Tuesday, May 28, 2013

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း



မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက်တာ ဖြစ် ပါတယ်။


ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ် နှိပ်ဖို့ အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Message လည်း ပို့လို့ရပါတယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရ မယ့် နည်းပညာ များက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင် ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ 

-- Ref: engadget

ဒေါ်စုဖြစ်အင် ဗိုလ်ချုပ်အောင်ဆန်း မြင်လှည့်စေချင်

ဘင်္ဂါလိမ်တွေကို မွေးဖွားနှုန်း ကန့်သတ်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ မီးရှုးတန်ဆောင် ဒီမိုကရေစီ မိခင်ကြီး ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချလိုက်တဲ့ သတင်းကို တွေ့ရတဲ့အခါမှာ ပလေတိုတစ်ဦးတည်းရဲ့ ခံစားချက်တွေကို ရင်ဖွင့်လိုက်ပါတယ်။ ပြောပြချင်ပါတယ်ပေါ့ဗျာ။


ဘော်စတွန်၊ အင်္ဂလန်၊ ဆွီဒင်၊ ပြင်သစ် ဖြစ်ပျက်နေတဲ့ ဟာတွေက အလကားဖြစ်လာတာ မဟုတ်ပါ ဘူး။ ဒေါ်စု အီးပေါက်ရင် မွှေးတယ် ဆိုတဲ့ ခွန်ဒီးယမ်/မေဇင်အေးနဲ့ ဂျပန်က ဖြတ်ဖောက်ချုပ် ထွန်းဝေတို့ က ကာဗာလုပ်နေကြတာလည်း သောက်မြင်ကပ်လောက်အောင်ပါပဲ။

ဖွဲ့စည်းပုံမှာပါတဲ့ နိုင်ငံသားအခွင့်ရေးဆိုတာ " နိုင်ငံသားတွေရဲ့ အခွင့်အရေး"ပါ။ ဘာသာရေး ပညတ်ချက် အရ နိုင်ငံတော်အလံကို အလေးမပြုနိုင်တဲ့ လူမျိုးခြားတွေ ခေတ်အဆက်ဆက် လာဘ်စားမှုတွေနဲ့ နိုင်ငံသားကဒ်တွေ ကိုင်ထားတာပါ။ ၀ှိုက်ကဒ်တွေ ကိုင်ထားတာပါ။ နိုင်ငံသား အခွင့်အရေးဆိုတာ နိုင်ငံ သားတွေအတွက်ပါ။

ဝါရှင်တန်ပို့စ်နဲ့ ဦးသိန်းစိန်အင်တာဗျူးမှာ မေးတဲ့သူက ဒေါ်စုအတွက် အဖြေရှာပေးတယ်။ ဦးသိန်းစိန်က ဂျက်စီဂျိမ်းအကွက်နဲ့ ရှောင်ထွက်သွားတယ်။ စစ်ဗိုလ်တစ်မတ်သားကိစ္စမှာလည်း လောလောဆယ် လိုအပ်တယ် လို့ ထုတ်ပြောလိုက်တယ်။ ဖွဲ့စည်းပုံပြင်ချင်နေတဲ့ ဒေါ်စု ဆတ်ဆတ်ခါအောင် နာသွား တာ တွေ့ရတယ်။

ဒီနောက်မှာတော့ မြန်မာနိုင်ငံဘာမှ မပြောင်းလဲဘူး ဆိုတာကို အော်တယ်။ ဘာဖြစ်လို့ အော်တာလဲ။ ဦးသိန်းစိန်က Icon of change ဖြစ်လာလို့။ နိုင်ငံတကာက သူ့အပြင် အခြားတစ်ယောက်ကို ထိုးတင်ပေး တာ မရှုစိမ့်လို့ပါပဲ။ အမေရိကန်တွေက ရှင်းတယ်။ ဒေါ်စုပြီးရင် နောက်တစ်ယောက် ထိုးတင်တာကလည်း ပေါ်တင်ကြီးကို အကောင်ပြလိုက်တာပါ။ ဒီမိုကရေစီပရိုမိုးရှင်းအတွက် ဦးသိန်းစိန်ကို ပရိုမိုးရှင်း လုပ်ပေးရ မယ် ဆိုတဲ့ လမ်းကြောင်းကို ပြောင်ပြောင်တင်းတင်း လျှောက်လိုက်တာပဲ။

ဦးသိန်းစိန် ခရီးစဉ်မှာ ဆန်ရှင်တွေ ရုပ်တော့မယ့် အရိပ်အယောင်တွေ အမေရိကန်ဘက်က ထုတ်ပြ လာပြီ။ ဒီမှာပဲ ဒေါ်စု အစီအစဉ်တွေ ကမောက်ကမ ဖြစ်တော့မယ့် အရေးကို မြင်လာပြီ။ သူတို့ လိုချင်တာ က ဆန်ရှင်တွေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ၊ NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှ ရုပ်ပေးစေချင်တယ်။ ဒါမှ ပြည်သူတွေ က ဒေါ်စုနဲ့ NLD ကို အင်တိုက်အားတိုက် ထောက်ခံမယ်။ အခုတော့ ကိုရွှေအမေရိ ကန် တွေက အချိုးပြောင်းလာပြီ။ မကြာမတင်မှာကိုပဲ ဖယ်ပေးတော့မယ်။

ဒီနေရာမှာပဲ မူးယစ်ဆေးဝါး ပြန့်ပွားနေတာ အစိုးရနဲ့ အလိုတူအလိုပါ ဆိုပြီး ပေါ်တင်ကြီး ကို ဆော်တော့ တာပဲ။ ပင့်ကူအိမ်လို ရှုတ်ရှက်ခတ်နေတဲ့ ဆန်ရှင်ရဲ့ ဇစ်မြစ်မှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားတာ၊ စိုက်ပျိုး တာတွေ ပါတယ်။ လူကုန်ကူးတာတွေ ပါတယ်။ အဓမ္မခိုင်းစေမှုတွေ ပါတယ်။ ဒေါ်စုက အန်ကယ် ဆမ်ကို ပြောလိုက်တာပါ။ ရှင်တို့ ဆန်ရှင် ရုပ်မယ် တော့ မလုပ်နဲ့၊ ဒီမှာ ရှင်တို့ ပြောထားတဲ့ ကိစ္စတွေ မပျောက်သေးဘူး ဆိုပြီး ပရိယာယ် နဲ့ ဆော်လိုက်တာပါ။ နိုင်ငံရေးသမားတွေ အတ္တကို ရှေ့တန်းတင် လာပြီ ဆိုရင် ကြောက်စရာ ကောင်းပါတယ်။

ဒေါ်စုဟာ ဦးသိန်းစိန် ပုံရိပ်တွေ ကြောက်စရာကောင်းလောက်အောင် ကြီးမားလာတာကို ဦးချိုးပစ်ဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ အစိုးရ မကောင်းကြောင်းတွေ စပြီး ပြောလာပြီ။ ဖိုက်လာပြီ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဦးသိန်းစိန်ဟာ ဘင်္ဂါလိမ်ကိစ္စနဲ့ ဝေဖန်ခံနေရတာကိုလည်း ပစ်မှတ်ထားလိုက်ပုံ ရတယ်။ ရှေ့ဆက်ပြီးလည်း ဘင်္ဂါလိမ်ကိစ္စနဲ့ ဆော်ဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ မပြောသင့်တာတွေ ထုတ်ဖော် ပြောလာပြီ။ ဘူးသီးတောင် မောင်တောမှာ ကလေး မွေးနှုန်းကန့်သတ်ပိတ်ပင်တာကို ရှုတ်ချတဲ့ စကားတွေ ထုတ်ပြောလာပါပြီ။

ဒေါ်စုဟာ နိုင်ငံရေးအရ သိပ်ကို စွန့်စားမှု ကြီးမားတဲ့ အလောင်းအစားကို ရွေးလိုက်တာပဲ ဖြစ်ပါတယ်။ အမျိုးသားရေးနဲ့ လူ့အခွင့်အရေး ဘက်နှစ်ဘက် ကြိုက်ရာရွေး ဆိုတဲ့ လမ်းဆုံလမ်းခွမှာ ဒေါ်စုဟာ လူ့အခွင့်အရေးဘက်ကို ပြတ်ပြတ်သားသားကြီး ရပ်တည်လိုက်ပါပြီ။ ပြည်သူတွေ ဆန့်ကျင်တာကိုတော့ သူရဲ့ ပါဝါနဲ့ အုပ်စီးမယ် ဆိုပြီး တွက်ချက်ထားဟန် ရှိပါတယ်။ လူထုကို ပြန်ပြီး ချော့လိုက် ရင် ပျော့သွားမှာပါ ဆိုပြီး အပိုင်တွက်ထားလို့လည်း ဒီအကွက်ကို ရဲရဲကြီး နင်းလိုက်တာပါ။

စိတ်မကောင်း စရာပါ။ ဒေါ်စုပါးစပ်ကသာ ဆန်ရှင်တွေ ရုပ်သိမ်းဖို့ အချိန်တန်ပြီ လို့ ဦးသိန်းစိန်နဲ့ အတိုင် အဖောက်ညီညီ ထုတ်ပြောလိုက်ရင် အန်ကယ်ဆမ်က ချက်ချင်း ရုပ်ပေးဖို့ လုပ်ပေးလို့ ရတာ လူတိုင်းသိ နေပါတယ်။ အခုမြင်ရတဲ့အတိုင်းဆိုရင် ဆန်ရှင် ရုပ်မှာ မလိုလားဘူး၊ ဦးသိန်းစိန် အစိုးရကြောင့် ရုပ်သွား တယ် ဆိုတာ မဖြစ်စေချင်ဘူး၊ ၂၀၁၅ ကျော်မှ ရုပ်တာကိုပဲ လိုလားတယ်။

ဒေါ်စုက အစိုးရကို ဝေဖန်ပေးမယ်။ မီဒီယာတွေက ဒေါ်စုနောက်လိုက်ပြီး အစိုးရကို ဆော်ကြမယ်။ တိုင်းရင်းသားတွေက အခွင့်အရေးနဲ့ ဆန့်ကျင်ကြမယ်။ ဒီဖော်မြူလာဟောင်းကြီးအတိုင်းပဲ ဖြစ်လာတာပဲ။

မူးယစ်ဆေးပြဿနာကို ဗန်းပြပြီး အုပ်ချုပ်ရေးကို ဆော်တာ ထားလိုက်တော့။ ဒီတော့ အပျော့ဆွဲ ညှိနှိုင်း တာတွေ အကုန်ရပ်၊ DEA လို အဖွဲ့အစည်းတွေကို အကူအညီတောင်း၊ ဘိန်းစိုက်သမျှ တိုင်းရင်းသား ဒေသတွေကို ကြည်းကြောင်း လေကြောင်းနဲ့ ထိုးစစ်ပြန်ဆင်၊ မူးယစ်ဆေးဝါး အမြစ်ပြတ်အောင် ဆော် ဒီလို လုပ်စေချင်တာလား။ မူးယစ်ဆေးပြဿနာဟာ သူ့တစ်ခုတည်း မဟုတ်တာကို ဒေါ်စု မသိဟန်ဆောင် နေတာ စိတ်မကောင်းစရာပါဘဲ။ တိုင်းရင်းသားပြဿနာပါ။ မူးယစ်ဆေးဝါးပြဿနာဆိုပြီး နာမည်ဆိုး တပ်ပြီး ဝေဖန်နေတာဟာလည်း မျိုးချစ်နိုင်ငံရေးသမား မပီသဘူး လို့ပဲ ပြောချင်ပါတယ်။

ဒေါ်စုဟာ တည်ငြိမ်အေးချမ်းရေးအတွက်လည်း တာဝန်ရှိတဲ့ လွှတ်တော်ကော်မတီ ဥက္ကဌ တစ်ယောက်ပါ။ အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင် သက်သက် မဟုတ်တော့ပါဘူး။ လွှတ်တော်အခွင့်အရေးတွေ မြှင့်တင်ကာကွယ်ပေးတဲ့ ဥပဒေတွေကို အတည်ပြုခဲ့ရာမှာ ဒေါ်စုနဲ့ NLD တက်တက်ကြွကြွ လုပ်ခဲ့တယ်။ နိုင်ငံသားဥပဒေကို နိုင်ငံတကာစံနှုန်းတွေ ထည့်ဖို့ ပြောခဲ့တာ လည်း ဒေါ်စု ပါပဲ။ လူနည်းစု လို့ပြောခဲ့တာ၊ ကုလား လို့ မခေါ်ခိုင်းခဲ့တာ ဘယ်သူလဲ အကုန်လုံး သိပြီးသားပါ။

တောင်သူလယ်သမား အခွင့်အရေးတွေ ကာကွယ်ဖို့၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်ဖို့ ဥပဒေတွေ ရေးဖို့သားဖို့ လုပ်နေတာတွေ အားရစရာပါ။ ကောင်းပါတယ်။ လွှတ်တော်အမတ်တွေ သိန်းတစ်ထောင် သုံးတော့မှာ ကောင်းပါတယ်။ လွှတ်တော်အမတ်တွေ ကားတွေ၊ ဖုန်းတွေ၊ ထောက် ပံ့ကြေးတွေ ပေးတော့ မှာ ကောင်းပါတယ်။ ဒေါ်စုအနေနဲ့ သူက အသုံးချမှာလား၊ သူ့ကို အသုံးချခံမှာလား စဉ်းစားဖို့ လိုလာပါပြီ။

ဘာဖြစ်လို့ ပြောရသလဲ ဆိုရင် ရခိုင်က ပြည်သူတွေ ဖွဲ့စည်းပုံဥပဒေက ပေးထားတဲ့ မဲဆန္ဒရှင် အခွင့် အရေး မရသေးပါဘူး။ ရခိုင်ပြည်သူတွေ လက်မှတ်ရေးထိုးပြီး လွှတ်တော်အမတ်တွေကို ပြန်လည် ဖြုတ်ချနိုင်ဖို့ စာတင်ထားပါတယ်။ သိရတာကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းတဲ့ ဥပဒေ မရှိသေးလို့ တဲ့။ ဒီဥပဒေကို လွှတ်တော် ကို တင်ထားတာ ကြာပြီလို့ စုံစမ်းသိရှိရပါတယ်။ ဘာဖြစ်လို့ ခုချိန်ထိ မလုပ်ကြသေးတာလဲ။

လွှတ်တော်ထဲမှာ ရောက်နေတဲ့ နို်င်ငံသားမဟုတ်တဲ့အမတ်တွေကို ဖြုတ်ချဖို့ အခြေခံဥပဒေက အခွင့်အရေး ပေးထားပါတယ်။ ဒီအခွင့်အရေးကို ပိတ်ပင်ထားတာက လွှတ်တော် ကိုယ်တိုင် ဖြစ်နေ ပါတယ်။ ဒေါ်စုဟာ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌပါ။ အခြေခံဥပဒေမှာ အတိအ လင်း ပါရှိနေပေမယ့် ခုချိန်ထိ ဘယ်ပြည်သူမှ မခံစားရသေးတဲ့ အခွင့်အရေးကြီးပါ။ ဒါကမှ လူ့အခွင့် အရေး ချိုးဖောက်မှုကြီးပါ။ အခု သက်တမ်း နှစ်နှစ်ကျော်သွားပါပြီ။ ထူးမခြားနား နဲ့ မေ့ချင်ယောင်ဆောင်နေကြ တယ်။ ဒါမှ လည်း လွှတ်တော်အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ် ဆိုပြီး လက်ခမောင်းခတ်လို့ ရမှာကိုး။ သူတို့ကို ဖြုတ်မယ့် ဥပဒေကို သူတို့  မသိချင်ယောင်ဆောင်နေကြတယ်။ သိန်းတစ်ထောင်ကို မျှော်နေကြတယ်။ ဘယ်မှာလဲ ရခိုင်ပြည်သူလူထုရဲ့ အခွင့်အရေး။

ဗိုလ်ချုပ်အောင်ဆန်းကို ခုလိုအချိန်မှာ ရှိစေချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေသေးရင် မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်ပါတယ်။ ဗိုလ်ချုပ်ခင်ဗျား----ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမှာလဲ ...လို့။

(RFA သတင်း ဖတ်ရန်)

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာ တွေအနေနဲ့ မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ကန့်သတ် လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့် ထုတ်ပြန် ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက် ပါတယ်။

အင်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး တက်ရောက်လာရင်း သတင်း ထောက်တွေ နဲ့ တွေ့ဆုံပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ခွဲခြားဆက်ဆံမှုမျိုး ထားရှိ တာဟာ မသင့်လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီမူဝါဒကို ကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာ သူ့အနေနဲ့ အတည် မပြု မပြောနိုင်သေးဘူးလို့လဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင် တစ် မယား စံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုး စုတွေ ပြဿနာ ကြီး ထွားလာမှာစိုးရိမ်ပြီး အကောင်အထည်မဖေါ်ပဲ ဆိုင်းငံ့ထား တာဖြစ်ကြောင်း ပြောပါတယ်။

http://www.facebook.com/photo.php?fbid=10151672770798128&set=a.10150522560153128.405723.39218993127&type=1&theater

From:ပလေတို ဒီမို

ဒေါ်အောင်ဆန်းစုကြည်အား လူထု စိတ်ပျက်လာ



ကျနော် ရခိုင်တစ်ယောက်ပါ။ ရခိုင်တွေရဲ့ စိတ်ထဲမှာ သံသယ စူးတစ်ချောင်း ဝင်ရောက် နေပါတယ်။ အဲဒါက ဘင်္ဂလီတွေဟာ လူဦးရေ တိုးပွါးမှု လှိုင်းဖြင့် ရခိုင်ပြည်နယ်ကို လွမ်းမိုးသွား လိမ်မယ်ဆိုပြီး လူတိုင်းစိတ်ထဲမှာ အဲဒီလို ခံယူ ထားကြပါတယ်။


