Sunday, May 26, 2013

အခြေခံပညာ အဋ္ဌမတန်းအောင်မြင်သူများ အစိုးရနည်းပညာအထက်တန်းကျောင်းများ တက်ရောက်နိုင်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပာာအထက်တန်းကျောင်းများကို ယခုနှစ်ပညာသင်နှစ်တွင် ဖွင့် လှစ် မည်ဖြစ်ပြီး အဆိုပါ သင်တန်းကို(၂၀၁၃)ခုနှစ် အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီး အသက် (၁၇ )နှစ်ေ အာက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှောက်ထားနိုင်ကြောင်း သိပ္ပံ နှင့်နည်း ပညာဝန်ကြီးဌာနတွင် ထုတ်ပြန်ကြေငြာထားသည်။

အဆိုပါ သင်တန်းကာလတွင် (၂)နှစ်ဖြစ်၍ထူးချွန်စွာအောင်မြင်သူ ကျောင်းသား ကျောင်းသူများမှာ GTI ပထ မနှစ် သို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိပြီးဖွင့်လှစ်မည့်သင်တန်းတွင် အဆောက်အအုံ နည်းပညာ သင် တန်း၊ အီလတ်ထရွန်နစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာ သင် တန်း၊ စသော အင်ဂျင်နီယာဘာသာရပ်များအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေ ဒ၊ ဘောဂဗေဒ၊ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များကို သင်ကြားပေးသွားမည်ဟု သိရသည်။

SkyNet TV Browser

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှု CID ဖော်ထုတ်ပေးရန် မိသား စုမေတ္တာ ရပ်ခံ

အသက် ၁၈ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင် များ က သာမန် ရေနစ်သေဆုံးမှုဟု မှတ်တမ်း တင်သောကြောင့် အမှုမှန် ပေါ်ပေါက်စေရန် CID ကပါ ပူးပေါင်းေ ဖာ် ထုတ်ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။


အဆိုပါ မေတ္တာရပ်ခံချက်ကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက MJN တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ မနော်မေသူသူဇော် ကို ရည်းစားဖြစ်သူ ကိုရဲမင်းဦးက အိမ်ပြန်ချိန် တွင် ရန်ကုန်-မှော်ဘီ ဟိုင်း လတ် ခရီးသည် တင်ယာဉ်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့ပေးပြီး ကားထွက်မှသာ ပြန်ခဲ့သည်ဟု ဖုန်းဆက် အကြောင်း ကြား ခဲ့သော်လည်း ၄င်း တင်ပေးလိုက်သည့်ယာဉ်၏ အရောင်ကို မသိရှိသည် ဟု ပြော ဆိုနြေ ခင်း မှာ သံသယဖြစ်ဖွယ် ရှိကြောင်း သေဆုံးသူနှင့် ဦးလေး တော်စပ်သည့် ဦးစောအေးမင်းက ရှင်းပြ ဆို သည်။

မနော်မေသူသူဇော် ကို ၄င်း၏ချစ်သူ ကိုရဲမင်းဦးနှင့် ဦးလေးဖြစ်သူက ခေါ်သွားသည်ကို မျက်မြင် သက်သေ များ ရှိခဲ့သော်လည်း ၄င်းတို့ဘက်မှ ဦးလေးအစား အစ်ကိုဖြစ်သူကို အမှုထဲသွင်းကာ ဦးလေးဖြစ်သူကို အမှု တွဲမှ သွေဖည်အောင် လုပ်ဆောင်နေသည့် အတွက်လည်း သံသယဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြား သည်။

မနော်မေသူသူဇော်မှာ ကိုရဲမင်းဦး က မွေးနေ့တွင် ဖုန်းဆက်၍ အတင်းခေါ်ဆောင်သည့် အတွက် လိုက် သွား ခဲ့ခြင်း ဖြစ်ကြောင်း၊ ညီမဖြစ်သူဘက်မှ မကြာခဏ သဘောထားကွဲနေသော ကိုရဲမင်းဦးကို မွေးနေ့ တွင် အဆက်သွယ်ဖြတ်မည်ဟု ယခင်က မိမိကို ပြောဆိုခဲ့ဖူးကြောင်း အစ်မဖြစ်သူ မခမ်းမွန်ထွေးက ဆို သည်။

သမီးဖြစ်သူ၏ အလောင်းကို အင်းစိန် ရဲစခန်းမှ ဆယ်ယူရရှိခြင်းကို သွားရောက် စုံစမ်းရာ သေဆုံးစဉ် မှတ် တမ်း ဓာတ်ပုံများ အရ အတည်ပြုနိုင် ခဲ့သော်လည်း အလောင်းကို သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုခဲ့သဖြင့် မိသား စု ဝင်များ ကိုယ်တိုင် အင်းစိန်ဆေးရုံ သို့ လိုက်လံစုံစမ်းရာမှ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွင် ရေနစ်သေဆုံးသည့် အနေအထားဖြင့် ထုတ်ပြန်ခဲ့သောကြောင့် အဆင့်ဆင့် တိုင်ကြား ခဲ့ရာ ယခုအခါ မြောက်ပိုင်းခရိုင်က ဆက်လက်စုံစမ်းလျက် ရှိသော်လည်း ထပ်မံ စစ်ဆေးချက် အ ရ ရေနစ်၍ သေဆုံးသည်ဟု အဖြေ ထွက်လာနိုင်ကြောင်း၊ သေဆုံးသူနှင့် နောက်ဆုံးကျန်ရှိခဲ့သူကို သံသယ ရှိ၍ အမှုဖွင့် ပေးရန် တိုင်ကြားသော်လည်း အဆိုပါ ရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိကြောင်း သေဆုံးသူ၏ မိခင် က ဆိုသည်။

