Wednesday, May 29, 2013

ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူများ ဆန္ဒထုတ်ဖော်မည်



တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင် ပန်းခြံမြေနေရာကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က သိမ်းယူပြီး ကွန်ဒိုအိမ်ရာ တည်ဆောက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီ ဥပဒေအရ ကြံ့ခိုင်ရေးပါတီကို အရေးယူဆောင်ရွက်ပေးရန် တောင်ဥက္ကလာ ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆို မည် ဖြစ်ကြောင်း သိရှိရသည်။


၁၉၉၂ ခုနှစ် နိုင်ငံရေး ပါတီအဖြစ် အသွင်မပြောင်းမီ ကြံ့ခိုင်ရေး အသင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို အသင်းမြို့နယ်ရုံး အဖြစ် ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့် မြေနေရာတွင် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု စတင်တည် ဆောက်နေကြောင်း၊ ထို့ကြောင့် အများပိုင်မြေကွက်ကို မတရားသိမ်းယူခဲ့သော ကြံ့ခိုင်ရေး ပါတီကို နိုင်ငံရေး ပါတီများ ဥပဒေနှင့် အရေးယူပေးရန် တောင်ဥက္ကလာပ ပြည်သူများက ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

“အများပိုင် ပန်းခြံမြေကို ကြံ့ခိုင်ရေးပါတီက သိမ်းတယ်။ အခု ကွန်ဒိုအိမ်ရာစီမံကိန်းကြီး ဆောက်နေပြီ။ ဒီမြေသိမ်း ကွန်ဒို ဆောက်တဲ့ ကိစ္စကို ကျနော် သမ္မတဆီလည်း စာတင်တယ်။ လွှတ်တော်ကိုလည်း စာတင်မေးတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန်ဘူး။ တဘက်မှာလည်း ကွန်ဒိုအိမ်ရာ စီမံကိန်းကို စလုပ်နေပြီ ဆိုတော့ ၉ ရပ်ကွက် ပြည်သူတွေနဲ့ တောင်ဥက္ကလာက ပြည်သူတွေက ဆန္ဒပြဖို့ လုပ်နေပါပြီ။ ဆန္ဒပြပွဲကို ကျနော်ကိုယ်တိုင် ဦးဆောင်မှာပါ” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

အများပိုင် ပန်းခြံ ပြန်လည်ရရှိရေးနှင့် ကြံ့ခိုင်ရေးပါတီကို နိုင်ငံရေးပါတီ ဥပဒေနှင့် အရေးယူရေး ဆန္ဒပြပွဲ တရားဝင် ပြုလုပ်ခွင့် ရရှိရန်အတွက် တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးထံ စာတင်ပြ ခွင့်ပြုမိန့် တောင်းခံထားပြီး ဆန္ဒပြပွဲကို ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကာ လူဦးရေ အင်အား ၁၀၀ ဆန္ဒပြရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် တောင်ဥက္ကလာပ ပြည်သူ အများစု ပူးပေါင်း ပါဝင်လာနိုင်ခြေ ရှိသဖြင့် အင်အားပိုမို များပြားနိုင်ကြောင်း၊ ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ် သူများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီသစ် ပါတီတို့မှ ပါတီဝင်နှင့် လွှတ်တော်အမတ်တဦး ပါဝင်မည် ဖြစ်သော်လည်း နိုင်ငံရေး ပါတီများကို ကိုယ်စားပြုမည် မဟုတ်ဘဲ သာမန်ပြည်သူများ အနေဖြင့်သာ ကြံ့ခိုင်ရေးပါတီ၏ မတရား မြေကွက်သိမ်းမှုကို ကန့်ကွက်ရန် စီစဉ်ကြမည်ဖြစ်ကြောင်း တောင်ဥက္ကလာ ဒေသခံများက ဆိုသည်။

“ကျနော်က တောင်ဥက္ကလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်ပါ။ ဒါပေမယ့် အခုလို ပြည်သူပိုင် ပန်းခြံကို ကြံ့ခိုင်ရေးပါတီက သိမ်းဆည်းပြီး ကွန်ဒိုဆောက်တာကို ကန့်ကွက်ဖို့လုပ်တာက နိုင်ငံရေးပါတီဝင် တဦးအနေနဲ့ လုပ်တာမဟုတ်ဘူး။ တောင်ဥက္ကလာ ပြည်သူတဦးအနေနဲ့ ကန့်ကွက်တာ။ ဒီမြေကွက်က အများပိုင် မြေကွက်ဆိုတာ တောင်ဥက္ကလာက ပြည်သူတွေအားလုံး သိတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်တဦးဖြစ်သူ ဒေါက်တာစောနိုင်က ဆိုသည်။

ဆန္ဒပြပွဲ ပြုလုပ်မည့်အပြင် ကြံ့ခိုင်ရေးပါတီကို အရေးယူပေးရေးအတွက် တောင်ဥက္ကလာပ မြို့နယ်လုံးကျွတ် လက်မှတ် ရေးထိုးပွဲများကိုလည်း ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်သို့ ပေးပို့သွားမည်ဟု သိရှိရသည်။

ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြကြမည့် တောင်ဥက္ကလာ ဒေသခံများသည် တောင်ဥက္ကလာပ မြို့နယ် စည်ပင်သာယာရေးရုံး၊ ကြံ့ခိုင်ရေးရုံး၊ မတရားသိမ်းယူထားသော ပန်းခြံမြေကွက် နေရာများသို့ စီတန်းလှည့်လည် သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင် များက ဆန္ဒပြပွဲပြုလုပ်ရန် တရားဝင် ခွင့်ပြုခြင်းမရှိပါက သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပပြီး လွှတ်တော်တွင် အဆိုနှင့် မေးခွန်းများ တင်သွင်းသွားရန် ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ကြံ့ခိုင်ရေး ပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ် ကြံ့ခိုင်ရေးပါတီ၏ တာဝန်ခံလည်း ဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီအနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း၍ အခန်းပေး၊ အခန်းယူစနစ်ဖြင့် ကွန်ဒိုအိမ်ရာ စီမံကိန်း တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကွန်ဒိုဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ “အရင်တုန်းက ကြံ့ခိုင်ရေးအသင်းဆိုတာ နိုင်ငံတော် အဖွဲ့အစည်း အနေနဲ့ ရှိခဲ့တော့ အများပိုင် ပန်းခြံမြေကွက်ကို သိမ်းတာ သိပ်ပြောစရာ မရှိပေမယ့် နိုင်ငံရေးပါတီ တခုအဖြစ် အသွင်ပြောင်းတဲ့ အခါ နိုင်ငံပိုင်ပစ္စည်းကို ထားပစ်ခဲ့ရမယ်။ ပြည်သူကို ပြန်ပေးရမယ်။ အခု အဲဒီလို မဟုတ်ဘဲ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ ဥပဒေကို ချိုးဖောက်တယ်။ ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး” ဟု ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအနေဖြင့် ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

Credit : http://burma.irrawaddy.org/archives/40796

ဒေါ်အောင်ဆန်းစုကြည် ဘယ်လဲ ဘာလဲ



ရှေးဦးစွာ ကျွန်တော် မေတ္တာရပ်ခံထားပါရစေ ။ ယခုတင်ပြ တဲ့  ဆောင်းပါးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန် တိုက်ခိုက်တဲ့  အရေးအသား အတွေးအခေါ်မျိုး မဟုတ်ဘဲ နိုင်ငံရေးသမားတဦးအနေနဲ့  ခံစားရတာကို ရေးသား တင်ပြလိုက်ခြင်းဖြစ်တယ် ဆိုတာ နားလည်ပေးဖို့ လို ပါ တယ် ။ ဒီလို မေတ္တာရပ်ခံထားတာဟာ ကျွန်တော့်အနေနဲ့ မိဖနှစ်ပါးက ဆိုဆုံးမခဲ့ လို့ ဘဲ ကိုယ့်ထက် အသက်-၂-နှစ် လောက်ကြီးတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ခုလို တောင်းပန်ရေးသားလိုက်ခြင်းဖြစ်တယ် ဆိုတာကို ပြောပြတာဖြစ်ပါတယ် ။ ဟုတ်ကဲ့ - ကောင်းပါပြီ- ကျွန်တော်ဟာ မိဖဆုံးမခဲ့ တဲ့  သားသမီး ဖြစ်ကြောင်း ပြောဆိုခဲ့ ပါပြီ ။


ရိုသေထိုက်သူကို ရိုသေရမယ်-လေးစားထိုက်သူကို လေးစားရမယ်- ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်လို့  ကျွန်တော့်ရဲ့  ကွယ်လွန်သူ မိဖနှစ်ပါးက ဆုံးမသြ၀ါဒ ပေးပါတယ် ။ ဒါ့ကြောင့်မို့ လို့ လို့ လဲ ရိုသေ လေးစား ဂုဏ်ပြုခြင်းများကို ကျွန်တော်ဟာ ထာဝစဉ် နှလုံးသွင်းပြီး အမြဲမပြတ် ဦးစားပေးဆောင်ရွက်တတ်တယ် ။ ကျွန်တော်ဟာ နိုင်ငံရေးလောကကို -၁၉၆ရ-ခုနှစ် သြဂုတ်လ-၁၃-ရက်နေ့ ကစလို့  ခြေစုံပစ်-ခေါင်းပစ်-တကိုယ်လုံးဂျွမ်းထိုး ၀င်ရောက်ခဲ့ သူဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  နိုင်ငံရေးစိတ်-အမျိုးချစ်စိတ်နဲ့  ပါတ်သက်လာရင် ခြေမထိပ် လက်ထိပ်ကအစ ရင်ဘတ်ထဲက နှလုံးသားအထိ နာကြင်တတ်တယ် ။

ခုအချိန်မှာ ကျွန်တော်တို့ ဟာ နိုင်ငံရေးရာသီဥတု တခုပြောင်းလဲသွားနေတယ်ဆိုတာကို သိနေကြတယ် ။ ဘာဖြစ်လို့ ဆိုတော့ လွန်ခဲ့ တဲ့  အနှစ်-၂၀- ကဆိုရင် ကျွန်တော်တို့  အော်ခဲ့ တဲ့  စကားသံ- ပခုံးပေါ်မှာ ထမ်းခဲ့ တဲ့  ပိုစတာတွေကြောင့် အမာရွတ်တွေဟာ ခုအချိန်ထိ အနာမကျက်သေးဘဲ ရှိနေသေးတယ် ။ တိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာ သိနေလို့ ဘဲ ဖြစ်တယ် ။ တချိန်က ကျွန်တော်တို့  ကြွေးကြော်ခဲ့ တဲ့  ကမ္ဘာကို တုန်လှုပ်စေတဲ့  အသံကို နားဆင်ကြည့်ပါ ။

( ဒေါ်အောင်ဆန်းစုကြည်- လွပ်မြောက်ရေး- ဒို့ အရေး )

( မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသား လွပ်မြောက်ရေး ဒို့ အရေး )

( စစ်အစိုးရ ပြုတ်ကျရေး -ဒို့ အရေး )

ဒီကြွေးကြော်သံတွေကို ကျွန်တော်တို့ ဟာ ကြွေးကြော်နေခဲ့ ကြတယ် ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရဲ့  လည်ချောင်းထဲက အသံတွေဟာ ပြာသထက်ပြာလာတယ် ။ ဒါပေမဲ့  ဇွဲ မလျှော့ဘဲ အော်မြဲတိုင်း အော်ခဲ့ ကြတယ် ။ ကမ္ဘာအနှံ့မှာ ကျွန်တော်တို့ ဟာ ဒီကြွေးကြော်သံ သုံးခုကို အဓိကထားပြီး လှုပ်ရှားခဲ့ ကြတယ် ။

ကံအားလျှော်စွာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်ကအကျယ်ချုပ် ကျခံရာကနေပြီး လွပ်မြောက် လာတယ် ။ နောက်တော့ မင်းကိုနိုင်တို့  -၈၈-ကျောင်းသားအဖွဲ့ တွေ လွပ်မြောက်လာတယ် ။ နိုင်ငံရေး အကျဉ်းသားတွေ လွပ်မြောက်လာတယ် ။ ကုန်ကုန်ပြောမယ်ဆိုရင် ကျွန်တော်တောင်းဆိုခဲ့ တဲ့  ရခိုင်နိုင် ငံရေးအကျဉ်းသားတွေဟာ တယောက် မကျန်လွပ်မြောက်လာခဲ့ တယ် ။

ဒီတော့ခါ ဒေါ်အောင်ဆန်းစုကြည်နဲ့  မင်းကိုနိုင်တို့ အပါအ၀င် ထင်ရှားတဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာတော့ ကျွန်တော်တို့ ရဲ့  ကြွေးကြော်သံတွေကို ပြောင်းလဲပြီး ကြွေးကြော်ရတော့မယ်ပေါ့ ။ ဒီတော့ ( စစ်အစိုးရ ပြုတ်ကျရေး-ဒို့ အရေး ) ဆိုတာကိုဘဲ ကြွေးကြော်ရတော့မယ်ပေါ့ ။

ဒါပေမဲ့  အဲဒီ ( စစ်အစိုးရပြုတ်ကျရေး-ဒို့ အရေး ) ဆိုတဲ့  ကြွေးကြော်သံဟာ လုံးဝ ကြွေးကြော်ရခြင်း မရှိတော့ဘူး ။ ပျောက်ဆုံးမလှ ပျောက်ကွယ်သွားခဲ့ ရတယ် ။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့  အစိုးရရဲ့  ပါလီမန်လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ လို့ ဘဲ ဖြစ်တယ် ။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့  ဖြစ်တယ် ။ နိုင်ငံတကာမှာရှိတဲ့  မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းတွေဟာ ချက်ချင်းပျောက်ပျက်ကုန်ကြတယ် ။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရဆိုတာကလဲ ဒီ့လောက်ခိုင်မာစွာ ရပ်တည်ခဲ့ ပါလျှက် ချက်ချင်းဖျက်သိမ်းခဲ့ ရတယ် ။ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ ကလဲ ဖျက်သိမ်းခဲ့ ရတယ် ။ အခြားသော အတိုက်အခံ အဖွဲ့ အစည်းတွေဟာ ဖျက်သိမ်းခဲ့ ရတယ် ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီး နိုင်ငံတကာကို ခရီးသွားခြေဆန့်  နိုင်ငံတကာက ချီးမြှင့်တဲ့  ဆုတွေကို လက်ခံယူပြီး ကမ္ဘာပတ်သွားနိုင်ခဲ့ လို့ ဖြစ်တယ် ။ စစ်အစိုးရပြုတ်ကျရေး ဆိုတဲ့  ကြွေးကြော်သံအစား ပြည်တွင်းမှာကေ ပြည်ပမှာပါ ဟိုဟာလုပ်ပေးပါ-ဒီဟာလုပ်ပေးပါဆိုတဲ့  အစိုးရဆီက လက်ဝါးဖြန့် တောင်းခံရတဲ့  ကြွေးကြော်ရတဲ့  အသံမျိုးကို ပြောင်းလဲသွားစေတယ် ။ ဒါက ဘာကို ပြသလဲဆိုရင် အတိုက်အခံခေါင်းဆောင်ဟာ မရှိတော့တဲ့  လက္ခဏာကို ပြသလိုက်တာဘဲဖြစ်တယ် ။

ဒါပေမဲ့  ကျွန်တော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံနေတုံးဘဲဖြစ်တယ် ။ ဒီလိုနဲ့  သမ္မတဖြစ်ချင်တယ် ဆိုတဲ့  စကားကို နားနဲ့ မဆန့် ကြားလာတော့ စိတ်မကောင်းဖြစ်ရပြန်တယ် ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီး တနေရာသော်၎င်း-ဒုသမ္မတရဲ့ နေရာသော်၎င်း ထိုက်တန်သူအဖြစ် ဆောင်းပါးတွေနဲ့  အားပေးရေးသားခဲ့ သူဖြစ်တယ် ။ ဒါပေမဲ့  -၂၀၀၈-ခုနှစ် ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်ပြင်ပေးမှ ဖြစ်မယ်ဆိုတာကိုလဲ သတိလက်မလွပ် အကြံပြု ရေးသား ထားခဲ့ သူဖြစ်တယ် ။

၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ရှိကြံခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီက မပြင်ဆင်ဘူးဆိုရင် လွှတ်တော်ထဲမှာ ရှိနေတဲ့  နိုင်ငံရေးပါတီတွေက ပြင်ကြဖို့  လိုတယ် ။ နိုင်ငံရေးပါတီတိုင်းက ရေးဆွဲထားတဲ့  နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကို စုပေါင်းလေ့လာပြီး ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းဟာက လက်ခံနိုင်တဲ့  ဥပဒေအချက်အလက်မျိုးကို ထည့်သွင်းရမယ်လို့ ဆိုပြီး အပြီးသတ် ရေးဆွဲ ရမှာဘဲဖြစ်တယ် ။ ခုတော့ ဘယ်သူကမှ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းကမှ မရေးဆွဲသေးတဲ့ အပြင် နုတ်မှထုတ်ဖေါ်ပြီး ကျမသမ္မတဖြစ်ချင်ပါသေးတယ်လို့  ပြောလာတဲ့ အထိ နိုင်ငံရေးသိက္ခာကျ လောက် အောင် ဖြစ်လာတာကတော့ ဘယ်လိုမှ ကြည့်လို့  မကောင်းတဲ့  ဝေါဟာရဖြစ်တယ် ။

ကျွန်တော်တို့ လို နိုင်ငံရေးဆောင်းပါးတွေ ရေးသာေးနသူများက ဝေဖန်ထောက်ပြနေတာဟာ မိမိရဲ့  အတွေးအခေါ်နဲ့  ပေါ်လီစီတွေကို ချပြရေးသားလို့  ရတယ် ။ ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးပါတီ တခုရဲ့  ဥက္ကဋ္ဌအနေနဲ့  သမ္မတရာထူးလိုချင်တယ် ပြောရအောင် သမ္မတဦးသိန်းစိန်ကလဲ အရှင်လတ်လတ်ကြီး ဖြစ်နေသေးတယ် ။ သူ့ အသက်ရှင်နေသရွေ့ ကတော့ သူ့အနေနဲ့  သမ္မတရာထူးမှာ ရှိနေသရွေ့ ကတော့ ဒီစကားကို ပြောလို့ မကောင်းပေဘူးပေါ့ ။

ခုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဒီလိုစကားလက်လွပ် ပြောဆိုတာနဲ့  ပါတ်သက်လို့ ပြော စရာဖြစ်လာပြီ ။ လူမျိုလို့  လူမျိုးပျောက်ကွယ်တတ်တယ် ဆိုတာ လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးစီးဋ္ဌါနရဲ့  လက်ကိုင်ဆောင်ပုဒ်ဖြစ်တယ် ။ နိုင်ငံတနိုင်ငံဟာ အချုပ်အချာနယ်မြေပိုင်စိုးမှုကြောင့် သူ့ ရဲ့  မြေတလက်မကိုမျှ မည်သည့်အခြားနိုင်ငံသားတွေကို တနာရီ တမိနစ်မျှ အလကား နေထိုင်ခွင့် မပေးဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိပါလိမ့်မယ် ။ အဲဒီလိုဘဲ နိုင်ငံတနိုင်ငံမှာ လက်ရှိ ရှိနေတဲ့  တိုင်းရင်းသားလူမျိုးများနဲ့  ခိုးဝင်ကျူးကျော်တဲ့  နိုင်ငံခြားသားများအတွက် အခွင့်အရေးများကိုလဲ ချမှတ် ထားတာရှိတယ် ။

နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေရဲ့  အကျိုးခံစားခွင့်နဲ့  ခိုးဝင်ကျူးကျော်သူများကို ပြစ်ဒဏ်ချမှတ်ပေးခြင်း ဆိုတာဟာ ဒွန်တွဲနေတဲ့  ဥပဒေတွေတွေဖြစ်တယ် ။ တချိန်တည်းမှာဘဲ နိုင်ငံအတွင်းမှာ လူဦးရေ ပေါက်ဖွားနုံးနဲ့  စီးပွါးရေး-ပညာရေး-ကျန်းမာရေး-လူမှုရေး-စတာတွေကို စာရင်းပြုစုကောက်ယူရတဲ့ -သန်ကောင်စာရင်း လူဦးရေ ကောက်ယူရေးဆိုတာ ရှိတယ် ။ ခုတော့ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်မှာ လူဦးရေ ထိမ်းချုပ်ဖို့ ဆိုတဲ့  ဒေသန္တရစည်းကမ်း ကိုထုတ်ပြန်ပေးတယ် ။ မြန်မာ့ကျေးရွာ ထုံးတမ်းစဉ်လာအရ ဂါမစည်းကမ်းဆိုတာ ရှိတယ် ။ အဲဒါကတော့ ရပ်စည်းကမ်း ရွာစည်းကမ်း ထုတ်ပြန်ထားတာကို ဂါမစည်းကမ်းလို့ ခေါ်တာဖြစ်တယ် ။

ခုတော့ ဒေသန္တရ အမိန့် ကို ထုတ်ပြန်လိုက်တယ် ။ မိသားစုတစုလျှင် ခလေးနှစ်ယောက်ထက် မယူရ ဆိုတာဟာ ဂါမစည်းကမ်းဖြစ်တယ် ။ ဘာကြောင့် ထုတ်ပြန်ရသလဲ ဆိုတာ လေ့လာကြည့်ဖို့ လိုတယ် ။ ရခိုင်ပြည်နယ်မှာ အဓိကအားဖြင့် ရခိုင်လူမျိုးတွေသာ လူဦးရေ များပြားနေရမယ် ။ လူများစုဖြစ်ရမယ် ။ ဒါဟာတိကျတဲ့  သဘာဝဘဲ ။ ဒါပေမဲ့  ခုတော့ ပြောင်းပြန်ဖြစ်နေတယ် ။ ဘင်္ဂလီလူမျိုးတွေဟာ ရခိုင်လူမျိုးတွေထက်-၉၀-ရာခိုင်နုံး ကျော်နေတယ် ။ အဲဒီမောင်တောမြို့ နဲ့ ဘူးသီးတောင်မြို့ နယ်မှာ ဒီ့လောက်လူဦးများနေတာဟာ ပထမအချက်အနေနဲ့  သူတို့ ရဲ့  အိမ်ထောင်သားမွေးမှုဟာ လူ့ ယဉ်ကျေးမှု အသိုက်အ၀ိုင်းအရ လွန်ကဲနေတဲ့  လက္ခဏာကြောင့်ဖြစ်တယ် ။ မိသားစုမှာ ခလေး-၃၀-လောက်ရှိသူ- အနည်းဆုံး-၁၀-ယောက်ရှိသူ- မိန်းမ နှစ်ယောက်ကနေ လေးယောက်ယူထားသူ- ပညာမတတ်သူ- ဆင်းရဲသူနဲ့  တွက်ချက်ကြည့်လိုက်ရင် ဒီလူမျိုးကို ဘယ်လို ထိမ်းချုပ်ရမှာလဲ ဆိုတာ ကမ္ဘာ့ကုလ သမ္မကတောင် ကိန်းဂဏန်းဇယားနဲ့  တွက်ချက်ပြီး ကွန်ဒုံးတွေကို ဖြန့် ဝေပေးရတယ် ။

ဒေါ်အောင်ဆန်းစုကြည်သိထားဖို့ ရာမှာ ကွန်ဒုံးဆိုတာ ကမ္ဘာ့ကုလသမ္မဂက ထုတ်ဝေဖြန့် ဝေပေးထားတယ် ဆိုတဲ့ အဓိကအချက်ဘဲ ဖြစ်တယ် ။ ကွန်ဒုံးဆိုတာဟာ ကာမဆက်ဆံဖို့  အတွက် တခုတည်းကိုဘဲ ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ မဟုတ်ဘူး ။ ကျန်းမာရေးပြသနာကြောင့်- အေအိုင်ဒီအက်စ် ဆိုတဲ့  ရောဂါမကူးစက်စေဖို့ နဲ့  သားဆက်ခြားစေဖို့  ထုတ်လုပ်ထားတာဖြစ်တယ် ။ ဒီတော့ ကျန်းမာရေးအတွက် ထုတ်လုပ်ထားတာကို နားလည်ထားတယ်ဆိုရင် ဘာ့ကြောင့် သားဆက်ခြားစေဖို့  ထုတ်လုပ်ထားရပါသလဲ ဆိုတာ လေ့လာဖို့ လိုတယ် ။ မိသားစုတစုမှာ သားသမီး အများအပြားမလိုချင်သူများ- ခလေးမမွေးဖွါး နိုင်သူများ -စီးပွါးရေးချို့ ယွင်းသူများအတွက် ထုတ်လုပ်ထားတယ် ဆိုတာ ယေဘူယျသိကြပါတယ် ။

လူဦးရေ မတန်မဆများပြားနေတဲ့ အတွက် အပြွတ်လိုက် သင်္ဘောသီးသလို မွေးနေတဲ့  လူမျိုးစုတွေဟာ လူ့ အခွင့်အရေးရဲ့  လူ့ အရသာ ကာမတဏှာကို ခံစားနိုင်ကြလွန်းလို့  မြန်မာနိုင်ငံ အနောက်ဖက် ရခိုင် ပြည်နယ်မှာ ဋ္ဌါနေတိုင်းရင်းသားစစ်စစ်ဖြစ်တဲ့  ရခိုင်လူမျိုးစုထက် -၉၀ ရာခိုင်နုံးကျော်ထိ များပြားနေတယ် ။ ဒါကို ဂါမစည်းကမ်းအရ ထိမ်းချုပ်ဖို့ လိုတယ် ။ ဒါ့ကြောင့် ကမ္ဘာ့ကုလသမ္မဂကတောင် စီမံကိန်းနဲ့  ချမှတ် ဆောင်ရွက်နေတာဖြစ်တယ် ။

နောက်တချက်က နိုင်ငံရေးပါတီတရပ်ရဲ့  ဥက္ကဋ္ဌ သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင် တဦးအနေနဲ့  စကား လက်လွပ် ပြောဆိုသင့် မသင့် ဆိုတာ တွက်ချက်ကြည့်ဖို့ လိုတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးပါတီတခုရဲ့  ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်ကာမတ္တ သတင်းထောက်တွေရဲ့  ပြောဆိုသုံးနုံး မေးမြန်းတာမျိုးကို မစီစစ်ဘဲ သတင်းထောက်ရဲ့  အာဘော်အတိုင်း မေးတာဖြေကြားလိုက်ပြီ ဆိုရင် အနာ ဂါတ်မှာ ဘာတွေ ဆိုးကျိုးဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားဖို့ လိုတယ် ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နုတ်မစောင့်စည်းမှု ပါးစပ် သရမ်းမှုကြောင့် ပြည်သူ့ ချဉ်ဖတ် ဘ၀ရောက်သွားရပြီ ။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ လွှတ်တော်မှာ ပြောဆိုတင်ပြနိုင်တဲ့  အခြေအနေများစွာ ရှိနေတယ် ။ ခုတော့ မိမိကိုယ်ကို ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်နေတာကို သတိမထားဘဲ ရခိုင်ပြည်နယ်အစိုးရရဲ့  တာဝန်နဲ့  ဒီဂရီအရ ဆောင်ရွက်နေတဲ့  ဒေသန္တရအမိန့်  သို့ မဟုတ် ဂါမစည်းကမ်းထုတ်ပြန်ထားတာကို ဝေဖန်ပြောဆိုတာဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့  ဘောင်ကျော်ပြောဆိုနေခြင်းဖြစ်တယ် ။ တိကျစွာပြော ရရင် အရာခပ်သိမ်းဟူသမျှ အစိုးရရဲ့  ပေါ်လီစီတခုကို ဝေဖန်တိုက်ခိုက်ချင်တဲ့  စိတ်ဓါတ်မျိုးရှိရင် လွှတ်တော်ထဲမှာ သွားရောက်တင်ပြပြောဆိုသင့်တယ် ။

ရခိုင်စုံစမ်းရေးကော်မရှင်က ဒေါက်တာရင်ရင်နွယ်ဟာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သလို နိုင်ငံ ရေးခေါင်းဆောင်တဦးလဲ မဟုတ်ဘူး ။ ပါရဂူဘွဲ့ ရ တဦးဖြစ်တဲ့ အလျှောက် ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့  စီစစ်ဆောင်ရွက်ချက်များကို ကမ္ဘာသိတင်ပြရာမှာ တကယ့်စံနမူနာ ယူထိုက်တဲ့  အမျိုးသမီးကောင်း တဦးဖြစ်တယ် ။ ရခိုင်အရေးနဲ့  ပတ်သက် လို့ ရှိရင် အဲဒီလို ပြောဖို့ လိုအပ်တယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှုမြင်သုံးသပ်ပုံနဲ့  ဒေါက်တာရင်ရင်နွယ်ရဲ့  တင်ပြချက်တွေ ချဉ်းကပ်ပုံတွေဟာ လွန်စွာကွာခြားနေတယ် ။

တကယ်တော့ လူမျိုလို့  လူမျိုးပျောက်ကွယ်သွားမဲ့  တကယ့်အန္တရယ်ကြီးမားတဲ့  ပေါ်လီစီရေးရာတွေနဲ့ ပါတ်သက်လို့  နုတ်သရမ်းပြီး ပြောဆိုတာဟာ မိမိပါတီရဲ့  အနာဂါတ်အတွက်သော်၎င်း- မျက်မှောက်ကာလ အတွက်သော်၎င်း အကျိုးယုတ်စေတယ် ။ နိုင်ငံခေါင်းဆောင်ဆိုတာတွေဟာ နုတ်ကိုစောင့်စည်းရပါတယ် ။ ထင်ရှားတဲ့  နိုင်ငံရေးသမားတွေရဲ့  စကားတလုံးဟာ လွန်စွာ တန်ဖိုးရှိစေပြီး ကမ္ဘာကျော်သောမိန့် ခွန်းမျိုး ဖြစ်စေတတ်တယ် ။ ဒါဟာ နိုင်ငံချစ်စိတ်နဲ့  ကာကွယ်ရမဲ့  အခြေအနေ- အမျိုးသားကိုယ်ကျိုးအတွက် ကာ ကွယ်ရမဲ့  ပေါ်လီစီတွေ ဖြစ်တယ် ။ အကြမ်းဖက်သမားများအတွက် လူ အခွင့်အရေးဆိုတာ နေရာမရှိဘူးလို့  အင်္ဂလန်နိုင်ငံမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြနေတာကို ဒေါ်အောင်ဆန်းစုကြည် မြင်ပါလိမ့်မယ် ။

ဒါဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံ လိုက်ရတဲ့  အင်္ဂလန်နိုင်ငံက လန်ဒန်သားတွေဖြစ်တယ် ။ အဲဒီလိုဘဲ မြန်မာနိုင်ငံ အနောက်ဖက်က ရခိုင်လူမျိုးတွေဟာ မောင်တောမြို့ နဲ့  ဘူးသီးတောင်မြို့ နယ်မှာ လူ့ အခွင့်အရေးချိုးဖေါက်ခံရလွန်းလို့  နောက်ကို ဒီ့ထက်မက ဆိုးဝါးတဲ့  လူ့ အခွင့်အရေးချိုးဖေါက်ခံရမှာကို ကာကွယ်လိုတဲ့  ဆန္ဒတွေနဲ့  ရခိုင်ပြည်နယ်အစိုးရ က ဒေသန္တရအမိန့် နဲ့  သူ့ ပြည်နယ် သူ့ နယ်မြေမှာ ချမှတ်တာကို လက်လွပ်စပယ် ပြောဆိုလိုက်တာဟာ နောက်ဆုံးမှာ ရခိုင်ပြည်နယ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ဆိုးကျိုးများကို ဖန်တီးသွားတာဘဲ အဖတ်တင်သွားတယ် ။ နိုဘယ်ငြိမ်းချမ်း ရေးခေါင်းဆောင် တဦးဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖွဲ့ ချုပ်ကို ရခိုင်ပြည်နယ်မှာ ကျွန်တော့်အနေနဲ အဲဒီလိုဘ၀မျိုး မဖြစ်စေချင်ဘူး ။ ခုတော့ တကယ်ဘဲ ဖြစ်သွားပါပြီကော ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်း စုကြည် ဘယ်လဲ ဘာလဲ ဆိုတဲ့  မေးခွန်းကို ကျွန်တော်မေးလိုက်တာဖြစ်တယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