ဘာဖြစ်လို့လဲဆိုရင် ဘူးသီတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက သက်သေ ပြနေ လို့ပဲ။ ဒီသံသယစိတ်ဟာ ဒီရေ မြင့်သလို မြင့် တက်ဆဲပါ။ ပြည်နယ်အစိုးရမှ ဒေသတရအမိန့်ကို မောင်တောမြို့နဲ့ ဘူးသီတောင်မြို့တွေမှာ ကလေး (၂)ယောက်ထက် အပိုမယူရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကို လူတိုင်းကြိုဆို ကြပါတယ်။ ဒီမတိုင်ခင်ကလည်း အဲဒီအမိန့်ဟာ ရှိနေခဲ့ပါတယ်လို့ ပြည်နယ်အစိုးရက ထပ်ဆင့် ဖြည့်စွက်သွားပါသေးတယ်။

ရခိုင်အရေး ၊ မိတ္တီလာအရေး၊ ဥက္ကံအရေးတုန်းက ဒီလောက် နှုတ်ဆိတ်နေတဲ့ ဘွားတော် ဒေါ်စုဟာ ဒီ တချီမှာ ထဖောက်ပြန်ပြီ။ သူမကြာမကြာ ထဖောက်တာနဲ့ ကမောက်ကမတွေက မနိုင် တော့ ဘူး။ သူဖြေ သွားတာလည်း လုံးချာလည်ပြီး အရူးကွက်နင်းဖြေသွားတယ်။ ကျနော်စိတ်ထဲမှာ နိုင်ငံရေး ကစားကွက် ထဲမှာ ရခိုင်တွေကို အသုံးချ နေ တာလားလို့ မြင်ယောင်လာမိတော့တယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာ တွေအနေနဲ့ မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ကန့်သတ် လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့် ထုတ်ပြန် ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ ” 

ကဲ သူရဲ့ ပေးဆပ်မှုကြောင့် နည်းနည်းလေးကျန်နေတဲ့ လေးစားမှုစိတ်တောင် ပျောက်ချင်လာပြီ။ 

Credit : Here

ထူးဖောင်ဒေးရှင်းမှ ပုလောမြို့နယ် ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ပုလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇမှ ပုလောမြို့နယ် ပြည်သူ့ဆေးရုံ ဘက်စုံ အသုံးပြုရန်အတွက် ငွေကျပ် သိန်း (၁၀၀၀) ၊ ပရိဘောဂ ပစ္စည်းအတွက် ကျပ်သိန်း (၅၀၀)၊ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘက်ဟိုး (၁)စီး၊ ဒိုဇာ (၁) စီး ၊ ကွန်ပျူတာ (၂၀)စုံ လှူဒါန်းပွဲ အခမ်းအနားကို ၂၇-၅-၂၀၁၃ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် ပုလောမြို့နယ် အသင်း အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများ အား ဥက္ကဋ္ဌ ဦးတေဇ၏ ကြီးတော် တော်စပ်သူ ပုလောမြို့နယ် ဒေါ်ခင်သက်၊ ဒေါ်ခင်တင့် တို့မှ ကိုယ်စားပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ၀န်ကြီး ဦးဝင်းဆွေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှစို်းတို့ လက်ခံ ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုအခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ ပြည်ခိုင်ဖြိုးပါတီ ပုလောမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုး၊ ထူးဖောင်ဒေရှင်း ဥက္ကဋ္ဌ ဦးတေဇနှင့် ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ပုလောမြို့သူ မြို့သား များ တက်ရောက်ကြသည်။

Credit : http://myeiknews.blogspot.com/2013/05/blog-post_28.html

သန်လျင် GTU တွင်ကျောင်းသားများ ကျောင်းပြင်ပတွင် အုပ်စုဖြင့်ခိုက်ရန်ဖြစ်ပွားခြင်း

၂၇.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် နည်းပညာ တက္ကသိုလ်ကျောင်းသာများဖြစ်သည့် မိုးအောင် (၁၈)နှစ်၊ ( ဘ) ဦးဇော်မြင့်၊ ပထမနှစ် (ဓါတု)၊ ထက်ဝေယံ (၂၂) နှစ်၊ (ဘ) ဦးတင်အောင်ကျော်၊ ပထမနှစ် (ဓါတု) တို့နှစ်ဦးသည်GTU ကျောင်းရှေ့မှတ်တိုင် မှကျောင်းသို့ လမ်းလျှောက်လာရာ ကျောက်ခွဲစက်အနီး ကွမ်း ယာ ဆိုင်၌ ဈေးဝယ်နေစဉ် အမည် မသိသူ တစ်ဦးနှင့် ပခုံးချင်း တိုက်မိရာမှ စကားများ ရန်ဖြစ် ကြပြီးေ နာက် လုံးထွေး သတ်ပုတ်ကြရာ အမည်မ သိသူမှ ဓါးဖြင့်ထိုးပြီး ထွက်ပြေးသွား၍ မိုးအောင်တွင် ၀ဲချိုင်းအောက် ထိုး သွင်းဒ ဏ်ရာ(၁)ချက်၊ ထက်ဝေယံ တွင် နောက်ကျော ထိုးသွင်း ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့သဖြင့် မိုးအောင်မှ အရေးယူပေးပါရန် တိုင်တန်း ခဲ့၍ သန်လျင်မြို့မ ရဲစခန်းတွင် အရေးယူဆောင်ရွက် ခဲ့ပါသည်။


ဖြစ်စဉ်အမှန်မှာ ၂၅.၅၂၀၁၃ ရက်နေ့တွင် ဝေယံဖုန်းမြင့် (၁၇)နှစ်၊ (ဘ) ဦးမြ၀င်း၊ (GTU) သည် ၄င်း၏ ရည်း စားဖြစ်သူ မ----- ၏လက်ကိုင်ဖုန်းသို့ ထက်ဝေယံ ဆိုသူမှ နောက်ပြောင်ပြော ဆို သည်ကို မကျေနပ်သဖြင့် ဖုန်းနှင့်စ ကားများ ရန်ဖြစ်ကြပြီး ၂၇.၅.၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၆ လမ်းသွား လမ်းဆုံ၌ တစ်ဦးချင်း လက် သီး ထိုးရန် ချိန်းဆို ခဲ့ကြောင်း၊ ဝေယံဖုန်းမြင့်မှ သူငယ်ချင်း များဖြစ်သော အောင်ကျော်ဇင် ပထမနှစ် (GTU)၊ အောင်လင်းဖြိုး ပထမနှစ် (GTU) ဟိန်းစိုးအောင် (GTU)၊ ဟိန်းဝေယံချစ် (စိစစ်ဆဲ )၊ မြတ် လင်းေ အာင် (စိစစ်ဆဲ)၊ ကျော်သူစံ၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ နွားကြီး (ခ) ၀င်းမင်းထွန်း၊ (ဆိုင်ကယ် ကယ် ရီေ မာင်း)၊ သက်ပိုင်စိုး (ခ) အတွတ်၊ (ဆိုင်ကယ်ကယ်ရီမောင်း)၊ ဆံရှည် (ခ) ထွန်းထွန်း၊ (ဆိုင်ကယ်ကယ် ရီမောင်း )၊ တို့နှင့်အတူ ချိန်းဆိုထားသည့် (၆) လမ်းသွားလမ်းဆုံ သို့ သွားရောက်ခဲ့ပြီး ထက်ဝေယံနှင့် မိုးေ အာင်ပါ (၁၅) ဦးခန့်နှင့် စကားများ ရန်ဖြစ်ခဲ့ရာ သက်ပိုင်စိုး (ခ) အတွတ်တို့မှ ဓါးဖြင့် ထိုး၍ ဆိုင်ကယ် (၃) စီး ဖြင့်ထွက်ပြေး သွာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အမှုမှတရားခံများဖြစ်သော ဝေယံဖုန်းမြင့်၊ အောင်ကျော်ဇင်၊ အောင်လင်းဖြိုး၊ ဟိန်းစိုးအောင်၊ ကျော်သူစံ၊ သက် ပိုင် စိုး (ခ)အတွတ်၊ ဆံရှည်(ခ) ထွန်းထွန်း၊ နွားကြီး(ခ) ၀င်းမင်းထွန်း တို့အား ဖမ်းဆီး ရမိ စစ်ဆေး လျက် ရှိပြီး ကျန် တရားခံ ဟိန်းဝေယံ ချစ်နှင့် မြတ်လင်းအောင် တို့အား ဖမ်းဆီးရမိရေးဆောင် ရွက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။

https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ဘုရားကျောင်းထဲ ပေးမ၀င်သဖြင့် လမ်းပေါ် ဒူးထောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်



ရုပ်ရှင်မင်းသား ရဲတိုက်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ် အောင်ေ ကျာ်လ မ်းထောင့်ရှိ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ယင်းကျောင်းမှ တာဝန်ရှိသူ တစ်ဦး က မောင်းထုတ်လိုက်သည့် အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆို ကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။


“ကျွန်တော်တို့ ဒီကို မနက် ၁၀ နာရီကတည်းက ရောက်နေတာ။ ပထမ ကားရေဆေးနေတာ ပြီးတော့မှ ဘု ရားကျောင်းထဲဝင်ပြီး ဘုရားဝင် ဖူးတာ။ ဒုတိယတစ်ခေါက် ဝင်ဖူးတဲ့အချိန်မှာ မောင်းထုတ်လိုက်တယ်လို့ သူက ပြန် ထွက်လာတော့ ပြောတယ်။

ချာ့လ်ကျောင်းဆိုတာ ဘယ် သူမဆို ဖူးမျှော်ခွင့်၊ ဝင်ရောက်လေ့လာ ခွင့် ရှိတယ်ဆိုပြီးနောက်တစ်ခါ ရဲတိုက် ဘုရားကျောင်းထဲ ပြန်ဝင်သွားတဲ့အခါ ထိုးတာ ကြိတ်တာတွေလည်း ရှိတယ်” ဟု ရုပ်ရှင်မင်းသား ရဲတိုက်၏ သူငယ်ချင်းဖြစ်သူ ကိုမောင်စိုးကပြောကြားသည်။


ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ဆူပူလိုစိတ်ဖြင့် ဆန္ဒပြခြင်း မဟုတ်ဘဲ ဘာသာမတူ သော်လည်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။



မြန်မာ့ခေတ် 

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ


လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင် လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။


အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ ကျေးရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပါသည်။

၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။







Credit : http://www.myawady.net.mm/allnews/headline/item/15068-2013-05-27-14-40-29

ဒီနေ့ ဒီအချိန်က စပြီး NLD ပါတီသည် ရခိုင်တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်သည်

Photo: ဒီနေ့ ဒီအချိန်က စပြီး NLD ပါတီသည် ရခိုင်တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်သည်.....
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီစကားတွေကို ကျုပ်တို့ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မမေ့ဆိုတာ မှတ်ထားပါ................

"ဘင်္ဂါလီကို မြန်မာနိုင်ငံသားဟုတ်လားမဟုတ်ဘူးလားဆိုတာကို ကျမမသိဘူးတဲ့ ။"

"ကုလားကိုကုလားလို့ မခေါ်ဘူးတဲ့ " "ကုလားလို့ခေါ်ရင် မိမဆုံးမ ဖမဆုံးမတဲ့"

"ရခိုင်က ကုလားတွေက လူနည်းစုတဲ့ ။"

"လူသတ်မီးရှို့ တဲ့ ကုလားတွေက သနားစရာကောင်းတယ်တဲ့ ။"

"ခု တစ်ခါ ကုလားသားဖောက်နှုန်းတွေကိုမထိန်းချုပ်သင့်ဘူးတဲ့ ။


ရက္ခိတမျိုးချစ်အဖွဲ့ (ရန်ကုန်)

ဒီစကားတွေကို ကျုပ်တို့ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မမေ့ဆိုတာ မှတ်ထားပါ................

"ဘင်္ဂါလီကို မြန်မာနိုင်ငံသားဟုတ်လားမဟုတ်ဘူးလားဆိုတာကို ကျမမသိဘူးတဲ့ ။"

"ကုလားကိုကုလားလို့ မခေါ်ဘူးတဲ့ " "ကုလားလို့ခေါ်ရင် မိမဆုံးမ ဖမဆုံးမတဲ့"

"ရခိုင်က ကုလားတွေက လူနည်းစုတဲ့ ။"

"လူသတ်မီးရှို့ တဲ့ ကုလားတွေက သနားစရာကောင်းတယ်တဲ့ ။"

"ခု တစ်ခါ ကုလားသားဖောက်နှုန်းတွေကိုမထိန်းချုပ်သင့်ဘူးတဲ့ ။

ရက္ခိတမျိုးချစ်အဖွဲ့ (ရန်ကုန်)

မြန်မာ အမျိုးသမီး ဘောလုံးအသင်း အာရှဖလား ယှဉ်ပြိုင်ခွင့်ရပြီ



ပါလက်စတိုင်း ဒေသမှာ ယှဉ်ပြိုင်နေတဲ့ အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု အဆင့်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ထိုင်ဝမ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး သရေရလဒ်၊ ဂိုးကွာ ခြားချက် အသာနဲ့ အာရှခြေစစ်ပွဲကို အောင်မြင် သွားခဲ့ပြီ ဖြစ်ပါတယ်။


မြန်မာအမျိုးသမီး အသင်းဟာ အုပ်စုပွဲစဉ် ပထမ ပွဲမှာ အိန္ဒိယကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ပါလက်စတိုင်းကို ၉ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဂိုးကွာခြား ချက်နဲ့ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တာကြောင့် ဂိုးကွာခြားချက်ကိုယူပြီး နောက်တဆင့်ကိုတက်ဖို့ ဆုံးဖြတ်ခဲ့ရာမှာ မြန်မာအသင်း က ၃ ပွဲကစား ပေးဂိုးမရှိဘဲ ၁၁ ဂိုးတိတိ သွင်းယူနိုင်ခဲ့တာကြောင့် ထိုင်ဝမ်အသင်းထက် ၄ ဂိုးအသာရကာ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။

တဖက်အုပ်စုတွေကနေ မြန်မာအသင်းနဲ့အတူ ခြေစစ်ပွဲ အောင်သွားတာကတော့ ဗီယက်နမ်နဲ့ ထိုင်းတို့ ဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီး အသင်းဟာ ခြေစစ်ပွဲ အောင်သွားတာကြောင့် အာရှထိပ်သီး အမျိုးသမီး အသင်းတွေဖြစ်တဲ့ သြစတေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ရတော့ မှာဖြစ်ပြီး မကြာခင်မှာ မဲခွဲပြီးတော့ အုပ်စု ၂ စုစီခွဲကာ ၂၀၁၄ အာရှဖလားပြိုင်ပွဲအတွက် ပွဲစဉ်အချိန်စာရင်း များကို ထုတ်ပြန်တော့မှာပါ။

မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ အောင်မြင်မှုကို ချီးမြှင့်တဲ့အနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဌနဲ့ မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များက ဆုကြးငွေ သိန်း ၅၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။

http://burma.irrawaddy.org/archives/40579

လေတပ် ဗိုလ်ကြီးနှင့် အရပ်သား ခိုက်ရန်ဖြစ်မှု စစ်ခုံရုံးဖွဲ့ စစ်ဆေး



အိမ်ရှေ့တွင် ကားရပ်သည့် ဇနီးမောင်နှံ နှစ်ဦးအား ရိုက်နှက် ထိုးကြိတ်ခဲ့သည့် ဧရာဝတီ တိုင်း ပုသိမ်မြို့ ရှိ လေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့် အောင် ဆိုသူကို မိခင်တပ်ရင်း လေတပ်ဌာနချုပ်မှ ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။


ပုသိမ်မြို့ အောင်ဧရာဈေး (ဘူတာဈေး) အနီးတွင် မေလ ၂၃ ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေ့တွင်းချင်း ပင် ပုသိမ် လေတပ်စခန်း ဌာနချုပ်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့၍ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ်(လေ – ၃၂၆၂) ကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ပုသိမ် လေတပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ဧရာဝတီကို ပြောသည်။

“သူ့ကို စုံခုံ (စုံစမ်း စစ်ဆေးရေး ခုံရုံး) ဖွဲ့ပြီးတော့ စစ်နေတယ်။ ၂၃ ရက်နေ့ အားချင်းပဲ ခုံရုံးဖွဲ့ပြီး စစ်နေတာ”ဟု သူက ဆိုသည်။

ခုံရုံးဖွဲ့ စစ်ဆေးနေမှုကို ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတခုမှ အရာရှိတဦး ကလည်း အတည်ပြုခဲ့ပြီး ဗိုလ်ကြီး ဖြိုးပြည့်အောင်အား စစ်ဆေးပြီးပါက ရိုက်နှက်ခံခဲ့ရသူနှင့် အရပ်သား မျက်မြင် သက်သေများကို ပါ ဆက်လက် စစ်ဆေးဖွယ်ရှိကြောင်း ပြော သည်။

လုပ်ထုံးလုပ်နည်းများအရ စစ်ဆေးမှုများပြီးစီးပါက ခုံရုံးအဖွဲ့မှ သက်ချုပ် (သက်သေခံ အကျဉ်းချုပ်) ရေး သားရပြီး အပြစ်ရှိကြောင်း ယူဆပါက စစ်ဘက်တရားရုံးများတွင် စစ်ဥပဒေဖြင့် အမိန့်ချ စီရင်လေ့ရှိ ကြောင်း သိရသည်။

