Wednesday, June 5, 2013

ဒေါ်စု ဖင်ပိတ်ငြင်းနေသည့် ရိုဟင်ဂျာ ( ဘင်္ဂလီ )ကုလားဆိုတာ ဘာလဲ



ဘင်္ဂလီကုလားများ၏ ဘူမိနက်သန် ဘင်္ဂလားဒေ့ရှင်္ နိုင်ငံအကြောင်းမှစပြောရမည်ဆိုလျှင် (စာလုံး ဆင့်တွေ တော့ဖြည့်ဖတ်ပါခင်ဗျာ ဤကား စကားချပ်)


ပါကစ္စတန်ပြည်တွင်းစစ်ပွဲအပြီး ၁၉၇၂ ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံပေါ်ထွက်လာခဲ့ပြီးနောက် အာရှတွင် ဆဌမ မြောက်၊ ကမ္ဘာပေါ်တွင် န၀မမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ခြင်း၊မြေနေရာကျဉ်းမြောင်းပြီး လူဦးရေပေါက်ဖွားနူန်း၊ လူဦးရေသိပ်သည်းမှု အနေဖြင့်တစ်စတုရန်း ကီလိုမီတာတွင် (၁၀၀၂)ယောက်နေထိုင်၍ လူနေထူထပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးတိုင်းပြည်စာရင်းတွင်ပါဝင်ခြင်း၊ စာတတ်မြောက်မှုအနည်းဆုံးနှင့် ကလေးမွေးဖွားပြီး သေဆုံးနှုန်း များပြားခြင်း၊မွတ်စလင်လူဦးရေဒုတိယအများဆုံးဖြစ်ခြင်း၊

နှစ်စဉ်သဘာဝဘေးအန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်ဘာသာရေးအရကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှုမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့  စိမ့်ဝင်မှုများပြားခြင်း စသည်တို့ကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအေား ခြိမ်းခြောက်နေသောနိုင်ငံတစ်နိုင်ငံအဖြစ်တည် ရှိနေကြောင်း တွေ့မြင်ရ မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် "Friendship to all, malice to none"ဟူသော အခြေခံနိုင်ငံခြားရေးမူဝါဒကိုင်ဆွဲ ထားသော် လည်း နိုင်ငံတကာ၏အကူအညီရယူသော နိုင်ငံဖြစ်၍လည်းနိုင်ငံတကာနှင့် "Adaptor Behaviour" ခေါ် လိုက်လျောညီထွေနေရသော နိုင်ငံဖြစ်သဖြင့်အလှူရှင်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု မလွန်ဆန်နိုင်သော နိုင်ငံဖြစ်ခြင်း၊လူဦးရေသိပ်သည်းမှုများပြားခြင်း (Population Burst) အပေါ် ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများမှလည်း စိုးရိမ်ပူပန်မှုရှိခြင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ် ခံစားရပြီး ဆင်းရဲမွဲတေမှုနှုန်းမြင့်မားမှုအပေါ် ဘာသာရေးအစွန်းရောက် အသေခံအကြမ်းဖက်သမားများ၏ စည်းရုံးမှုမှ တဆင့်လည်းအိုစမာဘင်လာဒင်လက်သစ် အမြောက်အများပေါ်ထွက်လာမည်ကိုလည်း နိုင်ငံတကာမှ စိုးရိမ်ပူပန်လျက်ရှိခြင်းတို့ကြောင့် ၀ိုင်းဝန်းထောက်ပံ့မှုများပေးနေရသည်ကိုတွေ့ရသည်။

ဤသို့အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခန်းကန်ဏမှာဒေသအတွင်းတွင် မရှိလျှင် မဖြစ်သည့် ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်နိုင်မည့်အခြေအနေမှာနိုင်ငံစွမ်းအားအခြေအနေအရ မဖြစ်နိုင်သော်လည်း ဆင်းရဲမွဲတေမှုမြင့်မားသော၊ လူဦးရေများပြားလွန်းသော၊ နှစ်စဉ်သဘာဝဘေး အန္တရာယ်ခံစားနေရသော အဆိုပါနိုင်ငံအား နိုင်ငံတကာမှသော်လည်းကောင်း၊ ဒေသ တွင်းနိုင်ငံများ ကသော်လည်းကောင်းလစ်လျူရှုထားမည်ဆိုပါကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေမည့် အသေခံအကြမ်းဖက်သမားများပေါက်ဖွားရာနိုင်ငံဖြစ်လာနိုင်သဖြင့် အရေးကြီးသည့်အခန်းကဏမှ မပါသော်လည်းအရေးပါသည့် အခန်းကဏတွင်ရှိနေသော နိုင်ငံတစ်နိုင်ငံ အဖြစ် တွေ့ရှိနိုင်သည်။