U Khaing Aung Kyaw

Credit : Here

ပြည်ပကနေ တိုက်ရိုက် အထောက်အပံ့ မလုပ်သမျှ ဘိန်းဆက်စိုက်နေကြမည်ဟု ရှမ်းပြည် မန်ပန် ပြည်သူ့စစ် ခေါင်းဆောင် ဆို

ရှမ်းပြည်နယ် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နေမြေထဲက ပြည်သူတွေ ဘိန်းဆက်ပြီး စိုက်နေရတာဟာ စား ၀တ်နေရေး လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းမော်က မေလ ၂၇ ရက်နေ့ လားရှိုးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။


သူတို့ ပြည်သူ့စစ်အဖွဲ့ဟာ အစိုးရနဲ့ ပူးပေါင်းပြီး ၂၀၀၃ ခုနှစ်ကစ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တားဆီးတာတွေ လုပ် ခဲ့ပေမယ့် မအောင်မြင်ကြောင်း ဒါကြောင့် ဖြစ်နိုင်ရင် ဘိန်းစိုက်တောင်သူတွေကို ပြည်ပကနေ အေ ထာက် အပံ့ပေးတာမျိုးကို တိုက်ရိုက်ရလိုကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာကွန်ဖရင့် တစ်ခုမှာလည်း မြန်မာအစိုးရ ထိပ်တန်း တာ ၀န် ရှိသူတစ်ယောက်က လာမယ့် ၂၀၁၄ ခုနှစ်ကို မူးယစ်ဆေးဝါး ကင်းစင်တဲ့ နှစ်အဖြစ် ရည်ရွယ် အကောင် အထည်ေ ဖ်ာခဲ့ပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ဒါကြောင့် မူး ယစ် ကင်းစင်နှစ်ကို လာမယ့် ၂၀၁၉ အထိ ပြောင်းလဲ သတ်မှတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

DVB

မြန်မာ့ အထူးခြားဆုံး မွေးနေ့ဖိတ်စာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

သို့

            မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များအားလုံး
            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နေ့စွဲ၊ ၂၉-၅-၂၀၁၃


၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်ပြည့် မွေးနေ့ကို ၂၀၁၃ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ အဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်ပေးခြင်းကို

    (က) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လည်းကောင်း
    (ခ) ကျန်းမာရေးကွန်ရက်သို့လည်းကောင်း
    (ဂ) ပညာရေးကွန်ရက်သို့လည်းကောင်း ထည့်ဝင်လှူဒါန်းပေးကြပါရန်

    မှတ်ချက်။ မေတ္တာလက်ဆောင်အဖြစ်ပေးလိုသော အလှူငွေများကို (၁၅.၆.၂၀၁၃) နေ့အရောက် 
                 ပေးပို့ရန်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက်။         ။      ၁၉.၆.၂၀၁၃ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်နေရာ။           ။      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
                                         အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။
ကျင်းပမည့်အချိန်။           ။       နေ့လည် ( ၁၂း ၀၀ ) နာရီ

စတုဒီသာကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်ပါသည်။



                                                                                    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
                                                                                   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
===================================================


ဥက္ကံ တွင်လည်း မတည်ငြိမ်၊ လားရှိုးတွင်ပါ ထပ်ဖြစ်နေသည့် အချိန်၊ စစ်ဘေးဒုက္ခသည်များကလည်း မအေး ချမ်းသေး။

ဤသို့ ဤသို့သော မြန်မာနိုင်ငံ အခြေအနေတွင် မွေးနေ့ကို အမှီပြု၍ အလှူငွေများတောင်းသည့် ဖိတ်စာ၊ ပျော်ပွဲ ရွှင်ပွဲ များဖြင့် ကျင်းပမည် ဆိုသည့် ဖိတ်စာကြီးကို မြင်သည့် အခါတွင်တော့….

မြေသိမ်းမှု၊ လက်နက် ကိုင်ဆောင်မှုများ အတွက် အစိုးရတပ်က ကရင်တပ်ဖွဲ့များကို သတိပေး



ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများကို မြေသိမ်းမှု၊ လက်နက် ကိုင် ဆောင် သည့် ကိစ္စများနှင့် ပတ်သက်၍ အစိုးရ တပ် မတော်မှ တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်း က ခေါ်ယူသတိပေးကြောင်း သိရ သည်။


ပြီးခဲ့သည့် တနင်္လာနေ့က သင်္ကန်းညီနောင်ရှိ ရှေ့တန်စခန်းတွင် ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော KNU / KNLA ကရင် ငြိမ်းချမ်းရေး ကောင်စီ (PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်/DKBA တပ် ဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဗိုလ်မုတ်သုန် ဦးဆောင်သည့် နယ်ခြား စောင့်တပ်ဖွဲ့ (BGF) မှ တာဝန် ရှိသူများကို သတိပေး ပြောကြားခြင်း ဖြစ်သည်။

“မြေသိမ်းတဲ့ ကိစ္စကို DKBA နဲ့ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က အများပြည်သူတွေ ပိုင်တဲ့မြေကို သိမ်းယူ ထား တဲ့ အတွက်ကြောင့် ဖယ်ရှားပေးရမယ်၊ ဒီလကုန်လို့မှ ဖယ်ရှား မပေးလို့ရှိရင် သူတို့က အင်အားသုံးပြီး ဖယ် ရှား ရပါလိမ့်မယ် ဆိုတဲ့ စကားလေးတော့ ထွက်လာပါတယ်” ဟု KNU တပ်မဟာ (၇) နယ်မြေမှ စီးပွားရေး တာဝန်ခံ စောမိုးစက်က ဧရာဝတီသို့ ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီနှင့် ဒီမို ကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်/DKBA တို့က မြ၀တီမြို့ အာရှလမ်းမကြီးဘေးရှိ ဒေါက်တာ စော ဘဦး၊ မင်းပဒုံမာ ကုမ္ပဏီ လီမိတက်နှင့် မယ်သီလရှင် တပါးတို့ ပိုင်ဆိုင်သည့် မြေကွက်များကို အဓမ္မ သိမ်း ယူ၍ အဆောက်အဦးများ ဆောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ခေါ် ယူ သတိပေးခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့မှ နိုင်ငံခြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး တာဝန်ခံ ဒေါက်တာ စော တင်မိုသီက ၎င်းတို့ အဖွဲ့အစည်းအနေနှင့် အစိုးရက စွပ်စွဲသကဲ့သို့ အများပြည်သူပိုင် မြေများကို မတ ရား သိမ်းပိုက်ထားခြင်း မရှိကြောင်း ငြင်းဆိုသည်။

“သူတို့က စွပ်စွဲနေကျပါ။ ကျနော်တို့မှာ ရိုင်းရိုင်းစိုင်းစိုင်း အကျင့်တွေ မရှိဘူး။ ကျနော်တို့ လူတွေကို သေချာ ပြန်မေးကြည့်တော့ ဒါမျိုးတွေ မရှိဘူး။ နောက်ပြီးတော့ အမှန်တကယ် ဒီဟာက ကရင်မြေတွေ၊ သူများယူ တာေ တာင်မှ ကျနော်တို့အဖွဲ့က ကလေးတွေကို ပြန်ဆုတ်ခိုင်းရင် လိမ်လိမ်မာမာနဲ့ အားလုံးနားထောင်ပြီး ပြန် ဆုတ်ပေးကြတယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ် ထိန်မောင်သည် ၂၀၀၇ နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့ပြီးနောက် ၎င်း ၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်း ဖြစ် သည်။

ကရင်ပြည်နယ်ရှိ ယင်း လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မြ၀တီမြို့အတွင်း လက်နက်ကိုင်ဆောင် ၍ သွားလာခြင်းများ မပြုလုပ်ရန်လည်း ဗိုလ်မှူးချုပ် ထင်မော်ထွန်း အသိပေး ပြောကြားကြောင်း သိရသည်။

“အဓိက သူပြောချင်တာက ဒီ ငြိမ်းချမ်းရေး အဖွဲ့တွေဟာ မိမိဒေသမှာသာလျှင် လက်နက် ကိုင်ဆောင်ဖို့၊ မြ၀ တီမြို့ ထဲမှာ လက်နက် ကိုင်ဆောင်ခြင်းကို ခွင့်မပြုပါဘူးလို့ သူက အဲဒါကို ပြောချင်တာပါ” ဟု စောမိုး စက်က ဆိုသည်။

ဧရာဝတီ

တရုတ်-မြန်မာရေနံဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည်အပြန်အလှန်အကျိုးရှိကြောင်းမြန်မာသမ္မတ ပြောကြား



(Xinhua မှ 28 May 2013 ရက်စွဲပါ China-Myanmar oil, gas pipeline project benefits both: president သတင်းကိုဘာသာပြန်သည်။)

ယခုနှစ်အတွင်း အပြီးသတ်ကာနီး တရုတ်-မြန်မာ ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် အရေးပါ သည့်အပြင် နှစ် နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြစ်သည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တနလာင်္ နေ့တွင် ပြော ကြားသည်။


တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China National Patroleum Coperation (CNPC) ၏ အထွေထွေမန်နေဂျာ လျိုယောင်ယွန်းနှင့် တွေဆုံစဉ် သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသည် ယခုအခါဘက်ပေါင်းစုံ တံခါးဖွင့်နေပြီဖြစ်သော်လည်း တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးသော အိမ်နီးနားချင်းပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးအားပေးမြှင့်တင်ရန် ဆန္ဒရှိသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

သမ္မတက တရုတ် comapy များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံကြရန်နှင့် အခြားသူများကဲ့သို့ ရေနံ ချက် သန့်စင် စက်ရုံထူထောင်မှုကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုသည်။

CNPC မန်နေဂျာ လျိုယောင်ယွန်းကလည်း CNPC ကုမ္ပဏီသည် ပိုက်လိုင်းတည်ဆောက်မှုလမ်းကြောင်း တစ်လျှောက် အပြည့်အဝလူမှုတာဝန်ကျေပွန်မှုရှိရေးကို အစဉ်အမြဲအရေးတကြီး ခံယူဆုပ်ကိုင်ထားပြီး၊ ပိုက်လိုင်း တစ်လျှောက်ဒေသများတွင် စာသင်ကျောင်းများ၊ ဆေးပေးခန်းများတည်ဆောက်ပေးခဲ့ကြောင်း ပြန်လည်ပြောကြားသည်။

ထိုနေ့တွင်ပင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်း လျိုယောင်ယွန်ကို လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှု ဖူလုံဆောင်ရွက်ချက်များတွင် CNPC company ၏ ထိထိရောက်ရောက် ပါဝင်နေခြင်းကို အသိ အမှတ်ပြုပြောကြားခဲ့သည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်လည်း တက်ရောက်ခဲ့သည်။

မကြာမီလပိုင်းအတွင်း စတင်လည်ပတ်တော့မည့် ကျောက်ဖြူ-ရွေလီ ရေနံဓါတ်ငွေ့ပိုက်လိုက်လိုင်းများ၏ လုံခြုံရေး နှင့်ပတ်သက်၍ မေးခွန်ထုတ်စရာများရှိနေချိန်တွင် မြန်မာအစိုးရခေါင်းဆောင်များနှင့် တရုတ် compay တာဝန်ရှိသူတို့၏ တွေဆုံမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

Credit : http://www.dawnmanhon.com/2013/05/blog-post_28.html#sthash.rSMqQxMa.dpbs

အခြေခံဥပဒေပြင်ဆင်ချက်မူကြမ်း မကြာမီထုတ်ပြန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အစိုးရအဖွဲ့နှင့် နိုင်ငံရေး အင်အားစုများက ပြန်လည်ပြင်ဆင် ရေးဆွဲရန် စိုင်းပြင်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြင်ဆင်လိုသော အချက်များပါဝင်သည့် ပြင်ဆင်ချက် မူကြမ်းကို မကြာမီ ထုတ်ပြန်သွားရန် ရှိကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။


ရန်ကုန်မြို့တော် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမ၌ မေလ ၂၇ ရက် နေ့က ပြုလုပ်သော NLD ပါတီဗဟို ကော်မတီ အစည်း အဝေးတွင် ၄င်းကအထက်ပါအတိုင်း ကတိပြု ပြောကြားခဲ့သည်။ "ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရသေးလို့ အဲဒါကို ဖွဲ့စည်းပုံက စလုပ်ရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ၏ ဗဟိုချုပ်ကိုင်မှု ပိုများနေသောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အုပ်ချုပ်ရေးယန္တရား၏ လုပ်ပိုင်ခွင့် ပိုမိုရရှိရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေနှင့် လွှတ်တော်တွင် ကြိုးစားလုပ်ဆောင်မည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေပြီး ယင်းကိုဖြေလျှော့ မှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ ပြေလည်မည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုထားသည်။

ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက တိုက်ရိုက် တင်မြှောက် သင့်ကြောင်း မြန်မာနိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးဆလိုင်းမာန်က အကြံပြုသည်။

"ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ် လူထုက တိုက်ရိုက် တင်မြှောက်နိုင်ရင် ပိုကောင်း တယ်။ ဒါဆို ပြည်နယ် လွှတ်တော်နဲ့ အုပ်ချုပ်ရေးမှာ ထိန်းကျောင်းမှု ရှိသွားမယ်" ဟု ၄င်းက ဆိုသည်။

ယခုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကို လွှမ်းမိုးထားသည့် ပါတီကြီး တစ်ခုခုက သမ္မတကို ရွေးကောက် တင်မြှောက်ပြီး သမ္မတက ပြည်နယ်ဝန်ကြီးချုပ်များကို တင်မြှောက် ခြင်း ဖြစ်သဖြင့် ပြည်နယ်လွှတ်တော်တွင် အများဆုံး အနိုင်ရထားသော တိုင်းရင်းသားပါတီများ အတွက် နိုင်ငံရေး ကစားကွက် ပျောက်နေကြောင်း ဦးဆလိုင်းမာန်က ထောက်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဇယား(၂) စာမျက်နှာ ၁၈၈ ပါ ပြဋ္ဌာန်းချက်များကို ထပ်ဖြည့်နိုင်မှသာ ပြည်နယ် နှင့်တိုင်း ဒေသကြီး လွှတ်တော်များ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် (သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး) က ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပြောဆိုထားသည်။

NDF ၏ မူကြမ်းတွင် အဓိက ပြင်ဆင်ချက်အချို့အဖြစ် ပုဒ်မ ၉(က) ရှိရင်းစွဲ တိုင်းခုနစ်တိုင်း နှင့်ပြည်နယ် ခုနစ်ပြည်နယ် တို့ကို ပြည်နယ် (၁၄)ပြည်နယ် အဖြစ်သာ အခေါ်အဝေါ်တူ သတ်မှတ်ခြင်း၊ ပုဒ်မ ၁၆ တွင် နိုင်ငံတော်သမ္မတသည် စစ်သေနာပတိချုပ်လည်း ဖြစ်သည်ဟု ဖြည့်စွက်ခြင်း၊ ပုဒ်မ ၁၂၁ (ည)တွင် ပါဝင်သည့် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများ အစား ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် တပ်မတော်သားများ အဖြစ်ပြောင်းလဲခြင်း၊ ပုဒ်မ ၄၃၆(က) တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် မလိုဘဲ လွှတ်တော်ကိုယ်စားလှယ် အများစု ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းဖြင့် ဆုံးဖြတ်ရမည်ဟု ပြင်ဆင်ခြင်း၊ ပုဒ်မ ၄၃၇(က) နိုင်ငံတော်အလံကို ပြည်ထောင်စု လက္ခဏာ ထင်ဟပ်သည့် အလံတော်ပုံသဏ္ဌာန်သို့ သင့်တော်သော ကာလတွင် ပြောင်းလဲခြင်း စသည် တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

