Wednesday, July 3, 2013

အမျိုးစောင့် ဥပဒေ ဆိုတာ ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့အလုပ်



အမျိုးစောင့် ဥပဒေဟု အမည်ပေးထားသည့် “မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ” တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဘာသာတူ ချင်းသာ လက်ထပ်ရမည်ဖြစ်ပြီး၊ ဘာသာခြား၊ လူမျိုးခြားဖြစ်ပါက ထိုအမျိုးသမီး လက်ထပ်မည့် အမျိုးသားသည် ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်း ရမည် ဆိုသည့် အချက်များ ပါဝင်သည်။ ထို အချက်များနှင့် ပတ်သက်၍ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က သဘောမတူသည့် အကြောင်း အရာများကို စာစောင် တချို့တွင် တွေ့ရသည်။ ထို့ကြောင့် ၎င်းနှင့်စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံ မေးမြန်းထားပါသည်။


မေး။ ။ အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဦးစစ်မြိုင်တို့ ကော်မရှင်အနေနဲ့ ဘယ်လို မြင်လဲ ဆိုတာလေး သိပါရစေ။

ဖြေ။ ။ အမျိုးစောင့် ဥပဒေ ဆိုတာက လောကီရေးရာ ဖြစ်နေတဲ့အတွက် ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့အလုပ်ပါ။ နောက်ပြီး ဥပဒေတခုကို ဆွဲမယ်ဆိုရင် နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေကသာ ရေးဆွဲရမှာလေ။ ဆွဲချင်တဲ့ သူက ဆွဲချင်တိုင်း ဆွဲလို့ မရဘူး။ ဒီတော့ နိုင်ငံတော်က တာဝန်ရှိသူများက ရေးဆွဲပြီးတော့ တင်သွင်းတဲ့ ဥပဒေကြမ်း ဆိုရင်တော့ ကျနော်တို့ ပြောစရာ ရှိလာမှာပေါ့။ အခုက ဒီလို မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ ဘာမှ စဉ်းစားတွေးနေဖို့ ဆွေးနွေးနေဖို့ အကြောင်းမရှိဘူး။

မေး။ ။ ဒါဆို ဒီဥပဒေကြမ်းကို သဘောမတူဘူးလို့ ပြောမလား။

ဖြေ။ ။ ဒီ ဥပဒေကြမ်းကို အခုမှ အင်တာနက်က ရှာတွေ့တာ။ အခုမှ ဖတ်ခါစ ရှိသေးတယ်။ ဒီတော့ ဆိုလိုချင်တာက ဥပဒေကြမ်းကို ရေးဆွဲခွင့် ရှိသူတွေက ရေးဆွဲ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း တင်ပြထားတဲ့ ဟာမျိုးဆိုတော့ ကျနော်တို့လည်း လေ့လာသင့်တာ လေ့လာပြီးတော့ လူ့အခွင့်အရေးနဲ့ ညီ၊ မညီဆိုတာကို သုံးသပ်လို့ရတယ်။ အခုက ဒီလို လမ်းကြောင်းက မဟုတ်ဘူးဆိုတော့ ကျနော်တို့ အနေနဲ့ သုံးသပ်ဖို့က ရည်ရွယ်ချက် မရှိဘူးပေါ့ဗျာ။

မေး။ ။ ဒီ အမျိုးစောင့် ဥပဒေလို ဥပဒေမျိုးတွေ နိုင်ငံတကာမှာရော ရှိသလား။

ဖြေ။ ။ ဒါကတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေအရတော့ မြန်မာအမျိုးသမီးတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ နောက်ပြီး ဘာသာရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေ တွေက ရှိပြီးသားပါ။ ဒါတွေကတော့ သူ့နိုင်ငံနဲ့သူ ရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ အမျိုးစောင့် ဥပဒေကြမ်းကို နိုင်ငံတကာက ဒီလိုမျိုး အလားတူ ဥပဒေတွေနဲ့ နှိုင်းယှဉ်ကြည့်တာရော လုပ်ပြီးပြီလား။

ဖြေ။ ။ လောလောဆယ်မှာတော့ ဒီဥပဒေကို ဝေဖန်တာမျိုးတွေ၊ နှိုင်းယှဉ်တာမျိုးတွေတော့ မရှိသေးဘူး။

မေး။ ။ ၂၅ ရက်နေ့က ကျင်းပတဲ့ လွှတ်တော် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က “အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားတဲ့ လူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရဘူး” လို့ ပြောသွားတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာများ မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။ ။ မိဘ ဗုဒ္ဓဘာသာဖြစ်တိုင်း သားသမီး ဗုဒ္ဓဘာသာဖြစ်တယ်လို့ ထင်နေကြတယ်။ တကယ်တမ်း မိဘ ဗုဒ္ဓဘာသာ ဖြစ်တိုင်း သားသမီး ဗုဒ္ဓဘာသာ မဖြစ်ဘူးဆိုတာကို တွေ့ရတယ်။ သားသမီး ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် ၁။ ရတနာ သုံးပါးကို ယုံကြည် သက်ဝင်ရမယ်၊ ၂။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ရမှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်မယ်လို့ ကျနော်တို့ လေ့လာ ချက်တွေအရ၊ ဆရာတော်တွေရဲ့ သွန်သင်မှုတွေ အရ တွေ့ခဲ့ရတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်။ နောက်တမျိုးက ဗုဒ္ဓဘာသာကို တကယ် သက်ဝင်ယုံကြည်ပြီး လေးစားကြည်ညိုလို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ ရှိတယ်။ ဒီတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက ရတနာသုံးပါးနဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ယုံကြည်မှု အားနည်းတယ်။ အဲဒီ ယုံကြည်သက်ဝင်မှု အားနည်းတဲ့ သူတွေကို တခြား ဘာသာဝင်တွေက စည်းရုံးသိမ်းသွင်းတဲ့ အခါမှာ အလွယ်တကူ ပါသွား နိုင်တယ်။ ဗုဒ္ဓဘာသာကို တကယ့်ကို ယုံကြည်သူဆိုရင်တော့ ဘယ်တော့မှ ဘာသာမပြောင်းဘူး။ ဘုရားဟောမှာ ပါသလို အသက်သာ အသေခံမယ်၊ ညှဉ်းပန်း နှိပ်စက်သာ ခံမယ်၊ ယုံကြည်ချက်ကတော့ မပြောင်းဘူး။ သူတို့ကို ရာထူး၊ ငွေကြေးနဲ့ ဖျားယောင်းလို့ မရဘူး။ ဒါကို ပထမတန်းစား ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ ဒီတော့ ကျနော်ပြောချင်တာက အားလုံးဟာ ပထမတန်းစား ဗုဒ္ဓဘာသာတွေ ဖြစ်နေမှ ရမယ်လို့။

မေး။ ။ အမျိုးစောင့် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းပြီး ဒီဥပဒေကို ရေးဆွဲပေးဖို့ တောင်းဆိုလာမယ်ဆိုရင် ဦးစစ်မြိုင်တို့ ကော်မရှင်အနေနဲ့ ဘယ်လို အခန်းကဏ္ဍ ကနေ ဘယ်လိုတွေ အကြံပေးသွားဖို့ ရှိမလဲ။

ဖြေ။ ။ ကျနော် ပြောချင်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူတိုင်းကို ဥပဒေ တင်သွင်းခွင့် ပေးမထားဘူး။ ဥပဒေကို ရေးဆွဲခွင့် ရှိတဲ့ အဖွဲ့အစည်း ရှိတယ်၊ တင်သွင်းခွင့်ရှိတဲ့ အဖွဲ့အစည်း ရှိတယ်။

မေး။ ။ အခု လတ်တလောမှာ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘယ်လို လှုပ်ရှားမှုတွေ ရှိပါသလဲ။

ဖြေ။ ။ လတ်တလောအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို မြန်မာဘာသာပြန်ပြီး ဖြန့်ဝေနေတယ်။ ဒီလို လုပ်တာ ၂ ပတ်လောက်တော့ ရှိပြီ။ ကျနော်တို့ အနေနဲ့ ပြောမယ်ဆိုရင် ဒီလို ဖြန့်တာဟာ တရားဝင် ပထမဆုံး ဖြန့်ဝေတာပေါ့။ အရင်က ဖြန့်ချိခဲ့တာတွေဟာ ခွင့်ပြုချက်နဲ့ တရားဝင် မဟုတ်ဘူး၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြန့်ခဲ့တာ။ နိုင်ငံတော်ရဲ့ ပွင့်လင်း လာမှုနဲ့ လူ့အခွင့်အရေးတွေကို သတိထား အသိအမှတ်ပြုလာတဲ့ သဘောလို့ ပြောလို့ရတာပေါ့။ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ဥပဒေကို သမ္မတရုံးက တဆင့် လွှတ်တော်ကို တင်ပြီးပြီ။ ဥပဒေရဲ့ ပြဌာန်းချက်တွေကို၊ ကျိုးကြောင်း ဖော်ပြချက်တွေကို ရှင်းလင်းပြီး၊ ရေးပြီးတော့ ဖော်ပြမှာပေါ့။ လွှတ်တော်ကို တင်ခဲ့တာကတော့ ဇွန် ဒုတိယ အပတ်ထဲမှာ တင်သွင်းခဲ့တာပါ။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြဿနာ ရပ်တွေကို ဘယ်လို ကိုင်တွယ်တာမျိုး လုပ်ပေးလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ကော်မရှင်က သူ့ရဲ့ လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အကြံပြုခြင်း၊ တိုက်တွန်းခြင်း၊ စေ့စပ် ဖြန်ဖြေ ပေးခြင်းတွေကို လုပ်ပေးပါတယ်။ ကျနော်တို့ အဲဒီလို နည်းလမ်းတွေနဲ့ လုပ်ပေးနိုင်ပါတယ်။ အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြံပြု တိုက်တွန်းရတာဟာ ကျနော်တို့ရဲ့ တာဝန်ပဲပေါ့။ ဖြေရှင်းတယ် ဆိုတာ အဲဒါမျိုးပေါ့။ တခါထဲ ပြဿနာကို ဖော်ထုတ် ဖြေရှင်းတာမျိုး မဟုတ်ဘူးပေါ့။

မေး။ ။ ဦးစစ်မြိုင်တို့ ကော်မရှင်ရဲ့ တိုက်တွန်းခြင်း၊ အကြံပေးခြင်းတွေကို အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်ခံကြလား။

ဖြေ။ ။ လက်ခံပါတယ်။ တော်တော်များများတော့ လက်ခံပါတယ်။ ကျနော်တို့က အထူးသဖြင့် ကွင်းဆင်း ဆောင်ရွက်တာ များတယ်။

မေး။ ။ လက်နက်ကိုင် အဖွဲ့တွေနဲ့ အခွင့်အာဏာပိုင် တွေကနေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ဦးစစ်မြိုင်တို့ တတွေ အရင်က ဧရာဝတီကို ပြောဖူးတယ်။ အဲဒါတွေက ဘာအကြောင်းအရာ တွေကို ပြောတာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဒါတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာပဲ ပြောလို့ ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဖို့က ဒီအချိန်မှာ ဘယ်လိုမှ ပြောဖို့မသင့်ပါဘူး။ ကျနော်ကတော့ သက်သေ အထောက်အထား အခိုင်အလုံ ရှိလို့ အခုလို ပြောရတာပါ။ သတင်းကြားလို့ ပြောတာမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးတော့ သက်သေတွေ ခေါ်စစ်တဲ့ အခါမှာ ကိုယ်တိုင် မျက်မြင်၊ ကိုယ်တွေ့၊ နားကြားပြီးမှ သိရတာ။ သို့သော် ပြောချင်တာက လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နေရာတွေ တိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာပဲလေ။ ဒါ သဘာဝပဲလေ။ မည်သည့်နေရာ၊ မည်သည့် နိုင်ငံမဆို လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာပါပဲ။

မေး။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျောင်းပြဌာန်းစာအုပ်တွေမှာ ဘယ်လိုထပ်ပြီး သင်ကြားဖို့ အစီအစဉ် ရှိသလဲ။

