Saturday, June 8, 2013

ဦးအောင်သိန်းလင်းအပါအ၀င် မြေယာကော်မရှင်အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်သို့ ကွင်းဆင်း၍ ကူညီပေးရန် ဒေသခံများတောင်းဆို

လယ်မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း ရေးကော် မရှင်အဖွဲ့ခွဲ(၁)မှ ဦးအောင်သိန်း လင်း အပါအ၀င် ကော်မရှင်အဖွဲ့ ၀င်များသည် ကရင် ပြည်နယ်တွင်း လယ်မြေသိမ်းဆည်းခံရမှုများ၊ တပ်မြေသိမ်းမှုကြောင့် စားဝတ် နေရေး ထိခိုက် နေသည့် ပြည်သူ များ၏ အခက်အခဲများကို ကွင်းဆင်း စစ်ဆေးပေးပါရန်နှင့် လက်ရှိ ဒေသခံ ကော်မရှင်အဖွဲ့ဝင်ကလည်း ယင်းတို့ အခက်အခဲ များကို တင် ပြရာတွင် အဆင်မပြေဖြစ်နေ ကြောင်း ကရင်ပြည်နယ် ဘားအံ မြို့နှင့် ဆက်စပ်မြို့များမှ လယ်သမား များကဆိုသည်။


““ကျွန်မတို့ ကရင်ပြည်နယ်မှလည်း လွှတ်တော်ကိုယ်စားလှယ် ထဲကနေပြီးတော့ ကော်မရှင်ထဲ ပါတဲ့သူ ရှိပါတယ်။ သူ့ကို ကျွန်မ တို့မြေသိမ်းခံရလို့ အကူအညီ တောင်းတဲ့အခါ အဆင်မပြေတာ မျိုးတွေရှိနေ ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ တွေရဲ့ဆန္ဒမဲနဲ့ လွှတ်တော်ထဲကို သွားပြီး မဲဆန္ဒရှင်ပြည်သူ တွေ အကျိုးသယ်ပိုးရတာပါ။ 


ပြောရ ရင် ပြည်နယ်ထဲမှာဖြစ်နေတဲ့ မြေ သိမ်းခံရမှုတွေနဲ့ပတ်သက်ပြီး ဒေသခံကော်မရှင်အဖွဲ့ဝင်ရဲ့ ဆောင်ရွက်ချက်ဆိုတာတွေကို လုံးဝအားမရဘူး။ ခုဂျာနယ်တွေ မှာတွေ့ရတယ်။ ကော်မရှင်အဖွဲ့ ခွဲ(၁)က အဘဦးအောင်သိန်းလင်း အပါအ၀င် ဒေါ်ခင်ဝိုင်းကြည်တို့၊ ဦးအောင်ဇင်တို့လုပ်နေတာတွေ အရမ်း အားရဖို့ ကောင်းတယ်။ သူတို့ခမျာ မမောနိုင်မပန်းနိုင် တစ်နေကုန်တစ်နေခမ်းကို လယ် သိမ်းခံရသူတွေ အတွက် လိုက် လုပ်နေတာ။ 

ကျွန်မတို့ ကရင် ပြည်နယ် ဘားအံမြို့နဲ့ဆက်စပ် မြို့နယ်တွေမှာဖြစ်နေတဲ့ မြေသိမ်း မှုတွေ၊ တပ်မြေ သိမ်းမှုတွေကြောင့် ပြည်သူတွေနစ်နာရတာတွေကို လည်း အပြီးကွင်းဆင်းကြည့်ပေး ပါ။ မျှော်လင့်ချက် မဲ့နေတဲ့ လယ် သိမ်းခံတွေ အဘဦးအောင်သိန်း လင်းတို့သာလာမယ်ဆိုရင် ရာ ထောင်ချီပြီး ကြိုဆိုကြမှာပါ””ဟု ဘားအံမြို့နယ်တွင်း လယ်မြေ အသိမ်းခံရသူတစ်ဦးက ကျန် လယ်မြေအသိမ်းခံရသူများ၏ ကိုယ်စား ရင်ဖွင့်ပြောကြားသွား ခဲ့သည်။

ကရင်ပြည်နယ်တွင်း လယ်သမားနစ်နာရသည့် လယ်မြေ သိမ်းဆည်းခံရမှုများအနက် (၂၀၃) ခြေလျင် တပ်ရင်းက သိမ်းဆည်းထားသော လှိုင်းဘွဲ့မြို့ ထီလုံကျေးရွာတွင်းမှ မြေသိမ်းခံ ရမှုများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက စတင် သိမ်းဆည်းခံရပြီး ယနေ့ထိ ထူးခြားမှုမရှိဘဲ မြေပြန်လည် ရရှိခြင်း လုံးဝမရှိသေးသည့် ဘားအံမြို့လှောကာကျေးရွာ၊ ဖားပုကွင်းတွင်းမှ မြေယာသိမ်း ဆည်းခံရမှုများမှာ လုံးဝထူးခြား ခြင်းမရှိသေးကြောင်း သိရှိရသည်။

Credit : http://www.hotnewsweekly.com/archives/21677

အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနေပြည်တော် နှင့်ရန်ကုန်တို့တွင်ဇူလိုင်လအတွင်းတွေ့ဆုံမည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အစိုးရ နှင့်ကချင်၊ကရင်၊ရှမ်းလက်နက် ကိုင်အဖွဲ့များ နေပြည်တော်နှင့် ရန်ကုန်မြို့၌ ဇူလိုင်လအတွင်း တွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။


ယင်းအပြင်မေလအတွင်း တွေ့ဆုံရန် စီစဉ်ထား သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသောညီညွှတ်သော တိုင်းရင်းသား လူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့နှင့်ပါယခု လအတွင်း၌ပင်တွေ့ဆုံရန်စီစဉ် နေကြောင်း သိရ သည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့သည်မေလ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌သုံးရက်ကြာတွေ့ ဆုံခဲ့ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ညှိုနှိုင်းဆောင်ရွက်ရန်အလုပ်အဖွဲ့ များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၄ဖွဲ့အပါအ၀င်လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ကိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် ဇူလိုင်လလယ် ၀န်းကျင်တွင်ပြုလုပ် နိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရ သည်။

မြန်မာနိုင်ငံသည်နှစ်ပေါင်း ၅၀ကျော်ဖြစ်ပွားခဲ့သည့်လက်နက် ကိုင်ပဋိပက္ခများကြောင့်နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်အိမ်နီးချင်းများ ထက်များစွာနောက်ကျခဲ့ရပြီးယင်း ပဋိပက္ခများ ကြောင့်ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/21710

သဘာဝ“မှို”ပေါက်သောလရာသီသတိထားစားသုံးသင့်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးရွာ သွန်းမှုများ ရှိလာသဖြင့် သဘာဝတော တောင်များ တွင် မှိုများဖြိုင်ဖြိုင် ပေါ်ကာ ကောလင်းဈေးကွက် အတွင်း ကျေးလတ်ဒေသခံအချို့ မှ လာရောက် ရောင်းချနေ သဖြင့် မှိုဝယ်ယူစားသုံးမှုများကိုလည်း တွေ့မြင်နေရသည်။


““မှို””များသည် လူတို့အတွက် အဟာရတစ်မျိုး ဖြစ်ပြီး အရသာ လည်းရှိသည်၊ယခင်က မှိုများ သည် သဘာဝအလျှောက်ပေါက် ရောက်သော တောင်ပို့မှို၊ငှက်စွပ် မှို၊မှိုတုံတုံ၊အင်ဥ၊အင်တိုင်းမှို၊မှို ကပ်၊ချပ်မှိုစသည်ဖြင့်ထွက်ရှိခဲ့ရာ ယခုအခါ ကောက်ရိုးမှို စိုက်ပျိုး ကြသူများရှိလာသဖြင့် မှိုသည် ဈေးကွက်ဝင်သော စားသောက် ကုန်တစ်မျိုးဟု လူသိများလာခဲ့ သည်။

