Friday, July 5, 2013

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး

ဆုထူးပန်တာဝါ ဆောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာကိစ္စများအား ဇူလိုင် ၄ ရက် နံနက် ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။


ယင်းသို့ ကျေအေးလိုက်ခြင်းမှာ သီတဂူ ဆရာတော်၏ မိန့်ကြားလမ်းညွှန်မှုဖြင့် ဖြစ်ကြောင်းနှင့် ဇူလိုင် ၄ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် အငြိမ်းစား အသံအမတ်ကြီး ဦးလှမောင်၏ ကိုယ်စားလှယ်မှတစ်ဆင့် ဆုထူးပန်မြေကွက်ကို ဒေါ်ဝါ၀ါဝင်းရွှေထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့် ရှိ တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်ရန် ကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ကာ ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ အများပြည်သူ သိစေရန် ကြေညာချက်ထုတ်ပြန်မှု အပေါ်တွင် Father Land ကုမ္ပဏီက ၎င်းတို့ကုမ္ပဏီ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သည်ဟုဆိုကာ ဒေါ်ဝါ၀ါဝင်းရွှေအား အသရေဖျက်မှု၊ မူလစာချုပ် ဖျက်သိမ်းစေလိုမှု တို့ဖြင့် ဇွန် ၂၅ ရက်တွင် တရားစွဲခဲ့သည်။

ဥပဒေကြောင်းဆိုင်ရာ ကိစ္စများအား နှစ်ဦးနှစ်ဖက် ကျေအေးလိုက်သော်လည်း ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ဆုထူးပန်တာဝါဆောက်ရန် စရန်ငွေအဖြစ် ပေးထားသော ကျပ်သိန်း ၉၀၀၀ ကိစ္စနှင့် ပတ်သက်၍ ''နှစ်ဦးနှစ်ဖက် အကောင်းဆုံး နားလည်မှုရပြီး ပြေလည်သွားတာပါ။ အဲဒီအတွက် သိန်း ၉၀၀၀ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်တို့အနေနဲ့ အသေးစိတ် မပြောလိုတော့ပါဘူး။ အဲဒီ အတွက် နှစ်ဦးနှစ်ဖက် ကျေအေးပြီး ပြေလည်မှုတွေ ရသွားပြီလို့ပဲ ပြောပါရစေ။ နှစ်ဦးနှစ်ဖက်ရဲ့ စောင့်ထိန်းရမဲ့ သဘော တူညီမှုထဲမှာ ဒီငွေကြေးကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘူးလို့ ပါပါတယ်'' ဟု Father Land ကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးမြင့်က ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေက ''ဒီနေ့ပဲ အန်တီဝါ ဆုထူးပန်မြေကွက်ကို ပြန်ရပါပြီ။ စာချုပ် လည်း ဖျက်ပေးတယ်။ သီတဂူဆရာတော်ရဲ့ ဆုံးမမှုအောက်မှာ နှစ်ဦးနှစ်ဖက် နာခံပြီး ငြိမ်းချမ်းမှုကို ယူခဲ့ တာပါ။ စရန်ငွေနဲ့ ပတ်သက်လို့ ငွေရေးကြေးရေးပိုင်း အရတော့ အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်တို့ ထပ်ညှိဦးမှာပါ။ အကုန်လုံးလည်း ပြန်ရမယ်၊ မရဘူးလို့လည်း ပြောလို့မရသေးပါဘူး'' ဟု ဇူလိုင်လ ၄ ရက်ညပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

From...EMG

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်


7.4.4

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ်ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်းကလေးဆေးရုံကြီးတွင် ခွဲစိတ် ကုသ သွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။


လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ် ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူး ကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာ ရှင်များ စုပေါင်း လုပ်ဆောင် မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေး ဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံ ကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။

ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင် ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျ စရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ သုံးလခွဲ အရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။

မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)

From....EMG

အမျိုးစောင့်ဥပဒေ ထောက်ခံ လက်မှတ် ၁ သန်းကျော်ရရှိ


uwirathu-myo-saunt-law-305.jpg

အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေး အတွက် ထောက်ခံကြောင်း လက်မှတ်တွေ ကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ကောက်ခံနေရာ ဒီကနေ့ ဇူလိုင် လ ၄ ရက်နေ့အထိ ထောက်ခံထားတဲ့ လက်မှတ်ပေါင်း တစ်သန်းကျော်သွားပြီလို့ အထက်မြန်မာပြည်မှာ ဦးဆောင်လှုပ် ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။


ဒီအမျိုးစောင့် ဥပဒေထောက်ခံလက်မှတ်တွေရရှိဖို့ စုဆောင်းတဲ့နေရာမှာ နိုင်ငံရေးပါတီတွေက ကူညီပေး ပြီး တစ်ချို့မြို့နယ်တွေမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တားဆီးမှုတွေကို ကြုံတွေ့ရတာရှိတယ် လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌန်းနိုင်ဖို့အတွက် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ ဒကာ ဒကာမတွေက မန္တလေး မြို့မှာ လက်မှတ်တွေကို စုဆောင်းနေတာပါ။

အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူ နေတာဖြစ်ပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ဦးဆောင်ကောက်ယူ နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်တွေကို ၃၇ လမ်းနဲ့၃၈ လမ်းကြားမှာရှိတဲ့ ၈၁ လမ်း နဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ လမ်း ၈ဝ စတဲ့နေရာ တွေမှာ မဏ္ဍပ်ဖွင့်လှစ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။ 

Credit : http://www.rfa.org/burmese/news/myo-saunt-law-signature-campaign-07042013104124.html

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာ ပြီး သေဆုံး ခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်း သတင်း ထုတ်ပြန်သည်။


သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလ ပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်း ကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။

Mizzima

၂ နှစ်သား ဒီမိုကရေစီ ဆက်ပြီး ဖွံ့ထွားစေချင်



“Democracy Practice” ၊ “Democracy Principle” ဆိုသော စကားလုံးများကို ကျမတို့ နိုင်ငံမှာ စတင်အသုံးပြု နိုင်ခဲ့သည်မှာ ၂ နှစ်သာ ရှိသေး သည်။ နွားသတ္တ၀ါတို့က မွေးပြီးပြီးချင်း လမ်း လျှောက်တတ်၏။ လူသတ္တ၀ါတို့က လမ်းလျှောက် တတ်ရန် ၁ နှစ်ကျော် ကြာသည်။ ၂ နှစ်ဆိုလျှင် ဟိုပြေး ဒီပြေး ၊ ကားတိုက်မှာလည်း မရှောင်တတ် သေး။ ဒီမိုကရေစီ အရေး ဆိုတော့ ပိုကြာပေ လိမ့်မည်။


