Friday, June 21, 2013

တောင်ကိုးရီးယား မြန်မာကိုသန်း ၅၀၀ ချေး



တောင်ကိုးရီးယားနိုင်ငံက ​မြန်မာနိုင်ငံကို ​၅ ​နှစ်တာ ​ကာလအတွက် ​အမေရိကန်ဒေါ်လာ ​သန်းပေါင်း ​၅၀၀ ​ချေးပေးသွားမယ်လို့ ​သိရပါတယ်။

ကိုးရီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ​ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ ​အဖွဲ့က ​မြန်မာနိုင်ငံကို ​၂၀၁၃ ​ခုနှစ်ကနေ ​၂၀၁၇ ​ခုနှစ်အထိ ​ဒေါ်လာ ​သန်းပေါင်း ​ငါး ​ရာ ​ပေး ​အပ် ​မှာ ​ဖြစ် ​ကြောင်း ​မြန်မာ့ ​အလင်း ​သတင်းစာ ​အရ ​သိရပါတယ်။


နေပြည်တော်မှာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​မြန်မာ-တောင်ကိုးရီး ​စီးပွားရေး ​ပူးပေါင်း ​ဆောင်ရွက်ရေး ​ကော်မတီ ​အစည်းအဝေးမှာ ​တောင်ကိုးရီးယားနိုင်ငံ ​ဒုဝန်ကြီးချုပ်က ​ပြောလိုက်တာဖြစ်ပါတယ်။


နှစ်နိုင်ငံ ​ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ​မြန်မာနိုင်ငံအတွက် ​ကဏ္ဍရှစ်ခု ​ပါဝင်တဲ့ ​စီမံကိန်းပေါင်း ​၃၉ ​ခုမှာ ​ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း ​ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ​စီမံကိန်းတွေထဲမှာ ​ကုန်သွယ်မှု၊ ​ရင်းနှီးမြုပ်နှံမှု၊ ​အခြေခံအဆောက်အအုံ ​ဆောက်လုပ်မှု၊ ​ဆောက်လုပ်ရေးလုပ်ငန်း၊ ​လူစွမ်းအားအရင်းအမြစ် ​ဖွံ့ဖြိုးတိုက်တက်ရေး၊ ​စိုက်ပျိုးရေး၊ ​သစ်တောနဲ့ ​မွေးမြူရေး၊ ​ကျန်းမာရေး ​ဖွံ့ဖြိုးတိုးတက်ဖို့ ​ဆောင်ရွက်ရေး ​အစရှိတဲ့ ​စီမံကိန်းတွေ ​ပါဝင်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံဟာ ​မြန်မာနိုင်ငံမှာ ​စတုတ္တအများဆုံး ​ရင်းနှီးမြုပ်နှံတဲ့ ​နိုင်ငံဖြစ်ပြီး ​ဒီနှစ်မတ်လအထိ ​စီမံကိန်း ​၇၇ ​ခုမှာ ​ရင်းနှီးမြုပ်နှံထားပြီး ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၂.၉၈ ​ဘီလီယံ ​ရှိကြောင်း ​သိရပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်မှု ​တန်ဖိုးကတော့ ​၂၀၁၂ ​ခုနှစ်မှာ ​ဒေါ်လာ ​သန်းပေါင်း ​၅၇၃ ​သန်းကျော်ရှိပြီး ​အဲဒီထဲမှာ ​မြန်မာနိုင်ငံက ​တောင်ကိုးရီးယားနိုင်ငံကို ​ဒေါ်လာ ​၂၃၇ ​သန်းကျော် ​တင်ပို့ရောင်းချပြီး ​တောင်ကိုးရီးယားနိုင်ငံဆီက ​ဒေါ်လာ ​သန်းပေါင်း ​၃၃၅ ​သန်းကျော် ​ဝယ်ယူတင်သွင်းခဲ့ကြောင်းလည်း ​သိရပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_9909.html

လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုး သမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ်တန်းလန်းဖြင့် သေဆုံးနေသော အမျိုး သမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။

လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင် ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။

“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။

မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီး သွား တယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာ ကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိပ် ၁ ကွင်း၊ ကြိုးလက် ထိပ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။

၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိ များက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။

“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထား လိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။

ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိပ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။

ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။

ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြော တယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်း က ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။

ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။

သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်း သွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။

လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_5219.html

ချုပ်ချယ်ခြင်းလား ကာကွယ်စောင့်ရှောက်ခြင်းလား



ဇွန် ၁၃နဲ့ ၁၄ ရက်က မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ မီဒီယာအချို့ အနေနဲ့ ဆွေးနွေးတင်ပြချက်အချို့ကို လိုရာဆွဲဖွတဲ့ အနေနဲ့ မျိုးစောင့်ဥပဒေပြဌာန်းနေပါတယ် ဆိုပြီး စွပ်စွဲရေးသား ဝါဒဖြန့်ချိခဲ့ပါတယ်။


ဆရာကြီး လုပ်ချင်သူတွေကလည်း အမျိုးမျိုး ပညာတွေထုတ် ရေးသားလာကြပြန်ပါတယ်။ အမှန်တကယ် သံဃာတော်များ ဆွေးနွေး တင်ပြကြသည့် အချက်မှာ အမျိုးသားများနှင့်အတူ အမျိုးသမီးများသည်လည်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး၊ ဘာသာရေးလွတ်လပ်ခွင့် အာမခံချက်နှင့် အကာအကွယ်ရရှိရေးတို့ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း၊ ၉၆၉ လှုပ်ရှားမှုကို အကြမ်းဖက်သည့်လှုပ်ရှားမှု၊ ဘာသာခြားများကို တိုက်ခိုက်သည့် လှုပ်ရှားမှုများအဖြစ် စွပ်စွဲခံနေရခြင်း၊ မသမာသူများက အလွဲသုံးစား ပြုလုပ်နေကြခြင်းကြောင့် အဆိုပါ ၉၆၉ လှုပ်ရှားမှုဆိုသည်မှာ မိမိတို့ ဘာသာအဆုံးအမကို ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတို့ ပြုလုပ်သည့် ငြိမ်းချမ်းရေးသင်္ကေတမျှသာ ဖြစ်ကြောင်း မိမိတို့ သံဃာများက ရှင်းလင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း သတင်းဌာနတခုကို ဆရာတော်ဦးဓမ္မပီယမှ ရှင်းပြဖြေကြားပေးခဲ့တာကို ဖတ်ရှုမိပါတယ်။ စာရေးသူအနေနဲ့ အောက်ပါအတိုင်း သုံးသပ်မိပါတယ်။