"၁၉ ရက်နေ့ သူ့ရည်းစားက ၇ နာရီ ၄၅ မိနစ်လောက်မှာ ကားပေါ်တင်ပေးပြီး ကားထွက်သွားတယ် ပြော တယ်။ လှိုင်သာယာ အောင်ဇေယျ တာဝန်ကျရဲက ၈ နာရီ ၁၅ လောက်မှာ သမီးလေးရဲ့ အင်းစိန်လိပ်စာ ပါ တဲ့ ကျောင်းသားကတ်ရယ်၊ မှတ်ပုံတင်ရယ် ဖိနပ်ရယ် အပါအဝင် ပစ္စည်း ၁၁ မျိုးကို ညတွင်းချင်း တွေ့ တယ်။ အင်းစိန် အုတ်သဲ ကျောက်ကွင်းနားမှာ ၂၀ ရက်နေ့ မနက် ၇ နာရီလောက်ထဲက သမီးအလောင်း ပေါ်နေပြီ။ ဒါကို ၂၁ ရက်နေ့ မရမ်းကုန်း စခန်းမှာ လူပျောက် အမှုဖွင့်တော့ နှစ်နာရီအတွင်း သတင်း ဓာတ် ပုံတွေ ဖြန့်ပေးမယ် ပြောတယ်။ ၂၃ ရက်နေ့မှ အင်းစိန်မှာ အလောင်းတစ်လောင်း ရှိတယ်ဆိုလို့ စုံစမ်းကြည့် မှ သမီးမှန်း သိရတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဖိုခုံလောက်ဆိုင်နေသော မြို့နယ်သုံးခု၏ ရဲစခန်းများ ချိတ် ဆက်ေ ဆာင် ရွက်မှု ပေါ့လျော့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာရ ခြင်းဖြစ်ပြီး ကွပ်ကဲ ရုံး သို့ အကြောင်းကြားကာ ချက်ချင်းဖော်ထုတ်ပါက နယ်စပ်ဒေသရှိ တရားခံများကို ချက်ချင်းမိသည့် အတွေ့ အကြုံများစွာ ရှိဖူးကြောင်း အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

မနော်မေသူသူဇော် ၏ ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည့် အောင်ဇေယျတံတား သည် လေးပေခန့် အမြင့် ရှိ သည့် လက်ရန်း သံတိုင်များ ရှိသောကြောင့် ၄င်းခုန်ချသည် ဟု ယူဆမည်ဆိုက အမျိုးသမီးတစ်ဦး အနေနှင့် တက်ရန် ခက်ခဲကြောင်း၊ မူးယစ်စေသည့် အရာတစ်ခုကို တိုက်ကျွေးပြီး ရေထဲသို့ပစ်ချ လျှင် လည်း အဆုတ်တွင်းရေဝင်ပြီး သေစေနိုင်ကာ ယခုအမှုမှာ သံသယဖြစ်ဖွယ်များ ရှိပြီး လက်ရှိတွင် ရန်ကုန် တိုင်းရဲ တပ်ဖွဲ့က ကြီးကြပ်ကာ ကြိုးစားဖော်ထုတ်လျက် ရှိကြောင်း မှုခင်းတပ်ဖွဲ့မှ အငြိမ်းစား အကြီးတန်း ရဲအ ရာရှိ တစ်ဦးက ပြောကြားသည်။

The Voice Weekly

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကိုသာ ရွေးချယ်သွားမည်

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကို သာ ရွေးချယ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဌာနမှူး ဦးအောင်မြင့်မော်၏ ပြောကြားချက်အရ သိရသည်။


ယခုလက်ရှိတွင် ယင်းစီမံကိန်း ပြုလုပ်ရန်အတွက် ပဏာမ ရွေးချယ်ထားသော ကုမ္ပဏီ ၁၁ ခု ရှိသည့် အနက်မှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီ နှစ်ခုကိုသာလျှင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


ထိုသို့ ရွေးချယ်ရာတွင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီများ၊ လစဉ်ပြုပြင် ထိန်းသိမ်းစရိတ်၊ အမှိုက်တစ်တန်အပေါ် ကောက်ခံနှုန်းထား၊ BOT နှစ်ကာလ ငှားရမ်းမှုနည်းသည့် ကုမ္ပဏီ၊ အကျိုးအမြတ် ခွဲဝေမှု၊ ၉၂ ရာခိုင်နှုန်း CNG နှင့် လျှပ်စစ်ထုတ်ယူနိုင်မှု၊ အနည်းဆုံး သက်သာသည့် စရိတ်နှင့် စွမ်းအင် ရောင်းချနိုင်မှု စသည်အချက်များကို အခြေခံကာ ကုမ္ပဏီနှစ်ခုကိုသာလျှင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခု ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၁ ခုက သြဂုတ် ၇ ရက် နောက်ဆုံးထားပြီး Final Full Proposal တင်ပြရမယ်။ အဲဒီရက် ကျော်လွန်ပြီး တင်တဲ့ကုမ္ပဏီတွေကို ထည့်ပြီးစဉ်းစားမှာ မဟုတ်ဘူး။ ကုမ္ပဏီ ၁၁ ခုထဲက နှစ်ခုကို ရွေးချယ်တဲ့ အခါမှာလည်း ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီနှစ်ခုကို ဦးစားပေး ရွေးချယ်သွားမှာပါ" ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူးဦးအောင်မြင့်မော်က ပြောကြားခဲ့သည်။

အမှိုက်မှ မီသိန်းဓာတ်ငွေ့ ထုတ်ယူပြီး ၎င်းမှ လျှပ်စစ်နှင့် ၉၂ ရာခိုင်နှုန်း သန့်စင်သော CNG ဓာတ်ငွေ့ ထုတ်ယူရန်အတွက် လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံကို ရွေးချယ်ထားပြီး မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်တွင်မူ မြေနေရာ ကျဉ်းမြောင်းသောကြောင့် အမှိုက်မီးရှို့စက်မှ လျှပ်စစ်ထုတ်ယူသည့် လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထိန်ပင် အမှိုက်ပုံနေရာတွင် ကုမ္ပဏီငါးခုကို အမှိုက်မှ မီသိန်းဓာတ်ငွေ့ ထုတ်ယူပြီး ၎င်းမှ လျှပ်စစ်နှင့် ၉၂ ရာခိုင်နှုန်း သန့်စင်သော CNG ဓာတ်ငွေ့ ထုတ်ယူရန်အတွက် ပဏာမ ရွေးချယ်ထားကြောင်း သိရသည်။

