Wednesday, May 22, 2013

မြန်မာနိုင်ငံကို သူ့နေရာသူ ပြန်ရအောင် လုပ်နိုင်သည့် အပြင် မြန်မာပြည်သူ တို့ အတွက် ရှေ့ရှုကာ ပညာရေးနှင့် စီးပွားရေး တို့ အထောက် အကူပေးဖို့ သူများ နိုင်ငံသွားရောက်ကာ ပန်ကြားပေး ရှာသည့် နှလုံးရောဂါ သည် သမ္မတကြီးအား လေဆိပ်မှ ဆီးကြိုကြစို့



အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ညစာစား ပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန့် ခွန်း ပြော အပြီး မှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ ရဲ့ စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ် သြ ဘာပေးခဲ့ကြပါတယ်။


ဒီလက်ခုတ်သံတွေဟာ သမ္မတကြီးအတွက်သာ မဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း မှာ ပါ ၀င်နေ တဲ့၊ ဒီမိုကရေစီကို နှစ်သက်လိုလားစွာ အကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက်ဖြစ် တယ်လို့ ခံစားမိပါတယ်။

ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး "မြန်မာဟာ သူ့ နေရာကိုသူပြန်ရပြီ" လို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါ တယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ၀ါရှင်တန်မြို့တော်ကနေ မေလ ၂၁ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် တစ်နာရီခွဲမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ငါးနာရီခွဲမှာ တောင်ကိုးရီးယားနိုင်ငံ အင်ချုံ လေဆိပ်ကို ရောက်ရှိပါတယ်။ အင်ချုံကနေ မေလ ၂၂ ရက်နေ့ ညပိုင်းမှာ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။

ဦးရဲထွဋ်

သမ္မတအား ၀ါရှင်တန်တွင် ဆန္ဒပြသူများ ပြဿနာတက်



ဝါရှင်တန် မေလ ၂၂ ရက်

၈၈ ဇော်ဝင်း (RFA သတင်းထောက် ဒေါ်စုမွန်၏ ယောင်္ကျား၊ မိန်းမထဘီနားခိုစားနေရသူ) နှင့် ၀ါကာအူဒင် (ပြည်ပရောက် ရိုဟင်ဂျာခေါင်းဆောင် ကြီးဟု VOA တွေ့ဆုံပွဲတွင် ကိုယ့်ကိုယ်ကို အမွှန်း တင်ခဲ့သူ) နှစ်ဦး ကြိုတင်ကြံစည်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဆန္ဒပြမှုများ မအောင်မြင်ခြင်းကြောင့် ငွေကြေးစိုက်ထုတ် ကျခံ သည့် အဖွဲ့အစည်းများနှင့် အချေအတင် အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။


ငွေကြေးစိုက်ထုတ်ပေးသော အဖွဲ့အစည်းများ (၃ ခုသာ ရှိသည်)က ဆန္ဒပြရာတွင် လူအင်အား နည်းပါး ခြင်း၊ ထိုသို့နည်းပါးခြင်းကြောင့် ထိထိရောက်ရောက် မရှိခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်လည်း စနစ်တကျ ကြိုတင်ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း၊ ထို့ ကြောင့် ငွေကြေးစိုက်ထုတ်ကျခံရကျိုး မနပ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည် ဟု သိရှိရပါသည်။


၈၈ ဇော်ဝင်းနှင့် ၀ါကာအူဒင်တို့ကလည်း အမေရိကန်အစိုးရကသာ အဓိကဖြစ်ပြီး မူလကတည်းက အများ ဝေဖန်နေသည့်ကြားမှ ဦးသိန်းစိန်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ယခုကဲ့သို့ ဆန်ရှင်များ ဖယ်ရှားပေးရန် ကြိုတင် စီစဉ်ထားသောကြောင့် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အမေရိကန် နှင့် မြန်မာ အစိုးရနှစ်ဘက် စလုံးမှ ကြိုတင်သတင်း ရရှိမှု အားနည်းခဲ့ကြောင်း၊ ဦးသိန်းစိန် သွားလာမည့် ခရီးစဉ်အစီအစဉ်များ မသိရှိရသဖြင့် ဆန္ဒပြမှုများ ကြိုတင်စီစဉ်ရန် အချိန် မရရှိခဲ့သောကြောင့် ဖြစ်ကြောင်း တုံ့ပြန်ပြောကြား ခဲ့သည်ဟု ဒီစီရှိ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်။

ထို့ပြင် အိမ်ဖြူတော်ရှေ့၊ ဖြတ်သန်းသွားရာ လမ်းမဘေး စသည်တို့တွင် ဆန္ဒပြခဲ့ရာ၌ ပါဝင်ခဲ့ကြသူများ အား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂၀၀)စီ ခွဲဝေပေးရာတွင် ကြားမှဖြတ်၍ ယူထားခြင်း၊ စားစရိတ်ကို ဒေါ်လာ(၂၀၀)မှ ဖြတ်တောက်ခြင်း၊ မိမိဆန္ဒဖြင့် လာရောက်ဆန္ဒပြသူများ ကို ငွေမပေးဘဲ မသိချင် ယောင်ဆောင်နေခြင်း စသည်တို့ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ မဟုတ်မမှန် လုပ်ဆောင်မှုများကြောင့် ဆန္ဒပြသူအချို့က မကျေမနပ်ဖြစ်ကာ အခကြေးငွေယူ၍ ဆန္ဒပြခြင်း ဖြစ်သည်ကို မီဒီယာများသို့ ထုတ်ဖော် ပြောကြားရန် ပြုမူလာခြင်းကြောင့် ၈၈ ဇော်ဝင်းက လိုက်လံဖုံးဖိနေကြောင်း သိရှိရပါသည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသား အများစုမှာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အပေါ် များစွာ ထောက်ခံ ကြိုဆိုလျက် ရှိကြပြီး ဆန္ဒပြသူများ၏ အတွင်းရေးကို ဖွင့်ချရန် စီစဉ်နေသူများပင် ရှိနေကြောင်း သိရှိရပါ သည်။

"ဒီလူတွေအကြောင်း ကျနော်တို့ အတော်များများ သိရှိထားပါတယ်။ အချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး တွေ ဖြစ်နေလို့ အကျယ်တော့ မပြောလိုပါဘူး။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ။ သူတို့ကို တွေ့ရင် အသေး စိတ် မေးကြည့်ကြပါ။ ဒီလိုအချိန်မှာ ဘာသာရေးတွေ ထည့်မပြောသင့်ပေမယ့် အဓိက ငွေကြေး စိုက်ထုတ်တာက အစ္စလာမ်ဘာသာဝင်တွေကို တောက်လျှောက် လော်ဘီလုပ်ပေးခဲ့တဲ့ အဖွဲ့အစည်း တွေပါပဲ။ ခွပ်ဒေါင်းအလံတွေသုံးတယ်၊ တိုင်းရင်းသားအလံတွေသုံးတယ်။ ရောကြိတ်တဲ့ သဘောပေါ့ဗျာ" ဟု အမည်မဖော်လိုသူ နယူးယောက်နေ မြန်မာလူမျိုးတစ်ဦးက ပြောပါသည်။

ဆန်ဖရန်စစ္စကိုနေ မြန်မာလူမျိုးတစ်ဦးကလည်း "အခု သမ္မတကြီးကို အမေရိကန်က ထောက်ခံကြောင်း ပြလိုက်ပြီ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်လို့ အထက်လွှတ်တော်က ပြောလိုက်ပြီဗျ။ ဆန္ဒပြတဲ့သူတွေ ကတော့ မပြောချင်တော့ပါဘူး။ ဆွမ်းဆန်ထဲမှာ ကြွက်ချေးလည်း ရှိတတ်တာပါပဲ။ သူတို့ကြောင့် အမေရိကားရောက် မြန်မာတွေ ကို သိမ်းကျုံးမပြောစေချင်ဘူး။ ဒီလူတွေက ဆန္ဒပြတာတောင် ဒေါ်လာစား ရမှ ဆန္ဒပြကြတာဗျ" ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မည်သို့ပင် ဆိုစေ ဦးသိန်းစိန်၏ ခရီးစဉ်မှာ အောင်မြင်လှသော ခရီးစဉ်ဖြစ်ပြီး ပိတ်ဆို့မှုများ မကြာခင် ဖယ်ရှားပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဖြစ်ပေါ်လာ ဖွယ်ရာ ရှိကြောင်း သိရှိရပါသည်။ 

(Source-PLT News)

Credit : Here

သြဂုတ်လထဲမှာ အမေရိက ဖျော်ဖြေရေး သွားမယ့် ဝိုင်းစုခိုင်သိန်း



ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေး ပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဇာတ် ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဝိုင်းစုခိုင်သိန်းက ပြည်ပ ဖျော်ဖြေရေးအနေနဲ့ ဇွန်လကုန်ပိုင်းမှာ ဘန်ကောက် ကို သွားဖျော်ဖြေဖို့ ရှိပြီး သြဂုတ်လ ထဲမှာတော့ အမေရိကမှာ သွားဖျော်ဖြေမှာ ဖြစ်တယ်လို့ပြောပါ တယ်။


တတိယ တစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “အာဘွား” စီးရီးကို လုပ်နေရင်းနဲ့ စုံတွဲသီချင်းခွေလုပ်ဖို့ စိတ်ကူး ရ လာတာကြောင့် ပရိသတ်တွေကို ဖေ့စ်ဘုတ်က တစ်ဆင့်ရော၊ အပြင်မှာရော မေးကြည့်တဲ့ အခါမှ စုံတွဲ အခွေကို ပိုနားထောင်ချင်တယ် လို့ ပြောကြတာကြောင့် စုံတွဲ အခွေကို အရင် လုပ်နေခြင်းဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။ 


“စုံတွဲအခွေက ဝိုင်းစုနဲ့ အဆိုတော် ယောက်ျားလေး ၁၄ယောက် ဆိုတော့ နည်းနည်း အခက်အခဲရှိတယ်။ ဝိုင်းစု အသံနဲ့ လိုက်တဲ့ သီချင်းဖြစ်ရမယ်။ ဒီယောက်ျားလေး နဲ့လည်း လိုက်တဲ့ သီချင်း ဖြစ်ရမယ်။ အသံတွေ ညှိရတဲ့ အခါကျတော့ ရေးရတာ နည်းနည်းလေး ကြာတာပေါ့။ 

တချို့ သီချင်းတွေ ကျတော့ အားလုံးပြီးလို့ တီးပြီးသွားပြီ။ ဆိုဖို့ပဲ ကျန်တော့တယ်။ တချို့ သီချင်းတွေက ရေးပြီးသွားပြီ။ မတီး ရသေးဘူး။ ပထမ မှန်းထားတာတော့ ၈လပိုင်း၊ ၉လပိုင်း ထွက်ဖို့ မှန်းထားပါတယ်။ Valentine Day နဲ့ ကပ်နေပြီ ဆိုရင်တော့ အဲဒီတော့မှပဲ ထုတ်တော့မယ်” လို့ စုံတွဲအခွေ နဲ့ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။ 

