Thursday, June 6, 2013

သတင်းဋ္ဌာန အသုံးမကျတာနဲ့  -NLD -မဲမပေးရေး



တကယ်တော့ ကျွန်တော်စိတ်ပျက်နေတဲ့ အထဲမှာ မြန်မာပိုင်းဆိုင်ရာ လွှင့်ထုတ် နေတဲ့  နိုင်ငံခြားက သတင်းဋ္ဌါနတွေဘဲဖြစ်တယ် ။ သူတို့ တွေ လွှင့်ထုတ်နေတာ ဟာ မီဒီယာကျင့်ဝတ်နဲ့  ညီနေတာ တစက်မှု မရှိဘူးဆိုတာ ထင်ရှားနေတယ် ။ ရေဒီိယိုသတင်းတပုဒ်ကို လွှင့်ထုတ်မယ်ဆိုရင် သတင်းအတည်ပြုချက် ယူမှသာ သတင်းတိကျတယ် - ခိုင်မာတယ် - မှန်ကန်တယ်- ဆိုတာပြောလို့ ရတယ် ။ ခုတော့ မီဒီယာကျင့်ဝတ်ဆိုတာကို လုံးဝဆန့် ကျင်ဖီလာပြီး ရေးထုတ် လွှင့်ချင် သလို လွှင့်နေတယ်။ ဒီတော့ မဖြစ်သင့်တဲ့  သွေးထိုးလှုံ့ ဆော်မှုတွေဟာ ၀ါဒ ဖြန့် ချီမှုကြောင့် ဖြစ်ပေါ်လာရတာများတယ် ။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ညီလာခံကျင်းပတာကို သိရတယ် ။ အဲဒီညီလာခံကအပြန်မှာ -RFA- သတင်းဋ္ဌါနက ထုတ်လွှင့်တဲ့  သတင်းအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်အတွင်းမှာ နေထိုင်တဲ့  ရိုဟင်ဂျာမိသားစုတွေကို မိသားစုတစုလျှင် ခလေး နှစ်ယောက် ယူရမယ်ဆိုတာကို ညီလာခံကအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ခွဲခြား ဆက်ခံတာ ဖြစ်တယ်လို့  ပြောသွားကြောင်း မြင်ကြားရတယ် ။

ကောင်းပါပြီ ။ RFA- သတင်းထောက်က ပြောသလို ရိုဟင်ဂျာမိသားစုလို့  သတင်းမေးတဲ့  အဲဒီ သတင်းထောက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးသာ ရှိတယ်ဆိုတာ မသိဘဲ နေတာလား ။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ အစိုးရက အသိအမှတ် မပြုတဲ့  လူမျိုးကို တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်ချင်လို့  အခုလို ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ တာလား ဆိုတာ မေးခွန်းထုတ်ရပါတော့မယ် ။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ ဆက်ဆံရေးအင်အားဦးစီးဋ္ဌါနကို မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုး ဘယ်နှစ်မျိုး ရှိသလဲဆိုတာကို အဲဒီသတင်းထောက်က သတင်းအတည်ပြုချက် ယူဖို့  သင့်တယ် ။ ပြန်ကြားရေးဝန်ကြီးကသော်လဲ ယူဖို့ သင့်တယ် ။ ပြောရေးဆိုခွင့် ရှိတဲ့  တာဝန်ရှိသူများဆီကလဲ သတင်းအတည်ပြုချုက်ကို ယူသင့်တယ် ။ ခုတော့ ဘာမှ သတင်း အတည်ပြုချက် မယူခဲ့ ဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး အပြင် နောက်ထပ် လူမျိုး တမျိုးကို တိုးလို့  ကြေညာတာဟာ -RFA-VOA- တို့  ကို စဉ်းစားကြည့်ရင် လက်မခံနိုင်စရာဖြစ်တယ် ။

ဒီတော့ကာ မီဒီယာဥပဒေကို ရေးဆွဲအတည်ပြု နေတဲ့  မီဒီယာသမားတွေ သတင်းစာဆရာတွေ စာရေးဆရာတွေကအစ အခုလို ဖြစ်နေတဲ့  ပြသနာကို ကန့် ကွက်ရမှာဖြစ်တယ်လို့  မြင်တယ် ။ မီဒီယာ ဆိုတာ လွပ်လွပ်စွာရေးခွင့် တခုတည်းကိုဘဲ မီဒီယာအခွင့်အရေးကို ကြည့်ပြောနေရတာမဟုတ်ဘဲ အခုလို နိုင်ငံတနိုင်ငံရဲ့  အမျိုးသားလုံခြုံမှုတွေ- အမျိုးသားယဉ်ကျေးမှု ထိပါးပျက်စီးမဲ့  အရာတွေ- အမျိုးသား အကျိုးစီးပွါးကို ထိခိုက်ပျက်စီးဆုံးရှုံးစေမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့  ဥပဒေနဲ့ အညီ ပြဋ္ဌန်းတားဆီး ပေးရတာတွေ ရှိတယ် ။ နိုင်ငံတော်ကို အယုံအကြည် ပျက်စေတာတွေ -ပဋိပက္ခဖြစ်စေတာတွေကို တားဆီးကာကွယ်ပေးရတာတွေ- မီဒီယာကျင့်ဝတ်အရ သတင်းအတည်ပြုချက် ယူရတာတွေကို တည့်မတ် စွာ ပြုလုပ်ရတယ် ။

ခုတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီဥပဒေမျိုးက မရှိတော့ ရေးချင်ရာရေး ဖြစ်ချင်ရာဖြစ်နေတော့ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိရာကနေပြီး ခုတော့ -၁၃၆-မျိုးဖြစ်အောင် ပြောဆိုရေးသားနေတာဟာ အစိုးရရဲ့  မီဒီယာဥပဒေထိမ်းချုပ်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ် ။ ဒီပြသနာကို အစိုးရက ငြိမ်နေလို့  မဖြစ်ဘူးဆိုတာ ပြောချင်တယ် ။ သမ္မတဦးသိန်းစိန်ကတောင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  ကြေညာထားတာကို ဘာကြောင့်များ အစိုးရဥပဒေအရ ဘာ့ကြောင့် ထိမ်းချုပ် မတားဆီးနေရ မှာလဲ ။ ဒါဟာ ကျွန်တော်မေးချင်တဲ့  မေးခွန်းဘဲဖြစ်တယ် ။

ဒုတိယအချက်အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥက္ကဋ္ဌဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တဦးရဲ့  မေးခွန်းကို မေးမြန်းရာမှာ သတင်းထောက်ပြောတဲ့ အတိုင်း ရိုဟင်ဂျာမိသားစု ဆိုတဲ့  စကားကို ကြားလို့  ဒီလူမျိုးကို လက်ခံပြီး ပြန်လည် ဖြေကြားခဲ့ လေသလားဆိုတာ စဉ်းစားစရာ ဖြစ်တယ် ။ သတင်းထောက်က မေးတဲ့ အတိုင်းသာ ဖြေကြားခဲ့ တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်လက်မခံ ကန့် ကွက်ကြောင်း ပြောပါရစေ ။ တကယ်လို့  သတင်းထောက်မေးရာမှာ အဲဒီလို လူမျိုးကို ထုတ်ဖေါ်ပြောဆိုပြီး မေးမြန်းခဲ့ တာမဟုတ်ဘဲ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ မိသားစု တစုလျှင် ခလေး နှစ်ယောက်သာ ယူရမယ်ဆိုတာကို လက်မခံဘူး-ဒါဟာ ခွဲခြားဆက်ဆံတာဖြစ်တယ် -လူ့ အခွင့်အရေးနဲ့ လဲ မကိုက်ညီဘူးလို့ သာ ဖြေကြားခဲ့ တယ်ဆိုရင် ကျွန်တော်တို့  ဘာမှ ကန့် ကွက်ပြောဆို စရာ အကြောင်းမရှိဘူး ။

ကောင်းပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အခုလို သတင်းထောက်တဦးက မေးမြန်းတာကို ချက်ချင်း သဘောမပေါက်ဘဲ တုန့် ပြန်ဖြေကြားလိမ့်မယ်လို့  ယုံကြည်ရမှာ ခက်ခဲလှတယ် ။ ဒီတော့ မိသားစုတစု လျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတဲ့  ဒေသန္တရအမိန့် ကို လက်မခံ- ခွဲခြားဆက်ဆံတာမျိုး မြင်တယ်လို့  ပြောရင်လဲ ပြောလို့ ရတယ် ။ သို့ ပေမဲ့  မြန်မာနိုင်ငံအတွင်းမှာ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ ရှိနေတဲ့  ဘင်္ဂလီလူမျိုးတွေနဲ့  ပါတ်သက်လို့  အခုလို ကောက်ချက်ချပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ပြောချင်ရာ ပြောနေတာကိုတော့ ကျွန်တော်တို့  အထူးစိတ်ပျက်မိတယ် ။ 

ကျွန်တော်တို့ အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြဖို့  ဘယ်လိုမှ တိုက်တွန်းချင်တဲ့  စိတ်မရှိ တော့ဘူး ဆိုတာ ပြောချင်တယ် ။ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့  အမျိုးသီလကို စောင့်ရှောက်ပြီး အမျိုးသားအကျိုးစီးပွါးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ် ဆိုတာကို နားလည်နေကြတယ်လို့  ပြောရင် တူသောအကျိုးကို ပေးတာဘဲလို့  ထင်မြင်ယူဆနိုင်ပါတယ် ။

Credit : ခိုင်အောင်ကျော် ( နယူးယောက် )

မန္တလေး - ဗန်းမော် လူစီးသီးသန့်ရေယာဉ်လိုင်းခရီးစဉ် စတင်ပြေးဆွဲ

မန္တလေးမြို့ ၊ မဟာအောင်မြေ မြို့နယ် ၊ ဂေါဝိန် ဆိပ်ကမ်းတွင် ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီ၌ မန္တလေး - ဗန်းမော် လူစီးသီးသန့် ရေယာဉ်လိုင်း ခရီးစဉ် စတင် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။


အဆိုပါ ရေယာဉ်လိုင်း ခရီးစဉ်ကို အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေး မှ ပြည်တွင်း ရေကြောင်း ဦးစီးဌာန ပိုင် ရေယာဉ်များကို ငှားရမ်း ခရီးသွား ပြည်သူများ အတွက် ဘေးအန္တရာယ် ကင်းရှင်း၍ မြန်ဆန် ချောမွေ့ သော ခရီးစဉ် အဖြစ် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး - ဗန်းမော် ခရီးစဉ်ကို အပတ်စဉ် မန္တလေး မှ ( အင်္ဂါ ၊ သောကြာ ၊ တနင်္ဂနွေ ) နှင့် ဗန်းမော် မှ ( အင်္ဂါ ၊ ကြာသပတေး ၊ တနင်္ဂနွေ ) နေ့များတွင် နံနက် ၇ နာရီ၌ စတင် ပြေးဆွဲမည် ဖြစ်ပြီး ခရီးစဉ်မှာ မန္တလေး ၊ ကျောက်မြောင်း ၊ တကောင်း ၊ ထီးချိုင့် ၊ ကသာ ၊ ရွှေကူး နှင့် ဗန်းမော် တို့ဖြစ်ပြီး လက်မှတ် နှုန်းထား များမှာ မန္တလေး - ဗန်းမော် ခရီးစဉ် အတွက် ကျပ် ၂၀၀၀၀ သတ်မှတ် ထားပြီး ခရီးစဉ် ခန့်မှန်း ကြာချိန်မှာ ၃၃ နာရီ ကြာမြင့်ကြောင်း သိရသည်။

အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေးမှ ခရီးသွား ပြည်သူများ အတွက် သက်တောင့် သက်သာဖြင့် လုံခြုံ စိတ်ချစွာ စီးနင်းနိုင်ရန် သင်္ဘောကြီး များတွင် လေအေးပေးစက် လုံလောက်စွာ တပ်ဆင် ထားခြင်း ၊ လူစီး ထိုင်ခုံ အောက်တိုင်းတွင် Safety Dress အဖြစ် Light Jacket များ ထားရှိပေးခြင်း ၊ ဆေးသေတ္တာများ ထားရှိခြင်း ၊ သင်္ဘောစီးစဉ် နံနက်ခင်းတိုင်း တွင် လဘက်ရည် - ကော်ဖီ အခမဲ့ တိုက်ခြင်း ၊ စားသောက် ဖွယ်ရာများ သပ်ရပ် သန့်ရှင်းစွာဖြင့် ၀ယ်ယူ သုံးဆောင် နိုင်ခြင်း ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ ဆပ်ပြာ ၊ စနိုးတာဝါ ၊ ရေသန့်ဗူး များကို တစ်ဦးချင်းစီ အခမဲ့ ဝေခြင်းများ ဆောင်ရွက် ပေးထားသည်ဟု သိရသည်။ ခရီးစဉ်မှာ ဧရာဝတီ မြစ်ကြောင်းပေါ် မူတည်၍ ဇွန်လမှ အောက်တိုဘာလ အထိ ပြေးဆွဲမည်ဟု အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေး မန္တလေးမြို့ တာဝန်ခံ ၏ ပြောကြားချက် အရ သိရှိရသည်။

Credit : http://pyichit-thar.blogspot.com/2013/06/blog-post_8443.html

အင်အားကောင်း နှစ်ပါတီစနစ်ကို မဖြစ်ညစ်ကျယ် ပီအာနဲ့ အစားထိုးမလား

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်များမှာ အပေါ်ယံမဲဆွယ် စကားများသာ ဖြစ်နေပါသည်။ အပေါ်ကတော့ ပြောင်းလဲပါရဲ့ အောက်ခြေက လိုက်မပြောင်း ဘူးဟူသော စကားသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း၊ ရာစုနှစ်တစ်ခုစာ အကြောက်တရားကြီးစိုးခဲ့ခြင်း၏ ပုံစံကျခြင်း၊ မလှန်ရဲခြင်း များကို ပြသည်။


ဒီမိုကရေစီ နိုင်ငံရေးသမားတို့ကို အထီးကျန်ထားနိုင်လျှင် ပြီးရောဟူ၍ အရင်းရှင်မွေး၊ ဝန်ထမ်းတွေ မက်လုံးပေး နှင့် နှစ်၂ဝ ကျော်ကြာ ထပ်မံလမ်းလွဲခဲ့သော ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံငယ်တစ်ခုတွင် အားကောင်းသောအစိုးရ၊ ပါးနပ်သောအစိုးရ လိုပါသည်။ ဟိုကြောက်ရ၊ ဒီမျက်နှာချိုသွေးရ၊ အိမ်ကျယ် အစိုးရ မျိုးနှင့်လည်း မဖြစ်ပါ။

နှစ်ပါတီ ပြန်လှန်ထိန်းကျောင်းစနစ်

၂ဝဝ၄တွင် ပြန်လည်ကျင်းပသော မူဘောင် အသစ်များစွာပါဝင်သည့် အမျိုးသားညီလာခံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းတွင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်သော အပိုဒ်ပါဝင်ခဲ့ခြင်းသည် ဒီမိုကရေစီအရေး ယုံကြည်လှုပ်ရှားသူ နိုင်ငံရေးသမားတို့အား အတိုင်းအတာလေးတစ်ခုအထိ လက်ခံနိုင် စေ ခဲ့ပါသည်။

အခုတော့ လွှတ်တော်တွင် ယခင်ခေတ် အဆက်ဆက်အာဏာရယူခဲ့သော အစိုးရများမှဆင်းသက်သည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က ၂ဝ၁ဝ၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရပြီး လူများစုအစိုးရ ဖွဲ့စည်းထားနိုင်နေပါသည်။ ၂ဝ၁၂၊ ဧပြီလတွင်မှ ကြားဖြတ်ရွေးကောက်ပွဲဖြင့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်တို့တွင် နေရာလပ် (၄၈) နေရာအနက် (၄၇) နေရာနိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒုတိယ အင်အားကြီးပါတီအဖြစ် ရှိနေပါသည်။ အစိုးရအဖွဲ့နှင့် အခြား ပြည်ထောင်စုအဆင့် နေရာများ ကိုတော့ တစ်နေရာမျှမရေသေးပါ။ အစိုးရဖွဲ့လောက်အောင် တစ်ဖက် သတ်အနိုင်ရခဲ့သောပါတီက ခွဲပေး၊ ခေါ်ပေးမှ ရမည့် သဘောကြောင့်လည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရက်နှင့် ရီပတ်ဗလေကင် နှစ်ပါတီ ကြီးစိုးပါတီစုံ ပုံစံ၊ အင်္ဂလန်…ပြင်သစ်…ဂျာမဏီ စသည့် ဥရောပ နိုင်ငံကြီးများ၏ လက်ဝဲဆန်ဆန်၊ လက်ဝဲပျော့လက်ဝဲယိမ်း လစ်ဘရယ်၊ ဆိုရှယ်၊ ဒီမိုကရက်တို့ လေဘာတို့နှင့် လက်ယာပျော့၊ လက်ယာစွန်း၊ ကွန်ဆာဗေးတစ်တွေ…နီယိုကွန် တွေက တစ်ဖက် နှစ်ပါတီ ကြီးစိုးပါတီစုံတို့ကို နိုင်ငံရေး သိပ္ပံဘာသာတွေ၊ ယနေ့ ဒီမိုကရေစီထွန်းကားရေး အနောက်ကြိုးကိုင် သင်တန်းတွေ တွင် အကောင်းဆုံးထား သင်ကြားဟောပြောကြသည်။ ယင်းတို့တွင် အာဏာရှင်ဖြစ်သွားကြောင်း မတွေ့ ရသောကြောင့်လည်း ဖြစ်သည်။