အထက်ပါမှိုများမှလွဲ၍ အမည်မသိသောမှိုများကိုလုံးဝ မစားသင့်ပါ။မှိုများကို ကျန်းမာ ရေး ချို့တဲ့သူများ၊ ညောင်းညာ ကိုက်ခဲသူများ စားသုံးခြင်းကို ရှောင်သင့်ပါသည်။မှို၏ကျန်းမာ ရေးဆိုင်ရာ ကျေးဇူးနှင့် ပတ်သက် ၍ သိရှိသူနည်းပါးသလောက်ရှိ ကာ မှိုနှင့်ပတ်သက်၍လေ့လာမှု အသစ်များအရ ရှာဖွေတွေ့ ရှိထား သည့်မှို၏အဟာရတန်ဖိုးများကို သိရှိနားလည်ပြီဆိုပါက အိမ်တွင်း စားသုံးမှုစာရင်းတွင် ထိပ်ဆုံးနေ ရာမှ ၀ယ်ယူကြမည်ဖြစ်ပေသည်။

မှိုသည်ကင်ဆာရောဂါမဖြစ် ပွားအောင် ကာကွယ်ပေးသလို ရောဂါတွန်းလှန်ပေးနိုင်သည့်ဖိုင် တိုကယ်မီကယ်ဓါတ်များ ပါဝင် နေခြင်းကြောင့် တရုတ်နှင့်ကိုရီး ယားအမျိုးသမီးများသည် မှိုကို အများ အပြားစားသုံးခြင်းကြောင့်၊ ရင်သားကင်ဆာအန္တရာယ်ကို လျော့ကျစေသည်ဟုဆိုသည်။

မှိုစားသုံးခြင်းကိုကြွက်များ နှင့်စမ်းသပ်လေ့လာမှုအရ ဆီး ကြိတ်ကင်ဆာ၊ဆဲလ်ပွားမှုများကို ကင်းရှင်း စေကြောင်း သိရှိရသဖြင့် အမျိုးသားများတွင်လည်းအလား တူ အာနိသင်ရရှိစေနိုင်မည်ဟု ယူဆကြ သည်။မှိုသည်အာဟာရ ဓာတ်ရရှိရန် ခက်ခဲသူများကို လည်း ထောက်ခံပေးသည်။မှို ကြောင့် မှိုပမာဏ အသင့်သင့် စားသုံးပေးခြင်းသည် တစ်နေ့စာ လိုအပ်သည့် ဆီလီနီယမ်ပမာဏ ၏(၁၂)ရာခိုင်နှုန်း၊ တစ်နေ့တာ လိုအပ်သည့် ကော့ပါး(ကြေးနီ) ပမာဏ၏ သုံးပုံတစ်ပုံရရှိစေပြီး ကယ်လိုရီပမာဏ ကိုလျော့ချ ပေး သည်ဟု ဆိုသည်။မှိုစားခြင်း သည် အခြားအသားစားသုံးခြင်း နှင့်ယှဉ်လျှင် ကယ်လိုရီ(၄၀၀)ခန့် လျော့ပေါ့ရရှိစေသည်ဟု လေ့ လာမှုအရ သိရှိရပြီး တစ်ပါတ် လည်တစ်ကြိမ် အသားတစ်နပ် နေရာတွင် မှိုကိုအစားထိုးစားသုံး ပါက တစ်အကြာတွင် ကိုယ် အလေးချိန်(၅)ပေါင်ခန့် လျော့ ကျနိုင်ချေရှိကြောင်း သုတေသန ပညာရှင်များက ဆိုသည်။

Credit : http://www.hotnewsweekly.com/archives/21717

ကညနမှ ဒေါ်လာအစား ကျပ်ငွေဖြင့် လက်ခံ၍ တစ်ရက်လျင် ကန်ဒေါ်လာ တစ်သန်းခွဲထိ ၀ယ်လိုအားကျပြီး ဒေါ်လာလဲနှုန်း ပြန်ကျမည်ဟုဆို


6.7.5

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော် ယာဉ် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို အမေ ရိကန်ဒေါ်လာအစား ကျပ်ငွေဖြင့် ပေးသွင်းခွင့် ပြု လိုက်သည့် အတွက် ဈေးကွက်အတွင်း အမေ ရိကန်ဒေါ်လာ ၀ယ်လိုအားမှာ တစ်ရက်လျှင် အနည်းဆုံး တစ်သန်းခွဲနီးပါးအထိ ၀ယ်လိုအား ကျဆင်းသွားမည် ဖြစ်ကြောင်းသိရသည်။


မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံကာ အစားထိုးယာဉ် တင်သွင်းခြင်းနှင့် တစ်ဦးချင်း တင်သွင်းခြင်းများ အများဆုံး ပြုလုပ်သည်မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လက်ရှိတွင် တစ်ရက်လျှင် ကားအစီးရေ အနိမ့်ဆုံး ၄၀၀ မှ အမြင့်ဆုံး ၈၀၀ အထိ လာရောက် မှတ်ပုံတင်ခြင်း ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကညနမှ ထုတ်ပြန်ချက်များအရ သိရသည်။


တစ်စီးလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၅၀၀ ၀န်းကျင်အား ယာဉ်မှတ်ပုံတင်ခ ပေးသွင်းရသည့် အတွက် အနည်းဆုံး မှတ်ပုံတင်သည့် အစီး ၄၀၀ ဖြင့် တွက်လျှင်ပင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း အတွက် အမေရိကန်ဒေါ်လာ တစ်ရက်လိုအပ်ချက်မှာ တစ်သန်းအထိ ရှိမည်ဖြစ်သည်။

အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေ့စဉ်မှတ်ပုံတင်သည့် အစီးရေနှင့် တစ်နိုင်ငံလုံး နေ့စဉ်မှတ်ပုံတင် သည့် အစီးရေမှာ တစ်ရက်လျှင် ပျမ်းမျှ အစီး ၆၀၀ ဖြင့် တွက်လျှင်ပင် ယာဉ်မှတ်ပုံတင်ခ တစ်မျိုးတည်း အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သန်းခွဲအထိ လိုအပ်မည်ဟု ကားလုပ်ငန်းရှင်များက တွက်ချက် ပြောကြားခဲ့သည်။

''တစ်ရက်ကို အစီး ၆၀၀ ပျမ်းမျှတစ်စီး ဒေါ်လာ ၂၅၀၀ နဲ့တွက်ရင် မှတ်ပုံတင်ခ သီးသန့်အတွက် တစ်ရက်မြန်မာနိုင်ငံရဲ့ဒေါ်လာ ၀ယ်လိုအားဟာ ဒေါ်လာတစ်သန်းခွဲ အနည်းဆုံး ရှိတယ်။ အဲဒီအတွက် ဒေါ်လာဈေး ပြန်ကျမှာပဲ။ ဒါပေမဲ့ ကညနက ကျပ်ငွေလက်ခံမယ်လို့ သတင်းလည်းထွက်ရော အရမ်းထိုးကျသွားမှာစိုးလို့ ထင်တယ်။ ဒေါ်လာဈေးကို ချက်ချင်းပြန်ဆွဲ တင်လိုက်ကြတယ်။ အတင်းဆွဲတင်တာ မဟုတ်ဘူးဆိုရင်တော့ ဈေးကွက်ရဲ့ ၀ယ်လိုအား ရောင်းလိုအားအတိုင်း ဆိုရင်တော့ ဒေါ်လာဈေး ပြန်ကျရမှာပါ'' ဟု ပြည်ပမှ ကုန်စည်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။

အမေရိကန်ဒေါ်လာ လဲနှုန်းမှာလည်း လက်ရှိအချိန်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်မှ ကျပ် ၉၄၀ အောက် အထိ ဆက်တိုက် ကျဆင်းဖွယ်ရှိသည်ဟု ခန့်မှန်းမှုများအရ သိရသည်။

ကညနမှ မော်တော်ယာဉ် မှတ်ပုံတင်ခအား ကျပ်ငွေဖြင့် လက်ခံမည်ဟု သတင်း ထွက်ပြီးနောက် ဒေါ် လာဈေး အား ပြန်လည် မြှင့်တင်ကာ ဇွန် ၇ ရက်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်အထိ ပြန်လည်မြင့် တက်ခဲ့ ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ပြန်တက်မှုမှာ ဈေးကွက် အခြေအနေမှန်ကြောင့် ဆိုခြင်းထက် ဒေါ်လာဈေး ထိုးကျမသွားစေရန် ထိန်းချုပ်သည့်အနေဖြင့် ထိုးမကျမီ ဈေးဆွဲတင်ထားသည့် သဘောမျိုး ဖြစ်ခြင်းကြောင့် ဟု သုံးသပ်မှုများရှိနေပြီး ကညနမှ ကျပ်ငွေဖြင့် စတင်လက်ခံမည့် ဇွန် ၁၀ ရက် နောက်ပိုင်းမှ စ၍ ဒေါ်လာဈေး ပြန်လည်ကျဆင်းမည်ဟု တွက်ချက်ထားခဲ့ကြကြောင်း သိရသည်။