NDF ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်စိစစ်ပြင်ဆင်သည့် ၁၅ ခန်းပါ မူကြမ်းကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီဗဟိုဦးစီးကော်မတီ အစည်း အဝေးတွင် အတည်ပြုပြီးပါက လွှတ်တော်သို့သို့ တင်သွင်းရန် စီစဉ်ထား ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ဧပြီလ အတွင်း သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းမည့်အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက ယခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ထောက်ခံ အတည်ပြုထားသည်။

Credit : http://www.dawnmanhon.com/2013/05/blog-post_3636.html#sthash.qMse6etw.dpbs

တိုင်းပြည်တိုးတက်ရေးမှာခေါင်းဆောင်မှုအပိုင်း ဘယ်လောက်အရေးပါသလဲ(မောင်ဝံသ)



ပဓာနကျတဲ့အကြောင်းအချက်

တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခေါင်း ဆောင်မှု အပိုင်းဟာ ပဓာနကျတဲ့ အကြောင်း အချက် (Factor) ဖြစ်တယ်လို့ ပညာရှင်အများက လက်ခံထားကြပါတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ သယံ ဇာတအပိုင်း၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေး အပိုင်း၊ တစ်နည်းအားဖြင့် လူသား အရင်း အမြစ် အပိုင်း၊ ပြီးတော့ အရင်းအနှီးအင်အား အပိုင်းတွေ ကော အရေးမကြီးဘူးလားဆိုတော့ အဲဒါတွေလည်း သူ့ကဏ္ဍအလိုက် အရေးကြီးပါတယ်၊ သို့ပေမယ့် ခေါင်းဆောင်မှုအပိုင်းဟာ အဲဒါတွေ အားလုံးထက်ပိုပြီး ပဓာနကျတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဂျပန်နဲ့ စင်ကာပူက လက်တွေ့ပြနေတာ အထင်အရှား တွေ့နေရပါတယ်။


အံ့ဖွယ်ဂျပန်

အားလုံး သိပြီးကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ မည်မည်ရရ သယံဇာတ ဘာမှ မထွက်ပါဘူး။ သို့ပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန် စစ်ရှုံးနိုင်ငံဘ၀ကနေ ပြန်လည် ကုန်းရုန်းထနိုင်ခဲ့တယ်။ ဆယ်စုနှစ် နှစ်ခု ကာလအတွင်း အံ့သြစရာ ကောင်းလောက်အောင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ခေါင်းမော်လာ ခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၂၅နှစ်အကြာ၊ ၁၉၇၀ပြည့်နှစ်လောက်မှာ ကမ္ဘာ့ထိပ်ဆုံးတန်း စီးပွားရေး အင်အားရှင်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။

ဘက်ပေါင်းစုံခေါင်းဆောင်မှု

အဲဒါ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ်ခေါင်းဆောင်မှုအဆက်ဆက်ရဲ့ အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။ သည် နေရာမှာ ခေါင်းဆောင်မှုလို့ပဲ သုံးနှုန်းထားတာကို သတိပြုစေချင်ပါတယ်။ ခေါင်းဆောင် တစ်ဦး တစ်ယောက်၊ ဆူဇူကီးရယ်၊ တာနာကာရယ် မဆိုလိုပါဘူး။ အစိုးရအဖွဲ့တွေ တစ်နှစ်ပဲခံခံ၊ နှစ်နှစ်ပဲခံခံ၊ အစိုးရအပြောင်းအလဲတွေ ဘယ်လောက်များများ၊ လွှတ်တော်ရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ နိုင်ငံရေး သမားတွေရယ်ဆိုတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှု (ူနေိနမျ့ငစ) အပိုင်းဟာ ပုံမှန် ဟန်ချက်ညီညီ အလုပ် လုပ် နေခဲ့ကြတယ်။ ဒါတင်မက ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသူတွေဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များကလည်း မျိုးချစ် ပြည်ချစ်စိတ်အပြည့်အ၀နဲ့ တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ပြီး တာဝန် ကျေခဲ့ကြတယ်။ အဲဒီကဏ္ဍတွေအားလုံးကို စောင့်ကြည့်ပြီး ဝေဖန်ထောက်ပြကာ အများပြည်သူ ထင်မြင်ချက်ကို ဦးဆောင်ပေးခဲ့ကြတဲ့ ဂျပန်စတုတ္ထမဏ္ဍိုင် (ဂျပန်သတင်းစာလောက)ရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါတဲ့အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသူတိုင်း လိုလိုက ထည့်သွင်းရေးသားခဲ့ကြပါတယ်။

ဂျပန်က အစိုးရ၀န်ထမ်းတွေ

နောက်တစ်ခုက ခေါင်းဆောင်မှုအပိုင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်တဲ့ အုပ်ချုပ်ရေးဝန်ထမ်းအများစုရဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေစွာလုပ်မှု ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်ပါတီက နိုင်ငံရေးသမားတွေ အစိုးရ တက်ဖြစ်ဖြစ်၊ ပုံမှန်ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သူတို့ဆီမှာက ရာသက်ပန် အပြောင်းအလဲ မရှိတဲ့ အစိုးရဆိုတာ မရှိတဲ့ နိုင်ငံဖြစ်လေတော့ အာဏာရ ပါတီကလူတွေကို အသေကပ်ထားစရာမလိုဘူး။ ဘယ်ပါတီကိုမှလည်း သံယောဇဉ်ထားနေစရာမလိုဘူး။ သူတို့ဆီမှာ မိုးကျရွှေကိုယ်ဆိုတဲ့ လူ့ အလွှာလည်း လုံးဝမရှိ၊ ရှိခဲ့ရင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ ဖော်ထုတ်ဖွင့်ချမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ မသမာမှု တွေကို သတင်းစာတွေက ဖွင့်ချလို့ ၀န်ကြီးချုပ်တွေတောင် ပြုတ်ကျတဲ့သာဓကတွေ ရှိခဲ့ပါတယ်။

ဂျပန် အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ လစာဝင်ငွေကလည်း အပြင်လုပ်ငန်းဌာနတွေက ပုဂ္ဂလိက၀န်ထမ်းတွေ ထက် ပိုများတယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာလို အစိုးရ၀န်ထမ်းတွေကို အထင်သေးအမြင်သေး မဖြစ်ဘဲ ပြည်သူတွေက လေးစားသမှုရှိကြပါတယ်။ အစိုးရ၀န်ထမ်းတွေဟာလည်း လောဘတိုက်သူနဲ့ လောင်း ကစား ဖက်မိ သူတွေကလွဲလို့ လာဘ်စားမှု၊ ငွေအလွဲသုံးမှုတွေ အလွန်နည်းပါးပါတယ်။

စင်ကာပူလည်း အလားတူ

စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရင်လည်း ခေါင်းဆောင်မှု အပိုင်းရဲ့ အရည်အသွေးကြောင့် ဆင်းရဲသားနိုင်ငံဘ၀ကနေ နှစ်အစိတ်လောက် အတွင်း ပထမကမ္ဘာစာရင်းဝင်နိုင်ငံဖြစ်သွားတာပဲလို့ တွေ့ရှိကြရပါတယ်။ စင်ကာပူကတော့ ဂျပန်လို လစ်ဘရယ် ဒီမိုကရေစီစနစ်ကို မကျင့်သုံးခဲ့ပါဘူး။ မလေး ရှားကနေ ခွဲထွက်လာရပြီးချိန်ကစလို့ ခုချိန်ထိ ကြိုးကိုင်ဒီမိုကရေစီ စနစ်ကိုပဲ ကျင့်သုံးပါတယ်။ စင်ကာပူ လည်း ဂျပန်လိုပဲ ဘာသယံဇာတမှ မထွက်ပါဘူး။ ဂျပန်ထက်ဆိုးတာက ဂျပန်က လူသားအရင်းအမြစ် ရှိပြီးသားအခြေအနေကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်တာဖြစ်တယ်။ စင်ကာပူဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အသိပညာ၊ အတတ်ပညာ၊ နည်းပညာလူသားအရင်းအမြစ် ဘာတစ်ခုမှ မရှိခဲ့ဘူး။ တချို့ ချိုးနှိမ်ချင်သူတွေ ပြောသလို တံငါရွာသာသာအဆင့်ပဲရှိခဲ့တယ်ဆိုတာ မမှားပါဘူး။

အဲဒီအခြေအနေကနေ နိုင်ငံခြားလူသားအရင်းအမြစ်၊ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ စိတ်ချလက်ချ ၀င်လာအောင် ခေါင်းဆောင်ကြီး လီကွမ်ယူက ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကိုယ့်ဆီက မျိုးဆက်သစ်လူငယ်တွေကို ပညာရေးဘက်မှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေဖြစ်အောင် ပျိုးထောင် နိုင်ခဲ့တယ်။ (စင်ကာပူနိုင်ငံ ပထမ ကမ္ဘာစာရင်းဝင်ဖြစ်လာတဲ့အထိ အောင်မြင်မှု ဇာတ်လမ်းတွေကို စာအုပ်စာတမ်းတွေ အတော်များများ ထွက်ခဲ့ပြီးဖြစ်လို့ အကျယ်မရေးတော့ပါ။) ပြောချင်တာကတော့ ခေါင်းဆောင်မှုပါပဲ။

ခေါင်းဆောင်ကို မွေးယူတယ်

လီကွမ်ယူက သူအနားယူတော့ တပည့်ကျော် တစ်ယောက် (ဂိုချောက်တောင်) ကို သူ့နေရာ ဆက်ခံစေ ခဲ့တယ်။ အဲဒီကာလများအတွင်း သားဖြစ်သူ လီရှောင်လုံးကို ခေါင်းဆောင်မှုပညာတွေ ဆည်းပူးစေခဲ့တယ်။ နတ်ရေကန်ထဲပစ်ချပြီး လူလားမြောက်ခိုင်းခဲ့တာမျိုးမဟုတ်။ ဟော- ဂိုချောက်တောင် ရာထူးသက်တမ်း နှစ်ဆက်လောက်လုပ်ပြီးတော့ လီရှောင်လုံးဝန်ကြီးချုပ် ၀င်လုပ်တယ်။ အားလုံး အဆင်ချောပါတယ်။ သူတို့ ပီအေပီပါင်္တီကလည်း တိုင်းပြည်ထူထောင်ချိန်ကစလို့ ခုထိ အာဏာရပါတီပါပဲ။ ယနေ့ထိ လွှတ်တော် ထဲမှာ အတိုက်အခံအမတ် ၆ယောက်ထက်မပိုသေး။ နည်းမျိုးစုံနဲ့ ဤအခြေအနေကို အပြောင်းအလဲ မရှိအောင် လုပ်ထားပါတယ်။ ပြည်သူအများစုကလည်း စားဝတ်နေရေး မပူပင်ရတဲ့အတွက် ယေဘုယျ အားဖြင့် ကျေနပ်နေကြတယ်။ စင်ကာပူနိုင်ငံသားဖြစ်ရမှုကို ဂုဏ်ယူနေကြတယ်။

ဆိုရှယ်လစ်အမြင်နဲ့မတူ

သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ရှုမြင်တဲ့နေရာမှာ ဆိုရှယ်လစ် သမိုင်းအမြင်ကို လက်ခံသူများက လူပုဂ္ဂိုလ် အခန်းကဏ္ဍကို လက်အောက်ခံ ပြဿနာလို့ပဲ သဘောထားတယ်ဆိုတာ လမ်းစဉ်ပါတီခေတ်က ဆိုရှယ်လစ် နိုင်ငံရေးသင်တန်းနဲ့ ဆိုရှယ်လစ် သတင်းစာပညာသင်တန်း တက်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ နားရည်ဝနေပါတယ်။ သမိုင်းပညာရှင်၊ နိုင်ငံရေးဒဿနဆရာ ထောမတ် ကာလိုင်း (၁၇၉၅-၁၈၈၁) ကတော့ လူထူးချွန်တွေရဲ့ အခန်းကဏ္ဍဟာ သမိုင်းကို ဖန်တီးရာမှာ အလွန်အရေးပါ တယ်လို့ ဆိုခဲ့တယ်။ အလွန်အားကြီးတဲ့ လူပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ အကြောင်း အထောက်အထားတွေ ဖော်ပြခဲ့ပါတယ်။

ချာချီ စတာလင်

ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်မှာ ချာချီဝန်ကြီးချုပ်ဖြစ် လာလို့ ဂျာမနီကို စစ်အနိုင် တိုက်နိုင်ခဲ့ တာလို့ အများက ယုံကြည်ကြတယ်။ ချိန်ဘာလိန်သာဝန်ကြီးချုပ်ဆက်လုပ်နေရင် ဂျာမန်လက်အောက် ကျသွားနိုင်တယ် လို့ အဆိုရှိတယ်။ ရုရှားမှာ အာဏာရှင် စတာလင် ဓာတ်ကြမ်းတိုက်ပြီး ကြံ့ကြံ့ခံ ခဲ့လို့ ဂျာမန်တွေ ဦးကျိုးသွားတာလို့လည်း သမိုင်းဆရာတွေက ရေးတယ်။

အပြောင်းအလဲတွေ ဖြစ်စေခဲ့

လူပုဂ္ဂိုလ် ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို မှတ်တမ်းတင်ခဲ့ကြ တာတွေ အများကြီးပါ။ ဒုတိယကမ္ဘာစစ် အပြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်လာပြီး ဟမ္မားရှိုးလို၊ ဦးသန့်လို အတွင်းရေးမှူးချုပ်တွေ အစွမ်းပြနိုင် ခဲ့တာ၊ မာရှယ်တီတိုး၊ ချူအင်လိုင်း၊ ဆူကာနို၊ နေရူး၊ နာဆာ၊ ဦးနု စတဲ့ ပုဂ္ဂိုလ်များ ဦးဆောင်မှုကြောင့် ဘက် မလိုက်နိုင်ငံများအုပ်စုပေါ်လာခဲ့တာတွေဟာ အားကောင်းတဲ့ လူပုဂ္ဂိုလ် အခန်းကဏ္ဍတွေပဲ မဟုတ်ပါလား။

ဒါတင်မက ဖရန်ကို ကွယ်လွန်ပြီးနောက် ဆက်ခံသူ ဘုရင် ဟွမ်ကာလို့စ်ကြောင့် စပိန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်လာခဲ့တယ်။ ဆိုဗီယက်မှာ ပြည်ထောင်စုသမတ ဂေါ်ဘာချော့ဗ်ကို စစ်တပ်က အာဏာသိမ်း တော့ ရုရှားပြည်ရဲ့ သမတ ယဲ့လ်ဆင်က တင့်ကားပေါ်ခုန်တက်ပြီး ရဲရဲတောက် တရားဟောကာ ခုခံတိုက်ပွဲဝင် ခဲ့လို့ တစ်ပါတီစနစ်အောက် ပြန်လည် ကျရောက်မယ့် အန္တရာယ်က လွတ်ကင်းခဲ့တယ်။ နယ်လ်ဆင် မင်ဒဲလားကြောင့် တောင်အာဖရိက နိုင်ငံရေးအပြောင်းအလဲ ချောမွေ့ခဲ့တယ်။ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမို့စ်ကြောင့် နာရီပိုင်းအတွင်း တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တယ်။

ဒါကြောင့် ကျွန်တော်ကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်း ခေါင်းဆောင် မှုကော၊ အစုအဖွဲ့လိုက် ခေါင်းဆောင်မှု ရော အလွန်အရေးကြီးတယ်လို့ ပြောချင်တယ်။

၂၆ ၀၅ ၂၀၁၃

စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးငယ်များအားပြည်ပသို့ပို့ရန်စီစဉ်သဖြင့် အရေးယူ