စစ်ဥပဒေ ချိုးဖောက်သည့် တပ်မတော်သားများကို အမိန့်ချသည့် စစ်ဘက်တရားရုံးများမှာ အကျဉ်းစစ် တရားရုံး၊ တိုင်းစစ်တရားရုံးနှင့် တပ်တွင်းစစ်တရားရုံးဟူ၍ ၃ မျိုးရှိ၍ အကျဉ်း စစ်တရားရုံးမှာ အမြင့်ဆုံးဖြစ်ပြီး တပ်တွင်းစစ်တရားရုံးမှာ အနိမ့်ဆုံးဖြစ်ကြောင်း နတခ အရာရှိက ဆိုသည်။

“ခုံရုံး အနေနဲ့ကတော့ အမှုတိုင်းမှာ ၂ ဘက်စလုံးကို ခေါ်ယူပြီး စစ်ဆေးလေ့ ရှိပါတယ်။ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ အဲဒီ တပ်မတော်သားကို ရာထူးက ထုတ်ပယ်ပြီး စစ်ဥပဒေနဲ့ ပြစ်ဒဏ်ချတယ်။ ပြီးရင် အရပ်ဘက်ကို ပြန်လွှဲပြီး အရပ်ဘက်က စွဲထား တဲ့ပုဒ်မတွေကို ဆက်လက် တရားရင်ဆိုင်ရတယ်။ အရပ်ဘက်ကလည်း အပြစ်ထင်ရှားလို့ ပြစ်ဒဏ် ထပ်ချခဲ့ရင် စစ်ဘက်ကပေး တဲ့ အပြစ်ဒဏ်ရော၊ အရပ်ဘက် က အပြစ်ဒဏ်ရော ၂ ခုစလုံး ပေါင်းပြီး ကျခံရတယ်”ဟု နတခ အရာရှိက ရှင်းပြသည်။

မေ၂၃ ရက်နေ့ နံနက်ပိုင်းက ဘူတာဈေးအနီး ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် က ၎င်း၏နေအိမ်ရှေ့တွင် ကားရပ်မိသူ ပုသိမ်မြို့ မျိုးစားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေ ကို ကားဖယ်ပေးရန် ပြောဆိုရာမှ အနည်း ငယ် စကားများခဲ့ပြီးနောက် ဦးမျိုးဝေအား ပါးရိုက်၍ ကားပေါ်မှဆွဲချကာ ထိုးကြိတ် ကန်ကြောက်ခဲ့ပြီး အနီးရှိ အုတ်နီခဲကျိုးဖြင့် ထုနှက်ခဲ့ကြောင်း ကာယကံရှင် ဦးမျိုးဝေက ဧရာဝတီကို ပြောသည်။

“ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။ ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲ ကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ် ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြော တယ်။ အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကိုဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ။ မင်းကား ထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ ပြောရော သူကဆဲပြီးတော့ ပါးကို စရိုက်တယ်”ဟု သူက ပြောပြသည်။

ခင်ပွန်းဖြစ်သူအား ရိုက်နှက်ထိုးကြိတ်နေသည့်အတွက် ဒေါ်ခင်သူဇာက ၀င်ရောက်တားမြစ်ရာ ယင်း ဗိုလ်ကြီးက ဒေါ်ခင်သူဇာ ကိုလည်း အုတ်နီခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀မ်းဗိုက်ကို ခြေထောက်ဖြင့် ကန်ကျောက် ခြင်းများ ပြုခဲ့ပြီး ဗိုလ်ကြီး၏ ဖခင် ဒေါက်တာ အောင်ငြိမ်း ကလည်း တုတ်ဖြင့် ၀င်ရောက် ရိုက်နှက်ခဲ့ကြောင်း ဘူတာဈေး အနီးရှိ မျက်မြင် သက်သေများက ပြောသည်။ “လေတပ်ကအရာရှိက အဖိုးကြီးနဲ့ပါလာတဲ့ အမျိုးသမီးကို ခဲနဲ့ကောက်ပြီးထုတာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူ့အဖေကထွက်လာပြီး အဲဒီ အမျိုးသမီးကို ၀င်ပြီးတော့ ရိုက်တယ်။ အဲဒီမှာ အဘိုးကြီးကတားဖို့ ကြိုးစားရင်း လဲကျသွားတဲ့အချိန် ၀င်ပြီး တော့ တက်နင်းတာ။ ဒေါက်တာ အောင်ငြိမ်းနဲ့ သူ့သား စစ်ဗိုလ်နဲ့ ၂ ယောက် တက်နင်းကြတာပေါ့။ ဟိုလင် မယား ၂ ယောက်စလုံး ကတော့ လုံးဝကို ပြန်လည်ခုခံ တိုက်ခိုက်တာ မရှိပါဘူး။ ပက်လက်လန်နေတော့ ဘာမှကို ပြန်မလုပ်နိုင်တာ”ဟု မျက်မြင် သက် သေ တဦး ဖြစ်သူ ဘူတာဈေးရှိ အလုပ်သမားခေါင်းဆောင် ကိုဖိုးကျော်က ပြောပြသည်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်နှင့် ဒေါက်တာ အောင်ငြိမ်းတို့ သားအဖ ၂ ဦး၏ ရိုက်နှက်မှုတို့ကြောင့် ဦးမျိုးဝေနှင့် ဇနီး ဒေါ်ခင်သူဇာ တို့မှာ ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ပုသိမ်ဆေးရုံ ၌ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ ရသည်။

ဒေါ်ခင်သူဇာမှာ ဒဏ်ရာသက်သာသဖြင့် မေ ၂၄ ရက်နေ့တွင် ဆေးရုံကဆင်းခဲ့သော်လည်း ဦးမျိုးဝေမှာ ဦးခေါင်းဒဏ်ရာကြောင့် ရန်ကုန်မြို့ ဦးနှောက်နှင့် အာရုံကြော ဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရပြီး ယမန်နေ့ကမှ ဆေးရုံ က ဆင်းခဲ့ ရကြောင်း သိရသည်။

ရိုက်နှက်ခံရသူများက ဗိုလ်ကြီး ဖြိုးပြည့်အောင်နှင့် ဒေါက်တာ အောင်ငြိမ်းတို့အား ပုသိမ်မြို့ အသည်ကြီး ရဲစခန်း၌ သွားရောက် တိုင် တန်း အမှုဖွင့်ခဲ့ရာ ပြစ်မှုအမှတ် (၉၉/၂၀၁၃) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု)၊ ၃၂၅ (နာကျင် ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု)နှင့် ၃၅၄ (ကာယိနြေ္ဒ ပျက်စီးသည်အထိ လက်ရောက်မှု) တို့ဖြင့် အမှုဖွင့် ထားကြောင်း ရဲစခန်းက ပြောသည်။

ဗိုလ်ကြီး ဖြိုးပြည့်အောင် တို့ ဘက်မှလည်း ဦးမျိုးဝေနှင့် ဒေါ်ခင်သူဇာ တို့အား ဥပဒေ ပုဒ်မ ၂၉၄ (ညစ်ညမ်း စွာဆဲရေး တိုင်းထွာမှု) နှင့် ၄၂၇ (အကျိုး စီးပွား ဖျက်ဆီးမှု) တို့ဖြင့် ရဲစခန်း၌ ပြန်လည် အမှုဖွင့်ထားသည်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်မှာ ယခင်ကလည်း နေအိမ်ရှေ့၌ ဆိုင်ကယ် ရပ်သူ၊ ဈေးရောင်းသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ရန်ပြုစော်ကားခြင်းများ ပြုလုပ်ခဲ့သည်မှာ ၄ ကြိမ်ခန့် ရှိခဲ့ပြီဖြစ်ကြောင်း ဘူတာဈေးမှ ဈေးသည်များက ပြောဆိုသည်။

“သင်္ကြန် မတိုင်ခင်လောက်ကပေါ့။ ဆိုင်ကယ်တက္ကစီ ကောင်လေးတယောက်ကို သူတို့အိမ်ရှေ့ ဆိုင်ကယ် ရပ်ရမလားဆိုပြီး သား အဖ ၂ ယောက် ၀ိုင်းရိုက်တာ ကောင်လေးဆို ထွက်တောင် ပြေးရတယ်။ ဆိုင်ကယ် ကိုထားပြီး ထွက်ပြေးရတာနော်။ ဆိုင်ကယ် တောင် သူ့ဘာသာ ပြန်လာမယူရဲလို့ ရဲက ပြန်ယူပေးမှ ရတယ်”ဟု ဘူတာဈေးမှ ကုန်စိမ်းရောင်းသူ ကိုရန်အောင်ထွေး ဆိုသူက ပြောပြသည်။


Credit : http://burma.irrawaddy.org/archives/40616

ဒေါ်လာဈေး ထိုးတက်ခြင်းအပေါ် သူတို့အမြင်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9HXWlP3L04vSANnTdqwvo7ENLSVvayZFQ_692a3qI7z0u0vx5uPx1-4jeShHaP5oBFjJyCQ-Ytwh9r53Eq8mKnZzt8_WRnpPOrQi3FNVkQYgFgpgGDxHoU9EFneFjY_OJHV-1h8HZSMQ/s1600/6+%28Custo+zae+%28Custom%29.jpg

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် (စီးပွား ရေးပညာရှင်)

ဒေါ်လာဈေးအတက်အကျ ကြမ်းတာဟာ စီးပွားရေး အမြင်အရ ကောင်း၏ မကောင်း၏ဆိုတာက စီးပွား ရေးမှာ ကောင်းတာ တွေရှိသလို မကောင်း တာတွေလည်း ရှိတာပဲလေ။ Export လုပ်တဲ့သူတွေ အတွက် အဆင်ပြေတာပေါ့။ သွင်းကုန်လုပ် သူတွေကျတော့ အဆင်မပြေဘူး။ .... နိုင်ငံတော်က ထုတ်ကုန်လုပ်ငန်းတွေကို အားပေးနေတဲ့ အချိန်ဖြစ်နေတဲ့အတွက် ထုတ်ကုန်လုပ်ငန်းလုပ်သူတွေအတွက် ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ဒေါ်လာနဲ့ လစာရနေသူတွေ အတွက် ကောင်းတယ်။


ဦးကြည်မြင့် (လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒေါ်လာဈေးထိုးတက်တာက နိုင်ငံသားအများစုအတွက် မကောင်းဘူး။ ဒီထက် ထပ်တက်မယ်ဆိုရင် ပိုပြီး တော့ မကောင်းဘူး။ ဒေါ်လာဈေးတက်တဲ့အတွက် သွင်းကုန်တွေပါ ဈေးတက်တယ်။ ဒါပေမယ့် ဂျာနယ် တွေမှာကြည့်ရင် ပို့ကုန်သမားတွေ ငိုပြတာကို တွေ့ရတာ များနေတယ်။ အမှန်ဆို သူတို့အတွက်က ဒေါ်လာဈေးတက်လေ ကောင်းလေပဲလေ။ သူတို့က ဒေါ်လာဈေးတက်အောင် လွှတ်တော်တွေ အစိုးရ အဖွဲ့တွေကို ချဉ်းကပ်ခဲ့တယ်၊ ဒီတော့ ဈေးတက်ခဲ့တယ်။ 

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာရှင်)

ဒေါ်လာဈေးကို တက်ဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျ ကျနော်တို့ မသိရဘူး။ တချို့ ကကျတော့ ပို့ကုန်တွေ လျော့နည်းလာလို့ဆိုတဲ့ အကြောင်းပြချက်ကို ပြောတယ်။ တချို့ကျတော့လည်း ကျပ်ငွေမာလို့တဲ့။ ငွေမာတယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက ကောင်းနေရမှာပေါ့။ အခုက အဲဒီလိုလည်း မဟုတ်ဘူး။ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက စားသောက်ကုန်စည်ဈေးနှုန်းတွေ တက်လာတဲ့ အတွက် ဝယ်ယူနိုင်လိုအား ကျသွားမှာပေါ့။ ပြည်သူတွေက ဒေါ်လာဈေးအတက်အကျကြောင့် ဘာအကျိုး ကျေးဇူးမှ မရနိုင်ဘူး။

ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)

လတ်တလောအခြေအနေအရတော့ အခြေခံစားသောက်ကုန်တွေ ဈေးတက်သွားတော့ ပြည်သူတွေ အတွက် မကောင်းဘူး လို့ သုံးသပ်ကြတာပေါ့။ တဖက်ကကြည့်တော့လည်း ပို့ကုန်ဘက်က ကြည့်ရင် လယ်ယာထွက် ကုန်ထုတ် လုပ်သူတွေနဲ့၊ ရေထွက် လုပ်ငန်းလုပ်သူတွေရဲ့ ပမာဏက ပိုများတဲ့အတွက် သူတို့ရဲ့ ဝင်ငွေတွေ ပိုများလာတဲ့အတွက် တဖြည်းဖြည်းနဲ့ ကောင်းလာမယ့် အနေအထားရှိတယ် လို့သုံးသပ်မိတယ်။ ဒေါ်လာဈေးက အခုလို အတက်အကျကြမ်းတာကတော့ မကောင်းဘူးပေါ့။ အခြေခံ လူတန်းစားတွေဖြစ်တဲ့ ပြည်သူ အများစုအတွက် ထိခိုက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒေါ်လာဈေးက ၉၀၀ နဲ့ ၁၀၀၀ ကြားမှာ ငြိမ်နေမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက်မျှပြီး အကျိုးရှိမယ်လို့ထင်ပါတယ်။

ဦးဝင်းအောင် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ)

ဒေါ်လာဈေးအတက်အကျကြမ်းတာကြောင့် ကောင်းတာ တခုမှမရှိဘူး။ စီးပွားရေး လုပ်ကိုင်တဲ့အခါ ကြိုတင် ခန့်မှန်းနိုင်မှု အနေအထား ခက်တဲ့အတွက်ကြောင့် အကာအကွယ်ကို လိုအပ်တာထက် ပိုယူရတဲ့အတွက် သာမာန်လုပ်ငန်း လုပ်ရသလို တည်ငြိမ်မှုရှိရှိနဲ့ လုပ်ကိုင်လို့ မရဘူး။

ဒေါက်တာ မောင်မောင်လေး (လုပ်ငန်းရှင်)

တိုင်းပြည်မှာ ငွေရေးကြေးရေးက အရမ်းကြီး အတက်အကျ မရှိဘဲ ပုံမှန်လေးပဲ သွားနေတာ ကောင်းတယ်။ ငွေကြေး အတက်အကျကို ထိန်းသိမ်းတာကြတော့ ဗဟိုဘဏ်နဲ့ပဲ ဆိုင်တာပေါ့။ တခါတလေတော့ ဗဟိုဘဏ်ကတောင် ထိန်းသိမ်းလို့မရတဲ့ အပိုင်းတွေ ရှိတတ်တယ်။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် သိပ်မကောင်းဘူး။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း တွက်ရချက်ရတာ မှားသွားနိုင်တယ်။ ငွေကြေးတန်ဖိုး တည်ငြိမ်မှ သူတို့အတွက် တွက်ခြေကိုက်မယ်၊ မကိုက်ဘူး၊ ရင်းနှီးမြှုပ်နှံသင့်တယ်၊ မသင့်ဘူး ဆိုတာကို တွက်လို့ရမှာလေ။ တိုင်းပြည် ငွေရေးကြေးရေးက မမှန်တော့ သူတို့တွက်ရခက်ပြီး အမှားတွေ ဖြစ်လာနိုင်တယ်။

ဒေါက်တာမောင်မောင်စိုး (အငြိမ်းစားပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန)

ဒေါ်လာဈေးအတက်အကျ ကြမ်းတာက စီးပွားရေးအမြင်အရ ပြောမယ်ဆိုရင် လုံးဝမကောင်းဘူး။ 

Credit : http://blog.irrawaddy.org/2013/05/blog-post_7319.html

ဆက်သွယ်ရေးဈေးကွက်ထဲဝင်မယ့် MTN ကုမ္ပဏီနဲ့ အင်တာဗျူး



မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသည့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၉ဝကျော်ထဲမှ ၁၂ ခုကို ဆန်ကာတင် ရွေးချယ်ထားသည်။ လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီနှစ်ခုကို ထိုအထဲမှ ရွေးချယ်မည်ဖြစ်ရာ မည်သူ လုပ်ပိုင်ခွင့်ရမည်ကို ဇွန်လ ၂၇ရက်နေ့တွင် သိရမည် ဖြစ်သည်။


ရွေးချယ်ခံရသည့် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို ၁၅ နှစ် လုပ်ကိုင်ခွင့်လိုင်စင်ရရှိမည်ဖြစ်သည်။

ဆန်ကာတင် စာရင်းထဲတွင် ပါဝင်သည့် MTN ကုမ္ပဏီသည် ဆက်သွယ်ရေးဈေးကွက်အတွင်းသို့ တောင် အာဖရိကနိုင်ငံ၏ ဒုတိယမြောက် ဆယ်လူလာဖုန်းကွန်ရက်အဖြစ် ၁၉၉၄ တွင် စတင် ဝင်ရောက်ခဲ့ပြီး၊ လက်ရှိတွင် သုံးစွဲသူပေါင်း ၁၉၅ ဒဿမ ၄ သန်းကို ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် မြတ်စုမွန် နှင့် မကြာသေးမီက တွေ့ဆုံရာတွင် MTN ၏ အမှုဆောင်ဈေးကွက် အရာရှိ Mr. Serame Taukobong က ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းများ၊ မြန်မာပြည်အတွင်း ၎င်းတို့၏ မျှော်မှန်းချက်များအကြောင်း ပြောပြခဲ့သည်။

တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး- မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရမယ်ဆိုရင် MTN အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ် ရှိသလဲ။

ဖြေ- အချက် ၃ချက် ရှိပါတယ်။ ပထမတစ်ခု အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးကွန်ရက်တွေ ရအောင် တာဝါတိုင်တွေ တည်ဆောက်တာ လုပ်မယ်။ မြို့ကြီးပြကြီးတွေမှာတင် မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးကို အမြန်ဆုံးရအောင်လုပ်ပေးနိုင်တယ်။ နည်းပညာလည်းရှိတယ်။ အခုလောလောဆယ် လူတန်းစားမရွေး အားလုံး ဆက်သွယ်ရေးကွန်ရက်တွေရအောင် မြန်နိုင်သမျှမြန်မြန် လုပ်ပေးနိုင်တယ်။ ဒုတိယအချက်က ဘယ်နေရာပဲသွားသွား ဒီဆက်သွယ်ရေးကွန်ရက်တွေရအောင်၊ မြန်မာနိုင်ငံမှာ မသုံးတဲ့ အီလက်ထရောနစ် ငွေဖြည့်ကဒ်စနစ်ကို သုံးစွဲသူတွေအတွက် ဝန်ဆောင်မှု ပေးနိုင်တယ်။


MTN ကုမ္ပဏီရဲ့ Facebook စာမျက်နှာ

တတိယအချက်ကတော့ အဲဒီလို အမြန်ဆုံးလုပ်တဲ့နေရာမှာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေပေးဖို့အတွက် တစ်နိုင်ငံလုံးမှာ Call Center တွေ ထောင်မယ်။ အရေးအကြီးဆုံးကတော့ ဆက်သွယ်ရေး အရည်အသွေး၊ ဖြန့်ချိရေးနဲ့ ဝန်ဆောင်မှုပဲ။ တစ်နိုင်ငံလုံး ကွန်ရက်ချိတ်ဆက်မှု လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ပြည်တွင်း လုပ်သားအင်အားကို အပြည့်အဝ သုံးသွားမှာဖြစ်တဲ့အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေပေးနိုင်မယ်။

ပညာရေးပိုင်းမှာ ကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်း ဆက်သွယ်လို့ရအောင် စာသင်ကျောင်းတွေမှာ အင်တာနက်တွေ၊ ဝိုင်ဖိုင်စနစ်တွေ တပ်ဆင်ပေးနိုင်တယ်။ ပြီးတော့ ကွန်ပြူတာတွေ လှူပေးနိုင်တယ်။ နောက်ပြီး အီလက်ထရောနစ် စာကြည့်တိုက်တွေ လုပ်ပေးလို့ရတယ်။ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ပညာရေးရေးအဆင့်သတ်မှတ်ချက်တွေအတိုင်း ဘယ်နေရာတွေကို ထောက်ပံ့ပေးရမယ်ဆိုတာ UN နဲ့ ပေါင်းပြီး လုပ်ပေးမယ်။

ကျနော်တို့ဆီမှာ MTN အကယ်ဒမီဆိုတာရှိတယ်။ အဲဒီကျောင်းကနေပြီးတော့ နည်းပညာနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးတယ်။ လုပ်ငန်းလိုင်စင်ရမယ်ဆိုရင် ဒါတွေလုပ်ဖို့ ကျနော်တို့မှာ စီမံကိန်း ဆွဲထားပြီးသားရှိတယ်။

ကုမ္ပဏီအသေးစား၊အလတ်စားတွေကို မြန်မြန်ဖွံ့ဖြိုးအောင် ပူးပေါင်းလက်တွဲခေါ်ပေးနိုင်တယ်။ လုပ်ငန်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာပဲ တတ်နိုင်သမျှ ထုတ်မှာဖြစ်လို့ ပြည်တွင်းကလူတွေ၊ ကုမ္ပဏီသေး တွေ ဝင်ငွေရစေမယ်။

ကျန်းမာရေးပိုင်းမှာ NGO တွေနဲ့ တွဲဖက်ပြီး၊ အီလက်ထရောနစ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ လုပ်တာမျိုး၊ ဆေးဝါးကုသရေးနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲဆိုတာဆက်သွယ်ပေးပြီး၊ လိုအပ် တာတွေမှာ ပေးတာမျိုး၊ နိုင်ငံမှာရှိတဲ့ ဆေးရုံတွေအချင်းချင်း ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင် လုပ်ပေးတာမျိုးတွေလုပ်မယ်။

ဘောလုံးပြိုင်ပွဲတွေကို ပံ့ပိုးပေးတာမျိုးလုပ်မယ်။ အာဖရိကမှာလုပ်သွားတဲ့ ကမ္ဘာ့ဖလားပွဲကို ကျနော်တို့ ပါဝင်ပံ့ပိုးပေးခဲ့တယ်။

မေး- ဆိုလိုတာက ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းတွေနဲ့အတူ လူမှုရေးလုပ်ငန်းတွေကို တွဲလုပ်သွားမယ်ဆိုတဲ့သဘောပေါ့။

ဖြေ- ဟုတ်တာပေါ့။ လုပ်ငန်းစလို့ တာဝါတိုင်တွေ စ တည်ဆောက်တာနဲ့ တပြိုင်တည်းမှာပဲ တခါတည်း တွဲသွားမှာ။ MTN ကျောင်းရဲ့ လုပ်ငန်းတွေကိုလည်း တခါတည်း တွဲလုပ်သွားမယ်။

မေး- အဲလိုလုပ်မယ်ဆိုရင် ဘယ်ကနေ စတင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေရှိမယ်လို့ မျှာ်လင့် ထားသလဲ။

ဖြေ- လုပ်ကိုင်ခွင့်မကျခင်ကတည်းက ကျနော်တို့က ပြင်ဆင်ထားပြီးသားပါ။ အော်ပရေးရှင်းကို စလုပ်နိုင် နေပါပြီ။ အခက်အခဲအနေနဲ့တော့ မရှိနိုင်ဘူး ထင်ပါတယ်။ အခြားနိုင်ငံတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာ အမြန်ဆုံးဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းပညာတွေ ရှိပြီးသားပါ။ မီးရှိတဲ့ နေရာတွေမှာလည်း အမြန်ဆုံး ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိပြီးသားပါ။ အတွေ့အကြုံတွေ ရှိတဲ့အတွက် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမယ်ဆိုတဲ့ စီမံကိန်းတွေရှိပြီးသားပါ။

အဓိကအချက်ကတော့ ပြည်တွင်းက ပါတနာတွေနဲ့ ပူးပေါင်းပြီး လုပ်မှာဖြစ်လို့ အခက်အခဲတွေကို ကျော် လွှားနိုင်တယ်။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။ ဥပမာ- ရဝမ်ဒါနဲ့ အာဖကန် နစ္စတန်လို နေရာမျိုး တွေမှာ အရမ်းခက်ခဲတဲ့ တောတောင်ဧရိယာတွေမှာတောင် ဟယ်လီကော်ပတာ တွေသုံးပြီး အခြေခံအဆောက်အအုံတွေလုပ်မယ့် ပစ္စည်းတွေ သယ်ယူ ပို့ဆောင်ခဲ့ရတာတွေ ရှိဖူးတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလောက် အခက်အခဲမရှိနိုင်ပါဘူး။

မေး- မြန်မာနိုင်ငံကိုလုပ်ဖို့အတွက် ဘာကြောင့် ရွေးချယ်တာလဲ။

ဖြေ- မြန်မာမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လူဦးရေက ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုပဲ။ ဒါပေမယ့် တယ် လီဖုန်းကို ကိုင်နိုင်တဲ့ လူက နိုင်ငံလူဦးရေရဲ့ ၉ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိတယ်။ အဲလောက်ပဲ ရှိသေးတဲ့ အနေအထားမှာ လုပ်လို့ရမယ့် အခွင့်အလမ်းတွေအများကြီး ရှိသေးတယ်။

နောက်တစ်ခုက ကျနော်တို့က တိုးတက်ပြီးသားနိုင်ငံတွေမှာ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီလို မတိုး တက်သေးတဲ့ နိုင်ငံတွေကို တိုးတက်သွားအောင်လုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့အတွက် ဒီနိုင်ငံကို ဇောက်ချပြီးဝင်လာတာ။ လုပ်ခဲ့ဖူးတဲ့ အခြားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံအနေအထားနဲ့က ကွက်တိလောက် သွားတူနေတယ်။ ဒါပေမယ့် ဟိုမှာက ပိုဆိုးတယ်။ ဒီမှာ အားသာချက်တွေရှိတယ်။

မေး- မြန်မာနိုင်ငံထဲက လုပ်သားအင်အားတွေကိုသုံးမယ်ဆိုတော့ ဘယ်လောက်ထိ အလုပ်ပေးနိုင်မယ် ထင်သလဲ။

ဖြေ- ၈ဝ ရာခိုင်နှုန်းကနေ ၉ဝ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသား တွေရဲ့ လုပ်သားအင်အားကို အသုံးပြုမယ်။ ဒါမှလည်း အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။ အာဖရိကမှာလုပ်ခဲ့တုန်းကလည်း ပြည်တွင်းက အလုပ် သမားတွေပဲ သုံးခဲ့တယ်။

မေး- ဒီနိုင်ငံမှာ လုပ်တဲ့အတွက် ကုမ္ပဏီအနေနဲ့ မျှော်လင့်သလောက်ရနိုင်မယ်ထင်လား။

ဖြေ- ကျနော်တို့က ၁၉၉၄ကတည်းက ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကို လုပ်လာတာဖြစ်လို့ အခြား နိုင်ငံ ၂၂နိုင်ငံမှာ ရခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံပြီး လုပ်မယ်။ အဲလိုလုပ်ပြီး မြန်မာနိုင်ငံက အတွေ့ အကြုံတွေကိုလည်း ထပ်ရနိုင်မယ်လို့ မျှော်လင့်တယ်။

မေး- ငွေ ပမာဏ ဘယ်လောက် ရင်းနှီးမြှုတ်နှံသွားဖို့ စီစဉ်ထားသလဲ။

ဖြေ- လျှောက်လွှာတင်နေတုန်းအချိန်ဖြစ်လို့ ဒါကိုပြောလို့ မဖြစ်နိုင်သေးပါဘူး။ အီရန်မှာဆိုရင် အမေ ရိကန်ဒေါ်လာ ၂၆၉ သန်းကို သုံးပြီး ၆လအတွင်း လုပ်ခဲ့တယ်။ ၂ဝ၁၂ ခုနှစ်မှာလည်း နိုင်ဂျီးရီးယားမှာ ဒေါ်လာ ၁ ဘီလီယံ သုံးပြီး အခြေခံတည်ဆောက်မှုလုပ်ငန်းတွေချည်းပဲ လုပ်ခဲ့တယ်။ အဲဒါကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဘယ်လောက် ရင်းနှီးမြှုတ်နှံမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

မေး- ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးပိုင်းတွေမှာလည်း လုပ်သွားမယ်ဆိုပေမယ့် တကယ်လို့များ MTN အနေနဲ့ လုပ်ငန်းလိုင်စင်မရဘူးဆိုရင် အဲဒါတွေကို ဘယ်လိုမျိုးဆက်လုပ်ဖို့ အစီအစဉ်ရှိသလဲ။

ဖြေ- မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် လုပ်ငန်းလိုင်စင်မရဘူး ဆိုရင်တောင် ရှေ့ဆက်လုပ်လို့ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒီ ... မိုဘိုင်းလုပ်ငန်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အခြားဟာတွေ လုပ်လို့ရသေးတာ ရှိတယ်။ အင်တာနက်ဝန်ဆောင်မှုပေးလို့ရတာတွေ ရှိသေးတယ်။ နိုင်ငံ တချို့မှာ အဲလိုလုပ်ငန်းတွေ အများကြီး လုပ်ခဲ့ဖူးတယ်။ ဒီလုပ်ငန်းလိုင်စင်ကိုမရလည်း ဒီထဲမှာ ဝင်ပြီးတော့ လုပ်ကို လုပ်မှာပါ။

Credit : http://blog.irrawaddy.org/2013/05/mtn.html

မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို စတုဒီပ ကုမ္ပဏီက လုပ်ပိုင်ခွင့်တောင်း



ရခိုင်ပြည်နယ်မှ ဒုတိယအကြီးဆုံး ကျွန်းတစ် ကျွန်း ဖြစ်သည့် မာန်အောင်ကျွန်းမှ မြေဧက ၃၇၈၀၀ ကို စတုဒီပ အများပိုင် ကုမ္ပဏီက မြေလွှတ်မြေရိုင်းများ ဖြစ်သည်ဟု ဆိုကာ အာဏာပိုင်များထံမှ လုပ်ပိုင် ခွင့် တောင်းထားသည်ဟု ဒေသခံများက ပြော သည်။


ထိုသို့ တောင်းဆိုထားခြင်း အပေါ် ကျွန်းသူ ကျွန်း သားများက လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုထားသည်ဟု ဒေသခံ လူမူရေး လူပ်ရှားသူ ကိုတင်ဝင်းက ပြောသည်။

“ အခု လောလောဆယ်တော့ လုပ်ငန်း စလုပ်တာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူတွေကို မေးတော့လည်း သူတို့ မသိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် အတွင်းကို လေ့လာ စုံစမ်းတော့ ခွင့်ပြုမယ်လို့ ကြားရပါတယ်။ ဒါကြောင့် လက်မခံနိုင်ကြောင်း ကျွန်းသူ ကျွန်းသားတွေက ကမ်းလှမ်း ပြောဆို ထားပါတယ်” ဟု ဆိုသည်။

စတုဒီပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သော စိန်ဦး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် များမကြာမှီက မာန်အောင်မြို့သို့ ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြို့မိ မြို့ဖများနှင့် တွေ့ဆုံကာ မာန်အောင်ကျွန်း ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ကိုင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါ နောက်ပိုင်းတွင် စတုဒီပ ကုမ္ပဏီမှ မာန်အောင်ကျွန်းရှိ မြေလွှတ်မြေရိုင်း သုံးသောင်းကျော်ကို လုပ်ပိုင်ခွင့် ရရှိရန် တောင်းခံထားသည်ဟု ဆိုသည်။

“ ဦးစိန်ဦးက သူ့ကိုယ်သူ မိတ်ဆက်ပေးတော့ ထူးကုမ္ပဏီက အတွင်းရေးမှူးဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒီမှာလာပြီး အစည်းအဝေး တစ်ခါ လုပ်တုန်းက ကျွန်းသူ ကျွန်းသားတွေကိုလည်း သူတို့ လုပ်မယ့် စီးပွားရေးမှာ ချယ်ယာခေါ်တဲ့ ပုံစံမျိုးနဲ့ ခေါ်ခဲ့တာ ရှိပါတယ်။ ခုတော့ ဒီလိုမဟုတ်ဘဲ သူတို့ လုပ်မယ့် ဒေသ ဖွံ့ဖြိုးရေးကို ဒေသခံတွေက သဘောတူတယ်ဆိုပြီး မြေလွှတ်မြေရိုင်းတွေကို သမ္မတဆီမှာ တောင်းထား တယ်လို့ ကြားရပါတယ်။”

ယခုကဲ့သို့ မြေလွှတ် မြေရိုင်းများကို လုပ်ပိုင်ခွင့်တောင်းထားသဖြင် ကျွန်းသူ ကျွန်းသားများ အနေဖြင့် စိုးရိမ်မူများလည်း ရှိနေကြသည်ဟု ဆိုသည်။

“ မြေလွှတ် မြေရိုင်းတွေဆိုလို့ မာန်အောင်ကျွန်းမှာ ဧက တစ်သောင်းကျော်၊ နှစ်သောင်း လောက်ဘဲ ရှိနိုင်ပါတယ်။ အခုက သုံးသောင်းကျော်ဆိုတော့ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့ မြေတွေပါ ပါဝင်သွားနိုင်တယ်။ ဒါကြောင့် စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်နေသော မြေများတွင် ဂရမ် မဖေါက်ရသေးသော မြေများ၊ ခုတ်ထွင် ရှင်းလင်းပြီး တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသော မြေများ၊ အထက် ခရိုင်၊ မြို့နယ် အဆင့်ရှိ တာဝန်ရှိသူများ လက်မှတ်မထိုး၍ စောင့်ဆိုင်းနေရသော ဂရမ်ဖေါက်ရန် ကျန်ရှိနေသေးသော မြေများ ရှိနေသည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများ အနေဖြင့် မာန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဟိုတည်များ တည်ဆောက် ခြင်း၊ ပင်လယ်ကမ်းခြေများကို ခေတ်မှီ အပန်းဖြေ နေရာများ တည်ဆောက်ခြင်းကို ကန့်ကွက်မည် မဟုတ် သော်လည်း အများပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော မြေယာများကို ဒေသ ဖွံ့ဖြိုးရေးအတွက် မြေလွှတ် မြေရိုင်းစာရင်းသွင်းကာ သိမ်းယူမည်ဆိုပါက ပြင်းပြင်းထန်ထန် ကန့်ကွက် သွားမည်ဟု ဆိုသည်။

နိရဉ္စရာ

သျှမ်း/မြောက်စစ်ဘေးသင့်ကျေးရွာများအား ကျားဖြူကျားခေါင်း ပူးပေါင်း ကူညီထောက်ပံ့



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ စစ်ဘေးသင့်သောကျေးရွာ တို့အား ကျားခေါင်း ပါတီ(SNLD) နှင့် ကျားဖြူပါတီ(SNDP) တို့ ဦးဆောင် အလှူငွေကောက်ခံပြီး ကူညီထောက်ပံ့ပေးနေ ကြောင်းသတင်း ရရှိသည်။