Eleven Media Group

ဝန်းသိုမြို့နယ်တွင်တရားမ၀င် ကျွန်းသစ်နှင့်တမလန်းသစ်(၂၀ .၂၂၁၈)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ


ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ကသာခရိုင်၊၀န်းသိုမြို့နယ်သစ် တောဦးစီး ဌာနမှ တရားမ၀င်သစ် များရှာဖွေဖမ်းဆီးခြင်းလုပ်ငန်း အား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ကျွန်းသစ်ခွဲသား စုစုပေါင်း(၅၅၆) ချောင်း၊(၉.၇၁၉၆)တန်နှင့် တမ လန်းသစ်လုံး(၃၄)လုံး၊(၄.၃၅၈) တန်၊တမလန်းဓါးရွှေတုံး(၈၅)တုံး (၆.၁၄၄၂)တန်၊စုစုပေါင်း(၂၀. ၂၂၁၈)တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊၀န်း သိုမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းသန်းထွန်း ဦးစီး၍ သစ်တောဝန်ထမ်းများမှ တရားမ၀င်သစ်များရှာဖွေဖမ်းဆီး ခြင်းလုပ်ငန်းကို မေလ(၁၀)ရက် နေ့မှ ဇွန်လ(၂)ရက်နေ့အထိစစ် ကြောင်းအသွင်ဖြင့်ဆောင်ရွက်ခဲ့ ရာ မေလ(၁၀)ရက်နေ့တွက် ၀န်း သိုမြို့နယ်၊ နမ်းခမ်းအပတော၊ခန့်မှန်း မြေပုံညွှန်း-83P/16-517846 နေရာမှ ကျွန်းခွဲသား(၂၂၆) ချောင်း၊(၃.၆၈၄၂)တန်၊83P/16- 514845 နေရာမှကျွန်းခွဲသား (၁၄၆)ချောင်း၊(၁.၇၃၇၄)တန်၊83P/16-512845 နေရာမှကျွန်းခွဲ သား(၉၅)ချောင်း၊(၂.၉၉)တန်နှင့် 83P/16-509844 နေရာမှကျွန်းခွဲ သား(၉၅)ချောင်း၊(၁.၃၀၈)တန်၊ မေ(၂၉)ရက်နေ့တွင် တပ်လွင် ကြိုးဝိုင်း အကွက်အမှတ်(၁၄)၊ ခန့်မှန်းမြေပုံညွှန်းGB-997733 နေရာမှ တမလန်းဓါးရွှေတုံး(၅၈) တုံး၊(၃.၉၆၂)တန်၊မေ(၃၀)ရက်နေ့ တွင်တပ်လွင်ကြိုးဝိုင်း ခန့်မှန်း မြေပုံညွှန်းHB-104626 နေရာမှ တမလန်းသစ်လုံး(၂၄)တုံး၊(၃.၀၇၈) တန်၊တမလန်းဓါးရွှေတုံး(၂၃)တုံး၊ (၁.၉၃၆)တန်၊ဇွန်(၂)ရက်နေ့တွင် ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၁၀)၊ခန့်မှန်းမြေပုံညွှန်းHB-028675 နေရာမှ တမလန်း သစ်လုံး (၁၀)တုံး၊(၁.၂၈)တန်နှင့် တမလန်းဓါးရွှေတုံး(၄)တုံး၊(၀.၂၄ ၆)တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။


Credit : http://www.hotnewsweekly.com/archives/21721

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်



မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက် အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင် သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။


မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့ နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့ အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီး မြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့ တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသား တွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတ၀န်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည် ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ၀င်ငွေကောင်း အလုပ်အကိုင်တွေ ရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီး တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Credit : http://www.dawnmanhon.com/2013/06/blog-post_1867.html#sthash.CrucxDqp.dpbs

NLD ရဲ့ အခြေအနေ…


မြန်မာနိုင်ငံတွင် အင်အားကြီး ဒီမိုကရေစီ ပါတီဖြစ်သော NLD ပါတီ၌ ပါတီဝင် အချို့နုတ်ထွက်ခြင်း များ ဖြစ်ပေါ် လာခဲ့ပြီး ဗဟို ကော်မတီဝင်တစ်ဦးပါ နုတ်ထွက်ခဲ့ ခြင်းကြောင့် ပါတီပြန်လည်ပြုပြင် ရေး လုပ်ရန် လိုအပ်နေကြောင်း NLD ပါတီ နာယက ဦးဝင်းတင်က ဆိုသည်။


"ဗဟိုက ပေါ်လစီနဲ့ ပတ်သက်လို့ ဘာမှကျယ်ကျယ် ပြန့်ပြန့်ချပြတာ မရှိဘူး။ ပါတီ လုပ်ငန်းစဉ်လည်း မတင်နိုင်ဘူး ။ အောက်ခြေကသာ စာတမ်းအချို့ပဲ တင်နိုင်တယ်။ ဒေါ်စု မိန့်ခွန်းထဲမှာ ဘာမှ ပြတ်ပြတ်သားသား မပါဘူး" ဟု ၎င်းက ပြောသည် —

http://mgkarlu-mymanar.blogspot.com/2013/06/nld_7.html

ရွှေမျက်မှန်ဘုရားကြီး ပြင်ဆင်ရန် လိုအပ်နေ



ပဲခူးတိုင်းဒေသကြီး (အနောက်)ရွှေ တောင်မြို့မှ “-ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ရွှေမျက်မှန် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ”သည် နှစ် ပရိစ္ဆေရကြာမြင့်လာသည့် အတွက် ရင်အုပ်တော်၊ညာဖက်လက်တော် တို့-“ပလက်စတာ၊သရိုး” တို့ကွာလာ၍ ပြန်လည်မွန်းမံရန်အတွက် ရှေး ဟောင်း သုတေသနဦးစီဋ္ဌာန သို့ အကြောင်း ကြားထားကြောင်း သိရ ပါသည်။


ရွှေတောင်မြို့၊ သိမ်ကုန်းအရပ်တွင် ကိန်းဝပ်စံပယ်တော်မူသော ရုပ်ပွားတော်မြတ်ကြီးသည် မြန်မာတနိုင်ငံ လုံးတွင် ဘယ်အရပ်ဘယ်ဒေသ မှာမှ မရှိသော မျက်မှန်တော်တပ်ဆင်ထားသော ရုပ်ပွားတော်တ ဆူ ဖြစ်ပြီး၊ မျက်မှန်တော်၏ ရွှေအလေးချိန်-(၆) ပိဿာ၊(၃၉) ကျပ်သား၊ အရှည်/အကျယ်-(၆ ပေ-၃ လက္မ) ရှိပါသည်။ 

ရွှေမျက်မှန် သမိုင်းအကျဉ်း။ 

ပျူခေတ်-သရေခေတ္တရာမင်း-ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရား နှင်းစန္ဒာဒေ၀ီ မိဖုရားတို့သည် ဘီစီ (၅) ရာစုအတွင်းရွှေတော်မြို့ အနောက်တောင်ဖက်ယွန်းယွန်းရှိရွှေနတ်တော်စေတီတော်မြတ်ကြီးကို-အသစ်ထပ်မံပြုပြင်မွန်းမံပြုပြင်-ပူဇော်ဖူးမြော်ပြီး-အပြန်၊ ရွှေတောင်တွင် ညအိပ်ရပ်နားခဲ့ရာ ဗိဿနိုး မိဖုရား ကြီးသည်-အိမ်မက်မြင်မက်ခဲ့သည်။ 