ဖြေ။ ။ ကျနော်တို့ တပ်မတော်အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ထားတယ်။ ကျနော် မှတ်မိသလောက်တော့ ၂၀၀၄ ခုနှစ်လို့ ထင်တယ်။ အဲဒီကတည်းက ၅ တန်း ကနေ ၉ တန်း အထိကို လူ့အခွင့်အလမ်းဆိုတဲ့ ဘာသာရပ်ကို ထည့်သွင်းပြဌာန်းထားတယ်။ ဒါကြောင့် ကလေးတွေက ရသင့်ရထိုက်တဲ့ လူ့အခွင့်အလမ်းကို နည်းနည်းပါးပါး သိတာပေါ့။ အခုတော့ ၃ တန်းနဲ့ ၄ တန်းကိုပါ ထည့်သွင်း ပြဌာန်းထားပါတယ်။ ဒီတော့ အခုဆို ကျောင်းပြဌာန်းစာအုပ်တွေမှာ ၃ တန်းကနေ ၉ တန်းအထိ ထည့်သင်ပြီး အသိပညာ ပြန့်ပွားအောင် လုပ်ပေးတာပေါ့။ ဒါတွေ သင်ရတဲ့ အကြောင်းအရာတွေထဲမှာ ၁။ အသက်ရှင်သန်ရေး၊ ၂။ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီ ဖွံ့ဖြိုးတိုးတက်ရေးထဲမှာ ပညာရေးတွေသာ မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ ပါဝင်တာပေါ့၊ ၃။ ကာကွယ်စောင့်ရှောက် ရေး၊ ဒီ ကာကွယ်စောင့်ရှောက်ရေးထဲမှာ ကလေးတွေကို ကာကွယ်စောင့်ရှောက်တာ ပါတာပေါ့၊ ၄။ ပါဝင်ဆောင်ရွက်ခွင့်၊ ဒါကတော့ ကလေးတွေဟာ သူတို့နဲ့ ပတ်သက်တဲ့ အခန်း ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်၊ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အကြံဉာဏ် ဖလှယ်ပွဲတွေမှာ ကလေးတွေက ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်ဆိုပြီး ဒီ စောစောကပြောတဲ့ ကဏ္ဍကြီး ၄ ခုကို အဓိက ထည့်သွင်း ဖော်ပြ ထားပါတယ်။

မေး။ ။ လူ့အခွင့်အရေး ပညာပေးဌာန၊ မြန်မာနိုင်ငံ (HREIB) တို့လိုမျိုး အဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်း လုပ်ဆောင် သွားဖို့ အစီအစဉ်တွေ ရှိလား။

ဖြေ။ ။ ကျနော်တို့က HREIB ရယ်လို့မှ မဟုတ်ဘူး။ တခြား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့တယ်၊ ဆက်ဆံတယ်၊ ပူးပေါင်းသင့်ရင် ပူးပေါင်းတယ်။ ကျနော်တို့ ကွင်းဆင်းလေ့လာရင် သူတို့ဆီက သတင်း အချက်အလက်တွေနဲ့ အချက်အလက်ချင်း ဖလှယ်ကြရတယ်လေ။ ကွန်ရက်တွေနဲ့ပဲ ပူးပေါင်းလို့မရဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းမှ ရတယ်။

မေး။ ။ ကွန်ရက်တွေ အနေနဲ့ ပြောမယ်ဆိုရင်ရော ဘယ်လို ကွန်ရက်တွေနဲ့ ပူးပေါင်းထားလဲ။

ဖြေ။ ။ ကျနော်တို့က အမြဲ ပူးပေါင်းထားတယ် ရယ်လို့တော့ မရှိပါဘူး။ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီးတော့ အဲဒီ နယ်မြေပေါ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ရတာပေါ့။ ဒီလောက်ပါပဲ။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြဿနာတွေကို ကွင်းဆင်း လေ့လာတဲ့အခါမှာ၊ ပြဿနာကို ကိုင်တွယ်ဖို့ လုပ်တဲ့ အခါမှာ အခက်အခဲတွေ ရှိလား။ ဖြေ။ ။ ရှိတာပေါ့။ နိုင်ငံတနိုင်ငံက စနစ် အပြောင်းအလဲတခုမှာ အခက်အခဲ ဆိုတာလည်း အများကြီးပဲ။ ပြဿနာ ဆိုတာလည်း အများကြီးပဲ။ သဘော ပြောရရင်တော့ အခက်အခဲ ဆိုတာတွေကတော့ ရှိသင့်သလောက် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အခက်အခဲတွေ ရှိနေလည်း ကိုယ်လုပ်နိုင်သလောက် လုပ်သွားပါတယ်။ မေး။ ။ ဘယ်လို အခက်အခဲတွေ၊ ပြဿနာတွေ အများဆုံး ကြုံတွေ့ရလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ဆိုတာကတော့ ပြည်သူတွေအတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ယှဉ်ပြီးတော့ အရေးကြီးတဲ့ ကဏ္ဍကြီးတရပ်ကို လက်ခံရတာပေါ့။ သဘောပြောရရင်လေ၊ လူ့အခွင့်အရေးဆိုတာ ပြည်သူတွေအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း ပြဌာန်းထားပြီးသား ဖြစ်တဲ့အတွက် ထိထိရောက်ရောက် အကာအကွယ်ပေးရမယ်။ လူ့အခွင့်အရေးတွေ မြှင့်တင် ပေးရမယ်ဆိုတာ ဌာနဆိုင်ရာတွေက လက်ခံလာဖို့ လိုတယ်။ အဖွဲ့အစည်းတွေက လက်ခံလာဖို့ လိုတယ်။ ပြည်သူလူထု ကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန် လက်ခံလာဖို့ လိုတယ်။ အဲဒါတွေကို မှန်မှန်ကန်ကန် လက်ခံခြင်း၊ အသိအမှတ် ပြုခြင်း မရှိသေးဘူး ဆိုရင်တော့ ဒါဟာ အကြီးဆုံး ပြဿနာ ဖြစ်လာတာပေါ့။

မေး။ ။ ဒါဆိုရင် သူတို့တွေ အားလုံးက မှန်မှန်ကန်ကန် လက်ခံလာဖို့အတွက် ဘယ်လိုတွေ လုပ်မလဲ။

ဖြေ။ ။ ဒီ အသိပညာ ပေးတာတွေ၊ ဥပမာ – သင်တန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်တယ်။ လူ့ အခွင့်အရေး ဟောပြောပွဲတွေ အခါအားလျော်တာနဲ့ လုပ်တယ်။ ကျောင်း ပြဌာန်းစာအုပ်တွေမှာ ထည့်သင်တယ်။ စသည်ဖြင့် အသိပညာ မြှင့်တင်ပေးတာပေါ့။ အသိပညာ မြှင့်တင်ပေးခြင်း အားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်း လာနိုင်တာပေါ့။ နောက်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဝေမယ်။

မေး။ ။ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာတော့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်း ပေးနိုင်တာတွေ ရှိပြီလား။

ဖြေ။ ။ ဖြေရှင်းပေးတယ် လို့တော့ ပြောလို့ မရဘူးပေါ့နော်။ ကျနော်တို့က အကြံပြုတာ၊ တိုက်တွန်းတာ သက်သက်ပဲ လုပ်လို့ ရတာလေ။ ကျနော်တို့ရဲ့ အကြံပြုချက်၊ တိုက်တွန်းချက် တွေကို လက်ခံတယ်၊ လက်မခံဘူး ဆိုတဲ့ အပေါ်မှာပဲ အဖြေက မူတည်တာပေါ့။ ဥပမာ – လက်ပန်းတောင်းတောင် ကိစ္စလိုမျိုးဆိုရင် ကော်မရှင်ကြီး မသွားခင် ၂ လ လောက် ကတည်းက ကျနော်တို့အရင် ကွင်းဆင်း လေ့လာခဲ့တယ်။ အကြံပြုချက်တွေ ပေးခဲ့တယ်။ ကျနော်တို့ အကြံပြုချက်တွေ ကလည်း ကော်မရှင်ကြီးရဲ့ အကြံပြုချက်တွေနဲ့ တော်တော်လေးကို တူပါတယ်။ ဘာမှ သိပ်မကွာပါဘူး။ သို့သော် ကော်မရှင်ကြီး မှာကျတော့ အကောင်အထည် ဖော်ရေးဆိုတဲ့ အဖွဲ့ ဖွဲ့လိုက်တဲ့အတွက် သိပ်ထိရောက်သွားတယ်။ အကြံပြု ချက်ချင်း တူတယ်။ အနေအထားချင်း မတူတဲ့ အခါကြတော့ ထိရောက်မှုခြင်းလည်း မတူတော့ဘူးပေါ့။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရဌာနတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်မခံဘူးဆိုရင် ဘယ်လိုဖြေရှင်းလဲ။

ဖြေ။ ။ လက်မခံဘူးဆိုတာကို လက်ခံလာအောင် ရှင်းလင်းမယ်၊ ဆွေးနွေးမယ်၊ လက်မခံခံအောင် ကြိုးစားမှာပေါ့။ ဒါပေမယ့် များသော အားဖြင့်ကတော့ လက်မခံဘူးလို့ ဗြောင်ကြီး မပြောကြပါဘူး။ လက်ခံ နိုင်တဲ့ အပိုင်းရှိတယ်၊ လက်မခံနိုင်တဲ့ အပိုင်းတွေ ရှိတယ်ပေါ့။ တခုလုံးကြီးကို လက်မခံဘူးဆိုတာတော့ မရှိပါဘူး။

မေး။ ။ ဦးစစ်မြိုင်တို့ ကော်မရှင်ဟာ ပြည်သူတွေ အားကိုး အားထားလောက်တဲ့ ကော်မရှင်ဖြစ်နေပြီလား။

ဖြေ။ ။ ကြိုးစားရဦးမယ်လို့ ထင်ပါတယ်။ ပြည်သူတွေက ကျေနပ်ပြီ၊ လက်ခံပြီလို့ မမျှော်မှန်းရဲ သေးပါဘူး။ ပြည်သူတွေ လက်ခံလာအောင်သာ ကျနော်တို့ ကော်မရှင်က လူတွေ အားလုံးက ကြိုးပမ်းသွားမှာပါ။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘယ်လို ပြဿနာတွေကို အများဆုံး ကိုင်တွယ်ခဲ့ရသလဲ။

ဖြေ။ ။ တိုင်စာတွေမှာတော့ မြေယာ ပြဿနာတွေပဲပေါ့။ တိုင်ကြားစာတွေမှာတော့ မြေယာ အငြင်းပွား မှုတွေ အများဆုံးပဲ။

မေး။ ။ ပြဿနာပေါင်း ဘယ်နှခုလောက်ကို ကိုင်တွယ်ခဲ့ပြီးပြီလဲ။

ဖြေ။ ။ မတ်လအထိအောင် ဆိုရင်တော့ ပြဿနာပေါင်း ၃ ထောင် ကျော်လောက်ကို ၁ နှစ်ခွဲ အတွင်းမှာ ကိုင်တွယ်ခဲ့ပြီးပြီ။ နောက်ပိုင်း စာရင်းတွေကတော့ ကျနော့်ဆီ မတက်လာသေးဘူး။ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုရင်တော့ အဖွဲ့နဲ့ထိုင်တယ်၊ တိုင်စာကို ဖတ်ကြားတယ်။ သူ့ရဲ့ ဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တယ်။ ဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ဆွေးနွေး သုံးသပ်တယ်။ ဒီပြဿနာဟာ အမှန်တကယ် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဟုတ်၊ မဟုတ် သုံးသပ်တယ်။ နောက်ပြီး ဒီပြဿနာဟာ ဥပဒေကြောင်းနဲ့ ဆောင်ရွက်နေတာလား၊ လူ့အခွင့်အရေးအရ ထိခိုက် နစ်နာနေတယ် ဆိုပေမယ့် တရားရုံးမှာ စီရင်နေတယ် ဆိုရင် ကျနော်တို့ ကိုင်တွယ်လို့ မရဘူး။ မဟုတ်ရင် လွတ်လပ်စွာ တရားစီရင် ခွင့်ကို ထိခိုက် သွားနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုရင် တော့ တိုင်ကြားစာကို အစိုးရ အဖွဲ့နဲ့ဆိုင်ရင် ပြည်ထောင်စု အစိုးရ ရုံးကို ဒီ ပြဿနာရပ်ကို စဉ်းစား ဆုံးဖြတ်ပေးပါလို့ ပို့မယ်၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တယ် ဆိုရင်လည်း အဲဒီ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပို့ပေးတယ်။ လိုအပ်ရင် ၂ ဘက်ခေါ်ပြီး ညှိနှိုင်း ပေးတယ်။ အဖြေရှာပေးတယ်။

Credit : http://burma.irrawaddy.org/archives/43146

မြန်မာ ၃ ဦး ဘိန်းဖြူများနှင့် အတူ ထိုင်းတွင် ဖမ်းမိ



မြန်မာ နိုင်ငံသား ၃ ဦးကို ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။


မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသည်ဟု ယူဆရသော ယင်းဘိန်းဖြူ သယ်ယူလာသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ တည်းခိုခန်း တခုတွင်နားနေစဉ် သတင်းအရ ထိုင်းအာဏာ ပိုင်များက ၀င်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တဦး၊ ၃၀ အရွယ် အမျိုးသား တဦးနှင့် ၁၆ နှစ် အရွယ် အမျိုးသား တဦးတို့ ဖြစ်ကြောင်း၊ ဘိန်းဖြူ ၈.၅ ကီလိုဂရမ်နှင့် ခရီးသွားအိတ်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်း ဆီးရမိကြောင်း ထိုင်းသတင်းများက ဆိုသည်။