မုန်တိုင်းသတင်း တွေ ကြားတဲ့ အတွက် ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဖခင် ဖြစ်သူနဲ့ ပရိသတ်တွေ အားလုံး အတွက် စိတ်ပူမိကြောင်းကို ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ အဝေးမှာ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ချစ်သူကလည်း မြန်မာပြည်မှာ မုန်တိုင်းဝင်မယ်လို့ ကြားတဲ့အခါမှာလည်း စိုးရိမ်တကြီးနဲ့ လှမ်းပြီး သတင်း မေးခဲ့တယ်လို့ ပြောပါတယ်။

FROM-Popular Myanmar

၂၀၁၅ ရွေးကောက်ပွဲ ကျားဖြူပါတီမှ မဲဆန္ဒနယ် တိုးချဲ့ပြိုင်ဆိုင်မည်


 ၂၀၁၀ ရွေးကောက်ပွဲက ကျားဖြူပါတီ၏ လက်ကမ်းစာစောင်

၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းနီလူမျိုးများနေထိုင်သော စစ်ကိုင်းတိုင်းမှအပ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အနှံ့ ကျားဖြူပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။


သျှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ကချင်ပြည်နယ်ရှိ ၆ မြို့နယ်တို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြောပါသည်။ သျှမ်းနီလူမျိုးများလည်း နေထိုင်သည့် မိုးကောင်း ၊ မိုးညှင်း တို့တွင် သျှမ်းနီပါတီနှင့် ညှိနှိုင်း၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် တမြို့နယ်လျှင် ကိုယ်စားလှယ် ၅ ဦးစီကိုလည်း ကျားဖြူပါတီမှရွေးချယ် စိစစ် နေပြီ ဖြစ် ကြောင်း၊ ရွေးချယ်ပြီးစီးခဲ့ပါက အလုပ်အကြောင်း သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လည်းပြောဆိုပါသည်။

“ တမြို့နယ် ၅ ယောက်အမည်စာရင်း ယူထားတယ်။ အဲတာကမှတဆင့် စီအီးစီကနေ ၃ ယောက်ရွေး ယူမယ်။ ကျန်တဲ့ ၂ ယောက်ကိုအရံအဖြစ်ယူထားမယ်။ ဒီအရံတွေကို ၂၀၂၀ ကျရင် ဦးစားပေးစာရင်းထဲမှာ ထဲ့သွင်းထား တယ်” ဟုဆိုပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်တော့မည်မဟုတ်ကြောင်း ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ဦးစိုင်းအိုက်ပေါင်းက “ ကျနော် အသက်ကြီး ပါပြီဗျာ။ ဒီနှစ် ၆၈ နှစ်ရှိပြီ။ တကယ်လို့နေကောင်းကျန်းမာ လျက်ဆိုရင်တော့ လူထုအကျိုးဆက်လက် သယ်ပိုးမှာပါ။ အသက်ကြီးပြီဆိုတော့ ပါဝင်မယ် မပါဝင်ဘူး ဆိုတာ ကျနော်အာမခံပြောလို့မရသေးဘူးလေနော်” ဟု သျှမ်းသံတော်ဆင့်အားပြောဆိုပါသည်။

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းပြည်၌ ၅၀ နေရာ၊ ကချင်ပြည် ၆ နေရာနှင့် မန္တလေးတိုင်း ဒေသကြီး ၁ နေရာဖြင့် လွှတ်တော်အတွင်းထိုင်ခုံ ၅၇ ခု ရရှိခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွင်လည်း သျှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသား လွှတ်တော် လစ်လပ်နေရာအား သျှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူ ပါတီ SNDP မှ စိုင်းစံမင်းကပင် အနိုင်ရခဲ့သည်။ ဦးစိုင်းအိုက်ပေါင်းမှာ သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၌ ပြည်နယ်လွှတ်တော် အမတ်အဖြစ် အနိုင်ရခဲ့ပြီးနောက် သျှမ်းပြည်အစိုးရ၏ သတ္တုတွင်း ဝန်ကြီး ဖြစ်လာခဲ့သည်။

Credit : http://burmese.bnionline.net/index.php/news/mizzima/13908-2013-05-21-16-31-54.html

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် သဘာဝ အစား အစာများ



အစိမ်းရောင် သဘာဝအပင်များ

Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီး ကင်ဆာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်း ရောင်အရွက်တွေမှာ ပါဝင်တဲ့ Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီစိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။


ကော်ဖီသောက်ပါ

လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေ တယ်လို့ ဆိုပါတယ်။ ဒါကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Chlorogenic နဲ့ Caffeic acids တွေဟာ ကျန်းမာရေးကို အံ့သြလောက်အောင် အကျိုးရှိစေတာကြောင့်လို့ ဆိုပါတယ်။

သစ်ကြားသီးစားပါ

ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်မှ လေ့လာမှုတွေအရ သစ်ကြားသီးကို တစ်နေ့ ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံ စားပေးတာဟာ အူမကြီးကင်ဆာကို ၄၆ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ သစ်ကြားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ချေဖျက်ပေးနိုင် တာကြောင့်ပါ။

ကယ်လ်စီယမ်မှိဝဲပါ

လေ့လာမှုအရ ကယ်လ်စီယမ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နွားနို့ ရှစ်အောင်စ၊ ဒိန်ချဉ်ခြောက်အောင်စနဲ့ ချိစ် တစ် အောင်စတွေမှာ ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်စီ ပါဝင်ကြပါတယ်။ လူတစ်ယောက်အတွက် ကယ်လ်စီယမ် တစ်နေ့ ၆၀၀ ကနေ ၁၀၀၀ မီလီဂရမ်အထိ လိုအပ်ပါတယ်။

ကြက်သွန်နီစားပါ

ကြက်သွန်နီထဲမှာ သဘာဝနည်းအရ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ Sulfur နဲ့ Quercetion တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးသင့်ပါတယ်။

Tips!

အသင့်ပြုလုပ်ထားတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့၊ Sausugesနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသား တွေဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်မားစေတာကြောင့် အနီရောင်အသားနဲ့ ပင်လယ်စာ တွေကိုသာ ရွေးချယ်ပေးသင့်ပါတယ်။

Good Health

မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာရေးသည် အမေရိကန်၏ အကျိုးစီးပွားဟုဆို



မြန်မာ့တပ်မတော်ကို ခေတ်မီ တပ် မတော် ဖြစ်လာအောင် လုပ်ဆောင် နိုင်ရေးသည် အမေရိကန်၏ အကျိုး စီးပွား ဖြစ်နေကြောင်း CSIS က ပြော ကြားလိုက် သည်။


မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အကြားက အချက်အချာဖြစ်သည့် အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်ပြီးအမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာ့တပ်မတော်ကို ပရိုဖက်ရှင်နယ် အဆင့် ဖြစ်အောင် လုပ်ဆောင်နိုင်ရေး သည် အမေရိကန်၏အကျိုးစီးပွား ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒများ ကို လေ့လာ သုံးသပ် ရာတွင် သြဇာရှိ အဖွဲ့အစည်းဖြစ်သည့် CSIS က သမ္မတဦးသိန်းစိန် အမေရိ ကန် ခရီးစဉ်နှင့် ဆက်စပ်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

စစ်ဘက်အငြိမ်းစား နိုင်ငံတော်သမ္မတကြီးသည် ဗိုလ်ချုပ်ကြီးကနေ ပြောင်းလဲလာသည့် ပြုပြင်ပြောင်း လဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အတွက်ကြောင့် အမေရိကန် စစ်ဘက် အကြီးတန်းအရာရှိများ၊ ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့နှင့် ဆက်ဆံရေး အဆင်ပြေမည်ဟု ဆိုသည်။

အမေရိကန်အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် လွန်ခဲ့သော နှစ်နှစ် ကစပြီး ဆက်ဆံရေး ခြေလှမ်းများ စတင်လာနိုင်ခဲ့ပြီး ယမန်နှစ် အောက်တို ဘာက ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ဗိုလ်ချုပ်ကြီး Francis Wiercinski နှင့် စစ်ဘက် အကြီးအကဲများနှင့်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ ခဲ့ပြီး မြန်မာစစ်ဘက် အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် ဗိုလ်ချုပ်ကြီး Francis Wiercinski သည် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သော အမေရိကန် စစ်ဘက် အကြီးအကဲ တစ်ဦးဖြစ် သည်။ 

အလားတူ ယခုနှစ် ဖေဖော်ဝါရီ အတွင်းက ထိုင်းနိုင်ငံတွင် ပြုလုပ် ခဲ့သော အမေရိကန် ဦးဆောင်သည့် Cobra Gold စစ်ဆင်ရေးတွင် မြန်မာ တပ်မတော်သား နှစ်ဦး ပူးပေါင်း ပါဝင် လေ့ကျင့်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။

ခေတ်လူငယ်

မိုးညှင်းမြို့တွင်းမှဖြတ်သန်းသည့်ပြည်ထောင်စုလမ်းမကြီးတိုးချဲ့ခင်းရန် ကွင်းဆင်းတိုင်းတာ



ကချင်ပြည်နယ်၊မိုးညှင်းမြို့ တွင်းမှဖြတ်သန်းသည့် မန္တလေး+ ရွှေဘို+မြစ်ကြီးနား၊ မဟာဗျုဟာ ပြည်ထောင်စုလမ်းမကြီးအား လမ်းအကျယ်ချဲ့ ခင်းရန်အတွက် ကွင်းဆင်းတိုင်းတာသည့်လုပ်ငန်း ကိုမေလ (၆)ရက်နေ့၊နံနက်(၉)နာရီ အချိန်တွင် ပြုလုပ် ဆောင်ရွက်ခဲ့ သည်။


အဆိုပါလုပ်ငန်းစဉ်သို့ မိုး ညှင်း မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း တင်အောင်၊ခရိုင်အုပ်ချုပ် ရေးမှူးဦးမြင့်လှိုင်၊မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုင်းစံဝင်း၊ခရိုင်ဆောက် လုပ်ရေး အင်္ဂျင်နီယာမှူးဆလိုင်း ဗိုလ်ချုပ်၊မြို့နယ်ဆောက်လုပ်ရေး လက်ထောက် အင်္ဂျင်နီယာဦးမြင့်ဇော်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိဦးအေး နိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက် ခဲ့ကြ သည်။

မိုးညှင်းမြို့တွင်းမှဖြတ်သန်း သည့်ပြည်ထောင်စုလမ်းမကြီး အကျယ်(၁၂)ပေမှ(၁၈)ပေအထိ အကျယ်ချဲ့ ဆောင်ရွက်မည်ဖြစ်ပြီး မြို့တွင်းလမ်းများအဆင့်မြှင့်တင် သည့်အနေဖြင့် မိုင်တိုင်အမှတ် ၁၈၆/၀မှ ၁၈၉/၄အထိကတ္တရာ လမ်းအပေါ်တွင်ရေပိတ်လွှာ ထည့်သွင်းခင်းသွား မည်ဖြစ် ကြောင်း သိရှိရ ပါသည်။ 