၂၈.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်လူကုန်ကူးတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ အမှတ် ၁၀၂၊ ဗဟိုလမ်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်နေအိမ်တွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် လူပို့ ဆောင်ရန် ဆောင်ရွက်နေကြောင်း အထက်ဌာန၏ချပြသတင်းအရ အိမ်ရှင် ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး (ခ)မမော်အား စိစစ်ရာ ၎င်း၏နေအိမ်တွင် မမိုးမိုးလှိုင်၊ မစုမွန်ထွေး၊ မခင်မိုး (ခ) မခင်မိုးမြင့်၊ မဖူးငုံ၊ မမြမြစိုး၊ မမြင့်မြင့်ခိုင်၊ မမြတ်မီမီဇင်၊ မနှင်းဝေကြူ(ခ)သင်းဝေကြူ၊ မနှင်းဝေေ၀ထွန်း(ခ)၊ နန်းစီလာ၊ မရွှေဇင်ဝင်း(ခ)မင်းမင်း၊ မသက်သက်ခိုင်၊ မဥမ္မာလင်းနှင့် မဥမ္မာတို့ (၁၃)ဦးအားတွေ့ရှိခဲ့ပါသည်။


၎င်းအမျိုးသမီးငယ်များအား စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်၍ လုပ်အားခအဖြစ် ၁ လလျှင် စင်္ကာပူ ဒေါ်လာ ၄၀၀ မှ ၄၅၀ (မြန်မာငွေ ၃ သိန်းကျပ် (သို့) ၃ သိန်းခွဲ) ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအဖြစ် ၆လ/ ၇လ လစာဖြတ်ယူကာ ၂ နှစ်စာချုပ်ဖြင့် ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံး စုစည်း ထားရှိပြီး နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးကာ စင်္ကာပူနိုင်ငံရှိ KCL ကုမ္ပဏီနှင့် ဆက်သွယ်ပို့ဆောင် ပေးရန် စီစဉ်လျက်ရှိသည်ကို စိစစ်တွေ့ရှိ ရသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အမျိုးသမီး ငယ်များအား အိမ်အကူအဖြစ်ပြည်ပသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့သူ့ ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး (ခ)မမော်အား စမ်းချောင်းမြို့မရဲစခန်းတွင် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တာချီလိတ်တွင် လက်နက်နှင့် ပတ်သက်သော ပစ္စည်းကိရိယာများနှင့် စာအုပ်များတွေ့ရှိ



ရှမ်းပြည်နယ် တာချီလိတ်မြို့မြောက်ဘက် ငါးမိုင် ခန့်ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း တာဝန် ကျ ဒုရဲ မှူး သန်းစိုး ဦးစီးအဖွဲ့သည် မေ၂၇ ရက် မွန်းလွဲ ၂ နာရီက တာချီလိတ်မှ ကွန်းဟိန်းသို့ ထွက် ခွာလာသည့် ယာဉ်မောင်း စိုင်းကျော်ဇံ(၂၂)နှစ် အမှတ် (၂) ရပ်ကွက် ကွန်းဟိန်းမြို့နေသူ မောင်း နှင်လာသော ရှမ်းအောင်လံ မော်တော် ယာဉ်လိုင်း မှ ၅က/………(ဗင်) ယာဉ်အား စစ်ဆေးရာ ယာဉ်၏ နောက်ခန်းမှ သေနတ် ပြောင်းပြု လုပ်၍ ရသည့် သံပိုက်ချောင်းများ နှင့် စစ်လက်နက် စာအုပ်များ တွေ့ရှိခဲ့ရသည်ဟု သတင်းစာ တွင် ဖော်ပြထားပါသည်။


ယခုရက်ပိုင်းအတွင် ရှမ်းပြည်နယ် အတွင်းသို့ တရားမ၀င် လက်နက်အမျိုးမျိုး ၀င်ရောက်နေမှုများ မြင့် တက်လျှက် ရှိပြီး ယခင်ရက်ပိုင်းအတွင်း၌လည်း တပ်ရင်းအဆင့်ကို တိုက်ခိုက်နိုင်သည့် လောင်ချာ လက် နက်များ၊ လက်နက်ငယ် များလည်း ဖမ်းဆီးရရှိခဲ့သည်။


From: OPP

လာရှိုးမြို့ ယနေ့ နံနက်ပိုင်း မြင်ကွင်းများ (8 photos)


ယမန်နေ့ညက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုန်း ငြိမ်သက်သွားပြီးနောက် ယနေ့ မေလ၂၉ရက် နံနက်ပိုင်း လာရှိုးမြို့တွင် လုံခြုံရေးထူထပ်စွာ ချထားသည်ကို တွေ့မြင်ရသည်။










Credit : http://mmforward.blogspot.com/2013/05/8-photos.html

Facebook Page Unpublish ဖြစ်ရသည့် အကြောင်း



Facebook Page ဖန်တီး စီမံခန့်ခွဲ နေသူများ အတွက်ပါ။

အဓိကကတော့ Report အလုပ်ခံရတာပါ။ အထူး သဖြင့် ဓာတ်ပုံတွေပေါ့။ Page မှာ ပုံ Report အလုပ်ခံရပါများရင် ဘာဖြစ်မလဲ ဆိုတော့ -


ကျနော် အမြဲကြုံရပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတွေက ဘာဆိုဘာမှမဟုတ်ဘူး။ အဲဒါကို လက်က မျဉ်းတဲ့သူတွေက Report လုပ်တယ်။

အဲတော့ ထုံးစံအတိုင်း -

Hey . there was something wrong about this photo ဘာဘာညာညာနဲ့ ပုံဖြတ်ပေးပါ လားဆိုပြီး တော့ စာပို့လာတယ်လေ။ အားလုံး သိကြတယ်ဟုတ်။ အဲဒါက အမှန်တော့ ပို့တဲ့သူက ရေးတဲ့ဟာ မဟုတ်ပါဘူး။ သူ့ဘာသူ I don't like this photo ကိုကလစ်လုပ်လို့ Report လုပ်တာလေ။

အဲဒါကို သူငါ့ကို လာတိုင်ပတ်နေတယ် အထင်နဲ့ ပြန်စာတွေပို့ မနေနဲ့။ ပြီးတော့ ဒီတိုင်းလည်း မထားနဲ့။ အဲ့တိုင်းထားရင် ဆိုးကျိုးက အကောင့် Lock ကျမယ်။ Page unpublishes အလုပ်ခံ၇မယ်။ ခု Page တွေ Unpublishes အလုပ်ခံရတဲ့ အကြောင်းအရင်း အတော်များများက Page Admin တစ်ယောက်ယောက် ထဖောက်တယ်လို့ထင်နေကြတယ်။ အမှန်တော့ မဟုတ်ဘူး။

ဘယ်လို ဖြေရှင်းမလဲ

အဲ့လို ပုံကို Report လုပ်တဲ့စာတွေရောက်လာရင် spam ဖြစ်ကြောင်းသာ စာပြန်ပို့လိုက်။ ကလစ်နှိပ်ရုံပဲ။ that is spam လို့ပြန်စာပို့ရတာမျိုး မဟုတ်ဘူး။ Cross ပုံသဏ္ဍန် နေရာမှာ ကလစ်နှိပ်ပြီး spam ဆိုတာကို ရွေးလိုက်ရုံပါပဲ။ အားလုံး အဆင်ပြေကြပါစေ။

ရိုးရာလေး

RNDP ဗဟိုကော်မီတီ နှစ်ပတ်လည် အစည်းအဝေးတွင် အကြောင်းအရာ အများအပြားဆွေးနွေးနေ


RNDP billborad Arakan

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုကော်မီတီနှစ်ပတ်လည် အစည်းအဝေးကို ရခိုင် ပြည်နယ် အမ်းမြို့တွင် မေလ ၂၇ ရက်နေ့က စတင်ကျင်းပနေပြီ ဖြစ်သည်။

နှစ်ပတ်လည် အစည်းအဝေး ကျင်းနေသည့် အစီ အစဉ်များနှင့် ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က နိရဉ္စရာသို့ ယခုလို ပြောသည်။


“ ကျွန်တော်တို့က ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာတော့ အမ်း မြို့မိမြို့ဖ တချို့နဲ့ ပါတီအပေါ်မှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ပြီးတော့ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ဖို့ ရည်ရွယ် ထားပါ တယ်။ အချိန်ရရင်တော့ ၃၁ ရက်နေ့မှာ ကျေးရွာတွေကို သွားပြီး ဆွေးနွေးပွဲ လုပ်သွားဖို့ စီစဉ် ထားပါတယ်။”

ယမန်နေ့က ပြုလုပ်ခဲ့သော မျက်နှစ်စုံညီ အစည်းအဝေး ပထမနေ့တွင် မြို့နယ်များ၏ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြားခဲ့ပြီး ယနေ့တွင် ရခိုင်ပြည်သူများ လိုလား တောင်းဆိုနေသည့် နှစ်ပါတီ ပူးပေါင်းရေးနှင့် တခြားကိစ္စများကို ဆွေးနွေးသွားမည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

“ အာဂျင်တာတွေက အများကြီးပါ။ မြို့နယ်တွေရဲ့ လုပ်ငန်းအစီရင်ခံစာကို မနေ့က ဖတ်ပြီးပြီ။ ဒီနေ့တော့ နှစ်ပါတီ ပူးပေါင်းရေး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းရေးဆိုတဲ့ လူထုရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ ပါတီက ဘယ်လိုချဉ်းကပ်မလဲ၊ Road Map သဘောမျိုး အနေအထားနဲ့ ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်တယ်။ နောက် ကျွန်တော်တို့ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ဖြည့်သင့်တဲ့ အချက် အလက်တွေကို ဆွေးနွေးဖို့ ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်။ ရခိုင်ပြည် ရေးရာနဲ့ပတ်သက်လို့ ဥပမာ မဒေးကျွန်းမှာ လုပ်နေကြတဲ့ တရုတ်၊ အိန္ဒိယတို့လို ကုမ္ပဏီတွေအပေါ်မှာ ကျွန်တော်တို့ ပါတီရဲ့ သဘောထားတွေကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။”

နှစ်ပါတီ ပူးပေါင်းရေးနှင့်ပတ်သက်ပြီး ယခု မျက်နှာစုံညီအစည်းအဝေးတွင် ပူးပေါင်းရေး မူတခု ချမှတ်ပြီး ပူးပေါင်းရေး လမ်းကြောင်းကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

“ ကျွန်တော်တို့က မူတခု ချမှတ်ပြီးတော့ အဲဒီမူထဲက ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို ရွှေးချယ်ပြီး လုပ်သွားမယ်။ ကာလတခု အရောက်မှာ ပူးပေါင်းနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ပူးပေါင်းဖို့ လမ်းကြောင်းကို သွားဖို့ အစီအစဉ် ချထားပါတယ်” ဟု ဆိုသည်။

ယခုကျင်းပနေသော RNDP (ရတပ) ပါတီ နှစ်ပတ်လည် ဗဟိုကော်မီတီအစည်းအဝေးကို ဗဟိုကော်မီတီ ၀င်များ သာမက မြို့နယ်အသီးသီးမှ ဥက္ကဌများကို လေ့လာသူအဖြစ် ပိတ်ကြားထားရာ စုစုပေါင်း ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်နေသည် ဟု သိရသည်။

၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ရခိုင်ပြည်နယ် အနှံ့ အပြားတွင် အနိုင်ရရှိခဲ့သော်လည်း ယခု နှစ်ပတ်လည် ဗဟို ညီလာခံ ကျင်းပနေသော အမ်းမြို့နယ်တွင်မူ လွှတ်တော်နေရာ အားလုံး၌ ကြံ့ခိုင်ရေးပါတီအား ရှုံးနိမ့်ခဲ့သည်။

Credit : Here
ဒါဖတ်ပြီးမှ ဒေါ်စုကို ကုလားမ ဟု ခေါ်သင့်/ မခေါ်သင့် ဆုံးဖြတ်၊ ၂၀၁၅ မှာ NLD ကို မဲထည့်သင့်/ မထည့်သင့် ဆုံးဖြတ်ပါ။                 ဖတ်ရန်။



သို့..............ဒေါ်စုကြည် (အောင်ဆန်း ဆိုတဲ့နာမည်နဲ့ မတန်တော့လို့)                 ဖတ်ရန်။

ဇွန် ၂၅ ရက်နေ့မှာ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ အတိအကျ သိရမယ်



လွှတ်တော်က အရေးတကြီး ကော်မရှင်ဖွဲ့ လိုက်ရှာ ခဲ့တဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိနေပြီ ဖြစ်လို့ လာမယ့် ဇွန် ၂၅ ရက်နေ့မှာ အားလုံး သိရ အောင် ဖွင့်ချတော့မှာ ဖြစ်ပါတယ်။ ဒေါက်တာ ဆိတ်ဖွား ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို မြန်မာ့ အရေး စိတ်ဝင်စားသူတွေက မေးနေကြပြီး သူ့ကို ဘာကြောင့် လွှတ်တော်က ဒီလောက် အရေးတကြီး လိုက်ရှာနေရလဲ ဆိုတာကို အများက သိချင်နေကြ ပါတယ်။


ဒေါက်တာ ဆိတ်ဖွားဆိုတဲ့သူဟာ ဒီနှစ် ဇန်န၀ါရီလထဲမှာ Above the Law ဆိုတဲ့ ဆောင်းပါးတပုဒ်ကို Myanmar Express လို့ခေါ်တဲ့ ၀က်ဘ်ဆိုက် တခုမှာရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ရုံသာမက အခြေခံဥပဒေက မည်သို့ပင် ဆိုစေကာမူ လွှတ်တော် ဥက္ကဋ္ဌနဲ့ အပေါင်းအပါတွေ မဲခွဲ ဆုံးဖြတ်တာသာ အတည်ဖြစ်တယ်လို့ ရေးခဲ့တာပါ။

ဒေါက်တာဆိတ်ဖွားရေးတဲ့ Above the Law ဆိုတဲ့ ဆောင်းပါးဟာ လွှတ်တော်နဲ့ ပြည်သူအကြားမှာ အထင်မှားစေတဲ့ အတွက် ပြည်သူလူထုအနေနဲ့ လွှတ်တော်အပေါ်မှာ အထင်မမှားအောင် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး ရှာနေရတာလို့ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

“သူက သမ္မတပြောတာပဲ မှန်တယ်။ လွှတ်တော်က မှားတယ်လို့ ပြောတာသည် ကျတော်တို့ လုံးဝလက်ခံနိုင်ခြင်း မရှိပါဘူး။ဒါကြောင့် မို့လို သူကို ကျနော်တို့က စုံစမ်းပြီးတော့ မင်းပြောတာ မဟုတ်ဘူး၊ လွှတ်တော်က ဒီလိုလုပ်တာဆိုပြီး ရှင်းပြဖို့ လိုတယ်။ ပြည်သူလူထုကိုလည်း ချပြဖို့လိုတယ်လို့ လွှတ်တော် နာယကကြီးက သုံးသပ်ပါတယ်” လို့ ဦးလှဆွေက ဆိုပါတယ်။

ဒေါက်တာဆိတ်ဖွားကို ရှာဖွေတဲ့အခါမှာ အစိုးရ၀န်ကြီးဋ္ဌာနက အဆင့်မြင့်အရာရှိ ၆ ဦးကို ကော်မရှင်က ခေါ်မေးလိုက်တော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ အားပြိုင်မှု ဖြစ်လာပါတယ်။ ခေါ်မေးခံရသူတွေထဲမှာ ကျန်တဲ့ သူတွေက ပုဂ္ဂလိက ဂျာနယ်က အယ်ဒီတာချုပ် ၇ ဦးပါ။ ဂျာနယ်တွေမှာ လိုက်ပြီး ပရုဖတ်တဲ့ ဦးသိန်းတင်သန်းက အစ ပါတယ်လို့ သိရပါတယ်။ ဒေါက်တာဆိတ်ဖွား ဆိုသူဟာ တိုင်းပြည် ပြုပြင် ပြောင်းလဲနေတာကို မသိဘဲနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ဖားချင်တဲ့ စိတ်နဲ့ ရေးပြီးတော့ နောက်ကြောင်း ပြန်လှည့်ချင်နေသူလို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။

