Friday, June 7, 2013

Apple ပစ္စည်းများလည်း မလုံခြုံဆိုဟုဆို



ဂျော်ဂျီနာနိုင်ငံက နည်းပညာရှင်တို့ စမ်းသပ်လို့ရတဲ့ ရလဒ် ဖြစ်ပါတယ်။ Mac ကစလို့ iPhone အဆုံး Apple ကုန်ပစ္စည်း အားလုံးကို လုံခြုံရေး ထိုးဖောက် လို့ ရကြောင်း သိရပါတယ်။


နည်းလမ်းကတော့ အားသွင်းတဲ့ ကြိုး ကနေ ဖြစ်ပါတယ်။ အားသွင်းတဲ့ ဘက်ထရီကြိုး/ Connector ကနေ တစ်ဆင့် Hack တာ ဖြစ်ပါတယ်။ malicious charger ကို အသုံးပြုပြီး Apple ကုန်ပစ္စည်းအတွင်းက အချက်အလက်များ ကို အလွယ်တကူ ယူလို့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် Apple ရဲ့  USB connector နဲ့ ပက်သက်လို့ လုံခြုံရေး အားနည်းချက်ကို Apple တို့ ပြန်လည် Upgrade လုပ်ရန်လိုအပ် တယ်လို့ အကြံပေးထား ကြပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ Black Hat computer security conference မှာ Apple Device အား Hack ပုံဟက်နည်းကို လက်တွေ့ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

https://www.facebook.com/ZinYawNews

Credit to:TechSpace Journal

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်း ဆွေးနွေးပွဲ (ရုပ်/သံ)


ဇွန်လ ၆ ရက်နေ့က နေပြည်တော် MICC မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံ အနာဂတ်ခေါင်းစဉ်နဲ့ ဘီဘီစီ debate အစီအစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ဇင်မာအောင်၊ ဒေါက်တာ သန့်မြင်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာ ပွင့်လင်းမူမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်



အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာသည် ပွင့်လင်းမူ မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြား လိုက် သည်။


ယနေ့ညနေခြောက်နာရီတွင် နေပြည်တော် MICC ၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ပြည်ပသတင်းဌာနတစ်ခု၏ မေးမြန်းမူကို ပြန်လည် ဖြေကြား ရာတွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသည် ပြည်သူလူထုအတွက် လုပ်နိုင်သည်ကို စတင် ဆောင်ရွက် သင့်ကြောင်း ၊ ပြည်သူလူထု၏လိုအပ်ချက်ကို ဦးတည်စေချင်ကြောင်း ပြောသည် ။

ပြည်သူလူထုအတွက် အလုပ်အကိုင်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်ခြောက်ချက်ကို ၄င်းကထောက်ပြခဲ့သည်။

လက်ရှိတွင် ၄င်း၏ မဲဆန္ဒနယ်ဖြစ်သေည့် ကော့မူးတွင် အလုပ်လက်မဲ့လူငယ် ၇၅ %၇ှိနေကြောင်း ၊ မြန်မာနိုင်ငံရှိလူငယ် ၇၅%သည်အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လက်မဲ့လူငယ်များသည် မျှော်လင့်ချက် ပျက်ပြားကာ လူမူရေးပြသနာများဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မေဇင်ဝင်း-

အစိုးရရဲ့ အတွင်းကျကျ မရိုးသားမှုကြီး ဒေါ်စု ဖော်ထုတ်

Burma လို့ပဲ ကျမ ဆက်လက်ခေါ်ရတဲ့ အကြောင်းတွေထဲမှာ ပြည်သူတွေရဲ့ သဘောထားနဲ့ ဒီနာမည်ကို ပြင်ဆင်ခဲ့ခြင်း မဟုတ်တာကြောင့်လဲ ပါပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်မှာ ပြည်သူတွေပါဝင်ခွင့် လုံးဝ မပါခဲ့ဘူး။ နောက်တစ်ခုက ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်ထဲမှာ အတွင်းကျကျ မရိုးသားမှုတချို့ ရှိတယ်လို့ ကျမမြင်လို့ပဲ။ အဲ့ဒါဘာလဲဆိုတော့ "မြန်မာ" ဆိုတာ ပြည်ထောင်စုတွင်းမှာရှိတဲ့ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆမှားကြီးကို ဆိုလိုချင်တာပါ။ အရိုးရှင်းဆုံးပြောရရင် "မြန်မာ" ဆိုတာ "ဗမာ" ဆိုတဲ့ တိုင်းရင်းသားတစ်စုကိုပဲ အလင်္ကာမြောက်အောင် ရေးလိုက်တဲ့ စာလုံးဖြစ်ကြောင်း ကျမ ပြတ်ပြတ်သားသား ပြောထားပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင် အဲ့ဒီပြဿနာကို တည့်တည့်ရင်ဆိုင်ဖို့ လိုပါတယ်။ နာမည်လေး ပြောင်းလိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလေ။

Credit : http://www.dawnmanhon.com/2013/06/blog-post_7666.html#sthash.bWPgkA3P.dpbs

အမေရိကန်အစိုးရမှ မြန်မာအစိုးရ နှင့် ကြံ့ခိုင်ရေးပါတီ တို့ကို ကျောသပ်ဆက်ဆံမှုများ ပြုလုပ်နေ



အမေရိကန်အစိုးရအနေဖြင့် တပ်မတော်အစိုးရမှ (၂ဝ၁ဝ)ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရ အသွင်ပြောင်းထားသည့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးပါတီမှ အနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော လွှတ်တော်အသီးသီးနှင့် မြန်မာအစိုးရသစ်တို့ အမေရိကန်အစိုးရ အနေဖြင့် ကျောသပ် ဆက်ဆံမှုများပြုလုပ်လျှက်ရှိနေကြောင်း စင်တာရောက် Library အဖွဲ့ဝင်များ အတွင်းပြော ဆိုနေပါသည်။


လက်ရှိမြန်မာအစိုးရသည် အမေရိကန်အစိုးရ နှင့် ဆက်ဆံရေးပြေလည်စေရုံသာ ကျောသပ် ဆက်ဆံမှုများ ပြုလုပ်ခြင်းခံရသလို အင်တိုက်အားတိုက် အကူအညီ ပေးမှုများကို တိုးတက် ဝင်ရောက်လာစေရေးအတွက် မြန်မာ့ငွေကြေးကို နိမ့်ကျစေသော တစ်ဒေါ်လာလျှင် မြန်မာငွေ တစ်ထောင် ကျပ်နှုန်းနီးပါးနှင့် လဲလှယ်ရန် အကြောင်းကို မြန်မာ့ရုပ်သံမှပြောဆိုခဲ့သော်လည်း တကယ်တမ်း အနေဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုများရောက် ရှိခြင်းမရှိခဲ့သည့် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ပြည်သူလူထုမှ မြန်မာ့ငွေကြေး တန်းဖိုးကျဆင်းစေမှုအပေါ်အပြစ်မြင်စေခဲ့ကြောင်း ပြောဆိုနေပါသည်။

လက်ရှိတွင်လည်း မက် ဒရင်းအောဘရိုက် ရောက်ရှိပြီး အနိုင်ရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ် စားလှယ်အသီးသီးပါဝင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း တကယ် တမ်းတွင် (၂ဝ၁၅)ခုနှစ်ရွေးကောက်ပွဲအတွက် NLD အနိုင်ရကြောင်းFacts and Finding ပြုလုပ်ခြင်း သာဖြစ်ကြောင်း ဝေဖန် ပြောဆိုနေပါသည်။

အမေရိကန်အစိုးရအနေဖြင့် ယခင်က သမ္မတ အိုဘားမားရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံမှ အတိုက် အခံ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် တက်ရောက်စေခဲ့ရာ ထိုအချိန်က အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ကိုကျော်သူရ အပါအ၀င် စုစုပေါင်း အတိုက်အခံနိုင်ငံရေးသမား (၁၅)ဦးခန့် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါသည်။သို့သော် တကယ်တန်း သင်တန်းများ ပေးမည် ဆိုသည့် အခါတွင် NLD မှ ၄င်းတို့ စာကြည့်တိုက်သို့ လာရောက်သူများကိုသာ အဓိက စေလွှတ် နေကြောင်း၊ ပုဇွန်တောင်မြို့မှ NLD ပါတီဝင် အောင်ဇင်အပါအ၀င် NLD မှ အင်တာနက်ကွန် ယက်စောင့် ကြည့်ရေး တာဝန်ခံများကို အမေရိကန်နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ပညာတော်သင်စေလွှတ်သင် ကြား စေလျှက်ရှိကြောင်းသိရှိရပါသည်။

အနိုင်ရ ပြည်ခိုင်ဖြိုးပါတီကို ကျောသပ်ဆက်ဆံပြီး (၂ဝ၁၅)ခုနှစ် တွင် ပြည်ခိုင်ဖြိုးပါတီကို လွှတ်တော်မှ ဖယ်ရှားနိုင်ရေးရည်ရွယ်ချက်ဖြင့် ဆက်ဆံနေကာ ၊ ၄င်းတို့ အလိုကျ NLD ပါတီအနိုင်ရ ရှိရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးသာ အမေရိကန်အစိုးရ အတွက် အဓိက သာ ဖြစ်နေကြောင်း အမေရိကန် စင်တာ စာဖတ်သူများ ပြောဆိုလျက်ရှိကြောင်း သိရှိရပါသည် ။

Credit : http://www.khitthitmyanmar.com/2013/06/blog-post_6469.html

မိတ်ဆွေများ အားလုံးကို ဖိတ်ကြားအပ်ပါသည်



နှစ်စဉ် သြဂုတ်လ ၂၆ နေ့သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ် ပြဌာန်းခဲ့ သော နေ့ထူး နေ့မြတ် ဖြစ်ပါသည်။ လာမည့် ၂၆-၈-၂၀၁၃ ဆိုလျှင် ၅၂ ပြည့်မြောက်ပြီဖြစ်ပါသည်။


တရားဝင် ဥပဒေထုတ်ပြန်၍ အတည်ပြု ပြဌာန်းခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သမိုင်း အဆက်ဆက် မေ့လျော့ထားခံခဲ့ရသော အထိမ်း အမှတ် နေ့ဖြစ်ပါသည်။

ထိုသမိုင်းဝင်အထိမ်းအမှတ်နေ့ကို မ, မေ့လျော့ခဲ့သော ဗဟန်း မင်္ဂလာမဏ္ဏိုင်ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာသိရီဦးဆောင်သည့် အဖွဲ့သည် အခါအခွင့် သင့်သည်နှင့် တစ်ပြိုင်နက် ပြန်လည်ဖော်ဆောင်ရန် ကြာမြင့်စွာအားထုတ်ခဲ့ရာ၊ အသီးအပွင့်အဖြစ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင် ပြီး ၅၁ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

