Sunday, June 23, 2013

ကျပ် ၁၅၀၀ တန်ဖုန်းများဖြင့် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆို၍ မရနိုင်

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၅၀၀ တန် ဆင်းကတ်များဖြင့် အာဆီယံနိုင်ငံ များသို့ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြင့် မိုဘိုင်းဖုန်း ခေါ်ဆို၍ ရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ခေါ်ဆို၍လည်း မရနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး သင်တန်းကျောင်း အုပ် ဦးကျော်စိုးက ဆိုသည်။


ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးကျော်စိုးက "ဒီကျပ် ၁၅၀၀ တန်ဖုန်းတွေနဲ့ ပြည်ပနိုင်ငံတွေ ကို ဖုန်းခေါ်လို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ အရင်ချပေး ထားတဲ့ ကျပ် ၁၅ သိန်းတန် ဖုန်းတွေတောင် မရတာ သူတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်လဲဆိုတာတော့ ဆရာ လည်း မပြောတတ်တော့ဘူး။ ခေါ်လို့ မရတာတော့ အမှန်ပဲ တကယ်လို့သာ ခေါ်လို့ရရင် အခုလောက် ဆို မလွယ်တော့ဘူး။ လူတိုင်းနီးပါးလောက်မှာ ၁၅၀၀ တန်ဖုန်းတွေ ရှိတာပဲ ရတယ်မရ ဘူးဆိုတာ စမ်းကြည့်လို့ရတယ်" ဟု ဆိုသည်။

ဒီကျပ် ၁၅၀၀ တန်ဖုန်းတွေနဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်လို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ အရင်ချပေးထားတဲ့ ကျပ် ၁၅ သိန်းတန် ဖုန်းတွေတောင် မရတာ သူတို့ ဘယ်လို နည်းပညာတွေနဲ့ လုပ်လဲဆိုတာတော့ ဆရာလည်း မပြောတတ်တော့ဘူး . . . . .

အပြင်တွင် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများဖြင့် အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်သည်ဟု သတင်းများ ထွက်နေကြောင်း ကျပ် ၁၅၀၀ တန်ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လလျှင် ဆင်းကတ်အရေအတွက် ၃၅၀၀၀ ရောင်းချပေးကြောင်း သိရသည်။

From: Eleven

မြန်မာ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ရေး တင်ဒါ ဟွာဝေး (huawei )ကုမ္ပဏီ ရရှိ



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေးပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပူပေါင်းဆောင်ရွက်ခွင့် ရရေး အတွက် MPT ရဲ့ တင်ဒါ ကို လျှောက်ထား ခဲ့တဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပတွေထဲမှာ Errison Nokia နဲ့ ZTE တို့လည်း ပါဝင်တဲ့ အထဲကမှ ဟွာဝေးကို ရွေးချယ်လိုက် တာ ဖြစ်ပါ တယ်။

MPT ဟာ ရှေ့မဝေးတော့တဲ့ အနာဂတ်မှာတော့ အစိုးရ ကနေ ဘတ်ဂျက် ချပေးမှုနဲ့ ဝန်ကြီး ဌာနအောက်မှာ မဟုတ်ဘဲ ကိုယ်ပိုင် ကော်ပိုရေးရှင်း တခု အနေနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်နေပြီး အဲဒီက တဆင့်ကနေ ပုဂ္ဂလိက ပိုင် ကုမ္ပဏီ တခု ဖြစ်လာဖို့ကို ကြိုးပမ်းနေတယ်လို့ MPT က အရာရှိတဦး ကနေ ဘီဘီစီကို ပြောပါတယ်။

BBC Burmese

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ဇူလိုင်ပထမပတ် ထုတ်ယူနိုင်မည်



နိုင်ငံတစ်ဝန်း ၂၀၁၃ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး သူတိုင်း အတွက် တက္ကသိုလ် ဝင်တန်း အမှတ်စာရင်း များကို ရန်ကုန် နှင့် နေပြည်တော်တို့ရှိ စာစစ်အဖွဲ့ ဦးစီးဌာနများတွင် လာမည့် ဇူလိုင်လ ပထမပတ်၌ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ထံမှ သိရသည်။


အမှတ်စာရင်း ထုတ်ရာတွင် တံဆိပ်ခေါင်း၊ လျှောက်လွှာနှင့် စာအုပ်ကြေး ကျပ် ၄၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး အဆိုပါ အမှတ်စာရင်းများကို နာရီပိုင်းအတွင်း ထုတ်ယူနိုင်ကြောင်း အဆိုပါ စာစစ်အဖွဲ့ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမှတ်စာရင်း ထုတ်လိုသူများသည် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း လူကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့်လည်းကောင်း လာရောက်ထုတ် ယူနိုင်ပြီး အမှတ်စာရင်း တင်သွင်းရာတွင် အခက်အခဲတွေ့ပါက စာစစ်အဖွဲ့ တာဝန်ရှိသူများထံ အကြောင်းကြား နိုင်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"နယ်မြို့တွေက မြို့နယ် ပညာရေးမှူးက စုပြီး လာထုတ်မယ်ဆိုရင် ထုတ်ပေးပါတယ်။ အားလုံးက ရန်ကုန်နဲ့ နေပြည်တော် ရုံးမှာပဲ ထုတ်လို့ရတယ်” ဟု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က The Voice သို့ပြောဆိုသည်။

အမှတ်စာရင်း ထုတ်ယူရာတွင် အမည်၊ ခုံအမှတ်၊ ဖခင်အမည်နှင့် စာစစ်ဌာနအမည်တို့သာ လိုအပ် ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ဒကာမကြီးဒေါ်ရွှေဇီးကွက်သို့..အိပ်ဖွင့်ပေးစာ



အမျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကန့်ကွက် ပြောဆိုတဲ့ ဒကာမကြီးရဲ့ ပြောစကားကို နား ထောင်ရပါတယ်။ ဥပဒေကြမ်းတခုကို ကိုယ် မကြိုက်ရင် မကြိုက်တဲ့အကြောင်းကို တရားဝင် ပြောဆိုခွင့်ရှိပါတယ်။ ဒါ ဒီမိုကရေစီ အလေ့ အထပါပဲ။ ဒါပေမဲ့ ’’သံဃာ မှိုင်းတိုက်ခံနေရတာ ကြာပါပြီ’’ ဆိုတာဟာ သံဃာထုအားလုံးကို စော်ကားတဲ့ စကားလုံးပါပဲ။ ဒကာမကြီးပြောတဲ့ ဒီစကားဟာ သံဃာထုကို အပုတ်ချစော်ကားတဲ့ စကားလုံးဆိုတာ စဉ်းစားမိရဲ့လား။


နောက်ပြီး တစ်ဖက်ကို အပုတ်ချပြီး ကိုယ့်ဘက်ပါအောင် စွဲဆောင်တာဟာ လူ့အခွင့်အရေးလား။ ဒီမိုကရေစီကို ဒီလိုပဲ အဓိပ္ပါယ်ဖွင့်သလား။ ဦးဇင်းနားလည်ထားတာက ဒီမိုကရေစီဆိုတာ တရားသဖြင့် ယှဉ်ပြိုင်တာပဲ။ အဲဒီတော့ တဖက်ကလည်း သူတို့ယုံကြည်ရာကို သူတို့ချပြခွင့် ရှိတာပဲ။ ဒါကို လေးစားရမယ်။ ဒါ မင်းမဲ့စရိုက်တွေ လုပ်နေတာမဟုတ်ဘူး။ ဒုစရိုက်မှုတွေ လုပ်နေတာမဟုတ်ဘူး။ သူ့လမ်းကြောင်းနဲ့သူ လုပ်နေသမျှ ဒါ သဘာဝကျတယ်။ ဒါဟာ ဒီမိုကရေစီပဲလေ။ ကိုယ်မကြိုက်ရင် တရားမျှတစွာ ကန့်ကွက်ပေါ့။ ဒီ ဥပဒေကြမ်းကို ဦးဇင်းလည်း မကြိုက်လို့ ကိုယ်မကြိုက်တဲ့အကြောင်း ဦးဇင်းကိုယ်တိုင် ဖွင့်ထားတဲ့ “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူများအား ဖိတ်ခေါ်ခြင်း’’ဆိုတဲ့ ပေ့မှာ ဝင်ရေးခဲ့ပြီးပြီ။ ကိုယ်မကြိုက်လို့ ဘယ်ပုဂ္ဂိုလ် ဂိုဏ်းဂဏကိုမှ စွပ်စွဲစရာ မလိုဘူး။

အမျိုးသမီးတိုင်း ဒီမျိုးစောင့်ဥပဒေကို မကြိုက်ဖူးလား။ ဒကာမကြီးသိမှာပါလေ။ ကြိုက်တဲ့သူတွေကို ဒကာမကြီး ဘယ်လို သဘောထားမလဲ။ သံဃာတွေ မှိုင်းတိုက်ခံရတဲ့ အမျိုးသမီးတွေလို့ ပြောဦးမှာလား။ သူတို့က လူတွေ မဟုတ်ဘူးလား။ သူတို့က အမျိုးသမီးတွေ မဟုတ်ဘူးလား။ သူတို့က နိုင်ငံသားတွေ မဟုတ်ဘူးလား။ သူတိုရဲ့ သဘောထားကိုရော မလေးစားဘူးလား။

အဲဒီတော့ ဒီဥပဒေကြမ်းကို ကြိုက်သူတွေရော မကြိုက်သူတွေရော ရှိနေတာ သေချာသွားပြီ။ တစ်ဘက်နဲ့တစ်ဘက် အပုတ်ချစွပ်စွဲပြောဆိုနေတာဟာ သိက္ခာကျပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ကြပေါ့။ ဒါ ဒီမိုကရေစီပဲ။ ဒါ သူ့ အခွင့်အရေးပဲ။ ဒါ လူ့အခွင့်အရေးပဲ။ ဒါ နိုင်ငံသားတိုင်း အခွင့်အရေးပဲ။

ကဲ ဒီလိုဆို ဒီမိုကရေစီ အလေ့အထ ထူထောင်ကြစို့။ ဒီမိုကရေစီထုံးစံအတိုင်း တရားဝင် မဲခွဲဆုံးဖြတ်ကြစို့။

ဦးဝီရသူတို့က အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ စည်းရုံးနေကြပြီ။ သူတို့ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ဖို့ သူတို့ ကျိုးစားနေကြပြီ။ ဒါ သူတို့ရဲ့ ဒီမိုကရေစီပဲ။

ဒကာမကြီးတို့က ကိုယ်မကြိုက်တဲ့ ဥပဒေကို ပါးစပ်က မကြိုက်ဘူးလို့ အော်နေရုံနဲ့ မပြီးဘူး။ ဒကာမကြီးတို့ ကိုယ်တိုင် စည်းရုံးကြလေ။ ဒါ ဒကာမကြီးတို့ ဒီမိုကရေစီပဲ။

ဒီလို တရားဝင် ယှဉ်ပြိုင်တဲ့အခါ အမျိုးစောင့်ဥပဒေကို ကြိုက်သူများလို့ တရားဝင်ပြဋ္ဌာန်းရင် မပြဋ္ဌာန်းလိုသူ တွေက ဒီဥပဒေကို လေးစားလိုက်နာကြစို့။

ဒီဥပဒေကို မကြိုက်သူများလို့ ကျရှုံးသွားရင် ပြဋ္ဌာန်းလိုသူတွေက လေးလေးစားစား ကျေကျေနပ်နပ် လက်ခံ ကြစို့။

ငါလုပ်နိုင်တယ် ဆိုတဲ့မာနနဲ့ ငါ့စကားနွားရ မဆိုင်တဲ့ အပိုစကားတွေ ပြောဆိုပြီး သံဃာထုကို အပုတ်ချ နေတာက ဒီမိုကရေစီ မဟုတ်ဘူး။

Ashin Ponnyavamsa
ဦးနရပတိ ဆရာတော် 

Credit : http://mixgawli.blogspot.com/2013/06/blog-post_3440.html

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်



မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများဖြင့် ရောက်ရှိနေ သူ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အနက် ပြစ်ဒဏ် သက်တမ်း စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသူ ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှား နိုင်ငံ သို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။


ဧရာဝတီ ဖောင်ဒေးရှင်းနှင့် မလေးရှား နိုင်ငံရှိ မြန်မာသံရုံးတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ် အခက်အခဲ ရှိနေသူများ၊ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသူများအနက် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို ကနဦး အစီအစဉ် အနေဖြင့် လေယာဉ်စင်းလုံးငှားပြီး ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

''နောက်တစ်ပတ် စနေနေ့ (ဇွန် ၂၉ရက်)မှာ ပြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု မလေးရှားနိုင်ငံသို့ ရောက် ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ကို ဦးဆောင်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို စနေနေ့တွင်သာ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင် ထိန်းသိမ်းရေး စခန်းများ မှ လေဆိပ်သို့ ပို့ဆောင်ခြင်းကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်အထိ လက်ထိပ်ခတ် ခေါ်ဆောင်မည် ဖြစ်သည်။

ထိန်းသိမ်းရေး စခန်းသို့ ရောက်ရှိနေသူများသည် မလေးရှား နိုင်ငံသို့ တရားမ၀င် ၀င်ရောက်ပြီး နယ်စပ် ၌ပင် အဖမ်းခံခဲ့ရသူများ၊ အော်ပရာစီဖြင့် အဖမ်းခံခဲ့ရ သူများဖြစ်ကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ထောင်ဒဏ် အသီးသီး ကျခံခဲ့ပြီးသူများ ဖြစ်ကြသည်။

ထိန်းသိမ်းရေး စခန်းတွင် ရောက်ရှိနေသူများအနက် အများစုမှာ မြန်မာနိုင်ငံသို့ မပြန်လိုဘဲ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည် ကတ်ပြားရရှိရန် စောင့်ဆိုင်းလျက် ရှိနေပါသည်။ ထိုသို့ ရရှိရန်မှာ ခက်ခဲသော် လည်း ထိုကတ်ပြား ရရှိပါက မလေးရှားနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ရရှိသည့်နည်းတူ တတိယနိုင် ငံများသို့လည်း သွားရောက်ခွင့် ရမည်ဖြစ်သောကြောင့် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည် ပို့ဆောင်ပေးမည့် သူများကို ဧရာဝတီ ဖောင်ဒေးရှင်းက အခမဲ့အနေဖြင့် ကူညီခဲ့ခြင်း ဖြစ် သည်။

Eleven Media Group

KIA မှ စစ်ပညာသင်တန်းဖွင့်ရန်ဟု ဆိုကာ မိုးကောင်းချောင်း တလျှောက်ရှိ ရွှေမှော်များမှ ဆန်နှင့်ငွေ များ ကောက်ခံနေ



