Monday, June 24, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ICON များ အဆင့်ဆင့်ပြောင်းလဲခြင်း



၁၉၈၈ ခုနှစ်လူထုတော်လှန်ရေးမှသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ ဒေါ်အောင် ဆန်း စုကြည်မှာ နိုင်ငံတကာအသိအမှတ်ပြု Democracy Icon ဖြစ်ခဲ့သည်။

၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးသည့်အချိန်မှ ၂၀၁၃ မဟာသင်္ကြန်မတိုင်မီကာလ အထိ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့စီးပွားရေး သမား များ၏ Commercial Icon ဖြစ်ခဲ့သည်။

၂၀၁၃ခုနှစ်မဟာသင်္ကြန်ပြီးကာလမှ ၂၀၁၃ခုနှစ်ဇွန် ၁၉ ရက်နေ့ အထိ ကာလအတွင်း မြန်မာနိုင်ငံအနှံ့  ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးအသီးသီး၏ Donation Icon ဖြစ်ခဲ့ရသည်။

ဖဆပလ လက်ထက်ကာလအတွင်း ပုဇွန်တောင်အမှတ်(၆)ရပ်ကွက် တပ်မြေ အရပ်တွင် ၀န်ကြီးချုပ် ဦးနုက ရခိုင်လေဘေးအတွက် ၀ါးကျည်တောက်ဖြင့် အလှူခံခဲ့သလို ပုဇွန်တောင် မြို့ နယ် NLD ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကို အကြောင်းပြ၍ အလှူ ခံလျှက်ရှိသည် ။


သံဃာတော်များ၏ အမျိုးသားရေးလုပ်ရပ် NDF ထောက်ခံဟုဆို

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သော သံဃာတော်များ လုပ်ရပ် ထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဇွန် ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ဝ၆ (ခ)ပါ ဘာသာ၊ သာသနာနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေး များ ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေ ပြုခြင်း တို့ကို မတားမြစ်ရ ဆိုသည့် အပိုဒ်ကို ကိုးကားပြီး သံဃာတော်များ၏ လုပ်ရပ် သည် ကောင်းမြတ် သော အစဉ်အလာကို အတုယူသဖြင့် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အတွင်း သံဃာတော်အချို့ လှုံ့ဆော်စည်း ရုံးနေသော မျိုးစောင့်ဥပဒေကြမ်း ကိစ္စကို တိုက်ရိုက်ထောက်ခံခြင်း သဘောမျိုး ဖော်ပြထားခြင်းမရှိခဲ့ပေ။

တိုင်းမ်မျက်နှာဖုံးပါ ဆောင်းပါးကိုလည်း မှားယွင်းတဲ့စွပ်စွဲရေးသားမှုအဖြစ် ပြင်းထန်စွာ ကန့်ကွက်ကြော င်း ကြေညာချက်မှာဖော်ပြခဲ့သည်။ မြန်မာအစိုးရက အလားတူ ကန့်ကွက်ကြောင်း ကြေညာပြီး တစ်ရက် အကြာမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ကန့်ကွက်လိုက်ခြင်းဖြစ်သည်။ သို့သော် လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို အလေးမထားသော ခွဲခြားဆက်ဆံမှုများကိုလည်းလုံးဝ လက် မခံ ဟု ဖော်ပြထားသည်။

Kamayut Media

သံရုံးသွားသည့်လမ်းခရီး မလုံခြုံသဖြင့် မလေးရှားရောက်မြန်မာအချို့ ပုန်းနေကြဆဲ

နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် မလေးရှားရောက် မြန်မာများ မိခင်နိုင်ငံသို့ပြန်ရန် မြန်မာသံရုံးက ထောက်ခံ ပေးနေ ကြောင်း အစိုးရကပြောထားသော်လည်း သံရုံးသို့သွားသည့် ထိုလမ်းခရီးမလုံခြုံ၍ ပုန်းနေကြ သူများရှိနေကြောင်း မလေးရှားမှ ပြန်လာသူ ကိုဝေအောင်သိန်းကပြောသည်။


သံရုံးသို့လာသည့်မြန်မာများကို မလေးရှားရဲများကဖမ်းဆီးစစ်ဆေးကြပြီး နိုင်ငံကူးလက်မှတ်ရှိသူများကို ပြန်လွှတ်ပေး သော်လည်း မရှိသူများကိုမူ ဖမ်းဆီးထောင်ချသ ဖြင့် သံရုံးသို့သွားရန်ပင် အခက်အခဲရှိနေ သည်ကို သူကရှင်းပြသည်။

ကိုဝေအောင်သိန်းသည် မလေးရှားမှ မြန်မာနိုင်ငံသို့ ဇွန် ၂၂ ရက်က ပြန်ရောက် လာသူဖြစ်ပြီး ၎င်းအပါအဝင် ကွာလာလမ်ပူမြို့မှစက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် မြန်မာခြောက်ဦးသည် အကြမ်းဖက် ခံခဲ့ရပြီး ဒဏ် ရာများရခဲ့ကြသဖြင့် လက်ရှိတွင် ရန်ကုန်ရှိ ဝိတိုရိယဆေးရုံ၌ ဆေးကုနေကြ သည်။

''အကြမ်းဖက်သူတွေရဲ့အန္တရာယ်လည်း နေရာအနှံ့ရှိနေတဲ့အတွက် မသွားရဲကြဘဲ ပုန်းနေရတဲ့ သူတွေအများကြီး ရှိပါ တယ်''ဟု သူကဆိုသည်။

ကိုဝေအောင်သိန်းတို့အဖွဲ့သည် အကြမ်း ဖက်ခံရသည့် ဒဏ်ရာများကို ကုသရန် မလေးရှားတွင် ဆေးရုံ တက်ခဲ့ရပြီး ထိုကာလ အတောအတွင်း ဆက်သွယ်လာကြသည့် မြန်မာများက ၎င်းတို့ကို ပြောကြား သည်များ သူကပြန်ပြော ပြခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ ဒုညွှန်မှူး ဦးသက်နိုင်ဦးက ထိုသို့ သံရုံးသွားသည့် လမ်း ခရီးတွင် အဆင်မပြေ ပါက မလေးရှားရှိ မြန်မာသံရုံးကို တိုင်ကြားနိုင်သည်ဟု မဇ္ဈိမ ကိုပြောသည်။

''သံရုံးကတာဝန်ရှိသူတွေနဲ့ မလေးရှား အစိုးရနဲ့ပူပေါင်းပြီး ဖြေရှင်းပေးပါလိမ့်မယ်။ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင် ဒုဝန် ကြီးတွေသွားကတည်းက ညှိနှိုင်းခဲ့ပြီးသားပါ။ သံရုံးကအားလုံးဖြေရှင်းနေပါတယ်'' ဟု ရှင်း လင်းပြောကြားသည်။

ကိုဝေအောင်သိန်းသည် အကြမ်းဖက်ခံ ရမှုကြောင့် ဓားဒဏ်ရာရရှိခဲ့သလို ခြေထောက် လည်းကျိုးသွား ခဲ့ရပြီး သူနှင့်အတူ အကြမ်း ဖက်ခံရသည့် ကိုခင်မောင်ဝင်း၊ ကိုထွန်းစိုး သိန်း၊ ကိုသန်းကျော်လှိုင်၊ ကိုအောင်နိုင်ဝင်း၊ ကိုအောင်မင်းဌေး တို့အားလုံးသည် ဒဏ်ရာ အများအပြားရရှိခဲ့သည်။ ဇွန် ၆ ရက်က သူ တို့အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်လူတစ်စု က အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် မလေးရှားရှိ မြန်မာသံရုံး တွင် နိုင်ငံကူးလက်မှတ်မရှိသဖြင့် နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) လာရောက်လျှောက်ထားသူ ၇ဝဝ ဦးခန့်ရှိကြောင်း မလေးရှားမှ ပြန်လာသူများ က ပြောသည်။

မလေးရှားတွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်ခံရမှုများကြောင့် ပြန်လာကြသူ ၁၆၇ ဦး သည် ဇွန် ၁၅ ရက် နေ့လည်က ရန်ကုန်သို့ စတင်ပြန်ခဲ့ကြသည်။ ပဋိပက္ခများ စတင်ဖြစ်ပွားချိန် မေ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ မလေးရှားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသည့် မြန်မာ ဦးရေမှာ ၃၄ဝဝ ခန့်ရှိသည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်မှုကြီး ကြပ်ရေးဌာန၏ စာရင်းဇယားများတွင် ဖော် ပြထားသည်။

Mizzima News

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့်၊ လုပ်သည့်သူများကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား


Photo: မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့်၊ လုပ်သည့်သူများကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား
Monday, June 24, 2013

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန်အရှိဆုံး ဖြစ်သည်ဆိုကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့် လုပ်သည့် သူများကို ချေမှုန်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်ဟု အဆိုပါ ပါတီပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အတွဲ ၁၊ အမှတ် ၇၈ တွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအတွင်း တက်ရောက်သတင်းယူခွင့် ရရှိထားသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ "မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန်မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးပါလဲ" ဟူသော မေးခွန်းကို ဖြေကြားရာတွင် ၎င်းကယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ်" ဟူသော သူရဦးရွှေမန်း၏ ဖြေကြားမှုကို အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ် . . . . .

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟူသော အမေရိကန် ခရီးစဉ်အတွင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တူတာများကို ပေါင်းလုပ်သွားပြီး မတူတာများကို ခဏဘေးဖယ်ထားမည် ဖြစ်ကြောင်းနှင့် အစိုးရဖွဲ့ခြင်းမှာ နောက်တစ်ပိုင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ဖြေကြားထားသည်။

ယင်းကဲ့သို့ အမေရိကန် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဟူသော ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောစကားနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ ရှင်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားထားသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ချင်သည် ဆိုပါက အသီးသီးသော ပါတီများသည် လုပ်ဖော်ကိုင်ဖက် ပါတီများအဖြစ် သဘောထားပြီး နိုင်ငံကောင်းအောင်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဆိုခြင်းကို ခံယူကာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောထား ဆောင်ရွက်ကြရန်လည်း ဗဟိုကော်မတီ အစည်းအဝေး အဖွင့်အမှာစကားတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဥပဒေပြုခြင်းတွင် တရားမျှတသော၊ နိုင်ငံသားများ လိုက်နာနိုင်သော ဥပဒေဖြစ်ရန် အရေးကြီးကြောင်း၊ တရားမျှတမှု မရှိသော၊ နိုင်ငံသားများ မလိုက်နာနိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့် အခါတွင် တရားမျှတမှု မရှိ၊ နိုင်ငံသားများ မလိုက်နာနိုင်ခြင်းကို သက်ဆိုင်ရာ ကြီးကြပ်သည့် အဖွဲ့အစည်းများက မျက်ကွယ်ပြု၊ မမြင်ချင်ဟန် ဆောင်နေခြင်းသည်လည်း တရားဥပဒေ ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

EMG

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန် အရှိဆုံး ဖြစ်သည်ဆိုကြောင်းနှင့် နောက်ကြောင်း ပြန်အောင် ပြောသည့် လုပ်သည့် သူများကို ချေမှုန်း ရ မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်ဟု အဆိုပါပါတီပိုင် သတင်းစာ တစ်စောင်ဖြစ် သည့် ပြည်ထောင်စုနေ့စဉ် သတင်း စာ အတွဲ ၁၊ အမှတ် ၇၈ တွင် ဖော်ပြထားသည်။


နေပြည်တော်တွင် ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော် မတီ အစည်းအဝေးအတွင်း တက်ရောက်သတင်းယူခွင့် ရရှိထားသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ "မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန်မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးပါလဲ" ဟူသော မေးခွန်း ကို ဖြေကြားရာတွင် ၎င်းကယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန် ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ်" ဟူသော သူရဦးရွှေမန်း၏ ဖြေကြားမှုကို အဆိုပါ သတင်းစာ တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ် . . . . .