၁။ ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။ သာသာနာရေးဆိုင်ရာများသာ ဖြစ်ပါတယ်။ သို့သော် သာသနာတော်ကာကွယ်ရေးနဲ့ ဆက်စပ်နေသော အပိုင်းတခုအနေနဲ့ ယခုမျိုးစောင့်ဥပဒေဆိုပြီး ပြောနေကြတဲ့အချက်အလက်ကို တင်ပြသူရှိတဲ့ သဘောဖြစ်ပါတယ်။ အကြောင်းအရာတခုကို ဆွေးနွေးတဲ့အခါမှာ ဒီလိုပဲဆက်စပ်နေတဲ့ အကြောင်းအရာ ပြဿနာတွေပါ ထည့်သွင်းစဉ်းစားကြရတာ လုပ်ရမည့်အစီအစဉ်တခုပါပဲ။ ဆွေးနွေးပြီး ဆုံးဖြတ်ချက် မကြသေးသရွေ့ လုပ်နေပါပြီပြောမရပါဘူး။ မီဒီယာတချို့အနေနဲ့ ဝိုင်းဝန်း ဆွေးနွေးအဖြေ ရှာကြရမယ့် ကိစ္စတခုကို ဖွချင်တဲ့အတွက် လိုရာဆွဲအော်လိုက်လို့ အကျယ်အကျယ် ဖြစ်သွားခဲ့တယ်လို့ ယူဆမိပါတယ်။ အရှင်းဆုံးဆိုရရင် ဆရာတော် ဦးဝီရသူနောက် တကောက်ကောက်လိုက်ပြီး အစဆွဲသတင်းလုပ်ချင်နေတဲ့ သဘောတွေ့ရပါတယ်။

၂။ အထက်ဖေါ်ပြပါ ဆရာတော်၏ ရှင်းလင်းချက်ကိုနားလည် သဘောပေါက်လျှင် မထောက်ခံလျင်သော်မှ ကန့်ကွက်ခြင်းမပြုသင့်ပါ။ မေးမြန်းလျောက်ထား၍ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကိုသာ ပြုလုပ်သင့် ပါတယ်။ တင်ပြချက်များအပေါ် ပိုတာကိုဖယ် လိုတာကိုဖြည့်ရမှာသာ ဖြစ်ပါတယ်။ အကြောင်းတခုခု ပေါ်ပေါက်လာပြီဆိုလျင် ညီညီညွတ်ညွတ်ဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်ခြင်း မရှိသည်မှာ မှားယွင်းသောအကျင့်ဆိုးများဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ဖို့ဟာ သံဃာတော်များ ရဲ့တာဝန်သာမဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အမျိုးသား အမျိုးသမီးများအားလုံးရဲ့ တာဝန်တခုသာ ဖြစ်ပါတယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်ဆုံးရှုံးရခြင်းဟာ ဘာသာခြားများနဲ့ လက်ထပ် ထိမ်းမြားပြီး ဘာသာခြားရဲ့အိမ်ထောင်ခန်းဥပဒေဘက်ကို လိုက်သွားရတာကြောင့် ဆိုတာကို တွေ့မြင် လာကြရပါတယ်။ 

ဘာသာခြားရဲ့ အိမ်ထောင်ခန်းဥပဒေအရ လက်ထပ်သွားရခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာအဖြစ် နစ်နာဆုံးရှုံးမူတွေထပ်မံ ဖြစ်ပေါ်လာရတာကြောင့် ဘာသာတရား စောင့်ရှောက်မူအတွက် ဆက်စပ်နေ သော ယခုစာတမ်းတစောင်ကို ဆွေးနွေးစရာ တခုအဖြစ် တင်ပြလာတယ်လို့ ယူဆပါတယ်။ အခြားဘာသာတရားအပေါ် ထိပါးနှောက်ယှက်ခြင်းမပါ ပါဘူး။ ဒီစာတမ်းကို (အမျိုးစောင့်ဥပဒေဆိုတာကို) အသေအချာ လေ့လာကြည့်လျင် မြန်မာအမျိုးသမီးအားလုံးနဲ့ မသက်ဆိုင်ပဲ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အိမ်ထောင်ခန်း ဥပဒေဆိုင်ရာအပိုင်းပါ။ 

လက်ရှိ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့် ၁၉၅၄ခု ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနဲ့ အမွေဆက်ခံမူအက်ဥပဒေအရမှာလည်း ဘာသာခြားနှင့် လက်ထပ်ရာတွင် နစ်နာဆုံးရှုးံမူများ ရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် အစ္စလာမ် ဟိန္ဒူနဲ့ ခရစ်ယာန်ဥပဒေများကိုသာ ပြဌာန်းဥပဒေအဖြစ် လက်ခံထားရပါတယ်။ မြန်မာဓလေ့ ထုံးတမ်းဥပဒေမှာ ပြဌာန်းဥပဒေအဆင့်မဟုတ်ပဲ ဓလေ့ထုံးတမ်း ဥပဒေအဆင့်သာ ဖြစ်နေသဖြင့် ၎င်းအချက်ကို အထူးတင်ပြဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။ ဘာသာ ခြားနှင့် လက်ထပ်ရခြင်းကြောင့် ဘာသာဝင်ဆုံးရှုးံခြင်းနဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများကို ကာကွယ် စောင့်ရှောက်ပေးနိုင်ရန်နှင့် နစ်နာဆုံးရှုံးမူများ မဖြစ်စေရန်သာ ဖြစ်ပါတယ်။

၃။ အကြမ်းအားဖြင့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများဟာ ရှေးကာလကတည်းက ဘာသာခြား တွေနဲ့လက်ထပ်တဲ့အခါ ဘာသာခြားထဲမဝင်မနေရ အတင်းအကြပ်ဝင်ရပါတယ်။ အတင်းအကြပ် မဟုတ်ခဲ့လျှင်လည်း ၎င်းတို့ဘာသာအရကိုက ၎င်းတို့ ဘာသာထဲဝင်ရအောင် လုပ်ထားပါတယ်။ အဆင်မပြေကြလို့ ကွဲကွာကြတဲ့အခါမယ် သူတို့ဘာသာ အရ လက်ထပ်ထားတဲ့အတွက် အမွေများ ရပိုင်ခွင့်များဆုံရှုံးခြင်း၊ ကလေးများမိဘမဲ့ဖြစ်ရခြင်း မွတ်ဆလင် ဘာသာရေးတွင် တလာဘ်၃ ကြိမ်ခေါ်ရုံနဲ့ လင်ကမယားကို အလွယ်တကူ ကွာ၍ရခြင်းနဲ့ မယားလေးဦး ယူနိုင်ခြင်းများကြောင့် အငယ်အနှောင်း သဘွယ်ဖြစ်ရခြင်းတို့ကို မိမိနိုင်ငံထဲမှာနေပြီး မိမိတို့ အခွင့်အရေး ဆုံးရှုံးနေရခြင်းများကို ကာကွယ်ပေး နိုင်ဖို့သာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