ကချင်ပြည်နယ် KIA တပ်မဟာ(၂) လက်အောက်ခံ ကောင်ဂျာရွာအနီးတွင် စစ်သင်တန်းတစ်ခု ဖွင့်လှစ်ရန် အတွက် ရှဒူဇွတ် ကျေးရွာအနီး မိုးကောင်းချောင်း တလျှောက်ရှိ ရွှေမှော်များမှ ဇွန်လ ၂၅ ရက်နေ့တွင် ဆန်နှင့်ငွေများ နောက်ဆုံး ထားပေးသွင်းရန် ပြော ထားကြောင်း သိရသည်။


မိုးကောင်းချောင်းတလျှောက်တွင် အောင်လင်း၊ ချောင်းဆုံ၊ ခေါဆိုင်၊ ၀ါခါး၊ ဂျာဝမ် ရွှေမှော်များ လုပ်ကိုင်နေ ကြပြီး ကချင် လူမျိုး၊ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ အများဆုံးလုပ်ကိုင်နေကြသည်။ ``ကျွန်တော်တို့ ဒီရွှေမှော်တွေမှာ လုပ်ကိုင် နေကြတာ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းကပါ၊ 

တိုက်ပွဲတွေဖြစ်တော့ ကိုယ့်မြို့ ရွာတွေကို ပြန်ချင်ပေမယ့် ပြန်လို့မရတော့ဘူး၊ ဒါ့ကြောင့် ရွှေမှော်တွေမှာဘဲ KIA အဖွဲ့ကို ဆက်ကြေးပေးပြီး ဘ၀ရပ်တည် နေကြတာပါ၊ ဟိုတလောကလည်း ရွှေမှော်က ရခိုင်လူမျိုးတွေကို KIA အဖွဲ့ရဲ့ ပြည်သူ့စစ် လုပ် ခိုင်းဖို့ဆိုပြီး လာခေါ်သွားတယ် ´´ ဟု ချောင်းဆုံ ရွှေမှော်မှ ဗမာလူမျိုးတစ်ဦးက ပြောပြပါသည်။

KIAအဖွဲ့မှယခုစစ်သင်တန်းပေးမည့်သူများတွင် ကချင်လူမျိုးများနှင့် ရခိုင်လူမျိုးများဖြစ်ကြောင်းနှင့် ရွှေမှော်တွင် လုပ်ကိုင် နေကြသော ကျန်သူများအနေဖြင့် မိမိတို့အလှည့်ရောက်မည့်အချိန်ကို စိုးရိမ်ထိတ် လန့်နေကြကြောင်း ရွှေမှော်ရှိ ဒေသခံ များထံမှ သိရသည်။

တူးဂျာ 

Credit : http://www.kachindailynews.com/2013/06/kia_1591.html

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး မည် ဆိုခြင်းမှာ ယခင်သဘောတူလက်မှတ် ရေးထိုးထားချက်များအား အတည်ပြုခြင်းသာဖြစ်ဟု သမ္မတရုံးဝန်ကြီး ပြောကြား



တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက် လက်မှတ်ရေးထိုးမည် ဆိုခြင်းမှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ယခင်သဘောတူလက်မှတ် ရေးထိုးထားချက် များအား အ တည်ပြုခြင်းသာဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ဇွန် ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသော World Refugee Day အခမ်းအနား အပြီးတွင် သတင်းထောက်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အဆင့် လက်မှတ်ထိုးရာတွင် အချက်လေးချက် ပါဝင်ကြောင်း အပစ်အခတ် ရပ်စဲရေး၊ နယ်မြေ တစ်ခုနှင့်တစ်ခု သွားလာရာတွင် လက်နက်ကိုင်ဆောင် သွားလာခြင်း မပြု လုပ်ရေး၊ ကျော်ဖြတ် သွားလာ ရာတွင် သတင်းပို့ရန် စသည့်အချက်များအား ပိုမိုခိုင်မာရန် နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးရန် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

"သမ္မတကြီးပြောတဲ့ Nationwide Ceasefire Accord ဆိုတဲ့ အချက်ဟာ ထိုးပြီးသား အချက်တွေ ကို ပြန်ပြီး အတည်ပြုတာပဲ ဖြစ်တယ်။ ပိုပြီးယုံကြည်မှုရအောင် အတည်ပြုတာ ဖြစ်တယ်။ ကျန်တဲ့အချက်တွေ ဘာမှ မတိုးပါဘူး" ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကြာခင်ကာလတွင် ငြိမ်းချမ်းတော့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမည့် အချိန်ကာလအား အတိအကျ မပြောနိုင်သော်လည်း စိတ်ကူးအိပ်မက်ဖြစ်ပြီး အိပ်မက်များသည် လက်တွေ့တွင် ဖြစ်ပေါ်လာကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် တာဝန်ယူ ဆောင်ရွက်နေသူတစ်ဦး ဖြစ်သဖြင့် အခြား သူများထက် ယုံကြည်မှု ပိုမိုခိုင်ခိုင်မာမာထား၍ ဆန္ဒပြင်းပြင်းပြပြထားကာ ဖြစ်အောင်လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွှတ်တော်သို့ မတင်ပြခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခြင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး ပါရှိကြောင်း၊ ဆွေးနွေးပွဲ လုပ်တိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီး ၎င်းတို့က လွှတ်တော်သို့ ပြန်မရှင်းပြခြင်းသာဖြစ်ပြီး မိမိအနေဖြင့် တာဝန်ကျေကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဥပဒေပြုရေးဖြစ်သော လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လိုအပ်ပါက တိုင်းရင်းသားများဘက်မှ အ ကြံပြုချက်သာ ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

Eleven

မော်လမြိုင်ကို NOK AIR လာမယ့်ရက် ကြေညာပြီ



ထိုင်းလေကြောင်းလိုင်းတခုဖြစ်သည့် NOK AIR က မဲဆောက်-မော်လမြိုင်ခရီးစဉ် အစပြုမည့်ရက်ကို တရားဝင် ကြော်ငြာလိုက်ပြီး နယ်စပ်ဒေသခံများ သိရှိစေရန် ယခု ရက်ပိုင်းအတွင်း ကြော်ငြာနေ သည်ကို တွေ့ရသည်။


ထိုင်းနိုင်ငံ မဲဆောက်မြို့ တက်စ်ကိုကုန်တိုက်ကြီးရှိ NOK AIR လေယာဉ်လက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတဦးက ”မဲဆောက်-မော်လမြိုင်ခရီးစဉ်ကို လာမဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြေးဆွဲမှာ ဖြစ်တယ်။ ခရီးစဉ်တကြောင်းကို လူတဦး ထိုင်းဘတ်ငွေ ၁,၅၉၀ နှုံးသတ်မှတ်ထားပါတယ်” ဟု ပြောသည်။


ဘတ် ၁,၅၉၀ = US& 50 ခန့် / ကျပ် ငါးသောင်းခန့်

၎င်းခရီးစဉ်ကို ထိုင်းနှင့်မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ်များဖြင့် သွားလာနိုင်မည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ယခု ခရီးစဉ်တွင် စီးနင်းလိုက်ပါခွင့် ရ မရ မသိသေးကြောင်း ဖြည့်စွက်ပြောဆိုသည်။

ဆွီဒင်နိုင်ငံထုတ် Saab- ၃၄၀ အမျိုးအစားလေယာဉ်ဖြင့် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးသည် ၃၄ ဦးဆံ့ကြောင်း၊ ပျံသန်းချိန်မှာ ၁၈ မိနစ်ခန့် ဖြစ်ကြောင်း၊ လေယာဉ်ပျံသန်းမှုအတွက် မြန်မာနိုင်ငံ လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသည့် လေယာဉ်ပျံသန်းခွင့်လက် မှတ် ရရှိထားကြောင်း သိရသည်။


ဒေသတွင်း ပထမဦးဆုံး မဲဆောက်-မော်လမြိုင် ခရီးစဉ်သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းတို့ကို တခေတ်ဆန်းစေမည့်အစီအစဉ်ဖြစ်သည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်တဦး ဖြစ်သည့် နိုင်ကိတိခွန်းက ပြောသည်။

၎င်းက ”ဗမာနယ်စပ်ကို ပိတ်ထားတာ နှစ် ၅၀ ရှိတော့မယ်၊ အခုလို သူတို့ဘက်က ပွင့်လင်းလာတော့ နယ်စပ်ခရီးသွားလုပ်ငန်းတခုထဲနဲ့တောင် သူတို့ဘက်က အားသာချက်ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာ အများစုကိုးကွယ်တဲ့နိုင်ငံခြင်း အတူတူ ဗမာနိုင်ငံမှာက ရှေးဟောင်းဘုရားကျောင်းကန်နဲ့ သာသနိက အဆောက်အအုံတွေအပြင် သဘာဝတောတောင် ရေမြေတွေရဲ့အလှက သဘာဝအတိုင်းပဲ အများစု ကျန်ရှိနေတာက သူတို့အတွက် အားသာချက်တွေဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

ခရီးသည်တို့ရဲ့ စိတ်ဝင်စားမှု ~

ဤလေကြောင်းခရီးစဉ် အသုံးပြုမည့် ထိုင်းခရီးသည်တို့ အထူးဦးစားပေးသွားလိုသည့်အရပ်မှာ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရား၊ ကျိုက်သံလန်ဘုရား(ရှမ်းသံလန်ဘုရား) မုတ္တမ၊ ပဲခူးမြို့ (ထိုင်းအခေါ် ဟုန်စာဝတီ) ရှိ ထိုင်းမင်းသမီးတဦးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့ အတူစံမြန်းခဲ့သည့် နန်းတော် နေရာတို့ဖြစ်သည်ဟု မဲဆောက်တွင်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ဖိဒဲက ဆိုသည်။

မွန်ပြည်နယ်ကုန်သည်ကြီးများအသင်းဝင် နိုင်ထင်အောင်က ”မဲဆောက်ကို လေယာဉ်နဲ့ အများစု သွားကြမှာကတော့ လောလောဆယ်ဆယ် မွန်ပြည်နယ်က ကုန်သည်တွေအများစုဖြစ်ပါလိမ့်မယ်။ တရက် ခရီးကို ၁၈ မိနစ်နဲ့ ရောက်ပြီး လေယာဉ်ခက ဘတ်ငွေ ၁,၅၉၀ ဆိုတော့ ကုန်သည်တွေသိတ်ကြိုက်ပေါ့” ဟု ပြောသည်။

မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောမှတဆင့် နှစ်နိုင်ငံအပြန်အလှန်ကုန်စည်တင်ပို့မှုသည် လစဉ် ဘတ် သန်း ၄,ဝဝဝ ကျော် အထက်တွင်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်းဘက်က ပြောသည်။

မဲဆောက်-မော်လမြိုင်ခရီးစဉ်တကြောင်းစာအတွက် သတ်မှတ်ထားသော ဘတ် ၁,၅၉၀ သည် အစားအသောက်အပါအ၀င် ၀န်ဆောင်မှု အားလုံး အတွက် ဖြစ်ပြီး၊ ခရီးသည်တဦးလျှင် ၁၅ ကီလို အလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်ခွင့်ရှိသည်ဟု NOK AIR က မဲဆောက်အခြေစိုက်ထိုင်းရေဒီယို များတွင် နေ့စဉ် ထိုင်း-မြန်မာနှစ်ဘာသာဖြင့် သတင်းထုတ်လွှင့်လျက်ရှိသည်။

မဲဆောက်-ရန်ကုန် ခရီးစဉ်လည်း လာမယ် ~

NOK AIR သည် လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ မဲဆောက်-ရန်ကုန်ခရီးစဉ်ကို စတင်ပြေးဆွဲရန် ရည်ရွယ်ထားသည်။

ခရီးစဉ်တကြောင်းအတွက် လေယာဉ်လက်မှတ် တစောင်လျှင် ဘတ် ၃,၀၀၀ ခန့် ဖြစ်ဖွယ်ရှိကြောင်း၊ ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း NOK AIR ၀န်ထမ်းတဦးက ပြောသည်။


Credit : http://blog.irrawaddy.org/2013/06/nok-air.html

ဒလမြို့နယ်မှာ တောင်ကိုရီးယားက အထူးစီးပွားရေးဇုံလုပ်ချင်ဟု ဆို



တောင်ကိုရီးယားနိုင်ငံက ရန်ကုန် တဖက်ကမ်း ဒလမြို့နယ်မှာ စက်မှုဇုံ တည်ဆောက်ဖို့ စိတ်ဝင်စားနေ တယ် လို့ သိရပါတယ်။


၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း မြန်မာကို တောင်ကိုရီးယားက အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကို ချေးပေးမယ်လို့ ၂ နိုင်ငံ သဘောတူပြီး လည်း ဖြစ်ပါတယ်။ 

ဒလဘက်မှာ စက်မှုဇုံကြီးတခု တည်ဆောက်ဖို့အတွက် အခြေခံကောင်းတွေဖြစ်တဲ့ အလုပ်သမား ပေါတာ၊ ရေလမ်းလည်း အဆင်ပြေတာ၊ မြေနေရာလည်း ကျယ်ဝန်းတာတွေ ပါဝင်တယ်လို့ ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာတော့ ထိုင်းနိုင်ငံ ချင်းရိုင်တိုင်းမ် သတင်းစာကို ကိုးကားပြီး သတင်းတပုဒ် ဖော်ပြ ထားပါတယ်။ 

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးပါ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာ-တောင်ကိုရီးယား ၂ နိုင်ငံခေါင်းဆောင်တွေကတော့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ညှိနှိုင်းနေတာတွေ ရှိပါတယ်။

ဂျပန်ကလည်း သီလ၀ါအထူးစီးပွားရေး ဇုန်ကို လုပ်မှာမို့ ပြိုင်ဖက် တောင်ကိုရီးယားက ဒလ ကို ရွေးချယ် တယ်လို့လည်းဆိုပါတယ်။ 

ဒီသတင်းဟာ ဒလက မြေဈေးတွေလည်း တက်လာနိုင်ဖွယ်ရှိပြီး တကယ်တမ်း တောင်ကိုရီးယားက အထူး စီးပွားရေး ဇုံ တည်ဆောက်မယ်ဆိုရင်တော့ ရန်ကုန်ရဲ့ အနီးဆုံးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျကျန် နေ တဲ့ ဒလ ဟာ အလားအလာကောင်းတွေ ဖြစ်လာပြီး ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်ပါတယ်။ 

http://blog.irrawaddy.org/2013/06/blog-post_9985.html

စစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့ကို TNLA နှင့် KIA တို့ ပူးပေါင်း တိုက်ခိုက်



ယနေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း ရှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ပိန်းပွန် ကျေးရွာ အနီးတွင် စစ်ဆင်လာသည့် အစိုးရ တပ်ဖွဲ့အား တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) တို့က ပူးပေါင်း တိုက်ခိုက်သဖြင့် နာရီဝက်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါ သည်။