“ဆိတ်ဖွားက အရင်ခေတ်က ပြန်ကြားရေးဋ္ဌာနမှာ ရေးတဲ့ စတိုင်မျိုးနဲ့ အစိုးရပဲမှန်တယ်၊ အတိုက်အခံ တွေရော ဘာတွေရော အကုန်မှားတယ် ပေါ့နော်။ အဲဒီရေးတဲ့ ဆောင်းပါးရှင်က စာမူခကို ပြည်သူ့ ဘဏ္ဍာနဲ့ ရတာ။ ပြည်သူ့ဘဏ္ဍာနဲ့ ရပြီး အစိုးရကို ဖားရေးတာပေါ့။ အဲဒီလို ဖားရေးတဲ့ သူတွေကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက အကြံပေးအဖွဲ့ဆိုပြီး မွေးထားတယ်။ အရင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်မှာ အများဆုံးဖြစ်ခဲ့တယ်” လို့ ဦးလှဆွေက ဆိုပါတယ်။ ဆိတ်ဖွားကို ရှာဖို့ ကြိုးစားရာမှာ နည်းပညာ အခက် အခဲကြောင့် Soft ware ကို မသုံးနိုင်ဘဲ Hard ware သုံးပြီး ရှာခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အကူအညီတောင်းပြီး ဖိုက်ဘာ ဆက်ကြောင်းကနေ ရှာဖွေခဲ့သလို၊ ကမ္ဘာကျော် Google ကုမ္ပဏီကို အကူအညီ တောင်းခံခဲ့ပါတယ်။ “ကျနော်တို့ Google နဲ့ ချိတ်မယ်လို့လည်း ပြောလိုက်ရော၊ ဆိတ်ဖွားကြီးက အင်တာနက်ကနေ ပျောက်သွားရော။ ကျနော်တို့မှာက ဖိုက်ဘာ ဆက် ကြောင်း ရှိတယ်လေ။ ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိန်းချုပ် ထားတာဆိုတော့ ဆိတ်ဖွားသုံးနေတဲ့ အချိန်မှာ ဘယ်က သုံးနေလဲ ဆိုတာ ထောက်လှမ်းနိုင်တဲ့ စနစ်ရှိတယ်။ အခု အဲဒါကို ဖမ်းနိုင်ဖို့ လုပ်နေတယ်။ မြန်မာ့ ဆက်သွယ်ရေးက လုပ်ပေးမယ်လို့ ပြောတယ်။ တကယ်လုပ် မလုပ်တော့ မသိဘူး” လို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။

Google ကလည်း ဒေါက်တာဆိတ်ဖွားဟာ အကြမ်းဖက် ဗုံးခွဲတဲ့သူ မဟုတ်လို့ ရှာမပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

“Google ကိုမေးတော့လည်း အကြမ်းဖက် ဗုံးခွဲတဲ့သူတွေကိုပဲ ရှာပေးနိုင်မယ်လို့ ပြောတယ်။ ကျန်တာက ပုဂ္ဂလိက ကိစ္စတွေဖြစ်လို့ မဖြေလိုဘူးလို့ ပြောတယ်” လို့ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်ဝင်တဦးက ဆို ပါတယ်။

တိုင်းပြည်မှာ နည်းပညာ အားနည်းချက်တွေရှိလို့ လွှတ်တော်လို နေရာကြီး တခုကို ဒေါက်တာဆိတ်ဖွားက စော်ကားရဲတာလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ “ကျနော်တို့မှာ သူဘယ်သူဆိုတာ သိနိုင်တဲ့ နည်းပညာမရှိဘူး။ ကျနော်တို့ ဆက်သွယ်ရေးက အားနည်းတာကို သိတဲ့ အတွက် အခွင့်အရေးယူ တိုက်ခိုက်တာပါ” လို့ သူက ဆက်ပြောပါတယ်။ ဆိတ်ဖွား နေပြည်တော် လာဖို့ အတွက် တည်းခိုခ လမ်းစရိတ်ကအစ ထမင်းကျွေး၊ လက်ဖက်ရည်တိုက် အဆုံး ကော်မရှင်က တာဝန်ယူ ပေးခဲ့ရတာလို့ ဦးဖုန်းမြင့်အောင်က ဆိုတယ်။ “ကျနော်တို့က လူပေါင်းစုံခေါ်ပြီး လက်ဘက်ရည်တိုက်၊ ကော်ဖီတိုက်၊ ရထားလက်မှတ် စီစဉ်ပေးပြီးတော့ ခေါ်မေးရတာ။ ကားသွားကြိုရတယ်၊ ပြီးရင်ပြန်ပို့ရတယ်။ ရဲမေးတာ မဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ်လို လုပ်ရတာပေါ့။ မေးမြန်း ချက်တွေကို အသံသွင်း တာတွေ လုပ်၊ လက်မှတ်ထိုးခိုင်းတာတွေ လုပ်ပြီးတော့မှ ကျနော်တို့ သုံးသပ်ချက်တွေနဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ရမှာ” လို့ သူက ပြောပါတယ်။

နောက်ဆုံးတော့ ဆိတ်ဖွားဘယ်သူလဲဆိုတာ ကော်မရှင်က ရှာတွေ့ခဲ့ပါတယ်။ ဆိတ်ဖွားကလည်း ဆောင်းပါးအတွက် သူ တာဝန်ယူကြောင်း ထုတ်ပြောခဲ့တယ်လို့ သိရတယ်။ “Soft ware ပိုင်း လိုက် ဖို့ခက်တော့ သူရေးထားတဲ့ ဆောင်းပါးက ခင်မောင်ညို (ဘောဂဗေဒ) အယ်ဒီတာချုပ်လုပ်တဲ့ ဂျာနယ်မှာ ပါလာတယ်။ ကျနော်တို့က အဲဒီဆောင်းပါး ဘယ်သူရေးတာလဲ လိုက်ရင်းနဲ့ သူ့ကို ခေါ်မေးလိုက်တော့ အဖြေပေါ်တာပေါ့” လို့ ဦးလှဆွေက ပြောပါတယ်။

ဧရာဝတီက ဆရာခင်မောင်ညို (ဘောဂဗေဒ) ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကော်မရှင်က တွက်ထားတဲ့သူနဲ့ ဒေါက်တာဆိတ်ဖွားပါလို့ လာဝန်ခံတဲ့သူ တထပ်တည်း ကျတယ်လို့ ဦးလှဆွေက ပြောပါတယ်။ ဒေါက်တာဆိတ်ဖွားကို အရေးယူနိုင်မယ့် ဥပဒေ ရှိမရှိကိုတော့ ဥပဒေ ပညာရှင်တဦးဖြစ်တဲ့ ဦးမြညိမ်းက လွှတ်တော်မှာ တခါတည်း တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒေါက်တာဆိတ်ဖွားကို ဘယ်လိုဥပဒေမျိုးနဲ့ အရေးယူသင့်တယ် ဆိုတာကို အကြံပြုဖို့ လွှတ်တော် နာယက ကြီးက ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို တာဝန်ပေးထားပါတယ်။ လာမယ့် ဇွန် ၂၅ ရက်နေ့ လွှတ်တော်ပြန်ခေါ်ရင်တော့ အားလုံးသိချင်နေတဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာ ပေါ်လာတော့ မှာပါ။

ဒေါက်တာဆိတ်ဖွားကို သေဒဏ်တောင် ပေးနိုင်တယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ပြောဆိုနေ ကြပေမယ့် ဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဝင် ဦးလှဆွေကတော့ အဲဒီလောက် အပြစ်ပေးစရာမလိုဘဲ နောက်မလုပ်ရင် တော်ပါပြီလို့ ဧရာဝတီကို ပြောပါတယ်။

“ဒေါက်တာဆိတ်ဖွား ပြဿနာက ဘာနဲ့တူသလဲဆိုတော့ သူငယ်တန်းကနေ ဆယ်တန်းအထိ ဗိုင်းကောင်း ကျောက်ဖိ နေလာတဲ့ ကျောင်းသူလေးက ဂုဏ်ထူးတွေအများကြီး ရပြီး တက္ကသိုလ်လည်းရောက်ရော ပျက်စီးသွားရော၊ အရင်တုန်းက ကျနော်တို့ တိုင်းပြည်က မလွတ်လပ် မပွင့်လင်းဘူး၊ ဒီမိုကရေစီ ဒိုင်းဆို ရလာတဲ့ အချိန်မှာ ရေးချင်ရာ အကုန်လျှောက်ရေး၊လွှတ်တော်ကို စော်ကား၊ သမ္မတကို နှိပ်ကွပ်တာတွေ ဖြစ်လာတာပေါ့။ ရင့်ကျက် တည်ငြိမ်ဖို့တော့ အချိန်ယူရဦးမှာပါ” လို့ ဦးလှဆွေက ဆိုပါတယ်။

ဒေါက်တာဆိတ်ဖွားက သမ္မတပဲ မှန်တယ်၊ ကျန်တဲ့သူ အကုန်မှားတယ်ဆိုတဲ့ ပုံစံမျိုး ရေးထားတဲ့ အပေါ် သမ္မတလည်း လူသားတယောက်ဖြစ်လို့ သူလည်း မှားရင် မှားနိုင်တာပဲလို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ထောက်ပြပါတယ်။

“လွှတ်တော် ဆိုတာကတော့ လူ ၆၆၀ လောက် ရှိတဲ့အခါကျတော့ ပြည်သူ့ ကိုယ်စားလှယ်ပေါင်း ၆၆၀ က စဉ်းစားပြီးတော့မှ ဆုံးဖြတ်ကြတာ ဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ သမ္မတကို လွှတ်တော်က ထောက်ပြဖို့ တာဝန်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်လည်း ဆိတ်ဖွားစုံစမ်းရေး ကော်မရှင်ကို ရောက်ရှိလာပြီး ဒေါက်တာဆိတ်ဖွားကို တွေ့ရှိဖို့ ပူးပေါင်း ကူညီမယ်၊ သူကိုယ်တိုင် ကူရှာပေးမယ်လို့ ပြောပြီး တကယ်လည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်တယ်လို့ ကော်မရှင်ဝင် တဦးက ပြောပါတယ်။

From:ဧရာဝတီ

ဒေါ်စု ကုလားတွေအတွက် သားဖောက်ပေးလိုက်ပါ



အန်တီ ဒေါ်အောင်ဆန်းစုကြည် ပြောတာ မှန်ပါ တယ် ။ လူ့အခွင့်အရေး (Human Right) အရ လွတ်လပ်စွာ ကလေးမွေးခွင့် ဆိုတာ လူတိုင်းမှာ ရှိပါတယ် ။ ကလေးမွေး သိပ်ဝါသနာပါတဲ့ ဘင်္ဂလီ အမျိုးသမီးတွေကို ကလေးမွေးဖွားနှုန်း ကန့်သတ် လိုက်တာကတော့ လူ့အခွင့်အရေးနဲ့ လုံးဝ (လုံးဝ) မကိုက်ညီပါဘူး ။


ပုံမှန် အိမ်ထောင်စု တစုမှာ အယောက် ၈၀ လောက် ရှိနေရာကနေ အခု ၂ ယောက်ပဲ မွေးရ တော့မယ် ဆိုတော့ လူသားမဆန်ရာ ရောက်လွန်း ပါတယ် ။

အခု ဘင်္ဂလီ လူမျိုးဆိုလို့ အယောက် ၈ သိန်းပဲ ရှိသေးတယ် ။ ဘူးသီးတောင်နဲ့ မောင်းတောမှာတော့ ၉၅ % လောက် ဘင်္ဂလီ ဆိုတော့ လည်လှီး ၊ မုဒိမ်းကျင့် လုပ်ရတာ အဆင်ပြေသေးတယ် ။ စစ်တွေမှာ က ဘင်္ဂလီ ဦးရေ ၄၀ % ပဲ ရှိသေးတော့ သိပ်အဆင်မပြေ သေးဘူး ။

အဲ့ဒီတော့ အင်အားထပ်လိုပါသေးတယ် ။ ဘင်္ဂလီ မိန်းမ တယောက်ဟာ အကောင်းဆုံး သားဖောက် အင်ဂျင် တလုံးပါပဲ ။ မွေးပြီးရင် ပြီးပြီ ။ ထွက်လာတဲ့ ကလေးဟာ ... ပညာ တတ်ဖို့ မလိုဘူး ။ လူသတ် တတ်ဖို့ပဲ လိုတယ် ။ အကောင်း အဆိုး သိဖို့ မလိုဘူး ။ ဗလီဆရာ ခိုင်းတာ လုပ်ဖို့ပဲ လိုတယ် ။ ဘာမှ အများကြီး မလိုဘူး ။ သုည ဘဝမှာ နေကြတဲ့ လူတွေ ။ ရခိုင်မြေမှာ အိမ်တလုံးရမယ် ၊ လူတယောက်မွေးမယ် ဆိုရင် တော်တော် တာဝန်ကျေနေပြီ ။

ဗလီ တလုံးသာ ဆောက်လိုက်ရပြီဆိုရင် အရမ်းကြီးမားတဲ့ ကုသိုလ်တရားနဲ့ ဂျာနတ်ဘုံကို စံဝင်ဖို့ စောင့်ရုံပဲ ကျန်ပါတော့တယ် ။ အဲ့ဒီတော့ လွတ်လပ်စွာ ဗလီဆောက်ခွင့် ၊ လွတ်လပ်စွာ လည်လှီးခွင့် ၊ လွတ်လပ်စွာ မုဒိမ်းကျင့်ခွင့် အတွက် လွတ်လပ်စွာ ကလေးမွေးဖို့ က အရေးအကြီးဆုံးပါပဲ ။ အဲ့ဒီ မွေးဖွားခွင့်ကို ပိတ်ပင်လိုက်ခြင်းက ဘင်္ဂလီဆိုတဲ့ လူ့ငရဲသားတွေ အတွက် အရှိုက်ကို တိုက်ရိုက်ထိတဲ့ အစိုးရရဲ့ ဒေသန္တရ ပေါ်လစီပါပဲ ။

ဒီလုပ်ဆောင်မှုကို အန်တီ့လို ကမ္ဘာသိ ရွာသိ တယောက်က ဝေဖန်လိုက်တယ် ဆိုတော့ ...

အန်တီ တော်ပါတယ် ။

အန်တီ လူသားဆန်ပါတယ် ။

အန်တီ လူ့အခွင့်အရေးကို သိပ်နားလည်ပါတယ် ။

တကမ္ဘာလုံးက အန်တီ့ကို ပိုကြည်ညိုကြတော့မှာပါ ။ အင်မတန်မှလည်း နားထောင်လို့ ကြားလို့ကောင်းတဲ့ ဂရုဏာစကားမျိုး ဆိုတော့ အားလုံး ဝမ်းသာ ကြမှာပါ ။

ရခိုင်သားတွေကတော့ မျက်ရည်ကျနေပြီ အန်တီရေ ....

အစိုးရ အဆက်ဆက်ရဲ့လျစ်လျူရှုမှု အောက်မှာ ရခိုင်ပြည်ကြီး ခါးချိနေခဲ့တာ တော်တော် ကြာခဲ့ပြီ ။ စားဝတ် နေရေး အဆင်မပြေတော့ ရခိုင်လူငယ် ကုန်သလောက်က တိုင်းတပါးမှာ ကျွန်ခံအလုပ် လုပ်ကြရတယ် ။ အဝေးကနေ အဖရခိုင်ပြည်ကြီးကို အမြဲ စိတ်တထင့်ထင့်နဲ့ နေကြရတဲ့ ဘဝ မှာ .. အန်တီ့ရဲ့ စကားက ရခိုင်လူငယ်တိုင်းကို ဘယ်သူ့ကိုမှ မယုံကြည်ဖို့ အတွက် ထပ်ပြီး တွန်းအား ဖြစ်စေခဲ့ပါပြီ အန်တီ ..

