Saturday, May 25, 2013
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
========================================
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆိုဘာတွေပြင်ကြမှာလည်း?
၁။ ကျနော့်အမြင်ကတော့-
ဒေါ်စုသမ္မတဖြစ်ရေးလည်းမဟုပ်ဘူး။
၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရမပြင်သင့်သေးဘူး။
တကယ်မဖြစ်မနေပြင်သင့်တာက
နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော်၃ရပ်အတွင်းမှာ
တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့်လွှမ်းမိုးချူပ်ကိုင်သွားစေမည့်
အချက်အလက်အချို့ နဲ့ ပြည်ထောင်စုကြီးထာဝစဉ်တည်မြဲရေးအတွက်
တိုင်းရင်းသားပေါင်းစုံမှအကျေအလည်သဘောတူလက်ခံသောစစ်မှန်သည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာပေါ်ပေါက်လာရေးတို့ ကိုသာဦးစားပေး
ပြင်ဆင်သင့်သည်ဟုယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ
ရရှိပြီးသည့်အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း
သည်သာတိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး
တို့ အတွက်အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ
ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည်
ဆောက်နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည်
ဟုအကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ်
တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါကကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုစွမ်းရည်များအပေါ်အပြည့်အဝကျေနပ်အားရဖွယ်မမြင်သေး
၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာအရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏အရည်အသွေးများကို
တိုက်ရိုက်စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲပြည်သူလူထုလိုလားသည်ဖြစ်စေ/မလိုလားသည်ဖြစ်စေ
ပါတီတစ်ခုခြင်း၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင်
မြှောက်ခြင်းစံနစ်သည်ပြည်သူလူထု၏စစ်မှန်သောဆန္ဒသဘောထားများကိုမျက်ကွယ်ပြုရာရောက်
သည်ဟုခိုင်မာစွာယုံကြည်မိပါသည်။ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသောရွေးခြယ်ခံကိုယ်စားလှယ်များ
၏တစ်ဦးခြင်းအရည်အသွေးကို၏၎င်းပါတီ၏ပုံရိပ်တစ်ခုတည်းဖြင့်သာပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါကလွန်စွာလွဲမှားသောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့်ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့်ဘောင်အတွင်းသို့ နိုင်ငံတော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု
တည်း၏အကျိုးကိုသာလိုလားဦးစားပေးဆောင်ရွက်လိုသည့်လွှတ်တော်ကိုယ်စားလှယ်များ၏လွဲမှား
သည့်အမြင်သဘောထားများကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက်အကျိုးရှိသည့်ဥပဒေပြု
ရေးဆိုင်ရာကိစ္စရပ်များ၊နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော
ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့်
လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။
ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်းနောင်အစိုး
ရဖြစ်သွားနိုင်သည်ဟူသောတွေးဆချက်ကိုအခြေခံ၍အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါကတိုင်းပြည်နှင့်လူ
မျိုး၏နောင်မျိုးဆက်သစ်များအတွက်ခိုင်မာ၍ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန်ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာလက်ရှိနိုင်ငံရေးလောကအတွင်းကျင်လည်နေကြသော
နိုင်ငံရေးသမားများအနေဖြင့်ဦးစားပေးစဉ်းစားစေလိုသောသဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
==============================================================
ကျနော့်အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ်လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော
အခါ ကျနော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး
ပါတီ၊အတိုက်အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး
တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကိုမည်သည့်ဘက်မှ
ဖြစ်စေကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက်ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားရဖွယ်ရှိသည်ဟုယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့်တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့
အနိုင်ရရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါကမည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည်
မဟုပ်ဘဲတိုင်းပြည်တည်ငြိမ်အေးခြမ်းရေးသာပျက်ပြာစေနိုင်မည့်အပြင်ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးလုပ်ငန်းစဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
=======================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့်လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏တစ်ခုတည်းသောနိုင်ငံရေး
ထွက်ပေါက်သည်အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟုကျနော့်အနေဖြင့်
လေးနက်စွာယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ပြည်ခိုင်ဖြိုးနှင့်NlDပူးပေါင်းနိုင်ပါသလားဟုတင်ပြရုံဖြင့်ကျနော့်အားဝါဒမတူ၊လူမတူသည့်အတွက်
မည်သို့ မျှမဖြစ်နိုင်ဟုနှစ်ဘက်စလုံးမှပြင်းထန်စွာဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။
ကောင်းပါပြီ။
ဝါဒမတူ၊လူမတူသည့်အတွက်ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများပြုလုပ်သင့်သည့်ဟူသောကျနော့်
အယူအဆသည်စိတ်ကူးယဉ်ဆန်ပြီးဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့်လောဘအိမ်မတ်သတ်သတ်သာဖြစ်နေသည်ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော
ကိုယ်စားလှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား
ပြုသူများသာဖြစ်သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့် 
ပေါင်းအစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊လွှတ်တော်အတွင်း၌ခိုင်မာပြီးအင်အားတောင့်တင်း
သည့်ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊အဓိကအာဏာရနှင့်အတိုက်အခံဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ
ရှည်အကျိုးစီးပွားအတွက်ဆောင်ရွက်နိုင်မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့ 
တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များအဖြစ်ပူပေါင်းဆောင်ရွက်သင့်
သည်ဟုထပ်မံတင်ပြမည်ဆိုပါကစာဖက်သူမိတ်ဆွေများအနေဖြင့်မည်သို့ ထင်မြင်ယူဆ
ကြပါသနည်းဟုအမျိုးသားသွေးစည်းညီညွတ်ရေးကိုဦးတည်၍ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး
တွင်လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့်တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့  သည်
တူရာတွေကိုပေါင်းလုပ်နိုင်ရမည့်အပြင်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားသွေးစည်းညီညွတ်ရေး
အတွက်ဆိုပါကမတူတာတွေကိုဘေးဖယ်ထားမည့်အစားတူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်းနိယာမကိုသာပြည်သူ့ မျက်နှာကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့်
တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများအခြင်းခြင်းဝါဒသဘောတရားများဝိဝါဒကွဲပြားနေခြင်းသည်
ကျနော်တို့ ၏မြန်မာလူ့ ဘောင်းအေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ပြည်
သူလူထုကိုဆင်းရဲမွဲတေပြီးအသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့်လုပ်ရပ်များသာဖြစ်၍
ဘယ်သောအခါမှစုစည်းညီညွတ်ပြီးအင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ
ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ပြည်သူလည်းအစိုးရ။ပါတီလည်းပြည်သူ၊ပြည်သူလည်းပါတီ။တိုင်းရင်းသား
လည်းပြည်သူ၊ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော
ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/
စံစားကြရမည်သာဖြစ်၍နောက်မျိုးဆက်သစ်များအတွင်စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး
နိုင်ရေးကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ
သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်းတစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့်အချိန်အထိ
မှုများကိုရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့်Professionalတပ်မတော်အဖြစ်နိုင်ငံတကာတပ်မတော်များနည်း
တူရပ်တည်သွားနိုင်ရေးကိုတပ်မတော်သားများကိုယ်တိုင်ကလိုလိုလားလားလက်ခံယုံကြည်လာစေ
ရေးကိုသာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်အပြုသဘောချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း
အကြံပြုတင်ပြရင်းနိဂုံးချူပ်အပ်ပါသည်။
ငြိမ်းချမ်းလူ
၂၅-၅-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆို ဘာ တွေ ပြင်ကြမှာလဲ?
၁။ ကျနော့်အမြင်ကတော့- ဒေါ်စုသမ္မတဖြစ်ရေးလည်း မဟုတ်ဘူး။ ၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရ မပြင်သင့်သေးဘူး။ တကယ်မဖြစ်မနေပြင်သင့်တာက နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော် ၃ ရပ် အတွင်းမှာ တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့် လွှမ်းမိုးချူပ်ကိုင်သွားစေမည့် အချက်အလက် အချို့ နဲ့ ပြည်ထောင်စုကြီး ထာဝစဉ်တည်မြဲရေးအတွက် တိုင်းရင်း သားပေါင်းစုံမှ အကျေအလည် သဘောတူလက်ခံသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာ ပေါ်ပေါက်လာရေး တို့ ကိုသာဦးစားပေးပြင်ဆင်သင့်သည်ဟု ယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ ရရှိပြီးသည့် အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း သည်သာ တိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး တို့ အတွက် အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည် ဆောက် နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည် ဟု အကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ် တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါက ကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှု စွမ်းရည်များအပေါ် အပြည့်အဝကျေနပ် အားရ ဖွယ်မမြင်သေး ၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာ အရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏ အရည်အသွေးများကို တိုက်ရိုက် စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲ ပြည်သူလူထုလိုလားသည်ဖြစ်စေ/ မလိုလားသည်ဖြစ်စေ ပါတီ တစ်ခုခြင်း ၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင် မြှောက်ခြင်း စံနစ်သည်ပြည်သူလူထု၏ စစ်မှန်သောဆန္ဒသဘောထားများကို မျက်ကွယ်ပြုရာရောက် သည်ဟု ခိုင်မာစွာ ယုံကြည်မိပါသည်။ ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသော ရွေးခြယ်ခံကိုယ်စားလှယ်များ ၏တစ်ဦးခြင်း အရည် အသွေးကို၏၎င်းပါတီ၏ ပုံရိပ်တစ်ခုတည်းဖြင့်သာ ပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါက လွန်စွာလွဲမှား သောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့် ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့် ဘောင်အတွင်းသို့ နိုင်ငံ တော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု တည်း၏အကျိုးကို သာလိုလားဦးစားပေးဆောင်ရွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လွဲမှား သည့်အမြင်သဘော ထား များကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက် အကျိုးရှိသည့်ဥပဒေပြု ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့် လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။ ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်း နောင်အစိုးရ ဖြစ်သွားနိုင်သည်ဟူသော တွေးဆချက်ကို အခြေခံ၍ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါက တိုင်းပြည်နှင့်လူ မျိုး၏နောင်မျိုးဆက်သစ်များအတွက် ခိုင်မာ၍ ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန် ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာ လက်ရှိ နိုင်ငံရေး လောကအတွင်း ကျင်လည်နေကြသော နိုင်ငံရေးသမားများအနေဖြင့် ဦးစားပေးစဉ်းစား စေလို သော သဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
===================================================
၉။ အထက်စာပိုဒ်(၈)ပါ ကျနော်ဆိုလိုချက်ကို အနည်းအငယ်အကျယ်ချဲ့ ၍တင်ပြလိုပါသည်။ ကျနော့် အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ် လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော အခါ ကျ နော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး ပါတီ၊ အတိုက် အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှ ချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကို မည်သည့်ဘက်မှ ဖြစ်စေ ကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြား ရဖွယ်ရှိ သည်ဟု ယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊ ဒေါ်စုနှင့်NLD၊ တပ်မတော်တို့ ၏ ဆက်ဆံရေးအခြေအနေကိုသာစောင့်ကြည့် အကဲခတ်၍သာ ၎င်းတို့ ၏ ရှေ့ လုပ်ငန်းစဉ်များကိုစီမံနေကြသည်ဟုယုံကြည်မိပါသည်။
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့် တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့ အနိုင်ရ ရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါက မည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည် မဟုပ်ဘဲ တိုင်းပြည် တည်ငြိမ်အေးခြမ်းရေးသာ ပျက်ပြာစေနိုင်မည့်အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း စဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏ တစ်ခုတည်းသောနိုင်ငံရေး ထွက် ပေါက်သည် အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟု ကျနော့်အနေဖြင့် လေးနက်စွာ ယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ ပြည်ခိုင်ဖြိုးနှင့်NlD ပူးပေါင်းနိုင်ပါသလားဟု တင်ပြရုံဖြင့် ကျနော့်အားဝါဒမတူ၊ လူမတူသည့်အတွက် မည်သို့ မျှမဖြစ်နိုင်ဟု နှစ်ဘက်စလုံးမှ ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။ သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။ ကောင်းပါပြီ။ ဝါဒမတူ၊ လူမတူသည့်အတွက် ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်သည့်ဟူသော ကျနော့် အယူ အဆသည်စိတ်ကူးယဉ်ဆန်ပြီး ဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့် လောဘအိမ်မတ်သတ်သတ်သာ ဖြစ်နေသည် ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော ကိုယ်စား လှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား ပြုသူများသာဖြစ် သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့်  ပေါင်း အစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊ လွှတ်တော်အတွင်း၌ခိုင်မာပြီး အင်အားတောင့်တင်း သည့် ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊ အဓိကအာဏာရနှင့် အတိုက်အခံ ဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ ရှည်အကျိုး စီးပွားအတွက် ဆောင်ရွက်နိုင် မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့  တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များ အဖြစ်ပူပေါင်းဆောင်ရွက်သင့် သည်ဟုထပ်မံတင်ပြမည်ဆိုပါက စာဖက်သူ မိတ်ဆွေများအနေဖြင့် မည်သို့ ထင်မြင်ယူဆ ကြပါသနည်းဟု အမျိုးသားသွေးစည်းညီညွတ်ရေးကို ဦးတည် ၍ ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာ ငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး တွင် လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့် တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့ သည် တူရာတွေကို ပေါင်းလုပ်နိုင်ရမည့်အပြင် အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသား သွေးစည်းညီညွတ်ရေး အတွက်ဆိုပါက မတူတာတွေကိုဘေးဖယ်ထားမည့်အစား တူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်း နိယာမကိုသာ ပြည်သူ့ မျက်နှာ ကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။ နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများ အခြင်းခြင်းဝါဒသဘောတရားများ ဝိဝါဒကွဲပြားနေခြင်းသည် ကျနော်တို့ ၏မြန်မာလူ့ ဘောင် အေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ ပြည် သူလူထုကိုဆင်းရဲမွဲတေပြီး အသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့် လုပ်ရပ်များသာဖြစ်၍ ဘယ်သောအခါမှ စုစည်းညီညွတ်ပြီး အင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ ပြည်သူလည်းအစိုးရ။ ပါတီလည်းပြည်သူ၊ ပြည်သူလည်းပါတီ။တိုင်းရင်းသား လည်းပြည်သူ၊ ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍ လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/ စံစားကြရမည်သာဖြစ်၍ နောက်မျိုးဆက်သစ်များအတွင် စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး နိုင်ရေး ကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်း တစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့် အချိန်အထိ လွှတ်တော် အတွင်း၂၅%ပါဝင်နေမှုကို ဆက်လက်တည်ရှိနေရန်လိုအပ်သည်ဟု တိုင်းပြည် တည်ငြိမ် အေးချမ်းရေးကိုရှေ့ ရှုသည်အမြင်သဘောထားများထာရှိပြီး အတင်းအကျပ်ပြုပြင်ရန် တောင်းဆိုနေ မှုများကို ရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့် Professional တပ်မတော်အဖြစ် နိုင်ငံတကာတပ်မတော်များနည်း တူ ရပ်တည်သွားနိုင်ရေးကို တပ်မတော်သားများကိုယ်တိုင်က လိုလိုလားလားလက်ခံယုံကြည်လာစေ ရေး ကိုသာ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အပြုသဘော ချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြရင်း နိဂုံးချူပ်အပ်ပါသည်။
ငြိမ်းချမ်းလူ
၂၅-၅-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်ဆိုသည့်အပေါ် ဦးဝီရသူနှင့်တွေ့ဆုံခြင်း
(အင်ဒိုနီးရှားနိုင်ငံတွင်ရှိသည့် မြန်မာသံရုံးအား မွတ် ဆလင်မ်အကြမ်းဖက်သမားများ၏ ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ပြီးနောက် မြန်မာနိုင်ငံအား မွတ်ဆလင်မ် အကြမ်းဖက်သမားများက ဂျီဟတ်စစ်ပွဲဆင်နွှဲမည် ဆိုသည့် အပေါ် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ သည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်း ခဲ့သည် များကို စာဖက်သူများ သိရှိစေရန် ရေးသားတင်ပြ လိုက်ရပါသည်။)
မေး။ အင်ဒိုနီးရှားမှာ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ ကြံစည်မှုအပေါ် အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ချင် ပါသလဲ ။
ဖြေ။ အစွန်းရောက်တွေရဲ့ လုပ်ဆောင်ချက်တွေ ကြည့်လိုက်ရင် ဘယ်အရာပဲဖြစ်ဖြစ် အကြမ်းဖက်ပြီးတော့ ဖျက်ဆီးတဲ့ အစွန်းရောက်မှုတွေကို ကျင့်သုံးတာ တွေ့ရတယ်။ အဲဒီတော့ ဒီအစွန်းရောက်တွေကြောင့် လူမျိုးတစ်ခုလုံး ဘာသာတစ်ခုလုံး ထိခိုက်နစ်နာတာတွေ မရှိရလေအောင် အစွန်းရောက်တွေ ပေါက်ဖွားရာ အရင်းမြစ်ကို သိအောင်လုပ်ပြီးတော့ အစွန်းရောက် လုံးဝ မပေါက်ဖွားအောင် တားဆီးကြမယ်ဆိုလို့ ရှိရင် ဒီလိုအဓိကရုဏ်းတွေ ဒီလိုသံရုံးကို အကြမ်းဖက်တာမျိုးတွေ မဖြစ်နိုင်ပါဘူး။ 
မေး။ ဒီလိုမြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်တာဟာ မွတ်ဆလင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘာသာရေးစစ် ပွဲဆင်နွှဲတာလို့ ထင်ပါသလား။ ဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြား ချင်ပါသလဲ။
ဖြေ။ အဲဒါကတော့ သူတို့က ဒီနိုင်ငံကြီးကို တအားလိုချင်နေတာကိုး။ အဲဒီလို လိုချင်လို့လည်း ငွေကြေး အကူအညီတွေ ပေးတယ်။ လက်နက်အကူအညီတွေ ပေးတယ်။ နည်းပညာတွေ အကူအညီပေးတယ်။ လူအင်အားတွေ အကူအညီပေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ ပထမအကြိမ် ဂျီဟတ်စစ်ပွဲဟာ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ပေမယ့် အဲဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ လက်တုံ့ပြန်မှုကို ခံလိုက်ရတယ်။ အဲဒါကို မကျေနပ်လို့ဆိုပြီး ရခိုင်ကို ဒုတိယအကြိမ် ဂျီဟတ်လုပ်တယ်ပေါ့။ နောက်နောင်လည်း သူတို့တွေက လုပ်နေဦးမှာပဲ။ အဲဒီတော့ ဂျီဟတ်ကို ယုံကြည်နေတာတွေ ရှိနေသမျှကာလပတ်လုံး သူတို့ဘာသာနဲ့ လူမျိုးမတူ၊ ဘာသာမတူတဲ့ လူသားတွေအားလုံးကို ဂျီဟတ်လုပ်နေမယ်လို့ ဦးဇင်းအနေနဲ့ မြင်တာပဲ။
မေး။ အခု အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြံစည်တာဟာ ရိုဟင်ဂျာလူမျိုးကို မြန်မာနိုင်ငံက အသိအမှတ်မပြုလို့ဆိုပြီး သိရပါတယ်။ အဲဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။
ဖြေ။ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဟိန္ဒူလူမျိုးတွေက တိုင်းရင်းသားအဖြစ် တောင်းဆို ရင်တောင် ဦးဇင်းတို့က အပြည့်အဝကို သဘောတူမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေနဲ့ မဆန့်ကျင် ဘူး။ လိုက်ရောညီထွေမှု ရှိတယ်။ လူမျိုးရေး ဝါးမျိုးခြင်း မရှိဘူး။ ဘာသာ၊ သာသနာကို ဖျက်ဆီးခြင်း မရှိဘူး။ နိုင်ငံကို သိမ်းပိုက်လိုခြင်း မရှိဘူး။ အခုဟာက သူတို့တွေက လူမျိုးကို ဝါးမျိုချင်တယ်။ ဘာသာကို ဖျက်ဆီးချင်တယ်။ နိုင်ငံကို သိမ်းပိုက်ချင်တယ်။ ဒီရည်ရွယ်ချက်ကြီးတွေနဲ့ လုပ်နေတဲ့အပေါ် ဦးဇင်းတို့က ဘယ်လိုလုပ် တိုင်းရင်းသား လက္ခဏာတွေနဲ့ ပြည့်စုံတဲ့သူတွေလို့ သတ်မှတ်ရမှာလဲ။ ဥပမာ- ဘယ်တိုင်း ရင်းသားပဲဖြစ်ဖြစ် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုချင်တယ်ဆိုလို့ရှိရင် အလံကို မီးရှို့တာမရှိဘူး။ ခြေနဲ့နင်းတာမရှိဘူး။ သူတို့က အလံကို မီးရှို့တယ်။ ခြေနဲ့နင်းတယ်။ နောက်ပြီးကျတော့ ဘယ်တိုင်းရင်း သားပဲဖြစ်ဖြစ် တိုင်းရင်းသားတွေကို ပစ်မှတ်ထားပြီး ကိုယ့်အခွင့်အရေးတောင်းဆိုတာ မရှိဘူး။ သူတို့တွေက ရခိုင်ကို ပစ်မှတ်ထားပြီးတော့ သူတို့ တိုင်းရင်းသား အခွင့်အရေးကို တောင်းဆိုနေတယ်။ တိုင်းရင်းသား လက္ခဏာနဲ့ မပြည့်စုံတဲ့သူ မှန်သမျှ တိုင်းရင်းသားလက္ခဏာနဲ့ ဆန့်ကျင်တဲ့သူမှန်သမျှ ဘယ်သောအခါမှ တိုင်းရင်းသား အခွင့်အရေး မရဘူးလို့ ဦးဇင်း ရဲရဲကြီး ပြောရဲတယ်။
မေး။ အခု မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်လို့ သိရပါတယ်။ အဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။
ဖြေ။ ဂျီဟတ်စစ်ပွဲ ဆင်နွှဲတာ တကယ်တမ်းကျတော့ သူတို့ ဆင်နွှဲလို့ မရပါဘူး။ ဘာကြောင့်လည်း ဆိုလို့ ရှိရင် ကုလသမဂ္ဂဆိုတာ ရှိနေတာပဲ။ ဒါကြောင့်မို့လို့ ဂျီဟတ်စစ်ပွဲ ဆင်နွှဲလို့ မရဘူးလို့ ဦးဇင်း ယုံကြည် တယ်။ 
မေး။ ဒီဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်ဆိုတဲ့အပေါ်မှာ အရှင်ဘုရားတို့အနေနဲ့ သဘောထားကြေညာချက် ထုတ်ပြန် ဖို့ ရှိပါသလား။
ဖြေ။ သဘောထားကြေညာချက်ကတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဦးဇင်း အများကြီး လေ့လာရဦး မှာပါ။ ရမ်းပြီး ကြေညာချက် ထုတ်လို့ မရပါဘူး။
မေး။ အရှင်ဘုရားတို့အနေနဲ့ အခုဆိုရင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုပြီး ဆွေးနွေးပွဲတွေ လုပ်နေပေမယ့်လည်း ဒီလို မွတ်ဆလင်နိုင်ငံတွေက အကြမ်းဖက်လာတဲ့အပေါ်မှာ အရှင် ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။
ဖြေ။ မွတ်ဆလင်တွေက အကြမ်းဖက်တဲ့အပေါ်မှာ အတော့်ကို နေသားကျနေကြပြီပေါ့နော်။ ဒီလို အကြမ်းဖက်ပြီး ဖြေရှင်းနေသမျှ ကာလပတ်လုံး ပြည်တွင်းမှာ ရှိတဲ့ အေးအေးလူလူနေချင်တဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တဲ့ လူကောင်းသူကောင်း မွတ်ဆလင်တွေ ထိခိုက်နိုင်တယ်ဆိုတာကို တွေးပေးကြပါ။ အဲဒီလို အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်တဲ့ လူကောင်းသူကောင်း မွတ်ဆလင်တွေ ဒုက္ခ မရောက်အောင် ကာကွယ်ပေးကြပါ။ အဲဒီလို ကာကွယ်ပေးဖို့ဆိုတာ အကြမ်းမဖက်ဖို့က နံပါတ်တစ်ပါပဲလို့ ပြောချင်ပါတယ်။
မေး။ ဒီလို ဂျီဟတ်စစ်ပွဲ မဖြစ်ပေါ်ရအောင် မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုကာကွယ်သင့်တယ် ဆိုတာကို အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။
ဖြေ။ ဂျီဟတ်စစ်ပွဲမဖြစ်ပေါ်ဖို့အတွက် မွတ်ဆလင်လူဦးရေ တိုးပွားမှုကို ထိန်းနိုင်မှ ရမယ်။ မွတ်ဆ လင်လူဦးရေ တိုးပွားလာတာနဲ့အမျှ ဂျီဟတ်ယုံကြည်တဲ့ လူတွေက သွေးထိုးလှုံဆော်လိုက်လို့ရှိရင် ရခိုင်လို ဖြစ်သွားနိုင်တယ်။ ရခိုင်ကလည်းပဲ သူ့ဘာသာသူ အေးအေးဆေးဆေးနေလိုတဲ့သူတွေက အများစုပဲ။ အဲဒါကို RSOဆိုတဲ့ လူတွေက ဝင်လာပြီး သွေးထိုးလိုက်မှ ဒီလိုတွေ ဖြစ်ပေါ်လာတာပေါ့။ ဒါကြောင့် မွတ်ဆလင် လူဦးရေတိုးပွားမှုကို ထိန်းနိုင်ရမယ်။ မြန်မာသမီးပျိုလေးတွေ ကိုယ့်လူမျိုး ကိုယ့်သာသာ အပေါ်မှာ သစ္စာစောင့်သိရမယ်။ ပြီးတော့ မြန်မာအချင်းချင်း ရိုင်းပင်းကူညီပြီးတော့ မြန်မာဗုဒ္ဓဘာသာဝင် လူဦးရေ မလျော့ပါးအောင်၊ မြန်မာဗုဒ္ဓဘာသာဝင် အိမ်ခြေတွေ မလျော့ပါးအောင်၊ မြန်မာဗုဒ္ဓဘာသာဝင် နယ်မြေတွေ မလျော့ပါးအောင် ကာကွယ်စောင့်ရှောက်ရမယ်။ အဲဒါဆိုရင်တော့ ဦးဇင်းတို့ မြန်မာပြည်မှာ ဘယ်တော့မှ ဂျီဟတ်စစ်ပွဲ ဆင်နွှဲလို့ မရပါဘူး။