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်မည် ဟူသော အမေရိကန် ခရီးစဉ်အတွင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တူတာများ ကို ပေါင်းလုပ်သွားပြီး မတူတာများကို ခဏဘေးဖယ်ထားမည် ဖြစ်ကြောင်းနှင့် အစိုးရဖွဲ့ခြင်း မှာ နောက် တစ်ပိုင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ဖြေကြားထားသည်။

ယင်းကဲ့သို့ အမေရိကန် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဟူသော ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောစကားနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ ရှင်းရမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားထားသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ချင်သည် ဆိုပါက အသီးသီးသော ပါတီများသည် လုပ်ဖော်ကိုင်ဖက် ပါတီများအဖြစ် သဘောထား ပြီး နိုင်ငံကောင်းအောင်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေ ကြခြင်း ဖြစ်သည် ဆိုခြင်းကို ခံယူကာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောထား ဆောင်ရွက် ကြရန်လည်း ဗဟိုကော်မတီ အစည်းအဝေး အဖွင့်အမှာစကားတွင် သူရဦးရွှေမန်းက ထည့်သွင်းပြော ကြားသည်။

ထို့ပြင် ဥပဒေပြုခြင်းတွင် တရားမျှတသော၊ နိုင်ငံသားများ လိုက်နာနိုင်သော ဥပဒေဖြစ်ရန် အရေး ကြီးကြောင်း၊ တရားမျှတမှု မရှိသော၊ နိုင်ငံသားများ မလိုက်နာနိုင်သော ဥပဒေများ ကို ပြဋ္ဌာန်း ပြီး ဆောင်ရွက်သည့် အခါတွင် တရားမျှတမှု မရှိ၊ နိုင်ငံသားများ မလိုက်နာနိုင်ခြင်းကို သက်ဆိုင်ရာ ကြီးကြပ်သည့် အဖွဲ့အစည်းများက မျက်ကွယ်ပြု၊ မမြင်ချင်ဟန် ဆောင်နေခြင်းသည်လည်း တရားဥပဒေ ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

EMG

ကျောက်ဖြူ ၌ အောက် တို ဘာ လ မှ စ ၍ မြို့ လုံး ကျွတ် လျှပ် စီး သုံး စွဲနိုင်တော့ မည်


Photo: ကျောက်ဖြူ၌ အောက်တိုဘာလမှစ၍ မြို့လုံးကျွတ် လျှပ်စီးသုံးစွဲနိုင်တော့မည်
Monday, June 24, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံး ကျွတ် မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီး ဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေးဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အား ခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်းတည်ဆောက် နေသည့် အင်ဂျင်နီယာ တစ်ဦး က ပြော သည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှ လျှပ်စစ်မီးကို တစ်နေ့ (၁၇)နာရီပေးနေ ချိန် ၊ ပုဂ္ဂလိက ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေသူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခ တစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့ လုံး မီးရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦး က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E)နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက်ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ်အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီ ထံက သိရှိရသည်။

Myit Makha Mediagroup

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံးကျွတ် မီးရရှိရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အား လိုင်း တည်ဆောက်ရေး ဌာနက သိရှိရသည်။


မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက် တိုဘာ လအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက် လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အား လိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်း တည်ဆောက် နေသည့် အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှလျှပ်စစ်မီးကို တစ်နေ့(၁၇)နာရီပေးနေချိန်၊ ပုဂ္ဂလိကဒီဇယ်မီးဖြင့် လျှပ် စစ် ဖြန့်ဝေ သူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခတစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့လုံး မီး ရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး က ပြော သည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E) နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက် ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ် အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီထံက သိရှိရ သည်။

Myit Makha Mediagroup

ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲဖြေခွင့်ပေးသည့် ဆရာ၊ ဆရာမများ အရေးယူခံရမည်

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချသည်အထိ အရေးယူသွား မည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။


ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရပါမယ်။ စာမေးပွဲ မဖြေခင်လအထိတော့ ကျောင်းမတက်ကြတာ မှန်ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာလအထိ ကျောင်းခေါ်ချိန်မှန်ပြီး ၇၅ ရာခိုင်နှုန်း ပြည့်နေ တဲ့ ကျောင်းသား က စာမေးပွဲဖြေခွင့် ရှိတယ်။ တချို့ကျောင်းသားတွေ ၇၅ ရာခိုင်နှုန်း မပြည့်ဘဲ ၆၀ တို့၊ ၆၅ ရာခိုင်နှုန်းလောက် ပဲ ရှိနေတာ စစ်ဆေးတွေ့ရရင် ပြန်ပြီး ပယ်ဖျက်ရတာတွေ ရှိတယ်” ဟု အဆိုပါ အဆင့်မြင့် အရာရှိက ပြော သည်။

တချို့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားများသည် ကျောင်းများထက် ကျူရှင်များကို ဦးစားပေး တက်ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့်မီရန် ဆရာ၊ ဆရာမများနှင့် နားလည်မှုယူကာ စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းများ ရှိနေသည့်အပေါ် အဆိုပါအရာရှိကြီးက ညွှန်းဆိုပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“တချို့ကျောင်းသား တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာမှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေကို စစ်ဆေး တွေ့ရှိရရင် ပြစ်မှုကျူးလွန်တဲ့ အတိုင်းအတာအထိ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်းရွှေ့မိန့် ကနေ ရာထူးချတဲ့အထိ အပြစ်ပေးခံရမယ်” ဟု ယင်းအဆင့်မြင့်အရာရှိက ဆက်လက်ပြောသည်။ 

ယင်းကျောင်းခေါ်ကြိမ် ပြည့်မီခြင်း မရှိသည့် ကိစ္စရပ်များသည် ယခင်ကတည်းက ရှိနေပြီး ယခုအချိန် တွင်လည်း ဆက်လက်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

From...ခေတ်လူငယ်

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက်အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါ တိုင်းဟာ ဆိုးဝါး လှသလို ရင်သား ကင်ဆာ ဆိုတာ ကလည်း ထိုနည်းတူ ပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ်ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေကလည်း ကြောက်ခ မန်း လိလိပါပဲ။


ဒါတွေကြောင့် အမျိုးသမီးတွေ အတွက် ရင်သား ကင်ဆာကို ကြိုတင် ကာကွယ် နိုင်တဲ့ သိပ္ပံ နည်းကျ နေထိုင် စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေး လိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေး မီကမှ ပြုလုပ်ခဲ့တဲ့ ရင်သား ကင်ဆာနဲ့ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန် အမျိုးသမီးများ အောက်ရင်သား ကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်း ပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ

အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်း တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ် ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ် ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။ အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်း နေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူး သင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ် တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကို အထူးသက်သာ စေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ

အသီးအရွက် တွေချည်းပဲ စားတဲ့ အမျိုးသမီး တွေဟာလည်း ရင်သား ကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန် အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ် ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံး သင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုး ဒီအစား အသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သား ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ အများစုကို လုံးဝ တားဆီး နိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုး ကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိ ထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်းနှေး စေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ

ဗိုက်တာမင်အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင်စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့ နိုင်ပါတယ်။ ယနေ့ ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်း နေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြ သူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင်အီးနဲ့ စီအားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မား လာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေး လိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ

မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီး တွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။

(၇) ပင်လယ်ရေမှော်နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ

ဒီအစားအသောက် တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သား ကင်ဆာကို ထိရောက်စွာ ကာကွယ် နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အမျိုးသမီး တွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သား ကင်ဆာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။

နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ် ပေးသင့်ပါတယ်။

အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့် သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ် လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေ ဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။

မြ၀တီ

အစိုးရသတင်းစာနဲ့ တွဲလုပ်မယ့်အဖွဲ့ကို ရွေးလိုက်ပါပြီ



အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ အစိုးရသတင်း စာ The New Light of Myanmar က အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ မတ်လကုန်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ ပါတယ်။

တင်ဒါ အောင်မြင်သူဘယ်သူ ဆိုတာကို ဒီမနက် အများသိရပါပြီ။


တင်ဒါစိစစ်ရွေးချယ်မှုကို သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ရာတွင် Global Direct Link Co.Ltd တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် လို့ ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းမှာ ဖော်ပြထား ပါတယ်။

Global Direct Link ဆိုတာ ပြည်တွင်းအဖွဲ့လား၊ ပြည်ပ အဖွဲ့လား ဆိုတာကိုတော့ မသိရသေးပါ။

အဲဒီလိုရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ဘဏ္ဍာ​ရေး နဲ့ နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်း အစိုးရ ကြေညာချက်မှာ အခုလို တွေ့ရပါတယ်။

ဘဏ္ဍာ​ရေးဆိုင်ရာအချက်အလက်များ

(က)လုပ်ငန်းရှင်/ကုမ္မဏီဆိုင်ရာ အချက်အလက်များ ပိုင်ဆိုင်မှု ၊ ခိုင်မာမှုနှင့် အစဉ်အလာ ကောင်းမွန်မှု အပေါ် သုံးသပ်ခြင်း

(ခ)ငွေကြေးဆိုင်ရာ အထောက်အထားများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများ (အနီးစပ်ဆုံး ဘဏ္ဍာနှစ် အထိ ၃-နှစ်)အပေါ် သုံးသပ်ခြင်း

(ဂ)အကျိုးတူ လုပ်ငန်းဆောင်ရွက်မည့် အစီအမံအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏနှင့် ထည့်ဝင်မည့် နည်းလမ်းအပေါ် သုံးသပ်ခြင်း

(ဃ)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း

နည်းပညာပိုင်းဆိုင်ရာ အချက်များ

(က)ပုံနှိပ်မီဒီယာအပါအဝင် မီဒီယာလုပ်ငန်းများတွင် အတွေ့အကြုံရှိမှုအပေါ် သုံးသပ်ခြင်း

(ခ)အကျိုးတူဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် သုံးသပ်ခြင်း

(ဂ)အနာဂတ်တွင် ဆက်လက်တိုးချဲ့လုပ်ကိုင်မည့် မျှော်မှန်းချက်အပေါ် သုံးသပ်ခြင်း

(ဃ)အကျိုးတူဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးနိုင်မှုနှင့် ဆက်သွယ် ရယူမှု အပေါ်သုံးသပ်ခြင်း