၎။ ကန့်ကွက်သည်ဆိုသော အဖွဲ့များသည် အဆိုပါစာတမ်းကို ကောင်းစွာဖတ်ရှုရခြင်း မရှိသေးပဲ အလျင်စလို ပြောဆို ထုတ်ပြန်နေကြကြောင်း သုံးသပ်မိပါတယ်။ ကန့်ကွက်တယ်ဆိုတာက တို့ဘာသာ ဘာသာခြားနဲ့ လက်ထပ်ချင်ထပ်မယ် ပြောစရာမလိုဘူးဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ ယခု မျိုးစောင့်ဥပဒေဆိုတာ မြန်မာအမျိုးသမီးများ လက်ထပ်ခြင်းကိစ္စကို ထိန်းချူပ်တာ မဟုတ်ပဲ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘာသာခြားနဲ့လက်ထပ်ခြင်းကြောင့် အခွင့်အရေး ဆုံးရှုံးခြင်း ပြဿနာများတွေ့ကြုံရခြင်း မရှိအောင် ရေးသားဆွေးနွေးထားတာပါ။ ၅။ တခုခုဆိုရင် ယခုတလော လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပဲ ကိုင်ပြောနေကြပေမယ့် နေရာတိုင်းမှာ ဒီပေတံကြီးကို ထုတ်ကိုင် တိုင်းတာနေလို့ မရပါဘူး။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ကောင်းပါတယ်။ သို့သော် အခြေခံအားဖြင့် သဘောတူ နိုင်ကြသော်လည်း နိုင်ငံအသီးသီးမှာ ဒီကနေ့ လက်တွေ့လုပ်ကိုင်နေကြရသည်မှာ တခါတရံ လူ့အခွင့်အရေးစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မဖြစ်လို့လည်းမရပါဘူး။ မိမိနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ကာကွယ်ရေး လူမူရေး ယဉ်ကျေးမူနှင့် ဘာသာရေး အခြေအနေများအပေါ် မူတည်ပြီး အုပ်ချူပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး အာဏာသုံးရပ်ဖြင့် စီမံအုပ်ချူပ် နေရတာဖြစ်ပါတယ်။ 

အထူးသဖြင့် နိုင်ငံကြီး၂ခုအကြား ရှိပြီး လူဦးရေ ပေါက်ကွဲမူဖြစ်နေတဲ့ ဘာသာမတူတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံ၊ ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးများက တိုင်းရင်းသားတောင်းတာ နယ်မြေအပိုင်စီးတာ ခံနေရတဲ့ မြန်မာနိုင်ငံအဖို့ သည်ကြေညာစာတမ်းနဲ့သာ တိုင်းတာပြောဆိုနေရင် လူမျိုးဘာသာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ရဲ့ အမျိုးကို စောင့်ရှာက်နိုင်မူကြောင့် ရခိုင်လူမျိုးနဲ့ ရခိုင်ဗုဒ္ဓဘာသာရေး ကိုးကွယ်မူ ပျောက်ကွယ်မသွားခဲ့လို့ သတိလက်လွတ် ဖြစ်မသွားသင့်ပါ။

၆။ စကာင်္ပူ မလေးရှားကိုဥပမာပေးတာကလည်း အတုယူတာမဟုတ်ပဲ နားမလည်သေးသူတွေ မသိသေးသူတွေကိုသိအောင် ပေးထားတာဖြစ်ပါတယ်။ စကာင်္ပူဟာ ဒီမိုကရေစီနိုင်ငံ အစစ်မဟုတ်လို့ အတုမယူသင့်ဘူး လို့ ပြောသူကပြောပါတယ်။ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေဟာလည်း နေ့ချင်းညချင်း ဒီမိုကရေစီနို်င်ငံကြီး ဒီနေ့အခြေအနေလို တည်ထောင်နို်င်ခဲ့တာမဟုတ်ပါဘူး။ ဒီမိုကရေစီစစ်စစ်နဲ့သွားရင်လည်း ဒီကနေ့ စကာင်္ပူလူမျိုးဆိုတာ တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာဟာလည်း နေရာတကာ လွတ်လွတ်လပ်လပ် ဆိုတာနဲ့ တိုင်းတာတာမျိုး မဟုတ်ပါဘူး။ စည်းကမ်းဆိုတာ ပါပါတယ်။ စကာင်္ပူဟာ စည်းကမ်းရှိလို့ စည်းကမ်းလိုက်နာလို့ ယနေ့အခြေအနေနဲ့ နေထိုင်နိုင်ကြတာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေပေမယ့် ဒီမိုကရေစီ ဘိုးအေနိုင်ငံတွေလို အဆင့် ချက်ခြင်းဖြစ်ချင်လို့ မရပါဘူး။ နောက်တချက်ကတော့ အတုယူသင့်ရင် ယူရမှာပဲဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ မူဆလင်ခွဲထွက်ရေး သမားတွေပြဿနာ ရှိနေပေမယ့် စကာင်္ပူမှာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ မြို့ကိုနိုင်ငံခေါ်နေရတဲ့ နိုင်ငံသေးကလေးအဖို့ မူဆလင်ဦးရေးကို စတည်ထောင်ကာစက ၁၅% ယခုလည်း ၁၅% ထိန်းထားနိုင်ခဲ့ပြီး စကာင်္ပူတရုတ်များကို မူဆလင်ဘာသာခြားနဲ့ ထိမ်းမြားခြင်းကို ပုံစံမျိုးစုံနဲ့ ကန့်သတ်ပေးထားလို့ ဖြစ်ပါတယ်။

ဘာသာခြားက စကာင်္ပူအမျိုးသမီးကို ယူခဲ့ရင်တောင် အခွင့်အရေးများကို အမျိုးသမီးဘက် အပြည့်အဝရယူပေးထားတယ်။ သို့သော် စကာင်္ပူအမျိုးသမီးများ အမျိုးကို စောင့်ရှောက်ပါတယ်။ မူဆလင်များနဲ့ မယူသလောက်ပါ။ အကယ်၍ စကာင်္ပူမှာ မူဆလင်ဘာသာဝင် ၄-၅၀% ရှိလာလျင် သေချာပေါက် ဘာသာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ မြန်မာမှာ ဘယ်လိုအခြေအနေရှိလည်း အားလုံးသိရှိပါတယ်။ နိုင်ငံတကာရဲ့ အိမ်ထောင်ခန်းဥပဒေတွေကိုလေ့လာတဲ့အခါ ဘယ်လိုပဲလွပ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ထိမ်းမြားခွင့်ပြုထားပေမယ့် မိမိတို့လူမျိုးဘာသာ ထိခိုက်နစ်နာရခြင်း မရှိလေအောင် ပြဌာန်းထားကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများကို ဦးစားပေးထားပါတယ်။ 