မနက် မိုးလင်းပြီဆိုလျှင် ရောက်လာသော သတင်းစာ (ပုဂ္ဂလိက သတင်းစာ) ကို ဖတ်ရင်း နံနက်စာပင် ဖြောင့်ဖြောင့် မစားနိုင်တော့။ ဘာတွေ ဖြစ်ပြန်ပြီလဲ..? ဆိုတာ တထင့်ထင့်နှင့်၊ သတင်းခေါင်းစဉ် တခုကို ဖတ်လိုက်ရသည်။ “ကာတာ ကုမ္ပဏီ လိုင်စင်ပေးမှု အမျိုးသားရေး ၀ါဒီအချို့ ဝေဖန်” တဲ့။ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအတွက် နိုင်ငံခြား ကုမ္ပဏီ ၂ ခုကို တင်ဒါ ချပေးလိုက်သည့် ကိစ္စအပေါ် မကျေနပ်.. ဆို၏။ ဆိုးတာက ဓာတ်ပုံပါ။ အာရပ်အမျိုးသားများ ကုမ္ပဏီဖွင့်ပွဲ တခု လုပ်နေခြင်းကို ၀ိုင်းဝန်းသြဘာ လက်ခုပ်ပေး နေသည့်ပုံ ဖြစ်၏။ အာရပ် မျက်နှာများ မြင်ရုံနှင့် သူတို့ ကန့်ကွက်သည့် အကြောင်းကို ဖတ်စရာ မလိုတော့ပေ။

ဘာကြောင့်များ ဤပုံကို မျက်နှာဖုံးမှာ ဦးစားပေး ဖော်ပြတာပါလိမ့်။ သည်လောက် ဆူပွက်နေသည့် ကြားမှာ မီးလောင်ရာ လေပင့်တာထက် ဓာတ်ဆီပုံး ယူလာရသလားဟု စိတ်မကောင်း ဖြစ်မိသည်မှအပ၊ ဘာမှ မတတ်နိုင်။ ဒါဟာ ဒီမိုကရေစီ သတင်းစာ။ ဒါဟာ ဒီမိုကရေစီ နိုင်ငံ။

နောက် သတင်း တခုက “လွှတ်တော်အရေးကြီးအဆို မရိုးဖြောင့်သည့်သဘောယူဆ” ဟု ဖော်ပြထားသည်။ ဤ စကားကို ပြောရဲသူကား မီဒီယာ မဟုတ်။ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ဖြစ်၏။ “နိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်း လိုက်စင် များ ရရှိသည့် ကုမ္ပဏီ ၂ ခု၏ အမည် စာရင်းကို ဇွန် ၂၇ တွင် ကြေညာရန် ရှိသည် ဖြစ်ပါလျက်၊ ဇွန် ၂၆ တွင် အရေးကြီးအဆို တင်ပြီး ထိုကြေညာမည့် ကိစ္စကို ရပ်ဆိုင်းရန် တင်သွင်းခြင်းမှာ မရိုးဖြောင့်သည့် သဘောဟု ယူဆကြောင်း” ပြောလိုက်သူကား ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးဖြစ်၏။ ပြောသည့် နေရာက ပြင်ပရှိ မီဒီယာများကို ပြောခြင်းမဟုတ်၊ သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့၌ ပြောခြင်း ဖြစ်သည်။ လွှတ်တော်က ကန့်ကွက်ခဲ့သော်လည်း အစိုးရအဖွဲ့က အဆိုပါ လိုင်စင်ရ ကုမ္ပဏီများ အမည်စာရင်းကို ဇွန် ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် ကြေညာခဲ့သည်။

အထက်ပါ သတင်းများ ဖတ်ရသောအခါ မနက်စာ မစားဘဲနှင့် ဗိုက်ပြည့်သွားရပါသည်။ အချို့က ဤ ဖြစ်ရပ်သည် လွှတ်တော်၏ ပုံရိပ်ကို ထိခိုက်စေသည် (အထင်သေးစေသည်) ဟု ဆိုကြ၏။ အထင် သေးအောင် လုပ်လျှင် လူ့သဘာဝ အတိုင်း အထင်သေးခံရမှာပဲ ဖြစ်၏။ ဒေါ်တင်နွယ်ဦးက ရဲရဲဝံ့ဝံ့နှင့် “မရိုးဖြောင့်ဘူး” ဟု ယူဆသကဲ့သို့ လူထုအနေနှင့်လည်း ယူဆကြမည်ပင် ဖြစ်သည်။ “လွှတ်တော်အသံ ပြည်သူ့အသံ” ဟု ရုပ်မြင်သံကြားတွင် မကြာခဏ မြင်နေရသည်။ အမှန်တကယ်ရော ပြည်သူ့အသံ ထင်ဟပ်ပါရဲ့လား။

လွှတ်တော်ကို တံခါးပိတ် ကျင်းပခြင်း မဟုတ်ဘဲ၊ အားလုံး မြင်သာအောင် ထုတ်လွှင့်ပြခြင်းကလည်း လူထုကို ပွင့်လင်းမြင်သာ စေသဖြင့် ၀မ်းသာရ၏။ ပါတီတခုက လွှတ်တော်ထဲ ရောက်သွားခါစတွင် အဆိုတခုကို ဆွေးနွေးရာ သူ့ပါတီ ခေါင်းဆောင်၏ ကိုယ်ရည်ကိုယ်သွေးကို အမွှမ်း တင်နေသဖြင့် လွှတ်တော် ဥက္ကဋ္ဌက တူထုပြီး “ အဆိုကိုသာ ဆွေးနွေးပါ” ဟု တားခဲ့ရသည်မှာလည်း အထင်သေးစရာ တကွက် ဖြစ်ခဲ့သေးသည်။ ငြင်း၍မရပါ။ အဆိုးဆုံးက “အမတ်တွေ အိပ်ငိုက် မနေကြနဲ့” ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက သတိပေးခဲ့ပုံတည်း။ ကြားရတာ ၀မ်းသာရပါသည်။

မည်သို့ပင်ဖြစ်ပါစေ၊ သတင်းတပုဒ်၌ မြင်ရသကဲ့သို့ နိုင်ငံခြားရှိ အမတ်များ လွှတ်တော်အတွင်း လက်သီးထိုးနေကြတာမျိုး မဖြစ်တာပင် တော်ပါသေးသည်။ လွှတ်တော်တွင်း၌ ပါတီတခုနှင့် တခု၊ ပါတီတခု အတွင်း အမြင်ကွဲလွဲကြလျှင် မဖုံးမကွယ်၊ အားမနာတမ်း ပြောကြ ဆိုကြဖို့ လိုပါသည်။ အစိုးရအဖွဲ့နှင့် ကွဲလွဲတာလည်း ပြောကြရမည်ပင် ဖြစ်ပါသည်။ သို့မှသာ လူထုကလည်း “အမှန်”ကို စဉ်းစားနိုင်မည် ဖြစ်၏။ “အားလုံးကောင်းပါသည် ခင်ဗျား“ ကို မုန်းတီးခဲ့ရသော နှစ် ၅၀ လူထု ဖြစ်ပါသည်။