ထူးခြားချက်အနေနှင့် ထိုခမ်းအနားနှင့်တွဲဖက်၍ " ထေရဝါဒ ဓမ္မကွန်ရက်" ဟုခေါ်တွင်သော အမျိုးဘာသာ၊ သာသနာအရေး ဆောင်ရွက်အကောင်ထည်ဖော်နေသည့် အဖွဲ့ပေါင်း ၄၀ ခန့်ကို စုစည်းကာ ကွန်ရက် သဖွယ်ချိတ်ဆက်ပေးသည့် အဖွဲ့အစည်းကြီးကို လည်း အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထိုအဖွဲ့ကြီး အနေနှင့် တောင်ဒဂုံ ၂၆ ရပ်ကွက် တရားရိပ်သာမှ ဘုရားရုပ်ပွားတော်များ ကို သန်လျင်တွင် သွားရောက် စွန့်ပစ်ခဲ့သည့် ကုလားနောက်ခံပေးထားသော ဘာသာပျက်မိသားစုကို တရားစွဲဆိုခြင်း၊ မွတ်ဆလင်ကုလား ပိုင် မေခလာသိန်းအထည်ဆိုင်မှ ဘုရားပုံပါသော ထမီများရောင်းချမှုကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက် ပေးပြီး ပါဝင်အမှုလိုက်ပေးနေခြင်း စသည့် ထင်ရှားသေားကိစ္စများအပါအဝင် ဘာသာ၊ သာသနာအရေး များစွာကို ဆောင်ရွက်အကောင်ထည်ဖော်လျက်ပါသည်။

ယခုအခါ ထို " ထေရဝါဒ ဓမ္မကွန်ရက်" ကြီးမှ ဦးဆောင်ပြီး ယခုနှစ်၏ နိုင်ငံတော်ဘာသာနေ့ကို စည်ကား အောင်မြင်စွာကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိရာ နိုင်ငံတော်ဘာသာနေ့ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် မီဒီယာရှင်းလင်းပွဲကြီးကို လာမည့် ၉-၆-၂၀၁၃ နေ့တွင် ရန်ကုန်မြို့တိပိဋကကျောင်းတိုက် (ပဲခူးကလပ် ကားမှတ်တိုင်အနီး) တွင် နေ့လည် ၁ နာရီမှ ၄ နာရီအတွင်း ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာ၊ သာသနာအရေး တွေးဆပူပင်၍ စိတ်ဝင်တစားရှိကြကုန်သော၊ ငွေအားလူအားတို့ဖြင့် ပံ့ပိုးလိုကြကုန်သော သူတော်ကောင်းမိတ်ဆွေအပေါင်းတို့ တက် ရောက်နိုင်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

တစ်ဆက်တည်းဖိတ်ကြားလိုသည်မှာ လာမည့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို တောင်ဒဂုံ တိပိဋက ကျောင်းတိုက်ကြီးတွင် ကျင်းပမည်ဖြစ်ပါသည်။ ၂၆-၈-၂၀၁၃ နေ့သည် တနင်္လာနေ့ကျရောက်သောကြောင့် အခမ်းအနားကို အကြိုနေ့ဖြစ်သော ၂၅-၈-၂၀၁၃ နေ့တွင်ကျင်းပပြီး၊ ၂၆-၈-၂၀၁၃ တွင် မူ နေအိမ်များ တွင်သာသနာ့အလံများလွှင့်ထူခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြမည် ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

Credit : http://mgkarlu-mymanar.blogspot.com/2013/06/blog-post_8589.html

လက်ပံတောင်း တောင်ကြည့်ပွဲ ကျင်းပသူများအား ပြစ်ဒဏ်စီရင်လိုက်

ဇွန်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

မုံရွာမြို့မှ ဗကသ ကျောင်းသားများ နှင့် လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ အတွင်းရေးမှူး တို့အား တောင်ကြည့်ပွဲကျင်းပရာတွင် ခွင့်ပြုချက် မရယူ၍ မုံရွာမြို့ တရားရုံးက ဗုဒ္ဓဟူးနှင့် ကြာသပတေး နေ့များတွင် ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း ထိုအမှုတွဲတွင် ပါဝင်သူ ကိုဟိန်းဇော်ဝင်း က ပြောသည်။


“ကျနော်နဲ့ ကိုနွေဦးကို ငွေ သုံးသောင်းဆီ ဒဏ်ငွေ ဆောင်ရတယ်။ ဦးမြင့်အောင်ကိုတော့ ဒီနေ့ပဲ အမိန့်ချလိုက် တယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်။ ကျနော်တို့ ၃ ယောက်စလုံးက အမှုတွဲ အတူတူပါ။ ဘာကြောင့် ပြစ်ဒဏ် မတူတာလည်း ကျနော်တို့လည်း နားမလည်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ပံတောင်တောင် ကယ်တင်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးမြင့်အောင်သည် အပြစ်ဒဏ် ချမှတ်ခံ ရချိန်တွင် အသက်အရွယ်အားဖြင့် ၆၀ ကျော်နေပြီဖြစ်ကြောင်း ကော်မတီက ဥက္ကဋ္ဌ ဦးချစ်ခင် က ပြောသည်။

“ဒါက မတရားချမှုပဲလို့ မြင်တာဗျာ။ သူတို့ တောင်ကြည့်ပွဲနဲ့ ပါတ်သက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဘယ်သူကိုမှ အနှောက်အယှက် မဖြစ်စေဘဲနဲ့ ငြိမ်းချမ်းစွာ တောင်ကြည့်ပွဲ ကြည့်ကြတာပဲ။ အဲဒါကို ဒီလိုလုပ်တာဟာ မမှန်ကန်တဲ့ ဟာပါ။ ဘာကြောင့် ပြစ်ဒဏ် ကွဲပြားနေတယ်ဆိုတာ မသိဘူး။ ဒါဟာ ဥပဒေကို လိုသလို ဆွဲယူလိုက်တာပါဗျာ” ဟု ဦးချစ်ခင်က ရှင်းပြသည်။

ဗုဒ္ဓဟူးနေ့ကလည်း ညောင်ရေသွန်းပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ဗကသ ကျောင်းသားများဖြစ်သည့် ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်းနှင့် ကိုထင်ရှား တို့အား ပုဒ်မ ၁၈ ဖြင့် ငွေဒဏ်စီရင်ခဲ့သေးသည်။

အပတ်စဉ် တနင်္ဂနွေနေ့များတွင် မေလ ၁၂ ရက်နေ့မှ စတင် ပြုလုပ်ခဲ့သည့် တောင်ကြည့်ပွဲ အခမ်းအနား များအား ခွင့်ပြုချက် မယူသည့်အတွက် အာဏာပိုင်များက တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။

“ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး တရားရုံးက ကျနော်တို့ကို မေးတယ် အပြစ်ရှိလားတဲ့။ ကျနော်တို့က မရှိဘူး ဖြေတယ်” ဟု ဗုဒ္ဓဟူးနေ့က တရားရုံး၌ ခုခံဖြေဆိုသူ ကိုထင်ရှား က ပြောပြသည်။

အပြစ်ဒဏ်ချမှတ်ခံရသူ များအနေဖြင့် ဒဏ်ငွေပေးဆောင်သွားမည်ဖြစ်သလို ပုဒ်မ ၁၈ အား ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပုဒ်မ ၁၈ ကို လုံးဝ ကန့်ကွက်ပါတယ်။ အဲဒီဟာ ရှိနေသရွှေ့ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီ နိုင်ငံ လုံးဝ မဖြစ်နိုင်ဘူး” ဟု ကိုဟိန်းဇော်ဝင်း က ယနေ့ညနေပိုင်း တရားရုံးမှ အပြန်တွင် ပြောဆိုသွားသည်။

Credit : http://www.mizzimaburmese.com/news/inside-burma/11909-2013-06-06-11-09-44.html

ကချင်ငြိမ်းချမ်းရေး အလားအလာ အမေရိကန် သံတမန်များ မြစ်ကြီးနားသို့ သွားရောက်လေ့လာ

အမေရိကန် သံသမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဆွေးနွေးမှုတွင် ပါဝင်သူ ကချင် ရှေ့နေများအဖွဲ့ Kachin Lawyers' Group မှ ရှေ့နေ မုန်ဆိုင်းတူး က ပြောသည်။


သံအမတ်ကြီး ဒဲရစ်မစ်ချယ်(Derek J.Mitchell) ၏ လက်ထောက် နှစ်ဦးတို့က ကချင် လူမှု အဖွဲ့အစည်းများအား တဖွဲ့ချင်းဆီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မုန်ဆိုင်းတူး က မဇ္စျိမကို ပြောသည်။ 

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့က စောင့်ကြည့်စစ်ဆေးတဲ့ သဘော။ သူတို့ အမေရိကန် အစိုးရက ဒီဆွေးနွေးပွဲမှာ မပါလိုက်ရဘူး။ ဒါပေမယ့် သူတို့ဘက်က အမြဲတမ်း စောင့်ကြည့် နေပါတယ်။ အမေရိကန် ကလည်း ရှေ့လျှောက် ပါဝင်နေမှာပါ။ ကျနော်တို့ကို သူတို့ ဘယ်လို လုပ်ဆောင် နေတယ်ဆိုတာတွေ ပြောကြတယ်” ဟု ပြောသည်။

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံက လေ့လာသူများအဖြစ် ပါဝင် တက်ရောက်ခွင့် မရခဲ့သော်လည်း ထိုဆွေးနွေးမှုအပေါ် အမေရိကန် အစိုးရအနေဖြင့် ပြန်လည် စောင့်ကြည့်လေ့လာရန် လာရောက်ခြင်း ဖြစ်သည်ဟု မုန်ဆိုင်းတူး က ပြောသည်။

“ဆွေးနွေးပွဲမှာ မပါဝင်ပေမယ့် ခုလာပြီး လေ့လာတဲ့ သဘောပါ။ သူတို့ အမေရိကန်ရဲ့ ဒေးဗစ်မီရှဲရဲ့ လူတွေ လာရောက်ပြီး စောင့်ကြည့် နေတယ်ဆိုတာက ကျနော်တို့အတွက် ရလဒ်ကောင်းပဲလို့ မြင်တယ်။ သူတို့ ဒီဆွေးနွေးမှုကို သူတို့ လက်လွှတ်မခံဘူးဆိုတာကို တွေ့မြင်ရတယ်” ဟု ဆိုသည်။

အမေရိကန် သံသမန်များသည် ကချင်အတိုင်ပင်ခံအဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် ရှမ်းလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်ဟု PCG မှ ဦးဆန်အောင် က ပြောသည်။

PCG အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမေရိကန်အစိုးရအနေဖြင့် ပါဝင်လိုသော်လည်း မြန်မာ အစိုးရဘက်က မဖိတ်ကြားခြင်းနှင့် တရုတ်အစိုးရက ကန့်ကွက်ခြင်းတို့ကြောင့် ပါဝင်ရန် ခက်ခဲသည်ဟု အမေရိကန်သံသမန်များက ပြောဆိုခဲ့သည်ဟု ဦးဆန်အောင် က ပြောသည်။

“ဒီဆွေးနွေးပွဲမှာ ပါဝင်ချင်ပါတယ်။ ဒါပေမဲ့ သူတို့ကို KIO ကပဲ ဖိတ်တယ်။ ဒီဆွေးနွေးပွဲအပေါ် ဘယ်လို မြင်တယ်။ အခြေအနေ သိရှိဖို့ လာတာ။ ဆွေးနွေးပွဲမှာ တရုတ်ပါဝင်မှု ဘယ်လိုမြင်တယ်။ အမေရိကန် အပေါ် ဘယ်လိုမြင် တယ်။ ခုသဘောတူညီချက်တွေ အောင်မြင်မယ်လို့ ထင်လား။ သူတို့လည်း အတတ်နိုင်ဆုံး ကူညီမယ်ဆိုတာတွေ ပြောပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ 

