Tuesday, June 25, 2013

မန်ယူရုပ်သံလိုင်း (MUTV) နှင့် SkyNet တို့ တရားဝင် သဘောတူညီမှုရရှိ

MUTV-Web
မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော MUTV ကို SkyNet မှ ပြသရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း SkyNet မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။


အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်မန်ယူ အသင်းအနေဖြင့် အသင်းပုံရိပ်ကို မြှင့်တင် ရန်နှင့် ပရိသတ်အင်အား တိုးပွား လာစေရန် ရည်ရွယ်၍ မြန်မာရုပ်သံလိုင်း SkyNet၊ နော်ဝေ ရုပ်သံလိုင်း TV-2 ၊ အိုက်စလန် ရုပ် သံလိုင်း 365 တို့တွင် MUTV အား ထုတ်လွှင့် ပြသနိုင်ရန် သဘောတူခဲ့ပြီ ဖြစ်ကြောင်းလည်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ လက်ရှိအချိန်တွင် MUTV ရုပ်သံလိုင်းအား ကြည့်ရှု သူပေါင်း ၂၃ သန်းခန့်ရှိပြီး ပရိသတ် ကြည့်ရှုမှုအများဆုံး ကလပ်အသင်းပိုင် ရုပ်သံလိုင်းတစ်လိုင်းအဖြစ် ရပ်တည် နေသည်။

“MUTV ကို SkyNet မှာပြဖို့ သဘောတူခဲ့ပါပြီ။ အရင်က ကျွန်တော်တို့လိုင်းမှာ MUTV ကို ပြခဲ့ဖူးပေမယ့် တဆင့်ခံ ဖမ်းယူ ပြသခဲ့တာပါ။ အခုကတော့ တရားဝင် ဖြစ် သွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ SkyNet ရုပ်သံလိုင်း တစ်ခုတည်းပဲ ပြခွင့်ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရားဝင် စာ မချုပ်ရသေးပါဘူး။ တရားဝင် စာချုပ်ပြီး ရင်မန်ယူအသင်း ဘက်ကရော SkyNet ဘက်ကပါ သတင်း ထုတ်ပြန် ပေးသွားမှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ SkyNet ရုပ်သံလိုင်းမှာ မြန်မာနိုင်ငံတွင် အခပေးကြည့်ရှုရသော ရုပ်သံလိုင်းတစ်ခု ဖြစ် ပြီး HD လိုင်းငါးလိုင်း အပါအဝင် လိုင်းပေါင်း (၈၄)လိုင်း ထုတ်လွှင့်ပြသနေသည်။

ှုSkyNet ရုပ်သံလိုင်းအနေဖြင့် လာမည့် နှစ်မှစတင်၍ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ဦးတည်း မူပိုင် ထုတ်လွှင့်ခွင့် သုံးနှစ် ရရှိ ထားပြီး၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ များကိုလည်း မူပိုင်ထုတ်လွှင့်ခွင့် ရထားသည်။ မန်ချက်စတာ ယူ နိုက်တက်အသင်းပိုင် MUTV ရုပ်သံ လိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း (၅၆) နိုင်ငံတွင် ပြသနေပြီး နိုင်ငံတကာရုပ်သံလိုင်း (၂၂) လိုင်းနှင့် တရားဝင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

Credit : http://www.mizzimaburmese.com/news/sport-new/12220--mutv-skynet-.html

တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား



ဇွန်လ ၁၃ ရက်နေ့တွင် သံဃာ အစည်းအဝေးတခုမှ “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ကန့်သတ်ဥပဒေကြမ်း” တခုကို ထုတ်ပြန်ကြေညာလိုက်သည်။ အတိုကောက် “အမျိုးစောင့် ဥပဒေ” ဟု သိကြ သည်။

မြန်မာနိုင်ငံ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ဂယက်ထ၍သွားသည်။ ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်။ ဖေ့စ်ဘွတ်ခ်တွေ ၀က်ဘ်ဆိုက်တွေမှာ၊ ဂျာနယ်စာမျက်နှာများပေါ်မှာ သဘောထား အမျိုးမျိုး ထုတ်ဖော်လာကြသည်။ ထိုဂယက်မှ မတည်ငြိမ်သေးခင်မှာ တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်ကာ “ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရဲ့ မျက်နှာစာ” ဟု ကင်ပွန်းတပ်လိုက်သည်။ အထဲတွင်လည်း “ဗုဒ္ဓဘာသာဝင်များ ဆိုးလေသောအခါ” ဟူသောအမည်ဖြင့် ဆောင်းပါးရှည်တစောင်ရေးလိုက်ရာ ပြဿနာမှာ မီးလောင်ရာလေပင့် ဖြစ်သွားတော့သည်။


ကျနော်သည် အယူအဆရေးရာနှင့် ပတ်သက်လာလျှင် လက်ဝဲ၊ လက်ယာ မည်သည့် အစွန်းရောက်မှုမျိုးကိုမှ လက်သင့်ခံသူ မဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွင် သြဇာရှိသူတဦး မဟုတ်သော်လည်း၊ အများယောင်တိုင်း လိုက်ယောင်လေ့မရှိဘဲ အရာရာကို အကောင်းဖက်မှ ရှုမြင်ကာ မျှတသောအမြင်ဖြင့် တင်ပြနိုင်ရန် ကြိုးစားလေ့ရှိပါသည်။ ဦးဝီရသူ၏ လုပ်ရပ်တချို့ကို မထောက်ခံနိုင်ပါ။ ယခု မျိုးစောင့်ဥပဒေလို ကိစ္စမျိုးမှာတော့ စေတနာလွန်ကာ တပ်ဦးကျွံနေသည် ဟုသာမြင်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို သူချစ်ခင်ကြောင်း သံသယဖြစ်စရာမလိုပါ။ အမှုကိစ္စတခုကို ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိဖို့ရန်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီရုံမက အများစု ထောက်ခံမှုရရန်လည်း လိုအပ်ပါသည်။ ဒီလို (အမျိုးစောင့် ဥပဒေ) အရေးကြီးသော ကိစ္စမျိုးကို ဆောင်ရွက်မည်ဆိုလျှင်၊ ကိုယ့်ထက် သမ္ဘာရင့် ၀ါရင့်သော ဆရာတော် သမားတော်ကြီးများကို အရင်လျှောက်ထားကာ အကြံဥာဏ်ပေးမှု လမ်းညွှန်မှုကို ခံယူသင့်ပါသည်။

သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

မည်သို့ဆိုစေ အင်မတန် အရှိန်အ၀ါကြီးမားကာ ကျနော် ကိုယ်တိုင် အစဉ်အဆက်လေးစား၍ အမြဲဖတ်ရှုနေရသည့် မဂ္ဂဇင်းကြီးတခုက မလျော်ကန်သော အသုံးအနှုန်းများဖြင့် စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ဦးဝီရသူသည် အစဉ်အလာကြီးမားပြီး မြန်မာ သာသနာဝင်သမိုင်းမှာ အမည်ကြားရုံနဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားရသော မစိုးရိမ် (မန္တလေး) တိုက်သစ်က စာချ ဆရာတော်ဖြစ်ပါသည်။ သွေးအထပ်ထပ်စွန်းနေသော ၉/၁၁ ၏ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲ။ ထို့ပြင် ငြိမ်းချမ်းစွာ တရားတော်နဲ့ အညီ ၀ိနည်းသိက္ခာနဲ့ နေထိုင်တော်မူတဲ့ ရဟန်းသံဃာ ၅ သိန်း နဲ့ ငြိမ်းချမ်းစွာ မေတ္တာ သီလနဲ့ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင် များ အားလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်။

“ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့ တရားတွေဟောနေတဲ့မြန်မာနိုင်ငံ” … “အခြားဘာသာ ၀င်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး” ဆိုတဲ့ Hannah Beech ရဲ့ အသုံးအနှုန်းတွေက ဒီအချက်ကိုထင်ရှားစေပါသည်။ ဦးဝီရသူတို့ အုပ်စုကိုသာမက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်”လို့ ကမ္ဘာက အထင်အမြင်လွဲအောင် သုံးသပ်ပြပြီး အစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှား သတင်းထုတ်ပြန် နေတာကိုလည်း လစ်လျူရှုပြီး “သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါသည်။

နောက်ပိုင်းမှာတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီး သဘောပေါက်လာပါသည်။ သူက သီရိလင်္ကာနဲ့ ထိုင်းတောင် ပိုင်း အစွန်းက အဖြစ်အပျက်တွေကို ထုတ်ပြပြီး အဲဒီနေရာတွေမှာပါ လူနည်းစု မူဆလင်တွေဟာ ဖိနှိပ် ညှင်းပန်းမှုဒဏ် ခံနေရပါတယ်လို့ ရေးလိုက်သည်။ ထိုင်းတောင်ပိုင်း ပတ်တနီ၊ လာခ်မောင်း၊ နာရာသီဝက် စတဲ့ဒေသတွေဟာ မြန်မာနိုင်ငံ ဘူးသီးတောင်၊ မောင်တော အဖြစ်မျိုးနဲ့ ကြုံနေရသည်။ အဲဒီဒေသတွေမှာ မူဆလင် ၈၀ ရာခိုင်နှုန်း ရှိသည်။ အဲဒီ ဒေသမှာ ဒေသမှာ ၀န်ထမ်းတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် သူတို့တွေကို တိုက်ခိုက်ရာက ဘုန်းကြီးတွေပါ ပစ်မှတ် ဖြစ်လာသည်။ ဒါကြောင့် အစိုးရက ပြည်သူ့စစ်ဖွဲ့ပေးထားရပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အခါ ဘေးက ကာကွယ် ဖို့ လိုက်လံစောင့်ရှောက်ရသည်။

အဲဒါကိုပဲ Hannah Beech က “စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ” လို့ ပုတ်ခတ်လိုက်ပြန်ပါသည်။ လာခ်မောင်း က ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျောင်းလုံခြုံရေးအတွက် စခန်းချနေထိုင်တဲ့ စစ်သားတွေ ရှိနေတာကို ရည်ရွယ်တာပါ။ နောက် သီရိလင်္ကာနဲ့ ပတ်သက်ပြီး “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီလ်ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်း ပြီးတဲ့နောက် လူနည်းစုတွေဖြစ်တဲ့ မူဆလင်နဲ့ ခရစ်ယန်တွေဘက်ကို မျှားဦးလှည့်လာတယ်” လို့ ရေးလိုက်ပြန်ပါသည်။

တမီလ်ကျားသူပုန်တွေကို ရှင်းလင်းတာ အစိုးရ လက်နက်ကိုင် တပ်မတော်မှန်း တကမ္ဘာလုံးသိပါသည်။ အဲဒါကို တိုင်းမ်ရဲ့ အကြီးတန်း သတင်းထောက်ကတော့ သိဟန်မတူဘဲ “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်” လို့ ရေး တာလဲ အံ့သြစရာပါပဲ။ နောက်ဆုံးတော့ သူဆိုလိုချင်တဲ့ အချက်ဟာ ဘာဆိုတာ ထင်ရှားလာပါသည်။ သူ့ ဆောင်းပါး တနေရာမှာ ရေးလိုက်တဲ့ “အစွန်းရောက် ဗုဒ္ဓဘာသာဟာ အာရှရဲ့ ဒေသ အများစုမှာ ပေါ်ထွက်လာနေပါတယ်” ဆိုတဲ့ အချက် ဖြစ်ပါသည်။ အစွန်းရောက် ဘာသာတရားတခုလို့ ဗုဒ္ဓဘာသာကို ဇွတ်အတင်းဆွဲညှိလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာရှိတယ် လို့ ထင်ရတဲ့ Time မဂ္ဂဇင်းက ဘာကြောင့် ဒီအကြောင်းကို ရှေ့တန်းတင်ပြီး ဒီလိုအချက်အလက် မခိုင်မာ၊ အဆင့်အတန်းမရှိတဲ့ စွတ်စွဲချက်တွေ ပြည့်နှက်နေတဲ့ ဆောင်းပါးမျိုးကို အသုံးပြုခဲ့ရတာလဲ။ သေသေချာချာ မစိစစ်ဘဲ ဒီဆောင်းပါးကို ထောက်ခံတယ် ပြောနေတာဟာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက အကြမ်းဖက်သမားတွေပဲလို့ ၀န်ခံရာရောက်နေတယ် ဆိုတာကိုမှ သဘောပေါက်ကြရဲ့လား မသိပါ။ ဦးဝီရသူ နဲ့ ကျနော် ဘယ်လိုမှ မပတ်သက်ပါ။ သူတို့ အုပ်စုကိုလည်း အကာအကွယ်ပေးရန် ရေးခြင်းမဟုတ်ပါ။ မြန်မာတနိုင်ငံလုံးက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ကိုယ်စား ဒီဆောင်းပါးနဲ့ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်လိုက်ပါသည်။