(င)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း

ဖက်စပ်သတင်းစာကို ဘယ်အချိန်မှာ စတင်ဖတ်ရမယ် ဆိုတာကို မကြာခင် သိရဖွယ်ရှိပါတယ်။

အစိုးရရဲ့ အင်္ဂလိပ်ဘာသာ သတင်းစာ ဘယ်လို အသွင်ပြောင်းသွားမလဲ ဆိုတာကိုတော့ ထွက်လာမှပဲ သိရမှာပါ။

ဒီကနေ့ သတင်းစာ (အပေါ်ပုံ) မှာတော့ ကြေးမုံ/မြန်မာ့အလင်း တို့မှာ ပါဝင်တာတွေကို ဘာသာပြန်ထား တာတွေကိုပဲ အများအပြား တွေ့ရပါတယ်။ 

ဆက်စပ်

သတင်းစာ ဖက်စပ်လုပ်ကိုင်ဖို့ အစိုးရ ဖိတ်ခေါ် 

http://blog.irrawaddy.org/2013/03/blog-post_7937.html

ကိုးကား

ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်း

http://www.moi.gov.mm/announcement/24/06/2013/id-456

Credit : http://blog.irrawaddy.org/2013/06/blog-post_5578.html

မြန်မာဒုက္ခသည် ၇ သိန်းကျော် ရှိနေကြောင်း ဦးအောင်မင်း တရားဝင်ပြောပြီ



နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။


“ကျနော်တို့တတွေ စနစ်တွေပြောင်းကုန်ပါပြီ။ အရင်က ဒုက္ခသည်နဲ့ ပတ်သက်ပြီး မရှိဘူးဘဲ ပြောခဲ့တာပါ။ အခု အမှန်အတိုင်း ပြောတယ်၊ ဒါဟာပြောင်းလဲမှုကို ပြပါတယ်။ ဒုက္ခသည်ဆိုတာမှာ နယ်မြေတွေ မငြိမ်းချမ်း၊ မအေးဆေးလို့ ထွက်ပြေး နေရသူလို့ ပြောရမှာပါ။ သူတို့တွေအတွက်လုံခြုံပြီ၊ နေလို့ရပြီဆို ပြန်လာမှာပဲ။ အဲဒီလိုဖြစ်ဖို့အတွက် အစိုးရက လုပ်ဆောင် ပေးသွားမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင်ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။

“အခုလက်ရှိတော့ ကယားပြည်နယ်ဘက် ရှားတောနယ်မြေ ဒေါတခဲဒေသမှာ ကယားဘက်ကနေ ထွက်သွားတဲ့ သူတွေ အတွက် ပြန်လည်နေရာချပေးဖို့ စီစဉ်ထားတယ်။ လက်ရှိ ဒီအချက်ကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောထားပြီးပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် အစိုးရမှ နိုင်ငံတကာ အကူအညီများ ရယူကာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“ပြန်လည် နေရာချထားရေးအတွက် အခု အချိန်မှာ တိတိကျကျ ပြောနိုင်ဖို့ လိုအပ်ပါသေးတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ UNHCR (United Nations High Commissioner For Refugees) တို့လို အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေး နေပါတယ်။ အဓိကကတော့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ပြီးမှသာ ဒီကိစ္စတွေကို ဆက်လက် အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ရှင်းပြသည်။

ဒုက္ခသည်များအတွက် နေရေး၊ စားရေး၊ လုံခြုံစွာ နေနိုင်ရေးအတွက် မိုင်းရှင်းရေး စသည့် လုပ်ငန်းများကို လုပ်ဆောင် သွားမှာဖြစ်သကဲ့သို့ တခြားတဘက်မှလည်း အလုပ်အကိုင် ရရှိနိုင်ရေးအတွက်ပါ စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“အလုပ်အကိုင် အတွက်က နယ်စပ်ဒေသတွေမှာ စက်မှုဇုန်တွေ ဖော်ထုတ်သွားဖို့ အတွက်လည်း စီစဉ်နေတယ်။ ဒီမှာ လယ်ယာသီးနှံ စိုက်ပျိုးရေး အတွက်ကိုလည်း စိုက်ပြီး ကုန်ချောထုတ်နိုင်ဖို့ အထိပါ ဆောင်ရွက်သွားဖို့ နိုင်ငံတွင်းက ပညာရှင်တွေ အပါအဝင် နိုင်ငံတကာ ပညာရှင်တွေနဲ့ပါ ဆွေးနွေး တိုင်ပင် လုပ်ဆောင်သွားဖို့ရှိတယ်။ အထည်အလိပ် စက်ရုံတွေ၊ နောက် SME (အသေးစားစက်မှု) လုပ်ငန်းတွေ အတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမယ်” ဟု ဦးအောင်မင်းက ဆိုသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်လျှက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များကလည်း ဖြေရှင်းသွားရန် စီစဉ်ထားကြောင်း ဦးအောင်မင်း၏ အဆိုအရ သိရသည်။

“တချို့ဒေသတွေမှာ ကရင်မှာဆို လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်နဲ့ ပေါင်းပြီး ကိုယ့်ဘက်သူ့ဘက် ဖော်ထုတ် နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာကပါ ပါဝင်ကူညီဖို့ ပြောထားတာတွေ ရှိတယ်။ သူတို့တွေနဲ့လည်း တိုင်ပင် ဆွေးနွေးပြီး သူတို့ အကူအညီတွေလည်း လက်ခံသွားဖို့ရှိပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

ပြည်တွင်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သွားမည် ဖြစ်ရာ နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲ၌ နိုင်ငံတကာမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။

“အလုံးစုံအပစ်အခတ်ရပ်စဲဖို့ အတွက် နိုင်ငံတကာက လူတွေရှေ့မှာ လက်မှတ်ရေးထိုးမှာပါ။ လက်ရှိ ထိုးထားပြီးတဲ့ အချက်တွေက ပြောင်းလဲပြီး ထိုးမှာမဟုတ်ဘူး၊ ဆွေးနွေးပြီးသားတွေကို ပိုခိုင်မာအောင် လုပ်သွားမှာပါ။ တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း သမ္မတကြီးက ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ကတိပြုထား ပြီးပါပြီ။အဲဒီအတိုင်း လုပ်ဆောင်မှာပါ” ဟု သမ္မတရုံးဝန်ကြီးက ဆက်ပြောသည်။

UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာအရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် ခိုလှုံနေရကြောင်း သိရသည်။

Myanmar Peace Center တွင် ဇွန် ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား မြင်ကွင်း 

Credit : http://burma.irrawaddy.org/archives/42834

မျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမဟုတ်ဟု အမျိုးသမီးအဖွဲ့(၂)ဖွဲ့ကဆို



နိုင်ငံတော်သြ၀ါဒ စရိယဆရာတော်များ၊ စာသင်တိုက်ဆရာတော်များ၊ တိပိဋကဆရာတော် များ၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော် များမှ ဦးဆောင်ရေးဆွဲထားသည့် မြန်မာဗုဒ္ဓဘာ သာဝင် အမျိုးသမီးများ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားခြင်း မပြုရဆိုသော မျိုးစောင့် ဥပဒေပြဋ္ဌာန်းခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက် ခြင်း မဟုတ်ဟု အဝေးရောက် မွန်အမျိုးသမီးများအဖွဲ့ (OMWO) နှင့် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) တို့က ဆိုသည်။


မျိုးစောင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းအရ ချိုးဖောက်တယ်လို့ ပြောနိုင် သော်လည်း မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကိုကြည့်ပြီး ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်ရာမရောက်ကြောင်းနှင့် ထို့သို့နှိုင်းယှဉ်လာပါက မျိုးစောင့်ဥပဒေကိုသာ ဦးစားပေးရမည်ဟု အဝေးရောက် မွန်အမျိုးသမီးများအဖွဲ့(OMWO)မှ အတွင်းရေးမှူး Mi Pome Chan က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

" မျိုးစောင့်ဥပဒေကို ကျွန်မတို့ society တွေရော၊ အမျိုးသမီးတွေက သဘောတူတယ်ဆိုရင်တော့ ဒါက ဥပဒေတစ်ရပ်အနေနဲ့ ဖြစ်လာနိုင်တာပေါ့။ လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင်တော့ ချိုးဖောက်တယ်လို့တော့ ပြောနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ ကိုယ့်မြန်မာနိုင်ငံက ထုတ်ထားတဲ့ ဥပဒေကို ပြန်ကြည့်မယ်ဆိုရင်တော့ ကိုယ့်ရဲ့နိုင်ငံက ဖြစ်နေတဲ့ပြဿနာက ဒီလိုထုတ်ပြန်ရမယ့် အခြေအနေဆိုတော့လည်း ဒါကမချိုးဖောက်ဘူးလို့ မြင်တယ်။ မျိုးစောင့်ဥပဒေနဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်လာခဲ့မယ်ဆိုရင်တော့ မျိုးစောင့်ဥပဒေကို ဦးစားပေးရမှာပါ။ လူ့အခွင့်အရေးကတော့ ကြေညာစာတမ်းပဲလေ။ ဒါပေမဲ့ ဥပဒေကတော့ လိုက်ကိုလိုက်နာရမှာပေါ့။ " ဟု Mi Pome Chan ကပြောသည်။

ရခိုင်အမျိုးသမီးများ အစည်းရုံး(RWU)မှ ပြောရေးဆိုခွင့်ရှိသူ စောစံငြိမ်းသူကလည်း နိုင်ငံတကာ ဥပဒေကိုမထိခိုက်ရအောင်ဆိုပြီး မျိုးစောင့်ဥပဒေကို တိုက်ရိုက်ဟန့်တားတာမျိုး မလုပ်သင့်ကြောင်း အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

" ကျွန်မအမြင်ကတော့ ဒီမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စတွေက လူတစ်ယောက်၏ ခံယူချက်၊ ယုံကြည်ချက် အပေါ်မှာတော့ အများကြီးမူတည်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအရ ဆိုရင်တော့ မည်သည့်ဘာသာမဆို ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်၊ လက်ထပ်ခွင့် ရှိတယ်ဆိုတာကတော့ နိုင်ငံတကာဥပဒေပေါ့။ အဲဒါကိုတော့သွားပြီး ကန့်သတ်တားမြစ်လို့တော့ မရဘူးပေါ့။ ဒါပေမဲ့ တစ်ဖက်က ပြောနိုင်တာက မျိုးစောင့်ဥပဒေဆိုတာက လူမျိုးတစ်မျိုးနဲ့ သက်ဆိုင်တယ်။ အဲဒီလူပုဂ္ဂိုလ်ရဲ့ ယုံကြည်မှု၊ လက်ခံမှုပေါ်မှာ အများကြီး မူတည်တယ်။ ထိုပုဂ္ဂိုလ်ရဲ့ ကျင့်သုံးမှုအပေါ်မှာ မူတည်တယ်။ အဲဒါကြောင့် နိုင်ငံတကာ ဥပဒေကိုလည်း မထိခိုက်ရအောင်ဆိုပြီးတော့ မျိုးစောင့်ဥပဒေကို တိုက်ရိုက် ဟန့်တားတာမျိုး မလုပ်သင့်လို့ မြင်ပါတယ်။ " စောစံငြိမ်းသူက ပြောသည်။