စစ်ဆေး တွေ့ရှိချက်များ အရ ယင်း ဘိန်းဖြူများကို မလေးရှားနိုင်ငံသို့ မယ်ဆိုင် လေဆိပ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။

ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက“ဘိန်းဖြူတွေဟာ ဈေးကွက်အထိ ရောက်သွားမယ် ဆိုရင် ၅၉ သန်း ကျော် ရမှာဖြစ်တယ်၊ ဒါကြောင့် ကွင်းဆက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆက်လုပ်သွားမယ်”ဟု ပြောကြောင်း မန်နေဂျာ အွန် လိုင်း တွင် ပါရှိသည်။

ဖမ်းဆီးခံထားရသည့် ၃ ဦးကို ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ထိုင်း ဥပဒေအရ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက သေဒဏ် သို့မဟုတ် တသက် တကျွန်း ပြစ်ဒဏ် ကျနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ် (ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ဇော်ကိုကိုအောင်ထံမှ ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ၀.၄၅ နှင့် ၀.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေးပြား(ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိ ထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသော်လည်း မြန်မာအစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် ရွှေ့ဆိုင်း ထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

Credit : http://burma.irrawaddy.org/archives/43560

ဦးအောင်မင်း ရာထူးက ထွက်ခဲ့လျှင် …



သမ္မတရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းဟာ ရာထူးက နုတ်ထွက်စာတင်တယ်ဆိုတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

အကယ်၍ ဦးအောင်မင်း လက်ရှိ ရာထူးက ထွက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ စဉ်းစားစရာပါ။ ဦးအောင်မင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အားထားရတဲ့သူ တဦးဖြစ်ပါတယ်။


ဒီ့အပြင် သမ္မတ ဦးသိန်းစိန် အားထားရသူတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ အပေါ် လွှတ်တော် အုပ်စု၊ ကြံ့ခိုင် ရေး ပါတီ အုပ်စုတွေနဲ့ စစ်တပ်တွင်း တွေမှာ မနာလိုမှု မကျေနပ်မှုတွေကြောင့် တိုက်ခိုက်မှု၊ ခြေထိုးမှုတွေ ရှိတယ် ဆိုတဲ့ ပြောဆို သံတွေလည်း ထွက်ပေါ်နေပါတယ်။

လင်းသန့်သည် ဧရာဝတီ သတင်းဌာန၏ သတင်းထောက်တဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ လင်းသန့်သည် နိုင်ငံရေး သတင်းများ၊ တက်ကြွ လှုပ်ရှားသူများ၏ လုပ်ဆောင်မှုများ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာများကို ရေးသားလျက်ရှိသည်။

ဦးအောင်မင်းဟာ မီးရထား ၀န်ကြီး တာဝန် ထမ်းဆောင်စဉ် ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်ပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေ ရဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ဖို့ အဓိက တာဝန်ယူ ခဲ့သူပါ။

သမ္မတ ဦးသိန်းစိန် ကလည်း ဦးအောင်းမင်းကို လက်ရှိ ရာထူးက ပေးထွက်မှာ မဟုတ်ဘူးလို့ ယူဆ ရပါတယ်။ အကယ် ၍ ဦးအောင်မင်းကို ရာထူးက နုတ်ထွက်ခွင့် ပေးလိုက်တယ် ဆိုရင် လက်ရှိ သူ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆိုင်ရာ လုပ်ငန်း စဉ်ကြီးဟာ လမ်းကြောင်း ပြောင်းသွားနိုင်တယ်လို့ ဦးသိန်းစိန်က စဉ်စားနိုင်ပါတယ်။

နိုင်ငံတကာကလည်း မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်စေဖို့ မြန်မာအစိုးရ ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဦးဆောင်အကောင်အထည်ဖော်ဖို့ တိုက်တွန်း မှုတွေရှိနေသလို ငြိမ်းချမ်းရေးဖော် ဆောင်ဖို့အတွက် ရန်ပုံငွေတွေလည်း ထောက်ပံ့ပေးထားကြပါတယ်။

အခု ဇူလိုင်လထဲမှာ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ အစီအစဉ် ရှိနေချိန်လည်းဖြစ်ပါတယ်။

ဦးအောင်မင်း နုတ်ထွက်စာ တင်တယ်ဆိုတာနဲ့ပတ်သက်ပြီး နောက်ထပ် သမ္မတရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးစိုးသိန်း ကတော့ နေပြည်တော်မှာ ဒီသတင်းအပေါ် ဧရာဝတီက မေးမြန်းစဉ် ငြင်းဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရတဲ့ သတင်းအရ ဦးအောင်မင်း ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးဆိုတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်း ရေး အစီအစဉ်တွေနဲ့ ပတ်သက်တာတွေအတွက် အပြောင်းအလဲမရှိနိုင်ဘူးလို့ ယူဆရမယ် ထင်ပါတယ်။

ထူးခြားတာကတော့ မြန်မာအစိုးရဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတ ဟောင်း ကာတာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဂျင်မီကာတာတို့ကို တက်ရောက်ဖို့ ဖိတ်ကြားမှုတွေရှိသလို အဆိုပါ ပုဂ္ဂိုလ် တွေကလည်း တက်ရောက်ဖို့ ပြင်ဆင်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အခုလို မြန်မာအစိုးရ စီစဉ်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။

တိုင်းရင်းသားတွေဘက်က လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတာကလည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေကြား တပ်များနေရာချထားရေးကအစ၊ Code of Conduct ဆိုင်ရာ ၂ ဖက် သဘောတူညီမှုကိစ္စနဲ့ နိုင်ငံရေးရေး ဆွေးနွေးပွဲ ကိစ္စအဆုံး ခိုင်မာတဲ့ သဘောတူညီမှုတွေ မရသေး တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

နောက်တခုကလည်း တိုင်းရင်းသား ဒေသတချို့မှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့ ကြား လတ်တလော တိုက်ပွဲတွေဖြစ်နေတာကလည်း တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေက မြန်မာအစိုးရအပေါ် ယုံကြည်မှုအပြည့် ရှိဖို့ အခက်အခဲတခုပါ။

ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပိုင်း(SSPP/SSA)၊ TNLA စတဲ့ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့ လတ်တလော စစ်ပွဲတွေဖြစ်နေချိန်မှာ မြန်မာအစိုးရ ဖော်ဆောင်ပြလိုတဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူမှုရရေးဟာ တကယ်တော့ အကန့်အသတ်တွေရှိနေဆဲပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာ အဖွဲ့အတွင်း ညီညွှတ်ရေး အားနည်းချက် တချို့ရှိ သလို အဖွဲ့တဖွဲ့နဲ့ တဖွဲ့ ကြားလည်း ညီညွှတ်ရေး အားနည်း ချက်တချို့ ရှိနေတာ လည်း အကြောင်းတခုပါ။

မြန်မာအစိုးရဘက်ကတော့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ် ထိုးပွဲကို လုပ်ချင်နေတဲ့အကြောင်းအရင်းတွေများစွာ ရှိပေမယ့် အထင်အရှားဖြစ်တာ ကတော့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်တယ်ဆိုတာ နိုင်ငံတကာကို ပြသလိုတာလည်း တခု အပါ အ၀င် ဖြစ်နိုင်ပါတယ်။

အခုလို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ ပြယုဂ်ကောင်းအောင် လုပ်ဆောင်နေတာ တွေနဲ့ပတ်သက်ပြီး နိုင်ငံတွင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေဟာ မြန်မာငြိမ်းချမ်းရေး စင်တာ ခေါ်တဲ့ MPC က အဓိက တာဝန်ယူတာ မဖြစ်နိုင်ဘဲ နိုင်ငံတကာမှာ ကျွမ်းကျင်တဲ့ မဟာဗျူဟာ ဆိုင်ရာ အကြံပေး အကျိုးဆောင် အဖွဲ့(လော်ဘီ) တခုခုက လုပ်ပေးနေတယ်လို့ ယူဆနေသူတွေလည်း ရှိပါတယ်။

ဒါကလည်း တချိန်က မြန်မာစစ်အစိုးရအတွက် အမေရိကန် လော်ဘီ ကုမ္ပဏီတွေဖြစ်တဲ့ ၀ါရှင်တန် ဒီစီအခြေစိုက် DCI လို မဟာဗျူဟာမြောက် ဆက်သွယ်ရေး လော်ဘီလုပ်ပေးတဲ့ ကုမ္ပဏီမျိုးတွေကို ငှားရမ်း အသုံးပြုတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီး အကောင် အထည်ဖော်ဖို့ဆိုတာမှာ မြန်မာအစိုးရဘက်ကလည်း လိုအပ်ချက်တွေ ရှိနေသေးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း လိုအပ်ချက်တွေ ရှိနေဆဲမို့ အချိန်တခုတော့ လိုအပ် မယ်လို့ ပြောရပါမယ်။ ။

Credit : http://burma.irrawaddy.org/archives/43430

ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ



July 1, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူဖို့ သမ္မတ ဦးသိန်းစိန် ထံကို သ၀ဏ်လွှာပေးပို့ တောင်းဆို လိုက်တာကြောင့် မကျင်းပဖြစ်တာ ကြာပြီဖြစ်တဲ့ အစည်းအဝေး ဒီနေ့ မနက် ကျင်းပ တယ် လို့ ယူဆရပါတယ်။


ဒီနေ့ထုတ် The Voice နေ့စဉ်သတင်းစာရဲ့ မျက်နှာဖုံးသတင်းကလည်း ကာလုံအစည်းအဝေး ဒီနေ့လုပ်မယ်လို့ ရေးထားတာကြောင့် ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူတဲ့အချိန်မှာ နောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆနိုင်တဲ့ သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်များ ပါဝင်ကြရတဲ့ ဒီလို ထိပ်တန်းအဖွဲ့ကြီးရဲ့ အစည်းအဝေး ဘာကြောင့် အရေးတကြီး ခေါ်ပြီး ဘာတွေ ဆွေးနွေးမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုအစည်းအဝေးကို လူသိရှင်ကြား ခေါ်ဆိုသူက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပါ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေမှာ မအောင်မြင်တာတွေရှိနေတဲ့အတွက် ကာလုံအစည်းအဝေး ခေါ်ယူလုပ်ဆောင်ရင် ပိုကောင်းတယ် ဆိုပြီး သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ပြည်သူတွေကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီတွေ၊ ကော်မရှင်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်မှ ငြိမ်းချမ်းရေးအတွက် အခက်အခဲ တွေ ကျော်လွှား နိုင်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးက တပ်မတော်သားတွေအပါအ၀င် အားလုံးနဲ့ သက်ဆိုင်နေကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူရဦးရွှေမန်းက ပြောဆိုသွားတယ်။

“လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ဥပဒေရေးရာနှင့်တရားရေး ကော်မတီ၊ ပြည်သူ့စီမံခန့်ခွဲရေးကော်မတီတို့ရဲ့ပါဝင်မှု၊ စောင့်ကြည့်မှု၊ ကူညီမှုများလည်းလိုတယ်။ အဲဒါတွေ မပါဘဲနဲ့ ခက်ခဲတယ်။ ဘာကြောင့် ဒီအဖွဲ့တွေ ပါဖို့လိုသလဲဆိုတော့ ဒီအဖွဲ့တွေသည် ပြည်သူ့ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့်မို့ သူတို့ပါရင် ပိုအားရှိတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံသား အားလုံးလိုတယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးလိုတယ်။ အဲဒီအတိုင်းပဲ တပ်မတော် သားတွေ အားလုံးလိုတယ်” လို့ သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူ ဘာကြောင့် ကာလုံ အစည်း အဝေး ခေါ်ယူဖို့ သမ္မတဆီ သ၀ဏ်လွှာ ပေးပို့ရသလဲ ဆိုတာကို ရှင်းပြတယ်။

လတ်တလော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်း ဖော်ဆောင်ရေးကော်မတီက အဓိက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတခုကို နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ရည်ရွယ်ထားလို့ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။

သူရဦးရွှေမန်း ကာလုံအစည်းအဝေး ခေါ်ယူခိုင်းတဲ့သတင်းကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်း နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကြားမှာ ရိုက်ခတ်မှု အတော်ကြီးသွားပါတယ်။

ဒီကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်နိုင်တဲ့ အမြင့်ဆုံးသော အာဏာ ရှိတဲ့ အဖွဲ့အစည်း တခုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ များပြားလှပြီး တန်ခိုး အာဏာ ထက်မြက်လှပါတယ်။

သူရဦးရွှေမန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခိုင်းတဲ့ သတင်းကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားမှာ နိုင်ငံရေးအရ အာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့ အခြေအနေ ရှိတယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး အကြောင်းပြချက် ခေါ်ယူခိုင်းတဲ့ ကာလုံ အစည်းအဝေးရဲ့ နောက်ကွယ်မှာ ဘယ်လို အာဏာလွန်ဆွဲပွဲတွေ ရှိနေ မလဲလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားနေကြပါတယ်။

