် အကြောင်း၊ မြန်မာ အလုပ်သမားတွေရဲ့ ဘေးကင်းရေး၊ ကျန်းမာရေးကို စောင့်ရှောက်မယ့် အကြောင်း၊ လူမှုအဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်မယ်ဆိုတဲ့အကြောင်း၊ တရုတ် – မြန်မာ နည်းပညာ ဖလှယ်ရေး၊ ယဉ်ကျေးမှု စတဲ့ကိစ္စတွေမှာ အားပေးကူညီမယ်ဆိုတဲ့အကြောင်း တရုတ်သံရုံးမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရုတ်ကို ရောက်တုန်းမှာလည်း တရုတ်အစိုးရက မြစ်ဆုံပြန်စချင်တဲ့ အကြောင်း လေသံပစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း CPI က တွေ့ဆုံဖို့ ချဉ်းကပ်ခဲ့ပါသေးတယ်။

“မြစ်ဆုံစီမံကိန်း တည်ဆောက်ရင် နောင်လာနောက်သားတွေအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမလဲ ဆိုတာ အရေးကြီးတယ်။ အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ကြတယ်။ ပညာရှင်တွေကလည်းပဲ ဒီစီမံကိန်းဟာ ရေရှည်မှာ အကျိုးမရှိဘူး၊ နောင်မျိုးဆက်တွေ အတွက်လည်းပဲ ဆိုးကျိုးတွေ များမယ်ဆိုတာ ပြောထားပြီးသားကိစ္စပါ” လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်က ဧရာဝတီကို ပြောပါတယ်။

မုံရွာ လက်ပံတောင်းတောင ကြေးနီစီမံကိန်းကို ၂၀၁၀ ခုနှစ်မှာ ဝမ်ပေါင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေတာပါ။ စီမံကိန်းတဝိုက်မှာရှိတဲ့ ဒေသခံ ပြည်သူတွေကတော့ စီမံကိန်း ဖျက်သိမ်းရေးအတွက်ပဲ ဆန္ဒရှိနေကြပေမယ့် လက်ပံတောင်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စီမံကိန်းကို ဆက်လက် ညှိနှိုင်းလုပ်ကိုင်ဖို့ အတိ အလင်း အကြံပြုထားပါတယ်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ်မှာ တရုတ် – မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ CPI ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း ၂၀၀၀၀ နဲ့ ဦးဆောင် အကောင်အထည် ဖော်ခဲ့တာပါ၊ ဒါပေမယ့် ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှု များလာတာကြောင့် သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ဆိုင်းငံ့ထားမယ်လို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ သမ္မတ ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတွေက ပြဿနာတွေ ပေါ်ပေါက်နေတဲ့ စီမံကိန်းတွေ ပြန်စရေး၊ ပြေလည်ရေးတို့အတွက် အစိုးရအပြင်၊ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုပြုလုပ်လာတာဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ဝင်ရောက်လာနေချိန်နဲ့ တိုက်ဆိုင် နေပါတယ်။

Credit : http://burma.irrawaddy.org/archives/43937

ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို


ဇူလိုင် ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ပြည်တွင်းဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီ အနေဖြင့် လာမည့် ငါးနှစ် အတွင်းတွင် မြန်မာ နိုင်ငံ တစ်ဝန်းလုံး 3G ဒေတာ ကွန်ရက် ၅၀ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောသည်။


ယင်းသို့ပြောကြားခြင်းမှာ ဇူလိုင် ၅ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲ တွင် ပြောကြားခြင်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဒေတာကွန်ရက် (အင်တာနက် အသုံးပြုနိုင်သည့်ကွန်ရက်)ကို ငါးနှစ်အတွင်း ၅၀ရာခိုင်နှုန်းရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသံကွန်ရက်အတွက်မူ ၇၅ရာခိုင်နှုန်းရရှိ အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၄ ခုနှစ် အတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေး သွားမည်ဖြစ်သည် ဟုလည်း ပြောပြီး Mr. Ross Cormack “မိုဘိုင်းဖုန်းတွေကို 3G နည်းပညာကို အပြည့်အဝအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွား မှာပါ”ဟု ပြောသည်။

ယင်းအပြင် Ooredoo ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝန်ထမ်းကို မြန်မာနိုင်ငံသားများကိုသာ ရာနှုန်းပြည့်ခန့်အပ်သွားမည် ဖြစ်သည်ဟုလည်း ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Nicholas Swierzy က ဆိုသည်။

Mr. Nicholas Swierzy က “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ လုပ်ကိုင်ဖို့ ဥသမနိသသရဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေကို ဝန်ထမ်းအဖြစ် ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ဖို့ ရည်ရွယ် ထားပါတယ်”ဟု ဆိုသည်။

ဥသမနိသသသည် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးသွား မည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဝန်ဆောင်မှု စသောနယ်ပယ် များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းမြောက်မြားစွာကို ဖန်တီးပေး သွားမည်ဟုလည်း ၎င်းက ပြောသည်။

ဝန်ထမ်းများအဖြစ် မြန်မာနိုင်ငံသားများကို ခန့်ထားပြီးနောက် နည်းပညာပိုင်းနှင့် ဝန်ဆောင်မှုပိုင်း ဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

၁၅ နှစ်စာ လုပ်ကိုင်ခွင့်ရရှိထားသော ယင်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေ ပြီး Mr. Ross Cormack က “လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လာရောက် ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်”ဟု ပြောသည်။

Ooredoo အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဆိုသည်။ ပြည်တွင်းတွင် မိုဘိုင်းအော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန် ကာတာနိုင်ငံ အခြေစိုက် Ooredoo နှင့် နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီတို့ကို ဇွန် ၂၇ရက်တွင် တင်ဒါ ရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့သည်။ 

Credit : http://www.mizzimaburmese.com/news/business/12412--3g------ooredoo-.html

စင်ကာပူထီရောင်းသူများ အရေးယူတော့မည်



ဈေးကွက်တွင် ရေပန်းစားနေသော စင်ကာပူထီ သည် တရားမဝင်ဝင် ရောက်လာသည့်အတွက် ဖြန့်ချိ သူများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအ ရ ပြင်းထန်စွာ အရေးယူရန်စီစဉ် နေပြီဖြစ် ကြောင်း ဘဏ္ဍရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအ ခွန်ဦးစီး ဌာနမှ သိရသည်။


လက်ရှိ မြန်မာပြည်တွင်း၌ ပြည်သူများအကြား ပံျ့နှံ့စွာ ဝင် ရောက်လျက်ရှိသော စင်ကာပူထီ သည် တရားမဝင်သော မှောင်ခို လမ်းကြောင်းမှ ပြည် တွင်းသို့ ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း၊ လက်ဝယ် ရောင်းချနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေပုဒ်မ ၂၉၄(က)နှင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာ လေ သိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးဦးသိန်းနိုင်က ပြောသည်။

ဦးသိန်းနိုင်က ''အခုခေတ် စားနေတဲ့ စင်ကာပူထီဆိုတာဟာ တရားမဝင် မှောင်ခိုလမ်းကြောင်း က ဝင်ရောက် လာတာအများဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဖြန့်ချိ ရောင်းချနေတဲ့ ပြည်တွင်းထီတွေ နဲ့အပြိုင် ရောင်း ချဖြန့် ဖြူးနေ တာ တွေ့ရှိခဲ့ ရင် တော့ တည်ဆဲဥပဒေ ပုဒ်မ ၂၉၄-(က)နဲ့အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ပြော သည်။ အဆိုပါထီကိုထိုးထားသော ပြည်သူများအနေဖြင့်လည်း မိမိ ထံတွင်ရှိသော ထီလက်မှတ်သည် စစ် မစစ် သေချာစွာ မသိနိုင် ကြောင်း၊ အကယ်၍ အဆိုပါ စင်ကာပူထီ ပေါက်ခဲ့လျှင်လည်း မည်သို့မည်ပုံ ထုတ်ယူရမည်ကို သေချာစွာမသိ ရှိကြကြောင်း ယင်းကဆက်လက် ပြောသည်။