ပါတီတွင်း အစည်းအဝေး တခုတွင် သူ့ပါတီဝင်များအား “အမတ်” ရောဂါ ထနေကြောင်း ပြောသည်ကို၊ သူ ကိုယ်တိုင် သမ္မတရောဂါ ရှိနေသဖြင့် သူ့လူများလည်း ဒါလောက်တော့ ရှိမှာပေါ့ဟု ဝေဖန်သော ပြည်သူတဦး၏ အသံကိုလည်း ထုတ်လွှင့်သင့် ပါသေးသည်။ မည်သူ့တွင်မှ “အပြစ်” မရှိဟု ထင်ပါသည်။ ၂ နှစ်သားလေး လမ်းလျှောက်တတ်ခါစ ဟု နားလည်ပေးကြပါသည်။ သို့သော် မီဒီယာ ကိုယ်တိုင်လည်း ၂ နှစ်သားပင် မပြည့်သေးသဖြင့် ပို၍ ပို၍ သတိထားကြရပါဦးမည်၊ ကြိုးစားရပါဦးမည်။ မီဒီယာ ချော်လဲလျင် ၁၀ ဘီး ကားကြီး တိုက်တာ ခံရမည်။ နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့ရပြီးပြီ။ ထပ်မံ နောက်ကျ မသွားဖို့ အရေး လွှတ်တော်၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများ၊ မီဒီယာများနှင့် ပြည်သူ့ဝန်ထမ်းများ အားလုံး သတိကြီးကြီးနှင့် ရှေ့ဆက်သွားကြရမည် ဖြစ်ပါကြောင်း။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

Credit : http://burma.irrawaddy.org/archives/43592

မလေးရှားပြန် အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှာပေးပြီး ဖြစ်



လူမျိုးရေး ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများ အလုပ်အကိုင် ရရှိရေးအတွက် ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက် ပေးလျက်ရှိရာ အလုပ်သမား ၂၂၀ ခန့် အလုပ် ခန့်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။


ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ စုစုပေါင်း ၁၉၃၇ ဦး ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ နေရပ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းရယူကာ အလုပ်ခွင်အတွက် ချိတ်ဆက်ပေးလျက်ရှိကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

မိမိနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာသူများအနက် အလုပ်လျှောက်ထားသူများအား ပြီးခဲ့သည့် ဇွန်လအတွင်း One Stop Service အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ခဲ့ရာ အလုပ်သမား ၈၂ ဦး အလုပ် လျှောက်ခဲ့ပြီး ၅၅ ဦးကို အလုပ်ခန့်နိုင်ခဲ့ကြောင်း၊ ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တတိယအကြိမ် လူတွေမေးမြန်း အလုပ်ခန့်မှုများ ပြုလုပ်ခဲ့ရာ ၃ ရက်နေ့က အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၄၂ ဦးအား အလုပ်ခန့် ထားပေးခဲ့ကြောင်း၊ ၄ ရက်နေ့တွင် လာရောက် လျှောက်ထားသူ ၁၃၅ ဦးရှိကာ ၁၂၀ ဦး အလုပ်ခန့်နိုင်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးသက်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အလုပ်ခန့်ထားရေး လုပ်ငန်းများကို ရန်ကင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်နေရာသို့ လူတွေ့မေးမြန်းရန် မလာရောက်နိုင်သူများသည် နီးစပ်ရာ မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနများသို့ ဆက်သွယ်ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ပြည်တွင်းမှာနေပြီး အလုပ်လာလျှောက်တဲ့ လူတွေထက်၊ မလေးရှားက ပြန်လာတဲ့လူတွေ အလုပ်ရဖို့ ဦးစားပေး အစီအစဉ် အနေနဲ့ လုပ်သွားပါ့မယ်။ ကုမ္ပဏီတွေကိုလည်း ပညာအရည်အချင်း သတ်မှတ်ချက်နဲ့ သင်တန်းဆင်း လက်မှတ်တွေ မရှိရင်တောင် လုပ်ငန်းကျွမ်းကျင်မှုအလိုက် အလုပ်ခန့်ပေးပါလို့ ပြောထား ပါတယ်” ဟု အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးသက်နိုင်ဦးက ဆက်လက် ပြောသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံနှင့် ကုမ္ပဏီများမှာ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ ပိုက်လုံးထုတ်လုပ်ရေး လုပ်ငန်းနှင့် အထွေထွေ လုပ်သားများ အဓိက လိုအပ်လျက်ရှိကြောင်း သိရသည်။

အလုပ်သမား ၀န်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံ ၁၄ ခုမှာ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ၊ United Engineering ၊ တိုးဝါ အိမ်အလှဆင်လုပ်ငန်း၊ သုခစုစံ ပြည်ပအလုပ်ရှာဖွေရေး အေဂျင်စီ၊ Asia Express, Desial Kin, Good Morning ပေါင်မုန့်စက်ရုံ၊ မင်္ဂလာဒုံ ပိုက်စက်ရုံ၊ ၀င်းဂလိုရီ အထည်ချုပ်စက်ရုံ၊ မိုးကောင်းကင် အထည်ချုပ်စက်ရုံ၊ ဧရာဝတီ အထည်ချုပ်စက်ရုံ၊ Roap Inter အထည်ချုပ်စက်ရုံနှင့် ဇီးကွက်ဖြူ အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်ရုံများမှ လိုအပ်လျက်ရှိသည့် အလုပ်နေရာပေါင်း ၄၀၀ ကျော်ရှိကာ လက်ရှိအချိန်အထိ ခန့်ထားပြီးသူ ၂၂၀ ဦးခန့် ရှိပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အလုပ်သမားများအား လာရောက် အင်တာဗျူးလျက်ရှိသည့် တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီမှာ တာဝန်ရှိသူတဦးက “ကျနော်တို့မှာ အင်ဂျင်နီယာ ၄ ယောက်လိုတယ်။ ဒါပေမယ့် ဒီက လျှောက်တဲ့လူ အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ အခုအချိန်ထိတော့ အထွေထွေလုပ်သားတွေ လျှောက်တာများတယ်။ အင်ဂျင်နီယာ လာလျှောက်တဲ့သူ မရှိသေးဘူး။ အင်ဂျင်နီယာတွေကလည်း ပြန်မလာဘူး ထင်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ၆ နှစ်ကျော် သွားရောက် အလုပ်လုပ်ပြီး ပြန်လာသည့် ကိုချမ်းမြေ့အောင်က “မလေးရှားမှာတုန်းက ၁ လကို စားပြီးသောက်ပြီး အိမ်ကို ၂ သိန်းခွဲလောက် ပြန်ပို့နိုင်တယ်။ ကျနော်က အိမ်အလှဆင်လုပ်ငန်းကို ကျွမ်းကျင်တယ်။ တိုးဝါ ကုမ္ပဏီမှာ အခုပဲ အလုပ်ရပြီ။ လစာကတော့ ၁ သိန်း ၈ သောင်းလောက် ရချင်တယ်။ ဒီထက် ပိုလိုချင်ပေမယ့် ကိုယ့်နိုင်ငံ အကြောင်းကိုယ် အသိဆုံးပဲလေ။ တဖြည်းဖြည်းတော့ တိုးမယ်ထင်တယ်” ဟု ပြောသည်။