ဘင်္ဂါလီပြဿနာကိုကြည့်မည်ဆိုပါက ယနေ့ ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာအထောက်အပံ့ပိုမိုရရှိရေး Bilateral Issues မှ International Issues သို့ရောက်ရှိစေရန် ဦးတည်နေကြောင်းတွေ့ရသည်။ ရိုဟင်ဂျာအမည်မှာ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွင် လုံးဝမရှိသော အမည်ဖြစ်သည်။ ဘင်္ဂလီကုလားများ လာရောက်မှုသည် ဗြိတိသျှလက်အောက် မတိုင်မီကပင်ဖြစ်သော်လည်း ၁၈၅၀ ခုနှစ်နောက်ပိုင်း ဗြိတိသျှတို့မှ စပါးရိတ်သိမ်းရန်နှင့် ၁၈၅၆ ခုနှစ် စူးအက် တူးမြောင်းဖွင့်လှစ်နိုင်၍ ဆန်စပါးလုပ်ငန်း ပိုမိုတွင်ကျယ်လာမှုအပေါ် ဗြိတိသျှမှ လုပ်အားဈေးချိုသော ဘင်္ဂလီကုလားများအား ငှားရမ်းအသုံးပြုရာမှ စတင်များပြားအခြေချလာခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံရေးလော ဘသားများကြောင့် တရား ၀င်မှတ်ပုံတင်များရရှိ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘင်္ဂလီများပို၍ များပြားလာခဲ့သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရလျှင်ရခြင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေအား မွတ်ဆလင်ပြည်နယ်ပေးရေးတောင်းဆိုကာ အကြမ်းဖက်သောင်းကျန်းလာမှုကြောင့် ၁၉၄၈ မှ ၁၉၅၄ ခုနှစ်အထိ မြန်မာ့တပ်မတော်မှ နှိမ်နှင်းခဲ့သည်။တစ်ဖက်မှလည်း ၁၉၅၁ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ် အလယ်သံကျော်တွင် မွတ်စလင်ညီလာခံကျင်းပ၍ အစိုးရသို့ ရခိုင်မြောက်ပိုင်းအား သီးခြားမွတ်ဆလင်ပြည်နယ်နှင့် တောင်ပိုင်းအား ရခိုင်နှင့်တန်းတူ အခွင့်အရေးပေးရန် ပါဝင်သော (၁၁) ချက်ပါတောင်းဆိုချက်ဖြင့် အိတ်ဖွင့်စာပေးခဲ့သည်။ တစ်ချိန်တည်းတွင် ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ (ရတည) သည် ၁၉၆၀ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ရာ ဦးနုခေါင်းဆောင်သည့် (ပထစ) ပါတီမှ ရခိုင်ပြည်နယ်ပေးပါမည်ဟု ကတိပြုချက်ဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာတိုင်းရင်းသားမဟုတ်သော ဘင်္ဂလီများမှာလည်း ပြည်နယ်မရနိုင်မှုကိုသိလာ၍ ရခိုင်တိုင်းရင်းသားမွတ်စလင်အဖြစ် ပါလီမန် အမတ်ဟောင်း မစ္စတာဂဖားမှ စတင်လိမ်ညာဖော်ထုတ်ရာမှ " ရိုဟင်ဂျာ" အမည်တွင်လာခြင်းဖြစ်သည်။၎င်းဝေါဟာရကိုပင် ဘင်္ဂလီသမိုင်းပညာရှင်မှ ရခိုင်ပြည်အားဘင်္ဂလီဘာသာဖြင့် " ရိုဆင်" ခေါ်ဆိုမှု၊အင်္ဂလိပ်သုတေသီမှ ဘင်္ဂလီများက ရခိုင်အား ကုလားသံဖြင့် "ရိုဟင့်သှ်ျ" ဟုခေါ်ရာရခိုင်များကလည်းကုလားသံတိုင်း ပီပီသသမပြောနိုင်၍ "ရွင့်"ဟုခေါ်ကာ ရခိုင်လူမျိုးအား "ရွင့်ဂျာ" ဟုခေါ်ဆိုမှု၊ရခိုင်ပြည်နယ်မြောက်ဦးအနီး ရွာဟောင်းရွာရှိရာ ၄င်းအား စစ်တကောင်းသားဘင်္ဂလီများကရွာဟောင်းရွာအား "ရိုဟင်"ဟုခေါ်ဆိုကြပြီး ရွာသားဟား "ပါယာဂျာ" ဟုခေါ်ဆိုရာရွာဟောင်းရွာသားများအား "ရိုဟင်ဂျာ"ဟုခေါ်ဆိုကြောင်း ဖော်ထုတ်ထား မှုအားတွေ့ရှိရသည်။