ကိစ္စမရှိဘူး အန်တီ .. အနောက်ဘက်တံတိုင်းကို ရှိတဲ့အားနဲ့ လုံအောင် ဆက်ကာဖို့ ရခိုင်သားတွေ ကတိ ပေးပါတယ် အန်တီ ။

လူ့အခွင့်အရေး ကို သိပ်တန်ဖိုးထားတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် အမြဲကျန်းမာပါစေ ။

From: သီဟသစ် ( ၂၈.၅.၂၀၁၃)

မဟာဆန် အမည်ပေးမိ၍ သီရိလင်္ကာ မိုးလေဝသ ပညာရှင် တောင်းပန်ရ

မေလလယ်က အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းတိုက်ခတ်သွားသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အား မဟာဆန် (Mahasen)ဟု အမည်ပေးလိုက်သည့်အပေါ် သီရိလင်္ကာရှိ ထိပ်တန်း မိုးလေဝသ ပညာရှင်များ က တောင်းပန်လိုက်ရသည်။


အကြောင်းမှာ သီရိလင်္ကာ နိုင်ငံတွင် အေဒီ ၄ ရာစုက အုပ်ချုပ်သွားသော ဘုရင်မင်းမြတ်၏ အမည် (King Mahasen)အား ယခုကဲ့သို့ သဘာဝကပ်ဘေးကြီးတခုအတွက် သုံးလိုက်ခြင်းအပေါ် နိုင်ငံရေးသမားများနှင့် လယ်သမားအဖွဲ့များက ဆန့်ကျင်ကန့်ကွက်မှုများကြောင့် တရားဝင် တောင်းပန်ရခြင်းဖြစ်သည်ဟု သီရိ လင်္ကာနိုင်ငံ မိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ်အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြ ထားသည်။

“မဟာဆန် ဘုရင်ကြီးနှင့် တိုင်းပြည်၏ ဂုဏ်ရောင်အား ထိခိုက်စော်ကားမှု တစုံတရာ ရှိမိပါက” တောင်းပန်ပါ သည်ဟု ညွှန်ကြားရေးမှူးချုပ် S.H. Kariyawasam က အင်္ဂါနေ့တွင် ပြောဆိုသွားခြင်း ဖြစ် သည်။

မေလ ၁၃-၁၄-၁၅ ရက်နေ့များတွင် ထိုဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရပြီး တသန်းခန့် အိုးအိမ်ရွှေ့ပြောင်းခဲ့ကြရသည်။

ဘုရင်မင်း မဟာဆန် သည် သီရိလင်္ကာတိုင်းပြည်တွင် ဧရာမ ရေလှောင်ကန်ကြီး ၁၆ ခု တည်ဆောက် ပေးနိုင်ခဲ့ပြီး ဘုရားတဆူသဖွယ် ကြည်ညိုသမှု ပြုကြရသည်ဟုလည်း သတင်းတွင် ဖော်ပြရေးသားထား သည်။ 

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11761-2013-05-28-13-20-58.html

“ဒီနေရာမှာရပ်နေမှာမဟုတ်ဘူး” (ကိုမွန်းအောင်နဲ့ စကားပြောကြည့်ခြင်း)


377999_574835092547715_759875627_n

အဆိုတော် မွန်းအောင်ဟာ ၁၉၈၁-၈၂ ကစပြီး ခေတ်ပေါ်တေးလောကမှာ ထင်ရှားတဲ့ အဆိုတော် တယောက် ဖြစ်လာပြီး ၁၉၈၈ စစ်အာဏာ သိမ်း ပြီးနောက် သူရဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ကာ ကျောင်းသားတပ်မတော်ထဲ ၀င် ရောက်ခဲ့သူ ဖြစ်တယ်။ ပြည်တွင်းမှာ သူ့ တကိုယ်တော်သီချင်းခွေ ၄ ခွေ၊ ပြည်ပမှာ ၂ ခွေ ထုတ်ဝေဖြန်ချိခဲ့တယ်။ ပြီး ခဲ့တဲ့ မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း (တတိယအပတ်မှလွဲပြီး) နော်ဝေးနိုင်ငံ အော်စလိုမြို့ ပါလီမန် အဆောက် အဦ ရှေ့မှာ အဆိုတော် ကိုမွန်းအောင်နဲ့ သူ့မိတ်ဆွေတွေဟာ မြန်မာ့နိုင်ငံရေးအဖြစ်မှန်ကို နော်ဝေးပြည်သူများ သိရှိရေးနဲ့ သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ ခု နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းထားမှုကနေ နောက်ထပ် စကာတင်အ ဆင့်ထိ နာမည်မတက်လာဖို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လက်မှတ် ထိုး တောင်းဆိုမှု ကင်ပိန်းတခုကို လုပ်ခဲ့ ကြတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဆိုတော် မွန်းအောင်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။


မေး… အခုလှုပ်ရှားမှုဟာ ဘယ်လောက်ထိရောက်မှုရှိတယ်လို့ မြင်သလဲ

ဖြေ… ဘယ်လောက် ထိရောက်တယ်ဆိုတာ အတိုင်းအတာအရ ပြောရခက်သည့်တိုင်အောင် ကျနော့အနေနဲ့ ဘာကို ယူသလဲဆိုတော့ လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါဟာ လူစုလူဝေးနဲ့ ဆန္ဒပြတာ မျိုးမဟုတ်တော့ လူများများမလိုဘူး၊ ဦးသိန်းစိန် နိုဘယ်လ်ဆုနဲ့ မထိုက်တန်ဘူးဆိုတာ ပြသပြီး လက်မှတ် စုဆောင်းတဲ့ပွဲ ဖြစ်တယ်။ ဒါဟာ ပထမဦးဆုံး လှုပ်ရှားမှုတခု အနေနဲ့ စလုပ်လိုက်တာပဲ။

မေး… အလားတူ လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလား

ဖြေ… အခုအော်စလိုလှုပ်ရှားမှုမှာတော့ လူတွေရဲ့ စူးစမ်းမှု၊ အာရုံစိုက်မှုတွေရခဲ့တယ်။ မြန်မာပြည် အကြောင်း ပြောပြခွင့် တွေရတယ်။ ဒီဟာက ဒီနေရာမှာ ရပ်သွားမှာမဟုတ်ဘူး။ ကျနော် စဉ်းစားတာက ဥရောပထဲမှာ ကျနော်တို့ နိုင်ငံအများ ကြီးမဟုတ်တောင် ကိုယ်သွားနိုင်တဲ့ နိုင်ငံတချို့တော့ အဲဒီက မိတ်ဆွေတွေနဲ့ ဆက်သွယ် ညှိနှိုင်းပြီးသွားမယ် စိတ်ကူး တယ်။ လာမယ့်လထဲမှာ ဂျာမဏီသွားမလို့ စဉ်းစား ထားတယ်။ ပြီးရင် ဇူလိုင်လထဲ ဒိန်းမတ် အစီအစဉ်လည်း စဉ်းစား ထားတယ်။ အနီးအနားနိုင်ငံတွေက မိတ်ဆွေ ရဲဘော်ဟောင်းတွေကို ဆက်သွယ်မယ်၊ ကိုယ်နဲ့သဘောထား နီးစပ်သူ တွေနဲ့ဆုံဖို့လိုတယ်။ ကျနော် လူကိုယ်တိုင်သွားမယ်။

မေး… ဒီကနေ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေအပေါ် ဘယ်လိုမြင်လဲ

ဖြေ… လက်ရှိ အနေအထားတွေကြောင့် ဒီမိုကရေစီအင်အားစုတွေဟာ မရေမရာနဲ့ ဘာလုပ်ရမှန်းမသိ၊ ဘယ်ပေါ်မှာ ရပ်ရမလဲဆိုတာ အမျိုးမျိုးရှိနေလိမ့်မယ်။ ကျနော့အမြင်မှာတော့ မြန်မာ့နိင်ငံရေးမှာ စစ်တပ် က ပါဝင်မယ်လို့ ဦးသိန်းစိန် က အမေရိကားလိုနိုင်ငံမျိုးမှာ အတိအလင်းပြောသွားတယ်။ ဒါဟာ သူတို့ဘက် က ဘာလုပ်မယ်ဆိုတာ အတိအလင်း ကြေငြာလိုက်တာပဲ။ အဲဒီတော့ ကျနော်တို့ရဲ့ အခုလို ရပ်တည်ချက် ဟာ မမှားဘူး။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာ မလိုချင်ဘူး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျနော်တို့ လိုချင် တယ်။ အဲဒီအတွက် ကျနော်တို့ တိုက်ပွဲဝင်ရမယ်။ အထူးသဖြင့် စစ်တပ်က အနာဂတ်နိုင်ငံရေးမှာ အခန်း ကဏ္ဍတခုကနေ ပါဝင်နေမယ်ဆိုတာကို ကျနော်တို့ လက်မခံနိုင်ဘူး။ အဲလို မဖြစ်အောင်လဲ ဆက်လက် ဆန့်ကျင်နေမှာပဲ။ နောက်ပြီး ဆန်ရှင် (စီးပွားပိတ်ဆို့မှု) တွေ ဖွင့်ပေးနေတာတွေရှိတယ်။ အမေရိကား ကလည်း လက်ကျန်တချို့ပြန်ဖွင့်ပေးတာတွေရှိတယ်။ ဗမာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ ၀င်လာရင် တောင် စီးပွားရေးကို ဘယ်လိုပုံစံမျိုး လုပ်သလဲဆိုတဲ့မေးခွန်းကလည်း ရှိသေးတယ်။ ပြည်သူတွေရဲ့ သဘော ထားလည်း စောင့်ကြည့်ရအုံးမယ်။ လူတွေကပြောနေသလို ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေတာတော့ မဟုတ်ဘူး၊ သူဟာ ပြုပြင်ပြောင်းလဲရေးရဲ့ ရုပ်သေးရုပ်တရုပ်သာ ဖြစ်တယ်။ ဗမာပြည်ကို အရင်နဲ့မတူအောင် နည်းနည်းပါးပါး လုပ်ပြတော့ နိုင်ငံခြားအစိုးရတွေက တကယ်ပြောင်းလဲ နေပြီလို့ ထင်နေကြတယ်။ ကျနော့်အမြင်က အာဏာကို ပုံစံတ မျိုးနဲ့ သူတို့လက်ထဲမှာရှိနေအောင် ပြောင်းလဲယူနေတဲ့ လှည့်စားဖန်တီးမှုပါ။ ကျနော်တို့ကတော့ ပြည်တွင်းနိုင်ငံရေး ဖြစ် စဉ်ထဲကနေ အမှန်တရားကိုစွဲကိုင်ပြီး သူတို့ဟာ လုပ်ဇာတ်ကြီးတခု ဖန်တီးနေတယ်ဆိုတာ သက်သေတွေ ထုတ်ပြသွား ရမှာပဲ။

မေး… သမ္မတဦးသိန်းစိန်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်းက၂၀၁၃ နိုဘယ်လ် ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းတယ်။ သမတ ဦးသိန်းစိန်ရဲ့ လှုပ်ရှားမှုကို ဘယ်လိုမြင်လဲ

ဖြေ… သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီးယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ခဲ့သူ ဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက် ပွဲကျမှ စစ်ဦးထုတ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင်မမီသူလို့ ပြောချင် တယ်။ သူ့ကိုအမည်စာရင်း သွင်းတာ နိုဘယ်လ်ဆုတီထွင်ခဲ့တဲ့ အဲလ်ဖရက် နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယ်လ်ဆုနဲ့ထိုက်တန်သူတွေ အများကြီးရှိပါတယ်။

ဒီကနေ့ အပြောင်းအလဲဟာ ဦးသိန်းစိန်ပြောင်းလဲပေးခဲ့တာ မဟုတ်ဘူး၊ စစ်အုပ်စု လမ်းကြောင်းထဲက သွားနေတဲ့ အစီ အစဉ်တခုသာ ဖြစ်တယ်။ ဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့ အရုပ်တရုပ်ပဲ။ သူတို့ဟာ အနှစ် ၂၀ ကျော် အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ဘ၀ကနေ နောင်နှစ်ပေါင်းများစွာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ ကြံစီနေတာ ဖြစ်တယ်။ ပြီးတော့ ဗမာပြည်မှာလဲ ဒီမိုကရေစီပြောပြီး အတိုက် အခံမရှိသလို ဖြစ်နေတယ်။ ရထားတဲ့အခွင့်အရေးလေး ပျောက်သွားမလား စိုးရိမ်စိတ်နဲ့ မတရားမှန်း သိလည်း ဘာမှမပြောရဲ မဆိုရဲကြဘူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်း ဆောင်တွေနဲ့ မီဒီယာအများစု ကလည်း နှာစေးနေကြတယ်။

မေး… ကိုမွန်းအောင် အောင်မြင်နေတဲ့အချိန် တောခိုခဲ့ရတာဆိုတော့ အနုပညာထက် မိမိယုံကြည်မှုကို ပိုပြီးတန်ဘိုး ထားတာလား

ဖြေ… သီချင်းတွေတီးရဆိုရတာ ကျနော် ပျော်တယ်။ သီချင်းတီးခတ်သီဆိုနေရရင် ခန္ဓာကိုယ်အစိတ်အပိုင်း တွေအားလုံး သက်တောင့်သက်သာ ဖြစ်သွားသလိုပဲ။ တယောက်ယောက်ကို သီချင်းဆိုပြလိုက်ရရင် ရင်ထဲမှာ ပီတိဖြစ်နေတာမျိုးပါ။ သီချင်းတွေကို ၀ါသနာအရဆိုတာ ဖြစ်တယ်။ တကယ်တမ်း သီချင်း ဆိုစားတာမျိုးတော့ ကျနော် စိတ်မ၀င်စားဘူး။ ကျနော်က ဟိုးကတည်းက တော်လှန်ရေးသီချင်းတွေ ဆိုချင်ခဲ့တယ်။ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်းဆိုချင်လို့ သီချင်းရေး တဲ့ ကိုနေ၀င်းကို ပုသိမ်အထိ သွားတွေ့တယ်။ ကိုနေ၀င်းကတော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမဲ့ ၈၂ အင်းယားအခွေ မသွင်းခင် အဲဒီသီချင်းနာမည်နဲ့ အခွေထုတ်ဖို့လုပ်တော့ ဆုံးသွားတဲ့ ကိုမောင်မောင်က “မင်း ဒီသီချင်းဆိုရင် အနောက် နိုင်ငံမှာတော့ နာမည်ကြီးသွားနိုင်တယ်၊ ဒီနိုင်ငံမှာတော့ ဘယ်သူမှမသိလိုက်ဘဲ ထောင်ထဲဝင်သွားရ လိမ့်မယ်” လို့ ကျနော့်ကို ပြောခဲ့တယ်။ သူ့စကားက ကျနော့နားထဲ စွဲသွားတယ်။ ဒါနဲ့ ငြိမ်းချမ်းရေး တိုက်ပွဲသီချင်းကို အသံသွင်းထားပြီးမှ ဖြုတ်ထားခဲ့ရတယ်။ မှတ်မှတ်ရရ လွမ်းရတဲ့ညတွေ လွန်ပါစေ အခွေထွက်တော့ ကျနော့ ထုတ်လုပ်သူကို “ နောက် တခါဆိုရင် အခွေသွင်းရင် ဆင်ဆာဘုတ်အဖွဲ့ကို မဖြတ်တော့ဘူး” လို့ ပြောခဲ့ဖူးတယ်။ တကယ်လည်း ဆင်ဆာဘုတ် မဖြတ်ခဲ့ရဘူး၊ အဲဒီလွမ်းရတဲ့ညက နောက်ဆုံးအခွေ ဖြစ်သွားခဲ့တယ်။ ကျနော်လည်း တောထဲရောက်ခဲ့တယ်။

