
Wednesday, June 12, 2013
ILO ၏ မြန်မာ အပေါ် ပိတ် ဆို့မှု ရုတ် သိမ်းပေးရေး အလား အလာ ကောင်းနေ

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာ ကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့ တွင် မဇ္ဈိမကို ပြောဆို လိုက်သည်။
ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၌ ဇွန်လ ၄ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်သည်။ “အခုထိတော့ အခြေအနေ ကောင်းတဲ့ပုံမှာ ရှိနေပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံး ကလည်း ဒီအပေါ်မှာ သဘောထားတွေကလည်း ထပ်တူ ကျနေတဲ့ အနေအထား ရှိပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေး လိုက်ရင် ပြည်တွင်းမှာ အလုပ်အကိုင် ရရှိမှုတွေ ပိုများလာမယ်။ အလုပ်သမားတွေအတွက် ပိုပြီး ပြေလည်သွားမယ်လို့ ယူဆနေကြတယ်” ဟု ညီလာခံတက်ရောက်နေသည့် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မဇ္ဈိမကို ပြောသည်။
ILO ၏ ပိတ်ဆို့မှု ဖြုတ်သိမ်းပေးရေးအတွက် ကနဦး သဘောထား ကောက်ယူ ဆွေးနွေးကြရာတွင် တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယား နိုင်ငံတို့မှ ဖြုတ်သိမ်းပေးရေးနှင့် ပတ်သက် ၍ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။ ဥေ၇ာပကမဂ္ဂ (EU) ကမူ ဆက်လက်စောင့်ကြည့် လေ့လာသွား မည့် အနေအထား၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
“မနေ့က ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ သဘောထားတွေ ပြောကြဆိုကြတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံမှာ တွေ့ခဲ့တုန်းကလည်း အိုဘားမားက ပိတ်ဆို့မှု ဖြုတ်ဖို့ ထောက်ခံထားတယ် ဆိုတဲ့ အကြောင်းကိုလည်း ထည်သွင်း ပြောကြားသွားပါတယ်။ ပိတ်ဆို့မှုကတော့ ဖြုတ်ပေးမယ့် သဘော ရှိသွား ပါပြီ။ အားလုံးရဲ့ သဘောတူညီချက်နဲ့” ဟု ဒေါ်က်တာ စိုင်းခိုင် မျိုးထွန်း က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာရပ်များ ရှိလာခြင်းအပေါ် နိုင်ငံများမှ အသိအမှတ်ပြုကြောင်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဒေါ်သန်းသန်းဌေး က ပြောသည်။
“မြန်မာနိုင်ငံအနေနဲ့ တိတိကျကျ လိုက်လံလုပ်ဆောင်ဖို့ ကျန်နေတာ နှစ်ချက် ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးလုပ်သား အသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုနေပါသေး တယ်။ နိုင်ငံတကာအမြင်ကတော့ ဆက်လက်လုပ်ဆောင်ဖို့ လိုပေမယ့် လောလောဆယ်မှာ အပြုသဘော တိုးတက်မှုတွေ ရှိနေလို့ အခြေအနေကောင်းကို စဉ်းစားပေးတဲ့ သဘောပါပဲ” ဟု မဇ္ဈိမကို ပြောသည်။
၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်းကိရိယာအဖြစ်အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံ ရရှိခဲ့ပြီးနောက် ကျွမ်းကျင်စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အဓမ္မ လုပ်အားခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO ကော်မရှင်မှ လေ့လာတွေ့ရှိခဲ့ပြီးနောက် ILO ၏ အရေးယူမှု ဥပဒေ ပုဒ်မ (၃၃) အရ အရေးယူခဲ့သည်။
ILO ၏ စီးပွားရေး ပိတ်ဆို့မှုကို ၂၀၀၀ ခုနှစ်၌ စတင်ခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် တရားဝင် ဆုံးဖြတ်ချက်ကိုမူ လာမည့် သောကြာနေ့၌ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။
အရေးယူ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အားလုံး ပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ် ပိုင်းဆိုင် ရာ အကူအညီပံ့ပို�ွင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်စေရမယ် ဆိုပြီး စစ်တပ်ဘက်မှာ ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။ ဒီနှစ်မှာတော့ အမှန်တကယ် တိုးတက်မှုတွေ ဖြစ်လာတယ်။ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေတရပ် ဖြစ်လာတယ်။ နိုင်ငံတကာ ကလည်း တောင်းဆိုလာတာက အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်တော့မယ် ဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား ရှိမယ့် အစား ဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်း ကြားထဲမှာ ဒီမိုကရေစီ ရှင်သန်ခွင့်ကို ပေးဖို့ဆိုပြီး တနှစ်တာ ပိတ်ဆို့မှုကို ILO က ဆိုင်းငံ့ခဲ့တာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ် သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးဇာနည်သွေး က ပြောသည်။
ယခု ILO အစည်းအဝေးသို့ မြန်မာအစိုးရ ကိုယ်စားလှယ်များအဖြစ် အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက်ကြကာ လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်ချက်များ ဖြစ်သည့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အောက်ခြေပိုင်း အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ပြီး ILO မှလည်း ၎င်းတင်ပြချက်များကို အသိအမှတ် ပြုခဲ့ကြောင်း ဒေါက် တာ စိုင်းခိုင် မျိုးထွန်း က ပြောသည်။
ILO ညီလာခံအား တရားဝင် မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ် အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး မှ Quota (ခွဲတန်း)ရရှိခဲ့ပြီး အကြံပေးအဖွဲ့ဝင်များအဖြစ် ရန်ကုန်တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင် မျိုးထွန်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) (ယခင် FTUB) မှ ဦးသန်းဆွေတို့ သုံးဦး တက်ရောက်ခဲ့သည်။
ILO ညီလာခံအား တရားဝင် တက်ရောက်နိုင်ရန် ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသူလည်း ဖြစ်ကာ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားဖိုရမ် (Forum) အစည်း အဝေး မှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ILO နှစ်ပတ်လည် ညီလာခံအား ဇွန်လ ၄ ရက်နေ့ ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိသည် မြန်မာနိုင်ငံအရေး ဆွေးနွေးရန် အထူးနေ့များအဖြစ် သတ်မှတ် ထားကြောင်း တက်ရောက်နေကြသည့် မြန်မာကိုယ်စားလှယ်များမှထံမှ သိရှိရသည်။
Mizzima News
အမျိုးစောင့်ဥပဒေ ကမ်ပိန်း စပြီ

ဗလီမီးရှို့စရာလည်းမလို၊ ဆိုင်ဖျက်စရာလည်းမလို၊ တိုက်အိမ်ဖြိုစရာလည်းမလို၊ လူသတ် အကြမ်းဖက်စရာ လည်း မလိုတဲ့ အမျိုးစောင့်ဥပဒေ ကမ်ပိန်း စပြီ။
ဗလီမီးရှို့စရာလည်းမလို၊ ဆိုင်ဖျက်စရာလည်းမလို၊ တိုက် အိမ်ဖြိုစရာလည်းမလို၊ လူသတ် အကြမ်းဖက်စရာ လည်း မလိုဘဲ လက်မှတ်ကလေးတစ်ချက်ထိုးရုံဖြင့် အမျိုး ဘာသာ သာသနာလုံခြုံရေး အပြည့်အဝရရှိစေ မည့် "အမျိုးစောင့်ဥပဒေ" ပေါ်ပေါက်ရေး Campaign လှုပ်ရှား မှုကို ယနေ့ ၁၁-၆-၂၀၁၃ နေ့မှာ စတင်လိုက်ပြီ ဖြစ် သည်။
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာကျင်းပသည့် မန္တလေးမြို့ပေါ် ပရဟိတလူမှုရေး ဘာသာရေးအဖွဲ့ အစည်း (၄၁)ဖွဲ့ တက်ရောက်ကြပြီး တညီတညွတ်တည်း လက်မှတ်ရေးထိုးကာ မန္တလေးမြို့တစ်မြို့လုံးသို့ လက်မှတ်လိုက်ကောက်တော့မည် ဖြစ်သည်။ယခုအထိ အဖွဲ့အစည်းပေါင်း (၄၁)ဖွဲ့၊ မြို့နယ်ပေါင်း (၅၆)ခုသို့ ဖြန့်ကျက်ကာ လက်မှတ်များ ရယူနိုင်ပြီ ဖြစ်သည်။
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ အဓိပတိ နာယက ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် များ ဖြစ်ကြသော ဘဒ္ဒန္တဣန္ဒပါလ၊ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံ သနှင့် နိုင်ငံကျော်ဓမ္မ ကထိကဆရာတော်များဖြင့် ဖွဲ့စည်းထားသော အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးဆောင် ဆရာတော်ကြီး များအဖွဲ့က စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်ပြီး ဤဥပဒေပေါ်ပေါက်လာပါက မူဆလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော်သိမ်းပိုက် လိုမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ လွတ်တော်ကိုယ်စ လှယ်တိုင်းသို့ လက်မှတ်များပေးပို့ကာ လွတ်တော်ထဲမှာ အဆိုပြု၊ တင်ပြ၊ ဆွေနွေး၊ အတည်ပြုနိုင်သည်အထိ စီစဉ်ထားသည်။ အမျိုးစောင့်ဥပဒေ ကမ်ပိန်း လာလေပြီ။မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်။
ဆရာတော် ဦးဝီရသူ
အံ့သြမိပါရဲ့ ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ စုကြည်ရယ် ...

