Tuesday, June 4, 2013

တွံတေးမြို့နယ်ရှိ အသိမ်းခံ လယ်များကို မူလပိုင် ရှင် ပြန်လည်လုပ်ကိုင်



ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ရေတွင်း ကုန်း ကျေးရွာ အုပ်စုရှိ ရန်ကုန်တိုင်း စစ်ဌာန ချုပ်နှင့် တပ်ရင်း၊ တပ်မ များမှ သိမ်းဆည်း ထားသော လယ်ယာမြေများကို ဒေသခံ မူလပိုင်ရှင် ၇၀ဦးတို့က ယမန်နေ့ ဇွန်လ ၂ရက်နေ့က ပြန်လည် လုပ်ကိုင်လိုက်သည်ဟု သိရသည်။


ထိုဒေသရှိ ကျောက်ကုန်းကျေးရွာမှ လယ်သမားကြီး တစ်ဦးက “အခု ရသလောက် ထွန်သွားမှာပါ။ လယ်သိမ်း ခံရတဲ့လူတွေ ကော သီးစားခနဲ့ လုပ်ခွင့်မရတဲ့ လူတွေ ကော အားလုံးရသမျှကို ညီတူမျှတူ ယူကြမယ်။ ၀ိုင်းလုပ်ကြမယ်ဆိုပြီး အခုလို လာ ရောက်ထွန်ကြတာပါ”ဟု ဆိုသည်။

၎င်းအသိမ်းခံ လယ်မြေများနှင့် ပတ်သက်၍ ဧပြီလအတွင်းက မြန်မာအစိုးရ စစ်ဦးစီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ တင်ပြ တောင်းဆိုခဲ့ရာတွင် မူလလယ်ပိုင်ရှင်များကို (၁၆၈)ဧက ပြန်လည် လုပ်ကိုင်ခွင့်ပေးမည်ဟု ဆိုသော်လည်း သီးစားခ ပိုမို ပေး ဆောင်သောသူများကိုသာ လုပ်ကိုင်ခွင့် ပေးသဖြင့် ယခုလို မိမိတို့ဖာသာ ၀င်ရောက်ထွန်ယက် လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောဆို နေကြသည်။

ဒေသခံတစ်ဦးဖြစ်သူ စောထွန်းထွန်းဝင်းက “ကိုယ့်လယ်မြေကို သီးစားခ ပေးဆိုလည်း ပေးမှာပါ။ အခုက တခြားလူကို ပေးလုပ် တယ်။ တခြားလူဆိုတာကလည်း ကျနော်တို့ရွာက လူပါပဲ။ ကရင်အချင်းချင်း ကိုယ့်ရွာသားအချင်းချင်းကို ရန်တိုက်ပေးနေသလို ဖြစ်နေပါတယ်။ ကျနော်တို့မှာလည်း ဒီလယ်မှ မလုပ်ရရင်ဘာမှ လုပ်စားစရာမရှိတော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယင်းဒေသရှိ လယ်ပိုင်ရှင်များသည် ငါးရှာဖားရှာရသောဘ၀သို့ ရောက်နေရပြီး ထိုကဲ့သို့ ငါး၊ ဖားရှာသည့်အခါ ဟိုနေ ရာ သည်နေရာ မရှာရန် တားမြစ်သေးကြောင်းနှင့် အသိမ်းခံလယ်ယာမြေ များပေါ်မှ ရရှိသော သီးစားခ ချပေးထားသည့် လယ် ယာမြေများမှ စပါးများကို တပ်ရိက္ခာအတွက် ပြန်လည် ပေးသွင်းရသေးကြောင်းလည်း သိရသည်။

ထိုဒေသရှိ သိမ်းဆည်းခံ လယ်ယာမြေကိစ္စကို ဖြေရှင်းရန် ကရင်ပြည့်သူပါတီ-KPP ၏ အလုပ်သမားနှင့် လယ်သမားအရေး ဗဟို ကော်မတီဝင် မန်းအုန်းမြင့်သိန်းက ယမန်နေ့၌ တပ်ကိုယ်စားလှယ် ဒုတပ်ကြပ်သန်းစိုးနှင့် သွားရောက်တွေ့ဆုံစကားပြောဆိုခဲ့ရာ ဒုတပ်ကြပ်ဘက်က ၎င်းအနေဖြင့် အထက်မှ ပေးအပ်သော တာဝန်ကိုသာ ထမ်းဆောင်နေရသူဖြစ်၍ အထက်အရာရှိများနှင့်သာ သွားရောက်တွေ့ဆုံရန် ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သိမ်းဆည်းထားသော ယင်းလယ်မြေတွင် စောကျားဂိုးဟုဆိုသူ လယ်သမားကြီးမှ သီးစားခ ပေး စပါးစိုက်ပျိုးနေခြင်းဖြစ်ပြီး မူလပိုင်ရှင်များက သွားရောက်ညှိနှိုင်း သော်လည်း လက်မခံဘဲ ဆက်လက်လုပ်ဆောင်လျှက်ရှိ သည်ဟု သိရသည်။

ရေတွင်းကုန်ုးအုပ်စုတွင် ကွင်းပေါက်၊ ရွာပုံ၊ ကွမ်းခြံကုန်း၊ သ၀န်းတော၊ သောင်ကုန်း၊ တပ်သစ် စသည့် ရွာများ ပါဝင်ပြီး ထိုရွာများ ရှိ လယ်သမားအရေးများကို KPP မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_7617.html

တေးရေး ကေအေတီ ဈာပနအခမ်းအနား ကျင်းပ ပြီးစီး



တေးရေး ကေအေတီ (ကဗျာဆရာ ကျော်အောင် သစ်) ရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီညနေ ၄ နာရီ ၄၅ မိနစ် နီးပါးမှာ ရေဝေးသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့ကို ချစ်ခင်တဲ့ ဂီတ အနုပညာ အသိုင်းအဝန်းက မိတ်ဆွေတွေ အပြင် သူ့ပရိသတ်တွေပါ နောက်ဆုံး ဈာပနကို လာရောက် ပို့ဆောင်ကြပါတယ်။


ဈာပန အခမ်းအနားမှာ ကေအေတီအတွက် မျက်ရည်မဆည်နိုင်အောင် ငိုနေကြတဲ့ မိသားစုဝင်တွေ၊ မျက်နှာတခုလုံး နီရဲမို့ဖောင်းတဲ့အထိ ငိုထားကြတဲ့ ဆွိဝတ်ရည်သောင်း၊ ခင်စုစုနိုင်၊ ကေအေတီရဲ့ မိတ်ဆွေရင်းကြီးတွေ ဖြစ်ကြတဲ့ ချစ်စမ်းမောင်၊ လေးဖြူ၊ ဝိုင်ဝိုင်း နဲ့ Iron Cross (IC) အဖွဲ့သားတွေ၊ စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် L ခွန်းရီကို တွဲခေါ်လာတဲ့ အဆိုတော် R ဇာနည်နဲ့ အဆိုတော် လင်းလင်း၊ တေးရေးအရိုး၊ မောင်မောင်အေး (Dream Boat)၊ ဖိုးသား၊ ကမ္ဘာ၊ သရုပ်ဆောင် မြတ်သူအောင်၊ အောင်မြင့်မြတ် (အိပ်မက်ဆုံရာ)၊ ကောင်းကောင်း (Melody World) နဲ့ Melody World က ကေအေတီရဲ့ တပည့်တွေနဲ့ ပရိသတ်တွေကို ခန်းမ အပြည့်အလျှံ လာရောက်ကြတာ တွေ့ရပါတယ်။

အဆိုတော် သရုပ်ဆောင် မြတ်သူအောင်က သူ့ရဲ့ စီးရီးအတွက် သီချင်းတပုဒ် ရေးပေးထားတာ တလပဲ ရှိသေးတဲ့အကြောင်း၊ ဆရာလို သဘောထားတဲ့ တေးရေး ကေအေတီ ကွယ်လွန်သွားတဲ့အတွက် စိတ် မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

အဆိုတော် အိုင်ရင်းဇင်မာမြင့်က “ဆရာ့ရဲ့ သီချင်းတွေကို အရင်ကတည်းက အရမ်းကြိုက်တာ၊ အခုလို အစောကြီး လူ့လောကထဲက ထွက်ခွာသွားတဲ့အတွက် ဆရာ့ရဲ့ သီချင်းကောင်းတွေ အိုင်ရင်းတို့ ထပ်ခံစားလို့ မရနိုင်တော့တဲ့ အတွက် ဆုံးရှုံးမှု တခုပါပဲ၊ စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ဆိုပါတယ်။

အဆိုတော် ကောင်းကောင်း (မင်းကို သတိရရင်) ကလည်း သူ့ဆရာ ဖြစ်တဲ့ ကေအေတီအတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပြီး ဆရာ ကေအေတီ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်း နေပါတယ်။

တေးရေး ကေအေတီ (အမည်ရင်း ကိုကျော်ကျော်အောင်) ဟာ ဇွန် ၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်က နှလုံး အမောဖောက်ပြီး အနုပညာလောက ကနေ အပြီးတိုင် စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်လွန်ချိန်မှာ အသက် ၄၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ တေးရေး ကေအေတီဟာ နှလုံးမှာ ပြွန်တချောင်း အစားထိုး ကုသခဲ့ရဖူးသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ပါတယ်။ မကွယ်လွန်ခင် အချိန်မှာ ကွမ်း သီးရာက အစပြုပြီး နှလုံးအမောဖောက် ကွယ်လွန်ခဲ့တာ ဖြစ်တဲ့ အကြောင်း ကေအေတီရဲ့ တပည့်တဦးလည်းဖြစ်၊ ညီလို ရင်းနှီးသူ တဦးလည်း ဖြစ်တဲ့ ကိုဒေးဗစ်က ပြောပါတယ်။