ထို့ထက်ပို၍ အမြဲနိုင်ခဲ့သော ဂျပန်ပါတီစုံ၏ လစ်ဘရယ်ဒီမိုကရေစီပါတီ (LDP) ချည်းကြီးစိုးခဲ့မှု၊ စင်ကာပူ၏ လီကွမ်ယူတစ်ပါတီတည်း မလေးရှား၏ မဟာသီယာမိုဟာမက်တစ်ပါတီတည်း။ ယုတ်စွအဆုံး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့၏ တစ်ပါတီတည်းဖြစ်မှုတွင် အာဏာရှင် ဖြစ်မသွားကြောင်း တွေ့ကြပါလိမ့်မည်။ ထို့ပြင် တစ်ပါတီကြီး၊ နှစ်ပါတီကြီးအားကောင်းမှုကြောင့် တိုင်းပြည် တိုးတက်မှု၊ လူ့အဖွဲ့အစည်းတစ်ခု၏ လိုအပ်ချက်ဖြစ်သော ပြည်သူများကြား ဝင်ငွေခွဲဝေညီမျှမှုတို့ပင် ကြီးမားခဲ့ကြောင်း တွေ့ရသည်။

အမေရိကန် ပီအာမဟုတ်

ပါတီကြီးတစ်ခု၏ အားကောင်းမှုကြောင့် အာဏာရှင်ဖြစ်သွားနိုင်သည်ဟု အကြောင်းပြကာ လွှတ်တော်တွင် အချိုးကျ ကိုယ်စားပြုမှု Propotonal representative စနစ်ကို ရွေးကောက်ပွဲတွင်ကျင့်သုံးရန် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကျွန်တော်ကိုယ်တိုင် ပါဝင်ထူ ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု Na tional Democratic Force (NDF) ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံတော်သမ္မတကြီး နှင့် အခြားပါတီများနှင့် တွေ့ဆုံရာ၌ ဆော်သြလာသည်ကို တွေ့ရပါသည်။ အထက်တွင်ပြောခဲ့သလို တစ် ပါတီစနစ်၌ပင် ပြည်သူ့အသံနာခံ ပြန်လည် ထိန်းကျောင်းမှု၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံး နိုင်မှုများ အားဖြင့် အာဏာရှင်ပေါ်ပေါက်ရန် မလွယ်ကူပါ။ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ပါတီငယ်ပေါင်းရှစ်ခု (အစဉ်အလာ သမိုင်းနေရာတစ်ခုတွင် ပါဝင်ခဲ့သော ကွန်မင်တန် ပါတီအပါအဝင်) နှင့် တစ်သီးပုဂ္ဂလများ ပါဝင်မှုကြောင့်ကား မဟုတ်ပါ။

အမေရိကန်ပြည်ထောင်စုနှင့် နောက်လိုက်ဂျပန်တို့၊ တောင်ကိုရီးယားတို့အပြင်၊ ဥရောပ အနောက်ပိုင်း အရင်းရှင် ဒီမိုကရေစီ သမိုင်းရှည်ကြာခဲ့သည့်နိုင်ငံများတွင် အင်အားကြီးနှစ်ပါတီ အပြန်အလှန် ထိန်းကျောင်းမှုအားဖြင့် အာဏာရှင်နိုင်ငံ ဖြစ်မသွားခဲ့သည်ကို တွေ့ကြရပါမည်။

''ဟာ ဒါမဟုတ်ဘူး၊ အမေရိကန် ပြည်ထောင်စုမှာ ပီအာရှိတယ်။ ဒါကြောင့် အာဏာရှင်မဖြစ်တာ'' ဟူသော သဘော NDF မှ မိုးကုတ်ကိုတိုး စသူတို့ကရေးသားသည်ကိုလည်း ကျွန်တော် တွေ့ရပါသည်။ အမေရိကန် သမ္မတလောင်း ရွေးခြင်း၊ သမ္မတရွေးခြင်းများတွင် နောက်ဆုံးအဆင့် ပြည်နယ်အလိုက်မဲပေးရန် ကိုယ်စား လှယ် ရွေးချယ်စေလွှတ် ခြင်းကို ပီအာဟု ဆိုလိုဟန်ရှိပါသည်။

ဒါက လိုရာဆွဲခြင်း ဖြစ်သည်။ သမိုင်းအရ လွတ်လပ်စွာဖွဲ့စည်း ဖြစ်ပေါ်နေထိုင်သော ပြည်သူများ သဘောတူစုပေါင်း လျက် အမေရိကန်ပြည်ထောင်စုဟု ဖွဲ့စည်းရသောကြောင့် ပြည်နယ်အလိုက် ဒီမိုကရက်ကို ထောက်ခံသူ ရာခိုင်နှုန်း၊ ရီပတ်ပလင် ကင်ကိုထောက်ခံသူ ရာခိုင်နှုန်းအားဖြင့် နောက်ဆုံး အဆင့် သမ္မတရွေးပွဲသို့ တက်ရောက်ရသော ကိုယ်စားလှယ် ဦးရေအချို့ စေလွှတ်ရန် ရွေးချယ်ခြင်းသည် သမ္မတကို ပီအာဖြင့် ရွေးခြင်းလိုလို ရေးသား၍ မရပါ။

မည်သူမဆို နောက်ဆုံးအဆင့် သမ္မတရွေးပွဲသို့ တက်ရောက်လိုကြပေမည်။ ထိုအခါ ဒီပါတီက ဘယ်နှစ် ယောက်၊ ဟိုပါတီက ဘယ် နှစ်ယောက်ဟု ခွဲတမ်းပြုရမည်သာ ဖြစ်သည်။ ယင်းကို အမေရိကန် ပြည်ထောင်စု၌ ပီအာသုံးသည် ဟု လုပ်ချ၍ မရပါ။

ပြည်ခိုင်ဖြိုးအတွက် ပီအာ မထူးခြား

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD က အများစုအနိုင်ရမည်ဟု ယခုကတည်းက စိုးရိမ်နေခြင်းမှ အစပြုလျှက် လွှတ်တော်တွင် ပါတီတိုင်း အနည်းနှင့်အများ နေရာရရှိ တက်ရောက်နိုင်ရေးအတွက် ပီအာကို တင်လာခြင်း သည်၊ ပါတီကိုယ်စီထောင်လာခြင်း၊ လွှတ်တော်တွင် နေရာများစွာတိုးချဲ့ရရန်ရှိခြင်း၊ ပြည်သူတို့တွင် မိမိကိုယ်စားလှယ်ကို တိုက်ရိုက်မေးမြန်း။ စစ်ဆေးရန်မပြောနှင့် မြင်တွေ့ခွင့် မရဘဲ မိမိကိုယ် မိမိခန့်သည့် ပါတီခေါင်းဆောင်များ ပြောသမျှ ''ချပေးသမျှ လက်ခံရရန် ရှိခြင်းစသည့် လူများစကားများ၊ အလွဲလွဲ အချော်ချော် ဖြစ်လာစရာများ ရှိပါသည်။

ပီအာ အဆိုရှင်များသည် သူတို့ လုံးပါးပါးတော့မည့်အနေအထားကို ကယ်တင်ရှင်သန်ကျန်ရစ်ရန် ပါတီကြီးနှစ်ခု ပြန်လှန်ထိဖန်းကျောင်းမှုကို ထည့်တွက်မပြတော့ဘဲ ယင်းတို့နှစ်ခုအနက်မှ တစ်ခုက အပြတ်အသတ် အနိုင် ရသွားပါက အာဏာရှင်ဖြစ်သွားမည်ဟူသော တစ်ကြောင်း ဆွဲယူဆချက်ကို အဘက်ဘက်မှပြည့်စုံသော ယူဆချက်အဖြစ် ကြိုးပမ်းတင်ပြနေကြောင်း တွေ့ရပါသည်။ ဤတွင် အပြတ်အသတ်ရှုံးတော့မည်ဟူသော မရေမရာမခိုင်မာ သေးသည့်ယူဆချက်ဖြင့် လက်ရှိအများစု အနိုင်ရ ပါတီကို ခြောက်လှန့်တိုက်တွန်းဆွဲဆောင် မှုပြုထားကြောင်း တွေ့ရသည်။

ထိုအချက်သည် အပြတ်မပြောနိုင်သေးဘဲ ပိန်မသာလိမ်မသာ ၄၉ ၊ ၅၁ အချိုးမျိုးလည်း ဖြစ်နိုင်သေး ကြောင်း သတိမူရပါမည်။ ၆ဝ၊ ၄ဝ ဖြင့် မနိုင်ပါ။ ယနေ့အချိန်တွင် လှမ်း၍မပြောနိုင်သေးပါဟု ဆိုလျှင်လည်း ရနေပါသည်။ မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးအတွက် ပီအာမပါမသုံးလျှင်လည်း အများစုအနိုင်ရနိုင်သလို၊ ဒုတိယအင်အားကြီး အတိုက်အခံက ဒုတိယ အင်အားကြီးအတိုက်အခံပင် ဖြစ်ဖွယ်ရာ များနေပါသည်။ ဒုတိယက ပထမဖြစ်မလာလျှင် မလာဘဲနေမည်သာ ဖြစ်သည်ဟု ဆိုလိုသည်။

ပီအာသည် ပြည်ခိုင်ဖြိုးကို ဘာမှအကျိုးမပြု၊ ထူးခြားမလာနိုင်ပါ။ ပြည်သူ့ပုံရိပ်တွင် ညစ်သည်ဟု ဆိုးရွားသွားစရာ မရှိပါသည်။ ဒီမိုကရေစီသည်အဖွင့်အရှင် open and dynamic ဖြစ်သည်။ နောက်ဆုံး၌ အင်အားကြီး တစ်ခုနှစ်ခု ကျန်ခြင်းမှာ သဘာဝဖြစ်သည်။ ခွဲတမ်းသည် အပိတ်အသေ close and static ဖြစ်သည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် တို့ သုံးသည်။ ပီအာဖြင့် အာဏာရှင်ဖြစ်လာသော ဟစ်တလာ၏ ပါတီသည် အမျိုးသား ဆိုရှယ်လစ် ဝါဒီပါတီ ဖြစ်ပါသည်။

Credit : http://www.mizzimaburmese.com/edop/songpa/11904-2013-06-06-08-32-48.html

မြန်မာ့ပညာရေးအတွက် ဆင်ခြင်ဖို့နဲ့ ပြင်ဆင်ဖို့

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်သက်တမ်း နှစ်,နှစ်ကျော်လာခဲ့ပြီ။ ယခုအခါ အခြေခံပညာ ကျောင်းများ၏ ကျောင်းဖွင့်ရာသီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။ အစိုးရသစ်သည် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်ကို ကျပ် သန်းခြောက်သိန်းကျော် သုံးစွဲခွင့်ပြုခဲ့ပြီး ၂ဝ၁၃၊ ၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင်မူ ကျပ်သန်း ကိုးသိန်းကျော်အထိ တိုးမြှင့်သုံးစွဲစေခဲ့သည်။


သို့သော် ထိုငွေပမာဏသည် မြန်မာ့ပညာရေးအတွက် လုံလောက်သည့် ငွေပမာဏမဟုတ်ဟု ပညာရှင်များ၊ လေ့လာသူများက ထောက်ပြဝေဖန်ကြသည်။ ၂ဝ၁၁ ခုနှစ် မြန်မာ့ပညာရေး အသုံးစရိတ် သည် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ပမာဏ၏ ၁ဝ.၈ ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့သည်ဟု ကမ္ဘာ့ဘဏ်စာရင်း များက ဖော်ပြသည်။

ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော စင်္ကာပူနိုင်ငံသည် ၂ဝ၁၁ ခုနှစ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် ပမာဏ၏ ၂၇.၁ ရာခိုင်နှုန်းကို ပညာရေးအသုံးစရိတ်အဖြစ် အသုံးပြုခဲ့သည်။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံ ပညာရေး အသုံးစရိတ်သည် စင်္ကာပူနိုင်ငံထက်တစ်ဆကျော် နည်းပါးလျက်ရှိသည်။

ဤသို့သော ပညာရေးအသုံးစရိတ် နည်းပါးမှုများကြောင့် ကျေးလက်ရှိ အချို့သော အခြေခံ ပညာရေး ကျောင်းများ မှာ ဓနိမိုး၊ ထရံကာ မိုးယိုသည့်ကျောင်းအတွင်း ပညာသင်ကြားရစေခြင်း၊ သင်ရိုးညွှန်းတမ်း စာအုပ်များကို မဲဖောက်ကာ ခွဲဝေသုံးစွဲရစေခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ ထိုအခြေအနေများသည် ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း က ကျေးလက်ဒေသများရှိ အခြေခံကျောင်းများ၏ ပကတိအခြေအနေ ဖြစ်သည်။

အလားတူပင် ကျောင်းသားမိဘများ၏ စားဝတ်နေရေး မပြေလည်မှု၊ ဘွဲ့ရပြီးပါက အလုပ်အကိုင် အခွင့် အလမ်း ရှားပါးမှုတို့ကလည်း မြန်မာ့ပညာရေးကို နှောင့်နှေးစေခဲ့သည်။

ကျေးလက်ရှိ အခြေခံပညာရေးကျောင်းတစ်ခု၏ သူငယ်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၃ဝ ခန့် ရှိသော်လည်း စတုတ္ထတန်း ရောက်သည့်အခါတွင်မူ သုံးဦးမျှသာ ကျန်ရှိတော့သည်။

၂ဝဝ၈ ခုနှစ် ကမ္ဘာ့ဘဏ်၏ စာရင်းများအရ မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် မူလတန်းပြီးသည်အထိ ပညာသင်ယူသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၇ဝ ရာခိုင်နှုန်းသာရှိခဲ့သည်။ ဒေသတွင်း စင်ကာပူနိုင်ငံတွင် မူလတန်းပြီးသည်အထိ ပညာသင်ယူသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၉၉ ရာခိုင်နှုန်း ရှိသည်။ ဤသည်က အခြေခံပညာကျောင်းများ၏ အခြေအနေများ ဖြစ်သည်။

အဆင့်မြင့် ပညာရေးတွင်မူ သင်ထောက်ကူပစ္စည်းများ၊ ဆရာဆရာမများ မလုံလောက်ပါပဲလျက် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ တက္ကသိုလ်များကို မြန်မာနိုင်ငံ တစ်နံတလျားဖွင့်လှစ်ခြင်းကလည်း မယောင်ရာ ဆီလူးခြင်းပင် ဖြစ်သည်။ ယင်းအပြင် နိုင်ငံရေး အခြေအနေများနှင့် ဆက်နွယ်လျက် ကျောင်းတံခါးများကို မကြာခဏ ပိတ်ပစ်ခြင်း ကဲ့သို့သော အခြေအနေမျိုးကလည်း မြန်မာ့ပညာရေးသမိုင်းတွင် ရှိခဲ့သေးသည်။

ဤကဲ့သို့ အခြေခံပညာရေးအပြင် အဆင့်မြင့်ပညာရေးတို့ကို နှောင့်နှေးစေသည့် အချက်များကြောင့် ယနေ့ပြုပြင် ပြောင်းလဲရေးလုပ်သည့်ကာလတွင် ကြုံတွေ့ရသည့် အခက်အခဲ တစ်ခုမှာ ကဏ္ဍအလိုက် ကျွမ်းကျင်သည့် ပညာရှင်များရှားပါးခြင်း ဖြစ်ပေါ်လာခဲ့သည်။

မိမိတို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရန်ဆိုပါက ပညာရေးအသုံးစရိတ် တိုးမြှင့်ရန်အပြင်၊ သင်ကြားမှု သင်ယူမှုစနစ်များ ပြောင်း ပစ်ခြင်း၊ ခေတ်မမီတော့သည့် သင်ရိုးများပြုပြင်ရေးဆွဲခြင်း၊ ဆရာ၊ ဆရာမများကို နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် ညီညွတ်သည့် သင်တန်းများ ပို့ချပေးခြင်းတို့ လိုအပ်မည် ဖြစ်သည်။ ဤသည်က ချက်ခြင်း လက်ငင်း မဖြစ်နိုင်သော် လည်း အစိုးရအနေဖြင့် မြန်မာ့အနာဂတ်အတွက် မလွဲမသွေ ပိုမိုရင်းနှီးမြှုပ်နှံ သင့်သည့်အချက်များ ဖြစ်ပါသည်။

Credit : http://www.mizzimaburmese.com/edop/editorial/11901-2013-06-06-05-36-10.html 

NLD ကတော့ မွတ်စစ်စစ်ကြီးကို ဖြစ်နေ ပါပကောလား


အာရှအလင်း ဂျာနယ်ပါ သတင်းဖော်ပြချက်လေးပါ...... NLD ကတော့ မွတ်စစ်စစ်ကြီးကို ဖြစ်နေ ပါပကောလား...