မြန်မာတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ် ။ အေးအေးဆေးဆေးပဲ ။ သူများနိုင်ငံမှာ ဘာ ပြသနာမှသွား မရှာဘူး...။ ဘာနယ်မြေသစ်မှ သွားမတောင်းဘူး..။ အလုပ်လုပ်တယ် ။ငွေရှာတယ် မြန်မာပြည်ကို ပြန်လာတယ်။
အဲ ...မူဆလင်ဘင်္ဂါလီကုလားတွေကျတော့ မြန်မာပြည်ကိုဝင်လာတယ် ။ အလုပ်လုပ်တယ် ။ သားဖောက်တယ် ။ လူသတ်မုဒိန်းကျင့်တယ် ။ ခွဲထွက်ခွင့်တောင်းတယ် ။ နယ်မြေသစ် တောင်း တယ် ။ ခုဆိုရင် ၁၀ သိန်း ၁၅ သိန်း ရှိလာပြီ ။သမိုင်းလိမ်တယ် ။ နာမည်သစ်တပ်တယ် ။ ဘာတစ်ခုမှ ကောင်းတာ မရှိဘူး..။
အဲလိုမကောင်းမှုတွေ တစ်ပုံတစ်ပင်နဲ့ ပျော်မွေ့ နေတဲ့ ကုလားဆိုးတွေကို ကျတော့ စုကြည်က လူနည်းစု သနား စရာကောင်းတယ်တဲ့ ။ အစိုးရက ကုလားတွေ သားဖောက်နှုန်း ခလေး ၂ယောက်ထိန်းချုပ်တာကို မကျေနပ် လို့ ကုလထိတိုင်ပြီး အကူညီတောင်းတဲ့ စုကြည် ပါ ။
အခု...
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့မြန်မာနိင်ငံသားတွေ အားလုံပေါင်းရင် ၅သိန်းမပြည့်လောက်ဘူး...။ နယ်မြေသစ် ခွဲထွက်ခွင့်မတောင်းဘူး...။ ဒါပေမယ့် အကြေမ်းဖက်အသတ်ခံနေရတယ် ။ ဒါကိုကျတော့ လူနည်းစုတွေကို သနား တတ်တဲ့ စုကြည်ပါးစပ်က တို့ မြန်မာနိုင်ငံသားတွေ ကိုကူညီ ကြပါ ၊ ကုလ က အကူညီပေးပါလို့  တစ်ခုမှ အကူညီတောင်း တာမရှိဘူး..။ သနားဖို့ ကောင်းတယ်လို့ လဲမပြောဘူး...။
အံ့သြမိပါရဲ့ ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ စုကြည်ရယ် ....။
Credit : http://mgkarlu-mymanar.blogspot.com/2013/06/blog-post_6304.html
ကလေး ၂ ယောက်မူ မြန်မာဝန်ကြီးထောက်ခံမှု အမေရိကန်စိုးရိမ်
မြန်မာနိုင်ငံအတွင်း မူဆလင်တွေအပေါ် အာဏာပိုင်တို့ရဲ့ ပြုမူဆက်ဆံပုံ တချို့နဲ့ ပက်သက်ပြီး နိုင်ငံတကာ အသိုင်း အ၀ိုင်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မူဆလင် လူနည်းစုအပေါ် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ကန်သတ်ချက်နဲ့ ပက်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ms. Jan Pasaki က အခုလို ပြောပါတယ်။
“မြန်မာအစိုးရဘက်က ရိုဟင်ဂျာမူဆလင်တွေအပေါ် တအိမ်ထောင်ကို ကလေး ၂ ယောက်ထက် ပိုမယူရ ဘူးဆိုပြီး ကန်သတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အပေါ် ကျမတို့အနေနဲ့ အတော်လေးကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ အခုလို ကလေးမွေးဖွားတဲ့အပေါ်ကို နိုင်လိုမင်းထက်ပြုပြီး ခွဲခြားဆက်ဆံ တာကိုလည်း အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ရှုံ့ချပါတယ်။ ပြီးတော့ အခုလို ကလေးမွေးဖွားမှုနှုန်း ကန့်သတ်တဲ့ အစီအစဉ်ကို ဖျက်သိမ်းဖို့လည်း မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ကျမတို့ တောင်းဆိုထားပြီးသွားပါပြီ”
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကတော့ ဒီလို တအိမ်ထောင် ကလေး ၂ ယာက် သတ်မှတ် တဲ့ကိစ္စဟာ ဖြစ်သင့်တဲ့ ကိစ္စတခုဆိုပြီး မကြာခင်ကပဲ ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။
ဦးခင်ရီက ရိုဟင်ဂျာလို့ မသုံးနှုံးဘဲ ဘင်္ဂါလီလို့ သုံးနှုန်းပြောဆိုသွားပါတယ်။ အဲ့ဒီ လူမျိုးတွေမှာ တအိမ် ထောင် ကလေး ဆယ်ယောက်၊ ဆယ့်နှစ်ယောက်အထိ မွေးဖွားကြတဲ့အတွက်၊ ကျောင်းထားဖို့၊ ပြုစု ပျိုးထောင်ဖို့ အခက်အခဲရှိတဲ့အကြောင်း၊ ဒီလို ကလေး ၂ ယောက်ပဲ မွေးမယ်ဆိုရင် ဘင်္ဂါလီ အမျိုးသမီး တွေအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတာပါ။
ဒီလို တအိမ်ထောင် ကလေး ၂ ယောက်ပဲ ရှိရမယ်ဆိုတဲ့ ရိုဟင်ဂျာတွေအပေါ် ကန့်သတ်တဲ့ သတင်းတွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒါဟာ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်ဆိုပြီး ကန့်ကွက်ပြောဆိုနေကြပါတယ်။
အလားတူပါပဲ မကြာသေးခင် သီတင်းပတ်အတွင်းကပဲ မြန်မာအာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရခိုင် ပြည်နယ်အတွင်း ရိုဟင်ဂျာအမျိုးသမီး ၃ ယောက် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ အာဏာပိုင်တွေ ဘက်က အရေးယူတာတွေ မရှိဘူးလို့လည်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ဒီဖြစ်ရပ်အပေါ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်ဖြစ်နေပြီး၊ ဒီဖြစ်ရပ်တွေနဲ့ ပက်သက်ပြီးတော့လည်း လုံးဝ တာဝန်ယူမှု မရှိကြဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုသလမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောဆို ခဲ့ပါတယ်။
Credit : http://burmese.voanews.com/content/khin-yi-opinion-on-rohingya-child-birth/1679982.html
မလေးရှားရောက် မြန်မာတွေအတွက် MAI ရဲ့ အထူးအစီအစဉ်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က ပျံသန်းပြေးဆွဲနေတဲ့ ရန်ကုန် ကွာလာလမ်ပူ ခရီးစဉ်ကို ယခု ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လိုင်လ ၁၂ ရက်နေ့ထိ အတွင်း လေယာဉ်စီးနင်း ခ ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွား မယ်လို့ သိရပါတယ်။
“၅၀ ရာခိုင်နှုန်းဆိုတာ ပုံမှန်ထက်ကို ထပ်ပြီးလျှော့ ပေးထားတဲ့အတွက် အမေရိကန် ဒေါ်လာ ၇၀ နဲ့ ကွာလာလမ်ပူ က နေ ရန်ကုန်ကို ဈေးသက်သက်သာသာ အဆင်ပြေပြေနဲ့ ပြန်လာလို့ရပါတယ်”လို့ MAI ရဲ့ ဈေးကွက်နဲ့ ပြည်သူ ဆက် ဆံရေး မန်နေဂျာ ဒေါ်အေးမြသာ က ကြေးမုံသတင်းစာကို ပြောထားပါ တယ်။
မကြာသေးခင်က မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား တချို့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံရမှုကြောင့် မလေးရှား ရောက် မြန်မာတွေ စိုးရိမ်မှုများဖြစ်လာနေလို့ စာနာထောက်ထားမှုတွေ ပြသကြပြိး မြန်မာနိုင်ငံ က ခရိုနီကြီးတွေကပါ စအမေရိကန်ဒေါ်လာငွေတွေ လှူဒါန်းမှု တွေ လုပ်နေရာမှာ MAI ကလည်း အခုလို အထူးအစီအစဉ်နဲ့ ပါဝင်လာတာ လည်းဖြစ်ပါတယ်။
(MAI) လေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို တပတ်လျှင် သုံးကြိမ်၊ ပျံသန်းပြေးဆွဲပေးနေ တာဖြစ်ပါတယ်။
မလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှု၊ စိုးရိမ်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာ လိုသူ တွေအတွက် ယခုလို အထူးအစီအစဉ်နဲ့ ထက်ဝက်လျှော့ချပြိး ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။
ယခင်က ကွာလာလမ်ပူမှ ရန်ကုန်သို့ ပုံမှန်ဈေးနှုန်းမှာ ဒေါလာ၂၀၀ ကျော် ကျသင့်ခဲ့တာပါ။ အခု MAI ရဲ့ အထူးအစီအစဉ်အရ အရေးပေါ် လိုအပ်လာခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ ညှိနှိုင်းပြီး စင်းလုံးငှား လေယာဉ်နဲ့လည်း ပြေးဆွဲသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။
အခုလို အထူးအစီအစဉ်တွေနဲ့ ပြေးဆွဲသွားနိုင်ဖို့ ကမ္ဘောဇ ဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက မတည်ငွေ အမေရိကန် ဒေါ်လာ ၅၀၀၀ ကနဦး လှူဒါန်းထားကြောင်းလည်း ကြေးမုံသတင်းစာက ဆိုပါတယ်။
မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေ မြန်မာနိုင်ငံကို ပြန်လာချင်တယ်ဆိုရင် MAI နဲ့ ဆက်သွယ်ပြန် လာနိုင်ဖို့အတွက် MAI မလေးရှား ရုံးခွဲ ဖုန်းနံပါတ် ၆၀၃- ၂၀၇၂၁၂၆၁ ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
Credit : http://blog.irrawaddy.org/2013/06/mai.html
မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ

ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာ သွန်းမှုကြောင့်ရန်ကုန်မြို့လယ်ရှိပန်းဘဲတန်း၊ ကျော က်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများ ဆုံး နှစ်ပေ အထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန် ပက်ကွန်ဒို ကားပါကင် တွင် ကားနှစ်စီးရေမြုပ်၍ ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။ ရေကြီး ရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက် လမ်း၊ ၂၉ လမ်း၊ ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ ရေလျှံနစ်မြုပ် မှု များ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင်နေသောသူများ အခက်ကြုံခဲ့ရ ပြီး၊ ရေလျှံ မှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက် များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိ ကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။
"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို ရေ၀င်တာ ငါးပေကျော်ေ လာက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း အလုံးတော်တော် သေးသေးနဲ့ စုပ်ထု တ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့် ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။
eleven media group
အမေရိကန်နှင့် ပညာရေးပူးပေါင်းမှုအစီအစဉ်အရ ရန်ကုန်တက္ကသိုလ် ဝင်ခွင့် ယခုနှစ် အမှတ်အများဆုံးဖြစ်နိုင်