“လွန်ခဲ့တဲ့ ၃ ရက်ကပေါ့။ ကျား၂ ကျားပါတီတွေက ဦးဆောင်ပြီး နမ့်ခမ်းမြို့ထဲ ရပ်ကွက်တိုင်း အလှူငွေ နဲ့ အသုံးအဆောင်ပစ္စည်းများ ကောက်ခံကြတယ်၊ တစ် အိမ်ဝင်တစ်အိမ်ထွက်ပေါ့၊ တစ်ချို့အိမ်တွေလဲ တတ် နိုင်သ လောက် ထည့်ကြတယ်၊အလှူခံရတဲ့ ပစ္စည်းနဲ့ ငွေတွေကို ကျမတို့ ၂ ပါတီဝင်အပြင် ဒေသခံလူ ထု(၂၀၀) ကျော်အင် အားနဲ့ မနေ့ ၂၄ ရက်က ရွှေလီ မြစ်တဘက်ကမ်း စစ် ဘေးသင့်ကျေးရွာ တွေကို သွားရောက် ပေးအပ်ခဲ့တယ်” ကျားခေါင်းပါတီဝင် အမျိုး သမီးတစ်ဦးကပြောသည်။

သွားရောက်ထောက်ပံ့ပေးခဲ့သည့်ရွာများမှာ နောင်မတာကျေးရွာ တွင် ၁၂၇ အိမ်၊နောင်ခမ်းကျေးရွာ ၁၃၂အိမ်၊ မန့်ကွန်ကျေးရွာ ၄၅ အိမ် အတွက် တစ်အိမ်လျှင်ဆန်(၁၂) ပြည် ငွေ(၃)သောင်းကျပ် အပြင် မန့်ဆွမ်းကျေးရွာ တွင် ထောက်ပံ့ငွေ(၁) သိန်းကျပ်ပေးအပ်ခဲ့ကြောင်း၊ SKY NET ရုပ်သံလိုင်း ကုမ္မဏီကလည်း အဆိုပါရွာထဲရှိဘုန်းကြီးကျောင်းသို့ တစ်ကျောင်းလျင် SKY NET တစ်စုံစီလှူဒါန်းပေးခဲ့ပြီး မန္တလေးမြို့မှစေတ နာရှင်များမှ လည်းဆန်အိတ်များလှူဒါန်းကြောင်း၎င်းကဆိုသည်။

“မန္တလေးမြို့စေတနာရှင်တွေကတော့ သိန်းသန်းကုမ္မဏီ၊ ရွှေချမ်းသာဒေါင်းမင်းကုမ္မဏီ ။ သူတို့က ဆန် အိတ်(၁၀၀)စီ လှူတယ်။ ကိုစိန်ဝင်းနှင့်ညီများစက်ပစ္စည်းအရောင်းဆိုင် က ဆန်(၂၄)အိတ် ကူညီထောက်ပံ့ တယ်။ နမ့်ခမ်းမြို့ ပြည်သူတွေက ငွေကျပ် တစ်ရာ့ခြောက်သိန်း ငါးသောင်း ကိုးထောင့်နှစ် ရာ ကျပ် စုပေါင်းထည့်ဝင်လှူဒါန်းပါတယ် ဟု ပါဝင်လှုပ်ရှားသောကျားဖြူပါတီဝင်လူငယ်တစ်ဦးကပြောသည်။

ယခုလ ၉ ရက်နေ့တွင်မြန်မာအစိုးရတပ်က နမ့်ခမ်းမြို့တဘက်ကမ်းနောင်မတာကျေးရွာ ရှိသျှမ်းပြည် ထူထောင် ရေး ကောင်စီ(RCSS/SSA) တပ်စခန်းကိုအင်အားနှင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ဒေသခံပြည် သူထောင် ပေါင်းစစ်ဘေးသင့်ကြရပါသည်။

Credit : http://abbsoluteright.blogspot.com/

တိုင်းရင်းသား အရေးကို Low politics views ဖြင့် ချဉ်းကပ်မိခြင်း

တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသား ကိစ္စတွေ ပြောဆိုကြရာမှာ "စိုးမိုးစကားလုံး" တွေက ... "အပစ်အခက် ရပ်စဲရေး" ..."ငြိမ်းချမ်းရေး" ... "အမျိုးသား ပြန်လည်သင့်မြတ်ရေး (သို့) အမျိုးသား ရင်ကြားစေ့ရေး" ... စတဲ့ စကားလုံးတွေ ဖြစ်ပြီး ... အခု နောက်ဆုံး ကြားလာရတဲ့ စကားကတော့ ... "တိုင်းရင်းသားအရေးကို နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းရေး (သို့) တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းရေး" ... ဆိုတာဖြစ်လာပါတယ်။


ဒီစကားလုံးတွေဟာ များသောအားဖြင့် တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အရေးအတွက် တချိန်လုံး ပြောလာခဲ့တဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေ အသုံးပြုလေ့ရှိတဲ့ စကားလုံးတွေ ဖြစ်ပြီး ... စစ်အာဏာရှင်နဲ့ လက်ရှိအစိုးရ အဖွဲ့ကတော့ ... "အပစ်အခက် ရပ်ရေး" ... "ငြိမ်းချမ်းရေး" ... "တိုင်းရင်းသား စည်းလုံးညီညွတ်ရေး" ... "တိုင်းရင်းသားအရေးကို လွှတ်တော်မှာ ဆွေးနွေးရေး" ... စတဲ့ .. စကားလုံးတွေကို သုံးလေ့ရှိပါတယ်။

ဘုံ တူညီတဲ့ "အပစ်အခက်ရပ်ရေး" ... နဲ့ ... "(ယာယီ) ငြိမ်းချမ်းရေး" က (တစ်ခါတရံ .. အကျိုးအမြတ်ကိစ္စ နောက်ခံ အားနည်းတာမျိုးတွေမှာ) ရလေ့ရှိပေမယ့် ... နောက်ပိုင်း အဆင့်တွေကို သွားကြတဲ့အခါ ... ရှေ့ဆက်မတိုးဘဲ ... နံပါတ် (၁) အဆင့်ဖြစ်တဲ့ "တိုက်ပွဲတွေ ဖြစ်ပွားနေတယ်" ဆိုတာကနေ ပြန်စတာကို တွေ့ရပါတယ်။ "ဖက်ဒရယ်" ဆိုတာကို ပန်းတိုင်အဖြစ် ရည်မှန်းမှုသာ ရှိတယ် ... အဲဒီ အကြောင်းကို မျက်နှာခြင်းဆိုင် တွေ့ဆုံ ဆွေးနွေးချိန်မှာ ... (လောက်လောက်လားလား) ဆွေးနွေးဖို့ အခွင့်အရေးနဲ့ .. ဆွေးနွေးမှုတွေမှ ရှိပါလေစလို့ ... သံသယ ဖြစ်မိတယ်။

ဒါ့အပြင် ပြောဆို ဆွေးနွေးမှုတွေဟာ ... "နိုင်ငံရေး" "စစ်ရေး" "စီးပွားရေး အကျိုးအမြတ်" "အာဏာခွဲဝေရေး" စတဲ့ ရှင်သန် ရပ်တည်ရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးမှု (High politics) အတွက် ပြောဆိုမှုတွေကသာ အဓိက ဆွေးနွေးရာ ဖြစ်နေပါတယ်။ အာဏာနိုင်ငံရေး (Power Politics) အရ ... ဘာကိုရမယ်၊ ဘာကို လိုက်လျောလိုက်ရတယ်၊ ဘယ်လောက်တော့ တင်းထားရမယ်။ ဘယ်သူက ဘာကိုရတယ်။ ဘယ်လိုရတယ် ... ဆိုတဲ့ Professor Harold Dwight Lasswell ပြောတဲ့ .. "Politics is who get what, when and how?" ဆိုတာတွေကို ဦးစားပေး ညှိနှိုင်းနေတာကို တွေ့ရပါတယ်။ ဒါကလည်း အပြစ်ဆိုစရာတော့ မရှိပါဘူး။ ဆွေးနွေးရာမှာ မပါမဖြစ် အရေးကြီးတဲ့ အချက်တွေဆိုတော့ ဆွေးနွေးပွဲတိုင်းမှာ ဒီအချက်တွေကို ဦးစာပေးတာဟာ သဘာဝပဲ မဟုတ်ပါလား။

အထက်ပါ အချက်တွေဟာ မဖြစ်မနေ ပြောဆိုကြတဲ့ အချက်တွေ ဖြစ်လို့ ဒီနေရာမှာ ထပ်မပြောလိုဘဲ အခြားရှု့ထောင့် ကနေ ချဉ်းကပ်ကြည့်ချင်ပါတယ်။ အဲဒါကတော့ ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ "အာဏာခွဲဝေရေး" "စီးပွားရေး" "စစ်ရေး" ရှု့ထောင်က မဟုတ်တဲ့ ... အတွေးအခေါ်ပိုင်း၊ ဆက်ဆံပြောဆိုမှု ပုံစံပိုင်းနဲ့ ရည်မှန်းချက်ထားတဲ့ အပိုင်းတွေကို ချဉ်းကပ်ဖို့လည်း လိုနေတယ်ဆိုတာကို ထောက်ပြချင်တာပါပဲ။

၁။ အတွေးအခေါ်အပိုင်း

အတွေးအခေါ်ပိုင်းနဲ့ ပက်သက်ရင် ... ပြောစရာတွေ ရှိလာပါတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးတယ် ဆိုတာထက် .. မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးတယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဆွေးနွေးဝိုင်းတွေမှာ ၂ ဘက်စလုံးမှာ လွှမ်းမိုး ယူဆသင့်တယ် ထင်ပါတယ်။ တိုင်းရင်းသားရေး ဆွေးနွေးတယ်ဆိုတာနဲ့ .... "သူတို့" နဲ့ "ငါတို့" (US and Them) ဆိုတဲ့ ခွဲခြားမှုက အလိုလို ပါနေတော့ ... "ငါက ဘာရမှ ဖြစ်မယ်၊ သူတို့က ဘာကို သဘော မတူဘူး" ဆိုတဲ့ ... ခွဲခြားထားတဲ့ စည်းကြီး တစ်ခုက ဆွေးနွေးမှုကို ရှေ့ မရောက်စေဘူးလို့ မြင်ပါတယ်။ ဒီအခါမှာ မတတ်သာလို့ သဘောတူလိုက်ပေမယ့် ... အကြောင်းမတိုက်ဆိုင်တဲ့အခါ အပစ်အခက် ရပ်ထားတာကို အချိန်မရွေး ချိုးဖေါက်ဖို့ ဝန်မလေးတော့ပါဘူး။ မူလ သဘောတူစဉ်ကတည်းက .. စိတ်လက်မပါနဲ့ သဘောတူထားတော့ ... ပြန်ချိုးဖေါက်ဖို့ လွယ်တာ ဖြစ်တော့တာပါပဲ။

ဒါကြောင့် တိုင်းရင်းသား အရေး ဆွေးနွေးတယ်ဆိုတဲ့ အတွေးအခေါ် အသုံးအနှံးကို ဖယ်ထားပြီး နိုင်ငံရေးအရ တစ်နိုင်ငံတည်းသားတွေ တစ်နိုင်ငံလုံး အရေးကို ဆွေးနွေးတယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒီအခါမှာ ... အမြင်တွေ တူသွားပြီး ... "သူတို့" နဲ့ "ငါတို့" (Us and Them) ဆိုတာထက် ... လိုအပ်တာကို အတူတူ လုပ်ကြတာ။ ဒါ မလုပ်လို့ မဖြစ်ဘူးဆိုတဲ့ အမြင်တွေနဲ့ သဘောတူညီချက်ပြောပြော ... တိုင်းပြည်ကောင်းဖို့ တာဝန်ခွဲယူတယ် ပြောပြော ... နှစ်ဘက်လုံးက တိုင်းပြည်အတွက် တာဝန်ကိုယ်စီ ယူသွားခဲ့ကြမယ်ဆိုရင် ... သဘောတူညီချက်တွေ ချိုးဖေါက်ဖို့ထက် တစ်ဦးက အားနည်းတာကို တစ်ဦးက ဖေးဖေးမမနဲ့ လုပ်ဆောင်သွားတာတွေပါ ဖြစ်လာနိုင်ရင် ... ရေရှည်အတွက် အကျိုးအမြတ်ကြီးပါပဲ။

၂။ ဆက်ဆံပြောဆိုမှု အပိုင်း

ဆက်ဆံပြောဆိုမှု အပိုင်းမှာလည်း .... များသောအားဖြင့် အစိုးရဘက်က ပြောဆို ဆက်ဆံမှုတွေ၊ အင်တာဗျူးတဲ့ အသံတွေ နားထောင်ရရင် ... ဦးအောင်မင်းတို့ အပါအဝင် အစိုးရ အာဏာရှိသူတွေဘက်က ပြောစကားတွေထဲမှာ မသိစိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ... "ငါတို့က အထက်စီးမှာရှိတယ်၊ ငါတို့ အမိအဖ နေရာမှာ၊ ငါတို့က ပေးမှ ရမှာ" ဆိုတဲ့ စိတ်မျိုး ဝင်နေတာကို တွေ့ရပါတယ်။ တန်းတူ သဘောနဲ့.. တိုင်းရင်းသားဆိုတာလည်း အတူတူပဲလို့ ပါးစပ်ကပြောနေပေမယ့် မသိစိတ်က တန်းမတူတဲ့ တွေးခေါ်မှုမျိုး ရှိနေတာကို တွေ့ရတာပါ။ ဥပမာ ... "တိုင်းရင်းသားတွေက မိမိတို့ လိုတဲ့ အခွင့်အရေးကို ကျွန်တော်တို့နဲ့ တွေ့တဲ့ အခါ တောင်းပါ။ ကျွန်တော်တို့က ပေးမှာပေါ့။ မတောင်းတဲ့အခါ ဘယ်သိနိုင်မလဲ။ တောင်းတဲ့သူတွေကို ခွင့်ပြုခဲ့တာပဲ" ... ဆိုတာမျိုးတွေ အထက်အောက်၊ တောင်းယူရမယ်၊ ပေးမယ် ... စတဲ့ ... အဆင့်ခွဲခြား သတ်မှတ်မှုဟာ မသိစိတ်မှာ ကိန်းဝပ်နေတာမျိုး တွေ့ရပါတယ်။

တကယ်ဆိုရင် ဘယ်ဒေသမှာ ဘာလိုအပ်တယ်။ ဘာတွေ ရနိုင်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ချင်တယ်။ ခင်ဗျားတို့ရော အဆင်ပြေမလား။ သူများတွေနဲ့တော့ ဘယ်လို သဘောတူတာ ရလာတယ် ဆိုတာမျိုးတွေနဲ့ ... အထက်အောက် ဆက်ဆံမှုမျိုး မဟုတ်ဘဲ ... သူငယ်ချင်း မိတ်ဆွေ ဆက်ဆံသလို ဘေးတိုက် တန်းတူ ဆက်ဆံပြီး ... တန်းတူ သဘောထားသင့်ပါတယ်။ ငါတို့ ပေးမှ ရတာ မဟုတ်ဘဲ ... ရသင့်တာကို အတူတူ ဖေါ်ဆောင်တာသာ ဖြစ်သင့်ပါတယ်။ ဒီလို အတူတူ ဖေါ်ဆောင်တယ်ဆိုတဲ့ စိတ်မျိုး မသိစိတ်မှာ မကိန်းဝပ်ဘဲ ... အထက်အောက် ဆက်ဆံရေး ကိန်းဝပ်တဲ့အခါ ... ဆွေးနွေးဝိုင်းမှာ ... အဆင်မပြေ ဖြစ်ဖို့ ရှိလာနိုင်ပါတော့တယ်။ တိုင်းရင်းသားတွေ အဓိက ပြောလာတဲ့ အချက်ဟာ ... တန်းတူညီမျှတဲ့ အခွင့်အရေး ကိစ္စ ဖြစ်ပါတယ်။ တောင်းလို့ ပေးတယ်၊ တောင်းရင် ပေးမှာပေါ့ ဆိုတာ တန်းတူ အခွင့်အရေး မဟုတ်တော့ပါဘူး။ မူရင်း ဖြစ်သင့်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

၃။ ရည်မှန်းချက် ထားတဲ့ အပိုင်း

ရည်မှန်းချက် ထားတဲ့ အပိုင်းမှာလဲ ... တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဆိုတာကို ရည်မှန်းချက် ထားပေမယ့် .... ဒီထက် အသေးစိပ်တဲ့ ရည်မှန်းချက် အသေးလေးတွေ ထားပြီး တစ်ခုခြင်း လုပ်ဆောင်ရင်း ယုံကြည်မှု တည်ဆောက်သွားရမှာ ဖြစ်သလို ... လိုအပ်ရင်လည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုတာကို ကျော်ပြီး ... မြန်မာတနိုင်ငံလုံးက တိုင်းရင်းသားအားလုံး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ပြီး နိုင်ငံရေးကို ဦးဆောင်နိုင်ရေး ဆိုတာမျိုးအထိ ထားသင့်ပါတယ်။ တိုင်းရင်းသားတွေကလည်း မိမိ ကိုယ်စားပြုတဲ့ တိုင်းရင်းသား အရေးကို ဦးဆောင်တာထက် တနိုင်ငံလုံးကို ဦးဆောင်တဲ့ ဦးဆောင်မှုမျိုး ပေးနိုင်ဖို့ ရည်ရွယ်သင့်ပြီး ... အဲဒီ အခွင့်အလမ်းတွေကိုလည်း ဖြစ်လာအောင် ဖေါ်ဆောင်တာ၊ အားလုံးက တိုက်တွန်းအားပေးတာတွေ လုပ်သင့်ပါတယ်။