“ကျနော်တို့ အစ်ကို စစဖြစ်ချင်း သူက လမ်းမှာကတည်းက သတိလစ် သွားပါတယ်။ အဲဒါနဲ့ ကန်တော်လေး လမ်းထိပ်က ဆေးခန်းကို ၀င်ပြပါတယ်။ အဲဒဆေးခန်းမှာ ဆရာဝန်ကြီး မရှိလို့ဆိုပြီး SSC ကို ပြေးကြပါတယ်။ ဒါပေမယ့် ရွှေဂုံတိုင် လမ်းပိတ်ရင် ကြာမှာ စိုးလို့ တာမွေဘက်က ပတ်သွားရင်း အနီးဆုံး သျှင်ပါရဂူကိုပဲ သွားလိုက်ကြတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်ကြီးတွေက အသက်ပါ မလာတော့ဘူး၊ နှလုံးကလည်း အလုပ်မလုပ်တော့ ဘူးလို့ ပြောပါတယ်။ အစ်ကိုက အရင်ကတည်းက နှလုံးရောဂါ ရှိပါတယ်။ အခုက ကွမ်းသီးရာကနေ အမောဖောက်ပြီး နှလုံးကြောင့်ပဲ ဆုံးရတာပါ” လို့ ကိုဒေးဗစ်က ပြောပြပါတယ်။

ကေအေတီရဲ့ နာရေး အတွက် IC မိသားစုဖြစ်တဲ့ အဆိုတော် ကိုလေးဖြူက လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။

ကေအေတီ ကွန်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီ ဖြစ်ပြီး ညီ ၁ ယောက်၊ ညီမ ၂ ယောက် ဖြစ်တဲ့ မယဉ်ယဉ်မြင့်၊ မမိုးမိုးမြင့်နဲ့ ကိုကျော်ကျော်ထွေးတို့ ကျန်ရစ်ခဲ့ပါတယ်။ ဇာတိက မုံရွာမြို့ ဖြစ်ပြီး ဇနီးသည် မချမ်းအိမွန်ရဲ့ မိသားစုကတော့ မော်လမြိုင်က ဖြစ်ကြောင်း သိရပါတယ်။ မချမ်းအိမွန်က ကေအေတီနဲ့ အတူ ရန်ကုန်မှာပဲ အတူနေထိုင်ခဲ့ပြီး ကေအေတီ ကွယ်လွန်မှုနဲ့ ပတ်သက်လို့ ၀မ်နည်းကြေကွဲ နေတာကြောင့် ဧရာဝတီကို လက်ခံ စကားမပြောနိုင်ပါဘူး။

IC မိသားစုဝင်တွေ ကလည်း နာရေး ကိစ္စ အလုပ်များနေတာကြောင့် ဖုန်းလက်ခံ ပြောဖို့ အခက်အခဲ ရှိနေတယ်လို့ ကိုဒေးဗစ်က ပြောပါတယ်။

ကေအေတီဟာ အနှစ် ၃၀ ကျော်ကြာ ဂီတလောကမှာ ရပ်တည်ခဲ့ပြီး ရော့ခ်ဂီတ အမျိုးအစား တေး သီချင်းတွေကို အများဆုံး ရေးဖွဲ့ခဲ့ပါတယ်။ ကျော်အောင်သစ် နာမည်နဲ့ ကဗျာတွေ ရေးခဲ့ပြီး Iron Cross တေးဂီတရဲ့ တေးသံရှင်တွေအတွက် တေးသီချင်း အများဆုံး ရေးဖွဲ့ပေးခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ Melody World တေးဂီတ အဆိုပြိုင်ပွဲတွက် အကဲဖြတ်ဒိုင် အဖြစ် စတင်ပါဝင်ခဲ့ပြီး Melody World တေးစီးရီးတွေ အတွက်လည်း တေးသီချင်းတွေ ရေးဖွဲ့ပေးခဲ့သူ ဖြစ်ပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_9946.html

ကျပ်သန်းပေါင်း(၂၇၀) အကုန်ကျခံ တည်ဆောက်မည့် ရခိုင်မှ ဆိပ်ခံတံတားများ စက်တင်္ဘာလမှ လုပ်ငန်း စတင်နိုင်မည်



မိုးရာသီတွင် တည်ဆောက်ရန် အခက်အခဲ ရှိသဖြင့် ကျပ် သန်းပေါင်း (၂၇၀) အကုန်ကျခံ တည်ဆောက် မည့် ရခိုင်ပြည်နယ် မြို့ (၄) ခုမှ ဆိပ်ခံ တံတား များကို စက်တင်္ဘာလလောက်မှ လုပ်ငန်း စတင်နိုင် မည် ဖြစ်ကြောင်း သတင်း ရရှိသည်။


မိုးများသော ဒေသဖြစ်ပြီး မြစ်ချောင်းများတွင် ရေစီးသန် သဖြင့် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ရန် မသင့်တော်၍ စက်တင်္ဘာလရောက်မှ ဆိပ်ခံ တံတားများ တည်ဆောက်ရေးကို စတင် လုပ်ကိုင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် သတ္တု ၀န်ကြီး ဦးအောင်သန်းတင်က ပြောသည်။

“ ကျွန်တော်တို့ ပုဏ္ဍားကျွန်း ဆိပ်ခံတံတားကို ကျပ်သန်းပေါင်း (၂၇၀) နဲ့ အကုန်အကျခံပြီး တည်ဆောက်ဖို့ ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ထားပါပြီ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တည် ဆောက်မှာ ဖြစ်ပါတယ်။ အခု မိုးရာသီ ဖြစ်နေတဲ့ အတွက် လုပ်ငန်း စတင်ဖို့ မဖြစ်နိုင်တာကြောင့် စက်တင်္ဘာလ လောက်မှ လုပ်ငန်းတင်ဒါတွေကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကားလမ်းနှင့် ရထားလမ်းများကို နိုင်ငံတော် အစိုးရမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မူ ရှိစေရန် ရည်ရွယ်ပြီး ဖေါက်လုပ်ပေးနေသော်လည်း ကားလမ်းရထားများ တဆင့် ပြည်နယ် အနှံ့ သွားလာနိုင်ခြင်း မရှိသဖြင့် ရေလမ်းခရီးကိုသာ ယခုအချိန် ရခိုင် လူထု အနေဖြင့် အားကိုးနေရဆဲ ဖြစ်သည်။ သို့အတွက် မြို့များရှိ သင်္ဘောများ၊ မော်တော်ဘုတ်များ ၀င်ထွက် ဆိပ်ကပ်ရာ ဆိပ်ခံတံတားများကို ခိုင်ခန့်အောင် ပြုပြင် တည်ဆောက်ရန် အရေးတကြီး လိုအပ်နေသည်။

၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ဆိပ်ခံတံတား (၄) ခုကို ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့တို့တွင် တည်ဆောက်သွားမည် ဖြစ်ပြီး တံတား တစ်ခုစီကို ကျပ်သန်းပေါင်း (၂၇၀) စီ အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။

“ အခုက မိုးရာသီဆိုတော့ ဘယ်စီမံကိန်းကိုမှ လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရစီမံကိန်းတွေကို တင်ဒါ မခေါ်နိုင်ဘဲ ဖြစ်နေပါတယ်။ မိုးကုန်မှဘဲ လုပ်ငန်းတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

မိုးရာသီတွင် ရခိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် မဖြစ်နိုင်သဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ ပုဏ္ဍားကျွန်း မြို့အတွက် တာဝန်ယူ တည်ဆောက်ပေးနေသော ဘော်လုံးကွင်း တည်ဆောက်ရေးကိုလည်း ယခုအခါ ရပ်ထားသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ပုဏ္ဍားကျွန်း ရထားဘူတာ တည်ဆောက်ရာတွင် ဘော်လုံးကွင်း ပါဝင်သွားသဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ အဆင့်မှီ ဘော်လုံးကွင်း အသစ်တစ်ခုကို မြို့ အနီးရှိ ပုဏ္ဍားကျွန်း-ရသေ့တောင် ကားလမ်း အနီးတွင် အစား ထိုး တည်ဆောက်နေသည်ဟု သိရသည်။

Credit : http://abbsoluteright.blogspot.com/2013/06/blog-post_7937.html

KIO အဖွဲ့မှ ပထမအကြိမ် ၃ လကြာ အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်



ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့တွင် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဌာန ချုပ်ရုံး (Dai Lawn Rung) မှ ကြီးမှူး၍ ပထမ အကြိမ် ရက်ပေါင်း (၉၀) အခြေခံစစ် သင်တန်း ဆင်းပွဲတခုကို မုန်းဆိုင်ယန် (Mung Seng Yang) ရှိ စစ်သင်တန်းပို့ချရေး (Hpyen Sharin Shakyang gawknu) ခမ်းမတွင် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။


အဆိုပါ အခြေခံ စစ်သင်တန်းကို ယခင်က သင်ကြားမှုကာလ ရက်ပေါင်း ၆၀ ကန့်သတ်ထားရာမှ ယခုအခါ ရက်ပေါင်း ၉၀ အထိ တိုးမြှင့်၍ ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်များကပြောသည်။

“ကျောင်းသင်တန်း ကာလ ရက်ပေါင်း များတာနဲ့ နည်းတာ အလွန်အင်မတန်ကွာပါတယ်။ တလောကမှ ဆင်းသွားတဲ့ ၄၅ ရက်သင်တန်းကျောင်းသားတွေနဲ့ ရက်ပေါင်း ၆၀ ဆင်းတဲ့ ကျောင်းသားများ လှုပ်ရှားမှု၊ နာခံမှု၊ ရုပ်သွင်ပြင်ကို ကြည့်ပြီး တိုးလိုက်တာဖြစ်တယ်” ဟု KIA စစ်ဗိုလ်တစ်ဦးက ပြောသည်။

ထိုသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၄င်းအခြေခံစစ်သင်တန်းဆင်းသူများသည် သက်ဆိုင်ရာစစ်ဌာန အသီးသီးများသို့ ဆက်လက် စစ်မှုထမ်းဆောင်သွားရန်ဖြစ်ပြီး အသက်ရွယ်အားဖြင့် လူငယ်၊ လူလတ်နှင့် လူကြီးပိုင်းဖြစ်ကြပြီး သင်တန်းတွင် လူသစ်များအပြင် စစ်မှုထမ်းနေဆဲ သင်တန်း မရသေး သောသူများလည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားတစ်ဦးပြောသည်။

“ကျွန်တော်တို့က အခြေခံစစ်သင်တန်းကျောင်းဆင်း သူတွေဖြစ်တဲ့အတွက် ရိုးရိုး သာမန်ပြည်သူ တွေနဲ့မတူ တော့ဘူး။ အမျိုးနဲ့ဇာတိဂုဏ်ကို ကာကွယ်ဖို့၊ တိုင်းပြည်ကိုချစ်မြတ်နိုး ကာကွယ်ဖို့တာဝန် ရှိသွားပြီ” ဟုပြော သည်။

ကျောင်းဆင်းပွဲအခမ်းအနားတွင် G-1 (Lat Du Up Jum) ဒုဗိုလ်မှူးကြီး ဇော်ဆိုင်း မှ အမှာစကား ပြောကြားသွားပြီး ထူးချွန်သော ကျောင်းသား/သူများအား ဂုဏ်ပြု အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းများပြုလုပ်သွားခဲ့သည်။

အဆိုပါ အခြေခံစစ်သင်တန်းတွင်တက်ရောက်သူများသည် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ကျိုင်းတုံ ဒေသများမှဖြစ်ကာ သင်တန်းသား ၁၀၁ ယောက်၊ သင်တန်းသူ ၉ ယောက်နှင့် စုစုပေါင်း ၁၁၀ ယောက် ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်များကြား ယခုချိန် ကချင်ပြည်နယ်အတွင်း တင်းမာမှုများ လျော့လာကာ တိုက်ပွဲများငြိမ်လာသောအချိန်ဖြစ်သော်လည်း ရှမ်းပြည်နယ်ဖက်တွင်မူ နှစ်ဖက်ပဋိပက္ခများ ဆက်လက်ရှိနေချိန်လည်းဖြစ်သည်။

ယခုလို KIO မှ စစ်သင်တန်းများ အကြိမ်ကြိမ် ပို့ချပေးနေခြင်းအားဖြင့် တပ်ဖွဲ့အတွက် အားကြီးစေ သော်လည်း တစ်ဖက်တွင် တိုက်ပွဲစတင်ဖြစ်ပွားလာချိန်ကစ၍ လက်နက်ကိုင်တပ်များ၏ တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာအဖြစ်အသုံးပြုမှုများ ရင်ဆိုင်နေရသော ကချင်လူထုအတွက်မူ ယခုချိန်ထိ စိုးရိမ်ကြောက်လန့်မှုဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်မှ ၃၀ ထိ ၃ ရက်တာ ကျင်းပခဲ့သော အစိုးရနှင့် KIO ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် လိုင်ဇာမြို့မှတက်ရောက်လာသော KIO ကိုယ်စားလှယ်များကို လူထုက အားရ၀မ်းသာ ကြိုဆိုမှုများရှိသကဲ့သို့ အချို့သောရှမ်းတိုင်းရင်းသား တစုမှာ တပ်သားစုဆောင်းမှုရပ်တန့်ရန် အပါအ၀င် ဆန္ဒပြတောင်းဆိုမှုအချို့ရှိခဲ့ကြောင်း ဒေသခံများပြောသည်။

ကချင်ပြည်နယ်တွင်နေထိုင်သော ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ထိုကဲ့သို့ တောင်းဆိုမှုများ ဖြစ်ပေါ်လာပြီး တချိန်ထဲ၌ပင် KIO အားဆန္ဒပြသည့် သတင်းများထွက်ပေါ်နေသောကြောင့် အချင်းချင်း အငြင်းပွား စရာဖြစ်လာစေမည့် ဖန်တီးသူများသတိထားစရာဖြစ်လာသည်ဟုလည်း အဆိုပါအဖြစ်အပျက် ကို လေ့လာအကဲခတ်နေသည့် လူထုဖက်မှလည်း ပြောဆိုဝေဖန်နေကြသည်။

Credit : http://abbsoluteright.blogspot.com/2013/06/kio_4.html

တစ်မိနစ်လျှင် ၅၀ ကျပ်ပေးဆောင်ရသည့် မိုဘိုင်းဖုန်းအသုံးပြုခကို လျှော့ချပေးမည်



လက်ရှိ ကောက်ခံနေသည့် မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုသည်မှာ များပြားမှု ရှိနေကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာ များ ယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်လာသည့် အခါတွင် မိုဘိုင်းဖုန်း အသုံးပြုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။ “Air Time တစ်မိနစ် ၅၀ ကျပ်ဆိုတာ များနေတယ်။ ဒါကို လျှော့ပေးရမယ်။ အဆောက်အဦး ဆောက်သ လိုပဲ နေ့ချင်း ညချင်းတော့ ဖြစ်မလာဘူးပေါ့။ တစ်မိနစ် ၅၀ ကျပ်ဆိုတာ လျော့သွား မယ။် အော်ပရေတာတွေက သူတို့ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပဲ။


အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ၊ ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာလေ။ ဈေးကြီးကြီးတောင်းနေရင် မတောင်းရဘူး လို့ ပြောပေး မယ် ဗျာ။ မြန်မြန်မရဘူးဆိုရင် မြန်မြန်ရဖို့ ပြောပေးသွားမယ်ဗျာ”ဟု ဒုတိယ၀န်ကြီးက မီဒီယာများ သို့ ပြောသည်။ အော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် လာမည့် ၂၀၁၅ ခုနှစ်၌ ဆက်သွယ်ရေး ကဏ္ဍများသည် များစွာ ပြောင်းလဲသွားမည်ဟုလည်း ၄င်းက ဆိုခဲ့သည်။ 

ပြိုင်ဆိုင်မည်ဟူသော အော်ပရေတာ လေးခုအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေတာတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထားသည့် အော်ပရေတာ လေးခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် Internet ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

လူထု ခေါင်းရှောင် ဟာဂျီ ဒေါ်စု ဘာလုပ်နေလဲ...



မလေးရှားမှာ လူနည်းစု ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အရိုက်ခံရတာကို လူနည်းစုတွေကို စာနာတတ်တဲ့ ဒေါ်စုရဲ့ ပါးစပ် က လုံးဝ အသံမထွက် ပါလား...။


လောလောဆယ် ၂ ယောက်ဆုံးသွား ပြီး ၃ယောက် အတွင်းလူနာဖြစ်နေ တယ်လို့  အလဲဗင်း မှာ ဖော်ပြထားပါ တယ် ။

ဒါပေမယ့် မြန်မာပြည်ထဲက မူဆလင် တွေ ဘယ်လောက်ပဲ ဆိုးသွမ်းကြ ပေမယ့် ဂရုမစိုက်ပဲ မူဆလင်တွေ သနားဖို့ ကောင်းကြောင်း ၊ လူနည်းစုဖြစ်ကြောင်းထပ်တလဲလဲပြောခဲ့တဲ့ ဒေါ်စု တစ်ယောက် အင်ဒိုနီးရှားမှာ မြန်မာ၁၀ ယောက် သတ်ခံရ ပြီး ခုမလေးရှားမှာ အလုပ်သွားလုပ်တဲ့  ရိုးသားတဲ့ မြန်မာ ၂ယောက်သေ ၃ယောက် ဒဏ်ရာ ရ ဖြစ်နေတာကို ခုချိန်ထိ သနားဖို့ ကောင်းကြောင်း ၊ တတ်နိုင်သလောက်ကူညီပေးဖို့  ဘာသံမှ ထွက်လာတာမတွေ့ ရသလို ၈ပူးတို့  အဖွဲ့ တွေကလည်း ဘာသံတစ်ခုမှ ထွက်လာတာ မတွေ့ ရပါဘူး..။

ကုလားတွေဘက်က ရဲရဲတောက် အမာခံလုပ်နေပြီး မြန်မာတွေဘာဖြစ်ဖြစ် လျှစ်လျှူရှုထားတာဟာ ဒေါ်စုကြည်နဲ့ ၈ ပူးတွေ ကို ဘာကြောင့်လဲ လို့  သာမေးချင်မိတော့တယ် ။

From: ဦး ဖာ

Credit : http://www.mmdailystar.com/2013/06/blog-post_2192.html

ဒေါ်စု ဘယ် ဘာသာဝင်လဲ


Photo: ဒေါ်စု ဘယ် ဘာသာဝင်လဲ

ကျွန်တော်တို့ လူထုခေါင်းဆောင် ဒီမိုကရေစီ အိုင်ကွန်လို့ သတ်မှတ်ခဲ့တဲ့ ဒေါ်စု တစ်ယောက် ယခုနောက်ပိုင်း ( နေအိမ်အကျပ်ချုပ်မှ လွတ်ပြီးနောက်ပိုင်း ) လွှတ်တော် အမတ် ဖြစ်လာသည့်အချိန်မှစ၍ ကျွန်တော်တို့ နိုင်ငံသား ပြည်သူတွေ အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ ဘာလုပ်ပေးမလဲ ဘယ်လိုရပ်တည်ပေးမလဲ လို့ မျှော်လင့်ချက်နဲ့ စောင့်စား ခဲ့ရတာကြာပါပြီ။