သူ့အနေဖြင့် ယခုကဲ့သို့ အမေရိကန်အစိုးရဘက်မှ လာရောက်လေ့လာခြင်းမှာ အကောင်းဘက် ရှုမြင်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန်နှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်ရေး တည်ဆောက်ရေးကို အာမခံနိုင်သော နိုင်ငံရေး သဘောတူညီမှုများ ထွက်ပေါ်လာနိုင်ရေး ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့တခု (Joint Monitoring Committee) ဖွဲ့စည်းရန် အပါအဝင် အချက် ၇ ချက်အား သဘောတူညီမှု ရရှိခဲ့သည်။

Credit : http://www.mizzimaburmese.com/news/inside-burma/11910-2013-06-06-11-56-44.html

WiFi နှင့် NFC အသုံးပြုနိုင် မည့် Panasonic Lumix GF6 ကင်မရာ


Photo: WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ
Friday, June 7 , 2013

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide

Myanmar Consumer Guide

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။


ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ် ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်း များပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူ များ အတွက်ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ် လိုက်ခြင်း ဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်း မျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်း စနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်း တွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide

Myanmar Consumer Guide

သွေး ဖိအား ကျ ဆင်းစေနိုင် သည့် နည်း လမ်း သစ် များ


Photo: သွေးဖိအား ကျဆင်းစေနိုင်သည့် နည်းလမ်းသစ်များ
Friday, June 7 , 2013

သင့်သွေးဖိအား မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ခက်ခဲနေပါသလား။ အောက်ပါတို့ဟာ သိပ္ပံနည်းကျ ဖော်ထုတ်ထားတဲ့ သွေးဖိအား ကျင်ဆင်းစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၆၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

၁။ သွေးကြောသန်မာအောင် မြေပဲစားပါ
မြေပဲရဲ့ အနီရောင်အခွံကို မခွဘဲ စားသုံးရင် သွေးကြောတွေ ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ မြေပဲရဲ့ အနီရောင်အခွံမှာ ရီဗက်ရက်စ်ထရော ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့်ပါ။ နေ့စဉ် အခွံပါမြေပဲကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် တစ်လအတွင်း သွေးဖိအား မှတ်ရှစ်မှတ်အထိ ကျဆင်းနိုင်တယ်လို့ ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၂။ စောင်းတီးသံ နားထောင်ပြီး စိတ်ဖိစီးမှုများ လျှော့ချပါ
စောင်းတီးသံလိုမျိုး ငြိမ့်ညောင်းတဲ့ သီချင်းသံတွေကို ၁၀ မိနစ်ခန့် နားထောင်ရုံနဲ့ စိတ်ဖိစီးမှုတွေ လျော့သွားပြီး သွေးဖိအားကို ထိန်းချုပ်နိုင်တယ်လို့ သုတေတီတွေက အကြံပေးထားပါတယ်။

၃။ ပင်လယ်စာ စားပါ
ဆယ်လမွန်ငါး၊ ပုစွန်၊ ဂဏန်း ဒါမှမဟုတ် ငါးကြင်း၊ ငါးတန်လိုမျိုး ပင်လယ်စာတွေကို တစ်ပတ် သုံးကြိမ် စားသုံးရင် သွေးဖိအား ကျင်ဆင်းနိုင်တယ်လို့ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသီတွေက အကြံပေးထားပါတယ်။ ဒီပင်လယ်စာတွေမှာ အက်စ်သာလ်ဇမ်ဘင်းန်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးကြောတွေ ပိတ်ဆို့မှုဖြစ်စေတဲ့ သွေးခဲဖတ်တွေ မဖြစ်အောင် တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

၎။ သွေးဖိအား ရုတ်တရက် မြင့်တက်မလာအောင် ပဲပိစပ် စားပါ
ပဲပိစပ် ဒါမှမဟုတ် ပဲနို့နဲ့ တိုဟူးလိုမျိုး ပဲပိစပ်ထုတ်ကုန်တွေကို တစ်ပတ်သုံးကြိမ် စားသုံးတာကြောင့် နှစ်လအတွင်း သွေးဖိအား ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ အမေရိကန် နှလုံးရောဂါဌာနမှ ထုတ်ဖော် ထားပါတယ်။ ပဲပိစပ်မှာ ပါဝင်တဲ့ အိုင်အိုဖလိုဗင်း ဒြပ်ပေါင်းတွေဟာ သွေးဖိအား ကျဆင်းစေတဲ့ ဆေးဝါးတွေလိုမျိုး ပြုမှုနိုင်တာကြောင့်ပါ။

၅။ သွေးဖိအား ကျဆင်းအောင် အုန်းရည်သောက်ပါ
မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နေ့စဉ် အုန်းစိမ်းရည် နှစ်ခွက် သောက်သုံးတာကြောင့် သွေးတိုးရောဂါရှိသူတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ သွေးဖိအား အမှတ် ၁၂ မှတ် ကျဆင်းတယ်လို့ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အုန်းစိမ်းရည် တစ်ခွက်မှာ ပိုတက်စီယမ် ၇၅၀ မီလီဂရမ် ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ဗဟိုအာရုံကြောစနစ်ကို အေးချမ်းမှုရှိစေပြီး သွေးကြောတွေ ပျက်စီးမှု ဖြစ်စေတဲ့ သွေးဖိအား မြင့်တက်မှုမရှိအောင် ကာကွယ်ထားနိုင်တာကြောင့်ပါ။

၆။ နှလုံးကျန်းမာရေး ကောင်းအောင် ဖာလာစေ့ စားပါ
လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဖာလာစေ့ကို နေ့စဉ်စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ ၁၂ ပတ်အတွင်း သွေးဖိအား ပုံမှန်ပြန်ဖြစ်သွားတယ်လို့ လေ့လာမှုနှစ်ခုအရ တွေ့ရှိထားပါတယ်။ ဖာလာစေ့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သွေးကြောတွေကို Relax ရစေတာကြောင့် သွေးဖိအား မြင့်တက်မှုမရှိအောင် ကွာကွယ်နိုင်တယ်ုလို့ ဆိုပါတယ်။

၇။ သွေးကြောပွင့်အောင် သံလွင်ဆီ စားပါ
အီတလီနိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ထမင်းစားဇွန်း သုံးဇွန်းစာ သံလွင်ဆီကို နေ့စဉ်စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ သွေးတိုးကျဆေး သောက်ရတာ တစ်ဝက်ခန့် လျော့ကျသွားတယ်လို့ သိရှိရပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်း ပေါ်လီဖီနောတွေဟာ သွေးကြောနံရံတွေကို ပျော့ပျောင်းမှု ရှိစေတဲ့အတွက် သွေးကြောမာကျစ်မှုနဲ့ ကျဉ်းမြောင်းမှု မရှိအောင် ကာကွယ်ထားနိုင်တာကြောင့်လို့ ဆိုပါတယ်။

၈။ သွေးကြော ရောင်ရမ်းမှု ပျောက်အောင် လေ့ကျင်ခန်းပြုလုပ်ပါ
သွေးဖိအားကျဆင်းဖို့အတွက် ချွေးထွက်ရလောက်အောင် လေ့ကျင့်ခန်းပြုလုပ်စရာ မလိုအပ်ပါဘူး။ ထိုက်ချိ၊ ယောဂ ဒါမှမဟုတ် ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို တစ်ကြိမ် မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်လေးကြိမ် ပြုလုပ်ရုံနဲ့ တစ်လအတွင်း သွေးဖိအား ကျဆင်းနိုင်တယ်လို့ ယေးလ်တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်တာကြောင့် သွေးကြောတွေ ပွင့်ပြီး နှလုံးတွင်း သွေးရောက်ရှိမှုဟာ ၇၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်လာတယ်လို့ သိရပါတယ်။ သွေးကြောအတွင်း ရောင်ရမ်းမှုတွေကိုလည်း တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။

Tips

အောက်ပါ အစားအစာတွေကို စားပါ

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အလက်ဇင်ဟာ သွေးဖိအားကို ငါးနာရီကြာမျှ ကျဆင်းစေနိုင်ပါတယ်။ ကြက်သွန်ဖြူ နှစ်ဥ စားပေးပါ။

ကြက်သွန်နီ
ကြက်သွန်နီဟာ ခန္ဓာကိုယ်အတွင်း ပိုလျှံတဲ့ အရည်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ခွက်တစ်ဝက် နေ့စဉ် စားသုံးရုံနဲ့ သွေးဖိအား အမှတ် ခုနှစ်မှတ်အထိ ကျဆင်းသွားနိုင်ပါတယ်။

အောက်ပါအစာတွေကို ရှောင်ပါ

ကဖင်းပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေဟာ သင့်ကို သွေးဖိအား မြင့်တက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကဖင်းနဲ့ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေဟာ သွေဖိအား မြင့်တက်နိုင်ခြေ ၆၀ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။ ကဖင်းနဲ့ အချိုရည်တွေကို တွဲပြီး သောက်သုံးတဲ့အတွက် သွေးကြောတင်းကျပ်သွားတာကြောင့်လို့ ဆိုပါတယ်။

DID YOU KNOW?

သင့်ရဲ့ အသက် ၈၅ နှစ်ကျော် အဘွားမှာ သွေးဖိအား အနည်းငယ် မြင့်တက်နေတာဟာ စိုးရိမ်စရာ မရှိဘူးဆိုတာ သင့်သိပါသလား။ အသက်ကြီးသူတွေမှာ သွေးဖိအား မြင့်တက်တာဟာ သူတို့မှာ ကြီးမှားတဲ့ နှလုံးပြဿနာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တဲ့ လက္ခဏာလို့ ဆက်ဆက်စ်တက္ကသိုလ်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ နှလုံးသန်မာတယ်ဆိုတဲ့ လက္ခဏာပါလို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

သင့်သွေးဖိအား မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ခက်ခဲနေပါသလား။ အောက်ပါတို့ဟာ သိပ္ပံ နည်းကျ ဖော် ထုတ်ထားတဲ့ သွေးဖိအား ကျင်ဆင်းစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ကို လည်း ၆၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။


၁။ သွေးကြောသန်မာအောင် မြေပဲစားပါ

မြေပဲရဲ့ အနီရောင်အခွံကို မခွဘဲ စားသုံးရင် သွေး ကြောတွေ ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင် တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ မြေပဲရဲ့ အနီရောင်အခွံမှာ ရီဗက်ရက်စ် ထရော ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့်ပါ။ နေ့စဉ် အခွံပါမြေပဲကို ခွက်တစ်ဝက်စာ စားသုံး တာကြောင့် တစ်လအတွင်း သွေးဖိအား မှတ်ရှစ်မှတ်အထိ ကျဆင်းနိုင်တယ်လို့ ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၂။ စောင်းတီးသံ နားထောင်ပြီး စိတ်ဖိစီးမှုများ လျှော့ချပါ