ယင်းသို့ အမှိုက်မီးရှို့စက်မှ လျှပ်စစ်ထုတ်လုပ်မည့် လုပ်ငန်းကို ယခုနှစ်အတွင်းတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ရရှိလာသည့် လျှပ်စစ်စွမ်းအင်များကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_4569.html

ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် အစီအစဉ်ရှိကြောင်းနှင့် လိုအပ်သော သဘောတူညီမှုများ ရရှိပါက ပေါင်းစည်းနိုင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ ပြောကြား

ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် အစီအစဉ် ရှိကြောင်းနှင့် လိုအပ်သော သဘောတူညီမှုများ ရရှိပါက ပေါင်း စည်းနိုင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။


ရခိုင်ပါတီကြီး နှစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့သော်လည်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါတွင် ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် လျက်ရှိသည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အဓိက အနိုင် ရရှိခဲ့သော ပါတီဖြစ်သည်။

ကျွန်တော်တို့ပုံစံက ပါတီနှစ်ခုလုံးကိုဖျက်ပြီး တစ်ခုပြန်ဖွဲ့မယ်။ အဲဒါကို တခြားပါတီဘက်ကလည်း လက်ခံမယ်ဆိုရင် လုပ်လို့ရတယ်။ အာမခံချက်တွေပေးဖို့ လိုတယ်။ တခြားပါတီတွေ ခွဲထွက်မလာဖို့ ပါတီဝင်တွေ၊ တာဝန်ရှိသူတွေက စည်းကမ်းစည်းမျဉ်းထားပြီး လုပ်ဖို့လိုတယ်။ ခွဲထွက်တာမျိုး ရှိလာရင် အလကား ဖြစ်သွားတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိသလို ကျွန်တော်တို့ဘက်ကလည်း ပေါင်းဖို့ဆန္ဒ ရှိပါတယ် . . . . .

ထို့ကြောင့် ရခိုင်ပြည်သူများက ပါတီနှစ်ခု ပေါင်းစည်းရေးကို လိုလားလျက်ရှိရာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီနှစ်ခုအား တစ်ခုဖြစ်အောင် ပေါင်းစည်းသွား န်ရှိကြောင်း မေ ၂၅ ရက်တွင် စစ်တွေမြို့၌ ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့နှင့် တွေ့ဆုံရှင်းလင်းပွဲတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းညိုက ပြောကြားသည်။

"ပါတီနှစ်ခုပေါင်းဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ပုံစံက ပါတီနှစ်ခုလုံးကိုဖျက်ပြီး တစ်ခုပြန်ဖွဲ့မယ်။ အဲဒါကို တခြားပါတီဘက်ကလည်း လက်ခံမယ်ဆိုရင် လုပ်လို့ရတယ်။ အာမခံချက်တွေပေးဖို့ လိုတယ်။ တခြားပါတီတွေ ခွဲထွက်မလာဖို့ ပါတီဝင်တွေ၊ တာဝန်ရှိသူတွေက စည်းကမ်းစည်းမျဉ်းထားပြီး လုပ်ဖို့ လိုတယ်။ ခွဲထွက်တာမျိုး ရှိလာရင် အလကား ဖြစ်သွားတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိ သလို ကျွန်တော်တို့ဘက်ကလည်း ပေါင်းဖို့ဆန္ဒ ရှိပါတယ်" ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးထွန်းညိုက ပြောကြားသည်။

လက်ရှိအနေအထားတွင် ပြည်သူများ အနေဖြင့် ပါတီနှစ်ခု ပေါင်းစည်းရေးကို လိုလားလျက် ရှိသော်လည်း တချို့ေ သာ ပြည်သူများက ပါတီနှစ်ခုရှိမှသာ လွတ်လပ်စွာ ခွဲခြားဆုံးဖြတ် မဲထည့် ည်ဖြစ်ကြောင်းလည်း ပြောဆိုသည်များ ရှိနေသည်။

ယင်းအတွက် ရခိုင်တိုင်းရင်းသားများ၏ သဘောဆန္ဒကိုလည်း သိရှိရန် လိုအပ်ကြောင်းနှင့် ပေါင်းစည်းမှု အတွက် ညှိနှိုင်းမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က "ပါတီနှစ်ခု ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး မကြာခင် ရက်ပိုင်းမှာ ကျင်းပမယ့် ပါတီ ညီလာခံ အပြီးမှာတော့ အဖြေတစ်ခု ထွက်လာမှာပါ။

လောလောဆယ်တော့ တစ်ဖက်ပါတီကလည်း တရားဝင် ကမ်းလှမ်းထားတာမျိုး မရှိသေးပါဘူး။ ဆွေးနွေးမှု တွေတော့ ဖြစ်လာမယ်ထင်တယ်။ ကျွန်တော်တို့ ပါတီရဲ့ ဗဟိုညီလာခံမှာတော့ အဲဒီကိစ္စကို ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_26.html

ရာသီဥတု ပြောင်းလဲမှုကြောင့် သက်ရောက်နိုင်ခြေ အမြင့်မားဆုံး အာရှစီးပွားရေး မြို့များတွင် ရန်ကုန်မြို့ နံပါတ် (၄) နေရာ၌ ရှိနေ

အာရှဒေသတွင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ထိခိုက်သက်ရောက်နိုင်ခြေ အမြင့်မားဆုံး မြို့များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် နံပါတ် (၄) နေရာ၌ ရှိနေကြောင်း သိရသည်။