မလေးရှားပြန် မြန်မာများကို ဇွန် ၁၅ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/43756

အမျိုးသားလွှတ်တော်ဥက္ကဌ အငြိမ်းစား ဗိုလ်ချုပ် ခင်အောင်မြင့် သို့ အိတ်ဖွင့်ပေးစာ



ကိုခင်အောင်မြင့်

ဒီလိုခေါ်လိုက်လို့ ကျွန်တော့်ကို အထင်မလွဲပါနဲ့ဗျာ။ လုပ်ဖော်ကိုင်ဖက်တွေမို့လို့ ရင်းနှီးမှုနဲ့ ခေါ်လိုက် တာပါ။


ဇူလိုင်လ ၂ ရက်နေ့ အင်တာနက်သတင်းတွေမှာ တွေ့လိုက်တယ်ဗျ။ “တပ်မတော်သား ကိုယ်စား လှယ်များ သဘောတူရင်တူတယ်၊ မတူရင် မတူဘူး ပြောပါ ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီ အတည်ပြုတဲ့အခါမှာ သဘောတူရင် တူကြောင်းပြောဖို့၊ သဘောမတူရင် မတူကြောင်းပြောဖို့ ဥက္ကဌက မေးတဲ့အခါမှာ ဖြေဖို့တာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စောင်းပါးရိပ်ခြည်နဲ့ အကြိမ်ကြိမ်သတိပေးခဲ့ပြီးပြီ။ ဒါဟာလည်း သိလို့။ အဲဒီတော့ အုပ်စုလိုက်ဖွဲ့ပြီး ဘာမှမဖြေဘူးဆိုရင် ဥက္ကဌက အဲဒီအုပ်စုတစ်ခုလုံး ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပထွက်စေလို့ အမိန့်ချလို့ရတယ်” ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေကို ခင်ဗျားက သတိပေးခဲ့တယ်လို့ပါတယ်။

ခင်ဗျားဒီလိုပြောလိုက်တဲ့စကားမျိုးကို ကျွန်တော်သိပ်အံ့သြသွားတယ်ဗျာ။ ခံပြင်းလွန်းလို့ပါ။ ကျွန်တော်လည်း တပ်မတော်မှာ ပဲစားပြီးကြီးလာတဲ့သူပါ။ ကလေးတွေအစား စိတ်မကောင်းဘူးဗျာ။ ခင်ဗျားလည်း ပဲစားပြီး တပ်ကြပ်ကြီးစာရေးကနေ ဒီအဆင့်ထိရောက်လာတာပါ။ ကုသိုလ်ကံလည်းပါသလို ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုလည်း ပါမှာပါ။ ဒါပေမယ့် တပ်ကမွေးထုတ်ပေးလိုက်လို့ ဒီဘ၀အထိ ရောက်လာတာကို မမေ့သင့်ဘူးဗျာ။ ခင်ဗျားမှာ အတွေ့အကြုံတွေ အများကြီးရှိမှာပါ။ ကလေးတွေကတော့ ခင်ဗျားလောက် အတွေ့အကြုံဘယ်ရှိမှာလဲ။ ခင်ဗျားက လူတစ်လုံး သူတစ်လုံးဖြစ်သွားတော့ ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ဘ၀ကို မေ့သွားလို့လားတော့ မသိဘူး။ ကျုပ်ကတော့ မှတ်မိနေတုန်းပဲ။ ဘယ်လိုမူးခဲ့တာ၊ ဘယ်လိုညောင်နာနာဖြစ်ခဲ့တာ။ ခင်ဗျားဌာနက လက်အောက်အရာရှိတွေနဲ့ ဘယ်လိုဖြစ်ခဲ့တာ၊ ခင်ဗျား သိက္ခာကျမှာစိုးလို့ သိပ်မပြောချင်လို့ပါ။ ပြဿနာမဖြစ်အောင် လူကြီးတွေ ဘယ်လိုကယ်ခဲ့ရတယ် ဆိုတာ လည်း ခင်ဗျားမမေ့သင့်ဘူးဗျာ။ ဘာပဲပြောပြော တပ်မတော်ရဲ့ကျေးဇူးမကင်းဘူးဆိုတာ နားလည်ရင် ခင်ဗျား ကလေးတွေကို ဒီလိုတော့ မပြောသင့်ဘူးလို့ ကျွန်တော်ပြောချင်တယ်။

တကယ်ဆိုတပ်မတော်ကိုယ်စားလှယ်တွေဆိုတာ နိုင်ငံတာဝန်ထမ်းဆောင်သူတွေပါ။ သူတို့ကို တပ်မတော်က ရွေးချယ်ပြီးတာဝန်ပေးလိုက်တာပါ။ တက်တက်ကြွကြွနဲ့ တာဝန်ကိုထမ်းဆောင်နေတဲ့ ကလေးတွေပါ။ တပ်ချုပ်ကလည်း သေချာရွေးချယ်ပြီးမှ တာဝန်ပေးလိုက်မယ်ဆိုတာကိုတော့ ကျွန်တော်ယုံတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ဗိုလ်မှူးချုပ်ကနေ ဗိုလ်ကြီးအဆင့်ထိ ကလေးတွေ ပါကြတယ်။ တပ်မတော်မှာ ဗိုလ်မှူးချုပ်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဗိုလ်မှူးချုပ် တစ်ယောက် မပြောနဲ့ ဗိုလ်မှူးကြီး တစ်ယောက်ဖြစ်ဖို့ တောင် လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားလောက်တော့ အတွေ့အကြုံမရှိတာသေချာတယ်။ သူတို့အပေါ်မှာ ခင်ဗျားက အများရှေ့မှာ ဒီလိုစကားမျိုး မပြောသင့် မှန်းသိလျက်နဲ့ ပြောလိုက်တာကို ကျွန်တော်သိပ်အံ့သြသွားတယ်။ ခင်ဗျားမှာ ပုဂ္ဂိုလ်ရေးအရတော့ ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို မပြောရဲလို့ ခင်ဗျားမပြောရဲတဲ့လူ ပါနေလို့ မိတ္တူပေးတာဆိုရင်လည်း အများရှေ့မှာ တပ်မတော်သားကိုယ်စားလှယ်တွေကို ဒီလောက် ထိတော့ မလုပ်သင့်ဘူးဗျာ။တပ်မတော်ကို ကျေးဇူးမကန်းသင့်ဘူးဗျာ။ နောက်ထပ်ပြောစရာ ကိုရွှေမန်း တစ်ယောက်ရှိသေးတယ်။