ယင်းနိုင်ငံမှထီဖြစ်သော ကြောင့် ပေါက်ခဲ့လျှင်လည်း မိမိ နိုင်ငံအတွက်အကျိုးမရှိဘဲ အဆို ပါနိုင်ငံသို့ အခွန်ပေးဆောင်ရ မည်သာဖြစ်ကြောင်း တိုင်းပြည် အတွက် မည်သည့်အကျိုးကျေးဇူး မှ ရရှိမည်မဟုတ်သည့်အတွက် ယင်းထီ များကို ဆက်လက်မထိုး ကြရန် ဦးသိန်းနိုင်က ဆက်လက် ပြောသည်။ ဦးသိန်းနိုင်က ''ပြည်တွင်းထီ ဟာ မြန်မာနိုင်ငံအတွက် အခွန် ငွေအများဆုံးရှာပေးနိုင်တဲ့ လုပ် ငန်းတစ်ခုပါ။ ရရှိလာတဲ့ဝင်ငွေ ရာခိုင်နှုန်း၎ဝဟာ နိုင်ငံတော် ကို ပေးဆောင် ရတာပါ။ အခု သူတို့ ထီဆိုတော့ အခွန်က သူတို့နိုင်ငံ ကပဲရမှာပေါ့။ မြန်မာနိုင်ငံအတွက် ဘာမှ အကျိုးမရှိပါဘူး။ အမျိုး သားရေးကို ထိန်းသိမ်းတဲ့အနေ နဲ့ ပြည်တွင်းကထီကိုပဲ အားပေး စေချင်ပါတယ်''ဟု ပြော သည်။

စင်ကာပူထီထိုးနေသူ တစ် ဦးက ''ကျွန်တော်တို့ ဒီထီကို စိတ် ဝင်စားပြီး ထိုးရတဲ့အချက်က ထီ ပေါက်ရင် ဆုကြေးက ဒေါ်လာ ၂ဒသမ၃သန်းရမှာပါ။ ထီတန် ဖိုးက ဒီမှာဝယ်ရင်မြန်မာငွေ ကျပ် ၃၅ဝဝပဲပေးရတယ်။ အောင်ဘာ လေထီက သိန်း ၁၅ဝဝ ပဲရှိတယ်။ ဒီလိုဆုကြေးကွာခြားနေတဲ့အ တွက် စင်ကာပူထီကို ထိုးတယ်'' ဟုပြောသည်။ အဆိုပါ စင်ကာပူထီသည် အက္ခရာမပါဘဲ ဂဏန်းခုနစ်လုံး သာရှိပြီး အောင်ဘာလေထီသည် အက္ခရာနှင့် ဂဏန်းခြောက်လုံး ဖြစ်သည့် အတွက် ထီဝါသနာရှင် များအနေဖြင့် ဆုမဲအကြီးပေါက် ရန် လွယ်ကူသောပြည်ပမှထီကို သာ စိတ်ဝင်စားမှုများကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါထီ တရားမဝင်အ ပြိုင်ရောင်းချဖြန့်ဖြူးနေခြင်းသည် ပုဒ်မ-၂၉၄(က)၊ ပြစ်ဒဏ်အနေ ဖြင့် ထောင်ဒဏ်ခြောက်လအထိ သတ်မှတ်နိုင်ပြီး ငွေဒဏ်မှာ မနည်း လွန်း မများလွန်းသော ပမာဏ နှင့် ဒဏ်နှစ်ရပ်စလုံးလည်း ပူးတွဲ ကျနိုင်သည် အထိ အရေးယူဆောင် ရွက်နိုင်ကြောင်း ဥပဒေပညာရှင် များထံမှ သိရသည်။

Credit : Yangon Media Group

ကုလားများထံ ကျည်ဆံသွားရောင်းသည်ဆိုသည့် ရခိုင်အမျိုးသမီးထံမှ ကျည် အတောင့် သုံးရာ ဖမ်းမိ



၇.၇.၂၀၁၃၊ တနင်္ဂနွေနေ့

ကုလားများထံ ကျည်ဆံအတောင့် သုံးရာ သွားရောက် ရောင်းချသည်ဟု စွပ်စွဲခံရသူ ရခိုင် အမျိုးသမီးကို ကျည်ဆံများနှင့်တကွ ကျောက်တော် မြို့ထဲတွင် ယနေ့မွန်းလွဲ (၄) နာရီခန့်က ကျောက်တော် အမျိုးသမီးကွန်ရက်က ဖမ်းဆီးကာ ပြည်သူ့ရဲတပ်ဖွဲ့ ထံအပ်နှံခဲ့ကြောင်း သိရသည်။


ကျည်အတောင့်သုံးရာကို သိုဝှက်သယ်ဆောင်လာသူ မအေးကြည်မှာ ဖခင် ပန်ပဲဆရာ ဦးဘလှိုင် ပြုလုပ်သော ဂျင်ကလိများကို ကုလားများထံသွားရောက်ရောင်းချဖူးသည့် သာဓကများရှိသည့်အတွက် အမျိုးသမီးကွန်ရက်က မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ ယင်းသို့ ဖမ်းမိခဲ့သည် ဟု ဆိုသည်။

မအေးကြည်၏ အစ်မဖြစ်သူ မနန်းရီမှာ ကျောက်တော်အခြေစိုက် ၃၇၄-တပ်ရင်းမှ တပ်ကြပ်ကြီးကျော်ဝေ ဆိုသူဖြစ်ပြီး ဖမ်းဆီးရမိသည့် ကျည်အတောင့်သုံးရာတိတိမှာ ၄င်းနှင့် မည်သို့ပတ်သက်ကြောင်းမသိရပေ။ 

မအေးကြည်တို့မိသားစုမှာ ကျောက်တော်မြို့တစ်ဘက်ကမ်း လမ်းမတော်ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြပြီး၊ ပိုက်သည် ကုလားရပ်ကွက်ကြီးသို့သွားရန် တစ်ဘက်ကမ်း လမ်းမတော်ကနေ ကျောက်တော် မြို့တွင်းသို့ လာရောက်ဖြတ်သန်းနေစဉ် မအေးကြည်မှာ ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု ဆိုသည်။

Credit to:Coral Arakan News

ပါတီနိုင်ငံရေးထက် ၀မ်းရေးခတ်နေသော NLD ပါတီဝင်လူငယ်များ



(၁-၇-၂၀၁၃)ရက်နေ့တွင် NLD ပါတီ အဖွဲ့ချုပ်တွင် ပါတီဝင် လူငယ်များကို နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ သင်တန်းသား (၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ လူငယ်များအနေဖြင့် အစပိုင်းဖွင့်လှစ်သည့် သင်တန်း များသို့တက်ရောက် ခဲ့ကြသော်လည်း နောက်ပိုင်း ဖွင့်လှစ်သည့် သင်တန်းများတွင်တက် ရောက်နိုင်ခြင်းမရှိ တော့ကြောင်း သိရှိရပါသည်။


သင်တန်းတွင် သင်ကြားနေသော ဘာသာရပ်အများစုသည် ၄င်းတို့၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် မကိုက်ညီခြင်း၊ နားမလည်ခြင်း လက်တွေ့အသုံးချနိုင်သော လုပ်ငန်းစဉ်များ ပါဝင်မှုမရှိခြင်း တို့အပြင် သင်တန်းသားအများစု မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလာခြင်း တို့အပြင် နေ့စဉ် ၀င်ငွေ့များပါထိခိုက် လာကြောင်း သင်တန်းသား တစ်ဦးဖြစ်သူ တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်မှ NLD လူငယ် ကိုမင်းမင်းမှ ဖွင့်ဟပြောကြားလာပါသည်။

သင်တန်းသားအများစုသည် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ပုံမှန်နေ့ စဉ်ဝင်ငွေရရှိအောင် လုပ်ငန်းခွင်သို့ ဆင်းနေကြရပြီး ပါတီအရေးထက်မိသားစုအရေးကို ဦးစားပေးရမည် ဆိုသည်ကို ပါတီဝင် လူငယ်အများစုမှ သဘော ပေါက်နေကြပြီဖြစ်ကြောင်း၊ NLD အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးသင်တန်းများ အစား၊ လူငယ်များကို ဝင်ရောက်လုပ်ကိုင်နိုင်မည့် လုပ်ငန်းများတွင် အထောက်အပံ့ဖြစ် စေနိုင်သော သင်တန်းများကိုသာ ဖွင့်လှစ်သင်ကြားပေးသင့်ကြောင်း အဆိုပါသင်တန်း တက်ရောက်နေသော NLD ပါတီဝင် လူငယ် အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုနေကြကြောင်း သိရှိရပါသည် ။

Credit : http://www.khitthitmyanmar.com/2013/07/nld.html?zx=d34c33f91320dfa3

ဆမ်ဆောင်းဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ

လူသုံးများ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ်ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်း ငယ်ရှိ နေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Samsung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်သော Mobitel Distribution မှ ကိုကောင်းဆက်က ပြောသည်။


ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့အပိုင်းလေးတွေရှိတယ်။ မြန်မာစာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲအမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါတွေ ပြင်နေ တယ်။

နောက်ထပ် ၁၅ရက်လောက်ဆို အားလုံးအကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ရက် က ပြောသည်။