မေးသူ…… အခုလို ပြည့်ပြည့်စုံစုံ မိန့်ကြားပေးတာကို ကျေးဇူးတင်ပါတယ် ဘုရား။
စုသဘော.. စုသဘောနှင့် စုမှားလျှင်.....
ဗုံးနံပါတ်(၁၂)
"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်း တလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည် နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက် မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည်နာမ ပါရှိသည်။
ဓားအထက်ဆုံး အမျိုးသမီးဖြစ်သည့် ဧကရီထိပ် ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် လျှမ်းလျှမ်း တောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။
ပညတ်သွားရာ ဓာတ်သက်ပါသည်လား မဆိုနိုင်။ စုအမည်ပါသော မိန်းခလေးတို့သည် များသောအားဖြင့် ထက်မြက်သော သဘာဝရှိသည်ကို ကိုယ်တွေ့ကြုံဖူးသည်။ မိစုဟူသည့် အမည်ပိုင်ရှင် မိန်းခလေးများသည် ဆတ်ဆတ်ထိမခံ၊ နှုတ်လှန်ပြန်ထိုးတတ်ကြသည်ကို တွေ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ၌ လူတကာသိသည့် စု သည် အမည်နာမကြောင့် ထက်မြက်သည်တော့ မဟုတ်ချေ။ ဗီဇနှင့်ပါရမီသည် လူတိုင်း ဆုတောင်း၍ရနိုင်သော အရာမဟုတ်သည့်အတွက် အဆိုပါ စု အား ဝေဖန်သမှုပြုရသူအဖို့ သားရဲပေါသည့်တော၌ သားသမင်အစာရှာစားသကဲ့သို့ အသက်အောင့်၍ ခြေလှမ်းချရပေလိမ့်မည်။ အသွားမတော်လျှင် တစ်လှမ်း၊ အပြောမတော်လျှင် ဂွမ်းရပေလိမ့်မည်။ သို့သော် မဂွမ်းချင်သော်လည်း မလှမ်းလျှင်မဖြစ်တော့သည့် အခြေအနေအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတို့အား တစ်လုံး တပါဒမျှ မသိရှိနားမလည်သည့်၊ အခြေခံဥပဒေနှင့် မည်သည့်နိုင်ငံရေးစာပေမျိုးမဆို ဖတ်ရှုနိုင်စွမ်းမရှိသည့်၊ မဖတ်သည့်၊ ဖတ်သော်လည်း စိတ်မ၀င်စားသည့်၊ စိတ်ဝင်စားသော်လည်း ဝေဖန်သုံးသပ်နိုင်စွမ်းမရှိသည့် မိမိအပါအ၀င် လူဦးရေသန်းခြောက်ဆယ်နီးပါးအား ကိုယ်စားပြု၍ ဝေဖန်ရေးလေကန်ရေး လုပ်လိုက်ရ ပါတော့သည်။
တစ်ခေတ်တခါက စု၏ ဘုန်းတန်ခိုးအာဏုဘော် အရှိန်အ၀ါတို့သည် လူတော်တော်များများအား ထမင်း စားလမ်း ဖြောင့်ဖြူးစေခဲ့သည်။ လူတချို့အား စားပေါက်ပိတ်စေခဲ့သည်။ စုဓာတ်ပုံ တစ်ပုံဖြင့် ပြည်ပ၌ ဂွင်အကုန်ရသူများလည်း ရှိဖူးသည်။ တရားမ၀င်ဘ၀မှ တရားဝင်ဖြစ်စေခဲ့သည်။ လူရာမ၀င်ဘ၀မှ လူရာဝင်စေခဲ့သည်။ စုသည် ၎င်းတို့အတွက် စားစရာကိုဖန်တီးပေးခဲ့သကဲ့သို့ အားကိုလည်း ဖြစ်စေခဲ့သည်။ စုသည် မျှော်လင့်ချက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မာတာပိတု အစား မာတာဒေါ်စုဂုဏော အနန္တော ဖြစ်ပေါ် လာခဲ့သည်မှာ ထူးဆန်းအံ့သြဖွယ်ရာ မဟုတ်ချေ။
စုလွတ်မြောက်ရေးသည် တခေတ်တခါက မြန်မာ့နိုင်ငံရေးလောက၌ မရိုးနိုင်သော ကြွေးကြော်သံ တစ်ခု ဖြစ်ခဲ့သည်။ စုလွတ်ပြီးနောက်ပိုင်း ယခင့်ယခင်ကမျှော်လင့်ချက်တို့ ပိုမိုအရောင်လက်လာသည်။ စုသား သမီးတို့ ပိုမိုအရောင်ထွက်လာကြသည်။ စုကား ၎င်းတို့၏ မျှော်လင့်ချက်ပင်။
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့် နိုင်ငံရေးဇာတ်ခုံပေါ်သို့ ပုဝါနှစ်စအသာချ၍ စုတက်လှမ်းလာခဲ့သည်။ စင်ပေါ်တက်မည့် သူမအား တချိန်က သူမအားမှီခိုစားသောက်ခဲ့ကြသည့် လူများတွင်းမှ တချို့က ဝေဖန် ပုတ်ခတ်ကြသည်။ သူမ၀သီအတိုင်း မည်သူ မည်သို့ပင် ငြူစူစေကာမူ မကြားချင်ယောင်ဆောင်၍ စင်ပေါ် တက်ခဲ့သည်။ တချိန်က သူမအားပိတ်လှောင်ခဲ့သူများအား အပြင်မှထပ်မံပိတ်လှောင်ထားသည့် သော့ ခလောက်များအား တစ်ခုချင်း သူမလိုက်ဖွင့်ပေးသည်။ ထိုအတွက် ကျေးဇူးတင်စကားအချို့ ကြားရ သော်လည်း သူမနည်းတူ အထဲတွင် ပိတ်လှောင်ခံခဲ့ရသူ (၀ါ) လွတ်လွတ်လပ်လပ် အကျယ်ချုပ် ကျခံခဲ့ရသူတချို့က နာကျည်းလျှက်ပင် ရှိနေသည်ကို တွေ့ရသည်။ ခရာမှုတ်၍ ကစားပွဲကား စချေပြီ။ မျှတခြင်းကား ပွဲအတွင်း ကန့်သတ်ထားသည့်အရာဖြစ်သည်။ ဘွာခတ်၍မရတော့ချေ။ ရလျှင်လည်း စုသည် ဘွာခတ်မည့် အတန်းအစားမျိုးမဟုတ်။ ဆန္ဒန်ဆင်မအသွင်ဖြင့် ကျုံးတွင်းသို့ ၀င်ရောက်လာခဲ့သည်။
စုပရိသတ်၏ လက်ခုပ်သံသည် ဘ၀ဂ်ညံခဲ့သည်။ ထိုအသံသည်ကား ပြိုင်ဖက်အုပ်စုအတွက် ထိတ်လန့် စရာပင်။ ထို့ကြောင့် "စု" ရုန်း၍ ကျုံးပြိုမည်ကို စိုးရိမ်ထိတ်လန့်နေသူများ၏ ကြိုးကွင်းများစွာ ကျလာလေ တော့သည်။ စု ကား ရုန်းဆဲကန်ဆဲပင်။ ကြိုးကွင်းပစ်သူများသည် စု၏ အစဉ်အလာကို မယှဉ် နိုင်သည့် အတွက် စုသမိုင်းတွင်းမှ ချိုင့်ခွက်များအား တူးဆွကြလေသည်။ တူးဆွသူများနှင့် စုသားသမီး များကြား ရန်ပွဲများမှာ ခြိမ့်ခြိမ့်သဲ စည်ကားလျှက်ပင်။
စုဂုဏ်တော်အား နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်သူအပေါင်းတို့အတွက်မူကား စု သည် အတုမရှိချေ။ ထို့ကြောင့် စုကို မထိရ။ ထိလျှင် မီးပွင့်တတ်သည်။ သို့သော် ရာဇပလ္လင်ဖင်ကပ်မွေး၍ စကြာရတနာဆိုက်ရောက်ခြင်း ခံရသူမဟုတ်သည့် စုအတွက် အခြွေအရံတည်းဟူသော အစုအဖွဲ့မျှလောက်နှင့် မင်းအင်္ဂါပြည့်စုံရန် မလွယ်ကူချေ။ ဤတွင် စု၌ကွက်လပ်များစွာရှိနေသည်မှာ ထင်ရှားလာပြီး အဆိုပါကွက်လပ်များအား ခလုပ် တိုက်ခြင်းဖြင့် ပြိုင်ဖက်များမှ စုအား နဲ့ရန် ကြံစည်ကြလေသည်။
စု၏ အရှိန်အ၀ါသည် ကြီး၏။ မည်သူမဆို စုနှင့်ယှဉ်လျှင် မှိန်သွားရသည်။ ထို့ကြောင့် စုသားသမီးများ ထမိန်ခေါင်းတွင်းမှ လက်ခမောင်းခတ်နိုင်ကြလေသည်။ သို့သော် ထမိန်ခေါင်းပေါင်းခြင်းဖြင့် အရှိန်အ၀ါ ထွက်သူများရှိသကဲ့သို့ ထမိန်ခေါင်းတွင်းရောက်မှ အရောင်အ၀ါမဲ့သွားသူများလည်း ရှိသည်။ လမင်းသာချိန် ကြယ်အရောင်မထွက်နိုင်သည်မှာ သဘာဝပင်။ သို့သော် ကြယ်၏ တန်ခိုးသတ္တိသည် အတိုင်းအတာ တစ်ခု ထိ တန်ဖိုးရှိကြောင်း စုမေ့နေသည်လား သို့တည်းမဟုတ် စုသားသမီးများ မေ့နေသည်လား မဆိုနိုင်။ ထိန်ဝါသော အလင်းရောင်အောက်၌ သာယာမှုအပေါင်း ခညောင်းနေကြသည်ဟု ဝေဖန်လျှင် စုသား သမီးများ ပွက်လောညံကြပေလိမ့်မည်။ လပြည့်ကျော်၍ လဆုတ်သောကာလ၌ ကြယ်တို့ လုံ့လထုတ်ရန် အဆင်သင့်မဖြစ်လျှင် ငုပ်စတုံးမည်မှာ မလွဲဧကန်ပင်။
တချိန်တခါက ပြည်ပရေဒီယိုအသံလွှင့်ဌာနတို့မှ နေ့စဉ်ရက်ဆက် ရွတ်ဖတ်သရဇ္ဈာယ်၍ စုနာမည်အား ရင်းနှီးသော်လည်း ဓာတ်ပုံငယ်တစ်ပုံမျှမမြင်ဖူးရသည့် ခေတ်ကာလအား ဖြတ်သန်းခဲ့သူ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တစ်ယောက်သည် ခေတ်အပြောင်းတွင် သောင်းပြောင်းထကာ မျက်နှာစာအလှပုံအဖြစ် ရေပန်း စားနေသည့် စုဓာတ်ပုံအား ကြည့်ရင်း စိတ်တွင်း၌ စုသမ္မတအဖြစ်ပါဝင်မည့် အစိုးရအဖွဲ့အား စိတ်ကူး ယဉ်ကြည့်ပေလိမ့်မည်။ သို့သော် သမ္မတရွှေစလွယ်အား လွယ်သိုင်းထားသည့် စုမှလွဲ၍ တခြား ပုဂ္ဂိုလ်များအား စိတ်ကူးဖြင့် မှန်းဆနိုင်စွမ်းသူ့တွင်မရှိချေ။ ခေတ်ပျက်ကာလတလျှောက် မှောက်ချည် လှန်ချည် ဖြတ်သန်းလာပြီးနောက် လောကဓံရှစ်ပါး၏ နှိပ်စက်ခြင်းအား လက်မြှောက်ထားလိုက်သူ ပင်စင် စားတစ်ယောက်သည် ရပ်ကွက်တွင်း လက်ဖက်ရည်ဆိုင်တွင် သတင်းစာဖတ်ရင်း စုသမ္မတ အဖြစ်ပါဝင် သော အစိုးရအဖွဲ့အား စိတ်ကူးဖြင့် မှန်းဆပုံဖော်ကြည့်ပေလိမ့်မည်။ သို့သော် စုမှလွဲ၍ တခြား ပုဂ္ဂိုလ်အစု အဖွဲ့အား အာရုံပြု၍ ထွက်မလာချေ။ မှန်းနိုင်သမျှ မှန်းဆသော်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေ ပေလိမ့်မည်။
လက်ပြန်ကြိုးတုတ်၍ ကခိုင်းလျှင် ယိုဒယားအစား ချိုမိုင်မိုင်ပင် ကရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် စုခမျာ တက် လာခဲ့သည့်စင်ပေါ်၌ ယိုင်မလဲရန် အားတင်းလျှက် စည်းချက်မှန်အောင် နင်းနေရသည်။ ဤတွင် မကတတ် ပဲ စင်ပေါ်တက်လာသည်ဟု ဝေဖန်မှုများ တ၀ါးဝါး ထွက်ပေါ်လာတော့သည်။ စုသားသမီးအပေါင်းကား လက်ခုပ်တီးရန်သာ ၎င်းတို့အတွက် တာဝန်ရှိသကဲ့သို့ ထင်မှတ်နေဆဲပင်။ လမ်းကူထွင်ပေးမည့်လူမရှိသည့် ဘ၀တွင် စုတစ်ယောက် လက်နောက်ပြန်ကြိုးတုတ်ခံလျှက်နှင့် တစ်ယောက်တည်း ဖောက်ရရှာသည်။ စုသားသမီးများကား အမေရှိလျှင် သုံးစရာရှိသည်ဟု ထင်မှတ်နေကြဆဲပင်။ အမေဘိုင်ပြတ်လျှင် ၎င်းတို့ငတ်မည်ကို ယောင်၍ပင်မစဉ်းစားကြချေ။
အနှောင်အဖွဲ့မှ လွတ်သောအခါ အကျဉ်းအကြပ်သည် စုအား လက်ဆန့်ကြိုဆိုလျှက်ရှိသည်။ ဆုပ်လည်းစူး၊ စားလည်းရူးသည့် သစ်သီးတို့သည် စုနံဘေး၌ အဆုပ်လိုက်ဝေဆာလျှက်ရှိသည်။ မစားလျှင် သူရဲဘော ကြောင်သည်၊ တာဝန်ယူလိုစိတ်မရှိ၊ ခေါင်းရှောင်သည် အစရှိသော ဂုဏ်ပုဒ်တို့ စုရင်ဘတ်၌ တစ်ခုပြီးတစ်ခု ချိတ်ဆွဲခြင်းခံရမည်ဖြစ်သည်။ ဤကား တချိန်တခါက အလွန်တရာမျှော်လင့်ခဲ့ကြခြင်း၏ ဘေးထွက်ဆိုး ကျိုးပင်။ မခံချင်၍ စားမိလျှင်လည်း စုသက်ဆိုးမရှည်နိုင်။ စုမကျူးလွန်ခဲ့သည့် အလုံးစုံသောအပြစ်တို့သည် စုခေါင်း၌ပုံကျလာပေလိမ့်မည်။ စုသားသမီးများကား နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်နေဆဲပင်။ ဤသည်ပင် ၎င်းတို့အတွက် တာဝန်ကြေပြီဟု ထင်မှတ်နေကြသည်။