ကာလုံအဖွဲ့ဝင်တဦးကလည်း အစည်းအဝေးလုပ်တိုင်း အစိုးရက တင်ပြပြောဆိုချက်ကို နားထောင်နေရ တာချည်းပဲလို့ ဧရာဝတီကို ပြောဖူးပါတယ်။

လက်ရှိ အခြေအနေမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ သိသာထင်သာတဲ့ အကွဲအပြဲတွေ တောက်လျှောက် ဖြစ်ထွန်းလာဖို့ ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေ ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်တဲ့ ကိစ္စ လွှတ်တော်နဲ့ အစိုးရ အကြားမှာ ထင်သာမြင်သာဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုတခုလို့ နိုင်ငံရေးသမားတချို့ ကသုံးသပ် ပါတယ်။

ကာလုံအစည်းအဝေးကို ငြိမ်းချမ်းရေး မအောင်မြင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူခိုင်းတာက ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီး အဲဒီကော်မတီတွေမှာ တပ်မတော်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တကယ်တန်း ငြိမ်းချမ်းရေးအတွက်ဆိုရင် ငြိမ်းချမ်းရေး ဗဟိုကော်မတီ အထူးအစည်းအဝေး ခေါ်ယူလိုက်ရင် ပြီးစီးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

တချို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားပြု ကော်မတီတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့ ကိုယ်တိုင် ပါဝင်ဖို့ ဆန္ဒပြင်းပြ နေတာမို့ အဲဒီဆန္ဒ တွေ အကောင်အထည်ဖော်ဖို့ ကာလုံအစည်းအဝေး ခေါ်ယူတာ လည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးသမားအများစု သဘောတူတာကတော့ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်အကြား အာဏာပြိုင်ဆိုင်မှုက သေချာပေါက်ရှိနေပြီဆိုတာကိုတော့ အားလုံးက လက်ခံကြတယ်။

သမ္မတဦးသိန်းစိန် အစိုးရမှာပါဝင်နေတဲ့ အစိုးရ၀န်ကြီးတွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က အမြင်မကြည်လင်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးခင်ရီ အပါအ၀င် အစိုးရထိပ်တန်းခေါင်းဆောင် ၅ ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ တရားဝင်နုတ်ထွက်လိုက်ပြီလို့ ဦးစိုးသိန်းက တရားဝင်ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ကြတာဖြစ်လို့ ဦးစိုးသိန်းက ပြောဆို လိုက်ပေမယ့် သမ္မတဦးသိန်းစိန် ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားပြီး သူရဦးရွှေမန်း ပါတီ ဥက္ကဋ္ဌ ရာထူးရယူလိုက်ချိန် ကတည်းက သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်အကြား တရားဝင် အာဏာ လွန်ဆွဲပွဲ စတင်လိုက်တာဖြစ်လို့ ဆိုကြပါတယ်။

“အရင်တုန်းကတော့ အာဏာလုပွဲက ဘာမှ သိပ်ပြီး မသိသာဘူး။ ဒါပေမယ့် ၂၀၁၂ ကြံ့ခိုင်ရေး ပြည်လုံးကျွတ် ညီလာခံက သမ္မတဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားတာကို သူရဦးရွှေမန်းက ဖယ်ရှားပြီး ဥက္ကဋ္ဌ ရာထူး ယူလိုက်ကတည်းက သူတို့ ၂ဦးကြား အာဏာလွန်ဆွဲပွဲ တရားဝင် စတင်လိုက်ဆိုတာ အချက်ပေး ခေါင်းလောင်းသံ ထိုးလိုက်တာပဲ” လို့ နိုင်ငံရေးသုံးသပ်သူ တဦးက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော သူရဦးရွှေမန်းနဲ့ အတော်ကို အဆင်ပြေနေပုံရှိတဲ့အပြင် သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက် တာမို့ သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယအင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်လို့ တချို့ နိုင်ငံရေးသမား တွေက သုံးသပ်ပါတယ်။

ကြံ့ခိုင်ရေးပါတီတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်တဲ့ သဘောထား တင်းမာသူ တွေရှိနေတာမို့ ပါတီတွင်း အုပ်စုဖွဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ နိုင်ငံလေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အမျှ နိုင်ငံရေးအင်အား ပြိုင်ဆိုင်မှုတွေ၊ လွန်ဆွဲပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်တာမို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ခဲယဉ်းနိုင်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း အရေးပါနေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

၂၀၁၃ ခုနှစ်အတွင်းမှာ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲ နာယက ရာထူးကိုလည်း ရယူတော့မှာမို့ အစိုးရနဲ့ လွှတ်တော်အကြား ပြိုင်ဆိုင်မှုတွေ အရှိန်မြှင့်တက် လာနိုင်ခြေရှိနေပါတယ်။

လတ်တလော နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ ကာလုံအစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ ပြည်တွင်းထုတ် The Voice သတင်းစာက သတင်းရေးသားဖော်ပြထားပေမယ့် ကာလုံအစည်းအဝေး အခြေအနေတွေကို သတင်းစုံစမ်းလို့ မရသေးပါဘူး။

ကာလုံအစည်းအဝေးက ထွက်ပေါ်လာမယ့် ရလာဒ်တွေက မြန်မာနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တွေအတွက် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

၂၀၁၂ ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံတွင် တွေ့ရသည့် သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်
(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/43410

မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၁)



၂၀၁၅ ရောက်ခါနီးတော့ ထိုင်ခုံမှန်းသူတွေရဲ့ တိုက်ပွဲက ကြမ်းသထက် ကြမ်းလာတယ်ပဲ ဆိုရ မယ်..... ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ကြည့် ရင်တော့ ပါဝါ လွန်ဆွဲပွဲရဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ရမယ်..... သေခြာတာတော့ ကြံ့ဖွံ့ ပါတီတွင်း ပါဝါလွန်ဆွဲပွဲရဲ့ ပြင်းထန်မှု မြင့်တက် လာခြင်းနဲ့အတူ အတိုက်အခံ NLD ရဲ့ နိုင်ငံရေး ခြေစွာနေမှုကို ရပ်တန့်သွားစေတဲ့ အခြေအနေ ဖြစ်နေစေခဲ့တယ်...... ပိုဆိုးရွားတာကလည်း NLD ဟာ လူကြိုက်နည်းစေမယ့် လုပ်ရပ်တွေကို ယခင်ကထက် ပိုမိုလုပ်လာခဲ့တယ်......


ဒါကြောင့် ၂၀၁၅ မှာ လွှတ်တော်တွင်း ညွန့်ပေါင်းပဲ မြင်ရမယ့် အခြေအနေရှိလို့ သမ္မတရာထူး မှန်းထားတဲ့ ဒေါ်စုနဲ့ ဦးရွှေမန်းကိုယ်တိုင် ညွန့်ပေါင်းစကားကို ထုတ်သုံးလာတာ၊ အရိပ်အမြွက်တွေ ပြောလာတာကို မြင်ရတယ်...... ဒါပေမယ့်လည်း ဘယ်လိုပဲ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖြစ်ပါစေ အဓိက သမ္မတ ရာထူးအတွက် ပြိုင်ဆိုင်မှုကတော့ အတော်လေး ကြမ်းတမ်းတယ်လို့ပဲ ဆိုရမယ်.......


၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်ခြေရှိတဲ့ ၁ ပြေးနေတဲ့ သုံးယောက်ကတော့ ဦးသိန်းစိန် (ပြန်လည်အရွေးခံခြင်း)၊ ဒေါ်စု နဲ့ ဦးရွှေမန်း....... ဦးရွှေမန်းရဲ့ ၂၀၁၅ သမ္မတ ရာထူးအတွက် ဦးတည်လုပ်ရှားမှုတွေကို ပြန်ကြည့် မယ်ဆိုရင် ထင်သာမြင်သာ ရှိစေတာက ပြည်ထောင်စု လွှတ်တော်မှာ ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၂ ရက်နေ့က အဆိုတင်ခဲ့တဲ့ ဝန်ထမ်းတွေ လစာတိုးမြင့်ဖို့ ကိစ္စ......

အချို့တွေကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ မဲများများရစေဖို့ လှုပ်ရှားမှုလို့ သုံးသပ်ကြ တယ်...... ဒါပေမယ့် ဒီလုပ်ရပ်ဟာ လွှတ်တော် ဥက္ကဌ တစ်ယောက်က လက်ရှိအစိုးရရဲ့ လုပ်ဆောင်ရမယ့် တာဝန်ကို ဝင်စွက်ဖက်လိုက်တဲ့သဘော ဖြစ်နေတယ်..... တကယ်တန်း လွှတ်တော် ဥက္ကဌ တစ်ယောက်အနေနဲ့ တိုက်တွန်းရမယ့်အစား အဆိုတင်သွင်းလိုက်တဲ့အထိ ဖြစ်သွားခဲ့တာ စဉ်းစားစရာ ဖြစ်လာတယ်....တနည်းအားဖြင့်တော့ ယခင် တပ်ထဲက အပေါ်၊ အောက် ဆက်ဆံရေးလက်ကျန်လို့ ထင်စရာ ဖြစ်လာတယ်.....

ဒီလို အားပြိုင်မှုတွေ ရှိနေတဲ့ အတွက်ကြောင့်များ ၂၀၁၂ ဇူလိုင်လ ၁၄ ရက်နေ့မှာ လုပ်တဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ပေးပို့တဲ့ သဝဏ်လွှာမှာ ပါရှိတဲ့အကြောင်းအရာဖြစ်သော သဘောထား တင်းမာသူလို့ နာမည်ထွက်တဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားတာလားလို့ မေးစရာဖြစ်လာတယ်.....

ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ ဝန်ထမ်းလစာတိုးဖို့ အဆိုထဲမှာပါတဲ့ အင်မတန်မှကို ကောင်းမွန်တဲ့ အချက်တွေကတော့ နိုင်ငံတော်အတွင်း ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့တဲ့ အကျိုးမရှိသော စီမံကိန်းများ စာရင်းပါပဲ..... အလေအလွင့် ဘယ်လောက်ရှိတယ်၊ အကျိုးဖြစ်ထွန်းမှု ဘယ်လောက် ရာခိုင်နှုန်းပဲ ရှိတယ်နဲ့ တွက်ချက် တင်ပြလာတဲ့ အဲ့ဒိ အဆိုထဲက အစိတ်အပိုင်းတွေဟာ နိုင်ငံအတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတွေ ဖြစ်နေပေမယ့် လွှတ်တော်မှာ ဘယ်သူမှ အရေးတယူလုပ် ပြန်လည် အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း မရှိတာကိုလည်း တွေ့ရပြန်တယ်.....

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းရဲ့ အစိုးရလုပ်ဆောင်ရမယ့် ဝန်ထမ်း လစာတိုးခြင်းကိစ္စကို ဝင်ရောက်စွက်ဖက်မှု လအနည်းငယ် မြောက်မှာတော့ တိတိကျကျဆိုရရင် သြဂုတ်လ ၇ ရက် ၂၀၁၂ မှာ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်..... အတိုက်အခံခေါင်းဆောင် ဒေါ်စုကို ဦးဆောင် ခိုင်းတဲ့ အဆိုပါ ကော်မတီဟာ ပြည်သူ့လွှတ်တော် ဥက္ကဌကို တာဝန်ခံရပါတယ်.......

အခြားသော ကော်မတီတွေနဲ့ မတူညီတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေဟာ လက်ရှိ အစိုးရကို ကောင်းကောင်းထိုးနှက်ဖို့ ပြဌာန်းထားတဲ့ တာဝန်တွေနဲ့ အဖမ်းအဆီး၊ အချုပ်အနှောင်မှ ကင်းလွတ်ခွင့်ပေးထားတဲ့ အခွင့်အရေးတွေ အပြည့်ပါဝင်နေပါတယ်....... ဒါကြောင့် တရားဥပဒေ စိုးမိုးရေး ကော်မတီဖွဲ့စည်းခြင်း နောက်ကွယ်က အကြောင်းအရာတွေဟာ အတော့်ကို စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်...... အခုဆိုရင် တရားဥပဒေ စိုးမိုးမှု ကော်မတီသက်တန်း ကုန်ဆုံးတော့မှာ ဖြစ်တော့ ဘာဆက်လုပ်မလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်.....

နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေတဲ့၊ တနည်းအားဖြင့် လွှတ်တော် ဥက္ကဌကို လုပ်ပိုင်ခွင့် အများစုပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကြမ်း...... လွတ်လပ်တဲ့ တရားစီရင်မှုကို ထိခိုက်စေမယ်လို့ နိုင်ငံတော် သမ္မတက မှတ်ချက်ပြုပေးထားတဲ့ အဲ့ဒိ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တာ သမ္မတအဆို ရှုံးနိမ့်သွားပြီး အဲ့ဒိဥပဒေဟာ ၂၀၁၃ ဇန်နဝါရီလမှာ အတည်ဖြစ်သွားခဲ့ပါတယ်.......