ထိုကဲ့သို့မဟာဗျူဟာပြည် ထောင်စုလမ်းမကြီးအဆင့်မြှင့် တိုးချဲ့မည့်လုပ်ငန်းစဉ်နှင့်ပတ်သတ် ပြီး ခရိုင် ဆောက်လုပ်ရေးအင်္ဂျင်နီ ယာမှူးဆလိုင်ဗိုလ်အုပ်နှင့်မြို့နယ် ဆောက်လုပ်ရေးအငယ်တန်း အင်္ဂျင် နီယာ ဒေါ်ရီရီခိုင်တို့ရှင်းလင်း ပြောကြားခဲ့ပြီးလွှတ်တော်ကိုယ် စားလှယ်များနှင့်အုပ်ချုပ်ရေး အဖွဲ့တို့မှ လိုအပ် သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Hot News

မိုးညှင်းမြို့နယ်၊ပြည်ခိုင်ဖြိုးဧည့်ရိပ်သာအနီးတွင်လက်ပစ်ဗုံး(၃)လုံးတွေ့ရှိ



ကချင်ပြည်နယ်၊မိုးညှင်းမြို့ ပြည်ခိုင်ဖြိုး ပါတီဧည့်ရိပ်သာနှင့် မြို့နယ် စည်ပင် ၀န်ထမ်းအိမ်ယာ အနီးတွင် မှိုသွားရှာ သွားသော လူငယ်နှစ်ဦးမှ တရုတ် နိုင်ငံလုပ် နိုင်တီဝမ်းအမျိုးအစား လက်ပစ်ဗုံး(၃)လုံးတွေ့ ရှိခဲ့ သဖြင့် သက်ဆိုင် ရာသို့အကြောင်းကြား ခဲ့ရ သော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပေသည်။


စုံစမ်းသိရှိရသည်မှာ မိုညှင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းအိမ်ယာတွင်နေထိုင်သော စည်ပင် နေ့စားဝန်ထမ်း မောင်သင်္ကြန်နှင့်မောင်ကျော်စိုးတို့သည် မေလ(၁၄)ရက်နေ့နံနက်(၇)နာရီခွဲ အချိန်တွင် စည်ပင်ဝန်ထမ်းအိမ် ယာ အနီးတောစပ်သို့မှိုရှာထွက်ခဲ့ ကြသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဧည့်ရိပ်သာ၏ အနောက်ဘက်ပေ(၂၀၀)ခန့် အကွာရှိပိန္နဲပင် အောက်တွင် လက်ပစ်ဗုံး(၃)လုံးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ သို့ဆက်သွယ် အကြောင်းကြားခဲ့ရာ နယ် မြေခံ အမြှောက်တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးနေမင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့၊ မြို့မရဲ စခန်းမှူး ဒုတိယရဲမှူးလှထွေးနှင့်တပ်ဖွဲ့ဝင်များ၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးဦးနော်လာနှင့် အဖွဲ့ဝင် များသည် အခင်းဖြစ်အရပ်သို့ လာရောက်စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးချက်အရ အဆိုပါတွေ့ ရှိသောလက်ပစ်ဗုံး (၃)လုံးမှာ တရုတ်နိုင်ငံလုပ် နိုင်တီဝမ်း (၉၁) အမျိုးအစား လက်ပစ်ဗုံး (အဟောင်း) များ ဖြစ်ပြီးပေါက်ကွဲ နိုင်မှုစွမ်းအားမရှိတော့ကြောင်း သိရှိရပြီး တွေ့ရှိ ရသောလက်ပစ်ဗုံး (၃)လုံးအား ဒုတိယဗိုလ်မှူးကြီး နေမင်းဦးနှင့်အဖွဲ့မှ သိမ်းဆည်း သွားခဲ့ကြောင်း သိရှိရ ပါသည်။

Hot News

လွယ်ဂျယ်-မိုင်ဂျာယန်လမ်းဘေးစိုက်ခင်းများတွင် KIA မှ ကျင်းများတူး



လွယ်ဂျယ်-မိုင်ဂျာယန် လမ်းဘေးရှိ ကြံခင်းနှင့်စိုက်ခင်းများတွင် KIA အဖွဲ့ မှ ကျင်းများကို တူးနေကြောင်း သိရှိ ရပါသည်။ ကားလမ်းဘေး တစ် လျောက် ရှိ ကောင်းဆာ၊ မန်လင်၊ ပရန်ဝန်၊ ၀င်းခမ်းရွာ များမှ ရွာသား များ ပိုင်သော ကြံခင်းနှင့် အခြား သောစိုက်ခင်းခြံများတွင် KIA အဖွဲ့နှင့် ပြည်သူ့ စစ်များ က မြေကျင်းများ တူးခြင်း၊ မြေကျင်းပေါ်တွင် သစ်လုံးများနဲ့ ပြု လုပ်ခြင်း များပြုလုပ်နေကြောင်း သိရှိရ ပါသည်။


မေလ ၁၆ ရက်နေ့ က KIA တပ်မဟာမှူး မရန်တောင်လာက တိုက်နယ်မှူးမှတဆင့် KIA လုပ်ဆောင် ချက်များသည် လိုအပ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကန့်ကွက်သူများ ကို ထိထိရောက် ရောက် အရေးယူမည်ဖြစ်ကြောင်း အမိန့် ထုန်ပြန်ထားသည် ဟု သိရှိရပါသည်။

“ သူတို့က စိုက်ခင်းတွေမှာကျင်းတွေတူးတော့ စိုက်ခင်းတွေပျက် တယ်လေ၊ သွားပြောတော့လဲ မင်းတို့ ဘာသိလဲ ငါတို့က လိုအပ်လို့လုပ်တာ မင်းတို့ကိုကာကွယ်ပေးနေတာလို့ပြောတယ်၊ စိုက်ခင်းပိုင်ရှင်တွေ ကတော့ မကျေနပ်ကြဘူးဒါပေမယ့် မပြောရဲဘူးလေ ဟိုနေ့က အမိန့်တောင် ထုတ် ထားသေးတယ် သူတို့ ကျင်းတွေတူးတာကို တိုင်တဲ့သူတွေ၊ မကျေနပ် သူတွေကို ထိထိရောက်ရောက်အရေးယူမယ်ဆိုပြီး၊ ငါတို့ စိုက်ခင်းတွေကို ဖျက်ဆီးနေတာငါတို့က ကျေနပ်ရမှာလား” ဟု ကြံခင်းပိုင်ရှင် တစ်ဦးကဆိုပါသည်။

KIA အဖွဲ့နှင့် အစိုးရအဖွဲ့ဟာငြိမ်းချမ်းရေးက ဆွေးနွေးနေတယ် လို့ကြားနေတာဘဲ ဘာဖြစ်လို့ ပြန်တိုက်ဖို့ လုပ်နေသည်ဆိုသည့်အချက်ကိုရွာသားများကို သေချာအောင်ရှင်းပြခြင်းမရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဒီလ ၂၈ ရက်နေ့တွင်ပြုလုပ်မည်ဟု ကုန်သည်များ၏ ပြောပြချက် အရသိရှိရပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_3920.html

ကြေးနီစီမံကိန်းနည်းတူ မြစ်ဆုံစီမံကိန်းကို စစ်ဆေးရန် တရုတ်ကုမ္ပဏီ လိုလား



မြစ်ဆုံဆည်စီမံကိန်းကို လက်ပန် တောင်းတောင် ကြေးနီစီမံကိန်း နည်း တူ လာရောက် စစ်ဆေးစေ ချင်တယ် လို့ တရုတ် စီပီအိုင်ကုမ္ပဏီ တာဝန်ရှိ သူ တွေက ပြောကြားလိုက်ပါတယ်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ၀င်တွေရဲ့ မေ ၁၀ရက်ကနေ ၁၈ ရက် ထိ ၁၀ရက်ကြာ လေ့လာရေး ခရီး စဉ်အတွင်း လေ့လာရေး အဖွဲ့နဲ့ တရုတ်ကုမ္ပဏီတို့ တွေ့ဆုံခိုက် ကုမ္ပဏီဘက်က အခုလို ပြောဆို ခဲ့တာဖြစ် ကြောင်း လေ့လာရေးအဖွဲ့မှာ လိုက်ပါသွားတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင် ထွေးမြင့်က ပြောပါတယ်။

အန်အယ်ဒီပါတီဝင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ လေ့လာရေးခရီး သွားရောက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းထား ပါတယ်။ ကျနော် တို့ကြားတာ တခုက မြစ်ဆုံစီမံကိန်းလာလုပ်နေတဲ့ ကုမ္ပဏီနဲ့ တွေ့တော့ အန်တီတို့ အဖွဲ့ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပေးဖို့ စီမံကိန်းပြန်စချင်တယ်ဆိုတဲ့ အသံကြားရ ပါတယ်။ ဟုတ်ပါ သလား။ “ကျမတို့ကို ရှင်းပြတာက ကမ္ဘာပေါ်မှာလျှပ်စစ်ဓာတ်အားကို ရေအားကထုတ်တာက ကုန်ကျစရိတ် အသက်သာဆုံးပေါ့။ ဒီဟာ သူတို့ဘယ်လောက်ကုန်ကျထားတယ်၊ ပေးထားရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို သူတို့ဘယ်လိုထိန်းသိမ်းပေးတယ်ပေါ့။ သူတို့ကိုလည်း ကြေးနီတောင် စီမံကိန်းလိုပဲ လာစစ်ဆေးစေချင်တယ်ပေါ့။ သူတို့ဘယ်လို သေသေချာချာလုပ်ပေးထား တယ်ဆိုတဲ့ အကြောင်း။ သူတို့ကို လာစစ်ဆေးပြီး လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ လာစစ်ပါလားပေါ့။ ကြေးနီတောင် စီမံကိန်းကို စစ်ဆေးဖို့က အစိုးရ၊ လွှတ်တော်က ဒီအဖွဲ့ကို တာဝန်ပေးလို့ သွားစစ်တာပေါ့။ အဲလိုမျိုး ရှိလားလို့ မေးတယ်။” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြေးနီတောင်စီမံကိန်း သွားစစ် သလိုပဲ မြစ်ဆုံကိုလည်း စစ်ပေးဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောလိုက်တာပေါ့။ အန်တီတို့ ဘယ်လို သဘောပြန်ကြားခဲ့ပါလဲ။ “ကျမတို့က ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် သူတို့ပြောတာတွေကို ပါတီကို ပြန်တင်ပြပေးမယ်လို့ ပြောခဲ့တယ်။”

ပါတီဥက္ကဋ္ဌကို ပြန်တင်ပြပြီးပါပြီလား။

“ကျမတို့ ပါတီဥက္ကဋ္ဌနဲ့မတွေ့ရသေးဘူး။ ဥက္ကဋ္ဌက လွှတ်တော်တက်သွားလို့ ကျမတို့နဲ့ မဆုံရသေးပါဘူး။”

တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့တွေ့ရမယ်။ ကုမ္ပဏီကလည်း အလားတူ တောင်းဆိုချက်မျိုး တောင်းဆိုလာမယ်လို့ အန်တီတို့ ကြိုသိလား။ အဲရောက်မှသိတာပါလား။