ဆမ်ဆောင်း ဟန်းဆက်များတွင် မြန်မာစာစနစ် တစ်ပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းက ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 နှင့် Samsung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်သွင်းပေးထားသည်ဟု ဆမ်ဆောင်းကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။

၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကား ထည့်သွင်းဖို့ လုပ်နေတယ်။ ဆမ်ဆောင်းဟန်းဆက်မော်ဒယ် အကုန်လုံးမှာ ထည့်သွင်း ပေးသွားဖို့ရှိတယ်။ လောလောဆယ်တော့ အရောင်းများတဲ့မောဒယ်တွေမှာပဲ အရင် ထည့်သွင်း ပေးသွားဦးမယ်ီ”ဟု ပြောသည်။

ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့်အခက်အခဲများ ပြေလည်သွားမည် ဖြစ်သည်။

ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက် မရနိုင်တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီ တွေမှာ ဒီနေ့ရောင်းလိုက်ပြီဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ် Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။

ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်းသို့ မြန်မာစာစနစ် တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်း ပြည်တွင်း ဟန်းဆက်အရောင်းဆိုင် အများစု က သုံးသပ်ကြသည်။ 

Credit : http://www.mizzimaburmese.com/news/business/12402-2013-07-08-00-38-35.html

ပုံနှိပ်/ထုတ်ဝေဥပဒေ ပြင်မပေးလျှင် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်အားလုံး နုတ်ထွက်မည်ဟုဆို

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွန်ခဲ့သောလေးရက်က အောက်လွှတ်တော်က အတည်ပြု လိုက်ပြီ ဖြစ်ရာ ယင်းဥပဒေကြမ်းသာ နောက်ဆုံးအတည်ဖြစ်သွားပါက စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင်အားလုံး နုတ်ထွက်ကြမည်ဟု ထိုကောင်စီ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောသည်။


ထိုဥပဒေသည် သတင်းစာဆရာများနှင့် ညှိနှိုင်းကာ ရေးဆွဲထားသည့် ဥပဒေမဟုတ်သဖြင့် ကနဦးတွင် အထက် လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်က ဆက်လက်အတည်မပြုရေးကို တောင်းဆိုမည်ဖြစ်ပြီး မရသည့်အဆုံး၌ ယင်းကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ကောင်စီအဖွဲ့ဝင်များ နုတ်ထွက်ကြမည်ဟုပြောခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီ၏အဖွဲ့ဝင် ဦးသီဟစောက “အခုထွက်ရှိလာတဲ့ ပုံနှိပ်ဥပဒေက မီဒီယာလောကမှာ ချုပ်ခြယ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။

သူက “ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေး အာဏာဆန်တဲ့အစိုးရ၊ တရားစီရင်ရေး အဲဒီသုံးခုရဲ့ အောက်ကိုရောက် နေရင် မီဒီယာသမားတွေဟာ စတုတ္ထမဏ္ဍိုင်မဟုတ်ဘူး။ လိုချင်တဲ့ သတင်းလွတ်လပ် ခွင့်တွေ၊ နိုင်ငံတော်ကို အကျိုးပြုမယ့် စတုတ္ထမဏ္ဍိုင် ဆိုတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကန့်ကွက်တာပါ” ဟုလည်း ရှင်းပြ သည်။

မီဒီယာနှင့်ပတ်သက်သော ဥပဒေကြမ်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးရေးဆွဲသော ဥပဒေကြမ်းနှင့် သတင်းစာဆရာများ ဦးစီးရေးဆွဲသော ဥပဒေကြမ်းနှစ်မျိုးလုံး လွှတ်တော်သို့ တင်ပြထားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ဥပေဒေသည် စတင်၍ လူထုထံချပြစဉ်ကတည်းက သတင်းစာဆရာများ သဘောမတူသည့် အချက်အလက်များပါဝင်နေသဖြင့် ပြန်ကြားရေးဝန်ကြီးနှင့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ သုံးကြိမ်တိုင်ဆွေးနွေးခဲ့သည်။

ထိုစဉ်က ဝန်ကြီးဦးအောင်ကြည်က သတင်းစာဆရာများအနေဖြင့် ဥပဒေမူကြမ်းကို စိတ်ကြိုက် ပြင်နိုင်ကြောင်း၊ စာနယ်ဇင်းသမားများမကြိုက်သည်များကို မထည့်ကြောင်း ဝန်ကြီးကကတိပြုခဲ့သည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။

သို့သော် အောက်လွှတ်တော်တွင် အတည်ပြုရန် ဥပဒေကြမ်းတင်ရာတွင်မူ သတင်းစာဆရာများက အဓိကထား ပြင်ဆင်ရန်တောင်းဆိုထားသည့်အချက်အများအပြား မပါဝင်ဟုလည်း ဦးကျော်မင်းဆွေက ရှင်းပြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က “နောက်ဆုံး ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲ။ ပြန်ကြားရေးဝန်ကြီးဌာနကတင်တဲ့အထဲမှာ ပါတဲ့အချက်တွေရှိသလို၊ ဖြုတ်တာ တွေလည်းရှိပါတယ်။ စာနယ်ဇင်း ကောင်စီ(ယာယီ)က တင်တဲ့အထဲမှာလည်း ပါတဲ့အချက်ရှိသလို ဖြုတ်တာ တွေလည်းရှိတယ်။ ဒါက ဥပဒေပြုရေး မှာဖြစ်လေ့ဖြစ်ထရှိသလို ဒီမိုကရေစီသဘောတရားအရ လွှတ်တော်ရဲ့ ဥပဒေပြုတဲ့ ထုံးစံပါပဲ” ဟု ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသည့် ပုံနှိပ်နှင့် ထုတ်ဝေရေး ဥပဒေကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းစဉ် က လွှတ်တော်အမတ်များက ၂၄ ချက်ကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း အောက်လွှတ်တော်အမတ်များ ပြင်ဆင်ထားသည့်အချက်များသည်ပင် သတင်းစာဆရာများ၏ အခွင့်အရေးနှင့် ပြည်သူများ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပိုင်ခွင့်ကို ထိခိုက်နိုင်သည့် အချက် များပါနေဆဲဟု ဝေဖန်မှုများရှိနေသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ပြီး “သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်း” ကို ကမကထပြုလုပ်ကာ ရေးဆွဲခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ထိုအဖွဲ့တွင် အငြိမ်းစားတရားသူကြီး ဦးခင်မောင်အေးက ဥက္ကဋ္ဌအဖြစ်ဦးစီးဆောင်ရွက်ပြီး သတင်းစာ ဆရာများ ပါဝင်သလို ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကဲ့သို့သော လူမှုအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ လည်း ပါဝင်သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/12401-2013-07-08-00-05-31.html

တရုတ် CNICO ကုမ္ပဏီက တကောင်းမြို့အနီး တစ်နှစ်လျင် နီကယ်တန်ချိန်ရှစ်သောင်းခွဲထုတ်လုပ်မည်

စစ်ကိုင်းတိုင်း တကောင်းမြို့ဟောင်းအနီးတွင် တည်ရှိသော တကောင်း တောင် နီကယ် စီမံကိန်းအား လုပ်ကိုင်ခွင့် ရထားသော တရုတ် CNICO ကုမ္ပဏီက နီကယ်တန်ချိန် ရှစ်သောင်းခွဲကို လုပ်ငန်း စမ်းသပ်ကာလအတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြာင်း ယင်းကုမ္မဏီ၏ အုပ်ချုပ်မှုမန်နေဂျာ မစ္စတာ လျူရီက မဇ္ဈိမသို့ ပြောကြားသည်။


ယင်းနှင့် စပ်လျဉ်းကာ မစ္စတာလျူရီက ဇူလိုင်၅ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ် ကုမ္ပဏီများ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာလျူရီက “အခုလောလောဆယ် အစမ်းထုတ်ကာလမှာတော့ တရုတ်ပြည်ကို ရောင်းသွားမှာပါ”ဟု မဇ္စျိမသို့ ပြောကြားသည်။

တကောင်းတောင် နီကယ်စီမံကိန်း သတ္တုသိုက်မှ နီကယ်များ ထုတ်လုပ်ရေးအား တရုတ် CNICO ကုမ္ပဏီ သည် မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူအဖြစ် နှစ်၂၀ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

မစ္စတာလျူရီက “ထွက်ရှိလာတဲ့ ထုတ်ကုန်အပေါ်မှာ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ရှယ်ယာ ဝေစုအလိုက် ရရှိမှာပါ။ နောက်ပြီး နီကယ်ဈေးနှုန်းက နိုင်ငံတကာမှာ အတက်အကျရှိတော့ ခွဲဝေရမယ့် ရာခိုင်နှုန်း အနေအထား ပြောပြဖို့ ခက်ပါတယ်”ဟု မဇ္ဈိမ သို့ ပြောသည်။

