မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်


Photo: မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ 
ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် 
ညှိနှိုင်းဆောင်ရွက်ပေးမည်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော်၊ ဇွန် ၁၈

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia-Latin America Cooperation Meeting  သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင်တိရိစ္ဆာန်ရုံအား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း(၂၀၀)ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း  ကမ်းလှမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က-

(၁) မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ 

(၂) ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော်အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ 

(၃) ဆင်ဖြူတော် လေ့လာရေးခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက် အကူ ပြုစေနိုင်ကြောင်း

 ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
----------------------------------------------------------------------
[Read More : http://www.president-office.gov.mm/zg/issues/foreign-policy/id-3731]

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ငှားရမ်းမည့် အစီအစဉ်မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည် သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia-Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ် များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင်တိရိစ္ဆာန်ရုံအား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း(၂၀၀)ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က-

(၁) မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊

(၂) ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော်အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေ မည် ဖြစ် ကြောင်း၊

(၃) ဆင်ဖြူတော် လေ့လာရေးခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မား စေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက် အကူ ပြုစေနိုင်ကြောင်း ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

From...Hmuu Zaw

ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့


ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့...

***********************************************
(18.5.2013, Tuesday)

ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ဖြေရှင်းနည်းဖြစ်သည့်
အတွက်မလုပ်စေချင်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမားများ 
တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ထွန်တုံးတိုက်ပွဲများဖြစ်ပ်ါနေခြင်း
သည် တရားဥပဒေနည်းလမ်းမကျ၍ တရားဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းနှင့်သိမ်းဆည်းစဉ်ကထင်သာမြင်သာပွင့်လင်းမြင်သာမှု
မရှိခြင်းများကြောင့် ဖြစ်ကြောင်းသိရသည်။ထိုကဲ့သို့ ကိစ္စများကိုလွှတ်တော်
ထဲတွင် ဖြေရှင်းနေသလို တောင်သူလယ်သမားများလည်း ပူးပေါင်းညှိနှိုင်း 
ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ “ထွန်တုံး တိုက်ပွဲတွေကို မထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါဘူး။ကိုယ့်ဆီ ကလုယူတာကိုမကြိုက်ရင် သူ့ဆီကကိုယ့်ပစ္စည်းပြန်ယူရာမှာလည်းအတင်း အဓမ္မမလုပ်သင့်ဘူး။ဖြေရှင်းဖို့ အဆင့်တွေ အများကြီးရှိပါတယ်။ထွန်တုံး တိုက်ပွဲဆိုတာနောက်ဆုံးအဆင့်ပါ။ အလွယ်ကူဆုံးနဲ့နှစ်ဦးနှစ်ဖက်ထိခိုက် မှုမရှိတဲ့နည်းလမ်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးစိန်ဝင်းကပြောကြား ခဲ့သည်။၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ကိုသာထောက်ခံကြောင်း၊ လွှတ်တော်နှင့် ဌာနဆိုင်ရာအားလုံးတွင် ပါတာဝန်ရှိ၍ ပဋိပက္ခဖြစ်စေ 
သောဖြေရှင်းနည်းကိုမလိုလားသည့်အတွက် နှစ်ဖက်ဖြေရှင်းလျှင်ထွန်တုံး တိုက်ပွဲလုပ်စရာမလိုကြောင်းနှင့်ဥပဒေဘောင်ထဲရောက်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို မအူပင်မြို့နယ်ရှိ 
တောင်သူလယ်သမား(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။

ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ ဖြေရှင်းနည်းဖြစ်သည့် အတွက်မလုပ်စေချင် ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊ တိုးရွှေဝါ ခန်းမ၌ ကျင်းပပြု လုပ်သော လွှတ်တော် အတွေ့ အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမား များတွေ့ ဆုံဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။ ထွန်တုံးတိုက်ပွဲများဖြစ်ပ်ါနေခြင်းသည် တရားဥပဒေ နည်းလမ်းမကျ၍ တရား ဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းနှင့်သိမ်းဆည်းစဉ်က ထင်သာမြင်သာ ပွင့်လင်းမြင် သာမှု မရှိခြင်းများကြောင့် ဖြစ်ကြောင်းသိရသည်။ထိုကဲ့သို့ ကိစ္စများကို လွှတ်တော် ထဲတွင် ဖြေရှင်းနေ သလို တောင်သူလယ်သမားများလည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။ “ထွန်တုံး တိုက်ပွဲတွေကို မထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါဘူး။ ကိုယ့်ဆီ ကလုယူ တာကိုမကြိုက်ရင် သူ့ဆီကကိုယ့်ပစ္စည်းပြန်ယူရာမှာလည်းအတင်း အဓမ္မ မလုပ် သင့်ဘူး။ဖြေရှင်းဖို့ အဆင့်တွေ အများကြီးရှိပါတယ်။ထွန်တုံး တိုက်ပွဲဆိုတာနောက်ဆုံးအဆင့်ပါ။ အလွယ်ကူဆုံးနဲ့ နှစ်ဦးနှစ်ဖက်ထိခိုက် မှုမရှိတဲ့နည်းလမ်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးစိန်ဝင်း ကပြောကြား ခဲ့သည်။၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ကိုသာထောက်ခံကြောင်း၊ လွှတ်တော်နှင့် ဌာနဆိုင်ရာ အားလုံးတွင် ပါတာဝန်ရှိ၍ ပဋိပက္ခဖြစ်စေ သောဖြေရှင်းနည်း ကိုမလိုလား သည့်အတွက် နှစ် ဖက်ဖြေရှင်း လျှင်ထွန်တုံး တိုက်ပွဲလုပ်စရာမလိုကြောင်းနှင့် ဥပဒေ ဘောင်ထဲရောက်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို မအူပင်မြို့နယ်ရှိ တောင်သူလယ်သမား(၂၀၀၀)ကျော် တက်ရောက် ခဲ့ကြောင်းသတင်းရရှိသည်။

From...SkyNet TV Browser

မလေးရှားမှ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများကို ADMA မီဒီယာ ကုမ္ပဏီက အလုပ်ရှာဖွေပေးမည်

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများကိုADMA မီဒီယာကုမ္ပဏီက အလုပ်အကိုင်ရှာဖွေပေးမည်ဟု ကုမ္ပဏီ၏ဒုဥက္ကဌ ဦးဝေမင်းမောင်က ပြောသည်။


အဆိုပါ ကုမ္ပဏီက အခြားကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်များကို စီစဉ်ပေးမည်ဖြစ်သည်။

အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် ပက်သတ်ပြီး ဦးဝေမင်းမောင်က "မြန်မာရွှေ့ပြောင်း အလုပ်သမား တွေဟာ လက်ရှိမြန်မာနိုင်ငံကို ပထမဆုံးအဖြစ် MAI လေကြောင်းလိုင်းနဲ့ (၁၆၈)ဦး လိုက်ပါလာပြီး နောက် ရောက်ရှိလာမယ့် အလုပ်သမားတွေနဲ့ ပေါင်းပြီးခေါ်သွားမှာ ဖြစ်ပါတယ်။

ခေါ်မယ့်လူတွေကိုလေကြောင်းလိုင်းတွေရဲ့ အကူအညီနဲ့ စာရင်းသွင်းပြီး ကိုက်ညီမယ့်နေရာတွေမှာ အင်တာဗျုးပြီးခန့်သွားမှာ ဖြစ်ပါတယ်။ တခြားကုမဏီတွေ ဖြစ်တဲ့အထည်ချုပ်စက်ရုံ၊ အချိုရည်စက်ရုံ၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအစရှိတဲ့ နေရာတွေမှာ ရွေးချယ်ခန့်သွားမှာ ဖြစ်တယ်" ဟုသိရသည်။

From..SMG

ဟိုတယ်ရှိ နှုတ်ထွက်ဝန်ထမ်းများ ငွေအလွဲသုံးစား ပြုလုပ်မှုများရှိဟု ဟိုတယ်ပိုင်ရှင်ပြောကြား



ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် လွန်ခဲ့သည့် မေလ ၃ ရက်၌ နှုတ်ထွက်သွားသော ဝန်ထမ်းများအနက်အချို့မှာ ငွေကြေး အလွဲသုံးစား မှုများ ပြုလုပ်ခဲ့ကြောင်း Orchid Hotel မှ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောကြားသည်။


ယင်းဝန်ထမ်းများသည် မေလ ၂ ရက်နေ့အထိ အလုပ်ဆင်းခဲ့ပြီး ၃ ရက်နေ့တွင် တာဝန်လွှဲအပ်မှု တစုံ တရာ မပြုလုပ်ဘဲ အလုပ်မှနှုတ်ထွက်စာ တင်ခဲ့ ကြောင်း၊ ယင်းဟိုတယ်ရှိ တာဝန်ရှိသူများမှ ငွေစာရင်းတာဝန်များ စနစ်တကျလွှဲပေးပါရန် သုံးကြိမ်တိုင်တိုင် စာပို့၍ အကြောင်းကြားခဲ့ပြီး ၄၉ ရက်တိုင်တိုင် စောင့်ဆိုင်းပေးခဲ့သော်လည်း လာရောက်တွေ့ဆုံခြင်း မပြုလုပ်ခဲ့ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“သူတို့ဘက်က အကြောင်းကြားခဲ့သလို ကျွန်မတို့ဘက်ကလည်း မေးချင်တာ သိချင်တာ ရှိရင် ကျွန်မတို့ အိမ်ကိုဖြစ်စေ Orchid မဟုတ်တဲ့ တခြားနေရာကို လာလို့ ရတယ်လို့ ဖုန်းနဲ့ရော စာနဲ့ပါ အကြောင်းကြား ခဲ့ပါတယ်” ဟု Chief Accountant က ပြောကြားသည်။