“မဟုတ်ဘူး။ သူတို့ ကျမတို့ကို သူတို့ရဲ့အစီအစဉ်ကို ဘေဂျင်းရောက်တော့ ချပေးတယ်။ အဲမှာ ဧရာဝတီ လျှပ်စစ်ကုမ္ပဏီပါလာတယ်။ ကျမတို့က ဒီကုမ္ပဏီကို တို့ကို ဘာလို့ပြလဲဆိုတော့ ကျမတို့က စရောက် ကတည်းက လျှပ်စစ်မီးအကြောင်း စိတ်ဝင်စားတယ်၊ မေးကြတယ်ပေါ့။ အမှန်လည်း ဟုတ်တယ်။ ကျမတို့က မီးရလား၊ မီးရလား၊ လျှပ်စစ်ဓာတ်လှေကားတွေ ဒီလောက်များတာ၊ အိမ်တွေ၊ တိုက်အထပ်တွေ ဒီလောက် အများကြီးက လျှပ်စစ်ဓာတ်လှေကားတွေသုံးတာ သုံးလို့ရလား၊ ပျက်တာတွေဘာတွေ၊ ၂၄ နာရီ မီးရလား မေးတော့ ကျမတို့က သိပ်စိတ်ဝင်စားတယ်ဆိုတာ သူတို့ သိရတယ်တဲ့။ ဒါကြောင့် သူတို့က ဒီကုမ္ပဏီနဲ့ ပေးတွေ့တာပါတဲ့။ ကျမတို့ကို သူတို့ကမေးတယ်၊ ဖိတ်တယ်၊ ပေးတွေ့ချင်တယ်ဆိုတော့ ကျမတို့က တွေ့လိုက်ပါတယ်။”

တရုတ်ကုမ္ပဏီရဲ့ တင်ပြချက်အပေါ် အန်တီတဦးတည်းရဲ့အမြင် ပြောပေးပါ။

“ကျမတို့အမြင်ကတော့ ဧရာဝတီမြစ်ကြီးကို ဘာနဲ့မှ မလဲနိုင်ဘူးလေ။ သူတို့က ဘယ်လောက်ပဲ ရွှေထွက် နေတယ်ပဲ ပြောပြော ကျမတို့အတွက် ဧရာဝတီမြစ်ကို ဘယ်သူမှ မပေးနိုင်ဘူး။ ဘယ်လုပ် ငန်းရှင် ကိုမှလည်း မပေးနိုင်ဘူး။ ဧရာဝတီရဲ့ သဘာဝအလှကို ကျမတို့ လက်ခံထားတာပဲ။”

သူတို့ကလည်း လက်ပန်းတောင်းလိုပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးကအစ၊ လျော်ကြေးပေး တာတွေ ကအစ စနစ်တကျ နိုင်ငံတကာအဆင့်မီ လုပ်ထားတယ်ဆိုတော့ အဲဒီအချက်တွေကိုရော ထည့်သွင်း စဉ်းစားဖို့ မကောင်းဘူးလား။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ပြန်တင်ပြသင့်တယ်လို့ မထင်ဘူးလား။

“သူတို့ဘက်က ချပြတာ ကျမတို့အတွက် လက်ခံနိုင်စရာရှိတာတွေ အများကြီးရှိပါတယ်။ အရင်ဧရာဝတီ မြစ်ကြီး တိမ်ကောနေတဲ့ဟာတွေ။ သူတို့ တကယ်လို့သာ ရေကာတာ ပြန်ပြီးလုပ်ပေးမယ်ဆိုရင် အဲဒီ ပတ်ဝန်းကျင်က ရွာတွေ သူတို့ဘက်ကအပြောပေါ့။ အဲဒါတွေကို သူတို့ ပြန်ချပြတယ်။ ရေကာတာ လုပ်ပြီးတဲ့ အခြေအနေကို သူတို့က ချပြတာ။ ဘေးပတ်ဝန်းကျင်တွေ မထိတဲ့အကြောင်း။ နောက်ပြီး မြန်မာပြည်ကို သူတို့ ပေးတယ်ဆိုတာကလည်း ထွက်တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ပေးရတာ။ မြန်မာနိုင်ငံက အခုသုံးနေတဲ့ပမာဏ ၁၀ ရာခိုင်နှုန်းဆို လုံလောက်တယ်လို့ သတ်မှတ်ထားလို့ ဒီလောက်ပဲ ပေးတာ။ တကယ်လို့သာ မြန်မာပြည်က ၂၀ ရာခိုင်နှုန်းလောက်မှ လုံလောက်တယ် ဆိုရင် လည်း သူတို့က ပေးမှာပဲပေါ့။ ပိုတဲ့ဟာကိုသာ သူတို့က အသုံးချမှာဆိုပြီး ပြောတယ်။ အဲလို နားထောင် လိုက်တဲ့အခါကျတော့လည်း တကယ်တမ်း ပြန်ပြီးစိစစ်ပြီးတဲ့အခါကျရင် သုံးသပ်ရင် သုံးသပ်မှာပေါ့။ ကျမတို့ကတော့ ဧရာဝတီမြစ်ကြီးကို သံဃောဇဉ်ရှိတာကိုး။”

DVB News

စစ်တိုက်ခြင်းဖြင့်ဖြေရှင်းမည်ဟု KIA ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ပြောကြား



KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ အောင်မြင်သည်ဖြစ် စေ မအောင်မြင်သည် ဖြစ်စေ စစ်တိုက်ခြင်းဖြင့် ဖြေရှင်းမည်ဟု KIA ဗိုလ်သင်တန်း ကျောင်းအုပ်ကြီးမှ အစည်းအဝေးတွင် ပြောကြား ခဲ့ ကြောင်း သိရှိရပါသည်။


လက်နက် ကိုင်ဆောင်မှုကို စွန့်လွှတ် မည်မဟုတ်ဘဲ အရာရာကို စစ်တိုက်ခြင်းဖြင့်သာ ဖြေရှင်းသွားမည်ဟု KIA ဗဟိုဌာနချုပ် ဗိုလ် သင်တန်း ကျောင်းအုပ် ဇော်နန်က တပ်မဟာ(၃)တွင် ကျင်းပ ပြုလုပ် သည့် အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပြီး ၎င်းအစည်းအဝေးတွင် တပ်မဟာ (၃) မှူး မရန်တောင်လာ၊ ဒုတပ်မဟာမှူးတူးဂျာ နှင့် တပ်ရင်းမှူးတွေ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ 

ငြိမ်းချမ်းရေး ဆွေးနွေးမှုက ဒီလ ၂၈ရက်နေ့ပြုလုပ်မှာဖြစ်ကြောင်း၊ ဆွေးနွေးမှုမှာKIA တို့၏ တောင်းဆို ချက် အားလုံးကို အစိုးရဘက်မှ လိုက်လျောခြင်းမရှိက မိမိတို့အနေဖြင့် ဆက်လက်တိုက်ပွဲမည်ဖြစ်ကြောင်း၊ KIA တပ်ဖွဲ့ဝင်များအနေဖြင့် ကချင်ပြည်နယ်လူထုအတွက် တိုက်ပွဲဝင်နေသူများ ဖြစ်လို့ အထက်ကပေး သည့် အမိန့်အတိုင်းသာ လုပ်ကိုင်ဆောင်ရွက် ဖို့လိုကြောင်း၊ ခေါင်းဆောင်များက ကချင်ပြည်နယ်အတွက် လုပ်ဆောင် နေသည်ကို အောက်ခြေကချင်မျိုးချစ်ရဲဘော်များ သိအောင် တပ်ရင်းမှူးများအနေဖြင့် ရှင်းလင်းရန် လိုအပ် ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ 

ငြိမ်းချမ်းရေးကို အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံများမှ လိုလားတောင်းတနေသော်လည်း KIA ခေါင်း ဆောင်ပိုင်း အတွင်း၌ ဆက်လက်တိုက်လိုသူနှင့် ငြိမ်းချမ်းရေးလိုလားသူ တို့အချင်းချင်း စိတ်ဝမ်းကွဲပြားမှု များဖြစ်ပေါ်နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်သော်လည်း လက်နက်ကိုင် တပ်တွေက လိုက်နာမှု မရှိ ရင် ကချင်ပြည်ဒေသခံလူထု အတွက် အလွန်ပဲစိတ်မကောင်းစရာဖြစ်မိကြောင်း ခရစ်ယာန် အသင်း တော်က ဘုန်းတော်ကြီးယော်နန်က ပြောဆိုခဲ့ပါ သည်။ ကချင်ပြည်နယ်အတွင်းမှာ ပစ်ခတ်သံတွေ ချုပ်ငြိမ်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာမျိုးကိုပဲ သူတို့ခရစ်ယာန် အများစုက မျှော်လင့်နေ သည်ဟု အဆိုပါ ခရစ်ယာန်အသင်းက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_2562.html

တရားမ၀င်ခိုးဝင်လာသော KIA တပ်ဖွဲ့များကို တရုတ်နယ်ခြားစောင့် တပ်မှဖမ်းဆီး



KIA တပ်မဟာ(၃) မှ တပ်ဖွဲ့ဝင်(၃) ဦးသည် ကောင်းဆာမှတဆင့် တရုတ် နိုင်ငံသို့ ဆိုင်ကယ်ဖြင့် တရား မ၀င် ခိုးဝင်စဉ် တရုတ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးထိန်း သိမ်းထားခဲ့ကြောင်း သိရှိ ရ ပါသည်။


မေလ ၁၈ရက်နေ့ ညနေ ၆နာရီခန့် တွင် KIA မှ တပ်ဖွဲ့ဝင်(၃) ဦးသည် ကောင်းဆာမှ တုန်ဟုန်းသို့သွာရန် အတွက် တရုတ်နိုင်ငံ မံဒင်းရွာလမ်းကနေ ဆိုင်ကယ် ဖြင့်သွားစဉ် မံဒင်းရွာအနီးရှိ တရုတ်နယ်ခြားစောင့်တပ် မှာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့အုပ်ချုပ်ရေးရုံးတွင် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရှိရပါသည်။ 

ဖမ်းဆီးထားသော KIA တပ်ဖွဲ့ ၀င်များကို တပ်မဟာမှူး မရန်တောင်လာနှင့် အုပ်ချုပ်ရေးမှူး ဒါရှီဆိုင်းလီ တို့က တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ကို ယမန်နေ့က သွားရောက်တွေ့ဆုံတောင်းပန်ခဲ့ပြီး၊ တရုတ်နယ်ခြား စောင့်တပ်မှ ဖမ်းဆီးထားသောတပ်ဖွဲ့ဝင်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိပါသည်။ “ အရင် တုန်း ကလဲ အဲဒီလိုဘဲ ဒီကောင်တွေဆီကနေ ငါတို့သွားနေတာပဲလေ၊ အခုမှ ဘာကြောင့်ဖမ်းလဲ ငါတို့လဲ မပြော တက်တော့ဘူး။ 