ဒီတော့ ခင်ဗျားအနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ ပြန်ဖြေရှင်းပေးဖို့သင့်တယ်။ ဒါမှမဟုတ် တရားဝင် တောင်းပန်သင့်တယ်လို့ထင်တယ်။ ခင်ဗျားဗျာ ရှက်စရာကြီး။ တပ်ကမို့လို့ သည်းခံနေတာ။ ကျုပ်တို့ အပြင်က အငြိမ်းစားအရာရှိကြီးတွေက လက်မခံနိုင်ဘူးဗျာ။ ကျုပ်တောင်းဆိုတာပါ။

တပ်မတော်အငြိမ်းစားအရာရှိကြီးတစ်ဦး
(သက်ဆိုင်ရာဂျာနယ်များအနေဖြင့် အိတ်ဖွင့်ပေးစာကို လွတ်လပ်စွာထည့်နိုင်ပါကြောင်း)

Credit : Ko Myo

Ko Myo

ဦးအနေနဲ့ပြောရရင် မြန်မာအမျိုးသမီးတွေအတွက် သဘောတူပါတယ်



"မြန်မာနိုင်ငံနဲ့ ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာ ရေး ပဋိပက္ခများအပြီးတွင် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် TIME မဂ္ဂဇင်း မျက်နှာဖုံး၌ ဆရာတော် ဦးဝီရသူအား “အကြမ်းဖတ် စစ်သွေးကြွ ဘုန်ကြီး” ဟု စွပ်စွဲရေးသားချက်ကို လက်မခံနိုင်ကြောင်းနှင့် ဆရာတော်ဘတ်မှ ထောင်ခံကြောင်း ပြောကြား လာသော အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဒိုင်းမွန်းဦးရွှေကြည်နှင့် တွေ့ဆုံမေးမြန်သမျှတို့ကို ဖော်ပြအပ်ပါသည်။"


မေး=အခုပြဋ္ဌာန်းလာမယ့် အမျိုးစောင့်ဥပဒေအပေါ် ဦးအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ= အမျိုးစောင့်ဥပဒေကိုတော့ ဦးအနေနဲ့ လေ့လာနေတုန်းပါပဲ ဒါပေမယ့် အဲဒီအမျိုးစောင့်ဥပဒေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ပဲလား၊ အခြားဘာသာဝင်တွေ အတွက်ရော မပါဘူးလားလို့ ကေသာရာမကျောင်းတိုက်က ဆရာတော်ဦးကေသရကို ဦး မေးကြည့်တော့ တစ်ခြားဘာသာတွေမှာက ရှိပြီးသားတဲ့။ ဦးပဉ္ဇင်းတို့ဘာသာမှာက မရှိသေးဘူး အဲဒီအတွက် ဒကာကြီးတို့ အစ္စလာမ်ဘာသာဘတ်က စိုးရိမ်စရာမရှိပါဘူးတဲ့ ပြီးတော့ ဦးအနေနဲ့ပြောရရင် မြန်မာအမျိုးသမီးတွေအတွက် သဘောတူပါတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့က ချစ်လို့ကြိုက်လို့လက်ထပ်ပြီးရင် နိကာဖ် ဖတ်ပြီး အတင်းဆွဲသွင်း ကြတာတွေရှိတော့ တရားမျှတတယ်လို့ မြင်ပါတယ်။

မေး= အခုဆိုရင် ဘာသာကူးပြီး အိမ်ထောင်ပြုကြတာတွေရှိနေတယ်လေ အဆင်ပြေကြသူတွေရှိသလို အဆင်မပြေသူတွေလည်း ရှိနေတယ်။ အဲဒီအခါမှာ အခုအမျိုးစောင့်ဥပဒေကို (မူကြမ်း) မှာပါတဲ့ ဥပဒေကို မနာခံတဲ့အတွက် ကျခံရမယ့်ပြစ်ဒဏ် သတ်မှတ်ချက်အပေါ် ဦးအမြင်ကရော။

ဖြေ= အဲ့ဒါကိုတော့လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး။ ဒါက ရာဇ၀တ်မှုမဟုတ်ရင်တော့ ပြစ်ဒဏ်ချမှတ်ဖို့ဆိုတာကို သေချာစဉ်းစားဖို့လိုမယ်ထင်ပါတယ်။ ပြီးတော့ မြန်မာအမျိုးသမီး တွေ အနေနဲ့ကကော လိုက်နာနိုင်ပါ့မလား။ ပြည်ပက လူအမျိုးမျိုး၊ ဘာသာအမျိုးမျိုးနဲ့ အိမ်ထောင်ပြုသူတွေလဲ ရှိနေတယ်လေ။ ဒါကိုလဲ စဉ်းစားဖို့လိုပါလိမ့်မယ်။ နောက်ပြီး ဒါကို မြန်မာမျိုးထု တစ်ရပ်လုံးက လက်ခံနိုင် ပါ့မလားပေါ့။

မေး= အခုလိုပြဋ္ဌာန်းလိုက်တာဟာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် (၁၆)၊ အပိုဒ် (၂) တို့နဲ့ မကိုက်ညီဘူးလို့ ဝေဖန်နေကြတာတွေကိုတော့ ဦးဘယ်လိုမြင်မိပါသလဲ။