စောင်းတီးသံလိုမျိုး ငြိမ့်ညောင်းတဲ့ သီချင်းသံတွေကို ၁၀ မိနစ်ခန့် နားထောင်ရုံနဲ့ စိတ်ဖိစီးမှုတွေ လျော့ သွားပြီး သွေးဖိအားကို ထိန်းချုပ်နိုင်တယ်လို့ သုတေတီတွေက အကြံပေးထားပါတယ်။

၃။ ပင်လယ်စာ စားပါ

ဆယ်လမွန်ငါး၊ ပုစွန်၊ ဂဏန်း ဒါမှမဟုတ် ငါးကြင်း၊ ငါးတန်လိုမျိုး ပင်လယ်စာတွေကို တစ်ပတ် သုံးကြိမ် စားသုံးရင် သွေးဖိအား ကျင်ဆင်းနိုင်တယ်လို့ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသီတွေက အကြံပေး ထားပါတယ်။ ဒီပင်လယ်စာတွေမှာ အက်စ်သာလ်ဇမ်ဘင်းန်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့ အတွက် သွေးကြောတွေ ပိတ်ဆို့မှုဖြစ်စေတဲ့ သွေးခဲဖတ်တွေ မဖြစ်အောင် တားမြစ်နိုင်တာကြောင့် လို့ ဆိုပါတယ်။

၎။ သွေးဖိအား ရုတ်တရက် မြင့်တက်မလာအောင် ပဲပိစပ် စားပါ

ပဲပိစပ် ဒါမှမဟုတ် ပဲနို့နဲ့ တိုဟူးလိုမျိုး ပဲပိစပ်ထုတ်ကုန်တွေကို တစ်ပတ်သုံးကြိမ် စားသုံးတာကြောင့် နှစ်လ အတွင်း သွေးဖိအား ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ အမေရိကန် နှလုံးရောဂါဌာနမှ ထုတ်ဖော် ထားပါတယ်။ ပဲပိစပ်မှာ ပါဝင်တဲ့ အိုင်အိုဖလိုဗင်း ဒြပ်ပေါင်းတွေဟာ သွေးဖိအား ကျဆင်းစေတဲ့ ဆေး ဝါးတွေလိုမျိုး ပြုမှုနိုင်တာကြောင့်ပါ။

၅။ သွေးဖိအား ကျဆင်းအောင် အုန်းရည်သောက်ပါ

မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ နေ့စဉ် အုန်းစိမ်းရည် နှစ်ခွက် သောက်သုံး တာကြောင့် သွေး တိုးရောဂါရှိသူတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ သွေးဖိအား အမှတ် ၁၂ မှတ် ကျဆင်းတယ်လို့ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အုန်းစိမ်းရည် တစ်ခွက်မှာ ပိုတက်စီယမ် ၇၅၀ မီလီဂရမ် ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ဗဟိုအာရုံကြောစနစ်ကို အေးချမ်းမှုရှိစေပြီး သွေးကြောတွေ ပျက်စီးမှု ဖြစ်စေတဲ့ သွေး ဖိအား မြင့်တက်မှုမရှိအောင် ကာကွယ်ထားနိုင်တာကြောင့်ပါ။

၆။ နှလုံးကျန်းမာရေး ကောင်းအောင် ဖာလာစေ့ စားပါ

လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဖာလာစေ့ကို နေ့စဉ်စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ ၁၂ ပတ်အတွင်း သွေးဖိအား ပုံမှန်ပြန်ဖြစ်သွားတယ်လို့ လေ့လာမှုနှစ်ခုအရ တွေ့ရှိထားပါတယ်။ ဖာလာစေ့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သွေးကြောတွေကို Relax ရစေတာကြောင့် သွေးဖိအား မြင့်တက်မှုမရှိအောင် ကွာကွယ်နိုင်တယ်ုလို့ ဆိုပါတယ်။

၇။ သွေးကြောပွင့်အောင် သံလွင်ဆီ စားပါ

အီတလီနိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ထမင်းစားဇွန်း သုံးဇွန်းစာ သံလွင်ဆီ ကို နေ့စဉ် စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ သွေးတိုးကျဆေး သောက်ရတာ တစ်ဝက်ခန့် လျော့ကျသွားတယ် လို့ သိရှိရပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ အပင်ဒြပ်ပေါင်း ပေါ်လီဖီနောတွေဟာ သွေးကြောနံရံတွေ ကို ပျော့ပျောင်းမှု ရှိစေတဲ့အတွက် သွေးကြောမာကျစ်မှုနဲ့ ကျဉ်းမြောင်းမှု မရှိအောင် ကာကွယ် ထားနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

၈။ သွေးကြော ရောင်ရမ်းမှု ပျောက်အောင် လေ့ကျင်ခန်းပြုလုပ်ပါ

သွေးဖိအားကျဆင်းဖို့အတွက် ချွေးထွက်ရလောက်အောင် လေ့ကျင့်ခန်းပြုလုပ်စရာ မလိုအပ်ပါဘူး။ ထိုက်ချိ၊ ယောဂ ဒါမှမဟုတ် ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို တစ်ကြိမ် မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ် လေးကြိမ် ပြုလုပ်ရုံနဲ့ တစ်လအတွင်း သွေးဖိအား ကျဆင်းနိုင်တယ်လို့ ယေးလ်တက္ကသိုလ်မှ သုတေသီ တွေက ဆိုပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်တာကြောင့် သွေးကြောတွေ ပွင့်ပြီး နှလုံး တွင်း သွေးရောက်ရှိမှုဟာ ၇၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်လာတယ်လို့ သိရပါတယ်။ သွေးကြော အတွင်း ရောင်ရမ်းမှုတွေကိုလည်း တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။

Tips

အောက်ပါ အစားအစာတွေကို စားပါ

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အလက်ဇင်ဟာ သွေးဖိအားကို ငါးနာရီကြာမျှ ကျဆင်း စေနိုင်ပါတယ်။ ကြက်သွန်ဖြူ နှစ်ဥ စားပေးပါ။

ကြက်သွန်နီ
ကြက်သွန်နီဟာ ခန္ဓာကိုယ်အတွင်း ပိုလျှံတဲ့ အရည်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ခွက်တစ်ဝက် နေ့စဉ် စားသုံးရုံနဲ့ သွေးဖိအား အမှတ် ခုနှစ်မှတ်အထိ ကျဆင်းသွားနိုင်ပါတယ်။

အောက်ပါအစာတွေကို ရှောင်ပါ

ကဖင်းပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေဟာ သင့်ကို သွေးဖိအား မြင့်တက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကဖင်းနဲ့ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေဟာ သွေဖိအား မြင့်တက်နိုင်ခြေ ၆၀ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။ ကဖင်းနဲ့ အချိုရည်တွေကို တွဲပြီး သောက်သုံးတဲ့အတွက် သွေးကြောတင်းကျပ်သွားတာကြောင့်လို့ ဆိုပါတယ်။

DID YOU KNOW?

သင့်ရဲ့ အသက် ၈၅ နှစ်ကျော် အဘွားမှာ သွေးဖိအား အနည်းငယ် မြင့်တက်နေတာဟာ စိုးရိမ်စရာ မရှိဘူးဆိုတာ သင့်သိပါသလား။ အသက်ကြီးသူတွေမှာ သွေးဖိအား မြင့်တက်တာဟာ သူတို့မှာ ကြီးမှား တဲ့ နှလုံးပြဿနာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တဲ့ လက္ခဏာလို့ ဆက်ဆက်စ်တက္ကသိုလ်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ နှလုံးသန်မာတယ်ဆိုတဲ့ လက္ခဏာပါလို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်


Photo: ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်
Friday, June 7 , 2013

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စား လှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ်လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်း ကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက်ဆွေးနွေးနေကြပေမဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစုကတော့ နေရင်းမပြန်ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထု အခြေပြု အဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။

မြန်မာစစ်တပ်နဲ့ SSAရှမ်းပြည်တောင်ပိုင်းတပ်မတော်ကြား စစ်ရေးပဋိပက္ခ တင်းမာမှုတွေလျော့ ချနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက် လာစေဖို့ RCSSရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီအဖွဲ့ ကိုယ်စားလှယ်တွေ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းမှာ နေပြည်တော်ကို သွားရောက်ပြီးတွေ့ဆုံဖို့ စီစဉ်နေကြတယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် လက်ထောက်ပြောခွင့်ရ ဗိုလ်ကြီးစိုင်းစိုင်မိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းတို့က အကြောင်းကြားလာတာကတော့ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းပေါ့နော်၊ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်တယ်ဆိုရင် သွားရောက်တွေ့ဆုံနိုင်တယ်ဆိုပြီးတော့ အကြောင်းကြားလာခြင်းဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကျနော် တို့ ငြိမ်းချမ်းရေးစောင့်ရှောက်ရေးအဖွဲ့ပေါ့နော်။ ဖွဲ့ဖို့ရော၊ မတရားအသင်းဥပဒေတွေ ပယ်ဖျက်ဖို့ရော၊ အဲ့ဒီ့ကိစ္စတွေကို ထပ်ဆွေးနွေးဖို့ဆန္ဒရှိပါတယ်။”

ရှမ်းပြည်တောင်ပိုင်း တပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါ လက်နက်ကိုင် အင်အားစု တွေအားလုံးနဲ့ အစိုးရတပ်တွေကြား တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေဖြစ်မြောက်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ တိုက်တွန်းတောင်းဆိုသွားဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စိုင်းစိုင်မိန်း ကပြောပါတယ်။

“ပြည်ထောင်စုကို ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဖို့က အဓိကကျတာ ပေါ့၊ အားလုံးက တောင်းဆိုနေတဲ့အချက်ဖြစ်တယ်။ ကျနော်တို့က အစိုးရက အတိုင်းအတာတခုအထိ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့ မျှော်လင့်ချက်ကတော့ တလှမ်းပြီးတလှမ်းပေါ့၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ၊ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ခြေလှမ်း တလှမ်း ဖြစ်တယ်လို့ ယုံကြည်ထားတယ်။ အကယ်လို့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် နိုင်ငံရေးတွေ ဆွေးနွေးဖို့ လိုအပ်တယ်၊ နိုင်ငံရေးတွေ မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲထားရုံလောက်ပဲ လုပ်မယ်ဆိုရင် ကျနော်တို့ တစ်နှစ်ကျော် အပစ်ရပ်ခဲ့တယ်။ အခုအချိန်အထိ ငြိမ်းချမ်းရေးဟာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျနော်တို့ နိုင်ငံရေးတွေ မြန်မြန်ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ မြန်မြန်ရနိုင်မှသာ ခိုင်မာတဲ့ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ယုံကြည် ထားပါ တယ်။

ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီချက် ရထားပြီးနောက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တွင်း နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ရာချီတဲ့ဒုက္ခသည်တွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ အခုထပ်ပြီး ငြိမ်းချမ်းရေး နှစ်ဘက် တွေ့ဆုံမှုတွေ လုပ်နေချိန်မှာ လောလောဆယ် စစ်ရေးအရှိန်လျော့နေပေမဲ့ စစ်ပြေး ဒုက္ခသည်အများစုကတော့ လုံခြုံရေးစိုးရိမ်နေကြဆဲဖြစ်လို့ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ရှမ်းလူထုအခြေပြုအဖွဲ့က စိုင်းခေးစိုင်က ဗွီအိုအေကိုပြောပါတယ်။