ငါတို့ဘက်ကနေသွားရင်တကွေ့တပတ်ကြီးသွားတော့ဝေးတယ်၊ ဒီကောင်တွေဘက်နေ သွားရင်တော်တော် လေးနီးလို့သွားနေကြတာ။ အဲဒီတရုတ်တွေက လိုရင်တမျိုးမလိုရင် တမျိုးလေကွာ၊ တပ်မဟာမှူးက လာ ပြောမှငါတို့ကို လွှတ်ပေးတာ၊” ဟု အဖမ်းခံရသည့် တပ်သား ဂမ်ဆိုင်းမှ ပြောပြခဲ့ ပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_1406.html

လူအချင်းချင်း အနီးကပ် ထိစပ်မှုကြောင့် ကူးစက်နိုင်သော ဗိုင်းရပ်စ်ဆန်း



လူအချင်းချင်း အနီးကပ် ထိစပ် မှု ကြောင့် NCo Vခေါ် ကော်ရိုနာ ဗိုင်းရပ်စ်ဆန်းတစ်မျိုး ကူးစက် နိုင်ဖွယ် ရှိသည်ဟု WHO ( ကမ္ဘာ့ ကျန်းမာရေး အဖွဲ့) က ထုတ်ပြန် ကြေညာ ခဲ့ ကြောင်း ဘီဘီစီ သတင်း တွင် ဖော်ပြ ထားသည်။ လူအချင်းချင်း ကူးစက် စေနိုင်၍ အဆိုပါ ဗိုင်းရပ်စ်ကို ဒုတိယ လူကတစ်ဆင့် ကူးစက်မှု ပြန့်ပွား ခဲ့ကြောင်း ပြင်သစ် ကျန်းမာရေး ဝန်ကြီး ဌာနက အတည်ပြု အပြီးတွင် ထိုကဲ့သို့ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။


ကျန်းမာရေး အရာရှိများ ၏ အဆိုအရ ယင်းဗိုင်းရပ်စ်ကြောင့် ဆော်ဒီ အာရေဗျမှ လူနှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ NCo V ဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင် ရောဂါကို ဖြစ်စေကာ တစ်ခါတရံ ကျောက်ကပ် ပျက်စီး တတ်သည် ဟု ဆိုသည်

ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် ပျံ့နှံ့ဖွယ်ရာ ရှိ၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ တာဝန်ရှိ သူများက ထုတ်ဖော် ပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ၃၃ ဦးရောဂါ ခံစားခဲ့ ရကြောင်း၊ ၎င်းတို့ အနက် ၁၈ ဦးသေဆုံး ခဲ့ကြောင်း ဒဗလျူအိတ်ခ်ျအို၏ များမကြာမီ က ထုတ်ပြန် ချက် တွင် ဖော်ပြထား သည်။ အဆိုပါ ရောဂါဖြစ်ပွားမှုကြောင့် .ဆော်ဒီ အာရေဗျနှင့် ဂျော်ဒန် နိုင်ငံတို့တွင် စုံစမ်း စစ်ဆေးလျက် ရှိသည်။ ဂျာမဏီ၊ ယူကေနှင့် ပြင်သစ်နိုင်ငံတို့ အထိ ယင်းရောဂါ ပြန့်ပွားလျက် ရှိသည်ဟု ဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရပြီးခဲ့ သည့် နွေရာသီမှစ၍ ယင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသူ ၂၄ ဦးရှိခဲ့ သည့် အနက် ၁၅ ဦး သေဆုံး ခဲ့ကြောင်း ဖော်ပြထား သည်။ NCo V ခေါ် ကော်ရိုနာဗိုင်း ရပ်စ်ဆန်း တစ်မျိုးသည် ၂၀၀၃ ခုနှစ်တွင် အာရှတိုက် ၌ပေါ်ပေါက် ဖြစ်ပွားခဲ့သော (Severe Acute Respiratory Syndrome - Sars) ခေါ်အသက်ရှု ကျပ်ရောဂါဖြစ်စေ သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးနှင့် မျိုးရင်းတူ ဖြစ်ကြောင်း ဒဗလျူအိတ် ခ်ျအိုက ထုတ်ဖော်ပြောဆို ခဲ့သည်။ 

NCo V နှင့် Sars တို့သည် တစ်ဦးနှင့် တစ်ဦးကူးစက်ရန် လွယ်ကူ သည်ဟု မေလ ၁၂ ရက်နေ့ ထုတ်ပြန် ကြေညာချက်ဖြင့် ဒဗလျူအိတ်ခ်ျအိုက ဆိုသည်။ ကော်ရိုနာ ဗိုင်းရပ်စ်ပိုးသည် လူနှင့် တိရစ္ဆာန် နှစ်မျိုးစလုံး အတွက် အသက်ရှု လမ်းကြောင်းတွင် ကူးစက် စေနိုင်သည်ဟု ဆိုကြောင်း ဘီဘီစီ သတင်း တွင် ရေးသား ထားသည်။

Public Health

တေးသီချင်း နားထောင်ခြင်းဖြင့် လေဖြတ် ခံရသည့် လူနာများ ရောဂါ သက်သာ စေနိုင်



လေဖြတ် ခံရသည့် လူနာများ၏ အခြေအနေ တိုးတက် ကောင်းမွန် လာစေရေး အတွက် သီချင်း များ နားထောင်ခြင်းက အကျိုး သက်ရောက်မှု ထင်ထင်ရှားရှား ရှိကြောင်း လန်ဒန်ရှိ ပညာရှင် များက ပြောကြား လိုက်သည်။ လေဖြတ်မှု ခံစား ထားရသူများသည် တိတ်ဆိတ်နေမှုကို နှစ်ခြိုက်လေ့ မရှိကြောင်း London Imperial Collegeမှ ဒေါက်တာ ဒေးဗစ် ဆော့တိုက ရှင်းပြခဲ့သည်။


အာရုံကြော အထူးကု တစ်ဦးဖြစ်သည့် ဒေါက်တာ ဆော့တိုသည် လေဖြတ်ခံ လူနာများ အနေနှင့် အနှစ်သက်ဆုံး သီချင်းများကို ကြားရပါက မည်သို့သော အကျိုး ကျေးဇူးများ ရရှိ နိုင်သည်ကို အသေးစိတ် လေ့လာသည့် သုတေသန အဖွဲ့အား ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။

လူတစ်ဦးချင်းစီ အလိုက် အကြိုက် ကွာခြားသော သီချင်းများကို စမ်းဖွင့် ပေးခဲ့ပြီး မှတ်တမ်း မှတ်ရာ များ စနစ်တကျ ပြုစုခဲ့ရာ လေဖြတ်မှု အခြေအနေမှ နာလံ ထလာသူများ အတွက် စိတ်ကြိုက် သီချင်းများ နားထောင်ခွင့် ရခြင်းက အလွန် အကျိုး ကျေးဇူးများကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ဒေါက်တာ ဆော့တို က အချို့သော လူနာများသည် Kenya Rogersကို နှစ်သက်ကြောင်း၊ အချို့ကလည်း Frank Sinatra၏ သီချင်းများကို သဘော ကျကြောင်း၊ ၎င်းတို့ အကြိုက် သီချင်းများ အလိုက် နားဆင်ခွင့် ပေးခြင်းက အကျိုး ထူး များ ပေါ်ပေါက် စေခဲ့ကြောင်း ရှင်းပြ ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လေဖြတ်သူ (၁၅၀၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၆၀) ရာခိုင်နှုန်းသည် အခြေအနေ ဆိုးရွားလေ့ ရှိကြောင်းသိရသည်။ ဒေါက်တာ ဆော့တို က သီချင်းဖွင့် ပေးရာတွင် လူနာ တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှု အလိုက် ရွေးချယ်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။

ကြိုက်နှစ်သက်သော သီချင်းများကို နားထောင်ခွင့် ရခြင်းကြောင့် လူမမာ ဖြစ်သူ၏ ဦးနှောက်ကို လှုံ့ဆော် မှုများ ပေါ်ပေါက် လာစေပြီး ထိုအခြေအနေသည် ပျော်ရွှင် ကျေနပ်နေသော လူနာအတွက် ရောဂါ ဝေဒနာမှ သက်သာ ပျောက်ကင်း စေရေး အလွန် အရေးကြီးသော သော့ချက် တစ်ခုဟု ညွှန်းဆို သွား သည်။

AP News

မဘိမ်းမြို့နယ်အတွင်းရှိ စက်လှေဖောင်များအား KIA မှအခွန်ငွေကောက်



မဘိမ်းမြို့နယ်အတွင်းရှိ ရွာများမှ စက်လှေ ဖောင် ပိုင်ရှင်များကို မေလ ၁၅ရက်နေ့က ရွာဆိုးတွင် KIA မှ အစည်းအဝေး ပြုလုပ်ပြီး အခွန်ငွေကောက်ခံ ခဲ့ကြောင်းသိရှိရပါသည်။ ဖောင်ပိုင်ရှင်များကို ယခုနှစ် အတွက် ၁၀သိန်း နောက်နှစ်အတွက် ၁၀ သိန်းကို ပေါင်းပေးရန် KIA မှ ဗိုလ်ကြီးနော်ခမ်းမှ ပြောဆို အမိန့်ပေး ခဲ့ကြောင်း သိရှိရပါသည်။


ယခုအချိန် သစ်ထုတ်လုပ်မှု ရာသီကုန်ဆုံးပြီးဖြစ်သည့်အတွက် ယခုနှစ်နှင့် နောက်နှစ်အတွက် စုပေါင်း ကောက်ခံခြင်းဖြစ်ကြောင်း၊ KIA ဗဟို ဌာနချုပ်၏ အမိန့်အရ ကောက်ခံခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သစ်ဖောင်ပိုင်ရှင်များက KIA မှတောင်းခံသော ငွေကြေးမှာ များလွန်ပြီး ပေးချေနိုင်ခြင်း မရှိသော ကြောင့် ညှိနှိုင်းပြီး တစ်ဦးလျှင် ၅သိန်းနှုန်းနှင့် ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။ မဘိမ်းမြို့နယ်အတွင်း ရှိ ရွာ များတွင် စက်လှေဖောင် အစီး ၂၀ကျော် ၃၀ ခန့်ရှိပါသည်။ “ ကျွန်တော်တို့ကို ၁၃ရက်နေ့ကတည်းက KIA တိုက်နယ်မှူး ထွယ်ရှောင်က မြစ်ဆုံဆိပ်က လုပ်သားတစ်ဦးနှင့်ပြောခိုင်းတာ၊ အခွန်ငွေလာရောက်ပေးဖို့နဲ့ အစည်းအဝေးလုပ်ဖို့ပေါ့ ဒါပေမယ့် သူတို့ တောင်းတဲ့ငွေက တအားများတော့ မပေးနိုင်ဘူးလေ၊ အရင်က ဆိုရင်တော့ အကြောင်းမဟုတ်လေ အခုက အခြေအနေ အရ မပေးနိုင်ဘူးလေ။ မပေး လို့လဲ မရ ဘူး ဒါကြောင့်လို့ အစည်းအဝေးမှာ ပိုက်ဆံလာကောက်တဲ့ KIA ဗိုလ်ကြီး နဲ့ ညှိပြီး ၅သိန်းပေး ခဲ့ရတယ်လေ ”  ဟု စက်လှေဖောင်ပိုင်ရှင် ဦးမျိုးဟိန်းကပြောပြခဲ့ပါသည်။