“သူတို့ တက်အလာကို စောင့်ပစ်တယ်။ အထိနာတာပေါ့။ ဒါကြောင့် နာရီဝက်ဘဲ ခံတယ်။ ပြန်ဆုတ် သွားတယ်။ အဲဒီ တပ်က ဘယ်တပ်လဲ ဆိုတော့ လောလောဆယ် မသိရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မနေ့ညကလည်း တပ်ဖွဲ့အသစ်တွေ ထပ်ရောက် လာတယ်လေ။ ဆိုတော့ မသဲကွဲသေးဘူး။ ဒါပေမဲ့ သေချာတာကတော့ စစ်ဆင်ရေး လက္ခဏာက စိပ်လာတယ်။ ကျနော်တို့ကလည်း အဆိုးဆုံးကို ပြင်ထား ပါတယ်” ဟု ဆိုပါသည်။

ယခုတိုက်ပွဲသည် TNLA ၁၀၁ တပ်ရင်းနှင့် KIA တပ်မဟာ (၄) ထိန်းချုပ် နယ်မြေမှ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း TNLA တပ်ရင်း ၁၀၁ အရာရှိ တစ်ဦးမှ ဆိုပါသည်။ ကွတ်ခိုင်မြို့နယ် ပိန်းပွန်ရွာသည် KIA တပ်မဟာ ၄ ၏ ထိန်းချုပ် နယ်မြေဖြစ်သဖြင့် အစိုးရ တပ်ဖွဲ့များသည် KIA ကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းသာ ဖြစ်ပါသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း၊ ယမန်နေ့ည ကလည်း လားရှိုးမှ မြန်မာစစ်တပ် စစ်ကား အစီး ၂၀ ကျော် ရှမ်းမြာက်ဖက်သို့ ထွက်ခွာ လာခဲ့ပြီး မနေ့ည ၉ နာရီအချိန်တွင် နမ့်ခမ်းမြို့သို့ စစ်ကား အစီး ၂၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ ထိုမှတဆင့် မန်ဝိန်ကြီးဖက်သို့စစ်ကား ၁၁ စီးဖြင့် ခြေလျင်ဖြင့် စစ်သား ၂၀၀ ကျော် စစ်ဆင်သွားခဲ့ ပါသည်။ ကျန်သည့် စစ်ကား ၁၂ စီးမှာ နမ့်ခမ်းမြို့တွင် ရှိနေဆဲဖြစ်ပြီး TNLA ဒေသကို ဆက်လက် စစ်ဆင်မည်ဖြစ် ကြောင်း TNLA ကဆိုပါသည်။

လက်ရှိ အခြေအနေတွင် ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာ၌ ရှိသောKIA အမှတ် (၃၆)၊ အမှတ် (၃၈)၊ အမှတ် (၉)၊ အမှတ် (၂)၊ အမှတ်(၈)၊ အမှတ် (၃၄) အမှတ် (၁၇)နှင့် အမှတ် (၂၉) တပ်ရင်းတို့တွင် နေရာတိုင်း၌ တစ်နေရာ မဟုတ် နှစ်နေရာ၊ သုံးနေရာတွင် နေ့တိုင်း လိုလို တိုက်ပွဲများ ဖြစ်လာခဲ့ပါသည်။ ယင်းတိုက်ပွဲများကြောင့် သိန္နီ၊ ကွမ်းလုံ၊ မူဆယ်၊ ကွတ်ခိုင် နှင့် မန်တုံမြို့နယ်များတွင် ရှိနေသည့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း၊ အကြောင်းမှာ အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် ဖြစ်ပွားသည့် အနီးအနား ကျေးရွာ များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာ လူထုအား အကြောင်းမဲ့ စွပ်စွဲပြီး သတ်ဖြတ်ခြင်း၊ အမြင်မတော် ဂလဲ့ စားချေ ပစ်ခတ်ခြင်း၊ လမ်းပြပေါ်တာ ဆွဲခြင်းများ ဖန်တီး တတ်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အလားတူ TNLA တပ်ရင်းများ ဖြစ်သည့် အမှတ် (၁၁၂)၊ အမှတ် (၄၇၈)၊ အမှတ် (၃၆၇) အမှတ် (၁၂၅) အမှတ် (၂၅၆) အမှတ် (၁၀၁)နှင့် တပ်ရင်း အသစ် စခန်းများတွင်လည်း လပေါင်းများစွာ စစ်ဆင်နေရာမှ တဖြည်းဖြည်း ပြင်းထန်လာ ခဲ့ပါသည်။

ဤသို့ကြောင့် ကျောက်မဲ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းဝီးမြို့နယ်မှ တောနယ် ကျေးရွာ လူထုများ စိုးရိမ်ကြောက်ကြံ့နေကြပါသည်။

TNLA ဒေသ၌ စစ်ပြေး ဒုက္ခသည် အသစ်များ တိုးလာနေပါသည်။ နမ့်ဆန်၊ ကွတ်ခိုင်နှင့် မိုင်းငေါ့ဖက်မှ ဖြစ်ပြီး လူ့အခွင့် အရေး ချိုးဖေါက်မှု များစွာ ရှိနေကြောင်း၊ ဤကိစ္စအတွက် အချက်အလက်များ စုဆောင်း ပြီး ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး အပါဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း များသို့ တင်ပြ သွားမည်ဟု တအာင်း အမျိုးသမီး ရေးရာ အဖွဲ့များက ဆိုပါသည်။ 

http://abbsoluteright.blogspot.com/2013/06/tnla-kia_23.html

ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက်ရယူ



ရခိုင်ရဟန်းတော် ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ ကို ဇွန်လ ၂၁ ရက်နေု့ ညနေပိုင်းတွင် သီရိလင်္ကာနိုင်ငံ ဘန္ဒာနာယကေ အထိမ်းအမှတ် နိုင်ငံတကာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ကေလဏိယ တက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ရယူခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်း ပဓာနနာယက ဆရာတော် ဖြစ်သော ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ကို ရခိုင်ပြည်နယ် အပေါ် ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာ သက်ရောက်မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်း အရ လေ့လာမှု စာတမ်း “A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State” နှင့် ရရှိခဲ့သည်။

သူ၏ ကျမ်းစာကို ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (ကေလဏိယတက္ကသိုလ်)သို့ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် တင်သွင်းခဲ့ပြီး၊ ယင်းဘွဲ့အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံမှ ပထမဦးဆုံး ပါရဂူဘွဲ့ရရှိသော ရခိုင်အမျိုးသားရဟန်းတော် တစ်ပါးဖြစ်ပြီး၊ မြန်မာရဟန်းတော်များ ထဲမှ ပဉ္စမမြောက် ပါရဂူဘွဲ့ရပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်နှင့်အတူ မြန်မာနိုင်ငံမှ ပါရဂူဘွဲ့ရ တစ်ပါး၊ အခြားသော မဟာဒဿနိကဘွဲ့ရ နှင့် မဟာဝိဇ္ဇာဘွဲ့ရ ရဟန်းတော် များလည်း ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့ကြသည်။

ဆရာတော်၏ www.kingthardhamma.blogspot.com (ကိန်းသာဓမ္မကျောင်းဘလော့) အရ၊ ပါရဂူဘွဲ့မတိုင်မှီ ဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းကို အထက ရသေ့တောင်မှ အောင်မြင်ခဲ့ပြီး၊ ၂၀၀၀ ခုနှင့် ၂၀၀၄ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင် အခြေခံ ဗုဒ္ဓဘာသာစာပေများကို ပရိယတ္တိစာသင်တိုက်များတွင် လေ့လာသင်ယူခဲ့ပြီး သာသနာရေး ၀န်ကြီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း (၂၀၀၁)၊ ပထမငယ်တန်း (၂၀၀၂)၊ ပထမလတ်တန်း (၂၀၀၃)၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) ကို (၂၀၀၄) ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ၃ နှစ်တိုင် လေ့လာခဲ့ပြီး၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာ ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိခဲ့သည်။ ဆရာတော်သည် ၂၀၀၆ ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ ဗုဒ္ဓစာပေများ ကို လေ့လာသင်ယူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of Kelaniya) ၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာ ပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies) မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ကို ရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) (ဗုဒ္ဓဘာသာပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသန ပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ် စာပြဆရာဖြစ် ဒီပလိုမာ (၂) နှစ်သင်တန်းကို ၂၀၁၁ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြုံတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းကိုလည်း ၂၀၁၀ခုနှစ်တွင် တက်ရောက်ပြီးဆုံးခဲ့သည်။

သီရိလင်္ကာနိုင်ငံမှ မိမိ၏ဒေသကိုရောက်ပြီးကတည်းက အခြေခံပညာ၊ ဗုဒ္ဓဘာသာ၊ ပြည်သူလူထု နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဆရာတော်၏ ကိန်းသာ ဓမ္မကျောင်းမှာ ဖွင့်လှစ် သင်ကြား နိုင်ရေးအတွက် အခြေခံအဆောက်အအုံများကို အားသွန်ခွန်စိုက်ဆောင်ရွက် နေခဲ့ပါကြောင်း၊ ယခုအခါတွင် ဆရာတော်၏ဦးဆောင်မှုဖြင့် အလျား ၇၂ ပေ အနံ ၃၉ ပေ စာသင်ကျောင်းဆောင် တစ်ခုကို စာသင်ကြားဖို့အရန်အတွက် ဆောက်လုပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ဆဲစာသင် ကျောင်းဆောင် အမြန်ပြီးစီးရန် အတွက် ပြည်တွင်း ပြည်ပမှ အထောက်အပံ့ပေးမည့် စေတနာရှင်များ အလွန် လိုအပ် နေပါကြောင်း၊ စာသင်တန်းများပို့ချပေးဖို့ရန် ယင်းသည် အရေးတကြီးဖြစ်ကြောင်းဖြင့် ဘွဲ့နှင်း သဘင် အပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆရာတော်က သူ၏ဒေသတွင် အခက်အခဲများ၊ နားမလည်မှုများ၊ ခေတ်နှင့် မလျော်ညီသော အလုပ်မဖြစ်သည့် အတွေးအခေါ်များစသော အခက်အခဲ စိန်ခေါ်မှုများ ရှိကြောင်း၊ ထိုစိန်ခေါ်မှုများသည် ကာယစိတ္တာနှစ်ဖြာသော ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးမတည်ကြောင်း၊ သို့သော် စိတ်ရှည်၊ သည်းခံ၊ နားလည်ခြင်းတို့ဖြင့် ရင်ဆိုင်တိုးဝှေ့ရန် စိတ်ဆုံးဖြတ်ထားကြောင်း၊ မာန် မာန၊ ဂိုဏ်း ဂဏ၊ ပါတီစသော ခွဲခြားမှုမရှိဘဲ၊ လူသားရင်းမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ကိုးလျက် ဆရာတော်၏ လုပ်ဆောင်ချက်များတွင် မိမိတို့ တက်နိုင်သရွှေ့ကူညီကြစေ လိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည်။ သေရှာပေါက် အခက်အခဲများစွာရှိနေသော်လည်း အားတောင့် သည်းခံ ကြံကြံခံဖို့ ခွန်အားကို ရှာဖွေရမည် ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်လျင် အကျွန်ုပ်တို့သည် မည်သူ မည်ဝါ ဖြစ်မည် ဖြစ်သည်ကို သိကြမည် မဟုတ်ကြောင်းဖြင့် မိန့်ကြားခဲ့ပါသည်။

ဆရာတော်ထံသို့ kingthar@gmail.com ဖြင့်သော်လည်းကောင်း၊ +959440224439 နှင့် +959421741973 ဖုန်းနံပါတ်များကိုလည်းကောင်း ဆက်သွယ်နိုင်ပြီး၊ ဆရာတော် အကောင် အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများကို www.kingthardhamma.blogspot.com တွင်ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။

သီရိလင်္ကာနိုင်ငံ၊ ဘွဲ့နှင်းသဘင်ပြီးသည့် နောက်ပိုင်းတွင် ဆရာတော်သည် နယူးယောက်မြို့၊ ဗုဒ္ဓဘာသာ သနာပြုအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေး အလည်အပတ် ခရီးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃ ခု ဒီဇင်ဘာလ (၂၀) ရက် (အင်္ဂါနေ့ ) တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ဦးအနက် (၉) ဦးမြောက် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်သာမဏေအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ၀င်ရောက်ခဲ့သည်။

သေနတ်လုထွက်ပြေးသောတရားခံကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ မြန်မာဘက်သို့အပ်နှံ



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တရားရုံး၌ တာဝန် ကျ ရဲထံမှ သေနတ်လု ပစ်ခတ်ပြီး ထွက်ပြေး လွတ် မြောက် သွားသော တရားခံ(၃)ဦးအနက် တစ်ဦးကို တရုတ်ပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အပ်နှံခဲ့ ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။


“၁၇ ရက် နေ့လည် ၂ နာရီလောက်က အရပ်ဝတ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အချုပ်တရားခံပြေး အိုက်ဆမ် နဲ့ သူ့ကိုလက် ခံကျွေးမွေးထားတဲ့ သူ့အကို အိုက်ယီ ကို ခြေချုပ်လက်ချုပ်နဲ့ တရုတ်မြန်မာနယ်စပ် ၀င်/ထွက်ပေါက် နန်းတော်ပေါက်ကနေဝင်လာပြီး မြန်မာရဲကို လာအပ်တာ တွေ့ရတယ်” ဟု မျက်မြင် ကားသမား တစ်ဦးကပြောသည်။

တရုတ်နိုင်ငံ လုံချွမ်းခရိုင် ရဲတပ်ဖွဲ့မှူး ရန်လီပင်း တို့အဖွဲ့က အချုပ်တရားခံပြေးအား တရုတ်နိုင်ငံ ဂျေဖန်မြို့ တွင်ဖမ်းဆီးရမိသဖြင့် မူစယ်ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မင်းမင်းဦး အဖွဲ့တို့ထံ အပ်နှံခဲ့ခြင်းဖြစ် တရားခံကို ကြောင်း ၄င်းကဆိုသည်။

“ ဇွန်လ ၄ ရက်က မူစယ်တရားရုံးမှာ သေနတ်လုထွက်ပြေးတဲ့ တရားခံက ၅ ယောက် လေ။ အဲ့နေ့မှာ ၂ ယောက်ကိုတော့ သေနတ်ပစ်ခြိမ်းခြောက်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်၊ အဲဒီထဲမှာ ကျားဖြူဥက္ကဌတူကို သတ်တဲ့ တရား ခံ ရဲအောင်ထွေး(ခ)လိဖန် လဲပါတယ်” ဟု မူစယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သောသူတစ်ဦးကပြောသည်။

ရဲထံမှ သေနတ်လု ပစ်ခတ်ပြီးထွက်ပြေးသွားသူများသည် ပန်းဆေးပြည်သူ့စစ် တွင်တာဝန် ထမ်းဆောင်ခဲ့ဖူး ကြောင်း ထို့ကြောင့်လည်းသေနတ်ကောင်းကောင်းပစ်တတ်ကြောင်း ၄င်းကဆိုသည်။

ယ္ခုအခါ ထွက်ပြေးလွတ်မြောက်နေဆဲ တရားခံ (၂)ဦးမှာ မုံးကိုးလက်နက်ကိုင်တပ်ဖွဲ့ထံ ခိုလှုံနေသည်ဟု လည်း ဒေသတွင်း၌ သတင်းများထွက်ပေါ်နေပါသည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_3249.html

ရွှေတိဂုံစေတီတော်တွင် ဆန္ဒဖော်ထုတ်မှုများ ခွင့်မပြုတော့ဟု ဂေါပကအဖွဲ့ ကြေညာချက်ထုတ်ပြန်



မြန်မာနိုင်ငံ၏ သမိုင်းဝင် စေတီတော်ဖြစ်သော ရွှေတိဂုံရင်ပြင်တော်အတွင်း မည်သည့် ဆန္ဒပြမှု များကို ခွင့်ပြုမည် မဟုတ်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ တားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်း အပိုဒ်-၇၇ (ဏ) အရ အများပြည်သူတို့ စိတ်ချမ်းမြေ့စွာ ဘုရားဝတ်ပြု ကြည်ညိုနိုင်ရေး အတွက် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပါတီမျှ ရွှေတိဂုံကုန်းတော် ရင်ပြင်၊ ပရဝုဏ်နှင့် ဝတ္တကမြေအတွင်း ဘာသာရေးနှင့် မအပ်စပ်သော အပြုအမှုများ မပြုလုပ်ရန် တားမြစ်သည်။


ရွှေတိဂုံကုန်းတော်တွင် လူစုလူဝေးဖြင့် စာတမ်းကိုင် ဆန္ဒပြ စီတန်းလှည့်လှည်ခြင်း၊ ဟောပြော လှုံ့ဆော်စည်းရုံးခြင်း၊ ကျယ်လောင်စွာ ရွတ်ဆိုဆုတောင်းခြင်းနှင့် ရန်ပုံငွေ (အလှူငွေ) ကောက်ခံခြင်း စသည်တို့ကို တားမြစ် ဆိုင်းဘုတ် ထောင်ကာ အသိပေးထားကြောင်း သိရသည်။

“ဘုရားရင်ပြင်တော်ပေါ် မှာ ရုတ်ရုတ်သဲသဲ လူစုလူဝေးဖြစ်လာပြီး မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဘာသာရေးနဲ့ လုံးဝ မအပ်စပ်တဲ့အတွက် လုံးဝ ခွင့်မပြုသင့်ပါဘူး” ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဘုရားလာဖူးတဲ့ သူတွေမှာ တရားထိုင်တာတို့ ၊ ပုတီးစိပ်တာတို့ ရှိတဲ့အတွက် အဲဒီ ပုဂ္ဂိုလ်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ 


အခုလို ကန့်သတ်လိုက်တဲ့အတွက် ကောင်းပါတယ်” ဟု ဘုရားဖူး ပြည်သူတ စ်ဦး က ထောက် ခံစကားဆိုကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

အရာရာကို လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်လို့မရဘူးဆိုတဲ့ ဒေါ်စောမြရာဇာလင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း



ရန်ကုန်တိုင်းဒေသကြီး မော်ဘီမြို့၌ သံဃာတော်အပါး ၂၀၀ ခန့်ပါဝင်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၃-၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဆရာတော် ဦးဝီရသူမှ အဆိုတင်သွင်းထားသည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားနဲ့မယူဖို့ ကန့်သတ်ထားသော မျိုးစောင့်ဥပဒေမူကြမ်းကို ရေးဆွဲ ကာ တရားဝင်တည်ပြုနိုင်ရေးအတွက် လွှတ်တော် သို့ လူထုထောက်ခံလက်မှတ်များဖြင့် တင်ပြသွားမည့် အပေါ် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းနှင့် အာရ်ကန်တိုင်းမ်စ်တို့ သီးသန့်တွေ့ဆုံ မေးမြန်း ထားခြင်း ကို ဖော်ပြလိုက် ပါသည်။


အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အမြင်သဘောထားတွေ ရှိပါသလဲ။

ဒေါ်စောမြရာဇာလင်း။ ။ တကာနဲ့ ဆရာရယ်လို့ သံယာတော်တွေကိုဆရာ အဖြစ်အလေးထားပြီး ကိုးကွယ်လာခဲ့ကြတာမြန်မာ့ လူ့ဘောင် အသိုင်းအ၀ိုင်းရဲ့ ဓလေ့တစ်ခုဆိုရင်မမှားနိုင်လို့ အရင်ဆုံးပြောချင် ပါတယ်။ တာကာပူရင် ဆရာမနေသာဖြစ်ရတဲ့ ကြီးမားသော ပဋိပက္ခတွေ မြန်မာနိုင်ငံလုံးဆိုရအောင် ပေါ်ပေါက်ခဲ့တယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ အနာဂတ်ကို စဉ်းစားပူပန်ပြီး မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းဖို့ သံယာတော်တွေ စဉ်းစားလာခဲ့ကြခြင်းလို့ ကျမနားလည်ပါတယ်။ နောက်တခုက - တရားဝင်လက်ထပ် ထိန်းမြားခြင်းမဟုတ်ဘဲ ဘာသာခြားနဲ့အိမ် ထောင်ပြုလိုက်ပြီးနောက် - ဒုက္ခတပုံကြီးနဲ့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွေကို ပြန်ရောက်လာကြတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကိုအများအပြား မြင်တွေ့လာကြရတဲ့အခါ အမျိုးသမီးတွေရဲ့ လုံချုံရေးနဲ့ ဗုဒ္ဓဘာသာကိုယ်ကွယ်တဲ့ လူမျိုးတွေရဲ့ အနာဂတ်အတွက် စဉ်းစားကြတယ်။ နည်းလမ်းရှာကြတယ်လို့ ထင်ပါတယ်။

တခုပြောရမှာက-အမျိုးဘာသာ သာသနာနဲ့ ဓလေ့တွေကို ထိန်းသိမ်းသို့ စဉ်းစားတဲ့အခါမှာ ကျားရော/ မရော(၂)မျိုးသော လူသားများအတွက်ပါ စဉ်းစားကြမှာဖြစ်ပါတယ်။ အမျိုးသမီးအတွက်သက်သက် ကွက်ပြီးရေးဆွဲခြင်းမျိုး မဖြစ်သင့်ပါ။ ဥပဒေ တခုရေးဆွဲတယ်ဆိုတာ အားလုံးအတွက် ဖြစ်ရပါလိမ့်မယ်။ အဲဒီ ဥပဒေကို ဖြစ်သင့်မဖြစ် သင့်အတည်ပြုမှာကတော့ ပြည်သူ့လွှတ်တော်နဲ့ပဲ ဆိုင်ပါတယ်။

အာရ်ကန်တိုင်းမ်စ်။ ။ တလင်တမယားစနစ်ဆိုတာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို ထိစိုက်စေပါသလား။

ဒေါ်စောမြရာဇာလင်း။ ။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုးလို့ ရခိုင်စကားပုံ၊ မြန်မာစကားပုံ တွေမှာ ရှိတယ်။ ဒီစကားပုံဟာ အိမ်ထောင်ပြုကြသူ ကျား-မ (၂)ဦးစလုံးအတွက် ပြောထားတဲ့ ခေတ်ဟောင်း ဥပမာစကားကြီး တခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တလင်မယားအဖြစ်နဲ့ ဘ၀သက်ဆုံးတိုင်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တခါတခါ အိမ်ရှင်အမျိုးသားက ပြင်ပမှာရူပ်ပွေလေလွင့်ပြီးနေတာ။ တရားဝင်အိမ်ထောင်ဖက် အပိုထားတာ။ တရားမ၀င် အိမ်ထောင်ဖက် အပိုထားတာတို့ ဖြစ်ပေါ်လာရင် အမျိုးသမီးက ထုံးတန်းစဉ်းလာကြောင့် နောက်အိမ်ထောင် မရှာရဲတာ မဖြစ်သင့်ဘူး။ နောက်တခု အိမ်ထောင်ပြုထားကြတဲ့ အိမ်ထောင်ရှင် ၂ ဦးစလုံးက တဦးကိုတဦး လုံးဝမခင်တွယ်ကြဘူးဆိုရင် ၂ ဦးသဘောအရ ကွာရှင်းခွင့်ရှိပါတယ်။ ကိုယ့် သဘောအရ နောက်အိမ်ထောင် စဉ်းစားလို့ ရပါတယ်။

အာရ်ကန်တိုင်းမ်စ်။ ။ မျိုးစောင့် ဥပဒေဆိုတာ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ပြောတဲ့အပေါ်မှာ ဘာတွေပြောချင်ပါသလဲ။

လူအမျိုးမျိုး စိတ်အမျိုးမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လူ့အခွင်အရေးဥပဒေမှာ လူတဦးစီရဲ့ အခွင်အရေး ကိုကာကွယ်ထားသလို ထိုလူသားတွေ ကိုးကွယ်တဲ့ ဘာသာသာသနာများကိုလည်း အကာအကွယ် ပေးထားတာရှိပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာဟာ ဘာသာနဲ့ ကိုးကွယ်သူ ၂ ခုစလုံးကို ကာကွယ်ပေးထားသလို ထိုဘာသာကို ကိုးကွယ်သူက ကိုယ့်ဘာသာရဲ့ လုံခြုံရေးကို ကာကွယ်ခွင့် ရှိပါတယ်။

အရာရာကို လူ့အခွင်ရေးဆိုတဲ့ ရှုထောင့်သက်သက်က ကြည်လို့မရဘဲ ဥပဒေကြောင်းအရ ကြည့်ရမှာတွေ လဲရှိပါတယ်။ (ဥပမာ- အိမ်တံခါးပျက်နေတဲ့ အိမ်တစ်လုံးက သေတ္တာတစ်လုံးကို လူတစ်ဦးတစ်ယောက်က တက်ယူလာတယ်ဆိုပါစို့ ထိုတက်ယူတဲ့သူမှာ ယူပိုင်ခွင့်ရှိတယ်လို့ လူ့အခွင့်အရေးအရ ပြောရင် မှန်ပါ့မလား။) ဒါကြောင့် တိုင်းပြည်အရေးကို ကြည့်တဲ့အခါ လူ့အခွင်အရေး ရှုထောင့်သက်သက်မှကြည့်ရင် အခက်အခဲရှိနိုင်မယ်လို့ ကျမမြင်တယ်။ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် ကျမတို့နိုင်ငံမှာ အချင်းချင်း စိတ်ဝမ်းကွဲ ပြားမှုတွေမဖြစ်လာအောင် အထူးသတိထားဖို့ လိုအပ်လာပါတယ်။

လူမျိုးတိုင်းမှာ အမျိုးဘာသာသာသနာ ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ကျမမြင်ပါတယ်။ အမျိုးသမီး၊ အမျိုးသား၊ အစိုးရ၊ သာသနာဘောင်မှ ပုဂ္ဂိုလ်များ စသည်ဖြင့် အားလုံးမှာ တာဝန်ရှိတယ်။

ဥပမာတခုကို ကျမထပ်ပြောချင်ပါတယ်။

ဘီစီ (၆) ရာစုမှာ ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနာဟာ အေဒီ (၁၂) ရာစုကို ရောက်တဲ့အခါ အိန္ဒိယနိုင်ငံမှာ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။ အေဒီ (၃) ရာစုလောက်မှာ အုပ်စိုးခဲ့တဲ့ ဂုပ္ပတမင်းလက်ထက်မှာ ဘုရားပွင့်တော်မူခဲ့ရာ ညောင်ပင်ကအစ မြေလှန်တူးဖေါ် ဖျက်စီးပစ်ခဲ့တယ်လို့ သိရတယ်။ အခုကျမတို့ နေထိုင်တဲ့ ဘင်္ဂလားဒေ့(ခ်ျ)ဟာလည်း ဗုဒ္ဓဘာသာဝင်တွေနေခဲ့တဲ့ တိုင်းပြည်တခုဆိုတာ သာသနိက အဆောက်အဦးအဟောင်းတွေက သက်သေပြနေတယ်။ 

အမျိုးဘာသာသာသနာဟာ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဘာသာကို လိမ္မာပါးနပ်စွာ ကာကွယ်ခြင်းဖြင့် တိုင်းပြည် အေးချမ်းမှုကို ရနိုင်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓသာရဲ့အခြေခံက ငြိမ်းချမ်းရေးပါပဲ။ ဘင်္ဂလားဒေ့(ခ်ျ)မှာ ဘူရ၀ါလို့ခေါ်တဲ့ မရမာကြီးတွေက ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားအောင် လုပ်တာ အားရစရာ ကောင်းပါတယ်။ တောင်ကိုးရီးယားမှာလည်း ဘုန်းကြီးတွေ လူ့ဘောင်တိုးတက်အောင် လူမှုရေးလုပ်ငန်း တွေ ကြိုးစားလုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။ ကျမတို့နိုင်ငံမှာလည်း ဗုဒ္ဓဘာသာထွန်းကားအောင် ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူများအားလုံးက ဘာသာမနစ်နွမ်းအောင် ကြိုးစားကြဖို့ အထူး သတိထားကြဖို့နဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံထားတဲ့ တရားတိုးပွားအောင် လုပ်ဖို့ တိုက်တွန်း ပါတယ်

From:Arcan Time

အမျိုးစောင့် ဥပဒေအတွက် ရွာလုံးကျွတ် လက်မှတ်ထိုးပွဲ ကျင်းပ



နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ်၊ သဲကော ကြီး ကျေးရွာတွင်- 22.6.2013 ရက်နေ့က ရွာလုံး ကျွတ်လက်မှတ်ထိုးပွဲ ကျင်းပခဲ့သည်။

လယ်ဝေးမြို့၊ ရွှေအင်တောင်ဆရာတော်နှင့် အမျိုး ဘာသာ သာသနာကို သစ္စာမဖောက်နိုင် သူများက ရှင်းလင်းဟောပြ- ဆန္ဒခံယူခြင်းဖြစ်သည်။

ယခုဆိုလျှင် လယ်ဝေးတစ်မြို့နယ်တည်းမှပင် ထောက်ခံလက်မှတ်ပေါင်း လေးသောင်းကျော် ရရှိနေပြီး၊ သိန်းကျော် ရရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

From:wira thu

ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ



ကမ္ဘာတွင် အရပ် အရှည်ဆုံးသူ ဖြစ်နိုင်သော အရပ် ၈ ပေ ၄ လက်မ အမြင့်ရှိ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးကို များမကြာမီက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည်။


တွေ့ရှိခဲ့သူမှာ အသက် ၃၆ နှစ်အရွယ် ကိုဝင်းဇော်ဦး ဖြစ်ကြောင်း Myanmar News Now က ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။

ကိုဝင်းဇော်ဦး၏ ဇာတိမှာ မကွေးတိုင်း၊ နတ်မောက် မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာဖြစ်ပြီး မိဘများမှာ ဦးအောင်လှနှင့် ဒေါ်မောက်တင်တို့ ဖြစ်ကြသည်။ ထုံးပေါက်ချိုင်ကျေးရွာသည် နတ်မောက်မြို့မှ ၁၅ မိုင်ခန့် ဝေးကြောင်း ဆိုသည်။

