Thursday, May 23, 2013

ပါလက်စတိုင်းအား (၆)ဂိုးအထက် သွင်းယူရန် မြန်မာအမျိုးသမီးအသင်း ပစ်မှတ်ထား



မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါက လာမည့် မေလ(၂၃)ရက်နေ့ ဒေသ စံ တော် ချိန် ညနေ(၅း၀၀)နာရီ တွင်ယှဉ်ပြိုင်ကစား ရမည့် ၂၀၁၄ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယ ပွဲစဉ်တွင် အိမ် ရှင် ပါလက်စတိုင်းအသင်းအား (၆)ဂိုး အထက် သွင်းယူရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြား လိုက် သည်။


"ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စတိုင်းကို နိုင်ထားတယ်။ မနက်ဖြန် ကျွန်တော်တို့ အ သင်း ကလည်း ပါလက် စတိုင်းကို (၆)ဂိုးအထက် သွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဂိုးများများ ရထားဖို့လိုတယ်။ နောက် ဆုံးပွဲစဉ်ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ပွဲကိုလည်း အနိုင်ကစားမှာပါပဲ။ ဒါပေမဲ့ ဒီအုပ်စုမှာ အဓိကပြိုင် ဘက်ဖြစ် တဲ့ တရုတ်(တိုင်ပေ)အသင်းထက် လေလောဆယ် ရဂိုးပိုများထားဖို့ လိုပါတယ်။" ဟု မြန်မာအ သင်း နည်းပြ ကုမာဒါက themff.org သို့ ယနေ့မနက်ပိုင်းက ပြောကြားခဲ့သည်။ 

ကုမာဒါသည် အိန္ဒိယကို အနိုင်ရရှိခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်လည်း ပြိုင်ဘက်အသင်းများ၏ တောင့် တင်းမှုအား ဖွင့်ဟပြောကြားခဲ့သည်။ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊မြန်မာ တို့မှာ အမျိုးသမီးဘောလုံး အဆင့် အတန်းတွင် တန်းတူရှိကြောင်း၊ အိန္ဒိယအသင်း၏ ကစားပုံမှာ အံ့သြဖွယ်ရာ တိုးတက်လာသည်ကို တွေ့ ရကြောင်း၊ မိမိတို့အသင်းအနေဖြင့် ယနေ့ပွဲတွင် အမှားများ စွာရှိခဲ့ကြောင်း၊ နောက်တန်းနှင့် ဂိုးသမား တို့ ကာကွယ်မှုများကြောင့်သာ ဂိုးမပေးရခြင်းဖြစ်ကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။

အခြားသတင်းတစ်ရပ်အနေဖြင့် ပါလက်စတိုင်းဒေသခံများအကြား အာရှခြေစစ်ပွဲအောင်ရန် တစ်ပြေးနေ သည့် တရုတ်(တိုင်ပေ) အသင်းမှာ ယမန်နေ့က ပွဲကစား ရက် ရွှေ့ဆိုင်းပေးရန် မြန်မာအသင်းအား လာေ ရာက် ညှိနှိုင်းခဲ့ရာ မြန်မာအသင်းမှ သဘောမတူ ကြောင်း အကြောင်းပြန်ခဲ့သည်။တရုတ်(တိုင်ပေ)အသင်း တာဝန် ရှိသူအချို့က ၄င်းတို့အသင်း သတ်မှတ်ရက်ထက်စောစီးစွာပြန်လိုသဖြင့် မေလ(၂၅)ရက်တွင် က စား မည့် မြန်မာနှင့်ပွဲကို မေလ(၂၄) ရက်သို့ ရွှေ့ဆိုင်းပေးရန် လာရောက် ညှိနှိုင်းခဲ့ခြင်းဖြစ် သည်။ ခြေစစ် ပွဲ ကစားရမည့် တရားဝင်ရက်စွဲများမှာ မေ(၂၁-၂၃-၂၅) ရက်နေ့များဖြစ်ပြီး တစ်ရက်ခြား ကစားရမ ည်ဖြစ် ရာ တိုင်ပေ၏ ညှိနှိုင်းချက်သည် မိမိတို့အသင်းအား ပွဲပန်းခြင်းဖြစ်စေမည့်အပြင် သဘာဝလည်း မကျ သည့် အ တွက် မြန်မာဘက်မှ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

Credit : http://www.oppositeyes.info/2013/05/blog-post_8336.html

အမေရိကန်နိုင်ငံတွင် သမ္မတ ဦးသိန်းစိန်နှင့် CNN နိုင်ငံတကာ သတင်းထောက်ချုပ် Christiane Amanpour တို့၏ အင်တာဗျူး



Christiane Amanpour - အရင်တုန်းက မြန်မာ နိုင်ငံဆိုတာ အမေရိကန်ရဲ့ နံပါတ်တစ် ရန်သူပါ။ အဲဒီ အခြေ အနေတွေကနေ အခုလိုမျိုး မြန်မြန် ဆန်ဆန်တိုးတက်လာတာ သမ္မတကြီးလည်း အံ့သြ နေ မိမယ် ထင်ပါ တယ်။


သမ္မတဦးသိန်းစိန် - ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်တို့ နှစ်နိုင်ငံ (အမေရိကန်နှင့် မြန်မာ) ဆက် ဆံရေး ဒီလောက်အရှိန်မြန်မြန်နဲ့ တိုးတက်လာတာကို အံသြမိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဆက် ဆံရေး မှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာမျိုးဟာ မရှိနိုင်ပါဘူး။

Christiane Amanpour - ဒီခရီးစဉ်ကနေ ဘာတွေအကျိုးရှိလာနိုင်မယ်ထင်ပါသလဲ။

သမ္မတ ဦးသိန်းစိန် - ပထမအချက်ကတော့ ဒီခရီးစဉ်ကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး တိုး တက်လာနိုင်ပါမယ်။ နောက်တစ်ချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အတားအ ဆီးတွေဖြစ်ေ နတဲ့အ ရာတွေကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Christiane Amanpour - မြန်မာနိုင်ငံဟာ တရုတ်နဲ့လည်း ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့တယ်။ အခု အမေရိ ကန် ၀င်ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ယှဉ်ပြိုင် ရမယ်လို့ ထင်ပါသလား။

သမ္မတဦးသိန်းစိန် - အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြားမှာ ပြိုင်ဆိုင်မှုတွေမရှိနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင် ငံခြားရေး မူဝါဒဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးချစ်ကြည်စွာပေါင်းသင်းနိုင်ဖို့ပါ။ အဲဒီအတွက် ကျွန်တော် တို့ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းထားရင်း တစ်ချိန် တည်းမှာ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ဖို့ ကြိုးစားမှာပါ။

Christiane Amanpour - ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုတွေကို ကျွန်မတို့မြင်တွေ့နေရတယ်။ မြန် မာနိုင်ငံ က ပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံကို ယုံကြည်ကြပါသလား။

သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ဒီဆက်ဆံရေး ကို ကျွန်တော်တို့ဆက်လက်ထိန်းသိမ်းသွားမှာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း တစ်နိုင် ငံပါ။

Christiane Amanpour - မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ မြောက်ကိုရီးယားလိုပဲ ဆိုးရွားတဲ့နိုင်ငံ တစ်နိုင် ငံဖြစ်ခဲ့တယ်။ အခုအပြောင်းအလဲတွေက ဘာ့ကြောင့် ရုတ်တရက်ဖြစ်ပေါ်လာရတာလဲ။ ဘာက ပြောင်း လဲစေ ခဲ့တာလဲ။

သမ္မတဦးသိန်းစိန် - အခုကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ် ရှိတယ်။ လွှတ်တော်လည်းရှိပါတယ်။ ပြည်သူလူထု လိုအပ်ချက်ကိုဖြည့်ဆီးဖို့က အစိုးရရဲ့ တာဝန် ပါပဲ။ ဒါဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာရတာပါ။

Christiane Amanpour - ပြည်သူ့ဆန္ဒကြောင့်ပြောင်းလဲတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် စစ်အ စိုး ရဟာ ပြည်သူ့အသံကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တာပဲမဟုတ်လား။ အခုမှ ဘာက ပြောင်းလဲစေ ခဲ့ တာ ပါလဲ။

သမ္မတဦးသိန်းစိန် - မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆီးပေးနိုင်ဖို့ ကျွန်တော် အတတ်နိုင် ဆုံးကြိုးပမ်းမှာဖြစ်ပါတယ်။

Christiane Amanpour - ဒေါ်အောင်ဆန်းစုကြည်အကြောင်းပြောကြရအောင်၊ သူမနဲ့အတူတွဲလုပ်ရတာ ဘယ်လိုနေ ပါသလဲ၊ သူမကို ပထမဆုံးတွေ့တဲ့အချိန်မှာ ဘယ်လိုနေပါသလဲ။

သမ္မတဦးသိန်းစိန် - ခင်ဗျားတို့သိသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆယ်စုနှစ်နှစ်ခုလောက် အတိုက် အခံ အဖြစ်ရှိနေခဲ့တာပါ။ ဒါပေမယ့် သူမနဲ့တွေ့တဲ့အခါမှာ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ပြည်သူလူ ထုနဲ့ နိုင်ငံ အတွက်ဆိုတဲ့ တူညီတဲ့သဘောထားတစ်ခုရအောင် ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့်အခုချိန်မှာ ကျွန်တော် တို့နှစ်ယောက်ကြား တူညီတဲ့ခံယူချက်တွေရှိနေသလို တချို့ကိစ္စတွေမှာတော့ မတူညီတဲ့ အမြင်ေ တွ လည်း ရှိနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံးမတူညီမှုတွေကို ဘေးဖယ် ထားပြီး ညှိနှိုင်းဆွေးနွေးမှုတွေနဲ့အဖြေရှာဖို့ သဘောတူညီမှုရရှိထားပါတယ်။

Christiane Amanpour - ကျွန်မဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံမေးမြန်းခဲ့ ပါသေး တယ်။ ဒါ သူမပြောခဲ့တဲ့စကားတွေပါ။

ဒေါ်အောင်ဆန်းစုကြည် - ကျွန်မကို သူတို့လုပ်ခဲ့တာတွေကို ပုဂ္ဂိုလ်ရေးအရလို့ကျွန်မ မခံယူပါဘူး။ ဒါတွေ ဟာ နိုင်ငံရေးပါ။ စစ်ဗိုလ်ချုပ်ကြီးတော်တော်များများကို ကျွန်မသဘောကျပါတယ်။ ကျွန်မစစ်တပ် က လူတွေ ကို မမုန်းပါဘူး။ နောက်တစ်ချက်က ကျွန်မရဲ့အဖေဟာ မြန်မာ့တပ်မတော်ကို စတင် တည်ထောင် ခဲ့ သူဖြစ်တယ်ဆိုတာကိုလည်း မေ့လို့မရဘူးလေ။

Christiane Amanpour - သူမကို နှစ်ပေါင်းများစွာအကျဉ်းချထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို သူမအနေနဲ့ မမုန်းပါ ဘူး။ သူတို့ဆီမှာလည်း ကောင်းမွန်တဲ့အချက်တွေရှိပါတယ်လို့ ကျွန်မကို သူမပြောစဉ်တုန်းက ကျွန်မ အတော်အံသြသွားပါတယ်။ သူမ စစ်တပ်ကို နှစ်သက်တယ်ဆိုတာနဲ့ပတ်သက်လို့ သမ္မတကြီးရော အံသြမိ ပါလား။

သမ္မတဦးသိန်းစိန် - သူမရဲ့တပ်အပေါ်သဘောထားနဲ့ပတ်သက်ပြီး ကျွန်တော်မအံသြမိပါဘူး။ ဒေါ်အောင် ဆန်း စုကြည်ရဲ့ဖခင်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အပြင် တပ်မတော်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ အဲဒီအတွက် သူမရဲ့နှလုံးသားထဲမှာ စစ်တပ်နဲ့ပတ်သက်လို့ နေရာတစ်နေ ရာရှိမယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။

Christiane Amanpour - မြန်မာနိုင်ငံ အနောက်ခြမ်းမှာဖြစ်နေ တဲ့ပြဿနာတွေ အကြောင်းပြောကြ ရအောင် ပါ။ အဲဒီအကြမ်းဖက်မှုအတွက် အစိုးရဟာ ရပ်တန့်ဖို့အတွက် အသေအချာ မလုပ်ဆောင်ခဲ့ ဘူးဆို တဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဒါဟာ မှန်ကန်တဲ့ဝေဖန်မှုတစ်ရပ်လား၊ အစိုးရ အနေနဲ့ ဒီထက်ပို လုပ်ဆောင် ခဲ့ သင့်သလား။

သမ္မတဦးသိန်းစိန် - ကျွန်တော်တို့အစိုးရရဲ့သဘောထားကတော့ လူမျိုးရေး ဘာသာရေးတွေအရ ခွဲခြား မှုတွေ မရှိပါဘူး။ ဒီအကြမ်းဖက်မှုတွေဟာ ရာဇ၀တ်မှုပြစ်မှုတွေကနေ စတင်ဖြစ်ပေါ်လာရတာပါ။ ဒီအကြမ်း ဖက်မှုတွေ ကို ဥပဒေအရ ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ် ရပ်တွေကြောင့် အခုချိန်မှာဆိုရင် ဒီနယ်တွေဟာ ပြန်လည်တည်ငြိမ်မှုရရှိနေပြီဖြစ်ပါတယ်။ ပြည်လည် ထူထောင်ရေးအတွက်လည်း လူသားဆန်တဲ့ကူညီမှုတွေကို တတ်နိုင်သလောက်ပေးနေပါတယ်။ ရဲတပ် ဖွဲ့များ အနေဖြင့်လည်း ဒီလိုအဓိကရုဏ်းမျိုးကို နှိမ်နင်းတဲ့အတွေ့အကြုံမရှိတာရော ပစ္စည်း ကိရိယာ မစုံလင် တာရော၊ ဒီဒေသတွေမှာ လူအင်အားမလောက်ငှတာရောကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ၀င်ရောက် ထိန်းသိမ်း မှု မလုံလောက်ခဲ့ရတာဖြစ်ပါတယ်။

Christiane Amanpour - ဒီမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံထဲမှာရှိနေသင့်လား။ ဥပဒေအရ အကာ ကွယ်ပေး သင့်တယ်လို့ထင်ပါသလား။

သမ္မတဦးသိန်းစိန် - မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတိုင်းဟာ သူတို့ရဲ့အခြေံအခွင့်အရေးတွေကို ခံစားခွင့် ရှိပါ တယ်။ သူတို့ရဲ့ခံစားခွင့်တွေကိုလည်း ဥပဒေအရအကာကွယ်ပေးရပါလိမ့်မယ်။