၁၉၈၈ ခုနှစ်အရေးအခင်းအပြီး ပါတီစုံဖွဲ့စည်းရာတွင်လည်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောရှိ ဘင်္ဂလီနိုင်ငံရေးပါတီများက မဲဆွယ်မှုအဖြစ် ရိုဟင်ဂျာဟုမှည့်ခေါ်၍ တရားဝင်နိုင်ငံသားဖြစ်ရေး ဦးတည်လာခဲ့ပြန်သည်။ ၄င်းကိစ္စအရ ၁၉၈၈ခုနှစ် ပုံပေါက်သာကျော်မှ စာမျက်နှာ (၃၃၈) မျက်နှာပါရှိသော " ရိုဟင်ဂျာနှင့် ပတ်သက်သော ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများ ပြဿနာ သုတေသနစာ တမ်း" အဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌထံသို့ (၁၃-၁၁-၈၉) ရက်နေ့တွင် "ရိုဟင်ဂျာအန္တရာယ်ကြီး" ခေါင်းစဉ်ဖြင့် ဖြစ်ရပ်မှန်တင်ပြထားကြောင်းတွေ့ရသည်။

အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်းပြဿနာများအရ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် မြန်မာနိုင်ငံ တို့သည် အဓိကကျသည့် အနေအထားတွေ့ရှိရသည်။အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၏ ပြည်ပခြိမ်း ခြောက်မှုအန္တရာယ်အဖြစ်ရှုမြင်ထားသကဲ့သို့ အိန္ဒိယမှလည်း ဘင်္ဂလားဒေ့ရှ်အား အင်အားကြီးနိုင်ငံများ၏ ၀င်ရောက်စွက်ဖက်မှုမှတဆင့် မြန်မာနိုင်ငံအတွင်းသို့စီးဝင်မှုသည်လည်း မြန်မာနိုင်ငံအတွက်ကြီးမားသော ပြဿနာတစ်ရပ်အဖြစ်လည်းကောင်း၊လူဦးရေစီးဝင်မှုအား မတားဆီးနိုင်ပါက ရေရှည်တွင် ယူဂိုဆလားဗီးယား နိုင်ငံရှိ ဆာ့ဘ်နှင့် အယ်ဘေးနီးယားခွဲထွက်မှု အဖြစ်သို့ ရောက် ရှိလာနိုင်ကြောင်း သတိပြုကြစေလိုပါတယ်ခင်ဗျာ...။

ဘင်္ဂလီကိစ္စဆိုတာ အခုမှဖြစ်တဲ့ပေါ်ပင်ကိစ္စမဟုတ်ဘူးဆိုတာ မသိရှိလိုက်၊ မမှီလိုက်သော ယနေ့ခေတ် လူငယ်များ ဗဟုသုတရစေရန်နှင့်  အန္တရာယ်တစ်ခုအနေဖြင့် လူတိုင်းသိရှိနိုင်စေရန် ရည်ရွယ်ပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ အရင်တပ်မတော်အစိုးရလက်ထက်ကတည်းက အထက်ပါပြဿနာများကို ကြိုတင်မျှော်တွေးပြီး စည်းရိုးကာရံခြင်းများ၊ တံတိုင်းများကာရံခြင်းများဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ပင်လယ်ပြင်ပိုင်နက် အရေးအခင်းပြီးနောက်ကီလိုမီတာ (၂၃၀) ရှည်တဲ့ မြန်မာ-ဘင်္ဂလား နယ်စပ်တလျှောက်သံဆူးကြိုးကာရံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၉ ခုနှစ်ကုန်မှာ (၇၀) ကီလိုမီတာအထိ ပြီးစီးခဲ့ကြောင်း သိရပါတယ်။ စိုင်တင်မြစ် ရေအားလျှပ်စစ်ကနေရရှိတဲ့ လျှပ်စစ်ကို သုံးပြီးဓာတ်အားလွှတ် နယ်စပ်သံဆူးကြိုး စီမံချက်အရမြန်မာဘက်က အမြန်ဆုံးပြီးအောင် ကာရံနေတာပါ။

ဒါပေမယ့် အခုခေတ်အတိုက်အခံပါတီကြီးအပြင် ပြည်ပရှိမီဒီယာအချို့မှအထက်ပါ ခြံစည်းရိုးကာရံခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုများ အဖြစ် ပြင်းပြင်းပြင်းထန် ထန်ဝေဖန်ပြီးလူနည်းစုများအား တပ်မတော်မှနှိပ်ကွပ်နေသယောင် ပုံဖော်ခဲ့ကြတာကိုလည်း ၂၀၀၈-၂၀၀၉ ခုနှစ်လောက်မှာ ဘလော့အချို့ ၀က်ဆိုဒ်အချို့ကိုဖတ်သောသူအချို့လည်း မှီလိုက်ဦးမှာပါ။