၂၀၁၂ ဖေဖော်ဝါရီလက တင်သွင်းခဲ့တဲ့ ဝန်ထမ်းတွေ လစာတိုးဖို့ အဆို ရှုံးနိမ့်သွားတဲ့ နောက်မှာ နောက်ထပ် ခြေလှမ်းဖြစ်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာ ထင်သလောက် ခြေပေါ်အောင် မကစား နိုင်တဲ့အတွက် ခုံရုံးဥပဒေကို ခြေစွာစွာနဲ့ ကစားခဲ့တာကို သမိုင်းတွေ ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်.......

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဥပဒေများစွာ ရှိနေတယ်၊ အရေးကြီး လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတဲ့အထဲကမှ ခုံရုံးဥပဒေကို အသည်းအသန် ပြဌာန်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းခြင်းရာတွေ များစွာ ရှိနေပါလိမ့်မယ်....... အဆိုပါ ခုံရုံး ဥပဒေ ကိစ္စကြောင့်ပဲ လူအများစု ပြောစမှတ်ပြုလာခဲ့ရတဲ့ ဆိတ်ဖွားကော်မတီ ဖြစ်လာတာပါပဲ........

ဒေါက်တာ ဆိတ်ဖွားကို ဘာကြောင့် ဖမ်းဖို့ ဦးတည်လာခဲ့သလဲ စဉ်းစားစရာ အချက်တွေကတော့ အစော ပိုင်းက အင်တာဗျူးတွေမှာ အချို့သော လွှတ်တော်အမတ်တွေ ထုတ်ဖော်ပြောဆိုချက်များအရ သူတို့ရဲ့ သံသယဟာ နိုင်ငံတော် သမ္မတရုံး (ဒါမှမဟုတ်) အစိုးရရဲ့ ထောက်ခံအားပေးမှု ရှိသူလို့ ယူဆထား တဲ့အကြောင်းက အဓိက ဖြစ်နေပါတယ်...... ဒေါက်တာ ဆိတ်ဖွားရဲ့ အင်တာနက်ပေါ်က ဆောင်းပါး လေးဟာ လွှတ်တော်တစ်ရပ်လုံးကို ဘာမှထိခိုက်စေတာ မဟုတ်ပါဘူး......

ဒါပေမယ့် ဒေါက်တာဆိတ်ဖွားရဲ့ နောက်ကွယ်နဲ့ အဖွဲ့အစည်းဆိုတဲ့ဟာကို Assumption ယူလိုက်တဲ့ အချိန်မှာ ဆိတ်ဖွားကိစ္စဟာ လွှတ်တော်အတွက် တနည်းအားဖြင့် လွှတ်တော် ဥက္ကဌအတွက် အရေးကြီးနေပါပီ...... ပါဝါတောင့်တင်းတဲ့ လူနှစ်ဦးရဲ့ အားပြိုင်မှုလို့ ရှုမြင်လိုက်တဲ့အတွက် ဆိတ်ဖွား ကိစ္စကို အပြင်းအထန် လိုက်လံစုံစမ်းခြင်းပဲ ဖြစ်ပါတယ်......

အဆိုပါ ပြိုင်ဆိုင်မှုရဲ့ သက်သေတစ်ခု ဖြစ်စေတာကတော့ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်ဖို့ ရက် ကပ်နေချိန်မှ အော်ပရေတာ ရွေးခွင့်ကို ပိတ်ပင်ဖို့ လုပ်လာတဲ့ လွှတ်တော်ရဲ့ လုပ်ရပ်ပါပဲ....... မြန်မာ့ဆက်သွယ်ရေးက ဆက်သွယ်ရေး ဥပဒေ မူကြမ်းကို ဇန်နဝါရီလ ၂၀၁၃ ခုနှစ်မှာ လွှတ်တော်ကို တင်ပြခဲ့ပေမယ့် အဲ့ဒိအချိန်မှာ လွှတ်တော်ဟာ သူတို့ အာဏာပိုထက်စေမယ့် ခုံရုံး ဥပဒေကြမ်းကိုပဲ မဲတင်းပြီး အလုပ်ရှုပ်နေခဲ့ပါတယ်.... ဒါကြောင့်လည်း မကြန့်ကြာသင့်တာတွေ ကြန့်ကြာခဲ့ပြီး အခုလို အနားနီးမှ တေ့ဖြုတ်တာတွေ ဖြစ်လာတာပါပဲ......


Credit : https://www.facebook.com/photo.php?fbid=152053278318524

မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၂)

ဆိတ်ဖွားကိစ္စကို ပြန်ကြည့်မယ်ဆိုရင်လည်း ဆိတ်ဖွားရေးခဲ့တဲ့ ဆောင်းပါးကို အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်တာ တွေ့ရပါမယ်....... ထို့အတူပဲ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကိုကန့်ကွက်တဲ့အဆိုကို တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုအနေနဲ့ တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်......


ပြန်ကြည့်မယ်ဆိုရင်တော့ အဲ့ဒိ အဆိုနှစ်ခုဟာ များစွာ အရေးပါသည် မပါသည် ဆိုတာထက် အရေးကြီး အဆို ဆိုတဲ့လုပ်ပိုင်ခွင့်ကို သုံးသွားတာ တွေ့ရပါတယ်....... အဲ့ဒိအဆိုတွေဟာ အရေးကြီး အဆိုနဲ့ ငြိသလား၊ မငြိသလားကတော့ ဘယ်သူဆုံးဖြတ်မယ် မသိပေမယ့် ထစ်ခနဲဆိုတိုင်းမှာ အရေးကြီးအဆို အရေးကြီးအဆို ဆိုတာကို လက်နက်သဖွယ် ကိုင်သုံးသွားတာ တွေ့ရတယ်...... နောက် အဲ့ဒိ အရေးကြီး အဆိုတိုင်းဟာ လက်ရှိအစိုးရကို တိုက်တဲ့အဆိုတွေ ဖြစ်နေပြန်တာလည်း တိုက်ဆိုင်မှုလို ဖြစ်နေလေ့ ရှိတယ်......


အခုနောက်ဆုံး ခြေလှမ်းဖြစ်တဲ့ ကာလုံအစည်းအဝေးဟာ အတော်လေး အရေးပါပါတယ်....... နိုင်ငံအတွက် အထူးတလည် အရေးတကြီး ဆွေးနွေးစရာ အခြေအနေမရှိပေမယ့် ကာလုံကို ပြန်ခေါ်ဖို့ အဆိုတင်သွင်းခြင်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှုကို ဟန့်တားခြင်းဆိုတဲ့ မအောင်မြင်ပဲ ရှုံးနိမ့်ခဲ့တဲ့ ခြေလှမ်း ပူပူနွေးနွေးလေး လှမ်းပီးခါစပါ........ ကာလုံကနေ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေကတော့ စောင့်ကြည့်ဖို့ပဲ ရှိမယ်.....

ဒီနေရာမှာ ၂၀၁၅ သမ္မတအဖြစ် ပြန်အရွေးခံခဲ့ရင် လူကြိုက်များနေတဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်ရဲ့ အနေအထားကို ပြန်ကြည့်ကြည့်မယ်..... ၂၀၁၀ ရွေးကောက်ပွဲအပြီး အငြင်းပွားဖွယ် ရလာဘ်နဲ့ ကြံ့ဖွံ့ကြီးစိုးတဲ့ လွှတ်တော်ကနေ ရွေးချယ်လိုက်တဲ့ ဦးသိန်းစိန် အစိုးရဟာ လူကြိုက်များမှု၊ ရေပန်းစားမှု အရမ်းနည်းခဲ့ပီး ပြည်တွင်း၊ ပြည်ပက အဝတ်လဲ အစိုးရ တစ်ရပ်လို့ပဲ မှတ်ထင်ခဲ့ကြတယ်.....

အထူးသဖြင့် ဦးသန်းရွှေ အစိုးရကနေ ၂၀၁၀ အစိုးရကို လက်လွဲခဲ့စဉ်မှာ အစိုးရတစ်ရပ်အနေနဲ့ ဘတ်ဂျက် အဖြစ် 0 Balance သာသာကနေ ရုန်းကန်လာတာတွေ၊ အရပ်ဖက် အုပ်ချုပ်မှုကို စစ်ဖက်အုပ်ချုပ်မှုက လက်သင့်ခံနိုင်အောင် ကြိုးစားလာတာတွေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်းဆွေးနွေးတာတွေနဲ့ တဖြည်းဖြည်းခြင်း ဒီမိုကရေစီ ခေါင်းစဉ်အောက်က အဓိကကျတဲ့ အတိုက်အခံတွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခြင်း၊ စာပေ၊ စာနယ်ဇင်းနဲ့ ရုပ်ရှင် ဂီတမှာပါ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စာပေကင်ပေတိုင်ကို ဖယ်ရှားနိုင်ခြင်း စတာတွေနဲ့ နိုင်ငံတကာရဲ့ အာရုံပြုမှုကို တော်တော်လေး ရယူနိုင်ခဲ့ပါတယ်.......

သိသာ မြင်သာတဲ့ ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်ခဲ့ တာမှာ အနောက်နိုင်ငံတွေက အရင်ဦးဆုံးပြန်လာတယ်လို့ပဲ ပြောရပါမယ်..... မြစ်ဆုံကို ဝိုင်းဝန်း ကန့်ကွက်တဲ့ ပြည်သူရဲ့ သဘောထား၊ မြစ်ဆုံကို ရပ်ဆိုင်းထားတဲ့ အစိုးရအသစ်ရဲ့ သဘောထားဟာ အနောက်နိုင်ငံတွေကို မီးစိမ်းပြစေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်....

အထူးသဖြင့် တရုတ်လက်အောက်ကို ပါလုနီးနီးဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံသားနဲ့ အစိုးရ သဘော ထားကို ကွက်ကွက်ကွင်းကွင်း သိသွားတဲ့အတွက် အမြန် ဝင်လာတဲ့ အနောက်နိုင်ငံနဲ့ အဖွဲ့အစည်းတွေ တော်တော်များခဲ့ပါတယ်........ သိရသလောက်ကတော့ ဂျပန် အမတ်တွေ၊ အမေရိကန် အမတ်တွေ၊ အမေရိကန် စစ်ဖက် အဆင့်မြင့် အရာရှိကြီးတွေ၊ ကမ္ဘာ့ဘဏ် အကြီးအကဲတွေ၊ ယူဂို၊ နော်ဝေး နောက်ဆုံး အမေရိကန်က ဟီလာရီကလင်တန် အပါအဝင် အဆင့်မြင့် သံ တွေနေပြည်တော်ကို ခြေဦးလှည့်ခဲ့ကြတာ NLD ကြားဖြတ် ဝင်မယ် မဝင်ဘူး မသေခြာခင်ကတည်းက ဖြစ်နေပါတယ်..... နိုင်ငံတကာရဲ့ အမြင်မှာ လက်ရှိအစိုးရရဲ့ ပုံရိပ်မြင့်တက်လာတယ်လို့ သုံးသပ်လာရပါတယ်.....

ပြည်သူတွေဘက်က ကြည့်ရင် အရင်က လွတ်လပ်ခွင့်မရှိတာကနေ ရရှိလာတဲ့ လွတ်လပ်ခွင့်တွေ၊ အလုံးစုံ အစစ အရာရာ ချုပ်ကိုင်ထားခြင်းကနေ ပြေလျော့လာတာတွေ အစရှိတဲ့ ပြောင်းလဲမှုတွေ မြင်လာတဲ့အတွက် အမြင်တွေ ပြောင်းလာပါတယ်...... အထူးသဖြင့် လူထုကြား လုံးဝရေပန်းမစား၊ မျှော်လင့်ချက်လည်း မပေးထားတဲ့ အစိုးရ တစ်ရပ်ရဲ့ ကားဈေးတွေ မတန်တဆ ဖြစ်နေတာကို ချပစ်တာမှသည် အဓိက ကြတဲ့ ဆက်သွယ်ရေး လုပ်ငန်းပိုင်းကို လူထု အသုံးများအောင် ချုပ်ကိုင်မှုတွေ ဖြေလျော့ပစ်ခဲ့ခြင်းနဲ့ အမှတ်တွေ ယူလာတဲ့အတွက် လက်ရှိ သမ္မတအပေါ် လူထုအမြင် ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တာ ငြင်းလို့မရပါဘူး........

ဒါကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် ပြန်လည်အရွေးခံခဲ့မယ်ဆိုရင် သမ္မတရာထူးအတွက် အဆို တင်သွင်းချိန်မှာ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌထက် အလေးသာနေပါတယ်..... ဒေါ်စု သမ္မတဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ချက် ဖြစ်နေပေမယ့် ဘယ်အတားအဆီးမှ မရှိတဲ့ တစ်ပါတီ ထဲက ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ လက်ရှိသမ္မတတို့အတွက်တော့ ၂၀၁၅ သမ္မတရာထူးဟာ အကြိတ် အနယ် ဖြစ်ဖွယ်ရှိပါတယ်........