ဗုဒ္ဓဘာသာဝင်အချင်းချင်းသာ လက်ထပ်ရန်ဆိုသည့် မျိုးစောင့်ဥပဒေမှာ နိုင်ငံတကာ ဥပဒေနှင့် CEDAW အရကြည့်မည်ဆိုပါက ချိုးဖောက်မှုများ ပါနေသော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် ယဉ်ကျေးမှုအရရော၊ စာပေအရရော ကြိုတင်ကာကွယ်ထားသလိုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်သည့် ဥပဒေဆိုလျှင် မြန်မာ့အမျိုးသမီးများအတွက် အန္တရာယ်ကင်းကြောင်း၊ မျိုးစောင့်ဥပဒေက အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ၁၉၅၄ ခုနှစ်က မြန်မာအမျိုးသမီးများအတွက် ကာကွယ်ပြဌာန်းထားသည့် ဥပဒေမှာ လုံလောက်မှုမရှိသည့်အတွက် ယခုလို မျိုးစောင့်ဥပဒေကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ မြင်ကြောင်း Mi Pome Chan က ဆက်လက်ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ မျိုးစောင့်ဥပဒေ၏ တလင်တမယားစနစ်မှာ လူ့အခွင့်အရေးနှင့် မဆိုင်ဘူးဟု စောစံငြိမ်းသူက ယခုလိုဆက်ပြောသည်။

" တလင်တမယားစနစ်က ကျွန်မအနေနဲ့ ပြောရမယ်ဆိုရင် လက်ခံတယ်။ သဘောကျတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ မြင်ပါတယ်။ တလင်တမယားစနစ်ကို လိုက်နာခြင်းအားဖြင့် စောင့်ထိန်းမှုဆိုတဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်ဆိုတာလည်း ရှိတယ်။ စာရိတ္တအရ ပျက်ပြားမှုလည်း တစ်စုံတစ်ရာ မရှိနိုင်တော့ဘူး။ ဒီတလင်မယားစနစ်က အခွင့်အရေးနှင့် မဆိုင်ဘူးလို့ ထင်တယ်။ လူမှုရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ တကယ်လို့ ဘယ်နှစ်ယောက်ပဲယူယူ ခွင့်ပေးထားတယ်ဆိုရင် စာရိတ္တ ထိန်းသိမ်းတဲ့အပိုင်းမှာ အားနည်းချက် ရှိလာပါမယ်။ တလင်တမယားစနစ် ထားတာကို ဆန့်ကျင်ပြီးတော့ ပြောစရာအကြောင်းမရှိပါဘူး။ အဲဒါကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို မထိခိုက်ဘူးလို့ မြင်ပါတယ်။ " ဟု ပြောသည်။

အမျိုးသမီးပါ အမျိုးသားပါ တကြိမ်သာလက်ထပ်ထိမ်မြားခွင့်ရှိပါက တလင်တမယားစနစ်က အမျိုးသမီးများအခွင့်အရေးကို ထိခိုက်တယ်လို့မမြင်ကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို ပိုပြီးထိန်းချုပ်ထားခြင်းမျိုး၊ နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာခဲ့မည်ဆိုပါက မျိုးစောင့်ဥပဒေကို ဟန့်တားရလိမ့်မဟု ဝေဖန်ကြောင်း မွန်အမျိုးသမီးများအဖွဲ့(OMWO)မှ အတွင်းရေးမှူး Mi Pome Chan က ပြောကြားခဲ့သည်။

http://abbsoluteright.blogspot.com/2013/06/blog-post_6161.html

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၃

နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လိုဖော်ပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူအစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကို ဖော်ပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓ သွန်သင်မှုများနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့အဆိပ်ခတ်ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။


အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကိုခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင်သင့်မယ်ထင်ပါတယ်။အဲ့ဒီအောက်မှာတော့ U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်းမွတ်ဆလင်သွေးနှော ဇာတ်နိမ့်ပါပဲလို့ ပြောတယ် လို့ ရေးပြထားပါတယ်။

နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ်အကြမ်းဖက်မှန်း သိပေမယ့် ခပ်တည်တည်နဲ့ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေးအစွန်းရောက် အကြမ်းဖက်အသွင်ဖြစ် ပုံဖော်ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေပါလာတာကိုတတွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စ၇ာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်း ရှစ်ယောက်အနက် ပါးစပ်တစ်ပေါက်သက်သာပြီးရောအနေနဲ့ ဘုန်းကြီးကျောင်းပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်း အချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွားနေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့အကြောက်တရား ကလဲရှိပါသေး တယ်လို့ေ၇းသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ ဘာသာေ၇းအရူးအနှမ်း တစ်ယောက် အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့အရူးအနှမ်းတွေသာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့စိတ်တွင်းအမုန်းကိုတစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက်ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲပြောပြီး အများစုကခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နောက်တစ်ချက် ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာ အသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disporportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာတစ်ယောက်သေရင် မွတ်ဆလင်အများကြီးသေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲသုံးသွားပါတယ်။ နောက်ပြီး ဒီစာပိုဒ်အဆုံးသတ်မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်ကကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန်မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကိုကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)

From: Myo Set

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၎

နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,” ကျမသားလေးဟာ မွတ်ဆလင်လေးမို့ အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာ ရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို ဂျာနယ်လစ်တွေဝင်ခွင့်မရှိဘူးလို့လဲ ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ဖော်ပြဖို့ကျန်နေတာလား တမင်ချန်ထားတာလား မသိတာ ကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။


"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီ၇ိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါး ရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့ အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံးအကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်ကဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်သွား စေပါတော့တယ်။

“This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာ တိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။ “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေး ဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့မကွာလှတဲ့နမူနာကိုပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။ “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့ မလုံသလိုခံစား ရတယ်။ 

ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်ရမှာပဲလေလို့ ပစ္စတိုသုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းက ရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်းမွတ်ဆလင် တော်လှန်ရေးသမားတစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကိုပိတ်သိမ်းလိုက်ပါတယ်။ 

“Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။ ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်းထင်းထင်းကြီးပေါ်လာပါတော့တယ်။

From: Myo Set

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၅

နောက်ဆုံးစာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကိုပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓ ဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည် နိုင်အောင်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြ ပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ့ ဟာကိုလိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။


နောက်ဆုံးနိဂုံးမှာတော့စာရေးသူရဲ့အဘော်ကို အထင်ရှားဆုံးမြင်လိုက်ရပါတော့တယ်။ စာရေးသူ ဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလို သက်ရောက်သွားစေ ပါတော့တယ်။ 

ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လံုးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ်ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ် တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင် ထည့်ပေးသွား ပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့ မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိပ်သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

From:Myo Set

ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူးဟု မလေးမှ ပြန်ရောက်လာသူ ဆို



ယမန်နေ့က မလေရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဒဏ်ရာများဖြင့် ပြန်လည်ရောက်လာခဲ့သူ ရခိုင် ပြည်နယ် ရသေ့တောင်မြို့ ကျောက်ရန်သာ စည် ရွာမှ ကိုဝေအောင်သိန်းက“ဒီတစ်သက် ဘယ်တော့ မှ မလေးကို ပြန်မသွားတော့ဘူး။ ကျွန်တော့ရှေ့မှာ မလေး သွားမယ့်သူတွေ ရှိရင်လည်း ရအောင် တားသွားမယ်”ဟု ပြောကြားသည်။


၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ မလေးရှား သို့ အောက်လမ်းမှ အလုပ်သွားလုပ်ခဲ့သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၆ ရက်က ညဘက် အဆောင်၌ အိပ်နေစဉ် အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုင်ခြင်းကို ခံခဲ့ရကြောင်း၊ ယင်းနောက် လည်ပင်းကို ကြိုးနဲ့ဆွဲကာ ခေါင်းကို ဓါးညှောင့်ဖြင့် အထုခံခဲ့ရပြီး လက်ကို ဓါးဖြင့် အခုတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက် သမားများလက်မှ ထွက်ပြေးပြီးနောက်ပိုင်း ရေနုတ်မြောင်းထဲသို့ ဝင်ပုန်းရင်း သတိလစ်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ရုံက အဆောင်မှာ မြန်မာလုပ်သား အားလုံး ၆ ယောက်ရှိတယ်။ အခင်းဖြစ်တဲ့ညက ကျွန်တော်တို့ တအားအော်ကြတာပဲ။ ကျွန်တော်တို့ ဘေးဆောင်မှာ ဘင်္ဂါလားက အလုပ်သမား ၁၈ ယောက် နေတယ်။ တစ်ယောက်မှ မနိုးကြဘူး။ အကြမ်းဖက်သူတွေထဲမှာ စက်ရုံထဲကလည်း ပါမယ်ထင်တယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းမြန်မာအလုပ်သမား ၆ ဦးသည် မလေးရှားနိုင်ငံ ကွာလာမြို့ ဆူပန်ပါဆာ ဝါယာစက်ရုံတွင် အလုပ်လုပ်ကြသူများ ဖြစ်ပြီး အခင်းဖြစ်သည့်ညတွင် ဝင်ရောက်အကြမ်းဖက်သူ စုစုပေါင်း ၆ ဦးဖြစ်ပြီး မျက်နှာဖုံးများ စွတ်၍ ဓါးတစ်လက်စီ ကိုင်ထားကာ မီးသတ်ဆေးဘူးများလည်း ပါကြောင်း ယင်းအကြမ်းဖက်မှုကြောင့် လက်တွင် ဓါးဒဏ်ရာ ၂ ချက် ရရှိခဲ့သူ ကိုခင်မောင်ဝင်းက ပြောကြားသည်။ “ကျွန်တော်တို့ ပြန်လာချိန်ထိ မလေးမှာ ဆူပူမှုတွေ ဖြစ်နေတုန်းပဲ။ နေ့တိုင်း မသေတဲ့သူ မရှိသလောက်ပဲ။ မလေးရဲတွေကလည်း ကုလားဆိုရင် မဖမ်းဘူး။ ဗမာပြည်က သူတွေဆိုရင် ပတ်စပို့ ရှိရှိ၊ မရှိရှိ ဖမ်းတယ်။ ပတ်စပို့ရှိတယ် ဆိုရင်တော့ ပြန်ပို့ပေးတယ်”ဟု ကိုဝေအောင်သိန်းက ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် မြန်မာလုပ်သားများ အနေဖြင့် လက်ထဲတွင် ပိုက်ဆံမရှိခြင်း၊ ပတ်စပို့မရှိသည့်အတွက် အပြင်သွားရန် ခက်ခဲခြင်းတို့ကို အဓိက ကြုံတွေ့နေရကြောင်း သိရသည်။ “ခုဆိုရင် မလေးက ဗမာတွေက သံရုံးကိုတောင် ကားနဲ့ မသွားရဲကြဘူး။ ကုလားတွေက လမ်းမှာ ရဲဟန်ဆောင်ပြီး ဖမ်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တချို့လည်း အပြင်မသွားဝံ့ကြတာတွေ ရှိတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။ 