ဖြေ= လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဦးလဲခုအချိန်ထိ မခံစားရသေးပါဘူး။ လူတိုင်းရော လူ့အခွင့် အရေးဆိုတာကို အပြည့်အ၀ခံစားရပြီလို့ ဦးမကြားမိသေးပါဘူး။ တစ်ချို့နေရာတွေမှာ ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတုန်းပါ။ အာဖဂန်ကိုကြည့်မလား အိန္ဒိယကိုကြည့်မလား အနီးစပ်ဆုံး ထိုင်းမှာ ဦးကို ငါးဖမ်းလှေဆီ ရက်ရက်စက်စက် အရောင်းခံခဲ့ရတဲ့အချိန်က လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာဘဲ။ မြန်မာပြည်တွင်းမှာလည်း ၁၉၈၀ ခုနှစ်ကစလို့ ၁၉၈၂ အလည်လောက်ထိ ညောင်ပင်ကွင်း ဘလော့လိပ် စစ်မြေပြင်ကိုရောက်နေတုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တာကို ဦးကိုယ်တိုင် ခံခဲ့ရ၊ ကြုံခဲ့ရသေးတာပဲ။ ဒီနေ့ကမ္ဘာမှာ ကမ္ဘာသူ ကမ္ဘာသားတိုင်း လူ့အခွင့်အရေးဆိုတာ ဘယ်မှာမှ အပြည့်အ၀မခံစားရသေးပါဘူး။ ပြီးတော့ ဝေဖန်နေကြသူတွေ အရမ်းချမ်းသာတဲ့သူတွေနဲ့ အရမ်းပညာရှိပါတယ်ဆိုတဲ့ သူတွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက်၊ အရေးတကြီးစိုးရိမ်တာမျိုး မတွေ့ရသေးပါဘူး။ ဒီလူတွေအားလုံးဟာ ဘာသာပေါင်းစုံ လည်ပင်းဖက်ပေါင်းနေတာကို တွေ့ရ ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ဥပဒေဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ ပြီးတော့ ကာလ၊ ဒေသ၊ ပယောဂနှင့် လိုက်လျောညီထွေစွာနေတတ်ရင် ဦးဝီရသူဆိုတာလည်း ပေါ်ပေါက်မလာသလို ဥပဒေဆိုတာကိုလည်း ဆရာတော်က ကြိုးစားမှာမဟုတ်ဘူးလို့ ထင်ပါတယ်။

မေး= ပြီးတော့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာပါလို့ ဖော်ပြထားတဲ့ TIME မဂ္ဂဇင်းရဲ့ ဆောင်းပါးကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ= ဦးဟာ အခုလက်ရှိမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကြားမှာ ကြီးပြင်းလာခဲ့တာပါ။ အဲဒီကတည်းက ခုအချိန်ထိ ဦးကို ဘယ်မြန်မာလူမျိုး ဗုဒ္ဓဘာသာကမှ အကြမ်းဖက်ရက်စက်တာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ စွပ်စွဲတာကို ဦးကတော့ ဆန့်ကျင် ကန့်ကွပ်ပါတယ်။

မေး= ဆရာတော်ဦးဝီရသူကရော သူ့ရဲ့လုပ်ဆောင်မှုတွေဟာ တကယ်ပဲ အကြမ်းဖက်ဝါဒပုံ ပေါက်နေသလား။တစ်ခြားဘသာဝင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ= ဆရာတော်ဝီရသူရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ဆိုတဲ့ အခွေထွက်လာပါတယ်။ အရမ်းလဲ ဟောဖြစ်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ မူစလင်ဘာသာဝင်တွေအပေါ် မြင်တဲ့အမြင်နဲ့ တချို့ဟောပြောချက်တွေက ပုဂ္ဂလိကဆန်ပြီး ပြင်းထန်လွန်းတာကြောင့် တွေ့ဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းမှာ ဦးပဉ္ဇင်းနဲ့ ဆုံတွေ့ပြီး မြန်မာအစ္စလာမ်တစ်ယောက်အနေနဲ့ ဖြေးရှင်းလျှောက်ထားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာတော်ရဲ့ သဘောထားတွေကို သိသင့် သလောက် သိလာရပါတယ်။ အခုနောက်ပိုင်းမှာတော့ မူစလင်များစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ အထူးသဖြင့် မန္တလေးက မန္တလေးသား အစ္စလာမ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ၊ အစ္စလာမ်ချင်း ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးတာတွေကြားရလို့ ဆရာတော်ဟာ အစွန်းရောက်အကြမ်းဖက်မဟုတ်ဘဲ အမျိုး၊ဘာသာ၊သာသနာ တည်တံ့ပြီး တိုင်းပြည်ကောင်းကြိုးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုသာ လုပ်ဆောင်နေတဲ့ ဆရာတော်တပါးလို့ပဲ မြင်ပါတယ်။

မေး=နောက်ဆုံး TIME မဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို ရှုတ်ချပြီး ဆရာတော် ဦးဝီရသူကို ထောက်ခံတယ်လို့ ကျွန်တော်တို့ကြားပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ= ပြောချင်တာကတော့ ဆရာတော်ဦးဝီရသူဟာ အစွန်းရောက်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဘာသာရေးအငြင်းပွားမှုဟာ အီရန်က ဆွန်နီနဲ့ ရှီးဟတ် တို့ ထသတ်နေကြတာလောက် မဆိုးပါဘူး။ သူတို့ဆိုရင် အလ္လာမ်နဲ့တမန်တော်ကို အလွန်တရာယုံကြည်ကြသူတွေလေ။ နောက်ဆရာတော်က ရှေ့လျှောက်ငြိမ်းချမ်းရေးကိုပဲ ဖော်ဆောင်ဖို့ ကတိပေးထားတာမို့ ထောက်ခံတာပါ။

(1.7.2013)နေ့ထုတ် The express times သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။

From: Wira Thu

ကုလား တိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ



ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာချ သူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက် ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံ သို့ ရောက်နေ ကြရာ ထိုနှစ်ယောက်အနက် ဆေးရုံတင်ခါစတွင် သတိမရသေး သည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိ ပြန်လည်လာပြီဖြစ်သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)


ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက်တိုက်ခိုက် ခံရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခြင်းခံ ခဲ့ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူ လာစဉ်ကလည်း အတွင်းခံဘောင်းဘီ အပြည့်အစုံနှင့် တွေ့ရခြင်း ဖြစ်သည် ဟု ဆိုသည်။

ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူ တစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်း စပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့် ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်း တို့ပြုခဲ့ကြသည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက်သူ များကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်း တို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များ ပဲ့နေ သည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From: (Coral Arakan News)

နိုင်ငံရေးစာ မတက်သည့် မထွန်းအိန္ဒြာဗိုလ်အတွက် ပေးစာ



အာဆီယံနိုင်ငံတွေကိုပဲကြည့်ကြည့် အနောက်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ပို့လို့တောင်ဆိုးသေး တယ်။ နိုင်ငံတိုင်းမှာ သူ့နိုင်ငံ သူ့ဘာသာကို ကာကွယ်ထားတဲ့ ဥပဒေဆိုတာ ရှိတယ်။ ထိုင်း၊ မလေးရှား၊ စသည့်နိုင်ငံတွေရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေတွေကို လေ့လာပါ။ ဒီမိုကရေစီ စနစ်ကိုကျမကြိုက် တယ် ထောက် ခံတယ်။