စိတ်ချ

မျိုးချစ်မြန်မာ

အစ္စလာမ်ဘာသာရေး ခေါင်းဆောင် NLD ပါတီ ခရိုင် ဥက္ကဌ တဲ့
ဘိုဖြစ်တာလဲဂျာ ... ။

အာ့ကြောင့်လား မသိဘူး ။
ဆရာတော် ဦး ဝီရသူ ကို အသေအလဲ ပုတ်ခတ်နေကြတာ ထင်တယ်နော် ။
http://mgkarlu-mymanar.blogspot.com/2013/06/nld_9264.html

NLD ကို ရှုံ့ချဖို့အချိန်တန်ပြီလား

အငြင်းပွားစရာ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ မေးခွန်း ထုတ်ခံရ သူတွေကြားမှာ ဆန့်ကျင်ဖက် အဖြေနှစ် ခုထွက်ပေါ် လာမှာ သေချာပါတယ်။ မေးခွန်းကတိုတိုလေးဆိုပေမယ့် မေးခွန်းမှာပါတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ် အတိမ် အနက်ကို သေချာနားလည်သဘောပေါက်အောင် မကြိုးစားပဲ လက်ရှိမြင်နေ၊ကြားနေ ရတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ချက်ချင်းအဖြေပေးကြမယ် ထင်ပါတယ်။


အဓိက ပြောချင်တာက ရှုံ့ချ တာနဲ့ ဝေဖန်တာ မတူဘူးဆိုတဲ့အချက်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေ သားဖွားနှုန်းကန့်သတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်မှုကြောင့် လူမှု ဆက်သွယ်ရေး ကွန်ယက် စာမျက်နှာတွေမှာ မြန်မာပြည်သူတွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။ ဝေဖန် မှုတွေ ဆက်တိုက်ထွက်ပေါ်လာပြီး အဲဒီဝေဖန်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း တပြိုင်နက် ထွက်ပေါ်လာ ခဲ့ပါတယ်။ ဝေဖန်မှုတွေကနေ တဆင့်တက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်ကို ဆန့်ကျင်ဆန္ဒပြဖို့အထိ နှိုးဆော်မှု တွေဖြစ်လာတော့ ၀ံသာနုအနေနဲ့ ဆန့်ကျင် ရှုံ့ချသင့်တယ်လို့ ယူဆနေတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ အပေါ် မေးခွန်းထုတ်လိုတဲ့ဆန္ဒ ရှိလာ ခဲ့ပါတယ်။

ပထမဦးဆုံးမေးချင်တဲ့ မေးခွန်းတစ်ခုကတော့ NLD ဟာ တရားမ၀င်ဘင်္ဂလီတွေအဆမတန်မွေးဖွားနှုန်း မြင့် တက်နေ မှုနဲ့ ပတ်သက်ပြီး တစ်စုံတရာ တာဝန်ရှိပါသလား။ ဘင်္ဂလီတွေကို မွေးဖွားနှုန်းကန့်သတ်ဖို့ ယခင်စစ် အစိုးရ လက်ထက်ကတည်းက ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ၀န်ထမ်းတွေ အတွက် စားပေါက်ဖန်တီးပေးရုံကလွဲပြီး ဘာမှထိရောက်မှုမရှိခဲ့ပါဘူး။ ပိုက်ဆံပေးရင် ကြိုက် သလောက်မွေး လို့ရနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ဘင်္ဂလီဦးရေ ကြောက်ခမန်းလိလိ တိုးပွား လာခြင်း ဟာ ခုမှ လွှတ်တော်ထဲမှာ အမတ်နေရာလေးဆယ်ကျော်လေး ရထားတာ သိပ်မကြာသေးတဲ့ NLD မှာ တာဝန်ရှိပါသလား။ အရင်စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသူတွေမှာ တာဝန်ရှိ ပါသလား။ တရားခံဘယ်သူဖြစ်မယ် ထင်ပါသလဲ။ ဖြေကြည့်ပါ။

နောက်တစ်ချက် စဉ်းစားစရာရှိနေတာက ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတဲ့ ကန့်သတ်ချက်အပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်မှုပါ။ သူမရဲ့ဝေဖန်မှုကြောင့် နိုင်ငံတကာ မီဒီယာတွေမှာ မီးမောင်းထိုးပြစရာဖြစ်လာပြီးတော့ အမေရိကန်နဲ့ Human Right Watch လို အဖွဲ့တွေရဲ့ ဆန့်ကျင်ရှုံ့ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သူမရဲ့ဝေဖန်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပြစ်တင်ဝေဖန်မှုမျိုး မဟုတ်ပဲ သတင်းထောက်တစ်ယောက်က ရုတ်တရက်မေးခွန်းထုတ်တာကို ပြန်ဖြေကြားခဲ့ခြင်းလောက်ပဲ ဖြစ်တယ်ဆိုတာကို အင်တာဗျူးရုပ်သံ ကြည့်ဖူးသူတွေ တွေ့မြင်ကြပြီး ဖြစ်ပါလိမ့်မယ်။ ၀ံသာနုရဲ့အမြင်ကို ပြောရရင် သူမစကားရဲ့ ရိုက်ခတ်မှုဟာ နိုင်ငံတကာထိ ရောက်သွား ပေမယ့် သူမဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စအပေါ် ရည်ရွယ်ချက်ရှိရှိဖိအားပေးဖို့ အစီအစဉ်ရှိပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အင်တာဗျူးအဖြေကို သဘောမကျတဲ့အတွက် ၀ံသာနုအနေနဲ့ တုန့်ပြန်ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အနေနဲ့ ဒီကိစ္စအပေါ်မှာ ဆန့်ကျင်စွက်ဖက်ဖို့ မကြိုးစားမချင်း ၀ံသာနုဖက်က ဆန့်ကျင်ရှုံ့ချပြစ်တင်ဖို့အထိ လုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲဒီတော့ခါ ခုချိန်မှာ NLDကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆထားသူတွေ အနေနဲ့ မလိုအပ်ပဲအချိန်မဖြုန်းကြဖို့ မေတ္တာရပ်ခံပါရစေ။ ထပ်ပြောပါမယ်။ ဝေဖန်တာနဲ့ ဆန့်ကျင်ရှုံ့ချတာ လုံးဝမတူပါဘူး။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ၁၉၈၂မြန်မာနိုင်ငံသားဥပဒေကိုသာ ပြင်ဖြစ်မယ်ဆိုရင် ဘင်္ဂလီ တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလိမ့်မယ်လို့ VOA အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ဘင်္ဂလီတွေကို တိုင်းရင်းသား၊ နိုင်ငံသားအဖြစ် NLD ကအသိအမှတ် မပြုရသေးတဲ့အကြောင်းနဲ့ ဘင်္ဂလီတွေခေါ်ခံချင်တဲ့ ရိုဟင်ဂျာနာမည်ဟာ မြန်မာ့သမိုင်းမှာတစ်ခါမှ မရှိခဲ့တဲ့အတွက် ဘယ်တော့မှခေါ်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။ ဒီကိစ္စဟာ လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးအဖြေလိုပဲ ထပ်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် NLD ကို ဆန့်ကျင်ရှုံ့ချရမယ်လို့ ယူဆနေသူများအတွက် ဦးဥာဏ်ဝင်းရဲ့ အဖြေကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရအောင်ပါ။ ဦးဥာဏ်ဝင်းက NLD အနေနဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဖို့ကြိုးစားမယ်လို့ မပြောခဲ့ပါဘူး။ ခုခေတ် လွှတ်တော်မှာ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ကြိုးစားတာဟာ ဘယ်လောက်ထိခက်ခဲမလဲဆိုတာ လူတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် NLD လိုအမတ်နေရာလက်တစ်ဆုပ်စာပဲ ရှိသေးတဲ့ ပါတီမျိုးက ပြင်ဖို့ကြိုးစားမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ NLD ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီဥပဒေကို ပြင်ဆင်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ပါဘူး။ သူတို့အတွက် အသက်တမျှအရေးကြီးတဲ့တခြားဥပဒေတွေကိုပဲ ပြင်ဆင်ဖို့ကြိုးစားမှာပါ။ နောက်တစ်ချက်ပြောချင်တာက ဒီ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတဲ့ ပါတီ ဘယ်ပါတီပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးမှာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူဖြစ်သွား ပါလိမ့်မယ်။ NLD အနေနဲ့ အဲဒီလောက်မိုက်မဲလိမ့်မယ်လို့ ၀ံသာနုအနေနဲ့ လုံးဝမထင်ပါဘူး။ ဘင်္ဂလီတွေရဲ့ ရိုဟင်ဂျာနာမည်နဲ့ပတ်သက်ပြီး NLDရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ သူတို့ကို ဥပဒေပြင်ပြီးမှသာ နိုင်ငံသားပေးဖို့ ဆန္ဒရှိလိမ့်မယ်ဆိုတာက ဒီအရေးနဲ့ပတ်သက်ပြီးNLDအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားကို လျှော့ပါးဖို့ သံတမန်ဆန်ဆန် ပြောဆိုသွားတာပါ။

ဒုတိယမြောက်မေးခွန်းကတော့ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး NLD ရဲ့ရပ်တည်ချက်ဟာ အားရစရာ မကောင်းဘူး ဆိုသူများအတွက် ဖြစ်ပါတယ်။ မှန်ပါတယ်။ ၀ံသာနုအနေနဲ့လည်း အားရစရာကောင်းတယ်လို့ လုံးဝမမြင်ပါဘူး။ အဲဒီတော့ဆန့်ကျင်ဖက်အုပ်စုကို လေ့လာကြည့်ရအောင်ပါ။ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်ချက်ကရော NLD ထက် ဘယ်လောက်များ ပိုသာနေသလဲ။ အာဏာရအစိုးရဖြစ်တဲ့အတွက် ရပ်တည်ချက်တင်မကပဲ လုပ်ဆောင်ချက်တွေအပေါ်မှာပါ ဝေဖန်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ အဲဒီရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်နှစ်ခုစလုံးဟာ အမျိုးသားရေးဝါဒီတွေအပါအ၀င် မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ကျေနပ်အားရစရာ အနေအထားမှာ ရှိနေပါသလား။ ဒီမေးခွန်းကို အောက်မှာ ရေးထားတာတွေကို ဆက်မဖတ်ခင် ကိုယ့်ဘာသာဖြေကြည့်ပါ။

လွှတ်တော်မှာ နေရာအများစုကို လက်ဝါးကြီးအုပ်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီကို ဖိအားကောင်းကောင်းပေးနိုင်တဲ့ အတိုက်အခံပါတီ လွှတ်တော်မှာ မရှိသေးပါဘူး။ ဆန္ဒရှိသလောက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့အနေအထားမှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ဘင်္ဂလီတွေကို ပြည်သူတွေကျေနပ်လောက်အောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါလား။ ၀ံသာနုရဲ့အမြင်ကို ပြောရရင်တော့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ စုတ်ပြတ်သတ်လောက်အောင် စိတ်ပျက်စရာကောင်းနေပါတယ်။ ပြတ်ပြတ်သားသား လုံးဝမရှိပဲ တချိန်ကလူသိရှင်ကြားပြောခဲ့တဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာထားပြီး တတိယနိုင်ငံတွေကိုပို့မယ်ဆိုတဲ့ စကားဟာ လူတွေရုတ်ရုတ်သဲသဲထောက်ခံပြီး မကြာခင်မှာပဲ ထပ်ပြောတဲ့ ခိုးဝင်လာတဲ့လူမရှိပါဘူး ဆိုတဲ့ စကားအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလောက်ထိ အဓိကရုဏ်းတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ကြားထဲမှာတောင် မကြာခဏဖမ်းမိနေတဲ့ ဘင်္ဂလီတွေရဲ့သတင်းကို ကြည့်ရင် ဆယ်စုနှစ်ပေါင်း များစွာအကျင့်ပျက်ခြစားတဲ့အုပ်ချုပ်ရေးစနစ်အောက်မှာ မြန်မာနိုင်ငံထဲ နည်းလမ်းအမျိုးမျိုးနဲ့ အလွယ်တကူခိုးဝင်ခဲ့တဲ့ ဘင်္ဂလီတွေ ဘယ်လောက်တောင်ရှိနိုင်မလဲ။ ခု ပြည်မမှာဖြစ်သွားတဲ့ အဓိကရုဏ်း တွေဟာ မြန်မာပြည်ထဲရောက်နေပြီး မြန်မာ့လူနေမှုစရိုက်နဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ ဘင်္ဂလီမျိုးဆက်တွေနဲ့ တစ်ဖက်က လူမျိုးရေးဝါဒီတွေ ထိပ်တိုက်တွေ့တဲ့ပွဲလို့ ယေဘုယျသုံးသပ်ရင် ရပါတယ်။ ဘိုးစဉ်ဘောင်ဆက် မြန်မာ့လူနေမှုစနစ်မှာ ပျော်ဝင်ပြီးသား မူဆလင်တွေလိုမျိုး မဟုတ်တဲ့အတွက် ကွဲပြားရာကနေ အပြန်အလှန်ခွဲခြား၊ အပြန်အလှန်ခွဲခြားရာကနေထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အဓိကရုဏ်းတွေကို နိုင်နိုင်နင်းနင်း မကိုင်တွယ် မထိန်းသိမ်းနိုင်တဲ့အတွက် ကြားထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာတွေလည်း အများကြီးပါ။

နောက်တစ်ချက်က နယ်စပ်လုံခြုံရေးပါ။ တဖက်နိုင်ငံမှာ အခြေစိုက်နေတဲ့ အကြမ်းဖက်သမားတွေက မြန်မာ့အချုပ်အခြာ အာဏာပိုင်နယ်နိမိတ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ပြည်သူတွေတင်မက တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ကိုပါ ပြန်ပေးဆွဲသတ်ဖြတ်တဲ့အထိ အတင့်ရဲနေတဲ့အပေါ် အာဏာရအစိုးရရဲ့ တုန့်ပြန်မှုက အားရစရာတစ်ကွက်မှမရှိခဲ့ပါဘူး။ ခုထိလည်း လျော့ရဲနေဆဲပါ။ တပ်မတော်ကို ကျောထောက်နောက်ခံပြုထားတဲ့ တစ်ခုတည်းသော အာဏာရပါတီအနေနဲ့ လုံခြုံရေးကဏ္ဍမှာ ဒီထက်မကစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေကို သြဇာသက်ရောက်မှု မရှိတဲ့အချက်ကြောင့် တချို့တိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ခြင်း လုံးဝမရှိတာကို တွေ့မြင်နေရပါတယ်။ အဲဒီကိစ္စရပ်တွေအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အာဏာရအစိုးရမှာ တာဝန်အပြည့်အ၀ရှိနေပါတယ်။ ဒါပေမယ့် ခုချိန်ထိ သမ္မတဦးသိန်းစိန်ကို ဆန့်ကျင်ရှုံ့ချဖို့ အမျိုးသားရေးလှုပ်ရှားသူများ စဉ်းစားဖူးပါသလား။ မစဉ်းစားဖူးဘူးဆိုရင် NLD ကိုဆန့်ကျင်ရှုံ့ချ ဆန္ဒပြမယ့် အစီအစဉ်ကို မေ့ပစ်လိုက်ပါလို့ အကြံပေးပါရစေ။

တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ဦးကို ထောက်ခံဖို့ဆန္ဒပြခြင်းနဲ့ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဆန့်ကျင်ရှုံ့ချဖို့ ဆန္ဒပြခြင်းဟာ ရလာဒ်က တော်တော်လေးကို ကွဲပြားပါတယ်။ အမျိုးသားရေးလှုပ်ရှားသူမှန်ရင် လူထုအားနဲ့ နိုင်ငံရေးလောကထဲက အဖွဲ့အစည်းတွေကို ကိုယ်လိုချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ထိန်းကျောင်းတတ်ရပါမယ်။ အဲလိုထိန်းကျောင်းတဲ့နေရာမှာ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲထားလို့ မဖြစ်ပါဘူး။ နောက်ပြီးတော့ စိတ်ခံစားချက်ဦးစားပေးပြီး တစ်ဖက်တည်းကိုပဲ လိုအပ်တာထက် ပိုပြီးဖိအားပေးမယ်ဆိုရင် နောက်တစ်ဖက်ကို ထိန်းဖို့မလွယ်ဖြစ်သွားတတ်ပါတယ်။ ခု NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရှုံ့ချဆန္ဒပြခြင်းဟာ သူတို့ကို အမျိုးသားရေးလမ်းကြောင်း ပေါ်ကနေ ဒီထက်ပိုပြီး သွေဖည်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါလိမ့်မယ်။ အဲဒါကြောင့် ဘင်္ဂလီသားဖွားနှုန်းကန့်သတ်ချက်ကို ထောက်ခံကြောင်း ဆန္ဒပြမယ်ဆိုရင် NLDကိုဆန့်ကျင်ရှုံ့ချကြောင်း လုံးဝမပါသင့်ပါဘူး။ နောက်ပြီး အဒီဲလိုလုပ်ဆောင်ခြင်းဟာ အမျိုးသားရေးလှုပ်ရှားသူတွေကို ကိုယ့်သဘော နဲ့ကိုယ် အာဏာရပါတီရဲ့ အသုံးချခံသက်သက် ဖြစ်သွားစေပါလိမ့်မယ်။ အမျိုးသားရေးသမားဟာ လူပုဂ္ဂိုလ်အဖွဲ့အစည်း တစ်စုံတစ်ရာရဲ့ အသုံးချခံဖြစ်လို့မရပါဘူး။ ဒီအချက်နဲ့ဆက်စပ်ပြီး ပြောချင်တာက အမျိုးသားရေးရည်မှန်းချက်နဲ့ ပါတီနိုင်ငံရေးလောကထဲ လှုပ်ရှားနေသူတွေ၊ ၀င်ရောက်မယ့်သူတွေဟာ မိမိကိုယ်တိုင်နဲ့ မိမိရဲ့အဖွဲ့အစည်းကို လက်ရှိအာဏာရပါတီရဲ့ အသုံးချခံမဖြစ်အောင် သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီလိုသတိမထားရင် မိမိတို့ပါတီအဖွဲ့အစည်းဟာ အတိုက်အခံ လူ့အခွင့်အရေးဝါဒီတွေကို ထိပ်တိုက်ရင်ဆိုင်စေပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အစိုးရရဲ့ လက်ပါးစေ သက်သက် ဖြစ်သွားပါလိမ့်မယ်။ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်တဲ့နေရာမှာ အမျိုးသား အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ သဘာဝသယံဇာတတွေ ထုတ်ယူအလွဲသုံးစားလုပ်နေတာတွေကို မကာကွယ်ပဲ မိမိလူမျိုး အကျိုးစီးပွားကို မြှင့်တင်ဖို့မကြိုးစားပဲ ဘာသာခြားဆန့်ကျင်ရေးသက်သက် ဇောက်ချလုပ်မယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ နိုင်ငံရေးလောကမှာ ဇာတ်သိမ်းလှနိုင်မယ် မထင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြံပြုလိုတာက လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးစည်းရုံးကြည့်စေချင်ပါတယ်။ ဒါမှလည်း တစ်ဖက်က သံသယတွေကို ပြေပြေလည်လည်ဖြေရှင်းခွင့်ရပြီး အပြုသဘော ပူးပေါင်း ဆောင်ရွက် မှုတွေ ဆောင်ရွက်နိုင်တဲ့ အနေအထားကို ရရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

နောက်ဆုံးအနေနဲ့ NLDနဲ့ ကြံ့ခိုင်ရေးအပါအ၀င် လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို သတိပေးချင်တာကတော့ ဘယ်မဲဆန္ဒနယ်မှာမဆို မူဆလင်အမတ်လောင်း ထည့်သွင်းယှဉ်ပြိုင်မယ့် ပါတီကို အဲဒီပါတီရဲ့အမာခံထောက်ခံသူတွေကလွဲရင် တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်တွေ No Vote လုပ်ဖို့ အလားအလာရှိနေပါတယ်။ အသည်းကြားကမဲအများအပြားကို လိုချင် ရင် ခုကတည်းက ကုလားကို ဝေရာမဏိလုပ်ဖို့ အကြံပြုလိုက်ပါရစေ။

အပေါ်မှာတင်ပြသွားတဲ့အချက်တွေဟာ ၀ံသာနုရဲ့ ပုဂ္ဂလိကအမြင်တွေပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြောင်း ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း
အယ်ဒီတာချုပ်
ဝံသာနု..