အကြမ်းဖက်ခံရသည့် မြန်မာလုပ်သား ၆ ဦးတွင် ပတ်စပို့ မရှိဘဲ မလေးသို့ အောက်လမ်းမှ ထွက်သွား ခဲ့ကြခြင်းဖြစ်ပြီး တချို့မှာ မလေးရှားနိုင်ငံသို့ ရောက်သည်မှာ ၂ လပင် မပြည့်သေးကြောင်း၊ ယခု ပဋိပက္ခ များကြောင့် မလေးမှ ပြန်လာခဲ့ကြသော်လည်း ထွက်သွားစဉ်က အကြွေးများပင် မကျေသေးကြောင်း သိရသည်။ “ပြဿနာတွေ အများစုက ဆာလာရမ်းမှာ အဓိက ဖြစ်တယ်။ ခုအခြေအနေမှာ ကျွန်တော်တို့ သိသလောက် အဲလောက် ပြဿနာမကြီးဘူး။ မလေးရှားမှာ အဓိက ဖြစ်နေတာက over stay ပြဿနာပဲ။ ဒဏ်ရာရတဲ့သူလည်း ရှိသလို သေတဲ့သူလည်း ရှိတယ်။ အဲဒီ over stay သမားတွေကို အတက်နိုင်ဆုံး ဒီကို ပြန်ပို့ပေးဖို့ ကြိုးစားသွားမယ်” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ Public Relation Director ဖြစ်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှားနိုင်ငံရှိ နောက်ထပ် ပြဿနာတစ်ခုမှာ အလုပ်သမား ပြဿနာဖြစ်ပြီး ယင်းပြဿနာ ကို ဖြေရှင်း ရန် မှာ နှစ်နိုင်ငံ အစိုးရ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“မလေးမှာ အလုပ်လုပ်ရတာနဲ့ မြန်မာပြည်မှာ လုပ်ရတာ နေရာသာ မတူတာ။ ပိုက်ဆံရတာချင်းကျတော့ တူတူလောက်ပါပဲ။ ဒီလိုတွေ မဖြစ်လဲ ကျွန်တော်က ၁၀ လပိုင်းလောက် ပြန်ဖို့ စဉ်းစားထားပြီးသားပါ။ ခု မြန်မာပြည် ပြန်ရောက်မှပဲ ကောင်းကောင်း အိပ်ပျော်တယ်။ ဟိုမှာ နေခဲ့တဲ့ အချိန်တွေ တစ်ရက်မှ ကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိခဲ့ဘူး”ဟု ရသေ့တောင်မြို့နယ် ကျောက်ရန် သာစည်ရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။

မန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အောက်လမ်းမှ သွားမည်ဆိုပါက အချိန် ၂ ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့် ဆာလာရမ်းနှင့် ကွာလာမြို့မှာ ကားနှင့်သွားမည် ဆိုပါက ၂ နာရီခန့်သာ ကြာမြင့်ကြောင်း သိရသည်။

From:Myanma Age

အမျိုးစောင့်ဥပဒေ ရွာလုံးကျွတ် လက်မှတ်ထိုး တစ်ခဲနက်ထောက်ခံ


မနေ့ (23.6.2013) ညနေတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အနောက်သရက်ခုံရွာ တွင် ရွှေအင်တောင်ဆရာတော်မှ ဦးဆောင်ပြီး အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ လူငယ်အဖွဲ့များပါဝင်ကာ ကျေးရွာလူထုအား အမျိုးစောင့်ဥပဒေ ဖြစ်ပေါ် လာပုံနှင့် ထောက်ခံ သင့်/မသင့် ဆွေးနွေးကြရာ ကျေးရွာလူထုမှ ရွာလုံးကျွတ် ထောက်ခံကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြု ကြသည်။

From: Wira Thu

တယ်လီဖုန်း ခေါ်ဆိုခ တစ်စက္ကန့်နှုန်းဖြင့် ကောက်မည်ဟု ပြင်သစ် Orange Telecom ဆို



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက တယ်လီဖုန်း ခေါ်ဆိုခကို စက္ကန့်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး တစ်စက္ကန့်လျှင် ပြားရှစ်ဆယ်သာ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသည့် စာရင်းတွင် ပါဝင်သည့် ပြင်သစ်ဆက်သွယ်ရေး ကုမ္ပဏီ Organge Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြား သည်။


ဖုန်းခေါ်ဆိုခကို မိနစ်ဖြင့် မကောက်ဘဲ စက္ကန့်ဖြင့် ကောက်ခြင်း ကြောင့် သုံးစွဲသူများ ကုန်ကျစရိတ် ပိုမိုသက်သာမည် ဖြစ်ပြီး Organge Telecom က ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်နေသော အခြားနိုင်ငံများတွင်လည်း ယင်းကဲ့သို့သာ ကောက်ယူသည်ဟု ၎င်းကဆိုသည်။

Organge Telecom က ၎င်းတို့ ကုမ္ပဏီ ဆက်သွယ်ရေး လိုင်စင် ရရှိခဲ့ပါက ဆင်းမ်ကတ်များ အခမဲ့ ပေးဝေမည် ဖြစ်ပြီး နိုင်ငံအနှံ့ လက်လီ အရောင်းဆိုင် နှစ်သိန်းခန့် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။

လိုင်စင် ရရှိပြီးပါက ဆင်းမ်ကတ်၊ ဟန်းဆက်နှင့် အသင့်ထည့်ထားသည့် ဖုန်းခေါ်ဆိုခ အနည်းငယ် ပါဝင်သော ကျပ် ၁၅,၈၀၀ ကျသင့်မည့် အစီအစဉ် တစ်ခုကိုလည်း မိတ်ဆက်သွားမည် ဖြစ်ကာ စတင်ဝန်ဆောင်မှု ပေးသည်နှင့် 3G ဝန်ဆောင်မှုကို စတင်သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး တစ်နှစ်အတွင်း 4G ဝန်ဆောင်မှု အဆင်သင့် ဖြစ်မည်ဟု Elie Girard က ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီသည် ဆက်သွယ်ရေး လိုင်စင် လျှောက်ထားရာတွင် ဂျပန် Marubeni ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေပြီး လိုင်စင် ရရှိပြီးပါက ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်း ကုမ္ပဏီတစ်ခု ရှာဖွေရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။

Orange Telecom သည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေပြီး သုံးစွဲသူ ၂၃၁ သန်းရှိကာ ကီလိုမီတာ လေးသိန်းခွဲ ရှည်လျားသော ပင်လယ်ဖြတ်ကျော် ရေအောက် ဆက်သွယ်ရေး ကေဘယ်လ် ကြိုးနှင့် ကိုယ်ပိုင်ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ထားသည်။

From: The Voice Weekly

နောင်တ မရ ချင်တဲ့ သန့်မြင့်ဦး


Photo: မြို့ပြရန်ကုန်၏ အမွေ
 
(ရဲဇွန်အောင်)
 
သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေသလိုပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေသည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို  စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။
 
“နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံတွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ်တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ်တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးလည်းဖြစ်သည့် သူသည် ရန်ကုန်မြို့ပြ အမွေ အနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး ရန်ကုန်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။
 
“ဒီကိစ္စလေးတစ်ခုက အခုအချိန်မှာ Priority မဟုတ်ပေမယ့် ဘာမှမလုပ်ရင် နောက် ၂ နှစ်၊ သုံးနှစ် အတွင်း Too Late ဖြစ်သွားမယ်။ နောက် ၁၅ နှစ်၊ နှစ် ၂၀ ကြာရင် ကျွန်တော်တို့လည်း ဖွံ့ဖြိုးလာမယ် လို့ ယုံကြည်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နောင်တ ရမနေချင်ဘူး” ဟု သူက ဆက်ပြောသည်။

သမိုင်းပညာရှင် တစ်ဦး ဖြစ်သလို၊ စာရေးဆရာ တစ်ယောက်လည်း ဖြစ်သော သူသည် ဝါသနာအရ သူအလွန် စိတ်ဝင်စားသော ယခု လုပ်ငန်းများ လုပ်ကိုင်ရန် ကမ္ဘာနောက်ခြမ်း အမေရိကမှ လာခဲ့ခြင်း ဖြစ်သည်။
“ဥပမာ-စင်ကာပူကိုပဲကြည့်။  ရှေးဟောင်း အဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ တကယ် တန်ဖိုးကို နားလည်လာတဲ့အချိန်မှာ ဘာမှ မရှိတော့ဘူး။ အရမ်း နောက်ကျနေပြီ” ဟု သူက ရှင်းပြ သည်။
 
စင်ကာပူနိုင်ငံသည် ဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်ကာလက ဖွံ့ဖြိုးမှုကို ရှေ့တန်း တင်ကာ ရှေးဟောင်း အဆောက်အအုံများကို ဖျက်ချ၍ ခေတ်မီ အဆောက်အအုံများအဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ စင်ကာပူတွင် ရှေးဟောင်း အဆောက်အအုံများ မရှိတော့ဘဲ အသစ်ပြန်လည် တည်ဆောက်ထားသော ပုံတူ အဆောက်အအုံများသာ တည်ရှိတော့ သည်။
 
နောက်ပိုင်း ကာလများတွင် နာမည်ကျော် စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကိုယ်တိုင် သူ၏ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက် အကြီးမားဆုံး အမှားဟု ဝန်ခံခဲ့သည်။
 
ဒေါက်တာသန့်မြင့်ဦး စိုးရိမ်မိသလိုပင် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများသည် အလွန် အန္တရာယ်ရှိသော အနေအထားဖြင့် နေထိုင်နေရပြီဖြစ်သည်။

အစိုးရ အပြောင်းအလဲ နောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပိုမို ပွင့်လင်းလာမှု ကြောင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် ပြုလုပ်နေကြပြီး စီးပွား ဖွံ့ဖြိုးတိုးတက်မှု က သမိုင်းဝင် အဆောက်အအုံများ၏ ဖြစ်တည်မှုကို များစွာ ခြိမ်းခြောက်နေသည်။

နှစ်ထောင်ချီ သက်တမ်းရှိသော ရန်ကုန်မြို့တော်မှာ ၂၀ ရာစု အစောပိုင်းက အာရှတွင် အသန့်ရှင်းဆုံး နှင့် အလှပဆုံး မြို့တော်ဖြစ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲသူများ နေထိုင်ကြသည့် ရန်ကုန်သည် မြန်မာနိုင်ငံ အတွက်သာမက အာရှတိုက်အတွက်ပါ သမိုင်းဝင်မြို့ ဖြစ် သည်။
 
ကိုလိုနီခေတ်ကို နှစ်ပေါင်း ၁၀၀ ကျော် ဖြတ်သန်းခဲ့ပြီး ဗြိတိသျှ အရာရှိများ အဓိက ရုံးစိုက်ရာ မြို့တော် ဖြစ်ခဲ့သော ရန်ကုန်တွင် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများ ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ် သည်။
သို့သော် ယခု ရန်ကုန်သည် ယခင် နှစ် ၁၀၀ က ရန်ကုန်မြို့ထက် ၁၀ ဆခန့် ပိုမို ကျယ်ဝန်းနေသော ကြောင့် အဆိုပါ အဆောက်အအုံများသည် ရန်ကုန်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသော နေရာတွင်သာ စုဝေးနေခြင်း ဖြစ်သည်။ ယင်းကို သမိုင်းပညာရှင် အချို့က ရန်ကုန်မြို့ဟောင်း ဧရိယာဟု ခေါ်ဝေါ် သမုတ်ကြသည်။
 