ဒါပေမဲ့ ဒီမိုကရေစီရပြီဆိုရင် မြန်မာ အမျိုးသမီးတွေ ဘောင် ဘီအတိုနဲက ရွှေတိဂုံ ဘုရားပေါ် တက်ဖူးတာ တစ်ခြားစီပါ။ ဒီမိုကရေစီကိုထောက်ခံပေမယ့် နိုင်ငံတော်နှင့် လူမျိုးရေးစောင့်သိရမယ် ဘာသာတရား နှင့်ယဉ်ကျေးမှုကို စည်းကမ်းဖောက်လို့မရဘူးလေ။ ကျမတို့မြန်မာတွေ ဘိုးဘေးဘီဘင် လက်ထက်ကတည်း ယဉ်ကျေးမှုရှိတဲ့နိုင်ငံတစ်ခုပါ ။

မြန်မာအမျိုးသမီးတွေဆို တိုင်းတပါးသားငေးရအောင်လှတဲ့ ဇာတိမျိုးနွယ်တွေပါ။ ဒါကြောင့် အမျိုးစောင့်တဲ့ ဥပဒေကို လူ့အခွင့်အရေးဆိုတဲ့ ပေတံနဲ့လည်း မတိုင်းပါနဲ့။ တိုင်းချင်လည်း လူ့အခွင့်အရေး ဆိုတဲ့ဘာသာ ရပ် ကို ကျွမ်းကျင်ဖို့လိုပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မထွန်းအိန္ဒြာဗိုလ်က အမျိုးစောင့် ဥပဒေကို ကန့်ကွက်တယ်ဆိုတော့် စိတ်မကောင်းပါဘူး။ ကိုယ့်အနေနဲ့ လူထုကန်ပိန်း တစ်ခုကို ကန့် ကွက် တော့်မယ်ဆိုရင် ဒီဘာသာရပ်တွေရဲ့ အတိမ်နက်ကို သိဖို့လိုပါတယ်။

အမေစုကန့်ကွက်တာနဲက ငါလိုက်ကန့်ကွက်မယ် မလုပ်ပါနဲ့ သေချာလေ့လာပါ။ အမျိုးစောင့်ဥပဒေ သည် မိမိနိုင်ငံအတွက် မရှိမဖြစ်လိုတယ်ဆိုတယ် နားလည်ပါ။ နိုင်ငံ တကာဖွဲ့စည်းပုံအခြေခံ ဥပဒေ တွေ လေ့လာ ပါဦးလို့ ပြောချင်ပါတယ်။

အကယ်ဒမီဟာ ပြည်သူတွေကပေးထားတာပါ ။ အမေစုပေး ထားတာ မဟုတ်ပါဘူး။ ပြည်သူကျေးဇူး သိတတ်ဖို့လိုပါတယ်။ မထွန်းအိန္ဒြာဗိုလ်နိုင်ငံရေး လုပ်ချင်ရင်တော် ဆက်လေ့လာဖို့လိုပါလိမ့်မယ်။ 

ကျမ သူများဘာသာကို ထိခိုက်ပြီးလည်း မဝေဖန်ချင်ဘူး။ ဒါကြောင့် သူများယောင်လို့ယောင် မယ်တောင် မှန်းမြောက်မှန်းမသိ မလုပ်ပါနဲ့။ နမ်မည်ကြီး ရုပ်ရှင်မင်းသမီးကြီးဆိုပြီး ပြည်ပြေးသစ္စာဖောက်တွေရဲ့ ချဉ်းကပ်ပြောဆိုစည်းရုံးမှုကို နားမယောင်ပဲ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေတွေလေ့လာပါလို့ တိုက်တွန်းချင်ပါတယ် ရှင်------------

From:Hanar Hl Credit : http://www.mmdailystar.com/2013/07/blog-post_5.html

"ဦးဝီရသူထံ-စကော့တလန်မှ သတင်းဋ္ဌာန လာရောက် အင်တာဗျူး"



4.7.2013-ရက်နေ့ မွန်းလွဲ (2:30)နာရီ ဓမ္မ သဟာယ ကျောင်းမှာ လက်ခံတွေ့ဆုံ ပြောကြား ခဲ့သည်။ စကော့တလန်နိုင်ငံ ဆန်းဒေးတယ်လီ ဂရပ်ဖ် သတင်းစာ (Sunday Telegraph Newypaper ) ဋ္ဌာနမှ Ms. Fione Margaret-က လာရောက်ခြင်းဖြစ်သည်။


TIME-မဂ္ဂဇင်းကိစ္စနှင့် အမျိုးသားရေးကိစ္စများ မေးမြန်းလျှောက်ထားပြီး ဦးဝီရသူက မောင်တော အကြမ်းဖက်မှု ဗီဒီယိုဖိုင်လ်ကို နမူနာပြသပြီး လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။ 5/နှုံးသော လူဆလင်လောက်ကို အမျိုးသားရေး အန္တရာယ်အဖြစ် ရှုမြင်သုံးသပ်နေကြပုံကို မေးမြန်းရာတွင် "ဘယ်နေရာမှာပဲရောက်ရောက် တစ်ကောင်တည်းပဲဖြစ်ဖြစ်၊ မြွေဟာမြွေပဲ၊ အန္တရာယ်ပြုတတ်တယ်။

တစ်ရွာလုံးမှာ မူဆလင် တစ်ယောက်ပဲရှိရင်တောင်၊ တစ်ယောက်တည်းသော မူဆလင်ပေးတဲ့ ဒုက္ခကို တစ်ရွာလုံးက စုခံကြရတာ။ တစ်လုံးက လူတွေက တစ်ယောက်တည်းသမားကို ဒုက္ခပေးတယ်လို့ တစ်ခါမျှ မကြားဖူးဘူး" ဟု ပြောကြားခဲ့ကြောင်း သိရသည်။