Credit : http://burma.irrawaddy.org/archives/42866

ကြံ့ခိုင်ရေးပါတီ အစည်းအဝေး ဒီမိုကရေစီနှင့် ရင်ကြားစေ့ရေး အတွက် မူဝါဒ မထုတ်ပြန်နိုင်



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင် ရေးပါတီ) က ပထမဆုံးသော ဗဟိုအလုပ်အမှု ဆောင် ကော်မတီ အစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တိကျ ရှင်းလင်းသော မူဝါဒ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။


နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ယနေ့ ကျင်းပခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီအရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အရေးကြီးသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အချိုးကျ ကိုယ်စားပြု စနစ် (PR စနစ်) အပါအ၀င် နိုင်ငံရေး ဆိုင်ရာ မူဝါဒများကို တိကျရှင်းလင်းစွာ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ PR စနစ် အသုံးပြုရေးကိစ္စ ဆွေးနွေးဆုံးဖြတ်ပေးရန် တင်ပြထားရာ ကြံ့ခိုင်ရေးပါတီက PR စနစ်နှင့် ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ် နေကြောင်း၊ PR စနစ်အတွက် ဆုံးဖြတ်ချက် မပေးနိုင်သေးကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေး သဘောမျိုးအနေနဲ့ ဆွေးနွေးတာ မဟုတ်ပါဘူး။ ပညာရပ်ပိုင်း ဆိုင်ရာ လေ့လာ ဆွေးနွေးမှုအနေနဲ့ PR စနစ်ကို စာတမ်းဖတ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီ PR စနစ်အပေါ်မှာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် အကျိုးရှိမယ့် အလုပ်တွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဒီနေ့ အစည်းအဝေးသည် ဗဟိုအလုပ်မှုဆောင် ကော်မတီကို လွှဲပေးတယ်လို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက်ကို PR စနစ်နဲ့ ပတ်သက်လို့ရော၊ ကျန်တဲ့ စနစ်တွေနဲ့ ပတ်သက်လို့ရော ဆက်ပြီး ဆုံးဖြတ် ဆောင်ရွက်သွားပါမယ်။ ဒီနေ့ ဆုံးဖြတ်ချက် မချသေးပါဘူး” ဟု ဦးဌေးဦးက ဆိုသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းထောက်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဦးဌေးဦးကို မေးမြန်း ကြသော်လည်း ဦးဌေးဦးက ရှင်းလင်းတိကျသော အဖြေမပေးနိုင်ခဲ့ဟု သိရှိရသည်။

“ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်းဆိုတာကို ကျနော်တို့ ပါတီအနေနဲ့ လုံးဝ လက်မခံပါဘူး။ ဖက်ဒရယ်သည် ပြည်ထောင်စုပါပဲ။ ဖက်ဒရယ်ဆိုတဲ့ သဘောကို ကျနော်တို့ ပါတီသည် ခွဲထွက်တယ်လို့ သဘောမထားဘူး။ ဒါကြောင့် ဒီသဘော ဆောင်သလား မဆောင်သလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်သုံးသပ်နေပါတယ်။ သုံးသပ်ပြီးတဲ့ အချိန်ကျရင်တော့ အဲဒီ သုံးသပ်ချက်တွေ ဒီနေ့ အစည်းအဝေးနဲ့တင် မပြီးပါဘူး။ ဒါနဲ့ ပတ်သက်လို့ အချက်အလက်တွေ၊ စာတမ်းတွေ ကျနော်တို့ ပြုစုတယ်။ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဆွေးနွေးနေတယ်။ ဆွေးနွေး တင်ပြချက်တွေ အားလုံးကို နိုင်ငံတော်နဲ့ ပြည်သူ အကျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ဒီတာဝန်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဆက်ပေးထားပါတယ်။ လောလောဆယ်အနေနဲ့ ဘာလုပ်မယ်၊ ဘာပြင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မရှိသေးဘူး” ဟု ဦးဌေးဦးက ဆက်ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မည်သည့်အချက် ပြင်ဆင်မည်ကို မပြောနိုင် သေးသည့်အပြင်၊ ပြင်ဆင်မည်ဟုလည်း တိကျစွာ ပြောဆိုနေခြင်း မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းပြသည်။

“အခြေခံဥပဒေ ပြင်ဖို့ လိုရင် ပြင်ရမယ်၊ ပြင်ဖို့ မလိုရင် မပြင်ဘူး။ ဘယ်အချက်ကို ပြင်မယ်လို့လည်း မသိသေးဘူး။ အခု အချိန်တော့ ပြောရခက်ပါတယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ လွှတ်တော်မှာ အဆိုတင် ထားတယ်။ ပါတီ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် ပြောတာ ရှင်းရှင်းလေးပါပဲ။ ပြင်ဆင်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်မယ်ဆိုရင် စဉ်းစားလို့ ရအောင် ကော်မတီ ဖွဲ့ပေးပါလို့ သူပြောတာပဲ ရှိတယ်။ ပြင်မယ်ဆိုတာ ကျနော်တို့ ကြားတယ်၊ ဥပဒေ တရပ်ကို ပြင်မယ်ဆိုရင် လွှတ်တော်ကပဲ လုပ်ရမှာပဲ။ လွှတ်တော် အနေနဲ့ ပြင်မယ်ဆိုရင် စဉ်းစားပြီး ပြင်ဆင်နိုင်မယ့် ကော်မတီ သို့မဟုတ် ကော်မရှင် တရပ် ဖွဲ့စည်းပေးပါလို့ သူပြောတာပါ။ ပြင်ချင်လို့ ကော်မတီ ဖွဲ့ပေးပါလို့ အဆိုတင်ခဲ့တာ မဟုတ်ဘူး” ဟု ဦးဌေးဦး က ပြောသည်။

ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမေရိကန် ခရီးစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ရေးပါတီ ညွန့်ပေါင်း အစိုးရဖွဲ့မည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် စောနေသေးကြောင်း ဦးဌေးဦးက ဆက်လက် ပြောဆိုသည်။

“ပါတီဥက္ကဋ္ဌ အမေရိကန်က ပြန်လာချိန်မှာ ကျနော်တို့နဲ့ တွေ့ပါတယ်။ ပါတီ ဗဟိုကော်မတီ ညီလာခံ ကိုလည်း လာတက် ပါတယ်။ အမေရိကန် ခရီးစဉ်မှာ ပါသွားတဲ့ ဦးသိန်းဆွေလည်း ရှိပါတယ်။ ဒီ ညွန့်ပေါင်းအစိုးရ ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တခုမှ ဆွေးနွေးတာ မရှိပါဘူး။ နောက် တခုက ဒီအခြေအနေ ဒီအချိန်အခါမှာ အစိုးရဖွဲ့စည်းဖို့ ပြောရမယ့် အချိန်လား၊ ပြောရော ပြောမှာလား။ ဒါစဉ်းစားကြည့်ပါလို့ပဲ ကျနော် ပြောချင်ပါတယ်။ ဖွဲ့စည်းမယ်ဆိုရင်လည်း စောများ စောနေသလား။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ လုံးဝမဆွေးနွေးဘူး” ဟု ဦးဌေးဦးက ဆိုသည်။

လတ်တလော အငြင်းပွားစရာ ဖြစ်နေသည့် အမျိုးစောင့်ဥပဒေကိစ္စနှင့် ပတ်သက်ပြီး ဖြေဆိုရာတွင် ဦးဌေးဦးက ပြည်သူ အကျိုးပြုသော ဥပဒေဖြစ်လျှင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးစောင့် ဥပဒေအကြောင်း သေချာရေရာစွာ မသိရှိသေးဟု ဆိုသည်။

“ဥပဒေတိုင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ် ဆိုရင် လုပ်ရမှာပေါ့။ ဥပဒေပြုရေး ဆိုတဲ့ တာဝန်ဟာ လွှတ်တော် တွေရဲ့ တာဝန်ပဲ။ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုတဲ့ ဥပဒေ လုပ်ကြမှာပဲ။ အကျိုးရှိဖို့တော့ လိုတယ်။ အကျိုးရှိမယ်ဆိုရင် လုပ်မယ်။ နာမည်ကတော့ ကောင်းပါတယ်။

အမျိုးစောင့် ဥပဒေ ဆိုတော့ နာမည်လေး ကြားရုံနဲ့တော့ အကျိုးရှိမယ်၊ မရှိဘူးဆိုတာ မဆုံးဖြတ်နိုင်ဘူး။ ဘာအချက်အလက်တွေ ပါသလဲဆိုတာ မသိသေးတဲ့အတွက် ကျနော် ပြောလို့တော့ မရဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ကြံ့ခိုင်ရေး ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ရှိနေသည်ဆိုသော သတင်းများကိုလည်း ဦးဌေးဦးက ငြင်းဆိုသည်။

၃ ရက်ကြာ ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ အပါအ၀င် စုစုပေါင်း အင်းအား ၃၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ဦးဌေးဦး ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/42899

ဦးဥတ္တမ ပြတိုက် စစ်တွေတွင် တည်ဆောက်မည်



မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ပြတိုက်တခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ပထမဆုံး တည် ဆောက် မည်ဟု သိရသည်။


ဦးဥတ္တမ ပြတိုက်ကို ဆရာတော် သီတင်းသုံးခဲ့ရာ စစ်တွေမြို့၊ ရွှေစေတီ ကျောင်းဝင်း၌ တည်ဆောက် မည်ဖြစ်ကြောင်း၊ လာ မည့် ဇူလိုင်လတွင် ပြတိုက် အုတ်မြစ်ချ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ပြတိုက်ဖြစ်မြောက်ရေး ဦးဆောင်သူ ရွှေစေတီ ကျောင်း ဆရာတော် ဦးအရိယာဝံသ က ဧရာဝတီကို မိန့်သည်။

“မြန်မာ့လွတ်လပ်ရေးမှာ ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် ဆရာတော်နဲ့ပတ်သက်တာတွေ မြန်မာနိုင်ငံမှာ ဘာမှမရှိတော့ ဘူး၊ ဂျပန်နိုင်ငံမှာဆိုရင် ဆရာတော် စာပြခဲ့တဲ့ကျောင်းနဲ့ ဆရာတော် ပြတိုက်ရှိတယ်၊ ဒါတွေကို ဂျပန်တွေက ထိန်သိမ်းထား ကြတယ်၊ ဒီတော့ မြန်မာနိုင်ငံမှာလည်း ဆရာတော်ရဲ့ ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ ပြတိုက်တခု ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တည်ဆောက်ဖို့ စီစဉ်တာပါ”ဟု ဆရာတော် က မိန့်ဆိုသည်။

ပြတိုက်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရရှိရန် ဆရာတော် ဦးဥတ္တမ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့ပုံ၊ တိုင်းပြည်နှင့်လူမျိုး အတွက် စွန့်လွှတ်အနစ်နာခံခဲ့ပုံ စသည့် ဆရာတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုများအား မျိုးဆက်သစ်လူငယ်များ သိရှိစေ ရန် ရည်ရွယ်၍ ဗီစီဒီ အခွေထုတ်လုပ် ဖြန့်ချိရောင်းချနေကာ ထိုငွေများကို ဦးဥတ္တမ ပြတိုက်အတွက် အသုံးပြုသွားမည်ဟု သိရသည်။