တစ်နေရာ၌ ငြိမ်ငြိမ်ရပ်ရန်မဖြစ်နိုင်သည့်အခါ စုခမျာ အနည်းစုဟုထင်ရသော ဘက်သို့ ထွက်ရပ်ကြည့် သည်။ အများစုဟူသောအစုအဖွဲ့မှ ရစရာမရှိသည့် ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်လာသည်။ ထိုအခါ အများစုဟုထင်ရသော အစုအဖွဲ့သို့ တဖန်ထွက်ရပ်ကြည့်ပြန်သည်။ တစ်ဖက်မှဝေဖန်ပြစ်တင် ရှုံ့ချ သံတို့ကား ဘ၀ဂ်ညံသွားပြန်သည်။ စုသားသမီးများကား စုနောက်ပါး၌ ရွှေစွန်ညိုကစား၍ မယ်ထွေး လုပ်လျှက်ပင် ရှိနေကြသည်။ နှစ်ဖက်စလုံး ရပ်ကြည့်ပြီးအဆင်မပြေသည့်အခါ စုခမျာ သူမအနှောင် အဖွဲ့အတွင်း ရောက်ရှိနေချိန်တွင် ဖွတ်ကျောပြာစုဖြစ်သွားသည့် အိမ်အတွက် ရိက္ခာရှာထွက် ရပြန်လေ သည်။ ထိုအချိန်တွင်လည်း နိုင်ငံတကာမှ အိမ်ရှင်တချို့က ဆုပ်လည်းစူး၊စားလည်းရူးသည့် သစ်သီးများ နှင့်ပင် ဧည့်ခံကြပြန်လေသည်။ ထိုအခါ စုမှာ ငါးရှဥ့်ကွက်နင်း၍ ထွက်ရလေတော့သည်။ ငြင်းလျှင် အိမ် အပြန်တွင် ဘာမှမပါပဲ လက်ဗလာဖြင့် ပြန်ရပေလိမ့်မည်။ စားမိလျှင်လည်း ၀မ်းသွားမိကိန်းပင်။
မတရားဥပဒေ၏ စိုးမိုးမှုအောက် မျိုးဆက်၂ဆက်ကျော်မျှ ရင်စီးခံစားခဲ့သူအပေါင်းတို့အတွက် စုကိုင် ထားသည့် တရားဥပဒေစိုးမိုးခြင်းတည်းဟူသော စက်သေနတ်သည် ၎င်းတို့နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီး မြင်တွေ့နေရခဲ့ရသည့် နီးရာဓားတည်းဟူသော ထင်းခုတ်ဓားမထက် ပိုမိုအစွမ်းထက်သည်ကို ယုံကြည် လက်ခံရန် ခက်ခဲလှချေသည်။ စုတစ်ယောက်တည်း စက်သေနတ်အား ကျည်ထိုးနေချိန်တွင် ပြိုင်ဖက်အုပ်စု မှ ထင်းခုတ်ဓားမ ရမ်းပြခြင်းကြောင့် လူအများကြောက်ရွံ့တုန်လှုပ်နေလျှက် ရှိနေကြသည်။ အသွားမပါ သော စက်သေနတ်သည် ထင်းခုတ်ဓားမကဲ့သို့ တစ်စုံတရာကို ပြတ်အောင်မခုတ်နိုင်ဟူသော အယူအဆတို့ တွင်ကျယ်ပျံ့နှံ့လာသည်။ စုသားသမီးများကား ဂီးဂဲလုပ်ဆဲပင်။ အမေအတွက် ကျည်ကူထိုးပေးမည့်၊ မောင်းကူတင်ပေးမည့် သားသမီးကား ရှားပါးလှချေသည်။
တချိန်တခါက ပြိုင်ဖက်အုပ်စုတွင်းမှ ပြောင်းဖူးခင်းပိုင်ရှင်၏ အမြဲတစေပြောဆိုနေကျ စကားတစ်ခုဖြစ်သည့် " မျောက်မပလ္လင်ပေါ်ရောက်လျှင် နင်တို့အမျိုးထဲကဟာမတွေ အကုန်မျောက်နှင့်ညားလိမ့်မည်" တည်းဟူ သော ဟောကိန်းအား ငပြိန်းတို့ ယုံသထက်ယုံလာကြသည်။ တွက်ကိန်းများစွာချ၍ အမျိုး၊ဘာသာ၊ သာသနာအကြောင်း နှိုးဆော်ကြေငြာမောင်းခတ်ကြလေသည်။ တရားဥပဒေစိုးမိုးမှုသည် တရားမ၀င်ခြင်း အား အသိအမှတ်မပြုဟူသော အချက်ကို သတိမထားမိပဲ လူ့အခွင့်အရေးတံဆိပ်ကပ်၍ မျောက်များအား အင်ပို့လုပ်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ တရားဥပဒေအောက်၌ သိကြားမင်းပင်လျှင် မျောက်အား အိမ်တွင်းသွင်းခွင့်မရှိသည်ကို မေ့လျှော့နေကြသည်။ လူအများ သဘောညီစွာ စီရင်ထားသည့် တရားဥပဒေအား မျောက်လာပြင်၍ မပျက်နိုင်ချေ။ တရားဝင်သူမှန်လျှင် မျောက်ပင်ဖြစ်လင့်ကစား တိုက်ပုံ ကားကားဖြင့် ၀င့်ကြွားစွာနေနိုင်သည်။ ထိုအချက်အား သိသာထင်ရှားစေရန် စုအသံတစ်ခုတည်း အော်၍ အသံသာပြာမည်။ အရာရောက်လိမ့်မည်မဟုတ်ချေ။ စုသားသမီးများကား နှပ်ရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ အားကိုးမရချေ။
ရည်မှန်းထားသည့် ပလ္လင်သို့ တက်ရာလမ်းသည် စုအတွက် ကြမ်းတမ်းလှချေသည်။ လမ်းတလျှောက် ထောင်ချောက်များက နင်းကြမ်းပြည့်လျှက်ပင်။ စုသားသမီးများကား စုအားရှေ့တန်းတင်လျှက်ပင် ရှိနေ ကြသည်။ လှေကားထောင်ပေးမည့်လူ၊ လမ်းရှင်းပေးမည့်လူကား နထ္ထိ။ ဘိသိက်ခံမည့် ဘုရင်သည် မင်းအင်္ဂါစုံလင်ရန် အထူးလိုအပ်လှပေသည်။ သို့သော် စုသားသမီးများကား အမေ့ရင်ခွင်တွင် နွဲ့၍ ကောင်းဆဲ၊ချွဲ၍ကောင်းဆဲပင် ရှိနေကြသည်။ အရွယ်မရောက်ကြသေးပေ။ လိုအပ်သည်ထက်ပိုသော အခါ အမြင်ကပ်ခြင်းက မဖိတ်ခေါ်ပဲရောက်လာတတ်သည်။ မြန်မာပြည်၌ မန်ယူသည် ပရိသတ်အများဆုံး အသင်းဖြစ်သည်။ မန်ယူပရိတ်သတ်များ အိုဗာတင်းအသောက်များသောအခါ မန်ယူကိုနှစ်သက် သော် လည်း ပရိသတ်၏ အကဲဆတ်ပုံ၊အဖြစ်သည်းပုံတို့အား ကြည့်မရဖြစ်လာသူအပေါင်းတို့သည် အစဉ်အလာ မရှိသည့် မန်စီးတီးအား အားပေး၍ မန်ယူအားဆန့်ကျင်ကြကုန်၏။ မန်ယူဖန်နှင့် ခွတ်ဒေါင်းမာန်ပေါင်းစပ် ထားသည့် စုသားသမီးအပေါင်းကား ပတ်ဝန်းကျင်အား သတိမထားပဲ နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်ဆဲပင်။ စုခမျာ မောလှချေပြီ။ အားကိုးစရာကား နထ္ထိ။
ပလ္လင်ပေါ်ရောက်သည့်တစ်နေ့၌ ဖင်မြဲမြဲထိုင်နိုင်ရန် စုသားသမီးများ၌ မည်သည့်အကြံအစည်မျှ ရှိဟန် မတူချေ။ ပါဝါ(စွမ်းအား)ရှိသော်လည်း အာဏာသည် စုအတွက် ရာနှုန်းပြည့်ပိုင်ဆိုင်မည့် အလားအလာ မမြင်။ ခွဲတမ်းကျမျှသာ ရမည့်အခြေအနေရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များကြား စုသြဇာထိထိရောက်ရောက် မသက်ရောက်နိုင်သေးချေ။ ထိုအချက်သည် စုပလ္လင်ပေါ်ထိုင်သည့်တစ်နေ့ ခလောက်ဆန်၍ အကောင်းဆုံးအနေအထားတွင် ရှိနေသည်။ ခလောက်ဆန်၍ အကောက်ကြံသော် ပလ္လင်ပေါ်မှစုသည် တချိန်က နန်းမတော်စုဖုရား၏ ရာဇ၀င်တွင်သော စကားအား ပြောင်းပြန်လှန်၍ "စုမတိုက်ချင်ဘူး ဘိုးဘိုး" ဟု ပြောရန်မဖြစ်နိုင်ချေ။ ထိုအခါ စုမုန်းတီးရေးရိုက်သွင်းထားသည့် ယူနီဖောင်း ၀တ်တို့က စုသြဇာအား အပြည့်အ၀နာခံမည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။ စုသားသမီးများက ခွေးရုပ်ပိုက်ကာ နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်ရင်း စစ်ခွေးအမွှေးနုတ်တမ်း ကစားလျှက်ပင် ရှိနေကြသည်။
ပြိုင်ဖက်အုပ်စုအတွင်း မူဝါဒအရ စုမုန်းတီးရေး ရိုက်သွင်းထားသကဲ့သို့ စုသားသမီးမှာလည်း အမိမဲ့သား ရေနည်းငါးဘ၀တွင် ရန်သူမျိုးငါးပါးအတွင်းမှ သုံးပါး၏နှိပ်စက်ကလူပြုမှုကြောင့် စစ်သားမုန်းတီးရေးရောဂါ စွဲကပ်လျှက်ရှိသည်။ နှစ်ဖက်စလုံး၏ နာတာရှည်ရောဂါလက္ခဏာများကား တွေ့လျှင်ကိုက်လေ့ရှိသည်ကို တွေ့ရသည်။ ဤရောဂါတို့အား ပျောက်ကင်းအောင် ကုစားနိုင်သူမှာ စုတစ်ယောက်သာရှိသည်။ သို့သော် စုခမျာမအား၊ စုသားသမီးများကား နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ စိတ်ပျက်စရာကောင်းလှသည်။
အချုပ်အားဖြင့် ကုပ်ရသော် မာတာပိတုဂုဏော အနန္တောဟု ဘုရားဟောကျမ်းဂန်တွင် ပါရှိသော်လည်း မိမိအတွက်အနန္တောသည် တပါးသူအတွက် အနန္တောဖြစ်ချင်မှဖြစ်မည်။ အတင်းဖြစ်ခိုင်းလျှင် တစ်ဖက်က ချဉ်ကာ အမြင်ကပ်ခံရတတ်သည်။ ကျိုးကြောင်းဆင်ခြင်မှုမပါပဲ စိတ်ထင်ရာလျှောက်လုပ်သည့် အကျိုး ဆက်သည် မိမိအပါအ၀င် မိမိအားပေးထောက်ခံ ကိုယ်စားပြုသည့် အစုအဖွဲ့အား ဂွမ်းစေတတ်သည်။ ခေါင်းဆောင်မည်မျှပင်ကောင်းစေကာမူ နောက်လိုက်မကောင်းလျှင် မြောင်းထဲရောက်တတ်သည်။ ပစ္စယံ၊ ငှက်ပျောဖူး၊ထီး၊ငှက်မြတ်နားမပါပဲ စိန်ဖူးတော်တင်လှူပူဇော်ရန်မဖြစ်နိုင်ချေ။ ခေါင်းဆောင်သည် နောက် လိုက်အားတွဲခေါ်သကဲ့သို့ နောက်လိုက်သည်လည်း ခေါင်းဆောင်အား ပံ့ပိုးပေးရန်လိုအပ်သည်။
အရာရာ စုသဘော.. စုသဘောဟု ပုံအပ်ထားပါက စုမောလျှင် စုသားသမီးများ လျှာထွက်ကြပေလိမ့်မည်။ စုမှားလျှင် အားလုံးပျားတုပ်ခံရလိမ့်မည်။ စုသည်ကား ဘုရားမဟုတ်။
ဘွရှင်
စောက်ပေါတစ်ကောင်၏ ထင်သလိုသောင်းကျန်း ရမ်းကားဗုံးခွဲမှုအစုစုတို့ကား ဤ၌ နိဌိတံလေ၏။ မကြာမှီအလောင်းကောက်၍ လက်စဖျောက်မည်ဖြစ်ပါသဖြင့် မနွှဲလိုက်ရ ခေတ်မမှီမဖြစ်စေရန်အလို့ငှာ ဂီးဂဲအပေါင်းအား ဖိတ်မန္တကပြုလိုက်ရပါတော့သည်။
သာသနာ့ဝေယျာဝစ္စအသင်းမှ(၁၄၈)ကြိမ်မြောက် စနေနေ့နံနက်တိုင်း သံဃာတော်အပါး(၃၅၀)တို့အား အာရုံဆွမ်းလောင်းလှူပွဲကျင်းပ
၂၅.၅.၂၀၁၃ ရက်နေ့တွင်ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ်၊ ဓမ္မပါလကုန်းမြေပေါ်ရှိ စွယ်တော်မြတ် စေတီ တော်(ရန်ကုန်)သာသနာ့ဝေယျာဝစ္စအသင်း မှ(၁၄၈) ကြိမ်မြောက် စနေနေ့ နံနက်တိုင်း သံဃာ တော်အပါး (၃၅၀)တို့အား အာရုံဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ပါသည်။
အလှူရှင် ၇ မိုင်ခွဲ ပြည်လမ်းနေ ဗိုလ်ချုပ် ကျော်ဝင်း အား အမှူးထား၍ သားဖြစ်သူ ဦးဇော်ဝင်းနိုင်+ ဒေါ်ခင်စုလှိုင် မိသားစုမှ ကြက်သားအချိုချက်နှင့် ငံပြာရည်ကြော် တို့ဖြင့်လောင်းလှူခဲ့ပါသည်။
ဦးဇော်ဝင်းနိုင်+ဒေါ်ခင်စုလှိုင် မိသားစုသည် လစဉ်လတိုင်း၏ နောက်ဆုံးအပတ်တိုင်းပုံမှန် လောင်းလှူ ခဲ့ပါသည်။
ဦးဇော်ဝင်းနိုင်+ဒေါ်ခင်စုလှိုင်မိသားစုအစဉ်ထာဝရလောင်းလှူနိုင်ပါစေ....
စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သာသနာ့ဝေယျာဝစ္စအသင်း
စနေနေ့ နံနက်တိုင်းသံဃာတော်အပါး(၃၅၀)တို့အား အာရုံဆွမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းလိုသော ရပ်ဝေး နေသူများနှင့် ပြည်ပမှ လှုဒါန်းလိုသူများ အနေဖြင့်
ဆက်သွယ်ရန်လိပ်စာ..ဦးဝင်ကြိုင် (အတွင်းရေးမှုး.)ဖုန်း..09.421012018
အသင်းတည်ရှိရာလိပ်စာ...စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ဓမ္မပါလကုန်းမြေ၊
မရမ်းကုန်းမြို့နယ်..ရန်ကုန် သို့ ဆက်သွယ် လှူဒါန်းနှိုင်ကြပါသည်။
မြန်မာသံရုံးကို တိုက်ခိုက်ရန် သံသယရှိသူ ၂ ဦး အင်ဒိုနီးရှားတွင် ထပ်ဖမ်းမိ
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာရှိတဲ့ မြန်မာ သံရုံးကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ် သက်နေတယ်လို့ သံသယရှိသူ နောက်ထပ် ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီလူ ၂ ဦးကတော့ စီဂစ်အင် ဒရာဂျစ်နဲ့ ရိုဟာဒီဆိုသူတွေဖြစ်ပြီး စီဂစ်ကို ဂျကာ တာ မြောက်ပိုင်း တန်ဂျန်းပရီအော့အရပ်မှာ မေ ၂၂ ရက် ၈ နာရီကျော်လောက်မှာ ဖမ်းမိပြီး ရိုဟာဒီ ကိုတော့ မေ ၂၃ ရက် မနက်အစောပိုင်းက ဂျကာတာမြို့ အနောက်ဘက်ပိုင်းမှာ ရှိတဲ့ တန်ဂီရန်အရပ်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးမိတာလို့ ဒီနေ့ထုတ် ဂျကာတာပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
စီဂစ်ဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့အကြောင်းနဲ့ သူအိမ်မှာ ဆာလဖာ ကန့်မှုန့်တွေ၊ ၀ါယာကြိုးတွေ၊ အမည်မသိအမဲရောင်အမှုန့်တွေနဲ့ သံပိုက်လုံး စတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ခုလဆန်းပိုင်းကလည်း ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံးတွေ ထည့်ပြီး မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ မော်တော်ဆိုင်ကယ်စီးလာတဲ့ ဆီဖာရီရာနိုနဲ့ အချမက်ဒ်တာယူဖီ အမည်ရှိတဲ့ သံသယရှိသူ ၂ ဦးကို ရဲက ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါ့ပြင် မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်ဂိုဏ်းကို ရဲက ခြေရာခံရင်း အကြမ်းဖက် အဖွဲ့တခုက လူ ၇ ဦးကို အသေဖမ်းမိခဲ့ပြီး ၁၂ ဦးကျော်ကိုလည်း ဖမ်းဆီးထားပါတယ်။ ဖမ်းမိထား သူတွေဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်သူတွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီလူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာ သံရုံးကို တိုက်ခိုက်ချင်တာလို့ ပြောပါတယ်။ 
Credit : Here
ပုဂ္ဂလိကကျောင်းများသို့ ဘာသာရေးနှင့် သက်ဆိုင်သော ညွှန်ကြားချက်ထုတ်
ရန်ကုန်၊ မေ- ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများ၌ ဘာသာရေးနှင့်ဆက်နွှယ် ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် မေ ၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်းသတင်းရရှိသည်။
ဘာသာရေးနှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းမပြုရန်၊ ပုဂ္ဂလိက ကျောင်းများလိုက်နာဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ညွှန်ကြားချက်ကို ရရှိထားကြောင်း ပုဂ္ဂလိကကျောင်းတည်ထောင်သူ တစ်ဦး ကပြောသည်။
“မနေ့ (မေ ၂၀ ရက်) ကပဲ စာသွားယူရတယ်။ ဘာသာရေးဆက်နွှယ်တာတွေ ဆောင်ရွက်ခြင်းမရှိစေရ ဆိုပြီး ညွှန်ကြားချက်ထုတ်ထားတာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အလားတူ အဖြစ် အပျက်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
လာမည့် ဇွန် ၃ ရက်တွင် အခြေ ခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယင်းမတိုင်မီ ပုဂ္ဂလိက ကျောင်းများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားသော ကိုယ်ပိုင် သင်တန်းပေါင်း ၁၂၀၀ ကျော်ရှိနေပြီး ဘာသာရပ်ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် ဘာသာ စကားကျောင်းများကို မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။
7Day
နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
==========================================
Saturday, May 25, 2013|Popular Myanmar
ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါစီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။ " ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ၊လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ် ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။
Myawady News
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး လိုက်ပါစီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦးသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဉ်တိမ်း မှောက်မှုမှ သေဆုံးသူများထဲတွင် သံဃာတော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။ " ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ ရစရာတောင်မရှိသလောက်ပဲ၊လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ် လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။
အခြားဘာသာကို ထိပါးပုတ်ခတ် ဟောပြောလျှင် ရာဇသတ်ကြီးဥပဒေဖြင့်အရေးယူနိုင်ဟုဆို
မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကိုထိပါးပုတ်ခတ်သည့်အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၉၅၊၂၉၅ (က)တို့ဖြင့် အရေးယူခံရနိုင်သဖြင့် မိမိဘာသာမှလွဲ၍ အခြားဘာသာများအား ပုတ်ခတ် ပြောဆိုခြင်းမပြု မိရန်လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။
“ကျွန်တော်တို့နိုင်ငံက ဒီမိုက ရေစီလမ်းကိုချီတက်ပြီး တခြားနိုင်ငံ တွေနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေတဲ့ အချိန်မှာအဖျက်တွေလည်းအများကြီးရှိတယ်။ ပြောရမယ်ဆိုရင် အကြီးမားဆုံးပြဿနာက အဓိ ကရုဏ်း တွေပေါ့။ တစ်ယောက်က သွေးထိုးလိုက်တာနဲ့ပါသွားတာပဲ။ သီတဂူဆရာတော်ကြီးဟောထား သလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ အရေးကြီးပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိဘာသာကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အခြားဘာသာ များအား ထိခိုက်စော်ကားရန် မလိုအပ်ကြောင်း၊ အခြားဘာသာများကလည်း မိမိဘာသာများကို တိုး တက်အောင် လုပ်ဆောင်ရာတွင် အခြားသာသာများကို မပုတ်ခတ်ရန်လိုကြောင်း ၎င်းက ပြောကြား သည်။
“အခြားဘာသာ၊ သာသနာနဲ့ ပတ်သက်လို့ ထိပါးပြီးပြောမိ၊ ဟောမိတယ်ဆိုရင် အလိုလိုနေ ရင်း ပြစ်မှု ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မစော်ကား ဖို့လိုပါတယ်။ ညီညွှတ်တယ်ဆိုတာ အလွန်အင်မတန်ကောင်းပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ဗုဒ္ဓဘာသာသည် နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ညီညွှတ်သောဘာသာဖြစ်ပြီး ခရစ်ယာန်၊အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်မှုတို့သည် နိုင်ငံအတွင်း တည်ရှိသည့် ဘာသာ၊ သာသနာ အဖြစ် အသိအမှတ်ပြုပြီး ၎င်းဘာသာ၊ သာသနာများကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက် မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
“ဗုဒ္ဓဘာသာကို စော်ကားမှရယ်လို့ မဟုတ်ပါဘူး။ လူတစ်ဖက်သား ကိုးကွယ်တဲ့ ဘာသာတရားကို ထိခိုက် တာမှန်သမျှ ဒီပုဒ်မနဲ့ အကျုံးဝင်ပါတယ်။ ဒီဥပဒေအရ ကိုးကွယ်သူ လူဦးရေအနည်းအများ သတ် မှတ် ထားခြင်းမရှိဘဲ မည်သည့်ဘာသာကိုမဆို စော်ကားခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင် ဦးခင်ဇော် က ပြော သည်။
ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တွင် လူတစ်ဖက်သား ကိုးကွယ်သော ဘာသာ၊ သာသနာ ကိုစော်ကားလျှင် (သို့မဟုတ်) စော်ကားရန် ကြံစည်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုး မျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
From...7Day News Journal
ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိ သည့် အခွန် များအား အသစ်ပြန် လည် ပြဋ္ဌာန်းမည်
Photo: ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်များအား အသစ်ပြန်လည် ပြဋ္ဌာန်းမည်
မေလ ၂၄ ရက် ၂၀၁၃ 
ဝင်ငွေခွန်၊ ကုန်သွယ်ခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်စည်းကြပ်များအား ပြည်သူများ လိုက်နာနိုင်သည့် အနေအထားအထိ ရောက်ရှိရန် အသစ်ပြန်လည် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံ၏ GDP တွင် အခွန်ပါဝင်မှု အချိုးမှာ သုံးရာခိုင်နှုန်းခန့်သာ ရှိနေပြီး အခွန်ဆိုင်ရာ နယ်ပယ်ကျယ်ပြန့်ပြီး ပြည်သူများ လိုက်နာနိုင်သည့် နှုန်းထားသို့ ရောက်ရှိရန် ယခင်နှစ် ဧပြီ ၁ ရက်မှ စတင်၍ အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း ပြည်သူများ လိုက်နာနိုင်မှု နည်းပါးသည့်အတွက် ဥပဒေသစ် ထပ်မံပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ပြည်သူတွေ လိုက်နာနိုင်တဲ့ နှုန်းထားအထိ ရောက်အောင် ၀င်ငွေခွန်တွေ ကုန်သွယ်လုပ်ငန်းခွန်တွေကို အသစ်ပြန်လည် ပြဋ္ဌာန်းပါမယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ပြင်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အစဖြစ်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား အစပေါင်း ၁၀၀ အထိ တိုးမြှင့်ခဲ့သော်လည်း ပြည်သူများအကြား လိုက်နာနိုင်မှု မရှိသည့်အပြင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များ ပြန်လည်လျော့ချပေးရန် ဆန္ဒဖော်ထုတ်မှုများ နိုင်ငံတော် သမ္မတထံ တင်ပြမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်သူများ လိုက်နာနိုင်စေရန် ရာခိုင်နှုန်း ၁၀၀ အထိ တိုးမြှင့်ခဲ့သည့် တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်များအား ရာခိုင်နှုန်း ၃၀ အထိ လျော့ချမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။