ရန်ကုန်ရှိ  မြို့ပြ အမွေအနှစ် အဆောက်အအုံများသည် ကိုလိုနီခေတ် အဆောက်အအုံများသာ မဟုတ်ပေ။ ရွှေတိဂုံ စေတီတော်၊ ဆူးလေ စေတီတော်တို့ကဲ့သို့သော နှစ်ပေါင်း ရာထောင်ချီနေသော ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ ထိုရှေးဟောင်း အဆောက်အအုံ များထဲမှ မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ရမည့် အဆောက်အအုံ ၁၈၉ ခု ရှိနေပြီး ၈၀ ခန့်မှာ ဘာသာရေး အဆောက်အအုံများ ဖြစ်ကာ အားလုံး အစိုးရပိုင်များ ဖြစ်ကြသည်။
 
အဆိုပါ အဆောက်အအုံများသည် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ဖြစ်ကြသည် ဆိုသော်လည်း အားလုံးကို ပြုပြင် ထိန်းသိမ်းရန် အခက်အခဲများ ရှိနေသည်။အချို့အဆောက်အအုံ များမှာ နှစ်ရှည်လများ ပြုပြင် ထိန်းသိမ်းခြင်း မပြုခဲ့သောကြောင့် ယိုယွင်း ပျက်စီးနေကြပြီ ဖြစ်သည်။
 
“ဒီအဆောက်အအုံတွေမှာက တချို့ အဆောက်အအုံတွေမှာ လူနေသေးတယ်။ ဒါတွေကို ထိန်းသိမ်းဖို့ လက်ရှိ နေထိုင်သူတွေကို ဆွဲချရမှာလား” ဟု ကျောက်တံတားမြို့နယ် အတွင်း နေထိုင်သူ အသက် ၃၅ နှစ် အရွယ်ရှိ ဦးမောင်မောင်ဦးက ဆိုသည်။
 
ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ် နှစ်ခုတွင်ပင် ရှေးဟောင်း အဆောက်အအုံ သုံးရာမှ လေးရာခန့်အထိ ရှိမည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ခန့်မှန်းထားပြီး အချို့ အဆောက်အအုံများတွင် လူနေထိုင်မှုများရှိကာ အချို့ မှာမူ စနစ်မကျသော ခေတ်ပေါ် ပြုပြင်မှုများ ရှိသည်။
 
တစ်ချိန်က အစိုးရ ရုံးစိုက်ရာ အဆောက်အအုံများမှာ မြို့တော်သစ် နေပြည်တော်သို့ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲပြီး နောက်ပိုင်း ယင်းအဆောက်အအုံများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးလုံး လျားလျား ဖြစ်စေ စွန့်ပစ်ခြင်း ခံခဲ့ရသည့်အတွက် ယခုအခါ မရေရာသော အနာဂတ်ဖြင့် ကြုံတွေ့ နေရသည်ဟု 30 Heritages Building of Yangon: Inside the City that Captured Timeစာအုပ်ကို ရေးသားခဲ့သူ ဆာရာ ရွန်းနီက မှတ်ချက်ပြုသည်။
 
“ဒီရှေးဟောင်း အဆောက်အအုံတွေကို အဘက်ဘက်က ထိန်းသိမ်းပြီး ဗိသုကာ လက်ရာတွေရော၊ ငွေရေးကြေးရေး အရရော အောင်မြင်အောင် လုပ်ဖို့ကတော့ တကယ့် စိန်ခေါ်မှု တစ်ရပ်ပဲ” ဟု ၎င်းက ဆိုသည်။
 
မကြာသေးခင်က အဆောက်အအုံ အချို့ကို အစိုးရက ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြီးနောက် မြန်မာ့ မီးရထား အဆောက်အအုံဟောင်းကို SPA ကုမ္ပဏီက Peninsula ဟိုတယ်အဖြစ် အသွင်ပြောင်း မည်ဖြစ်ပြီး Rowe ကုန်တိုက်၊ High Court၊ Law Court ၊ ဝန်ကြီးများရုံးတို့ အပါအဝင် အချို့ အဆောက်အအုံများမှာ ပြတိုက်များ၊ ဟိုတယ်များ၊ ပုဂ္ဂလိကရုံး အဆောက်အအုံ များအဖြစ် အသွင် ပြောင်းမည်ဖြစ်သည်။
 
ရှေးဟောင်း အဆောက်အအုံ နေရာများသို့ ရင်းနှီးမြှုပ်နှံသူများ၊ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် လာခြင်းကြောင့်  လက်ရှိ နေထိုင်သူများ၏ လူနေမှုပုံစံ ပျက်ယွင်းသွားမည်ကို မလိုလားကြောင်း ဒေါက်တာ သန့်မြင့်ဦးက ပြောဆိုသည်။
“ရင်းနှီးမြှုပ်နှံမှု မလုပ်စေချင်တာ မဟုတ်ဘူး။ ဒီအဆောက်အအုံတွေမှာ လက်ရှိ နေထိုင်နေတဲ့သူတွေ ကို ဘယ်လိုလုပ်မလဲ။ သူတို့အတွက် Benefit ကို ဘယ်လို ရှာပေးကြမလဲ။ ကျွန်တော် အကြောက်ဆုံး က ဒီအဆောက်အအုံတွေ ပျောက်ကွယ်သွားမှာကိုပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။
 
အစိုးရက ရှေးဟောင်း အဆောက်အအုံ တစ်ခုခုကို ပုဂ္ဂလိက လွှဲအပ်ရန် စီစဉ်မည်ဆိုပါက ပြည်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်းရေးဆွဲထားသော အစီအမံတစ်ခု ထားရှိ သင့်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ အငြိမ်းစား အရာရှိ တစ်ဦးက အကြံပေးသည်။
 
ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရေး ဥပဒေတစ်ခု ဖြစ်ပေါ်လာရန် ရန်ကုန် မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အကြံပြုထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်အတွက်သာ ရည်ရွယ်၍ တင်ပြထားသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတစ်ခု တင်သွင်းရန် စိတ်ကူး ရှိကြောင်း ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
 
“Nation Wide Heritage Law လုပ်ဖို့က နည်းနည်းလေး ပိုပြီး စဉ်းစားရဦးမယ်။  နှစ်နှစ်၊ သုံးနှစ် လောက် ကြာဦးမယ်လေ။ အနည်းဆုံး ရန်ကုန်ကဟာလေး မြန်မြန်သွားရင် Legal Framework လေး တစ်ခုတော့ ရသွားတာပေါ့။ Zone Plan နဲ့ Legal Framework ရှိသွားရင်တော့ Basic Legal Framework လေး ရှိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။
 
လက်ရှိတွင် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) အသင်း သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသော Yangon Master Plan စီမံကိန်းတွင် ရှေးဟောင်း အဆောက်အအုံများ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ပါဝင် အကြံပေး ကူညီနေသည်။
 
“မြို့တော်စည်ပင်ရယ်၊ JICA ရယ်နဲ့ လုပ်တဲ့ Plan ထဲမှာ အရေးကြီးတဲ့ သမိုင်းဝင် နေရာတွေကို ကာကွယ်တဲ့ အစီအစဉ်ထည့်ဖို့ အကြံပြုတယ်။ တကယ် ကာကွယ်မှု လုပ်ဖို့ကတော့ ကိုယ်တိုင် လုပ်ရမှာ”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဆိုသည်။
 
လက်ရှိ စည်ပင်သာယာ ဥပဒေများ သည် အလွန် ယျေဘုယျဆန်သောကြောင့် လက်ရှိအတိုင်း ဆက်သွားနေပါက ရန်ကုန်မြို့၏ အမှတ်အသား စရိုက်လက္ခဏာများ ပျောက်ပျက်သွားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
 
“အဲဒါကို ရှောင်လွှဲနိုင်အောင် ဇုန်တွေနဲ့ ထိန်းရမယ်။ ဒါမျိုးက အရင်ကလည်း အာရှမြို့ကြီး အချို့မှာ ဖြစ်ခဲ့ပါတယ်။ မရည်ရွယ်ဘဲ အရမ်းကြီးထွားလာတော့ Plan က နောက်က လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
 
ဥပဒေဆိုင်ရာ မူဘောင်များ လုပ်ဆောင်ခြင်းအပြင် နိုင်ငံသားများကို ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ အသိပညာများ ပေးရန်လည်း စိန်ခေါ်မှုများစွာ ရှိဦးမည်။
 
“ဒီအဆောက်အအုံတွေက ဘယ်နှခုနှစ်က ဆောက်ခဲ့တယ်ဆိုတာက စားဝတ်နေရေးလောက် အရေးကြီး လို့လားဗျာ” ဟု ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံ မြို့တော်ခန်းမ အနီးတွင်  မုန့်ဟင်းခါး ရောင်းချနေသည့် ၂၅ နှစ် ဝန်းကျင် လူငယ်တစ်ဦးက ဆိုသည်။
 
ရန်ကုန်မြို့ပြ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသာရှိသော နေရာကို ကာကွယ် စောင့်ရှောက်ခြင်းမှာ ခေတ်မီ မြို့ပြ ဖြစ်ပေါ်လာခြင်းကို နှောင့်ယှက်လို၍ မဟုတ်ဘဲ ပို၍ မော်ဒန်ဆန်သော ရန်ကုန် ဖြစ်လာရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု မြို့ပြ ဖွံ့ဖြိုးရေး ပညာရှင်များက ဆိုကြသည်။
 
“အသေးစိတ် စီမံကိန်း ဆွဲစေချင်တာ။ ခေတ်မီ မြို့ပြ စီမံကိန်းတွေက ရန်ကုန်ရဲ့ တခြား နေရာတွေမှာ သေချာ လုပ်လို့ရတယ်။ ဒီ အဆောက်အအုံတွေကို သေချာ ထိန်းသိမ်းပြီး မြို့ပြကလည်း စနစ်တကျ ဖွံ့ဖြိုးလာမယ်ဆိုရင် ရန်ကုန်က အာရှမှာ အလှဆုံးမြို့တော် ဖြစ်လာမှာ အသေအချာပဲ” ဟု အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးညီညီဦးက ဆိုသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး စသော အရေးကြီးကိစ္စ အများအပြား ရှိနေသော်လည်း ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကိုလည်း စနစ်တကျ ထိန်းသိမ်းစေလိုကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မှ အငြိမ်းစား အရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။
 
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ကောင်းလာနေ သော မြန်မာနိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံ့ ခေါင်းဆောင်များ၊ ကမ္ဘာလှည့် ခရီးသွားများ ပိုမို ဝင်ရောက်လာနေကာ ခရီးသွား လုပ်ငန်းလည်း ပိုမို ဖွံ့ဖြိုးလာနေသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်နှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား အရေအတွက် ခုနစ်သန်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
 
ယင်းအနေအထားတွင် လက်ရှိ အဆောက်အအုံများကို စနစ်တကျ ထိန်းသိမ်းထားနိုင်ပါက အဆိုပါ အချိန်တွင် အလွန် အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။
 
“ဒီလိုနေရာမျိုးက Unique Landscape ။ နောက်ပြီး အာရှမှာ အတွေ့ရ နည်းလာတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေကို တစ်စုတစ်ဝေးတည်း မြင်ရမယ့် နေရာလေ။ ခရီးသွားတွေ တကယ် စိတ်ဝင် စားမယ့် နေရာပေါ့” ဟု ပြည်တွင်း ခရီးသွားလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု မန်နေဂျာ ဦးကျော်ဝင်းက ဆိုသည်။
 
ရန်ကုန်ရှိ အဆိုပါ ရှေးဟောင်း အဆောက်အအုံ များသည် မြန်မာ့သမိုင်းအတွက် အလွန် အရေးကြီး သည်။ လူတချို့က ကိုလိုနီခေတ်က အဆောက်အအုံများ ဆိုပါက ဗြိတိသျှ အဆောက်အအုံဟု ထင်တတ်ကြသည်။ သို့သော် အဆိုပါ အဆောက်အအုံများ တည်ရှိရာ နေရာဒေသသည် မြန်မာ့ သမိုင်းအတွက် အရေးအကြီးဆုံး နယ်မြေဆိုသည်မှာ ငြင်းပယ်၍ မရပေ။
 
ထို့အပြင် ဤနေရာမှာပင် ကမ္ဘာပေါ်တွင် တွေ့ရခဲသော ပဒေသာစုံ ယဉ်ကျေးမှုကို တွေ့မြင်နိုင်မည်။ တစ်မိုင်သာသာ ခန့်ရှိသော နေရာလေးအတွင်း ဘုရားပုထိုး စေတီများရှိသည်။ ခရစ်ယာန် ဘုရားကျောင်းများလည်း ရှိသည်။ အစ္စလာမ် ဗလီများလည်း ရှိသည်။ ဟိန္ဒူဘုရားကျောင်းများရှိသည်။

သို့သော် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရာတွင် ဗိသုကာ သဘောအရ တန်ဖိုးကြီးသော အဆောက်အအုံများနှင့် သမိုင်း တန်ဖိုးကြီးသော အဆောက်အအုံများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး အားလုံးကို ကာကွယ်ရန်မှာမူ မဖြစ်နိုင်ပေ။

“ကျွန်တော်တို့ စဉ်းစားရမှာက တစ်ရက်မှာ ကျွန်တော်တို့လည်း ဖွံ့ဖြိုး တိုးတက်လာမှာပဲ။ အဲဒီအချိန် တွေအထိ ဘယ် အဆောက်အအုံတွေကို ဆက်ထားမလဲပေါ့။ ကျွန်တော်တို့ အားလုံးကိုတော့ ကာကွယ်လို့ မရနိုင်ဘူး” ဟု ဒေါက်တာ သန့်မြင့်ဦးက သက်ပြင်းတစ်ချက် ရှိုက်ရင်း ဆိုလိုက်သည်။

သူ့ဟန်က တစ်စုံတစ်ရာကို အလွန် စိုးရိမ်နေ သလို ပင်။ အဆောက်အအုံ တစ်ခုကို သေချာ ကြည့်နေ သည်။ အမှတ်တံဆိပ် သက်တမ်း နှစ် ၉၀ ကျော်ရှိ မာဘိုရို စီးကရက် တစ်လိပ်ကို မက်မက်မောမော ဖွာရှိုက်လိုက်ရင်း စိုးရိမ်တကြီး လေသံဖြင့် စကား စပြောသည်။


“နောက် ၂ နှစ်၊ သုံးနှစ်အတွင်း ဒီအဆောက်အအုံ တွေကို ဘယ်သူမှ ဘာမှ မကာကွယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီအဆောက်အအုံတွေကို ဘယ် တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်ဘူး” ဟု စိုးရိမ် တကြီး ဆိုလိုက်သူမှာ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးလည်းဖြစ်သည့် သူသည် ရန်ကုန်မြို့ပြ အမွေ အနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး ရန်ကုန်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။

“ဒီကိစ္စလေးတစ်ခုက အခုအချိန်မှာ Priority မဟုတ်ပေမယ့် ဘာမှမလုပ်ရင် နောက် ၂ နှစ်၊ သုံးနှစ် အတွင်း Too Late ဖြစ်သွားမယ်။ နောက် ၁၅ နှစ်၊ နှစ် ၂၀ ကြာရင် ကျွန်တော်တို့လည်း ဖွံ့ဖြိုးလာမယ် လို့ ယုံကြည်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နောင်တ ရမနေချင်ဘူး” ဟု သူက ဆက်ပြောသည်။

သမိုင်းပညာရှင် တစ်ဦး ဖြစ်သလို၊ စာရေးဆရာ တစ်ယောက်လည်း ဖြစ်သော သူသည် ဝါသနာအရ သူအလွန် စိတ်ဝင်စားသော ယခု လုပ်ငန်းများ လုပ်ကိုင်ရန် ကမ္ဘာနောက်ခြမ်း အမေရိကမှ လာခဲ့ခြင်း ဖြစ်သည်။

“ဥပမာ-စင်ကာပူကိုပဲကြည့်။ ရှေးဟောင်း အဆောက်အအုံတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ တကယ် တန်ဖိုးကို နားလည်လာတဲ့အချိန်မှာ ဘာမှ မရှိတော့ဘူး။ အရမ်း နောက်ကျနေပြီ” ဟု သူက ရှင်းပြ သည်။

စင်ကာပူနိုင်ငံသည် ဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်ကာလက ဖွံ့ဖြိုးမှုကို ရှေ့တန်း တင်ကာ ရှေးဟောင်း အဆောက်အအုံများကို ဖျက်ချ၍ ခေတ်မီ အဆောက်အအုံများအဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ စင်ကာပူတွင် ရှေးဟောင်း အဆောက်အအုံများ မရှိတော့ဘဲ အသစ်ပြန်လည် တည်ဆောက်ထားသော ပုံတူ အဆောက်အအုံများသာ တည်ရှိတော့ သည်။

နောက်ပိုင်း ကာလများတွင် နာမည်ကျော် စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကိုယ်တိုင် သူ၏ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက် အကြီးမားဆုံး အမှားဟု ဝန်ခံခဲ့သည်။

ဒေါက်တာသန့်မြင့်ဦး စိုးရိမ်မိသလိုပင် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများသည် အလွန် အန္တရာယ်ရှိသော အနေအထားဖြင့် နေထိုင်နေရပြီဖြစ်သည်။

အစိုးရ အပြောင်းအလဲ နောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပိုမို ပွင့်လင်းလာမှု ကြောင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် ပြုလုပ်နေကြပြီး စီးပွား ဖွံ့ဖြိုးတိုးတက်မှု က သမိုင်းဝင် အဆောက်အအုံများ၏ ဖြစ်တည်မှုကို များစွာ ခြိမ်းခြောက်နေသည်။

နှစ်ထောင်ချီ သက်တမ်းရှိသော ရန်ကုန်မြို့တော်မှာ ၂၀ ရာစု အစောပိုင်းက အာရှတွင် အသန့်ရှင်းဆုံး နှင့် အလှပဆုံး မြို့တော်ဖြစ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲသူများ နေထိုင်ကြသည့် ရန်ကုန်သည် မြန်မာနိုင်ငံ အတွက်သာမက အာရှတိုက်အတွက်ပါ သမိုင်းဝင်မြို့ ဖြစ် သည်။

ကိုလိုနီခေတ်ကို နှစ်ပေါင်း ၁၀၀ ကျော် ဖြတ်သန်းခဲ့ပြီး ဗြိတိသျှ အရာရှိများ အဓိက ရုံးစိုက်ရာ မြို့တော် ဖြစ်ခဲ့သော ရန်ကုန်တွင် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများ ယနေ့တိုင် ကျန်ရှိနေဆဲ ဖြစ် သည်။

သို့သော် ယခု ရန်ကုန်သည် ယခင် နှစ် ၁၀၀ က ရန်ကုန်မြို့ထက် ၁၀ ဆခန့် ပိုမို ကျယ်ဝန်းနေသော ကြောင့် အဆိုပါ အဆောက်အအုံများသည် ရန်ကုန်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသော နေရာတွင်သာ စုဝေးနေခြင်း ဖြစ်သည်။ ယင်းကို သမိုင်းပညာရှင် အချို့က ရန်ကုန်မြို့ဟောင်း ဧရိယာဟု ခေါ်ဝေါ် သမုတ်ကြသည်။

ရန်ကုန်ရှိ မြို့ပြ အမွေအနှစ် အဆောက်အအုံများသည် ကိုလိုနီခေတ် အဆောက်အအုံများသာ မဟုတ်ပေ။ ရွှေတိဂုံ စေတီတော်၊ ဆူးလေ စေတီတော်တို့ကဲ့သို့သော နှစ်ပေါင်း ရာထောင်ချီနေသော ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ ထိုရှေးဟောင်း အဆောက်အအုံ များထဲမှ မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ရမည့် အဆောက်အအုံ ၁၈၉ ခု ရှိနေပြီး ၈၀ ခန့်မှာ ဘာသာရေး အဆောက်အအုံများ ဖြစ်ကာ အားလုံး အစိုးရပိုင်များ ဖြစ်ကြသည်။

အဆိုပါ အဆောက်အအုံများသည် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ဖြစ်ကြသည် ဆိုသော်လည်း အားလုံးကို ပြုပြင် ထိန်းသိမ်းရန် အခက်အခဲများ ရှိနေသည်။အချို့အဆောက်အအုံ များမှာ နှစ်ရှည်လများ ပြုပြင် ထိန်းသိမ်းခြင်း မပြုခဲ့သောကြောင့် ယိုယွင်း ပျက်စီးနေကြပြီ ဖြစ်သည်။

“ဒီအဆောက်အအုံတွေမှာက တချို့ အဆောက်အအုံတွေမှာ လူနေသေးတယ်။ ဒါတွေကို ထိန်းသိမ်းဖို့ လက်ရှိ နေထိုင်သူတွေကို ဆွဲချရမှာလား” ဟု ကျောက်တံတားမြို့နယ် အတွင်း နေထိုင်သူ အသက် ၃၅ နှစ် အရွယ်ရှိ ဦးမောင်မောင်ဦးက ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ် နှစ်ခုတွင်ပင် ရှေးဟောင်း အဆောက်အအုံ သုံးရာမှ လေးရာခန့်အထိ ရှိမည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ခန့်မှန်းထားပြီး အချို့ အဆောက်အအုံများတွင် လူနေထိုင်မှုများရှိကာ အချို့ မှာမူ စနစ်မကျသော ခေတ်ပေါ် ပြုပြင်မှုများ ရှိသည်။

တစ်ချိန်က အစိုးရ ရုံးစိုက်ရာ အဆောက်အအုံများမှာ မြို့တော်သစ် နေပြည်တော်သို့ အုပ်ချုပ်ရေး ယန္တရား ပြောင်းလဲပြီး နောက်ပိုင်း ယင်းအဆောက်အအုံများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုံးလုံး လျားလျား ဖြစ်စေ စွန့်ပစ်ခြင်း ခံခဲ့ရသည့်အတွက် ယခုအခါ မရေရာသော အနာဂတ်ဖြင့် ကြုံတွေ့ နေရသည်ဟု 30 Heritages Building of Yangon: Inside the City that Captured Timeစာအုပ်ကို ရေးသားခဲ့သူ ဆာရာ ရွန်းနီက မှတ်ချက်ပြုသည်။

“ဒီရှေးဟောင်း အဆောက်အအုံတွေကို အဘက်ဘက်က ထိန်းသိမ်းပြီး ဗိသုကာ လက်ရာတွေရော၊ ငွေရေးကြေးရေး အရရော အောင်မြင်အောင် လုပ်ဖို့ကတော့ တကယ့် စိန်ခေါ်မှု တစ်ရပ်ပဲ” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က အဆောက်အအုံ အချို့ကို အစိုးရက ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ပြီးနောက် မြန်မာ့ မီးရထား အဆောက်အအုံဟောင်းကို SPA ကုမ္ပဏီက Peninsula ဟိုတယ်အဖြစ် အသွင်ပြောင်း မည်ဖြစ်ပြီး Rowe ကုန်တိုက်၊ High Court၊ Law Court ၊ ဝန်ကြီးများရုံးတို့ အပါအဝင် အချို့ အဆောက်အအုံများမှာ ပြတိုက်များ၊ ဟိုတယ်များ၊ ပုဂ္ဂလိကရုံး အဆောက်အအုံ များအဖြစ် အသွင် ပြောင်းမည်ဖြစ်သည်။

ရှေးဟောင်း အဆောက်အအုံ နေရာများသို့ ရင်းနှီးမြှုပ်နှံသူများ၊ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် လာခြင်းကြောင့် လက်ရှိ နေထိုင်သူများ၏ လူနေမှုပုံစံ ပျက်ယွင်းသွားမည်ကို မလိုလားကြောင်း ဒေါက်တာ သန့်မြင့်ဦးက ပြောဆိုသည်။

“ရင်းနှီးမြှုပ်နှံမှု မလုပ်စေချင်တာ မဟုတ်ဘူး။ ဒီအဆောက်အအုံတွေမှာ လက်ရှိ နေထိုင်နေတဲ့သူတွေ ကို ဘယ်လိုလုပ်မလဲ။ သူတို့အတွက် Benefit ကို ဘယ်လို ရှာပေးကြမလဲ။ ကျွန်တော် အကြောက်ဆုံး က ဒီအဆောက်အအုံတွေ ပျောက်ကွယ်သွားမှာကိုပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အစိုးရက ရှေးဟောင်း အဆောက်အအုံ တစ်ခုခုကို ပုဂ္ဂလိက လွှဲအပ်ရန် စီစဉ်မည်ဆိုပါက ပြည်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်းရေးဆွဲထားသော အစီအမံတစ်ခု ထားရှိ သင့်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ အငြိမ်းစား အရာရှိ တစ်ဦးက အကြံပေးသည်။

ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရေး ဥပဒေတစ်ခု ဖြစ်ပေါ်လာရန် ရန်ကုန် မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အကြံပြုထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်အတွက်သာ ရည်ရွယ်၍ တင်ပြထားသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတစ်ခု တင်သွင်းရန် စိတ်ကူး ရှိကြောင်း ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

“Nation Wide Heritage Law လုပ်ဖို့က နည်းနည်းလေး ပိုပြီး စဉ်းစားရဦးမယ်။ နှစ်နှစ်၊ သုံးနှစ် လောက် ကြာဦးမယ်လေ။ အနည်းဆုံး ရန်ကုန်ကဟာလေး မြန်မြန်သွားရင် Legal Framework လေး တစ်ခုတော့ ရသွားတာပေါ့။ Zone Plan နဲ့ Legal Framework ရှိသွားရင်တော့ Basic Legal Framework လေး ရှိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) အသင်း သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသော Yangon Master Plan စီမံကိန်းတွင် ရှေးဟောင်း အဆောက်အအုံများ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ပါဝင် အကြံပေး ကူညီနေသည်။

“မြို့တော်စည်ပင်ရယ်၊ JICA ရယ်နဲ့ လုပ်တဲ့ Plan ထဲမှာ အရေးကြီးတဲ့ သမိုင်းဝင် နေရာတွေကို ကာကွယ်တဲ့ အစီအစဉ်ထည့်ဖို့ အကြံပြုတယ်။ တကယ် ကာကွယ်မှု လုပ်ဖို့ကတော့ ကိုယ်တိုင် လုပ်ရမှာ”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဆိုသည်။

လက်ရှိ စည်ပင်သာယာ ဥပဒေများ သည် အလွန် ယျေဘုယျဆန်သောကြောင့် လက်ရှိအတိုင်း ဆက်သွား နေပါက ရန်ကုန်မြို့၏ အမှတ်အသား စရိုက်လက္ခဏာများ ပျောက်ပျက်သွားနိုင်ကြောင်း ၎င်းက ရှင်းပြ သည်။

“အဲဒါကို ရှောင်လွှဲနိုင်အောင် ဇုန်တွေနဲ့ ထိန်းရမယ်။ ဒါမျိုးက အရင်ကလည်း အာရှမြို့ကြီး အချို့မှာ ဖြစ်ခဲ့ ပါတယ်။ မရည်ရွယ်ဘဲ အရမ်းကြီးထွားလာတော့ Plan က နောက်က လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ဥပဒေဆိုင်ရာ မူဘောင်များ လုပ်ဆောင်ခြင်းအပြင် နိုင်ငံသားများကို ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ အသိပညာများ ပေးရန်လည်း စိန်ခေါ်မှုများစွာ ရှိဦးမည်။

“ဒီအဆောက်အအုံတွေက ဘယ်နှခုနှစ်က ဆောက်ခဲ့တယ်ဆိုတာက စားဝတ်နေရေးလောက် အရေးကြီး လို့လားဗျာ” ဟု ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံ မြို့တော်ခန်းမ အနီးတွင် မုန့်ဟင်းခါး ရောင်းချနေသည့် ၂၅ နှစ် ဝန်းကျင် လူငယ်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ပြ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းသာရှိသော နေရာကို ကာကွယ် စောင့်ရှောက်ခြင်းမှာ ခေတ်မီ မြို့ပြ ဖြစ်ပေါ်လာခြင်းကို နှောင့်ယှက်လို၍ မဟုတ်ဘဲ ပို၍ မော်ဒန်ဆန်သော ရန်ကုန် ဖြစ်လာရန် ရည်ရွယ် ခြင်းသာ ဖြစ်သည်ဟု မြို့ပြ ဖွံ့ဖြိုးရေး ပညာရှင်များက ဆိုကြသည်။

“အသေးစိတ် စီမံကိန်း ဆွဲစေချင်တာ။ ခေတ်မီ မြို့ပြ စီမံကိန်းတွေက ရန်ကုန်ရဲ့ တခြား နေရာတွေမှာ သေချာ လုပ်လို့ရတယ်။ ဒီ အဆောက်အအုံတွေကို သေချာ ထိန်းသိမ်းပြီး မြို့ပြကလည်း စနစ်တကျ ဖွံ့ဖြိုးလာမယ်ဆိုရင် ရန်ကုန်က အာရှမှာ အလှဆုံးမြို့တော် ဖြစ်လာမှာ အသေအချာပဲ” ဟု အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးညီညီဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး စသော အရေးကြီးကိစ္စ အများအပြား ရှိနေသော်လည်း ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကိုလည်း စနစ်တကျ ထိန်းသိမ်းစေလိုကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မှ အငြိမ်းစား အရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။

နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ကောင်းလာနေ သော မြန်မာနိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံ့ ခေါင်းဆောင်များ၊ ကမ္ဘာလှည့် ခရီးသွားများ ပိုမို ဝင်ရောက်လာနေကာ ခရီးသွား လုပ်ငန်းလည်း ပိုမို ဖွံ့ဖြိုးလာနေသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်နှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား အရေအတွက် ခုနစ်သန်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

ယင်းအနေအထားတွင် လက်ရှိ အဆောက်အအုံများကို စနစ်တကျ ထိန်းသိမ်းထားနိုင်ပါက အဆိုပါ အချိန်တွင် အလွန် အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။

“ဒီလိုနေရာမျိုးက Unique Landscape ။ နောက်ပြီး အာရှမှာ အတွေ့ရ နည်းလာတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေကို တစ်စုတစ်ဝေးတည်း မြင်ရမယ့် နေရာလေ။ ခရီးသွားတွေ တကယ် စိတ်ဝင် စားမယ့် နေရာပေါ့” ဟု ပြည်တွင်း ခရီးသွားလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု မန်နေဂျာ ဦးကျော်ဝင်းက ဆိုသည်။

ရန်ကုန်ရှိ အဆိုပါ ရှေးဟောင်း အဆောက်အအုံ များသည် မြန်မာ့သမိုင်းအတွက် အလွန် အရေးကြီး သည်။ လူတချို့က ကိုလိုနီခေတ်က အဆောက်အအုံများ ဆိုပါက ဗြိတိသျှ အဆောက်အအုံဟု ထင်တတ်ကြသည်။ သို့သော် အဆိုပါ အဆောက်အအုံများ တည်ရှိရာ နေရာဒေသသည် မြန်မာ့ သမိုင်းအတွက် အရေးအကြီးဆုံး နယ်မြေဆိုသည်မှာ ငြင်းပယ်၍ မရပေ။

ထို့အပြင် ဤနေရာမှာပင် ကမ္ဘာပေါ်တွင် တွေ့ရခဲသော ပဒေသာစုံ ယဉ်ကျေးမှုကို တွေ့မြင်နိုင်မည်။ တစ်မိုင်သာသာ ခန့်ရှိသော နေရာလေးအတွင်း ဘုရားပုထိုး စေတီများရှိသည်။ ခရစ်ယာန် ဘုရား ကျောင်းများလည်း ရှိသည်။ အစ္စလာမ် ဗလီများလည်း ရှိသည်။ ဟိန္ဒူဘုရားကျောင်းများရှိသည်။

သို့သော် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရာတွင် ဗိသုကာ သဘောအရ တန်ဖိုးကြီးသော အဆောက်အအုံများနှင့် သမိုင်း တန်ဖိုးကြီးသော အဆောက်အအုံများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး အားလုံးကို ကာကွယ်ရန်မှာမူ မဖြစ်နိုင်ပေ။

“ကျွန်တော်တို့ စဉ်းစားရမှာက တစ်ရက်မှာ ကျွန်တော်တို့လည်း ဖွံ့ဖြိုး တိုးတက်လာမှာပဲ။ အဲဒီအချိန် တွေအထိ ဘယ် အဆောက်အအုံတွေကို ဆက်ထားမလဲပေါ့။ ကျွန်တော်တို့ အားလုံးကိုတော့ ကာကွယ်လို့ မရနိုင်ဘူး” ဟု ဒေါက်တာ သန့်မြင့်ဦးက သက်ပြင်းတစ်ချက် ရှိုက်ရင်း ဆိုလိုက်သည်။

Credit : http://www.yeyintnge.com/2013/06/blog-post_246.html#.Uce319hYWSo

နိုင်ငံတော်သမ္မတရုံး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်



၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်း မဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏ သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။


မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇) သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်း ကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် (၆) ပါးနှင့် သံဃာတော် တို့၏ ဂုဏ်တော် (၉) ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူး အလေးထား ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက် နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေ နိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765