“ပြတိုက်အတွင်းမှာ ဆရာတော်နဲ့ပတ်သက်တဲ့ အရာဝထ္ထုတွေ၊ သမိုင်းတွေကို အများပြည်သူ လေ့လာနိုင် အောင် စနစ်တကျ ပြသထားမယ်၊ ပြတိုက် တခုလုံးအတွက် ကျပ်သိန်း ၂ ထောင်ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဦးအရိယာ ၀ံ သ က မိန့်သည်။

ဆရာတော် ဦးဥတ္တမ၏ ပြတိုက်နှင့်ဆရာတော် စာသင်ခဲ့သော စာသင်ကျောင်းကို ဂျပန်နိုင်ငံ၊ နာဂိုယာ မြို့၌ စနစ်တကျ ထိန်း သိမ်း စောင့်ရှောက်ထားကြောင်း၊ သာမန်ပြတိုက် ပုံစံမျိုးမဟုတ်ဘဲ တကမ္ဘာလုံးမှ ခရီးသွားများ၊ ကျောင်းသား လူငယ်များ လေ့လာစရာ နေရာတခုအဖြစ် ဆောင်ရွက်ထားကြောင်း နာဂိုယာမြို့သို့ သွားရောက်လေ့လာခဲ့သူ နိုင်ငံရေး အကျဉ်း သားဟောင်း ဆရာတော် ဦးဇ၀န က ဧရာဝတီ ကို မိန့်သည်။

၎င်းက“ဆရာတော် ဦးဥတ္တမ ကို အာရှနေ၀န်းလို့ ဘာကြောင့် ခေါ်တယ်ဆိုတာ အရင်ကမသိခဲ့ဘူး၊ ဆရာတော်ဟာ မြန်မာပြည် အတွက်သာမက အာရှတိုက်တခုလုံး က အဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ဖို့ လမ်းပြပေးခဲ့တဲ့အတွက် အာရှနေ၀န်း လို့ ခေါ်တာပါ”ဟု ဦးဇ၀နက ဆိုသည်။

ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်ရောက်စဉ် မြန်မာပြည်မှ ကျောင်းသားများ၊ တရုတ်ပြည်မှ ကျောင်းသားများ စသည့် အာရှဒေသများမှ ကျောင်းသားများကို ဂျပန်ပြည်သို့ ခေါ်ဆောင်၍ ပညာများသင်ပေးခဲ့ကြောင်း သိရသည်။

မိမိတို့နိုင်ငံမှ အလေးမထားသည့် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်တဦးအား တခြားနိုင်ငံတွင် အမြတ်တနိုးဖြင့် ဂုဏ်ပြု တန်ဖိုးထားသည်ကို တွေ့ခဲ့ရသည့်အတွက် ဂုဏ်ယူကြောင်း၊ ဆရာတော် နှင့်ပတ်သက်သော အရာများကို ထုတ်ဖော်၍ သမိုင်း အထောက်များဖြင့် စနစ်တကျထိန်းသိမ်း သင့်ကြောင်း၊ ယခုတည်ဆောက်မည့် ပြတိုက် သည်ပင် နောက်ကျနေသည်ဟု ယူ ဆကြောင်းလည်း ဆရာတော် ဦးဇ၀န က မိန့်သည်။

၎င်းက“တကယ်တော့ ဦးဥတ္တမဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား နိုင်ငံရေးကို ပထမဆုံး လမ်းပြခဲ့တဲ့ မူလပိုင်ရှင်ပါ၊ ဒီလိုပုဂ္ဂိုလ်ရဲ့ သမိုင်းကို မှေးမိန်အောင် လုပ်ပြီးတော့ ထင်ပေါ်တဲ့သူတွေကိုပဲ ဖော်ထုတ်နေတာ တွေ့ရတယ်၊ ဗိုလ်ချုပ် အောင်ဆန်းတို့ က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှာ နောက်မှ ပေါ်လာတဲ့ ပုဂ္ဂိုလ်တွေပါ”ဟု ဆရာတော် က မိန့်ဆိုသည်။

ဦးနေ၀င်း အစိုးရလက်ထက်မှ စ၍ စစ်အစိုးရများသည် ဆရာတော် ဦးဥတ္တမနှင့်ပတ်သက်သည့် အကြောင်းအရာ အားလုံးကို ဖျောက်ဖျက်ကာ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အနီးရှိ ဦးဥတ္တမ ပန်းခြံကို ကန်တော်မင်္ဂလာ ပန်းခြံဟု အမည်ပြောင်းလဲ၍ ပန်းခြံ ၀င်းထဲရှိ ဆရာတော်၏ ကြေးရုပ်တုကိုလည်း ဖျောက်ဖျက်ခဲ့သည်။

ယခုအခါ ထိုရုပ်တုအား ပန်းခြံထဲ၌ ယခင်အတိုင်း ပြန်လည်ထားရှိရန် ဇွန်လ ၂၂ ရက်ကပြုလုပ်သော“မြန်မာ့ လွတ်လပ်ရေး ဦးဆောင်ဆရာတော် ဦးဥတ္တမ၏ မြန်မာ-ဂျပန် (နာဂိုယာ) ချစ်ကြည်ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့်” အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဆရာတော် ဦးပဏ္ဍိတ က အကြံပြု မိန့်ကြားခဲ့ကြောင်း သိရသည်။