ဒီအတွက် ဦးသိန်းစိန် ၂၀၁၅ မှာအရွေးမခံရအောင် လုပ်ဆောင်ချက်အနေနဲ့ သူ့ရဲ့ မိခင် ကြံ့ဖွံ့ပါတီ ကနေ ထုတ်ပယ်ပလိုက်တာက ပထမအဆင့်၊ ဥက္ကဌ ရာထူးကို Take Over ယူလိုက်တာက ဒုတိယအဆင့် နဲ့ အခုနောက်ဆုံး ကြံ့ဖွံ့ ပါတီကနေ သမ္မတအဖြစ် အရွေးမခံတော့ပါဘူးဆိုတဲ့ ခံဝန်ကတိက တတိယ အဆင့် ၂၀၁၅ သမ္မတပြိုင်ပွဲကနေ ပထုတ်ခြင်းလို့ပဲ မြင်ပါတယ်.......

တစ်ပါတီတွင်း မြွေမြွေခြင်း ခြေမြင်တဲ့အနေနဲ့ လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တွေလို့ ပြောလို့ရပေမယ့် ဒါတွေဟာ စိတ်ချရမယ့် ချည်နှောင်ကြိုးတွေတော့ မဟုတ်ပါဘူး...... ဘာကြောင့်လည်းဆိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကြံ့ဖွံ့ပါတီအနေနဲ့ ဝင်မပြိုင်ပဲ တစ်သီး ပုဂ္ဂလသော်လည်းကောင်း၊ ပါတီတစ်ခုခု ထောင်ပြီးတော့သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် မှန်းထားသူအနေနဲ့ ရတက်မအေးစရာ ဖြစ်လာပါလိမ့်မယ်......

ဒီအတွက် ၂၀၁၅ ဦးသိန်းစိန် ထပ်အရွေးမခံရစေဖို့ စိတ်အချရဆုံး နည်းလမ်းကတော့ နိုင်ငံရေး လောကကနေ နာမည်သတ်ခြင်းပဲ ဖြစ်ပါလိမ့်မယ်...... ဒီလိုဖြစ်စေဖို့ကလည်း လက်ရှိ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေက အကောင်းဆုံး လုပ်ကွက်တွေ ဖြစ်နေပြန်တယ်...... ၂၀၀၄ နောက်ပိုင်း ဦးသန်းရွှေ အစိုးရမှသည် ၂၀၁၀ ဦးသိန်းစိန် အစိုးရ အာဏာရလာစကနေ အခုအချိန်ထိ မပြောင်းလဲတာကတော့ အစိုးရ ယန္တရားပါပဲ....... အဲ့ဒိ အစိုးရ ယန္တရားထဲမှာ သူ့လူ၊ ကိုယ့်လူ၊ စာဖတ်နေသူကြီးလူ စတဲ့ ရောရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်....... နိုင်ငံ့အတွက်ထက် ကိုယ်ကျိုးအတွက်ကို ဦးတည်သူတွေ ရှိနေတာတွေ၊ ဘက် အတွက် ကဖျက်ကယက် လုပ်နေတာတွေဟာ လက်ရှိအစိုးရကို ထိုးနှက်လို့ အကောင်းဆုံးသော နိုင်ငံရေး လက်သီးတွေပဲ......

ဒီအတွက် ၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မှုတွေက ကာလုံအစည်းအဝေးခေါ်ဖို့ ပြင်တာမှသည် ခံဝန်ကတိ ထိုးလိုက်ရသည်အထိ ဆိုတော့ တော်တော်လေး ပြင်းထန်လာဖို့ ရှိတယ်...... အခန့်မသင့်ရင် လက်ရှိအစိုးရကိုပါ ပြုတ်ကျအောင် လုပ်လာမယ့် ကိစ္စတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်ချို့ ပဋိပက္ခတွေမှာ နောက်ကွယ်က လက်သည် တရားခံကို ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်ဖို့အထိ လိုမယ်လို့ မြင်မိပါတယ်.....

လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ကြံ့ဖွံ့ပါတီကနေ ဝင်ရောက်အရွေးမခံပါဘူးလို့ ခံဝန်ထိုးလိုက်တာကို သိရတဲ့အတွက်တော့ ဝမ်းသာမိပါတယ်....... ဘာကြောင့်လည်းဆိုတော့ တကယ်လုပ်နေသူတစ်ယောက်နဲ့ နာမည်ပျက်နဲ့ ကဖျက်ကယက်များတဲ့လူတွေ စုနေတဲ့ အဖွဲ့အစည်းကို သီးသီးသန့်သန့်ခွဲမြင်ချင်နေနတဲ့ ပြည်သူလူထုအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပါပဲ.......

လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ကို ဝင်မပြိုင်တော့ဘူး ဆိုရင်တော့ ၂၀၁၅ အတွင်း လက်ရှိအနေအထားကနေ နိုင်ငံကို တည်ငြိမ်အောင်၊ ပြည်သူလူထု အကျိုးကို ရှေးရှုလုပ်ဆောင် သွားတာတွေများရင် အနိုင်နဲ့ ပိုင်းသွားတယ်လို့ပဲ ပြောရမှာပါ...... တကယ်လို့ ၂၀၁၅ အတွက် ကြံ့ဖွံ့နဲ့မဆိုင်ပဲ ကိုယ်ပိုင်ပါတီဖြစ်ဖြစ်၊ တစ်သီး ပုဂ္ဂလအဖြစ်နဲ့ပဲ ဖြစ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် လက်ရှိ လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာအမြင်နဲ့ ပြည်သူလူထုကြား ရေပန်းစားမှုတွေ ရှိနေတဲ့ ဦးသိန်းစိန်ရဲ့ Image ဟာ တခြား သမ္မတဖြစ်ချင်သူတွေကြားမှာ နှစ်တစ်ဖြားသာနေတဲ့အတွက် ၂၀၁၅ မတိုင်ခင်မှသည် ရွေးကောက်ပွဲအလွန် သမ္မတရွေးပြီးတဲ့အချိန်အထိ မြန်မာနိုင်ငံရေး ပါဝါလွန်ဆွဲပွဲ တော်တော် ပြင်းထန်လာပါလိမ့်မယ်.........

ကျွန်တော့် ပုဂ္ဂလိက အမြင်အရတော့ လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ နာမည်ပျက်နေတဲ့ ကြံ့ဖွံ့ကနေ နှုတ်ထွက်လိုက်ပီးတော့ ကိုယ်ပိုင်ပါတီမထောင်တောင် အနည်းဆုံး တစ်သီးပုဂ္ဂလအနေနဲ့ ၂၀၁၅ ကို ပြန်ဝင်သင့်တယ်လို့ မြင်ပါတယ်..... ဘာလို့လည်းဆိုတော့ မြန်မာပြည် ဒီထက် ပိုပီး တိုးတက်စေဖို့က ကောင်းသထက်ကောင်းတဲ့ ခေါင်းဆောင်ပိုင်းတွေ တက်လာမှ၊ အုပ်ချုပ်မှ ဖြစ်မှာပါ....... နဂိုကတည်းက နာမည်ဆိုးနဲ့ ခေါင်းဆောင်တွေ တက်လာပီး ၂၀၁၅ ကို Take Over ယူသွားမယ်ဆိုခဲ့ရင် လက်ရှိ ကြိုးပန်းမှုတွေ အလဟဿ ဖြစ်သွားမယ်လို့ မြင်မိပါတယ်..... ဒါကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ အတွက် ခြေလှမ်းသစ် စသင့်တယ်လို့ အကြံပြုလိုပါတယ်.......

ကျန်တဲ့ အဖြစ်အပျက်တွေကတော့ ပိတ်ကားပေါ်မှာပဲ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်...... ဘယ်လိုပဲ ပါဝါလွန်ဆွဲပါစေ ၂၀၁၅ ရွေးကောက်ပွဲအပြီးအထိ နိုင်ငံကို အေးအေးချမ်းချမ်းနဲ့ ပြည်သူလူထု မစိုးရိမ် မပူပန်ရအောင် အုပ်ချုပ်သွားဖို့လည်း လက်ရှိအစိုးရကို တိုက်တွန်းလိုက်ရပါတယ်...... ပြည်သူတစ် ယောက်အနေနဲ့ကတော့ ဘယ်သူပဲ တိုင်းပြည်အုပ်ချုပ် အုပ်ချုပ်၊ ကောင်းအောင်လုပ်ပေးရင် ကျေနပ်တဲ့ မြန်မာလူမျိုးထဲမှာ ကျွန်တော်လည်း ပါပါတယ်...... ဒီအတွက်ကြောင့်၂၀၁၅ သမ္မတရာထူးအတွက် ပါဝါလွန်ဆွဲတာမှာ တိုင်းပြည်မနာဖို့ ဦးစားပေးပါလို့ပဲ ပြည်သူတစ်ဦးအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်.......

မှတ်ချက် ။ ။ Tempo ချထားပါတယ်...... ဖြစ်ပျက်လာတဲ့ ကိစ္စရပ်တွေအပေါ်မှာ မြင်တွေ့ရတာတွေကို ရေးပါတယ်....... Assumption များလည်း ပါတဲ့အတွက် အကုန်မှန်တယ်လို့ တစ်ထစ်ချ မယူဆ စေချင်ပါ...... ကျေးဇူးတင်ပါတယ်.....


မြန်မာနိုင်ငံရေး စင်မြင့်ပေါ်က ပါဝါ လွန်ဆွဲပွဲ (၁)


Credit : https://www.facebook.com/photo.php?fbid=152194998304352

ဦးသိန်းစိန်နဲ့ နိုင်ငံရေးပလက်ဖောင်း



အခု နောက်ဆုံး ကြံ့ဖွတ်ပါတီက ၂၀၁၅ မှာ ၀င်မပြိုင်တော့ဘူး ဆိုတဲ့ သတင်းထွက်လာပြီး အမျိုးမျိုး ဝေဖန်နေကြတယ်...အများစုကတော့ ဦးသိန်းစိန်ကို ဆက်လုပ်စေချင်တဲ့ သဘောထား ရှိနေတာ အထင်အရှားပဲ...

သတင်းတွေအရ ဆက်စပ်ကြည့်ရင်..


၁) ဦးရွှေမန်း+ဒေါ်စု အတွဲ ဦးရွှေမန်းဟာ ဒေါ်စုနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြောသလို ဒေါ်စုကလည်း ညွန့်ပေါင်းဖွဲ့ဖို့ ပြေတယ်...ညွန့်ပေါင်းက ဘာဖြစ်လို့ ဖွဲ့ကြမှာလဲ...အစိုးရ ဖွဲ့လောက်အောင် မရနိုင်ဘူး လို့ နှစ်ယောက်စလုံးက လက်ခံထားတဲ့ သဘောလား... သူတို့ (၂)ဦး ပေါင်းပြီး တိုက်ခိုက်ရမယ့် ဘုံပြိုင်ဘက်က ဘယ်သူဖြစ်နေလို့လဲ...

၂)တယ်လီကွန်းလိုင်စင်အတွက် လွှတ်တော်ထဲက နောက်ဆုံးခံတပ်

မြင်ရသလောက်ကတော့ တယ်လီကွန်းလိုင်စင် ပေးတော့မယ့် ကိစ္စမှာ အရေးတကြီး အဆိုတင်သွင်းပြီး အကျိုးစီးပွားကာကွယ်ရေးကို သည်းကြီးမည်းကြီး လုပ်လာတာ ဘာသဘောလဲ... NDF က ဒေါ်တင်နွယ်ဦး ပြောတာက ဒဲ့ဒိုးပဲ...ကိုယ်မရလို့ ရတဲ့သူတွေကို ပွဲဖျက်တယ်လို့ ယူဆထားသတဲ့.. အံ့သြဖို့ ကောင်းတာက ခရိုနီတွေရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ လွှတ်တော်မှာ NLD ရဲ့ ရပ်တည်ချက်ပဲ.. ဧရာဝတီ အမတ် ဦးဝင်းမြင့်က ကြံ့ဖွတ်နဲ့ တစ်သားတည်း ရပ်တည်ပြတယ်.. ဒါက ဒေါ်စုရဲ့ အာဘော် ဖြစ်သလို လွှတ်တော်ထဲမှာ (၂)ဘက် ပေါင်းပြီး ရပ်တည်မယ် ဆိုတဲ့ သဘောတူညီချက်ရဲ့ တစ်စွန်းတစ်စလို့ ယူဆနိုင်တယ်..ဒေါ်စုဟာ ခရိုနီကာကွယ်ရေးရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ လွှတ်တော်မှာ ခရိုနီတွေဘက်က ရပ်တည်ဖို့ ပိုင်းဖြတ်လိုက်တာလား...ဦးဝင်းမြင့်ရဲ့ ပြောကြားချက်ဟာ ဒေါ်စုရဲ့ အတည်ပြုချက်အရ ဖြစ်တယ်ဆိုရင် ဦးဝင်းမြင့်ရဲ့ ရပ်တည်ချက်ဟာ NLD ရဲ့ ရပ်တည်ချက်ပဲ..