Christiane Amanpour - အခုဒီခရီးမတိုင်ခင်လေးမှာတင် သမ္မတကြီးဟာ နိုင်ငံရေးအကျဉ်းသား ၂၀ကျော် ထပ်လွှတ်ပေးခဲ့တယ်နော်။ သမ္မတရာထူးကို လက်ခံတဲ့အချိန်ကတည်းကလည်း အခုချိန်ထိ နိုင် ငံရေး အကျဉ်းသား ရာနဲ့ချီလွှတ်ပေးခဲ့ပြီးပြီ။ ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ ၁၆၀ကျော် ဆက်လက် ကျန် ရှိနေသေးပါတယ်။ ဒီကျန်နေတဲ့သူတွေကိုရော လွှတ်ပေးမှာပါလား။

သမ္မတဦးသိန်းစိန် - ဒီလိုလွှတ်ပေးရတာဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ လူတိုင်းကို ပါဝင်စေ ချင်တဲ့ အတွက်ပါ။ အခု နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီလည်းဖွဲ့စည်းထားပါတယ်။ တစ်ချို့ အကျဉ်း သားတွေ ကျန်ရှိနေတယ်ဆိုတာက သူတို့ဟာ ရာဇ၀တ်ပြစ်မှုတွေပြုလုပ်ခဲ့လို့ပါ။ သူတို့ကိုလည်း ကော်မတီ က ထောက်ခံတယ်ဆိုရင် လွှတ်ပေးမှာပါ။

Christiane Amanpour - ဒါဆိုသမ္မတကြီးက မြန်မာနိုင်ငံမှာ လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေး တယ် ဆိုတာ လက်ခံတယ်ပေါ့။

သမ္မတဦးသိန်းစိန် - ကော်မတီကသာ ဒီကိစ္စတွေကို အသေအချာစီစစ်နေပါတယ်။ သူတို့ဟာ လွှတ်ဖို့ သင့်တယ် လို့ ကော်မတီက ဆုံးဖြတ်ရင် လွှတ်ပေးမှာပါ။

Christiane Amanpour - ရှင်အခုလုပ်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာ ပြည်သူတွေ မခံစား ရသေးပါဘူး။ မြန်မာနိုင်ငံက ပြည်သူအများစုဟာ ဆင်းရဲမွဲတေနေဆဲပါ။ အဲဒီတော့ တစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် ဒီထက်ပိုကောင်းတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်အချက်က အကြီးမားဆုံး စိန်ခေါ်နေ ပါသလဲ။

သမ္မတဦးသိန်းစိန် - မြန်မာနိုင်ငံကပြည်သူတွေ စီးပွားရေးပြုပြင်ပြောင်းလဲမှုအကျိုးကို မခံစားရသေး ဘူးဆို တာ မှန်ပါတယ်။ အလုပ်အကိုင်အခွင့်လမ်းဆိုလည်း အနည်းငယ်ပဲရှိပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့အ စိုးရ အနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် စွဲဆောင်နေပါတယ်။ အဲဒါဆိုရင် ကျွန်ေ တာ် တို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး လူနေမှုဘ၀တွေမြှင့်တင်ပေးနိုင်မှာပါ။

Christiane Amanpour - လူအများစုကတော့ အကျင့်ပျက်ချစားမှုဟာ မြန်မာနိုင်ငံမှာ အကြီးမား ဆုံးဖြစ်နေ တဲ့ပြဿနာလို့ ဆိုကြတယ်။ ဒီပြဿနာဟာ ကြီးမားတယ်လို့ ထင်ပါသလား။

သမ္မတဦးသိန်းစိန် - တစ်ခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း အကျင့်ပျက် ချစားမှုပြဿနာတွေ ရှိနေပါတ ယ်။ ဒါပေမယ့် ကျွန်တော်တို့အစိုးရက သန့်ရှင်းကောင်းမွန်တဲ့အစိုးရတစ်ရပ်ဖြစ်အောင် ကြိုး ပမ်းနေ ပါတယ်။ အကျင့်ပျက်ချစားမှုတွေနည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အ ကျင့် ပျက် ချစားမှုကို တိုက်ဖျက်နိုင်ဖို့အတွက် ကျွန်တော်တို့ အစီအစဉ် ၃ခုချမှတ်ထားပါတယ်။ ပထမဆုံး အချက် က မြန်မာပြည်သူပြည်သားတွေ စီးပွားရေးဖွံ့ဖြိုးလာအောင်ကြိုးစားနေပါတယ်။ နောက်တစ်ခါ ဒီ အကျင့် ပျက်ချစားသူတွေကို အပြစ်ပေးပါမယ်။ နောက်ဆုံးအချက်ကတော့ အကျင့်ပျက် ချစားမှုနဲ့ ပတ် သက်ပြီး ပညာပေးမှုတွေပြုလုပ်ပါ့မယ်။

Christiane Amanpour - ၁၉၉၈ခုနှစ်ဝန်းကျင် သမ္မတကြီး အရှေ့ပိုင်းတိုင်းမှူးအဖြစ်ရှိနေတုန်းက မြေယာ သိမ်း ဆည်း မှုတွေရှိတယ် မြေယာသိမ်းဆည်းဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး လူ့အခွင့်ရေး အထူး သတင်းထောက်က စွပ်စွဲထားတာရှိပါတယ်။ ဒီအတွက် ဘာများပြောချင်ပါသလဲ။

သမ္မတဦးသိန်းစိန် - ၁၉၉၆ခုနှစ်က ကျွန်တော်အရှေ့ပိုင်းတိုင်းတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေ မယ့် အဲဒီအချိန်မှာ ကျွန်တော်မြေယာသိမ်းမှုတွေမပြုလုပ်ခဲ့ပါဘူး။ အဲဒီနေရာမှာ ကျွန်တော် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်းမှာဒီလိုကြီးကျယ်တဲ့အဖြစ်အပျက်တွေမရှိခဲ့ပါဘူး။ တချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးထားတာပါ။ အခုချိန်ထိတိုင်အောင်ပဲ နိုင်ငံအရှေ့ပိုင်းမှာ မြေယာ သိမ်းမှုပြဿနာ အကြီးအမားတွေ မရှိသေးပါဘူး။

Christiane Amanpour - နောက်ဆုံးမှာ သမ္မတကြီးဟာ စစ်တပ်ယူနီဖောင်းကို ချွတ်ပြီး ဒီမိုကရေစီ အစိုးရ အဖြစ် အရပ်သားဝတ်စုံကို ၀တ်ဆင်ရတဲ့အတွက် စိတ်သက်သာရာရပါသလား။

သမ္မတဦးသိန်းစိန် - ကျွန်တော် စစ်တပ်အရာရှိအဖြစ်လည်း နိုင်ငံအတွက်ထမ်းဆောင်ပြီးပါပြီ။ အခုတော့ လည်း အရပ်သားဘ၀နဲ့တိုင်းပြည်တာဝန်ထမ်းဆောင်နေပါပြီ။ ဒါပေမယ့် ဒီနှစ်ခုကိုတော့ နှိုင်းယှဉ်လို့ မရနိုင် ပါဘူး။ သမ္မတတစ်ယောက်အနေနဲ့တော့ နိုင်ငံအတွက် တာဝန်တွေနဲ့ တာဝန်ယူမှုတွေ အများကြီးပို ရှိနေ ပါပြီ။

Thurein Hlaing Win

လွှတ်တော်ကိုယ်စားလှယ် တဦး ခါးပိုက်နှိုက်ခံလိုက်ရ



ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ခါးပိုက်နှိုက် ခံလိုက်ရပေမယ့် အဲဒီခါးပိုက်နှိုက်ကို ဖမ်းမိလိုက်ပါ တယ်။

ပည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချွမ်းဟာ ဧပြီလ ၂ ရက်နေ့တုန်း က အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်ကနေ လှည်းတန်းကို အမှတ် ၄၃ ကား လိုင်း က ဒိုင်နာကားစီးပြီး သမိုင်းလမ်းဆုံမှာ ဆင်းခဲ့ ပါတယ် တဲ့။


အဲဒီမှာ သူ့ရဲ့ အိတ်က ဇစ်ပွင့်နေလို့ စစ်ကြည့်လိုက်ရာ မှာတော့ ငွေ ၆ သိန်းကျပ်နဲ့ နိုင်ငံသားစိစစ်ရေး ကတ် ပြား ပျောက်နေလို့ ရဲစခန်းကို တိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်မှာ ဖော်ပြထား ပါတယ်။ 

ဒါကြောင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က စုံစမ်းနေတဲ့အခါ အရင် ခါးပိုက်နှိုက်ပြစ်ချက်ရှိတဲ့ ဒဂုံမြို့သစ်က အမျိုး သား တဦးကို ဖမ်းမိလို့ စစ်ဆေးခဲ့ရာမှာ အမှုပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ရဲဇာနည်က ရေးသား ထားပါတယ်။ 

အဆိုပါ ခါးပိုက်နှိုက်ဆိုသူက ငွေ ကျပ် ၆ သိန်း နှိုက်ယူခဲ့တာမှန်ကန်ကြောင်း ၀န်ခံခဲ့ပြီး ပိုက်ဆံအိတ်၊ စိစစ် ရေး ကတ်တွေကိုတော့ သမိုင်းကုန်းတံတားပေါ်ကနေ လွှင့်ပစ်ခဲ့ပါတယ်တဲ့။ ခါးပိုက်နှိုက်လို့ရတဲ့ငွေ နဲ့ ၀ယ်ထားတဲ့ FOLLOW ME WAVE 125 မော်တော်ဆိုင်ကယ်ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်တယ် လို့ ရဲဇာနည်က ဖော်ပြထားပါတယ်။ 

ပြည်သူ့လွှတ်တော်အမတ်တဦးမို့ ရဲတပ်ဖွဲ့တွေက အခုလို အမှုမှန်ပေါ်ပေါက်အောင် လုပ်ဆောင်ပေးခဲ့တာ လား၊ အခြား သာမန်ပြည်သူတွေများအခုလို ခါးပိုက်နှိုက်ခံရ ရင် ဒီလို ကူညီပေးနိုင်မယ့် လုပ်ဆောင်မှု ဘယ်လောက် ရာခိုင်နှုန်းလောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာတော့ မေးခွန်းထုတ်ရမယ် ထင်ပါတယ်။ 

ခါးပိုက်နှိုက်ဆိုတာမျိုးကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာတွေ ခွဲခြားပြီး ဘယ်သူ့ကိုတော့ မနှိုက်ဘူး၊ ဘယ်သူ့ကိုတော့နှိုက်မယ်ဆိုတာ ခွဲခြားမထားပါဘူး။ 

အခုလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ခါးပိုက်နှိုက်ခံလိုက်ရပေတာမို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဘယ်အဆင့်ရှိတယ်ဆိုတာ ကိုယ်တိုင်သိခွင့်ရသွားခဲ့ပါပြီ။ 

လွှတ်တော်ထဲမှာလည်း ဒီလို ရာဇ၀တ်ပြစ်မှုတွေကို ဘယ်လိုကိုင်တွယ်သွားရမယ်ဆိုတာ ကိုယ်တွေ့ နဲ့ နှိုင်းယှဉ်ပြီး တင်ပြဆွေးနွေး သွားမယ်ဆိုရင်တော့ ခါးပိုက်နှိုက်တွေအတွက်ရင်လေးစရာဖြစ်ပေမယ့် ပြည် သူ လူထုအတွက် လုံခြုံရေးကို ပြည်သူ့လွှတ်တော်က ဘယ်လောက် ဆောင်ရွက်ပေးမယ် ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

ဓါတ်ပုံက သတင်းနဲ့တော့မဆိုင်ပါဘူး။ သဘာဝကျတဲ့ပုံကိုတင်ထားတာဖြစ်ပါတယ်။

http://blog.irrawaddy.org/2013/05/blog-post_4864.html

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြောင်းလဲမှုကို သက်သေပြဖို့ MEG တိုက်တွန်း



ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ် လွတ်လပ်လပ် နိုင်ငံရေး လုပ်နေ တာ သတ်တမ်း ၃ နှစ် ပြည့်တော့မှာ ဖြစ် ပေမယ့် သိသာထင်ရှားတဲ့ လုပ် ဆောင်နိုင်မှု တစ်ခုမှ မရှိသေးတာ ကြောင့် သက်သေပြဖို့ MEG အယ်ဒီ တာ က တိုက်တွန်းလိုက် ပါတယ်။


၃ နှစ်အတွင်း ပြည်ပနိုင်ငံ အများ အပြားကို သွားရောက်ခဲ့ပေမယ့် လူထု အတွက် ဘာမှမရရှိခဲ့ပါဘူး။ ပြည်တွင်း နှင့် နယ်အချို့ကို သွားရောက်ခဲ့ပေ မယ့်လည်း အရေးပေါ် လိုအပ်နေတဲ့ ရခိုင်ဒေသ နဲ့ မိတ္ထီလာဒေသတွေကိုတော့ မသွားခဲ့ပြန်ပါဘူး။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ညံ့ဖျင်းမှုကြောင့် အနှစ်အနှစ် အလလ စွဲကိုင်ခဲ့ရတဲ့ ရွှေဂုံတိုင် ကျေညာချက်ကို ဖျက်သိမ်းလိုက်ရ တဲ့အပြင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အလိုကျ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာခဲ့ရပါတယ်။

လွှတ်တော်ထဲရောက်လာသော်လည်း ၃ နှစ် အတွင်း ၃ ခုလောက်သာ ထဆွေးနွေးနိုင်ခဲ့ပြီး ဦးရွှေမန်း နှင့် ဦးခင်အောင်မြင့် ဝင်လာတိုင်း မက်တက်ရပ် ပေးနေခဲ့ရပါတယ်။

ဖွဲ့စည်းပုံကို NLD မှ ဦးဆောင်ပြင်မယ်ဟု ပြောခဲ့သော်လည်း ပြည်ခိုင်ဖြိုးမှ အဆိုတင်သွင်းပြီး ဦးဆောင် ပြင်နေပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အားပေး ထောက်ခံခဲ့သည့် စီးပွားပိတ်ဆို့မှုများကလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့၏ တောင်းဆိုမှုကြောင့် ဆက်တိုက် ပွင့်လာပါတယ်။ ပထမဆုံး အရည်အချင်း စစ် စာမေး ပွဲဖြစ်တဲ့ လက်ပံတောင်းတောင် စာမေးပွဲမှာလည်း လုံးဝ ပြီးပြတ်အောင်မြင်အောင် မလုပ်နိုင်တဲ့အပြင် ဆန္ဒပြခံခဲ့ရပြီး ယခုထိလည်း ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

အခြား အသုံးမကျတာတွေကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ တွေ့ခဲ့ရပါတယ်။

အဆိုးဆုံးကတော့ မျက်စိစုံလုံးကန်းကာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မမြင်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်စိကန်းနေသည့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများကတော့...

လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသဘောတူနိုင်ခဲ့သဖြင့် တိုက်ပွဲ ထိတွေ့မှု အရေအတွက် သိသိသာသာ လျှော့နည်းလာခြင်း (ဒေါ်စု အသံသာပစ်နေပြီး လက်တွေ့လောက်ဆောင်မှု မပါခဲ့) ၊

IMF မှ မြန်မာ့စီးပွားရေး သိသိသာသာ တိုးတက်နေကြောင်း၊ နောက်နှစ်တွေမှာ ပိုမိုတိုးတက်မည် ဖြစ်ကြောင်း ရာခိုင်နှုန်းအတိအကျဖြင့် အမြဲဖော်ပြလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

ကားဈေးများ အဆမတန် ကျဆင်းအောင်လုပ်ပေးသဖြင့် နိုင်ငံတွင်း ကားစီးနိုင်သည့် ပြည်သူအရေအတွက် သိသိသာသာ တိုးလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

ဖုန်းဈေးများ ၁၅၀၀၀၀၀ မှ ၁၅၀၀ ထိ ချပေးသဖြင့် နိုင်ငံတွင်း ဖုန်းကိုင်နိုင်သူအရေအတွက် သိသိ သာသာတိုးလားခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊

မီဒီယာလွတ်လပ်ခွင့်များ သိသိသာသာ တိုးတက်လာပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် အစိုးရ မကောင်းကြောင်း တွင်တွင်ကျယ်ကျယ် ရေးသားလာကြခြင်း (အစိုးရချပေးတဲ့ သတင်းစာထုတ်ဝေခွင့်ကို ဒေါ်စုကိုယ်တိုင်ခံစားနေရလို့ ကိုယ်တိုင်တောင် သတင်းစာထုတ်နေ) ၊

အကျဉ်းသားအများအပြား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပြင် အစိုးရလုပ်သမျှ အပြစ်မြင်သည့် သမဂ္ဂများ၊ ကွန်ယက်များ၊ အသင်း အဖွဲ့များ သိသိသာသာ တိုးလာခြင်း (ကိုယ်တိုင်တောင် အလုပ်မဖြစ်တဲ့ ကွန်ယက်တွေဖွဲ့ပြီး ရံပုံငွေရှာ ပိုက်ဆံကောက်နေ) ၊

ကုလ အစည်းအဝေးအား သမ္မတကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောနိုင်သည့်အပြင်၊ ကုလသမဂ္ဂ၏ အစဉ် တစိုက် ချီးကျူးထောက်ခံမှုကို ရရှိလျှက်ရှိခြင်း (ကုလရုံးဆီ ဒေါ်စု အနားတောင် မကပ်နိုင်) ၊

အမေရိကန် နှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်နိုင်သည့်အပြင် မြန်မာသမ္မတအား အိမ်ဖြူတော်သို့ ဖိတ်ခေါ် တွေ့ဆုံနိုင်ခြင်း နှင့် စည်းပွားပိတ်ဆို့မှုများ ဖြေလျှော့အောင် ပြောဆိုဆွေးနွေးနိုင်ခဲ့ခြင်း (ဒေါ်စု အိုဘားမားနဲ့ တွေ့ပေမယ့် အနမ်းခံတာကလွဲပြီး ဘာမှမတောင်းဆိုခဲ့) ၊


ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်လွန်းသဖြင့် ကမ္ဘာ့ပြုပြင်ပြောင်းလဲရေး သင်္ကေတ ပုဂ္ဂိုလ်ဟု CNN မှ သတ်မှတ်ခြင်းကို ခံခဲ့ရခြင်း (ဒေါ်စု မျက်စိကန်းနေသည်) ၊ 


နောက်ထပ် ပြောလို့မကုန်တဲ့ ပြောင်းလဲခြင်းတွေလည်း အများအပြားရှိပါတယ်။ ကိုယ်တိုင် အပြောင်း အလဲကို ဘာတစ်ခုမှ သက်သေမပြနိုင်တဲ့အပြင် သူတပါးကို သက်သေပြဖို့ တောင်းဆိုနေတဲ့ ၆၇ နှစ်အရွယ် မိုက်ကယ်အဲရစ် မိန်းမ ဒေါ်စုကြည်အား လူထုမှ စိတ်ပျက်လျှက် ရှိကြောင်း သိရပါတယ်။

www.MyanmarExpress.net

ရေထိပန်းသွင် လန်းဆန်းသော ဆက်ဆံရေးဖြင့် ခေတ်သစ် စနစ်သစ် အတွက် စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီ (အယ်ဒီတာ့အာဘော်)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)အရ ပေါ်ပေါက် လာသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁ ပြဋ္ဌာန်းချက် ဖြစ်သည့် ““နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ၀ါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။


နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူများကို စောင့်ထိန်းသည်”” ဟူသော မူအတိုင်း လိုက်နာ ကျင့်သုံးလျက် ရှိရာ ယနေ့ဆိုလျှင် ကမ္ဘာ့နိုင်ငံ (၁၁၁) နိုင်ငံနှင့် သံတမန် ဆက်သွယ် နိုင်ခဲ့ပြီ ဖြစ်သည်။ ဖွံ့ဖြိုးရေး မိတ်ဖက် နိုင်ငံများနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ ဖွံ့ဖြိုးရေး ကိစ္စရပ် များနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ကုလ သမဂ္ဂ ထောင်စုနှစ်သစ် ရည်မှန်းချက် များကိုပါ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် လွန်ခဲ့သော နှစ်နှစ်တာ ကာလမှ စ၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ အုပ်ချုပ်မှု ပုံစံ ဖော်ဆောင်ကာ အားကောင်းသော ဒီမိုကရေစီ စနစ်နှင့် ခွန်အားရှိသော ဈေးကွက် စီးပွားရေး စနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တို့ ဆောင်ရွက် နိုင်ခဲ့သည်။ တစ်ပြိုင်တည်းတွင် မတူညီသော သဘော သဘာဝ ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၁၂)ခုကို တည်ဆောက်ရင်း ဆယ်စု နှစ်ပေါင်းများစွာ နောက် ကျ ကျန်ခဲ့သော နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် တစ်ခုကို ပြန်လည် တည်ဆောက်လျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု သမ်္မတ မစ်္စတာ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက် အရ မေ ၁၈ ရက်က ၀ါရှင်တန် မြို့သို့ ရောက်ရှိ နေရာမှ မေ ၂၀ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ၀ါရှင်တန် မြို့ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မစ္စတာ ဘားရက် အိုဘားမားက ပြောကြားရာ၌ ယခုအခါ ဆက်ဆံရေး ပြောင်းလဲလာရ ခြင်းမှာ မြန်မာ နိုင်ငံတွင် သမ္မတ ကြီး၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စီးပွားရေး အရရော၊ နိုင်ငံရေး အရပါ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် လာသည့်အတွက် ဖြစ်ပါကြောင်းနှင့် လွှတ်တော်တွင်လည်း မြန်မာနိုင်ငံ အကျိုးအတွက် အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အလွန် ယုံကြည်လောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ ကိုလည်း အောင်မြင်စွာ ကျင်းပ ပေးနိုင် ခဲ့ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် မြန်မာ နိုင်ငံတွင် အလွန် ရှည်ကြာလှသည့် တိုင်းရင်းသား ပြဿနာ များကို ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်နေပြီး ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသည့် ဥပဒေ များကိုလည်း ရေးဆွဲ ပြဋ္ဌာန်းနေပြီ ဖြစ်ပါကြောင်း၊ ယင်းသို့ ပြုပြင် ပြောင်းလဲမှု အများအပြားကို ဆောင်ရွက် ခဲ့သဖြင့် မိမိတို့က စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ပိတ်ဆို့မှု အားလုံးကို လျှော့ချ ပေးလိုက်ပြီ ဖြစ်ကြောင်း၊ အခြားနိုင်ငံ များကလည်း အလားတူ လျှော့ချ ပေးခဲ့ပြီ ဖြစ်ပါ ကြောင်းဖြင့် ထည့်သွင်း ပြောကြားသွားသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားရာ၌ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင် မူဝါဒများ ပြောင်းလဲပြီး စတင်ဖော်ဆောင် ပေး ခဲ့သည့် သမ္မတ အိုဘားမားကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မိမိနှင့် သမ္မတ အိုဘားမားတို့ ယနေ့ တွေ့ဆုံ ဆွေးနွေးရာ၌ မြန်မာ နိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ၀င်များ အရည်အသွေး မြှင့်တင်ရေး၊ လယ်ယာကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ခဲ့ပါကြောင်း၊ မစ္စတာ အိုဘားမားက အမြော်အမြင် ကြီးမားစွာ ဆွေးနွေး ခဲ့သဖြင့် မြန်မာနိုင်ငံ အတွက် အလွန် အကျိုးရှိသည့် ခရီးစဉ် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။

သို့ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း ၅၀ က အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေးသည် နေထိပန်းပမာ ဖြစ်ခဲ့ရာမှ အမြော်အမြင် ကြီးမားသော နိုင်ငံတော် သမ္မတ နှစ်ဦး၏ ကြိုးပမ်းမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် ရေထိပန်းသွင် လန်းဆန်းခဲ့ပြီ ဖြစ်ရကား ခေတ်သစ် စနစ်သစ် အတွက် မေ ၂၀ ရက်တွင် စာမျက်နှာသစ် ဖွင့်လှစ် နိုင်ခဲ့ကြပြီ ဖြစ်ပေသည်။

Credit : http://www.mwdmedia.net/2013/05/blog-post_2666.html

ရွှေတိဂုံစေတီတော်တွင် ပေါင်းကူးတံတားနှင့် ဓာတ်လှေကားများ ထပ်မံတိုးချဲ့ တည်ဆောက်မည်

ရွှေတိဂုံစေတီတော်တွင် ပေါင်းကူးတံတားနှင့် စောင်းတန်းများတွင် ဓာတ်လှေကား ၄ စီးနှင့် စက်လှေ ကား၂စီးအား ဇူလိုင်လတွင် တိုးချဲ့ဆောက်လုပ်တပ်ဆင် သွားမည်ဖြစ်ကြောင်း ရွှေတိဂုံ ဂေါပက အဖွဲ့ ရုံးမှ သတင်းရရှိ သည်။


ဘုရားဖူးပြည်သူများ အဆင် ပြေချောမွေ့စွာသွားလာနိုင်ရန် မဟာဗုဒ္ဓ၀င်ပြခန်းနှင့် ပြတိုက် အပြင်၊ ပိဋ ကတ်တိုက်တို့ကို ဆက်သွယ်သော ပေါင်းကူးတံ တားဆောက်လုပ်မည်ဖြစ်ပြီး စက် လှေကား ၄ စီးကိုမူ စောင်းတန်း ကြီးများတွင် တိုးချဲ့တပ်ဆင်မည် ဖြစ်ကြောင်းသိရသည်။


ရွှေတိဂုံဂေါပကရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ““ဇူလိုင်လ ထဲမှာဆောက်မှာပါ။ အဓိက ရည်ရွယ်ချက်က ဘုရားဖူးပြည်သူ တွေ စိတ်ချမ်းမြေ့စွာနဲ့ သွားလာ နိုင်အောင်ရယ်၊ သွားရေးလာရေး လွယ်ကူချောမွေ့ အောင် ရည်ရွယ်ပါတယ်။ မကြာခင်ကာလမှာ အဲဒါတွေ တည်ဆောက်ဖို့အတွက် ပညာရှင်တွေနဲ့ ဆွေးနွေး သွားမှာ ပါ””ဟု ပြောကြားခဲ့သည်။

.. www.MyanmarExpress.net

ကေအိုင်အိုနဲ့ ဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့တက် ရောက်မည်



လာမယ့်မေလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အစိုးရ နဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ၉ ဖွဲ့အပါအ၀င် တရုတ် ကိုယ် စားလှယ်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယားတို့ တက်ရောက်ကြ မယ်လို့ သိရပါတယ်။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်အားလုံး တက်ရောက်ကြမှာဖြစ်တယ်လို့ တိုင်းရင်းသား အဖွဲ့တွေကို စီစဉ်ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက RFA ကို ပြောပါတယ်။

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ကို ဖိတ်ထားတယ်၊ သူတို့က ၁၇ ရက်နေ့ ရောက်လာမယ် လို့တော့သိရတယ်၊သူတို့မှာ ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီဖွဲ့ထားတယ်လေ၊ သူတို့ဖွဲ့ထား တဲ့ကော် မတီအားလုံး တက်ရောက်မယ်ဆိုတာတော့ သိရတယ်ဗျ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီးမှ တပ်ပိုင်းဆိုင်ရာကတော့ ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်စိုးနဲ့ ဒီတစ်ခေါက် လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာမယ်လို့တော့ ကျွန်တော်တို့ အကြမ်း အားဖြင့် သိရတယ်"

ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့ကတော့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)တို့ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို အစိုးရဖက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ KIO ဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဧပြီလအတွင်း ဆက်လက်ဆွေးနွေးဖို့ ချိန်းဆိုခဲ့ပေမယ့် KIO ဖက်က ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဆွေးနွေးပွဲ အနည်းငယ် နှောင့်နှေးသွားခဲ့ရတာ ဖြစ်ပါတယ်။

RFA Burmese

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်နေသော လယ်ယာကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းများကို(၂၀၁၄)ခုနှစ်မှာအပြီးဆောင်ရွက်သွားမည်…



မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်နေသည့် လယ် ယာ ကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းများကို(၂၀၁၄)ခုနှစ် တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့လယ် ယာစီးပွားအများ ပိုင်ကော်ပိုရေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားသည်။


၎င်းစီမံကိန်း များကိုရန်ကုန်တိုင်းဒေသကြီး၊တွံတေး၊ နေ ပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီးစီမံကိန်းတွင် ခေတ်မီဆန်စက်၊ ပေါင်းဆန်စက်၊ စပါးခွံလျှပ်စစ်ဓာတ်အားထုတ်စက်၊ ဆန်မှုန့်စက်၊ ဆန်ကြာဇံစက်စသည့် စက်ရုံများပါဝင်မည် ဖြစ်သည်။