အဆိုပါကုမ္မဏီသည် စီမံကိန်းဒေသတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တစ်နှစ်လျင် ဒေါ်လာနှစ်သိန်း ခန့် လှူဒါန်းသွားမည်ဖြစ်ကြောင်း မစ္စတာ လျူရီကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်နှင့် အီးယူအပါအဝင် နိုင်ငံပေါင်း၃၀၏ စီးပွားရေး ပိတ်ဆို့မှု အများစုအား ဖြေလျှော့ထားပြီးဖြစ်သော်လည်း တရုတ်၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများသည် အများအပြား ရှိနေဆဲဖြစ်ကာ ကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် ပထမနေရာတွင် သုံးနှစ်ဆက်တိုက် ရပ်တည်လျှက်ရှိပြီး ဒုတိယ နေရာတွင် ရှိနေသော ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ခြောက် ဘီလီယံကျော်ကိုပါ ထည့်သွင်း တွက်ချက်ပါက ကန်ဒေါ်လာ ၂၀ကျော် ရှိကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ထက်ဝက် ကျော်ပမာဏ ဖြစ်သည်။

မကြာမီက ထွက်ပေါ်လာသော နိုင်ငံတကာသတင်းများတွင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအား ကန့်ကွက်မှု များပြားလာခြင်းကြောင့် သဘောတူညီမှု အချက်များအပေါ် ပြန်လည်သုံးသပ်ခံရမှုများ ရှိလာပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၂ဘီလီယံကျော်အနက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ဓာတ် သတ္ထု တူးဖော် ရေးအစရှိသော သဘာဝ အရင်းအမြစ်ကို အခြေပြုသည့် ကဏ္ဍတွင် ၈၆ရာခိုင်နှုန်းကျော်အထိ ဖြစ်နေကာ ယင်း ကဏ္ဍများတွင် တရုတ်၏ ပါဝင်မှုသည် ပမာဏ အများအပြား ဖြစ်သည်။

အထက်ပါကဲ့သို့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု နည်းပါးသည့် သဘာဝအရင်း အမြစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများအပြား ဝင်ရောက်နေသော်လည်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တွန်းအားပေးနိုင်သည့် စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် ဝဒသမ ၅ ရာ ခိုင်နှုန်းနှင့် ၅ဒသမ ၅တို့သာ ရှိနေပြီး အလွန်နည်းပါး သည့် ပမာဏအဖြစ် တည်ရှိနေသည်။ 

Credit : http://www.mizzimaburmese.com/news/business/12411--cnico----.html

မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ


မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နံနက်ပိုင်းတွင် ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် PTTEPI ရေနံ ကုမ္ပဏီမှ တွင်းတူးစက် Herculces 208 ဖြင့် တူးဖော်နေသည့် အကဲဖြတ်တွင်း အောင်သင်္ခ(၃) တူးဖော်မှုအား စစ်ဆေး ကြည့်ရှုကြရာ PTTEPI ရေနံ ကုမ္ပဏီမှ တာဝန် ရှိသူများက တွင်း တူးစက် ပေါ်ရှိ ရှင်းလင်း တင်ပြခန်းတွင် တွင်းတူးဖော် နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့ပြီး တွင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု များကို စစ်ဆေးသည်။


မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ထိုင်းနိုင်ငံမှ PTTEPI ရေနံ ကုမ္ပဏီသည် မုတ္တမ ကမ်းလွန်လုပ်ကွက် အမှတ် M-3 တွင်၂ဝ၁၁ ခုနှစ် မတ် ၂၆ ရက်က ရှာဖွေရေး တွင်းအမှတ် အောင်သင်္ခ(၂)ကို တူးဖော်ခဲ့ပြီး တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၂၅ ဒသမ ၁၄ ကုဗပေသန်းနှင့် လေဆီ ၁၅ဝ စည်ခန့် စမ်းသပ် ရရှိခဲ့သည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ခိုအောင်းမှု ပမာဏကို သိရှိနိုင်ရန် ဒုတိယ အဆင့် တူးဖော်ခဲ့ရာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စ၍အကဲဖြတ်တွင်း အမှတ် အောင်သင်္ခ (၄/၅ /၆) တို့ကို တူးဖော်ခဲ့ရာ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၄ ဒသမ ၃၈ ကုဗပေ သန်းနှင့် လေဆီ ၂ဝ စည် စမ်းသပ် ရရှိခဲ့သည်။ အဆိုပါ တွင်းတွင် ထုံး ကျောက်လွှာ သာမက အောက်ခံကျောက်လွှာ (Basement) အတွင်းတွင်ပါ သဘာဝ ဓာတ်ငွေ့ခိုအောင်း နေကြောင်း တွေ့ရှိခဲ့ပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၅ ဒသမ သုည ကုဗပေ သန်းနှင့် လေဆီ ၃ဝ စည်ခန့် စမ်းသပ် ရရှိခဲ့သည်။

၂ဝ၁၃ ခုနှစ် မေ ၁ဝ ရက်တွင် တတိယ အကဲဖြတ်တွင်း အောင်သင်္ခ(၆)အား ဆက်လက် တူးဖော်ခဲ့ပြီး တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၁၄ ဒသမ ၃၄ ကုဗ ပေသန်းနှင့် လေဆီ ၂ဝဝဝ စည်ခန့် ထပ်မံစမ်းသပ် ရရှိခဲ့သည်။

၎င်းမုတ္တမ ကမ်းလွန် လုပ်ကွက် M-3 တွင် ၁၉၈၃ ခုနှစ်ကပင် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ 3 CA-W, 3CA-X, 3CA-Y နှင့် 3 CA-Z ရှာဖွေရေး တွင်းလေးတွင်း တူးဖော်ခဲ့သည်။ 3CA-Y နှင့် 3CA-Z တို့တွင် အနက်ပေ ၆ဝဝဝ နှင့် ၇ဝဝဝ ကြားရှိ သဲကြောနှင့် ထုံးကျောက်လွှာများမှ လေဆီနှင့် သဘာဝ ဓာတ်ငွေ့များ စမ်းသပ် ရရှိခဲ့ပြီး သဘာဝ ဓာတ်ငွေ့သိုက် ပမာဏကို ခန့် မှန်း တွက်ချက်ခဲ့ပြီး ဖြစ်သည်။

ယခုအခါ PTTEPI ကုမ္ပဏီမှ အဆိုပါ ဧရိယာတွင် အသေးစိတ် တိုင်းတာ လေ့လာမှုများ ထပ်မံ ဆောင်ရွက်ကာ ပထမအဆင့် အဖြစ် ရှာဖွေရေး တွင် အောင်သင်္ခ(၂)ကို တူးဖော်ကာ စမ်းသပ်မှု အရ အဆိုပါ ဧရိယာ၏ အရှေ့ဘက်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မည့် ဘူမိဗေဒ အနေအထား များအား တိုင်းတာ တွေ့ရှိကာ ယခု ဒုတိယ အဆင့်အဖြစ် အောင်သင်္ခ(၅)နှင့် (၆)တို့ တူးဖော်ခဲ့ရာမှ ထုံးကျောက်လွှာ အတွင်း ပိုမို ကောင်းမွန်သော ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အား ထပ်မံရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စွမ်းအင် ဝန်ကြီးဌာနသည် ယခုအသစ် ထပ်မံ တွေ့ရှိလာသည့် အောင် သင်္ခ သဘာဝ ဓာတ်ငွေ့သိုက်အား ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီးနောက် စီးပွားရေး တွက်ခြေကိုက်မှု ပမာဏအား တိကျစွာ တွက်ချက် ပြီးပါက ပြည်တွင်းသို့ ဖြန့်ဖြူးနိုင်ရန် အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုများ ဆောင် ရွက်နိုင်ရေး အစီအမံများ အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သတင်း ရရှိသည်။

မြ၀တီ

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ


မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ
များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်းရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ မြ၀င်းဇော်နေအိမ်တွင်
ကျော်လင်း(၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ 
သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါအတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟု
ယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်
( ၃ကျပ် ၁၃ပဲ) အားရှာဖွေတွေ့ရှိခဲ့ပါသည်။
သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင်ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့်မှ
အော်ဟစ် တောင်းဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှ
မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှအနော်မာ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ 
(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။
မူးယစ်ဆေးဝါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ)၁၀/၁၃၊ 
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူမူးယစ်ဆေးဝါး
ဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ(၅၀)ဦးခန့်မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်
တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်
မရအောင်တားဆီး နှောင့်ယှက်သဖြင့်အရေးယူဆောင်ရွက်
နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ (၁)ရပ်ကွက် အုပ်ချုပ်ရေး မှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက် ဟောင်း ရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက် ရှာဖွေရာ မြ၀င်းဇော်နေအိမ် တွင်ကျော်လင်း (၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါ အတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်( ၃ကျပ် ၁၃ပဲ) အားရှာဖွေ တွေ့ရှိခဲ့ပါသည်။

သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ ခေါ်ဆောင် ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့် မှအော် ဟစ် တောင်း ဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှမြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှ အနော်မာ (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။ မူးယစ်ဆေး ၀ါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ) ၁၀/၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့် အတူ မူးယစ်ဆေး ၀ါးဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ (၅၀)ဦး ခန့် မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်တောင်းဆိုခြင်း၊ ဆဲဆို ကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်မရအောင်တားဆီး နှောင့်ယှက်သဖြင့် အရေးယူဆောင် ရွက် နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

From...Myawady News

အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး

ဆေးတက္ကသိုလ် အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက် ၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင် အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက် တွင် ပြောကြားလိုက်သည်။


“ဆေးတက္ကသိုလ်မှာ ဘွဲ့လက်မှတ်ရရှိပြီး အလုပ်အကိုင်မရရှိသေးသူ ၆,ဝ၀ဝ ထဲက ၁,၅၀ဝ ကို ၂၀၁၃ နှစ်မကုန်ခင်မှာ ခန့်ထားပါမယ်။ ဒါကို ရွေးချယ်ခန့်ထားရေး တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီး ဌာန တာဝန်ရှိသူများ ကျွန်တော့် ရုံးခန်းမှာ တိုင်ပင်ပြီး ဖြစ်ပါ တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် မြို့တော်ဝန်၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဝင်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ အသင်းသား များနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်သည်။

အလုပ်မရရှိသေးသည့် ဆရာဝန် ၆,ဝ၀ဝ သည် ၂၀၁၀၊ မှ ၂၀၁၂ အထိ သုံးနှစ် အတွင်း ဆေး တက္ကသိုလ် အောင်မြင်ခဲ့သူများဖြစ်ပြီး ဘွဲ့ရဆရာဝန်အရေအတွက်နှင့် ခန့်ထားသည့် အရေ အတွက် မမျှ တခြင်းကြောင့် အလုပ်အကိုင်မရရှိသူသေးများဖြစ်သည်ဟု ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုး ကပြောသည်။

“အရင်တုန်းကလို ရွေးချယ်ခန့်ထားတဲ့ ဆရာဝန်တွေ နိုင်ငံတော်ကို သုံးနှစ်တာဝန် ထမ်းဆောင်ပေးပြီး အလုပ်ထွက်နိုင်တယ် ဆိုရင် နောက်ထပ်ဘွဲ့ရရှိတဲ့ ဆရာဝန်လေး တွေ အလုပ်အကိုင်ရရှိမယ်။ ထွက်ချင် တဲ့ ဆရာဝန်တွေလည်း ထွက်နိုင်မယ်၊ ဒီစနစ်ကပြန်ကျင့်သုံးရင် နှစ်ဖက်နှစ်လမ်း အဆင်ပြေ မယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆေးတက္ကသိုလ်ဆင်းပြီး ဆရာဝန်အရေအတွက် တစ်နှစ်လျှင် ၂,၄၀ဝ ဝန်းကျင်ရှိပြီး အလုပ်ခေါ်ယူသည့် အရေအတွက်မှာ တစ်နှစ်နှင့် တစ်နှစ် မတူဘဲ ဦးရေ ၁၀ဝ၀ အထိသာ အများဆုံးခေါ်ယူသည်။ လွန် ခဲ့သော ဆယ်စုနှစ်ကျော်ကာလအတွင်း၌ လက်ထောက်ဆရာဝန်ခန့်ထားရေးတွင် ကျန်းမာရေး ဝန်ကြီး ဌာနမှ တိုက်ရိုက်ခေါ်ယူခန့်အပ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ပြည်ထောင်စု ရာထူး ဝန် အဖွဲ့မှ တစ်ဆင့် ခေါ်ယူခန့်အပ်သည်။

၂၀၁၂ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် လက်ထောက်ဆရာဝန် ခန့်ထားရေးနှင့် ပတ်သက် ၍ ခေတ်နှင့်လျော် ညီမှုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဆရာဝန် ၈၀ ဦးက လက်မှတ်များထိုးကာ သဘောထား မှတ်ချက်နှင့်အတူ တောင်းဆိုချက်များကို သမ္မတထံ လိပ်မူပေးပို့ခဲ့သေးသည်။

Mizzima

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက် လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး


Photo: ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေအိမ်အတွင်း ၀င်ရောက်ဓါးထောက်
လုယက်မှုကျူးလွန်သူအားဖမ်းမိစစ်ဆေးပြီးအတူပါဝင်သူများအား ထပ်မံဖော်ထုတ်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၇

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊
ကျောက်မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစုအသီးသီးအပြင်သွားနေခဲ့ကြသဖြင့်
နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင်သီရိမိုးဦးမှာ 
အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် 

၀၁၀၀ အချိန်ခန့်တွင် သမီးဖြစ်သူ၏အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက်ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်း 
သို့တိုင်ကြားခဲ့၍ 

တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ 
ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံတွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်
ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ရန်ကုန်မြို့သို့လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ 

၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းဘက်သို့
ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန်
တိုင်ပင်ခဲ့ကြကြောင်း၊အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် 
အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိကွမ်းယာဆိုင်၌စောင့်နေခဲ့ကြကြောင်း

၊ငွေများခြိမ်းခြောက်
တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုးသမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်
ပြစ်မှုကျူးလွန်းစဉ်အတူပါဝင်သူများအား တာမွေမြို့နယ်
ရဲတပ်ဖွဲ့မှစုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ 

ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် 
ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ)ဦးစိန်လှ၊ ညောင်တုန်းရပ်ကွက်၊ 
ဇင်မောင်မောင်(ခ)အသေး၊(ဘ)ဦးတင်ဝင်း၊ရာဇသင်္ကြန်ရပ်ကွက်၊


ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

၇.၇.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက် မြောင်း အရှေ့ရပ်ကွက်နေ ဦးမိုးဦးသည် ၎င်းတို့မိသားစု အသီးသီး အပြင်သွားနေခဲ့ကြသဖြင့်နေအိမ်တွင်သမီးအကြီးဖြစ်သူ မခိုင် သီရိမိုးဦး မှာ အိပ်ခန်းအတွင်း၌ တစ်ဦးတည်းအိပ်၍ကျန်နေခဲ့စဉ် ၀၁၀၀ အချိန် ခန့်တွင် သမီးဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လူငယ်တစ်ဦးမှဝင်ရောက်၍ ဆံပင်ဆွဲပါးရိုက်ကာချွန်ထက်သော အရာဖြင့်ထောက် ပြီး နေအိမ်ရှိငွေ ကျပ်၃၉၀၀၀၀ အားလုယူထွက်ပြေးသွားကြောင်း တာမွေရဲစခန်း သို့တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၂၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက် ခဲ့ရာပြစ်မှု ကျူးလွန်သူတရားခံ လှခိုင်၊(ဘ)ဦးတင်အုန်း၊စံပြရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၀၂၁၅ အချိန်တွင် တာမွေမြို့နယ်၊ သီတာလမ်းနှင့် ကျောက်မြောင်းကြီး လမ်းဆုံ တွင် သက်သေခံငွေကျပ်၃၉၀၀၀၀နှင့်အတူ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။


ဖမ်းဆီးရမိသူ လှခိုင်အားစစ်ဆေးရာ ၎င်းသည်ဒလမြို့နယ်နေသူများဖြစ်သည့် ထက်ထွန်းအောင်၊ သက်ပိုင်ဦး၊ ဇင်မောင်မောင်၊ ကျော်မင်းနိုင် တို့နှင့်အတူ ဒလမြို့တွင် အရက်အတူသောက်၍ ရန်ကုန်မြို့ သို့ လာကာ ဂျေဂျေကလပ်သို့ သွားရောက်ခဲ့ကြကြောင်း၊ ၀၀၃၀ အချိန်ခန့်တွင် တာမွေမြို့ နယ်၊ အောင်မင်္ဂလာ လမ်းဘက်သို့ခြေလျင်လမ်းလျှောက်သွားခဲ့ကြစဉ် ပြစ်မှုတစ်ခုခု ကျူးလွန်ရန် တိုင်ပင် ခဲ့ကြ သည်။