မိမိတို့တည်းခိုသောနေရာနှင့်-အနောက်ဖက်တွင်-ဘုရား ရုပ်ပွားတော်တဆူကို ဖူးမျှော်ရကြောင်းအိမ်မက် မြင်မက်သဖြင့်-နောက်တနေ့န့နက်တွင်-ဘုရင်ကြီးကိုပြောပြရာ-မူးမတ် ပရိသတ်အစုံ နှင့်-ထိုနေရာကို ရှာဖွေကြသည်။ 

ထိုအခါ ယခုရွှေမျက်မှန် ဘုရားကြီးရှိသောနေရာတွင်-ဘုရားရောင်ချည်တော်ကဲ့သို့ အရောင်မျိုးစုံ ၀င်း လက်ပြီး ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ပရိတ်သတ် တို့ မြင်တွေ့ လိုက်ကြသော ကြောင့်ဟု ဆိုကာ မိမိတို့ ဘုရား တည်ပြီးကုသိုလ်ကောင်းမှုပြုလုပ်ရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဟုယုံကြည်ကာ-ထိုရုပ်ပွားတော်မြတ်ကြီးကို-မဟာသက္ကရာဇ်(၂၅၀)ခုနှစ် တွင် တည်ထား ကိုးကွယ် ခဲ့ကြခြင်းဖြစ်သည်။

(ထိုစဉ်က ရွှေမျက်မှန်တပ်ဆင်ထားခြင်းမရှိသေးပါ) 

ထိုနောက်မကြာသောကာလတွင်-ဒွတ္တဘောင် မင်းကြီး နတ်မျက်စိ အလင်းရောင်ကွယ်သွားလေရာ-ပညာရှိ မူးမတ်များအား-ဗေဒင်ကိန်ကန်းများ တွက်ချက်ခိုင်းရာ-ရုပ်ပွားတော်မြတ်ကြီးတွင်-မျက်လုံးတော်နှင့် လိုက်ဖတ် ညီသော-မျက်လုံးတော်ပုံသဏ္ဍန်နှင့်တူ ညီသည့်-မှန်တစုံကိုဆက်ကပ်လျှုဒန်းပါက မင်းကြီး၏ နတ်မျက်စိ အလင်းရောင်ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားသဖြင့်--မှန်တစုံကိုလျှုဒန်းရာ-မင်းကြီး၏ နတ်မျက်စိ အလင်း ပြန်လည်ရရှိခဲ့ပါသည်။ 


ပြန်လည် မွမ်းမံပြင်ဆင်မှုများ 

မြန်မာ သက္ကရာဇ်(၁၂၂၇)တွင်ရွှေတောင်မြို့စားကြီး“ ဇေယျနန္ဒမိတ်”ကထိုရုပ်ပွားတော်မြတ်ကြီးကို-ပြန်လည် ပြုပြင်မွန်းမံပြီး-ရွှေသားအတိဖြင့် မျက်မှန်တော်ကြီးကိုတပ်ဆင်ပူဇော်ခဲ့ပါသည်။-

မြန်မာသက္ကရာဇ် (၁၂၄၇)ခုနှစ် သီပေါမင်း ပါတော်မူသော အချိန်တွင်-မျက်မှန်တော်အခိုးခံရသဖြင့်-ရွှေတော်မြို့ ၀န်ထောက်ကြီးဦးမဲ- က ဒုတိယအကြိမ်မျက်မှန်တော်ကြီး ကပ်လျှုပူဇော်ခဲ့ပြီး ခေတ်ကာလအချိန်မကောင်းသဖြင့် ထိုဒုတိယ မျက်မှန်တော်ကြီးကို-ရုပ်ပွားတော်ကြီးနောက်ဖက်တွင်ရှိ စေတီ တော် တွင် ဋ္ဌာပနာပြီး သိမ်းဆည်း ထားခဲ့လေသည်။ 

တတိယ မျက်မှန်တော်ကို-နယ်ပိုင်ဝန်ထောက်-မစ္စတာ ဟတ်တနိုးနှင့်ဇနီးတို့ကတပ်ဆင်ပူဇော်ခဲ့ပြီး-ယခု လက်ရှိ မျက်မှန်တော်မှာ မြန်မာသက္ကရာဇ် (၁၃၆၂)ခုနှစ်တွင် ရန်ကုန်မှ-ဦးလှဝင်(ခ) ဦးရာဂျုးနှင့် ဇနီး တို့က-မျက်မှန် တော်ကြီး မူလပုံစံအတိုင်း-ကပ်လှုပူဇော်ခဲ့ပါသည်။ 

အခု နောက်ဆုံး မွမ်းမံရန်။ 

(၆.၆.၂၀၁၃)ရက်နေ့က-ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှုး-ဦးမျိုးတင့်အောင်နှင့်အဖွဲ့တို့ လာရောက် ကြည့်ရှုကြပြီး-ရှေးဟောင်း ပစ္စည်းတို့ကို ထိမ်းသိမ်းသော ခေတ်မှီ နည်းလမ်းများနှင့် လုပ်ဆောင်ပြုပြင်ရန် နည်းလမ်း အကူအညီတို့ပေးမည်ဖြစ်ကြောင်းပြောလာသည်။ 

လုပ်ဆောင်စရာများ။ 

ဘုရားဆောင်အတွင်း ရေငွေ့စုပ်စက်(၂) လုံးထားပေးရန် 
ရေပိုက်တွေကို ရေမစိမ့်စေရန်လုပ်ရန် 
လေ၀င်လေထွက်ကောင်းအောင်ပြုလုပ်ရန် 
အဲယားကွန်းတွေ ကိုလျှော့ပြစ်ရန် 
လျှပ်စစ်မီး အသုံးပြုမှုများလျှော့ချရန် ( ဆလိုက်မီးများပါဝင်) 
ရုပ်ပွားတော်ကိုဆေးထိုးရန်၊ 
ထိုဆေးကိုရန်ကုန်တွင် သွားဝယ်ရမည် (သွားဝယ်ရင်-သူတို့ဋ္ဌာနကလူ လိုက်ပို့ပေးမည်-) စသဖြင့် ဦးမျိုးတင့်အောင်တို့အဖွဲ့က ပြောသွားသည်။ 

ရွှေမျက်မှန်ဘုရားဂေါပက ဥက္ကဋ္ဌက-သူတို့ သတိထားမိလာသည်မှာ ကြာပြီဖြစ်ပြီး-ရှေးဟောင်း-လက်ရာ ဖြစ်သည့် အတွက်-မိမိတို့အနေနှင့်-ကိုယ့်သဘောနှင့်ကို-မလုပ် ရဲသဖြင့် -မြို့နယ်အုပ်ချုပ်ရေးဦးစီမှုး- မှတဆင့် ရှေးဟောင်း သုတေသနဦးစီး ဋ္ဌာနကိုတင်ပြအကူအညီတောင်ခံထားခဲ့ပြီးမှ-ယခုလိုစီစဉ်ကြောင်း တို့ကို ရှင်းပြပါသည်။

ရွှေမျက်မှန်ဆရာတော်-ဦးဝဏ္ဏသီရိ။ မြို့နယ် သံဃမဟာနာယက ဆရာတော်၊ ရွှေမျက်မှန်-ဥက္ကဋ္ဌ ဆရာတော်-ဦးသောဘိတ-(မဟာဝုဏ်ကျောင်း)၊ ဆရာတော် တို့ကလည်း ခေတ်ပေါ် နည်းပညာများဖြင့် ထိမ်းသိမ်းသင့်သည် ကို သဘောတူကြည်သည်။ 

အရင်ခေတ်က-ဥုံတုံ၊ ကျွဲကော်၊ ထမ်းလျှက်၊ အုံးမှုံ့၊ စတာတွေနဲ့ သရိုးကိုင်ပြီး တည်ဆောက် ထားတဲ့ ဘုရားကြီးဖြစ်တယ်လို့ ဆရာတော်တွေက နားလည်ထားကြတာပါ။ 

ဒါတွေကို ရှေးမူမပျက် ထိမ်းသိမ်းဖို့ ခေတ်သစ်နည်းပညာတွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း မိန့်ကြားကြပါတယ်။ 

ရွှေမျက်မှန်ဘုရားကြီးရဲ့ ပွဲတော်ကို နှစ်စဉ် “နတ်တော်လဆန်း(၈)ရက်မှ -နတ်တော်လပြည့်နေ့အထိ-ဘုရားပွဲတော်ကျင်းပပြုလုပ်ပူဇော်ခဲ့ကြသည်မှာ ဒီနေ့တိုင်ထိပင်ဖြစ်ပါသည်။ 