From : .(၀ံသာနု အယ်ဒီတာ့အာဘော်)

ခြောက်ကြိမ်မြောက် လွှတ်တော်မှ အတည်ပြုခဲ့သော ဥပဒေကြမ်းအားလုံး သမ္မတ သဘောမတူ

ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သော ဥပဒေကြမ်း ၈ ခုကို သဘောမတူညီသောကြောင့် နိုင်ငံတော် သမ္မတက လက်မှတ်မထိုးဘဲ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ သတင်းရရှိ သည်။


ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေး အ တည်ပြုချက် ရယူခဲ့သော ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်း၊ လာဘ် ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ ကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဥပဒေကြမ်း၊ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေကြမ်း၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း၊ တရား ရုံးများ မထီမဲ့မြင်မှု ဥပဒေကြမ်းနှင့် လူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင် စာရင်း ဥပဒေကြမ်းတို့ကို နိုင်ငံ တော်သမ္မတထံသို့ ပေးပို့ခဲ့ရာ ယင်း ဥပဒေများအား သဘောထား မှတ်ချက် များဖြင့် ပြန်လည်ပေးပို့ လာခြင်း ဖြစ် ကြောင်း သိရသည်။

”ပြည်ထောင်စုက အတည်ပြုပေး ခဲ့တာ ၈ ခုပဲ။ ပြင်ဆင်ချက်တွေနဲ့ ပြန်ပို့ လာတာလည်း ၈ ခုပဲ။ ဥပဒေ တစ်ခုရဲ့ အချက်အလက်အားလုံးတော့ မဟုတ်ဘူးပေါ့။ အချို့အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်ဖို့ ပြန်ပို့တာပါ။ဒီဥပဒေတွေကို ပြည်ထောင်စုက ဒီတစ်ခါ ပြန် ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုပြီးသွား ရင် သမ္မတကြီးလက်မှတ်မထိုးလည်း အ တည်ဖြစ်သွားမှာပါ” ဟု ဥပဒေကြမ်းပူး ပေါင်းကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်း ဥပဒေကြမ်း၈ခုနှင့်ပတ်သက် သည့် သမ္မတ၏ သဘောထား မှတ်ချက် ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ခုမှာ နိုင်ငံတော်သမ္မတက လက်မှတ် မထိုးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ဖြစ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက် အရ သိရသည်။ လက်ရှိတွင် လွှတ်တော်၌ ဆွေး နွေးအတည်ပြုရန် ကျန်ရှိနေသော ဥပ ဒေကြမ်း၂ဝကျော်ရှိပြီး (ယခုလ)သတ္တမ အကြိမ် လွှတ်တော်အစည်းအဝေး သို့ အသစ်ရောက်ရှိလာသည့် ဥပဒေကြမ်း အသစ် ၁၂ ခုရှိကြောင်း သိရသည်။

အသစ်ရောက်လာသော ဥပဒေ ကြမ်းများမှာ တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အသေးစား၊ အ လတ်စား လုပ်ငန်းများကို ကာကွယ် သည့် ဥပဒေ၊ ကုန် အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ် ဥပဒေ၊ကွန်ဒိုမီနီယံဥပဒေ၊ အသင်းအဖွဲ့များ ဖွဲ့ စည်းခြင်း ဆိုင်ရာ ဥပဒေ၊ အထူးစီးပွား ရေးဇုန်ဥပဒေ၊ တီထွင်မှုအမှတ်တံဆိပ် ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ မူပိုင်ခွင့် ဥပဒေ၊ဘက်စုံပို့ဆောင်ရေး ဥပဒေ၊ စား သုံးသူကာကွယ်ရေးဥပဒေနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

နှစ်နှစ်တာကာလအတွင်း လွှတ် တော်တွင် ရောက်ရှိ ဆွေးနွေးနေသော ဥပဒေများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ”အရေးကြီးတာပေါ့။ အရေးကြီးတဲ့ ဥပဒေတွေ ကြောင့် ခုလို လွှတ်တော်ကို ရောက်ရှိလာတာပေါ့။မိသားစုတစ်စုမှာ နောက်ဖေးချောင်က ပစ္စည်းတွေက လည်း အရေးကြီးသလို ကျန်တဲ့အပိုင်း တွေကလည်း အရေးပါတာဆိုတော့ အားလုံးကို စုံစုံညီညီလုပ်ရမှာပဲ။ မီဒီ ယာ ဥပဒေလည်း အရေးကြီးသလို ကျန် တဲ့ ဥပဒေတွေလည်း အရေးကြီးတာ ပေါ့။ ဒါကြောင့်လည်း ဆွေးနွေးအတည် ပြုနေရတာပါ” ဟု ဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှစ၍ ပြန် လည်ကျင်းပမည့် လွှတ်တော်အစည်း အဝေးများတွင် အများစု ဝေဖန်ထား သည့် ဒေါက်တာဆိတ်ဖွား ကိစ္စ၊ အခြေ ခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာ သုံးသပ်သည့် ကော်မရှင်နှင့် ကော်မတီ များ ဖွဲ့စည်းရန်ကိစ္စနှင့် ၂ဝ၁၅ ခုနှစ် တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကေ ရစီ အထွေထွေ ရွေးကောက်ပွဲတွင် အချိုး ကျ ကိုယ်စားပြုစနစ် (PR) ကို အသုံးပြု မည် မပြုမည်ကို ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ၏ ပြောကြားချက်အရ သိရသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများကို မတ်လ ၂၂ ရက် နေ့တွင် အဆုံးသတ်ရပ်နား ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကို သုံးလခန့်အကြာ ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်ကာ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပူးတွဲကျင်းပ သွားမည် ဖြစ်သည်။

From: Popular Myanmar News Journal

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြသနာ (မောင်ဝံသ)

၁၉၄၈ ခုနှစ်ကစတင်ခဲ့တဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့များအပြင် ၁၉၆၂ ခုနှစ် နောက်ပိုင်း ထပ်မံ ပေါ်ထွက်လာတဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့ သစ်တွေပါ ပါဝင်ဆင်နွှဲလာခဲ့ကြတဲ့ လွတ်လပ်ရေးရဲ့ ဖွားဖက် တော် ပြည်တွင်းစစ်ကြီးဟာ ယနေ့အထိ မပြီးဆုံးသေးပါဘူး။


၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ရခဲ့ပေမယ့် အင်အားကြီးအဖွဲ့တစ်ခုဖြစ်တဲ့ ကေအင်ယူနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ သမတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လည်း ငြိမ်းချမ်းရေး အတွက် အရှိန်အဟုန် မြှင့် လုပ်ဆောင်နေပါတယ်လို့ အစိုးရက ပြောနေတဲ့ကြားက အစောပိုင်း ကချင် ပြည်နယ်မှာ၊ အခုနောက်ပိုင်း ရှမ်းပြည်နယ်က တချို့နေရာတွေမှာ သေနတ်သံ တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲံ တာ တိုင်းသိပြည်သိ ကမ္ဘာသိ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ် တောင်းဆိုချက်

ပြည်ထောင်စုကနေခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်လိုတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်အဖွဲ့ အများစု (အားလုံးလိုလို) တောင်းဆိုနေတာက မြန်မာအပါအ၀င် လူမျိုးစု အားလုံးမှာ တန်းတူရည်တူ အခွင့်အရေးရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပါတယ်။ အာဏာရအစိုးရ အဆက်ဆက်က ]ပြည်ထောင်စု} ဆိုတဲ့ ဝေါဟာရ ကို သုံးနှုန်းပြီး အုပ်ချုပ်ခဲ့ ပေမယ့် အဲဒါဟာ သူတို့လိုချင်တဲ့ ပြည်ထောင်စုမျိုး မဟုတ်ဘူးဆိုတဲ့အချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြချင်တဲ့သဘောနဲ့ နောက်ပိုင်းမှာ လက်နက်ကိုင်ရော လက်နက်မကိုင်တဲ့ လူမျိုးစုံတွေကပါ ]ဖယ်ဒရယ် ပြည်ထောင်စု} အစား စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု} ဆိုတဲ့ စကား လုံး အသုံးအနှုန်းနဲ့ ပြောင်းလဲ တောင်းဆိုလာခဲ့ကြပါတယ်။

လူမျိုးစုတွေရဲ့ လိုလားချက်

လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစိုးရအဆက်ဆက်ကို တစ်လျှောက် လုံး တောင်းဆိုလာခဲ့ကြတာက ဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပါတယ်။ အဲဒါကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီး ပြုလုပ်ရမယ်၊ အဲဒီအတွက် အရင်ဆုံးလုပ်ရမှာက တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်တယ် လို့ သူတို့က ဆိုကြပါတယ်။ အဲဒီတောင်းဆိုချက်ဟာ ကျိုးကြောင်းဆီလျော် တရားမျှတတဲ့ တောင်းဆိုချက် ဖြစ်ပေမယ့် ဖက်ဒရယ်ဆိုတဲ့အသံကြားရုံနဲ့ တီကောင်ကိုဆားနဲ့တို့လိုက်သလို တွန့်ခနဲ ဖြစ်သွားတတ်တဲ့ အင်အားစုများရဲ့ သဘောထားရပ်တည် ချက်ကြောင့် အဲဒီ တောင်းဆိုချက်ဟာ ဘယ်တုန်းကမှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို ကမ္ဘာက ကြိုဆိုထောက်ခံရလောက်အောင် ခြေလှမ်းသွက်သွက်နဲ့ လုပ်ပြနေ တဲ့ လက်ရှိအစိုးရလက်ထက်မှာတောင် အဲဒီ တောင်းဆိုချက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖြည့်ဆည်းပေး နိုင်သေးတာကို တွေ့နေရပါ တယ်။

တစ်ပြိုင်တည်း ပြသနာနှစ်ခု

အခု ကျွန်တော်တို့နိုင်ငံမှာ တပြိုင်တည်း ပေါ်ပေါက်နေတဲ့ ပြသနာ နှစ်ခုက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ပြသနာ နှစ်ခုစလုံးဟာ အနှစ်သာရအရ လွတ်လပ်ရေးနဲ့အတူ မွေးဖွားပေါ်ပေါက်လာတဲ့ ပြသနာတွေ ပဲ ဖြစ်ပါတယ်။ အခုမှ အသစ်ပေါ်ထွက်လာတဲ့ ပြသနာတွေ မဟုတ်ပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးခေါင်းစဉ်နှစ်ခုစလုံးဟာ နိုင်ငံရေးပြသနာချည်း ဖြစ်ပါတယ်။ အဲဒီပြသနာနှစ်ခုဟာ ဖြေရှင်း ပြေလည်သွားခဲ့တာမဟုတ်ဘဲ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တဲ့ ခေတ် တစ်လျှောက်လုံး ရေပြင်အောက် ငုပ်လျှိုးနေခဲ့ပြီး အခု ပေါ်လို့ ရတဲ့အချိန်မှာ ပြန်လည် ပေါ်ထွက်လာ တာသာ ဖြစ်ပါတယ်။ ဒါကြောင့် အပြီးအပြတ် ပြေလည်အောင် မရှင်းနိုင်မချင်း အဲသလိုပဲ ငုပ်လိုက် ပေါ်လိုက်သာ ဖြစ်နေဦးမယ်ဆိုတဲ့အချက်နဲ့ အဲဒီပြသနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်မချင်း ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆိုတာတွေဟာလည်း ]တံလျှပ်} သဖွယ်ပဲ အမြဲတမ်း ဖြစ်နေမယ်ဆိုတဲံအချက်ကို တာဝန်သိသူတိုင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ဘယ်ဟာကို အရင် ဖြေရှင်းမလဲ

ဒီတော့ ဒီပြသနာနှစ်ခုမှာ ဘယ်ဟာကို အရင်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ တစ်ချို့ နိုင်ငံရေးသမားတွေက လက်ရှိ အခြေခံ ဥပဒေဟာ ပြင်လို့မရလောက်အောင် လုပ်ထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။ ပြင်ဆင် ပြောင်းလဲဖို့ သိပ်ကို ခက်ခဲတယ်လို့ ပြောနေကြပါတယ်။ မရည်ရွယ် ဘူးလို့ ယူဆရပေ မယ့် သူတို့စကား အသွားအလာအရ အခြေခံဥပဒေပြင်ဆင် ရေးကိစ္စကို အခုအချိန်မှာ မတို့မထိနဲ့ဦး။ ဖယ်ဒရယ်ကိစ္စပဲ အရင် ဖြေရှင်းကြ တာပေါ့လို့ ဆိုလိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေပါတယ်။

လူမျိုးစုတွေရဲ့ အဓိက လိုလားချက်

တကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆို နေကြတဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေ တစ်လျှောက်လုံး ရပ်ခံလာကြတဲ့ အနေအထားကို လေ့လာကြည့်ရင် ဒီကိစ္စက နည်းနည်း ကလေးမှ ရှုပ်ထွေးစရာ မလိုတဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့က သူတို့ဟာ သူတို့ လူမျိုးစုရဲ့ အခွင့်အရေး တွေကို လက်နက်ကိုင်ပြီး ကာကွယ် စောင့်ရှောက်ဖို့ မလိုတော့တဲ့တစ်နေ့ (တစ် နည်း) အဲဒီအခွင့်အရေး တွေ ကို အခိုင်အမာ ကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာတဲ့ တစ်နေ့မှာ ကိုင်ထားတဲ့လက်နက်တွေ ကို စွန့်လွှတ်မှာ ဖြစ်တယ်။ အခုအထိတော့ အဲသလိုမျိုး အခြေခံဥပဒေ ပေါ်ထွက်မလာသေးဘူး။ အဲသလို ရပ်ခံနေခဲ့ကြတာ ဖြစ်ပါတယ်။

ရေပေါ်အရုပ်ရေးသလိုဖြစ်မယ်

ဒီတော့ အဖြေက ရှင်းပါတယ်။ ဖယ်ဒရယ်ကိစ္စ ပြေလည်ချင်တယ် ဆိုရင် အခြေခံဥပဒေကိစ္စ အရင်ရှင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေခံဥပဒေ ကို မပြင်ဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် အဲဒါဟာ ရေပေါ် မှာ အရုပ်ရေးတာပဲ ဖြစ်ပါလိမ့်မယ်။

လက်ရှိ အခြေခံဥပဒေဟာ ပြင်လို့မရနိုင်လုနီးပါးဖြစ်အောင် လုပ်ထား တဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော် သဘောတူပါတယ်။ တိုင်းပြည်ကို နှစ်နှစ်ဆယ်ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ တစ်ခုက စစ်အာဏာ လွှမ်းမိုးကြီးစိုးရေးစနစ် တည်တံ့နိုင်သလောက်တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုတဲ့ အချက်ကို အများနည်းတူ ကျွန်တော်လည်း သဘောပေါက်ပါတယ်။

အားတက်စရာ နမူနာတွေ

ဒါပေမယ့် ကျွန်တော်တို့ ]ခက်တယ်} ]မလွယ်ဘူး}ဆိုပြီး ညည်း နေလို့ချည်း မဖြစ်ပါဘူး။ သူများတွေ ခက်ခဲနက်နဲ သိမ်မွေ့တဲ့နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာခဲ့ကြသလဲ။ ဘယ်လို ကျော်လွှားခဲ့ကြသလဲ။ ပြည်တွင်းပြည်ပ အတွေ့အကြုံတွေကို ကျွန်တော်တို့ စေ့စေ့စပ်စပ် လေ့လာကြရ ပါမယ်။ တောင်တန်းဒေသတွေကို ချန်ထားပြီး လွတ်လပ်ရေးပေးဖို့ ကြိုးစားတဲ့ နယ်ချဲ့ဆီက တစ်ပြည်လုံး လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်း အမှူး ပြုတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ဘယ်လို စည်းရုံး စီစဉ်ဆောင်ရွက်ခဲ့ ကြသလဲ။ တစ်လျှောက်လုံး လူဖြူတွေက လူမည်းတွေအပေါ် ဖိနှိပ် အုပ်ချုပ် လာခဲ့ပြီး လူဖြူတွေကို တစ်ဖက်သတ် အသာစီးပေးထားတဲ့ အခြေခံဥပဒေတစ်ခု တည်ရှိရာ တောင်အာဖရိကနိုင်ငံမှာ လူမည်းသမတတစ်ဦး ပေါ်ထွက်လာအောင် ခေါင်းဆောင်တွေ ဘယ်လို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသလဲ။ စစ်အာဏာရှင်က ရေးဆွဲပြဌာန်းခဲ့တဲ့ အခြေခံဥပဒေကိုပဲ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းအရောက်မှာ ပြည်သူအများစုလက်ခံတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်အောင် အင်ဒိုနီးရှား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက် ခေါင်းဆောင်တွေ ဘယ်လို ကြိုးပမ်းခဲ့ကြသလဲ။ စစ်အာဏာရှင်က ရေးဆွဲပြဌာန်းခဲ့တဲ့ အခြေခံဥပဒေကိုပြင်ဆင်ပြီး ပြည်သူလူထုတိုက်ရိုက်ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက် တဲ့ သမတရွေးချယ်တင်မြှောက်ရေးစနစ် ဖြစ်ပေါ်လာအောင် တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားက ပြည်သူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ဘယ်လို တွန်းအာပေးခဲ့ကြသလဲ။ ကျွန်တော် တို့မှာ လေ့လာ စရာတွေ တစ်ပုံကြီး။ အားတက်စရာတွေလည်း တစ်ပုံကြီးပါ။