ဒုက္ခသည်တွေ စစ်ဘေးဒဏ်ကြောင့် ဒီလိုအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန် ဒေသခံတွေရဲ့ အိုးအိမ်တွေကို ပျက်စီးခဲ့ရ တဲ့အနေအထားမှာ ရှမ်းပြည်တောင်ပိုင်းတပ်၊ သက်ဆိုင်ရာ နယ်မြေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ ဘက်က ဒုက္ခသည်တွေ ဘဝပြန်လည်ထူထောင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတယ်လို့ လည်း ဗိုလ်ကြီးစိုင်းစိုင်မိန်း ကပြောပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ရှမ်းပြည်တောင်ပိုင်းတပ်အပါအဝင် မိုင်းလား တပ်ဖွဲ့၊ ဝသွေးစည်း ညီညွတ်ရေးတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီတွေနဲ့ ဆွေးနွေးနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း တပ်နဲ့လည်း ဆွေးနွေးပွဲတွေဖြစ်မြောက်နိုင်ဖို့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။ ဒီလိုတဖွဲ့ချင်း သီးခြားစီတွေ့ဆုံနေကြ တဲ့ အတွက် ရှမ်းပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့အနေအထားမှာ ရှိနေတယ်လို့လည်း စိုင်းခေးစိုင်က ထောက်ပြပြောဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာ တပ်က ပေါင်းစုံရှိတယ်လေ၊ အဲ့ဒီ့ တပ်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လည်း ခက်ခဲနေတာ နည်းနည်းရှိတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ ပှိုင့်က ဘုံသဘောတူညီချက်တွေပေါ့၊ ဒီဘုံသဘော တူညီမှုကို ရဖို့ကလည်း ရှေ့ဆက်နည်းနည်းကြန့်ကြာမယ်လို့ ကျနော်တို့ယူဆပါတယ်။”

SSAတောင်ပိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီထားတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အနည်းဆုံး တိုက်ပွဲပေါင်း ၈၀လောက်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့မေလ ဒုတိယပတ်အတွင်း မူဆယ်၊ နမ်းခမ်းမြို့နယ်တွေမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

VOA

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စား လှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ်လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်း ကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက် ဆွေးနွေးနေကြပေမဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစု ကတော့ နေရင်းမပြန် ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထု အခြေပြု အဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။


မြန်မာစစ်တပ်နဲ့ SSAရှမ်းပြည်တောင်ပိုင်းတပ်မတော်ကြား စစ်ရေးပဋိပက္ခ တင်းမာမှုတွေလျော့ ချနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက် လာစေဖို့ RCSSရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီအဖွဲ့ ကိုယ်စားလှယ်တွေ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းမှာ နေပြည်တော်ကို သွားရောက်ပြီးတွေ့ဆုံဖို့ စီစဉ်နေကြတယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် လက်ထောက်ပြောခွင့်ရ ဗိုလ်ကြီးစိုင်းစိုင်မိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းတို့က အကြောင်းကြားလာတာကတော့ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းပေါ့နော်၊ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်တယ် ဆိုရင် သွားရောက်တွေ့ဆုံနိုင်တယ်ဆိုပြီးတော့ အကြောင်းကြား လာခြင်းဖြစ် ပါတယ်။ အဲ့ဒီ့မှာ ကျနော် တို့ ငြိမ်းချမ်းရေးစောင့်ရှောက်ရေးအဖွဲ့ပေါ့နော်။ ဖွဲ့ဖို့ရော၊ မတရားအသင်းဥပဒေတွေ ပယ်ဖျက်ဖို့ရော၊ အဲ့ဒီ့ကိစ္စတွေကို ထပ်ဆွေးနွေးဖို့ဆန္ဒရှိပါတယ်။”

ရှမ်းပြည်တောင်ပိုင်း တပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါ လက်နက်ကိုင် အင်အားစု တွေအားလုံးနဲ့ အစိုးရတပ်တွေကြား တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေဖြစ်မြောက်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ တိုက်တွန်း တောင်းဆိုသွားဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စိုင်းစိုင်မိန်း ကပြောပါတယ်။

“ပြည်ထောင်စုကို ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဖို့က အဓိကကျတာ ပေါ့၊ အားလုံးက တောင်းဆိုနေတဲ့အချက်ဖြစ်တယ်။ ကျနော်တို့က အစိုးရက အတိုင်းအတာတခုအထိ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့ မျှော်လင့်ချက်ကတော့ တလှမ်းပြီးတလှမ်းပေါ့၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ၊ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ခြေလှမ်း တလှမ်း ဖြစ်တယ်လို့ ယုံကြည် ထားတယ်။ အကယ်လို့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် နိုင်ငံရေးတွေ ဆွေးနွေးဖို့ လိုအပ်တယ်၊ နိုင်ငံရေးတွေ မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲထားရုံလောက်ပဲ လုပ်မယ်ဆိုရင် ကျနော်တို့ တစ်နှစ်ကျော် အပစ်ရပ်ခဲ့တယ်။ အခုအချိန်အထိ ငြိမ်းချမ်းရေးဟာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျနော်တို့ နိုင်ငံရေးတွေ မြန်မြန်ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ မြန်မြန်ရနိုင်မှသာ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တွေ ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ယုံကြည် ထားပါ တယ်။

ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီချက် ရထားပြီးနောက်ပိုင်းမှာပဲ ရှမ်းပြည် နယ်တွင်း နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ရာချီတဲ့ဒုက္ခသည်တွေ ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ အခုထပ်ပြီး ငြိမ်းချမ်းရေးနှစ်ဘက် တွေ့ဆုံမှုတွေ လုပ်နေချိန် မှာ လောလောဆယ် စစ်ရေးအရှိန်လျော့နေပေမဲ့ စစ်ပြေး ဒုက္ခသည်အများစုကတော့ လုံခြုံရေး စိုးရိမ်နေကြဆဲဖြစ်လို့ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ရှမ်းလူထုအခြေပြုအဖွဲ့က စိုင်းခေးစိုင်က ဗွီအိုအေ ကိုပြောပါတယ်။

ဒုက္ခသည်တွေ စစ်ဘေးဒဏ်ကြောင့် ဒီလိုအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန် ဒေသခံတွေရဲ့ အိုးအိမ်တွေကို ပျက်စီးခဲ့ရ တဲ့အနေအထားမှာ ရှမ်းပြည်တောင်ပိုင်းတပ်၊ သက်ဆိုင်ရာ နယ်မြေလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နိုင်ငံရေးပါတီတွေ ဘက်က ဒုက္ခသည်တွေ ဘဝပြန်လည်ထူထောင်ရေး ဝိုင်းဝန်း လုပ်ဆောင်ပေး နေကြတယ်လို့ လည်း ဗိုလ်ကြီးစိုင်းစိုင်မိန်း ကပြောပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ရှမ်းပြည်တောင်ပိုင်းတပ်အပါ အဝင် မိုင်းလား တပ်ဖွဲ့၊ ဝသွေးစည်း ညီညွတ်ရေးတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီတွေနဲ့ ဆွေးနွေးနေ သလို ရှမ်းပြည်နယ်မြောက်ပိုင်း တပ်နဲ့လည်း ဆွေးနွေးပွဲတွေဖြစ်မြောက်နိုင်ဖို့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။ ဒီလိုတဖွဲ့ချင်း သီးခြားစီတွေ့ဆုံနေကြ တဲ့ အတွက် ရှမ်းပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့အနေအထားမှာ ရှိနေတယ်လို့လည်း စိုင်းခေးစိုင် က ထောက်ပြပြော ဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာ တပ်က ပေါင်းစုံရှိတယ်လေ၊ အဲ့ဒီ့ တပ်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လည်း ခက်ခဲနေတာ နည်းနည်းရှိတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ ပှိုင့်က ဘုံသဘောတူညီ ချက်တွေပေါ့၊ ဒီဘုံသဘော တူညီမှုကို ရဖို့ကလည်း ရှေ့ဆက်နည်းနည်းကြန့်ကြာမယ်လို့ ကျနော်တို့ယူဆ ပါတယ်။”

SSAတောင်ပိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီ ထားတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အနည်းဆုံး တိုက်ပွဲပေါင်း ၈၀လောက်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့မေလ ဒုတိယပတ်အတွင်း မူဆယ်၊ နမ်းခမ်းမြို့နယ်တွေမှာ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေဟာ စစ်ပြေးဒုက္ခသည်တွေ အဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။

VOA

သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး


Photo: သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး
Friday, June 7 , 2013

စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ် သမား အလုပ်ရှင် အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင်ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်း မရှိသေးကြောင်း စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေက ဒီနေ့ပြောပါတယ်။

အလုပ်သမား ၄ဝ ကျော်ကို အလုပ်ထုတ်တဲ့ အတွက်ကြောင့် အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ တာပါ။

တစ်လနီးပါးကြာမြင့်ခဲ့တဲ့ စံကောင်းပီနံအိတ်စက်ရုံ အလုပ်ရှင်အလုပ်သမားပြသနာကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်က ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေခဲ့ပေမယ့် တကယ်စာချုပ်ချုပ်ဆိုရာမှာတော့ အလုပ်ရှင်ဖက်က လိုက်နာမှုမရှိဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"အဓိကအချက်ကတော့ ကျနော်တို့ အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ်၊ အပြစ်ပေးအရေးယူ တာပဲ ဖြစ်ဖြစ်ပေါ့၊ အခြေခံအလုပ်အမှုဆောင်နဲ့ ညှိနှိုင်းသဘောထားရယူပြီးတော့မှ လုပ်ရမယ်ဆိုတဲ့အချက်ပါနေတယ်၊ အဲဒီ အချက် ကို သူတို့ကလုံးဝကို ငြင်းပယ်ထားတယ်၊ ကျနော်တို့က အဲဒီ့အချက်ကို ဥပဒေနဲ့ညီလား မညီလားဆိုတော့ စက်ရုံ ကစောဒကတက်တယ်၊ အဲဒါဥပဒေမှာ ပေးရမယ် ပေးလိုက်ပါဆိုတာ အဲလိုရပြီးသားကိစ္စကိုမှ တကယ့်တကယ် သူတို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းပြုတယ်ဆိုပြီး မပေးတဲ့အတွက် ဒီအချက်မရဘူး၊ ကျန်တဲ့အချက်တွေ တုန်းက လည်း မနေ့ကတော့ ကျန်တဲ့အချက်တွေကို ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ့်တကယ်စာချုပ်ချုပ်တဲ့အချိန်မှာ မပေးဘူး၊ ကျနော်တို့က အဓိကအချက်တွေမရတဲ့အတွက် စာချုပ်မချုပ်ခဲ့နိုင်ဘူး"

ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးရေးအချက်ကို စက်ရုံအလုပ်ရှင်ဘက်က ၄၇ ဦးအထိ ပြန်ခန့်ပေးခဲ့ပေမယ့်၊ တခြားအချက်တွေဖြစ်တဲ့ ဆန္ဒပြခဲ့တဲ့နေ့တွေအတွက် လုပ်ခ လစာအပြည့်အဝရရှိရေးအပါအဝင် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက် ၄ဝ ကျော်ထဲက
အနည်းငယ်သာ အလုပ်ရှင်ဘက်က လိုက်လျောခဲ့တယ်လို့ သိရပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံဟာ စက်ရုံတွင်း ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄ဝ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