Credit : http://blog.irrawaddy.org/2013/06/blog-post_4778.html

မြ၀တီ-ကော့ကရိတ် လမ်းကြောင်းသစ် မြင်ကွင်းများ



ထိုင်းနိုင်ငံက ဖောက်လုပ်ပေးနေသည့် ၂၈ မိုင် ကျော် အရှည်ရှိ မြ၀တီ-ကော့ကရိတ် ဒေါနတောင် ပတ် ကားလမ်းစီမံကိန်း အခြေအနေမှာ ကော့က ရိတ်မြို့အထိ လမ်းအူကြောင်းဖောက်လုပ်မှု ရောက်ရိှ သွားပြီဖြစ်သောကြောင့် သတ်မှတ်ချိန် အတွင်း စီမံကိန်းအကောင်အထည်ဖော်နိုင်မည်ဟု ထိုင်းအင်ဂျင်နီယာတဦးက ခန့်မှန်းပြောဆိုသည်။


၎င်းက ”လမ်းအူကြောင်းက ကော့ကရိတ်အထိ ပေါက်သွားပြီ ဆိုတော့ စီမံကိန်းမှာအသုံးပြုတဲ့ စက်ယန္တယား ယာဉ်တွေ သွားလာလို့ရပြီ။ ဒါပေမဲ့ မိုးရာသီဆိုတော့ မိုးများပြီး ခရီးမတွင်မှာတချက်ပဲ စိုးရိမ် တယ်” ဟု ပြောသည်။

၎င်းလမ်းအူကြောင်းကိုအသုံးပြုခဲ့သည့် KNU မှတပ်မှူးတဦးက ... ”ကိုယ်တို့စမ်းသပ်သွားလာကြည့်တာ ကားငယ်ဆိုရင် တနာရီကျော်ကျော်လေးပဲ ရှိတယ်။ ဒါတောင် မြေနီလမ်းကြမ်းပဲ ရှိသေးတယ်။ နှစ်လမ်းသွားကတ္တ ရာခင်းပြီးရင်တော့ မြ၀တီ-ကော့ကရိတ်ကို နာရီဝတ်ကျော်ကျော်နဲ့ အတော့်ကို ခရီး တွင်မယ်” ဟု ဧရာဝတီသတင်း ဌာနကိုပြောသည်။


၂၈ မိုင်ခရီးကိုနာရီဝက်ကျော်သာ မောင်းရမည်ဆိုသည့် ကားလမ်းအသစ်အကြောင်းကို ဒေသတွင်းမှ ယာဉ်မောင်းသူများ အထူးစိတ်ဝင်စားလျက်ရှိသည်။

အတက်တရက်၊ အဆင်းတရက်

မြ၀တီ-ကော့ကရိတ်လမ်းသည် ထိုင်းမြန်မာနယ်စပ်တလျှောက် အဓိကအကျဆုံး လမ်းကြောင်းဖြစ်သည်။ ယာဉ်စီးရေ ၁,၀၀၀ နီးပါး နေ့စဉ် သွားလာနေကြသည့် လက်ရှိလမ်းတွင် ယာဉ်နှစ်စီး ရှောင်၍ မရသည့် လမ်းအနေအထား များစွာ ရှိသောကြောင့် တလမ်းမောင်းစနစ်ကိုသာ ကျင့်သုံးနေရသည်။


မြ၀တီမှ ကော့ကရိတ်သို့သွားသည့်နေ့ကို အဆင်းနေ့ဟု ခေါ်ကြသည်။

ကော့ကရိတ်မှ မြ၀တီသို့သွားလျှင် အတက်နေ့ဟု ခေါ်ကြသည်။

ထို့ကြောင့် ကားများ တဘက်တည်းသို့သာ ဦးတည်သွားလာနေသည်ကို နေ့စဉ် တွေ့ရမည်ဖြစ်သည်။


မိုင် ၄၀ နီးပါးခန့် ကွာဝေးသည့် လမ်းကို ခရီးသည်တင်ကားငယ်များ အချိန် ၂ နာရီကျော်ကြာ မောင်းရပြီး ကုန်တင်ကားများ မှာအချိန် ၈ နာရီခန့်အထိအချိန်ယူကြရသည်ဟု ယာဉ်မောင်းသူများကပြောသည်။

လက်ရှိလမ်းကိုသက်တမ်းနှစ် ၂၀ ကျော်အသုံးပြု သွားလာနေကြရသည့်ယာဉ်မောင်းများက ကြုံတွေ့ နေရသည့် အခက်အခဲများကို လမ်းသစ် ဖောက်လုပ်ပြီးချိန်အထိသာ ရင်ဆိုင်ရတော့မည်ဟု ဆိုနေ ကြသည်။


တရက်ခြားထုံးစံ ပျောက်မည် လမ်းသစ်စီမံကိန်းပြီးလျှင် နှစ်လမ်းမောင်းနိုင်မည် ဖြစ်သောကြောင့် မော်တော်ယာဉ်များနေ့စဉ်အသွားအပြန် ပြေးဆွဲနိုင်မည်ဖြစ်သည်။

ကားလမ်းသစ်သည် တောင်းဆင်းတောင်တက် အနည်းငယ်သာရှိခြင်း၊ ခရီး မိုင်အကွာအဝေးကိုလည်း ၁၀ မိုင်ခန့် ပိုမို တိုတောင်းခြင်း စသည့် အားသာချက်များလည်း ရှိသည်။

ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်ငွေ ၁,၁၆၆ သန်း အကုန်အကျခံဖောက်လုပ်ပေးသည့် တောင်ပတ်ကားလမ်း ကို ထိုင်း နှင့်မြန်မာအစိုးရတို့ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ 

စီမံကိန်းကို လာမည့်နှစ်ဧပြီလ ၃၀ ရက်နေ့တွင် အပြီးသတ်ရမည်ဖြစ်သည်။


http://blog.irrawaddy.org/2013/06/blog-post_2960.html

ဖက်ဒရယ် အကြောင်းလေ့လာခြင်း



http://www.ex-absdf.net/2013/06/blog-post_5054.html

ကားဈေးကွက် ကျယ်ပြန့်လာသည်နှင့်အမျှ ကားခိုးမှုလည်း များပြားလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားခိုးခံရမှုနှင့် ကားအတွင်းရှိပစ္စည်း အခိုးခံရမှု ၂၀ထက်မနည်း ဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။


၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ မေလ(၃၁)ရက်နေ့အထိ ကားခိုးခံရမှုမှာ (၁၄)ခု နှင့် ကားအတွင်းရှိ ပစ္စည်းခိုး ခံရမှုမှာ (၁၁)မှု ဖြစ်ပွားခဲ့သည်။

“ညအိပ်ခွန်ဆောင် နေရတုန်းက အစောင့်က လမ်းထဲမှာ လှည့်နေတာ။ တော်ရုံနဲ့ ကားထဲက ပစ္စည်းတွေ အခိုး မခံရဘူး။ ကျွန်တော်လည်း ဒီလိုပဲ ထားလာတာ။ ရှေ့လတုန်းကတော့ ကားဘီးက ၀က်အူတွေနဲ့ ကားမီးလုံး ပြုတ်ခိုးခံရတယ်။ ဒါတောင် ကားအချက်ပြတဲ့ ကိရိယာ တပ်ထားသေးတယ်။” ဟု စမ်းချောင်း တွင် နေထိုင်သူ ဦးဖြိုးညီညီအောင်က ပြောသည်။

ရန်ကုန်မြို့တွင် အခမဲ့ ယာဉ်ရပ်နားစခန်းများထားရှိပေးသော်လည်း ယာဉ်ရပ်နား စခန်းဝင်း နေရာများ တွင်သာ အစောင့်များရှိပြီး ကျန်ကားရပ်နားရာ နေရာများတွင် အစောင့်များ မရှိခြင်းကြောင့် ကားအတွင်းမှ ပစ္စည်းများအား ခိုးယူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကားပစ္စည်းများ အခိုးခံရမှုများ၌ ရပ်ကွက် လမ်းကြားများအတွင်းရှိ ကားပိုင်ရှင်များနှင့် ကန်ထရိုက် တိုက်ခန်းများတွင် နေထိုင်သည့် ကားပိုင်ရှင်များ အများဆုံးပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ် ရဲစန်းက သိရှိရသည်။