ထို့အပြင်စီမံကိန်းဧရိယာတွင် Contract လယ်ယာစနစ်ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံ ကိန်းအတွင်းခေတ်မီဆန်စက်များမှ တစ်နှစ်ကိုတန်းမြင့် ဆန်(၁)သိန်းဖြင့် စီမံကိန်း(၄)ခုမှ(၄)သိန်းထိ ထုတ်လုပ် သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများတွင် မြန်မာ့လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း(MAPCO)က(၅၁)ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Mitsui ကုမ္ပဏီက(၄၉)ရာခိုင်နှုန်းထည့်ဝင်ပြီး စုစုပေါင်းစီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ် လာသန်း(၂၀၀)ကုန်ကျနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းများကြောင့်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်သလိုဒေသခံတောင်သူများ အတွက်လည်းဈေးကွက်သစ်ရရှိလာမည် ဖြစ်ကြောင်းဦးရဲမင်းအောင်ကပြောကြားကြောင်း သတင်း ရရှိ သည်။

SkyNet TV Browser

Galaxy Note 3 မစောင့်နိုင်သူများအတွက် ဈေးသက်သာ Orient N3



ဈေးသက်သာတာမှ တော်တော်လေးကို သက်သာ ပါတယ်။ ထွက်လာမယ့် Samsung Galaxy Note 3 က ၆ သိန်း၊ ၇ သိန်း မက ရှိကောင်းရှိမယ်။ ပုံ မှာ ပြထားတဲ့ Orient N3 ကတော့ မြန်မာကျပ်ငွေ ၂ သိန်းဝန်း ကျင်ထဲပါ။ မူရင်းရောင်းဈေးက ၂၂၉.၆၈ ဒေါ်လာပါ။ ဒေါ်လာ ၁၆၀ ဈေးချ ထားခြင်း ဖြစ် ပါတယ်။ Orient Deal အမည်ရ တ ရုတ် စမတ်ဖုန်း ကုမ္မဏီက ထုတ်လုပ် တာပါ။ တ ရုတ်ဖြစ်ဆိုပေမယ့် Huawei, ZTE တို့လို့ World Class ဝင်မယ့် အမျိုး အစား ထုတ်လုပ်ခြင်း ဖြစ်ပါ တယ်။


ဒါကြောင့်ပဲ ဝဘ်ဆိုဒ် ကနေ E-Commerce ပုံစံနဲ့ ဖြန့်ချိနေခြင်း ဖြစ် ပါတယ်။ ရောင်းအားလည်း အင်မ တန်ကောင်းနေပါတယ်။ ဈေးသက်သာပြီး ပါဝင်တဲ့ Specification က အတော်လေး မြင့် လို့ ဖြစ် ပါတယ်။

Android 4.1.2 Jelly OS အသုံးပြုပါတယ်။

၅.၈ လက်မ မျက်နှာပြင်ကျယ် 1280x720 Screen Resolution ရှိတဲ့ HD Screen တပ်ဆင်ပါတယ်။

Processor က 1.2 GHz quad core ပါ။ အတော်လေးမြင့်ပါတယ်။ RAM 1GB ရှိပါတယ်။

ကင်မရာ နောက်ကျော 12 Megapixels ရှိပြီး၊ ရှေ့ မှာ 5 megapixel တောင် တပ်ဆင်ပေးထားပါ တယ်။ ရှေ့ ကင်မရာ နဲ့တင် အတော်လေး အလုပ်ဖြစ် မယ့် ဖုန်းလေးပါ။ Flash တို့၊ Auto focus တို့လည်း ယခုနောက်ပိုင်း ထွက်နေကျ ဖုန်းတွေနဲ့ တန်းတူ ပါဝင်ပါတယ်။

Bluetooth, Wi-Fi, GPS အကုန်ပါဝင်ပြီး 2G, 3G network များအတွက် လည်း ထောက်ပံ့ပါတယ်။ တရုတ်ဖုန်း ဆိုတော့ ထုံးစံအတိုင်း Sim ကဒ် နှစ်ခုရတဲ့ Dual sim နဲ့မြင်တွေ့ရမှာပါ။

Feature အများစုကို Samsung ကနေ ယူသုံးထားတာ မြင်တွေ့ရပါတယ်။ Oriental Deal ဆိုတဲ့ လိုဂိုအမည်က အစ Samsung နဲ့ ထပ်တူ နီးပါး ကျသလောက်ပါပဲ။ ဒီအတွက် Samsung နဲ့ သဘော တူညီချက် ရယူထားပြီးသားပါ။ ဒါကြောင့် ယခုလို ထုတ်ရဲ၊ရောင်းရဲတာ ဖြစ်ပါတယ်။ မဟုတ်ရင် Copyright , Patent ပြဿနာ ကြိမ်းသေတက်မှာပါ။

UI အတော်များများက Samsung Android ဖုန်းတစ်လုံးနီးပါးပါပဲ။ ကြော်ငြာ မာကဲတင်းကိုက Galaxy Note 3 Alternative ဆိုတဲ့အမည်နဲ့ ကို ကြော်ငြာ တာပါ။ ဈေးသက်သာပြီး အဆင့်မြင့်မြင့် ဖုန်း အသုံးပြု လိုသူများအတွက် တရုတ် ကုမ္မဏီက ဖန်တီးလိုက်ခြင်း ပါ။ ဈေးက သက်သာပေမယ့် အသုံးပြုတဲ့ ပစ္စည်း များက အမှန်အကန်ပါ။ အမှန်တော့ လက်ရှိ ကမ္ဘာ့ ဖုန်း ကုမ္မဏီများက အသုံးပြုတဲ့ ဟာ့ဒ်ဝဲအများစုက တ ရုတ်ပြည်က လာတာပါ။

သယံဇာတပေါကြွယ်ဝလို့ ပြည်တွင်း ကုမ္မဏီများ စီးပွားတက်အောင် ဈေးသက်သက်သာ သာနဲ့ ပြန်ရောင်း ချပေးတဲ့အတွက် ယင်း ကုမ္မဏီများက ဈေးကို အဆနဲ့ ချပြီး ရောင်းရဲတာ ဖြစ်ပါတယ်။

သုံးကြည့်ပါ။ မြန်မာပြည်ရောက်လာနိုင်ပါတယ်။ အွန်လိုင်းကနေ တိုက်ရိုက် မှာယူဖို့အတွက် လခ့် ကတော့ အောက် ပါအတိုင်း ဖြစ်ပါတယ်။


ဖုန်း specification များ အစုံအလင် ဖတ်ရှုရန် -

Features

Android 4.1.2
5.8 Inch Screen
1280x720 Screen Resolution
320 DPI
1.2GHz Quad Core MTK6589 CPU
1GB RAM
12 Mega Back Pixel Camera +5.0 Front Camera
Bluetooth

Specifications

General

OS version: Android 4.1.2
CPU: MTK 6589
Processor Speed: 1.2GHz Quad Core
RAM: 1GB
Wi-Fi: 802.11 b/g/n
2G: GSM 850/900/1800/1900 MHz
3G: WCDMA 850/2100 MHz
Bluetooth

GPS

Google Play

Adobe Flash

Portable Wi-Fi Hotspot (3G Tethering)

12 Megapixel Rear Camera + 5.0 Megapixel Front-Facing Camera

Battery Size: 3200mAh

Usage Time: 4 Hours

Battery Standby: 72 Hours

Languages:Dutch, Indonesian, Catalan, Czech, Danish, German, English, Spanish, French, Croatian, Italian, Latvian, Lithuanian, Hungarian, Malay, Norwegian, Polish, Portuguese, Roman, Slovenian, Finnish, Swedish, Swahili, Vietnamese, Turkish, Zulu, Greek, Ukrainian, Russian, Serbian, Bulgarian, Hebrew, Arabic, Persian, Thai, Bengali, Korean, Japanese, Simplified Chinese, Traditional Chinese

Display

Display Size: 5.8Inch IPS
Display Resolution: 1280x720 320 DPI
5 Point Multi Touch Display
Memory

Internal: 4GB
Micro SD Card Slot Supports up to 64GB
Media Formats:

Video: MIDI, WMV, ASF, MP4, 3GP, 3G2, M4V, AVI
Audio: AAC, AAC+, EAAC+, WAV, MP3
Picture: JPG
eBook: PDF, TXT

Ports

2 SIM Card Slots
Micro SD Card Slot
Micro USB Port
3.5mm Audio Out Port
Mic
Speaker

Sensors

Proximity Sensor
Accelerometer Sensor
Gravity Sensor
Light Sensor

--

Aung Kham (TSJ team)
TechSpace Journal

ရန်ကုန်-မန္တလေး အဝေးပြေးလမ်းနှင့် လေဆိပ် ပြင်ဆင်ရေး အမေရိကန် ကူမည်



မြန်မာနိုင်ငံရဲ့ အဓိက သယ်ယူ ပို့ဆောင် ဆက် သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပြုပြင်မွမ်းမံဖို့ အမေရိကန် ပြည်ထောင်စုက ကူညီလုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။


သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ ဘားရက် အိုဘားမား ဆွေးနွေးမှုတွေထဲက ရလဒ်အဖြစ် အမေရိကန်က ပေးမယ့် မြန်မာ နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေအနက် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီအထဲမှာ အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြန်လည် မွမ်းမံပြင်ဆင်ဖို့လည်း ပါဝင်ပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ မေလ ၂၀ ရက်နေ့က တွေ့ဆုံအပြီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက “ရန်ကုန်-မန္တလေး လမ်းမကြီး ပြုပြင်ဖို့ကိစ္စလည်း ကျနော်တို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်” လို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

၁၉၇၀ ဝန်းကျင်လောက်က စစ်အေးခေတ် ကာလအတွင်း မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ ဥက္ကဌ ဦးနေ၀င်းထံ အရှေ့တောင်နဲ့ တောင်အာရှမှာ အလွန် မဟာဗျူဟာကျတဲ့ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးကို ပြုပြင် မွမ်းမံပေးဖို့ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို မြန်မာဘက်က ပယ်ချခဲ့ဖူးပါတယ်။ အခု ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပြုပြင်မွမ်းမံရေးကိစ္စ အသစ်ပြန်စတင်လာတာ ဖြစ်ပါတယ်။

“ဒီ ရန်ကုန်-မန္တလေး လမ်းမကြီးက လေယာဉ်ပျံတွေ ဘာတွေ ဆင်းလို့ရတယ်လို့ ဗိုလ်နေ၀င်းက ယူဆပြီး ပယ်ချတာလည်း ပါမယ်။ အဲဒီတုန်းက အဲဒီလို ပြောကြတယ်ပေါ့။ နောက်တခုက တရုတ်ဘက်က မနှစ်သက်ခဲ့လို့ ပယ်ချတာလည်း ပါမယ်။ ပြောရရင် ဒီလမ်းမကြီးက ပထ၀ီ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံရေး အရေရော မဟာဗျူဟာ ကျတယ်” လို့ မန္တလေးတက္ကသိုလ် ရူပဗေဒ ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။

ထိုစဉ်က ဦးနေ၀င်းက တရုတ်၊ အမေရိကန်၊ ရုရှား စတဲ့ နိုင်ငံကြီးတွေကြားမှာ ဘာပဲပြောပြော သတ္တိရှိရှိ ကစားနိုင်ခဲ့ပေမယ့် အခု မြန်မာခေါင်းဆောင်တွေဟာ တရုတ်လွှမ်းမိုးမှုကို အမှန်တကယ် လွန်ဆန်နိုင်မယ် မထင်ဘူးလို့လည်း ဦးလှမြင့်က ဆက်ပြောပါတယ်။

အမေရိကန် အကူအညီရရင် ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အလွန်ကောင်းသွားမယ်လို့ သူက ဆိုပါ တယ်။

ရန်ကုန်-မန္တလေး လမ်းမကြီးဟာ အာရှ လီဒို လမ်းမကြီးကို ချိတ်ဆက်နိုင်ပြီး တရုတ်-အိန္ဒိယ-တောင်အာရှ နိုင်ငံတွေ အတွက်လည်း အဓိကကျတဲ့ လမ်းမကြီး ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးအတွင်း Trade and Investment Frame work Agreement (TIFA) လို့ ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင် သဘောတူညီချက်တခုကို မြန်မာ ကုန်သွယ်ရေး ဒုဝန်ကြီး ဒေါက်တာ ပွင့်စန်းနဲ့ အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်တဦးဖြစ်တဲ့ မစ္စတာ ဒမီထရတ်စ် မရန်းတတ်စ်တို့ ယမန်နေ့က လက်မှတ်ရေး ထိုးကြပါသေးတယ်။

The Foreign Policy မဂ္ဂဇင်းကြီးရဲ့ သတင်းတပုဒ်မှာလည်း မြန်မာ့ သယ်ယူပို့ဆောင် ဆက်သွယ်ရေးမှာ နောက်ထပ် အရေးပါတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာလည်း အမေရိကန်တွေ လုပ်ခွင့် ရနိုင်ခြေရှိတယ်လို့ ဖော်ပြထား ပါတယ်။

မြန်မာ-အမေရိကန် ကုန်သွယ်ရေး စာချုပ် လက်မှတ်ရေးထိုးမှုတွေထဲမှာ ရန်ကုန် လေဆိပ် ပြုပြင် ထိန်းသိမ်းမှု လုပ်ပိုင်ခွင့် အပါအ၀င် အခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ နှစ် ၃၀ လုပ်ပိုင်ခွင့် စာချုပ်လည်း ပါဝင်မယ်လို့ အဆိုပါ မဂ္ဂဇင်းက ဆိုပါတယ်။

ရန်ကုန် လေဆိပ် လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ၀ါရှင်တန်နဲ့ စင်ကာပူတို့မှာ အခြေစိုက်တဲ့ Asia Group နဲ့အတူ ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုတို့ ပေါင်းပြီး လုပ်ဆောင်ဖို့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

Asia Group အကြံပေးအဖွဲ့ကိုတော့ မြန်မာပြည်နဲ့ မစိမ်းတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကာ့ဒ် ကမ်းဘဲလ်က ထူထောင်ထားတာပါ။

ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုကတော့ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက် ရင်းနှီးဖို့ အစီအစဉ်ရှိပြီး ဒီအထဲကမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွန်းမံပြင်ဆင်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက်ပါဝင်မှာ ဖြစ်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြန်လည် မွမ်းမံပြင်ဆင်မှု လုပ်ငန်းတွေကို Asia Group နဲ့ ACO တို့နဲ့ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကိုတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ မြန်မာအစိုးရက ကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်းမှာ သမ္မတ အိုဘားမားအပြင် အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်တွေ၊ အမေရိကန် စီးပွားရေးသမားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး မြန်မာ့ ပြုပြင်ပြောင်းလဲ ရေးကို ရှင်းပြကာ အမေရိကန်တွေ မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ခဲ့ပါတယ်။