မေး… ကိုမွန်းအောင်က နိုင်ငံရေးယုံကြည်ချက်နဲ့ သီချင်းဆိုနေတာလား

ဖြေ… နိုင်ငံရေးယုံကြည်ချက်နဲ့ဆိုတာလို့ ပြောတာထက်စာရင် နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကို အနုပညာသမားလည်း ခံရ တယ်။ စာရေးဆရာ၊ ကဗျာဆရာတွေလည်း သူပတ်ဝန်းကျင်မှာဖြစ်နေတဲ့ လှိုင်းဂယက်တွေကိုသူတို့အတတ်ပညာနဲ့ ဖော်ပြကြသလိုပေါ့၊ သီချင်းသမားကလည်း သူဖြတ်သန်း နေတဲ့ခေတ်ကြီးရဲ့ ရင်ခုံသံကိုပြောတာပါပဲ။ ဥပမာ ကျနော် ဒီမှာဆိုခဲ့တဲ့ အတ္တဖြုတ်ချ ဆိုတဲ့ သီချင်းဟာ ကျနော်ရန်ကုန်ကို ကျောင်းသားဘ၀နဲ့ မရောက်ခင်ကတည်းက ကိုရဲလွင် ရေးထားတာပါ။ ဒီသီချင်းကို သူက ဘေးနားမှာ (NFS) လို့ ရေးထားတယ်။ Not for Sale ရောင်းရန် မဟုတ်ပေါ့။ ကျနော်က အဲဒီသီချင်းကို ကြိုက်တယ်။ စီစစ်ရေးအဖွဲ့ကလည်း အကျိုးပြုသီချင်းအနေနဲ့ တောင်းတယ်။ ဒီသီချင်းက လည်း အကျိုးပြုအမြင်နဲ့ကြည့်ရင် ဘောင်ဝင်နေတယ်။ ကိုရဲက ကျနော့ကို မရောင်းဘူး၊ ပေးဆိုတယ်။ သူ့အပြောအရ အတ္တဖြုတ်ချရဲ့ အဓိပ္ပါယ်က အနတ္တကအစိုးမရဘူး၊ အတ္တက အစိုးရတယ်။ အဲဒါကြောင့် အတ္တဖြုတ်ချ (အစိုးရဖြုတ်ချ) ဆိုတဲ့ အဓိပ္ပါယ်ဝှက်သီချင်း။ ဆင်ဆာလွတ်ပေမဲ့ အဲဒီသီချင်းက အကျိုးပြု သီချင်းအတွက်လိုအပ်လို့ ရေးထားတာ မဟုတ်ဘူး၊ နဂိုကတည်းက ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ရေးထားပြီးသား သီချင်း။ ပြောရရင် ရည်ရွယ်ချက်နဲ့ရေးထားတဲ့ နိုင်ငံရေးသီချင်း။ ဒါပေမဲ့ ဒီလူတွေက နိုင်ငံရေးသမားတွေ မဟုတ်ဘူး၊ အနုပညာသမားတွေ။ ဘာလို့ နိုင်ငံရေးထဲပါလာလဲ ဆိုတော့ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်ကာလကြီးရဲ့ ဂယက်ရိုက်မှုကို ခံခဲ့ရလို့ပါ။ ကျနော်ကိုယ်တိုင်လည်း နိုင်ငံရေးသမား မဟုတ်ဘူး၊ ကျနော်ကြီးပြင်းလာတဲ့ ခေတ်တလျှောက်လုံး မတရားမှုတွေကို ကြုံခဲ့ရတဲ့အခါကျတော့ ဒီစနစ်ကြီးရဲ့ မကောင်းမှုကို နိုင်ငံရေးအမြင်နဲ့မဟုတ်ဘဲနဲ့လည်း သိနေမြင်နေရတယ်။ တချိန်မှာ အနုပညာသမား တယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်အနုပညာနဲ့လုပ်ခဲ့တာပါပဲ။

မေး… ကိုမွန်းအောင်ပရိဿတ်တွေကို ဘာပြောချင်သေးလဲ

ကျနော်ဟာ မဟုတ်မမှန်တာ မတရားတာ ဖိနှိပ်မှုတွေ၊ မျက်ရေတွေ၊ အသက်တွေ ဘ၀တွေနဲ့ ဖတ်ခဲ့ဖူးတဲ့ စာတွေကို ရင်းနှီးပြီး တော်လှန်သွားမယ့် တော်လှန်ရေးသမားသက်သက် ဖြစ်တယ်။ ပြီးတော့ သီချင်းဆိုတဲ့လူတယောက်၊ တော်လှန်ရေးအတွက် တော်လှန်ရေးသီချင်းတွေဆိုနေအုံးမယ့် တော်လှန်သူ တယောက်သာ ဖြစ်တယ်။

ကိုညို (အော်စလို)
ဓါတ်ပုံ .. ကိုညို

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှု များကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်



ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုး သား တစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့ သော ပဋိ ပက္ခကြောင့် အစ္စလာမ်ဘာသာ အ ဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်း တွင် အရေးပေါ် အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသောမအေးအေးဝင်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ/တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်း မှ ရတနာ တင်းတိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုလမ်းအတွင်းမှာပင် မအေးအေးဝင်း မှာ မပြေးနိုင်တော့ဘဲ မိသွားစဉ် နေ၀င်း မှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကြောင့် ပတ်ဝန်း ကျင် ရှိ ဒေသခံများက ထိုအစ္စလမ် ဘာသာဝင်ကို ၀ိုင်းရိုက်ခဲ့ကြကြောင်း၊ သတင်းကြားသည်နှင့် ရဲတပ်ဖွဲ့ များ ရောက်ရှိလာကာ ဓာတ်ဆီလောင်း မီးရှို့သူ နေ၀င်းကို အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ ယင်းနောက် ဒေသခံ ၁၅၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် အမှတ် (၁) ရဲစခန်းရှေ့သို့ စုရုံး ရောက်ရှိလာပြီး မီးရှို့သူ တရားခံကို ထုတ်ပေးရန် အော်ဟစ်ပြောဆို ခဲ့ကြကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။


"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။ ဒီဘာသာခြားကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ" ဟု The Daily Eleven ၏ လားရှိုးသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဓာတ်ဆီ လောင်း မီးရှို့ခံရသော မအေးအေးဝင်းသည် ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး လားရှိုးမြို့ ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက "ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်နေ နေ၀င်းနဲ့ ပြည်ထောင်စုလမ်းမကြီး နံဘေး၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးအနီး ဓာတ်ဆီဆိုင်ဖွင့်ရောင်း နေတဲ့ မအေးအေးဝင်းတို့ စကားများ ရန်ဖြစ်ရာက ခုလို ပြဿနာ စဖြစ်တာပါ။ နေ၀င်းကို ဖမ်းမိစဉ် ရှာဖွေ တဲ့ အခါမှာ သူ့ဘောင်းဘီအိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားတွေ့ရပါတယ်။ အခုလို ဓာတ်ဆီ လောင်း မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ မအေးအေးဝင်းရဲ့ဖခင် ဦးမောင်မောင် (ရပ်ကွက် ၈၊ နယ်မြေ ၁၅၊ နယ်မြေမှူး) ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ ည ၇ နာရီခန့်မှာ မအေးအေးဝင်းရဲ့ ဆွေမျိုးငါးဦး ခန့်နဲ့ သံဃာတော် ၁၀ ပါးခန့် ရဲစခန်းကို ရောက်လာပြီး တရားခံကို ထုတ်ပေးဖို့ ပြောရာကနေ လူ ၃၀ လောက် ဖြစ်သွားတယ်။ ဒါနဲ့ ည ၇ နာရီခွဲခန့်မှာပဲ တရားခံကို လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ပြီ ဖြစ်ပါ တယ်" ဟု ပြောကြားသည်။

ယခု ဖြစ်စဉ်အပေါ် မကျေနပ်သော ဒေသခံတို့မှ ည ၇ နာရီခန့်တွင် လားရှိုးမြို့မဈေးကြီး အနီးရှိ အစ္စလာမ် ဗလီ တစ်လုံးကို မီးရှို့လိုက်ကြကြောင်း၊ ယင်းနောက် လမ်းမတော်လမ်းရှိ အစ္စလာမ်ဘာသာ စာသင် ကျောင်း ကိုလည်း မီးရှို့လိုက်ကြကြောင်း၊ ယခု ၁၀ နာရီ ထိုးသည်အထိ အဆိုပါ အဆောက်အအုံများ မီး လောင်ကျွမ်းဆဲဖြစ်ပြီး စာသင်ကျောင်း နံဘေးရှိ ဈေးဆိုင်ခန်း ၁၅ ခန်းခန့်မှာလည်း မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ဆီလောင်း မီးရှို့သူ တရားခံ နေ၀င်းကို လားရှိုးမြို့နယ် အမှတ် (၁) ရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၇/၄၃၆၊ ၃၂၆ နှင့် မယ(ပ) ၈၇/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဃ) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လားရှိုးမြို့၊ မြို့မဈေးကြီး အနီးရှိ ဗလီတစ်လုံး မီးလောင်နေမှုနှင့် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

ထို့နောက် ရဲစခန်းရှေ့နှင့် မြို့ပေါ်အနှံ့ရှိ အဆိုပါကိစ္စကို မကျေနပ်ကြသည့် လူအုပ်စုကိုသက်ဆိုင်ရာတာဝန် ရှိသူတို့က ည ၈ နာရီခွဲခန့်တွင် ထိန်းလိုက်နိုင်ပြီဖြစ်ပြီး ဗလီ၊ စာသင်ကျောင်းနှင့် ၎င်းအနီးရှိ ဈေးဆိုင်ခန်း များ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီ ခန့်ကတည်းက အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း၊ လောင်ကျွမ်းနေသော မီးမှာလည်း ည ၁၁ နာရီခန့်တွင် ငြိမ်းစပြုနေ ပြီဖြစ်ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယခု လားရှိုးမြို့ ပဋိပက္ခ ဖြစ်ပွားသောနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO/KIA) ငြိမ်းချမ်းရေးအဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးသည့်နေ့နှင့် တိုက်ဆိုင်နေသည်။

လားရှိုးမြို့သည် တရုတ်လူမျိုးများပြီး အစ္စလာမ်ဘာသာဝင် နည်းပါးကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ကွယ်၌ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစစ်ဆေး ဖော် ထုတ်၍ အများပြည်သူအား အသိပေးရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။

လက်ရှိ အစိုးရလက်ထက် ပထမဆုံး အဓိကရုဏ်း ဖြစ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ရခိုင်ပြည်နယ် ပဋိ ပက္ခများ၏ အစပြုရာ မေ ၂၈ ရက်နေ့ မသီတာထွေး အသတ်ခံရမှု ဖြစ်စဉ်သည် မေ ၂၇ ရက်တွင် အိန္ဒိယ နိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာပြည်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေး ကိစ္စများ လာရောက်ဆွေးနွေးမှုနှင့် တိုက်ဆိုင်နေသည်။ ယင်းမတိုင်မီ မေ ၁၇ ရက်ကလည်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဖိတ်ခေါ်မှုကြောင့် အမေရိကန်သို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများကို ဆိုင်းငံ့ သည့် အမိန့်အား သမ္မတအိုဘားမားက ထုတ်ပြန်ပေးမည်ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့ သည်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ကာ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များထိ ကူးစက် ခဲ့သော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရာ ယင်းမတိုင်မီ မတ် ၁၂ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် သည်လည်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် အချိန် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ ကိစ္စရပ်များကိုပင် ဆွေးနွေးခဲ့ကြ



ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ် စားလှယ် အဖွဲ့ တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်း ဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။


"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာ ကတော့ နိုင်ငံတော် အစိုးရဘက်ကနေ ဆွေးနွေးတဲ့ ခေါင်းစဉ် ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိက မူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေးကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ဆွေးနွေးပွဲတွင် ဆက် လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။

"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေ က ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါ တယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။

မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ဆုံ သော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲများတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှု များ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင်အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား 
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်) 

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြောကြ တယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီနဲ့ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦးမယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော် လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆွေးနွေးမှုကို ရပ်နားခဲ့ သည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စား လှယ် အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး တို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။

မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေး နွေပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီး ချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven Media Group

ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲ မြေဦးထားသူများ မြေပြန်ပေးရမည်

ရန်ကုန်- ပုဂ္ဂလိကစိုက်ခင်းများ၌ ဆီအုန်း၊ ရာဘာစိုက်ပျိုးရန် မြေရယူထားပြီး အကောင်အထည်ဖော်ခြင်း မရှိပါက ဇွန် ၁၁ ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနသို့ ပြန်လည်အပ်နှံရန် ပတ်ဝန်း ကျင်ထိမ်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အ သိပေးကြေညာချက် ထုတ်ပြန် သည်။


နိုင်ငံတော်ပုဂ္ဂလိကစိုက်ခင်းများကို ထူထောင်ခွင့်ပြုပြီးနောက် မြေယူထားသော်လည်း သစ်တော စိုက် ခင်း ဧက ၃၄\၀၀၀ ကျော်နှင့် ရာဘာ၊ ဆီအုန်းစိုက်ခင်း ဧက၄၄၀\၀၀၀ ကျော်ကို ယနေ့ထိ အကောင် အထည် ဖော်ခြင်းမရှိသေးပေ။ ယင်းစိုက်ခင်းမြေများကို ရယူထားသည့် လုပ်ငန်းရှင်မှာ သတ်မှတ်ရက် အတွင်း မြေများပြန်လည်အပ်နှံခြင်း မပြုပါက ပုဂ္ဂလိကစိုက်ခင်း လုပ်ကိုင်ခွင့်ဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်မှ ပုဂ္ဂလိကသစ်တော စိုက်ခင်းအနေဖြင့် ဧက ၃၁၂\၂၅၀ နှင့် ရော်ဘာ၊ ဆီအုန်း စိုက်ပျိုးရန် ဧက ၈၄၅\၇၇၉ ကို ခွင့်ပြုပေးထားသည်။

“အပင်စိုက်မယ်ဆိုရင် လျှောက်တဲ့လူတိုင်းကို မြေပေးတယ်။ တကယ်မစိုက်ရင် ပြန်သိမ်းမှာပဲ”ဟု ပုဂ္ဂလိက စိုက်ခင်းထူထောင်ထားသော လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပုဂ္ဂလိကစိုက်ခင်းများ ထူထောင်ရာတွင် ကုန်ကျစရိတ်များပြားလာသည့်အတွက် မြေရယူထားသူများ အနေဖြင့် အကောင်အထည်ဖော်ရန် မလွယ်ကြောင်းလည်း အထက်ပါပုဂိုလ်က ဆက်လက်ပြော ကြား သည်။

နိုင်ငံတော်အတွင်း သဘာဝပတ်ဝန်းကျင်တည်တံ့ခိုင်မြဲရေး၊ သယံဇာတအရင်းအမြစ်များ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရေး ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကစိုက်ခင်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည်။

သို့သော် လုပ်ငန်းရှင်အချို့မှာ ပုဂ္ဂလိကစိုက်ခင်းများ ထူထောင်မည်ဟု အကြောင်းပြချက်ဖြင့် မြေနေရာရယူ မှုများလည်းရှိသည်။ သစ်တောစိုက်ခင်းများကို လူမြင်ကွင်းမျက်နှာစာများတွင် ဟန်ပြစိုက်ပျိုးထားပြီး ကျန် နေရာများမှာ မူလအတိုင်း ထားရှိမှုများရှိသည်။

ပုဂ္ဂလိကစိုက်ခင်းများကို ထူထောင်ရာတွင် ငွေကြေးနှင့် နည်းပညာများစွာလိုအပ်ပြီး နိုင်ငံတော်အစိုးရမှ နည်းပညာနှင့်နိုင်ငံတော်ဘဏ်များ၊ ပုဂ္ဂလိဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများက နှစ်ရှည်ချေး ငွေများဖြင့် ပံ့ပိုးပေးသင့်ကြောင်း သစ်တောပညာရှင်တစ်ဦးကလည်း အကြံပြုသည်။

7Day News Journal