အာရှဒေသတွင်းရှိ အနာဂတ်ကာလ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါမှုနှင့် အဆိုပါ နိုင်ငံများ၏ လက်ရှိအနေအထားများအရ မြို့ ၅၀ ရွေးချယ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒါကာ၊ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ မြန်မာနိုင်ငံရှိ ရန်ကုန်၊ အင်ဒိုနီးရှားရှိ ဂျကာတာ၊ ဗီယက်နမ်ရှိ ဟိုချီမင်း၊ အိန္ဒိယရှိ ကိုလ်ကတ္တားတို့သည် အပူချိန်ပြောင်းလဲခြင်း၊ မိုးလေ၀သ ပြောင်းလဲခြင်း စသည်တို့ကြောင့် လာမည့်နှစ်များအတွင်း သက်ရောက်နိုင်ခြေ အမြင့်ဆုံးအဖြစ် အသီးသီး ပေါ်ထွက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ရာသီဥတု ပြောင်းလဲမှုအပေါ် ခုခံနိုင်မှု အားနည်းခြင်းဆိုင်ရာ ညွှန်းကိန်းဖော်ပြမှုတွင် ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝန်း ပေါ်ထွက်လာနေသော ဈေးကွက်များ၏ အခွင့်အလမ်းသစ်များအပေါ် သက်ရောက်နိုင်သည့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ နိုင်ငံရေး စသည်တို့အား စောင့်ကြည့်လေ့လာလျက် ထုတ်ပြန်မှု ပြုလုပ်နေသည့် ဗြိတိန်နိုင်ငံရှိ Maplecroft က ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၁ ခုနှစ်တွင် ဘန်ကောက်မြို့၊ ၂၀၁၂ခုနှစ်တွင် မနီလာမြို့တို့၌ သဘာဝဘေးဒဏ်ကို ခံရခြင်းကဲ့သို့သော ဖြစ်ရပ်များသည် နောင်တွင် အကြိမ်ရေပိုများကာ ပို၍လည်း ပြင်းထန်လာနိုင်ခြေရှိကြောင်း . . . . .

အဆိုပါမြို့ ခုနစ်မြို့သည် သက်ရောက်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှု၊ နေထိုင်သူများ၏ ထိခိုက်လွယ်သည့် အနေအထား၊ ဖွံ့ဖြိုးမှု၊ သဘာဝ အရင်းအမြစ်၊ စိုက်ပျိုးရေး လုပ်ငန်း အပေါ် မှီခိုအားထားရမှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အစိုးရ၏ အုပ်ချုပ်မှုမှ ပြည်သူအပေါ် အကျိုးရှိခြင်း၊ ပညာရေးအဆင့်အတန်း စသည်တို့အပေါ် အခြေခံ၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းသို့ သက်ရောက်နိုင်ခြေ မြင့်မားသော မြို့များသည် အနာဂတ်တွင် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ဖြစ်ရပ်များကို အကြိမ်ရေ ပို၍တွေ့ကြုံ လာရမည်ဖြစ်ကြောင်း၊ ဥပမာ ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့၊ ၂၀၁၁ ခုနှစ်တွင် ဘန်ကောက်မြို့၊ ၂၀၁၂ခုနှစ်တွင် မနီလာမြို့တို့၌ သဘာဝဘေးဒဏ်ကို ခံရခြင်းကဲ့သို့သော ဖြစ်ရပ်များသည် နောင်တွင် အကြိမ်ရေပိုများကာ ပို၍လည်း ပြင်းထန်လာနိုင်ခြေရှိကြောင်း Maplecroft က ဆိုထားသည်။

ကာလရှည် ပြောင်းလဲမှုများ အနေဖြင့် အခြေခံ အဆောက်အအုံများ၊ လူထု၏ ကျန်းမာရေး၊ ဂေဟစနစ် စသည်တို့အပေါ်တွင် သက်ရောက်နိုင်သည့် အပူချိန် ပြောင်းလဲခြင်း၊ မိုးရရှိမှု ပြောင်းလဲခြင်းတို့ကို ကြုံတွေ့နိုင်သည်ဟု သိရှိရသည်။

ရန်ကုန်မြို့သည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး သက်တမ်းရင့် အပင်များ အပါအ၀င် သစ်ပင်များစွာ ဆုံးရှုံးပျက်စီးမှုသည် ရာသီဥတု ပူနွေးပြောင်းလဲခြင်းကို ဖြစ်ပေါ်စေကာ စက်မှုလုပ်ငန်း များပြားမှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သည့် ရင်းမြစ်များပြားမှု စသည်တို့သည် နှစ်စဉ် နွေရာသီ ကာလ၌ ပူပြင်းခြောက်သွေ့မှုကို တွေ့ကြုံလာစေသည်။

ရန်ကုန်မြို့သာမက မြန်မာနိုင်ငံ တစ်ဝန်းတွင် ရာသီဥတု ပြောင်းလဲမှုသည် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် သိသာလာခဲ့ပြီး မိုးရွာသွန်းသောရက် နည်းပါးခြင်း၊ ပူပြင်းခြောက်သွေ့သော ကာလရှည်ကြာခြင်း၊ အေးမြ သည့်ရက်ကာလ တိုတောင်းလာခြင်း၊ သဘာဝ ဘေးအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ ရင်ဆိုင်လာရခြင်း စသည်တို့ဖြစ်သည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_7402.html

ရန်ကုန် ယာဉ်ထိန်းရဲ Nissa Fair Lady ပြိုင်ကား သုံးပြီ



နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာ တာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကား အဖြစ် နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင် ကား ဖြစ်လာမှာပါ။


အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်း ရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အ သုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ယနေ့ ထုတ်ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။ 

ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန် မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 

ဧရာဝတီblog

ခွေးဟောင်လွန်း၍ ရွေ့ရသော တောင်ပို့



လူဆိုး သူခိုးများ ၀င်လာလျှင် ဟောင်တတ်သော ခွေး၊ သခင် နှင့် အိမ်သားများကိုထိခိုက်လာလျှင် တုန့်ပြန်တိုက် ခိုက်တတ် သော ခွေး၊ ကျွေးသမျှစား၍ ဖြစ်သလိုနေပြီး သစ္စာရှိသောခွေး၊ ထိုခွေး တစ်ကောင် နေေ သာ အိမ်တွင် တောင်ပို့ တစ်လုံး ပေါ်လာသည်။