From:Wira Thu

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး


မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီနှင့်အနှိပ်ခန်းဆိုင်အား မုံရွာရဲတပ်ဖွဲ့မှ ဇူလိုင်လ (၃)ရက် ည၁၂ နာရီကျော်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆိုင်သည် သတ်မှတ်ထားသော စည်းကမ်းဖြစ်သည့် ည(၁၁)နာရီ ကျော်အထိ ဖွင့်လှစ်နေသောကြောင့် ဝင်ရောက်ဖမ်းဆီးရမှ တစ်ဆင့် အဆိုပါဆိုင်တွင် အခန်းဝင်နေသော ယောကျာ်းများနှင့် လေဒီများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးသည့်အချိန်တွင် မုံရွာ န.မ.ခ မှ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးလည်း လာရောက်အနားယူနေသည်ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးသည့် ရဲတပ်ဖွဲ့နှင့် အချေအတင် စကားများခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာလည်း မုံရွာအလုံ သုံးထောင်းချွန်းနားတွင် ဖွင့်လှစ်ထားသော န.မ.ခမှ ဗိုလ်မှူးတစ်ဦးဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်ကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ ရဲတပ်ဖွဲ့၏ဆောင်ရွက်မှုများအတွက် နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ စီမံချက်ကာလ အတွင်းမို့ ဖမ်းဆီးတာမဟုတ်ဘဲ ရေရှည်အထိ ထည့်သွင်းစဉ်းစားစေချင်ကြောင်း၊ ဖမ်းတုန်းခဏ ပိတ်ထား၊ ပြီးရင် သွေးအေးသွားရင် အလျှိုလျှို ပြန်ပေါ်လာကြမှာကိုလည်း စိုးရိမ်ကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီနှင့်အနှိပ်ခန်းဆိုင်အား မုံရွာရဲတပ်ဖွဲ့မှ ဇူလိုင်လ (၃)ရက် ည၁၂ နာရီကျော်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါဆိုင်သည် သတ်မှတ်ထားသော စည်းကမ်း ဖြစ်သည့် ည(၁၁)နာရီ ကျော်အထိ ဖွင့်လှစ်နေ သောကြောင့် ဝင်ရောက်ဖမ်းဆီးရမှ တစ်ဆင့် အဆိုပါဆိုင်တွင် အခန်းဝင်နေသော ယောကျာ်းများ နှင့် လေဒီများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသည့်အချိန်တွင် မုံရွာ န.မ.ခ မှ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးလည်း လာရောက်အနားယူ နေသည်ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးသည့် ရဲတပ်ဖွဲ့နှင့် အချေအတင် စကားများခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာလည်း မုံရွာအလုံ သုံးထောင်းချွန်းနားတွင် ဖွင့်လှစ်ထားသော န.မ.ခမှ ဗိုလ်မှူးတစ်ဦးဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်ကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။ 

ယခုကဲ့သို့ ရဲတပ်ဖွဲ့၏ဆောင်ရွက်မှုများအတွက် နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ စီမံချက်ကာလ အတွင်းမို့ ဖမ်းဆီးတာမဟုတ်ဘဲ ရေရှည်အထိ ထည့်သွင်းစဉ်းစားစေချင်ကြောင်း၊ ဖမ်းတုန်းခဏ ပိတ်ထား၊ ပြီးရင် သွေးအေးသွားရင် အလျှိုလျှို ပြန်ပေါ်လာကြမှာကိုလည်း စိုးရိမ်ကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

Credit : http://www.yeyintnge.com/2013/07/y-power.html#.UdZfF6xYWSo

ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်


ဗလီဝတ်ကျောင်းအတွင်း သံဃာများအား ပထမဆုံးအကြိမ် ဆွမ်းကပ်
-----------------------------
ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က 
ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ယခုကဲ့သို့ အစ္စလာမ်ဘာသာရေးအဆောက်အအုံအတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။
 
“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။
   
 အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်။
 
မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရားကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။
 
ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက်လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ
အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င်
ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အောင်သူရ

ရန်ကုန်-မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့က ကြီးမှူး၍ ဗုဒ္ဓဘာသာဝင် သံဃာ တော် ၁၅ ပါးအား မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်ရှိ အောင်ဝလ်စွန္ဒီဂျမေဗလီတွင် ဇူလိုင်လ ၃ ရက် က ပထမဆုံးအကြိမ် နေ့ဆွမ်း ဆပ်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။


ယခုကဲ့သို့ အစ္စလာမ်ဘာသာရေး အဆောက်အအုံ အတွင်း ဗုဒ္ဓဘာသာရဟန်းတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီး အကဲဖြစ်သူ ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

“ဒီနေရာမှာလိုပဲ တခြားနေရာတွေလည်း အတုယူလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု အောင်ဝလ်စွန္ဒီဂျမေဗလီ အတွင်းရေးမှူး ဦးထွန်းကျော်ကပြောသည်။

အဆိုပါ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဘာသာကြီးလေးခုခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

“ညီညွတ်ဖို့ ငြိမ်းချမ်းဖို့ဆိုရင် ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးကို ထိန်းသိမ်း စောင့်ရှောက် ပြီးတော့ သည်းခံခြင်းတရားတွေနဲ့ နေမယ်ဆိုရင် ငြိမ်းချမ်းကြမှာပါ။ ညီညွတ်ကြမှာပါ” ဟု မြောက် ဥက္ကလာပမြို့နယ် သံဃနာယကဆရာတော် ဦးပညာသီရိကမိန့်ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့သည် ပြီးခဲ့သည့်အပတ်က ဟိန္ဒူဘုရား ကျောင်းတွင် တွေ့ဆုံခဲ့ပြီး လာ မည့်အပတ်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံမည်ဖြစ်သည်။

ယခင်က အစ္စလာမ်ဘာသာရေးအဆောက်အအုံများသို့ အခြားသော ဘာသာဝင်များ ၀င်ရောက် လေ့လာကြခြင်း မရှိသော်လည်း မိတ္ထီလာ အရေးအခင်းဖြစ်ပြီးနောက် ဗလီများနှင့်ပတ်သက်၍ သံသယ ရှင်းစေရန်အတွက် အစ္စလာမ်ဘာသာရေးအဆောက်အအုံ အတွင်းသို့ ၀င် ရောက်လည်ပတ်၍ရကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အောင်သူရ

Credit : http://www.yeyintnge.com/2013/07/blog-post_9475.html#.UdZfEaxYWSo

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ရှင်းလင်း ဖြေကြားချက်

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားပြောဆိုနေမှုများအတွက် ပြည်ပသတင်းဋ္ဌာနများ၏ မေးမြန်း ချက် များကို ရှင်းလင်း ဖြေကြားချက် အကျဉ်းချုပ်။ (၂-၇-၂၀၁၃ နှင့် ၃-၇-၂၀၁၃)

(စကော့တလန် ဆန်းဒေးတယ်လီဂရပ်သတင်းဋ္ဌာန၊ သြစတေးလျသတင်းဋ္ဌာန၊ စင်္ကာပူ CNA သတင်းဋ္ဌာနများ၏ မေးမြန်းချက်များကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်းမှ ဆရာ ဓမ္မစက္က ဦးမောင်မောင်က IDF ရုံးချုပ်၊ ယုဇနဥယျာဉ်မြို့တော်တွင် တွေ့ဆုံ ဖြေကြားချက်)


အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့်သမားဆိုသူများကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါဟာလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊ သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေးခွန်းထုတ်သင့်ပါတယ်။

အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်းအကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။

တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။ ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊ ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။

ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။

တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက် အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။ ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။

ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။

ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။

ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။

ဓမ္မစက္က ဦးမောင်မောင်

Credit : http://www.yeyintnge.com/2013/07/blog-post_6805.html#.UdZfEKxYWSo