နိုင်ငံရေးဆန္ဒ အရေးကြီးပါတယ်

အရေးကြီးတာက အခက်အခဲ အတားအဆီး အနှောင့်အယှက်တွေ မဟုတ်ပါဘူး။ အဲဒါတွေကို ကျော်လွှားသွားချင်တယ်ဆိုတဲ့ နိုင်ငံရေး ဆန္ဒ (Political Will)နဲ့ မဖြစ်မနေ ကျော်လွှားသွားမယ်ဆိုတဲ့ နိုင်ငံရေး ပိုင်းဖြတ်ချက် (Political Determination)သာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံရေးဆန္ဒနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုကြောင့်ပဲ စစ်အာဏာရှင်စနစ်ကို အလျှော့မပေးစတမ်း အာခံ ဖီဆန်တိုက်ပွဲဝင် လာခဲ့တဲ့ အတိုက်အခံပါတီကြီးဟာ လက်ရှိ အခြေခံဥပဒေဘောင်ထဲမှာပဲ ပါတီမှတ်ပုံတင် ခဲ့တယ်။ ပါတီ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ လွှတ်တော်ထဲ ရောက်သွားတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီလုပ်ရပ် တွေရဲ့ ဦးတည်ချက်တစ်ခုက ပြည်သူလူထု အများစုကြီးလက်ခံတဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာအောင် ကြိုးစားသွားဖို့ ဖြစ်တယ်လို့ တိုင်းပြည်ကို တင်ပြခဲ့တယ်။

ထီးလိုမင်းလို အချိန်ကောင်း

ဒီအချက်အပေါ်မှာ အာဏာရပါတီကြီးရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားကလည်း လွန်ခဲ့တဲ့ တစ်နှစ် လောက်ကနဲ့ မတူတော့တာ တွေ့ရတယ်။ အရင်ကဆိုရင် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲ စရာ မလိုပါဘူးလို့ တွင်တွင်ကြီး ပြောနေခဲ့တာကလား။ ခုတော့ အာဏာရပါတီကြီး ကပဲ ကမကထပြုင်္ပြီး အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ၊ သဘောထားအမြင်တွေကို စုဆောင်း နေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ ထီးလို မင်းလို လူလို နတ်လို အချိန် ဖြစ်ပါတယ်။ ခေတ်သစ် မြန်မာ့သမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်လာမယ့် ၂၀၁၅ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ ဖြစ်နိုင်စရာ လုံးလုံးမရှိတဲ့ ကိစ္စ မဟုတ်ပါဘူး။ အားလုံး ပြိုင်တူ တွန်းရင် ရွေ့ကို ရွေ့ရမှာပါ။ ]]ပြင်းပြသော ဆန္ဒရှိသူများအတွက် လောကမှာ မဖြစ်နိုင်သော အရာ ဟူသည် မရှိ}} ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဟောကြားချက်တစ်ခုကို အခုအချိန်မှာ ကျွန်တော် သတိရနေမိပါတယ်။

၀၂ ၀၆ ၂၀၁၃

ပြည်သူ့ခေတ်ဂျာနယ် ၀၆ ၀၆ ၂၀၁၃ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

maungwuntha@gmail.com

မြန်မာ့တိုးရစ်ဇင် လုပ်ငန်း တိုးတက်အောင်မြင်တော့မလား



နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကြီးမှာ အရှဖွံ့ဖြိုးရေးဘဏ်၊ နော်ဝေနိုင်ငံတို့က ပူးပေါင်း ကူညီမှုနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျခံမယ့် မြန်မာနိုင်ငံက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း (တိုးရစ်ဇင်) အထူးစီမံကိန်းတခု သဘောတူလိုက် တယ်လို့ သိရပါတယ်။


အဲဒီ စီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ရမှာ ဖွံ့ဖြိုးရေး စီမံကိန်းငယ်တွေ ၄၀ လောက်လည်း ပါဝင်ပြီး ဟိုတယ် လုပ် ငန်းနဲ့ တည်ဆောက်ရေး တွေ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု ပတ်ဝန်းကျင်တွေ ကို မထိခိုက်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အစီအစဉ်ကြီးတခု လို့လည်း နေပြည်တော်သတင်းတွေက ဆိုပါတယ်။ 


မြန်မာနိုင်ငံက အစိုးရများဟာ ရာစုနှစ်ဝက်ကျော်လောက်ကြာ တိုးရစ်ဇင် လုပ်ငန်းဟာ မီးခိုးမထွက်တဲ့ စက်ရုံကြီးတခုအနေ နဲ့ တိုင်းပြည်ဘဏ္ဍာအဖြစ်ရမယ့် ကိစ္စနဲ့ နိုင်ငံသားတွေရဲ့ ၀င်ငွေကောင်းမယ်ကိစ္စတွေ ကို သိရှိ နားလည်ခြင်း မရှိခဲ့ပါဘူး။ 

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက် ရေခံမြေခံကောင်းတွေ ရှိနှင့်ပြီး သားနိုင်ငံတခုလည်း ဖြစ်ပါတယ်။ ကိုလိုနီခေတ် ရှေးဟောင်း အမွေအနှစ်တွေ၊ ရှေးဟောင်း ဗိသုကာ လက်ရာတွေ၊ လူမျိုးစုံတို့ရဲ့ ရိုးရာယဉ်ကျေး မှုတွေနဲ့ လူနေမှု ပုံစံတွေ၊ သဘာဝ တောတောင်၊ ရေမြေ အလှတွေ၊ မြန်မာနိုင်ငံသားတွေရဲ့ နွေးထွေးဖော်ရွေတဲ့ ဓလေ့ တွေ ဟာ တိုးရစ်ဇင်လုပ်ငန်းအတွက် အားသာချက်တွေလည်းဖြစ်ပါတယ်။ 

နိုင်ငံရေး တင်းမာမှုတွေ၊ စီးပွားရေးကြပ်တည်းမှုတွေနဲ့ စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်းများစွာ ရှိခဲ့ တဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ပတ်သက်ပြီး တချိန်က အစိုးရတွေကိုယ်တိုင်က လမ်းဖွင့်ပေးခြင်း မရှိခဲ့ပါဘူး။ 

ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားတွေက အိမ်နီးချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေကိုပဲ သွားကြတာ များပြီး မြန်မာနိုင်ငံကိုတော့ ရှောင်ကွင်းကျန်ရစ်နေခဲ့တာပါ။ 

မြန်မာနိုင်ငံဟာ တိုးရစ်ဇင်လု ပ်ငန်းဆိုင်ရာ တာဝန်သိသိ ၀န်ဆောင်မှုလည်း တချိန်က အလွန်အားနည်းခဲ့ ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေကြောင့် ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံကိုတော့ အခု ကမ္ဘာလှည့်ခရီးသွားတွေက စိတ်ဝင်တစား ရှိလာကြပြီး မနှစ်က မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားပေါင်း ၁၀ သိန်း ကျော် ရှိခဲ့ပါတယ်။ 

ဒါပေမယ့် ပြဿနာက တည်းခိုဖို့ ဟိုတယ် မလုံလောက်မှု၊ အင်တာနက် အစရှိတဲ့ ဆက်သွယ်ရေး ဆိုင်ရာ၊ နောက် ပို့ဆောင် ရေး ဆိုင်ရာ ၀န်ဆောင်မှု၊ စတဲ့ အားနည်းချက်တွေ အများကြီး ရှိခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေလည်း စိတ်ပျက်ခဲ့ ကြပါတယ်။ 

ဟိုတယ် မလုံလောက်မှုတွေ ရှိနေချိန်မှာ Home Stay စနစ်ကို ထည့်သွင်း စဉ်းစားဖို့ လိုတယ်ဆိုတာလည်း အရင်အစိုးရ တာဝန်ရှိသူတွေ နားလည်ခဲ့ဟန် မတူဘူး။ 

စစ်ဗိုလ် အစိုးရတွေလက်ထက်က အရာရာကို လုံခြုံရေး မျက်စေ့နဲ့ချည်း လုပ် ကိုင်ခဲ့လို့ တိုင်းပြည်ဟာ လည်း အဖက်ဖက်က လှောင်ပိတ်နောက်ကျကျန်ခဲ့ရတာပါ။ 

အခုလို နော်ဝေအစိုးရနဲ့ အာရှဖွံ့ဖြိုးဘဏ် ADB တို့က အားနည်းမှုတွေ၊ လစ်ဟာမှုတွေဖြစ်နေတဲ့ မြန်မာ့ တိုးရစ်ဇင် လုပ်ငန်း ကြီးရဲ့ အခြေခံ အဆောက်အအုံဆိုင်ရာတွေအတွက် စီမံကိန်းချ လုပ်ဆောင်မယ် ဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဟာ မြန်မာနိုင်ငံမှာ အားတက်စရာ ၀င်ငွေကောင်းမယ့် အခြေ ဆိုက်ရောက်လာနိုင်ပါတယ်။ 

Credit : http://blog.irrawaddy.org/2013/06/blog-post_7361.html

ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်



ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟနဲ့ လက် ထောက် ဦးသူရိယတို့ဟာ ဇွန်လ ၁၁ ရက်နေမှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်လာမှာဖြစ်ပြီး ၆ ရက်ခန့် သီတင်းသုံးနေထိုင်မှာဖြစ်ကြောင်း သိရပါ တယ်။ ရွှေည၀ါ ဆရာတော်မှ ဂျပန်နိုင်ငံရှိ မြန်မာ မိသားစုတွေကို တရားရေအေးတိုက်ကျွေးမှာဖြစ်ပြီး ဂျပန်နိုင်ငံ ခရီးစဉ်ပြီးပါက ဂျာမဏီနိုင်ငံသို့ ဆက် လက်ထွက်ခွာမှာဖြစ်တယ်လို့လည်း သိရပါ တယ်။

ရွှေည၀ါ ဆရာတော်ရဲ့ ဂျပန်နိုင်ငံခရီးစဉ် အသေးစိပ်ကို သိလိုရင်တော့ ဦးသန်းဝင်း ၀၉၀-၂၄၄၃-၄၀၃၆၊ ဦးမြသိန်း ၀၉၀-၈၆၄၄-၇၀၉၂ တို့ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နေ ဦးထွန်းဝေ က ဧရာဝတီကို ပြောပါတယ်။

Air Asia လေကြောင်းက ဘန်ကောက်- နေပြည်တော် နေ့စဉ်ပြေးဆွဲမယ်



AirAsia လေကြောင်းလိုင်းဟာ ဘန်ကောက်ကနေ မြန်မာနိုင်ငံ နေပြည်တော်ကို နေ့စဉ်ပြေးဆွဲဖို့ အစီ အစဉ်ကို လာမယ့် အောက်တိုဘာလမှာ စတင်မယ် လို့ သိရပါတယ်။


နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ အဲအေးရှား အုပ်စု စီအီးအို တိုနီ ဖမန်းဒ်က ဘန်ကောက်- နေပြည် တော် ခရီးစဉ်ကို လာမယ့် အောက်တိုဘာစတင်မယ်ဆိုတဲ့ အစီအစဉ်ကို ကြေညာ လိုက် တာဖြစ်ပါတယ်။ 

“၂၀၁၃ အောက်တိုဘာလမှာ စတင်မယ့် ဘန်ကောက်မှ နေပြည်တော်ကို ဆက်သွယ်မယ့် ပထမ ဆုံး လေကြောင်းလိုင်း ဖြစ်တာကြောင့် ကျနော်တို့ လုံးဝ ဂုဏ်ယူတယ်” လို့ သူက ပြောသွားတာပါ။ 

ဒေသတွင်းမှာ နေပြည်တော်ဟာ တဖြည်းဖြည်း အရေးပါလာပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်းကလည်း ဒီဇင်ဘာမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း၊ ၂၀၁၄ ခုနှစ်မှာလည်း မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမှာက တကြောင်း၊ နောက်ပြီး ၂၀၁၅ ခုနှစ်က စပြီးတော့လည်း အာဆီယံ စီးပွားရေး ဇုံကြီးဖြစ်လာတော့မှာက တကြောင်း စတာတွေကြောင့် အခုလို နေပြည်တော်ကို ဘန်ကောက်က တိုက်ရိုက်နေ့စဉ် လေကြောင်း လိုင်းပေးဆွဲတာဖြစ်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။ 

အဲအေးရှား လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်- ရန်ကုန် တနေ့ ၃ ကြိမ်ပြေးဆွဲနေပြီး ဘန်ကောက်-မန္တလေး ကို တနေ့ တကြိမ်ပြေးဆွဲနေတာပါ။ တခါ တန်ဘိုးနည်း လေကြောင်းလိုင်း အဲအေးရှားဟာ ရန်ကုန်ကနေ ကွာလာ လမ်ပူကိုလည်း တနေ့ တကြိမ်ပြေးဆွဲပေးနေပါသေးတယ်။ 

Credit : Here

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ



သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကိုလုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။


“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်း အချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်းချင်း ရဲရဲ့ သေနတ် လုပြီး ပစ်ခတ် တယ်။ အဲဒီအချိန်မှာ တာဝန် ကျ ရဲတယောက် က သေ နတ်လု ပြေးတဲ့ တရားခံ ကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။ တရားခံက ပြန်ပစ်လိုက်လို့ ရဲ ၂ ယောက် ဒဏ်ရာရ တယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက် သွားတယ်။ သေနတ် ၂ လက်ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ် လိဖန် ၊ အိုက်ဆမ် ၊ အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ နာမည်အတိအကျ မသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန် ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ” ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီးထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝ တွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကိုလွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော် တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့ မေလ ၂၉ ရက် မှပြန်ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေးတာလဲ တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ် မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်လှန့်နေကြကြောင်းသတင်းရရှိသည်။ 

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_8352.html

မြန်မာနိုင်ငံတွင် ခေါင်းဆောင်လုပ်ရန် အစီအစဉ်မရှိဟု ပြည်တော်ပြန် ၈၈ ကျောင်းသား ကိုမောင်မောင်ကျော်ဆို



မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့သော ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင်ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းသည် ခေါင်းဆောင်တစ်ဦး အနေဖြင့် ဆောင်ရွက်ရန် မဟုတ်ဘဲ နိုင်ငံရေးတွင် ပြန်လည်ပါဝင်မည်ဟု မဇ္စျိမသို့ ပြောသည်။


၎င်းး၏ ခရီးစဉ်မှာ မြန်မာနိုင်ငံသို့ တစ်လပြန်လာခြင်းဖြစ်ပြီး ကိုမောင်မောင်ကျော်က ''ကျွန်တော်ပြန်လာ တာနိုင်ငံရေးကိစ္စတွေလည်း ပါလာပါတယ်။ အဓိကကတော့ အမေနဲ့ တွေ့ဖို့ပါ၊ ပြီးတော့ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေမှာလည်း ပါဝင်မှာပါ။ ကျွန်တော် မြန်မာနိုင်ငံမှာ ခေါင်းဆောင် မလုပ်ပါဘူး။ ဒီမှာရှိတဲ့သူ တွေကိုပဲခေါင်းဆောင်နေရာမှာ ထားမှာပါ။ ကျွန်တော်က နိုင်ငံတကာအဖွဲ့တွေနဲ့ မြန်မာနိုင်ငံက အဖွဲ့တွေကို ချိတ်ဆက်ပေးတဲ့ ကြားခံလူတစ်ယောက်အနေနဲ့ပဲ ရပ်တည်မှာပါ'' ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် အခြေစိုက်နေထိုင်နေပြီဖြစ်သည့် ကိုမောင်မောင်ကျော်သည် မြန်မာနိုင်ငံ ပြန်ရောက်သည့် တစ်လ ခရီးစဉ်တွင် ၈၈ အရေးတော်ပုံ၌ ကွဲကွာခဲ့သည့် အင်အားစုများ အမေရိကန် ပြည်ထောင်စုတွင် တွေ့ဆုံပွဲပြုလုပ်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲအား ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပွဲနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကျောင်းသားတပ်ဦးမှ တာဝန်ရှိသူ များလည်း အစည်းအဝေးများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးပေါ် အမြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ကိုမောင်မောင်ကျော်က ''ကျွန်တော်ကတော့ ဦးသိန်းစိန်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်ပါတယ်။ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းမှာလည်းဖြောင့်ဖြောင့်မတ်မတ် လုပ်နေတယ်လို့ မြင်တယ်။ အစိုးရတစ်ရပ် အနေနဲ့ အကုန်ပြန်ကောင်းအောင်လည်း လုပ်နေတယ်လို့ တွေ့ရတယ်'' ဟု ပြောခဲ့သည်။

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများတွင် အခြားနိုင်ငံများမှ ဖိအားပေး၍ လုပ်ဆောင်ရခြင်းမျိုးများ မရှိစေရန် လုပ်ဆောင်စေလိုသည်ဟုလည်း ၎င်းကပြောသည်။

ကိုမောင်မောင်ကျော်၏ မိခင် ဒေါ်လှမြင့်က ''ကျွန်မကတော့ ကျွန်မသားလုပ်ခဲ့တာတွေ မှန်တယ်လို့ ထင်တယ်၊ အခုလည်း သားပြန်လာတော့ သူလုပ်ချင်တာတွေ လုပ်သင့် တာတွေ အကုန်ထောက်ပံ့ပေးမယ်၊ အရင်တည်းကလည်း သားကြောင့် တစ်မိသားစုလုံး တောခိုခဲ့တာပဲ။ အခုလည်း သားက မှန်ကန်တဲ့လမ်းကို လုပ်နေတာပဲဆိုတော့ သူလုပ်တဲ့လမ်းကြောင်းကို လိုအပ်တာ ထောက်ပံ့မယ်'' ဟု ကိုမောင်မောင်ကျော် မိခင်က ဆိုသည်။

ကိုမောင်မောင်ကျော်၏ မိခင်ဒေါ်လှမြင့်သည် ဒီမိုကရေစီအရေးတော်ပုံတွင် တောခိုခဲ့ပြီး တစ်နှစ်ကြာတွင် နိုင်ငံတွင်း သို့ အလင်း ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တက္ကသိုလ်မကျည်းတန် နာမည်ဖြင့် စာအုပ်များ ထုတ်ဝေရေးသားလျက်ရှိသည်။