ထိုတောင်ပို့သည် အိမ်မှ ကောင်းမွန်သော မြေသားများဖြင့် ဖွဲ့စည်းထားသလို အိမ်ပြင်ပမှ မြေသား များ လည်း ပါသည်။ အစပိုင်းတွင်တော့ ထိုတောင်ပို့မှ ခပ်သေးသေး။ မကြာခင် ကြီးလာသည့်အခါ အိမ်ရှိ အိမ် သား အချို့မှ လာဘ်ကောင်း သည်၊ အကျိုးပေးမည်ဟု ဆိုပြီး ပူဇော်ပသကြသည်။ တောင်ပို့ ကို မစော် ကားနှ င့်၊ ဒီတောင်ပို့မှ အိမ်ကို ကောင်းကျိုးပေး မည်ဟု ဆိုကာ တောင်ပို့ကို ရွေ့သင့်ကြောင်း ပြောသူမှန်သမျှ ကို ရန်ပြုကြ ည်။ ထို တောင်ပို့ကြောင့် အိမ်သားများ အချင်းချင်း ခိုက်ရန် ဖြစ်ပွားသည် အထိ ဖြစ်လာသည်။

တဖြည်းဖြည်းနှင့် အိမ်သည်လည်း အိမ်ပိုင်ရှင်၏ အမည်ပျောက်ကာ တောင်ပို့အိမ် ဖြစ်လာသည်။ တောင် ပို့ကြီး မှာလည်း တဖြည်းဖြည်း ကြီးလာသည်။ ထို အိမ်ကို ပျက်စီးလိုသူများကလည်း တောင်ပို့ကြီးကို ငြိမ်း ချမ်းေ ရး တောင်ပို့၊ ကောင်းစားရေး တောင်ပို့ စသဖြင့် ဂုဏ် အမျိုးမျိုး တပ်ပေးသည်။ တစ်ချိန်တည်းတွင် တောင် ပို့၏ အောက်ခြေ၌ ကြွက်များ ၀င်လာနေကြသည်။ တွင်း များ ဖြစ်လာကာ မြွေများလည်း ၀င်လာ သည်။ ဂုဏ်အမျိုးမျိုး တပ်ပေးထားသော တောင်ပို့ကြီးကို ချီးမွမ်းခန်း ဖွင့်နေကြသည့် အိမ်သားအချို့နှင့် ပတ်ဝန်းကျင်များကတော့ တောင်ပို့ကြီးကို အမွှမ်းတင်မြဲသာ။

တောင်ပို့တွင် ခိုအောင်းနေသည့် အန္တရာယ်များ အိမ်တွင် ကျရောက်လာမည်ကို ခွေးက မြင်သည်။ ထို့ ကြောင့် နေ့တိုင်း ညတိုင်းဟောင်သည်။ အစပိုင်းတွင် ဘာဟောင်မှန်း မသိကြ။ အချို့ကတော့ တောင်ပို့ ခွေး ဟောင် လို့ ဘာမှ မဖြစ်ပါဟု ပြောကြသည်။ အချို့ကတော့ ခွေးကို ဆဲဆိုကြသည်။

ထိုတောင်ပို့ အိမ်မှာ မရှိသည့် အတွက် ဘာမှ မဖြစ်။ ခွေးဟောင်လွန်းသဖြင့် အိမ်သားများ စိတ်ညည်ညူး လာကြ သည်။ နောက်ဆုံးတွင်တော့ သည်းမခံနိုင်သည့် စိတ်ဓာတ်မာကျောသော ၊ သစ္စာရှိခွေး အပေါ် ချစ် တတ်ေ သာ အိမ်သား တစ်ဦးမှ ပေါက်တူးကိုင်ကာ တောင်ပို့ကြီးကို ဖြိုသည်။ တောင်ပို့ပြိုသည်နှင့် တောင်ပို့ ကို အမှီပြုနေသော မြွေပါးကင်းပါး အန္တရာယ်များပါ ပျောက်ကွယ်သွားသည်။

မကြာခင်တွင်တော့ တောင်ပို့ရှိသော အိမ် ဟု ခေါ်ရာမှ အိမ်ပိုင်ရှင် အမည်ခေါ်သည့် အိမ်ပြန်ဖြစ်လာသည်။ ပတ်ဝန်းကျင်လည်း ပုံမှန်၊ အိမ်သားများလည်း ပုံမှန်ပင်။

Credit : http://www.oppositeyes.info/2013/05/blog-post_4921.html

သံဃာတော်များအား ဆင်းတွန်းခိုင်းပြီး မောင်းပြေးသော Probox TAXI ယာဉ်အား ရဲတပ်ဖွဲ့မှ ၂၂ နာရီ အ တွင်း ဖော်ထုတ်ဖမ်းဆီး

၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်တွင် သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒသာရသည် ရေးမြို့ မှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရှိလာပြီး Probox အဖြူရောင် အဌားယာဉ် (နံပတ်မမှတ်မိ)အား အတူ ပါ ဆရာတော် ဦးကောဝိဒ နှင့်အတူဌားရမ်းစီးလာစဉ် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆ ရာတော် များမှ ဆင်းတွန်းပေးရာ မောင်းနှင်ထွက်ပြေး သွား၍ ငွေ၊ ဟန်းဖုန်းနှင့် သံဃာအသုံးအဆောင် ပစ္စည်း များ ပါဆုံးသွားသဖြင့် တိုင်တန်းခဲ့သောကြောင့် မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိ ခဲ့ ပါ သည်။