ဆိုချင်တာက ဒီကိစ္စတွေဟာ အမျိုးသားရေးကိစ္စပါ။အထူးသဖြင့် လူမျိုးရေး၊ အမျိုးသားရေးကိစ္စတွေမှာ ကိုယ့်ပါတီမဲရပြီးရော၊ ထောက်ခံရင်ပြီးရောသဘောဖြင့် နိုင်ငံရေးအရောင်ဆိုးချင်နေကြသော ပါတီအချို့ လည်း ဆင်ခြင်နိုင်ကြပါစေ....။

From: ဟမ်း လော

တောင်ကြီးမြို့ မောက်စံကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၅၇ ယောက် ကိုယ့်သဘောနှင့်ကိုယ် စုပေါင်းနှုတ်ထွက်


    

ကိုယ့်သဘောနှင့် ကိုယ်စုပေါင်း နုတ်ထွက်ခြင်းကို တောင်ကြီးခရိုင် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ကိုတင်မောင်တိုးမှ ပအိုဝ်းပြည်သူ့စစ်က ပါတီဝင်တွေကို အတင်းအကျပ် နုတ်ထွက်ခိုင်းလို့ နုတ်ထွက်ကြ တာ ပါဟု စွတ်စွဲပြောဆိုထားပါတယ်။


တောင်ကြီးမြို့ မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးကို ပအိုဝ်းပြည်သူ့စစ်က တောင်ကြီးခရိုင် အန်အယ်လ်ဒ ပါတီ ဥက္ကဋ္ဌ ကိုတင်မောင်တိုး စွတ်စွဲပြောဆိုထားသော ကိစ္စနဲ့ ပတ်သက်လို့ ပအိုဝ်းပြည်သူ့ စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက ငြင်းဆိုလိုက်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင်တွေကို နုတ်ထွက်ခိုင်းတယ် ဆိုတာ မဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ နုတ်ထွက်တာ လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီး ခွန်လာက ပြောပါတယ်။

“ အတင်းအကျပ် နုတ်ထွက်ခိုင်းတာ မရှိပါဘူး။ သူ့ဘာသာ နုတ်ထွက်တာပါ။ ကာကယံရှင် ကိုယ်တိုင် ဒီနေ့ ပါပါတယ်၊ ကျေးရွာလူကြီးတွေလည်း ပါတယ်၊ ဒီနေ့ သတင်းထောက်တွေလည်း မေးတယ်။ ”

ဒီကိစ္စနဲ့ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်က ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်ထားပါတယ်။

Credit : https://www.facebook.com/jaj80?directed_target_id=0

အိမ်ရှင်ကို ရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာ ဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား



တို့မြန်မာ နိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာ နှစ် ၂၀၀၀ ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက် လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင် မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ် လောက်ပဲ ရှိသေး တယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီး တော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည် တွေ။

အိမ်ရှင် ဗုဒ္ဓဘာသာ တွေက ဧည့်သည် တခြား ဘာသာခြား လူမျိုးတွေကို နှစ်နှစ် ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာ တကာမှာ အေးအေး ဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက် လှဲလှဲ ကြိုဆို လက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာ အေးအေး ချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ ကောင်းတယ်။ အိမ်ရှင်ကို ရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစား တာကတော့ ဘယ်လိုမှ မလျော်တဲ့ ကိစ္စပဲ။ အဲဒါ ကြောင့် ငြိမ်းချမ်းစွာ နေကြပါလို့ တိုက်တွန်း ပါတယ်။

From:ရိုးရာလေး

ဘင်္ဂါလီများ တစ်အိမ်ထောင် ကလေးနှစ်ဦး ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ စစ်တွေမြို့တွင် ပြုလုပ်



ဘူးသီးတောင် မောင်တောဒေသတွင်း ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွား ခွင့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လှည့် လည် ဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့တွင် ယနေမွန်းလွဲပိုင်းက ပြုလုပ်သည်။


“ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဘူးသီး တောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွား ခွင့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သံဃာ တော်အပါး ၃၀၀ လောက်က ဦးဆောင်ပြီး လှည့် လည် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ လူအင်အား ၂၀၀၀ ကျော် ပါဝင်ပါတယ်။ ၀င်္ကဘာလမ်းကနေ စထွက်ပါတယ်။ မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီးလမ်းကနေ မြောက်ဘက်ကိုသွားပြီး လမ်းမကြီး ကနေပြီးတော့ ၀င်္ကဘာလမ်းကို ပြန်ဝင်ပါမယ်”ဟု လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

ဘူသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ ရခိုင်ဒေသခံများထက် အဆပေါင်းများစွာ ပိုမိုနေပြီး လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း၊ ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ် ထောင်လျှင် ကလေးနှစ်ဦးသာမွေးဖွားခွင့် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်ကပင် စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကြွေးကြော်သံများ 

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

မိဘပြည်သူများခင်ဗျားကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တဆင့် အသိပေး ပြောကြားနေကြဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို မေလ (၁၉) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ အလုပ်သဘော ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာ နိုင်ငံ့ခေါင်းဆောင် တဦးအနေနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သဘောခရီးစဉ် တခုဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးနဲ့ ဆက်ဆံရေးပုံစံအသစ်ကို ပိုမိုပီပြင်စေခဲ့တာကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းမှာ ထူးခြားတဲ့ အလှည့်အပြောင်း တခုလည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဒီသမိုင်းဝင် ခရီးစဉ်ကနေ ရရှိလာတဲ့ ရလဒ်တွေကနေတစ်ဆင့် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာများကြောင့် ဒီခရီးစဉ်ဟာ အစိုးရချင်း ဆက်ဆံရေး သာမက နှစ်နိုင်ငံ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေးအတွက်ပါ အရေးပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ကြုံတွေ့နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အလားအလာများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အမျိုးသားစီးပွားရေး တစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လေ့လာနိုင်ဖို့အတွက် ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ကို သွားရောက်ပြီး ပါမောက္ခများ၊ ကျောင်းသူ ကျောင်းသားများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ မြန်မာ မိသားစုများရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် နားလည်စာနာမှု ရှိကြတဲ့ အမေရိကန်ရောက် ကျွန်တော်တို့ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ်မှာ မယုံကြည်နိုင်သေးတဲ့ သူများက သံသယနဲ့ ပြောဆိုဝေဖန် အပြစ်ရှာ ရေးသားခဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ ရပါတယ်။ နိုင်ငံတခု ပြုပြင်ပြောင်းလဲမှုဖြစ်တိုင်းမှာ ဒီလိုသဘောထားကွဲလွဲမှုတွေ၊ မယုံကြည် မှုတွေ၊ လက်မခံနိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ဝိဝါဒကွဲပြားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကျတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော့် အတွက်ကတော့ နိုင်ငံရေးလက်တွေ့ကျမှုများက ပိုမိုအရေးကြီးတယ်လို့ အလေးအနက် ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှုများ ရရှိဖို့အတွက် မိမိတို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်ရန်ဆိုတဲ့ ကိစ္စရပ်က အလွန်အရေးကြီးပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသူ များကို သာမက မယုံကြည် နိုင်သေးသူများ၊ သံသယရှိနေသူများနဲ့ ဆန့်ကျင်နေသူများပါ ခံစားရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကမ္ဘာ့မိသားစုအတွင်းမှာ မြန်မာနိုင်ငံဂုဏ်ကို ဂုဏ်သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်နိုင်ဖို့ ယခုလို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် နေရခြင်း ဖြစ်တယ်ဆိုတာ အသိပေးပြောကြား လိုပါတယ်။

မေလ (၂၄) နေ့မှာလည်း မြန်မာနိုင်ငံအပေါ်မှာ အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံ သမိုင်းမှာ ၃၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဝန်ကြီးချုပ် ခရီးစဉ်အဖြစ် လာရောက်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံရဲ့ အားပေး ထောက်ခံမှုကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ ပေးအပ်လာမယ့် ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆို လက်ခံသွားမှာ ဖြစ်သလို ဒီအကူအညီများ အားလုံးကို ပြည်သူလုထု ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများဟာ ပွင့်လင်းလာမယ့် မြန်မာ့ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးတိုးမြှင့်မှု အခွင့်အလမ်းများရရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ အကျိုးကျေးဇူးများ ခံစားကြရမှာလည်း ဖြစ်ပါတယ်။ယခုလို နှစ်နှစ်တာအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကူးလူး ဆက်ဆံမှုများဟာ ဆိုရင် မြန်မာပြည်သူများ ကြိုးပမ်းအားထုတ်နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထိုက်တန်တဲ့ နိုင်ငံတကာ ထောက်ခံမှု ရရှိနေခြင်းကို တနည်းအားဖြင့် ပြသနေခြင်းလည်း ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက် ချိတ်ဆက် နေတဲ့ အမျိုးသားစီးပွားရေး ပြန်လည် ပုံစံချ သတ်မှတ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အစီအမံများ၊ မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲနေသည့် နည်းတူ တတွဲတည်း လိုအပ်လာမယ့် အင်စတီကျူးရှင်းများကို ပြောင်းလဲဖွဲ့စည်းခြင်း၊ အသွင် ကူးပြောင်းခြင်း၊ အသစ်ထူထောင်ရန် ပြင်ဆင်ခြင်းများကို လုပ်ဆောင်နေရပါတယ်။ ကာလကြာရှည် ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ထင်ရှားမြင်သာ ရှိတဲ့ အပြောင်းအလဲတွေထက် ဆုပ်ကိုင် မှုပြနိုင်တဲ့ အပြောင်းအလဲ များသည်လည်း အရှိန်အဟုန် တခုဖြင့် ရွေ့လျားနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။