အစိုးရဘက်က ရည်မှန်းသလို တိုင်းရင်းသား အရေးကို ပါလီမာန်ထဲမှာ ဆွေးနွေးဖို့ ဆိုတာဟာ ... တကယ့်ကို စစ်မှန်တဲ့ လမ်းကြောင်းကို သွားမယ်ဆိုရင် ... ရည်မှန်းချက် ထားနေစရာတောင် မလိုဘဲ မလွဲမသွေ ဖြစ်လာရမယ့် ကိစ္စဖြစါပါတယ်။ ဒီတော့ ဒါကို အတင်းလမ်းကြောင်းပြီး ပြောဆိုနေတာထက် ... ပါလီမာန်တွင်းမှာ မဟုတ်လည်း ... အခြားနေရာတွေမှာ ဆွေးနွေးဖို့၊ ပါလီမာန်တွင်း ပါလာနိုင်အောင် ... အခြေခံဥပဒေကို "ဖက်ဒရယ်" စစ်စစ်ပုံစံ ဖြစ်အောင် ပြင်ဆင်တာမျိုးတွေနဲ့ ဖွင့်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါဆို ပါလီမာန်ထဲ တိုင်းရင်းသားတွေ ရယ်ရယ်ပြုံးပြုံး ကျေကျေနပ်နပ်နဲ့ ရောက်လာမှာ မလွဲပါဘူး။

လက်နက်စွန့်ဖို့ ကိစ္စကတော့ နောက်ဆုံး ရည်မှန်းချက်အဖြစ် ထားပြီးသာဆွေးနွေးသင့်ပါတယ်။ လက်နက်ရှိနေတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေပြီး ... နိုင်ငံရေး ဖြစ်စဉ်မှာ တသားတည်း ပါဝင်လာပြီး ... အပြည့်အဝ ယုံယုံကြည်ကြည်ရှိသွားတဲ့အခါ ... ဘယ်သူကမှ တောထဲမှာ သေနတ်ထမ်းပြီး မလိုအပ်ဘဲ စစ်တိုက်ဖို့ လုပ်မနေချင်ပါဘူး။ မယုံကြည်ကြလို့သာ လက်နက်ကိုင်ထားတာပါ။ ဒီတော့ ယုံကြည်မှုတည်ဆောက်တာ အားကောင်းပြီး သံသယ မရှိအောင် ယုံကြည်လာမယ် ဆိုရင် အလိုလို လက်နက် စွန့်လာပါလိမ့်မယ်။ ဇွတ်စွန့်ဖို့ ဖိအားပေးရင် .... မယုံကြည်ဘဲ ... ဆန့်ကျင်ဘက် ရလဒ်သာ ရနိုင်တာမို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးရဲ့ ... နောက်ဆုံး လုပ်ငန်း အဖြစ်နဲ့သာ လက်နက်စွန့်ဖို့ ရည်မှန်းသင့်ပြီး ... ယုံကြည်မှုကိုသာ တိုးမြှင့် ပူးပေါင်း လုပ်ဆောင်သွားသင့်ပါကြောင်း

(ကိုထိုက်)

Credit : http://www.ex-absdf.net/2013/05/low-politics-views.html

ကလေးနှစ်ယောက်ပျောက်သွားပါတယ်တဲ့



တပ်မတော်အရိုးကုးဆေးရုံကြီး (ကုတင် ၅၀၀) နေ အဖဦးစန်းဝင်း အမိဒေါ်အေးနီ တို့၏ သမီး မသန်းသန်းဝင်းနှင့် သား မောင်လေးချစ်တို့သည် 24.5.2013 ရက်နေ့ ကဆုန်လပြည့်နေတွင် ကျောက် တော်ကြီးဘုရားဖူးရင်းမှ ပျောက်သွားပါ သဖြင့် မိဘများမှာ အလွန်ပူဆွေးသောက ရောက်လျက်၇ှိပါသည်။

ကျေးဇူးပြု၍ တွေ့ရှိသောမိတ်ဆွေများမှ အောက်ပါဖုန်းနံပါတ်သို့် ဆက်သွယ် အ ကြောင်း ကြားပေးပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါသည်။

ဆက်သွယ်အကြောင်းကြား နိုင်ရန် ဖုန်း နံပါတ်များမှာ

(09...428185277)
(09311195)

သမ္မတဦးသိန်းစိန်နှင့်ဦးရွက်ဆစ်တို့တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံကြီးတစ်နိုင်ငံကို ကြားနေအဖြစ်ဖိတ်ခေါ်ရန် SSA ဆန္ဒရှိ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ရှမ်းပြည်တပ် မတော် SSA ဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့တွေ့ဆုံ ရာတွင် နိုင်ငံ ကြီး တစ်နိုင်ငံကို ကြားနေအဖြစ် ဖိတ်ခေါ်သွားရန်ဆန္ဒရှိနေကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး တစ်ဦး က မီဒီယာများသို့ ပြော ကြားသည်။


ကြားနေနိုင်ငံအဖြစ် ဖိတ်ခေါ်ရန် ဆန္ဒရှိသည့် နိုင်ငံအား ထုတ်ဖော်ပြောကြားခြင်း မရှိသေး သော်လည်း ထာဝ ရငြိမ်း ချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်မည်ဆိုပါက SSA အနေဖြင့်ကြို ဆိုကြောင်း အဆို ပါ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။

" ထာဝရငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ဆန္ဒရှိရင် ဖိတ်ခေါ်ဖို့ အသင့် ပါ ပဲ၊ သူသာပါဝင်ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းမယ်လို့မျှော်လင့်ပါတယ်၊ " ဟု SSA ငြိမ်းချမ်းရေးကော် မတီ ၀င် စိုင်းရွက်မိဏ်း ကဆိုသည်။

နိုင်ငံတော်သမ္မတ၏ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတနှင့် ဦးရွက်ဆစ် တို့သည် လာမည့် ဇွန်လ အ တွင်းတွေ့ ဆုံနိုင်ဖွယ်ရှိကြောင်းသိရသည်။

အစိုးရနှင့် SSA တပ်များအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်အတွင်း လုပ်ကိုင် ခွင့်ပြု ထားသည့် သတ္တုလုပ်ငန်းနှင့်ရာဘာစိုက် ပျိုးရန် နေရာများသို့ SSA အနေဖြင့် ၀င်ရောက်လုပ် ကိုင်ခြင်း မရှိသေးကြောင်း RCSS/SSA ငြိမ်းချမ်းရေးကော်မတီကဆိုသည်။

အစိုးရနှင့် SSA တို့သုံးကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ယနေ့ခေတ်

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် (၀ံသာနုအယ်ဒီတာ့ အာဘော်)



အရပ်ထဲ ရယ်စရာဟာသအနေနဲ့ လူတော်တော် များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားေ လာင်း မဟာဇနက္ကမင်းသား သင်္ဘော ပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင် ဖျားပေါ်တက်၊ သား စား ငါးတွေထူပြောပြီး လှိုင်း လေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲ ဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရ တဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေ က တစ်၊ နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာ သဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။


ခုလည်း ခမ်းနားတဲ့လူတစ်ယောက်ဟာ စကားကြီးသုံးခွန်းပြောပြီး ခုန်ဆင်းသွားခဲ့ပါတယ်။ တားဖို့ အချိန်မမှီ လိုက် ပါဘူး။ ဇနက္ကမင်းသားရဲ့ဟာသလိုမျိုး ရယ်စရာမကောင်းတာတော့ သေချာပါတယ်။ ဒါပေမယ့် တူညီ တဲ့ အချက်ကတော့ သားစားငါးထူပြောပြီး လှိုင်းလေထန်တဲ့ပင်လယ်ပြင်ထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ဆင်း သွား တာပါ။ မဏိမေခလာကတော့ ဆက်သွယ်ရေးဧရိယာပြင်ပရောက်နေလို့ လာကယ်ဖို့မသေချာပါဘူး။

တရားမ၀င် ဘင်္ဂလီများအရေးဟာ မျက်မှောက်ခေတ်နိုင်ငံရေးအခင်းအကျင်းမှာ လိုသလိုအသုံးချပြီး ခေ လာက် ဆန် လို့ရတဲ့ ၀ှက်ဖဲတစ်ချပ်ပါ။ အဲဒီဖဲဟာ ဒိုင်လက်ထဲမှာရှိပါတယ်။ အဲဒီတော့ ၀ိုင်းထဲက ထိုး သားေ တွ အနေနဲ့ အင်မတန်သတိထားပြီး ကစားနိုင်ပါမှ တော်ကာကျမယ့်အနေအထားပါ။ တစ်ချက်မှားတိုင်း တစ် လှည့် စားခံနေရပါတယ်။ အရင်းပြုတ်တဲ့အချိန် ၀ိုင်းဘေးမှာငုတ်တုတ်ထိုင်နေရုံကလွဲပြီး တခြား လုပ် စရာ မရှိတော့ပါဘူး။

မှန်သောစကားဟာ သစ္စာမည်ပါတယ်။ ဒါပေမယ့် သိကြားသာသနာမှာ သစ္စာဆိုလို့ လိုရာပြည့်တယ်ဆိုတာ မ ရှိတော့ ပါဘူး။ အဲဒီတော့ မှန်တိုင်းမကောင်းဘူးဆိုတဲ့အရပ်စကားပေါ်ထွက်လာပါတယ်။ တောင်ကုတ် လူ သတ် မှုဖြစ်တော့ ပြည်တွင်းနေမူဆလင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြပါတယ်။ အဲဒီမှာ ဒေါ်အော ဆန်းစုကြည်က လူများစုဆိုတာ လူနည်းစုအပေါ် ထောက်ထားညှာတာရမယ်ဆိုတဲ့ စကားကို လူ သိ ရှင်ကြားပြောခဲ့ပါတယ်။ စကားကြီးသုံးခွန်းထဲက ပထမဦးဆုံးစကားပဲဖြစ်ပါတယ်။ လူ့အခွင့် အရေး လှုပ် ရှား သူ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မေတ္တာစကားပါ။ ရင်ထဲကလာတဲ့ သစ္စာစကားပါ။ ဒါပေမယ့် သူမ တိုင်း တဲ့ပေတံ နည်းနည်းတိုသွားခဲ့ပါတယ်။ အဲဒီစကားကြောင့် သူမအပေါ်လေးစားချစ်ခင်တဲ့ စာရေးသူ အ ပါ အ၀င် ရခိုင်တချို့ကလွဲပြီး နှစ်ပေါင်းများစွာ သစ္စာခံခဲ့ကြတဲ့ တောင်ကုတ်မြို့ခံတွေအပါအ၀င် ရခိုင်တွေရဲ့ ထောက် ခံမှုကို ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ စာရေးသူအနေနဲ့ သူမပြောတဲ့စကားဟာ မူဆလင်တွေ အေ ပါ် မှာ ဆက်ဆံပုံတစ်ခုတည်းကို သက်ရောက်စေတာမဟုတ်ပဲ မငြိမ်းသေးတဲ့ ပြည်တွင်းစစ်ကြားမှာ တခြား တိုင်း ရင်း သား လူမျိုးစုငယ်လေးတွေ ဖိနှိပ်ခံနေရတာကိုပါ သက်ရောက်စေတယ်လို့ ဖြည့်စွက် နား လည်ပေး ခဲ့ လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစကားကြောင့် လူမျိုးခြားနဲ့ အိမ်ထောင်ပြုခဲ့သူ သူမကို သံသယ ရှိနေသူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီးအနုတ်လက္ခဏာပြသွားခဲ့ပါတော့တယ်။ အဲဒီတုန်းက သူမ မ သိသေး တဲ့ အချက်က အဲဒီစကားပြောပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမယ့် ဘင်္ဂလီ-ရခိုင်အဓိက ရုဏ်းဖြစ် ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာ တိုင်းရင်းသား ရခိုင်တွေဟာ လူနည်းစုဖြစ်ပြီး ဆယ် စုနှစ်ပေါင်း များစွာ ဘင်္ဂလီတွေရဲ့ သတ်ဖြတ်မုဒိန်းကျင့်တာတွေကို ခံစားခဲ့ရတယ်ဆိုတာပါပဲ။ သူမစကားကို ဘင်္ဂလီတွေ အလေးထားခဲ့သလား ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဒုတိယမြောက်စကားကတော့ အတိအကျမမှတ်မိပေမယ့် မှတ်မိသလောက်ပြန်ပြောရရင် ကုလားလို့ ကျွန်မ ဘယ်ေ တာ့ မှ မခေါ်ဘူး။ အဲလိုခေါ်တာဟာ မိဘသွန်သင်ဆုံးမမှု အားနည်းလို့ ဆိုတဲ့စကားပဲဖြစ်ပါတယ်။ တ ကယ့် ကို အငြင်းပွားစရာစကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း တစ် ခု အတွက် လူတွေရဲ့ နားလည်မှုထဲမှာ သူမတိုင်းတဲ့ပေတံက တော်တော်လေးကို လွဲချော်နေခဲ့ပါတယ်။ မြန် မာပြည် က အဆင့်အတန်းရှိတဲ့ ယဉ်ကျေးတဲ့လူတွေဟာ မူဆလင်၊ဟိန္ဒူ၊ဆစ် လူမျိုးတွေကို ဘိုင်နိမ်းနဲ့ ကုလား လို့ မျက်နှာချင်းဆိုင်ခေါ်တဲ့လူ မရှိသလောက်ရှားပါတယ်။ 

ဒါပေမယ့် လူမျိုးအနေနဲ့ နှိမ်ချတဲ့ သေ ဘာ ထား မျိုး လုံးဝမပါပဲ ကုလားတစ်ယောက်၊ ကုလားမ တစ်ေ ယာက် ဆိုတာမျိုးကို ပြောရိုးပြောစဉ်ပြောဆိုကြပြီး စာထဲမှာလည်း ထည့်ရေးတာမျိုးရှိပါတယ်။ ဘိုး စဉ်ဘောင် ဆက်ပြောဆိုသုံးစွဲလာတဲ့ ဒီအသုံးအနှုန်းကို ပြောဆိုလို့ အပြစ်ရှိတယ်ဆိုတာမျိုးကို မြန်မာ တစ် ရာ မှာ ၉၉ယောက် လက်မခံနိုင်ပါဘူး။ အဲဒီစကားကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ဖူးတဲ့ နိုင်ငံရေးေ ခါင်းေ ဆာင်တွေ ထဲမှာ သူမဖခင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါ ၀င်နေေ တာ့ ဗိုလ်ချုပ်ကိုယ်တိုင်လည်း မိမဆုံးမ၊ဖမဆုံးမဘ၀ကို ကျရောက်သွားပါတော့တယ်။ မလိုအပ် ပဲပြော စ ကား တစ်ခွန်းအတွက် သူမပြန်ရလိုက်တာက ပြည်သူအများစုရဲ့ ပြစ်တင်ဝေဖန်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သူမကိုလေးစားသူတစ်ဦးအနေနဲ့ ဒီစကားဟာ လူလူချင်းဘိုင်နိမ်းတပ်ပြီး ကုလားလို့ခေါ်ခြင်းဟာ လူမျိုးရေးခွဲခြားမှုဖြစ်တယ်လို့ သူမဆိုလိုတာနေမှာပါ ဆိုပြီး စာရေးသူဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။။

အဲဒီစကားနှစ်ခွန်းအပြင် အငြင်းပွားစရာစကားတွေ သူမထပ်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အဖတ်ဆည် လို့မ ရတဲ့ စကားကြီးသုံးခွန်းလောက်ကိုပဲ ကောက်နုတ်တင်ပြချင်ပါတယ်။ တတိယမြောက် စကားကတော့ ခုချိန် မှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေမှာ အလှုပ်ခတ်ဆုံးဖြစ်သွားတဲ့ ဘင်္ဂလီ သားဖွားနှုန်း ထိန်းချုပ် တာ ဟာ လူအခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စကားပါပဲ။ ဒီစကားကို ဗုံးတစ်လုံးအဖြစ် တင်စားမယ် ဆို ရင်တော့ အဲဒီဗုံးဟာ ကိုယ့်ကိုယ့်ကိုသေကြောင်းကြံပြီး ခွဲတဲ့ဗုံးပဲဖြစ်ပါလိမ့်မယ်။ သူမပြောတာဟာ မှားသ လား ဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ပြောသင့်သလားဆိုတော့ သူမအနေနဲ့ လုံးဝမပြောသင့်တဲ့ စကား ပဲဖြစ် ပါတယ်။ 