''လာမယ့်ဇွန်လအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ အဆပေါင်းများစွာ တင်ထားတဲ့ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တွေကို အဆပေါင်း ၃၀ အထိ လျော့ချဖို့ အတည်ပြု ဆွေးနွေးပြီးရင် တရားဝင် ထုတ်ပြန်ပေးပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။
လက်ရှိကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်နိုင်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား မေ ၈ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ အနေဖြင့် ရသင့်ရထိုက်သော အခွန်များရရှိရန်၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီရန်၊ လက်ရှိအခွန် ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်နှင့် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်စေရေးနှင့် အခွန်ပြည့်ပြည့်၀၀ ရရှိစေရေး စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
Eleven
ဝင်ငွေခွန်၊ ကုန်သွယ်ခွန်စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်စည်းကြပ်များအား ပြည်သူများ လိုက်နာနိုင်သည့် အနေအထားအထိ ရောက်ရှိရန် အသစ်ပြန်လည် ပြဋ္ဌာန်း မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။
မြန်မာနိုင်ငံ၏ GDP တွင် အခွန်ပါဝင်မှုအချိုးမှာ သုံးရာခိုင်နှုန်း ခန့်သာရှိနေပြီး အခွန်ဆိုင်ရာ နယ်ပယ်ကျယ်ပြန့်ပြီး ပြည်သူများ လိုက်နာနိုင်သည့် နှုန်းထားသို့ ရောက်ရှိရန် ယခင်နှစ် ဧပြီ ၁ ရက်မှ စတင်၍ အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ် ခဲ့သော်လည်း ပြည်သူများ လိုက်နာနိုင်မှု နည်းပါးသည့် အတွက် ဥပဒေသစ် ထပ်မံပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ပြည်သူတွေ လိုက်နာနိုင်တဲ့ နှုန်းထားအထိ ရောက်အောင် ၀င်ငွေခွန်တွေ ကုန်သွယ်လုပ်ငန်းခွန်တွေကို အသစ်ပြန်လည် ပြဋ္ဌာန်းပါမယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတ၀င် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ပြင်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အစဖြစ်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရုံးခွန်နှင့် တံဆိပ်ခေါင်း ခွန်များအား အစပေါင်း ၁၀၀ အထိ တိုးမြှင့်ခဲ့သော်လည်း ပြည်သူများအကြား လိုက်နာနိုင်မှု မရှိသည့် အပြင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များ ပြန်လည်လျော့ချပေးရန် ဆန္ဒဖော်ထုတ်မှုများ နိုင်ငံတော်သမ္မတ ထံ တင်ပြမှုများဖြစ်ပွားခဲ့သဖြင့် ပြန်သူများ လိုက်နာနိုင်စေရန် ရာခိုင်နှုန်း ၁၀၀ အထိ တိုးမြှင့်ခဲ့သည့် တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်များအား ရာခိုင်နှုန်း ၃၀ အထိ လျော့ချမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။
''လာမယ့်ဇွန်လအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ အဆပေါင်းများစွာ တင်ထားတဲ့ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တွေကို အဆပေါင်း ၃၀ အထိ လျော့ချဖို့ အတည်ပြု ဆွေးနွေးပြီးရင် တရားဝင် ထုတ်ပြန် ပေးပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော် မတီဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။
လက်ရှိကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင် ရွက် နိုင်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား မေ ၈ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။
အဆိုပါအဖွဲ့ အနေဖြင့် ရသင့်ရထိုက်သော အခွန်များရရှိရန်၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီရန်၊ လက်ရှိအခွန်ကောက်ခံမှုနှင့်ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်နှင့် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်စေရေးနှင့် အခွန်ပြည့်ပြည့်၀၀ ရရှိစေရေး စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ် ကြောင်း သိရသည်။
Eleven
ယာဉ်ကြော ပိတ်မှု လျော့ ချရေး အမြန်မြို့ပတ် လမ်းများဖောက် မှု ရန်ကုန်မြို့ပြ စီမံကိန်း တွင်ပါဝင်
Photo: ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်
မေလ ၂၄ ရက် ၂၀၁၃ 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။
ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွားလာမှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်းကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရသည်။
လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အချိန်ကုန်ဆုံးမှုတို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်းထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်းမှု လျော့ချနိုင်ရန်အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်းထားသည်။
ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် လိုရာခရီးကို ရောက်ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သော သူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရသည်။
Eleven
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြော ပိတ်ဆို့ မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ ပတ် လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။
ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွားလာ မှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်း ကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရ သည်။
လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေ ရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံး နေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အချိန်ကုန်ဆုံးမှု တို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်း ထား သည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်းမှု လျော့ချနိုင်ရန် အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်း ထားသည်။
ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှုများကြောင့် လိုရာခရီးကို ရောက်ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှု ဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော် ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင်နေထိုင်သောသူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက် ကောင်းမွန် သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရ သည်။
Eleven
ကချင် ဒုက္ခ သည် ကလေး များ ကျောင်း ဆက် တက် ရန် ခက်ခဲနေ
Photo: ကချင် ဒုက္ခသည် ကလေးများ ကျောင်းဆက်တက်ရန် ခက်ခဲနေ
မေလ ၂၄ ရက် ၂၀၁၃ 
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။
ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။
နေ၀န်းနီ ဒုက္ခသည်စခန်းတွင် ကူညီနေသူ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ ဦးဘသန်း ကလည်း“မနှစ်က စာသင်နှစ် ၀က် လက်ခံတာက ကျောင်းက ယာယီပဲတက်မှာဆိုပြီး လက်ခံထားတာလို့ ပြောတယ်။ ဒါပေမယ့် အခုတက်မယ်ဆိုရင် ကျောင်းမှာစာရင်းသွင်းဖို့ ကျောင်းပြောင်းလက်မှတ် ပါမှ တက်လို့ရမယ်တဲ့”ဟု ပြောသည်။
ကလေးမိဘများ အနေဖြင့် ခရီးဝေးခြင်း၊ ကုန်ကျစရိတ်မတတ်နိုင်ခြင်း တို့ကြောင့် မူလကျောင်းများသို့ ပြန်၍ ကျောင်းပြောင်း လက်မှတ် ယူရန် အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။
ဦးဘသန်း က ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆွေးနွေး၍ ကျောင်းပြောင်းလက်မှတ်ရယူရန် ကူညီသွားမှာဖြစ်ကြောင်းနှင့် ကလေးများ ယခု ပညာသင်နှစ်တွင် ကျောင်းတက်ခွင့် ရရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
နေ၀န်းနီ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးကျော်ဆွေကလည်း“အစက ကလေးတွေ အောင်စာရင်းမှာ နာမည် မပါလာလို့ စိတ်ပူသွားတယ်။ အတန်း တက်ဖို့ စာရင်းသွင်းရမှာပါ။ ကျောင်းပြောင်းလက်မှတ်ရရင် အဆင်ပြေပါပြီ”ဟု ဆိုသည်။
နေ၀န်းနီဒုက္ခသည်စခန်းတွင် မိသားစုပေါင်း ၉၇ စုရှိပြီး ကလေးအများစုမှာ ၅ နှစ်အောက် ကလေးများဖြစ်ကြောင်း၊ တချို့ကျောင်း နေအရွယ် ကလေးများမှာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းမျာသို့ ပို့ထားကြောင်း သိရသည်။