အခင်းဖြစ်နေအိမ်ခြံရှေ့အရောက်တွင် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရှိ၍ ၎င်းမှနေအိမ်အတွင်းသို့ ၀င်ရောက်ပြီးပြစ်မှုကျူးလွန်နေစဉ် ထက်ထွန်းအောင်ပါ(၄)ဦးမှ ခြံရှေ့ရှိ ကွမ်းယာဆိုင်၌ စောင့်နေခဲ့ကြ ကြောင်း ၊ငွေများခြိမ်းခြောက်တောင်းယူပြီးချိန်တွင် အိမ်ရှင်အမျိုး သမီးမှအော်ဟစ်သဖြင့် လူစုခွဲ၍ ထွက်ပြေးခဲ့ကြကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့်ပြစ်မှုကျူး လွန်းစဉ် အတူပါဝင်သူများအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းလိုက်လံဖမ်းဆီးခဲ့ရာဒလမြို့နယ်နေ ထက်ထွန်းအောင်(ခ)ကုလား၊(ဘ)ဦးအောင်ကျော်မိုး၊ရာဇသင်္ကြန် ရပ်ကွက်၊ သက်ပိုင်ဦး၊ (ဘ) ဦးစိန်လှ ၊ ညောင်တုန်းရပ်ကွက်၊ ဇင်မောင်မောင်(ခ)အသေး ၊(ဘ)ဦးတင်ဝင်း၊ ရာဇသင်္ကြန်ရပ်ကွက် ၊ ကျော်မင်းနိုင်၊ (ဘ)ဦးတင်နိုင်၊ မြို့မ(၄)ရပ်ကွက်တို့(၄)ဦးအား ဒလမြို့နယ်အတွင်း၌ အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ဇူလိုင်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် ရှိမယ်။ ခရီးသွား ခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲ ကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက် လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။


ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက အကူအညီ ကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ရပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။

ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့ နံပတ်ရှာပြီး ထိုးပါ။

ယတြာ....

ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။

တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှုတွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို၊ ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။ နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။

(၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။

ယတြာ...

ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအား ရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေ တအားရွှင်မယ်။ ကား၊ ကျောက်၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။

တမင် ရန်စနှောက်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူး ပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။

ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ......

ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါန လုပ်ပြီး လိုရာဆုကိုတောင်းပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့ သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။

ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ် ခေါင်းစား ရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင် ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။

ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။

ယတြာ....

ညံ့တာတွေပြေပျောက်၊ ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေး ရှစ်ခု ကပ်လှူပါ။

ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ၊ သစ်၊ သွပ်၊ သံ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါ တယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။

ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူ ရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရတတ်ပါတယ်။ ဘာမဆို အထစ်အငေါ့ လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။

ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။

ယတြာ.....

ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာသစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။

သောကြာသားသမီးများအတွက်

ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒီနေ့မှာ ထီဖိထိုးသင့်ပါတယ်။

စပ်တူ စာချုပ်ကိစ္စတွေမှာတော့ မရေမရာ ဖြစ်တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

ယတြာ....

ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင် ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။

စနေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွား တတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ် တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက် အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ၊ အမွေ၊ ဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ် လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။

ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။

ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ......

ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။

ဆရာ ဟိန်းတင့်ဇော်ရဲ့ အင်တာနက်စာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။

ဒေါ်လာစား ဗလီစောင့်ရှောက်ရေး အသင်း (သို့) NLD



သြစတေးသျှ မှာ မွတ်ဆလင်ကုလားတွေ ရုတ်ရုတ်-ရုတ်ရုတ် လုပ်လာပြီး မွတ်ဆလင်ရှီးယားဥပဒေတွေ ဘာဘာ-ညာညာ ကုလားတွေလုပ်လာ ပြောဆို လာတဲ့အချိန်မှာ အဲဒီအချိန်မှာ ၀န်ကြီးချူပ် လုပ်နေတဲ့ သြစတေးသျှ အမျိုးသမီးဝန်ကြီးချူပ် က မွတ်ဆလင်ကုလားတွေ ကို မနေချင်ထွက်သွား လို့ သြစတေးသျှ ယဉ်ကျေးမှု-ဓလေ့-ထုံးစံ နှင့် ခရစ်ယာန် ဘာသာကို မထိပါးဘို့ မစော်ကားဘို့ သတိပေး စကား ပြောကြား ပြီး တိုင်းပြည်က ထွက်သွားဘို့အထိ ပြတ်ပြတ်သားသား ပြောဆို ခဲ့ပါတယ်၊ နိုင်ငံ-လူမျိုး နဲ့ သာသနာကို ရဲရဲတောက် ကာကွယ် ခဲ့တဲ့ သြစတေးသျှ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်း တယောက်ပါ၊


ကျနော်များရဲ့ လူထုခေါင်းဆောင်၊ ဒီမိုကရေ ခေါင်းဆောင် ဆိုပြီး သွေးနထင်ရောက်နေတဲ့ သွားလေသူလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် သမီး ဒေါ်အောင်ဆန်းစုကြည် (ခေါ်) မစ္စ စုကြည်အဲလစ် ကတော့ လူထုခေါင်းဆောင်တယောက် အ နေနဲ့ဖြစ်ပျက်သွားခဲ့တဲ့ ကုလားအရေးအခင်းတွေမှာ မြန်မာ တိုင်းရင်းသားတွေဘက်က ဘာများအကာအကွယ်ပေးခဲ့ သလဲ… အခြေအနေကိုဝင်ရောက် ထိမ်းသိမ်းတဲ့ စကား ဘာမှ မပြောဆိုခဲ့တဲ့ အပြင် မွတ်ဆလင်ကုလားတွေ ဘက် ကို ပါတဲ့ စကား၊ ကုလားတွေ ကို မျက်နှာသာပေးမှု ပုံစံနဲ့ လက်ရှိအစိုးရကို ဝေဖန်ပြစ်တင်တဲ့ မှတ်ချက်ပေးပြောဆိုမှု တွေချည်းကိုဘဲ လုပ်ခဲ့တယ်။

NLD ကို ၀ိုင်းရံပေးနေတာ လည်းမွတ်ဆလင် ကုလားအများစုနဲ့ ဘာသာတရားကိုအ ယုံအကြည်နည်းတဲ့ ကွန်မြူနစ် လက်ကျန်ဟောင်းတွေဘဲ၊ ကုလားတွေက ဒီမိုကရေစီ-လူ့အခွင့်အရေး ခေါင်းစဉ်တပ်ပြီး ကုလားတွေတိုင်းရင်းသားဖြစ်ရေး-မြန်မာတိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးရရေးအတွက် ကို NLD နဲ့ မစ္စ စုကြည် အဲလစ်အပေါ် ပုံအော ထောက်ခံပေးနေကြတယ်၊

NLD ထဲ ကိုကုလားတွေ ၀င်ပြီး ဒီမိုကရေစီ-လူ့အခွင့်အရေး အရေခြုံ ပြီး အစ္စလာမ်ဘာသာပြန့်ပွားရေး-နဲ့ မွတ်ဆလင် ကြီးစိုးလာ ရေးတွေကို နောက်ကွယ်က ပြုမှုလုပ်ဆောင်လာတယ်၊ ကုလားတွေက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး-အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုပြီးလုပ်လာပေမယ့် အစ္စလာမ်အယူ ၀ါဒ ဟာ ငြိမ်းချမ်းတဲ့ အယူဝါဒ မဟုတ်ဘူး၊ မွတ်ဆလင် (၇၈၆) ကုလားကို တန်းတူအခွင့်အရေးပေး ယင် NLD အလံ အောက်က မြင့်မြတ်ရဲရင့်တဲ့ ခွပ်ဒေါင်း ပြောက်ပြီး ၇၈၆-တို့ ဟာလာ တံဆိပ်တွေ ရောက် လာလိမ့်မယ်၊ 

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ယခင် က ယုံကြည်ကိုးစား အားထားခဲ့ပေမယ့် အရေးကြီးလို့ မှ သွေးမနီးတာ သိလိုက်ရတယ်၊ ထင်ရှားတဲ့ ၈-လေးလုံး ခေါင်းဆောင် တယောက်က လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ၀န်းကျင်က ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောသွား တဲ့ စကားတခွန်းကို သတိရတယ်၊ NLD ဟာ တံမြက်စည်း လှည်း အသင်းသာသာဘဲ တဲ့၊ ကျနော်တော့ ခုအဲလိုမထင် ဘူး၊ NLD ဟာ ဒေါ်လာစား ဗလီစောင့်ရှောက်ရေးအသင်း လောက်ဘဲ ရှိတယ်လို့ မြင်တယ်၊