“အရင်တုန်းက ရပ်ကွက်တွေအတွင်းမှာ ကားထားရင် ညအိပ်ခွန်ဆောင်ရတယ်။ အဲဒီလို ညအိပ်ခွန်ဆောင် ထားတဲ့ လမ်းတွေမှာဆို အစောင့်တွေရှိတော့ ဘာပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတယ်။ အခုဆိုရင် ကိုယ့်ကားကို လုံခြုံ စိတ်ချချင်ရင် လမ်းကြားထဲက တစ်ချို့မြေညီထပ် တိုက်ခန်းတွေမှာ ကားအငှားသိမ်းလို့ ရတဲ့နေရာမှာထား ရတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့တွင် နေထိုင်သူ ကိုဇော်မျိုးဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်တွင် ကားပစ္စည်းအခိုးခံရမှုများ ကြိုတင်ကာကွယ်ရန် မော်တော်ယာဉ်များကို ညအိပ်ရပ်နားစဉ် ခြံဝင်းအတွင်း ထည့်သွင်းထားရန်၊ ခြံဝင်းအတွင်း မထားနိုင်လျှင် အစောင့်ချထားရန်၊ ကားတံခါးများကို စနစ်တကျ သော့ခတ်ထားရန်၊ ကားအတွင်း အဖိုးတန်ပစ္စည်းများ ထားရှိခြင်း မပြုရန်၊ ကားရပ်နားရန် နေအိမ်များတွင် ရပ်နားပါက တာဝန်ကျ အစောင့်များထံ စနစ်တကျ အပ်နှံထားရန် စသည့်များအချက်များကို လိုက်နာကြဖို့ လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းကဲ့သို့ ကား နှင့် ကားပစ္စည်းများ အခိုးခံရမှုများ ဖြစ်ပေါ်လာပါက -

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၀၁-၂၁၇၅၀၂၊ ၀၁- ၂၁၇၅၀၃၊ 

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၀၁၇၆၁၊ ၀၁- ၂၉၆၁၀၂၊ 

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံး ၀၁- ၂၄၅၂၆၀၊ ၀၁- ၃၇၆၁၆၆၊ 

တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၅၆- ၂၁၀၄၂၊ ၀၅၆- ၂၁၅၂၇၊ 

မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၆၄၅၈၂၃၊ ၀၁- ၆၄၅၈၂၄ များသို့ 

ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

မြစ်မခမီဒီယာ

တစ်အိမ်ထောင်ကလေး၂ယောက်နှုန်းလက်မခံပါက မြန်မာနိုင်ငံတွင်မနေသင့်ပါဟုဆို

မကြာသေးမှီကဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ် များနောက်ပိုင်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုး များ မပျောက်စေရန် ရခိုင်ပြည်နယ် ၏ နယ်စပ်များ ဖြစ်သောဘူးသီးတောင် နှင့် မောင်တောဒေသများ တွင်နေထိုင်သော ဘင်္ဂါလီမိသားစုများအတွက် တစ်အိမ်ထောင် လျှင်ကလေးနှစ်ဦး မူဝါဒကျင့်သုံးမှု တွင်ဒေသန္တညွှန် ကြားချက်များကိုလိုက်နာရမည် ဖြစ်ပြီး မလိုက်နာပါကမြန်မာနိုင်ငံ တွင် မနေထိုင် သင့်တော့ပါကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၏ပြောကြားချက် အရသိရသည်။


ရခိုင်ပြည်နယ် နယ်စပ်မြို့ များဖြစ်သောဘူးသီးတောင် မောင်တောမြို့များတွင်ဘင်္ဂါလီ လူဦးရေ ထိန်းချုပ်ရေးအတွက် ၁၉၉၂ခုနှစ်တွင်ယင်းမှုဝါဒအား ပြဌာန်းထားခဲ့သော်လည်းလိုက်နာ ကျင့်သုံးခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့တစ်အိမ်ထောင်လျှင် ကလေး၂ဦးမှုဝါဒအား ဘင်္ဂါလီ လူဦးရေတိုးပွားနှုန်း မြင့်မားသည့် ဘူးသီးတောင် မောင်တောမြို့ နယ်များတွင်ကျင့်သုံးရန်ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

““နိုင်ငံတကာကလူတွေက ပြောနေကျတယ်။ကျွန်တော်တို့ နိုင်ငံကလူနည်းစုဝင်တွေပေါ်မှာ ဖိနှပ်တယ်လို့ ပြောတယ်။အဲ့တာ လုံးဝမဟုတ်ပါဘူး။ ယခုလက်ရှိ ရခိုင်ပြည်နယ် နယ်စပ်ဘူးသီးတောင် မောင်တောမှာ ဘင်္ဂါလီ လူမျိုး၉၈ရာခိုင်နှုန်းမှာတိုင်းရင်းသား က၂ရာခိုင်နှုန်းအဲဒီနေရာမှာရှိတယ် သူတို့တွေက ကလေး တွေကို အများကြီးမွေးတယ်။ပြီးတော့မ ကျွေးနိုင်၊မမွေးနိုင်၊ပညာလည်းမသင် ပေးနိုင်ဘူးဖြစ်တော့ တစ်ဖက် က လူမျိုးတွေနဲ့အိမ်ထောင်ပြုကြတယ်။

ဒါကြောင့်မြန်မာပြည်ရဲ့တိုင်းရင်း သားလူမျိုးတစ်စုမပျောက်အောင် လို့တော့တစ်အိမ်ထောင်လျှင် ကလေး ၂ယောက်နှုန်းကတော့ ထုတ်ပြန်ရမှာပါပဲ။ ဒါကိုမှမလိုက် နာနိုင်ရင်လက်မခံရင်ဒီနိုင်ငံမှာ မနေကြ ပါနဲ့အခြားသင့်တော်ရာ နေရာမှာနေကြပါ။””ဟုရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကဖုန်းနှင့်ဆက် သွယ်မေးမြန်းမှုအားပြောကြားခဲ့ သည်။

မြန်မာနိုင်ငံသည်ဖွံ့ဖြိုးမှု နောက်ကျခြင်းကြောင့်အခြား နိုင်ငံကြီးများနှင့်ယှဉ်ကြည့်ပါလျှင် နိုင်ငံတကာနှင့် နည်းတူလူ့အခွင့် အရေးပေးထားပြီးဖြစ်တဲ့အတွက် ထပ်၍တောင်းဆိုရန်မသင့်တော့ ပါကြောင်း နိုင်ငံတစ်ခု တွင် နေပါက နိုင်ငံ၏ဥပဒေလုပ်ထုံးလုပ်နည်းများ အမိန့်များကိုနာခံရမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၏ပြောကြား ချက်အရသိရသည်။

Credit : http://www.hotnewsweekly.com/archives/21663

ကမ္ဘောဇဘဏ်၏ ကောင်းမွန်သောဝန်ဆောင်မှုကြောင့် လိမ်လည်တောင်းခံသူထံ လွှဲပို့ငွေကျပ် ၁၅ သိန်းပြန်လည်ရရှိ