လူ့အခွင့်အရေးဆိုတာ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါ မစားကောင်းတဲ့အသီးတစ်မျိုး ဖြစ်ပါ တယ်။ တရားမ၀င်လူ၈သိန်းရဲ့ အခွင့်အရေးကို ဦးစားပေးဖို့ ကျန်တဲ့ တရားဝင်သန်းခြောက်ဆယ်ကျော်ရဲ့ အ ခွင့် အရေးတွေ ဖဲ့ပေးရမယ့် အခြေအနေမျိုးဟာ တရားမျှတမှုရှိပါသလား။ မူဆလင်ရွေ့ပြောင်းနေ ထိုင် သူများ ရဲ့ ပြဿနာဟာ ယနေ့ကမ္ဘာမှာ ခေါင်းအကိုက်ရဆုံး ပြဿနာတစ်ခုပါ။ လက်ရှိဥရောပနိုင်ငံအချို့မှာ ရာ စုနှစ် အတွင်း အဆိုးဝါးဆုံး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာမှာ မူဆလင် အကြမ်း ဖက် ၀ါဒကို ထိတ်လန့်ကြောက်ရွံ့မှု တစ်နေ့တခြား များပြားလာနေပါတယ်။ ဒီပြဿနာတွေရဲ့ မြစ်ဖျား ခံရာကို ကြည့်လိုက်ရင် မူဆလင်တိုင်းပြည်တွေကနေ မငြိမ်မသက်မှုတွေကြောင့် နေရပ်ကို စွန့်ခွာလာတဲ့ ဒုက္ခသည်တွေ၊ ဒုက္ခသည်အယောင်ဆောင်တွေဟာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးစတဲ့ အက်ကြောင်းတွေကနေ တစတစ စိမ့်ဝင်လာပြီး သူတို့နဲ့အတူပါလာတဲ့ ဘာသာရေးအစွန်းရောက်ဝါဒဟာ လက်ခံရာနို င်ငံတွေကို ကောင်းကောင်းဒုက္ခပေးလျှက်ရှိနေပါတယ်။ တရားဥပဒေစိုးမိုး တဲ့နိုင်ငံတွေ မှာေ တာင် ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်ပွားနေတာကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန် မာနိုင်ငံ မှာ ဘယ်လောက်ထိရှေ့လျှောက် ဆိုးဝါးလာနိုင်သလဲဆိုတာ သာမန်လူတစ်ယောက်အနေ နဲ့ေ တာင် မှန်းကြည့်ရင် သိနိုင်ပါတယ်။ ကုလားအုတ်ပုံပြင်ဟာ ဒီခေတ်မှာ မျက်ဝါးထင်ထင်မြင်နေရတဲ့ အရာ တစ် ခုပါ။ အဲဒါကို မြင်လျှက်၊ကြားလျှက်၊သိလျှက်နဲ့ အဆင်ခြင်မဲ့ ဒီစကားထွက်လာတာကတော့ အများ သူငှာ အံ့သြသင့်စရာပါ။ စာရေးသူအနေနဲ့ ဒီတစ်ခါတော့ ဘယ်လိုမှဖြည့်စွက် နားလည်ပေးလို့ မရတော့ ပါဘူး။

ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်းကန့်သတ်မှုတွေကို အကောင်အ ထည်ဖော်နေ တဲ့အချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ် စွဲ လို့ မရပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စား ၀တ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်။ ဘင်္ဂလီမိသားစုတွေရဲ့ သားဖွားနှုန်းဟာ ကြောက်ခမန်း လိလိမြင့်တက်နေတာ ကြာပါပြီ။ 

ဒါကိုထိန်းချုပ်ဖို့မကြိုးစားရင် တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လူ့အ ခွင့် အရေး ရှုထောင့်ကနေ ကွက်ကွက်လေးကြည့်တာက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ရှိသင့် ရှိထိုက်တဲ့ အမြင်မျိုး မဟုတ်ပါဘူး။ တရားမ၀င်ဘင်္ဂလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့ အခွင့် အရေး မျိုး ပေးသင့်ပါသလား။ အဲဒီလိုပေးလို့ဖြစ်လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံသားတွေပဲ ရင်စီးခံစား ရမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားမိလေရော့သလား။ တတိယစကားအဆုံးမှာ ၀ုန်းခနဲ ခုန် ဆင်း သွားတယ်လို့ စာရေးသူသုံးသပ်ရင် မှားတယ်လို့ ငြင်းမလား သိချင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး တလောက သူမကိုထိုင်ဗုတ်ခဲ့ကြတဲ့ Time မဂ္ဂဇင်းရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်ရွေးချယ်ပွဲမှာ သူမ ကို Icon စာရင်းမှာထည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။ လက်ရှိဘ၀မှာတော့ သူမဟာ Politician တစ်ယောက်ပါ။ လွှတ်တော်အမတ်တစ်ယောက်ပါ။ အတိုက်အခံပါတီခေါင်းဆောင်တစ်ယောက်ပါ။ အဲ ဒီတော့ သူမအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်ပီသစွာ ပြောဆိုပြုမူကျင့်ကြံတတ်ဖို့ မဖြစ်မနေလို အပ်ပါ တယ်။ ဒီစကားကို မာသာထရီဇာလို ပရဟိတသမားတစ်ယောက်ကပြောလို့ ဘာမှပြဿနာမရှိပါဘူး။ နိုင် ငံရေး လမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ လူထုရဲ့အသံကို နားစွင့်ရ ပါ တယ်။ လူထုဆန္ဒကို လိုက်လျှောရပါတယ်။ လူထုနဲ့ ကင်းကွာလို့မရပါဘူး။ လူထုရဲ့အားနဲ့ ရှေ့တိုးဖို့ ကြိုးစား ရ ပါတယ်။ ခု သူမ လူထုနဲ့ ကင်းကွာစပြုလာပါပြီ။ ဒါ သူမအနေနဲ့ ကျဆုံးဖို့ အစပြုလာတာပဲ ဖြစ်ပါတယ်။

သူမဟာ တစ်နိုင်ငံလုံးရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လူထုအသည်းနှလုံးထဲမှာ သူမကို အမှတ် တစ်ရာ အပြည့် ပေးခဲ့ကြပါတယ်။ ခု သူမရဲ့စကားတွေကနေ သူမဆီက အမှတ်တွေ တဖြုတ်ဖြုတ်ေ ကြွ ကျပြီး ပြိုင်ဖက်အုပ်စုဆီ ရောက်သွားပါတော့တယ်။ အဲဒါဟာ နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ် ပါဘူး။ ခုချိန်ထိ ပြိုင်ဖက်အုပ်စုနဲ့ သူမဟာ အရည်အချင်းအများကြီး ကွာဟနေပါသေးတယ်။ ဒါပေ မယ့် ဒီလိုကွာတာကို သာယာပြီး စိတ်ထင်ရာလျှောက်ပြောနေလို့ မရပါဘူး။ ငါမှန်တယ်ဆိုပြီး လက်လွတ် စပယ် ပြောဆိုလို့ မရပါဘူး။ အမှန်တရားကို တိုင်းတာတဲ့နေရာမှာ သူမရဲ့ပေတံတစ်ချောင်းတည်းနဲ့ တိုင်း တာ လို့ မပြည့်စုံပါဘူး။ ပြိုင်ဖက်အုပ်စုက ဘာပြောပြော ပြည်သူနားမ၀င်ပါဘူး။ ဘယ်လိုကတိပဲပေးပေး ပြည်သူ့ ရင်ထဲမရောက်ပါဘူး။ သူမရဲ့နှုတ်ထွက်စကားဟာ ပြည်သူတွေကို အားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီစကား ကျတော့ ပြည်သူတွေကို ငါ့လောက်မသိတဲ့ နွားတွေလို့ စော်ကားလိုက်သလို အများစု ကခံ စားနေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဗဟိုပြုစနစ်နဲ့ လည်ပတ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သူမရဲ့တာဝန်ဟာ အင်မတန်ကြီး မားလှပါတယ်။ ပါတီကိုထောက်ခံတာထက် သူမကိုထောက်ခံတဲ့လူဦးရေက အဆပေါင်း များ စွာ ပိုများနေပါတယ်။ ဒီအချက်ကြောင့် သူမတစ်စုံတစ်ခုမှားတာနဲ့ ပါတီရဲ့လူထုထောက်ခံမှု ယိုင်ဆင်း သွား တတ် ပါတယ်။ သူမရဲ့ပြိုင်ဖက်အုပ်စုဟာ နိုင်ငံတ၀ှမ်းက မဲဆန္ဒနယ်တော်တော်များများမှာ လူရိုသေ၊ရှင် ရိုသေ၊ ရပ်မိရပ်ဖ၊ မြို့မျက်နှာဖုံး၊ သူဌေးသူကြွယ်စတဲ့ ပုဂ္ဂိုလ်တွေကို ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက် ပွဲဝင်ခိုင်းခဲ့ ပါတယ်။ လာမယ့် ၂၀၁၅ကျရင်လည်း အဲလိုပဲ ၀င်ခိုင်းအုန်းမှာပါ။ ဒီလူတွေဟာ အစိုးရနဲ့ မကင်း ရာ မကင်းကြောင်း ပတ်သက်နေရသူတွေဖြစ်ပေမယ့် သက်ဆိုင်ရာဒေသတွေမှာ ရပ်ရေးရွာရေး လူဝင် ဆန့်ပြီး သြဇာကြီးတဲ့လူတွေပါ။ နာမည်ပျက်ရှိသူတွေရှိနေပေမယ့်လို့ နာမည်ကောင်းရှိတဲ့ လူတွေလည်း တပုံ တခေါင်းရှိနေပါတယ်။ 

အဲဒီလိုလူမျိုးတွေနဲ့ ယှဉ်ပြိုင်ရမယ့် NLD ကိုယ်စားလှယ်တွေဖက်ကို ပြန်ကြည့် တဲ့အခါ တချို့ဟာ ကိုယ်ကျိုး စွန့် အနစ်နာခံပေးဆပ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ နိုင်ငံရေးအမြင်ရှိမှု စတဲ့အားသာ ချက်ေ တွ ရှိနေပေမယ့် နှစ်ပေါင်း များစွာ လူရာမ၀င်ဖြစ်အောင်ဖန်တီးခဲ့တာ ခံခဲ့ရတဲ့အတွက် သြဇာရှိမှုအပိုင်းမှာ အစိုးရလူတချို့ကို မယှဉ်နိုင် ပါဘူး။ ဒီလိုကိုယ်စားလှယ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကို အတိုင်း အတာတစ်ခုထိ မှီခိုပြီး ယှဉ်ပြိုင်ရမှာပါ။ အဲဒါကြောင့် ဒေါ်စုဟာ ပါတီတစ်ခုလုံးအတွက် အခရာဖြစ်နေ ပါ တယ်။ သူမခြေလှမ်းတစ်ချက်အရွေ့မှားတာနဲ့ သူမရဲ့လူတွေ ကြိုးစားခဲ့သမျှ အကုန်ဂွမ်းမယ့် အနေ အထား မှာ ရှိနေပါတယ်။ လောလောဆယ်တော့ သူမစကားရဲ့ ရိုက်ခတ်မှုကြောင့် တစ်သက်လုံး ဒီချုပ်အပေါ် သစ္စာ ရှိစွာနဲ့ ထောင်ကျခံ၊ဘ၀ပျက်ခံ၊ သူ့ဆီကိုဖုန်းဆက်တာတောင် ဖုန်းအိမ်ကခေါ်မပေးရဲတဲ့အထိ လူရာ မ၀င်ဖြစ် ခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီဝင် အချစ်ဆုံးသူငယ်ချင်း မိုးနိုင်စိုးတစ်ယောက် ဘယ် လိုနေ မလဲ စဉ်းစားနေမိပါတယ်။

မြန်မာနိုင်ငံသား အများစုဟာ နိုင်ငံရေးအမြင် နည်းပါးကြပါတယ်။ အယုံလွယ်တတ်ကြပါတယ်။ တစ်ဖက်က လူမျိုးရေး၊ ဘာသာရေးအကြောင်းပြပြီး မှိုင်းတိုက်ရင် အလွယ်တကူလက်ခံတတ်ကြပါတယ်။ အဲဒါကြောင့် ငါကမှန်တဲ့ စကားကိုပြောတာဆိုပြီး လက်လွတ်စပယ် လုပ်လို့မရပါဘူး။ နိုင်ငံရေးလောကမှာ စာတွေ့ ဆို တာ တခါတလေမှာ အလုပ်မဖြစ်တတ်ပါဘူး။ တောမကျွမ်းရင် အချိန်မရွေးသားကောင် ဖြစ်သွားတတ် ပါ တယ်။ အနားက လက်ခုပ်သံတွေကိုချည်း သာယာနေလို့မရပါဘူး။ တစ်ယောက်တည်း အကုန်လုံး တာဝန် ယူ ခေါင်းခံနေလို့မဖြစ်ပါဘူး။ အဆုတ်၊အတက်၊ အလှည့်၊အပြောင်း သူ့နေရာနဲ့သူ အထာညက်ဖို့လိုပါတယ်။ နိုင် ငံရေးလောကမှာ တရားမျှတစွာယှဉ်ပြိုင်တဲ့ ပွဲမျိုးဆိုတာ စာအုပ်မှာပဲရှိပါတယ်။ အပြင်မှာမရှိပါဘူး။ ဘယ် လို ပဲဖြစ်ဖြစ် မဟာဇနက္ကကတော့ ကိုယ့်သင်္ဘောကိုယ်ဖျက်ပြီး မှန်ကန်သော စကားကြီး သုံးခွန်းနဲ့ အတူ ရေထဲဝုန်းခနဲ ခုန်ဆင်းသွားပါပြီ။ ကျွန်တော်ကတော့ သူရေကူးတာကို ဆက်လက်အားပေးဝေ ဖန်နေ အုန်း မှာပါ။ သူ့ကို စိတ်ပျက်မိပေမယ့် မျှော်လင့်ချက်တော့ မကုန်သေးပါဘူး။ အကောင်းဆုံးကူးခတ်ပြီး ရည် မှန်းချက် ကမ်းခြေကို ဆိုက်ရောက်နိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း(ဘွရှင်)
အယ်ဒီတာချုပ် 
ဝံသာနု 

ဘင်္ဂါလီ ဝင်းအောင်၊ ပထွေးမျှော် အောင်ဒင်နဲ့ ဒေါ်လာစားကျေးဇူးကန်းသူများ သိစေရန်မှာ



လုပ်ကြပါဦးဗျာ၊ ကောင်းကြသေးရဲ့လား၊ ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး ဂုဏ်သိက္ခာကို ဘယ်နိုင်ငံသား ဘယ် လူ မျိုး ကမှ လာပြီး သိက္ခာမချဘဲ ကိုယ့်နိုင်ငံ သား၊ ကိုယ့်လူမျိုးတွေကပဲ သိက္ခာချခဲ့တာကို တွေ့လိုက်လို့ပါ။


အခုမြန်မာနိုင်ငံရဲ့ လက်ရှိတိုးတက်ဖြစ်ထွန်းမှုတွေ ကို နိုင်ငံတကာက အကောင်းမြင်ဝါဒလက်ကိုင် ထားပြီး ထောက်ခံအားပေးကာ ဝိုင်းဝန်း ဖေးမနေ တဲ့ အချိန်ဖြစ်တယ်ဗျာ။ ဒီလိုအခြေအနေမျိုးမှာတောင် ပြည်ပေ ရာက် ဒေါ်လာစား အခိုင်းအစေတွေက အကောင်းမမြင်ဘဲ မြန်မာနိုင်ငံသားတွေ ဘယ်လောက် ဒုက္ခရော က်ေ ရာက် ငါတို့ဒေါ်လာရရင်ပြီးရော ဆိုတဲ့ လုပ်ရပ်တွေလုပ်နေတုန်းပါဘဲ။

အခုလည်းကြည့်လေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ ကချင်အရေးလှုပ်ရှားသူ ဆို သူ များနဲ့ မြန်မာနိုင်ငံသမိုင်းမှာမရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးသုံးပြီး လုပ်စားနေသူတွေ(၁ဝ ယောက် များ တောင် ရှိသတဲ့)က ဒေါ်လာရဖို့အရေး ဆန္ဒပြကြသတဲ့ဗျာ။ မြန်မာပြည်မှာမွေးပြီး မြန်မာနိုင်ငံနဲ့လူထုကို သိ က္ခာ ကျအောင် နိုင်ငံရပ်ခြားမှာ တောင်းစားတဲ့လုပ်ငန်းထူထောင်ထားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုရင် မှား လား ဗျာ။ အဲဒီလိုဘဲ မြန်မာနိုင်ငံမှမွေးပြီး မြန်မာတွေရဲ့ ကျေးဇူးကြောင့် လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့တဲ့ ဘင်္ဂါလီ ဦး ဝင်း အောင် ဆိုသူက နိုင်ငံတော်သမ္မတနဲ့တာဝန်ရှိသူတွေအပါအဝင် မြန်မာ နိုင်ငံသားများကို စော်ကားပုတ်ခတ်ပြော ဆို ခဲ့ တာ တွေ့ရပါတယ်။

ဘင်္ဂါလီဦးဝင်းအောင်ဆိုသူဟာ ရလာမယ့်ဒေါ်လာမျက်နှာနဲ့ ဗွီအိုအေမှာ ၁၅ နှစ်လောက်ဝန်ထမ်းလုပ်ပြီး မြန်မာနိုင်ငံ မကောင်း ကြောင်းအော်ဟစ်ခဲ့သူပါ။ တစ်နည်းပြောရရင် ကျွေးတဲ့လက် ကိုပြန်ကိုက်တဲ့ အမျိုးပါ ဘဲ။ ဘင်္ဂါ လီ ဝင်းအောင်ကို ပြောချင်တာက ရခိုင်ကိစ္စဘာကြောင့်ဖြစ်တယ်၊ မိတ္ထီလာနဲ့မြေလတ်ဒေသမှာ ပဋိ ပက္ခတွေ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုသိချင်ရင် ခင်ဗျားတို့ရဲ့ အစွန်းရောက်လူမျိုးစုတွေနဲ့ OIC ကိုမေးပါ လို့ပြောချင်တယ်။ ခင်ဗျားတို့အစွန်းရောက်လူမျိုးတွေက သတ်စရာမရှိရင် ကိုယ့်အချင်းချင်း သတ်တဲ့ အမျိုးတွေလေဗျာ။ ဒီနေ့ ကမ္ဘာတစ်ဝန်းကိုကြည့်ပါ။ ခင်ဗျားတို့အစွန်းရောက်တွေဘဲ အသေခံဗုံး ခွဲ လိုက်၊ အုပ်စုဖွဲ့မုဒိမ်းကျင့်လိုက်၊ သေနတ်တွေနဲ့ ထင်သလိုရမ်းကားလိုက်လုပ်နေတာတွေ့ရမယ်။ ဒီနေ့ ဘင်္ဂ လားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်ကအစ၊ အရှေ့အလယ်ပိုင်းအလယ်၊ အမေရိကအဆုံး အကြမ်းဖက် လုပ်တဲ့ သူတွေကြည့်ရင် ဘယ်သူတွေလည်း ထင်ထင်ရှားရှားတွေ့ရပါမယ်။