ယင်းကဲ့သို့ လာရောက်တွေ့ဆုံခြင်း မပြုလုပ်ခဲ့သည့်အတွက် ပြင်ပစာရင်းစစ်အဖွဲ့များ ငှားရမ်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ USD $ 12372 (ကျပ် သိန်း ၁၂၀ ခန့်) လျော့နည်း ပျောက်ဆုံးနေကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများဖြစ်သော ဘဏ္ဍာရေး တာဝန်ခံ ၊ Chief Accountant၊ Credit Collector နှင့် ငွေကိုင်တို့အား ပုဇွန်တောင် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ဦးဌေးအောင်က ပြောကြားသည်။

“ငွေကျပ်သိန်း ၁၂၀ လောက် လျော့နည်း ပျောက်ဆုံးနေတယ်ဆိုတာ သူတို့ တစ်ဖက်သတ် စစ်တဲ့အတွက် စာအုပ်အကုန်မပါလို့ ကျန်နေတဲ့ ဟာတွေ ရှိနေလို့ gap ဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ကို တရားစွဲတဲ့ ကိစ္စကိုလည်း ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ကာယကံရှင်တွေ အကုန် လုံးက တစ်ပြိုင်တည်း ဝုန်းခနဲ ထွက်သွားတဲ့အခါကျတော့ လိုရာစွဲစစ်တဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို မတရားလုပ်နေတာပါ”ဟု တရားစွဲဆို ခံထား ရသူ Orchid Hotel မှ GM ဟောင်း ဘဏ္ဍာရေးတာဝန်ခံက ပြောကြားသည်။

“အမှုဖွင့်ထားတယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာပါတယ်။ ကျွန်မတို့ဘက်ကလည်း နားလည် တတ်ကျွမ်းသူတွေနဲ့ ဖြေရှင်းဖို့ စီစဉ်နေပါတယ်။ ဒီကိစ္စမှာ ကျွန်မက စာရင်းပဲကိုင်ခဲ့ရတာပါ။ ငွေကိုင်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်” ဟု Chief Accountant က ပြောကြားသည်။

ယင်းကိစ္စများ ဖြစ်ပွားပြီး မကြာမီတွင် မီးခံသေတ္တာဖောက်ထွင်းမှု ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းဝန်ထမ်းအား ဌာနမှ ထုတ်ပယ်ခဲ့ပြီး ရဲမှ တရားရုံးသို့ လွှဲပြောင်း တရားစီရင်လျက်ရှိကြောင်း၊ လက်ရှိတွင် အလုပ်မှ နှုတ်ထွက်သွားသူနှင့် ထုတ်ပယ်ခံခဲ့ရသူ စုစုပေါင်း ၂၀ ဝန်းကျင်ခန့် ရှိကြောင်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။

The Myanma Age

မြန်မာများကို ပြန်ပို့မည်ဟု မလေးရှားပြော

မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ် ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား ထောင်ပေါင်းများ စွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။


ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှား ဒုတိယပြည်ထဲရေးဝန် ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက်ကို ကိုးကားဖော်ပြရာ၌ မြန်မာ များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွား မှုကို မလေးရှားသို့ယူဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းထောက် များကို ဒုဝန်ကြီး ကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာအာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။

ထို့ပြင် သူက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကို သူတို့ကိုယ်သူတို့ ဒုက္ခသည် များဟု ပြောဆို ပြီး မြန်မာပြည် ကို လုံခြုံမှုမရှိ၍မပြန်လိုကြောင်း ပြောဆို နေသူများ အား အလျင် အမြန် စိစစ်ပေးရန် တောင်းဆို လိုက်သည်။ အေဂျင်စီတွင် အထောက် အထား အရ မြန်မာဒုက္ခသည် ၉၅၀၀၀ ခန့် မလေးရှားတွင်နေ ထိုင်ကြောင်း သိရသည်။ သူတို့ ကို မည်သည့် တရားဝင်အဆင့် အတန်းမှ သတ်မှတ်ပေးမထား သော်လည်း ယာယီ နေ ထိုင်ခွင့် တော့ပေးထားသည်။ ထိုအထဲ တွင် ၂၈ဝဝဝခန့် မှာ မူဆလင်ရိုဟင်ဂျာများဖြစ် သည်ဟု ဆိုသည်။ ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက်ပြော ဆိုရာ တွင် မလေး ရှား၌ မြန်မာနိုင်ငံသား ၂၅၇၀၀၀ ခန့် အလုပ် လုပ်နေကြပြီး ယင်း တို့အနက် ၁၄၄၀၀၀ မှာ တရား မဝင် အလုပ်သမားများ ဖြစ်ကြ ကာ လစာနည်း အလုပ် များ ဖြစ် သည့် စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး နှင့် မလေးရှားနိုင်ငံသားများ မလုပ်လိုသည့် အလုပ်များ လုပ် ကိုင်နေကြသည်ဟု ထည့်သွင်း ပြောဆို သွား သည်။

မလေးရှား အာဏာပိုင်များ က မလေးရှားများက ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံ သားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အရေးကိစ္စအပေါ် ပြန်လည် လက်စား ချေ လိုသော ကြောင့် ဖြစ်သည်ဟုပြောသည်။ သို့သော် မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကမူ ထိုဖြစ်ရပ်သည် ဘာသာရေး ကိစ္စ ကြောင့် မဟုတ် ဘဲ ဂိုဏ်းဖွဲ့တိုက်ခိုက်ခြင်းမျိုးဟု ယုံကြည်ဖွယ်ရာ ဖြစ်နေကြောင်း သီးခြားမှတ်ချက်ပေးသည်။ ''ဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေကို အကာ အကွယ်ပေးဖို့ မလေးရှား အစိုးရကို ကျွန်တော်တို့ အကူ အညီ တောင်းထားပါတယ်။ တ ချို့က မြန်မာပြည်ပြန်လိုနေကြ ပါတယ်။ သူတို့ မြန်မြန်ပြန် နိုင်အောင် ကျွန်တော် တို့စီစဉ်နေပါ တယ်''ဟု ဦးဇင်ယော်က ဆက် လက်ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအရေး ဆောင်ရွက် သူ ဦးရဲနိုင်ဝင်းက ''ပြည်ပက မြန်မာလုပ်သား တွေကို ပြန်လက် ခံရုံနဲ့မပြီးဘူး။ အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ပြည်ပ လုပ်သား တွေအတွက် လုပ်သင့်တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ကမရှိဘူး။ သူတို့ ဟိုမှာရတဲ့လစာနဲ့ ဒီမှာရ တဲ့ လုပ်အားခက ကွာခြားမယ်။ အဲဒါကြောင့် ပြန်လာ ပြီးလဲ ပြန် ထွက်သွားကြမှာပဲ။ အဲဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အ လုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး ရမယ်။ ရေရှည် မူဝါဒ ချပြီးလုပ်ရမယ်''ဟု ပြောသည်။

ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''နိုင်ငံခြားကို အလုပ်သမား သွားလုပ်တယ်ဆို တာ ပြည်တွင်းမှာ မလုပ်ချင်လို့ ထွက် သွားကြတာ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက လဲမရှိဘူး။ သူများနိုင်ငံမှာတော့ ဘယ်သူမှ အောက်ကျခံပြီးမလုပ် ချင်ကြဘူး ။ အခုလိုဖြစ် တော့ လဲ ကိုယ့် မြန်မာနိုင်ငံသား တွေဖြစ် တဲ့အတွက် ပြန်ခေါ်ရမယ်။ အ လုပ်အကိုင်တွေကို ပြည်တွင်းမှာ ဖန်တီးပေးရမယ်''ဟု သုံးသပ်ပြော သည်။

Ref & Credit to: Yangon Media Group

http://www.myanmarupdatechannel.com/2013/06/blog-post_6486.html

မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ပတ်စပို့စာအုပ်လက်ဝယ်မရှိသူများ ဆောင်ရွက်ရမည့် အချက်

ယနေ့ မလေးရှားနိုင်ငံက နေ ကျွန်တော်တို့ဆီကိုပြန်ဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ဖုန်းဆက်တာ ကျွန်တော်တို့ post တင်ပြီးကတည်းက မြန်မာပြည်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့သူတွေ ရဲ့ဖုန်းတွေ 24 နာရီ မနားတမ်းမည်နေခဲ့ပါတယ် ။ အကြောင်းအရာကတော့ မေးခွန်း တစ်ခု တည်းဖြစ်ပါတယ် .......


1. မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ကျွန်တော်တိုက အိုဗာစတေးဖြစ်နေလို့ပါ။

ကျွန်တော်တို့ 2 ကြိမ်မြောက်ထပ်မံတင်ဆက်ပါ့မယ် ။

(က) သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်ရှိပြီး ပါမစ်မရသေးသူဖြစ်ပါသလား ?

လုပ်ဆောင်ရန်မှာ ကျွန်တော်တို့ထံတွင် Shpw Ticket ခေါ် အင်မီဂရေးရှင်း တွင်ပြသရန် လေယာဉ် အကြိုလက်မှတ် အခမဲ့ လာယူပါ ၊ ပြီးပါက မလေးရှားနိုင်ငံ နီးစပ်ရာ လဝက ရုံးများသို့ သွားရောက်ပြီး Special Pass ပြုလုပ်ရန်အတွက် တိုကင်သွားထုတ်ရပါလိမ့်မယ် ။

ယခင်က ကွာလာလမ်ပူ ဂျလန်း ဒူတ မှာလည်းဆောင်ရွက်ပေးပေမယ့် ယခုကွာလာလမ်ပူတွင်တော့ Putra Jaya (မလေးရှားအစိုးရရုံးစိုက်ရာဌာန) တွင်သာဆောင်ရွက်နိုင်ပါတော့တယ် ။

ဒီနေရာမှာ ကျွန်တော်တို့ပြဿနာတစ်ခုက ယခုမလေးရှားလဝကက တုကင်သွားထုတ်တဲ့သူတွေ အားလုံးကို 3 လ ခွာချိန်းနေတာပဲဖြစ်ပါတယ် ။ မြန်မာသံရုံးမှ တာဝန်ရှိသူတွေကတော့ တရားဝင်စာ ထုတ်ပြန်ပြီး ထို့ထက်ပိုမိုမြန်ဆန်အောင်ကူညီမယ်လို့ သိရပေမယ့် ယနေ့ထိတော့ ဖြစ်မလာခဲ့သေးတာ တွေ့ရပါတယ် ။

ထိုသို့ရက်ချိန်းရပါက မိမိကိုယ်ပိုင်ငွေဖြင့် Special Pass အတွက် ဒဏ်ငွေ မလေးရှားရင်းဂစ် 400 တိတိ ပေးဆောင်ရမည့်ဖြစ်ပြီး Special Pass ပါရက်များအရ 5 ရက်အတွင်း မလေးရှားကထွက်ခွာပေးရမည် ဖြစ်ပါတယ် ။

ိ ထိုသို့ ရက်ချိန်းရမှသာ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရမည်ဖြစ်ပါတယ် ။ ကျွန်တော်တို့ မလေးရှား ကို ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ယနေ့ လေယာဉ်လက်မှတ် အစောင် 1000 ကို စတင်လှူဒါန်းနေပြီးဖြစ်တာကြောင့် မကုန်မချင်း ဒုက္ခရောက်သူ ဦးစားပေးစနစ်နဲ့ တောင်းယူနိုင်ပြီ ဖြစ်ပါတယ် ။

2. သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်မရှိလျှင် .... ?

ပြန်ချင်ပါတယ် ကျွန်တော်တို့မှာ ပတ်စပို့စာအုပ်မရှိပါဘူး မိတ္တူပဲရှိပါတယ် (သို့မဟုတ်) မှတ်ပုံတင်ပဲ ရှိပါတယ် (သို့မဟုတ်) ဘာမှမရှိပါဘူး .ဘယ်လိလုပ်ရမလဲ ...

မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ မှတ်ပုံတင် ၊ အိမ်ထောင်စုဇယား ၊ ရပ်ကွက်ထောက်ခံစာ တို့ကို မှာယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ CI သွားရောက်လျှောက်ထားရန်လိုပါတယ် .... CI အတွက် အခမြဲ့ဖစ်ပါ တယ် ။

CI လျှောက်ထားမည့် မည်သူမဆို အဆိုပါ

1. မှတ်ပုံတင်မူရင်း(သို့) မိတ္တူ

2. အိမ်ထောင်စုစာရင်း

3. ရပ်ကွက် ၊ ရဲစခန်း ထောက်ခံစာ တို့မဖြစ်မနေလိုအပ်ပါတယ် ။

ဆက်လက်ပြီး ကျွန်တော်တို့ ဘာဆိုဘာမှမရှိပါဘူး တကယ်လဲဒုက္ခရောက်နေတာပါ ၊ မှာစရာ မိသားစုလဲ မရှိတော့ပါဘူး ..ဘယ်လိုလုပ်ရမလဲ..

မြန်မာသံရုံးက တာဝန်ရှိသူတွေထံမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သွားရောက် စစ်ဆေးခံပါခင်ဗျာ .....

CI လျှောက်ထားရမည့် ဖောင်ပုံစံကိုပါ ကျွန်တော်တို့ ပူးတွဲ တင်ပြပေးလိုက်ပါတယ် ။ ကူးယူ Print ထုတ်ပြီး အချက်လက် ဖြည့်စွက်လျှောက်ထားနိုင်ပါတယ် ။

အားလုံး တွေ့ကြုံနေတဲ့ ယနေ့ ကျွန်တော်တို့ မလေးရှားရောက် မြန်မာတွေပြည်တော်ပြန်ဖို့ကို ထပ်မံ ရှင်းပြပေးတာပါ ...

ယနေ့ထိတော့ ဆောင်ရွက်သူအားလုံး 3 လတိတိစောင့်ဆိုင်းနေကြရတဲ့အကြောင်းကို သိအောင် ထပ်မံ ရေးသားပေးရပါတယ်ခင်ဗျာ ။

www.edinooyin.com

ဒေါ်အောင်ဆန်းစုကြည် အာဏာရူးနေသလော



နိုင်ငံရေးသမားများကို အလွယ်တကူ ပုတ်ခတ် စော်ကားလိုသူတွေ သုံးစွဲလေ့ရှိသော စကားလုံး တလုံးရှိသည်။ ယင်းမှာ “အာဏာရူး” ဟူသော စကားလုံးဖြစ်သည်။ ၈၈ အရေးအခင်းကာလ ဦးနုက သူသာလျှင် ပြည်သူကရွေးကောက် တင်မြှောက်ထားသော ၀န်ကြီးချုပ်ဖြစ်ပါသည်(၁၉၆၂ တွင် ဗိုလ်နေ၀င်းက အာဏာကို လက်နက် အားကိုးဖြင့် လုယူခဲ့တာ ထင်ရှားစေချင်သည်) ဟု ကြေညာ၏။ သူက အစိုးရ (စင်ပြိုင်) ဖွဲ့သည်။ နိုင်ငံရေးပါး မ၀သူတွေက ပွဲလန့်တုန်း ဖျာခင်းသည့် အာဏာရူးကြီးဟု ၀ိုင်းစွပ်စွဲကာ ကန့်ကွက်ကြသည်။ ဦးနု၏ နိုင်ငံရေးခြေလှမ်းကို မရိပ်စားမိ။ ထိုအခြေအနေလည်း ပျက်ပြယ်သွားသည်။


နိုင်ငံရေးသမားဆိုတာ ဘယ်အချိန် ဘာလုပ်ရမည်ဆိုတာ တိတိကျကျသိရမည်။ အဲဒါကို ပွဲလန့်တုန်း ဖျာခင်းသည် ခေါ်မရ။ အခြေအနေမှန်နှင့် အချိန်အခါမှန်ကို မသုံးတတ်၍ တိတိကျကျ အခွင့်အရေးကို မဆုပ်ကိုင်နိုင်သဖြင့် ကျနော်တို့ နိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်မှာ ဤမျှကြာအောင် ရေစုန်မျောခဲ့ ရခြင်းဖြစ်သည်။ ဦးနုက ဖျာခင်းတာတော့မှန်တယ်၊ သူထိုင်ဖို့မဟုတ်၊ မောင်တို့မယ်တို့ ထိုင်ဖို့ပါဟု ပြောခဲ့သည်။ သူက အာဏာ ရာထူး ဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက (ကျောင်း တုန်းက လုပ်ဖော်ကိုင်ဖက် သူ့ကို) ဖ.ဆ.ပ.လ အဖွဲ့ထဲ အတင်း ဆွဲသွင်းခဲ့ရသည်။ အာဏာရှိစဉ် ၀န်ကြီးချုပ် ဘ၀ကလည်း မကြာခဏပင် အနားယူရန် စီစဉ်ခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာ ရာထူးဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ သူ့မိသားစု ဘ၀လေးကို ရိုးသား အေးချမ်းစွာ တည်ဆောက်နေလိုသူသာဖြစ်သည်။ နေမကောင်းသော မိခင်ကြီးကို ပြုစုရန်ပြန်လာစဉ် ၈၈ အရေးအခင်းနှင့် ဆုံကြုံရသည်။ အားပေးကူညီရန် လူထုရှေ့ထွက်လာသောအခါ အားကိုးရာရှာနေသော လူထုက (သူတို့ကြည်ညိုသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဟူသောအသိဖြင့်) အုတ်အုတ်ကျက်ကျက် ထောက်ခံကြသည်။ သို့တိုင်အောင် သူက ပါတီ မထောင် နိုင်ငံရေးမလုပ်ဟု အတိအလင်း ပြောဆိုနေခဲ့သေးသည်။ ဒီတော့ နေရာယူချင်သူမဟုတ်တာ သေချာသည်။ ရာထူးဂုဏ်ရှိန်ကို မမက်မောသူဟု မြင်သည်။

သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

အခြေအနေအရ သို့မဟုတ် သမိုင်း၏ပြဌာန်းချက်အရ ဒီမိုကရေစီခေါင်းဆောင်၊ ပါတီကြီးတခု၏ ခေါင်းဆောင် ဖြစ်လာပြီးမှ “သမ္မတ လုပ်ချင်ပါသည်” ဟုပြောဆိုနေခြင်းကို အာဏာရူးဟု စွပ်စွဲစရာ အကြောင်းမရှိ။ အာဏာ သို့မဟုတ် Power ဆိုသည်မှာ လုပ်ပိုင်ခွင့်ပင်ဖြစ်သည်။ လက်ထဲမှာ အာဏာ မရှိလျှင် တိုင်းပြည်အပေါ် စေတနာရှိလှပါသည်ဟု အသံကုန်အောင် ဟစ်အော်နေစေပါဦး၊ အကောင် အထည်ဖော်နိုင်ခွင့် မရှိ။ သမ္မတဆိုတာ ဒီနေ့ဖွဲ့စည်းပုံအရ နိုင်ငံတော်၏ အကြီးအကဲ ၊ အမြင့်ဆုံး အာဏာပိုင်စိုးသူ။ တခုပဲရှိသည်၊ အာဏာကို နိုင်ငံနှင့်ပြည်သူအတွက် အသုံးချတာလား၊ ကိုယ့် အကျိုးစီးပွား အတွက် အသုံးချတာလား ဆိုသောကိစ္စ။

ယနေ့ ကမ္ဘာပေါ်တွင် အာဏာရှင်နိုင်ငံများသာမက ဒီမိုကရေစီ နိုင်ငံများတွင်ပါ အာဏာအလွဲသုံးစားမှုတွေ ပေါ်ပေါက်နေတာ အားလုံးအမြင်။ တချိန်က အာဏာရှိခဲ့သူတွေမှာ အခုတော့ ရာဇ၀တ်ကောင်တွေအဖြစ် အရေးယူခံနေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင် လုပ်နိုင်တာ မလုပ်နိုင်တာ မလုပ်နိုင်တာအပထား အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမယ့်သူ မဟုတ်ဆိုတာကိုတော့ (သူ့ရဲ့ အတိုက်အခံတွေအပါအ၀င်) တနိုင်ငံလုံးက သေသေချာချာ ယုံကြည်နေကြသည်။ ဒါဆို သူ သမ္မတ လုပ်ပစေပေါ့။ ခက်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၃)၊ အပိုဒ်ခွဲ ၅၉(စ)က သူ သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ဟန့်တား၍ နေသည်။

ဒါဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမှာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟူသော မဲဆွယ်စကားဖြင့် အနိုင်ရလာခြင်း ဖြစ်သည်။( အဲဒီ တုန်းက ကျနော်က ဖွဲ့စည်းပုံကို ပြင်ဆင် ရန်မလွယ်ပါဟု ထောက်ပြသောဆောင်းပါး တပုဒ်ရေးခဲ့ပါသည်။ မတ်လ ၃၁ရက်နေ့ သူ့ခြံဝန်းအတွင်း ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တနှစ်အတွင်းပြင်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားခဲ့ပါသည်။) အဲဒီ ကထဲက ပြင်ဆင်ဖို့မလွယ်ဘူးလို့ ကျနော်ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လိုလျှင် အခန်း(၃) ၉၅(စ) ကိုပြင်ရမည်။ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ခြင်းမှာ ဖော်ပြထားမှုအရ ထိုပြဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပထမ သူတင်ပြသော ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုစု၏ ၂၀ရာခိုင်နှုန်းက ထောက်ခံမှသာ လွှတ်တော်က လက်ခံဆွေးနွေးမည်။

ယခုလွှတ်တော်ထဲရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ဦး (+ ဒေါက်တာ မြတ်ဉာဏစိုး) မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၉ ဦး နှင့် တွက်လျှင် ၇ ရာခိုင်နှုန်းသာရှိသည်။ ယခုကာလပိုင်းတွင် တိုင်းရင်းသားများ၏ ထောက်ခံမှုမှာလည်း ကျဆင်း၍နေသည်။ ဒီတော့ ၂၀ ရာခိုင်နှုန်းပြည့်ဖို့ မလွယ်။ ဥပဒေမူကြမ်းတင်ကာ လွှတ်တော်၏ လက်ခံဆွေးနွေးမှုအဆင့် ရောက်ဖို့ပင်မလွယ်။ ကံကောင်း၍ ထိုအဆင့်ကို ဖြတ်ကျော်နိုင်သည်ထားဦး၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကျော်က သဘောတူထောက်ခံဖို့လိုပါသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ချန်လှပ်ကာ ကျန်အရပ်သား ကိုယ်စားလှယ် အားလုံးက ထောက်ခံပါမည်လား။

ကြံ့ခိုင်ရေးပါတီ၊ တစည နှင့် တိုင်းရင်းသား ပါတီတွေက ဒေါ်စု သမ္မတဖြစ်ရေးအတွက် ထိုဥပဒေပါအချက် ၉၅ (စ) ကိုပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူကြလိမ့်မည်ဟု ယုံကြည်ရန် ခဲယဉ်းလှပါသည်။ ကိုယ့်ပါတီက ခွဲထွက်သွားသော ပါတီများနှင့်လည်း ကျောင်းတော်က ရန်စကို အဆုံးမသတ်နိုင်သေး။ ထားပါတော့၊ ထို ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံပါပြီတဲ့။ မပြီးသေး၊ ၇၅ ရခိုင်နှုန်းကျော်ကျော်က ထောက် ခံရမည် ဆိုသည့်အတွက် တပ်မတော်ကိုယ်စားလှယ်များဘက်က ထောက်ခံမှုရဖို့ လိုသေးသည်။ ဒါကြောင့် ဒေါ်စုက “ရဲရဲတောက် သတ္တိရှိတဲ့ တပ်မတော်သားတယောက် ပေါ်ထွန်းလာဖို့လိုတယ်” ဟု ထုတ်ဖော်ပြောနေခြင်းဖြစ်သည်။

သို့သော် တကယ်တမ်းမှာတော့ တယောက်မက လိုပါသည်။ လူ ၁၀၀ တွင် ၇၆ ယောက် ထောက်ခံမှ ရပါမည်။ တပ်မတော် ရဲ့သဘောက တသွေး တသံ တမိန့်။ အထက်က ညွှန်ကြားချက်အရသာ ဆောင်ရွက်ရသည်။ အထက်ကတော့ ထောက်ခံလိုက်ဟု ညွှန်ကြားလိမ့်မည် မထင်။ ဤကာလများအတွင်း အစိုးရအဖွဲ့ (ဦးသိန်းစိန်)၊ လွှတ်တော် (ဦးရွှေမန်း) နှင့် ကြံ့ဖွံ့ပါတီ (ဦးဌေးဦး) တို့ကို စည်းရုံးအပြီး ဒေါ်စုသည် တပ်မတော်ကို စည်းရုံးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ NLD သဘာပတိကြီး ဦးဝင်းတင်ကပင် “ဒေါ်စုက တပ်မတော်အပေါ် ပျော့ပြောင်းလွန်းတယ်” ဟု ထုတ်ဖော်ဝေဖန်လာသံ ကြားရ၏။ လက်ပံတောင်းတောင် ကိစ္စအပါအ၀င် တပ်မတော်နှင့် ပတ်သက်၍ ဒေါ်စု၏ စွန့်လွှတ် အနစ်နာခံမှု (Sacrifice) မှာ ထိုက်တန်ပါရဲ့လော သံသယ၀င်သူတွေက ၀င်သည်။

အခုတော့ ၂၀၁၅ ရွေးကောက်ပွဲရောက်ရန် အချိန်အတော် လိုသေးသောကာလမှာ သမ္မတလုပ်လိုသူ သုံးယောက်ပေါ်ထွန်း လာသည်။ ဦးသိန်းစိန်သည် ယခင်က သူ့ကျန်းမာရေးအရ သက်တမ်းတကြိမ်သာ ထမ်းဆောင်မည်ဟု ပြောခဲ့သော်လည်း နောက်တော့ တိုင်းပြည်က လိုအပ်နေပါက ဆက်လက် ထမ်းဆောင်ပါမည်ဟု စကားပြင်ပြောခဲ့၏။ ဤသုံးယောက်ထဲမှ သမ္မတဖြစ်ရန် တယောက်ယောက်ကို ထောက်ခံပါ ဆိုပါက တွေဝေ စဉ်းစားနေစရာ အကြောင်းမရှိ၊ ဒေါ်အောင်ဆန်း စုကြည်ကိုသာ ရွေးချယ် ပါသည်။ လေးနက်အောင် ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အပြည့်အ၀ ခြွင်းချက်မရှိ ထောက်ခံပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်မဖြစ် အလောင်း အစား လုပ်မည်ဆိုပါက မဖြစ်တဲ့ဘက်က နေပါမည်။