ရခိုင်ကိစ္စတွင် လူနည်းစု ကို လူများစု ကအနိုင်မကျင့် ပါနှင့် ဟုဆိုကာ ကုလားများ ဘက်ကရပ်တည်ခဲ့သည်။

ကချင်ပြဿနာတွင် ၀င်ရောက် ဖြေရှင်းခြင်း မရှိ။ လက်ရှောင်သည် ။

ဘဂီလီများ တစ်အိမ်ထောင် ကလေးနှစ်ယောက်မူ အား လူ့အခွင့်ရေးဘန်းပြပြီး ဘင်္ဂလီတို့ ဘက်မှ ပေါ်တင် ရပ်တည်ခဲ့သည်။ ရခိုင် တိုင်းရင်းသားတို့၏ ဒုက္ခနှင့် မြန်မာနိုင်ငံ ၏ ရေရှည် ရပ်တည်ရေး ကို မစဉ်းစား ။

ယခုနောက်ဆုံး မလေး တွင်ဖြစ်ပွားနေသော ကိစ္စရပ်များတွင် မြန်မာနိုင်ငံသားများ ရိုက်နှက် ခံနေရသည်ကိုတော့ လူု့အခွင့်အရေး ဆိုသောအသုံးအနှန်း ၊ အားကြီးသူက အားနည်းသူကို အနိုင်မကျင့် ရ ဆိုသော အသုံးအနှန်းတို့ဖြင့် မလေး နိုင်ငံသားများအား ဝေဖန်သော အသံမထွက် ။

ထို့ထက် အံ့သြစရာကောင်းသည်များ ကိုပြောပါဆိုလျှင် နေအိမ်အကျယ်ချုပ် လွတ်ပြီး မန္တလေးသို့ လာသော ကာလကို ပြောချင်သည်။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် မည်သူမဆို မရောက်တာ ကြာပြီဆိုပါက မဟာမြတ်မုနိ ဘုရားကြီးသို့ ၀င်ရောက် ဖူးမျှော် သည်။ နိုင်ငံခြားသားများပင် လာရောက်လေ့လာကြသည်။ သို့သော် နေအိမ်အကျယ်ချုပ်နှစ် ၂၀ ခန့်နေခဲ့ရသော ဒေါ်စု မ၀င် ။ ထူဆန်းပါ ဘိ ။

လက်ပန်းတောင်း တောင် ကိစ္စများနှင့် မုံရွာသို့သွားသည် ။ တန်ခိုးကြီး ဘုရားများ သို့ သွားရောက် ဖူးမျှော်သည်ဟု မကြားဘူး ။ ထိုင်းနိုင်ငံ သို့ ခနတာသွားရောက်စဉ်က တော့ ဒုက္ခသည် စခန်းများသို့ တကူးတက သွားရောက် အမှတ်ယူသည်။

အလှုအတန်းများ မည်သို့ ပြုလုပ်သည် ဟု လဲ တခါမျှ မကြားရ ။

ယခုလက်ရှိ ဖြစ်ပျက်နေသော ပြဿနာများတွင် ဒေါ်စု ၏ရပ်တည်မှု နှင့် အခြေအနေ အကြောင်းကြောင်း အရ မေးရန် မေးခွန်း တစ် ခုသာ ကျန်တော့သည်။

ဒေါ်စု ဘယ် ဘာသာကို ကိုးကွယ်ပါသလဲ ???????

ဒီခေတ်လူ

ကျွန်တော်တို့ လူထုခေါင်းဆောင် ဒီမိုကရေစီ အိုင်ကွန်လို့ သတ်မှတ်ခဲ့တဲ့ ဒေါ်စု တစ်ယောက် ယခုနောက်ပိုင်း ( နေအိမ်အကျပ်ချုပ်မှ လွတ်ပြီး နောက်ပိုင်း ) လွှတ်တော် အမတ် ဖြစ်လာသည့် အချိန်မှစ၍ ကျွန်တော်တို့ နိုင်ငံသား ပြည်သူတွေ အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ ဘာလုပ်ပေးမလဲ ဘယ်လိုရပ်တည်ပေးမလဲ လို့ မျှော်လင့်ချက်နဲ့ စောင့်စား ခဲ့ရတာကြာပါပြီ။


ရခိုင်ကိစ္စတွင် လူနည်းစု ကို လူများစု ကအနိုင်မကျင့် ပါနှင့် ဟုဆိုကာ ကုလားများ ဘက်က ရပ်တည်ခဲ့ သည်။

ကချင်ပြဿနာတွင် ၀င်ရောက် ဖြေရှင်းခြင်း မရှိ။ လက်ရှောင်သည် ။

ဘဂီလီများ တစ်အိမ်ထောင် ကလေးနှစ်ယောက်မူ အား လူ့အခွင့်ရေးဘန်းပြပြီး ဘင်္ဂလီတို့ ဘက်မှ ပေါ်တင် ရပ်တည်ခဲ့သည်။ ရခိုင် တိုင်းရင်းသားတို့၏ ဒုက္ခနှင့် မြန်မာနိုင်ငံ ၏ ရေရှည် ရပ်တည်ရေး ကို မစဉ်းစား ။

ယခုနောက်ဆုံး မလေး တွင်ဖြစ်ပွားနေသော ကိစ္စရပ်များတွင် မြန်မာနိုင်ငံသားများ ရိုက်နှက် ခံနေရသည်ကိုတော့ လူု့အခွင့်အရေး ဆိုသောအသုံးအနှန်း ၊ အားကြီးသူက အားနည်းသူကို အနိုင်မကျင့် ရ ဆိုသော အသုံးအနှန်းတို့ဖြင့် မလေး နိုင်ငံသားများအား ဝေဖန်သော အသံမထွက် ။

ထို့ထက် အံ့သြစရာကောင်းသည်များ ကိုပြောပါဆိုလျှင် နေအိမ်အကျယ်ချုပ် လွတ်ပြီး မန္တလေးသို့ လာသော ကာလကို ပြောချင်သည်။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် မည်သူမဆို မရောက်တာ ကြာပြီဆိုပါက မဟာမြတ်မုနိ ဘုရားကြီးသို့ ၀င်ရောက် ဖူးမျှော် သည်။ နိုင်ငံခြားသားများပင် လာရောက်လေ့လာကြသည်။ သို့သော် နေအိမ်အကျယ်ချုပ်နှစ် ၂၀ ခန့်နေခဲ့ရသော ဒေါ်စု မ၀င် ။ ထူဆန်းပါ ဘိ ။

လက်ပန်းတောင်း တောင် ကိစ္စများနှင့် မုံရွာသို့သွားသည် ။ တန်ခိုးကြီး ဘုရားများ သို့ သွားရောက် ဖူးမျှော်သည်ဟု မကြားဘူး ။ ထိုင်းနိုင်ငံ သို့ ခနတာသွားရောက်စဉ်က တော့ ဒုက္ခသည် စခန်းများသို့ တကူးတက သွားရောက် အမှတ်ယူသည်။

အလှုအတန်းများ မည်သို့ ပြုလုပ်သည် ဟု လဲ တခါမျှ မကြားရ ။

ယခုလက်ရှိ ဖြစ်ပျက်နေသော ပြဿနာများတွင် ဒေါ်စု ၏ရပ်တည်မှု နှင့် အခြေအနေ အကြောင်းကြောင်း အရ မေးရန် မေးခွန်း တစ် ခုသာ ကျန်တော့သည်။

ဒေါ်စု ဘယ် ဘာသာကို ကိုးကွယ်ပါသလဲ ???????

From: ဒီခေတ်လူ

http://www.mmdailystar.com/2013/06/blog-post_3213.html

ဒေါ်စု တာဝန် ယူကြရန် လိုနေသည်

ရှေးဦးစွာ ကျွန်တော်တို့  ဆွေးနွေးတင်ပြတာကို သုံးသပ်ကြည့်ပါမည် ။ သတင်းဋ္ဌ့ာန၏ အသုံးမကျမှုနှင့် NLD -ကိုမဲမပေးရေးဆိုတဲ့  ဆောင်းပါးကို ကျွန်တော်တင်ပြခဲ့ ပါပြီ ။ ဒုတိယဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ ဆိုတဲ့  ဆောင်းပါးကို တင်ပြခဲ့ သည် ။ ထို့ ကြောင့် ကျွန်တော်၏ ဆောင်းပါးများအပေါ် ထင်မြင်ချက်ပေးခဲ့ ကြသူများ၏ သဘောဆန္ဒများကို တွေ့ မြင်ခွင့်ရရှိသောကြောင့် အလွန်ကျေးဇူး ဥပကာရ တင်ရှိပါသည် ။ ၄င်းတို့ အထဲမှ တဦးစနှစ်ဦးစကသာ ဝေဖန်ထောက်ပြသည်ကို တွေ့ ရသည် ။ ယခုနောက်ဆုံး ဤဆောင်းပါးကို ရေးသည့်အချိန်ထိ တောင်ကုတ်မှ မင်းအောင်ဆိုသော -NLD -အဖွဲ့ ဝင် တဦး၏ ရေးသားချက်ကို ကြည့်ပြီးနောက် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည် ။