ကွန်ဂရက် လွှတ်တော်က ပါတီ ၂ ရပ် ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံအပြီးမှာ မြန်မာ့အရေး အလွန်တက်ကြွတဲ့ အထက် လွှတ်တော်အမတ် မစ္စတာ မစ်ခ်ျ မက္ကောနယ်ကတော့ အမေရိကန်အနေနဲ့ မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လုံးဝ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့တောင် ပြောလိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အပြီးမှာ အမေရိကန်ဘက်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ကျန်ရှိနေသေးတာတွေလည်း အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါပြီ။

ဒီလို အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်မှုတွေနဲ့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင် ရေးအပြင် ရန်ကုန် လေဆိပ်ကို ပြန်လည် မွမ်းမံပြင်ဆင်မှုတွေ အမေရိကန်က လုပ်ပိုင်ခွင့် ရမယ်ဆို ရင်တော့ မြန်မာအတွက်လည်း နိုင်ငံတကာ အဆင့်မီ လေဆိပ်တခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခဟောင်း ဦးလှမြင့်က မှတ်ချက်ပေးပါတယ်။

“အခုလို အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွေမှာ အမေရိကန် အကူအညီရတာတော့ ပိုကောင်းတယ်။ ဒါပေမယ့် တရုတ် လွှမ်းမိုးမှုက မြန်မာပြည်မှာ တော်တော်ရှိနေတယ်။ ပြောရရင် တရုတ်က မြန်မာကို ဒုက္ခပေးလို့ ရနေတယ်။ တကယ်ဆိုရင် မြန်မာ-အမေရိကန် အရှည်သဖြင့် ဆက်ဆံရေး ချောမွေ့ ကောင်းမွန်နေအောင် ထိန်းသိမ်းဖို့ လုပ်နိုင်ပါ့မလား စိုးရိမ်မိတယ်” လို့ သူက ဆိုပါတယ်။

တဖက်မှာလည်း အမေရိကန် Asia Group နဲ့ ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုတွေက အနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကုမ္ပဏီကြီးလည်းဖြစ်တဲ့ Asia World ကို ပြိုင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း The Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။

Asia World ကုမ္ပဏီဟာ တချိန်က မူးယစ်ရာဇာ လော်စစ်ဟန်ရဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် တည်ထောင်ထားတာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုက အခုထိ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းမှာ ထိပ်ဆုံးက ဖော်ပြထားဆဲဖြစ်ပါတယ်။

Credit : http://abbsoluteright.blogspot.com/2013/05/blog-post_6622.html

ဖလန်းဖလန်းထမဲ့ နန်းခင်ဇေယျာ သိစေရန်



အသည်းကြား မှ ရိုးသားသည့်Touch Click သန်း ပေါင်းများ တို့၏ မြစ်ဖျားခံရာ သို့မဟုတ် National Spirit အခု Photo မှာ မြင်ရတဲ့ အတိုင်းပါဘဲ ---> Myanmar Facebook User တွေ ဆိုတာကလည်း VOTE တကာ့ VOTE တို့ရဲ့ ထိပ်ခေါင် Clicker တွေလို့ဆိုရင် မမှားပါဘူး Information မရလိုက်နဲ့၊ မြန်မာသာ ဖြစ်ပါစေ အားတိုင်း VOTE မကြာခဏ VOTE တရေးနိုးလည်း ထပီး VOTE ကုန်ကုန်ပြော ရင် အိမ်သာတက်ရင်းတောင် VOTE ကြတဲ့ သူတွေ VOTE သန်းပေါင်းများစွာတက်ရေး ဒို့အရေးဆိုပီး ဘီလ်ကုန်ခံ အိပ်ပျက်ခံ Like ကြ Share ကြတဲ့သူတွေ အဲဂလို အားရပါးရ VOTE တတ်ကြတဲ့ ရွှေမြန်မာ Voter တွေ ဆိုတာကလည်း VOTE ရုံလောက်နဲ့ အားမရ ကိုယ် VOTE ပေးလိုက်တဲ့ သူအပေါ် စေတနာ အပြည့်နဲ့ ဘာလုပ်လုပ် အမြဲတသသ ထာဝစဉ် Like ချင်နေတဲ့ သူတွေ ဘာကြောင့် အဲလို လုပ်ကြတာလဲ? ဘယ်သူ က ခိုင်းလို့လဲ?


National Spirit ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ် ရဲ့ စေစားမှုကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ခဲ့ကြ တာပါ ညီမလေးရေ အလားတူပဲ၊ အခု ၉၆၉ လှုပ်ရှားနေသူ အားလုံးသည်လည်း နိုင်ငံရေးလုပ်စားနေတာ မဟုတ်ပဲ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် အမျိုးသားရေး အတွက် ဆောင်ရွက်နေကြတာပါ ညီမလေးရေ အဲဒီ National Spirit တွေကနေ တစ်ဆင့် Miss International Nang Khin Zayar ဆိုတာကို ဖြစ်စေခဲ့တာ ဆိုရင် ညီမလေး ငြင်းမလား? နောက်တစ်ချက် က၊ VOTER ပမာဏ ရဲ့ 99.999 % သည်လည်း မွတ်စလင်ကုလားတွေမဟုတ်ဘူး ညီမလေးရေ ---> Voter တွေ မျက်နှာ မှ မထောက် Keyboard လောက်မှ ဇောက်မနက် တဲ့ စကားတွေ ကို ပြောရက်လို့ ပြောထွက်ခဲ့တာ ဘယ်သူလဲ? ပီးတော့မှ ဂျာနယ် ကို လွှဲချတဲ့ Post လေး ၁ ကြောင်းနဲ့ ' ဒါပါဘဲရှင် ' တော့ မလုပ်စေချင်ဘူး

ညီမလေးရေ --> ဒါဆို ရှင် က ဘာလုပ်စေချင်တာလဲ ? လို့ တော့ လာမမေးပါနဲ့၊ ငါလည်း တိဝူး သိချင်ရင် မင်းရဲ့ Facebook User ပရိတ်သတ်ကြီးကိုသာ မင်းဖာသာ ပြန်မေးကြည့်ပါတော့ အားလုံး က ညီမလေး ကို ချစ်ပြီးသားပါ မင်း ဘက်ကသာ နည်းနည်းလောက် စာနာတတ်ဖို့ လိုတာပါ ညီမလေးရေ # ဂျာနယ် မှ Nang Khin Zay Yar သို့ Warning --> သက်ဆိုင်သူ ဖေ့စ်ဘွတ်ခ်မင်းသမီး သိစေရန် (အင်တာဗျူး အနေနဲ့  ဖော်ပြတော့မယ်ဆိုရင် အခု ခေတ်မှာ သတင်းထောက်က အသံဖမ်းပါတယ် စကားလုံးများ အတိ အကျ ဖော်ပြခံရခြင်းမရှိကြောင်း လို့ ပြောနေသူ အတွက် ကျွန်တော်တို့မှာ အထောက်အထားအတိအကျ ရှိပါတယ် လိုအပ်လာရင် အဲဒီအသံဖိုင်ကို အများပြည်သူကို ချပြပေးဖို့ ၀န်လေးမှာမဟုတ်ကြောင်း သက်ဆိုင်သူအား အသိပေးအကြောင်းကြားအပ်ပါသည်။)

# * အခုလို ပုံစံမျိုးနဲ့ အချစ်စမ်းပီး ဖလန်းဖလန်းထမယ် ဆိုရင်တော့၊ ဖလပ်ဖလပ် ဖြစ်သွားလိမ့်မယ် ဆိုတာလေးတော့ သတိပြုစေချင်ပါတယ် Nang Khin Zay Yar ဆိုတဲ့ ညီမလေးရေ *

From:Ko June

ဆရာတော် ဦးသောဘိတ အသတ်ခံရစဉ်က ဝေဖန်ချင်းမရှိသော်လည်း ကုလားများကို စီရင်ချက် ချသောအခါတွင် အစိုးရမှားသည်ဟု ဒေါ်စု ဝေဖန်



Thai Ch 7 လိုင်းမှာ နိုင်ငံခြား သတင်းမှာပါတယ်..

မိတ္ထိလာအရေးမှာ ဘုန်းကြီးကိုသတ်တဲ့ မွတ်ဆလင် ကုလားကို တရားရုံးက အမြန်အမိန့်ချလိုက် တာ... အစိုးရရဲ့ဖိအားကြောင့်လို ဒေါ်အောင်ဆန်းစုကြည် ကဆိုပါတယ်...အမှန်တော့ ဒီလိုလုပ်လိုက်တာကိုက မြန်မာလူထုကြီးဒေါသကို ထိပ်ဆုံးမရောက်အောင် ထိန်းပေးလိုက်တာပဲ့.... ဘုန်းကြီးကိုသတ်တယ်ဆိုတာ...ဗုဒ္ဓဘာသာဝင်ကို ဘာသာခြားက စော်ကားတာ... ဘယ်လိုမှမခံနိုင် လောက်အောင် ခံပြင်းတဲ့ စော်ကားမှုကြီး....ဗုဒ္ဓဘာသာအများစုနေတဲ့နိုင်ငံမှာ ဖြစ်ကိုမဖြစ်သင့်တာ...

ဒါကြောင့် တရားရုံးအနေနဲ့ အမိန့်အမြန်ချပြီး လူထုကြီးဒေါသကို ဆက်မဖြစ်အောင်ထိန်းလိုက်တာ... အဲဒါကို ဒေါ်စုက လာပြောတယ်ဆိုတော့ တော်တော်လွဲနေတယ်.... တရားရုံးတွေ အစိုးရပါဝါသက်ရောက်မှုရှိတယ်... ဆိုတာကို ဝေဖန်မယ်ဆိုလည်း အစောကြီးကတည်းက ဝေဖန်ပါ... တခြားသူတွေ ဥပမာ နိုင်ငံရေးလုပ်သူ အာဏာပိုင်နဲ့ထိပ်တိုက်တွေ့လို့ အမှုဆင်ဖမ်းခံရသူ... အဲလိုလူတွေဘက်က ကာကွယ်ပြောရင်း သက်သေပြတာက အမြင်မဆိုးဘူး...အခုက ကုလားထိမှပဲ့ ချက်ချင်းကြီး ကောက်ထအော်တာမျိုးတော့... .တော်တော်လွဲနေတယ်လေ..... တော်တော်အရောင်မှိန်လာပြ

တရားရုံးတွေဟာ အစိုးရအာဏာစိုးမိုးမှုရှိတယ်... ဆိုတာ ဝေဖန်ရင်လည်း တခြားအမှုတွေတုန်းက မဝေဖန်ပဲ ကုလားကိုအမိန့်ချမှပဲ့ ဝေဖန်တာတော့.... .မွတ်ကုလားတွေကို နောက်ကနေ အားပေးမြှောက်ပင့်သလိုဖြစ်နေတာပေါ့ဗျာ.... စိတ်မကောင်းပါဘူး....NLD အတွက်...ထိုင်းနိုင်ငံခြားရေးသတင်းကြေငြာတာမှာပါတယ်... ..ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကတရားရုံးတွေကိုဝေဖန်တယ်တဲ့.. .ပြီးတော့ မိတ္ထိလာမှာဘုန်းကြီးကိုသတ်တဲ့ မွတ်ဆလင်ကုလားတွေကို အမိန့်ချတာ တရားရုံးကနတရားဘူးလို့ပြောတယ်တဲ့... ဒေါ်အောင်ဆန်းစုကြည်တော့ ဗုဒ္ဓဘာသာဝင်နဲ့ ကွိုင်တော့မှာပဲ့... အဲလိုလျှောက်ပြောနေတာ...ဖေါက်ဖေါက်လာပြန်တယ်......ပြဿနာ......ပြဿနာ.......

Boon Myo Myo

From: Black Angle

Credit : Here

အာဏာရ ပြည်ခိုင်ဖြိုး ပါတီ လက်ထက်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံ များ တွင်မြန်မာနိုင်ငံက ဦးဆောင်နေရာကို ခန့်ထည်စွာရယူနိုင်ပြီဖြစ်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာ ရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော (၆၅)ကြိမ် မြောက် တိပိဋကဓရ တိ ပိဋက ကောဝိဒရွေးချယ်ပူဇော်ပွဲကို ကမ္ဘာအေး သာသနာ့လှိုင်ဂူတွင် မေလ (၁၈)ရက်တွင် ကျင်းပ ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါအခမ်းအနားပွဲတွင် သာသနာရေး ၀န်ကြီး ဌာန ပြည် ထောင်စုဝန်ကြီးဦးဆန်းဆင့်မှ ကြွ ရောက်လာကြသော ဆရာတော်၊ သံဃာတော် များအား လျှောက် ထားရာတွင် ““တပည့်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီးတွင် ပဋိကတ်အားဖြင့် သုံးသွယ်၊ နိုကာယ်အားဖြင့် ငါး ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်း လေးထောင်ရှိသည့် ပရိယတိ္တ စာပေများကို သက်တော်ထင်ရှား ဘုရားရှင် လက်ထက်တော်အတိုင်း ဆရာတော်တပည့်အစဉ်အဆက် မပျက်ရအောင် ရဟန်းသံဃာ တော် အရှင်သူမြတ်များ အဆင့် ဆင့်သင်ယူပို့ချဆောင်ရွက်တော် မူခဲ့သည့်နည်းတူ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စာသင်တိုက်ကြီးများ သည်လည်း ယနေ့တိုင်အောင် အားသွန်မပျက် ကြိုးပမ်းထမ်း ရွက်တော်မူလျက်ရှိကြသဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် သည် ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများအလယ်တွင် ဦးဆောင် နေရာကို ခန့်ထည်စွာ ရယူနိုင် လျက်ရှိ ပါကြောင်းနှင့် သာသနာ တော် သုံးရပ်တွင် အခြေခံကျလှ သည့် ပရိယတိ္တသာသနာတော် အမာခံ အုတ်မြစ်ကောင်းစေရေး အတွက် ပရိယတိ္တစာမေးပွဲများ ကို နိုင်ငံတော်အစိုးရမှ ကြီးမှူး၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ဆရာတော်များဦးဆောင်၍ ဒေသဆိုင်ရာ ပရိယတိ္တစာမေး ပွဲ များကို သက်ဆိုင်ရာမြို့၊ ရွာဒေသ အလိုက်လည်းကောင်း ကျင်းပ ပေးလျက်ရှိရာ တိပိဋကဓရ တိပိ ဋကကောဝိဒရွေးချယ်ရေးစာမေး ပွဲကြီးမှာ ပရိယတ်္တိစာမေးပွဲနယ် ပယ်တွင် အမြင့်မားဆုံးစာမေး ပွဲ ကြီး ဖြစ်ပါသည်ဘုရား””ဟု သံဃာ တော်အရှင်သူမြတ်များ အား လျှောက်ထား ခဲ့ကြောင်း သိရ သည်။