RFA

စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင် အလုပ် သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော် က ဖွဲ့စည်းထား တဲ့ အလုပ်သမား အလုပ်ရှင်အခွင့် အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင် ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်းမရှိသေးကြောင်း စံကောင်း ပီနံအိတ်စက်ရုံ အလုပ် သမားတွေကပြောပါတယ်။


အလုပ်သမား ၄ဝ ကျော်ကို အလုပ်ထုတ်တဲ့ အတွက်ကြောင့် အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ တာပါ။

တစ်လနီးပါးကြာမြင့်ခဲ့တဲ့ စံကောင်းပီနံအိတ်စက်ရုံ အလုပ်ရှင်အလုပ်သမားပြသနာကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်က ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေခဲ့ပေမယ့် တကယ်စာချုပ်ချုပ်ဆိုရာမှာတော့ အလုပ်ရှင်ဖက်က လိုက်နာမှုမရှိဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"အဓိကအချက်ကတော့ ကျနော်တို့ အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ်၊ အပြစ်ပေး အရေးယူတာပဲ ဖြစ်ဖြစ်ပေါ့၊ အခြေခံအလုပ်အမှုဆောင်နဲ့ ညှိနှိုင်းသဘောထားရယူပြီးတော့မှ လုပ်ရ မယ်ဆိုတဲ့ အချက်ပါနေတယ်၊ အဲဒီ အချက် ကို သူတို့ကလုံးဝကို ငြင်းပယ်ထားတယ်၊ ကျနော်တို့က အဲဒီ့အချက်ကို ဥပဒေနဲ့ညီလား မညီလားဆိုတော့ စက်ရုံ ကစောဒကတက်တယ်၊ အဲဒါဥပဒေ မှာ ပေးရ မယ် ပေးလိုက်ပါဆိုတာ အဲလိုရပြီးသားကိစ္စကိုမှ တကယ့်တကယ် သူတို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းပြုတယ်ဆိုပြီး မပေးတဲ့အတွက် ဒီအချက်မရဘူး၊ ကျန်တဲ့အချက်တွေ တုန်းက လည်း မနေ့ကတော့ ကျန်တဲ့အချက်တွေကို ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ့်တကယ်စာချုပ်ချုပ်တဲ့အချိန်မှာ မပေးဘူး၊ ကျနော်တို့က အဓိကအချက်တွေမရတဲ့အတွက် စာချုပ်မချုပ်ခဲ့နိုင်ဘူး"

ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့် ပေးရေးအချက်ကို စက်ရုံအလုပ်ရှင်ဘက်က ၄၇ ဦးအထိ ပြန်ခန့်ပေးခဲ့ပေမယ့်၊ တခြား အချက်တွေဖြစ်တဲ့ ဆန္ဒပြခဲ့တဲ့နေ့တွေအတွက် လုပ်ခ လစာအပြည့်အဝရရှိရေးအပါအဝင် အလုပ် သမားတွေ တောင်း ဆို ထားတဲ့ အချက် ၄ဝ ကျော်ထဲက အနည်းငယ်သာ အလုပ်ရှင်ဘက်က လိုက်လျောခဲ့ တယ်လို့ သိရပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံဟာ စက်ရုံတွင်း ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄ဝ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

RFA

၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်


Photo: ၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်
Friday, June 07 , 2013

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့က ပြောကြားလိုက်သည်။

“ဒီဆွေးနွေးပွဲက တိုင်းရင်းသားပါတီတွေရဲ့  ဆွေးနွေးပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စတွေကိုပဲ ဆွေးနွေးမယ်။ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေကို ဆွေးနွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောထွန်းဝင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအ၀င် စုစုပေါင်း ၁၅ပါတီက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင် စုပါတီ တည်ထောင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ နေပြည်တော်မှာ လုပ်တဲ့ NBF ရဲ့ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူထားတာ လေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဖွဲ့ စည်းပုံပြင်တဲ့အခါ အခုဆွေးနွေးထားတဲ့ အချက် တွေကို တစ်ပါတီချင်းအနေနဲ့ရော NBF အနေနဲ့ပါ လွှတ်တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။

NBF ညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားဒေသများအတွင်း မဲရရှိမှု မဆုံးရှုံးစေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စုပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခုထူထောင်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည် ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြောခွင့်ရှိသူ ဦးစောသန်းမြင့်က ယခုနှစ် မေလဆန်းပိုင်းက ပြော ကြားခဲ့သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ရွေးကောက်အပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ့ ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ၀၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအဝေးလေးကြိမ် တက်ရောက်ပြီးသည့်ပါတီများကို အဖွဲ့ ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

KIC (Karen Information Center)

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီး မြို့၌ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံ ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသား များ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့ က ပြောကြား လိုက်သည်။


“ဒီဆွေးနွေးပွဲက တိုင်းရင်းသားပါတီတွေရဲ့  ဆွေးနွေး ပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စတွေ ကိုပဲ ဆွေးနွေး မယ်။ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေကို ဆွေးနွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောထွန်းဝင်း က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ဆွေးနွေးရန် စီစဉ်ထားကြောင်း လည်း ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအ၀င် စုစုပေါင်း ၁၅ပါတီက ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင် ရန် ဆွေးနွေးသွား မည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင် စုပါတီ တည်ထောင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ နေပြည်တော်မှာ လုပ်တဲ့ NBF ရဲ့ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူထားတာ လေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဖွဲ့ စည်းပုံပြင်တဲ့အခါ အခုဆွေးနွေးထားတဲ့ အချက် တွေကို တစ်ပါတီချင်းအနေနဲ့ရော NBF အနေနဲ့ပါ လွှတ်တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ပြော သည်။

NBF ညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားဒေသများအတွင်း မဲရရှိမှု မဆုံးရှုံးစေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စုပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခု ထူထောင်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည်ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြောခွင့်ရှိသူ ဦးစောသန်းမြင့်က ယခုနှစ် မေလဆန်းပိုင်း က ပြော ကြားခဲ့သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ရွေးကောက်အပြီး ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ့ ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်နေ့ အထိ တောင်ကြီးမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ၀၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအဝေးလေးကြိမ် တက်ရောက်ပြီးသည့်ပါတီများကို အဖွဲ့ ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

KIC (Karen Information Center)

CNG ဈေးတက်လျှင် ကားသမားများ ဆန္ဒဖော်ထုတ်ကြမည်



CNG သဘာဝဓာတ်ငွေ့ ဈေးနှုန်းအပြောင်းအလဲ ရှိမည်ဆိုသော သတင်းများ ဖြစ်ပေါ်နေသည့် အတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်ပိုင်ရှင် တချို့နှင့် ယာဉ်မောင်းတချို့က CNG ဈေးတက်၍ ၎င်းတို့ ဝင်ငွေလျော့ကျလာပါက ဆန္ဒထုတ်ဖော်သည်အထိ ပြုလုပ်သွားမည်ဟု ပြောကြသည်။


လက်ရှိ ဈေးနှုန်းသည် ပြည်သူများ သက်သာ ချောင်ချိမှုကို အထောက်အကူ ပေးနိုင်ခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်လူနည်းစုကိုသာ အကျိုးရှိစေသောကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းကို ပြင်ဆင် ရောင်းချမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အငှားယာဉ်များတွင် CNG ပြောင်းလဲတပ်ဆင်ရန် အစိုးရက စတင်လုပ်ဆောင်ခဲ့စဉ်က CNG မပြောင်းလျှင် လိုင်စင်သက်တမ်း တိုးမပေးသည့် အတွက်ကြောင့် မဖြစ်မနေ ပြောင်းခဲ့ကြရာတွင် ယာဉ်ပိုင်ရှင်များ ငွေကြေးများစွာ ကုန်ကျခဲ့ရပြီး ယခုနောက်ပိုင်း တင်သွင်းလာသော ကားအသစ်များကို CNG ပြောင်းသည့် အခါတွင်လည်း ငွေကုန်ကြေးကျ များခဲ့ရကြောင်းနှင့် ဓာတ်ငွေ့ ဈေးတက် သွားလျှင်လည်း အုံနာကြေးလျှော့ယူရမည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နစ်နာဆုံးရှုံးမှု ပိုများလာလိမ့်မည်ဟု အငှားယာဉ်နှင့် ကုန်တင် အငှားယာဉ်ပိုင်ရှင် ဦးလှထူးက ဧရာဝတီသို့ ပြောသည်။

CNG ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက် သွားမည်ဆိုလျှင် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဦးစွာလက်တွေ့ ခံစားရမည့်သူမှာ ခရီးသွား ပြည်သူများပင်ဖြစ်ကြောင်း၊ အုံနာကြေးများမှာမူ ကျပ် ၃၀၀၀ ခန့် ကျဆင်းသွား ဖွယ်ရှိကြောင်း သူက ဆိုသည်။

“စွမ်းအင်က CNG ပြောင်းခိုင်းချိန်က ကားလေးကို ကျပ် ၁၅ သိန်း၊ ကားကြီးကို ကျပ် ၂၅ သိန်းလောက် အကုန်ခံခဲ့ရတယ်။ ကားပြောင်းခဲ့တော့လည်း ပြန်တပ်တဲ့အခါမှာ ကားလေးတွေပဲပေးတော့ ကုန်ကား တွေမှာ တော်တော်နစ်နာခဲ့ပြီးပြီ။ ဒီတခါ CNG ဈေး ထပ်တက်ပြန်မယ်ဆိုရင်တော့ ကျနော်တို့က အခါခါ နာရတဲ့ ဘ၀ကိုရောက်တော့မယ်” ဟု ၎င်းက ဆက်ပြောသည်။

CNG တပ်ဆင်ပြီးသား ကုန်ကားများကို ဒီဇယ်အင်ဂျင် ပြန်ပြောင်းပါကလည်း ကျပ်သိန်း ၂၀ ကျော် ထပ်မံ ကုန်ကျရမည် ဖြစ်သောကြောင့် CNG ဈေးနှုန်း လုံးဝမြင့်မတက်လာစေချင်ကြောင်း ဦးလှထူးက ဆိုသည်။

CNG မော်တော်ယာဉ်သစ်များကို တင်သွင်းခွင့်ရရှိကြသူများမှာ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီကြီးများသာဖြစ်ပြီး အရပ်သားများ တင်သွင်းခွင့် မရကြကြောင်း၊ ဓာတ်ဆီကားသစ်များ၏ ကာလ ပေါက်ဈေးမှာ ကျပ်သိန်း ၈၀၊ ၉၀ ၀န်း ကျင်သာရှိပြီး AA/ BB နံပါတ်တပ် CNG ကားသစ်များမှာ ကျပ်သိန်း ၁၉၀ ၀န်းကျင် ဈေးပေါက်သောကြောင့် အရင်းအနှီး များကြောင်း အငှားယာဉ်ပိုင်ရှင် ဦးညီညီအေး က ဧရာဝတီသို့ ပြောသည်။

CNG သုံး ယာဉ်များသည် ဓာတ်ဆီ၊ ဒီဇယ်သုံးယာဉ်များထက် ပျက်စီးလွယ်ပြီး ပြင်ဆင်မှု အပိုင်းတွင်လည်း ကုန်ကျစရိတ် ပိုများကြောင်း သိရသည်။

CNG ဈေးနှုန်းများ မြင့်တက်သွားမည်ဆိုလျှင် ခရီးသွားများ၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ အားလုံးအတွက် အဆင် မပြေမှုများ ကြုံတွေ့လာမည် ဖြစ်သည့်အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော် ထုတ်ကြရန် အထိ စဉ်းစားထားကြကြောင်း ဦးညီညီအေးက ပြောသည်။

“အခုရန်ကုန်မှာက အငှားယာဉ်တွေကလည်းများ၊ ကားလမ်းတွေကလည်း ပိတ်နေတဲ့အချိန် အငှားယာဉ်မောင်းတွေမှာ အုံ နာခ ကာမိအောင် မနည်းကြိုးစား မောင်းနေရတဲ့အချိန်မှာ အခုလို CNG ဈေးတက်မယ်ဆိုရင် ကျနော်တို့ မောင်းစားဖို့တောင် မကောင်းတော့ဘူး” ဟု အုံနာကြေးဖြင့် အငှားယာဉ်မောင်းနေသူ ကိုသော်ဇင်ကလည်း ဆိုသည်။

လက်ရှိ CNG ဓာတ်ငွေ့ဈေးနှုန်းမှာ ၇၀ လီတာအိုး တလုံးလျှင် ကျပ် ၂၈၀၀ မျှကျသင့်ပြီး CNG ဓာတ်ငွေ့သုံး အငှားယာဉ် တစီး၏ အုံနာကြေးမှာ နေ့၊ ည နှစ်ယောက် မောင်းသော ကားများအတွက် ကျပ် ၁၂၀၀၀ ၀န်းကျင် ဈေးပေါက်ပြီး တဦးတည်း မောင်းသည့်ကားများဆိုလျှင် ကျပ် ၁ သောင်းခွဲဝန်းကျင် ရှိကြောင်း သိရသည်။

CNG ဈေးနှုန်း ပြင်ဆင်သတ်မှတ်ရာတွင် ပထမအဆင့်အနေဖြင့် အငှားယာဉ်များအတွက် သင့်တင့်မျှတသော ဈေးနှုန်းသစ်ဖြင့် မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် ဈေးနှုန်း ပြောင်းလဲရောင်းချပြီး ရရှိလာသော ၀င်ငွေကို နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ၊ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများတွင် သုံးစွဲခြင်းဖြင့် ပြည်သူများ ပိုမိုအကျိုးရှိလာမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

http://burma.irrawaddy.org/archives/41524

နေရောင်ခြည်အားကိုးတဲ့ မန္တလေးတိုင်းအစိုးရ



မန္တလေးတိုင်း ဒေသကြီးအစိုးရက လျှပ်စစ်မီးကို အသေရရ အရှင်ရရ လိုချင်နေပုံပါပဲ။

မနှစ်တုန်းဆီက မန္တလေး မြို့ခံတွေ ဖယောင်းတိုင် ထွန်းပြီး ဆန္ဒပြခဲ့တာကြောင့် လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစား ဆောင်ရွက်နေတာလို့ ယူဆရပါတယ်။


အခု နောက်ဆုံး သိရတာကတော့ တိုင်းအစိုးရက ဒေသတွင်း လျှပ်စစ်မီးစီမံကိန်းတွေအတွက် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မယ့် ဆိုလာ ကုမ္ပဏီတွေကို မြေနေရာ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု ACO (Investment Group)နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေပြီ လို့ သိပါတယ်။

လောလောဆယ်တော့ ကျောက်ဆည်ခရိုင် သီးပင်ကျေးရွာမှာ ဆိုလာစနစ်နဲ့ မီးလင်းစေဖို့အတွက် ဆိုလာပြားတွေ ချပေးထားပါတယ် တဲ့။

ချပေးထားတာတွေကတော့ အိမ်ထောင်စုပေါင်း ၁၇၀ ကျော်အတွက် တန်ဖိုးငွေကျပ် ၃သိန်းနီးပါး ရှိ ဆိုလာပြား နဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ LED မီးလုံး၊ ဘက်ထရီအိုး၊ ကြိုး၊ ကွန်ထိုလာ (မီးဖြတ်စက်)တွေ ဖြစ်ပါတယ်။

ကျေးရွာအများအပြားကတော့ သူတို့ဆီ လျှပ်စစ်မီးကြိုး သွယ်တန်း မရောက်ရှိနိုင်သေးခင်တော့ ဆိုလာ စနစ်ကို အားကိုးနေရသေးတယ်လို့ ကြားသိရပါတယ်။

မဂါဝပ် ၇၈၀ ထွက်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တရုတ်နဲ့ နှစ် ၃၀ စာ စာချုပ် ချုပ်ထားတာကြောင့် ရဲရွာလျှပ်စစ်က ဒေသခံတွေအတွက် မဟုတ်သေးပါဘူး၊ တရုတ်ပြည်ကိုပဲ အများဆုံး အိတ်စပို့ လုပ်နေ ပါတယ် တဲ့။

အခုတော့ တိုင်းအစိုးရက လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့ နေရောင်ခြည်ကို အားကိုးနေပါပြီ။ 

မန္တလေးပြည်သူအများကတော့ တိုင်းအစိုးရအဖွဲ့ ဘယ်လိုနည်းနဲ့ပဲ လျှပ်စစ်ကို ရအောင်လုပ်လုပ် စောင့်မျှော် ကြိုဆိုနေတယ်လို့ သိရပါတယ်။

Credit : http://blog.irrawaddy.org/2013/06/blog-post_7.html

မြန်မာ - အနာဂတ် ဘာလဲ



ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲ အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား (သူ) ဟောင်း တဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။


နေပြည်တော် အမ်အိုင်စီစီမှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် အကြို ဆွေးနွေးပွဲမှာ လက်ရှိ ပြု ပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့် -မလှည့်၊ စစ်တပ် အခန်းကဏ္ဍ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အချေအတင် ဆွေးနွေးပွဲကို ဘီဘီစီအသံလွှင့်ဌာနက ကမကထမပြုလုပ်ဆောင်ပါတယ်။

အချေအတင်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲတဲ့ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပြီး ကနဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင် သေးခင် အခန်း ၁၂ ပါ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲဆိုတာကို အရင်ပြင်ဆင်ရမယ်ဆိုတာကို ထောက်ပြခဲ့ ပါတယ်။

ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် အခန်း ၁၂ မှာ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်က သဘောတူညီဖို့လိုသလို ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမှ ပြင်ဆင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာကြောင့် လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းယူထားတာကြောင့် ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့ အခက်ဆုံးဖွဲ့စည်းပုံလို့ ဝေဖန်ခံနေရတာပါ။

ဒီထောက်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူလုပ်တဲ့ဖွဲ့စည်းပုံဟာ ပြင်လို့ရတာချည်းပါလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ဒေါ်ဇင်မာအောင်က တုံ့ပြန်ရာမှာ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အတွက် ဖွဲ့စည်းပုံပြင်ရေး၊ မပြင်ရေးကို ဗီတိုအာဏာပိုင်ထားသလို ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး နောက်ကြောင်း ပြန်လှည့်မလှည့်နဲ့ပတ်သက်ပြီးတော့ ဦးစိုးသိန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ကိုးကားပြီးတော့ နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့အကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နောက်ကြောင်းပြန်လှည့်၊ မလှည့်ကတော့ စိတ်သဘောထားတွေပေါ်မှာ မူတည်နေတဲ့အကြောင်း လူတွေရဲ့ခံယူချက်နဲ့ ဖြစ်စဉ်အပေါ်မှာ ယုံကြည်ချက်ပေါ်မှာ မူတည်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်ဇင်မာအောင်ကတော့ စက်ဝိုင်းအတွင်းမှာ ပတ်ပြေးနေတဲ့ လူတယောက်ကို ဥပမာပေးပြီး နောက်ပြန်လှည့်၊ မလှည့်ကို ပြောဆိုပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဦးစိုးသိန်းကတော့ အရင်က ဘာမဆိုစစ်တပ်က လုပ်ခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအစိုးရလက်ထက်ကို ရောက်နေပြီဖြစ်သလို ဖြည်းဖြည်းချင်းပြောင်းနေတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ဟာ ပြည်သူလူထုရဲ့ နှလုံးသားထဲက အထူးနေရာတခုမှာ ရှိစေချင်သလို စစ်တပ်ကို စစ်တပ်ပီသပြီး တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်နိုင်စေချင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တကယ်ရိုးသားပွင့်လင်းတယ်ဆိုရင် အပြောင်းအလဲဟာ ဘယ်တော့မဆို ဖြစ်နိုင်သလို တပ်မတော်သားတွေလည်း တိုင်းပြည်ကိုချစ်တယ်ဆိုတာ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြောင်းအလဲနဲ့ပတ်သတ်ပြီးတော့ ကျွမ်းကျင်သူတွေကတော့ ဒီဖွဲ့စည်းပုံဟာ ပြင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအဖြစ် သတ်မှတ်ထားသလို ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး၊ စတင်ပြင်ဆင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝန်ကြီးဦးစိုးသိန်းက အခြေခံဥပဒေဟာ လူသားတွေက ရေးဆွဲထားတာဖြစ်ပြီးတော့ အမြဲတမ်း တည်တံ့နေတဲ့အရာ မဟုတ်တဲ့အတွက် လူတွေက ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ နိုင်ငံသားဖြစ်ရေးကိစ္စတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကို ရခိုင်ပြည်နယ်အပါအ၀င် တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်ချက်ကို ကနဦးဆုံး လုပ်ဆောင်ရမှာကို ပြောဆိုခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို လိုက်ပါဆောင်ရွက်ဖို့ လိုအပ်ချက်ကို ထည့်သွင်း ပြောဆိုပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက တရားစီရင်ရေးမှာ လွတ်လပ်မှုရှိတယ်လို့ ပြောဆိုတဲ့အပေါ် မြန်မာပြည်ရဲ့ တရားစီရင်ရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စိုးမိုးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သူတို့ အစိုးရဟာ ၂ နှစ်သာသာ သက်တမ်း ရှိသေးတဲ့အစိုးရ ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ရာမှာ စွမ်းရည်ပိုင်း၊ အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး စိတ်ရှည်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။

ဒီကနေ့ စီးပွားရေး ဖိုရမ်အကြို ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပြောခွင့်ရ သူရဦးရွှေမန်း၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေ သတင်းမီဒီယာသမားတွေ၊ ကျွမ်းကျင် ပညာရှင်တွေ၊ စီးပွားရေးသမားတွေ တက်ရောက်ပြီးတော့ တနာရီကျော်ကျော် အပြန်အလှန် ဆွေးနွေးခဲ့ ပါတယ်။

ဓါတ်ပုံ BBC Burmese

လှေစီး၍ မလေး သွားရန် ကြံစည်သည့် ကုလားများ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ



လှေစီး၍ မလေးရှားနိုင်ငံသို့ သွားရန် ကြံစည်နေသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဖမ်းဆီးလိုက်သည်။


ဇွန်လ ၅ ရက်နေ့က လူအယောက် ၄၀ ကို ဘင်္ဂလာရဲက မောင်တောမြို့နယ်နှင့် ဆက်စပ် တည်ရှိသော အိုခီးယားမြို့နယ် အတွင်း ဖမ်းဆီး လိုက်သည်ဟု ဒေသထုတ် သတင်းများတွင် ဖေါ်ပြ သည်။ သူတို့ အားလုံးကို မလေးရှားသို့ လှေစီး၍ သွားရန် စီစဉ်နေစဉ် ကော့စ်ဘဇား ခရိုင် အိုခီးယား မြို့နယ် ဘာလုခါလီရွာတွင် ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ဆိုသည်။

အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း ကား နှစ်စီးနှင့် အတူ မလေးရှားသို့သွားရန် စီစဉ်နေသူ လူ အယောက် ၂၃ ဦး ကို ဘင်္ဂလာနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများသည် မိုက်ခရို အမျိုးအစား ကားနှစ်စီးနှင့် အတူ ကော့စ်ဘာဇားမြို့မှ နယ်စပ်မြို့ တက်ကနက်သို့လာရောက်စဉ် ဒုံဒုံမီယာ စစ်ဆေး ရေး ဂိတ်တွင်ဖမ်းဆီးလိုက်သည်။ ၎င်းတို့နှင့် အတူ လူကုန်ကူးသူ ၃ ဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံရသူများ အထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ပါဝင်ခြင်း ရှိ မရှိကို သတင်းများတွင် တစ်စုံ တစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။

From:နီရစဇရာ 

လားရှိုးလူနာ မအေးအေးဝင်း မန္တလေး ဆေးရုံကြီးသို့ လာကုမည်



၂၈-၅-၂၀၁၃ ရက်နေ့၊ ညနေ ၄း၅ဝ နာရီတွင် ဓာတ်ဆီလောင်း မီးရှို့ခံရသော လားရှိုးမြို့မှ မအေးအေးဝင်းသည် ယခုလ (၁၂)ရက်နေ့တွင် မန္တလေးဆေးရုံးကြီးသို့ လာရောက်ကုသမည် ဖြစ်ပါ သည်။


ဒဏ်ရာပြင်းထန်လွန်းသောကြောင့် လားရှိုးမှာ ဆက်လက်မကုသတော့ဘဲ၊ မန္တလေးသို့ ပြောင်းရွှေ့ ဖို့  စီစဉ်ခြင်း ဖြစ်သော်လည်း၊ ချက်ချင်းပြောင်း ရွှေ့ဖို့ အတွက် အနာမကျက်သေး၍ အနာ ကျက် အောင် စောင့် ဆိုင်းပြီးမှ ပြောင်းရွှေ့ဖို့ စီစဉ်ခြင်းဖြစ်သည်။

အကယ်၍ နိုင်ငံခြားထိ သွားရောက်ကုသဖို့ လိုအပ်ပါက ကုသိုလ်ဖြစ် ကုသပေးမည့်သူများ ရှိနေပြီး ပျောက်ကင်းသည်အထိ တာဝန်ယူ ကုသပေးကြမည် ဖြစ်သည်။

မအေးဝင်း ကျန်းမာရေးအတွက် လားရှိုး-ဗကသ- ကိုသက်ဆွေနှင့် ကိုမျိုးတို့က တာဝန်ယူ ဆောင်ရွက်နေ ကြောင်းနှင့် အခြားလူနာနှစ်ဦးမှာ မန္တလေးထိ လာရောက်ကုသဖို့ မလိုကြောင်း သိရသည်။

ဆက်သွယ်ရန်- 

09-403704233 (ကိုသက်ဆွေ)

09-421168220 (ကိုမျိုး)

Credit : http://www.mmdailystar.com/2013/06/blog-post_6352.html

မပုပ်မသိုး စွန်းလွန်း ဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြား ဧည့်သည်များအထူးစိတ်ဝင်စား



ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ်မသိုးဘဲ ပကတိ အတိုင်း ရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့ ပြည်ပ နိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး ၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


““ဆရာတော်ကြီးက သက်တော်(၇၅) ၀ါတော်(၂၈)မှာ ပျံလွန်တော် မူခဲ့တာပါ။လက်ရှိဒီမှာထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။ အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွား ကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကို ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြပါတယ်”” ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြော ကြားသွားသည်။

ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ် အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ် ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။

စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့် ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

From: Hot News

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူး မှ ဦးဇင်ဝိုင်း နုတ်ထွက်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သူ ဦးဇင်ဝိုင်း သည် ကျန်းမာရေး အခြေအနေ ကြောင့် ဥက္ကဋ္ဌ ရာထူး မှ နုတ်ထွက်လိုက်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင် က The Messenger ဂျာနယ်သို့ ပြောသည်။

''နေမကောင်းတာ တော်တော်လေး ဖြစ်နေပါတယ်။ နာက်ကျောမှာ အရိုးနာဖြစ်ပြီး အပေါ့အပါးသွားတာ မထိန်းနိုင်ဘူး။ ဦးလူမင်းက ခေတ္တတာဝန်ယူမယ့်ကိစ္စ ကတော့ တရားဝင်ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ မနက်ဖြန်မှ သူတို့အဖွဲ့အစည်းတွေ အစည်း အဝေးထိုင်ကြမှာ။ မဆုံးဖြတ်ရသေးဘူး။ နောက်မှပဲ တာဝန်ယူတာတွေ ထုတ်ပြန်ပါ လိမ့်မယ်''ဟု ၎င်းက ပြောသည်။

ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌရာထူးကို ၂ဝ၁၁ ခုနှစ် မေလတွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

Messenger News Journal

ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၈၅ မိုင်) တွင် ဇွန် ၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် သုံးဦးသေဆုံး

ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင်တွင် နိုင်ငံခြားသား များ ပါရှိသော ပါရာဒိုတစ်စီးနှင့် အေဒီဗန် အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။


ယင်းဖြစ်စဉ်ကြောင့် အသက် ၈၆ နှစ် အရွယ် ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် အတိုက်ခံရသည့် အိမ်စီးယာဉ်မှ အမျိုးသမီးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးသွားပြီး အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာသူများအနက် လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၆၂ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား တစ်ဦး၊ အသက် ၈၆ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံ သား တစ်ဦးနှင့် ဘာသာပြန်တစ်ဦး ပါရှိသော ပါရာဒိုယာဉ်အား မောင်းနှင်သူ ကိုတင်ဝင်းဆိုသူက ရှေ့ရှိ မိသားစု ခြောက်ဦး ပါရှိသော အေဒီဗန်ကားအား ကျော် တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အေဒီဗန်မှာ ဘက်ဘယ်ခြမ်းရှိ ချောက်အတွင်းသို့ ကျကာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ နောက်မှကျော်တက်၍ ၀င်တိုက်ခဲ့သော ပါရာဒိုကားမှာလည်း ပေ ၅၀ အနက်ရှိ ချောက်အတွင်းသို့ ကျသွားပြီး ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရဲမှူးကြီးနေ၀င်းက “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပါရာဒိုကားပေါ်က ယာဉ်မောင်းရဲ့ အိပ်ငိုက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်” ဟု ဇွန် ၆ ရက်ည ၁၁ နာရီက ပြန် လည် ဖြေကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုအတွင်း ဒဏ်ရာ ရရှိခဲ့သူ လေးဦးအား နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံတွင် ကုသထားပြီး လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ပါရာဒိုယာဉ်မောင်းအား အမှုဖွင့် အရေးယူထားကြောင်း ရဲမှူးကြီးနေ၀င်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြကြရန် စီစဉ်

မလေးရှားတွင် ဖြစ်ပွားခဲ့သော မြန်မာများသေဆုံးမှုနှင့်မလေးရှားရဲများ၏ မြန်မာအလုပ်သမားများအား အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်းများအတွက် မလေးရှားရှိ မြန်မာသံရုံး၏ တာဝန်မဲ့ပြုလုပ်ခြင်းများအား မကျေနပ်သောကြောင့် မြန်မာပြည်ရှိ နိုင်ငံခြားရေးရုံးအား ၀ိုင်းဝန်းဆန္ဒပြကြရန် စီစဉ် နေကြောင်း သိရသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဆောင်စီစဉ်နေသူများမှာ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ၏ မိသားစုများဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်ရရှိအောင် တင်ပြဆောင်ရွက်သွားမည်ဟု သိရသည်။

နဂိုကတော့ မလေးရှားရောက်နေတဲ့သူတွေက မြန်မာသံရုံးကို ၀ိုင်းဆန္ဒပြကြမလို့လေ။ ဒါပေမဲ့ ဟိုမှာ ဖမ်းဆီးတာတွေများနေတော့ ဒီကပဲ ဆန္ဒပြကြတော့မယ်။ ဆန္ဒပြခွင့်အတွက်လည်း တရားဝင် တောင်းခံ ကြမှာပါဟု ဦးဆောင်သူ တစ်ဦးက ဆိုသည်။

ယင်းက ဆက်လက်ပြောကြားရာတွင် မလေးရှားကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၏ အရေးယူ ဆောင်ရွက်ပုံမှာ တာဝန်မဲ့လွန်းကြောင်း ထို့ပြင် ယင်းကိစ္စဖြစ်ဖြစ်ချင်းမှာလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မဟုတ်မမှန်သတင်းများဖြင့် ဖုံးဖိရန်ကြိုးစားခဲ့သေးကြောင်း ယင်းတာဝန်ရှိသူများ၏ မျက်နှာလွှဲခဲပစ်လုပ်ကိုင်မှုကြောင့် ယခုကဲ့သို့ အခြေအနေများ ပိုမိုဆိုးရွားသွားရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ကျွန်တော်တို့လို မလေးရှားမှာ အလုပ်လုပ်နေတဲ့ ကိုယ့်သား ကိုယ့်ညီတွေဆီက ပို့တဲ့ငွေလေးနဲ့ စားသောက် နေရတဲ့မိသားစုတွေ မြန်မာပြည်မှာအများကြီးရှိပါတယ်။ ခုလို မလေးရှားမှာ ဒုက္ခတွေရောက်တော့ ပြည်တွင်းက ကျွန်တော်တို့အားလုံး ထိခိုက်တာပေါ့။ ဒီနစ်နာမှုတွေအတွက်လည်း သမ္မတကြီးဆီ အားလုံး စုပေါင်းလက်မှတ်ထိုးတိုင်ကြားဖို့ စီစဉ်နေပါတယ် ဟု ယင်းက ဆိုသည်။

မလေးရှားရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ ပြန်လည် ပေးပို့ငွေ စုစုပေါင်းမှာ တစ်လတစ်လ အမေရိကန်ဒေါ်လာ သန်း၅၀မျှရှိကြောင်း။ သဘာဝဓာတ်ငွေ့များ ပြည်ပသို့ ရောင်းချငွေထက် ပိုများ ကြောင်း သတင်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

Credit : http://www.yeyintnge.com/2013/06/blog-post_7691.html#.UbFQ49j4ITI