Credit : http://burma.irrawaddy.org/archives/42313

ကုလအဖွဲ့ မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ ပါကထောင် ဒုက္ခသည်စခန်းတွင် ပထမကြိမ် လာရောက်ကူညီပေးခဲ့သည်။


ကုလသမဂ္ဂအဖွဲ့များမှ ပါကထောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ဇွန်လ ၁၄ ရက်နေ့ ကား ၁၁ စီးဖြင့်ရောက်ရှိလာပြီး ဆန် တန်ချိန် ၆၅ ကျော်အပါအ၀င် အခြားအစားအသောက်၊ အသုံးအဆောင် ပစ္စည်းမျာနှင့် ဆေးဝါးများ တစ်လစာအတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဇော်ဘောက်က ပြောသည်။

“၁၄ ရက်နဲ့ ၁၅ ရက်မှာ လာပေးတာဟုတ်တယ်။ ပစ္စည်းတွေတင်တဲ့ ကားက ၇ စီး လူတွေစီးတာက ၄ စီးနဲ့ရောက်လာတာဟုတ်တယ်။ ဆန်၊ ဆား၊ ဆီ၊ ပဲ၊ ခြင်ထောင်နဲ့ စောင်ကတော့ ၂၀၀ ကျော်လောက်ပဲ။ ပြီးတော့ ဆေးဝါးတွေ။ ရေသန့်ဆေးတွေလဲ ပါတယ်။ သူတို့ မနေ့က ပြန်သွားပြီ” ဟု KNG ကချင် သတင်းဌာနသို့ ပြောသည်။

၎င်းတို့အဖွဲ့သည် UNOCHA မှ နိုင်ငံခြားသား နှစ်ဦး ဦးဆောင်ကာ အဖွဲ့ဝင်များ ၁၅ ဦးဖြင့်ရောက်ရှိလာကာ နောက်တွင်လည်း အခွင့်အရေးရှိပါက ဆက်လက်ကြိုးစားကူညီသွားမည်ဟု ပြောဆိုခဲ့ကြောင်း ဆလန်ကဘား ဇော်ဘောက် ကပြောသည်။

ယခုလာရောက်ကူညီပေးသော ကုလသမဂ္ဂ အကူအညီအဖွဲ့များကို မြန်မာအစိုးရမှ တရားဝင် ခွင့်ပြု လိုက်ခြင်း ဖြစ်ပြီး ယခုလိုအစိုးရ၏ တရားဝင်ခွင့်ပြုလိုက်ခြင်းသည် မြစ်ကြီးနား တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်ဖြစ်မည်ဟု မြင်ရကြောင်း KIO ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာ က ပြောသည်။

“အဲဒါကို အခုတလော မြစ်ကြီးနားဆွေးနွေးပွဲတုန်းက ဦးအောင်မင်း အဖွဲ့တွေနဲ့ UN ကိုယ်စားလှယ်တို့ မြစ်ကြီးနား၊ ၀ိုင်းမော် ဒုက္ခသည်စခန်းတွေမှာ သွားကြည့်တယ်။ ပြီးတော့ ကျနော်တို့အဖွဲ့နဲ့လဲ သွားကြည့် ဆိုတော့ အဲဒါကသူတို့ မှီသဘောက်ပေါ့လေနော်။ မမှီတဲ့ ဒီတရုတ်နယ်စစ်တွေမှာတော့ မရောက်ရင်လဲ သူတို့သိတယ်လေ။ ဟိုမှာတော့ ပုံမှန်ကူညီနေတယ်ဆိုတော့။ UN အနေနဲ့လဲ ဒီဘက်မှာလဲ ကူညီ ပေးရမယ်ဆိုပြီး ဖိအားပေး ပြောပြီးတော့ ဖြစ်လာတာဖြစ်မယ်လို့ မြင်တယ်”

ထိုကုလသမဂ္ဂအဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလတွင်လည်း တစ်ကြိမ်လာရောက် ကူညီပေးရန် ကြိုးစားခဲ့ သော်လည်း နိုင်ငံခြားသား တစ်ဦးပါသောကြောင့် လုံခြုံရေး တာဝန်မယူပေးနိုင်ဟု ပြောဆိုကာ အစိုးရမှ ပိတ်ပင် ခဲကြောင်း သိရသည်။

ကုလသမဂ္ဂအကူညီပေးရေးအဖွဲ့သည် ယခုတစ်ကြိမ်တွင် မိုင်ဂျာယန်မြို့ရှိ ပါကထောင်ဒုက္ခသည်စခန်း တစ်ခုအတွက်သာ လာရောက် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပါကထောင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၅၀၃ လူဦးရေ ၃၃၂၀ ရှိကြောင်း သိရသည်။

Credit : http://abbsoluteright.blogspot.com/2013/06/kio_18.html

ရခိုင်နှစ်ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး



ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နှစ်ပါတီ ပေါင်းစည်းရေး အတွက် လက်မှတ် ရေးထိုး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှက ဆိုပါသည်။


“ရခိုင် လူထုရဲ့ ဆန္ဒကြောင့် နှစ်ပါတီ ပေါင်းစည်းရေးတွေ ဖြစ်လာခဲ့တာပါ။ဒီလို ဖြစ်လာအောင် ၂ ရက် အချိန်ယူ ဆွေးနွေးကြပြီးတော့ သဘော တူညီချက်တွေထဲက နှစ်ပါတီ ပေါင်းစည်းရေး အချက်ကို ဒီကနေ့ စတင် အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချိန်မှာ သွေးနီးကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၅) ဦး အဖွဲ့နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးကျော်မြင့် ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၅) ဦး အဖွဲ့တို့က ပူးပေါင်းရေး စာချုပ် အတွက် ပါတီ ကိုယ်စား လက်မှတ် ရေးထိုးကြပါသည်။

အသိ သက်သေ များအဖြစ်မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ဆရာတော် တစ်ပါးက လက်မှတ် ရေးထိုး ခဲ့သည်။

အဆိုပါ လက်မှတ် ရေးထိုးပွဲသို့ရခိုင်နှစ်ပါတီမှ ခေါင်းဆောင်များ၊ ရခိုင် မျိုးချစ် ပုဂ္ဂိုလ်များ၊ ရခိုင် အသိပညာရှင်များ နှင့်ဝါရင့် ရခိုင်နိုင်ငံရေး သမားများ အယောက် (၃၀) ခန့် တက်ရောက် ခဲ့ပြီး ရန်ကုန်မြို့ ကန်တော်ကြီးစစ်ကနဲချာ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။

နှစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များသည် နှစ်ပါတီ ပေါင်းစည်းရေး စည်းကမ်းချက်များနှင့် သဘော တူညီချက်များ ရရှိရန်၊ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ ရခိုင် သဟာယ အသင်းရုံးတွင်ဆွေးနွေးခဲ့ကြပါသည် ။ ယင်းဆွေးနွေးပွဲမှ အခြေခံ သဘော တူညီချက် (၁၁) ချက် ချမှတ်နိုင်ခဲ့သဖြင့် ပူးတွဲ ကြေညာချက် တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ကြေညာချက်ထဲတွင် နှစ်ပါတီကို တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘောတူကြောင်း၊ ပါတီ၏ အမည်အသစ်ကိုရခိုင် အမျိုးသားပါတီ (ရမတ) (Arakan National Party) ANP အဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါရှိသည်။

ရခိုင် အမျိုးသား ပါတီ အမည်သစ်ဖြင့် တရားဝင် ပါတီ ဖြစ်မြောက်ရန် မှတ်ပုံတင် လျှောက်ထားသွားမည် ဖြစ်ပါသည်။မှတ်ပုံတင် လျှောက်ထားရာတွင်လည်း လိုအပ်သော ပြင်ဆင်မှု လုပ်ငန်းများကို ၃၁/၀၈/၂၀၁၃ ရက်နေ့၌အပြီးတိုင် ဆောင်ရွက်ရန် ရှိပါသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သည် ၂၀၁၀ ခုနှစ်၌ ကျင်းပသော ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။အလားတူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲအများဆုံးအနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။

ရခိုင် အမျိုးသား ပါတီ (ANP)သည်လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ပြီး ရခိုင်ပြည်နယ် လုံးကျွတ် အပြင်ရခိုင် လူမျိုးများ တည်ရှိနေသောနေရာ အနှံ့အပြား၌ ရွေးကောက် ခံသွားမည်ဖြစ် ကြောင်း ဆိုပါသည်။

http://abbsoluteright.blogspot.com/2013/06/blog-post_8563.html

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပမည်



စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် လာရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံး ပါဝင်သော ညီလာခံတရပ်ကို လာ မည့် ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးထား၍ ခေါ်ယူ ကျင်းပ သွားမည်ဖြစ်ကြောင်း ထိုင်း – မြန်မာ နယ်စပ် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလိုထူးဘော စစ်ဌာနချုပ်တွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲက ထုတ်ပြန်ပြောကြား လိုက်သည်။