ကိုဝင်းဇော်ဦးသည် ၁၉၈၈ ခုနှစ်က လေးတန်းမှ ကျောင်းထွက်ပြီး မိဘများ စီးပွားရေး အဆင်မပြေသဖြင့် အသက် ၁၅ နှစ် အရွယ်တွင် ရန်ကုန်သို့ အလုပ် လုပ်ရန် သွားခဲ့ကြောင်း၊ ရန်ကုန် လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ကြောင်း၊ ထိုအချိန်က သူ့အရပ်မှာ ပုံမှန် အတိုင်း ရှိခဲ့ကြောင်း၊ သူ၏ ထူးခြားမူမှာ ဒိန်ချဉ်ကြိုက်ပြီး နွားနို့ အလွန်အကျွံသောက်ကြောင်း၊ အသက်(၁၈)နှစ် အရွယ်တွင် ရန်ကုန်မှ မိမိကျေးရွာ ထုံးပေါက်ချိုင်သို့ ပြန်ခဲ့ကြောင်း၊ ထိုအချိန်ကစပြီး နောက်ပိုင်းတွင် တစတစဖြင့် တနှစ်ထက် တနှစ် ခန္ဓာကိုယ်ကြီးလာကာ အရပ်မှာ မြင့်တက်လာခဲ့ကြောင်း၊ ယခု အသက်ု(၃၆) နှစ်အထိ ဆက်လက် မြင့်တက်နေကြောင်း ကိုဝင်းဇော်ဦးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။

ယခင်နှစ်က ရှစ်ပေတစ်လက်မရှိခဲ့သော ကိုဝင်းဇော်ဦးမှာ ယခုအခါ ရှစ်ပေလေး လက်မ ရှိကြောင်း သိရ သည်။

သူကရှက်တတ်သူ ဖြစ်ကြောင်း၊ အစားအသောက်မှာ ပုံမှန်ဖြစ်ကြောင်း၊ ကွမ်းယာကိုကြိုက်ကြောင်း၊ အဝတ်အစားတွင် ပုဆိုးက ကွင်းကျဉ်းနေပြီး တိုနေသော်လည်း ဖြစ်သလိုဝတ်ကြာင်း၊ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးကြောင်း၊ အမေအို အဖေအိုများနှင့် အတူ နေထိုင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ရောဂါလက္ခဏာမတွေ့ ရကြောင်း၊ အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိ သေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရသည့်အတွက် ခြေထောက်က ကြာရှည် မထောက်နိုင်တော့သည့် အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်ရသည့် ဒုက္ခဖြစ်နေကြောင်း၊ သို့အတွက် မည်သည့်နေရာကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက ပြောသည်ဟု ဆိုသည်။

ယခု လက်ရှိ ကမ္ဘာတွင် ဂရင်းနစ် စာရင်းဝင် အရပ် အရှည်ဆုံးသူမှာ တူရကီနိုင်ငံမှ Sultan Kösen ဖြစ်ပြီး အရပ် ၈ ပေ ၂ လက်မသာရှိသဖြင့် ကိုဝင်းဇော်ဦးမှာ ကမ္ဘာတွင် အရပ်ရှည်ဆုံးသူ အဖြစ် ဂရင်းနစ် မှတ်တမ်းဝင်နိုင်သူ ဖြစ်နိုင်ကြောင်း သတင်းများ ရရှိသည်

From:News Collection

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးအား ဆန်းစစ်ဝေဖန်ခြင်း-၁



အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ် မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြ ပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ပတ်သက် သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်း သည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလို ချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီး ဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ် ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါး ထဲမှာမြင်တွေ့ရတော့မယ်လို့ ဆိုလို လိုက် တာပဲ ဖြစ်ပါတယ်။


ပထမဆုံးစာပိုဒ်ကိုကြည့်ရအောင်ပါ။ ပထမဆုံးစာပိုဒ်မှာ အဖွင့်အပိတ်မျက်တောင်နဲ့ “the Burmese bin Laden” begins his sermon လို့စသုံးလိုက်ပါတယ်။ အပေါ်က ခေါင်းစဉ် Terror နဲ့ ဘင်လာဒင်ချိတ်လိုက်ရင် စာဖတ်သူက မျက်မှောင်စကြုံ့ပြီး ဒီရဟန်းအပေါ် ဘာသာေ၇း အစွန်းရောက်ခိုမေနီအလားမြင်လာစေမှာမလွဲပါ။ အဲ့ဒီပထမအပိုဒ်ရဲ့ အောက်ဆုံးစာကြောင်းမှာပဲ “Now is the time to rise up, to make your blood boil.” လို့သုံးလိုက်ပါတယ်။ အချိန်ကျပြီ။ သွေးတွေ ဆူပွက်အောင်လုပ်ကြ စသဖြင့်ပေါ့လေ။ ဒီလိုနည်းနဲ့ပိတ်လိုက်ခြင်းအားဖြင့် နိဒါန်းမိတ်ဆက်စာပိုဒ်မှာတင် စာဖတ်သူကို ဆောင်းပါးရှင်က ဒီဆောင်းပါးထဲပါသော ရဟန်းဟာ ဘင်လာဒင်လို ဘာသာရေး အစွန်းရောက် သွေးဆာသူ လို့ နိမိတ်ပုံပြပြီးဖြစ်စေပါတယ်။ ကျန်တဲ့စာပိုဒ်တွေကို ဆက်ဖတ်ဖို့ စာဖတ်သူရဲ့ အတွေးအာရုံဟာ ဘယ်ဖက်ကို တိမ်းညွှတ်မယ်ထင်ပါသလဲ။ အကောင်းဖက်လား။ အဆိုးဖက်လား။ သိသာနေပါတယ်။

"Buddhist blood is boiling in Burma, also known as Myanmar — and plenty of Muslim blood is being spilled." ဗုဒ္ဓဘာသာတွေရဲ့သွေးတွေဟာ မြန်မာ့မြေပေါ် ဆူပွက်နေတယ်။ မွတ်ဆလင်တွေရဲ့ သွေးတွေဟာ မြေခနေရတယ် လို့ ဒုတိယအပိုဒ်ကို ဆက်ဖွင့်လိုက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်ရဲ့ ပထမစာကြောင်းပါ။ ခုနက ခေါင်းစဉ်၊ ပထမစာပိုဒ်ထဲက အကြောင်းအရာတွေနဲ့ အခု ဒုတိယစာပိုဒ်အဖွင့် စာကြောင်းကို ဆက်လိုက်တဲ့အခါမှာ ...စာဖတ်သူက "ဟာ..အတော်ရက်စက်တဲ့ ဗုဒ္ဓဘာသာတွေ ပါလား"လို့တွေးချင်စရာကောက်ကြောင်းကြီးက ပီပီပြင်ပြင်ပေါ်လာခဲ့ပါတယ်။ မိတ္တီလာအရေးအခင်းမှာ အကြမ်းဖက်သူတွေဘေးကနေ ကာကွယ်ပေးခဲ့တဲ့ဆရာတော်၊ နော် ဘာသာမရွေးအကူအညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြီးမားတဲ့ကဏ္ဍ ပျောက်ကွယ်သွားပြီး 969 ဆိုတဲ့ Cultural Nationlistic Movement ကြီးဟာ အကြမ်းဖက်မှုဆိုတာကနေ မှေးမှိန်သွားကာ မြန်မာတစ်နိုင်ငံလုံား အာဖဂန်ရှိ တာလီဘန် များစစ်သွေူးကြွသလို ကြွနေတယ်ဆိုတဲ့ ဖက်ကို ဆွဲခေါ်သွားပါတော့တယ်။

Over the past year, Buddhist mobs have targeted members of the minority faith. ဒါက ဒုတိယစာပိုဒ်ရဲ့ဒုတိယအကြောင်းပါ။ Minority in Faith လို့သုံးပြသွားပါတယ်။ ဘာသာခြားကိုးကွယ်သူ မည်သူမဆို ဆိုတဲ့အဓိပ္ပါယ်ပါ။ ဆိုလိုတာကတော့ ခရစ်ယာန်တွေကိုလဲ ဖိနှိပ်တယ်ဆိုတဲ့သဘောပါပဲ။ ဒါဟာ မတိကျတဲ့ေ၇းသားမှုပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ Much of the violence was directed against the Rohingya, a largely stateless Muslim group in Burma’s far west that the U.N. calls one of the world’s most persecuted people. လို့ သုံးပြလိုက်ပါတယ်။ဒီမှာတင် ဒီစာဖတ်သူကြားထဲ ပါးပါးကလေး ထည့်ချင်တဲ့ အချက်က ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ Minority လူနည်းစုဆိုတဲ့စကားကို ဒီမိုကရေစီသည်းခြေကြိုက်တွေအတွက် အရင် Minority in Faith လို့သုံးပြလိုက်ပြီး Minority Rohingya ဆိုပြီးဆက်စပ်လိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာလူများစုဟာ ရှိသမျှ လူနည်းစုကို ရိုဟင်ဂျာအပါအဝင် ......နှိပ်ကွပ်နေတယ်ဆိုတဲ့ ပုံစံ ထင်ရှားပြတ်သားစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ဘင်္ဂလီရိုဟင်ဂျာတွေအနေနဲ့ ဘာသာရေးပဋိပက္ခသားကောင်အဖြစ် အလိုလို ရောက်ရှိသွားပြန်ပါတယ်။ 

ဒီ Minority ဆိုတာကို ဆက်စပ်သုံးစွဲပြလိုက်ခြင်းအားဖြင့် စာဖတ်သူအတွေးကို ဘယ်ဖက်ရောက်သွား အောင် တွန်းပို့နေတာလဲဆိုတာကိုခွဲယူပြတာပါ။နောက်သုံးထားတဲ့ စကားလုံး Key Words တွေကတော့ Radical Monk, Virulent Sermons, စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ သဘောထားတင်းမာသူ ဘုန်းကြီး အဆိပ်သင့်တရားများဟောကြားနေသူ စတဲ့အဓိပ္ပါယ်ရောက်ပါတယ်။ ဒါဟာ ဒုတိယအပိုဒ်အထိ စာရေးသူ ပုံဖော်ထားတဲ့ ဗုဒ္ဓဘာသာနဲ့မြန်မာပြည်ကောက်ကြောင်းပဲဖြစ်ပါတယ်။

ဆက်ရန်....

From:Myo Set

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၂



"Such hate speech threatens the delicate political ecosystem in a country peopled by at least 135 ethnic groups that has only recently been unshackled from nearly half a century of military rule"


ဒါက တတိယအပိုဒ်၇ဲ့ ပထမအဖွင့်စာကြောင်းပါ။ ဆောင်းပါးရှင်ဘာကိုဆိုလိုချင်နေပါသလဲ တူးဖော်ကြည့်လိုက်ပါတယ်။ စာကြောင်းအဓိပ္ပါယ်က 135 မျိုးသောတိုင်း၇င်းသားတွေနဲ့ဖွဲ့စည်းထားပြီး ရာစုနှစ်တစ်ဝက်နီးပါးကြာစစ်အုပ်ချုပ်ရေးအောက်က လွတ်ခါစ နုနယ်သော နိုင်ငံရေးစံနစ်ကို ဒီလို အမုန်းစကားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုလိုလိုက်တာဖြစပါတယ်။ ဒီအထိက အငြင်းပွားဖို့မလိုသေးပါ။ သူဘာဆက်ပြောမလဲ လိုက်ကြည့်ရအောင်ပါ။ Already some government officials are calling for implementation of a ban, rarely enforced during the military era, on Rohingya women’s bearing more than two children. ဒုတိယစာကြောင်းမှာတော့ အမုန်းစကားတွေရဲ့နောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကလေးနှစ်ယောက်ပေါ်လစီအဖြစ် အစိုးရအရာ၇ှိအချို့ကတောင်းဆိုနေကြောင်း ရေးသားလိုက်ပါတယ်။ 

အမုန်းစကားတွေကို ပြောနေတဲ့ဦးဝီရသူနဲ့ ဒီလို ရိုဟင်ဂျာတွေကို ကလေးမမွေးရအမိန့်နဲ့ ဆပ်စပ်လိုက်တဲ့ အခါ ဗုဒ္ဓဝါဒီတွေအနေနဲ့ လူနည်းစုကို အတင်းကန့်သတ်နေပြီဆိုတဲ့ စာဖတ်သူအတွေးလမ်းကြောင်းကို ပိုမိုခိုင်မာမသွားစေဘူးလား။ နောက်ဆုံးမှာ အပိတ်စာကြောင်းကို ဒီလိုသုံးလိုက်ပါတယ်။ ကြည့်ရအောင်ပါ။ And many Christians in the country’s north say recent fighting between the Burmese military and ethnic Kachin insurgents, who are mostly Christian, was exacerbated by the religious divides. အဓိပ္ပါယ်ကချင်တွေဟာ ခရစ်ယာန်တွေဖြစ်တာမို့ ကချင်ဒေသစစ်ပွဲတွေ ပိုမိုငြ်းထန် လာခဲ့ရတယ်လို့ခရစ်ယာန်များစွာကပြောတယ်ဆိုတဲ့ စာကြောင်းဖြစ်ပါတယ်။ ဒိစာကြောင်းနဲ့ တတိယ စာပိုဒ်ကိုပိတ်လိုက်ခြင်းအားဖြင့် မြန်မာဗုဒ္ဓဘာသာနိုင်ငံဟာ အီရန်လို သီအိုခရက်တစ် ဘာသာရေးဖိနှိပ်မှု တွေနဲ့ ကြီးစိုးနေတဲ့နိုင်ငံလို့ ပီပီပြင်ပြင်ရေးခြယ်လိုက်ပါတယ်။

လေးပိုဒ်မြောက်စာပိုဒ်မှာတော့ဒီလိုဖွင့်လိုက်ပါတယ်။ Radical Buddhism is also thriving in other parts of Asia.အာရှာမှာလဲ ဒီလို အစွန်းရောက်ဗုဒ္ဓဘာသာတွေကြီးထွားလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ရဟန်းတွေဟာ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေကို ဖိနှိပ်ဖျက်ဆီး လိုက်တယ် ဆိုတဲ့ဟာနဲ့ ထပ်မံအင်အားဖြည့်ပါတယ်။ နောက် တတိယအချက်အနေနဲ့ ထိုင်းမှာရှိတဲ့သံဃာ တွေအနေနဲ့ ထိုင်းစစ်တပ်ရဲ့ စောင့်ရှောက်မှုကို ယူနေရပြီး "လက်နက်ကိုင်ဘုန်းကြီးတွေ" (mons ,some of whom have armed themselves) ဆိုတဲ့ စာသားကိုသုံးပြီး ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဆိုတဲ့ Argument ကိုတည်ဆောက်ယူပြသွားခဲ့ပါတယ်။

နောက်ထပ်စာတစ်ပိုဒ်မှာကတော့ ဆောင်းပါးရှင်ဟာ သူ့ရဲ့ စာရဲ့ ဟန်ချက် (Balance) ကိုထိန်းတဲ့အနေနဲ့ မလေးရှားမှာရှိတဲ့မြန်မာတွေဟာ မွတ်ဆလင်တွေအသတ်ခံရမှုအတွက် ပြန်လည်လက်စားချေ ခံခဲ့ရတယ် ဆိုတဲ့အကြောင်းကိုဖော်ပြသွားပြန်ပါတယ်။ ဟန်ချက်ထိန်းတဲ့သဘောလို့ယူဆပါတယ်။ တစ်ဖက်သတ် ဖြစ်လာရင်စာဖတ်သူ သံသယဝင်လာတတ်တဲ့အချိန်ဒီလိုပြန်ထိန်းပေးရတဲ့သဘောတွေရှိပါတယ်။ နောက်ထပ်တစ်ပိုဒ်ဟာလဲ ဟန်ချက်ကို ပြန်ထိန်းပေးပြန်ပါတယ်။ ဟင်ဒူ၊ မွတင်ဆလင်၊ ခရစ်ယာန် အစွန်းေ၇ာက်တွေရှိပေမယ့် ဗုဒ္ဓဝါဒီတွေကတော့ ဒီစမ်းသပ်မှုဒဏ်ကို ကြံကြံ့ခံနိုင်ခဲ့ကြတယ်။ အခုတော့ ဘာသာရေးလူမျိုးကြီးဝါဒရဲ့ဖြားယောင်းမှုကို ရဟန်းတွေမတောင့်ခံနိုင်တော့ဘူးလို့ ရေးပြသွားပါတယ်။ ဒီစာပိုဒ်မျိုးဟာ အဖြည်သဘောလို့ယူဆပါတယ်။ တစ်ဖက်က တည်ဆောက်လာတဲ့ Arugment က ဗုဒ္ဓဘာသာတွေများပြီး ဖိနှိပ်မှုသိပ်ကြီးနေတဲ့တိုင်းပြည်လို့ ပုံဖော်လာပြီး ဒီလို ဘာသာရေးဖိနှိပ်မှုတွေဟာ ဖြစ်တတ်တယ်လို့ ဖြည်တတ်ပါတယ်။

ဆက်ရန်....