ကမ္ဘောဇဘဏ်က ငွေလွှဲပို့ ရသည့်အကြောင်းရင်းကို ငွေလွှဲ ပို့ခဲ့သူထံသို့ ပြန်လည်မေးမြန်း စုံစမ်းခဲ့၍ ငွေကြေးလိမ်လည် တောင်းခံသူထံသို့ လွှဲပို့ခဲ့သော ငွေကျပ် ၁၅ သိန်းဆုံးရှုံးမှုမရှိခဲ့ဘဲ လိမ်လည်မှုကို အချိန်မီကာကွယ် တားဆီးနိုင်ခဲ့သည့်ဖြစ်ရပ်တစ်ခု ဇွန် ၅ ရက်က လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ ကျေးရွာအုပ်စု၊ စလင်းကျေးရွာ၊ စလင်းသာ သနာပြုကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသ ထံသို့ ဇွန် ၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်က ၀န်ကြီး ဦးမြင့်နိုင် ဟုဆို သူက တယ်လီဖုန်းဖြင့် ဆက် သွယ်လာခဲ့ကြောင်း၊ ၀န်ကြီးဦး မြင့်နိုင် ဟုဆိုသူက ပြောကြား သည်မှာ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် တယ်လီဖုန်းအလုံးပေါင်း မြောက်မြားစွာကို ပြည်သူသို့ ချ ထားပေးခဲ့ ပါကြောင်း၊ တယ်လီ ဖုန်းသုံးစွဲသူများကို ၀န်ကြီးဌာန က ကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းမဲဖောက်ပေး ခဲ့ရာ အရှင် ဘုရား၏ တယ်လီဖုန်းအပါအ၀င် တယ်လီဖုန်းငါးလုံးတို့ ငွေကျပ် သိန်း ၈၀၀ စီကံစမ်းမဲပေါက်ပါ ကြောင်း၊ သို့ဖြစ်၍ ငွေကျပ်သိန်း ၈၀၀ကို နေပြည်တော်တွင် ထုတ် ယူရမည်ဖြစ်ပြီး အခွန်ငွေကျပ် ၁၅ သိန်း ကို ကြိုတင်ပေးသွင်းရန် ဖြစ်ကြောင်း၊ အဆိုပါငွေကို ရန်ကုန်မြို့ ဗိုလ်တထောင်ကမ္ဘော ဇဘဏ်ခွဲမှတစ်ဆင့် ဦးလင်းထိုက် အောင်၊ မှတ်ပုံတင်အမှတ် ၁၄/ပတန(နိုင်)၁၄၁၄၀၂ ထံ လွှဲပို့ရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်ဟုဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဆရာတော်ဦးစန္ဒောဘာသက ဒကာများဖြစ်ကြသည့် ဦးမောင်ဥာဏ်၊ ဦးမောင် အောင်နှင့် ဦးနေ ၀င်းတို့အား ပြန်လည်ပြောဆိုရာ ဦးမောင်ဉဏ်၊ ဦးမောင်အောင် နှင့် ဦးနေ၀င်းတို့က ငွေလွှဲပို့ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဇွန် ၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် ငွေ ကျပ် ၁၅ သိန်းကို လွိုင်ကော် ကမ္ဘောဇဘဏ်ခွဲမှ ဗိုလ်တထောင် ကမ္ဘောဇဘဏ်သို့လွှဲပို့ခဲ့သည်။

ငွေလွှဲပို့ပြီးနောက် ဆရာ တော်ဦးစန္ဒောဘာသသည် ဖြစ် ရပ်အပေါ် သင်္ကာမကင်းရှိသဖြင့် စုံစမ်းရာ ထိုဖြစ် ရပ်မျိုးမြောက် မြားစွာတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားဖူးကြောင်းသိရခဲ့ရပြီး ဇွန် ၅ ရက် နံနက် ၉ နာရီခွဲအချိန် တွင် နယ်မြေခံသတင်းထောက် များနှင့် တွေ့ဆုံဆွေးနွေးပြီး လိမ် လည်မှုဖြစ်ကြောင်း သုံးသပ်ကာ အရေး ယူနိုင်ရေးဆွေးနွေးနေခဲ့ ကြောင်း၊ ထိုအချိန်တွင် ဗိုလ်တ ထောင်ကမ္ဘောဇဘဏ်မှ တယ်လီ ဖုန်းဝင်လာပြီး အရှင်ဘုရားအနေ ဖြင့် မည်သည့်အကြောင်းကိစ္စဖြင့် ငွေလွှဲပို့ခဲ့ပါသနည်း။ ငွေကြေး လိမ်လည်တောင်း ခံ မှုတွေမကြာ ခဏဖြစ်ပွားတတ်၍ မေးမြန်း လျှောက်ထားရခြင်းဖြစ်ကြောင်း၊ ငွေကိုတော့ ထုတ်မပေးသေး ကြောင်း၊ မသင်္ကာသဖြင့် ရဲတပ် ဖွဲ့သို့လည်း အကြောင်းကြားထား ပြီးဖြစ်ကြောင်း လျှောက်ထားရာ ဆရာ တော်ဦးစန္ဒောဘာသက အမှန်ပင်လူလိမ်ခံရခြင်းဖြစ် ကြောင်း၊ လွှဲပို့ငွေကို ပြန်လည် ရုပ်သိမ်းပြီး ပြန်လည် ထုတ်ယူမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ယင်းနောက် အဆိုပါငွေကို အဆို ပါနေ့ ညနေပိုင်းတွင် ပြန် လည် ထုတ်ယူရရှိခဲ့သည်။

““ကမ္ဘောဇဘဏ်ရဲ့ ဖောက် သည်တွေအပေါ် တာဝန်ကျေမှု အတွက် အထူးပဲ ကျေးဇူးတင် တယ်။ ဒီလိုမ မှားသင့်တာမမှားရ အောင် ကြိုတင်ကာကွယ်ပြီး စုံစမ်းမေးမြန်းပေးတာ သိပ် ကောင်းတယ်။ မီဒီယာတွေက လည်း ပြည်သူတွေသိအောင် တင်ပြပေးပါဦး””ဟု ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားခဲ့ သည်။

Hot News Weekly

ဌာန၀င်ငွေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ရေကြောင်းပို့ဆောင်ရေးမှ ရေယာဉ်စီးခတိုးမြင့်ကောက်ခံမည်

အများပြည်သူသယ်ယူပို့ ဆောင်ရေးပြည်တွင်းမြစ်ဝကျွန်း ပေါ်ဒေသများသို့ ပြေးဆွဲပေးနေသောရေကြောင်း ပို့ဆောင်ရေး နှုန်းထားများအားတိုးမြှင့်ကောက် ခံတော့မည်ဖြစ်ကြောင်းသိရသည်။


မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြောင်းပို့ဆောင်ရေးနှုန်းထားများ အား တိုးမြှင့်ကောက်ခံရခြင်းမှာ ပြည်တွင်းရေ ကြောင်းပို့ဆောင် ရေးအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာ ငွေအား ခွဲတမ်းရ ယူခြင်း မရှိဘဲ ကုန်ကျငွေများကို ဌာန၀င်ငွေ များဖြင့် ရေရှည်လုပ်ကိုင်နိုင်ရန် အတွက်ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့ အခုတိုးမြှင့် ကောက်ခံမယ့်နှုန်းထားတွေက ပုဂ္ဂလိကနဲ့ယှဉ်ရင် ကျွန်တော်တို့ က ကောက် တာ နည်းပါတယ်။ ခရီးသည်တွေအနေနဲ့ ပေးနိုင်တဲ့ အနေအထားပါ။ နောက်ပြီးတော့ ဒီလိုတိုးမြှင့်ကောက် ခံ တဲ့နေရာမှာ လည်း ခရီးသည်တွေဘက်ကို ကွင်းဆင်းလေ့လာပြီးတော့မှ ကောက်ခံတာပါ””ဟု ရေကြောင်း ပို့ဆောင်ရေးမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသများ တိုးမြှင့်ကောက်ခံမည့်နှုန်းထား များမှာ ရန်ကုန်-မော်ကျွန်း၊ ယခင် ၁၄၀၀၊ ယခု ၂၀၀၀ ရန်ကုန်- ဘိုကလေး ယခင် ၁၂၂၀၊ ယခု ၁၇၅၀၊ ရန်ကုန်-ဖျာပုံ ယခင် ၁၀၀၀၊ ယခု ၁၅၀၀၊ ရန်ကုန် -ကျုံမငေး၊ ယခင် ၁၄၂၀၊ ယခု ၂၀၀၀ ရန်ကုန်-လပွတ္တာ ယခင် ၂၈၀၀၊ ယခု ၃၅၀၀ တို့ဖြစ်ကြောင်းသိရ သည်။

Hot News Weekly

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝုကျင့် ရှင်းထန်ကပြော သည်။ဇွန်(၂)ရက်ကတောင်ဝင် နှင်းဆီတွင်ကျင်းပပြုလုပ်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆွေးနွေးပွဲတွင် ၎င်းကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။