ဒီအပြောင်းအလဲများ ထင်ရှားမြင်သာရှိလာချိန်မှာ ကျွန်တော်တို့ အမျိုးသားစီးပွားရေး ဟာလည်း အရှိန်အဟုန် ရလာမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား တဦးချင်းအတွက် စိုက်ပျိုးစရိတ် အထောက် အကူ ဖြစ်စေဖို့နဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များ အရင်းအနှီး စုဆောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အသေးစားနှင့် အလတ်စားချေးငွေများရရှိရန်ကိုလည်း ကျွန်တော့် အနေနဲ့ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။

ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ် အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက် နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဒီကိစ္စရပ်တွေကို ရှင်းလင်းနိုင်ဖို့ အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာအမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိန်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ်ကာလမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထား တူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာသက်သက်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုယူရတာကလွဲပြီး အခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ် အကျဉ်းကျခံခဲ့ ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေး ယူခြင်း ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း တပါတည်း ပြောကြားလိုပါတယ်။

ပဋိပက္ခများ ဖြစ်ပွားခဲ့ရာဒေသဖြစ်တဲ့ မိတ္ထိလာမြို့မှာ တည်ငြိမ်အေးချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုအား ပထမဦးဆုံး အကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူပေးတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေလအတွင်းမှာ ကျွန်တော်တို့ ပြည်သူများဟာ မဟာစင်မုန်တိုင်း သတင်းကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနဲ့ အမျိုးသားသဘာဝကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများကို အလျင်အမြန် ဖွဲ့စည်းပြီး မုန်တိုင်းဝင်ရောက်နိုင်တဲ့ ဒေသများက ဒေသခံများကို လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကော်မတီများအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တပ်မတော် အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြ ပါတယ်။ ကျွန်တော်တို့ ပြည်သူများ စိုးရိမ်ပူပန်ခဲ့သလို မုန်တိုင်းဒဏ်ကို ခံခဲ့ရခြင်းမရှိပေမယ့် ဘေးအန္တရယ်တွေ ကြုံတွေ့လာတဲ့အခါမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတွက် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပြီဆိုတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၃၀) ရက် နေ့ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပြည်သူများ အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမယ့် နေ့ပဲဖြစ်ပါတယ်။ မေလ (၃၀) ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ချ ရပ်ဆိုင်းနိုင်ဖို့ အတွက်နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ယခုလို လက်မှတ် ရေးထိုးနိုင်ဖို့ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်း နိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်သိက္ခာ ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကြိုးပမ်းခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ တပ်မတော်နဲ့ KIO အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ငြိမ်းချမ်းရေး ရချင်ပြီဆိုတာကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြည်သူများ ကိုလည်း အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံမှာမှ မကြုံဖူးခဲ့တဲ့ အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ကို လျှောက်လှမ်းချီတက်နေရတာ ဖြစ်ပါတယ်။လက်ရှိ အခြေအနေမှာ များပြားလှတဲ့ မရေရာ မသေချာမှုများ၊ ကြီးမားတဲ့ စိန်ခေါ်မှုများ၊ အဟန့်အတားများနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးစီး ပဲ့ကိုင်နေရာကနေ လုပ်ကိုင်နေရတဲ့ ကျွန်တော့်အနေနှင့် ယခုအစိုးရ သက်တမ်း ကျန်ရှိနေသေးတဲ့ ကာလများမှာလည်း အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုကို အခြေခံပြီး မှန်ကန်သော စေတနာဖြင့် မဆုတ်မနစ် လုပ်ဆောင်သွားဖို့ သံဓိဋ္ဌဌာန်ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။

ရန်ကုန်မြို့ရှိ မီးပွိုင့်များ ပြုပြင်ရန် ကျပ်သိန်း ၁၅၀၀ ကျော် အသုံးပြုမည်



မြန်မာနိုင်ငံ၏ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်သော ရန်ကုန်မြို့တော်ရှိ လမ်းဆုံများတွင် တပ်ဆင် ထားသည့် မီးပွိုင့်များကို ပြင်ဆင် ထိန်း သိမ်းရန် ကျပ် သိန်း ၁၅၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။