ဆရာတော်နှင့်ပတ်သက်သော အခမ်းအနားများကိုလည်း အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားခဲ့ပြီး ဆရာတော် အတွက် ရည်စူးဆွမ်းကပ်သူများကိုလည်း စစ်အစိုးရက ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဦးသိန်းစိန် အစိုးရ အာဏာရလာပြီး နောက် ဆရာတော်နှင့်ပတ်သက်သော အခမ်းအနားများကို လွတ်လပ်စွာ လုပ်ခွင့်ရကာ ပြည်နယ် စိုးရ အာဏာပိုင်များ ကိုယ် တိုင် ဆွမ်းကပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေစေတီကျောင်း ဆရာတော် ဦးအရိယာဝံသ က မိန့်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း တက်လာသည့် စစ်အစိုးရများသည် နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော သံဃာတော်များ၊ အာဇာနည် သူရဲကောင်းများကို မျိုးဆက်သစ်များက ဂုဏ်ယူအားကျလာမည်ကို မလိုလားကြောင်း၊ ဦးဥတ္တမ ကဲ့သို့ ရဲရဲတောက် သံဃာတော်များကို မျိုးဆက်သစ် သံဃာများက အတုယူ၍ အာဇာနည်များ ထပ်မံပေါ်လာမည်ကို စိုးရိမ်ကြောင်း၊ အစိုးရ ၏ မတရား ဖိနှိပ်မှုများကို တွန်းလှန်မည်ကိုလည်း မလိုလားသည့်အတွက် အာဇာနည် သူရဲကောင်းတို့၏ သမိုင်းများကို ဖျောက် ဖျက်ရန် စစ်အစိုးရ အဆက်ဆက်က ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ဦးဇ၀န က မိန့်ဆိုသည်။

ဆရာတော် ဦးဥတ္တမအား စစ်တွေမြို့ ရူပမြောက်အရပ်၌ ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ သက်တော် ၆၀ တွင် ဘ၀နတ်ထံ ပျံလွန် တော်မူသည်။

စစ်တွေမြို့ရှိ ဦးဥတ္တမရုပ်တု (ဓာတ်ပုံ – Kumara)

http://burma.irrawaddy.org/archives/42894

တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ



၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်း မဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကို သမ္မတရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။


ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက် ထုတ်ပြန်ရသည်၊ ကြေညာချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး- အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ- ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ ရေးသား ချက်တွေဟာ ကျနော်တို့ ဗုဒ္ဓသာသနာကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက် နေခြင်းကို ထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။

မေး- တိုင်းမ်မဂ္ဂဇင်းကို အစိုးရအနေနဲ့ကန့်ကွက်လိုက်တော့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဦးဝီရသူ ဘက်ကနေပြီးတော့ ထောက်ခံရပ်တည်တဲ့ သဘောမျိုးဖြစ်နေမလား။

ဖြေ- မဆိုင်ပါဘူးဗျ။ ရေးထားတဲ့ အထဲမှာကြည့်ရင် ဦးဝီရသူဘက်ကနေမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာ ဟာလည်း သိမ်မွေ့နက်နဲတဲ့ နူးညံတဲ့ ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခ တွေကို ကာကွယ်ဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်နေတဲ့ အချိန်မှာ ရေးသားလာတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်ဗျ။

မေး- သမ္မတရုံးရဲ့ ကြေညာချက်က ၉၆၉ က ငြိမ်းချမ်းတဲ့သင်္ကေတ ဖြစ်တယ်ဆိုတာမျိုးရေးထားတော့ အစိုးရအနေနဲ့ ၉၆၉ ကို တရားဝင် အသိအမှတ်ပြုလိုက်တာလား။

ဖြေ- စာပိုဒ်ကို သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဲဒီစာပိုဒ်မှာက ကျနော်တို့က ပြောတာမဟုတ်ဘူး။ ဟို သံဃာ့အစည်းအဝေးကနေပြီးတော့မှ ပြောတယ်လို့ ကျနော်တို့ ပြန်ကုတ်လုပ်ထားတာပါ။ တိုင်းမ်မဂ္ဂဇင်း မူရင်းဆောင်းပါးမှာက ၉၆၉ နဲ့ပတ်သက်လို့ သူရေးထားတာတွေရှိတယ်။ ဒါကြောင့်မိုလို့ ၉၆၉ အမှတ်တံဆိပ်ကို အလွဲသုံးတဲ့လူ ရှိရင်ရှိမယ်။ သို့သော် မူလဆရာတော်တွေကတော့ ဒီလိုပြောထားပါတယ်ဆိုတာကို ပြန်ကုတ်လုပ်ထားတာပါ။ခင်ဗျား သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။

မေး- ဆိုတော့ အစိုးရအနေနဲ့ ၉၆၉ ကို အသိအမှတ်မပြုသေးဘူးလို့ ပြောချင်တာလား။

ဖြေ- ကျနော်တို့က ၉၆၉ တံဆိပ်ရှိနေတယ်။ ၉၆၉ နဲ့တံဆိပ်နဲ့ ပတ်သက်လို့ ဆောင်းပါးမှာ ရေးတဲ့ဟာ တွေက မူလလူတွေက ကာယကံရှင်တွေက ပြောထားတာ တစ်မျိုးဖြစ်တယ်ဆိုတာ ကျနော်တို့ပြန်ထောက်ပြတာပဲ ရှိပါတယ်။

မေး- အခု ၉၆၉ နဲ့ ဦးဝီရသူတို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေဆိုတာကိုရော သိလား။ အစိုးရက ဘယ်လို သဘောထားလဲမသိဘူး။

ဖြေ- ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါတွေက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်အတိုင်းပဲ သူတို့ရဲ့သဘောထားကို သူတို့ ဖော်ထုတ်ပြောဆိုနေတာပဲလေ။ အမျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့လည်း အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဆန္ဒဖော်ထုတ် နေကြတာလည်း ရှိပါတယ်။ ကျနော်တို့က အဲသလိုပဲ သဘောထားပါတယ်။

မေး- အစိုးရအနေနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေကို ဆန့်ကျင်ထိန်းချုပ်ဖို့ တားဆီးကာကွယ် ပေးဖို့ အစီအစဉ် ရှိပါသလား။

ဖြေ- ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၄ မှာ အတိအကျ ဖော်ပြထားပြီးပြီပဲ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတဲ့ အကြောင်းလေ။ ဘာသာတရားတိုင်းကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ပြီးပြီပေါ့ဗျာ။