““၂၀၀၈ဖွဲ့စည်းပုံအခြေခံဥ ပဒေမှာ ပြောစရာတွေအများ ကြီးရှိပါတယ်။ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူဆိုတာတော့ဘာမှ မဆိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ၂၀၀၈အခြေခံဥပဒေကို ဖတ်ကြ မယ်ဆိုရင်အဓိကစုများဆိုတဲ့နေ ရာမှာ ဖက်ဒရယ်စုလုံးဝမပါဘူး။ တိုင်းရင်းသားတွေအမြင်နဲ့ခင်ဗျား တို့ဖက်ဒရယ်စုက ဒီထဲမှာပါလား ဆိုရင်လုံးဝမပါပါဘူး””ဟုဦးစုကျင့် ရှင်းထန်ကပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူလူထုကိုအား ကိုးပြီးရေးဆွဲခဲ့ခြင်းမဟုတ် ကြောင်း၊ပင်လုံစိတ် ဓာတ်နှင့်လုပ် ထားသည့်ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်ထိပြည်စုံမှုမရှိသေး ကြောင်း၊တိုင်းပြည်တွင်အေး ချမ်း စွာအတူနေထိုင်နိုင်ရန်နှင့်ဒီမိုကရေ စီစနစ်အရနေထိုင်ကြရန်ဆိုသည် မှာဖက်ဒရယ်စနစ်ကိုသာ အား လုံး ကမြင်ကြောင်း၎င်းကပြောသည်။ ““လက်ရှိအခြေခံဥပဒေမှာဖက်ဒ ရယ်ဆိုတာလုံးဝမပါဘူး။ဘာဖြစ် လို့လဲဆိုတော့ ၁၉၆၂မှာအာဏာ သိမ်းခဲ့တဲ့ဗိုလ်ချုပ်နေ၀င်းက စပြီး ဒီအမွေကိုဆက်ခံတဲ့အဖွဲ့တွေက ဒီ တိုင်း ပဲဆက်ခံတဲ့သဘောရှိလို့ မပါတာပါ””ဟုဦးစုကျင့်ရှင်းထန် ကပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲပွဲဆွေးနွေး ပွဲများကိုနိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ က ဦးဆောင် ကျင်းပနေခြင်းဖြစ်ပြီးယခုအကြိမ်မှာ ဆဋ္ဌမအကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်ကြောင်းသိရသည်။

Hot News Weekly

လယ်မြေအနီး စက်ယန္တရားများသုံး၍ ရွှေတူးဖော်နေသောကြောင့် တောင်သူတို့၏ လယ်မြေများပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မိုးနံအုပ်စု၊ သုဝဏ္ဏကျေးရွာနေ တောင်သူ ဦးထွန်းမောင်၏ လယ်ယာမြေ အနီး စက်ယန္တရားသုံး၍ ရွှေတူး ဖော်ခြင်းကြောင့် မိရိုးဖလာ၊ ဓါး မဦးချ စိုက်ပျိုးနေသော လယ်ယာ မြေများ ပျက်စီးနေပါသည်။


ရှေးဘိုးဘောင်ဆက် မိဘ များပိုင်ဆိုင်သော ကောလင်းမြို့ နယ်၊ တောင်ကြားအုပ်စု၊ ငှက် ပျောတောကွင်း အမှတ် (၁၉၃၇) လယ်မြေ (၂) ဧကသည် ယခုနှစ် စိုက်ပျိုးရေးရာသီတွင် ရွှေတူးဖော် ရေးလုပ်ငန်း ကြယ် စင်မိုးမြင့် ကုမ္ပဏီမှ စက်ယန္တရား ဘက်ဖိုး များ အသုံးပြု၍ ရွှေလုပ်ကွက်၊ လုပ်ငန်းခွင်ပြုလုပ်နေသော ကြောင့် ရွှေမျှောမှ ရွံ့နွံများ ကျရောက်နေ ပါသည်။ လယ်ယာမြေများ ပျက် စီးပြီး စိုက်ပျိုးရေးလုပ်ဆောင် ကြ ရန် အခက်အခဲများ ကြုံတွေ့နေ ရပါသည်။

အဆိုပါစိုက်ပျိုးရေးကာလ တွင် ကြုံတွေ့နေရသော ပြဿ နာ၊ အခက်အခဲများကို မိုးနံအုပ် စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေး ၀င်း (မိုးနံ)၊ ဦးသန်းကြိုင် (ချောင်း နား) ၊ ထွေ/အုပ် စာရေးမဒေါ် သန်းဌေးတို့ အား စာဖြင့် တိုင်ကြား ခြင်းကို ၂၀၁၃ ခုနှစ် ဧပြီလအ တွင်းက ပြုလုပ်ခဲ့ပါသည်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးအဖွဲ့က လယ်ယာမြေပိုင်ရှင် နှင့် ရွှေဗြုန်းစက်မောင်းနှင်ကြ သောချောင်းနား ကျေးရွာမှ ဦး သန်းကွန်း၊ ဦးဝင်းမြင့်၊ ဦးကြည် ရွှေ၊ ဦးမောင်မြိုင်တို့ကို ၎င်း သုဏ္ဏကျေးရွာမှ ဦးမောင်ရွှေ၊ ဦးချိုဦး၊ ဦးမောင်မြင့်၊ ဦးထွေးထွေး၊ ဦးမောင်ဇော်တို့ကိုလည်းကောင်း၊ မိုးနံကျေးရွာမှဦးကံငြိမ်း၊ ဦးစန်ထွေး၊ ဦးမောင်ထူးတို့ကိုလည်းကောင်း၊ မန္တလေးမြို့မှ ဦးဝင်းမြင့်တို့ကို လည်းကောင်း၊ ကျေးရွာအုပ်ချုပ် ရေးမှူး ရုံးသို့ခေါ်ယူခဲ့ရာ ဦးဝင်းမြင့် (ချောင်းနား)၊ ဦးမောင်ဇော် (သုဝဏ္ဏ)၊ ဦးမောင်ထူး(မိုးနံ) ထိုသုံးဦးသာလာ ရောက်ကြပါ သည်။ ကျန်ပုဂ်္ဂိုလ်များ လာရောက် ခြင်းမရှိခဲ့ပါ။

တွေ့ဆုံမေးမြန်းမှုမှ ဗြန်းစုတ် စက်ယန္တရားလုပ်ကိုင်နေကြသူများ က ကြယ်စင်မိုးမြင့်ကုမ္ပဏီသို့တစ် လ လျှင် ရွှေတစ်ကျပ်သားပေး ဆောင်၍ လုပ်ကိုင်ကြသူများဖြစ် ရာ လယ်ယာမြေထိခိုက်နစ်နာမှု များအား ကြယ်စင်မိုးမြင့်ကုမ္ပဏီ သို့တိုင်ကြားနိုင်ကြောင်း ဖွင့်ဟပြော ဆိုကြပါသည်။ ဗြုန်းစက်မောင်းနင် သူများ လည်း လာရောက်မှုပျက် ကွက်ခဲ့၍ ဖြေရှင်းနိုင်မှုမရှိခဲ့ပါ။

မိရိုးဖလာပြုလုပ်ခဲ့ကြသော လယ်မြေများ ပျက်စီးနေမှုအား သက်ဆိုင်ရာအကြီးအကဲများမှ တာဝန်ယူဖြေ ရှင်းနိုင်ပါရန်နှင့် လယ်ပိုင်လုပ်ကိုင်ခဲ့ကြသော မိသားစုအတွက်စားဝတ်နေရေး ထိခိုက်နစ်နာနေပါသဖြင့် စက်ယန္တရားများအသုံးပြု၍ ရွှေ လုပ်ကွက်ပိုင်ရှင်များနှင့် ယန္တရား စက်မောင်းသူများအားအမြန်ဆုံး ခေါ်ယူ ၍တွေ့ဆုံဖြေရှင်းပေးပါရန် နှင့် တောင်သူတို့နှစ်စဉ်စိုက်ပျိုး ထွန်ယက်မှုထိခိုက်နစ်နာနေမှုများ အား အမြန် ဆုံးဖြေရှင်းဆောင်ရွက် ပေးပါရန် ရွှေလုပ်ကွက်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ထိခိုက် နစ်နာနေကြသော လယ်ဧက (၅၀) ကျော်၏လယ်သမားများ ဆန္ဒရှိကြောင်း သိရပါသည်။

နစ်နာသူလယ်ပိုင်ရှင်တစ်ဦး

Hot News Weekly