DKBA ကလိုထူးဘော စစ်ဋ္ဌာနချုပ်၊ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) တွင် ယခုလ ၁၅ ရက်မှ ၁၇ ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေ့တွင် ယာယီလုပ်ငန်းကော်မတီ ၁၇ ဦး အဖွဲ့တခုကို ဖွဲ့စည်းခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ယာယီလုပ်ငန်းကော်မတီဝင် တဦးဖြစ်သည့် တပ်ပေါင်းစုဋ္ဌာနေ ကိုယ်စားလှယ် စိုင်းထွန်းအေးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က ၂၀၁၅ မတိုင်ခင်မှာ လုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၄ ဒီဇင်ဘာကို နောက်ဆုံးထား လုပ်သွားဖို့ သတ်မှတ် ထားပါတယ်။ အဲဒါကို အကောင် အထည် ဖော်နိုင်ဖို့ အတွက် အခုဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့က တွန်းအားပေးသွားမယ်” ဟု သူက ဆိုသည်။

ထို့အပြင် တိုင်းရင်းသား တချို့ကလည်း ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီး တိုင်းရင်းသား ညီလာခံများ ပြုလုပ်၍ အသီးသီး အဆင်သင့်ဖြစ်ပါက ၂၁ ရာစု ပင်လုံညီလာခံ ပုံစံမျိုး ခေါ်ယူနိုင်ရန် မျှော်မှန်းထား ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

ထို့နောက် ယခုကဲ့သို့ ဖွဲ့စည်းလိုက်သည့် အလုပ်အမှုဆောင်အဖွဲ့သည် ကျန် လက်နက်ကိုင် အဖွဲ့များနှင့် ပေါင်းစည်းရေး အတွက်လည်း လုပ်ကိုင် သွားမည်ဖြစ်ကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

ထို့အပြင် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေး၊ ဘာသာရေး၊ အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင် တချို့နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ စုစုပေါင်း အဖွဲ့ ၃၀ မှ ကိုယ်စားလှယ် ၈၄ ယောက်တို့၏ သဘောတူညီချက်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ် ပြန်လည်ရေးဆွဲရေး အပါအ၀င် အချက် ၈ ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ နယ်ခြားစောင့်တပ်များနှင့် DKBA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသည် အစိုးရနှင့် အပစ်ရပ်စဲစဉ် ကာလက သဘောတူညီထားသည့် အချက်ကို ချိုးဖောက်ရာ ရောက်သည့်အတွက် ယင်းအချက်ကိုလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင် သည့်အတွက် ပြန်လည်ရေး ဆွဲရန်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံတရပ် ပြန်လည်ခေါ်ယူရန်၊ မတရားသည့် ဥပဒေများကို ပြန်လည် ပယ်ဖျက်ရန်နှင့် ကန့်သတ် ချုပ်ချယ်မှု ကင်းသော၊ နှောင်ကြိုးမဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ကြေညာပေးရန် စသည့် အချက်များပါဝင်သည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တပြည်လုံး အတိုင်း အတာဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ အစိုးရတပ်များ အနေဖြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲစဉ်ကာလက သဘောတူညီထား ချက်များကို တိကျစွာ လိုက်နာရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး လှုပ်ရှားမှုများ ပေါ်ပေါက် လာလျှင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ ၀ိုင်းဝန်းထောက်ခံ ကူညီပေးရန်၊ အလုပ်သမား၊ လယ်သမားတို့၏ ဘ၀ အခက်အခဲ များကို မှန်ကန်လျှင်မြန်စွာ ဖြေရှင်းပေးရန်၊ တိုင်းရင်းသား တပ်ပေါင်းစုများနှင့် အဖွဲ့ အသီးသီးတို့၏ သဘောတူညီချက်များကို အသိအမှတ်ပြု မှတ်တမ်းတင်မည်ဖြစ်ပြီး တူညီသော လုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် စသည့် အချက်များ ပါဝင်သည်။

ဆုံဆည်းမြိုင်တွင် ၃ ရက်တာပြုလုပ်ခဲ့သည့် ယင်းနှီးနှောဖလှယ်ပွဲ ပထမနေ့ ဖွင့်ပွဲသို့ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA Peace Council) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဋ္ဌေးမောင် (ခ) ဗိုလ်ထိန်မောင်၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၊ ကယန်း ပြည်သစ်ပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ် (PNLO)၊ ရွှေဝါရောင် သံဃာ့ကွန်ရက်၊ မြ၀တီမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ NLD – LA၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တချို့ အပါအ၀င် အဖွဲ့အစည်း စုစုပေါင်း ၃၀ ကျော်နှင့် လူပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့သည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_1518.html

လားရှိုးပဋိပက္ခအကြမ်းဖက်မှု ပါဝင်ပတ်သက်သူများအား ရုံးထုတ်စစ်ဆေး



လားရှိုးမြို့တွင် ဖြစ်ပွားခဲ့ပြီးသော ပဋိပက္ခကိစ္စနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သူများ အား ရုံးတင်စစ်ဆေးခဲ့ ကြောင်း သိရသည်။


ပဋိပက္ခတွင်ပါဝင်ပတ်သက်သူများဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် (၂၉) ဦးကို ယခုလ ၁၂ ရက်နေ့က အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)အရ တရားစွဲ ရာ တရားရုံးကစစ်ဆေးပြီး ခြေချုပ်နှင့်ခံဝန် အက် ဥပဒေပုဒ်မ(၁၁)အရ (၆)လ အတွင်း (၁၄)ရက်လျှင်တစ်ကြိမ် သက်ဆိုင်ရာရဲစခန်း သို့ ကောင်းမွန် စွာနေ ထိုင်ကျင့်ကြံကြောင်း သတင်းပို့ သွားရန် ၁၃ ရက်နေ့က လားရှိုးမြို့နယ်တရားရုံး မြို့နယ်တရား သူကြီးက ခြေချုပ်အမိန့်ချမှတ် လိုက်သည်။

၎င်းတို့သည် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် ဆူပူအုံကြွမှုကိုဖြစ်ပေါ်စေနိုင်သည့် လူစုလူဝေး ပြု လုပ်ခြင်းကြောင့် ရာဇဝတ်ပြစ်မှုကြီးများဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်း မှုကို ထိခိုက်အောင်ပြုလုပ်ရေး၊အများပြည်သူအထိတ်တလန့် ဖြစ်စေ ရေးများထပ်မံမဖြစ် ပေါ်အောင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟုလည်း တရားရုံးအသိုင်းအဝိုင်းကပြောပါသည်။

ဤသို့ဖြင့် ခြေချုပ်အမိန့်ချ ခံရသူ(၂၉)ဦးအား ပြန်လွှတ်လိုက်ပြီးနောက် လားရှိုးမြို့ရပ်ကွက်တချို့ရှိ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုများမှာစိုးရိမ်ထိတ်လန့်မှုဖြစ်နေပြီး ပြောင်းရွှေ့နေထိုင်မှုအတွက် ပြုလုပ် ပြင်ဆင် ခဲ့ကြ သည်ကို တွေ့ရှိရသည်။ လားရှိုးမြို့တွင်းတွင်လည်းကောလဟာလ သတင်းများကြောင့်ပင် ညပိုင်းတွင်လူသွားလူလာ ခြောက်ကပ်သွားသည်ကို တွေ့ရှိ ရသည်။

ထို့အတွက်ကြောင့် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင် အားဆက်သွယ်မေးမြန်းရာတွင် လားရှိုးမြို့ ရပ်ကွက်တိုင်း၌ နေ့စဉ်နှင့်အမျှ (၂၄)နာရီပတ်လုံး လုံခြုံရေးအစဉ်ချ၍ ကင်းလှည့်ပတ် မှုရှိခဲ့ကြောင်း၊ အရေးပေါ်ပုဒ်မ(၁၄၄) ဆက်လက်ထုတ်ပြန် ထားသည်နှင့်အညီ မသင်္ကာ ဖွယ်ရာလူအုပ်စုများ တွေ့ရှိက ချက်ခြင်းပင် ခေါ်ယူစစ်ဆေးကြောင်း ပြောဆိုပါသည်။

လားရှိုးတမြို့လုံးတွင် အရေးပေါ် ပုဒ်မ(၁၄၄)ကို (၂၈-၅-၂၀၁၃)ရက်ည(၈:ဝဝ)နာရီမှ စတင်ထုတ်ပြန်ပြီး (၂၉-၅-၂၀၁၃) နေ့မှစ၍လုံခြုံရေးအထူးအဖွဲ့ (၅)ဖွဲ့ ဖွဲ့ဖြင့် စောင့်ကြပ်ထားကြောင်းလည်းပြောဆိုပါသည်။