၎င်းအမှုအား မြောက်ပိုင်းခရိုင်အထူးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ဆရာတော်ဦးနန္ဒသာရနှင့်အတူပါသူ ဦးေ ကာ ၀ိဒ (ခ) ထွန်းလွင်၊ (၅၀) နှစ်၊ (ဘ) ဦးအောင်ဖေ၊ ရေးမြို့နယ်၊ ဇော်မင်း (ခ) လှကြိုင် (စုံစမ်းဆဲ) နှင့် BB 6672 ပရိုဘောက်အဖြူရောင်အဌားယာဉ်မောင်းဖြစ်သူ အောင်လွင်ဦး (၂၇) နှစ်၊ (ဘ) ဦးလှစိုး၊ သ မိုင်းမြို့ သစ်ရပ်၊ မရမ်းကုန်းမြို့နယ်နေသူတို့မှ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့၍ ဦးကောဝိဒနှင့် အောင် လွင်ဦးတို့အား ၂၄.၅.၂၀၁၃ နေ့ ၂၃၀၀ အချိန် ဖမ်းဆီးရမိပြီး ကျန်တရားခံ ဇော်မင်း (ခ) လှကြိုင် အားဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

ကာလရှည်ချေးငွေ မျှော်လင့်နေသည့် တောင်သူလယ်သမားများ

   

နိုင်ငံတော်မှ ကာလရှည် စီမံကိန်း နှင့် ချေးငွေ ထုတ်ပေးရန် တောင်သူ လယ်သမားများ တို့က မျှော်လင့် နေကြကြောင်း သိရသည်။ လက်ရှိ နိုင်ငံတော် မှ ထုတ်ချေး ပေးသော စိုက်ပျိုးစရိတ် ချေးငွေ များမှာ ကာလတို ချေးငွေ စနစ် ဖြစ်သည့်အတွက် တောင်သူ လယ်သမား များမှ ပြန်လည် ပေးဆပ်ရာ၌ အခက်အခဲများ ဖြစ်ပေါ် စေပြီးနောက် ယခုကဲ့သို့ ကာလရှည် စီမံကိန်း များဖြင့် ထုတ်ချေး ပေးနိုင်ရန် မျှော်လင့် လာခြင်း ဖြစ်ကြောင်း သိရသည်။


ချေးငွေကို ပြန်ဆပ်ရသည့် ကာလမှ တိုးတောင်း သဖြင့် စပါး နှင့် သီးနှံ ပေါ်ချိန်များတွင် တောင်သူများ လက်ဝယ် ကိုင်ထား နိုင်ခြင်း မရှိဘဲ ချေးပေ ပြန်ဆပ် နိုင်ရန်အတွက် ရသည့်ဈေးဖြင့် အမြန် ပြန်ရောင်းကြ ရခြင်း ကြောင့် ရသင့်သည့် အကျိုးအမြတ် မရရှိကြောင်း တောင်သူ ဦးကြီးများထံမှ သိရသည်။

နိုင်ငံတော်မှ ထုတ်ချေး ပေးနေသော ချေးငွေများမှာ သီးနှံပေါ်ချိန် တွင် ပြန်လည် ပေးဆပ် ရခြင်းကြောင့် သီနှံများ သိုလှောင် မထားနိုင်ခြင်း ၊ သီနှံပေါ်ချိန် တွင် ဈေးနှုန်းများ ကျဆင်းတတ်ပြီး ဈေးကောင်း ရရှိနိုင်ရန် စောင့်ဆိုင်းချိန် မရရှိခြင်း စသည့် အချက်များကြောင့် ကာလရှည် ချေးငွေ စီမံကိန်း မျှော်လျင့် လာရခြင်း ဖြစ်ကြောင်း တောင်သူများက ပြောဆိုသည်။ တောင်သူ လယ်သမား များသို့ နိုင်ငံတော်မှ ချေးငွေများကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ပေးခဲ့ပြီး ၊ ပြီးခဲ့သည့် စပါးရာသီ ချိန်တွင် တစ်ဧကလျှင် ကျပ်ငွေ ၅ သောင်းနှုန်း ၊ အခြားသီးနှံများ အတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း ထုတ်ချေး ပေး ခဲ့သည်။

၂၀၁၃ -၂၀၁၄ ခုနှစ် စိုက်ပျိုးရေး ရာသီချိန်တွင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်စရိတ် ချေးငွေကျပ် ၁၄၀၀ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်ပြီး စပါးစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ ကြံစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ အခြား သီနှံများ အတွက် တစ်ဧကလျှင် ကျပ် နှစ်သောင်း နှုန်း ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : http://themyawadydaily.blogspot.com/2013/05/blog-post_335.html

မြန်မာနယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့်တပ်ရင်း တစ်ရင်း တိုးချ


New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။


ယခု တိုးချဲ့ချလိုက်သော ဘီဂျီဘီ တပ်ရင်းမှာ အမှတ် (၅၀) ဖြစ်ပြီး မေလ ၂၂ ရက်နေ့က တပ်ရင်း ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ အကြီးအကဲ တပ်မှူး ဗိုလ်မှူးချုပ် အာဇစ် အာမတ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

တပ်ရင်း၏ အခြေစိုက်ရာ နေရာမှာ ရာမူးမြို့နယ် ရာဇကူ ဧရိယာတွင် ဖြစ်သည်။

ယခုကဲ့သို့ တိုးချဲ့ ချလိုက်သဖြင့် မောင်တောမြို့နယ် တစ်ခုတည်းနှင့် ဆက်စပ်နေသော ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် နယ်ခြားစောင့် Border Guard Bangladesh တပ်ရင်း (၄) ခုရှိသွားပြီ ဖြစ်သည်။

၎င်းတပ်ရင်းများမှာ တက်နက်မြို့တွင် အမှတ် ၄၂ တပ်ရင်း၊ ကော့စ်ဘဇားမြို့တွင် အမှတ် ၁၇၊ နတ်ကျောက်ဆရီမြို့နယ်တွင် အမှတ် ၃၁ တပ်ရင်း နှင့် ယခု အမှတ် ၅၀ တပ်ရင်းတို့ ဖြစ်ကြသည်။