တိုင်းမ် မဂ္ဂဇင်းအား အစိုးရကန့်ကွက်မှု မှန်ကန်သောလုပ်ရပ်ဟုဆို



တိုင်းမ်မဂ္ဂဇင်း၌ ဖော်ပြထားသော The Face of Buddhist Terror ဆောင်းပါးကို မြန်မာအစိုးရမှ နိုင်ငံတော်အတွင်း ဇွန်လ ၂၅ ရက်နေ့ကစ၍ ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်မှာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင့် ရခိုင်ပြည်သံဃာတော်များမှ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုလိုက်သည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ ဦးညာဏက အာရ်ကန်တိုင်းမ်စ်ကို ယခုလိုမိန့်ကြားသည်။

" အခုကတော့ မြန်မာနိုင်ငံတော် အစိုးရအနေရော၊ သာသနာရေးဝန်ကြီးဌာန အနေနဲ့ရော တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချထားတာရှိပါတယ်။ အစိုးရရဲ့ ကန့်ကွက်ရှုတ်ချမှုသည်လည်းဘဲ မြန်မာနိုင်ငံရဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းကာလအတွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည် သံဃာထုအနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။ " ဟု မိန့်သည်။

ရခိုင်ပြည်သံဃာတော်များမှ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် တိုင်းမ်မဂ္ဂဇင်း၏ လွဲမှားစွာ ဖော်ပြထားသော The Face of Buddhist Terror ပါဆောင်းပါးနှင့် ပတ်သက်၍ ကန့်ကွက် ရှုတ်ချထားကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

" တိုင်းမ်မဂ္ဂဇင်းဟာ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒလို့ မမှန်မကန်စွပ်စွဲရေးသားထားတဲ့ အတွက်ကြောင့် ရခိုင်ပြည် သံဃာတော်များအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ တိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ဟာ အစိုးရနဲ့ ပြည်သူတွေအကြား ငြိမ်းချမ်းရေးကို တိမ်းစောင်းသွားနိုင်တယ်။ ဘာသာရေးပဋိပက္ခကိုလည်း ဖန်တီးရာရောက်တဲ့အတွက်ကြောင့် တိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာအနေနဲ့ရော နိုင်ငံတော် အနေနဲ့ရော လုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချပါတယ်။ " ဟု မိန့်သည်။

ထုတ်ပြန်ချက်ထဲတွင် တိုင်းမ်မဂ္ဂဇင်းသည် ဗုဒ္ဓဘာသာ၏ သဘောသဘ၀များကို စေ့စပ်သေချာစွာ မလေ့လာဘဲ ဆရာတော် ဦးဝီရသူအား ခေါင်းစဉ်တပ်ကာ ဗုဒ္ဓဘာသာအပေါ် မမှန်မကန်ရေးသား ထားသည့်အတွက် ရခိုင်ပြည်သံဃာတော်များမှ ကန့်ကွက်ရှုတ်ချကြောင်း၊ ဆရာတော် ဦးဝီရသူနှင့် သံဃာတော်များသည် ဓမ္မ၀ီနယနှင့်အညီ ဟောပြောလျှက် အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ သို့သော်ငြားလည်း တိုင်းမ်မဂ္ဂဇင်းအနေနှင့် မီဒီယာလွတ်လပ်ခွင့်ကို အခွင့်ကောင်း ယူကာ ဗုဒ္ဓဘာသာတစ်ခုလုံးကို ပုဒ်ခတ်စော်ကားကြောင်း၊ ယခုလိုလုပ်ရပ်သည် အစိုးရနှင့် ပြည်သူတို့၏ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိမ်းစောင်းသွားစေနိုင်သည့်အပြင် ဘာသာရေး ပဋိပက္ခအသွင်သို့လည်း ရောက်ရှိသွားနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် အစိုးရမှ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်တားဆီးလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု အချက်(၅)ချက် ပါဝင်သည်။

တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဆန္ဒပြသွားမယ့် အစီအစဉ်ရှိသလားဟု အာရ်ကန်တိုင်းမ်စ်မှ ဆရာတော်အား ဆက်မေးမြန်းရာ " တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက် ဆန္ဒပြသွားဖို့အစီစဉ်ကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင်ပြည် မြို့တိုင်းလိုလိုမှာက ၁၄၄ ညမထွက်ရအမိန့်ရှိတယ်လေ။ နောက်ပြီးတော့ သံတွဲမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦး မဒိန်းကျင့်ခံရတယ်။ ကျောက်တော်မြို့တွင်လည်း ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသူလေးတစ်ဦးကို အကြမ်းဖက် တိုက်ခိုက်တာတွေရှိတဲ့အတွက်ကြောင့် ဦးဇင်းတို့လမ်းကို ထွက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်မှာစိုးလို့ ဆန္ဒပြလမ်းလျှောက်ဖို့ အစီအစဉ် မရှိသေးပါ။ " ဟု ဦးညာဏက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေအား ရေးဆွဲသတ်မှတ်ရန် ရခိုင်ပြည်အတွင်း ပြည်သူလူ ထု၏ ထောက် ခံလက်မှတ်များကို ကောက်ခံလျှက်ရှိရာ ထိုသို့ကောက်ခံရာတွင် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက် ရေး ရဟန်းတော်များအဖွဲ့မှ ကမကထပြုဆောင်းရွက်ပေးနေသည်ကိုလည်း သိရသည်။


From:News Collection

ပြည်သူများ အမျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း လက်မှတ်များရေးထိုး



စစ်ကိုင်းမြို့၊ မေတ္တာရှင်ဖောင်ဒေးရှင်း စစ်ကိုင်း တောင်ရိုးဆွမ်းလောင်းအသင်း (၄)နှစ်ပြည့်အခမ်း အနားနှင့် ကျောင်းရေ စက်ပွဲ ဓမ္မသဘင်တွင် တရားနာ ပရိသတ်များ အမျိုးစောင့်ဥပဒေကို အားပေး ထောက်ခံကြောင်း လက်မှတ်ရေးထိုး ကြသည်။

၎င်းတရားပွဲမှ ထောက်ခံလက်မှတ်ပေါင်း (၃၉၃)ဦး ရှိပြီး ယခုအချိန်ထိ ထောက်ခံလက်မှတ်ပေါင်း (၅၃၆၅၈၅) ဦး ရှိပြီးဖြစ်သည်။

From:Wira Thu

နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ



July 7, 2013

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေ တွေကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီအာရေးဘီးယား၊ ဂျာမနီ၊ ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက် လေ့လာခဲ့ ကြပါတယ်။


ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ ရေရှည် ဆောင်ရွက် ရမယ့်ကိစ္စရပ်တွေကို အဓိက လာရောက်လေ့လာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့် ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

“အခုကသူတို့ မောင်တော မီးလောင်တဲ့နေရာကိုသွားတယ် တချို့ကလည်း မရောက်ဖူးတဲ့သူတွေပါတာကို ဗန္ဓုလရွာကိုသွားတာကို သူတို့ကတော့ ဒီကဒုက္ခသည်တွေကို ရေရှည်ဘယ်လိုလုပ်မလည်းဆိုတာက အဓိကပါ”

အဲဒီသံအရာရှိတွေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ မောင်တော မြို့နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြတာပါ။

ဒါ့အပြင် မနက်ဖြန်မှာလည်း တခြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

မူရင်းလင့်ခ် ။ ။ http://on.fb.me/1d5MQ8l

ဘိုးဘွားပိုင်လယ် ဧက ၈၀ ကျော် အငြင်းပွားမှုနှင့် ပတ်သက်၍ လှည်းကူးတွင် ဆန္ဒပြ



ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော လယ်မြေ ၈၅ ဧကပေါ်မှ ဖယ်ရှားခိုင်းနေခြင်းကို သက်ဆိုင်ရာ မှ ဖြေရှင်းပေးရန်နှင့် လယ်သမားများအား ကျူးကျော် နေထိုင်သူအဖြစ် တရားစွဲဆို နေခြင်း များအား ရပ်တန့်ပေး ရန်အတွက် ဇူလိုင် ၅ ရက် နံနက် ၉ နာရီမှ ၁၀ နာရီထိ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ် ဦးဘုန်းကြီးကျောင်းရှေ့မှ လှည်းကူး မြို့နယ် မြေစာရင်းရုံးရှေ့ထိ လူအင်အား ၃၀ ခန့်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ ကြောင်း သတင်းရရှိသည်။