From:Myo Set

ဘားအံမှာ လူသတ်ဆိုင်ကယ်လုသွားသူ သားအဖ၀ါးခယ်မမှာ ဖမ်းမိ


ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်တွင် (၁၄.၆.၂၀၁၃) နေ့က လူသတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားမှုမှာ တရားခံ(နှစ်)ဦးအား သက်သေခံဆိုင်ကယ်နှင့်အတူ ၎င်းင်းတို့ဇာတိမြေကျေးရွာသို့ တိမ်း ရှောင်ပုန်းခိုနေစဉ် ရဲတပ်ဖွဲ့စခန်း အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုကြောင့်ဧရာဝတီတိုင်း၊၀ါးခယ်မ မြို့မရဲစခန်းက အချင်းဖြစ်ပြီး (၁၈.၆.၂၀၁၃) နေ့က ဖမ်းဆီး ရမိခဲ့ပြီးဖြစ်ကြောင်းနှင့် ၀ါးခယ်မ ရဲစခန်းမှ အိန္ဒုရဲစခန်းသို့ လွှဲ ပြောင်းပေးရန်စီစဉ်ဆောင်ရွက် လျက်ရှိ သည် ဟုသတင်းရရှိသည်။


(၁၅.၆.၂၀၁၃)ရက် အိန္ဒု နယ်မြေရဲစခန်းအနောက်မြောက် ဘက် (၉)မိုင်ခန့်အကွာ ဦးထွန်း မြိုင်၏ ရော်ဘာခြံအတွင်း အမျိုး သား အလောင်းတစ်လောင်းတွေ့ ရှိကြောင်း ထောင်ကလပ်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးစောမြင့်ဝေ ၏ အကြောင်းကြားချက်အရ အိန္ဒုရဲစခန်း စခန်းမှူး ရဲအုပ် သောင်းထွန်းနှင့် အဖွဲ့သည် သက်သေများနှင့်အတူ အခင်း ဖြစ်နေရာသို့သွားရောက်စစ်ဆေး ခဲ့ရာ အမျိုးသားတစ်ဦး ၀မ်းဗိုက် တွင် ထိုးသွင်းဒဏ်ရာ (၄) ချက်၊ ၀ဲဘက်နံစောင်းတွင် ထိုးသွင်း ဒဏ်ရာ(၁)ချက်၊၀ဲ/ယာ ရင်ဘက် တွင် ထိုးသွင်းဒဏ်ရာ(၉)ချက်၊ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ(၄)ချက် ပေါင်း ၁၉ချက်တို့ဖြင့်ပက်လက်အနေအ ထား အနောက်ဘက်သို့ ဦးခေါင်း လှည့်လျက် သေဆုံးနေသည်ကို တွေ့ရှိရ၍ ရဲဆေးစာဖြင့် ဘားအံ ဆေးရုံသို့ ပေးပို့ထားရှိပြီးစုံစမ်းရာ သေဆုံးသူ ဦးမောင်နိုင် ၄၇နှစ်မှာ (၁၄.၆.၂၀၁၃)ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ဆိုင်ကယ် တက္ကစီမောင်းရန် နေအိမ်မှ ထွက် သွားရာမှ ပြန်လည်ရောက်ရှိလာ ခြင်းမရှိသဖြင့်သေဆုံးသူ၏သားမက် ဖြစ်သူမျိုးအောင်မှ(၁၄.၆.၂၀၁၃) ရက် ညနေ ၅နာရီအချိန်မှစ၍ လိုက်လံရှာဖွေရာ ဦးမောင်နိုင်၏ အလောင်းအား (၁၅.၆.၂၀၁၃) ရက်နံနက် ၉နာရီခွဲအချိန် ရာဘာ ခြံအတွင်းတွေ့ခဲ့ကြောင်း ဘားအံ ရဲစခန်းသို့ အကြောင်းကြားပြီး သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ချို က သွားရောက်ကြည့်ရှုကာ ၎င်းင်း ၏ခင်ပွန်းဖြစ်ကြောင်း သိရှိရ၍ ဦးမောင်နိုင်အားသတ်ကာ Wave (စာလုံးကြီး)ခဲ/မဲရောင်ဆိုင်ကယ် အား လုယက်သွားသူကို အရေး ယူပေးပါရန် ဒေါ်ချိုမှ တရားလို ပြုလုပ်တိုင်တန်းသောအမှုဖြစ်ပါ သည်။

အမှုအား ပြည်နယ်ရဲတပ်ဖွဲ့ မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ အနီး ကပ်ညွှန်ကြားချက်များနှင့်အညီ စခန်းမှူး ရဲအုပ် သောင်းထွန်းမှ ကြီးကြပ်၍ အခင်းဖြစ်နေ့ (၁၅. ၆.၂၀၁၃)ရက်မှ စတင်ကာ အဖွဲ့ (၃)ဖွဲ့ခွဲပြီး စုံစမ်းစစ်ဆေးခဲ့ရာ (၁၆.၆.၂၀၁၃)ရက်တွင် ဒုရဲအုပ် ကျော်စိုးနှင့် ဒုရဲအုပ် သက်ဇင်ဦး အဖွဲ့မှ အခင်းဖြစ်ရော်ဘာခြံတွင် လွန်ခဲ့သော(၃)လခန့်ကဧရာဝတီ တိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊ မရမ်းချောင်းကျေးရွာမှ ဦးကျော် မြသန်းနှင့် ၎င်း၏သားဖြစ်သူ မင်းအောင်တို့ အလုပ်လုပ်ခဲ့ဖူး ကြောင်း၊ ၎င်းတို့၏ ပုံသဏ္ဌာန် များမှာ (၁၄.၆.၂၀၁၃)ရက် ညနေပိုင်းတွင်သေဆုံးသူဦးမောင် နိုင်၏ ဆိုင်ကယ်တက္ကစီအား ငှား ရမ်းသူနှင့် ထွန်းဝင်းသန်း(ခ)ထွန်း ၀င်း၏ ဆိုင်ကယ်တက္ကစီအား ငှား ရမ်းသူ(၂)ဦးတို့၏ ပုံသဏ္ဌာန်နှင့် တူညီနေကြောင်း စုံစမ်းသိရှိရ၍ ၎င်းတို့သားအဖရောက်ရှိမည့်နေ ရာများအား ဆက်လက်စုံစမ်းခဲ့ပါ သည်။

(၁၆.၆.၂၀၁၃)ရက်(၁၂း၀၀) အချိန်ခန့်တွင် ဦးကျော်မြသန်းနှင့် ၎င်း၏သား မင်းအောင်(ခ)ကျော် မင်းအောင်တို့မှာ လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းရဲစခန်းအပိုင်၊ နံ့သာအုန်း ကျေးရွာရှိ ဦးပနား၊ ဦးဝင်းနိုင်၊ ဦးကျော်စွာဝင်းတို့နှင့်အတူ လွန်ခဲ့ သော (၄)လကျော်ခန့်က မီးသွေးဖိုလုပ်ဖူးကြောင်း စုံစမ်းသိရှိရ သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ တင်ပြပြီး အိန္ဒုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်ဇင်ဦးနှင့် အဖွဲ့အား သွား ရောက်စုံစမ်းစေခဲ့ရာ ၎င်းတို့သား အဖမှာ ဘားအံမြို့နယ်၊ တောင် ကလေးကျေးရွာ၊ တောင်ကလေး ဘုန်းကြီးကျောင်းအနီးရှိ ဦးမောင် ထူးပိုင် သံပန်းသံတံခါးအလုပ်ရုံ တွင် အလုပ်လုပ်ခဲ့ဖူးကြောင်း စုံ စမ်းသိရှိရသဖြင့် တောင်ကလေး ကျေးရွာ ဦးအောင်ထူး၏နေအိမ် သို့ သွားရောက်စုံစမ်းခဲ့ရာ ၎င်းတို့ သားအဖမှာ အလုပ်လုပ်ခဲ့သည် မှာ ဟုတ်မှန်ကြောင်းနှင့် (၁၄. ၆.၂၀၁၃)ရက် နေ့လည်က ဖခင် ဖြစ်သူ ဦးကျော်မြသန်းမှာ ၎င်းတို့ ၏ အ၀တ်အစားအိတ်များအား နေအိမ်တွင် ထားခဲပြီးနောက် (၂) ရက်ခန့်အကြာ ပြန်လာယူမည် ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ၎င်းလာယူမည့်နေ့(၁၆.၆.၂၀၁၃) ရက်နှင့် (၁၇.၆.၂၀၁၃) ရက် တွင် ဦးအောင်ထူး၏ နေအိမ် အနီးပတ်ဝန်းကျင်တွင် စခန်းမှူး ရဲအုပ် သောင်းထွန်းနှင့်အဖွဲ့မှ စောင့်ကြည့်ခဲ့ပြီး (၁၆.၆.၂၀၁၃) ရက်ကုန်သည့်တိုင်အောင်ရောက် မလာခဲ့သဖြင့် ဒုရဲအုပ်ကျော်စိုးတို့ အဖွဲ့မှ ဆက်လက်စောင့်ကြည့်နေ ခဲ့ပါသည်။

(၁၇.၆.၂၀၁၃)ရက်တွင် ဦးကျော်မြသန်းမှ ဦးအောင်ထူး နေအိမ်တွင်ထားရှိခဲ့သော အ၀တ် အစားများအား လာရောက်ယူ ဆောင်ခြင်းမရှိသဖြင့် စခန်းမှူး ရဲ အုပ် သောင်းထွန်းနှင့် အဖွဲ့မှ ဦးအောင်ထူး၏ နေအိမ်တွင် အိမ် ဖော်လုပ်ကိုင်သူ ၀ါးခယ်မမြို့နယ်၊ တဲကုန်းကျေးရွာနေ မနီလာစိုး၊ ၁၃နှစ်၊ (ဘ) ဦးထန်ကုလားအား စစ်မေးခဲ့ပြီး မနီလာစိုးမှ တဲကုန်း ကျေးရွာနေ ၎င်း၏မိခင်ထံဖုန်း ဆက်မေးမြန်းရာမှ ဦးကျော်မြသန်းတို့ တကုန်းကျေးရွာတွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် ရဲစခန်းသို့ဖုန်းဖြင့်အကြောင်းကြား လာ၍ စခန်းမှရဲအုပ်သောင်းထွန်း မှ ၀ါးခယ်မရဲစခန်းသို့ တရားခံ (၂)ဦးအား ကူညီစုံစမ်းဖမ်းဆီးပေး ရန် အကူအညီတောင်းခံခဲ့ရာ (၁၈.၆.၂၀၁၃)ရက် (၁၅း၀၀) အချိန်ခန့်တွင် ဦးကျော်မြသန်းနှင့် ၎င်း၏သား မင်းအောင်(ခ)ကျော် မင်းအောင်တို့အား ၀ါးခယ်မရဲ စခန်းတွင် သက်သေခံဆိုင်ကယ် နှင့်အတူ ဖမ်းဆီးရမိထားရှိပြီးဖြစ် ကြောင်းနှင့် ၀ါးခယ်ခရဲစခန်းအမှု ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း အကြောင်းကြားလာခဲ့ ကြောင်းသိရသည်။ အမှုမှ ဖမ်းဆီးရမိသူ (၂)ဦး နှင့် သက်သေခံဆိုင်ကယ်အား ၀ါးခယ်မရဲစခန်းသို့(၁၉.၆.၂၀၁၃) ရက်တွင်စခန်းမှူး ရဲအုပ် သောင်း ထွန်းနှင့်အဖွဲ့မှ သွားရောက်လွှဲ ပြောင်းခေါ်ဆောင်၍ အိန္ဒုရဲ စခန်း (ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ အရ စစ်ဆေးဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။

Credit : http://www.hotnewsweekly.com/archives/22251

သမ္မတဖြစ်ရေးထက်လွှတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်ရေးသာအရေးကြီး


အခုတလောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူတို့သမ္မတဖြစ် ချင်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြော ကြားခဲ့ တာကို သတင်းဂျာနယ်တွေမှာ ဖတ်လိုက်ရသည်။


သူတို့ကတော့ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့ ပေမဲ့ လက်ရှိသမ္မတ၏ လုပ်ဆောင်ချက် တွေကို မကြိုက်လို့သမ္မတဖြစ်ချင်ကြတာ လားဆိုတာ လဲ မေးစရာပင်။လက်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ “ကျွန်တော်လည်း သမ္မတဆက်လုပ်ချင် ပါသေးတယ်ဗျာ”ဟု မပြောသည်မှာ လည်းစဉ်းစားစရာပင်။

ဒေါ်အောင်ဆန်းစုကြည်

လက်ရှိအင်အားကြီးအတိုက်အခံပါတီ တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပြီး ပြည်သူ့လွှတ်တော် ကဖွဲ့စည်းပေးသော တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ လည်းဖြစ်သည်။ ကော်မတီဥက္ကဋ္ဌရာထူး ကို တာဝန်ယူထားပြီးယင်းကာလအတွင်း တိုင်းပြည်အတွင်း၌ တရားဥပဒေစိုးမိုးမှုများ နှင့် တည်ငြိမ်းအေးချမ်းမှုများရှိရဲ့လားဆို သည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။ 

လက်ရှိတွင် အသက် (၆၈)နှစ်ရှိပြီဖြစ်သော သူက သမ္မတဖြစ်ချင်သည်ဟုဆိုလာရာ သူအသက် (၇၀) တွင် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရခဲ့ ပါက၊ ပါတီမှ ကိုယ်စားလှယ်အင်အားစု အများအပြားအနိုင်ရခဲ့ပါက သမ္မတလောင်း အဖြစ်အမည်စာရင်း တင်သွင်းခံရမည်ဖြစ်သည်။ သို့သော်သူသမ္မတဖြစ်နိုင်ရန် အတွက် သမ္မတလောင်းအရည်အချင်း နှင့် ပြည့်စုံရန် ယခုလက်ရှိ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် မဖြစ်နိုင်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင် ပေးရမည်ဖြစ်သည်။

သူသမ္မတဖြစ်ပါက အသက် (၇၅) နှစ်အထိ ပထမအကြိမ်၊ ဒုတိယအကြိမ်ထပ်မံအရွေးခံရပါက အသက် (၈၀) အထိတာဝန်ထမ်းဆောင်ရ မည်ဖြစ်သည်။ လူတစ်ယောက်အသက် (၈၀) အထိတစ်နိုင်ငံလုံး၏ ကိစ္စရပ်များ စွာကို ထမ်းဆောင်နိုင်/မနိုင်ဆိုသည်မှာ လည်း စဉ်းစားစရာပင်ဖြစ်သည်။ သမ္မတ သက်တမ်း (၅) သို့ (၁၀) နှစ်တာကာလ အတွင်း နိုင်ငံတစ်ခုခေတ်မီဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်အတွက် ရုပ်ပိုင်း ဆိုင်ရာတွေသာပြည်တွင်း၊ ပြည်ပအကူ အညီများဖြင့် တိုးတက်အောင်ဆောင်ရွက် နိုင်သော်လည်း (၁၀) ခုနှစ်များစွာ ပျက် ပြားလာသော နိုင်ငံသားများ၏ စိတ်ပိုင်း ဆိုင်ရာစာရိတ္တများကို ပြုပြင်ရန်မှာ အလွန် မလွယ်ကူသောကိစ္စရပ်ဖြစ်သည်ကိုလည်း ထည့်တွက်သင့်သည်။

ထိုကြောင့် (၁၀) နှစ် တာကာလ သမ္မတလုပ်မည့်သူအတွက် အလွန်အရေး ကြီးသော သမ္မတဖြစ် ခွင့် အရည်အချင်း ကို ပြုပြင်ပေးလိုက်လျှင်နောက်နောင် သမ္မတလုပ်မည့်သူများထဲတွင် နိုင်ငံခြား သြဇာခံသူ (ဥပမာ။ ။ အစ္စရေးသူလျှို အလီကိုဟင်)ကဲ့သို့သပ်လျှိုဝင်ရောက် သူများပါနိုင်၊ မပါနိုင် ဆိုသည်မှာစဉ်စား စရာပင်ဖြစ်လာသည်။ လွှတ်တော်ကိုယ် စားလှယ်ဖြစ်ပြီးမှ ပြန်လည်ရုပ်သိမ်း ခံရ သည့်သာဓက လွှတ်တော်၌ရှိခဲ့သည်။

သူရဦးရွှေမန်း

လက်ရှိအာဏာရပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ဥက္ကဋ္ဌဖြစ်ပြီး ပြည်သူလွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်သည်။ ၂၀၁၂ ခု ဖေဖော်ဝါရီ က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ “ရာထူးကြီးကြီးရထားသူများယနေ့ခေတ် တွင် မှန်တာမပြောရဲ၊ ကောင်းတာမလုပ် ရဲလျှင် တိုင်းပြည် အနေဖြင့် ဆက်လက် နိမ့်ကျနေဦးမည်”ဟု ပွင့်ပွင့်လင်းလင်းပြော ခဲ့တာကြောင့် ပြည်သူများ သူ့ကိုကြိုက်နှစ် သက်ခဲ့ကြသည်။ 

လက်ရှိတွင်သူ့ပါတီမှ ဦးသိန်းစိန်သည်သမ္မတဖြစ်နေစဉ်သူ ကလည်း သမ္မတဖြစ်ချင်နေသည်။ ဥပဒေပြုရေး ကိုယ်စားလှယ် (၄၀၀)ကျော် ၏ဥက္ကဋ္ဌဖြစ်သူကအုပ်ချုပ်ရေးဘက် ကိုစိတ်ဝင်စားလာသည်က ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဘယ်ဟာအရေးကြီးလဲဆိုသည်မှာ စဉ်းစားစရာဖြစ်လာသလိုပါတီတွင်း၌လည်း ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာလျှင်မည်သူကို သမ္မတတင်မြှောက် ရမည်လဲဆိုသည့်တိုး တိုးတိတ်တိတ်မေးခွန်းများ ယုံကြည်ရသူ အချင်းချင်းတိုင်ပင်လာနိုင်သည်။

ဦးသိန်းစိန်

လက်ရှိနိုင်ငံတော်သမ္မတဖြစ်ပြီး ယခင် အစိုးရအဆက်ဆက်က ပြည်သူတွေမသိ အောင်ချေးယူထားသော အတိုး၊အရင်း ပေါင်းကြွေးကျန်များဖြင့် နိုင်ငံတော်၏ ကိစ္စရပ်များစွာကိုလုပ်ဆောင်နေရသည်။ ပြည်သူများစွာကတော့ သမ္မတ၏လုပ် ဆောင်ချက်များကို ကြိုက်နှစ်သက်ကြသည်။ ယခင် နိုင်ငံတော်ဝန်ကြီးချုပ်ဘ၀ နှင့် ယခုသမ်္မတဖြစ်ချိန်အထိ အဂတိဖြင့် ပတ်သက်ပြီးသတင်းကြားရခြင်းမရှိပေ။ 

သူ့သမ္မတဖြစ်ချိန်တွင် အကျဉ်းသားများ ကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ထိုသူများ ထဲတွင် နှလုံး၊ သွေးတိုး၊ ဆီးချို စသည် ရောဂါရှင်များ ထောင်ထဲရှိစဉ်တုန်းက လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သော် လည်း ယနေ့လွတ်ချိန်တွင် ရောဂါဖြစ် သံမကြားရပေ။ သမ္မတမှာမှု နှလုံးခုန်စက် ထည့်ပြီး ရှင်သန်နေရသည်။ 

အခြားသူ များ သမ္မတနေရာကို မျက်စောင်းထိုးလာ သော်လည်း “ကျွန်တော်သမ္မတဆက်လုပ် ချင်ပါသေး တယ်” မပြောခြင်းမှာ “သမ္မတ တရားထူးကောင်းသောကြောင့် ဆက်လုပ် ချင်တာပါ”ဟု အများကပြောမှာ စိုးသော ကြောင့် မပြောခြင်းလားဟုယူဆဖွယ်ရှိသည်။ သမ္မတရာထူးသည် ငရဲပန်းလား၊ ရွှေပန်းလား ဆိုသည်ကိုသူသာအသိဆုံးဖြစ် မည်ထင်သည်။

ပန်ဆင်ချင်သူကို သဘောထားကြီးစွာဖြင့်ပေးမည့်သူဖြစ် ကြောင်းယုံကြည်ရသည်။ဘာပဲဖြစ်ဖြစ် နှလုံးခုန် စက်လေးကို (၂၀၂၀) ခုနှစ် နောက်ပိုင်း၊ နောက်ပိုင်းတွေအထိ ဆက်လက် ခုန်စေချင်ပါသည်။

ဖြစ်စေချင်တာ

နိုင်ငံတစ်ခုကောင်းစားရေးအတွက် လူတိုင်းလူတိုင်းကျရာကဏ္ဍမှာ ပူးပေါင်း ပါဝင်စေချင်ပါသည်။ သမ္မတမဖြစ်လည်း ပြည်ထောင်စုဝန်ကြီအဆင့်တာဝန်ပေးလျှင် လုပ်ပြီး ၀န်ကြီးဌာနကောင်းကြောင်း ပြည်သူ့အသံထွက်အောင်လုပ်နိုင်လျှင် ပြည်သူကအသိအမှတ်ပြုမည်ဖြစ်ပါသည်။

အမေရိကန်တွင် အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ပါတီတူချင်းသမ္မတ ဖြစ်ရေးယှဉ်ပြိုင်ရာ အိုဘားမား နိုင်ခဲ့ပါသည်။ အိုဘားမားသမ္မတဖြစ်သော် ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန် ကြီး ခန့်အပ်ခဲ့ပါသည်။ ဟီလာရီကလည်း ကြည်ဖြူစွာလက်ခံပြီး အိုဘားမားလက် အောက်တွင် အကောင်းဆုံးတာဝန်ထမ်း ဆောင်သွားခဲ့ပါသည်။

အမေရိကန်သမ္မတအိုဘားမားဒုတိယ သက်တမ်းအတွက် သမ္မတဖြစ်ပြီးနောက် ရီပတ်ပလင်ကင်ပါတီမှ ချပ်ဟေဂယ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ ပါတီမတူသော်လည်း ဟေဂယ်ကပူးပေါင်း လုပ်ဆောင်သည်မှာ အတုယူချင်စရာ ဖြစ်သည်။ ဖြစ်စေချင်တာကတော့ ၂၀၁၅ ခုတွင် သမ္မတဖြစ်ရေး ထက်မိမိမဲဆန္ဒနယ်တွင် မဲအောင်နိုင်ပြီး လွှတ်တော်ကိုယ်စား လှယ်ဖြစ်ရေးသာအရေးကြီးပါသည်။ ဒါမှသာ တိုင်းပြည်အတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာအောင်တစ်ထောင့် တစ်နေရာမှ ကြိုးပမ်းနိုင် မည်ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

Credit : http://www.hotnewsweekly.com/archives/22277

ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း



၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီဟာ ဆန္ဒမဲ ရာခိုင်နှုန်း တော်တော်များများနဲ့ အနိုင်ရလာခဲ့ တာကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒီလို အနိုင်ရ လာတာဟာ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ် စားလှယ် တွေကပဲ တော်လို့ လား၊ ပြည်သူတွေကပဲ သူတို့ကို အမှန်တကယ် ယုံကြည်ခဲ့လို့လား ဆိုတာကတော့ အထူးစဉ်းစားစရာမလို။ NLD မပါဝင်သည့် ရွေးကောက်ပွဲဖြစ်သဖြင့် ကြံ့ဖွံ့ အနေဖြင့် ၂၀၁၀ တွင် အနူတောမှ လူချောဖြစ်တာ က ငြင်းစရာမရှိ။


ထို့အပြင် ကြံ့ဖွံ့ပါတီ ၂၀၁၀ ခုနှစ်တွင် အမတ်နေရာအများစု နေရာရခဲ့ခြင်းမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထား သောကြောင့် ဆိုသည့်အချက်ကိုတော့ မည်သူမှ မငြင်းနိုင်။ ယခင် နအဖ အစိုးရက ကြံ့ဖွံ့ပါတီ ရုံးစိုက်ရာ မြေနေရာ မှ အဆောက်အဦ၊ ပရိဘောဂမျိုးစုံအထိပင် ပြင်ဆင်ပေး ခဲ့သည့်အပြင် ဒေသခံ စစ်တိုင်းမှူးများ၏ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံးပေးခဲ့ခြင်းကလဲ ကြံ့ဖွံ့ပါတီအနိုင်ရရှိခြင်း၏ အဓိကအကြောင်းတစ်ခုပင်ဖြစ်ပါသည်။

ကြံ့ဖွံ့ကိုယ်စားလှယ်ဟောင်းများ၏ အရည်အချင်းမှန်အား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ထင်ထင် ရှားရှား တွေ့လာရတော့သည့် မဲန္ဒနယ် (၄၂) ခု ရှိသည့်အနက် NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့် မဲဆန္ဒနယ် တစ်နေရာကလွဲ၍ ကျန်သည့် မဲဆန္ဒနယ်အားလုံးတွင် ခွက်ခွက်လန် ရှုံးနိမ့်သွားခြင်းက ကြံ့ဖွံ့ပါတီနှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အရည်အချင်းက ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အကယ်၍ ဒီ ၂၀၁၀ တွင် ပြည်သူတို့၏မဲဆန္ဒအတိုင်း၊ ပြည်သူ့ဆန္ဒအတိုင်း ကြံ့ဖွံ့ပါတီရွေးချယ်ခံခဲ့ရခြင်းမှန်ကန်ခဲ့ပါက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ခွက်ခွက်လန် ရှက်ဖွယ်လိလိ ရှုံးစရာအကြောင်းမရှိပေ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီ ဘာကြောင့် ခွက်ခွက်လန် ရှုံးခဲ့ရပါသလဲ။ ယခင် နအဖ လက်ထက်က စနစ်တကျ ဖွဲ့စည်းပေးလိုက်သော ကြံ့ဖွံ့ပါတီကြီးသည် အာဏာရပြီး အချိန်တိုအတွင်းမှာပင် ပါတီ ၀င်များအချင်းချင်း ခေါင်းဆောင်ပိုင်းတွင် မညီမညွတ်ဖြစ်လာသည်။ သမ္မတအစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများ အကြား အက်ကြောင်းများ ထပ်လာသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်သူနှင့် ၀န်ကြီးမဖြစ်သူ နေရာမရသူများအကြား ခွက်စောင်းခုတ်လာကြသည်။ အချင်းချင်းမညီညွတ်တော့ဘဲ တစ်ဦးနှင့်တစ်ဦး ဖော်ကောင်လုပ်လာသည်။ 

သမ္မတက နိုင်ငံကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌက သမ္မတ လုပ်ရကိုင်ရခက်အောင် ထိုးနှက်တိုက်ခိုက်လာတာကို တွေ့မြင်လာရပါတယ်။ နိုင်ငံ စီးပွားရေး နလန်မထူနိုင်သေးခင်မှာတင် ၀န်ထမ်း များ လစာတိုးအောင် ပြည်သူ့လွှတ်တော်ဥက္ကဌမှ သမ္မတအား ဖိအားပေးခြင်း၊ ထို့အပြင် အခြားသော အတွင်း ကြိတ်ပုန်း ပြဿနာများကိုလည်း တွေ့လာရပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၀ ခုနှစ်အတွင်း ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်အများစုမှာ စစ်တပ်မှ အသွင်ပြောင်းလာသော စစ်ဗိုလ်ချုပ်များဖြစ်ပြီး ၎င်းတို့အနေဖြင့် အရွေးချယ်ခံ ရမှာ သေချာသည်ကို သိရှိနေသည့်အတွက် ပြည်သူလူထု အခက်အခဲနှင့်ပတ်သက်ပြီး ကူညီဖြေရှင်း ပေးတာမရှိပေ။ ဒါ့အပြင် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ချိန် ပြည်သူနဲ့ထိတွေ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေကို လုံးဝလှည့်မကြည့်တော့ပါ။ ဒါကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတစ်ခုလို့ ဆိုချင်ပါတယ်။