Credit : http://www.kachindailynews.com/2013/05/kia_4209.html

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်


Photo: ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။

"ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာက နေ့ချင်း ညချင်း ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ ဒီယာဉ်ကြော ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဥပဒေ ရေးဆွဲနေပါတယ်။ ဥပဒေရေးဆွဲ အတည်ပြုပြီးတာနဲ့ ပိုမိုထိန်းကွပ်မှုတွေ လုပ်နိုင်ပါမယ်" ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇန်န၀ါရီလအတွင်း စတင်ဖွဲ့စည်း ခဲ့သော်လည်း မေ ၁၄ ရက်တွင် အဖွဲ့ဝင် ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် အများပြည်သူ နေ့စဉ်သွားလာသည့် ကုန်းလမ်း၊ ရထားလမ်း၊ ရေယာဉ်နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေရေး စီမံခန့်ခွဲရန်၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်မှု စသည့်သွားလာရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံတကာမှ နည်းပညာနှင့် အထောက်အပံ့များ ရယူပြီး သမ္မတထံ တင်ပြ၍ ခွင့်ပြုချက် ရယူရန်၊ ရန်ကုန်မြို့တွင်း သွားလာသည့် ယာဉ်များကို ကြီးကြပ်ရန် စသည့်အချက်များ ပါဝင်သော လုပ်ငန်းစဉ် ၁၂ ခုအား ဆောင်ရွက်ရမည် ဖြစ်သည်။       

(ဆူးလေဘုရားမှစ၍ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်နေရာအထိ ဆူးလေဘုရားလမ်း တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ်) 
(ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေ တစ်ရပ် ရေး ဆွဲပြဋ္ဌာန်း မည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများ ပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။


"ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာက နေ့ချင်းညချင်း ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ ဒီ ယာဉ်ကြော ပိတ်ဆို့တဲ့ ပြဿနာကိုဖြေရှင်းဖို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဥပဒေ ရေးဆွဲနေပါတယ်။ ဥပဒေရေးဆွဲ အတည်ပြုပြီးတာနဲ့ ပိုမိုထိန်းကွပ်မှုတွေ လုပ်နိုင်ပါမယ်"ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇန်န၀ါရီလ အတွင်း စတင်ဖွဲ့ စည်း ခဲ့သော်လည်း မေ ၁၄ ရက်တွင် အဖွဲ့ဝင် ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် အများပြည်သူ နေ့စဉ်သွားလာသည့် ကုန်းလမ်း၊ ရထားလမ်း၊ ရေယာဉ်နှင့် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေရေး စီမံခန့်ခွဲရန်၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်မှု စသည့်သွား လာရေး ဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံတကာမှ နည်းပညာနှင့် အထောက်အပံ့များ ရယူပြီး သမ္မတထံတင်ပြ၍ ခွင့်ပြုချက်ရယူရန်၊ ရန်ကုန်မြို့တွင်း သွားလာသည့်ယာဉ်များကို ကြီးကြပ်ရန် စသည့် အချက်များ ပါဝင်သော လုပ်ငန်းစဉ် ၁၂ ခုအား ဆောင်ရွက်ရမည် ဖြစ်သည်။ 

ဆူးလေဘုရားမှစ၍ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်နေရာအထိ ဆူးလေဘုရားလမ်း တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ် 

From...Eleven 

မွတ်စလင်လူမျိုးသုံးဦး ဝင်ရောက်ရာမှ ဆူပူမှုအနဲငယ်ဖြစ်...


မွတ်စလင်လူမျိုးသုံးဦး ဝင်ရောက်ရာမှ ဆူပူမှုအနဲငယ်ဖြစ်...

၂၁.၅.၂၀၁၃ ညဦးပိုင်း(၉)နာရီခန့်က မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြန်မာ့သစ်လုပ်ငန်းစီမံကိန်း(၂)ဝင်းအတွင်းသို့ လူသုံးဦးကျုးကျော်ဝင်ရောက်လာရာမှ ဆူပူမှုအနဲငယ်ဖြစ်ခဲ့သည်။

၎င်းတို့သည် ယင်းသစ်လုပ်ငန်းဝင်းနေ မိန်းမတစ်ဦးနှင့် တွေ့ရန်လာရာ ဝင်းဂိတ်စောင့်ဝန်ထမ်းက မေးမြန်းရာမှ နှစ်ဦးက ထွက်ပြေးကြောင်း၊တစ်ဦးကို ဖမ်းမိပြီးနောက် သစ်လုပ်ငန်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ခေါ်ယူစစ်မေးခဲ့သည်။သို့သော် ၎င်းမှ ကောင်းမွန်စွာဖြေကြားခြင်းမရှိသဖြင့် မေးမြန်းသူများမှ သံသယဝင်လာခဲ့ပြီးနောက် တဖြေးဖြေးဖြင့် လူများလာခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ မွတ်စလင်လူမျိုးတွေမို့ပါ။နောက်တချက်က အရက်မူးနေတယ်။သူတို့က ဘုန်းအိုးထဲမှာ နေတယ်လို့သိရတယ်။အရင်တလလောက်ကလဲ. ကျွန်တော်တို့ဝင်းဂိတ်ပေါက်ဝမှာ လူတစုကလဲ လာပြိးမီးရှို့မယ်လို့အော်သွားဖူးတယ်။ဆိုင်ကယ်တွေလဲ ခဏခဏပျောက်ဖူးတယ်။ဒါကြောင့် သံသယဝင်လာကြတယ်”ဟု ယင်းဝင်းအတွင်းနေထိုင်သူ ကားသမားဦးမောင်ကပြောသည်။

ထိုသို့စစ်မေးပြီးနောက် အမရပူရရဲစခန်းသို့အပ်ရန်ဆုံးဖြတ်ကာ ရဲစခန်းသို့ဖုန်းဆက်ခေါ်ကြောင်း၊ထိုစဉ် ဆိုင်ကယ်မောင်းထွက်ပြေးသွားသည့် အသက်လေးဆယ်ခန့်မွတ်စလင်တစ်ဦး ပြန်လည်ဝင်ရောက်လာကာ ဝင်းအတွင်းနေဝန်ထမ်းများနှင့် စကားအချေအတင်ပြောခဲ့ကြောင်းသိရသည်။

“ ဖမ်းမိထားတဲ့ကောင်လေးကို စစ်မေးနေတဲ့ဓမ္မာရုံမှာ စောင့်ကြည့်နေတဲ့ မြန်မာလူမျိုးတွေက အများကြီးရှိတယ်။လူငယ်တွေက လက်ထဲမှာ တုတ်တွေကိုင်ထားပြီးစောင့်နေတယ်။အဲဒါကို အဲဒီလူက ပမာမခန့်မျက်နှာပေးနဲ့ ဝင်းထဲက လူကြီးတွေမေးတာကို မဖြေချင်သလို၊ဖြေချင်သလိုဖြေတယ်။ကြာလာတော့ ဆူပူမှုဖြစ်မှာစိုးတာနဲ့ ဓမ္မာရုံသံတခါးကိုဆွဲပိတ်ပြီး အထဲမှာ လူကြီးအနဲငယ်နဲ့ပဲ သူတို့ကို ခေါ်စစ်လိုက်ရတယ်”ဟု ဝန်ထမ်းများကပြောသည်။

ယခုအခါ မြန်မာ့သစ်လုပ်ငန်းဝင်းအတွင်းသို့ကျုးကျော်ဝင်ရောက်လာသည့် မွတ်စလင်နှစ်ဦးအာ်း ဆူပူမှုဖြစ်စေရန်လှုံ့ဆောင်မှု၊ပိုင်နက်ကျုးကျော်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသော တယောက်မှာ ယခုအခါ ဘုန်းအိုးသို့ပြန်ရောက်နေပြီဖြစ်ကြောင်း အမရပူရရဲစခန်းမှသိရသည်။

(မှတ်ချက်.စစ်မေးသောဓမ္မာရုံသည် မိမိအိမ်ရှေ့တွင်ရှိပါသည်။ မိမိနေထိုင်သော ရပ်ကွက်ဖြစ်ပါသည်။ဖြစ်စဉ်အားလုံးကို အစအဆုံးနီးပါးသိပါသည်။သို့သော် သတင်းထောက်ကျင့်ဝတ်အရ မေးမြန်းရေးသားထားခြင်းဖြစ်ပါသည်။

ကောလဟလများ မပျံ့စေရန်ရည်ရွယ်၍ ဤပို့စ်အားတင်ပါသည်။မိမိတွင် ဗုဒ္ဓဘာသာ၊မွတ်စလင်ဆိုသည့်အစွဲမရှိပါ။သုံးဆယ့်ငါးလမ်းကိစ္စတွင်လည်း မှားသူကို မှားသည့်အတိုင်း ၎င်းသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း ဖြစ်စဉ်အတိုင်းသတင်းရေးသည်။

သတင်းတင်သည်။ယခုကိစ္စကိုလည်း ဆန္ဒအစွဲမပါပဲ သတင်းတင်ပါသည်။နှစ်ဘက်စလုံးထိန်းသိမ်းရပါမည်။သံသယများကြီးစိုးနေသောအချိန်တွင် မှားသူကို မှားသည့်ဘက်က ထိန်းသိမ်းရပါမည်ဟု လေးလေးနက်နက်ယုံကြည်သောကြောင့် ယခုပို့စ်အားတင်ပါသည်။

တိတိကျကျသိလိုလျှင် မိမိဖုန်းနံပါတ် ၀၉-၄၄၄၀၁၆၀၂၉သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ဝန်ထမ်းရပ်ကွက်ဖြစ်သောကြောင့် ဤမျှနှင့်ပြီးသွားခြင်းဖြစ်သည်။

အခြားရပ်ကွက်ဆိုလျှင် ယခုကဲ့သို့ပြုမူပါက မီးပွားမှ မီးတောက်ဖြစ်သွားနိုင်ပါသည်။မွတ်စလင်-မြန်မာနှစ်ဘက်စလုံးထိန်းသိမ်းစေဖို့ ဆန္ဒရှိပါသည်။

Posted From Minmin Soe

၂၁.၅.၂၀၁၃ ညဦးပိုင်း(၉)နာရီခန့်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းစီမံကိန်း(၂) ဝင်းအတွင်းသို့ လူသုံးဦးကျုးကျော် ဝင်ရောက်လာရာမှ ဆူပူမှုအနဲငယ်ဖြစ်ခဲ့သည်။