၇။ ယခုဆွေးနွေးပွဲကအမျိုးစောင့်ဥပဒေဆိုတာလည်း လွပ်လပ်စွာကိုးကွယ်နိုင်ခြင်းကို ထိခိုက်ခြင်းမရှိပါဘူး။ ကိုယ်နှစ်သက်ရာ ဘာသာတရားကို လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ခွင့်ပေးထားပါတယ်။ သို့သော် ဘာသာရေးထိခိုက်ပြောခြင်း မဟုတ်ပဲ မှန်ရာဆိုလျင် မူဆလင်ဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ယူလေ့ရှိကြရာတွင် အမျိုးသား၏မူဆလင်ဘာသာကို ဝင်ရသည်ချည်းဖြစ်ပါတယ်။ မဝင်လျှင် သူတို့ဘာသာတရားအရ တရားမဝင်တဲ့ အတွက် ဝင်ကိုဝင်ရပါတယ်။ သဘောကျစွာဝင်တယ် လွတ်လပ်စွာ ကိုးကွယ်တယ်လို့ ပြောလို့မရပါဘူး။ ယူပြီး ဗုဒ္ဓဘာသာ ဘုရားစင်ထားကြည့်လိုက်ပါ။ လက်တွေ့ နားလည်သွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာထုံးတမ်းအရ လက်မထပ်ခဲ့ရတော့ ဆုံးရှုံးမူတွေ နစ်နာမူတွေ ထပ်တွေ့ လာတော့တာပါပဲ။ ခရစ်ယာန်ဘာသာဝင် တွေနဲ့တော့ အထူးတလည် ပြဿနာရှိတာ မတွေ့ရပါဘူး။ တအိမ်တည်း ဘုရားစင်နှစ်ခုနဲ့ ကိုးကွယ်နေကြတာပါပဲ။ သားဆိုရင် ဗုဒ္ဓဘာသာ အရ ရှင်ပြုရဟန်းခံပေးပြီး သမီးတွေကို ကြိုက်ရာ ကိုးကွယ်ခွင့်ပြုတာလည်း တွေ့ဘူးပါတယ်။

၈။ စာရေးသူ ဘာသာရေးထိခိုက်မူ မပါပဲ ကိုယ်တွေ့လေး မျှချင်ပါတယ်။ စာရေးသူ မူဆလင်ရပ်ကွက်ထဲ နေထိုင်ဘူးပါတယ်။ အမှန်တကယ်လည်း မြန်မာမ ယူရင် ထောက်ပံ့ပေးမယ်ဆိုတာ ရှိခဲ့တာပါ။ ယခုတော့ သူတို့ငြင်းပါတယ်။ ငြင်းဆိုသလို မူဆလင်လူကြီး သူမများအနေနဲ့ ထိန်းသိမ်းပေးသွားဖို့ တိုက်တွန်းပါတယ်။ စကားဆက်ရရင် ဘာသာခြား ရပ်ကွက်ဖြစ်တာကြောင့် စာရေးသူအနေနဲက ညီမတွေနဲ့ ညီမသူငယ်ချင်းတွေကို ရှေးရေးမျှော်မြင်ပြီး ဘာသာတရားနဲ့ ပါတ်သက်လို့ အထူး တိုက်တွန်းပါတယ်။

သို့သော်လည်း နီးစပ်မူက ရှိလေတော့ ညီမသူငယ်ချင်းတဦး မူဆလင်ဘာသာဝင်နဲ့ ယူသွားပါတယ်။ နောက် အဲဒီမိန်းကလေးက မူဆလင်ဘာသာထဲ အဝင်ပြပေမယ့် မူဆလင်လုံးလုံး မဖြစ်ဘူးဆိုပြီး ကွဲသွားကြတော့ မိန်းကလေးက ကလေးတွဲလောင်းနဲ့ ဖြစ်နေပါပြီး။ ကလေးကလွဲပြီး ဘာတခုမှ အဖတ်တင်ခဲ့တာမရှိပါဘူး။ ရုပ်ရည်ကလဲချောမောလှပြီး တခုလပ်ဖြစ်သွားတော့ မြန်မာချင်း မကူညီ မစောင့်ရှောက်ပဲ အကျင့်ဆိုးတဲ့သူတွေနဲ့ ထပ်တွေ့ပါတယ်။ ကိုယ်တိုင်က စိတ်ဓါတ်ကမခိုင်မာ ဘဝကို ကြံ့ကြံ့မခံနိုင်၊ ကိုယ့်ပညာနဲ့ကိုယ် ရပ်တည်နိုင်ခြင်းကလည်းမရှိ အစဉ်းစားအဆင်ခြင်ကလည်း နဲပါးသူ ဖြစ်တာကြောင့် မြှူဆွယ်သူတွေနဲ့တွေ့ပြီး မကောင်းမူတောထဲ ရောက်သွားပါတယ်။ 

အစကတည်းက ဘာသာတူခြင်းတောင် “ အိမ်ထောင်မူ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ( ယခုတော့ တက်တူးတောင်ထိုးနေကြပါတယ် ) နောင်ပြင်နိုင်ခဲတဲ့အမျိုး ” ဆိုတဲ့ စကားလေးနဲ့ ရှေးလူကြီးသူမတွေက သွန်သင်ဆုံးမပေးထားခဲ့တာဟာ အမြှော်အမြင်ကြီးကြီးနဲ့ ပြောခဲ့ကြတာပါ။ ဟာသလုပ်စရာ မဟုတ်ပါဘူး။ လိုက်နာကျင့်ကြံသင့်တာပါ။ 

၉။ အကြံပြုချက်သဘော တင်ပြချင်တာက ဘယ်ဘာသာဝင်ဖြစ်စေ ကိုယ့်ရဲ့ဘာသာတရားအပေါ်မှာ မိရိုးဖလာထက်တော့ လေ့လာမူပြုသင့်ပါတယ်။ အဖေအမေက ကိုးကွယ်လို့ အလိုလို ဘာသာဝင်ဖြစ်လာတာ မဆန်းသလို သဘာဝမကျပါဘူး။ အသက် ၄၀ နားရောက်ပြီး ဗုဒ္ဓဟာသေပြီးမှ ဘုရားဖြစ်တာလား မသေခင်ဖြစ်တာလား မေးတဲ့သူကို စာရေးသူတွေ့ဘူးပါတယ်။ သူငယ်ချင်း ဆရာမကြီးက တဦးကလည်း ဘုရားဟာတဆူတည်းပါ အစွဲတွေမထားပါနဲ့တဲ့။ 

စာရေးသူ ပြန်ပြောလိုက်တယ်။ အဲဒီလို ဘုရားတဆူ အတူတူပါဆိုပြီး ကိုယ့်ဘာသာကျတော့ ပစ်ပယ်ခိုင်း သူ့ဘာသာ ဝင်ခိုင်းသူတွေကြောင့် မြန်မာအမျိုးသမီးတွေ ဘာသာခြားဖြစ်တာများပြီ။ ဗုဒ္ဓဘာသာဟာ ဘယ်ဘာသာနဲ့မှ မတူသလို ဘုရားချင်းလည်းမတူ တရားချင်းလည်းမတူ နေနဲ့လ အရှေ့နဲ့အနောက်လို့။ အစွဲမထားခြင်း မထားရင် ဗုဒ္ဓဘာသာက အစွဲအလန်းဖြုတ်တယ်။ နားမလည်တာကို နားမလည်ဘူးသိဖို့ လိုတယ် အဲဒါအစွဲအလန်းနဲ့ မဆိုင်ဘူး ဆိုပြီးပြောပြရတယ်။ သူကပြန်ပြောတယ် တို့ရုံးမှာ နင်တို့ငါတို့အရွယ် ဘယ်သူမှ ဘုရားတရားစကားပြောတာ မကြားဖူးဘူးတဲ့။ 