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ၂ဝ ဦးခန့်သာ တက်ရောက်ခွင့် ပြုမည့် ယခုနှစ် ရန်ကုန်တက္က သိုလ် ဝင်ခွင့်မှာ အမှတ်အများဆုံး ဖြစ်လာနိုင်ကြော င်းတက္ကသိုလ်အသိုင်းအဝိုင်းက ခန့်မှန်းကြသည်။ ရန်ကုန် တက္ကသိုလ်အားအဆင့်မြှင့်တင်ရန် ကော် မတီဖွဲ့စည်းလိုက်ခြင်းနှင့် အမေရိကန် ဂျွန်ဟော့ ကင်းတက္ကသိုလ်က ပညာရပ်ဆိုင်ရာ လာရောက် ပူးပေါင်းခြင်းတို့အပြင် ဆယ်စုနှစ် ၂ စုစာဘွဲ့ကြို သင်တန်း တက်ရောက်ခွင့် ပိတ်ပင် ထားမှုကို ယခုနှစ်တွင် ပထမဦးဆုံး ပြန်လည် ခွင့်ပြုပေးခြင်း စသည့်အချက်များကို စုပေါင်း၍ ၎င်းတို့က သုံးသပ် လိုက်ကြခြင်း ဖြစ်သည်။
ယခင်နှစ်က စက်မှုတက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန်နည်းပညာအဆင့်မြင့်တက္ကသိုလ်၏ ပထမဦးဆုံး ပထမနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ဝ ခေါ်ယူခဲ့မှုတွင်လည်း အမြင့် ဆုံးအမှတ်ဖြစ်ခဲ့ကြောင်း တက္ကသိုလ်ဆရာတစ်ဦးက ထောက်ပြသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ''အမှတ်ပိုင်းဖြတ်တာကို တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့ က ဆောင်ရွက်ရပါတယ်။ဒီ့ အတွက်အခုကို မပြောနိုင်သေးပါဘူး။ ရန်ကုန် တက္ကသိုလ်က ဘွဲ့ကြိုသင် တန်းခေါ်ယူမှာကတော့ ဟုတ်ပါတယ်။ အထူးချွန်ဆုံးတွေကိုရွေးခေါ်မှာ ဆိုတာလည်း ဟုတ်ပါတယ်'' ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်နှင့် နီးစပ်သည့်အသိုင်း အဝိုင်း၏အဆိုအရ သင်ကြားပေးမှုကို ဂျွန်ဟော့ ကင်းတက္က သိုလ်ဆရာ၊ ဆရာမများနှင့် ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ဆောင်ရွက် ကြမည်ဖြစ်ပြီး B.Sc, B.A ဘွဲ့တို့မှာနိုင်ငံခြားကျောင်းများနှင့် အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်သည်အထိ အဆင့်မီ မည်ဟု သိရသည်။ပညာရေးဝန်ကြီးဌာနက အသေးစိတ် အချက်အလက်ကို မကြာမီ ထုတ်ပြန်ပေး မည်ဟု ပေါ်ပြူလာနယူးစ်သို့ပြောဆိုခဲ့သည်။
အဆင့်မြင့်ပညာဦးစီးဌာနက ရန်ကုန်တက္ကသိုလ်တွင်ဂျွန်ဟော့ကင်းတက္ကသိုလ်မှဆရာများရောက်ရှိနေပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမအချို့ကို ပညာရပ်ဆိုင်ရာ သင်တန်းပေးနေသည်ဟု ထုတ်ဖော်ပြောသည်။
အခြားသော သက်မွေးပညာတက္ကသိုလ်တို့က ယခုနှစ်အတွက် ကျောင်းသားခေါ်ယူမှု ကိစ္စအပေါ် ယခင်နှစ်က လျှော့ချထားခဲ့သည့် အတိုင်းသာခေါ်ယူမည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အစီအမံ ဖြင့် ၂ဝ၁၂ ခုနှစ်က သက်မွေးပညာ တက္ကသိုလ် များ၏ ဝင်ခွင့်ခေါ်ယူမှုတွင် ယခင်နှစ်များကထက်ထက်ဝက်ခန့်နှင့် သုံးပုံတစ်ပုံခန့် လျှော့ချခေါ်ယူခဲ့ရာ ထိုနည်းအတိုင်းယခုနှစ်တွင်လည်းဆောင် ရွက်မည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယန်ကြားရေး မှူးချုပ် က ပြောသည်။
''တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲမှာတော့ အသေးစိတ် ထုတ်ပြန်သွားမှာပါ။ အခုကတော့ ဒီလောက် ပဲပြောနိုင် ပါတယ်''ဟု ၎င်းကဆိုသည်။
၂ဝ၁၂ ခုနှစ်မတိုင်မီက ဆေး တက္ကသိုလ် ၄ ခုမှ ၂၄ဝဝ ဦး ခေါ်ယူနေမှုကို ၁၂ဝဝ ဦးသာ လျှော့ ချ ခေါ်ယူ သည့် နည်းတူ ဆေးဝါး တက္ကသိုလ်တွင်လည်း လူလျှော့ခဲ့သည်။
ယခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၏ ကျောင်းသားခေါ်ယူမှုကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးက မနှစ်ကအတိုင်းမပြောင်းပါဟု ပြောသည်။ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာ နလက်အောက် ခံလေကြောင်းနှင့် အာကာသတက္ကသိုလ်၊ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ကော လိပ်များကလည်းယခင်နှစ်ကထက်မများနိုင်သည့် အပြင်အနည်းငယ်လျှော့ချမှုပင် ရှိနိုင်သည်ဟု ၎င်း ဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးက ပြောသည်။
စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ရေကြောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တို့တွင်လည်း ဝင်ခွင့်ခေါ်ယူမှုက မနှစ်ကအတိုင်းပြောင်းလဲမှု သိပ်မရှိနိုင်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် အောင်ချက်ရာခိုင်နှုန်းမှာ မနှစ်ကထက် ရာခိုင်နှုန်းအနည်းငယ်လျော့ကာ ၃ဝ ရာခိုင်နှုန်းကျော် သာ အောင်မြင်ခဲ့သည်။စာမေးပွဲကိုကျောင်းသား ၄၈ဝဝဝဝ ကျော် ဝင်ရောက်ဖြေ ဆိုခဲ့သည်။ယခင်နှစ်က သက်မွေးဆိုင်ရာ တက္ကသိုလ်များထဲတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်က ဝင်ခွင့်အမှတ် ၅ဝဝ ကျော်ဖြင့် ပထမအဆင့် ရပ်တည်ခဲ့ပြီး ၎င်းတို့နောက်မှဆေး၊ ရေကြောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်တို့က ရှိနေခဲ့သည်။
Popular Myanmar News Journal
ဗုဒ္ဓစွယ်တော်ပွားနှင့် ရတနာ စီခြယ် ရွှေကျောင်းဆောင် နေပြည်တော် ဥပ္ပါတ သန္တိ စေတီတော်၌ ဖူးမြော် နိုင်ပြီ

တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူ ဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွား သုံးဆူနှင့် ရတနာ စီခြယ် ရွှေကျောင်းဆောင်
သုံးဆောင် တို့ကို မန္တလေး စွယ်တော်စေတီ တော်တွင် ဗုဒ္ဓစွယ်ေ တ်ာပွား
တစ်ဆူနှင့် ရတနာစီခြယ် ရွှေကျောင်း ဆောင် တစ်ဆောင်၊ ရန်ကုန် စွယ်တော် စေတီေ
တ်ာတွင် ဗုဒ္ဓ စွယ်တော်ပွားတစ်ဆူနှင့် ရတနာ စီခြယ် ရွှေကျောင်းဆောင်
တစ်ဆောင်၊နေပြည်ေ တာ် ဥပ္ပါတသန္တိ စေတီ တော်တွင် ဗုဒ္ဓစွယ်တော်ပွား တစ်ဆူနှင့်
ရတနာစီခြယ် ရွှေကျောင်းဆောင် တစ် ဆောင် ကိန်းဝပ် စံပယ်တော်မူမည်ဖြစ်ကြောင်း
သိရသည်။
နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓ
စွယ်တော်ပွားတစ်ဆူနှင့် ရတ နာစီခြယ် ရွှေကျောင်းဆောင်တစ်ဆောင်သည် ယမန်နေ့ ည ၈
နာရီက နေပြည်တော် ဥပ္ပါတ သန္တိ စေ တီတော်သို့ ကြွချီလာရာ ဝတ်ရွတ်ဖတ်
ပူဇော်သည့်အဖွဲ့နှင့် ဒေသခံ ပြည်သူများက ခမ်းခမ်း နားနား
ကြိုဆိုပူဇော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
မြ၀တီ
ပဋိပက္ခများအတွက် အဖြေရှာရန် သံဃာ့ခေါင်းဆောင် ၂၀၀ ကျော် ညီလာခံ ကျင်းပမည်
ရခိုင်ပြည်နယ်မှ အစပြုကာ မြန်မာ နိုင်ငံနေရာဒေသအချို့တွင် ဆက်တိုက် ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်ရေး အဖြေရှာရန် နိုင်ငံတစ်ဝန်းရှိ သံဃာ့ခေါင်းဆောင် ဆရာတော် အပါး ၂၀၀ ကျော် ပါဝင်မည့် ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ပါမောက္ခ ဆရာတော်ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားသည်။
ယင်းညီလာခံတွင် ပဋိပက္ခများ အဆုံးသတ်ရေး တင်ပြလာသည်များ အားလုံးကို လက်ခံဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ၉၆၉ နှင့်ပတ်သက်သည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးဖွယ် ရှိကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။
"ဒီညီလာခံက သံဃာ့ခေါင်းဆောင်တွေ အားလုံးပါဝင်မယ့် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးလုပ်ဖို့ အကြို
ဆွေးနွေး တာလည်းဖြစ်တယ်။ ပဋိပက္ခ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာ ညီလာခံပြီးရင် အဖြေ တစ်ခု ထွက်လာမှာပေါ့" ဟု ဆရာတော်က မိန့်ဆိုသည်။
မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပမည့် ယင်းညီလာခံသို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။
ညီလာခံတွင် လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများ ပြေလည်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကာ မည်သို့ဖြေရှင်း ဆောင်ရွက်မည်ကို ညီလာခံအပြီး၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပ
ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ညီလာခံသို့ ပြည်ပခရီးစဉ်ကြွရောက် နေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ပါဝင် တက်ရောက်နိုင်မည် မဟုတ်ဘဲ သြဝါဒကထာ ပေးပို့ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝီရသူက ယင်းညီလာခံသို့ ပါဝင်တက်ရောက်မည် ဖြစ်
ကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။
ပဋိပက္ခများ ဖြေရှင်းနိုင်ရန် ယခုကဲ့သို့ သံဃာ့ခေါင်းဆောင်များ တွေ့ဆုံကြမည်ကို ကြိုဆိုပါကြောင်း မြန်မာ
နိုင်ငံ လုံး ဆိုင်ရာ မော်လဝီအဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူး ဦးရဲနောင်သိန်းက ပြောကြားသည်။
"ခုလိုတစ်နိုင်ငံလုံးက ခေါင်းဆောင် ဆရာတော်တွေ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတဲ့သတင်း ကြားရတာ တော်တော် ဝမ်းသာပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြော ကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း ဘင်္ဂါလီများနှင့် ဒေသခံရခိုင် လူမျိုးများ ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မေလ၃၀ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက်အလုပ်လုပ် ကိုင်သည့် မလေးရှား
နိုင်ငံတွင် ဘာသာရေး အသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့သည်။
The Voice Weekly
ယခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေထွက်ရှိနိုင်ရန် စီစဉ်နေ
ယခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပထမအကြိမ်ပညာရေး
ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်လာသည့် ပဲခူးတိုင်းမှ အောက်လွှတ်တော် အမတ် ဦးစိန်ဝင်းက ပြောသည်။
ယင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ခဝဲခြံရပ်ကွက်တွင် ဇွန် ၈ ရက်နှင့် ၉ ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည်။ အမျိုးသားပညာရေး ဥပဒေပေါ်ထွန်းလာရန် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရန်ကျင်းပသည့် ပညာရေးပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ယခုလ အတွင်းကျင်းပမည့်
အောက်လွှတ်တော်တွင် အကျေအလည် သုံးသပ်မည်ဟုလည်း ဦးစိန်ဝင်းက ဆက်ပြော သည်။
အောက်လွှတ်တော်တွင် ဆွေးနွေးမည့်အချက်များမှာ မြန်မာ့ပညာရေးကို အစိုးရ၏ ဝန်ကြီးဌာန လက်အောက် မှ ကင်းလွတ်သည့် စနစ်ဖြစ်ရေး၊ အကျဉ်းကျနေသည့် ကျောင်းသားများအား ပညာသင်ကြား ပေးသည့် စနစ်ဆောင်ရွက်ရေး၊ ပညာရေးအသုံးစရိတ်မြှင့်တင်ပေးရေး၊ သတ်မှတ်ထားသည့် ဘာသာရေး ကျောင်းများ တွင် လွတ်လပ်စွာ ပညာသင်ယူနိုင်ရေး စသည်တို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဧရာဝတီတိုင်းမှ အောက်လွှတ်တော်အမတ် ဦးမိုင်ဇော်သိန်းကလည်း ပညာရေးပြုပြင်ပြောင်းလဲရန် နယ်ပယ်အသီးသီးက တင်ပြကြသည့် ပညာရေးဆိုင်ရာအချက်အလက်များကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်တင်ပြသွားမည်ဟု ပြောသည်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို ပထမဆုံးကျင်းပခဲ့ရာ၌ ပထမနေ့တွင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၃ဝဝဝ ခန့် တက်ရောက်ခဲ့ပြီး ဒုတိယနေ့တွင် လူဦးရေ ၁ဝဝဝ ခန့် တက်ရောက်သည်။ ထိုကဲ့သို့သော ဆွေးနွေးပွဲကို နေပြည်တော်တွင် ဆက်လက်ကျင်းပရန်စီစဉ်နေပြီး ထွက်ပေါ်လာမည့် ဆွေးနွေးချက်များကို ပြည်သူကြားသို့ချပြကာ အကြံဉာဏ်များ တောင်းခံဦးမည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူများက ဆိုသည်။
ပထမအကြိမ် ပညာရေးပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ကလေးသူငယ်များ၏ ရှေးဦးသင်ပညာရေး၊ အထက်တန်းပညာရေးပညာရေး၊ အဆင့်မြင့်ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိကတက္ကသိုလ်များ၊ ဆရာ ဆရာမ များ၏ ကဏ္ဍ၊ အထူးလိုအပ်ချက်ရှိသော ကလေးများ၏ ပညာရေး၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် စစ်ပြေးဒုက္ခသည်ကလေးများ ရွှေ့ပြောင်းအခြေချသူများ၏ သားသမီးတို့အတွက် ပညာရေးစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
Credit : http://www.mizzimaburmese.com/news/inside-burma/11989-2013-06-12-04-25-25.html
ကျိုက်ထီးရိုး ရေရှည်တည်တံ့ရေး ထိန်းသိမ်းရန် ပြည်နယ်အစိုးရ တိုက်တွန်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင် ရေရှည် တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း
စောင့်ရှောက်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းလိုက်သည်။
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာ နေခြင်းကြောင့် တောင်ကိုရေရှည်တည်တံ့ရေး ထိန်းသိမ်းရန် လိုကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့မှ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း က ဆိုသည်။
ဦးသက်ဝင်းက ''ဘုရားဖူးများလာတာနဲ့ ဘုရားရင်ပြင်တော်မှာ ခြေချစရာမရှိ အောင်ဖြစ်တယ်။ ဘုရားဖူး တွေ များ လာတာနဲ့အမျှ မော်တော်ယာဉ်တွေ ဈေးဆိုင်တွေ လုပ်သမားတွေလည်း အဆင်ပြေလာကြတယ်။ ဒါကြောင့် စေတီတော်ဘက်စုံပြုပြင်ဖို့၊ တောင်တော်ရေရှည်တည်တံ့ရေး ထိန်းသိမ်းဖို့၊ အားလုံးဝိုင်းဝန်းအကြံပြု လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်''ဟု ဆက်ပြောသည်။
ကျိုက်ထီးရိုးတောင် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဘက်စုံပြုပြင်ရေး လုပ်ငန်း များ
ဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဌေးလွင်၊ ဗမာတိုင်းရင်းသားရေး ရာဝန်ကြီး ဦးသက်ဝင်း၊ ပအိုဝ့်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဖေမြ၊ ပြည်နယ်သာသနာရေးဦးစီးမှူး ဦးစိန်မော်၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့တို့ ဇွန် ၇ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြ
သေးသည်။
တောင်ကို ထိန်းသိမ်းရေးလုပ်ရန်နှင့် ဘက်စုံပြုပြင်ရန် လုပ်ဆောင်ချက်များကို စာတမ်းပြုစုထားပြီး
ဖြစ်ကြောင်း လည်း ဘုရားဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောသည်။
၎င်းက ''အမှိုက်များကိစ္စ၊ မိလ္လာစွန့်ပစ်ရေးကိစ္စ၊ ရေရရှိရေးကိစ္စ၊ ဘုရားဖူးများတည်းခိုနေထိုင်ရေး လုံလောက်မှုရှိဖို့၊ ဟိုတယ်နဲ့တည်းခိုခန်းတွေ အလုံအလောက်ရှိဖို့ မော်တော်ယာဉ်ကြံ့ခိုင်ရေးနဲ့ လမ်းကောင်းမွန်ရေး၊ တောင်ပြိုမှုကင်းဝေးရေးအတွက် ကြိုတင်တားဆီးထားရေးကိစ္စများတွေ လုပ်ဆောင် ထားတာပါ''ဟု ပြောသည်။
Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11990-2013-06-12-04-36-40.html
တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုကြောင့် ဆေးရုံနှစ်ခုအတွက် ဆရာဝန်များ ချထားပေးလိုက်
တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးက
ဒေသဆေးရုံ၌ ဆရာဝန်ချပေးရန် တကိုယ် ဆန္ဒပြတောင်းဆိုမှုအပြီး နောက်တနေ့၌ သက်ဆိုင်ရာက လိုက်လျော ပေးလိုက်ကြောင်း NLD ဗဟိုကော်မတီဝင်၊ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၉ ရက်နေ့ မနက် ၈ နာရီမှ ၉ နာရီထိ တနာရီကြာ တကိုယ်တော်ဆန္ဒပြမှုကို မအီမြို့မှ NLD အဖွဲ့ဝင် ကိုမင်းကြည် က ပြုလုပ်ခဲ့အပြီး ဇွန်လ ၁၀ ရက်နေ့တွင် ပြည်နယ် ကျန်းမာရေးဌာနက တောင်ကုတ်မြို့နယ် အတွင်းရှိ မအီမြို့နှင့် ရွာမ တိုက်နယ်ဆေးရုံများအတွက် ဆရာဝန်များကို တာဝန်ပေး စေလွှတ်ခဲ့ကြောင်း ဦးမင်းအောင် က ပြောသည်။
“‘မအီမြို့နယ်ခွဲအတွက် ဆရာဝန်ကြွလာပါရန်’ စာတမ်းကိုင်ပြီး မအီမြို့ဆေးရုံရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တယ်။ ဇွန် ၁၀ မှာ သူတောင်းဆိုတဲ့ မအီမြို့ ဆေးရုံအတွက်ရော တောင်ကုတ်၊ ရွာမဆေးရုံ အတွက်ပါ ဆရာဝန်တွေကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ချပေးလိုက်တယ်။ ဇွန် ၁၁ ရက်နေ့ ညနေ ပိုင်းမှာ တာဝန်ကျ ဆရာဝန်တွေဟာ သက်ဆိုင်ရာ ဆေးရုံတွေကို ရောက်သွားကြပြီ” ဟု ဦးမင်းအောင် က ရှင်းပြသည်။
လတ်တလော လျာထား ချထားပေးသော ဆရာဝန်နှစ်ဦးမှာ မအီမြို့ဆေးရုံအတွက် ဒေါက်တာ ထက်ပိုင်စိုး နှင့် ရွာမတိုက်နယ် ဆေးရုံအတွက် ဒေါက်တာအောင်နိုင်စိုးတို့ ဖြစ်ကြောင်း သိရသည်။
တာဝန်ပေးခန့်အပ်ရန် လျာထားဆရာဝန်များမှာ လက်ရှိ သင်တန်းတက် နေဆဲဖြစ်ပြီး အရေးပေါ် လိုအပ် ချက်အရ တောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် ဖြည့်ဆည်းပေးထားခြင်း ဖြစ်သည်ဟု မြို့နယ် ကျန်းရေးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။
မအီမြို့မှာ တောင်ကုတ်မြို့မှ ၄၈ မိုင်အကွာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင် တည်ရှိပြီး မအီဆေးရုံ၌ ဆရာဝန် ကင်းမဲ့နေသည်မှာ ၈ လခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
တကိုယ်တော်ဆန္ဒပြခဲ့သူ ကိုမင်းကြည် အား သက်ဆိုင်ရာမှ ခွင့်ပြုချက်မဲ့ ဆန္ဒပြမှု ပုဒ်မ ၁၈ အရ အရေးယူ ခြင်း မရှိသော်လည်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဝန်ခံကတိ လက်မှတ်ထိုးခဲ့ရသေးသည်ဟု ဦးမင်းအောင် က ပြောဆိုသည်။
“မြို့နယ်မှူးက နောက်ထပ် ခွင့်ပြုချက်မဲ့ မလုပ်ပါကြောင်း ဝန်ခံချက်လက်မှတ်ထိုးခဲ့တယ်။ ကျနော့်ကို သက်သေအဖြစ် မြို့နယ်မှူးက လက်မှတ်ရေးထိုးစေခဲ့တယ်။ ပုဒ်မ ၁၈ အရ အရေးယူမှာ မဟုတ်သလို အာမခံလည်း မဟုတ်ဘူး။ NLD အဖွဲ့ဝင်တဦး ဖြစ်တာကြောင့် အသိသက်သေအဖြစ် လက်မှတ်ထိုးခြင်းဖြစ် တယ်လို့ မြို့နယ်မှူးက ကျနော့်ကိုပြောတယ်” ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မအီမြို့ခံ NLD သံတွဲခရိုင်ကော်မတီဝင် ဦးဝင်းမြင့်က “ပြည်သူတွေအနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် သိပြီး ငြိမ်းချမ်းစွာ ထုတ်ဖော်တောင်းဆိုရဲတဲ့ သတ္တိတွေရှိ ဖို့လိုပါတယ်။ ဒီအတွက် ကိုမင်းကြည်က နမူနာပြ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”ဟုမှတ်ချက်ပြုသည်။
Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11993-2013-06-12-05-19-52.html
လုပ်ကိုင်ခွင့်ရပါက ဟန်းဆက်အပါအဝင် ဖုန်းကတ်ကို ကျပ် ၁ဝဝဝဝ ဝန်းကျင်ဖြင့် ရောင်းမည်ဟု Axiata ဆို
မလေးရှားနိုင်ငံအခြေစိုက် Axiata ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အော်ပရေ တာ လုပ်ကိုင်ခွင့်ရပါက ဟန်းဆက်အပါအဝင် ဖုန်းကတ်များကို ဒေါ်လာ ၁ဝအောက် (ကျပ် ၁ဝဝဝဝ ဝန်းကျင်) ဖြင့် ရောင်းချမည်ဖြစ်သည်ဟု ဇွန် ၁၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်း ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dato Sri Jamuladin Ibrahim က ပြောသည်။
ယင်းကုမ္ပဏီမှာ မိုဘိုင်းအော်ပရေတာ လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသော ကုမ္ပဏီ ၁၁ခုထဲတွင် ပါဝင် သည့် ကုမ္ပဏီဖြစ်ပြီး အာရှဒေသရှိ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းကုမ္ပဏီအနေဖြင့် လုပ်ခွင့်ရပါက ဝယ်ယူအသုံးပြုသူများကို တစ်လလျှင် တစ်ဒေါ်လာ (ကျပ် ၉ဝဝ မှ ၁ဝဝဝ ဝန်းကျင်) ဖိုး ဖုန်းအခမဲ့ပြောနိုင်ခွင့်ဝန်ဆောင်မှုအား ပေးသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြော သည်။
Axiata ၏ အမှုဆောင်အရာရှိချုပ်က ''ကျွန်တော်တို့ကုမ္ပဏီက နိုင်ငံပေါင်းကိုးနိုင်ငံမှာ လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေပြီး လူပေါင်း ၂၁၅သန်းကျော်ဟာ Axiata ရဲ့ဝန်ဆောင်မှုတွေကို
နှစ်ခြိုက်စွာ သုံးစွဲနေ ပါတယ်။ ဒေသတွင်းလူပေါင်း ၂ဝဝဝဝကျော် အတွက်လည်း အလုပ်အကိုင်အခွင့် အလမ်း တွေ ဖန်တီးပေးထားပါတယ်''ဟု ပြောကြားသည်။
Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11994--------axiata-.html
အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး
မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများအပေါ် အကြမ်း ဖက် တရားခံများအား ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက် ပြောဆို သွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြောဆို လိုက်သည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြား ရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး
ဒေါ်ဝင်းမော်ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁ ရက် ညနေတွင် မလေးရှားသို့ ထွက်ခွာသွားပြီလည်း ဖြစ်သည်။
''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။ လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။ ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။ ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏ ပြောဆိုချက်ကို
နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။
မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်း ၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အရ နှစ်ဖက်အစိုးရဆွေးနွေးပြီး ဆောင်ရွက်ရမည်ဟုလည်း ဒုဝန်ကြီး ဦးဇင်ယော် က
ပြောဆိုခဲ့သည်။
မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်းလည်း မလေးရှားရှိ မြန်မာဘုန်းတော်ကြီး ဦးဣန္ဓကက မဇ္ဈိမသို့ အတည် ပြု ပြောဆိုသည်။
ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် မြန်မာအလုပ်သမား ပေါင်း ၂ဝ ခန့် ရှိနေပြီး ၎င်းတို့မှာ အဝတ်အစားအခက်အခဲရှိကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။
''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့ အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။ ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်း မြန်မာသံရုံးသို့ သတင်းပေးပို့သည်ဟု
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံတွင် ပြောဆိုခဲ့သော်လည်း
မြန်မာနိုင်ငံ သား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
Credit : http://www.mizzimaburmese.com/news/regional/11982-2013-06-11-23-27-00.html
မွန်ပြည်နယ်မှ မြေသိမ်းမှုများ စုံစမ်းရေးကော်မရှင် စတင်စစ်ဆေးနေပြီ
မွန်ပြည်နယ်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့် ပတ်သက်ပြီး လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က စတင်ကွင်းဆင်း စစ်ဆေးနေပြီဖြစ်သည်။
မွန်ပြည်နယ်မှ စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းထားသည့် မြေသိမ်းခံရမှု ၁ဝဝ ကျော်ရှိသည့်အနက် ပထမဆုံးအကြိမ် စစ်ဆေးမှုအဖြစ် အမှုခုနစ်ခုကို မော်လမြိုင်တွင် ဇွန်လ ၁ဝ ရက်က စစ်ဆေးခဲ့သည်။
''အားလုံး တစ်ခါတည်းစစ်ဆေးဖို့က မလွယ်ဘူး။ အခု ကျွန်တော်တို့ကို တိုင်လာတဲ့အမှုတွဲ ခုနစ်ခုကို စစစ်မှာဖြစ်တယ်။
အဲဒီအမှုတွဲ ခုနစ်ခုမှာ တပ်မတော်နဲ့ဆိုင်တဲ့ အမှုတွဲလေးခုပါတယ်'' ဟု မွန်ပြည်နယ် မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ခေါင်းဆောင် ဦးဌေးဝင်းက ပြောသည်။
ကော်မရှင်က ကွင်းဆင်းစစ်ဆေးရာတွင် ပထမဦးဆုံးအနေဖြင့် တပ်မတော်က ကုတင် ၃ဝဝ တပ်ဆေးရုံ
တည်ဆောက်မည်ဟုဆိုပြီး မော်လမြိုင်မြို့ရှိ ပြည်သူပိုင်မြေများကို လျော်ကြေးတစ်စုံတစ်ရာ ပေးဆောင်ခြင်းမရှိဘဲ ၁၉၉၆ ဝန်းကျင်ခန့်က သိမ်းဆည်းခဲ့မှုနှင့် ပတ်သက်ပြီး တိုင်တန်းချက်ကို စတင်စစ်ဆေးခဲ့သည်။
လယ်မြေ နှစ်ဧကခွဲခန့် အသိမ်းခံခဲ့ရသည့် ဒေါ်နွယ်နွယ်တင်က ''ဆေးရုံလည်း ခုထိမဆောက်ဖြစ်ဘူး တခြားနေရာမှာ
ဆောက်လိုက်တယ်။ မြေကလည်း ခုထိ မြေလွတ်ပဲဖြစ်နေတာ။ ဒါကြောင့် ကျွန်မတို့မြေကို ကျွန်မတို့ပြန်ရဖို့ပါ။ အခု ဒီအဖွဲ့နဲ့ တိုက်ရိုက်တွေ့ရတော့ ပိုကောင်းတာပေါ့'' ဟု ပြောသည်။
ကော်မရှင်အနေဖြင့် မော်လမြိုင်မြို့နယ်မှ မြေသိမ်းမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သလို ဇွန်လ ၁၁ ရက်တွင်
ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်ခွဲအတွင်း စစ်တပ်မှ သိမ်းဆည်းထားသည့် အမှုတွဲ
နှစ်ခုကိုလည်း စစ်ဆေးခဲ့သေးသည်။ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းပေးထား သည့် မြေသိမ်းမှု စုံစမ်းရေးကော်မရှင်၏ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း အတွက် မြေယာစုံစမ်းရေးကော်မရှင်ခွဲတွင် ဦးဌေးဝင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး၊
ဒေါ်မိမြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဦးစိုင်းသန်းနိုင် နှင့် ဦးဝင်းဦးတို့ ပါဝင်ကြသည်။ မြေသိမ်းခံရမှု စုံစမ်းရေး
ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်တွင် ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက အဖွဲ့ဝင် ၆ဝ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ စစ်ဆေးလျှက်ရှိသည်။
Credit : http://www.mizzimaburmese.com/news/inside-burma/11984-2013-06-12-00-21-27.html
ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ သယ်ဆောင်နိုင်သည့် ဆင်းမ်ကတ်များ ချထားပေးမည်ဟု Sing Tel ပြော
စင်ကာပူအခြေစိုက် Singapore Teleco mmunications Limited(SingTel) က မြန်မာ နိုင်ငံတွင်
အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပါက စတင်ရောင်းချစဉ်ကပင် ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ ယူဆောင် အသုံးပြုနိုင်မည် Roaming (ဖုန်းနံပါတ်မပြောင်းဘဲ ပြည်ပနိုင်ငံများသို့ သယ် ဆောင်အသုံးပြုနိုင်သည့်) စနစ် ပါရှိသည့် ဆင်းမ်ကတ်များကို ရောင်းချသွားမည်ဟု အမှု ဆောင်အရာရှိချုပ် Mr.Mark Chong က ပြောသည်။
နောက်ပိုင်းတွင် နိုင်ငံပေါင်း ၄ဝဝ ကျော်အထိ သယ်ဆောင်အသုံးပြုနိုင်မည် ဖြစ်သည်ဟုလည်း ၎င်းးက ဆိုသည်။ Mr.Mark Chong က ''အော်ပရေတာရရှိလို့ ဆင်းမ်ကတ်တွေ ရောင်းချတဲ့နေရာမှာ Roaming Service ပါတဲ့ ဆင်းကတ်တွေကို ရောင်းချသွားမှာပါ။ နိုင်ငံတကာက အော်ပရေတာပေါင်း ၄ဝဝ ကျော်က Roamings စနစ်တွေ အသုံးပြုနိုင်ဖို့ ဆွေးနွေးထားတာတွေရှိတယ်။ လောလောဆယ်တော့ နိုင်ငံပေါင်း ၁၂နိုင်ငံကို ယူဆောင်အသုံးပြု နိုင်မှာပါ'' ဟု ပြောသည်။
SingTel သည် မြန်မာနိုင်ငံတွင် မိုဘိုင်းအော်ပရေတာနှစ်ခု ထပ်မံရွေးချယ်ရန်အတွက် နောက်ဆုံး တင်ဒါတင် ထားသည့် ပြည်ပကုမ္ပဏီ ၁၁ ခုတွင် ပါဝင်နေပြီး မြန်မာနိုင်ငံရှိ ကမ္ဘောဇလုပ်ငန်းစု၊ Myanmar Telephone Company (M Tel) တို့နှင့် ပူးပေါင်းထားသည်။ မိုဘိုင်းကွန်ရက်တည်ဆောက်ရာတွင်လည်း 3G စနစ် ကွန်ရက်များကို စတင်အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါစနစ်တွင် 4G သို့ အချိန်မရွေး အဆင့်မြှင့် တင်နိုင်သည့် နည်းပညာများ ထည့်သွင်းအသုံးပြုထားသည်ဟု ဆိုသည်။
M Tel ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျွန်နသန်မျိုးကျော်သောင်းက ''မိုဘိုင်းကွန်ရက်က 3G နဲ့စမှာ။ ဒါပေမဲ့ ဒီဇိုင်းထုတ်ထားတာက 4G ကို အဆင့်မြှင့်တင်လို့ရမယ့် နည်းပညာ တွေပါမယ်။ အခုအချိန်
မြန်မာပြည်ဈေးကွက်မှာ 4G သုံးလို့ရမယ့်ဖုန်းက i phone 5 နဲ့ iPhone 4s ပဲရှိမယ်။ ဒါကြောင့် ပြည်သူလူထု အများဆုံး သုံးလို့ရမယ့် Network ကို သုံးတာ ဖြစ်ပါတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။
အော်ပရေတာလုပ်ပိုင်ခွင့်ရရှိပါက သုံးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ ၉၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်စေရန် ဆောင်ရွက်သွား မည်ဟု ဆိုသည်။ SingTel အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သည့်အခါ အသုံးပြုသည့်နည်းပညာများမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နည်းပညာများထက် ပိုမိုကောင်းမွန်မည်ဟုလည်း ဆိုသည်။
Credit : http://www.mizzimaburmese.com/news/business/11992--sing-tel-.html
မလေးရှားမှ မြန်မာများအတွက် IGE Group နှင့် UAB ဘဏ်တို့မှ ကနဦးအလှူငွေ ဒေါ်လာငါးသောင်းပေးလှူသွားမည့်အပြင် အလုပ်အကိုင်ပါ ဖန်တီးပေးမည်

မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ပါက အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် UAB ဘဏ်မှ အမေရိကန်ဒေါ်လာငါးသောင်းအား ကနဦး အလှူငွေ အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း UAB ဘဏ်မှ ဒါရိုက်တာဖြစ်သူ ဦးသန်းဝင်းဆွေမှ ပြော ကြားခဲ့သည်။
၎င်းမှ မလေးရှားနိုင်ငံက ဒုက္ခရောက်ပြီးပြန်လာတဲ့ မြန်မာလူမျိုးတွေ လိုအပ်တဲ့အခက်အခဲတွေ ဖြေရှင်းပေး ဖို့အတွက် ကနဦးအလှူငွေ ဒေါ်လာငါးသောင်း အသုံးပြုသွားပါမယ်။ ဒါ့အပြင် မြန်မာပြည်ပြန်ရောက်လျှင် အလုပ်အကိုင် အစဉ်ပြေစေဖို့ IGE Group UAB ဘဏ်ခွဲတို့ရဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ၀န်ထမ်း လစ်လပ်နေရာတွေကို ဦးစားပေးခန့်အပ် သွားမှာဖြစ်ပါ တယ်။ ပြန်လာတဲ့မြန်မာလူမျိုးတွေကူညီဖို့အတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားပြီး ငွေကြေးလည်း ထပ်မံလှူဒါန်းသွားမှာဖြစ်ပါတယ်ဟု ပြောဆိုသွားသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက်ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံသား တို့အား မြန်မာ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ IGE Group မှ ဦးနေအောင်တို့က ငွေကြေးအများ အပြားလှူဒါန်းခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြကြောင်း သိရှိရသည်။ သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း Eleven Media Group အွန်လိုင်းသတင်းစာမျက်နှာ တွင် ဖော်ပြထားသည်။
သိမ်းထားတဲ့ လယ်ထဲက ဧက ၈၀ ပြန်ပေးတဲ့ အတွက် ဗလိပေါက်ရွာသားများ ထွန်တုံးတိုက်ပွဲ မဆင်နွှဲတော့ဟုဆို