ဒါ့အပြင် ယခင်က ကြံ့ဖွံ့ပါတီကြီးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ခြေပုန်းခုတ်နေတဲ့ ပြဿနာတွေဟာ အစောပိုင်းမှာတော့ ဦးရွှေမန်းဘက်က မှန်နေတယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးရွှေမန်းရဲ့ အလွန်ဖြစ်လာတာကို သတိ ထားမိလာပါတယ်။ ဦးရွှေမန်းအနေနဲ့ ယခင် နအဖအစိုးရလက်ထက်က နိုင်ငံအဆင့် နံပါတ်(၃) နေရာမှာ ရှိတဲ့သူ တစ်ယောက်ပါ။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နားသွားတဲ့အချိန်မှာ အစိုးရသစ်မှာ သူကလွဲပြီး သမ္မတဖြစ်မဲ့သူမရှိလို့ ယူဆခဲ့ရပေမဲ့ တကယ်ဖြစ်လာတော့ သူ့ထက်တစ်ဆင့် ငယ်တဲ့ သူက သူ့ကို ကျော်တက်သွားတဲ့အတွက် သူ့မှာ ခံစားချက်ရှိပုံ ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ ကတည်းက အစိုးရအဖွဲ့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးလာတာကို သတိထားမိလာပါတယ်။ အခုတော့ နောက်ဆုံး အနေနဲ့ ဦးရွှေမန်းတစ်ယောက် သွေးရူးသွေးတန်းလုပ်ရပ်အချို့ လုပ်လာတာကို တွေ့လာရပါပြီ။ သမ္မတဦးသိန်းစိန် အမေရိကား က ပြန်ရောက်လို့ မကြာသေးခင်မှာပဲ အမေရိကားကို ခရီးနှင်ဖို့ ပြင်ပါတော့တယ်။

အမေရိကား ရောက်တော့ အမေရိကန်အကြိုက် ပြောဆိုခဲ့တာတွေ၊ အမေရိကန်ကို အထင်တကြီးနဲ့ စကားပြောဆိုခဲ့တာတွေဟာ တစ်ချိန်က Internet မှာ နာမည်ကြီးခဲ့တဲ့ နအဖအစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ဖိုင်တစ်ခုထဲက မြောက်ကိုရီးယားကို သွားခဲ့တဲ့ ဦးရွှေမန်း ဟုတ်ရဲ့လားလို့တောင် မထင်မှတ်စရာပါပဲ။ ဒါ့အပြင် အမေရိကန်ရောက်တုန်း ၉၆၉ အဖွဲ့တွေ ကို အရေးယူမယ် ပြောခဲ့လို့ ဗုဒ္ဒဘာသာဝင်နိုင်ငံသားတွေရဲ့ စိတ်ကို ဆွပေးသလို ဖြစ်စေခဲ့တဲ့အပြင် ၉၆၉ အဖွဲ့ကို အကြမ်းဖက် သမားလို့ ကမ္ဘာကတောင် ထင်သွားစေပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်၊ ဖြစ်နိုင်ရင် သမ္မတထက် ပိုမြင့်တဲ့ရာထူးရှိရင် လိုချင်တယ်ဆိုတဲ့ စကားတွေကြောင့် ဦးရွှေမန်းနဲ့ ပတ်သက်ပြီး မြန်မာ ပြည်သူတွေ ကြားမှာ တော်တော်လေး မကျေမနပ် ဖြစ်လာကြတာကို တွေ့လာရပါတယ်။ ဦးရွှေမန်းကို ဘယ်လောက်အထိ ချစ်ကြလဲဆိုရင် သမ္မတထက်မြင့်ချင်ရင် ဘုန်းကြီးဝတ်လိုက်လို့ ဆိုသူကတစ်မျိုး၊ သမ္မတထက်မြင့်ချင်ရင် ဦးသိန်းစိန် မိန်းမလုပ်လိုက် ဆိုသူကတစ်ဖုံ၊ Online မှာ အမျိုးမျိုးဝေဖန် ပြောဆိုလာကြတာကိုလဲ တွေ့လာရပါတယ်။

ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာကို ရသွားလို့လားတော့ မသိဘူး၊ ဦးရွှေမန်း တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါ တယ်။ ဦးရွှေမန်း အခုလို အမေရိကား မှာ ပြောကြားတဲ့စကားတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခံယူချက်လား၊ ပါတီရဲ့ မူဝါဒလားတော့ ကွဲကွဲပြားပြားမသိရပါ။ ကြံ့ဖွံ့ ဗဟိုကော်မတီဝင်အချို့ကလည်း ဦးရွှေမန်း အခုလို အမေရိကားခရီးစဉ်မှာ ပြောချင်တာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီခေတ်မှာ ပါတီဝင်တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အခြားသောပါတီဝင်များ၏ သဘောထား ကိုမရယူဘဲ မပြောဆိုသင့်ဘူးလို့ ဝေဖန်ပြောဆိုနေကြသူများလဲ ရှိပါတယ်။ ဒါပေမဲ့ သူစိတ်ကြိုက်ခန့်ထားတဲ့ ကြံ့ဖွံ့ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦး ကတော့ ကြံ့ဖွံ့ပါတီအနိုင်ရရင် ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမယ်လို့ ပြောလိုက်သေးပါတယ်။ 

ဦးဌေးဦးရဲ့စကားကရော ပါတီကသဘောတူရဲ့လားတော့ မသိ၊ အခုပါတီအတွင်းမှာ ဦးရွှေမန်းကို ထောက်ခံ သူနဲ့ ကန့်ကွက်သူတွေရဲ့ အက်ကြောင်း ဇာတ်လမ်း မကြာခင်ကြားရပါတော့မယ်။ အချို့သော ပါတီကိုယ်စားပြု ပြောရမဲ့စကားများဟာ ပါတီဗဟိုကော်မတီဝင်များတောင်မသိဘဲ ထိပ်ပိုင်းကလူတွေပဲ ဒီမိုကရက်ဆန်ဆန် ပြောချင်တိုင်း ပြောနေကြကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

ဦးရွှေမန်း အမေရိကန်ခရီးစဉ်အတွင်း ပြောဆိုခဲ့ သည့် လိုအပ်ပါက NLD ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ် ဆိုတဲ့စကားကလဲ ဦးရွှေမန်းရဲ့ တစ်ဦးထဲ သဘောထား ဖြစ်မည်ဟု ယူဆနိုင်သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ပါတီအနေဖြင့် ဘာမျှ သိရှိထားခြင်းမရှိသေးကြောင်း ဗဟိုကော်မတီဝင်တစ်ဦးမှ ဆိုပါတယ်။ သို့သော် ဦးရွှေမန်းက ပြောပြီးရက်ပိုင်း အတွင်းမှာပင် NLD မှ ဦးဝင်းတင်က ၂၀၁၅ တွင် NLD အနိုင်ရပါက ကြံ့ဖွံ့နှင့်လက်မတွဲနိုင်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဦးရွှေမန်း အနေဖြင့် ရှက်တတ်ရင် ကိုယ့်ဟိုဒင်း ကိုယ်ထု၍သာ သေလိုက်ဖို့ကောင်းသေးသည်။

အမေရိကန်ခရီးစဉ်အတွင်း ၉၆၉ အား အရေးယူမည်ဟု ပြောဆိုခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ဒီမိုကရေစီအစိုးရ လက်ထက်မှာ အကောင်းမြင်ပြီး ကိုယ့်လူမျိုး ဦးစားပေးမလား၊ မျှမျှတတ ဆက်ဆံမလားလို့ မျှော်လင့်ခဲ့တယ်။ အခု ဦးရွှေမန်းကိုယ်တိုင် အခုလို ပြောလေတော့ နောင် နှစ် ၁၀၀ ကျော်ရင် မြန်မာတွေ လူရုပ်တောင် ပေါ်မှာမဟုတ်တော့ဘူး။ နိုင်ငံ၊ လူမျိုး၊ သာသနာအတွက် ရင်လေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

ခြုံပြီး သုံးသပ်ရရင်တော့ ဦးရွှေမန်းတစ်ယောက် ကိုယ်ပိုင်အရည်အချင်းနှင့် မရပ်တည်နိုင်တော့သဖြင့် ဒေါ်စု ထမီနားခိုကာ လူထုထောက်ခံမှုရအောင် ကြိုးစားနေတာ ပိုပြီးပီပြင်လာတာကို တွေ့မြင်လာ ရပါတယ်။ အဲဒီလုပ်ရပ် က ယိုသူမရှက် မြင်သူကတော့ ရှက်စရာဘဲ။ တကယ်တန်း ဦးရွှေမန်းလုပ်ရဲရင် ကြံ့ဖွံ့ပါတီကထွက်ပြီး သီးခြားပါတီ တစ်ခု ထောင်ပြီး ၂၀၁၅ မှာ အရွေးခံလိုက်ပါလို့ ပြောကြားလိုပါတယ်။ ဒီအခြေအနေနဲ့ ဒီမြေ ဒီရေမှာ ဒီခေါင်းဆောင် ဒီလူတွေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ပါတီဝင်ဟောင်း (၂၆)သန်းကျော် ရှိပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီ ဟာ ၂၀၁၅ မတိုင်ခင် ဒီမှာပဲ ရေစုန် မျောသွားတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။

ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး

Credit : http://www.demowaiyan.org/2013/06/blog-post_8209.html

Air KBZ လေကြောင်းလိုင်းမှလေယာဉ်သစ် မိတ်ဆက်ပွဲကျင်းပ

Air KBZ လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းလိုင်းများတွင် ပြေးဆွဲရန်အတွက်ပြည်ပမှ မှာယူတင် သွင်းသောလေယာဉ်အသစ်မိတ်ဆက်ပွဲကို ယနေ့ နေ့လယ် ၂ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကျင်းပခဲ့သည်။


Air KBZ ၏ပြည်တွင်းပြေးဆွဲရန် ဝယ်ယူလိုက်သော လေယာဉ်မှာ ART.72-500 အမျိုးအစားလေယာဉ် ဖြစ်ပြီး ပြင်သစ်နိုင်ငံရှိ ART လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ တင်သွင်းခြင်းဖြစ်ကြောင်းနှင့် ခရီးသည် ၇၅ ဦးလိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။ ထိုလေယာဉ်အား Air KBZ လေကြောင်းလိုင်း၏ လက်ရှိပြေး ဆွဲ နေသော ခရီးစဉ်များအပြင် မုံရွာ - ဟုမ္မလင်း လေကြောင်းခရီးစဉ်ကိုပါ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်းသိရသည်။








Credit : http://www.sawkyawoo.com/2013/06/air-kbz.html

ဆရာတော် ဦးဝီရသူ၏ Time မဂ္ဂဇင်းသို့ ရေးသောစာ

"မင်္ဂလာပါ TIME မဂ္ဂဇင်း"
^^^^^^^^^^^^^^^

ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးသတင်းဓာတ်ပုံအဖြစ် ဖော်ပြခံရလို့ ဂုဏ်ယူလို့မဆုံးပါဘူး။


အင်္ဂလိပ်တွေဟာ အောက်မြန်မာပြည်ရဖို့အတွက် ဗန္ဓုလကိုတိုက်ခဲ့တယ်။ ဗန္ဓုလကျတော့ ရန်ကုန်ရပြီလို့ ကြွေးကြော်ခဲ့ကြတယ်။

ကနောင်ကျမှ မန္တလေးရမှာဆိုပြီး ကနောင်ကို လုပ်ကြံကြပြန်တယ်။ ကနောင်လည်းကျရော မန္တလေးရပြီလို့ ကြွေးကြော်ခဲ့ကြပြန်ပါတယ်။

မြန်မာပြည်ကိုရဖို့အတွက် ဝီရသူကျအောင် တိုက်နေကြတာပါ။ မြန်မာပြည်ရဖို့အတွက် ငွေကြေး၊ လက်နတ်၊ နည်းပညာ၊ လူအင်းအား၊ အကြံအဉာဏ်အင်းအားတွေနှင့် ဘက်ပေါင်းစုံဖော်ဆောင်နေတဲ့ မူစလင်ခြေလှမ်းတွေကို အမြဲတမ်းဖွင့်ချနေတဲ့ အမျိုးသားရေးဝါဒီ ဝီရသူကို ရန်သူတော် နံပါတ်(၁)စာရင်းသွင်းပြီး ပစ်မှတ်ထား တိုက်ခိုက်နေပေမယ့် ဝီရသူကတော့ မတုန်လှုပ်ဘူးဗျ။

ဝီရသူကျသွားတောင် ဝီရသူရဲ့ ဝိညာဉ်တွေက မြန်မာပြည်ကြီးနှင့် တိုင်းရင်းသားညီအကိုမောင်နှမတွေကို စောင့်ရှောက်နေဦးမှာဗျ။ မြန်မာပြည်ဟာ ဘယ်တော့မှ ကုလားပြည်မဖြစ်စေရဘူး စိတ်ချ။

မီဒီယာဖိအားလောက်နဲ့တော့ ဝီရသူခြေလှမ်းတွေကို ရပ်တန့်အောင် တုပ်နှောင်မှာမဟုတ်ဘူး စိတ်ချ။

ကျော်ဟိန်းကောင်းစားဖို့အတွက် အံ့ကျော်မိုက်ပြနေတာလို့ပဲ မှတ်ထင်မိပါတယ် TIME မဂ္ဂဇင်းကြီးရယ်။

ဦးပဉ္စင်း

အမျိုးသားရေးဝါဒီ ဝီရသူ

(21.6.2013-PM 11:35)

ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုံမှန်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော် မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ဇွန်လ ၂၂ ရက်နေ့စပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာပါတဲ့ ဝန်ကြီးတာဝန်ယူထားသူတွေကို ပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တွေအဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ အစည်းအဝေးမှာ ချပြခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။

လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း စတဲ့ ဝန်ကြီး တွေလည်းပါသလို သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့လည်း ခေတ္တပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် အဖြစ်ကနေ ရပ်ဆိုင်းခံရတဲ့အထဲ ပါနေတာပါ။

ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့အမေရိကန် ခရီးစဉ်အတွင်း သတင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့ ပါတီအစည်းအဝေးမှာ ပြန်လည်ရှင်းပြဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးမှာ PR စနစ်လို့ ပြောနေကြတဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (Proportional Representation) စနစ်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေး ကျင်းပနေစဉ်ရက်တွေမှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေ ဝင်ရောက်သတင်းယူခွင့် ခွင့်မပြုပဲ လာမယ့်တနင်္လာနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။

Credit : RFA Burmese