စာရေးသူကို သီလ သမာဓိ ပညာ ဆိုတော့ ပညာက ဘာပညာလည်းဆိုပြီး ပြောဆိုတဲ့သူလည်းတွေ့ဘူးပါတယ်။ သူက သိပ္ပံခေတ်ပညာကိုမှ ပညာလို့တထစ်ချ လှေနံဓါးထစ်ယူထားပါတယ်။ ဘဝကိုမှန်မှန်ကန်ကန် နားလည်သိမြင်ဖို့ ဗုဒ္ဓဟောကြား ဆုံးမထားတဲ့ သစ္စာတရားတွေကို အလုပ်ပေးတရားတွေကို ပညာလို့ မထင်ဘူး။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများက မိရိုးဖလာပဲဖြစ်နေပါတယ်။ ဘာသာတရားနဲ့ပါတ်သက်လာရင် ကိုယ်ခံအား ကိုယ်ခံပညာမရှိဘူး။ ဒါကြောင့်လည်း တခြားဘာသာကစည်းရုံးရင် အလွယ်တကူပဲပါသွားတတ်ပါတယ်။ ယုံကြည်လို့ သွားတာက ပြဿနာမဟုတ်ပါဘူး။ သူ့အခွင့်အရေးပါ။ မသွားခင်မှာ ကိုယ့်ဘာသာ တရားကိုရော ဘယ်လောက် ဆန်းစစ်ဝေဖန်ကြည့်ပြီးပြီလည်း။ ဒါတော့ လုပ်သင့်တယ်လို့ယူဆပါတယ်။ 

အထက်ပါ တင်ပြချက်များကို ပြန်ချုံ့ပြီးတင်ပြရလျင် မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့တာသည် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲသာ ဖြစ်ပါတယ်။ ဘာသာသာသနာ ကာကွယ်ခြင်းဆိုင်ရာနဲ့ ပါတ်သက်နေတဲ့အတွက် ယခုဆွေးနွေးစရာ စာတမ်းပေါ်ထွက်လာတယ်လို့ ယူဆပါတယ်။ 

အမျိုးစောင့်ဥပဒေဆိုတာကတော့ အလွယ်ခေါ်လိုက်ခြင်းသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်သော မြန်မာအမျိုးသမီးများရဲ့ အိမ်ထောင်ခန်းဥပဒေနဲ့သာ သက်ဆိုင် ပါတယ်။ မြန်မာအမျိုးသမီးအားလုံး အကျူံးမဝင်သလို လက်ထပ်ခြင်းကိစ္စုအဝဝကို ဆွေးနွေးထားတာမဟုတ်ပါဘူး။ မြန်မာအမျိုးသမီးရဲ့ လက်ထပ်ထိမ်းမြားခြင်းကို အဓိကဆိုလိုချင်တာမဟုတ်ပဲ ဘာသာတရားကာကွယ်စောင့်ရှောက်ရေးနဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ ဘာသာခြားနဲ့လက်ထပ်တဲ့အခါ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် အမွေရပိုင်ခွင့် လင်မယားကွာရှင်းရေး ဥပဒေများမှာ အခွင့်အရေး ဆုံးရှုံးနေရခြင်း ရှုထောင့်က ဆွေးနွေးနေကြတာလို့ သုံးသပ်မိပါတယ်။

ဘာသာခြားများနဲ့လက်ထပ်ပြီး ဘာသာခြားများရဲ့ထိမ်းမြားဥပဒေကိုသာ လက်ခံကျင့်သုံးနေရခြင်း ၎င်းတို့၏ဘာသာသို့ ဆန္ဒသဘောအလျောက် မဟုတ်ပဲ ဝင်ရောက်ရခြင်းတို့ဟာ ဗုဒ္ဓဘာသာဝင်တို့ အတွက် အဆုံးအရှုံးကြီးဖြစ်ပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ကြုံတွေ့ရခဲတဲ့ ဗုဒ္ဓသာသနာနဲ့လည်း လွဲချော်ခဲ့ရတဲ့အဖြစ်မျိုးက ကင်းလွတ်အောင် ကယ်တင်ခြင်း ဖြစ်ပါတယ်။ ကန့်ကွက်ခြင်း ထောက်ခံခြင်းထက် ဆွေးနွေးတိုင်ပင်ေ ဆောင်ရွက်သင့်ပြီး လိုအပ်ပါက ဒကာဒကာမများကပင် ဆက်လက်အကောင်အထည် ဆောင်ရွက်သင့်သော ကိစ္စတရပ်ဖြစ်တယ်လို့ ယူဆပါကြောင်းတင်ပြယင်း နိဂုံးချူပ်ပါရစေ။

Credit : http://www.demowaiyan.org/2013/06/blog-post_20.html

ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်



ထိုင်းမှာ အဖမ်းခံထားရသူ တချို့ထိုင်းနိုင်ငံမှာ အဖမ်း ခံထားရပြီး မြန်မာနိုင်ငံကလို့ ဆိုနေတဲ့ မွတ်ဆလင် ၂ဝဝဝ ကျော်ကို မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့အတွက် မြန်မာ အစိုးရဘက်က လုပ်ဆောင် သွားမယ်လို့ ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။အခု အဖမ်းခံ ထားရသူ တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို လှေစီးပြီး ရောက်လာတဲ့ သူတွေ ဖြစ်ပါတယ်။သူတို့ဟာ မြန်မာနိုင်ငံက လာသူတွေ ဟုတ်မဟုတ် စစ်ဆေးသွားမယ် ဆိုတာကို မြန်မာ သံရုံးကနေ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဒီသတင်းပတ် အစောပိုင်းကပဲ ကတိပေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး လဝက ရဲ့ အကူအညီနဲ့ အမြန်ဆုံး စစ်ဆေးသွားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက လာတဲ့ သူတွေ ဖြစ်ရင်လည်း သူတို့ကို အရေးယူဖို့ မရှိသလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အရေးယူမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို ပြန်ပို့မပို့ ဆိုတာကလည်း ကာယကံရှင် တွေရဲ့ ဆန္ဒကို မေးမြန်းပြီးမှသာ ဆုံးဖြတ်မယ့်အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

bbc.co.ukv

ကြံ့ခိုင်ရေးပါတီရဲ့ ပီအာရ်စနစ်ကျင့်သုံးရေး အကြံအစည်ကို ၀ိုင်းဝန်း ကန့်ကွက်ဖို့ လိုရခြင်းအကြောင်း