From:hot news

UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ



ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်း ပေါင်း (၁၅၀၀) ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေး များစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့ က ဆိုသည်။


မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ် သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ် ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ် နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ် ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်း ထုတ်ပြန်ခဲ့သည်။

ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ေ ရာက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာ သူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေး တစ်ဦး တို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်းနှ င့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။ ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်း ခဲ့ပြီး မသင်္ကာ သူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်း က ဆက် ပြောသည် ။

ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီး ထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။

ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည် ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊ မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။

ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃- လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့် အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။

ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့် မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါးများ ရောင်းနေ ရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်း ထားခြင်း ကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ပြော သည်။

Ref ; ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃

အလုပ်အကိုင် ရရှိမည်ဟု အခကြေးငွေယူပြီး အမျိုးသား ၃ ဦးအား ခေါ်ဆောင်လာသည့် အမျိုးသမီးအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု စည်းရုံး ပြောဆိုလျှက် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ တောင်းခံပြီး အမျိုးသား ၃ ဦးကို ခေါ်ဆောင်လာသူ အမျိုးသမီး တစ်ဦးအား တာချီလိတ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ၊ ရဲတပ်ဖွဲ့ရုံးမှ မေလ ၁၉ ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ မေလ ၁၉ ရက် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ယာဉ်အမှတ် ၈ဇ/ ၇၆၄၂ လိုက်ထရပ် ဖြင့် တာချီလိတ် သို့ ရောက်ရှိလာသူ ၄ ဦးအား လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ မသက်သက်မာ ၊ စိုးသီဟ (တပ်ကုန်ုး) ၊ အောင်ကိုဝင်း (လယ်ဝေး) နှင့် ကိုချစ် (လယ်ဝေး) တို့ ဖြစ်ကြောင်း နှင့် မသက်သက်မာ မှ ကျန် ၃ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီဖြင့် ထိုင်းနိုင်ငံ၌ အလုပ်အကိုင် ရှာဖွေ ပေးမည်ဟု စည်းရုံး ပြောဆိုမှု အပေါ် သဘောတူညီ ချက်ဖြင့် လိုက်ပါ လာခြင်း ဖြစ်ကြောင်း ၊ ယခင်ကလည်း ပို့ဆောင် ပေးခဲ့ဖူးကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။ 

သို့ဖြစ်၍ တရားဝင် အကျိုးဆောင် လိုင်စင် မရှိဘဲ ထိုင်းနိုင်ငံ၌ အလုပ်အကိုင် ရှာဖွေပေးရန် အခကြေးငွေ ယူပြီး ခေါ်ဆောင် လာသူ မသက်သက်မာ (ဘ) ဦးမောင်မောင်ဝင်း ( ဒီးဒုတ်ကုန်းရွာ ၊ တပ်ကုန်းမြို့ နေသူ ) အား တာချီလိတ် ရဲစခန်း မှ (ပ) ၁၀၀/ ၂၀၁၃ ၊ ပြည်ပ အလုပ်အကိုင် ဥပဒေ ပုဒ်မ (၂၆) ဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com/2013/05/blog-post_22.html

တစ်ချိန်တုန်း ကတော့ ဟုတ်ပါတယ်။ တိုင်းပြည်ရဲ့ ၀င်ငွေဟာ သယံဇာတ အပေါ်မှာ မှီခိုနေ ရတယ် ဆိုတာ မှန် ပါတယ်။ အခုတော့ မလို ပါဘူး” ဆိုတဲ့ သစ်တော ၀န်ကြီး



ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ် နေသော သစ်ခိုးထုတ် မှုများ၊ သစ်တောပြုန်း တီးမှုတို့နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းေ ရးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်း ထွန်းနှင့် မေ ၁၁ ရက်တွင် တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြ လိုက် ပါသည်။


အခုဆိုရင် ကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ခဲ့တာ ၂ နှစ် ပြည့်ပါတော့မယ်။ စစ်ပွဲတွေနဲ့ နယ်မြေ မငြိမ်း ချမ်း တာ ကိုအကြောင်းပြပြီး သစ်ခိုးထုတ်နေ မှု တွေကြောင့်ကချင်နဲ့ ရှမ်းပြည်နယ်ကနေတရုတ်နိုင်ငံကို ပို့နေ တဲ့ တန်ချိန်ဟာ တစ်နှစ်ကိုတန် တစ်သိန်း ကျော်တယ်လို့ စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေ က ပြောနေ ပါတယ်။ မူးယစ်ဆေးဝါးနဲ့ မျှားခေါ်ပြီး သစ်ထုတ်ခိုင်းတဲ့ သက်သေ တွေလည်း အများကြီးရှိပါတယ်။ မေးချင်တာက ၀န်ကြီးတို့အနေနဲ့ ဒီလို တွေရှိတယ်ဆိုတာရော သိပါသလား။ အရေးယူဆောင်ရွက်မှု မရှိဘူး လားရှင်။ 

သိတာကာလ အတော်ကြာပါပြီ။ ဒီနယ်စပ်တွေမှာ တရားမ၀င်သစ်ခိုးထုတ် မှုတွေ နှစ်စဉ် နှစ်စဉ်ဖြစ်နေ တယ်ဆိုတာ အများကြီး သိပါတယ်။ 

သိတဲ့အလျောက်လည်း ၀န်ကြီးဌာနအနေနဲ့ တတ်နိုင်သလောက် ထိန်းသိမ်းကာကွယ်ခြင်းတွေ လုပ်နေ ပါတယ်။ ဥပမာပြောရရင် တရုတ်သံအမတ်ကြီး (အရင်သံအမတ်)နဲ့ တွေ့တုန်းက နယ်စပ်တွေမှာ ဒီလိုတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံတော်ဘက်က အများကြီးနစ်နာတယ်။ငွေရေးကြေးရေးနဲ့ တွက်ရင်လည်း နစ်နာ သလို ငွေရေးကြေးရေးနဲ့ ရေတွက် လို့ မရတဲ့အင်မတန် တန်ဖိုးကြီးတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပျက်စီးစေ တယ်။ ပျက်သုဉ်းစေတယ်။ ဒါလေးတွေကိုတော့ တရုတ်နိုင်ငံကလည်း ပြောပေး ပါဆိုပြီး ပြောခဲ့ပါတယ်။ အရင် အစိုးရလက်ထက် ၀န်ကြီးမဖြစ်မီ ဒီဦးဆောင်ညွှန်ကြားရေးမှူးဘ၀က အရင်ဝန်ကြီးနဲ့ တရုတ်နိုင်ငံ ခရီးစဉ် အဖြစ် တရုတ်နိုင်ငံကိုရောက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဒါလေးတွေကို တားဆီးပေးဖို့ ပြောခဲ့ ပါ တယ်။ တစ်ဆက်တည်းမှာလည်း ယူနန်ပြည်နယ် အစိုးရ နဲ့တွေ့တုန်းကလည်း တားမြစ်ပေးဖို့ နှစ်ကြိမ် အရေး ဆိုခဲ့ဖူးပါတယ်။

သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ်ကျမှ ရပ်မယ်ဆိုပေမယ့် ဒီလိုသစ်ခိုးထုတ်လုပ်မှုတွေကြောင့် သစ်ေ တာေ တွ ကုန်သလောက်ရှိပြီလို့ပြောနေကြပါတယ်။ အဲဒီအတွက်ရော ၀န်ကြီးမှာ အဖြေရှိပါသလား။

ဒီလို မပြောကြဘဲနဲ့ သေချာစာရင်းဇယားနဲ့ ပြောကြရင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်း မှုနဲ့ သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုသဲကွဲဖို့ လိုတာပေါ့။ အချို့က မကွဲ ဘူးဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၀ ပြည့်နှစ်က ကုလ သမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်ကြေညာထားတဲ့ ထုတ်ပြန်ချက်ပါ။ ဒါကလည်း ဒီအတိုင်း ထုတ်ပြန်ထားတာ မဟုတ်ဘူး။ သေချာကောင်းကင်ဓာတ်ပုံတွေ ကြည့်ပြီးထုတ်ပြန်ထားတာပါ။ အဝေးစူး စမ်းခြင်းေ တွ သုံးပြီး မြန်မာနိုင်ငံရဲ့ သစ်တောသယံဇာတကို တွက်ချက်ထားတာပေါ့။ ဒါပေမဲ့ ကာလတို တစ် ခု အတွင်းမှာတော့ ပြုန်းတီးမှုက မြန်တယ်။

ဆယ်နှစ်အတွင်းလောက်မှာပဲဖြစ်ဖြစ် လျင်မြန်သောနှုန်းနဲ့ သူကပြုန်းတီးလာတာ မှန်တယ်။ ပြုန်းတီး တာ လည်း အမျိုးမျိုးရှိတာပေါ့။ တရားဝင်နှစ်စဉ်နှစ်စဉ် တွက်ချက်ပြီး သစ်ခုတ်တာလည်း ရှိသလို တရားမ၀င် သစ်ခိုးခု တ်မှုတွေလည်းရှိတယ်။ အခုလိုမျိုး နယ်စပ်မှာ အတိုင်းအဆမရှိ သစ်ခိုးခုတ်တာတွေလည်းရှိတော့ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်အတွင်း သစ်ပြုန်းတီးမှုတွေ မြန်တယ်ဆိုတာမှန်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုက ၄၆ ဒသမ ၉ ရာခိုင်နှုန်းကျန်ပါသေးတယ်။ ကြိုးဝိုင်း၊ ကြိုးပြင် ကာ ကွယ်တောအဖြစ် ဥပဒေအရ ကာကွယ်ထားတာ ၂၄ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောက အဲဒီလောက်၊ သစ်တော ဖုံးလွှမ်းမှုက ဒီလောက်မဟုတ်ဘူး။ မဖွဲ့ ရသေးတဲ့ သစ်တော ၄၆ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။

ဒါက ၂၀၁၀ စာရင်းဆိုတော့ ဒီဘက်သုံးနှစ်တာအတွင်းမှာ ဘယ်လောက် ကျန်ဦးမယ်လို့ ထင်ပါသလဲ။

သာမန်အားဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီပေါ့နော် တိုင်းပြည်ရဲ့ အနေအထားကလည်း သစ်တော ကဏ္ဍ ကနေ ၀င် လာမယ့် နိုင်ငံခြားငွေ အဲဒီအပေါ်မှာ သိပ်ပြီးတော့ မှီခိုအားထားစရာမလိုတော့ဘူး။ မလို တဲ့အတွက်ကြောင့်မို့ ၀န်ကြီးဌာနအနေနဲ့ သစ်တောသယံဇာတကို ခုတ်လှဲပိုင်းဖြတ်ဖို့ အရမ်းကြီး အားစိုက် ထု တ်စရာ မလိုတော့ဘူး။ တစ်ချိန်တုန်းကတော့ ဟုတ်ပါတယ်။ တိုင်းပြည်ရဲ့ ၀င်ငွေဟာ သစ်တောသ ယံဇာတ အပေါ်မှာ မှီခိုနေရတယ်ဆိုတာ မှန်ပါတယ်။ အခုတော့ မလို ပါဘူး။ နိုင်ငံတော်သမ္မတကလည်း ငွေရေးကြေးရေးကို ရှာပေးဖို့ထက် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သစ်တောတွေ ထိန်းသိမ်းဖို့ အာရုံ စိုက် ပါလို့ လမ်းညွှန်မှာကြားထားပါတယ်။ သစ်လုံးတွေ အများကြီးပို့ဖို့ မခိုင်းထားဘူး။ သမ္မတ ခိုင်းတာက သစ်တော သယံဇာတကို ထိန်းသိမ်းဖို့ပဲ ခိုင်းထားပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ တော်တော်စဲသွားပါပြီ။ ဒါပေမဲ့ နည်းနည်းတော့ ကျန်သေး တာပေါ့။ ၀န်ကြီးကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပါနေတယ်။ ဒီလိုရပ်စဲနေတဲ့ အချိန်မှာ ကချင်၊ ရှမ်းပြည်နယ်တွေက တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံကြွယ်ဝတဲ့ ဒေသ လည်းဖြစ်တော့ ၀န်ကြီးတို့ ဌာန အနေနဲ့(သို့မဟုတ်)အင်န်ဂျီအိုအနေနဲ့ ရပ်ထားရတဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပြန်စပြီလား။ သစ်ခိုး ခုတ် မှုတွေ တင်းကျပ်စွာ တားမြစ်ဖို့ အစီအစဉ်တွေရော ရှိနေပြီလား။

ဝန်ကြီးဌာန တစ်ခုအနေနဲ့ ကတော့ လက်နက်ကိုင်အဖွဲ့အစည်း မရှိတဲ့ဌာနတစ်ခုဖြစ်တော့ နယ်မြေ မအေး ချမ်း တဲ့ နယ်မြေမှာ ထမ်းဆောင်ဖို့ဆိုတာခက်ခဲပါတယ်။ ဥပဒေ လက်လှမ်းမမီမှု၊ နယ်မြေ မအေးချမ်းမှု ရှိနေ သမျှ ကာလပတ်လုံး အဲဒီနေရာတွေကို တာဝန်ယူလို့ မရတဲ့အခြေအနေ ဖြစ်နေတယ်။ ဒါပေမဲ့ သံတမန်နည်းလမ်းနဲ့ အထက်အကြီးအကဲများထံ တင်ပြတာတို့။ လက်လှမ်းမီသမျှ ကချင်ပြည်နယ်အတွင်း ဖမ်း ဆီး ထားတာတွေ ရှိပါတယ်။ ဒီအ တိုင်း လက်ပိုက်ကြည့်နေတာတော့ မဟုတ်ပါဘူး။ အသက်စွန့် ပြီး ဖမ်းထား ကြတာပါ။ တိုက်ပွဲ တွေ ဖြစ်နေတဲ့ မန်စီမြို့နယ်အ တွင်းက သစ်တောဝန်ထမ်းတွေကို ဗန်းမော်မြို့မှာ အကုန်လုံးပို့ထားရတယ်။ သစ်တောဝန်ထမ်းတွေ မလုံခြုံပါဘူး။ မလုံခြုံပေမဲ့လည်း လက် လှမ်း မီသလောက် အသက်စွန့်ပြီး ဖမ်းဆီးတာပါ။ အသက်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဖြစ်စဉ် ကတော့ ရွှေလီမဘိန်းထဲမှာ ဖြစ်သွားတာပါ။ သစ်တောဝန်ထမ်းနှစ်ဦး အသက်ပေးခဲ့ရတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနအနေနဲ့ အခုလတ်တလော မြန်မာနိုင်ငံမှာ အရေး တကြီးဖြေ ရှင်းဖို့ လိုတဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။