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲ ပေါက်) ကျေးရွာသားများ အနေဖြင့် စစ်တပ်က သိမ်းယူသွားသော လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် ဆင်နွဲရန် စီစဉ်ထားသည့် ထွန်းတုံး တိုက်ပွဲကို စစ်တပ်က လယ်ဧက ၈၀ ကိုပြန်ပေး သဖြင့် မပြုလုပ်တော့ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
မင်းပြားမြို့နယ် ဗလိပေါက် အုပ်စုရှိ ဗလိပေါက် နှင့် တုတ်ပင်လယ် ကျေးရွာသစ်မှာ ရွာသား ၂၀၀ ခန့် ပိုင်ဆိုင်သော လယ်မြေဧက ၄၃၂ ဧကို ကျောက်တော်မြို့နယ် အခြေစိုက် စကခ တပ်မ (၉) လွန်ခဲ့သော ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့သည်။
အဆိုပါ လယ်မြေများကို ပြန်လည် ရရှိရန် အတွက် ရွာသားများက ယခုလ အတွင်း ထွန်တုံး တိုက်ပွဲ ဆင်နွှဲရန် စီစဉ်ခဲ့သည်ဟု သိရသည်။
“ အခုကတော့ စစ်တပ်က လယ်သမား ၄၀ အတွက် လယ်ဧက ၈၀ ကို ပြန်ပေးတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ပေးတဲ့လယ်တွေ ပေါ်မှာ လုပ်ကိုင်စားသောက်မှာ ဖြစ်ပြီး ထွန်းတုံး တိုက်ပွဲ အစီအစဉ်ကို မလုပ်ကြတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပြင် ဗိုလ်မှူးကြီး စောရွှေတို့ အဖွဲ့ ရွာကို လာစစ်တုန်းကလည်း ဒီလယ်မြေတွေကို ရွာသားတွေ ပြန်ရအောင် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လိုင်ဆီမှာ တင်ပြသွားမယ်လို့ ပြောပါတယ်” ဟု ဗလိပေါက် ရွာသား တစ်ဦးက ပြောသည်။
ဗိုလ်မှူးကြီး စောရွှေမှာ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် တစ်ခြား မြေများ သိမ်းဆည်းမူ စုံစမ်းရေး ကော်မရှင်မှ ရခိုင်ပြည်နယ် တာဝန်ခံ ဖြစ်သည်။
သို့အတွက် ကျန်ရှိနေသော လယ်မြေများကိုလည်း စစ်တပ်က ပြန်လည် ပေးအပ်လိမ့်မည်ဟု မျှော်လင့် နေကြောင်း သူက ပြောသည်။
“ အခု လယ်ဧက ၃၅၀ ကျော် ကျန်နေပါသေးတယ်။ ကျန်တဲ့ လယ်တွေကိုလည်း ရွာသားတွေက နောက် နှစ်မှာ ပြန်လည် ရရှိနိုင်ပါတယ်။ ဒီနှစ်မှာတော့ ကျန်တဲ့ လယ်တွေကို စစ်တပ်က လုပ်ကိုင်မယ်လို့ ပြောပါတယ်။ ဒီနှစ် သီးစားလည်း မချဘူးလို့ ပြောပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် စစ်တပ်၏ မြေယာ အများဆုံး အသိမ်းခံရသော ပြည်နယ် ဖြစ်သည်။ အသိမ်းခံရသည့် မြေများထဲတွင် လယ်စိုက်ပျိုးနေသည့်မြေများ၊ ဥယာဉ်များ၊ ဓနိတောများ၊ ပုဇွန်ကန်များလည်း ပါဝင်သည်ဟု သိရသည်။
Credit : http://abbsoluteright.blogspot.com/2013/06/blog-post_2751.html
အပစ်ရပ် စောင့်ကြည့်ရေးကော်မတီ ဖွဲ့ဖို့ သဘောတူ

မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးဦး ယွက်ဆစ်တို့ မနေ့က နေပြည်တော်မှာတွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အပစ် အခတ် ရပ်စဲ စောင့်ကြည့်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။
တွေ့ဆုံ ဆွေးနွှေးပွဲမှာ ဆွေးနွေး ခဲ့တာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး စင်တာရဲ့ အထူး အကြံပေး တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။
ဆွေးနွေး တာတော့ အချက်အလက်တွေ အများကြီး ဆွေးနွေးပါတယ်၊ ပဋိပက္ခတွေလျော့ချရေး နောက် တပ်နေရာတွေ သတ်မှတ်ပေးရေး၊ နောက် IDP ကိစ္စ ၊ အ ပစ် အ ခတ် စောင့် ကြည့် ရေး ကော်မတီ တွေကိစ္စ အဲဒီဟာ တွေအပြင် ရပ်ရွာ ပြည်သူလူထုတွေ အေးချမ်း သာယာရေးကိစ္စ၊ လမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေး အဲဒါတွေ အများကြီး ကျနော်တို့ ဆွေးနွေးပါတယ်။
့ဆွေးနွေးပွဲမှာ အပစ်အခတ် စောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းဖို့ ကိစ္စကို သမ္မတက သဘောတူခဲ့တယ်လို့ ဦးလှမောင်ရွှေက အခုလိုဆက်ပြောပါတယ်။
Ceasefire ပေါ့နော် monitoring လိုဟာမျိုးတွေ၊ ဒီဟာကို သမတကလည်း သဘောတူတယ်၊ နောက် သမတ ဘက်ကလည်း Road map ပေါ့နော် အဲဒီ Road map ကိုလည်းရှင်းပြခဲ့တယ်၊ ရှမ်း ဘက်ကလည်း သူတို့အနေနဲ့ အရင်တုန်းကသူတို့ရဲ့အခွင့်အရေးတွေအတွက်လက်နက်ကိုင်ပြီး တော့ တော်လှန်ခဲ့ပေမဲ့ ခုချိန်မှာတော့ သမတဖိတ်ခေါ်တယ်၊ စားပွဲဝိုင်းမှာဆွေးနွေးပြီးတော့ ပြဿ နာ တွေကိုဖြေရှင်းပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စုကို သွားပြီး သူတို့ရဲ့တပ်တွေကိုလည်း နောင် သော အခါမှာ ပြည်ထောင်စု တပ်လိုဟာမျိုးတွေ ပေါင်းစည်းဖို့ သူတို့ လည်း ရည်မှန်းတယ်ဆိုတာ ပြောပါတယ်။
ဆွေးနွေးပွဲတွေ မစခင်မှာတော့ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဦးရွက်စစ်က သမ္မတ ဦးသိန်းစိန်ကို ဗုဒ္စရုပ်ပွား တော်တဆူနဲ့ ရှမ်းရိုးရာဝတ်စုံကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
အစည်းဝေးအပြီးမှာတော့ ရှမ်းပြည် တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဦးယွက်ဆစ်က သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ၁၁ဦးနဲ့ ဒုဝန်ကြီး ၄ဦး ပါတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့တွေနဲ့ RCSS ခေါင်း ဆောင်တွေရဲ့ ဆွေးနွေးပွဲကို ဒီကနေ့မှာ ဆက်လက် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
မနေ့က ကျင်းပတဲ့ ဆွးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိမ်း၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဒုဝန်ကြီးဦးရဲထွဋ်နဲ့ ငြိမ်းချမ်းရေး အကျိုး တော်ဆောင်တွေ ပါဝင် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်ပေါင်ခေးနဲ့ အဖွဲ့ဝင်တွေပါဝင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
RCSS အဖွဲ့ရဲ့ ပြည်တွင်းခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့သိရပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အနေနဲ့ ဇွန်လအတွင်းမှာ KNPP ၊ KNU ၊ KIO ၊ UNFC အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ရှိနေတယ်လို့ ဦးလှမောင်ရွှေ က ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက်မြတ်မိုးက သတင်းပေး ပို့ထားပါတယ်။
Credit : http://abbsoluteright.blogspot.com/2013/06/blog-post_6428.html
ဒေါ်စုက ဘာလဲ ????

လက်ပံတောင်းတောင် မှာ မီးခိုးဗုံးကြောင့် မီးလောင် ထိခိုက် ဒါဏ်ရာရတဲ့ လူနာတွေကို ဒေါ်စု သွားအားပေးတယ် သွား ကြည့်တယ် ။
ဟုတ်ပြီ ဒါဆို ဒေါ်စုက ပြည်သူ့တွေကို ရင်နင့်သားလိုချစ်တာပေါ့ ။
ဒါဆို ....
မသီတာထွေး ... ???
ဝမ်းနည်းကြောင်း ၁ ခွန်း မထွက်ဘူး ။
ဦးသောဘိတ ... ???
စကားထဲတောင် ထည့်မပြောဘူး ။
မအေးအေးဝင်း ... ???
မီးလောင် ဒါဏ်ရာပါ မီးရှို့ခံရတာပါ ။ သွားကို မကြည့်တာ ။
မလေးရှားက ပြည်သူတွေ .... ???
စကားထဲထည့်ပြောဖို့ နေနေသာသာ မဲဆွယ်မပျက် တရားဟောလျှက်ပဲ ။
ဒေါ်စု ဘာလဲ ၊ ဘယ်လဲ ... ။
အစိုးရနဲ့ ပြည်သူကြားမှာ အနည်းငယ် နားလည်မှုလွဲရင် ၀င်ပါပြီး ။
အစိုးရမဟုတ်တဲ့ အခြားသူတို့နဲ့ ပြဿနာ ဖြစ်ရင် ပါဝင် ဆောင်ရွက်ဖို့ မဆိုလေနှင့် ဘာမှ မဖြစ်သည့် အလားပဲ စကားစမြည် ၁ လုံး မထွက်ဘူး ။
ဒါဆိုရင်တော့ ဒေါ်စုဟာ အစိုးရနဲ့ ပြည်သူကြားက နားလည်မှုလွဲရင် ဖျာဝင်ခင်းပြီး ၊ အစိုးရနဲ့ မဟုတ်တဲ့ ကိစ္စတွေမှာ ဒေါ်စုဟာ မသိချင်ယောင်ဆောင်တာ ဘာသဘောပါလိမ့် ။
လူမှုရေး အရလား ၊ ပုဂ္ဂိုလ်ရေး အရလား ။
ဒါမှ မဟုတ် ပြည်သူတွေ စီက မေတ္တာကို အစိုးရနဲ့ ခုတုံးလုပ်ပြီး ရယူနေတာလား ။
ဒေါ်စုကြည် ဟာ ...
ယဉ်ယဉ်လေး ရူးနေတဲ့ သမ္မတရူးလား ။
အာဏရဖို့ ငါလုပ်ချင်တာ လုပ်ဖို့ အတွက် ပြည်သူတွေကို အသုံးချနေတာလား ။
????????????????????????????????????
၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး

ရခိုင်နှစ်ကြိမ် ဂျီ်ဟတ်အလုပ်ခံရလို့ တစ်တိုင်းပြည်လုံးနာကျည်းနေတာ ၉၆၉ က အနာကျက်အောင်သာ လုပ်တာဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ကာကွယ်ဖို့သာ ဟောပြော ညွှန်ပြတာပါ။
၇၈၆ ပေါ်တာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၇၈၆ ကို မနာလို တိုရှည်လည်း မဖြစ်ခဲ့ဘူး။ ကြက်ခြေခတ် ရှုတ်ချ တာလည်း မလုပ်ခဲ့ဘူး။ ဖျက်လိုဖျက်ဆီးလည်း မလုပ်ခဲ့ဘူး။
ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကာကွယ်ဖို့အတွက် ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်တာ လူ့အခွင့် အရေးကို မထိခိုက်ပါဘူး။
၇၈၆ မှာဘဲဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၁၀)နှစ် လောက်ဘဲ ရှိသေးတယ်။ ခွဲခြားဆက်ဆံတယ်ထင်ရင် အရင်ပြဋ္ဌာန်းသူမှာဘဲ တာဝန်ရှိတယ်ဗျ။
( ဆရာတော် အရှင် ဦးဝီရသူ )
သြစတြေးလျ မှ PHOTOGRAPHER Mr. NICOLAS နှင့် အီတလီမှ PHOTO JOURNALIST, VIDEO GRAPH ER Mr. THOMAS နှင့် အင်တာဗျူး အစီအစဉ် မှ
From: wirathu
ကုလားကို အကာအကွယ်ပေးသည့်အတွက် Nld ပါတီဝင်များမှ အစ ဒေါ်စုအား မုန်းတီးနေ