သူပြန်လာတာ အရမ်းဝမ်းသာတယ်လို့ဆိုတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦး ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးကလည်း ''ကျွန်တော်တို့ကတော့ သူပြန်လာတာကို ကြိုဆိုတယ်။ အရင် ကလည်း အတူတူ အလုပ်လုပ်ခဲ့ကြတာပဲ။ အခုလည်း ကျွန်တော်တို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင် လုပ်ကိုင်ကြမယ်။ အခုချိန်ထိ နိုင်ငံအပေါ်မှာ သူ့ရဲ့ ရိုးသားချစ်ခင်တဲ့စိတ်က မြင်နေရတုန်းပဲ၊ သူပြန်လာတာ ကျွန်တော် အရမ်းဝမ်းသာတယ်'' ဟု မဇ္စျိမသို့ ပြောသည်။

ကိုမောင်မောင်ကျော်နှင့်အတူ ၎င်း၏ မိဘများ၊ မောင်နှမများသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော် ပုံတွင် တောခိုခဲ့သည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_6.html

မြောက်ဦး ပဋိပက္ခ ပစ်ခတ်မှု ၃ ဦးသေဆုံး



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ပရိန်ကျေးရွာ သားများနှင့် ထိုဒေသ၌ လုံခြုံရေး တာဝန်ယူထား သော တပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခ ဖြစ်ကြပြီး ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး သေဆုံးကြောင်း သိရသည်။


ပရိန်ရွာ ဘင်္ဂါလီ(မွတ်စလင်)ဒုက္ခသည်စခန်းမှ ဒုက္ခသည်တချို့သည် အာဏာပိုင်များ တည် ဆောက်ပေးမည့် နေအိမ်တန်းလျားများ၌ နေထိုင်ရန် ငြင်းဆန်သည့်အပြင် အုပ်စုဖွဲ့ တိုက်ခိုက်ရန်မူ သည့်အတွက် လုံခြုံရေးတာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များက ခြောက် လှန့် ပစ်ခတ်မှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြောက်ဦး ရဲစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်မြ က ဧရာဝတီ ကို ပြောသည်။


“အိမ်ဆောက်ပေးဖို့ ပစ္စည်း သယ်လာသူတွေ၊ လုံခြုံရေးတွေကို တုတ်တွေ၊ ဓားတွေနဲ့ လူအုပ်စုလိုက် တိုက်ခိုက်ရန်ပြုတော့ လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ထိခိုက်သွားတဲ့အပြင် အသက်အန္တရာယ်ကိုပါ စိုးရိမ် လာတော့ ခုခံကာကွယ်တဲ့အနေနဲ့ ခြောက်လှန့် ပစ်ခတ်မှု ဖြစ် တယ်၊ ၃ ဦး သေတယ်၊ ၃ ဦးလောက် ဒဏ်ရာ ရတယ်ကြားတယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရနှင့်သက်ဆိုင်ရာ ဒေသ အာဏာာပိုင်များသည် ပရိန်ကျေးရွာရှိ ဒုက္ခသည်စခန်းမှ ဒုက္ခ သည်များအား မိုးမကျမီ အမိုး အကာအောက် ရောက်ရှိရေး အတွက်ဟုဆိုကာ နေအိမ်တန်းလျားများ ဆောက်ပေးနေကြောင်း မြောက်ဦး စခန်းမှူး က ပြောသည်။

သို့သော် ဒုက္ခသည်များကမူ ၎င်းတို့မြေကွက်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက် ထိုမြေ၌သာ ဆောက်လုပ် နေထိုင်မည်ဟု ငြင်းဆန်ကြကြောင်း၊ အာဏာပိုင်များကလည်း စီစဉ်ပေးသည့် နေရာ၌သာ နေထိုင်ရန် ပြောဆိုရာမှ အငြင်းပွား ရုန်းရင်း ဆန်ခတ်ဖြစ်၍ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပရိန်ကျေးရွာနှင့် ယိုင်သေကျေးရွာတို့၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့ အကြား ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံး၌ ရာချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ပုရိန်ကုန်းရွာနှင့်ယိုင်သေရွာမှ ဒုက္ခသည်များသည် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တချို့တွင် ခိုလှုံနေဆဲ ဖြစ်ပြီး ပရိန်နှင့်ယိုင်သေရွာမှ ဘင်္ဂါလီ ဒုက္ခသည်များကို ၎င်းတို့ရွာ အနီး၌ ဒုက္ခသည်စခန်း တန်းလျား တည်ဆောက်ထားပေးကြောင်း ဒေသခံများက ပြောသည်။

ဘင်္ဂါလီ ပရိန်ကျေးရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သော ပုရိန်ကုန်း ကျေးရွာ၏ တဘက်ကမ်း ဖြစ်သည်။ ထိုကျေးရွာ ၂ ခု ၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင် တိုင်းရင်းသား ၇ ဦးသေဆုံးခဲ့ပြီး ဘင်္ဂါ လီတချို့လည်း သေ ဆုံး ခဲ့ကြောင်း သိရသည်။

ပရိန်ဒေသ၌ ယခုအခါ လုံခြုံရေး ထူထပ်စွာ ချထားပြီး မြောက်ဦးမြို့ပေါ်၌ တည်ငြိမ်အေးချမ်းနေကြောင်း မြောက်ဦး မြို့ခံများက ပြော သည်။

http://abbsoluteright.blogspot.com/2013/06/blog-post_5290.html

အဓိကရုဏ်းဖြစ်လာမှုကို ကြိုတင် ကာကွယ် သွားမည်ဟု KNPP ဆို



ကယား ပြည်နယ်သည် ဘာသာရေး အဓိ ကရုဏ်းများ ကင်းစင်ပြီး အေးချမ်းသော ပြည်နယ် ဖြစ်လာ စေရေး အတွက် ကြိုတင် ကာကွယ် ထားသည့် အစီ အမံများ ရှိရန် လိုအပ်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အတွင်းရေမှူး ဖြစ်သူ ခူဦးရယ်က ဆိုပါသည်။


ဒီအမြင် ကတော့ ကျနော်တို့ ကယား ပြည်နယ် ထဲက အဖွဲ့အစည်း (၉) ခုက ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှာ အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ကြရာက လူထုထံ ပန်ကြားစာ ထုတ်ပြန်တဲ့ အဆင့်အထိ ဖြစ်သွား တာပါ။ ပြီးခဲ့သည့် ရက်ပိုင်းကို ကြည့်ရင် ကယား ပြည်နယ် မော်ချီး ဒေသဘက် မွတ်စလင်နဲ့ အဲဒီ ဒေသမှာ ရှိတဲ့ ဗမာ လူမျိုးတွေ ပြသနာ ဖြစ်ခဲ့ သေးတယ်။ အဲဒါကြောင့် နောက်ဆက်တွဲ ပြသနာ ဖြစ်လာမှာကို စိုးရိမ်လို့ အခုလို တားဆီး ကာကွယ်ဖို့ ဖြစ်လာ တာပါ” ဟု ဆိုပါသည်။

အဆိုပါ ပန်ကြား စာသည် ကယားပြည်နယ် တစ်ခုလုံး ပေးပို့ခဲ့ သော်လည်း အဓိက ပစ်မှတ်ထား သည်မှာ ကယားပြည်နယ် တွင်း၌ ရှိသော ကရင်နီ လူထု များနှင့် ကယန်း ဒေသရှိ ကရင်နီ လူထုနှင့် ပတ်သက် ဆက်နွယ် နေသည့် တိုင်းရင်းသား လူထုများအား အဓိက ပစ်မှတ် ထားခဲ့ကြောင်း ဆိုပါသည်။

ပြည်သူ လူထု များထံ ပေးပို့ ခဲ့သော ပန်ကြားစာ ထဲတွင် အဓိက အချက် (၄) ချက်ကို အခြေခံပြီး ပန်ကြား ခဲ့ပါသည်။

(၁) အခြားသူ များ၏ သွေးထိုး လှုံ့ဆော် မှုကြောင့် ရခိုင်ပြည် မှသည် မိထ္ထီလာ၊ အပြင် ဒေသ အနှံ့နှင့် ရှမ်းပြည် လာရှိုး အဓိကရုဏ်းထိ ဖြစ်လာ နေခဲ့ပြီး ၄င်းမှ တစ်ဆင့် ကရင်နီ ပြည်နယ်သို့ တဖြည်းဖြည်း ကူးစက် လာနေသည့် လက္ခဏာ တစ်ချို့ကို ထောက်ပြ ထားခြင်း။

(၂) လူမျိုးရေးနှင့် ဘာသာရေး အဓိ ကရုဏ်း များကြောင့် ပြည်သူ လူထု တစ်ရပ်လုံး အသက်သေ ဆုံးမှု၊ အသက် ဘေးအန္တရယ် စိုးရိမ် မှုနှင့် အိုးအိမ် စည်းစိမ်းများ ပျက်စီး ဆုံးရှုံး ခဲ့သည့် ဆိုးကျိုးများကို ထောက်ပြ ထားခြင်း။

(၃) အဓိ ကရုဏ်းကြောင့် ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် စေနိုင်ကြောင်း ထောက်ပြ ထားခြင်း။

(၄) တရား ဥပဒေ စိုးမိုးရေးများ ပျက်ပြယ်ပြီး မင်းမဲ့ စရိုက် ဖြစ်လာ သဖြင့် ဒေသတွင်း မတည် မငြိမ် ဖြစ်လာ နိုင်မှုကို ထောက်ပြ ခြင်းတို့ ပါဝင်သည်။

ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သော အဖွဲ့ အစည်း များမှာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ကယန်း အမျိုးသား ပါတီ (KNP)၊ ကယန်းပြည်သစ် ပါတီ (KPLP)၊ ကယန်း အမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီပြည် လူမျိုးစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကရင်နီ အမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံး ညီညွတ်ရေး အဖွဲ့(KNSO)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (KNPDP)၊ ကရင်နီ ပြည်သူ့ လူငယ်များ သမဂ္ဂ (UKSY) ပါတီများ ဖြစ်ကြ ပါသည်။

ဤအဖွဲ့ များသည် ကယားပြည်နယ် အတွင်း အဓိကရုဏ်း မဖြစ်လာရေး အတွက် လှုံဆော်မှု အဆင့် မှသည် အသေးစိတ် ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ် ထားကြ ပါသည်။ ကယား ပြည်နယ်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် မော်ချီး ဒေသ၌ အဓိကရုဏ်း ဖန်းတီး မှုများ ဖြစ်ခဲ့ ပါသည်။ ဤသို့ကြောင့် ဒေသတွင်း မတည် မငြိမ် ဖြစ်လာ မှာကို စိုးရိမ် နေကြ သဖြင့် ကာကွယ်ရေး နည်းလမ်းများ ကြံဆ လာနေခြင်း ဖြစ်ပါသည်။ 

Credit : http://abbsoluteright.blogspot.com/2013/06/knpp.html

ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် KYO (ကိုရီးယားဌာန ခွဲ) ဥက္ကဌ အမှုနိုင်ရန် အလား အလာရှိ



တောင်ကိုးရီးယားနိုင်ငံ၊ ဂယောင်ဂီဒို ဟွာဆောင်း နိုင်ငံခြားအကျဉ်းသား ထိန်းသိမ်းရေးစခန်းတွင် တစ်လ ကျော် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် တောင် ကိုရီးယားနိုင်ငံ အခြေစိုက် ကရင်လူငယ် အစည်းအရုံး-KYO (ကိုရီးယားဌာနခွဲ)၏ ဥက္ကဌ စောလှိုင်မျိုး သိမ်း (ခေါ်) မင်းမင်းသိမ်းကို လာမည့် ဇွန်လ ၁၈ရက်နေ့တွင် စီရင်ချက်ချရန်ရှိပြီး အမှုနိုင်မည့် အလားအလာရှိသည်ဟု သိရ သည်။


KYO (ကိုရီးယားဌာနခွဲ)၏ အတွင်းရေးမှူး စကက်နက်မိုးက “ကိုရီးယားမှာ ဒီလိုအမှုမျိုး တခါမှ မရှုံးဖူးသေးတာရယ်၊ ကရင်အမျိုး သားတော်လှန်ရေးရဲ့ စစ်မှန်တဲ့ ယုံကြည်မှုရယ်၊ နောက် အမှုလိုက် ပေးနေတဲ့ ရှေ့နေက ဒီအမှုက အခြေအနေ ကောင်းတယ် ဆိုတဲ့အတွက် အမှုနိုင်ဖို့ အလား အလာများပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကိုရီးယားအစိုးရမှ တရားမ၀င် အလုပ်လုပ်သည်ဟူ၍ စောလှိုင်မျိုးသိမ်းကို အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဖမ်းဆီးခဲ့ပြီးနောက် မေလ ၁၄ရက်နေ့တွင် ၎င်း၏အမှုကို စီရင်ချက်ချမှတ်ရန်ရှိသော်လည်း စီရင်ချက်မချနိုင်ဘဲ ရက်ရွှေ့ ဆိုင်းခဲ့ရသည်ဟုလည်း စကက်နက်မိုးက ပြောသည်။

ဆက်လက်၍ မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက်သော်လည်းကောင်း၊ ကရင်အမျိုးသား တော်လှန်ရေးအတွက်သော် လည်းကောင်း အမှန်တကယ် ဆောင်ရွက်ခဲ့သောကြောင့် ကိုရီးယားအစိုးရမှ စွပ်စွဲထားသည့် အမှုကို စောလှိုင်မျိုးသိမ်းက ၎င်း၏ လူ့အခွင့်အရေး အမျိုးသမီးရှေ့နေ လီဆမ်ဟီး၏ ဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၆ရက်နေ့က အမှုကို တစ်ကြိမ်အနိုင်ရခဲ့ပြီး ဖြစ်သည်။

စောလှိုင်မျိုးသိမ်း ဖမ်းဆီးခံထားရမှုအပေါ် လာမည့်ရုံးချိန်းရက်တွင် တရားရုံး၌ တင်ပြရန် အမှုလိုက်ပေးသူ ရှေ့နေက KYO (ကိုရီးယားဌာနခွဲ)မှတဆင့် ဒေသအသီးသီးရှိ ကရင်အဖွဲ့အစည်းများထံသို့ (၁) KNU လှုပ်ရှားမှုဖြင့် ပြစ်ဒဏ်ကျခံရမှု ရှိမရှိ၊ (၂) ကရင်လူမျိုးဖြစ်သောကြောင့် လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရမှုနှင့် မီဒီယာများတွင် ဖော်ပြခံခဲ့ရ မှုရှိမရှိ (၃) ဒုက္ခသည်အဖြစ် ကရင် လူမျိုးများကို လက်ခံထားသည့် နိုင်ငံနှင့် စာရွက်၊ အင်တာနက်စာမျက်နှာ အထောက်ထားများရှိပါက ပို့ပေးပါရန် စသည်တို့ကို မေလအတွင်း၌ အီးမေးလ်ဖြင့် ပေးပို့အကူအညီ တောင်းခဲ့သေးသည်။

စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် တောင်ကိုရီးယားအစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံ ထားသူဖြစ်ပြီး ဥပဒေအရ နိုင်ငံ ရေးခိုလှုံခွင့် တောင်းခံစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် ၎င်းအား ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့၌ အန်ဆန်းမြို့နယ်၊ ရှီဝှာ စက်မှုဇုံရှိ ကားပစ္စည်းအပိုစက်ရုံမှ အစိုးရ အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

KYO (ကိုရီးယားဌာနခွဲ)သည် ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်ကို အခြေခံ၍ ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၎င်းအဖွဲ့သည် ကိုရီးယားအစိုးရထံသို့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့ရာ အစိုးရက ခွင့်ပြုချက် မပေးဘဲ ယခုအချိန်ထိ ငြင်းပယ်ထားဆဲဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် လက်ရှိနေထိုင်သည့် KYO(ကိုးရီးယားဌာနခွဲ)အဖွဲ့ဝင်များသည် ကိုရီးယား အစိုးရမှ ပေးထားသည့် တရားစွဲ A4 စာရွက်ဖြင့် သုံးလတစ်ကြိမ် တံဆိပ်တုံးထုပြီး နေထိုင်နေရသည်။

Credit : http://abbsoluteright.blogspot.com/2013/06/kyo.html

မွတ်စလင်များ အတွက် ဒုက္ခသည်စခန်း ဖွင့်ပေးခဲ့သည့် လားရှိုး မန်ဆူ ရှမ်းဆရာတော်နှင့် …



လားရှိုးမြို့ ပဋိပက္ခကြောင့် မြို့ပေါ်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသော မွတ်စလင် ၁ ထောင်ကျော်ကို ဒုက္ခသည်စခန်း ဖွင့်လှစ် လက်ခံထားပေးခဲ့သော သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင် ပုညနန္ဒကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။ အရှင်ပုညနန္ဒသည် မန်ဆူ ရှမ်းကျောင်းတွင် ၂၄ နှစ်တိုင် ကျောင်းထိုင်ခဲ့ပြီး လားရှိုးပဋိပက္ခ စတင်သည့် မေလ ၂၉ ရက်မှ စတင် ထွက်ပြေးလာသော မွတ်စလင် ဒုက္ခသည်များကို လက်ခံထားခဲ့သည်။ မေ ၃၀ ရက်နေ့မှ စ၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ နယ်မြေရဲကင်းနှင့် ရဲစခန်းများတွင် ခိုလှုံနေရသည့် မွတ်စလင်များ၊ လားရှိုးမြို့ အနီးတ၀ိုက်ရှိ တောင်ယာခင်းနှင့် တောတောင်များသို့ ထွက်ပြေး ပုန်းရှောင် နေသူများကို လိုက်လံ ရှာဖွေ၍ ဘုန်းတော်ကြီး ကျောင်းအတွင်း နေထိုင်နားခိုခွင့် ပြုခဲ့သည်။


မေး။ ။ မွတ်စလင် ဒုက္ခသည်တွေကို ဘယ်လိုလက်ခံ ဖြစ်သွားတာလဲ ဆိုတာ အမိန့်ရှိပါ။

ဖြေ။ ။ သူတို့က အကူအညီ တောင်းလာတာကလည်း တကြောင်း၊ နောက် နေရာအခက်အခဲကြောင့်လည်း ပါတယ်။ ဒီအချိန် ကာလမှာက တအားခက်ခဲတဲ့ အခြေအနေဆိုတော့ ဘာသာရေး တခုတည်း ကြည့်နေလို့ မရဘူး။ လူမျိုးရေး၊ စာနာမှု တွေ အားလုံး ရှေးရှုပြီးတော့ လောလောဆယ်မှာ ခိုကိုးရာ နေရာလေး အေးအေးချမ်းချမ်း ဖြစ်သွားအောင်၊ တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် အခြေအနေ ဆိုးသည်ထက် ပိုမဆိုးပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ခံဖြစ်သွားတာ။ ဒီလို အနေအထားမျိုးမှာ မွတ်စလင်မှ မဟုတ်ဘူး၊ ဘယ်လူမျိုး ဘယ်ဘာသာမဆို ကူညီရမယ်။