၎င်းကဆက်၍ လားရှိုးမြို့ ရပ်ကွက်များအတွင်း ကောလဟာလသတင်းများထွက်ရှိနေ၍ ပြည်သူ များအနေဖြင့် ကြားသိရသောကောလဟာလသတင်းများ မှန်ကန်ခြင်း ရှိ/မရှိကို ဖုန်းနံပတ်(၀၈၂-၂၆၁၉၉, ၀၈၂-၂၆၃၃၃, ၀၈၂-၂၆၄၄၄) များထံသို့ လွတ်လပ်စွာဆက်သွယ် မေးမြန်းနိုင်ကြောင်းပြောပြသွားပါသည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_6895.html

မန္တလေးတွင် ကားဝယ်ရောင်း အချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ် ယူ ရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ကားဝယ်ရောင်း လုပ်ကိုင်နေသူ ဦးကျော်မင်းထွေးသည် ကားရောင်း ဝယ်ရင်း ခင်မင် ရင်းနှီးခဲ့သူ ကား ဝယ် ရောင်း ဦးဇင်မင်းဦးထံသို့ သွားရောက်ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က Toyota Crown အဖြူရောင် (၂၀၁၀ ပြည့်နှစ်ထုတ်) ကား နှစ်စီးမှာယူ ဝယ်ပေးရန် ပြောကြားပြီး ဂျပန်ကား လေလံ ကြေး၊ သင်္ဘောတင်ခ၊ ဆိပ်ကမ်း ထုတ်ယူခတို့ကို ခန့်မှန်း တွက်ချက်၍ ငွေကျပ်သိန်း ၈၄၀ ပေးအပ်ခဲ့ပြီး နောက် ၎င်းဇင်မင်းဦး ချိန်းဆိုသည့်အခါ သွားရောက်ရာတွင် မှာယူထားသည့် ကားနှင့် ယုံကြည်စွာ အပ်နှံ ပေး ခဲ့သည် ငွေလည်း ပြန်မရ၍ မဟာအောင်မြေ ရဲစခန်းသို့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းတိုင်ကြားချက်ကို မြို့မရဲစခန်း (မဟာအောင်မြေ) က (ပ) ၃၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၆ အရ အမှုဖွင့် ပြီး အမှုမှန် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

The Voice Weekly

ဆည်မြောင်းများပေါ် ကျူးကျော်နေထိုင်သူများကို အရေးယူမည်

ဆည်မြောင်း ဦးစီးဌာန၏ ရေပေးမြောင်းများပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ကျူးကျော် နေထိုင်ပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါဌာန၏ ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန် ကြေညာထားချက်အရ သိရှိရ သည်။


ယင်းသတိပေးတား မြစ်ချက်များကို မလိုက်နာပါက မြန်မာနိုင်ငံ တူးမြောင်း ဥပဒေအရ အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဆည်မြောင်း ဦးစီးဌာနက ထိန်းသိမ်းလျက် ရှိသည့် ဆည်တော်လေး ရေလွှဲဆည်နှင့် ဆည်တော်ကြီး ရေသောက်စနစ် တွင်ပါဝင်သော ရေပေး တူးမြောင်းမကြီးများ၊ ရေပေး လက်တံမြောင်းများ၊ရေနုတ်မြောင်းများ၊ ရေထိန်း အဆောက် အအုံ များနှင့် ဆည်မြောင်း ဝန်ထမ်းအိမ်ရာဝင်းများ၏ ဆည်မြောင်း နယ်နိမိတ်များ မြောင်းပေါင် ဧရိယာ အတွင်း သို့ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်း၊ ဝင်းကာရံခြင်း၊ အိမ်ရာ ဆောက်လုပ်ခြင်း၊ သီးပင်စားပင်၊ ပန်းပင်များ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက် စိုက်ပျိုးခြင်း၊ ဌာနမြေအား ရောင်းဝယ်မှုများ ပြုလုပ်ခြင်း၊ နည်းအမျိုးမျိုးဖြင့် ကျူးကျော်မှုများ ပြုလုပ်ခြင်း ပြုလုပ်ပါက အရေးယူခံရမည် ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

The Voice Weekly

အခြေခံပညာ ကျောင်းအချို့ စာသင်ခန်းမလောက်၍ အခက်ကြုံ



မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းအချို့တွင် ကျောင်းသားဦးရေနှင့် စာသင် ဆောင် မမျှတသဖြင့် သင်ကြားရေးပိုင်းတွင် အခက် အခဲ တွေ့လျက် ရှိကြောင်း အဆိုပါ အခြေခံပညာ ကျောင်း ဆရာ၊ ဆရာမများထံမှ စုံစမ်း သိရှိရသည်။


ပြည်ကြီးတံခွန် မြို့နယ်ရှိ အ.မ.က (၁၆) တွဲဖက် အလယ်တန်းကျောင်းကို လက်ရှိ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် အ.လ.က (၂၃) အလယ် တန်းကျောင်း အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သောကြောင့် ကျောင်းသား ဦးရေနှင့် ညီမျှရန် နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ရန် လိုအပ်လျက် ရှိကြောင်း အဆိုပါ အလယ်တန်း ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုရီ ကပြောကြားသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀ ကျော်ရှိပြီး စာသင်ခန်း လုံလောက်မှု မရှိသ ဖြင့် အခန်းနှစ်ခန်းစာ ပေါင်း၍ တစ်ခန်းတည်းစုပြီး သင်ကြားရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“နှစ်စကတည်းက နှစ်ထပ်ကျောင်းဆောင် ဆောက်ပေးမယ်လို့ သိရတယ်။ အဆောက်အအုံနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာမှအကြောင်း မကြားသေးဘူး”ဟု ဆရာမဒေါ်နုနုရီက ဆိုသည်။

လက်ရှိ အချိန်တွင် ကျောင်းသားဦးရေ ဝင်ဆံ့မှု မမျှတသဖြင့် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိပြီး စာသင်ကြားရာတွင် အဆင်မပြေမှု များစွာရှိကြောင်း မန္တလေးမြို့တော်ရှိ ကျောင်းဆရာ တစ် ဦး က ပြောကြားသည်။

“A ခန်းနဲ့ B ခန်း နှစ်ခန်းပေါင်းပြီး သင်ရတယ်။ ဆရာဝင်တဲ့ အပေါက်ကလည်း ကျဉ်းတယ်။ သွားရလာရ တာတော့ အဆင်မပြေဘူး” ဟု ၎င်းကထပ်မံ ပြောကြားသည်။

စာသင်ဆောင် အရေအတွက် နည်းပါးပြီး ကျောင်းသားဦးရေ များပြားလျက် ရှိသောကြောင့် ပုံမှန်အားဖြင့် တစ်ခန်းလျှင် လူဦးရေ ၇၀ ခန့် ထားရမည့်အစား စာသင်ခန်း မလုံလောက်သည့်အတွက် ကျောင်းသား ဦးရေ ၁၀၀ ခန့် ထားရှိရကြောင်း ကျောင်းအုပ် ဆရာမကြီးက ထပ်မံပြောကြားသည်။

စာသင်ကျောင်းဆောင် အချို့ကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ယာယီ ကျောင်းဆောင်များဆောက် လုပ်ထား၍ သင်ကြားရကြောင်း ယင်းကျောင်းအကျိုးတော်ဆောင် ဦးမြင့်ကျော်က ပြောကြားသည်။

“အဆောက်အအုံ မလုံလောက်တာကို တင်ပြထားတာတော့ ရှိတယ်။ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြား ချက် တစ်စုံတစ်ရာ တိုင်းရုံးကို မရောက်လာသေးပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာသင်ကျောင်းဆောင် မလောက်သည့်အတွက် နွေရာသီ ပူပြင်းသည့် အချိန်များ၌ သစ်ပင်အရိပ်များတွင် သွားရောက် သင်ကြား ကြကြောင်း ကျောင်းဆရာတစ်ဦးက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွင်း တန်းခွဲ အဆင့်မြှင့်တင် ပေးခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၃၀၀ ကျော် ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

The Voice Weekly

ငမိုးရိပ်ကြိုးတံတားပေါ်သို့ ယခုအခါဆိုက်ကားများ ဖြတ်သန်းခွင့်မပြု



မြောက်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်နှင့်ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်(၅၁)ရပ်ကွက်ကို ဆက်သွယ်ပေး ထားသော ငမိုးရိပ် လူကူးကြိုးတံတားမှာ ဟိုယခင်က ပင် ဆိုက်ကား၊စက်ဘီး၊ဆိုင်ကယ် များကိုတံတား ပေါ်သို့ တွန်း၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။