'ပြည်သူတွေအတွက် ကျွန်မကို လိုအပ်ရင် အသုံးချလိုက်ပါ' ဆိုတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် ပြည် သူတွေ တကယ်လိုအပ်နေတဲ့အချိန်၊ တကယ်တောင့်တနေတဲ့ အချိန် ကျတော့ အသုံးချဖို့မပြောနဲ့။ စာနာ စကားလေး တစ်ခွန်းကိုတောင် အလ ကားရတဲ့ လေကိုသုံးပြီး မပြောနိုင်တာ စိတ်ပျက် ဖို့ ကောင်း လှပါတယ်။
တကယ်တော့ မလေးရှားက ဒုက္ခ ရောက်မြန်မာတွေ မျှော်လင့်တာက ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့၊ မလေးရှားနိုင်ငံ အစိုးရကို ဖိအားပေးဖို့...ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ ဒါတွေက အစိုးရရဲ့ တာဝန်တွေ ဆိုတာကို နားလည်ပြီးသားပါ။ သူတို့ မျှော်လင့်နေတာက 'ကျွန်မကလည်း ပြည်သူတွေကို ချစ်ပါတယ်' ပြော ခဲ့သလိုမျိုး 'မလေးရှားက မြန်မာတွေကို စာနာမိပါတယ်' ဆိုတဲ့ စကားတစ်ခွန်းပြော ရုံလေးပါ။
တကယ်တော့ ဒီခေါင်းရှောင်ကြီးရဲ့ နှုတ်ထွက်စကားကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက မလေးရှားမှ မြန်မာများ အသတ်ခံရမှုကို သတိမူမိပြီး မလေးရှားအစိုးရကို ဖိအားပေးမှာကိုလ ည်း မျှော်လင့် မိနေတာလည်း ပါတာပေါ့လေ။ "ငါဝင်မပြောသ၍ မြန်မာအစိုးရ လုပ်ပုံ အိုးနင်းခွက်နင်း ဖြစ်နေမှာပဲ။ ဒီတော့ မြန်မာတွေ သေပေ့စေဦး။ မပြောဘူး" လို့များ အစိုးရကို ပညာပေးချင်တာနဲ့ မြန်မာတွေ အသက်ကို လစ်လျူရှုပြီး ဈေးကိုင်နေသလား။ ဒါမှမဟုတ်ရင် "ငါပြောလိုက်လို့ အမေရိကန် ဝင်ပါလာရင် အမှန်သိပြီး ငါ့ဒူးမနာသား မွတ်ဆလင်တွေကို ထောင်းမှာ အမှန်ပဲ။ ဒီတော့ မပြောတာ ကောင်းတယ်" ဆိုပြီး သူ့မနာသား မွတ်ဆလင်တွေကို ထိခိုက်မှာစိုးလို့ မြန်မာတွေသေသေ ပစ်ထားတာ လား။ မှန်းဆရုံမျှသာပါ။ အဖြေမှန်ကတော့ ကာယကံရှင်မှသာ သိပါမယ်။
အခုအချိန်မှာ မလေးရှားက ဒုက္ခရောက်မြန်မာများအတွက် ခရိုနီနာမည်တွင်ခဲ့တဲ့ နာမည်ကျော် သူဌေးကြီးတွေ အကူအညီတွေ လှိုင်လှိုင်ပေးကြတာကို တွေ့ရပါတယ်။ သာဓု..သာဓု..သာဓု ပါ။ ဒါနဲ့ တဆက်တည်း တွေးမိတာက အထက်က ခေါင်းရှောင်ကြီးအနေနှင့် စာနာစကားတော့ မပြောတော့ဘူး။ ဒါပေမယ့် အရင်တုန်းက လုပ်ခဲ့သလိုမျိုး နာမည်ကျော် ခရိုနီသူဌေးကြီး၊ နာမည်ကျော် ခရိုနီ မီဒီယာကြီးနှင့် စည်းဝါးကိုက်ပြီး အင်္ကျီဆွယ်တာလေး တစ်ထည် နှစ်ထည်ကို သိန်းထောင်ချီနှင့် ရောင်းပြီး မလေးရှားက မြန်မာဒုက္ခရောက်သူ ပြည်သူများကိုလည်း ကူ၊ ကိုယ်ကလည်း ပြည်သူ့ထောက်ခံမှု ရယူ။ ဒီလိုများ လုပ်လေမလားလို့ မျှော်လင့်မိတာပါ။ ဒါပေမယ့် အရိပ်အယောင်လေးမမြင်ရသလို အသံလေးဘာလေး လည်း မကြားရသေးပါဘူး။
ဘာပဲဖြစ်ဖြစ် မလေးရှားမှ မြန်မာပြည်သူတွေကတော့ ဒုက္ခနှင့် နဖူးတွေ့ဒူးတွေ့နေတဲ့ ကြားမှာ မလာ နိုင်မှန်းသိတဲ့ စာနာစကားလေးတစ်ခွန်းကို မဖြစ်နိုင်မှန်းသိလျက်နှင့် လာလိုလာငြား မျှော် လင့်ဆဲ ဖြစ် ပါတယ်။
From: Myo Min Thant
အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူများကိုဆုချီးမြှင့်မည်
အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သူ
၉၉ ဦးကို မနက်ဖြန်တွင် မြစ်ကြီးနားမြို့တော်ခန်းမ၌ ဆုချီးမြှင့်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ပါမောက္ခ ဒေါ်ဘောက်ဂျာက ပြောသည်။
ဒုက္ခသည်စခန်းများ၌ ဂုဏ်ထူးထွက်မှုနှင့် အောင်ချက်ရာခိုင်နှုန်း တိုး တက်လာခဲ့ဟုလည်း ၄င်က ဆိုသည်။ထိုအတူကချင်ပြည်နယ် တစ်ခု လုံးတွင်လည်း ယခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ် ကထက်စာလျှင် တိုးတက်လာသည်။
၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ကချင်၌ ၂ဝ၈၄၅ ဦးရောက်ဖြေဆိုရာ ၄၃ ဒသမ ၇၉ရာခိုင်နှုန်းအောင်မြင်
ခဲ့ သည်။ ဂုဏ်ထူးရရှိသူ ၂၁၈၇ ဦး ထွက် ပေါ်ခဲ့သည်။
ထိုထဲမှ စစ်ရှောင်ကလေး၂၂ဦးမှာ ဂုဏ်ထူးရရှိခဲ့သည်ဟု ၀န်ကြီးကဆိုသည်။
ကချင်စစ်ရှောင် စခန်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူ ၉၉ ဦးကို တစ်ဦးလျှင်ကျပ်တစ်သောင်းဆုချီးမြှင့်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးပါမောက္ခ ဒေါ်ဘောက်ဂျာက ပြောသည်။
Popular Myanmar News Journal
ကျောက်မျက်ပြပွဲ တက်ရောက်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ၃၀၀၀ ကျော်အထိ မှတ်ပုံတင်ထားပြီး အီးယူကုန်သည်များ မှတ်ပုံတင်ရန် စတင်စီစဉ်

နေပြည်တော်တွင် ၁၃ ရက်ကြာ ကျင်းပမည့် အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ဇွန် ၁၀ ရက်အထိ စာရင်းအရပင် ပြည်တွင်းပြည်ပမှ ကျောက်မျက် လုပ်ငန်း ရှင်
aပါင်း ၃၀၀၀ ကျော်အထိ မှတ်ပုံတင် ထားပြီး ယခုနှစ်တွင် နိုင်ငံတကာ ကျောက်မျက် ကုန်သည် များပြားစွာ လာရောက်မည်ဟု သိရ သည်။
ကျင်းပရန် ငါးရက်လိုသေးသည့် အချိန်တွင် ကျောက်မျက်ကုန်သည်ပေါင်း ၃၀၀၀ ကျော်အထိ မှတ်ပုံတင် ထားပြီး ဖြစ်သည့်အတွက်လည်း ယခုနှစ် ကျောက်မျက်ပြပွဲမှာ နိုင်ငံတကာ ကုန်သည် အများအပြား လာ
ရောက်မည့် ပြပွဲဖြစ်လာမည်ဟု သုံးသပ် ရခြင်း ဖြစ်ကြောင်း ကျောက်မျက်ရတနာပြပွဲ တာဝန်ရှိသူက ဆို သည်။
အီးယူနိုင်ငံများမှ ကုန်သည်များလည်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် ယခု အခါ အေးဂျင့်များမှတစ်ဆင့် မှတ်ပုံတင်ရန် စတင်စုံစမ်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
"အီးယူ ကုန်သည်တွေက အေးဂျင့်တွေကနေ တစ်ဆင့် စပြီးစုံစမ်း စီစဉ်နေပြီ။ ပြပွဲက လိုသေးတယ်။ ဒါပေမဲ့ လာပြီးမှတ်ပုံတင်ထားတာ ၃၀၀၀ ကျော် အဲဒီမှာ ပြည်ပ လုပ်ငန်းရှင်ကလည်း အများအပြား ပါတယ်။ ဒီပွဲက ပြည်ပကုန်သည် လာတာ တော်တော်များမယ့်ပွဲ ဖြစ်လိမ့်မယ်" ဟု ပြပွဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အရှေ့တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှ လာရောက်မည်ဖြစ်
ပြီး စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီး ဖြစ်သည့်အတွက် ဥရောပ နိုင်ငံများမှ လာရောက်ရန် စီစဉ်နေကြောင်း သိရသည်။
အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲတွင် ပြသရောင်းချရန် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀၀ ၀န်းကျင်၊ ကျောက်မျက်အတွဲပေါင်း ၃၀၀ ၀န်းကျင်နှင့် ပုလဲအတွဲပေါင်း ၂၅၅ တွဲအထိ ပြသရောင်း ချ သွားမည်ဟု သိရသည်။
တရုတ် အပါအ၀င် အာရှနိုင်ငံများမှ ကျောက်စိမ်းအား အဓိက ၀ယ်ယူပြီး ဥရောပ နိုင်ငံများမှ ကျောက်မျက် ကို ပို၍စိတ်ဝင်စားကြောင်း၊ ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ ၁၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေး နှစ်အလိုက် မြန်မာ့ကျောက်စိမ်း ထုတ်လုပ်မှု ပမာဏ နှိုင်းယှဉ်ချက် ဇယား
ဘဏ္ဍာရေးနှစ် ကျောက်စိမ်း(kg)
၂၀၀၆-၂၀၀၇ ၂၀၄၅၈၂၇၉
၂၀၀၇-၂၀၀၈ ၂၀၂၃၅၀၃၀
၂၀၀၈-၂၀၀၉ ၃၂၉၂၁၅၄၂
၂၀၀၉-၂၀၁၀ ၂၅၇၉၅၄၁၅
၂၀၁၀-၂၀၁၁ ၄၆၈၁၀၁၂၀
၂၀၁၁-၂၀၁၂ ၄၃၁၈၅၃၃၉
Eleven Media Group
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများမှာ အာဏာရှင် စနစ်အား လက်မလွှတ် လိုသူများ၏ ကြိုးပမ်းမှုကြောင့်ဟု ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင်များ ပြောကြား