၎င်းတို့သည် ယင်းသစ်လုပ်ငန်းဝင်းနေ မိန်းမတစ်ဦးနှင့် တွေ့ရန်လာရာ ဝင်းဂိတ်စောင့်ဝန်ထမ်းက မေးမြန်း ရာမှ နှစ်ဦးက ထွက်ပြေးကြောင်း၊ တစ်ဦးကို ဖမ်းမိပြီးနောက် သစ်လုပ်ငန်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ခေါ်ယူ စစ်မေးခဲ့သည်။သို့သော် ၎င်းမှ ကောင်းမွန်စွာဖြေကြားခြင်းမရှိသဖြင့် မေးမြန်းသူများမှ သံသယဝင်လာ ခဲ့ပြီးနောက် တဖြေးဖြေးဖြင့် လူများ လာခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ မွတ်စလင်လူမျိုးတွေမို့ပါ။နောက်တချက်က အရက်မူးနေတယ်။သူတို့က ဘုန်းအိုး ထဲမှာ နေတယ်လို့သိရတယ်။အရင်တလလောက်ကလဲ. ကျွန်တော်တို့ဝင်းဂိတ်ပေါက်ဝမှာ လူတစုကလဲ လာပြိး မီးရှို့မယ်လို့အော်သွားဖူးတယ်။ ဆိုင်ကယ်တွေလဲ ခဏခဏပျောက်ဖူးတယ်။ဒါကြောင့် သံသယဝင် လာကြ တယ်”ဟု ယင်းဝင်းအတွင်းနေထိုင်သူ ကားသမားဦးမောင်ကပြောသည်။

ထိုသို့စစ်မေးပြီးနောက် အမရပူရရဲစခန်းသို့အပ်ရန်ဆုံးဖြတ်ကာ ရဲစခန်းသို့ဖုန်းဆက်ခေါ်ကြောင်း၊ထိုစဉ် ဆိုင်ကယ်မောင်းထွက်ပြေးသွားသည့် အသက်လေးဆယ်ခန့်မွတ်စလင်တစ်ဦး ပြန်လည်ဝင်ရောက်လာကာ ဝင်းအတွင်းနေဝန်ထမ်းများနှင့် စကားအချေအတင်ပြောခဲ့ကြောင်းသိရသည်။

“ ဖမ်းမိထားတဲ့ကောင်လေးကို စစ်မေးနေတဲ့ဓမ္မာရုံမှာ စောင့်ကြည့်နေတဲ့ မြန်မာလူမျိုးတွေက အများကြီး ရှိတယ်။လူငယ်တွေက လက်ထဲမှာ တုတ်တွေကိုင်ထားပြီးစောင့်နေတယ်။အဲဒါကို အဲဒီလူက ပမာမခန့် မျက်နှာပေးနဲ့ ဝင်းထဲက လူကြီးတွေမေးတာကို မဖြေချင်သလို၊ဖြေချင်သလိုဖြေတယ်။ကြာလာတော့ ဆူပူ မှုဖြစ်မှာစိုးတာနဲ့ ဓမ္မာရုံသံတခါးကိုဆွဲပိတ်ပြီး အထဲမှာ လူကြီးအနဲငယ်နဲ့ပဲ သူတို့ကို ခေါ်စစ်လိုက်ရတယ်”ဟု ဝန်ထမ်းများကပြောသည်။

ယခုအခါ မြန်မာ့သစ်လုပ်ငန်းဝင်းအတွင်းသို့ ကျုးကျော်ဝင်ရောက်လာသည့် မွတ်စလင်နှစ်ဦးအား ဆူပူမှု ဖြစ်စေရန်လှုံ့ဆော်မှု၊ ပိုင်နက်ကျုးကျော်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသောတယောက်မှာ ယခု အခါ ဘုန်းအိုးသို့ပြန်ရောက်နေပြီဖြစ်ကြောင်း အမရပူရရဲစခန်းမှသိရသည်။

(မှတ်ချက်.စစ်မေးသောဓမ္မာရုံသည် မိမိအိမ်ရှေ့တွင်ရှိပါသည်။ မိမိနေထိုင်သော ရပ်ကွက်ဖြစ်ပါ သည်။ ဖြစ်စဉ် အားလုံးကို အစအဆုံးနီးပါးသိပါသည်။သို့သော် သတင်းထောက်ကျင့်ဝတ်အရ မေးမြန်းရေးသား ထားခြင်းဖြစ်ပါသည်။

ကောလဟလများ မပျံ့စေရန်ရည်ရွယ်၍ ဤပို့စ်အားတင်ပါသည်။မိမိတွင် ဗုဒ္ဓဘာသာ ၊မွတ်စလင်ဆိုသည့် အစွဲ မရှိပါ။ သုံးဆယ့်ငါးလမ်းကိစ္စတွင်လည်း မှားသူကို မှားသည့်အတိုင်း ၎င်းသည် ဗုဒ္ဓဘာသာဖြစ်သော် လည်း ဖြစ်စဉ်အတိုင်းသတင်းရေးသည်။

သတင်းတင်သည်။ယခုကိစ္စကိုလည်း ဆန္ဒအစွဲမပါပဲ သတင်းတင်ပါသည်။နှစ်ဘက်စလုံးထိန်းသိမ်းရပါမည်။ သံသယများကြီးစိုးနေသောအချိန်တွင် မှားသူကို မှားသည့်ဘက်က ထိန်းသိမ်းရပါ မည်ဟု လေးလေး နက်နက်ယုံကြည်သောကြောင့် ယခုပို့စ်အားတင်ပါသည်။

တိတိကျကျသိလိုလျှင် မိမိဖုန်းနံပါတ် ၀၉-၄၄၄၀၁၆၀၂၉သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဝန်ထမ်း ရပ်ကွက်ဖြစ်သောကြောင့် ဤမျှနှင့်ပြီးသွားခြင်းဖြစ်သည်။

အခြားရပ်ကွက်ဆိုလျှင် ယခုကဲ့သို့ပြုမူပါက မီးပွားမှ မီးတောက်ဖြစ်သွားနိုင်ပါသည်။မွတ်စလင်-မြန်မာနှစ် ဘက်စလုံးထိန်းသိမ်းစေဖို့ ဆန္ဒရှိပါသည်။

ကလေးများအတွက် တပြေးညီပညာရေး အလုပ်ရုံဆွေးနွေးပွဲ လုပ်မယ်



မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းမနေနိုင်သည့် ကလေးငယ်များ တပြေးညီပညာသင်ကြားခွင့် ရရှိရေး အတွက် ပညာရှင်များ၊ ကျောင်းအုပ် ဆရာ၊ဆရာမများ ပါဝင်မည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို လာမည့် သောကြာနေ့၊ မြန်မာငြိမ်းချမ်း ရေးစင်တာ(MPC)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂရုဏာလူမှု ဘ၀ မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။


ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ကျောင်းသားမိဘများနှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်နိုင်ကြောင်း လည်း သိရသည်။ 

ထို့ပြင် ကျောင်းမနေနိုင်သည့် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးကလေးငယ်များအတွက် ယခုနှစ်မှစတင်၍ ကျောင်း ထားပေးသွားမည့်အစီအစဉ်ကိုလည်း ရှင်းပြ ကာ၊ တနိုင်ငံလုံးမှကလေးငယ်များအတွက် မည်သို့လုပ်ဆောင် သင့်သည်ကိုလည်း ပညာရှင်များနှင့်အပြန်အလှန်ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်မည့် ဂရုဏာအဖွဲ့မှ အထွေထွေအတွင်းရေးမှူးကပြောသည်။ 

ဂရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့သည် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး၊ ဘာသာရေးလူမှုရေးမခွဲခြားဘဲ ကူညီထောက်ပံ့သွားရန်အတွက် ၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ် သည်။ 

“အဓိကတော့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းမနေနိုင်တဲ့ကလေးတွေအတွက် ပညာရှင်တွေနဲ့ တာဝန်ရှိ သူတွေက ဘယ်လိုစဉ်းစားထားသလဲ၊ ကျနော်တို့က ဘာတွေလုပ်နေသလဲဆိုတာတွေ ဆွေးနွေး မယ်။ ကျောင်းမနေနိုင်တဲ့ ကလေး ၁၃၀၀ ကျော်ကို ဒီနှစ်ကစပြီး ကျနော်တို့ ကျောင်းထားပေးသွားမယ်။ အဲဒီ ကလေး တွေကို ကျောင်းအပ်မယ့်မြို့နယ်အလိုက် ကျောင်းအုပ်ကြီးတွေကိုလည်း ဖိတ်ခေါ်ထားပါ တယ်”ဟု အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်ဦးက ပြောသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ထောက်ကြန့်၊ရွှေပြည်သာ၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်များမှ ပုဂ္ဂလိက မိဘမဲ့ဂေဟာ ၁၂ခုနှင့် ရပ်ကွက် အတွင်းရှိ ဆင်းရဲနွမ်းပါးကလေးငယ်များအတွက် ပြည်တွင်း အလှူရှင်များ၏အကူအညီဖြင့် ယခုပညာသင်နှစ်က စတင်ကာ ကျောင်းစရိတ်ထောက်ပံ့ပေး သွားမည်ဖြစ် ကြောင်း သူကပြောသည်။ 

“ကျနော်တို့က နိုင်ငံတော်အဆင့်အထိသွားဖို့ စဉ်းစားထားပါတယ်။ တတိုင်းပြည်လုံးအတိုင်းအတာ အထိလုပ်သွားဖို့ စီစဉ်ထားတယ်” ဟု ဦးကျော်မြင့်ဦး က ဆက်လက်ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် မူလတန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိသော်လည်း၊ အခြေခံပညာ ကျောင်းများကို နှစ်စဉ် ကျောင်းသား ၆သိန်းကျော် ပညာရေးကို စွန့်ခွာလျှက်ရှိကြောင်း ၂၀၁၀-၁၁ ပညာသင်နှစ်နှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တက်ရောက်ခဲ့ သည့် ကျောင်းသားအင်အားစာရင်းအရ သိရသည်။ 

Credit : http://blog.irrawaddy.org/2013/05/blog-post_8876.html

မြန်မာ့ဓလေ့ ရှင်ပြု အလှူမင်္ဂလာပွဲ မြင်ကွင်းတချို့

ရှင်ပြု မင်္ဂလာပွဲဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ အလှူ မင်္ဂလာပွဲဖြစ်ပါတယ်။


ဓာတ်ပုံ - အေးချမ်းမြေ့ / ဧရာဝတီ~~

အများအားဖြင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ နွေရာသီကျောင်း ပိတ် ရက်တွေမှာ အများအားဖြင့် ရှင်ပြုပွဲကို ပြုလုပ်ကြပါတယ်။


အခုတွေ့မြင်ရတဲ့ မောင်ရှင်လောင်း ရှင်ပြုပွဲကတော့ မန္တလေးတိုင်း မတ္တရာမြို့နယ် ပလိပ်စု ကျေးရွာ ရှင်ပြု မြင်ကွင်း ပုံရိပ်တွေဖြစ် ပါတယ်။ 

မြန်မာ့ ဓလေ့၊ မြန်မာ့ ရိုးရာအလှတွေနဲ့ ရှင်ပြု မင်္ဂလာပွဲကို ခံစားကြည့်လို့ ရနိုင်ပါတယ်။ ဒီလို ရှင်ပြု အလှူ မင်္ဂလာပွဲမျိုးဟာ အညာဒေသမှာ အများဆုံး တွေ့ရတတ်ပြီး ရန်ကုန်နဲ့ မြို့ကြီးတချို့မှာတော့ ဒီမြင်ကွင်းမျိုး မြင်တွေ့ရ အတော်နည်းသွားပြီး မရှိသလောက်ပင် ဖြစ်နေပါပြီ။ 