အဓိကဖြေရှင်းရမယ့် ပြဿနာလို့တော့ မမြင်ဘူး။ ဘာလို့ မမြင်လဲဆိုတော့ သိပ်ကောင်းနေတယ်လို့တော့ ပြောတာ မဟုတ်ပါ ဘူး။ နိုင်ငံရေးအခြေအနေအရ ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ အဆက်အစပ် နည်းခဲ့တယ် ဆိုပေ မယ့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိစ္စတွေမှာ ဒေသအတွင်းမှာပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာပဲဖြစ်ဖြစ်၊ ကွန်ဗင်း ရှင်းမှာပဲဖြစ်ဖြစ်ဒီလိုကိစ္စမျိုးမှာတော့ နောက်မကျသေးပါဘူး။ မြေပေါ်သယံဇာတကလည်း တခြားနိုင် ငံတွေထက်စာရင် ကောင်းပါသေးတယ်။ တိုင်းပြည်က သိပ်ပြီးမဖွံ့ဖြိုးသေးတာ ဖြစ်တဲ့အ တွက်ေ ကြာင့်မြေပြင်၊ လေပြင်၊ ရေပြင်တွေမှာ ညစ်ညမ်းမှုဖြစ်နေတာလည်း နည်းပါသေးတယ်။ သို့သော် နည်း တယ် ဆိုပြီး အေးဆေးနေပြီး စိတ်လျှော့ထားလို့တော့ မဖြစ်ဘူးလေ။ အဲဒါကြောင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ဥပဒေနဲ့အညီ ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ကြပါလို့ ပြောချင်ပါတယ်။

အခုဆိုရင် Google Earth က ကြည့်ရင် မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ တစ်နှစ်ပြီး တစ်နှ စ်လျော့ေ လျာ့လာနေပြီလို့ ပြောနေကြသလို ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အများဆုံးလေးနိုင်ငံ စာရင်း မှာ တောင်ပါနေပါပြီ။ အဲဒီလို ပြုန်းတီးမှုတွေ ရပ်တန့်အောင် ၀န်ကြီးအနေနဲ့ ဘယ်လိုတားဆီးမလဲ။

ဒီလို ပြုန်းတီးမှုတွေကိုလည်း တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေကိုလည်း တတ်နိုင်သမျှ ဥပဒေအရ လက် လှမ်းမီတဲ့နေရာတွေက ၀န်ထမ်းတွေရဲ့ အခြေခံစိတ်ထားကအစ ပြောင်းပြီးမှ မိမိရဲ့ တာဝန်ကို လျစ် လျူမရှုနဲ့ငွေရေး ကြေးရေး လာဘ်လာဘနောက် မလိုက်နဲ့ ဥပဒေအရ ကာကွယ်ပါ တားဆီးပါလို့ ဌာန အတွင်းမှာ အပြင်းအထန်ဆုံး တိုက်တွန်းပြီး ဆောင်ရွက်နေ တဲ့ ကာလဆိုတော့ တစ်ဖက်ကလည်း အလုပ် လုပ်သွားမယ်။ တစ်ဖက်က လည်း ပြုန်းတီးသွားတဲ့ သစ်တောတွေ ပြန်စိုက်ဖို့ ဌာနကလုပ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖိတ်ခေါ်နေတယ်။ ဒီလို လုပ်လာလို့ရှိရင် သစ်တောသယံဇာတတွေ တိုးမြင့် လာမယ်လို့ မြင်ပါတယ်။

အခု ထုတ်ထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေအရ မြေလွတ် မြေရိုင်းအဖြစ်ရောက်နေတဲ့ မြေတော်တော် များ များ ဟာ သစ်တောဖုံးလွှမ်းမှုတွေရှိတယ်လို့ ပညာရှင်တွေက ပြောနေကြသလို မြေလွတ် မြေရိုင်းအဖြစ် သတ် မှတ်ခံထားရတော့ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို နေရာချထားပေးမှာကို စိုးရိမ်နေကြတယ်။ လက် ရှိ မှာ ၀န်ကြီးကိုယ်တိုင်ကလည်းမြေယာမူဝါဒရေးရာ ရေးဆွဲနေတော့ ဒီမြေလွတ် မြေရိုင်းထဲ ရောက်နေ တဲ့ သစ်တောဖုံးလွှမ်းမြေတွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ။

တို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်က တိုင်းပြည်တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို သစ်တောဥပဒေနဲ့ စီမံအုပ်ချုပ်ဖို့ အနှစ် ၃၀ စီမံကိန်း ရှိတယ်။ ဒါဆိုရင် ဒီနေရာတွေကို ဘာလို့ မလုပ်သေးတာလဲလို့ မေးစရာရှိတာပေါ့။ ဥပဒေ နဲ့ လက်လှမ်းမီတဲ့နေရာတွေမှာတော့ ကြိုးဝိုင်းတောတွေ၊ ကြိုးပြင်တောတွေ ကာကွယ်လို့ ပြီးပါပြီ။ သို့သော် အကြောင်းကြောင်းကြောင့် နယ်မြေမအေးချမ်းသေးလို့ အစီအစဉ် လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒါကြောင့် တချို့နယ်မြေတွေမှာ ကြိုးဝိုင်းတွေ၊ ကြိုးပြင်တွေ မသတ်မှတ်ရသေးပါဘူး။ ကြိုးဝိုင်း၊ ကြိုးပြင် မသတ် မှတ်ရသေးရင် အဲဒီနေရာတွေက မြေလွတ် မြေရိုင်း ထဲပါ တာပါ။ ဒါပေမဲ့ အဲဒီနေရာတွေမှာ သစ်ေ တာတွေ ကောင်းပါသေး တယ်။ သစ်တောကြိုးဝိုင်းဖွဲ့စည်းဖို့က အခြေအနေမပေးသေးလို့။ ဒီလိုတွေ ကျန်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သမင်မွေးရင်းကျားစားရင်းဖြစ်နေတဲ့ ဖြစ်ရပ်တွေ လည်း ရှိပါတယ်။ အခုသတ်မှတ်ထားတဲ့ ကြိုးဝိုင်းထဲမှာ လူနေအိမ်တွေရှိလာလို့ ကြိုးဝိုင်းက ပယ်ဖျက်လိုက်ရတာတွေလည်း ရှိတယ်။

အခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ဖြစ်ပျက်နေတဲ့ သစ်ခိုးထုတ် မှုတွေနဲ့ပတ်သက်ပြီး ကေအိုင်အို၊ ကေအိုင်အေ တို့ကို ပူးပေါင်းပါဝင်ဖ 7Day သတင်းစာနဲ့ ဂျာနယ်ကတစ်ဆင့် ဘာတွေ ပြောချင် တာများ ရှိပါသလဲ။

တစ်ဖက်နိုင်ငံကို တရားမ၀င် ခိုးထုတ်မှုတွေ လုပ်နေတဲ့သူတွေကို ပြောချင်တာ ရေတိုကို မကြည့်စေချင် ဘူး။ ရေရှည်သွားမယ့် ကိစ္စပါ။ သစ်တောသယံဇာတတွေ ပြုန်းတီးသွားလို့ရှိရင် ရာသီဥတု ပြောင်းလဲတာ တို့၊ စားနပ်ရိက္ခာ ရှားပါးလာတာတို့ကို ဒီဒေသမှာနေတဲ့ ဒီလူတွေပဲ ခံစားရမှာပါ။ နောင်မျိုးဆက်အထိ ခံစား ရ မှာပါ။ အတိုင်းဆမရှိ မခုတ်လှဲကြပါနဲ့။ သေချာစနစ်တကျ တွက်ချက်ပြီး လုပ်ကြပါ။ ဘယ်လိုအကြောင်း အမျိုးမျိုးနဲ့မှ သစ်တောတွေကို အသုံးမချကြပါနဲ့။ အခွန်ငွေရဖို့ပဲဖြစ်ဖြစ် မလုပ်ကြပါနဲ့။ ခဏတာငွေရရှိမှုကို ကြည့်ပြီး ခွင့်မပြုပါနဲ့။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

7Day News Journal

ABSDF နှင့် အစိုးရ ဆွေးနွေးမှု နှစ်ဘက်စလုံး အားရကျေနပ်မှုရှိ



ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် အစိုးရဘက်မှ ဗိုလ်မှူးကြီး တဦး ဦးဆောင်သည့် အဖွဲ့နှင့် Myammar Peace Center ခန်းမတွင် မေလ ၂၁ ရက်နေ့မှ စတင် ငြိမ်းချမ်းရေအတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။


ယခုအချိန်တွင် ဆွေးနွေးရလဒ်များကို ထုတ်ပြန် နိုင်ခြင်းမရှိသေးသော်လည်း အချိန်ကာလတခုတွင် ပြည်သူလူထု သို့ မီဒီယာမှ တဆင့် ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရဲဘော် ကျော်ကို က ပြောသည်။

၎င်းက “နှစ်ဘက်စလုံး ကျေနပ်အားရမှုရှိတယ်။ နောက်တခု အပေါင်းလဏ္ခာဆောင်ပါတယ်။ ထူးခြားချက် ကတော့ သူ့အမြင် ကိုယ့်အမြင် နှစ်ဘက်ကြား သေသေချာချာ နက်နက်ရှိုင်းရှိုင်း ပြောနိုင်ဆိုနိုင်တယ်” ဟု ရှင်းပြသည်။

အဖွဲ့ဝင် ငါးဦးပါ ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း အဖွဲ့ခေါင်းဆောင်သည့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ အဖွဲ့ (Technical team) တို့ နှစ်ဘက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကိုကျော်ကိုက “ယေဘုယျပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲချက်တွေ ရှိမှာပဲ။ ဒါလည်းသဘာဝကျ တယ်။ ကျနော် တို့ ပဋိပက္ခတွေက နှစ်ရှည်လာခဲ့တယ်။ ပြောတာက တနာရီ၊ နှစ်နာရီ၊ တကြိမ်တည်း၊ တလ၊ နှစ်လ တနှစ်တည်းနဲ့ ကျနော်တို့ လိုချင်တဲ့ရည်မှန်းချက် ပန်းတိုင် ရောက်ဖို့ မဖြစ်နိုင်သေးဘူး။ ဆွေးနွေးပွဲ ဖြစ်စဉ် အတိုင်း သွားကြရမယ်။ ဆက်ပြီးဆွေးနွေး အဖြေရှာရမှာပဲ” ဟု ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနှင့် ၃ ကြိမ် တွေ့ဆုံခဲ့ပြီးသလို နှစ်ဘက်ရှု မြင်ချက်တွေ အမျိုးမျိုး ရှိနိုင်ကြောင်း ဖြည့်စွက်ပြောကြားသည်။

အချိန်ကာလအားဖြင့် မပြောနိုင်သေးသော်လည်း ဆွေးနွေးပွဲများ ဆက်ရှိရန် နှစ်ဘက်စလုံး သဘောထားရှိ မည်ဟု မျှော်လင့်ကြောင်း ကိုကျော်ကိုမှ မှတ်ချက်ပြုသည်။

ABSDF အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့် ရည်မှန်းချက်များ အောက်တွင်သာ ဆွေးနွေး မှုများ ပြု လုပ်ကြောင်း မဇ္စျိမ ကို ပြောသည်။

တပ်မတော်နှင့် အကြီးအကျယ်တိုက်ခိုက်နေရခြင်း မရှိသော်လည်း သမ္မတဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင် အားလုံးပါဝင်နိုင်ရေးအတွက် ABSDF လည်း တစိတ်တဒေသ ပါဝင်ကြောင်း ဦးလှမောင်ရွှေ က ယနေ့ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

၎င်းက “အပြန်အလှန် နွေးနွေးထွေးထွေး ဆွေးနွေးနိုင်ခဲ့တယ်။ ယုံကြည်မှုကတော့ နှစ်ဘက်စလုံးမှာ ပိုရှိလာတယ်။ သူတို့အနေနဲ့ သူတို့ ဗဟိုကော်မတီကို ပြန်တင်ပြရမယ်။ နောင်မှာ သဘောတူညီ ချက်တွေ ဖြစ်လာနိုင်တဲ့ အခြေခံ ပြင်ဆင်တဲ့ ဆွေးနွေးမှုပါ။ သူတို့ ဗဟိုကော်မတီ (ABSDF) က ပေါ်လစီ ချပြီဆိုရင်တော့ နောက်ဆက်တွဲလုပ်ရမဲ့ လုပ်ငန်းတွေ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ကိုင်နိုင်ဖို့ အကြိုဆွေးနွေးမှုများဖြစ်ကြောင်း MPC (မြန်မာ ငြိမ်းချမ်းရေး စင်တာ) မှ ညှိုနှိုင်းရေး တွဲဖက် ညွှန်မှူး ဦးအောင်နိုင်ဦး ကလည်း ပြောသည်။

ဦးအောင်နိုင်ဦး က “အခုဆွေးနွေးပွဲတွေဟာ ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ လက်မှတ်ထိုးနိုင်ဖို့ လုပ်တဲ့ သဘောပါ။ ဒါကြောင့်မို့ ဘာတွေ ဆွေးနွေးတယ် ဆိုတာ ပြောလို့ မရဘူး။ တဖက်နဲ့ တဖက် ကော်မတီ လူကြီးတွေကို တင်ပြပြီး သဘောတူညီချက် ရရင် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ထိုးဖို့ပဲ ဖြစ်တယ်။ အားလုံးပါဖို့ သဘောတူထားတယ် ”ဟု ဆွေးနွေး ပွဲအပြီး စောင့်ဆိုင်းနေသည့် သတင်းထောက်များအား ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