မေး။ ။ အခု လားရှိုးမှာ ဖြစ်သွားတဲ့ ပြဿနာကိုရော ဘုန်းဘုန်း ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဖြစ်သွားတဲ့ အနေအထားမှာ မြို့ခံတွေ အနေနဲ့ မဟုတ်ဘဲနဲ့ အပြင်ပယောဂတွေ ပိုများနေတာ တွေ့ရတယ်။ နောက်တခုက ကောလာဟလတွေ ဒါကြောင့်လည်း ကြီးထွားလာတာလို့ သုံးသပ်မိတယ်။ ရာဇ၀တ်မှု တခုကို လူမှုရေးခုတုံး၊ ဘာသာရေး ခုတုံးလုပ်ပြီးတော့ ဆူပူအောင်လုပ်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဒီနှစ်ထဲမှာ အတွေ့ရများလာတဲ့ ၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာတွေကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ၉၆၉ က ဘာသာရေး သင်္ကေတ တခုပဲ။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို သင်္ကေတ ယူထားတာ။ ဒီ ၉၆၉ ကို ခုတုံးလုပ်ပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်တာကိုတော့ လက်မခံနိုင်ဘူး။ ဒီဘက်မှာတော့ ဒီတံဆိပ်က သိပ်မပျံ့နှံ့လာဘူး။ ဒါနဲ့ ပတ်သက်လို့လည်း ဒီဘက်ဒေသမှာ ဘာပြဿနာမှ မရှိဘူး။ အခု လားရှိုးမှာ ဖြစ်သွားတာကလည်း ဘာသာရေးကြောင့် ဒီလို ဖြစ်တာမဟုတ်ဘူး။ ကောလာ ဟလကြောင့် ဒီလို ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်။

မေး။ ။ ဒီ မန်ဆူ ကျောင်းထဲမှာ မွတ်စလင် ဒုက္ခသည် ထောင်ဂဏန်းကျော် လက်ခံထားတယ်။ မွတ်စလင် တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ချင်တဲ့ သူတွေကလည်း ရှိနေတယ်ဆိုတော့ ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကျောင်းရဲ့ လုံခြုံရေးကို စိုးရိမ်မှု မဖြစ်ဘူးလား။

ဖြေ။ ။ ဒီမှာကျတော့ စိုးရိမ်မှု မဖြစ်ဘူးဆိုတာက တကယ့် မေတ္တာနဲ့ ရှေ့ထားပြီး လက်ခံထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုလည်း ရနေတယ်။ ဒေသခံ ရှမ်း၊ ဗမာ၊ ဗုဒ္ဓဘာသာလူထုကလည်း တကယ့် မေတ္တာနဲ့ ကူညီနေတယ်။ ဌာနဆိုင်ရာ အသီးသီးကလည်း ပံ့ပိုးနေတော့ လုံခြုံရေးကို စိုးရိမ်မှု သိပ်မဖြစ်ဘူး။ စိတ်ချတယ်။ ပြီးတော့ သူတို့ များလာတော့ ၂ နေရာ ခွဲဖို့ ဆုံးဖြတ်ထားတာလည်း ရှိတယ်။ အားကစားရုံကို တ၀က်ပို့မယ်။ ကျန်းမာရေးအတွက်ပါ တွေးပြီးတော့ အခုလို ခွဲလိုက်တာ။ သတိ ၀ီရိယတော့ အားလုံး ထားရတာပေါ့။ အဘက်ဘက်ကနေ ကြည့်တော့ မလိုတဲ့ သူတွေလည်း ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလို လက်ခံထားတာဟာ လူမှုရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ လူကို လူလို လူသားချင်း စာနာတဲ့အနေနဲ့ အားလုံး ခေတ္တခဏ တည်းခိုခွင့်ပြုတဲ့ သဘောပါပဲ။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်၊ ခိုကိုးရာမဲ့တဲ့ ပုဂ္ဂိုလ်ကို ကိုယ်ကလည်း နေရာပေးနိုင်တဲ့ အနေအထားမှာ ရှိနေတော့ အခုလို လက်ခံခြင်းဖြစ်တယ်။

မေး။ ။ အရင်ကရော လားရှိုးမြို့ထဲက မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိလား။

ဖြေ။ ။ သူတို့နဲ့ ဆက်ဆံရေးက အားလုံး အဆင်ပြေပါတယ်။ မြို့ခံနယ်ခံတွေက အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိတယ်။

မေး။ ။ လားရှိုးပဋိပက္ခနဲ့ ပတ်သတ်လို့၊ နောက်ပြီး ဒီ ဒုက္ခသည်တွေနဲ့ ပတ်သတ်လို့ ဘာများ ထပ် အမိန့်ရှိလို ပါသေးလဲ။

ဖြေ။ ။ မြန်မြန်လေး အေးချမ်းအောင်ပဲ အားလုံး ၀ိုင်းဝန်းကူညီပါလို့ ပြောချင်တယ်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_2267.html

"ဒေါ်စုအတွက် တစ်မျိုးသားလုံး ကိုယ်စား အိတ်ဖွင့်ပေးစာ"

ကျုပ် ဒီစာကို နှလုံးသွေးနဲ့ရေးတာပါ။ ကျုပ်ဟာ ပြည်ခိုင်ဖြိုးပါတီက မဟုတ်ဘူး။ အစိုးရအ လိုတော်ရှိလည်း မဟုတ်ဘူး။ ကျုပ်က ဓမ္မစစ် NLD-ပါတီဝင် တစ်ယောက်ပါ။ အပုပ်ချတာမဟုတ်ပါ ဘူး။ ဝေဖန်တ ယ်၊ ထောက်ပြတယ်၊ ဒါဟာ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရည်ရွယ်တာပါ။


ဒေါ်စုရဲ့ 27.5.2013 ရက်နေ့က ပါတီဗဟို အစည်းအဝေးမှာ ပြောခဲ့တဲ့စကား ဒေါ်စုဟာ ကျုပ်တို့နိုင်ငံရဲ့ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး တစ်ကမ္ဘာလုံးက အလေးထားတဲ့သူ ဒေါ်စုရဲ့ စကားဟာ ကျုပ်တို့တစ်မျိုးသားလုံး အတွက် မိုးကြိုးသွားပဲ။ ဒေါ်စုစကားတစ်ခွန်းပြောရင် သူမကို ချစ်တဲ့ဇောနဲ့ တစ်နိုင်ငံလုံးက လိုက်လုပ်ကြတယ်။ ဒါကို ဒေါ်စု မသိဘူးလား။ သိပါလိမ့်မယ်။ ကျုပ်ပြောမယ်ဗျာ။ ကျုပ်တို့ နိုင်ငံရေး အမျိုးသားရေးဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း-စတဲ့ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅)မျိုးရဲ့ အရေးဟာ ကျုပ်တို့ရဲ့ အမျိုးသားရေးပဲ။ 

မူဆလင်မ်ကုလားရဲ့အရေး၊ တရုတ်တွေရဲ့အရေးဟာ ကျုပ်တို့ အမျိုးသားရေး လုံးဝမဟုတ်ဘူး။ ဒါကို ဒေါ်စု ငြင်းမလား။ ဘယ်သူငြင်းမလဲပြော။ လူ့အခွင့်အရေးဆိုဟာ အခုချိန်မှာ တော်တော်ရေပန်းစားတဲ့စကား အင်အားကြီးတဲ့ အဖွဲ့အစည်းတွေက ဒီစကားနဲ့ကိုင်ပေါက်ပြီး အားနည်းတဲ့သူတွေအပေါ် အနိုင်ကျင့်ကြတယ်။ သတိထားမိကြရဲ့လား။ ဒီစကားကို နေရာတကာမှာ သုံးလို့မရဘူးဗျ။ ကာလဒေသကို ကြည့်ပြီးသုံးရတယ်။

ငါးစိမ်းသည်သုံးတဲ့ ချိန်ခွင်ကို ရွှေချိန်တဲ့နေရာမှာ သုံးလို့ ရမလား။ သေချာစဉ်းစားကြပါ။ တန်းတူရည်တူ ဆိုတဲ့စကား ကျုပ်ပြောမယ်။ ဒေါ်စုအိမ်ပေါ်ကို ခင်ဗျားတို့ တက်ပြီး၊ ခင်ဗျားတို့အိမ် မှာ နေတဲ့အတိုင်း လုပ်တဲ့အတိုင်း နေလို့လုပ်လို့ရှိရင် ဒေါ်စု လက်ခံပါ့မလား။ သူ့အိမ်ရဲ့ စည်းကမ်းရှိ တယ်လေ။ ဒီလိုလဲ ခင်ဗျားတို့အိမ်မှာလဲ ဒေါ်စုဒီလိုလုပ်ရင် ခင်ဗျားတို့ လက်ခံမှာ မဟုတ်ဘူး။ ဒီလိုပဲ ကျုပ်တို့နိုင်ငံ ကျုပ်တို့ အိမ်မှာ မူဆလင်မ်တွေ လုပ်ချင်တိုင်း လုပ်လို့ရရင် ကျုပ်တို့ ဘာကောင်တွေ ဖြစ် သွား မလဲ။ ဒါကိုဒေါ်စု မသိဘူးလား။ သိကိုသိရမယ်။ လူ့အခွင့်အရေးဆိုပြီး ခဏခဏ သူပြော တယ်။ ဆော် ဒီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း လုံးဝဆောက်ခွင့်မရှိဘူး။ ဒေါ်စု ဒါကို ဘာဖြစ်လို့ မပြောတာ လဲ။ ကျွန်မမ သိပါဘူးလို့ ပြောရင် ကျုပ်လုံးဝ လက်မခံဘူး။ ကျုပ်တို့ တစ်မျိုးသား လုံးလည်း လက်မခံသင့်ဘူး။

ကျုပ်ပြောမယ်။ ခု အာဖဂန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဒီနိုင်ငံတွေဟာ မဝေး လှတဲ့တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံ စစ်စစ်တွေဗျ။ အခု မူဆလင်မ်နိုင်ငံ အစစ်ကြီးတွေ ဖြစ်သွားပြီ။ မူဆလင်မ်တွေ ဘာလုပ်ခဲ့ကြသလဲ။ သားဖောက်တယ်။ စစ်တိုက်တယ်။ ဟော အခု ဘာတတ်နိုင်သေးလဲ။ ကျုပ်တို့ ရခိုင်က ဘင်္ဂါလီမူဆလင်မ်တွေ မိသားစုတစ်စု လူဦးရေ (၃၀)ကနေ (၇၀)ထိ ရှိတယ်။ ကျုပ်တို့ နိုင်ငံ လွတ်လပ်ရေးရခါစ တုန်းက မူဆလင်မ်တွေ (၂%) ပဲ ရှိတယ်။ ဒီနေ့ (၁၄%) ကျော်နေပြီ။ ဒါကို ဒေါ်စု မသိဘူးလား။ ဒီအတိုင်းဆက်ထားရင် နောက်နှစ် (၅၀)ကျော် (၁၀၀)အတွင်း ကျုပ်တို့ တစ်နိုင်ငံလုံး ကုလားနိုင်ငံ ထွက်သွားမယ်။ ဒါဟာ သိပ်အရေးမကြီးတဲ့ အမျိုးသားရေးပဲဗျ။ ကမ္ဘာပေါ်မှာ ဘယ်ဘာသာနဲ့ မဆို ပူးတွဲနေထိုင်လို့ရတယ်။ မူဆလင်မ်တွေနဲ့ဆို ဘယ်ဘာသာမှ နေမရဘူး။ အခု ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်နေကြတယ်လေ။

ထိုင်းတောင်ပိုင်း လွန်ခဲ့တဲ့ အနှစ်(၅၀)ကျော် (၆၀)လောက်တုန်းက မူဆလင်မ်မိသားစု တစ်စု ကို နေခွင့်ပြုခဲ့ တာ ခု တွေ့တယ်မဟုတ်လား။ ကျောင်းသားလေးတွေကို သတ်တယ်။ သံဃာတွေကို သတ် တယ်။ ဆရာ၊ ဆရာမတွေကို သတ်တယ်။ ရဲတွေကို သတ်တယ်။ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ဖို့ ခွဲထွက်ဖို့ တောင်းဆိုနေကြတယ်။ ဒါတွေကို ဒေါ်စု မသိဘူးလား။ ကျုပ်တို့နိုင်ငံမှာ ဖြစ်တဲ့ပြဿနာ ရခိုင်မှာ နယ်မြေ ခွဲထွက်ဖို့တောင်းပြီး အမျိုးမျိုးရန်ရှာပြီး ရခိုင်တွေ သတ်ခံနေရပြီ။ မိတ္ထီလာနဲ့ အခြားမြို့တွေမှာ ဖြစ်တဲ့ ပြဿနာတွေဟာလည်းပဲ ကျုပ်တို့ဗုဒ္ဓဘာသာက စတာမဟုတ်ဘူးဗျို့။ ဒီမူဆလင်မ်တွေ ပဲ စတာပါ။ အခုလဲ လားရှိုးမှာကြည့် လက်နက်တွေတောင် ဖမ်းမိတယ်။ ဘယ်လောက်ကြောက် စရာ၊ ရွံ့စရာကောင်းလဲ။ ဒီအရေးကမှ တကယ် တစ်မျိုးသား လုံးရဲ့အရေး ပါ ဒေါ်စုရေ။ ကုလားအရေးက ကျုပ်တို့ အမျိုးသားရေး မဟုတ်ပါဘူး။ ဒေါ်စုဟာ ကျုပ်တို့တစ်မျိုးသားလုံးရဲ့ အသည်းနှလုံးကြီးပါ။ အချစ်တုံးကြီးပါ။ ဒေါ်စုက ဒီလိုသစ္စာဖောက်တဲ့စကားကို ကျုပ်တို့ တစ်မျိုးသားလုံးက ဘယ်နားနဲ့ နားထောင်ကြမှာလဲဗျ။ အုပ်ချုပ်ခဲ့တဲ့၊ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အားနည်းချက်တွေ အများကြီးပဲ ထောက်ပြစမ်းပါ။ ကျုပ်တို့ ကြားချင်လွန်းလို့ပါ။

ပြည်သူ့အသည်းနှလုံးကြီးကို ကျုပ် ကြုံလို့ပြောချင်ပါသေးတယ်။ ကျုပ်တို့ ကိုယ်ခန္ဓာမှာ ခြေထောက်ကြီး ပုပ်နေရင် ဘာလုပ်ပစ်ကြရသတုန်း။ အသက်ကို အန္တရာယ်ပြုလာမှာ စိုးလို့ ဖြတ်ပစ်ရတယ် လေဗျာ။ လက်ကြီးမကောင်းတော့ရင်ကော ဒီအတိုင်းပဲ ဖြတ်ပစ်ကြတယ်မဟုတ်လား။ နောက်ဆုံး ကုန်ကုန် ပြောမယ်ဗျာ။ အသည်းနှလုံး မကောင်းတော့ရင်ကော ခွဲစိတ်ဖြတ်တောက်ပြီး အစားထိုး ပြန်ကု ကြရတယ်မဟုတ်လား။ ဒီလိုပဲပေါ့ဗျာ။ ကျုပ်တို့ရဲ့ အသည်းနှလုံးကြီးဟာ အမျိုးသားရေးကို သစ္စာဖောက် လာရင်တော့ ခွဲထုတ်ပစ်သင့်ရင် ခွဲထုတ်ရတော့မယ်။ ပြည်သူလူထုတစ်ရပ်လုံး သတိထားကြပါ။ ကျုပ် ဂဠုန်ဦးစော အကြောင်း နည်းနည်းပြောချင်တယ်။ ဦးစောဟာ ဟိုတစ်ချိန်က ဆရာစံဂဠုန်တပ်ဖွဲ့ ဘက်ကနေ ရှေ့နေလိုက်ခဲ့တဲ့သူပါ။ ဒီလိုခေတ်အခါတုန်း ဦးစောလိုလူ အတော်ရှား တယ်နော်။ မြန်မာ့ မျိုးချစ်ခေါင်းဆောင် တစ်ဦးပဲ။ ပြည်သူတွေကလည်း ချစ်ခင်လေးစားကြတယ်။

အေး ဒါပေမယ့် ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံလိုက်လေတော့ ပြည်သူ့မေတ္တာတွေ စူးပြီး ကြိုးပေးတာ ခံခဲ့ရတယ်။ လူတိုင်းသိတဲ့ အဖြစ်အပျက်ပါ။ အခုလည်း ပြည်သူ့ အကျိုးကို ဆောင်ရွက်လိုတဲ့ ဒေါ်စု ပြည်သူချစ်တဲ့ဒေါ်စု တစ်မျိုးသားလုံးရဲ့အရေးကို သစ္စာဖောက်ပြီလား။ သစ္စာဖောက်ရင်တော့ဖြင့် ပြည်သူ့ မေတ္တာတွေ စူးပြီး ကြိုးပေးတာ ခံရလိမ့်မယ်။

ဒီအကြောင်းတွေ ကျုပ်မပြောချင်တော့ဘူး။ ဒါပေမယ့် ကျုပ်ရင်ထဲ မဆန့်လို့ ထပ်ပြောမယ်။ အမျိုးမချစ်ရင် အမျိုးမစစ်ဘူးဗျို့။ ခင်ဗျားတို့ လက်ခံကြလား။ ကျုပ်တို့တစ်နိုင်ငံလုံး ဗိုလ်မင်းရောင်ကို ချစ်ခဲ့ကြတယ်။ ဒါကြောင့်မို့လဲ ဗိုလ်ချုပ်အောင်ဆန်းကို ပိုချစ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ဟာ တစ်မျိုးသားလုံးရဲ့ အရေးကို သစ္စာမဖောက်တမ်း ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ့တယ်။ ဗိုလ်ချုပ်ကို ချစ်ရလွန်းလို့လဲ ခု ဒေါ်စုကို ကျုပ်တို့ ချစ်မြတ်နိုးကြတယ်။ ဒါပေမယ့် ဒေါ်စုက မွေးခဲ့တဲ့ ဟို အူကြောင်ကြောင် နှစ်ကောင်ကို ကျုပ်တို့ တစ်မျိုး သားလုံး ဘယ်သူတွေ ချစ်နိုင်ကြမလဲ။