၃) ဦးအောင်မင်း ထွက်စာတင်မှု

ငြိမ်းချမ်းရေးကိစ္စတွေမှာ လွှတ်တော် ဘာမှ မလုပ်ရလို့ ဆိုပြီး အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေး ခေါ်ဖို့ ဦးရွှေမန်းက တင်တယ်...ဦးအောင်မင်းက လွှတ်တော်မှ ရှင်းတယ်....ပြီးတော့ ဦးအောင်မင်း ထွက်တော့မယ် ဆိုတဲ့ သတင်းထွက်လာတယ်....

၎) ဦးသိန်းစိန် ၂၀၁၅ ဝင်မပြိုင်တော့

တစ်ချိန်တည်းမှာပဲ ဦးသိန်းစိန် ၂၀၁၅ မပြိုင်တော့ဘူး လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သတင်း ထွက်လာတယ်..ဒီသတင်း မတိုင်ခင်က ဘာတွေ အစတွေ ထွက်ခဲ့သလဲ ပြန်ကြည့်... ဦးရွှေမန်းက သမ္မတ ဖြစ်ချင်တယ် ဆိုတာ အမေရိကန်မှာ ပြောတယ်...ဦးဌေးဦးက ထောက်ခံတယ်...ဟော ပြည်တွင်း ပြန်ရောက်တော့ ကြံ့ဖွတ်ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှာ ဒါက ပြောဖို့ စောသေးတယ် ဆိုပြီး ဦးဌေးဦး ပြန်ရှင်းတယ်... ညွန့်ပေါင်းဖွဲ့မယ်လို့ ဦးရွှေမန်က ပြောတယ်...ဒီစကားအတွက် ပါတီမှာ ပြန်ရှင်း၇မယ် ဆိုပြီး ဦးအောင်သောင်းက ပြောတယ်...ပြီးတော့ ဦးဌေးဦးက လက်တွဲတာက နိုင်ငံ့အကျိုးပါ ဆိုပြီး ပြန်ဖြည်တယ်.. ၀န်ကြီးတွေ ကြံ့ဖွတ်က နှုတ်ထွက်တဲ့ သတင်းတွေ ထွက်လာတယ်..အခြေခံဥပဒေအရ ဆိုပြီး ဦးစိုးသိန်းက ရှင်းတယ်.. ဒီနောက်မှာ ဦးသိန်းစိန် ၂၀၁၅ ကြံ့ဖွတ်က ၀င်မပြိုင်တော့ဘူး ဆိုတာ ထွက်လာတယ်.. ဦးရွှေမန်း သမ္မတ ဖြစ်ရေးမှာ ဦးရွှေမန်းနဲ့ ဦးဌေးဦး စကားအရ ဦးသိန်းစိန်က ဘာဆက်လုပ်ရမလဲ..၂၀၁၅ မှာလည်း ဆက်လုပ်ချင်ပါတယ် ပြောရင် ပါတီကမှ မထောက်ခံတာ.... ဖြစ်မယ်...ဆက်မလုပ်ချင်ပါဘူး ပြောရင်..အေးလေ ပါတီက မထောက်ခံတော့ ဒီစကား ပြောပြီပေါ့ ဆိုတာ ဖြစ်မယ်...

၅) အင်စတီးကျူးရှင်းနှစ်ခု နောက်ခံ

အခုတလော ထွက်လာတဲ့ သုံးသပ်ချက်တွေအရ မြန်မာနိုင်ငံမှာ အကြီးမားဆုံး အင်စတီကျူးရှင်းကြီး (၂)ခုဖြစ်တဲ့ တပ်မတော်နဲ့ သံဃာထုက ဦးသိန်းစိန်နောက်မှာ မားမားမတ်မတ် ရှိနေတယ်... လွယ်လွယ်ကူကူ ရလာတာလည်း မဟုတ်ဘူး...ခက်ခဲတဲ့ အခြေအနေတွေမှာ မဟာဗျူဟာမြောက် ရွှေ့နိုင်ခဲ့တာကြောင့်ပဲ ပြီးတော့. ဒီထောက်ခံမှုက နည်းတဲ့ အင်အား မဟုတ်ဘူး...ပြီးတော့ ကမ္ဘာမှာလည်း နာမည် ကောင်းနေတယ်....တနါဖိုးနည်းဖုန်းကိစ္စနဲ့ လူထုက ကြိုက်နေပြီ...လာမယ့် သက်တမ်းမှာ နောက်ထပ် ကောင်းကောင်း လုပ်ပြနိုင်ရင် လူထုက ထောက်ခံမယ့် အနေအထား ရှိတယ်...ဒီအခွင့်အရေးကို ဦးသိန်းစိန်က အလကား လက်လွှတ်ခံမယ် တဲ့လား...မြန်မာ့နိုင်ငံရေးစင်မြင့်ကနေ လက်လျှော့ပြီး ထွက်သွားမယ်တဲ့လား...

၆) ပါတီသစ်.

အခုနောက်ဆုံး ဦးသိန်းစိန်အပေါ် ထောက်ခံသူတွေ ပိုမို များလာနေပြီး ၂၀၁၅ မှာ ၀င်ပြိုင်ဖို့ ....ပါတီသစ် ထောင်ဖို့ ပြောသံတွေ ကျယ်လာနေတယ်..... သံဃာအားနဲ့ စစ်တပ်ထောက်ခံမှု...ပြီးတော့ နိုင်ငံတကာ ထောက်ခံမှု ပေါင်းလိုက်ရင်...

ဦးသိန်းစိန် လက်မှတ်ထိုးတယ်ဆိုတာက ကြံ့ဖွတ်နဲ့ ၀င်မပြိုင်တော့ဘူး...ဒါပေမယ့် ပျြိုင်ချင်ပြိုင်မယ်... ပါတီအသစ်လည်း ဖြစ်နိုင်တယ်...

ဒါ့ကြောင့်

From:ပလေတို ဒီမို

Credit : http://www.mmdailystar.com/2013/07/blog-post_2884.html

ဖိတ်ကြားချက်အရာ သမ္မတကြီး ဦးသိန်းစိန် ဇူလှိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ဗြိတိန်နှင့် ပြင်သစ်ကို သွားရောက်မည်



မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတွေကို ဇူလိုင်လ လယ်မှာ လာရောက်ဖို့ ရှိပါ တယ်။

ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာ အကြီး အကဲ တဦးရဲ့ ပထမဆုံး ဗြိတိန် ခရီးစဉ် ဖြစ်ပါတယ်။


နှစ်နိုင်ငံ ခေါင်းဆောင် တွေရဲ့ ဖိတ်ကြားချက် အရ ဇူလိုင်လ ၁၄ ရက်က နေ ၁၈ ရက်အထိ ပြုလုပ်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် ခရီးစဉ် မှာ ဗြိတိန် နိုင်ငံကို အရင် လာရောက် ပြီးမှ ပြင်သစ်ကို ခရီးဆက်မှာ ဖြစ် ပါ တယ်။

သမိုင်း အစဉ် အလာ အရ ဗြိတိန်နဲ့ မြန်မာဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ကန်န ပေါင်းစုံမှာ ဆက်နွယ် မှုတွေ များခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာ အလှမ်းဝေး ခဲ့ပြီး နောက် အခုတော့ ဗြိတိန် အပါအဝင် ဥရောပ နိုင်ငံ တွေနဲ့ ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင် လိုတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

သမ္မတ က ဗြိတိသျှ ဝန်ကြီးချုပ် အပြင် တခြား ထိပ်တန်း အရာရှိ တွေနဲ့ တွေ့ဆုံတဲ့ အခါ ပညာရေး ကန်န စီးပွားရေး ရင်းနှီး မြှုပ်နှံမှုနဲ့ လူသားချင်း စာနာမှု အကူအညီ တိုးမြှင့် ပေးရေး ကိစ္စရပ်တို့ကို ဆွေးနွေးဖို့ ရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

From:BBC

မြန်မာနိုင်ငံ တွင်းမငြိမ်သက်မှူ့ တွေဖြစ်လာတာတွေဟာ ဒေါ်စု အသိညဏ်ကင်းမဲ့တဲ့  စကားတွေကြောင့် ဖြစ်တယ်လို့ အိုဘားမားပြောပြီ



အမေရိကန်သမ္မတ အိုဘားမားဟာ သူ့ ရဲ့ နိုင်ဂျီ ရီယား ခရီစဉ်နောက်ဆုံးနေ့ သတင်းစာရှင်းလင်း ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လို မဖြစ်စေဖို့ ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှူ့  ဟာကျတော်တို့  မျော်လင့်ထားတာထက်ပိုပြီး ပြောင်းလဲနိုင်ခဲသလို၊ ဒေါ်အောင်းဆန်းစု ကြည် အပေါ် မျှော်လင့်ထားခဲတာတွေဟာ အခုထိ ဘာ တခုမှ ဖြစ်မလာခဲပါဘူး။ ဒါအပြင် မြန်မာနိုင်ငံ တွင်း မငြိမ်သက်မှူ့ တွေဖြစ်လာတာတွေဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အသိညဏ်ကင်းမဲ့တဲ့  စကားတွေ ကြောင့် ဖြစ်တယ်လို့  နိုင်ငံတကာသုံးသ ပ်ချက် ထုပ်ပြန်ရာမှာ အမေရိကန်အမတ်တချို့ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသုံးသပ်ထားတာကိုတွေ့ ရပါတယ်။ ဒါကြောင့်နိုင်ငံတနိုင်ငံ ပြုပြင်ပြောင်းလဲနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လို "အထင်သာကြီးတတ်ပြီးအမြင် မကြီးတတ်တဲ့ " လူပိုတွေမပါစေဖို့မြန်မာနိုင်ငံမှာမကြာသေးခင်ကမှ ပေါင်းစည်းလိုက်ကြတဲ့ ရခိုင်အမျိုးသားပါတီကို အတုယူကြဖို့ တိုက်တွန်းပြောဆိုသွာခဲပါတယ်။

From: ဦးခိုင် (မျိုးဆက်သစ်)

http://www.mmdailystar.com/2013/07/blog-post_2132.html

ဝမ်းတွင်းမြို့မှ လက်သိပ်ထိုး ဖြန့်ဝေနေသော CDMA800hmzဆင်းကဒ် အဝေမတည့်သည့် ပြသာနာအား (တိုင်ကြားစာ)



မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊၀မ်းတွင်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်အုပ်စုပေါင်း (၇၅)အုပ်စုရှိနေ ပါတယ်။ မြို့ပေါ်(၁၀)ရပ်ကွက်မပါရင် ကျေးလက်အုပ် စု(၆၅)အုပ်စု ရှိနေပါတယ်။ ဧပြီလမှာ CDMAတိုင် မရှိဖူးဆိုပြီး ခွဲတမ်းမရရှိခဲ့ပါဖူး။


မေလကစတင်ပြီး CDMAဆင်းကဒ်(၂၅၀၀) ရရှိပါတယ်။ မြို့ပေါ်(၁၀) ရပ်ကွက်နဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေ၊ ပါတီတွေ၊ NGOတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဖြန့်ဝေခဲ့ပါတယ်။ ကြံခိုင်ရေးပါတီရဲ့ စည်းမှူးတွေ အထောက်အကူပြု အဖွဲ့တွေကို မဖြစ်မနေပေးပါ တယ်။ ဇွန်လမှာတော့ တိုင်းကပေးတဲ့ ခွဲတမ်းCDMAဆင်းကဒ် (၂၀၀၀) သာရပါတော့တယ်။

ကျေးလက်နေ ပြည်သူတွေ တောင်သူတွေ ဝေငှရမယ့် အခြေအနေမှာ ခွဲတမ်းနည်း နေပါတယ်။ ကျေးလက် အုပ်စုတွေထဲမှာ ကျေးရွာခွဲလေးတွေ ရှိနေပါတယ်။ ကျေးလက် အုပ်စုတွေကို အိမ်ထောင်စု အလိုက် ဖြန့်ဝေပါတယ်။ အိမ်ထောင်စု(၁၀၀)အထိ ဆင်းကဒ် (၁၅)ကဒ်၊ (၁၀၀)မှ(၂၀၀)အထိ ဆင်းကဒ်(၁၈) ကဒ်၊ (၂၀၀) မှ(၅၀၀)ထိ ဆင်းကဒ်(၂၀)ကဒ် (၅၀၀)မှ(၁၀၀၀)ထိ ဆင်းကဒ်(၂၂)ကဒ်၊ (၁၀၀၀)အထက် ဆင်းကဒ်(၂၅)ကဒ် ခွဲတမ်းရရှိပါတယ်။ 