မြန်မာ့စီးပွားရေး ဆက်လက်ဦးမော့မယ်လို့ အိုင်အမ်အက်ဖ် ဟောကိန်းထုတ်

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာနှုန်းရရှိခဲ့ပြီး၊ အဲဒီအရှိန်အဟုန်ကြောင့် ရှေ့မှာလည်း ဆက်လက်တိုးတက်မယ့် အလားအလာ တွေ ရှိနေတယ်လို့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုနဲ့ တိုးများ လာနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၆ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်ရရှိလိမ့်မယ်လို့ IMF က ခန့်မှန်းထားပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ချမှတ်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ တိုင်းပြည်စီးပွားရေး တည်ငြိမ်လာမှု၊ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် အောင်မြင်မှုအသီး အပွင့်တွေ စတင်ရရှိလာပြီလို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Matt Davies က ပြောပါတယ်။

ဒါ့ပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးများလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဘက်ဂျက်လိုငွေပြမှု ကွာဟချက်ကိုလည်း ကျဉ်းမြောင်းသွားစေလိမ့်မယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိခဲ့တဲ့အတွက် ၅ ဆ တိုးလာခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Credit : http://www.rfa.org/burmese/news/myanmar-economic-imf-05222013105845.html

(၅) လ၀န်းကျင်လမ်းစပျောက်နေခဲ့သောတောအုပ်သတ်သည့်တရားခံတယ်လီဖုန်းဆက်သွယ်မှုမှဖမ်းဆီးရမိ



(၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တွင် တောခေါင်း ဇော်မင်းထွန်း ခေါ် ဖိုးဇော်သည်နေအိမ်မှ ပျောက်ဆုံး သွားခဲ့ရာမှကလေး-သဖန်းအိုင်ရွာ သွားကားလမ်းဘေးတောထဲတွင် ဖိုးဇော်၏ အလောင်းကိုပြန်လည် တွေ့ရှိခဲ့သောအမှုတွင် တရားခံ ဖော်ထုတ်နိုင်ရေးကိုအပူတပြင်း ကြိုးစားဆောင်ရွက် ဖော်ထုတ်ခဲ့ပါသော်လည်း ယခုဧပြီလ ကုန်ရောက် သည့်တိုင် တရားခံမပေါ်ခဲ့ပဲ ဆက်စက်သဲလွန်စများပါပျောက် ဆုံး နေခဲ့ ရာမှ ယခုအခါတယ်လီဖုန်း ဆက်သွယ်မှုမှတဆင့်တရားခံကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


“အမှုစစ်ဆေးတဲ့ရဲအုပ်တွေ တောင်အပြောင်းအလဲတွေ ဖြစ်ကုန် ပြီ အမှုကမပေါ်ဖြစ်နေတာသေဆုံး သူဖိုးဇော်မှာ တယ်လီဖုန်းဆိုင်ကယ် ပါသွားတယ်။ ပစ္စည်းတွေအားလုံး ပါပျောက်နေတာ သေဆုံးသူရဲ့ အိမ်ကလည်း ဆက်သွယ်ရေး ဌာနက နေဖုန်းအဆက်အသွယ်တွေကိုစုံစမ်း တာ ဖုန်းဆက်သွယ်မှုဖြတ်တောက် ထားတာတွေဆောင်ရွက်ခဲ့တယ်။

ပြီးခဲ့တဲ့မေလဆန်းတုန်းကတော့ သေဆုံးသူရဲ့ညီမကတယ်လီဖုန်း နံပါတ်ပြန်လျှောက်ပြီး တယ်လီဖုန်း ကို ပြန်အသုံးပြုခဲ့တယ်။ အဲဒီမှာ သေဆုံးသူရဲ့ဖုန်းနံပါတ်နှင့်သာစည် ရွာဦးအောင်ဝင်းကကိုးမိုင်ရွာဦးအေး လွင်ကိုအဆက်အသွယ်လုပ်ရာမှ သေဆုံးသူရဲ့ ညီမ၊ မသိတာဝင်း ဆီကိုဖုန်းဝင်လာတာဖြစ်ပါတယ်။

အမှန်ကသေဆုံးသူရဲ့ဖုန်းကိုလူ တတ်တရားခံကသာစည်ဦးအောင် ၀င်းဆီမှာ (၁၅၀၀၀၀)နှင့် ပေါင် ထားခဲ့တာလို့ပြောတယ်။ အဲဒီ သဲလွန်စကနေတရားခံကိုဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်”ဟု သက်ဆိုင် ရာတာဝန်ရှိတစ်ဦးမှ ကလေးမြို့ တောခေါင်းအသတ်ခံရမှုနှင့် ပတ်သက်၍ပြောသည်။

ယခုလူသတ်မှုသည်အဝေးမှ လာရောက်ကြံစည်သတ်ဖြတ် ခြင်းမဟုတ်ပဲ သေဆုံးသူဖိုးဇော်နှင့် အတူတွဲ နေသူကလေးမြို့အောင် မင်္ဂလာရပ်ကွက်၊ တစ်ရက်ကွက်တည်းအတူနေ ပန်းရံလုပ်ကိုင်သူဦး သိန်းထိုက်ဝင်းမှလက်တောက်ခုံမှ ငြင်းခုံမှုကိုအခြေတည်ပြီးလူသတ် မှုဖြစ်ရကြောင်း သိရသည်။ ယခု အခါ ကလေးမြို့ရဲတပ်ဖွဲ့မှလိုအပ် သလိုအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လိုအပ်သည် ထက် အာဏာ ပိုသုံးသည်ဆိုကာ တောင်ဒဂုံ အုပ်ချုပ်ရေးမှူးတစ်ဦးအား တာဝန်မှရပ်စဲပေးရန် တောင်းဆို

လိုအပ်သည့်ထက် ပိုမိုအာဏာသုံး ၍အုပ်ချုပ်သည်ဟုဆိုကာ တာဝန်မှ ရပ် စဲပေးရန် ဒဂုံမြို့သစ်တောင် ပိုင်း(၁ဝ၄) ရပ်ကွက်နေပြည်သူ ၄ဝ ကျော် မှ သမ္မတ ထံသို့ စာတင်ထားကြောင်း သိရသည်။


”အာဏာရှင်ဆန်တာကို မလိုလား ဘူး။ ပြဿနာတက်လို့ ဆုံးမရင်လည်း ကိုယ်ထိလက်ရောက် လုပ်တာ တွေရှိ တယ်။ အဲဒါတော့ မဖြစ်သင့်ဘူး”ဟု (၁ဝ၄)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက်တွင် ရာအိမ် မှူးအဖြစ်လုပ်ဆောင်ခဲ့သော ဦးသောင်း ရွှေ၏သမီးဖြစ်သူကလည်း ၄င်း၏ ဖခင် အား ဥပဒေမဲ့စွာကိုယ်ထိလက်ရောက်ပြု မှုရှိခဲ့သည်ဟု ဆိုသည်။”ကျွန်တော့်ဆီကို ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့ ပတ်သက်ပြီး တိုင်စာ သုံးစောင် ရောက်နေပါတယ်။တိုင်စာတွေမှာ နိုင်ငံသား ဥပဒေချိုးဖောက် တာတွေ၊ တရား စီရင်ရေးက တာဝန်ရှိသူတွေနဲ့ တရား ဥပဒေမဲ့ ပြု လုပ်ထားတာတွေ တိုင်ထား တာပါ တယ်။

ရပ်ကွက်နေ ပြည်သူတွေရဲ့ ဆန္ဒအရသမ္မတထံနဲ့ သက်ဆိုင်ရာလွှတ် တော်ဌာနဆိုင်ရာတွေကို တင်ပြသွား ပါ မယ်”ဟု (၁ဝ၄)ရပ်ကွက်NLD အလုပ် အမှုဆောင်ဥက္ကဋ္ဌ ကိုမြတ်ကျော်က ပြောသည်။

အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းချက် အခန်း (၅)ပုဒ်မ ၁၁(ခ)တွင် လိုအပ် သည်ထက် အာဏာသုံးမှု ပြုလုပ်ပါက ပြည်သူ့ဝန်ထမ်းအဖြစ်မှ ရပ်စဲရန် ပြဋ္ဌာန်း ထားကြောင်း ¤င်းက ဆက်ပြောသည်။

”အုပ်ချုပ်ရေးမှူးရုံးနဲ့ ဓမ္မာရုံကြား မှာ အချုပ်သဖွယ်ပြုလုပ်ထား ပါတယ်။ တချို့လူတွေဆိုရင် အဲဒီထဲကို ထည့် ထား တာရှိတယ်။ အဲဒါတွေက မဖြစ်သင့်ပါ ဘူး”ဟုကိုမြတ်ကျော်က ပြောသည်။ ”ရုံးမှာ အချုပ်ခန်း မထားပါဘူး။ အချုပ်ခန်းဆိုတာ အမိုးအလုံလုပ်ထား တာကိုခေါ်တာပါ။ ကျွန်တော်လုပ်ထား တယ်ဆိုတာ လမ်းကြားထဲမှာ အိမ်သာရှိ တယ်။နောက်ဖေးကိုဝင်လို့ရတယ်။အမှိုက် ကောက်တဲ့သူတွေ ကလေကချေ တွေ ဝင်မှာစိုးလို့ကာထားတာပါ။ ဒီတံခါးက ဓမ္မာရုံနဲ့ ရုံးကြားမှာရှိတော့ ဥပုသ်နေ့တို့ အလှူရှိတဲ့နေ့တွေဆို ဖွင့်ပေးထားပါ တယ်”ဟု တောင်ဒဂုံ (၁ဝ၄) ရပ်ကွက် အုပ် ချုပ်ရေးမှူးဦးစိုးတင့်က ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်း(၁ဝ၄) ရပ် ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဦးစိုးတင့် သည်ဒုတိယအကြိမ်မြောက် ရွေး ချယ် တင် မြှောက်ခံထားရပြီး ရပ်ကွက်၏ ၁၁ ဦး မြောက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်။

Popular Myanmar News Journal

ပညာရေးကဏ္ဍ ခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့် တွေ့ဆုံခြင်း ။



၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စတင်တော့မည်ဖြစ်သည်။ ထို့အတွက် ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ်ယူမှုကိစ္စရပ်အား ကျောင်းအပ် လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူနှင့် တွေ့ဆုံ မေးမြန်းမှု များ အား ဖော်ပြလိုက်ပါသည်။


မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်း ဝင်ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ဒုတိယ ဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။

ဖြေ- အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလတန်းအဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အသိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူမှုတွေ ရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေး မယူတာမျိုး မရှိပါ ဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခမဲ့ မသင် မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။

မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။

ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ်ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟိုမှာ ထား ချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်တော် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။

မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။

ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်းတယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ်မစားနိုင်ဘူးလို့ တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက်မယ်လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ်မှာပဲ။

မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။

ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ် ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြု နေတာ။

မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။

ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူး ချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေ တာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ်တွေမှာသက် ညှာရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေ ဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေးဆိုတာ နဂို က တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရတာက လည်း နူးညံ့ဖို့လို ပါတယ်။

မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြောလိုပါ သလဲ။

ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိ ပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင်မှာ လည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကို တက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။ ဒါကြောင့် မေးခွန်းထုတ်တဲ့ကိစ္စကိုလည်း ညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါ တည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။

မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြ တာ ကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြောဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။နောက်တစ် နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြရမယ့် ကိစ္စ တောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။

မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မသင် ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ် မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။

ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။ ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင် ရွက်နေတယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာ ရှင် များက ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာ ပါ။

မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာ မလိုအောင် လုံ လောက် နေပြီလား။

ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့် စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ် ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူ တယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါ တာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင် ဘူး။ ဒီလိုတွေတော့ ရှိတာပေါ့။

မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။

ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။

မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။

Popular Myanmar News Journal

အာမခံကုမ္ပဏီများ ဇွန်လကုန် လုပ်ငန်းစမည်



အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုလုံး ဇွန်လကုန်တွင် လုပ်ငန်း စတင် မည်ဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice သို့ ပြောကြားသည်။


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုရှိပြီး အသက် အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းနှစ်မျိုး လုပ်ကိုင် ခွင့်ပြုထား ကြောင်း မြန်မာ့အာမခံလုပ်ငန်း ထံမှ သိရသည်။


အောင်မြင်းမိုရ်မင်း အာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေးအာမခံ အများပိုင် ကုမ္ပဏီနှင့် Capital Life Insurance ကုမ္ပဏီတို့က အသက်အာမခံလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ပြီး ပထမအမျိုးသား အာမခံအများပိုင် ကုမ္ပဏီလီမိတက် (First National Insurance Public Co., Ltd.)၊ IKBZ Insurance Public Co., Ltd.၊ Young Insurance Global Co., Ltd.၊ Grand Guardian Insurance Public Co., Ltd.၊ Global World Insurance Co., Ltd.၊ Excellent Fortune Insurance Co., Ltd.၊ ဧရာမြန်မာ အာမခံ ကုမ္ပဏီလီမိတက် နှင့် အောင်သစ္စာဦး အာမခံကုမ္ပဏီလီမိတက် တို့သည် အသက် အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုး လုပ် ကိုင်မည့်ကုမ္ပဏီများ ဖြစ်ကြောင်း ဦးအေးမင်းသိန်းက ပြောကြားသည်။

လတ်တလောတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် မတည်ငွေရင်း ပေးသွင်းထား သည့် ကုမ္ပဏီခုနစ်ခုရှိပြီး ကျန်ကုမ္ပဏီငါးခုသည် ယခုလအတွင်း အပြီးသတ် ပေးသွင်းသွားမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

အသက်အာမခံလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက မတည်ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် ပေးသွင်းရ မည် ဖြစ်ပြီး အသက်အာမခံနှင့် အထွေထွေအာမခံ အတွက် ကျပ်သန်းလေးသောင်းခြောက် ထောင် မတည် ရင်းနှီးငွေ ပေးသွင်းရမည် ဖြစ်သည်။

အဆိုပါ မတည်ရင်းနှီးငွေများအနက် ၆၀ ရာခိုင်နှုန်းကို လုပ်ငန်းလည်ပတ်ရန် သုံးစွဲခြင်း၊ ၃၀ ရာခိုင်နှုန်းကို ငွေတိုက် စာချုပ်ဝယ်ယူခြင်း၊ ၁၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်၌ အာမခံကြေး အဖြစ် ထားရှိခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ကြေညာထားသည်။

ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းတွင် မီး၊ မော်တော်ယာဉ် (အလုံးစုံ)၊ ငွေပို့ငွေလွှဲ၊ ငွေသားလုံခြုံမှုနှင့် သမာဓိအာမခံတို့ကို လုပ်ကိုင်ခွင့်ပြုထား ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly