Monday, May 27, 2013

မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို


မြေကျွံခြင်း၊ မြေသားနိမ့်ဆင်းခြင်းများကြောင့် ရန်ကုန်မြို့ မြို့နယ်အများစုတွင် သုံးစွဲနေသည့် မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို

27.5.2013 

ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ် အတော်များများတွင် သုံးစွဲနေသည့် အ၀ီစိတွင်းတူး၍ မြေအောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်တွင် အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင် လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊ ရန်ကုန်မြို့တွင် အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်ရှိပြီး အ၀ီစိတွင်း တူးများကာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာပါက မြေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေကျွံခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် လုံးဝမသုံးတော့ဘဲ ဖျက်သိမ်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ရန်ကုန်မှာ အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်တူးပြီး အဲဒီကနေ ရေပေးဝေနေတယ်။ အ၀ီစိတွင်းတွေက ထပ်တူးဖို့လည်း အကန့်အသတ် ရှိနေတယ်။ မြေအောက်ရေ ထုတ်ယူသုံးစွဲတာများရင် မြေကျွံတာတွေ၊ မြေနိမ့်တာတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ထပ်မတူးတော့တဲ့အပြင် လက်ရှိသုံးနေတဲ့ မြေအောက်ရေ စနစ်ကိုလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ လုံးဝကို ဖျက်သိမ်းသွားတော့မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အ၀ီစိတွင်းများမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို လုံးဝဖျက်သိမ်းသွားပါက လက်ရှိ အ၀ီစိတွင်းတူး သုံးစွဲနေရသည့် မြို့နယ်များအား ရေလှောင်ကန်များ၊ ဆည်များနှင့် မြစ်ရေကို သန့်စင်ပေးဝေသည့် စနစ်များဖြင့် ရေအားဖြည့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေအားဖြည့် ပေးဝေနိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ်များနှင့် လှိုင်သာယာ မြို့နယ်တို့ကို တစ်နေ့ရေဂါလန် သန်း ၂၀၀ ခန့်အထိ သန့်စင်ပေးဝေနိုင်မည့် လှိုင်သာယာ အနီးရှိ ကုက္ကိုဝ မြစ်ရေပေးရေး စီမံကိန်းအတွက် လေ့လာတိုင်းတာမှုများအား ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုက တစ်နှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းရေပေးဝေ သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိအ၀ီစိတွင်းတူး သုံးနေသော ဒဂုံတောင်၊ ဒဂုံမြောက် မြို့နယ်များ အတွက်လည်း လဂွန်းပြင် ဆည်ရေစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိ တစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ ပေးဝေနေပြီး မြို့နေလူထု၏ ၆၅ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့တော် စည်ပင်မှ ရေပေးဝေနိုင်သည်။

EMG

ရန်ကုန်မြို့တွင်းရှိ မြို့နယ်တစ်ခု၌ လက်နှိပ်တုံကင်အသုံးပြု၍ ရေသယ်ယူနေစဉ်

ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ် အတော် များများတွင် သုံးစွဲနေသည့် အ၀ီစိတွင်းတူး၍ မြေ အောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ရန်ကုန်မြို့တော်တွင် အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို မြို့တွင်း မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင် လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊ ရန်ကုန်မြို့တွင် အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်ရှိပြီး အ၀ီစိတွင်း တူးများကာ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြား လာပါက မြေမျက်နှာပြင် နိမ့်ဆင်းခြင်း၊ မြေကျွံခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်း ကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် လုံးဝမသုံးတော့ဘဲ ဖျက်သိမ်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ရန်ကုန်မှာ အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်တူးပြီး အဲဒီကနေ ရေပေးဝေနေတယ်။ အ၀ီစိတွင်းတွေက ထပ်တူးဖို့လည်း အကန့်အသတ် ရှိနေတယ်။ မြေအောက်ရေ ထုတ်ယူသုံးစွဲတာများရင် မြေကျွံတာတွေ၊ မြေနိမ့်တာတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ထပ်မတူးတော့တဲ့အပြင် လက်ရှိသုံးနေတဲ့ မြေအောက်ရေ စနစ်ကိုလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ လုံးဝကို ဖျက်သိမ်းသွားတော့မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အ၀ီစိတွင်းများမှ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို လုံးဝဖျက်သိမ်းသွားပါက လက်ရှိ အ၀ီစိတွင်းတူး သုံးစွဲနေရသည့် မြို့နယ်များအား ရေလှောင်ကန်များ၊ ဆည်များနှင့် မြစ်ရေကို သန့်စင်ပေးဝေသည့် စနစ်များဖြင့် ရေအားဖြည့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေအားဖြည့် ပေးဝေနိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ် များနှင့် လှိုင်သာယာ မြို့နယ်တို့ကို တစ်နေ့ရေဂါလန် သန်း ၂၀၀ ခန့်အထိ သန့်စင်ပေးဝေနိုင်မည့် လှိုင်သာယာ အနီးရှိ ကုက္ကိုဝ မြစ်ရေပေးရေး စီမံကိန်းအတွက် လေ့လာတိုင်းတာမှုများအား ကိုရီးယား နိုင်ငံရှိ ကုမ္ပဏီတစ်ခုက တစ်နှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းရေပေးဝေ သွားနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိအ၀ီစိတွင်းတူး သုံးနေသော ဒဂုံတောင်၊ ဒဂုံမြောက် မြို့နယ်များ အတွက်လည်း လဂွန်းပြင် ဆည်ရေစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိ တစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ ပေးဝေနေပြီး မြို့နေလူထု၏ ၆၅ ရာခိုင်နှုန်း ကိုသာ ရန်ကုန်မြို့တော် စည်ပင်မှ ရေပေးဝေနိုင်သည်။