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ များမှာ အာဏာရှင် စနစ်အား လက်မလွှတ် လိုသူ များ ၏ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြံရွယ်မှုများ ဖြစ်ကြောင်း ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင် များက ပြော
ကြားသည်။
အဆိုပါ ပြောကြားချက်အား ဇွန် ၁၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ သည့် ဗုဒ္ဓ ဘာသာနှင့် အကြမ်းမဖက်မှု ဆွေး နွေးပွဲတွင် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင် စနစ်မှ ဒီမိုကရေစီ နိုင်ငံစနစ်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံများအား ကိုးကား၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းတဲ့အခါမှာ အာဏာရှင် စနစ်ကို လက်မလွှတ် ချင်တဲ့ လူတွေက ဘာသာရေးနဲ့ အမျိုးသားရေး ၀ါဒကိုသုံးပြီး အာဏာရှင် စနစ်ကို ဆက်လက်တည်မြဲဖို့ လုပ်
ဆာင်လေ့ ရှိတယ်။ ဘော့စနီးယား ယူဂိုဆလားဗီးယားမှာဆိုရင် အစွန်းရောက်သူတွေနဲ့ ပူးပေါင်းပြီး အကြောက်တရားနဲ့ ဒေါသပတ်ဝန်းကျင်ကို ဖန်တီးလေ့ ရှိတယ်" ဟု Mr. Igor Blazevic က ပြောကြား သည်။
အာဏာရှင် စနစ်အား လက်မလွှတ်လိုသူများ အနေဖြင့် ဒီမိုကရေစီ စနစ်အရ ဘာသာရေးနှင့် အမျိုးသား
ရေး ၀ါဒအား အသုံးပြုပြီး အကြောက်တရားနှင့် ဒေါသပတ်ဝန်းကျင်ကို ဖန်တီးကာ လူအများအား စည်းရုံး
သော်လည်း ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန် မလုံလောက်သဖြင့် မုဒိမ်းမှုကဲ့သို့သော အကြမ်းဖက်မှု များအား သင်တန်းပေါင်းစုံနှင့် ပို့ချ၍ အမျိုးသားရေး မူဝါဒ ပြင်းထန်သူများအား ဆွေးနွေးစေကာ ပုံမှန်ဖြစ် ပွား မှုများထက် အဆပေါင်းများစွာ ကြီးထွားစေရန် ရည်ရွယ်လုပ်ဆောင်မှုများ ရှိနေကြောင်းလည်း Mr.Igor Blazevic က ပြောကြားသည်။
မြန်မာနိုင်ငံတွင်လည်း လက်ရှိဖြစ်ပွားနေသည့် ပြဿနာများမှာ ရခိုင်အမျိုးသမီးငယ် မသီတာထွေးအား ဘာသာခြားများမှ အဓမ္မပြုကျင့်၍ သတ်ရာမှ အစပြုခဲ့ပြီး မိတ္ထီလာ ပဋိပက္ခ၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၊ ပဲခူးတိုင်းဒေသကြီး စသည့်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ လူပေါင်း များစွာ သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်များတွင် ဒေသခံ မဟုတ်သူများက ဦးဆောင်လှုံ့ဆော် ခဲ့သဖြင့် ပြဿနာများ ပိုမိုဖြစ်ပွားခဲ့ကာ ကြိုးကိုင်သူများ ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သော် လည်း ကြိုးကိုင်သူများအား ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘဲ ပဋိပက္ခများ ဆက်လက်ဖြစ်ပွား စေနိုင် သည့် လှုံ့ဆော်မှုများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
"မြန်မာနိုင်ငံမှာ လူနည်းစုတွေ တိုက်ခိုက်ခံရတာကို အစိုးရ အနေနဲ့ ကာကွယ်ပေးနိုင်မှု မရှိဘူး။ ရွှေဝါရောင် အရေးအခင်းမှာ သံဃာတွေ အကြမ်းဖက်ခံရတော့ မေတ္တာပွားများပြီး စီတန်းလှည့်လည်တာကို တပ်မတော် သားတွေ ရိုက်နှက်တော့လည်း သည်းခံခဲ့တဲ့အတွက် ဗုဒ္ဓဘာသာကို အမှန်တကယ် ကျင့်သုံးတယ်လို့ ကမ္ဘာ့
နိုင်ငံ တွေက လက်ခံခဲ့ကြတယ်" ဟု ဗုဒ္ဓဘာသာနှင့် လူမှုရေး ပညာရှင် Mr.Ajarn Sulak Sivaraksa က ပြောကြားသည်။
"မြန်မာနိုင်ငံမှာ ဗုဒ္ခဘာသာက အပေါ်စီးက ရတယ်။ တပ်မတော်က အပေါ်စီးက ရတယ်။ ငါတို့က တပ်မ
တော် သား၊ ငါတို့က ဗုဒ္ဓဘာသာဆိုတဲ့ အစွဲကို ဆုပ်ကိုင်ပြီး conflict နဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် လုပ်
ပြီး ထောက်ချောက်ထဲကို တွန်းပို့တတ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ကချင်၊ ဗမာ၊ ရှမ်းဆိုပြီး ကိုယ့်အုပ်စု အမြင်ထက်ပိုပြီး မကြည့်နိုင်ဘူး။ ဒါကြောင့် ပဋိပက္ခတွေ ဖြစ်နေတာပါ။ အကြမ်း ဖက်မှု ထောင်ချောက်က ကြောက်ဖို့ကောင်းတယ်။ ဒီထောင်ချောက်ထဲကို ရောက်သွားရင် ပြဿနာ ကို ဖြေရှင်းဖို့ ခက်တယ်" ဟု အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီနှင့် သင့်ဘ၀ မဂ္ဂဇင်း အယ်ဒီ တာချုပ်ဟောင်း ဒေါက်တာ တင်မောင်သန်း က ပြောကြားသည်။
Eleven Media Group
မူဆယ်တွင် တရားရုံးအချုပ်ခန်းမှ အချုပ်သား (၃) ဦးထွက်ပြေး၊ရဲတစ်ဦးသေ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်တရားရုံးဝင်း အချုပ်ခန်းတွင် ဇွန်လ (၅)ရက်က ပြစ်မှုကျူး လွန်သူများဟု ယူဆရသော အချုပ်သား ကျား(၁၄)ဦး၊ မ(၉)ဦး စုစုပေါင်း (၂၃) ဦးအား အမှု စစ်ဆေးရန် ရုံးထုတ်လာပြီး အချုပ်ခန်းတွင် ယာယီ ချုပ် ထားခဲ့ရာ တရားခွင်သို့ စစ်ဆေးရန် အလှည့်ကျ သော အချုပ် သားအောင်မြင့်နှင့် ကျော်ငြိမ်း (၂)ဦးကို အချုပ်ခန်းတံခါး သော့ဖွင့်ပေးနေစဉ် အချုပ်ခန်းအတွင်းပိုင်းမှ မူး/စိတ်/ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုရင်ဆိုင်နေရသော လောင်စန်းဆိုသူနှင့်အဖွဲ့က ခြေထောက်ဖြင့် ရုတ်တ ရက် တွန်းကန်ခဲ့သဖြင့် အချုပ်ခန်းတံခါးပွင့်ထွက်သွားစဉ် အချုပ် သားများ အတင်းတိုးထွက်လာကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ထံမှ ခြောက်လုံးပြူးသေနတ်ကို အတင်းလုယူကာ လုံးထွေးနေစဉ် အချို့တရားခံများ လည်း ပြေးမိ ပြေးရာပြေးကြပြီး သေနတ် ကျည်ဆံထွက်သွားကာ ရဲတပ်ဖွဲ့ဝင် ဘရန်အောင်ကို ကျည် ထိမှန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြားအချုပ်သားအားလုံး နီးနီးအလျင်အမြန်ပြန်လည်ဖမ်းမိနိုင်ခဲ့သော်လည်း (ပ)၁၆/၁၃ ပုဒ်မ ၃၀၂ မူဆယ်ခရိုင်တရားရုံးရာကြီး ၆၄/၁၃ ဖြင့် အသီး သီး အမှုရင်ဆိုင်နေရသော အချုပ် သားအိုက်ဆမ်နှင့် အားကျီ (ခ)လင်းအောင်၊မယ(ပ) ၃၂/၁၃ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) မူဆယ်ခရိုင်တရား ရုံး ရာကြီး ၃၁/၁၃ ဖြင့် အမှုရင်ဆိုင်နေရ သောအချုပ်သားလောင်စန်း တို့ (၃) ဦးထွက်ပြေးလွတ်မြောက် သွားသဖြင့် အလျင်အမြန်ဖမ်းမိရေး ဆောင်ရွက်နေကြသလို၊ ရဲတပ်ဖွဲ့ဝင် ဘရန်အောင်မှာ မူဆယ်ဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရှိရသည်။
Hot News Weekly
စီမံကိန်းအကောင်အထည်မပေါ်လာသော သိမ်းဆည်းလယ်မြေများကိစ္စလွှတ်တော်၌ တင်ပြသွားမည်

စီမံကိန်းအကြောင်းပြ၍ မြေများသိမ်းဆည်းခဲ့ပြီး စီမံကိန်း အမှန်တကယ်အကောင်အထည် ပေါ်လာ ခြင်း မရှိတော့သည့်အခါ တွင် မူလလက်ငုတ်လက် ရင်း လယ်သမားများအား ပြန်လည် ပေးအပ်ခြင်း မပြုဘဲ အမျိုး မျိုး သော နည်းလမ်းများဖြင့် သီးစား ချထားခြင်း၊ အကွက်ချရောင်းချမှု များရှိနေခြင်း စသည်တို့ကြောင့် လယ်ယာတစ်ခုထဲလိုသာ လုပ် ကိုင် စားသောက်တက်သော လယ် သမားများ အတွက် များစွာဒုက္ခ ရောက်ရ သည့်အတွက် ယင်းစီမံ ကိန်းအကောင်အထည်မပေါ်လာ သော သိမ်းဆည်းလယ်မြေများ ကိစ္စအားလာမည့်
လွှတ် တော်၌ တင်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော် လယ်မြေနှင့် အခြား မြေများသိမ်းဆည်းခံ ရမှုစုံစမ်း
ရေး ကော်မရှင်မှ ဦးအောင်သိန်းလင်း ကဆိုသည်။
““စီမံကိန်းတွေထဲက အချို့ ဆိုရင် သိမ်းထားတာကြာပြီ၊ ဘာမှအကောင်အထည်မပေါ်လာ ဘူး။ ထူးခြားမှု လည်းရှိမလာဘူး။ ဒီကိစ္စကို လာမယ့်လွှတ်တော်မှာ တင်ပြမယ် စီမံကိန်းတစ်ခုကြောင့် လယ်သမားတွေ စိုက်ပျိုးမှီခိုနေတဲ့ မြေတွေကို သိမ်းတယ်ဆိုရင် အဲဒီ စီမံကိန်းမဖြစ်တော့တဲ့အခါ လက် ငုတ်လက်ရင်း လယ် သမားတွေကို ပြန်ပေးရမယ်။ နောက်ပြီးတော့ စီမံကိန်းတစ်ဝက်တစ်ပျက်နဲ့ဆို လည်း ကျန်တဲ့မြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကို စိုက်ပျိုးခွင့် ပေးရမယ်။
နောက်တစ်ခုက စီမံ ကိန်းတစ်ခုကို စအကောင် အထည် ဖော်မယ်ဆိုရင် ဒီစီမံကိန်းဟာ အချိန်ကာလ ဘယ်လောက်မှာပြီး မယ်ဆိုတာပါရမယ်။ ခုဟာက စီမံကိန်းဆိုပြီးတော့သာ သိမ်း လိုက်တာ နှစ်တွေသာ ကြာလာ တယ်၊ ဘာမှအကောင်အထည် ပေါ်မလာ ဘူး။ ဒီတော့ တကယ် စိုက်ပျိုးလုပ်ကိုင် နေတဲ့လယ်သမား နစ်နာရတာပေါ့ဗျာ။ စီမံကိန်း အကောင်အထည် မပေါ်ဘူးဆိုရင် လည်း လက်ငုတ် လက်ရင်း လယ် သမားတွေအကျိုးခံစားခွင့် ပြန် လည်ရရှိရေးအတွက် တစ်မျိုးတစ် ဖုံစဉ်းစားပေးဖို့ပေါ့ဗျာ””ဟု လွှတ် တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက် မှုစိစစ
ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သို့ ပြော ကြားသွားသည်။
ယင်း၏ ဆက်လက်သုံးသပ် ပြောကြားချက်အရ စီမံကိန်း အကြောင်းပြသိမ်းယူခဲ့ပါသော် လည်း အမှန် တကယ် အကောင် အထည်မပေါ်လာသည့်အခါ လက်ငုတ်လက်ရင်းများမရခဲ့သည့် အနက် အနီးဆုံး အနေဖြင့် ဓနုတ် ဘုရားကြီးစီမံကိန်းဖြင့်သိမ်းထားပြီး စီမံကိန်းမဖြစ် နှစ်၂၀ ကျော်ထိ ဖြစ်မလာသည့်အခါ မူလလယ် သမားများ စိုက်ပျိုးခွင့်မရမှုအပြင် ရွှေပေါက်ကံမြို့ကွက်ဖော်စဉ်က သိမ်းဆည်းထားပြီး ယနေ့ထိ ပြန် လည်ရရှိခြင်းမရှိသော မူလလယ် ပိုင်ရှင်များကိစ္စတို့ ပါဝင်ကြောင်း သိရသည်။
Hot News Weekly