အခုရက်ပိုင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုမှု စနစ် ကျင့်သုံးဖို့နဲ့ ပတ်သက်ပြီး သတင်းတွေ တခုပြီး တခု ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီ သတင်းတွေ ဆက်စပ် သုံးသပ်လိုက်ရင် ဗိုလ်ချုပ်ဟောင်းတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ သမားရိုးကျစနစ်နဲ့ အနိုင်ရဖွယ်လမ်း မမြင်နိုင်တာကြောင့် ပီအာရ်စနစ်ကို အသုံးပြုတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြံစည်လာတယ်ဆိုတာ ဘွားခနဲ ပေါ်ပေါက်လာပါတယ်။ သူတို့ ဘယ်လိုကြံစည်သလဲ၊ ပီအာရ်စနစ် ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။


ခုတပတ်အတွင်း ပထမဦးဆုံး ထွက်ပေါ်လာတဲ့သတင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကပါ။ ဇွန် ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင်လ ၁၃ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံး ရရှိသူကို အနိုင်ပေးတဲ့ ရွေးကောက်ပွဲစနစ် (First Past The Post- FPTP System) အစား အခြေခံဒီမိုကရေစီ သဘောတရားနဲ့ ကိုက်ညီပြီး နိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်တရပ်ဖြစ်တဲ့ အချိုးကျ ကိုယ်စားလှယ်စနစ် (Proportional Representation-PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုချက်နဲ့အတူ ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ ပတ်သက်တဲ့ စာတမ်းတစောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပိုင်း နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးကြည့်တဲ့အခါ ပီအာရ် စနစ်ကို လက်ခံ ကျင့်သုံးချင်တဲ့ ပါတီရှိသလို လက်ရှိ မဲအများဆုံးသူ အနိုင်ရတဲ့ စနစ်ကိုပဲ ဆက်ပြီး ကျင့်သုံးလိုတဲ့ ပါတီတွေ ရှိတဲ့အတွက် အဆုံးအဖြတ်ပေးပါ ဆိုပြီး လွှတ်တော်ကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တကယ် လို့သာ ရွေးကောက်ပွဲစနစ်ကို ပီအာရ်စနစ်နဲ့ လုပ်မယ်ဆိုရင် ပြင်ဆင်ဖို့ အချိန်တွေ လိုအပ်တာကြောင့် ဒီ ၂၀၁၃ ခုနှစ်အတွင်းမှာပဲ လွှတ်တော်က အပြီးသတ် ဆုံးဖြတ်ပေးဖို့ လိုတဲ့အကြောင်းလည်း တင်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ရင် ဝေဖန်ဖို့လိုတဲ့အချက်ကတော့ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီထဲပါတဲ့ တိုင်းရင်းသား ၅ ပါတီရဲ့ သဘောထားပါ။ သူတို့ပါတီတွေအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးဖို့ တောင်းဆိုတာ ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း၊ အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်ကို အသုံးချပြီး ပီအာရ်ကို ကျင့်သုံး လိုတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆီ မရိုးမသား တင်ပြခဲ့တာသာ ဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက ဖြေရှင်းကြပါတယ်။ အမှန်တကယ်လည်း မကြာသေးခင်ကမှ တောင်ကြီးမှာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ညီလာခံမှာ ပီအာရ်စနစ်ကို လက်မခံကြောင်း အတိအလင်း ထုတ်ပြန်ကြေညာ လိုက်ပြီလည်း ဖြစ်ပါတယ်။

ပြောရရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်ကတည်းက အန်ဒီအက်ဖ်ပါတီ ဦးဆောင်ပြီး တင်ပြထားတဲ့ မှန်ကန်မှုမရှိမှန်းလည်း သိတဲ့ စာတမ်းကို အခြေခံပြီး ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီတွေအပါအ၀င် ပါတီတချို့က လက်ခံ ကျင့်သုံးချင်သယောင် လိမ်ညာ သတင်း ထုတ်ပြန်ပြီး လွှတ်တော်ကို တင်လိုက်တဲ့သဘော ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ ရောက်နေစဉ် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ လိုအပ်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့သွားမယ်ဆိုတဲ့ သဘောမျိုး အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါဟာ ကြံ့ခိုင်ရေးအနေနဲ့ ပီအာရ်စနစ်ကျင့်သုံးရင် ဖြစ်လာနိုင်တဲ့ ရလဒ်ကို ကြိုတင်မှန်းဆပြီး ပြောဆိုတဲ့ စကားမျိုးလည်း ဖြစ်ပါတယ်။

ပိုပြီးသေချာစေတာကတော့ သိပ်မကြာသေးခင်တုန်းကပဲ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တယောက်ဖြစ်တဲ့ တောင်သာအမတ် ဦးအောင်သောင်းရဲ့ ထုတ်ဖော်ပြောဆိုချက်ပါ။ သူက တပါတီကြီးစိုးတဲ့စနစ် ပပျောက်အောင် ပီအာရ်စနစ်ကျင့်သုံးသင့်တယ်၊ နိုင်ငံတကာမှာ ကျင့်သုံးလာတာ နှစ်ထောင်နဲ့ချီ ရှိနေပြီ၊ မြန်မာပြည်သူတွေကလည်း အသိဥာဏ် နိမ့်ကျသူတွေ မဟုတ်တော့ ပီအာရ်စနစ်ကျင့်သုံးနိုင်တယ် ဆိုပြီး ပြောခဲ့တာပါ။ ဒီအဆက်အစပ်တွေကိုကြည့်ရင် လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ဘယ်လိုမှ အနိုင်မရနိုင်ဘူးလို့ တွက်ဆထားပြီးဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ပီအာရ်စနစ်ကိုကျင့်သုံး၊ လွှတ်တော်ထဲ အဆင်သင့်ရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ဗိုလ်အမတ်တွေနဲ့ ပေါင်း၊ သမ္မတရာထူး ရအောင်ယူပြီး အာဏာကို ဆက် ချုပ်ကိုင်သွားမယ့် သဘော ပေါ်လွင်နေပါတယ်။

တကယ်တော့ လက်ရှိ ပီအာရ်ပြဿနာ အငြင်းပွားနေတာနဲ့ပဲ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပနိုင်ရေး ဆိုတာ မျက်ခြည်ပြတ် သွားစေနိုင်ပါတယ်။ ဒါ့အပြင် ပီအာရ်စနစ်ဆိုတာဟာ မဲရုံတခုစီအလိုက် အနိုင်ရသူ တိုက်ရိုက် မပေါ်ပေါက်တာကြောင့် မဲလိမ်၊ မဲခိုးနဲ့ မဲမသာမှုလုပ်တာတွေကိုလည်း ဖော်ထုတ်ရ အလွန် ခက်ခဲစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်မယ့် ပါတီ တချို့နဲ့ အာဏာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ပြီး လုယူထားချင်တဲ့ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပီအာရ်စနစ်ကျင့်သုံးရေး အကြံအစည်ကို ၀ိုင်းဝန်း ကန့်ကွက်ဖို့ လိုနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

Burmese.dvb.no

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်



အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး...

အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။

အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ရဲစစ်ချက်များတွင် ဖော်ပြထားသည်။

သရုပ်ဆောင်မေဇွန်အား အမိန့်ချမှတ် ပြီးနောက် ခေါ်ဆောင်လာစဉ်

http://www.news-eleven.com/local/yangon-news/20288

ပန်ဆေးဦးကျော်မြင့်ကို ဘယ်အချိန်ထိ လွှတ်ထားမှာလဲ

သမ္မတကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌကြီးအား ပန်ဆေး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ​​​​​ဦးကျော်မြင့် နှင့် ပတ်သက်၍သိစေခြင်ပါသည်။


နမ့်ခမ်းမြို့နယ်၊ပန်ဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ​​​​​ဦးကျော်မြင့် (ခ) လီယောင်ကျန်းသည် ပြည်ခိုင်ဖြိုး ပါတီ အရေခြုံထားပြီး ပါတီ၏အရှိန်အဝါဖြင့် ရှမ်းပြည်နယ် လွတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။၎င်းသည် တရုတ်သွေးစပ်သော ခိုလုံလီရှောလူမျိုးဖြစ်သည်။

ယခင်က နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ဒေသခံတိုင်းရင်းသားများသည် လက်ဖက်စိုက်ခြင်း၊ မုန့်ညှင်းစိုက်ပျိုးခြင်း၊ ဆိတ်မွေးမြူခြင်း စသည့် စိုက်ပျိုးမွေးမြူရေး သမာအာဇီဝ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် အေးချမ်းစွာ နေထိုင်ခဲ့ကြပါသည်။ သို့ရာတွင် ပန်ဆေးဦးကျော်မြင့် အုပ်ချုပ်ပြီး နောက်ပိုင်းတွင် ပန်ဆေးဒေသရှိ ခိုလုံလီရှောကျေးရွာအုပ်စုများမှ ၄င်း၏ တူ၊တပည့် များအား ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် တင်မြှောက်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဘဏ္ဍာရေးအတွက်ဟု အကြောင်းပြကာ ရိုးသားသော ဒေသခံတိုင်းရင်းသားများအား မက်လုံးပေးခြင်း၊ တစ်ဖက်လှည့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်၍ ၄င်းတို့နယ်မြေအတွင်း ဘိန်းစိုက်ပျိုးခိုင်းခြင်းအား တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိပါသည်။ ထွက်ရှိလာသောဘိန်းများအား ၄င်းတို့အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။

ထို့ပြင် တရားမဝင် သစ်ခိုးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း နှင့် ညပိုင်းတွင် တစ်ဘက်တရုတ်နိုင်ငံသို့ ပန်ဆေးပြည်သူ့စစ်ပိုင် စက်လှေဆိပ်မှ သစ်နှင့်မီးသွေး များခိုးပို့ခြင်း၊ ဒေသခံများအား ဘိန်းဖြင့်မှိုင်းတိုက် ထားခြင်း တို့အား ၄င်း၏စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ၄င်းကိုယ်တိုင်ပင် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်ဟု အမည်ခံကာ ၄င်းအုပ်ချုပ်ရာနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုဖြစ်ထွန်းရေး နှင့် တရားမ၀င် စီးပွားရေးလုပ်ငန်းများအား ပြောင်ပြောင်တင်းတင်း ကြီးကြပ်ညွှန်ကြားလျက် ရှိပါသည်။ သို့သော် အပြင်ပန်းတွင် ပန်ဆေးဦးကျော်မြင့်သည် တရားဝင်စီးပွားရေးလုပ်ငန်း အကြောင်းပြကာ ရန်ကုန် သုဝဏ္ဏရှိနေအိမ်တွင် အေးအေးလူလူနေထိုင်သည့် ပုံစံမျိုးဖြင့် ရှိနေပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ၄င်း၏သားဖြစ်သူ (နိုင်ငံခြားတွင် ကျောင်းတက်ရောက်ခဲ့သူ) ထံ ခေါင်းဆောင်ရာထူးအား မိမိသဘောဖြင့် လွှဲပြောင်းပေးရန် လျာထားခြင်း၊ ငွေကြေးအမြတ်အစွန်းများစွာ ခေါင်းပုံဖြတ်ခြင်း၊ဒေသခံတိုင်းရင်းသားများအား ဘိန်းမှိုင်းတိုက်ထားခြင်းတို့ကြောင့် ၄င်း၏အဖွဲ့ဝင် အချို့နှင့် ဒေသခံများမှ မကျေမနပ်ဖြစ်လျက် ရှိပါသည်။သို့သော် ဒေသရှိ အစိုးရအာဏာပိုင် အသီးသီးအား အသွင်အမျိုးမျိုးဖြင့် ကျောထောက် နောက်ခံပြုထားခြင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အမတ် အရေခြုံထားခြင်း၊ လက်နက်အင်အား ပြထားခြင်းတို့ကြောင့် မည်သို့မှ မတွန်းလှန်နိုင်သည့်အပြင် သဘောကျ ထောက်ခံအားပေးနေရသည့် အခြေအနေဖြင့်သာ ကျီးလန့်စာစား နေကြရပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ၎င်း၏အကျိုးစီးပွားအလို့ဌာ ရေရှည်အစီအစဉ်ဖြင့် ဒေသအတွင်း ဘိန်းမှိုင်းတိုက်ထားမှု့ကြောင့် ၄င်းအုပ်ချုပ်ရာဒေသတွင်သာမက နမ့်ခမ်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ရှမ်း၊ ပလောင်၊ ကချင်လူငယ်များစွာမှာ ဘိန်း အလွန်အကျွံ့သုံးစွဲလျက်ရှိပြီး လူညွန့်တုံး ဘဝပျက်ကာ ဘိန်းစိုက်၊ဘိန်းရှု ဘဝဖြင့်သာ အဆုံးသတ်ကြရပါသည်။ ထို့ပြင် အကျင့်စာရိတ္တ ပျက်ယွင်းကာ ခိုးဆိုး၊လူသတ်၊ဓါးပြတိုက်သည်အထိ ဆိုးရွားလာခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို များစွာထိခိုက်လာပါသည်။ တစ်ဘက်နိုင်ငံမှ အချို့တရုတ်နိုင်ငံသားများပင် နမ့်ခမ်းမြို့သို့လာရောက်ပြီး တပျော်တပါး ဘိန်းဝယ်ယူ သုံးစွဲကြသည့် အခြေအနေမျိုးအထိပင် ဖြစ်လာပါသည်။