မေး- အခုလို အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို တရားဝင်ကန့်ကွက်လိုက်ပြီဆိုတော့ ပြည်တွင်းမှာ တရားဝင်ထုတ်ဝေခွင့် ပိတ်ပင်မှာလား။

ဖြေ- ကျနော်တို့က နံပါတ် ၁ ကတော့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောတာပေါ့နော်။ ဆောင်းပါးပါတဲ့ မဂ္ဂဇင်း Issue ကိုတော့ သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထားအမြင်ကိုလဲ တောင်းထားပါတယ်။

မေး- ဒါဆို တိုင်းမ်းမဂ္ဂဇင်းကို ပိတ်သင့် မပိတ်သင့်ကို သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထား အကြံပြုချက်အပေါ်မှာ စဉ်းစားမှာပေါ့။

ဖြေ- မှန်ပါတယ်။

မေး- တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ကြောင်း အစိုးရထုတ်ပြန်ချက်က အင်္ဂလိပ်လို့ ဘာလို့ မထုတ်တာလဲ။

ဖြေ- မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစကားကိုး။

မေး- ထုတ်ပြန်ချက်မှာလည်း ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတယ်လို့ ရေးထားပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှ မလိုက်ဘဲနဲ့ ကြားမှာရပ်တယ် ဆိုတဲ့ အနေအထားမျိုး ပြသနိုင်အောင် ဘာလုပ်မလဲ။

ဖြေ- သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလဲ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။ လူတိုင်းဟာ ဥပဒေနဲ့အညီ မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတရားကို ကျင့်သုံးခွင့်ရှိတယ်။ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်။ တခြားဘာသာကိုသွားပြီးတော့ အကြမ်းဖက်ဆက်ဆံတာမျိုးကိုလည်း ကျနော်တို့က လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကြီးလည်း ဒီအကြောင်းကို မိန့်ခွန်းအကြိမ်ကြိမ် ပြောပြီးသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဖော်ပြထားပြီး ဖြစ်ပါတယ်။

မေး- ဘာသာရေးဆိုတာ ထိလွယ်ရှလွယ်တော့ ဘယ်လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုလို့ သတ်မှတ်ပြီး ဘယ်လို အရေးယူမလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ရှိပါသလား။

ဖြေ- အခုလို နားလည်မှု တည်ဆောက်နေတဲ့အချိန်မှာ Social မီဒီယာတွေမှာလည်း အပြန်အလှန် ပုတ်ခတ်ရေးသားနေကြတယ်။ ဘာပဲပြောပြော Tension မြင့်သွားနိုင်တဲ့ အခြေအနေမိုလို့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်မရေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

Credit : http://blog.irrawaddy.org/2013/06/blog-post_5884.html

အင်းစိန်ရွာမ ညီလာခံသို့ ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်



TIME-မဂ္ဂဇင်းပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပမှ ရဟန်းရှင်လူ ပြည်သူအများ၏ အားပေး စကားများကြောင့် ဦးပဉ္စင်းဝီရသူ ပို၍ပင် အားရှိ အားပြည့် သွားပါပြီ။ သည်အတွက် အထူးပင် ကျေးဇူးတင်မိပါသည်။


ဦးပဉ္စင်းငယ်စဉ် ကျောင်းသားဘဝက တော်လှန်ရေး တရုတ်ဇာတ်ကား ကြည့်ခဲ့ဖူးပါသည်။ တီလုံးနှင့် တော်လှန်ရေး လူငယ်အနဲစုလေးက အင်အား သောင်းချီရှိသည့် ရန်သူများကို ခုခံကာကွယ်နေသည်ကို မကြည့်ရက် မမြင်ရက်သော ဒေးဗစ်ချမ်းက အားနည်းသူ တီလုံးဘက်မှ ဝင်ရပ်တည်လိုက်သည့် အခါ ရန်သူများ ကျဆုံးသွားကြပါသည်။

ဦးပဉ္စင်းဝီရသူကို TIME-မဂ္ဂဇင်းလို လက်နက်ကြီးဖြင့် အနိုင်ကျင့် စော်ကားသည်ကို မကျေနပ်ကြသော ကြောင့် မဖြစ်ဖူးမြဲ၊ ထူးခဲဖြစ်စဉ်တစ်ရပ် အနေဖြင့် ပြည်တွင်းပြည်ပမှ ရဟန်းသံဃာတော်များ၊ ပြည်သူ ပြည်သားများ ညီညွှတ်စည်းလုံးနိုးကြား တက်ကြွလာသည်မှာ မည်သည့် ခေတ်နှင့်မျှ မတူပါ။ ကြည်ညိုလေးစား အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ ဒေးဗစ်ချမ်းများ ပေါ်လာပြီး၊ အမျိုးသားလုံခြုံရေး လှုပ်ရှားမှု အောင်တော့မည်ဟုပင် ခံစားမိပါသည်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပေးကြသော သတင်းမီဒီယာ အားလုံးနှင့် အွန်လိုင်းမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။

ဓမ္မဘက်မှ ရပ်တည်ပေးသော သမ္မတရုံးကြေညာချက်ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

အငိုသန် အချွဲသန်သူတို့၏ ငိုပြ ချွဲပြသည်ကို အဟုတ်ထင်နားယောင်ကာ ကျောင်းပေါ်ထိတက်၍ စော်ကားခဲ့သော Hannah Beech-သူငယ်မခမျာ သနားစရာကောင်းလှပါသည်။ ဦးပဉ္စင်းကတော့ မေတ္တာ မပျက်ပါ။

၂၇-၆-၂၀၁၃-ရက်နေ့တွင် ကျင်းပမည့် အင်းစိန်ရွာမ ညီလာခံသို့လည်း ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ မည်သည့်ခေတ် မည်သည့်အခါနေ့မျှ မတူသော သံဃာထု လူထု၏ စည်းလုံးညီညွှတ် မှုကို ဖူးမြင်ကြည်ညိုရမည် ဖြစ်ပါသည်။

အမျိုးသားရေးဝါဒီ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
၂၄-၆-၂၀၁၃

ပြင်ဦးလွင်တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သိသင့်သိထိုက်သည်များ ဟောပြော



မန္တလေး ၊ဇွန်၂၄ ရက်လေး ၊ဇွန်၂၄ ရက်
မန္တလေး ၊ဇွန်၂၄ ရက်

၂၀၀၈ ဖွှဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူများ သိသင့်သိထိုက်သည့် အချက် အလက် များ ကိုတရားရုံးချုပ်ရှေ့နေဦးကိုနီက ဟောပြော ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီးပြင်ဦး လွင်မြို့နယ် အုန်းချောကျေးရွာ အောင်ရတနာခန်းမတွင်ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးမှ ဒီချုပ်အဖွဲ့ဝင်များ၊ မလှိုင်မှ ဒီချုပ်အဖွဲ့ဝင်များ ပြည်သူများ တက်ရောက်ကြသည်။

Popular Myanmar News Journal

တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျ မြန်မာနှင့် ရှေးကပင်ရေစက်ရှိခဲ့ဘူးသည်


တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျ မြန်မာနှင့် ရှေးကပင်ရေစက်ရှိခဲ့ဘူးသည်
===========================================
By Robert Elhose ၊ ဇွန်လ ၂၃၊ ၂၀၁၃။

ယခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘ့ာသိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။

အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီးအကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့်ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာသင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်ုး အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ "Cyclone Nargis in Burma" ဖြစ်သည်။

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယကြီး ဖြစ်သည့် နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူအကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ်ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန်ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

မုန်တိုင်းကြောင့်သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏ တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအားမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက်သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများစသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက်ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန်တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

ထိုသို့သော အခြေအနေသမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော်ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများအတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာပေးခြင်း ခံခဲ့ရသည်။

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူဖြစ်သည်။

(ရောဘတ်အယ်လ်ဟို့စ်)

ယခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘ့ာသိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။


အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီး အကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာသင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်ုး အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ "Cyclone Nargis in Burma" ဖြစ်သည်။

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယကြီး ဖြစ်သည့် နာဂစ် မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူ အကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ် ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန်ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

မုန်တိုင်းကြောင့်သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏ တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအားမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက် သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများစသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက်ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန် တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

ထိုသို့သော အခြေအနေသမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော်ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများအတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာပေးခြင်း ခံခဲ့ရသည်။

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူ ဖြစ်သည်။

(ရောဘတ်အယ်လ်ဟို့စ်)

Credit : Myawady News

ကြံ့ခိုင်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် PR စာတမ်းဖတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ အများစု ကန့်ကွက်ထားသော အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် စာတမ်းနှစ်စောင် ဖတ်ကြားခဲ့ကြောင်း အဆိုပါ ပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက The Voioce သို့ပြောကြားသည်။


အဆိုပါ ညီလာခံကို ဇွန်လ ၂၂ ရက် နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) နှင့်ပတ်သက်ပြီး အဓိက ထား ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) စာတမ်းများကို အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပါတီဗဟို ကော်မတီ အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ပါတီဗဟိုကော်မတီ က PR စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးနေကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

“PR စနစ်ကို ဆွေးနွေးတာတော့ မှန်တယ်၊ လွှတ်တော်မှာ အတည်ပြုဖို့ မပြုဖို့တော့ ဆုံးဖြတ်ချက် မချရသေးဘူး”ဟု ၎င်းကရှင်းပြသည်။

ဒီမိုကရေစီစနစ် မရင့်ကျက်သေးသည့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ စနစ်ကို ရှုပ်ထွေးစေနိုင်သော PR ကို ကျင့်သုံးမည် ဆိုပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ငါးပါတီနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက PR စနစ် ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့ပြီး ယင်းစနစ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြသည်။

PR စနစ်ကို အတည်ပြုပေးရန် ရွေးကော်ပွဲ ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် လွှတ်တော်သို့ တင်ပြထားကြောင်း ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီး အဆိုပါစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အတည် မပြုနိုင်ပါက ပြည်သူများကို ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ကိုင်ရန် အချိန် မရှိတော့သဖြင့် လက်ရှိစနစ် အတိုင်းသာ ဆက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားပြီး ဖြစ်သည်။

တော်ဝင်ဆုထူးပန်တာဝါ ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့ အပြန်အလှန်ရှင်းလင်း


dwwws-june24

တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာ များ အား ရှင်းလင်းခဲ့ကြောင်း သိရသည်။


"အန်တီဝါပိုင်တဲ့ မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက်အအုံ) ဆောက်ဖို့ Father Land ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့ အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ စရန်ငွေကျပ်သိန်း ၁၀၀၀ ပေးတယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀ ထပ်ပေးခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကိုလည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။ သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်းကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။ ဒါပေမဲ့ ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁ ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။

"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန်တာဝါရှေ့ မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီနားမှာနေတဲ့ သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ဘာသာအရ လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲဆိုပြီး တွေးခဲ့တယ်။ နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။ နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။ သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ အင်းကွက်တွေချထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ 

အဲဒါနဲ့ နောက်တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင် လုပ်သလားလို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစား ကြည့်ပါ။ ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။ အဲဒီမှာသူက ဒီအဆောက် အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။ အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ဆက်လက်ရှင်းပြခဲ့သည်။

လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ် ပေးချေထားသည့် ငွေများအား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ ဦးသန်းဋ္ဌေးမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍ ပြန်ပေးဖို့ သဘောတူညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း ၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေအဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ ဆက်လက်ရှင်းပြခဲ့သည်။

ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံသူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင် မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည် ဖြစ်သည်ကို အကြောင်းပြန်ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။

fatherland-june24

ဇွန် ၂၂ ရက်က Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှင်းလင်းနေစဉ်

"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့ ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့ ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်းအပ်နှံသူက ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန် ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့ သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါတယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို ရှောင်နေတယ်။ သူမတရားလုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။ ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့် အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့ ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့ တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန်တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ၂၄ နာရီအတွင်း ထွက်ခွာပေးရန် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

news-eleven.com