EMG

ရန်ကုန်မြို့တွင်းရှိ မြို့နယ်တစ်ခု၌ လက်နှိပ်တုံကင်အသုံးပြု၍ ရေသယ်ယူနေစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေး ယနေ့ (မေ ၂၇) တွင် ပြုလုပ်မည်

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးကို မေ ၂၇ ရက်(ယနေ့) ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် နံနက် ၉ နာရီမှစ၍ ဆွေးနွေး မှုများ ပြီးဆုံးသည်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ်ခဲ့ကာ ယင်းကော်မတီဝင်များ၏ အစည်းအဝေးကို ယခုမှ ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ . . . .

အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီများ၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှု များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြား သည်။

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများ၏ လက်ရှိအခြေအနေများကိုလည်း တင်ပြသွားရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းတစ်ခုစီကို ဆယ်မိနစ်စီ တင်ပြခွင့်ပြုထားသည်ဟု တောင်ကြီးမြို့မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးများကိုမူ ပြီးခဲ့သည့် ဧပြီ ၈ ရက်မှစ၍ နှစ်ပတ်လျှင်တစ်ကြိမ် တနင်္လာနေ့တိုင်း ပြုလုပ်လျက် ရှိသည်။

ယင်းဗဟို အလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ လွှတ်တော် လုပ်ငန်းဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ရေးရာ ကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

EMG

ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးတော့မည်

ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ ကို ပုဂ္ဂလိက အဖွဲ့အစည်း များက လုပ်ကိုင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။


" ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန် တစ်မြို့လုံးမှာ ထွက်ရှိနေတဲ့ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကျော်ကို ၀န်ထမ်း လေးထောင်နီးပါး က အမှိုက်လှည်းများ ၊ အမှိုက်ကားများ နှင့် နေ့ည ဆောင်ရွက် နေပါတယ် ၊ ဒါပေမယ့် လူအင်အား ၊ ယာဉ် ယန္တရား အင်အားတွေ လိုအပ်ချက် ရှိနေတာ အမှန်ပါပဲ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အနာဂတ်မှာ အမှိုက် သိမ်းဆည်းတဲ့ လုပ်ငန်း တစ်ခုတည်း မဟုတ်တော့ဘဲ စွန့်ပစ် အမှိုက်မှ လျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ၊ သဘာဝ ဓာတ်ငွေ့ ထုတ်သည့် လုပ်ငန်း ၊ လူသုံးကုန် ပစ္စည်း ထုတ်သည့် လုပ်ငန်းတွေ ကို လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အမှိုက် သိမ်းဆည်းရေး လုပ်ငန်းကို နိုင်ငံတကာ မှာလိုပဲ ပုဂ္ဂလိက ကဏ္ဍကို လုံးဝ လွှဲပြောင်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ် .... " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်များကို အမှိုက်သိမ်း ယာဉ် အစီးရေ ၃၀၀ ၊ ၀န်ထမ်း အင်အား လေးထောင် နီးပါး ဖြင့် အမှိုက်ကန် စနစ် ၊ ခေါင်းလောင်းတီး စနစ် ၊ အမှိုက်သိမ်းလှည်း စနစ် တို့ဖြင့် သိမ်းဆည်း လျက် ရှိကြောင်း သိရှိရသည်။

myawady