အငြင်းပွားမှု ဖြစ်ပွားသည့်မြေမှာ ရန်ကုန်-မန္တလေး အမြန်လမ်းအနီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီး ကျေးရွာ အုပ်စု၊ ကွင်းအမှတ် ၉၇၈ နှင့် ကလီထော် အနောက်ကျေးရွာအုပ်စုမှ ကွင်းအမှတ် 1000A တို့ရှိ မြေ ၈၅ ဧကဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီမြေတွေပေါ်မှာ လုပ်ကိုင်စားသောက်လာတာ နှစ်လေးဆယ် ရှိနေပါပြီ။ အဲဒါကို ရန်ကုန်မြို့ တော် စည်ပင်က ရာဖြတ်ဌာနမှူး ဦးဝင်းမောင်ပါ သုံးဦးကနေ ၁၉၉၃ ခုနှစ်ကစပြီး လုပ်ပိုင်ခွင့် ကျတယ် ဆိုပြီး ဒေသခံတွေကို ၂၀၁၁ ထဲမှာစပြီး ဖယ်ခိုင်းပါတယ်။ အဲဒီတုန်းက လျော်ကြေးပေးတာမျိုး မဟုတ်ဘဲ ပြောင်းရွှေ့ကြေးဆိုပြီး တစ်ဦးကို နှစ်သိန်းပေးတယ်။ အဲဒီမှာ ရှစ်ဦးကပဲ နှစ်သိန်းယူပြီး ပြောင်းသွားတယ်။ ကျန်တဲ့သူတွေက ကိုယ့်မြေပေါ်မှာပဲ ဆက်နေကြတာ။ အခုသူတို့က ကျွန်တော့်အမေ ဒေါ်အမာကြည်ကို ကျူးကျော်နေထိုင်မှုနဲ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲထားတယ်" ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုစည်သူက ဆိုသည်။

"အန်တီတို့က ဘိုးဘွားစဉ်ဆက် လုပ်လာကြတဲ့ လယ်တွေဆိုတော့ ပိုင်ဆိုင်ခွင့် လျှောက်တာတွေဘာတွေ လုပ်မထားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အထောက်အထားရှိတဲ့ သူတွေလည်း ရှိတယ်။ ဖယ်ခိုင်းတဲ့ သူ တွေထဲမှာ" ဟု မြေ ၄ ဧက ပိုင်ဆိုင်သည့် ဒေါ်အမာကြည်က ဆိုသည်။

"ကျွန်တော်တို့က လယ်ယာမြေ စုံစမ်းရေး ကော်မတီတို့၊ နိုင်ငံတော် သမ္မတတို့၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ဆီကို ဖြေရှင်းပေးဖို့ စာပို့တာလည်း မထူးသေးဘူး။ ကျွန်တော်တို့ အနေနဲ့က လယ်သမားတွေ မြေယာမှတ်ပုံ တင်ရတဲ့အထိ ဆက်လက်ကူညီ သွားမှာပါ" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဆန်းထူးက ပြောကြားသည်။

စီတန်းလှည့်လည် ဆန္ဒပြနေသည်ကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် 
(ဓာတ်ပုံ-သက်မှူးပိုင်(လက)

Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေ



ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျ စေရန် ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိ သည်။

ဝရဇိန် စီမံချက် ကာလအတွင်း မှုခင်းကျဆင်းရေး ဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အသံ ချဲ့စက် ဖြင့် လှည့်လည်ဆော်သြခြင်း၊ ယာဉ်စစ် ပိတ်ဆို့ ရှာဖွေဆောင်ရွက်ခြင်း၊ ဧည့်စစ်၊ ယာဉ်စစ် ဆောင်ရွက်ခြင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းနှင့် ကင်းပုန်းဝပ် စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးထံမှ သိရသည်။



"ပြီးခဲ့တဲ့နှစ် ခြောက်လနဲ့ အခုနှစ်ရဲ့ ခြောက်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းအရေ အတွက်တွေကို နှိုင်းယှဉ်ရမယ်ဆိုရင် အမှုကြီးဖြစ်စဉ် ၄၇ မှု လျော့ကျသွားတယ်။ အခြားအမှု အရေအတွက် ၈၉၀ မှု လျော့ကျသွားပါတယ်။ ဒီဝရဇိန် စီမံချက် ကာလကိုတော့ အကန့်အသတ်မရှိ သတ်မှတ်ထားပြီး တော့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်" ဟု ရဲမှူးမြင့်ထွေးက ပြောကြားသည်။


ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) 

ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း



ဗုဒ္ဓဂါယာ၊ ဇွန် ၇

ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက် ဗုဒ္ဓဂါယာဝင်းအတွင်းရှိ မဟာဗောဓိ စေတီ အနီးတွင်ယနေ့ နံနက်က (အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။


"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါ နှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂါယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ် တော် အမြင့် ပေ ၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီး Abhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသ ဖြစ်သော ဗုဒ္ဓဂါယာဝင်းအတွင်း ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာ များကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်း ဖက်မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည် ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။

Ref: AFP ,the Trust of India
Popular Myanmar News Journal

ဗုံးပေါက်ကွဲမှုတွင် ဒါဏ်ရာ ရခဲ့သော ရဟန်းတော် ဆေးကုသရန်အလှုကောက်ခံ


၇-၇-၂၀၁၃ နေ့ နံနက် ဗုဒ္ဓဂါယာ ဗောဓိပင်အောက်တွင် ဗုံးပေါက်ကွဲမှုတွင် ဒါဏ်ရာ ရခဲ့သော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) အတွက် ပြန်လည် ဆေးကုသရန် စရိတ်များကို ကူညီပံပိုးပေးရန် ဓမ္မဒေါင်းလုပ်မိသားစုမှ ဝိုင်းဝန်း အလှုကောက်ခံပေးပါသည်။


စကာင်္ပူတွင်ရှိကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်းတို့သည်.. 

အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်... 
၀၇၀-၀-၀၁၂၂၅၇
070-0-012257


အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com  သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊ 
၂) လှုဒါန်းသည့် အကြောင်းအရာ - ဗုဒ္ဓဂါယာတွင် ဗုံးထိခံရသော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ)။ အတွက်
၃) လွှဲသည့် ပမာဏ -


ယ္ခုလို လူနာများ ပြန်လည် ကျန်းမာလာအောင် ပံ့ပိုးပေးသော  အလှုတော်တွင် ပါဝင် လှုဒါန်းခြင်းကို ဓမ္မဒေါင်းလုပ် မိသားစုမှ အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ရှိပါသည်... 

သူတော်ကောင်းများသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝလျှက် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ..

ဤသို့ပြုအပ်သော အလှုဒါနကို ဓမ္မဒေါင်းလုပ်မိသားစုများမှ ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆိုအပ်ပါသည်.. 

သာဓု....သာဓု.....သာဓု....... 

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု...... ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု....... 

http://dhammadownload.com/dhammadownload-news-buddha-gaya-boom-blast-2013-7-7.htm

ဗုဒ္ဓဂါယာ ဗောဓိပင်အောက်တွင် ဗုံးပေါက်ကွဲမှုတွင် ဒါဏ်ရာ ရခဲ့သော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) အတွက် ပြန်လည် ဆေးကုသရန် စရိတ်များကို ကူညီ ပံပိုးပေးရန် ဓမ္မဒေါင်းလုပ် မိသားစုမှ ဝိုင်းဝန်း အလှု ကောက်ခံ ပေးပါသည်။

စကာင်္ပူတွင်ရှိကြကုန်သော ဓမ္မမိတ်ဆွေ အပေါင်း တို့သည်..


အောက်ပါ DBS Saving Plus အကောင့်ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...

၀၇၀-၀-၀၁၂၂၅၇

070-0-012257

အလှုငွေ လွှဲပြီးပါက အလှုရှင် စာရင်းပြုစုရန်အတွက် အောက်ပါ အကြောင်းအရာ ၃ ချက်ကို dhammadownload.admin@gmail.com သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်...

၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊

၂) လှုဒါန်းသည့် အကြောင်းအရာ - ဗုဒ္ဓဂါယာတွင် ဗုံးထိခံရသော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ)။ အတွက်

၃) လွှဲသည့် ပမာဏ -

ယ္ခုလို လူနာများ ပြန်လည် ကျန်းမာလာအောင် ပံ့ပိုးပေးသော အလှုတော်တွင် ပါဝင် လှုဒါန်းခြင်းကို ဓမ္မဒေါင်းလုပ် မိသားစုမှ အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ရှိပါသည်...

သူတော်ကောင်းများသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝလျှက် နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြပါစေ..

ဤသို့ပြုအပ်သော အလှုဒါနကို ဓမ္မဒေါင်းလုပ်မိသားစုများမှ ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆိုအပ် ပါသည်..

သာဓု....သာဓု.....သာဓု.......

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု...... ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......

http://dhammadownload.com/dhammadownload-news-buddha-gaya-boom-blast-2013-7-7.htm/span>