တပ်ရင်း တိုးချရခြင်းသည် မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုနှင့် လူကုန်ကူမူ၊ နယ်စပ် ဖြတ်ကျော် ၀င်ထွက်သွားလာနေသော လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နှင်းရန် အတွက် ရည်ရွယ်သည်ဟု ဘီဂျီဘီ အာဏာပိုင်များက ဆိုသည်။

Credit : http://www.narinjara.com/burmese/?p=5673

တောင်ငူ တက္ကသိုလ် ၀န်ထမ်းများက ပညာရေး ၀န်ကြီးကို မျက်နာ မလိုက်စေလို ( ပေးစာ)


Toungoo_university

တောင်ငူ တက္ကသိုလ် ပါမောက္ခချုပ်သည် ၀န်းကြီးဌာန က ချပေးသော ကားပြင်ဆင် စရိတ်များကို ကားအား လုံးကို မပြင်ဆင်ပဲ ကားအချို့ကိုသာ ပြင်ဆင်စေပါ သည်။ ပြင်ဆင်ရာတွင်လည်း တောင်ငူရှိကားဝက်ရှော့ တွင် မပြင်ဆင်ပဲသူ့မိတ်ဆွေ၏ ရန်ကုန်ရှိ ကားဝက် ရှော့ တွင်သာ ပြင်ဆင်ခိုင်းပါသည်။ သို့ဖြစ်ပါသဖြင့် ပွင့် လင်း မြင်သာမှုမရှိသော ပါချုပ်၏လုပ်ရပ်များကို ၀န် ကြီးက မျက်နှာ မလိုက်ပဲ စစ်ဆေး ပေးစေလို ပါ သည်။

တောင်ငူတက္ကသိုလ်ဝန်ထမ်းများ

တစ်နေ့လျှင် ၃၀၀၀ ရသည့် ဆန္ဒပြပွဲများ၏ နောက်ကွယ်



မည်သည့် အကြောင်းဖြင့်ပဲ ပြပြ အစိုးရကို အတိုက် အခံလုပ်မည့် ဆန္ဒပြပွဲမှန်သမျှ အတွက် ငွေကြေးေ ထာက်ပံ့ ပေးသည့် အဖွဲ့အစည်းများတွင် အန်အယ် လ်ဒီပါတီမှ ပါဝင်နိုင်ကြောင်း အန်အယ်ဒီခွဲထွက် ပါတီ တစ်ခု မှ တာဝန် ရှိသူ တစ်ဦးမှ ပြောကြား ခဲ့သည်။


အန်အယ်ဒီက အရင်တုန်းက နိုင်ငံရေး အကျဉ်း သားတွေကို တစ်ယောက် ၅၀၀၀ နဲ့ တစ်လကို သိန်း ၃၀ လောက် အကုန်ခံပြီး ထောက်ပံ့ခဲ့တယ်။ တစ်လကို သိန်း ၃၀ ဆိုတဲ့ ငွေတွေဟာ ဘယ်ကရ တယ်လို့ ခင်ဗျား ထင် လို့လဲ ဟု ၄င်းမှ ပြောပြခဲ့သည်။

အန်အယ်လ်ဒီပါတီမှ ထောက်ပံ့မှုတွေ လုပ်နေတယ် ဆိုရင် ဘာကြောင့်ဆိုတာလဲ ရှင်းပြ ပါအုံးဟု ဆိုသည့် အခါ တွင်တော့ ကျွန်တော်ကတော့ ပြည်တွင်း ဆူပူမှုတွေ ဖြစ်အောင် အစပျိုးနေတယ်လို့ပဲ ထင်တယ်။ အခြေ ခံ ဥပဒေ ကို ပြင်ဖို့ ဆိုတာ လွှတ်တော်အတွင်းထက် ပြည်တွင်း ပဋိပက္ခတွေ ဖြစ်ပွားအောင် လုပ်ပြီး၊ ကြားဖြတ် ဖွဲ့ရင် သူတို့အတွက် ပိုပြီး အခြေအနေ ကောင်းနိုင်တယ်လေ၊ မကြာခင်ကတောင် ကြားဖြတ် ဖွဲ့မယ် လုပ်လာလို့ ဒေါ်အောင်ဆန်းစုကြည်က သူပြောတာ မဟုတ်ကြောင်း ဖြေရှင်းခဲ့ရသေးတယ်ဟု ပြောခဲ့ သည်။

၎င်းမှ ဆက်လက်ပြီး ၂၂ ရက်နေ့က ထင်ကျော် ဆန္ဒပြတာကို သိလိုက်တယ် မဟုတ်လား။ အဲဒီဆန္ဒပြပွဲမှာ NLD က ထောင်ထွက် ထွန်းထွန်းနိုင်၊ မြောက်ဥက္ကလာက ဦးအုန်းကျော်၊ တောင်ဒဂုံက ဦးစိန်သန်း၊ တင်ေ မာင် ကြည်၊ မချို၊ နောက်ပြီး ထင်ကျော်ရဲ့ မိန်းမ သန်းသန်းမော်၊ အဲဒီ မြို့နယ် NLD ကပဲ ဒုဥက္ကဌ ဦးဆန်နီ၊ ၀င်းဌေး၊ စိန်ကြည် တို့အပါ ၁၅ ယောက်လောက် ရှိတယ်။ တစ်ယောက်က တစ်ကိုယ်တော် ဆန္ဒပြ တယ် ဆိုပြီး လုပ်တယ်။ ကျန်တဲ့ ၁၅ ယောက်က ဘေးကနေ ၀ိုင်းအုံပေးထားတယ်။ The Voice လို မီဒီယာ မျိုးတွေကို လက်တို့လိုက်ရင် ကင်မရာတွေ တလက်လက်နဲ့ အလုပ်ဖြစ်သွားပြီ။ ခင်ဗျား သတိထား ကြည့် လိုက်၊ ဆန္ဒပြ တယ်ဆိုရင် ဒီလူဒီလူတွေပဲ ဖြစ်နေတာကို ကောင်းကောင်းတွေ့ရလိမ့်မယ်။ အဲဒီလူတွေရဲ့ တစ်ဝက် က NLD က ဖြစ်နေတာကိုလည်း တွေ့ရလိမ့်မယ်။

ဒါ တစ်ကိုယ်တော် ဆန္ဒပြတာနော်၊ လူ ၁၀ ယောက်လောက်စုပြီး ဆန္ဒပြတယ် ဆိုရင် နောက်ကွယ်က ဘယ် လောက် ပါမယ် ဆိုတာ မှန်းကြည့်ပေတော့။ ဗီနိုင်းစာရွက်တွေ၊ ထမင်းစားရိတ်တွေ၊ သွားလာ စ ရိတ်တွေ ကို ရှင်းဖို့ ပြည်တွင်းမှာ အခြေခိုင်တဲ့ အဖွဲ့တစ်ခုမက ရှိကို ရှိနေတယ်။ ကျွန်တော်တို့ ပါတီ အနေ နဲ့ကတော့ ဒီလို နောက်ကွယ်က တစ်ဖက်လှည့်နဲ့ စီစဉ်တာတွေကို ကန့်ကွက်ကြောင်း ပြောဖို့ အချက် အ လက်ေ တွ စုဆောင်းထားပါတယ်။ NLD ပါတီနဲ့ ၈၈ လို အဖွဲ့တွေရဲ့ ခြေလှမ်းတွေကို မြင်နိုင်အောင် သတိပေး တာပါ။ ဟု ၄င်းက ရှင်းပြခဲ့ပါသည်။

ဓာတ်ပုံ- တစ်နေ့ ၃ ထောင် ဆန္ဒပြပွဲမှ ထင်ကျော်နှင့် နော်အုံးလှ

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် NLD ၏ ဒီလှိုင်း ဂျာနယ် သတင်းထောက်



သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုေ လာမြို့ နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွားခဲ့ကြောာင်း သိရှိရသည်။


၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေ သည့် ဒီလှိုင်း ဂျာနယ် သတင်းထောက်ဖြစ်သူ ဦးခင်ဇော် အပါအ၀င် (၂) ဦးတို့သည် ထားဝယ်မြို့ မှ တဆင့် ပလောက်မြို့နယ်ခွဲရှိ အင်းမ ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ သင်းအုပ်ဆရာတော် ဦးဘ ဥာဏ် နေအိမ်တွင် တည်းခိုကာ မတ်လ (၂၀) ရက်နေ့ (၈) နာရီအချိန်တွင် ၄င်းနေအိမ်၌ ကျေးရွာသူ / သား (၄၇) ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

အစည်းအဝေးတွင် ဒီလှိုင်း ဂျာနယ် သတင်းထောက် ဦးခင်ဇော်က အစိုးရမှ သိမ်းယူထားသည့် မြေများအား ရွာ သားများ လက်သို့ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်မရလျှင် ၄င်းမှ နှစ် ဆ ပြန်လျှော်မည်ဟု ပြောဆိုပြီး အစည်းအဝေး တက်ရောက်သူ (၄၇) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၃)ေ သာင်းနှုန်း ဖြင့် ငွေကျပ် (၁၄) သိန်းကျော် တောင်းခံ ရယူသွားကြောင်း သတင်းရရှိ ပါသည်။

မြိတ်ပုလဲမြေ

စမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တွင် တိုက်ပြို၍ (၃)ဦးသေ (၁)ဦး ဒဏ်ရာရ



၂၅.၅.၂၀၁၃ ရက်နေ့ ၀၉၁၀ အချိန် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရှင်စောပုလမ်း၊ တိုက်အမှတ်(၁)နေ ကိုဖြိုး ပိုင်ဆိုင်သည့်လုံးချင်း နှစ်ထပ်တိုက်(အိမ်ဟောင်း ဖျက်ခွင့်တင်ထားဆဲ) အား အင်ဂျင်နီယာဦးအေးသိန်းမှ တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့် အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျရာ ရှိန်းကို (၂၂)နှစ်၊ ပုသိမ်မြို့၊ မိုးကျော်သူ (၁၇)နှစ်၊ ၀ါးခယ်မမြို့၊ ထွန်းလွင်ဖြိုး (၂၂)နှစ်၊ ၀ါးခယ်မမြို့တို့ (၃)ဦး ဒဏ်ရာများရရှိ သေဆုံးပြီး သီဟမျိုး (၂၀)နှစ်၊ ၀ါးခယ်မမြို့နေသူမှာ ဒဏ်ရာ များရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရှိ ကြောင်းနှင့် အဆိုပါ တိုက်ပြိုကျရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ စခန်းမှူးတို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်စဉ်အားစုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

အာဇာနည်ဗိမာန် သီလ၀ါဆိပ်ကမ်း သန်လျင်ကျောင်းနှင့် ရှင်ဇိုအာဘေး



၃၆နှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် အနေနဲ့ ပထမဆုံး အကြိမရောက်ရှိနေတဲ့ ရှင်ဇို အာဘေး ဟာ သူ့ရဲ့ ခရီးစဉ် ပထမနေ့ ( မေလ ၂၅ ရက်နေ့) မနက်မှာ အာဇာနည်ဗိမာန်ကို သွား ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေချ ဂါရ၀ပြု ခဲ့ပါတယ်။


အဲဒီ့နောက် သီလ၀ါဆိပ်ကမ်းကို သွားရောက်ကြည့် ရှုပြီး ဂျပန်-မြန်မာ အကျိုးတူ ပူးပေါင်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဂျပန် ကုမ္ဗဏီ ၃ခုနဲ့ မြန်မာ ကုမ္မဏီ ၉ ခု အကျိုးတူစာချုပ် ရေးထိုးခဲ့ပါတယ်။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သန်လျင်က မူလတန်းကျောင်းကိုလည်း ၀င်ရောက်လည်ပတ်သွားပါတယ်။


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံပြီး မေလ ၂၆ ရက်နေ့ကျရင် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။









Credit : Here