နေ၀န်းနီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ထားရှိခဲ့ခြင်း ဖြစ်သည်။
ယခုမိုးရာသီဝင်ရောက်ပြီ ဖြစ်သောကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်းနှင့် ဆေးဝါးမလုံလောက်မှုလည်း ရှိကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ဒုက္ခသည်စခန်း၏ စားရေးသောက်ရေးအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ လစဉ် ဆန်ထောက်ပံ့မှုရှိပြီး ဒုက္ခသည်များကို ကူညီနေသည့် ကရုဏာ အဖွဲ့က တရက်လျှင် ဒုက္ခသည် တဦးအတွက် ကျပ်၂၀၀ ထောက်ပံ့ကြောင်း သိရသည်။
“ဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးဖို့ ရှိတယ်။ ပစ္စည်းမစုံသေးလို့ မဆောက်ဖြစ်သေးတာ။ အခုမိုးရာသီအတွက်တော့ နေ စရာ နေရာ အဓိကပဲ”ဟု ဦးကျော်ဆွေ က ဆိုသည်။
ဒုက္ခသည် အများစုမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အူလံဘာ ကျေးရွာအုပ်စုရှိ အထက် မန်လွယ်ရွာ၊ အောက် မန်လွယ်ရွာနှင့် ကျူဝိုင်း ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၄ ခုရှိပြီး မိသားစုဝင်ပေါင်း ၃၀၀ ကျော် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။
ဧရာဝတီ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့ နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခ သည် စခန်းမှ ကလေးငယ်များသည် စာမေးပွဲ အောင်သော်လည်း အတန်းတက်ရန် အခက် အခဲရှိနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။
ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲအောင်မြင်သော်လည်း ကျောင်းပြောင်း လက်မှတ်မပါရှိသောကြောင့် ကျောင်းမှ လက် မခံ သေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။
နေ၀န်းနီ ဒုက္ခသည်စခန်းတွင် ကူညီနေသူ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ ဦးဘသန်း ကလည်း“မနှစ်က စာသင်နှစ်ဝက် လက်ခံတာက ကျောင်းကယာယီပဲတက်မှာဆိုပြီး လက်ခံထားတာ လို့ ပြောတယ်။ ဒါပေမယ့် အခုတက်မယ်ဆိုရင် ကျောင်းမှာစာရင်းသွင်းဖို့ ကျောင်းပြောင်းလက်မှတ် ပါမှ တက်လို့ရမယ်တဲ့”ဟု ပြောသည်။
ကလေးမိဘများ အနေဖြင့် ခရီးဝေးခြင်း၊ ကုန်ကျစရိတ်မတတ်နိုင်ခြင်း တို့ကြောင့် မူလကျောင်း များသို့ ပြန်၍ ကျောင်းပြောင်း လက်မှတ် ယူရန် အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။
ဦးဘသန်းက ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆွေးနွေး၍ ကျောင်းပြောင်းလက်မှတ်ရယူရန် ကူညီသွားမှာဖြစ်ကြောင်းနှင့် ကလေးများ ယခု ပညာသင်နှစ်တွင် ကျောင်းတက်ခွင့်ရရန် အတတ်နိုင် ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
နေ၀န်းနီ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးကျော်ဆွေကလည်း“အစက ကလေးတွေ အောင်စာရင်းမှာ နာမည် မပါလာလို့ စိတ်ပူသွားတယ်။ အတန်း တက်ဖို့ စာရင်းသွင်းရမှာပါ။ ကျောင်းပြောင်းလက်မှတ်ရရင် အဆင် ပြေပါပြီ”ဟု ဆိုသည်။
နေ၀န်းနီဒုက္ခသည်စခန်းတွင် မိသားစုပေါင်း ၉၇ စုရှိပြီး ကလေးအများစုမှာ ၅ နှစ်အောက် ကလေး များဖြစ်ကြောင်း၊ တချို့ကျောင်းနေအရွယ်ကလေးများမှာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလ ရှင် ကျောင်းများသို့ ပို့ထားကြောင်း သိရသည်။
နေ၀န်းနီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ထားရှိခဲ့ခြင်း ဖြစ်သည်။
ယခုမိုးရာသီဝင်ရောက်ပြီဖြစ်သောကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ၀မ်းပျက် ၀မ်းလျှော ဖြစ် ပွားမည်ကို စိုးရိမ်ရကြောင်းနှင့် ဆေးဝါးမလုံလောက်မှုလည်း ရှိကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ဒုက္ခသည်စခန်း၏ စားရေးသောက်ရေးအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ လစဉ် ဆန် ထောက်ပံ့မှုရှိပြီး ဒုက္ခသည်များကို ကူညီနေသည့် ကရုဏာ အဖွဲ့က တရက်လျှင် ဒုက္ခသည် တဦးအတွက် ကျပ်၂၀၀ ထောက်ပံ့ကြောင်း သိရသည်။
“ဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးဖို့ ရှိတယ်။ ပစ္စည်းမစုံသေးလို့ မဆောက်ဖြစ်သေးတာ။ အခုမိုး ရာသီ အတွက်တော့ နေ စရာ နေရာ အဓိကပဲ”ဟု ဦးကျော်ဆွေ က ဆိုသည်။
ဒုက္ခသည် အများစုမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အူလံဘာ ကျေးရွာအုပ်စုရှိ အထက် မန်လွယ်ရွာ၊ အောက် မန်လွယ်ရွာနှင့် ကျူဝိုင်း ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာကြ သူများ ဖြစ်သည်။
နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၄ ခုရှိပြီး မိသားစုဝင်ပေါင်း ၃၀၀ ကျော် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။
ဧရာဝတီ
သီချင်း အလွတ်ရခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး
တော်တော်များများ ဖြစ်ကြမှာပါ။ စာကျက်ရင်တော့ အလွတ်မရပဲ သီချင်းကျတော့ တစ်ခါနားထောင်ရင် အလွတ်ရသွားတာတို့။ သုံးလေးခါ နားထောင်တာနဲ့ပေါ့။ ဟုတ်ကဲ့။ အဲဒါ ကောင်းတဲ့ အမူအကျင့်ပါ။
အဲ့ဒီလို သီချင်းစာသား အလွတ်ရပြီး၊ ပြန်လည်သီဆိုနိုင်သူက ဦးနှောက်ကို ကျန်းမာရေး ကောင်းစေပြီး အတိတ်မေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် တားဆီးကာကွယ်ပေးပါတယ်။
သီချင်းကိုကြိုက်လည်း အရမ်းကြိုက်တယ်။ နားထောင်တာလည်း အခေါက်ပေါင်း အရေအတွက် မနည်း တော့ဘူး။ လိုက်လည်းဆိုဖြစ်တယ်။ တစ်ယောက်တည်း မကြည့်ပဲ စိတ်လွတ်ကိုယ်လွတ် ဆိုကြည့်တဲ့ အခါကျ ဟိုမေ့ဒီမေ့ ဖြစ်တယ်ဆိုရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အမေရိကန် ဆေး သိပ္ပံပညာရှင် တို့ လေ့လာတွေ့ရှိထားချက် ဖြစ်ပါတယ်။
ဒါကြောင့် သီချင်းစာသားများ အလွတ်ရခြင်းကို ဦးနှောက်နှင့် ဆက်စပ်ကျန်းမာရေးကောင်းကျိုးများ ပေးစွမ်းစေကြောင်း သိရပါတယ်။
Ref:medic-facts
ရိုးရာလေး
ကဆုန် လပြည့်နေ့ ရွှေတိဂုံပေါ်တက်သည့် မြွေဆိုသည်မှာ ကြိုးစသာဖြစ်
ကဆုန် လပြည့်နေ့ ရွှေတိဂုံဘုရား ပေါ်တွင် တက်သည့် မြွေဆိုသည်မှာ ကြိုးစသာဖြစ်ကြောင်း ဓာတ်ပုံပါ။
နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီး အနီးက အံ့ သြဖွယ် ဆွဲငင်အားတစ်ခု
နေပြည်တော် - တပ်ကုန်း အမှတ် (၁) လမ်းမကြီး ပေါ်ရှိ မိုင်တိုင်အမှတ် ခြောက်မိုင် ငါးဖာလုံတွင် ထူးဆန်း သည့် ဆင်ခြေလျှော ကုန်းဆင်းလေးတစ်ခု ရှိနေပါသည်။
ဆင်ခြေလျှော ကုန်းဆင်းလေး ၏ အဆင်းပိုင်း နေရာသို့ရောက်ပါက တံတောင်ဆစ် ကွေ့ငယ် လေး တစ်ခု ရှိ သည်။
ထို့အတွက် မော်တော် ယာဉ်များအနေဖြင့် ကုန်း အဆင်း ဆင်ခြေလျှောဖြစ် သည့် ထိုနေရာ သို့ရောက် လျှင် ဂီ ယာဖြုတ် ကာ အရှိန်ဖြင့် အသာ အယာ လှိမ့်ဆင်းမောင်းနှင် သွားနိုင်ပေသည်။
သို့သော် အဆိုပါမိုင်တိုင်နှင့် တည့်တည့် ကျသည့် နေရာတွင် (ဓါတ်ပုံပါနေရာ) ကားကိုခေတ္တ ရပ်၍ စက် ပိတ် ရပ် တန့်ပါက ယင်းမော်တော် ယာဉ်သည် ကုန်းအဆင်း ဆင်ခြေလျှော အတိုင်း ထိုးဆင်း သွားရမည့် အ စား ကုန်း အတက်ဘက်ဆီသို့ နောက်ပြန် ( ဘက်ဂီယာမထိုးဘဲ) အရှိန်နှင့် ပြန်ဆုတ်သွားသည်ကို မျက်မြင် ကိုယ်ေ တွ့ ကြုံခဲ့ရပါသည်။
အများပြောသည်ကိုမယုံကြည်သောယဉ်မောင်းများစွာ ထိုနေရာတွင်လာရောက် စမ်းသပ် ကြည့်ရှုကြ သည်ကို လည်း တွေ့မြင်ခဲ့ရသည်။ အချို့ က လူကိုယ်တိုင်ကားပေါ်မှ ဆင်းကာကား လမ်းမပေါ်မှ မတ် တတ် ရပ်ကြည့် ရှုကြသည်။ အံ့ သြဖွယ်ရာ ကောင်းလောက်အောင်ပင် အနည်း ဆုံး ပေ ၅၀ မှ ၁၀၀ ခန့် အထိ ကုန်း အတက် ဘက်ဆီ နောက်ပြန် ထိုးတက် သွားသည့် ကားများကိုတွေ့မြင်ရပေသည်။
ဇင်ယော် မိတ်ဆွေများလည်း သွားရောက်စူးစမ်းလို့ ရအောင် ဗဟုသုတအလို့ငှာ တင်ပေးလိုက်ပါသည်။
https://www.facebook.com/photo.php?fbid=455970621161879&set=a.385834744842134.96775.385811024844506&type=1&ref=nf
BY : CH
Credit: ကိုပေါက် ( နေပြည်တော်)
မြန်မာ့အလင်း သတင်းစာ ၂၄-၅-၂၀၁၃ တွင်လည်း အဆိုပါ သတင်းပါရှိပြီး ဂျာနယ် အချို့တွင်လည်း ပါ ပါသည်။ နေပြည်တော်သို့ သွားရောက်၍ စမ်းသပ်ကြပါလေ။
ရဲတပ်ဖွဲ့ဝင်၏ ဥပဒေမဲ့ ကျူးလွန်မှုကို ဖော်ပြတဲ့ ရဲတပ်ဖွဲ့၏ စာမျက်နှာ
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်မှ အမျိုးသမီး တစ်ဦးအား သားမယားပြုကျင့်ကြောင်း တိုင်တန်း၍ ဖမ်းဆီးအရေးယူသည့် သတင်းအား ရန်ကုန်ရဲတပ်ဖွဲ့ ၀င်၏ စာမျက်နှာတွင် တွေ့လိုက်ရသည်။ ရဲဖြစ်စေ ၊ စစ်သား ဖြစ်စေ၊ မ တစ်ထောင်သား များဖြစ်သည်မို့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြစ်မှု ကျူးလွန်မည်သာ ဖြစ်သည်။
အမေရိကန် စစ်သားများ အီရတ်၊ အာဖဂန် စစ်မြေ ပြင်များတွင် သာမက၊ ဂျပန်ရှိ အိုကီနာဝါ ကျွန်း တွင်ပင် မုဒိန်းကျင့်သည်။ မလေးရှား ရဲများ အုပ်စုဖွဲ့ မုဒိန်းကျင့်သည်။ နိုင်ငံတကာ ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်နှိမ်နှင်းကြသည်။ အသေး အဖွဲ ဆန္ဒပြမှုမှ အကြီးဆုံး ဆန္ဒပြမှု အထိ ထိခိုက်သေဆုံး ရမှုများတွင် မြန်မာနိုင်ငံမှာ အနိမ့်ဆုံး ဖြစ်သည်။
ထို့အတူ တပ်ဖွဲ့ဝင်များ ပြည်သူအပေါ် ပြစ်မှုကျူးလွန်မှုမှာလည်း အနိမ့်ဆုံး ဖြစ်သည်။ မတရားဟု ယူဆပါက လွှတ်တော်အထိ တက်တိုင်နိုင်သည်။ ခြေမ မကောင်းခြေမ၊ လက်မမကောင်း လက်မ ပင်။
Credit : http://www.oppositeyes.info/2013/05/blog-post_4514.html