ကျွန်တော် ရှေးဦးစွာ ရေးသားသော သတင်းဋ္ဌါန၏ အသုံးမကျမှု ဆိုသော ဆောင်းပါးလို ယခုလည်းသတင်းဋ္ဌါန၏ ယုတ်မာမှု ကောက်ကျစ်မှု ရှိလေမည်ဟု တထစ်ချ စွပ်စွဲပြောလိုသည် ။ မြန်မာပိုင်းဆိုင်ရာ လွှင့်ထုတ်နေသော သတင်းဋ္ဌါနများသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး စာရင်း၌ မရှိသော လူမျိုးကို မြိန်ရေယှက်ရေ လွှင့်ထုတ်နေကြဆဲဖြစ်သည် ။ သတင်းထောက်များက ၄င်းတို့  လူမျိုးကို အမည်တပ်၍ သတင်းမရေးပို့ သည့်တိုင်အောင် ၀ါရှင်တန်မှာ ပြန်လည်ပြင်ဆင်ပြီး ဖြည့်စွက်ကာ ရေးသားလွှင့်ထုတ်ကြသည်ကို ကျွန်တော်သိရှိပါသည်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ညီလာခံတွင် သတင်းထောက်သည် သူမေးသောမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်အား သေသေချာချာ ကြားစေပြီး မေးခွန်းများ မေးလေသလားဆိုသည်ကို မသိရ ။ သို့ သော် ၄င်းသတင်းထောက်က သတင်းထုတ်လွှင့်သည့်အခါတွင် ( မောင်တောမြို့ နယ်-ဘူးသီးတောင်မြို့ နယ် ရှိ ရိုဟင်ဂျာမိသားစုထဲတွင် မိသားစု တစုလျှင် ခလေး-၂-ဦး ) ဟု လွှင့်ထုတ်သွားသည်ကို သူ့ အသံဖြင့် ကြားနေမြင်နေရပါသည် ။ သို့ ဖြစ်၍ သတင်းထောက်မှ ပို့ သော သတင်းကို ၀ါရှင်တန်ရုံးမှ တည်းဖြတ် ပြင်ဆင်ခြင်း မဟုတ်သည်ကို ကျွန်တော်တို့  မျက်ဝါးထင်ထင် သိမြင်ကြရပါသည် ။ ဤသို့ လွှင့်ထုတ်သည်ကို ( မင်းအောင်-တောင်ကုတ် ) ဆိုသော -NLD- အဖွဲ့ ဝင်တဦးက မည်သည့်အတွက်ကြောင့် ပြည့်ပြည့်စုံစုံ နားမထောင်ဘဲ ဖြေရှင်းရေးရပါသနည်း ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထောက်ပြနေကြ၍ မိမိတို့  ပါတီမှ ဖြစ်နေသောကြောင့် တုန့် ပြန်ဖြေရှင်းမည်ဆိုလျှင်လည်း သမာသမတ်ကျအောင် ဖြေရှင်းနိုင်စွမ်း ရှိစေချင်ပါသည် ။

ဤနေရာ၌ ကျွန်တော်သည် သတင်းဋ္ဌါနတခု၏ လွှင့်ထုတ်ချင်တိုင်းလွှင့်ထုတ် ရေးသားချင်တိုင်းရေးသားနေကြသည်ကို အဓိကပြောဆိုရေးသားနေသူဖြစ်သည် ။ မီဒီယာဥပဒေကိုလည်း တိတိကျကျ ဖြစ်စေရန် တင်ပြရေးသားနေသူလည်းဖြစ်သည် ။ ဥပမာအားဖြင့် အမေရိကနိုင်ငံတွင် သမ္မတ ဘားရက်အိုဘားမားကို ဟာသပုံများဖြင့် ခလေးတွေလို ဆံပင်အရှည်နှင့် ပြသသော ပုံများကို အိုဘားမားပြောနေသည့် သတင်းတွင်ပင် ထုတ်လွှင့်ပြသသည် ။ ၄င်းပုံကို အိုဘားမားကလည်း မြင်သည် ။ မိန်းမဖြစ်သူ -First Lady- ကလည်းမြင်သည် ။ နောက်အမေရိကပြည်ထောင်စုတွင် သရော်ပုံများဖြင့် ဟာသသတင်းထုတ်လွှင့်သူက အိုဘားမားကို မည်သည့်အတွက်ကြောင့် လူတကာဆီ အီးမေး ပို့ နေရသလဲ- ဖဲရိုက်ဖို့ လိုလို့ လား ဆိုပြီး အိုဘားမားမျက်နာကို ကြည့်၍ ဟာသလုပ်ကာ မေးမြန်းခန်း ပြပါသည် ။ အိုဘားမားကို တည့်တည့်ကြည့်ကာ မေးမြန်းသောကြောင့် သမ္မတဇနီးမောင်နှံလည်း ရယ်ကြ-တီဗွီပရိတ်သတ်ဖြစ်သော ကျွန်တော်တို့ လည်း ရယ်ကြရသည် ။

အိုဘားမားက အမေရိကပြည်ထောင်စုမှာ ရှိသောလူများထံသို့  အီးမေးပို့ ကာ ရံပုံငွေ ကောက်ခံတတ်သည် ။ မနေ့ ကပင် ကျွန်တော့်ထံသို့ လည်း အိုကလာဟိုးမားသို့  သူရောက်နေသည်ဖြစ်ကြောင်းနှင့် မုန်တိုင်းတိုက်ခိုက်ခံနေရသော ပြည်သူများအတွက် အလှူငွေလိုပါကြောင်း အီးမေးရောက်လာသည် ။ ယင်းသို့  အလှူငွေ လို၍ အီးမေးပို့ သည်ကို ဖဲရိုက်ဖို့ လိုလို့ လား ဆိုပြီး ဟာသလုပ်ကာ ပြောသောစကားကို ဘားရက်အိုဘားမားမှာ ရယ်ကာမောက ကြည့်ပြီး နားထောင်နေခဲ့ သည် ။

ကျွန်တော်ပြောချင်သည်မှာ မီဒီယာတွင် စည်းကမ်းဥပဒေဆိုသည်မှာ ရှိရမည်ဖြစ်သည် ။ ယခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ညီလာခံတွင် သတင်းထောက်တဦးက ထုတ်လွှင့်သောသတင်းမှာ မြန်မာနိုင်ငံ၌ မရှိသော လူမျိုး တမျိုး၏ မိသားစုဆိုပြီး နာမည်ထုတ်ဖေါ်ခြင်းက ပြသနာဖြစ်သည် ။ ဤသည်မှာ အဓိကအချက်ဖြစ်သည် ။ ( ဤအချက်ကို လူထုတွေက လက်မခံနိုင်ကြ ) --ကျွန်တော်တို့ သည် သမ္မတဦးသိန်းစိန်၏ တရားဝင်ကြေညာထားချက်ကို လက်ခံထားသူဖြစ်သည် ။ နယူးယောက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ ဆက်ဆံရေးအင်အားဦးစီးဋ္ဌာန ၀န်ကြီးဦးခင်ရီကို မီဒီယာများက ယင်းကဲ့ သို့  မရှိသောလူမျိုးကို လွှင့်ထုတ်ရေးသားနေခြင်းအပေါ် တားဆီးပိတ်ပင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ သည် ။ ၀န်ကြီးဦးခင်ရီက မီဒီယာများက ယင်းသို့ ရေးသားထုတ်လွှင့်နေမှုအပေါ် အရေးယူရန် ပြုလုပ်ရတော့မည်ဟု ပြောဆိုခဲ့ သည် ။

ကျွန်တော်ဖြစ်စေချင်သည်မှာ ဤသို့ မီဒီယာများက ရေးသားထုတ်လွှင့်နေခြင်းကို အစိုးရမှ တိတိကျကျ ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည် ။ ပြည်သူ့ လွှတ်တော်မှသည်၎င်း ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌါနမှသည်၎င်း မီဒီယာများကို ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်လိုသည် ။ မီဒီယာများကို လွှတ်ပေးချင်သလို လွှတ်ပေးထားပြီး ဖြစ်လာလျှင် ဘယ်သူ့ ခြေထိုး ဘယ်သူ့ ခေါင်းပုတ်နှင့် ပြီးစလွယ် ပြုလုပ်ရန် မသင့် ။ ယခုအချိန်တွင် လူမျိုးရေးပဋိပက္ခများ-ဘာသာရေးအသွင်အားယူနေသော ပဋိပက္ခများကို အစိုးရသည် လုံခြုံရေးအင်အားစုကို အသုံးချ၍ တားဆီးရမည်ဖြစ်သလို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မီဒီယာဥပဒေဖြင့် ထိမ်းကွပ်ရန်အတွက် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးကိုသာ အမည်ဖေါ်ထုတ်ရေးသား ထုတ်လွှင့်ရန်လိုကြောင်း တိတိကျကျ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်သာရှိသည် ။

သတင်းဋ္ဌါနများနှင့် သတင်းထောက်များတို့ ကလည်း မေးခွန်းတခြား အဖြေတခြားကို အချိန်အားသည့်အခါ ပြင်ဆင်ဖြည့်စွက်ပြီး သတင်းထုတ်လွှင့်တတ်ကြသည် ။ ထို့ ကြောင့် အင်တာဗျူးပြုလုပ်ပြီး ဖြေကြားသူများကလည်း မည်သည့်အကြောင်းအရာများကို မေးမြန်းခြင်းနှင့် အခြားမည်သည့်အကြောင်းအရာများဖြင့် သတင်းမှား မပြုလုပ်ရန် ကြိုတင်တားမြစ်ထားရန်လိုသည် ။ ကျွန်တော်တို့ သည် အချိန်ပေါင်းများစွာ ရေဒီိယိုသတင်းထောက်များဖြင့် အင်တာဗျူးပြုလုပ်ခဲ့ သလို ရေဒီယိုသတင်းထောက်များနှင့်လည်း လက်ပွန်းတတီး နေကြသူများဖြစ်သည် ။ သို့ ဖြစ်၍ သတင်းထောက်များ၏ ညဉ်ဆိုးညဉ်ယုတ် အကျင့်ဆိုးတွေကို အူမချေးခါးကအစ သိရှိပြီးဖြစ်သည် ။