ရန်ကုန်မြို့တွင် မီးပွိုင့် ထက်ဝက်ခန့် သည် ပျက်စီး မှုများ ဖြစ်ပွားနေပြီး ပြင်ဆင် ထိန်းသိမ်းရန် အတွက် တစ်နှစ်လျှင် ကျပ်သိန်း ၁၅၀၀ ကျော်ခန့် အသုံးပြုမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မီးပွိုင့်တွေက မိုးရာသီမှာ ရေဝင် လို့ပျက်တာ အများဆုံးပဲ။ မီးကြိုး ပြတ်တာ၊ ရှော့ခ် ဖြစ်တာကြောင့် ပျက်တာလည်း ရှိတယ်”ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မီးပွိုင့်များကို ပြင်ဆင် ထိန်းသိမ်း ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ကျပ်သိန်း ၁၅၀၀ ကျော် အသုံးပြု ခဲ့ပြီး ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်လည်း ကျပ်သိန်း ၁၅၀၀ကျော် အသုံးပြုမည်ဟု အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) ထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှုပ်ထွေးမှုကို ဖြေရှင်းရန် လမ်းဆုံ လမ်းခွများတွင် မီးပွိုင့်ပေါင်း ၁၅၁ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်



နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ကို ယနေ့ (ဇွန် ၅ ရက်) နေပြည်တော်တွင် စတင်ကျင်းပမည် ဖြစ်သည်။ (၂၂) ကြိမ် မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။


ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး နိုင်ငံ ၁၅ နိုင်ငံမှ ထင်ရှား ကျော်ကြားသူပေါင်း ၁၀၀ ကျော် တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးများမှ စီးပွားရေး ပညာရှင်များ ၅၅၀ ကျော် ပါဝင်မည် ဖြစ်သည်။


၎င်းတို့အပြင် လူငယ်ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာများလည်းတက်ရောက် မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့အာရှတွင် ရင်ဆိုင်နေရသော ပြဿနာများနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆွေးနွေးရာတွင် အားလုံးပါဝင်သည့် ပြုပြင်ပြောင်းလဲမှုကို အားပေးရန်၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများကို နားလည်သဘောပေါက် စေရန်၊ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နိုးထနိုင်စွမ်းအတွက်ဒေသ တွင်းဆိုင်ရာ အဖြေများကို ထည့်သွင်းနှိုင်းဆရန် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်ကို အဓိကထား ဆွေးနွေးသွား မည်ဟုလည်း သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားမည် ဖြစ်သည်။

"မြန်မာနိုင်ငံဟာ ရဲရင့်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင် နေရာမှာ အဲဒီပြုပြင် ပြောင်းလဲမှုကနေ အားလုံးပါဝင်နိုင်တဲ့ တိုးတက်မှု ဖြစ်ပေါ်လာဖို့နဲ့ ယုံကြည်မှု ပိုမိုခိုင်မြဲ လာစေဖို့ ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်" ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ အာရှဆိုင်ရာ အကြီးအကဲနှင့် စီနီယာ ဒါရိုက်တာဖြစ်သူ Sushant Palakurthi က ဆိုသည်။

ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဖိလစ်ပိုင်သမ္မတ၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအိုဝန်ကြီး ချုပ်တို့လည်း တက်ရောက်မည် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် စီးပွားရေး လုပ်ငန်းရှင်များတွင် Intel Corporation၊ Unilever၊ Mitsubishi Corporation၊ Nike၊ Woodside Energy၊ Wal-Mart Stores Inc၊ Bank of Genever၊ Pepsi၊ Chevron၊ Visa၊ Microsoft Corporation၊ DHL Express တို့ အပါအ၀င် အခြားကမ္ဘာကျော် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြမည်ဖြစ်သည်။ ၂၂ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့် ပတ် သက်၍ ပြည်တွင်း၌ အများစိတ်ဝင်စားမှု နည်းပါးသော်လည်း နိုင်ငံတကာတွင်မူ စိတ်ဝင်စားမှု များပြားနေ ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာမည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ အဆင်ပြေမှု ရှိစေရေးအတွက် MAI မှ စင်းလုံးငှား လေယာဉ်များ စီစဉ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ၏ အကြံဥာဏ်၊ အတွေ့အကြုံ နည်း လမ်းကောင်းများ ရရှိစေရန်အတွက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက် ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ် ကျင်းပနိုင်ရန်အတွက် သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များအသင်း စသည်တို့ ပါဝင်သည့် ဦးဆောင်ကော်မတီ ဖွဲ့စည်းထားသည်။