နည်းလွန်းတဲ့ ခွဲတမ်းမှာလည်း ဌာနဆိုင်ရာတွေ၊ ပါတီတွေ၊ NGOတွေပါ ပြန်ပါတယ်။ ကြံ့ခိုင်ရေး အမတ်တွေကလည်း မဖြစ်မနေ ခွဲတမ်းယူနေပါတယ်။ ခွဲဝေမှုအစည်းအဝေးမှာ ကျေးလက်မှာရှိနေတဲ့ ကြံခိုင်ရေး စည်းမှူးတွေ မဖြစ်မနေပေးပါလို့ မြို့နယ်အုပ်ချုပ်ရေးမှုး ကမှာတယ်လို့ သတင်းရရှိပါတယ်။ ဆင်းရဲသားနဲ့ ပြည်သူတွေ တယ်လီဖုန်းသုံးစေချင်လို့ နိုင်ငံတော်က ချပေးတယ်လို့ သိနေပေမယ့် အခွင့်ထူး ခံတွေ ခုချိန်အထိ ရှိနေပါသေးတယ်။ 

ကြံ့ခိုင်ရေးပါတီက ဘုန်းတော်ကြီးများကို ငွေ(၁၅၀၀)စိုက်ထုတ်ပြီး ခွဲတမ်းယူ ကပ်လှူပါတယ်။ ကျေးလက် နေ တောင်သူတွေနဲ့ ကျေးလက် အုပ်ချုပ်ရေးမှူးတွေကို အဝေမတည့် အောင်လုပ်နေသလို ကျေးလက်ပြည်သူ တွေမှာ အိမ်ထောင်စု(၂၀၀)ကျော်မှ ဆင်းကဒ် (၄)ကဒ်(၅)ကဒ်လောက်သာ ရရှိပါတယ်။ အိမ်ထောင်စု(၂၀၀)ကျော် ရုံလေးရှိတဲ့ အုပ်စုနဲ့ အိမ်ထောင်စု(၅၀၀) နားကပ်နေတဲ့ အုပ်စု အုပ်ချုပ်ရေးမှူးလေး တွေခွဲတမ်းတူနေတော့ ရွာနဲ့ အဆင်မပြေ ဖြစ်နေကြရပါတယ်။ 

ရွဲသီးအုပ်စုမှာ အိမ်ထောင်စု(၅၀၀)ကျော် ရုံလေးရှိပါတယ်။ တမာကန်အုပ်စုကတော့ အိမ်ထောင်စု (၉၅၀)ကျော်ပါတယ်။ ဆင်းကဒ်ခွဲတမ်း တူနေပါတယ်။ ဆူပန်းကျေးရွာအုပ်စုနဲ့ အင်ကန်းကြီး ကျေးရွာအုပ်စုမှာ ရှိနေတဲ့ တောင်သူ တွေကလည်း မလောက်ငှတဲ့ CDMAဆင်းကဒ် တယ်လီဖုန်း ကိုင်ချင်လွန်းလို့တိုင်မယ်။ ဆိုတဲ့အထိ ပြသာနာ ဖြစ်လာရပါတယ်။ 

ဆင်းကဒ်(၂၀၀၀)ထဲက ဌာနဆိုင်ရာနဲ့ ကြံ့ခိုင်ရေးပါတီ စည်းမှူးတွေ အဓိကထားပြီး သုံးချိုးတစ်ချိုး ချန်ထားလို့ ကျေးလက်ပြည်သူတွေအတွက် ခွဲတမ်းနည်းနေရပါသောကြောင့် မတရားမှုအား သက်ဆိုင်ရာ မှ ကြီးကြပ်ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်..။

ဝမ်းတွင်းဖြူတဲ့ ဝမ်းတွင်းသူ..

Credit : http://www.demowaiyan.org/2013/07/cdma800hmz.html

ပညာရေးအကူပေးနိုင်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်



ပညာရေးအကူအညီပေးကြတဲ့ ဖောင်ဒေးရှင်များနှင့် အဆက်အသွယ်ရှိသူများလည်း ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။ အခုဒီပုံထဲက သမီးလေးနာမည်က မအေးမြတ်သူ လိုခေါ်ပါသည်။ ဒီနှစ်(၂၀၁၃-၂၀၁၄) သက္ကသိုလ် ၀င်ခွင့် စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနှင့် ထူးချွန်စွာနဲ အောင်မြင်ခဲ့ပါသည်။


သူစာမေးပွဲအောင်တဲ့နှစ်မှ သူမ၏ ဖခင်ဟာ လေဖြတ်သွား ပါသဖြင့် သူမ၏ဘ၀ရှေ့ရေးအတွက် အခက်တွေ့နေရ ပါသည်။ သူအမှတ်ပေါင်းက ၅၂၃ မှတ်ဖြစ်ပါသည်၊ ဆေးကျောင်းမီသော အမှတ်ဖြစ်ပါသည်၊ ဒါပေမဲ့ သမီးလေး က စက်မှုသက္ကသိုလ် တတ်ဖို့ ဆန္ဒပြင်းပြနေပါသည်၊ မီဘများကချို့တဲ့ကြသလို ဖခင်ကလည်း ကျန်းမာရေး မကောင်း တော့တာကြောင့် သမီးရဲ ပညာရေးကို ၀ိုင်းဝန်းကူညီပေးကြပါလို ပညာရေးအလှူ အတွက် အကူအညီတောင်းခံအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် -

(+၉၅) ၀၉ ၃၁၅၅၉၉၂၆ 
-(+၉၅) ၀၉ ၄၂၀၀၂၅၃၀၈ 
(အေးမြတ်သူမိဘများကို တဆင့် ဆက်သွယ်နိုင်သောဖုန်းနံပါတ်များဖြစ်ပါသည်)

အမည်- မအေးမြတ်သူ 
အသက် - ၁၆ နှစ် 
မိဘအမည် - ဦးကျင်သိန်းဦး၊ ဒေါ်စန်းစန်းဝင်း 
မှတ်ပုံတင်နံပါတ်- ၁၂/လမန(နိုင်) ၀၅၃၀၈၃ 
ကျောင်းအမည် - အ ထ က (၂) လှိုင်
နေရပ်လိပ်စာ - တိုက်(၅၂/၄) ၄ လမ်း၊ ၂ ရပ်ကွက်၊ လှိုင်မြို့နယ်
ဂုဏ်ထူးရဘာသာများ - မြန်မာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ

(၅) ဘာသာဂုဏ်ထူး ရမှတ်များ - မြန်မာ(၇၅)၊ သချာင်္(၉၂)၊ ဓါတု(၉၆)၊ ရူပ(၉၄)၊ ဇီဝ(၉၅)၊ အင်္ဂလိပ်(၇၁) စုစုပေါင်း= ၅၂၃ မှတ် 

Credit : http://www.demowaiyan.org/2013/07/blog-post_3.html

ဝန်ကြီး ဦးအောင်မင်း နှုတ်ထွက်တော့မည့် သတင်းနှင့်ပက်သက်၍ KNU အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းအား ဆက်သွယ် မေးမြန်းချက်

မေး။ ။အခုအစိုးရ တွေကြားမှာ အလှည့်ပြောင်းတွေ ကြားနေရတယ်။ အဲဒါက အပစ်ခတ်ရပ်စဲရေးနဲ့ ပြီးငြိမ်းချမ်း ရေးအတွက် ဘယ်လိုဖြစ်လာနိုင်မလဲ။


အဖြေ။ ။အလှည့်ပြောင်းဟာ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရဘက် အပစ်အခတ် ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေက ဂတိတည်တယ် မတည်ဘူး ဆိုတာဘူးပေါ်သလိုပေါ်သွားတော့မှာပေါ့။ တစ်ယောက်ပြောင်းပြီး တစ်ယောက် အသစ်တက်တိုင်း ဘာမှ မသိဘူးပြောရင် ဒါက မဖြစ်သင့်တော့ ဘူးလို့ ပြောရမှာပါ။


မေး ။ ။ အစိုးရဘက်က အလှည့်အပြောင်း တကယ်ဖြစ်သွားရင် ဆရာတို့ အပစ်အခတ် ရပ်စဲရေး အခြေအနေက ဘာလိုဖြစ် သွားနိုင်မလဲ။ သဘော တူထားတဲ့ အတိုင်း ဆက်ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ ကျနော်တို့က သဘော တူညီချက် အတိုင်း အကောင်အထည် ဖော်သွားမယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ စစ်ပွဲ မဖြစ်ချင်တော့ဘူး အဲဒီပေါ်လစီနဲ့ပါ။ သူတို့ လူ အလှည့်အပြောင်း လုပ်တိုင်း အပစ်အခတ် ရပ်စဲရေးကို ပျက်ပြယ် ရမယ်ဆို ရင် ငါတို့လည်း ပြောင်းကို ပြန်လှည့် ရတော့မှာပေါ့။ ကျနော်တို့ ဘက်ကတော့ အကောင်းဘက် ဦးတည်ရင် ကျနော်တို့ ကြိုဆိုဖို့ အဆင်သင့် ဖြစ်သလို အဆိုးဘက်ကို ဦးတည်ရင်လည်း ကာကွယ်ဖို့ အဆင်သင့်ပါပဲ။

မေး ။` ။ ဇူလိုင်လမှာ KNU ဘက်က ဦးအောင်မင်းနဲ့တွေ့ဖို့ ရှိတယ်လို့ မီဒီယာတွေမှာ ပြောနေကြတယ်။ အဲဒါကို ဆရာတို့ဘက်က အဆင်သင့်ဖြစ်ပြီးလား။

အဖြေ။ ။ ဇူလိုင်လမှာ တွေ့ဖို့က ဘာတစ်ခုမှ အတိအကျ မဟုတ်ပါဘူး။ မိန့်ခွန်းပြောရင်နဲ့ ဦးအောင်မင်း နှုတ်ကနေ လွတ်ကနဲ ထွက်သွားတဲ့ စကားပါကနေ သတင်း မီဒီယာကို ပျံ့ သွားတဲ့ အနေအထားပါပဲ။ ဦးအောင်မင်း နှုတ်က ထွက်တဲ့ စကား ဆိုတော့ မှားတယ်လို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် အဲဒါက အတိအကျလည်း မဟုတ်ပါဘူး။

မေး ။ ။ တကယ်လို့ ဇူလိုင်မှာ တွေ့ဖြစ်ခဲ့ရင်ကော KNUဘက်က အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ။ အခုက နှစ်ပိုင်း ဖြစ်နေတယ်။ ဦးအောင်မင်း ပြောတဲ့ စကားက အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ စကားလုံးကို သုံးတယ်။ ကျနော်တို့က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို သုံးတယ်။ ဒီအမြင် နှစ်ခု ကလည်း ကွဲလွဲနေပါတယ်။ ကျနော်တို့က အလုံးစုံ အပစ်အခတ် ရပ်စဲရေးကို လက်မခံဘူး။ အဲဒါက တစ်ပြည်လုံးကို မဖော်ဆောင်နိုင် တဲ့အတွက် ဖြစ်တယ်။ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးက အစိုးရဘက်က တာဝန်ရှိတဲ့ အပေါ်မှာ တိုင်းရင်းသား ဒေသတွေဘက်မှ ထိုးစစ်တွေ မဆင်တော့ပါဘူး။ စစ်အင်အားတွေ မတိုးချဲ့ တော့ပါဘူး။ အခြေအနေကို အာမခံ ပေးနိုင်မယ့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ထုတ်ပြန်ပေးမယ် ဆိုတဲ့ အချက်တွေ၊ နောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာပေးသည့် အပြင် နိုင်ငံရေးအရ ဆက်သွားမယ့် မူဘောင်ကို ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါကြောင့် အချိန်နဲ့ တပြေးညီ သတ်မှတ်ချက် သဘော တူညီချက်တွေ ထားရှိရမယ် အဲဒီ အချက်ရမှသာ ကျနော်တို့ တွေ့နိုင်မယ်။

မေး။ ။ မူဘောင်ကွာဟနေတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။

ဖြေ ။ ။ အစိုးရဘက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ (၈) ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးမှ လွတ်တော်ကို ၀င် ဖို့၊ နိုင်ငံရေး ပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ရယ်၊ တပ်မတော် တစ်ရပ် ထားဖို့ ရယ်။ ဒီအချက်တွေကို လက်မခံနိုင်ဘူး ဖြစ်ပါတယ်။

မေး ။ ။ ဆရာတို့ အနေနဲ့နိုင်ငံရေး ပါတီ ထောင်ဖို့ရှိလား။

ဖြေ ။ ။ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ဖွဲ့စည်းပုံမပေါ်သရွေ့တော့ နိုင်ငံရေး ပါတီထောင်မှာ မဟုတ်ပါဘူး။


ရွှေဟင်္သာသတင်းဌာန