ယခုအခါမေ(၂၉)ရက်နောက်ပိုင်း မှ စ၍ဆိုက်ကားများကို ဖြတ် သန်းခွင့် မပြုဟုအနှေးယာဉ်လုပ် သားများ မှ တဆင့်သိရှိခဲ့ရသည်။ ထို့အပြင် အချို့ဈေးသည်များမှာ မြောက်ဥက္ကလာဘက်မှကုန်ပစ္စည်း များ သယ် ဆောင်လာသည့်အခါ အနှေးယာဉ်ဖြင့်တင်ရသော ကုန် ပစ္စည်းများကို ပင်ယခုအခါအ၀ိုင်း ကြီး တံတား ဘက် မှပတ်၍ကား ဖြင့်တင်ဆောင်နေရသောကြောင့် ပို၍ ကုန်ကျစရိတ်များသဖြင့် အခက်တွေ့နေကြ ရပါသည်ဟု ဈေးသည် အချို့ကပြောကြား သည်များကို သိရှိရပါသည်။ ထို့ ကြောင့် ငမိုးရိပ်ကြိုးတံတားကြီး ပေါ်သို့ အများပြည်သူသွားလာ နိုင်မှု အဆင်ပြေနိုင်စေရန် အတွက် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးပါရန် ခရီးသွား ပြည်သူများ အနှေးယာဉ်လုပ် သားများနှင့် ဈေးသူ၊ဈေးသားများ မှ သွားလာရေး အဆင်ပြေစေ ရေးအတွက် မျှော်လင့်လျက်ရှိပါ သည်။

Hot News Weekly

မူလတန်း ကျောင်းထွက်လက်မှတ် ကျပ်တစ်သောင်းပေးရ

မူလတန်းကျောင်းသားလေး (၁) ဦး ကျောင်းပြောင်းလို၍ ကျောင်းထွက်လက်မှတ် ထုတ်ယူ ရာတွင် ငွေ ကျပ် ၁၀၀၀၀ိ-(တစ် သောင်းကျပ်) ပေးဆောင်ရ ကြောင်း ကျောင်းသားမိဘဖြစ်သူ ဦးအောင်မျိုးလွင်က ပြောပြ၍ သိရှိရသည်။


ဖြစ်စဉ်မှာ ဘိုကလေးမြို့ နယ်၊ ကွင်းဘုံးကြီးကျေးရွာအုပ်စု ဗန္ဓုလကျေးရွာနေ ဦးအောင်မျိုး လွင်၏သား မောင်ထွန်းနေလင်း ပထမတန်း (အောင်) သည် မကွေးတိုင်းသို့ ပြောင်းရွှေ့နေထိုင် သောကြောင့် ကျောင်း ပြောင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ယူ ရာတွင် ဗန္ဓုလကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းအုပ် ကြီး ဒေါ်ဥမ္မာစန်းက ငွေကျပ် ၁၀၀၀၀ိ တောင်းယူခဲ့ကြောင်းကျောင်းသား မိဘ ဦးအောင်မျိုးလွင်ကပြော ကြား၍ သိရှိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာ စန်းက ပြောကြားရာတွင် မြို့နယ် အတွင်း ၊ တိုင်း အတွင်း ကျောင်း ပြောင်းခြင်းမဟုတ်ဘဲ တိုင်းကျော် ကျောင်းပြောင်း ကျောင်းထွက် လက်မှတ် ဖြစ်ခြင်း ကြောင့် ၎င်း၏ လက်မှတ်နှင့်တကွ မြို့နယ်ပညာ ရေးမှူး၏ လက်မှတ်ပါ ပါရှိရမည် ဖြစ်၍ မိမိတာဝန်ကျရာ ဗန္ဓုလ ကျေးရွာမှ ဘိုကလေးမြို့ပညာ ရေးမှူးရုံးသို့ (၂) ခေါက်သွားရ၍ အသွားအပြန်ခရီးစရိတ်အဖြစ် ကျောင်း သားမိဘက အကုန်ကျခံ ရမည်ဖြစ်၍ ၎င်းတို့ထံမှ ခရီး စရိတ်အဖြစ်သာ ယူခြင်းဖြစ် ကြောင်းပြော ကြား၍သိရှိရသည်။

Hot News Weekly

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စု တစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံမူးအောင် သောက်ကြပြီး နောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက် ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။


"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွား လမ်းလာတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊ မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။ အဆောင် လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့ မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သား တစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက် သား များမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထား သောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ် မောင်းရင်း ဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူ ကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိ သည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှ တစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊ စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊ စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများ အတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့ သည်။

Credit : http://www.yeyintnge.com/2013/06/blog-post_6505.html#.UcAJTtjheHY

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်

မှော်ဘီသံဃာ့အစည်းအဝေး၏ နောက်ဆုံးနေ့မှာ -- မီဒီယာသမားများသည် ဒေါက်တာ ဓမ္မပိယ၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသတို့ကို လာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုဆရာတော်တို့က ထိုမီဒီယာသတင်းသမားများအား သတင်းမှန်ကို အတိအကျ တင်ပေးဖို့ရန်ကို အကြိမ်ကြိမ်မှာခဲ့ပါသည်။


သို့သော် “ဧရာဝတီ”သည် မှော်ဘီထုတ်ပြန်ချက်ထဲမှာ မပါသည့်အကြောင်းအရာ တချို့ကို ဝေ့လည် ကြောင်ပတ်ဖြင့် လွှင့်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကြေငြာချက်ကို အတိအလင်း ထုတ်ပြန်လိုက်သည်။

၁။ “ ၉၆၉” ဂဏန်းသည် ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာအပေါ်မှာ မလိုတမာ ဖြစ်နေသည့် ဘာသာခြားများက ထိုဂဏန်းကို အမင်္ဂလာဂဏန်းအဖြစ် သတင်းလွှင့်နေကြသောကြောင့် ထိုဘာသာခြား များ အသုံးမပြုနိုင်စေရန် ရည်ရွယ်၍ “ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန်”ဟု ထည့်သွင်းကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

၂။ ၁၉၈၂-ခု မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ ခြံစည်းစောင့်ဥပဒေ ဖြစ်သည်။ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးလှသောကြောင့် ထိုဥပဒေကို လုံးဝထောက်ခံသည်။

၃။ ဥပဒေရေးရာ အစုအဖွဲ့ ကဏ္ဍ၌ အင်းစိန်ရွာမဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဝရတို့ ဦးဆောင်ပြီး “မျိုးစောင့်ဥပဒေ”ဟု ရေပန်းစားနေသည့် ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ သံဃာတော် အရှင်မြတ်များကလည်း အကြံပြုထောက်ခံကြပါသည်။ အရှင်ပညာဝရ (ဘ၀လမ်းခွဲ)မှ အားရကျေနပ် ကြောင်း အမိန့်ရှိပါသည်။

မှော်ဘီကြေငြာချက် ထဲမှာလည်း “မြန်မာနိုင်ငံသည် ဘာသာရေးလွပ်လပ်ခွင့် ရှိသည်အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးစွဲ ပြဋ္ဌာန်းရန်” ဟု ပါရှိပါသည်။

ထိုသို့ဖြစ်ပါလျက် အထက်ပါဆရာတော်တို့က “မျိုးစောင့်ဥပဒေ”ကို မထောက်ခံဘူးဟု ဧရာဝတီ သတင်းဋ္ဌာနက လွှင့်ခဲ့ပါသည်။

အမှန်စင်စစ်ကား မျိုးစောင့်ဥပဒေကို လုံးဝထောက်ခံသည်။ မိမိကိုယ်တိုင် သဘောတူကြောင်း လက်မှတ် ထိုးပြီးသား ဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ သံသယ တစုံတရာရှိပါက မိမိထံ ဖုန်းဆက် မေးနိုင်ကြောင်း အကြောင်းကြား သိစေ အပ်ပါသည်။

အနှစ်ချုပ်ကား . . . .

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော လုပ်ရပ်မှန်သမျှကို ထောက်ခံသည်။

အမျိုးဘာသာ သာသနာကို မျက်ကွယ်ပြုသော လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ”

မှ/ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ

၀၉- ၂၀ ၆၄ ၉၄၄

https://www.facebook.com/ashin.dayweinda

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအန်အေ တိုင်းရင်းသားအဖွဲ့တွေ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေး ကြမယ်လို့ သတင်းရရှိပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန်မနက်ပိုင်းမှာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ညှိနှိုင်းထားတာ မရှိပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ ယူဆကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

"ကျနော့်အထင်ပြောရင်တော့ လက်ရှိနိုင်ငံရေးဖြစ်ပေါ်နေတဲ့ အနေအထားတွေ ပြီးတော့ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်တွင်းငြိမ်ချမ်းရေးကိုဖော်ဆောင်ဖို့၊ ဒီကိစ္စတွေက မလွဲမသေ ဆွေးနွေးချက်ထဲမှာ ပါလာလိမ့် မယ်လို့ ကျနော်ထင်ပါတယ်၊ အထူးသဖြင့်ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မှီ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ရေးဆိုတာကတော့ ပါလာလိမ့်မယ်လို့ထင်ပါတယ်၊ ကြိုတင်ပြီးတော့ ဆွေးနွေးမယ်၊ ကျနော်တို့ကို အကြောင်းကြားထားတာလည်း မရှိပါဘူး၊ ကျနော်တို့ကလည်း ဘာတွေကိုဆွေးနွေးမယ်ဆိုတာတော့ ကြိုတင်ပြီးသတ်မှတ်ထားတာမရှိပါဘူး၊

UNA အဖွဲ့ဝင်တွေ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ ၊ ကရင်အမျိုးသားပါတီစတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

Credit : http://www.yeyintnge.com/2013/06/blog-post_6181.html#.UcAJU9jheHY