ကဲ ခင်ဗျားတို့ ပြန်ပြောကြပါအုံး။ ဒေါ်စုပြောတဲ့စကား သူ့ရင်ထဲရှိလို့ တစ်ကမ္ဘာလုံးသိအောင်ပြောတဲ့စကား၊ မူဆလင်မ်ကုလားတွေကို ကျုပ်တို့အိမ်မှာ ကျုပ်တို့နဲ့ တန်းတူ အခွင့်အရေးပေးချင်တယ်။ တစ်မျိုးသားလုံး အများကြီး စဉ်းစားဖို့ လိုလာပြီ။ NLD-ပါတီနဲ့ဒေါ်စု၊ ဒေါ်စုနဲ့ကျုပ်တို့ တစ်မျိုးသားလုံး အပြန်အလှန်အ ကျိုးပြုကြ စေချင်တယ်။ အခုတော့ ဒီလို မဟုတ်ချင်တော့ဘူး။ ကျုပ်ရင်ကျိုးတယ် ဗျာ။ ဒေါ်စုမရှိရင် NLD-လဲ ပျောက်သွားမယ်။ ပြည်သူ မထောက်ခံရင် ဒေါ်စု လည်း ပျောက်သွားမယ် ဒါပဲ။ အဲဒီတော့ တစ်မျိုးသားလုံး ရဲ့ အကျိုးကို ထောက်ရှုပြီး အစားထိုးသင့်ရင် ထိုးရမယ်။ ၂၀၁၅-ခုနှစ် ဒေါ်စုသာ သမ္မတဖြစ်ခဲ့မယ်ဆိုရင် ပြည်ထောင်စု မူဆလင်မ်နိုင်ငံကြီး ဖြစ်သွားနိုင်တယ်။ ဒေါ်စုဟာ ဒီကုလားတွေကို ဘာဖြစ်လို့ဒီလောက် သံယောဇဉ်ကြီးရတာလဲ။ ခင်ဗျားတို့ သိရင် ဖြေကြပါအုံးဗျာ။ 

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ကျုပ်အဖိုးပြောခဲ့ဖူးတဲ့စကား ပြန်ပြောမယ်။ "ငါ့မြေး- မိန်းမဟာ မိန်းမလိုပဲ ခံစားတယ်။ မိန်းမလိုပဲ တွေးပြီး မိန်းမလိုပဲ ကြံတတ်တယ်"တဲ့။ တစ်နိုင်ငံလုံးက ကျုပ်အမတွေ နှမတွေကို ကျုပ်မေးချင်တယ်။ ခင်ဗျားတို့တွေ အဖေနဲ့လင်၊ ဘယ်သူ့ကို ပိုချစ်ကြသတုန်း။ ခင်ဗျားတို့ဆီက အဖြေရရင် ကျုပ် ပြည်သူ့အချစ်တော်ကြီးကို ပြောချင်လို့။ အဖြေလေးပေးပြီး မကျေပွဲလေး နွဲချင်သေးလို့ဗျို့။"

ဇာနည်ဘွား
(ဇာနည်ဘွား-ဆိုတာ ဝီရသူရဲ့ ကလောင်ခွဲ မဟုတ်ပါ။)

From:Wira Thu

www.mmdailystar.com

ယနေ့အထူး ဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြော်ငြာ



ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှား နိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။


ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင်ဖမ်းဆီး နေခြင်းဖြစ်ကြောင်း။

ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေ သည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက် စွာ ကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။

မြန်မာနိုင်ငံသား 2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက်ကူသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။

မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင် သူများအား မြန်မာပြည်သို့ပြန်ပို့ပြီးကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။

နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသားတင်ဆက်ထားတာကိုတွေ့ရပါတယ် ။ ထိုသတင်းတွင်ပဲ အောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။

မည်၍ မည်မျှ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်ကို ..။

မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာက ဘာသာပြန်တင်ဆက်ပေးရပါသည် ။

ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး မိမိတို့ပတ်ဝန်ကျင်တွင် ထူးခြားဖြစ်စဉ် ၊မှု့ခင်းဖြစ်စဉ်များရှိလာပါက ဤစာမျက်နှာတွင် လာရောက် ရေးသားနိုင်ပါသည် ။

From: မလေးရှားရောက်မြန်မာများ (facebook)

www.mmdailystar.com

ကြောက်ခမန်း လိလိ ဘင်္ဂါလီကုလားဦးရေ



ဖတ်လိုက်ရသည့် သတင်းတစ်ပုဒ်။ “၁၉၈၀-ခုနှစ်က ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီကုလားဦးရေ ၂ သိန်းခွဲ၊ ၁၀၁၂-ခုနှစ်မှာ ၁၀-သိန်းဖြစ်လာတယ်”။ (သံတော် ဆင့်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၅၊ ဇန်န၀ါရီ ၁၉-၂၅၊ ၂၀၁၃)။


ထိုသတင်း ဖတ်ပြီးသည့်နောက် အနာဂတ်မြန်မာ ပြည် အတွက် ရင်လေးသွားရပေသည်။ “ရေများရေနိုင်၊ မီးများမီးနိုင်”ဆိုသကဲ့သို့ လူဦးရေ များလျှင် ထိုဒေသတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် ဘင်္ဂါလီလူမျိုးများသည် ကလေးမွေးဖွားနှုန်း ကြီးထွားအောင် အားထုတ်လျက် ရှိပါသည်။ နှစ်ပေါင်း ၃၀-၀န်းကျင်မှာ ရခိုင်ပြည်နယ်တစ်ခုထဲမှာပင် ဘင်္ဂါလီဦးရေဟာ ၄-ဆတက်သွား၏။ အခြားဒေသသို့ ခိုးဝင်သွားသည့် ဘင်္ဂါလီကုလားများ မပါဝင်သေးပါ။

ယင်းနှုန်းထားနဲ့သာ ဘင်္ဂါလီဦးရေတိုးတက်များပြားသွားမည်ဆိုလျှင် ၂၀၄၀-ခုနှစ်လောက်မှာ ရခိုင်ပြည်နယ် တစ်ခုထဲမှာပင် ဘင်္ဂါလီဦးရေဟာ ၅- သန်းဖြစ်သွားပေမည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်လူဦးရေသည် ၂-သန်းကျော် ရှိ၏။ ရခိုင်လူမျိုး ၁-သန်းဝန်းကျင်နဲ့ ဘင်္ဂါလီလူမျိုး ၁-သန်းဝန်းကျင်ဖြစ်သည့် အတွက် အချိုးအစား တူညီလျက် ရှိပါတယ်။

သို့သော် နောင်အနာဂတ်မှာတော့ ဘင်္ဂါလီဦးရေက အဆပေါင်းများစွာ ကျော်တက်သွားပေမည်။ ဘာ့ကြောင့်နည်း၊ ရခိုင်လူမျိုးများသည် ကလေးမွေးဖွားနှုန်း (ပျမ်းမျှ တစ်မိသားစု ၂-ယောက်၊ ၃-ယောက်) ပုံမှန်အနေအထားမှာ ရှိသောကြောင့်တည်း။

ဘင်္ဂါလီလူမျိုးများ၏ ကလေးမွေးဖွားနှုန်းကတော့ “မဖြစ်နိုင်”ဟု ထင်ရလောက်အောင် မြန်ဆန်လှပါသည်။ တချို့မိသားစုမှာ လူဦးရေ ၈၂-ယောက်ပင် ရှိသတဲ့။ တစ်အိမ်ထဲ ဘယ်လိုများ နေကြပါလိမ့်။ မစဉ်းစား တတ်အောင် ဖြစ်မိပါသည်။

ထို့ကြောင့် “ရခိုင်ပြည်နယ်မှာ တစ်မိသားစုလျှင် ၂-ယောက် (သို့မဟုတ်) ၃-ယောက် သာ ကလေးယူ ရမည်”ဟု ကလေးမွေးဖွားနှုန်း ထိန်းချုပ်ပေးသင့်ကြောင်း နိုင်ငံရေး ညာရှင်များက တိုက်တွန်းလျက် ရှိပါသည်။

ကလေးမွေးဖွားနှုန်း မထိန်းချုပ်နိုင်သည့်အတွက် . . . . .

၁။ ဘင်္ဂါလီလူဦးရေ အဆမတန် များပြားလာခြင်း၊

၂။ ထိုသို့များပြားလာသည့်အတွက် မြန်မာနိုင်ငံ နေရာမျိုးစုံသို့ ခိုးဝင်နေထိုင်ကြခြင်း၊

၃။ ထိုသို့ခိုးဝင်နေထိုင်သည့်အတွက် ဒေသခံ မြန်မာ့တိုင်းရင်းများနှင့် ပဋိပက္ခဖြစ်ခြင်း (မိတ္ထီလာပဋိပက္ခ၊ ဥက္ကံ ပဋိပက္ခစသည်)၊

၎။ ထိုသို့ ပဋိပက္ခဖြစ်သည့်အတွက် နိုင်ငံတည်ငြိမ်မှု မရှိတော့ရကား ဖွံဖြိုးမှုနည်းပါးသွားခြင်း၊

၅။ ဖွံဖြိုးမှုနည်းသည့်အတွက် အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေခြင်းစသည့် အကျိုးဆက်များ ဖြစ်ပေါ်လာပါသည်။

ထို့ကြောင့် ကလေးမွေးဖွားနှုန်း စနစ်တကျ ထိန်းချုပ်သင့်ကြောင်း ပညာရှင်များက တိုက်တွန်းခြင်း ဖြစ်ပေသည်။ ယင်းသို့သာ မထိန်းချုပ်နိုင်လျှင် ရန်ကုန် မန္တလေးမြို့ကြီးများမှာ မွတ်စလင်ဘင်္ဂါလီ ရပ်ကွက်ကြီးတွေ အလျှိုအလျှို ပေါ်ထွက်လာပေဦးမည်။

ယခုလည်း ဘင်္ဂါလီရပ်ကွက်များ ဖြစ်ပေါ်နေဆဲ။ ရန်ကုန်မြို့၏အချက်အခြာကျသောမြို့နယ်များ၌ မွတ်စလင်ကုလားဦးရေက များပြားနေသတဲ့။

ထို့ကြောင့် ၀ံသာနုပညာရှင်များက သတိပေးနေပါပြီ။

“သင်္ဃန်းကျွန်းမြို့နယ်ကို ရန်ကုန်မြို့၏ ဘင်္ဂလားဒေ့်ရှ့်လို့ ခေါ်ရမလိုဖြစ်နေပြီ”တဲ့။

“မင်္ဂလာ တောင်ညွန့်ကတော့ ရန်ကုန်မြို့၏ အရှေ့ အလယ်ပိုင်း ဒေသပါပဲ”တဲ့။

အခြားသောပြည်နယ် တိုင်းများမှာလည်း ဘင်္ဂါလီကုလားများ ရွာတည်လျက် ရှိကြောင်း သတင်းများမှာ ဖတ်ရ၏။

ထိုမျှလောက် သေရေးရှင်ရေးတမျှ အရေးကြီးနေပါလျက် တချို့ အုပ်ချုပ်ရေးအဖွဲ့များက မဆိုင်သလို လုပ်နေကြကြောင်း၊ ဒီပုံစံအတိုင်း သွားလျှင် မဝေးတော့သော အနာဂတ်မှာ ဒီထက်ဆိုးဝါးသော ပဋိပက္ခများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၀ံသာနုနိုင်ငံရေးသမားများက ထောက်ပြ ပြောဆိုနေကြ၏။

မှန်၏။ နယ်မြေဒေသတစ်ခုခုမှာ ဘင်္ဂါလီလူမျိုးစုကြီး (သို့မဟုတ်) မွတ်စလင်အုပ်စု ဖြစ်သွားလျှင်တော့ ထိုနယ်မြေဒေသတစ်ခုလုံးကို ချုပ်ကိုင်သွားပေမည်။ ဥပမာ- ဘူးသီးတောင်၊ မောင်တော။

ထိုသို့သာချုပ်ကိုင်သွားလျှင်တော့ မြန်မာ့တိုင်းရင်းသားများသည် “ဒါ ဒို့မြေ၊ ဒါ ဒို့ပြေ”လို့ အော်လည်း လျှာထွက်ရုံပဲ ရှိမည်။ ထို့ကြောင့် ၉၆၉စိတ်ဓာတ်ဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

-----------------

သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်းတောင်ရိုး)

From: Ashin Dayweinda

http://www.mmdailystar.com/2013/06/blog-post_5070.html

Facebook သတိပေးချက်



Facebook တွင် Message ပို့လျှင် ပိုက်ဆံကောက်မည်။

နောက်နေတယ် အောက်မေ့နေတာ။ ဧပြီလ ၉ ရက်နေ့ကစလို့ တစ်ကမ္ဘာလုံးက နာမည်ကြီး သတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။


ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ် ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုး ဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင် စနေပါပြီ။


အမေရိကန်ဒေါ်လာနဲ့ဆို မနည်းပါဘူး။ ဒါတောင် ဗြိတိန်ပေါင် ၁၀ ဒေါ်လာက အခြေခံတန်ဖိုးပဲ ရှိပါသေး တယ်။ Fan ၁.၃၄ သန်း ကျော်တဲ့ သူတွေဆီကိုပို့မယ်ဆိုရင် ၁၀.၆၈ ဗြိတိန်ပေါင် အထက်မှာ ရှိပါတယ်။ အမေရိကန်မှာ စမ်းသပ် လို့အောင်မြင်ပြီး ဗြိတိန် နိုင်ငံမှာ စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Message ရိုက်ပြီး စာပို့ခါနီးဆိုရင် ဘယ် Payment စနစ်နဲ့ ငွေချေမလဲ ဆိုတဲ့ Pop up window က ပေါ်လာ တာမျိုး ဖြစ်ပါတယ်။ အဲ့ဒီမှာမှ Paypal, Master Card အစရှိသဖြင့်တို့ကို ရွေးချယ်ပြီး မိမိ အကောင့် ထဲက ငွေကိုတွေ ထုတ်သွားမှာ ဖြစ်ပါတယ်။

ဒါကို အတော်များများက လက်မခံကြပါဘူး။ ရည်ရွယ်ချက်ကတော့ Cyber bulling နဲ့ အကောင့်လုံခြုံရေး အတွက်လို့ ဆိုပါတယ်။ Message ကို ပို့ချင်တိုင်းပို့ခွင့်ပေးထားတော့ နာမည်ကြီး လူပုဂ္ဂိုလ် သို့ ရောက် သောစာ နဲ့ မသိမကျွမ်းပဲ စာလာလာပို့သော သူစိမ်းများကြောင်း စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတို့ ရှိတယ်လို့ ဆိုပါတယ်။ Mutual Friend ရှိနေလဲ Friend list ထဲမှာ မရှိရင် ပိုက်ဆံ ပေးရမယ်လို့တောင် ဆိုပါတယ်။

ပေးလိုက်ရတဲ့ ပိုက်ဆံကိုလည်း ဘယ်သူမှမရပါဘူး။ Facebook က ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဆီကို သူစိမ်း တစ်ယောက်က စာပို့ရင် ကိုယ့်အတွက်သူ ၁၅ ဒေါ်လာကုန်ထားပေမယ့် ယင်း ၁၅ ဒေါ်လာကို ကိုယ်မရ ပါဘူး။ Facebook ရဲ့  ဝင်ငွေတစ်ခုအဖြစ် ရှိမှာ ဖြစ်ပါတယ်။

Facebook တည်ထောင်သူ ဇူကာဘတ်ဆီကိုလည်း အလကားပို့လို့ မရ တော့ပါဘူး။ အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာ မကတောင် ပေး ရမယ်ထင်ပါတယ်။ ရည်ရွယ်ချက်တော့ ကောင်းပါတယ်။ သို့ပေမယ့် မကောင်းတာကလည်း တွဲပါနေတော့ ဝေဖန်သူများနေပါပြီ။

နောက်ဆို Comment ပေးတာတောင် ပိုက်ဆံပေးမှ ပေးလို့ရတာမျိုး၊ Post သွားတင်တာတောင် ပိုက်ဆံ aပးမှ တင်ခွင့်ရှိ တာမျိုးတို့ကို ပါ ပြုလုပ်နိုင်ချေ ရှိပါတယ်။ ယခုကဲ့သို့ ငွေကောက်ခံမှု စနစ်ကြောင့် Google Plus နှင့် Twitter ဘက်ကိုသာ User အရေအတွက် ပိုမို တိုးလာ နိုင်ချေရှိတယ်လို့ ဝေဖန်ခန့်မှန်း လျက် ရှိကြကြောင်း သိရပါတယ်။

http://www.androiduserapps.blogspot.no/ မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။

စတုထ္ထအကြိမ် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည်



မြန်မာနိုင်ငံအတွင်း လူမူအဖွဲ့ အစည်းများအတွက် လိုအပ်သည့် လုပ်ငန်းများအား ကိုယ်ကျိုးစွန့် အနစ်နာခံ ကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြ သူများ၊ အဖွဲ့ အစည်းများအား ပြည်ပရောက်မြန်မာ မိသားစုများမှ စု စည်းညီညွတ်မူအား စုပေါင်း ဂုဏ်ပြုသည့် ပြည်သူ့ ဂုဏ်ရည်ဆု (Citizen of Burma Award) အား စတုထ္ထ အကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၀ ရက်နေ့ (တနင်္လာနေ့ )တွင်ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ခဲ့သည်။ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် လှုပ်ရှားမှုများမှ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ သောက်ရေသန့်နည်းပညာ ဖြန့်ဝေသူ ဦးသန်းနိုင် တို့အား ရွေးချယ်ခဲ့သည်။

Hot News Weekly