World Economic Forum ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အဆောက်အအုံကို ဇွန် ၄ ရက်က တွေ့ရစဉ် 
(ဓာတ်ပုံ- စိုးမင်းထက်)  



Eleven Media Group

ကလေးတို့အတွက် မင်းသားတွေ ဘောလုံးကန်မယ်



အထင်ကရသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘိုင်စကုပ်မင်းသားများ ဘောလုံးအသင်းက ပုသိမ် မြို့မှာ ရှိတဲ့ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေ ရဲ့ ရန်ပုံငွေအတွက် တနင်္ဂနွေနေ့မှာ ဘောလုံး ကန်ပါတော့မယ်။


ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေရံပုံငွေအတွက် မင်းသားတွေ ဘောလုံးကန်ကြမယ်

မင်းသားတို့ရဲ့ ပြိုင်ဘက်အသင်းကတော့ ဧရာဝတီ Old Stars (တိုင်းလက်ရွေးစင်ဟောင်းများ ဘောလုံး အသင်း) ဖြစ်ပါတယ်။

“ရလာတဲ့အကျိုးအမြတ် အားလုံးကို ဘာသာလူမျိုး မခွဲခြားဘဲ လှူဒါန်းသွားမှာပါ” လို့ ဧရာဝတီ Old Stars အသင်း အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ဧရာဝတီ Old Stars အသင်းအနေနဲ့ ခုလို မိဘမဲ့ကလေးတွေ ရံပုံငွေရရှိအောင် ကိုယ်တတ် စွမ်းသလောက် ကူညီခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီး က မိဘမဲ့ကလေးတွေအတွက် ရုပ်ရှင်သရုပ်ဆောင်တွေက စာနာနားလည် ကူညီပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်” လို့ Old Stars အတွင်းရေးမှူး က ဆက်ပြောပါတယ်။

Old Stars FC

ရန်ပုံငွေဘောလုံးပွဲကို ပုသိမ်မြို့ ကိုးသိန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မှာပါ။

မိဘမဲ့ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ပျိုးထောင်ပေးနေတဲ့ ပုသိမ်မှဂေဟာများ 

ဗုဒ္ဓဘာသာ ဂေဟာ ၂ ခု
ခရစ်ယာန် ဂေဟာ ၂ ခု
အစ္စလမ် ဂေဟာ ၁ ခု

ဘိုင်စကုပ်မင်းသားများအသင်းမှာ ရာဇာနေ၀င်း၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း (Examplez)၊ မိုးယံဇွန်၊ ဇာနည်၊ ဇာတ်မင်းသား ဖိုးချစ်၊ မင်းသွေး အစရှိတဲ့ နာမည်ကျော် အနုပညာရှင်တွေ ပါဝင် ကစားကြမှာဖြစ်ပါတယ်။

ဘောလုံးပွဲကျင်းပတဲ့နေ့မှာ နာမည်ကျော် တေးသံရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက နံနက် ၁၀ နာရီ ခွဲကနေ ၁၁ နာရီခွဲအထိ Café Café ဆိုင်မှာ အမှတ်တရ လက်မှတ်ထိုးပေးမှာပါ။

နေ့လယ် ၂ နာရီကစတင်ပြီး အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး ညနေ ၄ နာရီမှာ ဘောလုံးပွဲစတင်ပါမယ်။

ပျော်ကြမယ်၊ ကန်ကြမယ်

ဘောလုံးပွဲလက်မှတ်တစောင်ကို ကျပ် ၂,၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

ဧရာဝတီ သတင်းဌာန

ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော


Photo: ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော 

ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်းလည်း ပြောပါတယ်။

ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး  လှေစီးရောက်ရှိလာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ် တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။


ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်း ထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံ တစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှ လက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။

ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေ အနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေး ရှာကြံနေကြောင်းလည်း ပြောပါတယ်။

ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး လှေစီး ရောက်ရှိလာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်း ရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

Credit : https://www.facebook.com/pages/RFA-Burmese/39218993127?hc_location=timeline

မနက်ဖြန်မှာ မြန်မာသံအမတ်ကြီးမလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကို သွားရောက်တွေ့ဆုံမယ်

 
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်ကဒီနေ့ နေ့လည်မှာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် ကြီးကို တွေ့ဆုံပြီး မြန်မာနိုင်ငံသားများတိုက်ခိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူ ပေးဖို့၊ မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ သတိ ထောက်လွှာပေးအပ်ခဲ့ပါတယ်။

မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကလည်း မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားများ လုံခြုံရေးနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကို သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။