နမ့်ခမ်းမြို့ရှိ ဦးအိုက်စံခေါင်းဆောင်သော မြို့မပြည်သူ့စစ်အဖွဲ့သည်ပင်လျင် ပန်ဆေးဦးကျော်မြင့်တို့အဖွဲ့၏ လုပ်ရပ်များအား မကြိုက်နှစ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် လက်ပိုက်ကြည့်နေရပါသည်။

(၈.၄.၂၀၁၃) ရက်နေ့က နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ဘိန်းချက်စခန်း (၃) ခုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဝါယော့ပြည်သူ့စစ်စခန်း (၃) ခုမှ ဘိန်းဖြူ (၁) ကီလိုဂရမ်၊ ဘိန်းမဲ (၂) ပိဿာ၊ ယာမ(ရာဘ) အလုံး (၄,၀၀၀)တို့အား သိမ်းဆည်းရမိကြောင်း ပလောင်(တအာင်း) အမျိုးသမီးအစည်းအရုံး PWO မှထုတ်ပြန်သော သတင်းအရ ကြားသိရပါသည်။

နမ့်ခမ်းဒေသခံတစ်ဦးက “ပန်ဆေးဦးကျော်မြင့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲဝင်စဉ်တုန်းက ပြောခဲ့ပါတယ်။ သူ့ကို မဲထည့်ပေးကြပါတဲ့။ သူကိုယ်စားလှယ် ဖြစ်လာရင် တရားဝင်ဘိန်းစိုက်ခွင့် ပေးမယ်တဲ့။ ဒီတော့ တစ်နယ်လုံးက ပန်ဆေးနယ်မှာ ဘိန်းသွားစိုက်ကြတာပေါ့။ အခွန်တောင် နည်းသေးတယ်။ ပြီးတော့ ဘိန်းဝယ်သူတောင် ရှာနေစရာမလိုပါဘူး။” ဟု ပြောပါသည်။

(၆.၂.၂၀၁၃) ရှမ်းပြည်နယ်နေ့တွင် ပန်ဆေးဦးကျော်မြင့်၏ တူဖြစ်သူ ရဲအောင်ထွေး(ခ)လိဖန် ဦးဆောင်သည့် အပေါင်းပါများမှ ဆေးဝါးအလွန်အကျွံ့ သုံးစွဲပြီး ဦးလေးအားကိုးဖြင့် မူးယစ်ရမ်းကားကာ ကျားဖြူပါတီဥက္ကဌ၊ ပြည်နယ် သတ္တုတွင်းဝန်ကြီး၏မြေးအား ဓါးဖြင့်ခုတ်ကာ မသေမချင်း သတ်ခဲ့သည့်အမှုအား ကျူးလွန်ခဲ့ပါသည်။၎င်းတို့အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိပြီးနောက် (၄.၆.၂၀၁၃)နေ့က မူဆယ်ခရိုင်တရားရုံးတွင် ရုံးထုတ်လာစဉ် အစောင့်ရဲထံမှ သေနတ်လုယူပြီး ပစ်ခတ်ရာ ရဲ(၁)ဦးသေ (၂)ဦးဒဏ်ရာရပြီး တရားခံများ ထွက်ပြေး လွတ်မြောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ နမ့်ခမ်းနှင့် မူဆယ်ဒေသခံများမှ ထိုကဲ့သို့ရမ်းကားမှုအတွက် ထိန့်လန့်နေကြပါသည်။ ပန်ဆေးဦးကျော်မြင့်၏ တူဖြစ်သူရမ်းကားမှုသည် သာမန်ရာဇ၀တ်သားကြီးများပင် မစဉ်းစားရဲသော မလုပ်ရဲသော ပြစ်မှုဖြစ်သဖြင့် ၄င်း၏ဦးလေးအားကိုးဖြင့် အကာအကွယ် ရနေသောကြောင့် လုပ်ရဲခြင်းဖြစ်ကြောင်း သိသာနိုင်ပါသည်။

ပန်ဆေးဦးကျော်မြင့်သည် ပန်ဆေးပြည်သူ့စစ်အင်အား (၃၀၀)ခန့် ပိုင်ဆိုင်၍ ကိုယ်ပိုင်တပ်ဖွဲ့ အသွင်ပုံစံဖြင့် နမ့်ခမ်း၊ မူဆယ်တ၀ိုက်တွင် ထင်တိုင်းကြဲ လုပ်တိုင်းရ ကြံတိုင်းအောင် ဖြစ်ကာ ဗိုလ်ကျစိုးမိုးနေခြင်းမှာ သိသာထင်ရှားလှပေသည်။ နိုင်ငံတော်မှ ဘိန်းခင်းများအား ဖျက်ဆီးကာ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်နေချိန်တွင် ဘိန်းဘုရင် ဦးကျော်မြင့်သည် ဒေသရှိ အစိုးရအာဏာပိုင် အသီးသီးအား အသွင်အမျိုးမျိုးဖြင့် ကျောထောက်နောက်ခံပြုကာ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အမတ် အရေခြုံ၍ ပန်ဆေးဒေသတွင် လွတ်လွတ်လပ်လပ် ဘေးရန်ကင်းစွာဖြင့် လူသားအားလုံး အညွှန့်တုံးစေမည့် ဘိန်းစိုက်ပျိုးခြင်း၊ထုတ်လုပ်ခြင်း၊နိုင်ငံတော်၏ သယံဇာတများဖြစ်သော သစ်နှင့်မီးသွေး ခိုးထုတ်ခြင်း နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများစွာကို သား၊ တူ တပည့်များစွာဖြင့် တရားဝင်အမိန့်ရကဲ့သို့ ပျော်ပါး အောင်မြင်စွာ ဆောင်ရွက်လျက် ရှိပါသည်။

ဤခေတ်အခါသည် မဏ္ဍိုင်ကြီးများ အသီးသီးပေါ်ထွက်၍ တန်းတူ၊အခွင့်အရေးတူ သာတူညီမျှသော ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နေသော အချိန်အခါ ဖြစ်ပါသည်။ သန်း(၆၀)သော ပြည်သူများ အတွက် တရားဥပဒေစိုမိုး မျှတရေးကို အာရုံစိုက်ဆောင်ရွက်နေသော အခြေအနေလည်း ဖြစ်ပါသည်။ ထိုသို့သော အခြေအနေ အချိန်အခါကောင်းများ ဖြစ်ထွန်းနေပါလျက်နှင့် ပန်ဆေးဦးကျော်မြင့်လို လူများ ရှိနေသည်မှာ မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်ရပါသည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စု တရားသူကြီးချုပ်၊ပြည်ထဲရေးဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့အား “ ပန်ဆေး ဦးကျော်မြင့်ကို ဘယ်အချိန်ထိ လွတ်လွတ်လပ်လပ် ဤကဲ့သို့ ဆက်လက်ခွင့်ပြုထားအုံးမှာလဲ ” လို့ မေးလိုက်ပါရစေ။

ဒေသခံတိုင်းရင်းသားစစ်စစ်များ

Credit : http://www.yeyintnge.com/2013/06/blog-post_5158.html#.UcPQ8dhYWSo