ကမ္ဘာမှာ အချိန်နဲ့အမျှ ဘာတွေဖြစ်နေပါတယ်ဆိုတာကို သိနေတယ်ဆိုတဲ့ခင်ဗျားက ရခိုင်ကိစ္စနဲ့ ပတ် သက် ပြီး ဂဃနဏ မသိသူဆိုတာတော့ နည်းနည်းတော့လွဲနေသလိုပါဘဲ။ ဘာသာရေး၊ လူမျိုးရေး အကြောင်ြး ပပြီး စားပေါက်သစ်ထပ်မရှာပါနဲ့တော့ဗျာ။ ဘယ်သူတွေလက်ချက်၊ ဘယ်သူတွေ စနက်မီး ဆိုတာ ခင်ဗျား သိေ လာက် ပါရဲ့ ဗျာ။ အခုလို အမှားမခံတဲ့အချိန်မှာ မကူညီချင်နေပါ၊ မနှောက်ယှက်ပါနဲ့လို့ သန်း ၆ဝ ကိုယ် စား သတိပေးလိုက်မယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကြိုးစားနေရတဲ့အချိန် စိတ် နာကြဉ်း မှုတွေကိုဖြေဖျောက်နေရတဲ့ကာလမှာ ခင်ဗျားအနေနဲ့ တို့မီး၊ ရှို့မီးတော့မလုပ်ပါနဲ့ဗျာ။ မြန် မာနိုင်ငံနဲ့ ပတ်သက်ပြီးနှစ်ပေါင်း ၅ဝ လောက်လုပ်စားလာခဲ့တာ ကျေနပ်ပါတော့။

နောက်ထပ်တစ်ယောက်လည်း အမြီးတနန့်နန့်နဲ့ ဒေါ်လာရဖို့ အသံပေးထားတာတွေ့ရတယ်။ ထုံးစံ အတိုင်း ပဲ US Campaign for Burmaက အောင်ဒင်ပါဘဲ။ ဟောင်ကောင် ဇာတ်လိုက် အောင်ဒင်က ဘာပြော သလဲ ဆိုတော့ ''ဦးသိန်းစိန် ဦးစီးဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေက ကျေနပ်လက်ခံလောက်တဲ့ အ ထိ အရှိန် အဟုန်ကြီးကြီးမားမားမရှိခဲ့ဘူးလေ'' တဲ့။ နိုင်ငံတကာလှည့်ပြီး တောင်းရမ်းစားသောက်နေတဲ့ ကလေ ကချေက တစ်နိုင်ငံ လုံးနဲ့ နိုင်ငံတကာကအသိအမှတ်ပြုထား၊ ချီးကျူး ထောပနာပြုထားတဲ့ နိုင်ငံ ရဲ့ဖြစ် ထွန်းတိုးတက် မှုတွေ ကို အရာမရောက်သလိုပြောတာဟာ အသိအမှတ်ပြုထား တဲ့နိုင်ငံတကာနဲ့ မြန်မာပြည် သူတွေကို စော် ကား တာလို့ ထင်ပါတယ်။ ဒါ့အပြင် အဖေအရင်းခေါက်ခေါက်ထက် ပထွေးကို တမ်း တတဲ့လေသံနဲ့ ရခိုင်ဖြစ်စဉ် အပေါ်မှာ ဝေဖန်ထားတယ်ဗျာ။ မြန်မာနိုင်ငံသားတွေ ဖြစ်ချင်ရာဖြစ်၊ သူ ကတော့ ဆော်ဒီတို့၊ အိုအိုင်စီတို့က ပေးစာကမ်း စာလေးမျှော်လင့်ပြီး ပထွေးဘက်ကလိုက်ပြီးပြော တာဖြစ် တယ် လို့ထင်ပါတယ်။ အဲဒီတော့ ဘင်္ဂါလီ ဝင်းအောင်နဲ့ ပထွေးမျှော်အောင်ဒင်တို့ရေ ပေးစာကမ်းစာစားရဖို့ အ တွက် ကျေးဇူးရှင်နိုင်ငံကို မစော်ကားပါနဲ့လို့ အကြံပေးလိုက်ပါတယ်။ ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ် ဆို ရင်တော့ နိုင်ငံနဲ့ပြည်သူရဲ့ ဒဏ်ခ တ်ခြင်း ခံရမယ်ဆိုတာ သတိပေးလိုက်ပါတယ်။

ကိုပြည်သူ

Credit : http://www.oppositeyes.info/2013/05/blog-post_381.html

စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများကို ထိရောက်စွာ အရေးယူနိုင်ရန် ပြိုင်ကားဖမ်းဆီးရေး အထူး အဖွဲ့ ဖွဲ့စည်း



ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ မောင်း နှင်နေသည့် ပြိုင်ကားများကို ထိရောက်စွာ အရေးယူသွားရန် ပြိုင်ကားဖမ်းဆီးရေး အထူး အဖွဲ့ ကို မတ်ခ်တူးအမျိုးအစား ကား ၁၂ စီးဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူ ရဲမှူး သာဌေးက မေ ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။


ပြိုင်ကားဖမ်းဆီးရေး အထူးအဖွဲ့တွင် မြို့နယ်နှင့် ခရိုင်အလိုက် အဖွဲ့များ ပါဝင်မည်ဖြစ်ပြီး စီမံချက်ဖြင့် အေ ရး ယူနိုင်ရန်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်က မေ ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

''ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ပြိုင်ကားတွေကို ထိရောက်စွာ ဖမ်းဆီး အေ ရး ယူနိုင်ရန် အတွက် သီးခြားဖမ်းဆီးရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ဖို့အတွက် လုပ် ငန်းတွေ ဆောင်ရွက်နေပါပြီ။ မြို့နယ်အလိုက် ခရိုင်အလိုက် ဖမ်းဆီးရေး အထူးအဖွဲ့တွေကို ဖွဲ့စည်းထား တယ်။ ဘယ်တော့ စဖမ်းမယ် ဆိုတာတော့ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ ဖမ်းဆီးရခြင်းရဲ့ အဓိက ရည် ရွယ် ချက်က ယာဉ်တိုက်မှုတွေ လျော့ကျစေဖို့နဲ့ ဒီမှာက ပြိုင်ကားတွေ ပြိုင်မောင်းတဲ့စနစ်ကို ခွင့်ပြု ထားခြင်း မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ပြောကြား ခဲ့သည်။

ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ ရဲမှူးသာဌေးက ''အရင်တုန်းက စီမံချက်နဲ့ ပြိုင် ကားတွေကို ဖမ်းတယ်ဆိုတာ လိုက်ဖမ်းတာ မဟုတ်ဘူး။ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေး အရေးယူတာပဲ ဖြစ် တယ်။ အခုတော့ သေသေချာချာ အထူးအဖွဲ့တွေဖွဲ့ပြီးတော့ ကားတွေနဲ့ လိုက်ဖမ်းမှာ ဖြစ်ပါတယ်'' ဟု ပြော ကြား ခဲ့သည်။

ပြိုင်ကားမောင်းသူများမှ ညပိုင်းများတွင် အုပ်စုဖွဲ့၍ မောင်းနှင်မှုများ ပြုလုပ်ပြီး ၀ိုင်းဝန်းရိုက်နှက်သည့် ဖြစ် စဉ်များ ၂၀၁၂ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆက်တိုက်ဖြစ်ပွားခဲ့ကာ လူသေဆုံးမှုနှင့် ဒဏ် ရာ ရရှိသူများ ရှိခဲ့ကြောင်းလည်း သိရသည်။

EMG

သမ္မတနှင့် အစိုးရအဖွဲ့ဘာလုပ်လုပ် အကောင်းမမြင်တဲ့ ဒေါ်စုကြည်နှင့် NLD မှ ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဝေဖန်

မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။


အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွား ဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင် ကြောင်း သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။

“ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှ ပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံ ဆန့်ကျင်နေတယ် လို့လည်း ဆိုပါတယ်။

ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရ ကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်း မျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြ ပါတယ်။

အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာ တွေကို ကန့်သတ်ချုပ်ခြယ်မှုတွေ ဖြေလျော့ပေးသင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ ပါသေးတယ်။

“ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

Credit : Here

ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား



ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့ ဆန္ဒပြမူ တစ်ခု သီရိလင်္ကာမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။အဲသလို ရဟန်းတော်တစ်ပါး မိမိ ကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indar atna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိ လင်္ကာ နိုင်ငံ အတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို မီးရှို့ ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော် အတွင်း ဘုရားဖူးလာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်းလောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေဟာ သီရိလင်္ကာ သမ္မတ အိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော် ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်း တစ်ပါး ဖြစ်တဲ့ အတွက် ကိုလံဘိုမြို့က လွှတ်လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပအဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ လူစုကွဲသွားပေးမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေးဖို့ တောင်းဆိုသွားမယ်လို့ ဂတိ ပြုခဲ့ ကြတယ်လို့ သိရပါတယ်။

narinjara

ကမ္ဘောဒီးယားနှင့် မြန်မာ ဘာသာရေးခေါင်းဆောင်များ အတွေ့အကြုံဆွေးနွေး ဖလှယ်နိုင်ရန် စီစဉ်

ကမ္ဘောဒီးယားနိုင်ငံမှ အစ္စလာမ်ဘာသာနှင် ဗုဒ္ဓဘာသာ ခေါင်းဆောင်များကို ဖိတ်ကြားကာ ၎င်းတို့နိုင်ငံ တွင် မတူညီသည့် ဘာသာဝင်များ မည်သို့ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို မြန်မာနိုင်ငံရှိ ဘာသာ ရေး ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန် လူငယ် ကွန်ယက်တစ်ခုဖြစ်သော Pray For Myanmar မှ စီစဉ်နေကြောင်း မော်ကွန်းမဂ္ဂဇင်းသို့ပြောသည်။


၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် အမြန်ဆုံး ကျင်းပနိုင်ရန် စီစဉ်လျှက်ရှိပြီး အဓိကအားဖြင့် ကမ္ဘောဒီးယား နိုင်ငံတွင် မတူညီသည့်ဘာသာဝင်များ အကြား ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းပုံနှင့် မည်ကဲ့သို့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

“ကမ္ဘောဒီးယားမှာ မွတ်ဆလင်တွေလည်း အများစုရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေလည်းရှိတယ်၊ ကျွန်တော်တို့ နိုင်ငံလိုမျိုးပဲ။ ဒါပေမဲ့ ဘာပြဿနာမရှိဘူး “ဟု Pray For Myanmar မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း မှပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးကာ နိုင်ငံတော် အဆင့် ဆွေးနွေးပွဲ တစ်ခု ဖြစ်လာစေရန် စီစဉ်လျှက်ရှိနေသည်ဟု ကိုသက်ဆွေဝင်းကပြောသည်။

Pray For Myanmar ကွန်ယက်သည် ဘာသာပေါင်းစုံမှ လူငယ်များနှင့် ဖွဲ့စည်းထားပြီး လူစည်ကား ရာနေရာများတွင် “လူမျိုးဘာသာ မခွဲခြားမြန်မာနိုင်ငံသား” ၊ “ကျွန်ုပ်ကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခမဖြစ်စေရ” စသောဆောင်ပုဒ်များ ရိုက်နှိပ်ထားသော စတေကာများနှင့် အင်္ကျီများ အခမဲ့ဖြန့်ဝေ နေသော လူငယ်ကွန်ယက်ဖြစ်သည်။ ။

Credit : HERE

ရပ်ကွက်အတွင်း မီးသတ်ကားဝင်မရ၍ စိုးရိမ်နေရသောပြည်သူများ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ နယ်ညောင်ပင်သာစက်ကုန်းပိုင်း (၁)နှင့် (၅)လမ်းထောင့်ရှိ အောင်ပင်သာ ဆီစက် တိုးချဲ့ဆောက် လုပ်လာခြင်းကြောင့် ရပ်ကွက် အတွင်း မီးသတ်ကားများ ၀င်ထွက်ရန် အခက် အခဲများရှိနေခြင်း အပေါ် ရပ်ကွက်နေပြည်သူများ က စိုးရိမ်ပူပန်နေရကြောင်း သိရှိရသည်။


၂၀၁၂ မှ ၂၀၁၃ ခုနှစ်အထိ တိုးချဲ့လာသော အောင်ပင်သာ ဆီစက်သည် ရပ်ကွက်ဝင်လမ်းမ တစ်ဝက် နီးပါးခန့်ရှိနေသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုပါ သည်။ အဆိုပါတိုးချဲ့ဆောက်လုပ် ခြင်းကြောင့် လည်း မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ကားဝင်မရ နိုင်သော အခြေအနေတွင်ရှိ ကြောင်းဆိုပါသည်။ 

ယင်းကိစ္စ အပေါ် ““ကျွန်တော်တို့ရပ်ကွက် လူကြီးကိုပြောခိုင်းတယ်ဗျ၊ သူ သွားပြောတော့ စက်မှာရှိတဲ့ မန်နေဂျာက ဆီစက်ပိုင်ရှင်ကို ပြောပေးပါမယ်ဆိုပြီး ဆီစက်ပိုင် ရှင်က အခုထက်ထိ လာမဖျက် ပေးသေးဘူးဗျ။ မီးသတ်ကား အ၀င်အထွက်လေးရရင်တော်ပါ ပြီဗျာ””ဟု ရပ်မိ/ရပ်ဖဦးသောင်း က ဆိုပါသည်။ ““အခုလို တိုးချဲ့ လာတာဟာ ကျွန်တော်သိသ လောက်တော့ဗျာ ၁၉၆၈ ခုနှစ် ကစပြီး စက် ဟောင်းကချဲ့လာတာ ဗျ””ဟုလည်း ဆိုပါသည်။

ရပ်ကွက်နေပြည်သူတစ်ဥိး ဖြစ်တဲ့ ကိုကြည်စိုးကလည်း ““အကယ်၍များ ရပ်ကွက်ထဲမှာ မီးလောင်ပြီဆိုရင် မီးသတ်ကား ကို လေယာဉ်လိုလုပ်ပြီး ကျော် လာမှရမှာဗျ။ နွေရာသီမှာ ဒါကို ပဲစိုးရိမ်ပူပန်နေရတယ်ဗျာ။ ရပ် ကွက်မီးမလောင်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတာ ဒီလိုမဖျက် ပေးရင်ကတော့ ကျွန်တော်တို့ ရပ်ကွက်ပြည်သူလူထုတွေ လက် မှတ်ထိုးပြီး သက်ဆိုင်ရာလူကြီး တွေကို ဖယ်ရှားပေးဖို့လုပ်ရလိမ့် မယ်ဟု ဆိုပါသည်။””

အဆိုပါ အောင်ပင်သာဆီ စက်ရဲ့ ပိုင်ရှင်အား တွေ့ဆုံမေး မြန်းခြင်း၊ ဖုန်းဆက်ခြင်းများပြု လုပ်ဖို့စီစဉ်ရာ တွင် ပိုင်ရှင်ဖြစ်သူ သည် ဖြူးမြို့မှမဟုတ် ကညွတ် ကွင်းမြို့တွင် နေထိုင်ကြောင်း သိရှိခဲ့ပါသည်။

Credit : http://www.hotnewsweekly.com/archives/21177

KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာ ရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။


မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

“ကျနော်ကြိုဆိုတဲ့နေရာမှာ ရောက်နေတယ်။ ပြည်သူတွေက သောင်းနဲ့ချီ သောင်းသောင်း ဖျဖျ ကြိုဆို နေကြတယ်၊ KIO ကို။ လူက သုံးလေးသောင်းလောက် ရှိမယ်။ တိုက်ပွဲဖြစ်တဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ရောက်လာတဲ့ အတွက်ကြောင့် ဝမ်းသာမှုကတော့ အပြည့်ပဲ။ ဒီမှာ တွေ့နေရတယ်။ ခု ဆက်ဆံရေးရုံး ရှေ့မှာ ရောက်နေပြီ” ဟု ဒေါက်တာခလမ်ဆမ်ဇွန် က မဇ္ဈိမကို ပြောသည်။

ထိုကြိုဆိုသူများက KIO/KIA အလံများ ကိုင်၍ “ကေအိုင်အိုနဲ့ ပြည်သူ တခုတည်းဖြစ်တယ်ဆိုပြီး အော်ကြ တယ်” “ကချင်အားလုံးဟာ ကေအိုင်အို ဖြစ်တယ်ဆိုတာ အော်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များလည်း မြစ်ကြီးနားမြို့သို့ ရောက်နှင့်နေပြီး ဖြစ်သည်။

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11741-kio-.html