မည်သို့ မျှ မဟပ်စပ်ပါဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ညီလာခံမှ ပြန်ခါနီးဆဲဆဲ ဒေါ်အောင်ဆန်းစုကြည်အား မောင်တော-ဘူးသီးတောင်က မိသားစုတစုမှာ ခလေးနှစ်ယောက်ဘဲ ယူရမယ် ဆိုတာ ဘယ်လိုပါလဲ လို့  မေးလိုက်တာနှင့်ပင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေနှင့် လူ့ အခွင့်အရေးကိုသာ ပြောချလိုက်သည် ။ မေးခွန်းက မည်သို့ ခေါင်းစဉ်တပ်ပြီး မေးသည်ဟု သဘောပေါက်ချင်မှ ပေါက်မည်ထင်ရသည် ။ ပြန်ခါနီးဆဲဆဲ ပြောသော သတင်းထောက်သည် ယင်းဒေါ်အောင်ဆးန်းစုကြည်၏ စကားတခွန်းကို ကမ္ဘာကို တုန်လှုပ်စေရန် ထုတ်လွှင့်ရေးသားလိုက်ခြင်းဖြစ်သည် ။ 

ထို့ ကြောင့် ဤနေရာ၌ သတင်းထောက်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်ခေါင်းစဉ် တပ်ပြီး မေးမြန်းခဲ့ သည် -သို့ မဟုတ် ဒေါ်အောင်ဆန်းစုကြည်က ယင်းခေါင်းစဉ်အား သိရှိခဲ့ သည် သို့ မဟုတ် မသိရှိခဲ့ ဆိုသည်ကို ဖြေရှင်းရန်လိုသည်ဟု ထင်သည် ။

ဤသို့ ပြသနာဖြစ်နေသည်ကို ဖြေရှင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း ဆောင်ရွက်သင့်သည် ။ ကျွန်တော်တို့ သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စုပြုံပြီး ဝေဖန်ထောက်ပြနေသည် မဟုတ်ချေ ။ ပထမဦးစွာ အစိုးရမှ မီဒီယာများအား သတင်းစာရှင်းလင်းပွဲဖြင့် ပြုလုပ်ကာ တိကျသောလမ်းညွှန်မှုကို ချပြခြင်း ၊ ဒုတိယအနေဖြင့် သတင်းထောက်တွင်လည်း မည်သည့်ခေါင်းစဉ်ဖြင့် မေးမြန်းခဲ့ သည်ကို ဖြေရှင်းခြင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလည်း တာဝန်ရှိစွာ ဖြေရှင်းခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း ထောက်ပြနေခြင်းဖြစ်သည် ။

ဤသည်မှာ မီဒီယာများ၏ မဆင်မခြင်မှုများအပေါ် မည်သို့ မည်ပုံ အရေးယူဆောင်ရွက်ရန် တင်ပြချက်များဖြစ်သည် ။ နောက်တချက်မှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထောက်ကို ဖြေဆိုချက်နှင့် ပတ်သက်နေသည် ။ သတင်းထောက်၏ ခေါင်းစဉ်ကို မသိခဲ့ ၍သော်၎င်း-သိ၍သော်၎င်း ၄င်းဘာသာရပ်ကို မကျွမ်းကျင်ဘဲ မလေ့လာဘဲနှင့် ဖြေဆိုခဲ့ သည်မှာ လွန်စွာမှ စိုးရိမ်စရာဖြစ်သွားပြီ ။ ဒေါ်အောင်ဆန်းစုကြည်၏ စကားတခွန်းရလျှင် ဖြည့်စွက်ရေးသား ပြောဆိုနေကြသော အချိန်အခါဖြစ်ရာ ယခုမျက်မှောက်ကာလ၌ ဘင်္ဂလားဒေ့င်္ရနိုင်ငံထုတ် သတင်းစာများတွင် ၄င်းသတင်းများကို ဝေေ၀ဆာဆာ ရေးသားဖေါ်ပြနေကြပြီ ။ ထိုင်းနိုင်ငံ-အိန္ဒိယနိုင်ငံတို့ မှ ယင်းလောက်စကားကို သတင်းအဖြစ် မဖေါ်ပြကြသေး ။ မည်သည့်အတွက် ဘင်္ဂလားဒေ့င်္ရနိုင်ငံ ထုတ်သတင်းစားများတွင် ဖေါ်ပြနေကြရသလဲ ။ ဤသည်မှာ စဉ်းစားစရာဖြစ်နေပြီ ။

အမေရိကန်ပြည်ထောင်စုမှလည်း မိသားစုတစုလျှင် ခလေးနှစ်ယောက်ထက် မယူရဆိုသော အမိန့် သည် လူ့ အခွင့်အရေးကို ချိုးဖေါက်သောကြောင့် ၄င်းအမိန့် အား ပိတ်ပင်ပေးရန် တောင်းဆိုနေတော့ပြီ ။ အမေရိကပြည်ထောင်စုမှ ဒေါ်အောင်ဆန်းစုကြည် ပြောသောစကားအတိုင်း တောင်းဆိုသည်ဆိုခြင်းမှာ ၄င်းတို့ အဖွဲ့ အစည်းက သမိုင်းလိမ်ဘင်္ဂလီလူမျိုးများအတွက် လော်ဘီလုပ်နေခြင်းကြောင့်ဖြစ်သည် ။

နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သော- နိုဘယ်ငြိမ်းချမ်းရေးခေါင်းဆောင် တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် စကားတခွန်းပြောလျှင် ယင်းစကားတခွန်းသည်ပင် ကမ္ဘာ့မျက်နာစာမှာ လွှမ်းမိုးသွားသည် ။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို တွက်ချက်လျှင် မည်သည့်ကောင်းကျိုး ရှိလေမည် သို့ မဟုတ် မည်သည့်ဆိုးကျိုးရှိလေမည် ဆိုသည်ကို ကျွန်တော်တို့  ဆန်းစစ်ကြည့်ရသည် ။ အားလုံးကို ကောင်းပါသည်ဟု ကျွန်တော်တို့  မျက်စိမှိတ် ဇွတ်ယုံကြည်ပြီး လက်ညိုးထောင် ခေါင်းညိတ်လိုက်လျှင် ကျွန်တော်တို့  စိုးရိမ်သော အနောက်ဖက်တံခါးသည် တကယ်ပင် ကျိုးပေါက်လေမည်လားဆိုသော အသိတရားက ခြိမ်းခြောက်လာနေသည်ကို ခံစားနေရသည် ။ 

အနောက်ဖက်တံခါးကို မကျိုးပေါက်ရအောင် ရခိုင်လူမျိုးတို့ မှာ ထိမ်းသိမ်းကာကွယ်နေကြရသည်မှာ ကျားကုပ်ကျားခဲဖြစ်သည် ။ အနောက်ဖက်တံခါးပြသနာနှင့် ပြောကြဆိုကြပြီဆိုလျှင် နိုင်ငံရေးခေါင်းဆောင်များ- အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ လွန်စွာသတိထား ပြောဆိုရန် လိုအပ်ပါသည် ။ အကယ်၍ သတင်းထောက်များ-မိဒီယာများက ရေးသား လွှင့်ထုတ်နေသော ပုံစံအတိုင်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးထဲ မပါရှိသော လူမျိုးကို ထပ်မံဆက်လက်ရေးသား ထုတ်လွှင့်နေခြင်းသည်ပင် သူခိုးကို ဒါးရိုးကမ်းသည်ထက် လွန်စွာကြောက်မက်စရာဖြစ်နေသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော့်နေဖြင့် မျက်မုန်းကျိုးစရာ မလေးစားစရာလည်း မရှိချေ ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်၏ ဘာမှ မသိရှိဘဲ ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းအားဖြင့် ယင်းမသိရှိပါ ဆိုသော စကားကို ကမ္ဘာ့မီဒီယာများမှာ ရေးသားထုတ်လွှင့်နေကြပြီဖြစ်ရာ ကျွန်တော်ကား အပြောမတော် တခွန်း ဆိုသည်ကို ချက်ချင်း သတိရလိုက်ပါတော့သည် ။

ခိုင်အောင်ကျော် ( နယူးယောက် )

Credit : https://www.facebook.com/ukhaingaung.kyaw.7

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် “အသိအမှတ်ပြု”ရန် UWSA တောင်းဆို

လက်ရှိ နိုင်ငံ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ် ထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် ဝပြည် သွေးစည်း ညီ ညွတ်ရေး တပ်မတော် က ထပ်လောင်းတောင်းဆိုလိုက်သည်။


၎င်းတို့တွင် အစိုးရတရပ် ယန္တရားများ ပြည့်စုံနေပြီး အသိအမှတ်ပြုရန် နိုင်ငံတော်အစိုးရထံ တောင်းဆိုထား သော် လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားချက် တစုံတရာ မရှိသေးကြောင်း သိရသည်။

“ဝပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ်က ခွဲထွက်ဖို့ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်ကို လိုလားကြတာပဲ။ ကျနော်တို့က ပြသာနာ မရှာပါဘူး။ လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ ကျနော် တို့ ဝ က အစိုးရ ယန္တယားများ အားလုံး ရှိထားပြီးသားပါ။ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် အသိအမှတ်ပြုဖို့ကိုပဲတောင်းဆိုတာပါ” ဟု ဝပြည်နယ် ပြင်ပဆက်ဆံရေး ဌာနကြီး၊ ဒုတိယ ဌာနကြီးမှူး ဦးဆမ်ခွန်း က မဇ္ဈိမကိုပြောသည်။

၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့ နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ် ခရိုင် ဖွဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ် ဖော်ပြထားသည်။

မတ်လ အတွင်းက ကျင်းပခဲ့သည့် ရှမ်းနှင့်ကယား ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကွန်ဖရင့်တွင်လည်း ဝတပ်ဖွဲ့၏ သဘောထားအဖြစ် ပြည်နယ်တောင်းဆိုခဲ့ကြောင်း SHAN သတင်းတရပ်တွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ် အဆင့်သို့ တောင်းဆိုမှုတွင် အခြားသော တိုင်းရင်းသား လူမျိုးများ နည်းတူ အစိုးရနှင့် လက်တွဲ၍ ပြည်ထောင်စုအတွင်း အကျိုးတူ လုပ်ဆောင်မည် သို့မဟုတ် ၎င်း တို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အတွင်း၌ ၎င်းတို့ ကိုယ်တိုင် စီမံအုပ်ချုပ်မည် ဆိုသည်ကိုမူ ကွဲပြားစွာ မရှင်းလင်းသေးကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌ ဦးခူးရယ် ပိုလာ ဘော က ပြောသည်။

“လက်ရှိအခြေအနေမှာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့ တချို့တွေ ကို တော့ပေးဖို့ ခွင့်ပြုထားတဲ့ သဘောတွေ ပါပါတယ်။ ဝရဲ့ တောင်းဆိုချက်က ဘယ်လောက် လက်တွေ့ကျပြီး တော့ အခြေခံဥပဒေက ခွင့်ပြုမပြုဆိုတာ မပြောနိုင်သေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၌ အစိုးရ တပ်မတော် အင်အားပြီးလျှင် UWSA သည် ဒုတိယအကြီးဆုံး တပ်မတော် ဖြစ်ပြီး ဝ ဒေသအား လက်နက်ကိုင် ကျုးကျော်လာပါက နှိမ်နင်းမည်ဟုလည်း ဦးဆမ်ခွန်း က ပြောသည်။

“တပ်မတော်ပဲ ဖြစ်ဖြစ် တခြား အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျနော်တို့ ဒေသကို လက်နက်ကိုင်ပြီး ကျုးကျော် တယ်ဆိုရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မယ်” ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UWSA သည် စစ် သည် အင်အား ၃၀,၀၀၀ ခန့်နှင့် အ၇န်တပ်သား ၁၀,၀၀၀ ခန့်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ် ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

UWSA အနေဖြင့် လက်ရှိအချိန်ထိ လက်နက်ကိုင်ဆောင်မှုကို စွန့်လွှတ်မည် မဟုတ်ဘဲ ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ် ရရှိရန် ဆက်လက်စောင့်ကြည့် သွားမည်ဟု ဝပြည်နယ် ပြင်ပဆက်ဆံရေး ဌာနကြီး၊ ဒုတိယ ဌာနကြီးမှူး ဦးဆမ်ခွန်း က မဇ္စိမကို ပြောဆိုသွားသည်။

မဇ္ဈိမ သတင်းဌာန

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လ စတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။


လာမည့်လွှတ်တော် အစည်းအဝေးများတွင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို ကာကွယ်သည့် ဥပဒေ၊ ကုန်အမှတ်တံဆိပ် နှင့် ၀န်ဆောင်မှု အမှတ်တံဆိပ်ဥပဒေ၊ ကွန်ဒိုမီနီယမ်ဥပဒေ (စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာဥပဒေ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပဒေ၊ တီထွင်မှု အမှတ်တံဆိပ်ဥပဒေ၊ စက်မှုဒီဇိုင်းဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ ဘက်စုံ ပို့ဆောင်ရေးဥပဒေ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ Competation Law၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေတို့ကို ဆွေးနွေး အတည်ပြုမည် ဖြစ်သည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''အခုကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြု နိုင်အောင်လုပ်မယ်လို့ သိရပါတယ်။ ဒီထဲက တောင်သူလယ် သမားဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနဲ့ အသေးစား အလတ်စား ဥပဒေတွေက လက်ရှိလိုအပ်နေတယ်။

အထူးစီးပွားရေးဇုန် ဥပဒေကတော့ နိုင်ငံတော် သမ္မတကြီးက အလျင်အမြန် ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းနေတဲ့ ဥပဒေဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်မှ စုံစမ်းတွေ့ရှိထားသည့် အချက်အလက်များကိုလည်း လာမည့် လွှတ်တော်တွင် တင်သွင်းမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မရှင်ကိုလည်း လာမည့်လွှတ်တော် အစည်းအဝေး ကာလတွင် ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Eleven Media Group

သမ္မတမိန့်ခွန်း ယနေ့ ညနေ ထုတ်လွှင့်မည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FMပုဂံနှင့် သဇင်အသံလွှင့် ဌာနတို့မှ ဇွန်လ (၄)ရက်နေ့တွင် ညနေ (၆) နာရီ နှင့် ည (၈)နာရီတို့တွင် လည်းကောင်း ဇွန်လ (၅)ရက်နှင့် (၆)ရက်နေ့တို့တွင် နံနက် (၇)နာရီ၊ နေ့လယ် (၁၁) နာရီ၊ ညနေ (၆)နာရီနှင့် ည (၈)နာရီတို့တွင် တစ်ရက်လျင် (၄)ကြိမ်စီဖြင့် လည်းကောင်း ထုတ်လွှင့် သွားမည် ဖြစ်သည်။

ရေစကြိုက စာသင်ကျောင်း ပြိုကျ၊ ဆယ်ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယနေ့မနက် ၈နာရီခွဲခန့်က ကျောင်းဆောင် အစိတ်အပိုင်းတချို့ ပြိုကျသဖြင့် အနည်းဆုံး ကျောင်းသူကျောင်းသား ၁၃ ဦး၊ မိဘ ၁ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။


နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးပြီး ကျောင်းပြန်ဖွင့်သောနေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“ကျောင်းက တော်တော်ပျက်စီးနေတာ၊ ခု စာသင်ခန်းတွေရှေ့က ကော်ရစ်ဒါ ပြိုကျတာ” ဟု ဒဏ်ရာရရှိ သော ကလေးငယ်များကို ရေစကြိုမြို့နယ် ဆေးရုံသို့ လိုက်လံ ပို့ဆောင်ပေးသော ရွာဟောင်းဘုန်းကြီး ကျောင်းမှ ဆရာတော် ဦးဇ၀နက မိန့်ကြားသည်။

ရေစကြိုဆေးရုံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဒဏ်ရာရ ကလေးငယ်များ၏ အခြေအနေ စိုးရိမ် စရာမရှိကြောင်း၊ ဒီထက်ပိုမိုဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူတဦးက ပြောပြဆိုသည်။

စာသင်ကျောင်းကို ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ မတ်လ ၁၁ ရက်နေ့ စာတင်ထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ခွင့်မကျသေးကြောင်း ထိုကျောင်းမှ ဆရာဦးဝင်းလွင်၏ ပြောကြား ချက်အရသိရှိရသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာရေးလုပ်ငန်းများအတွက် ကျပ်သန်း ကိုးသိန်းကျော် တိုးမြင့် ရရှိကြောင်း၊ ပညာရေးအဆောက်အအုံများကို ပြင်ဆင်၊ ဆောက်လုပ်မှုတိုးမြှင့် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေးက ဧပြီ ၂၃ ရက်နေ့က ပြုလုပ်သည့် ပညာရေးနှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။

ဧရာဝတီ

ဟံသာဝတီလေဆိပ် စီမံကိန်းလုပ်ကိုင်ခွင့် လျှောက်ထားသည့် ပြည်ပကုမ္ပဏီသုံးခု နုတ်ထွက်

မြန်မာနိုင်ငံတွင် အကြီးဆုံး နိုင်ငံတကာလေဆိပ် ဖြစ်လာမည့် ဟံသာဝတီလေဆိပ်စီမံကိန်း လုပ်ကိုင်ခွင့် ရရန် လျှောက်ထားမှုအောင်မြင် သည့် ကုမ္ပဏီ ခုနှစ်ခုထဲမှ ပြည်ပကုမ္ပဏီ သုံးခု နုတ်ထွက် သွားပြီဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက The Voice သို့ ပြောကြားသည်။


လျှောက်ထားသူများတွင် နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ပွဲ ဝင်ရောက်ရန် အကြို အရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ ခုနစ်ခု အနက် ပြင်သစ်နိုင်ငံမှ Bouygues Batiment International ကုမ္ပဏီ၊ မလေးရှားနိုင်ငံမှ Gamuda-Crec Joint Venture ကုမ္ပဏီ၊ စင်ကာပူနှင့် အိန္ဒိယဖက်စပ် ကုမ္ပဏီ ဖြစ်သော ITNL International Pte,Ltd. တို့ သည် နောက်ဆုံးအဆင့်အတွက် တင်ဒါတင်ခြင်း မရှိတော့ကြောင်း ၎င်းကဆိုသည်။

အဆိုပါကုမ္ပဏီများသည် နည်းပညာ နှင့် ငွေကြေးလိုအပ်ချက်ရှိခြင်း၊ အခြားရင်းနှီးမြှုပ်နှံမှုကို ရရှိ သွားခြင်း၊ အမေရိကန် ဒေါ်လာတစ်သန်းခွဲ အကုန်ကျခံ၍ ဒီဇိုင်းရေးဆွဲခြင်း၊ တွက်ချက်ခြင်းများ ပြုလုပ်ပြီးမှ တင်ဒါ တင်ရခြင်း၊ လေဆိပ်ပြုလုပ်ရန် ကန်ဒေါ်လာ ၂ ဘီလီယံ ထပ်မံ အကုန်ကျ မခံနိုင်ခြင်း၊ ကုမ္ပဏီကြီးများနှင့် မယှဉ်နိုင်ခြင်း တို့ကြောင့် နုတ် ထွက်ခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လေယာဉ်ကွင်းစံချိန် စံညွန်းနှင့် စစ်ဆေးရေး ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

နောက်ဆုံးအဆင့် ရွေးချယ်မှုအတွက် ကုမ္ပဏီခုနစ်ခုကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထား ၍ တင်ဒါတင်ရန် ညွှန်ကြားထားခဲ့ပြီး စက်တင်ဘာလတွင် အပြီးသတ် ရွေးချယ်၍ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် နိုင်ငံတကာမှ ကုမ္ပဏီ ၇၄ ခု တင်ခဲ့ရာတွင် ကန့် သတ်ချက်များအရ ၃၀ သာ တင်နိုင်ပြီး အကြို အရည်အချင်းစစ်ကို အောင်မြင်သော ကုမ္ပဏီ ခုနစ်ခုမှာ Yongnam- CAPE- JGC Consortium၊ Taisei Corporation၊ Gamuda- Crec Joint Venture၊ Bouygues Batiment International၊ VINCI Airports၊ Incheon Airport Consortium တို့ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ယင်းစီမံကိန်းအတွက် ပဏာမ အကြိုအရည်အချင်းစစ်ရန် လျှောက်လွှာ များကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ လက်ခံခဲ့သည်။

The Voice Weekly

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိ သည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည် ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။


ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ် ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက် ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထား ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူး ပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်း အထန် ကြိုးစားလျက် ရှိသည်။

The Voice Weekly

ထိုင်း ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေ ရှာဖွေနေသော ထိုင်း နိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လေးကြိမ် မြောက် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြား သည်။


အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် အတူ ထိုင်း ထိပ်တန်း စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ပါဝင်မည် ဖြစ်ပြီး ထိုင်း-မြန်မာ ရင်းနှီး မြုပ်နှံမှု ဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် ထိုင်း ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ စီးပွားရေး ဆိုင်ရာ ဖိုရမ်တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ထံမှ သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်သည် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွား ရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း အစိုးရ နှင့် နီးစပ်သူများက ဆိုသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်စဉ်တွင် အီတာလျံ-ထိုင်းကုမ္ပဏီ က အကောင်အထည် ဖော်လျက်ရှိသော ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း တည်နေရာသို့ သွား ရောက် လေ့လာခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း၌ တတိယအများဆုံး ရင်းနှီး မြုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

The Voice Weekly

အဌမအကြိမ်မြောက် ကွန်ပျူတာ နှင့် မိုဘိုင်းလ် နည်းပညာပြပွဲ မုံရွာမြို့ ၌ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း နှင့် စစ်ကိုင်း တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်း ကျင်းပမည့် အဌမအကြိမ်မြောက် ကွန်ပျူတာ နှင့် မိုဘိုင်းလ် နည်းပညာပြပွဲ ကို မုံရွာ မြို့ ၊ မြို့တော်ခန်းမတွင် (၂၈.၆.၂၀၁၃) ရက်နေ့မှ (၃၀.၆.၂၀၁၃) ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၇ နာရီ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


၎င်းနည်းပညာပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ၏ အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုက်ရေး နှင့် အိုင်တီကဏ္ဍ ကို အထူး စိတ်ဝင်စားသော ကုန်ထုတ်လုပ်ငန်းရှင် များ ၊စီးပွားရေးလုပ်ငန်းရှင်များ ၊ မန်နေဂျာများ ၊ ကျောင်းသား ကျောင်းသူ များ ၊ လူငယ်များနှင့် ပြည်သူ လူထုတို့အား ကွန်ပျူတာ ပစ္စည်းများ ၊ ကွန်ပျူတာ ဆက်စပ်အပို ပစ္စည်းများ ၊ မိုဘိုင်းလ် ဟန်းဆက်များ နှင့် ကွန်ပျူတာ အသုံးချဆော့ဖ်ဝဲ နည်းပညာများကို တစ်နေရာ တည်း တွင် ကြည့်ရှု့ လေ့လာ ၊ ၀ယ်ယူနိုင်ရန် ရည်ရွယ်၍ စီစဉ်ပေးကြောင်း ဖြစ်သည် ဟု သိရသည်။

သို့ဖြစ်ပါ၍ ပါဝင်ပြသလိုသော ကုမ္ပဏီများအနေဖြင့်စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ( MCPA ) ရုံးခန်း ၊ အခန်းအမှတ် ( ၆ ) ၊အားကာတိုက်တန်း ၊ မုံရွာမြို့ ၊ ဖုန်း ၂၆၁၁၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။

Popular Myanmar News Journal

စစ်ကိုင်းသား နိုင်/ကတ်နံပါတ်ဘာသာခြားတစ်ဦးရရှိ

စစ်ကိုင်းသားတစ်ဦး ၁၉၉၂ က ရထားတဲ့ နိုင်/ကတ်နံပါတ်ကို အခြားကပြောင်းလာတဲ့ ဘာသာခြား တစ်ဦးက ၁၉၉၇ မှာ ထပ်မံရရှိထား


မေလအတွင်း ဒုတိယအ ကြိမ်မြောက် ကျပ်-၁၅၀၀ တန် တယ်လီဖုန်းများ မဲဖောက်ချထား ကြေညာသည့်အခါ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်တွင် တယ်လီ ဖုန်းမဲပေါက်သူတစ်ဦး၏ နိုင်ငံ သားစီစစ်ရေးကတ်ပြားအမှတ်နှင့် အခြားတယ်လီဖုန်းလျှောက်ထား သူ (တယ်လီဖုန်းမဲမပေါက်သူ) တစ်ဦး ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားနံပါတ်တို့မှာ တူညီနေ သဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ သွားရောက် ဖြေရှင်း ပေးနိုင်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မေလတတိယပတ်အတွင်းက ကျပ်-၁၅၀၀တန် တယ်လီဖုန်း ဆင်းကတ်များအား မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီမှ မဲနှိုက်ရွေးချယ် ချထားပေးခဲ့ပြီး သက်ဆိုင်ရာရပ် ကွက်ရုံးများတွင် တယ်လီဖုန်းမဲ ပေါက်သူများ၏ စာရင်းအား အ မှတ်စဉ်၊ အမည်၊ ရပ်ကွက်နှင့် နိုင် ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံ တင်) အမှတ်တို့နှင့်တကွ ကြေ ညာပေးခဲ့သည်။ 

ပန်းပဲတန်းရပ် ကွက်မှ တယ်လီဖုန်းလျှောက်ထား သူ ဦး—–သည် တယ်လီဖုန်းမဲ စာရင်းတွင် မိမိအမည်စာရင်းပါ၊ မပါကို ရပ်ကွက်ရုံးသို့ သွားရောက် ကြည့်ရှုသည့်အခါ တယ်လီဖုန်း မဲ ပေါက်သူစာရင်း အမှတ်စဉ် (—)တွင် မိမိ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားအမှတ် ၅/စကန(နိုင်) -၀၀၆— နှင့် အခြားသူတစ်ဦး မဲ ပေါက်နေသည်ကိုတွေ့ရှိသဖြင့် ရပ် ကွက် အုပ်ချုပ်ပေါ်မှူးထံသို့ သွား ရောက်အကြောင်းကြားတင်ပြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ နိုင် ငံသားစီစစ်ရေးကတ်ပြားနံပါတ်တူ နှင့် တယ်လီဖုန်းမဲပေါက်သူအား ခေါ်ယူမေးမြန်းစီစစ်ရာတွင် တစ် ရပ်ကွက်တည်းနေ၊ နိုင်ငံသားစီစစ် ရေးကတ်ပြားနံပါတ်တူ၊ နာမည်မ တူ လူနှစ်ဦးတို့ စီစစ်တွေ့ရှိခဲ့ ကြောင်း သိရသည်။ 

ဆက်လက် ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ သွားရောက်တင်ပြရာ တယ်လီ ဖုန်းမဲမပေါက်သူ ဦး—သည် ပန်း ပဲတန်းရပ်ကွက်တွင် မွေးဖွားနေ ထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် ပတ်သက် သည့် အမှုတွဲရှိသူဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—သည် အခြားမြို့ရွာမှ ပြောင်းရွေ့ လာသူ၊ ဘာသူခြားတစ်ဦးဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် ပတ်သက်သည့် အမှုတွဲမှာ စစ် ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး တွင် မတွေ့ရှိကြောင်း သိရသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြား အမှတ် ၅/စကန(နိုင်)-၀၀၆— အား ကိုင်ဆောင်ထားသူ၊ (တယ် လီဖုန်း မဲမပေါက်သည့်) ဦး—– သည် နိုင်ငံသားစီစစ်ရေးကတ် ပြားကို ၁၉၉၂ ခုနှစ်က ထုတ်ပေး ကိုင်ဆောင် ထားခြင်းဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—– သည် အခြားမြို့နယ်မှ ပြောင်း ရွေ့လာရောက် နေထိုင်ကာ နိုင်ငံ သားကတ်ပြားကို ၁၉၉၇ ခုနှစ်က ရရှိကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။ ယခုအခါ အခြားမြို့ ရွာမှ ပြောင်းရွေ့လာရောက်နေ ထိုင်သူ ဦး—နှင့် သက်ဆိုင်သည့် အမှုတွဲအား မူလပြောင်းရွေ့လာ သည့် မြို့နယ်(လ-၀-က)ရုံးသို့ သွားရောက်ရယူခိုင်းထားကြောင်း သိရသည်။

Credit : http://www.searchmyanmar.com/click/search/domain/hotnewsweekly.com