 



Credit : http://blog.irrawaddy.org/2013/05/blog-post_6518.html

(၂၇) ကြိမ်မြောက် SEA Game အတွက် ဂုဏ်ပြုသီချင်း (ရုပ်/သံ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် SEA Games အကြို ဈေးရောင်း ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။



SEA Games အတွက် ဂုဏ်ပြုသီချင်းကို မို့မို့လွင်က သီဆိုထားပါတယ်။ ရုပ်သံနဲ့တင်ဆက် ထားပါတယ်။


ဂျပန်မှ တာဝန်ယူတည်ဆောက်မည့် မြန်မာ့ဆက်သွယ်ရေးကွန်ယက်

Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTနှင့် မေလ ၁၄ ရက်နေ့ တွင် “ အရေးပေါ် ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး အစီအမံ “ အတွက် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ သည်ဟု Sumitomo Corporation က မေ (၂၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။


ဤအစီ အစဉ်မှာဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်အကူအညီ ပေးရေး ပေါ် လစီ၏ ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။

အဆိုပါစီမံကိန်း၌ အချက်အလက်လွှဲပြောင်းမှုကို 30 Gbps အထိ ပြုလုပ်နိုင်သော မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်းများ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အကြား တပ်ဆင်ရေး၊ မိုလ်ဘိုင်းဖုန်းများအတွက် 4G (LTE)ကွန်ယက်များ တည်ဆောက်ပေးရေးနှင့်အဆိုပါ ဆက်သွယ်ရေး ကွန်ယက်တွင် အထိုင်ဖုန်းများပါ ပါဝင်ကာ မြို့တစ်မြို့တွင် အင်တာနက်မြန်နှုန်း 10 Gbps အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါဆက်သွယ်မှုကွန်ယက်တစ်ခုလုံးတွင်4G(LTE) အသုံးပြုသူပေါင်း လေးသောင်းခန့်၊အထိုင်ဖုန်း ၁ သန်းခွဲခန့်နှင့် အင်တာနက် အသုံးပြုသူ ၁ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

မိုလ်ဘိုင်းဖုန်းများအတွက် 4G ကွန်ယက်ကို မြို့ကြီးသုံးမြို့တွင် LTE အခြေစိုက်စခန်းပေါင်း (၅၀)ခန့် ထားရှိ ၍ အထောက်အကူ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ဆက်သွယ်ရေးကွန်ယက်ကို ၂၀၁၃ နိုဝင်ဘာတွင် အပြီးသတ်ရန် ရည်မှန်း၍ ပြုလုပ်နေကြောင်း သိရှိ ရသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရေး အစီအစဉ်အရ Japan International Corporation Agency (JICA)မှ ယန်း ၁.၇၁ ဘီလီယံခန့် အကူအညီပေးမည်ဟု ဒီဇင်ဘာ (၁၂)ရက် ၂၀၁၂ ခုနှစ်တွင် က တိပြုခဲ့သည်။ ယခု ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ရေးအတွက် အဆိုပါ ရန်ပုံငွေအတွင်းမှ အ သုံးပြုသွားမည်ဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=4626

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ



၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄) နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့်ရှင်းရေးဆောင် ရွက် နေသော မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထား သော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင် ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်း ခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ

ကယားပြည်နယ်အတွင်း ဒေသခံအချို့ အစိုးရဌာနအပြင် KNPP သို့ အခွန်ငွေပေးဆောင်ရ



ကယားပြည်နယ်ရှိ ကျေးရွာအချို့အတွင်းမှ ဒေသ ခံရွာသားများသည် မြန်မာအစိုးရဌာနအပါအ၀င် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အဖွဲ့ဝင်အချို့ ထံသို့အခွန်ငွေ များ ပေးဆောင် ရသော ကြောင့် အခက်အခဲများနှင့်ကြုံတွေ့နေ ရကြောင်း လောပိတမြို့နယ်နေ ဒေသခံများထံမှ သိရသည်။ တစ်နှစ်စာအတွက် အခွန်ငွေ အဖြစ် ထော်လာဂျီတစ်စီးလျှင် ငါးသောင်းကျပ် (၅၀၀၀၀)၊ ဆန်ကြိတ်စက်တစ်လုံးလျှင် တစ်သိန်း ငါးသောင်း ကျပ်(၁၅၀၀၀၀)နှင့် အိမ်ထောင်စု တစ်စုလျှင် ခြောက်ထောင်ကျပ် (၆၀၀၀) ဖြင့် KNPP အဖွဲ့ကို ပေးဆောင်ရလို အဆို ထော်လာဂျီများအား နှစ်လုံးထိုး တစ်စီးလျှင် လေး သိန်းကျပ် (၄၀၀၀၀၀) နှုန်းဖြင့် ပြည်နယ်အစိုးရ အခွန်ဦးစီးဌာနသို့ ပေးဆောင်ရသည်ဟု သိရသည်။


အခွန်ငွေများ ပေးဆောင်ရသော ဒေသများမှာ ကယားပြည်နယ်အတွင်းရှိ ဖရူဆို၊ ဒီးမော့ဆို၊ လောပိတ၊ လွိုင်လင်လေးမြို့နယ်များအတွင်းရှိ ကျေးရွာများဖြစ်ကြပြီး အချို့ကျေးရွာများမှာ အစိုးရနှင့် KNPP အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးသည့်အချိန်မှစတင်၍ KNNP ဘက်မှ ယခုကဲ့သို့ ကောက် ခံလာခြင်းဖြစ်ကြောင်း အခွန်ပေးဆောင်ရသော ရွာသားတဦးက ယခုလိုရှင်းပြသည်။

“ဘာစာရွက်စာတမ်းမှ မပါဘဲနဲ့ လာကောက်တာပါ။ လောပိတာဘက်ကဆို ကောက်ခံတဲ့လူက ဦးပိုးရယ် ပါ။ ဖရူဆိုမှာ KNPP နဲ့ လူထုတွေ့ဆုံပွဲလုပ်တော့ ဆရာ ခူးဦးရယ်က အခွန်ပေးရတဲ့ ရွာသား နာမည်ရယ် ရွာနာမည်ရယ် တောင်းပါတယ်။ ဘယ်သူ့မှ မပေးရဲပါဘူး၊ ကြောက်ကြတာကိုး” ဟု ၄င်းက ကေအိုင်စီကို ပြောသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေမှုများကို လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံဖြေကြားမည့်သူ မရှိကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

KNPPသည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မေလတွင် အပစ်အခတ်ရပ်စဲ သဘောတူညီမှုရရှိခဲ့ပြီး ဆက်ဆံရေးရုံး များကို လွိုင်ကော်၊ ရှားတော ၊ ဒီးမော့ဆို ၊ဖရူဆိုမြို့များတွင် ဖွင့်လှစ်ခဲ့သည်။

KIC (Karen Information Center)

ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ အမေရိကန် အမတ် ထောက်ခံ



မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေး ယူမှုတွေပြုလုပ်ရာမှာ တက်တက်ကြွကြွ ဦးဆောင် ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် လူနည်း စုခေါင်းဆောင် ရီပတ်ဘလီကင် အမတ် မစ်ခ်ျ မက်ကော်နယ်လ် Mitch McConnell က ပိတ် ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးဖို့ သူ့ အနေနဲ့ တောင်းဆိုတော့မှာ မဟုတ်ဖူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သမ္မတအိုဘားမား နဲ့ တနင်္လာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ အမေရိကန် လွှတ်တော်အမတ်တွေကို အင်္ဂါနေ့ က မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် တွေ့ဆုံ ခဲ့ပါတယ်။


သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာ အထက်လွှတ်တော်အမတ် မက်ကော်နယ်လ် က ပိတ်ဆို့မှုတွေ ကို သက်တမ်းတိုးခြင်းအားဖြင့်မြန်မာနိုင်ငံက ပြုပြင်ရေးဝါဒီတွေကို ထိခိုက်နစ်နာစေမှာဖြစ်ပြီး တပြိုင်နက် မှာ ပြုပြင်ပြောင်းလဲရေးကို ပျက်ပြားနှေးကွေးအောင် လုပ်ဆောင်နေတဲ့ နောက်ပြန်ဆွဲဝါဒီတွေကို အားပေး အားမြှောက်ပြုရာကျလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ ခုလိုပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ဟာ မြန် မာနိုင်ငံမှာ ဥရောပနဲ့ သြစတေးလျှား ကုမ္ပဏီတွေကို တန်းတူယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့လည်း မစ်ခ်ျ မက်ကော်နယ်လ် ကပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်ပြည်ထောင်စု တင်ပို့မှုကိုတော့ ဆက်လက် ပိတ်ပင်ထားသင့်တယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် ၄ ဦးကလည်း မနေ့က သီးခြား တွေ့ဆုံခဲ့ပါတယ်။

အဲဒီအမတ်တွေကတော့ ဦးသိန်းစိန်ကို လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၅ဝ ခန့်ပါဝင်တဲ့ စာရင်းတစ် ခုပေးအပ်ပြီး မြန်မာပြည်ရဲ့ အနာဂတ်မှာ ပါဝင်အကျိုးပြုနိုင်ရေးအတွက် အဲဒီလူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ကြပါတယ်။

အဲဒီ ဒီမိုကရက်တစ် အမတ်တွေထဲမှာ နာမည်ကျော်အမတ်တွေဖြစ်ကြတဲ့ Nancy Pelosi နဲ့ Joseph Crowley တို့ပါဝင်ပြီး၊သူတို့က တိုင်းရင်းသားဒေသတွေက မငြိမ်မသက်မှုတွေကို အဆုံးသတ်ရေးအတွက် လည်း သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီး တို့ နှစ်ဦးလည်း သမ္မတဦးသိန်းစိန် ရောက်ရှိပြီးနောက်တနေ့ဖြစ်တဲ့ မေလ ၁၉ ရက်နေ့ကစတင်ကာ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိနေကြပါတယ်။

ဝါရှင်တန်အခြေစိုက် ရှေးရိုးဝါဒီအမေရိကန်ပညာရှင်အဖွဲ့ဖြစ်တဲ့ Heritage Foundation ရဲ့ အာရှလေ့ လာရေးဌာန ညွန်ကြားရေးမှူး Walter Lohman ကတော့ ကျနော်တို့ အမေရိကန်တွေရဲ့ ပံ့ပိုးမှုတွေဟာ သမ္မတဦးသိန်းစိန်ကို တကယ်ကူညီရာကျပါ့မလားဆိုတာ ကျနော်မသိပါဖူး။ ဒါပေမယ့် မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် လက်ရှိလှုပ်ရှားကြိုးစားနေဆဲဖြစ်တဲ့သူတွေအတွက်တော့ ဒါဟာ အားပျက်စရာ လက္ခဏာတခု ဖြစ်သွားနိုင်ပါတယ်။

တကယ်လို့ လာမယ့် ၂ဝ၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မလာဖူးဆိုရင် ကျနော်တို့တော့ တက်တက်စင် လွဲပါပြီလို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် အမတ် Joseph Crowley ကလည်း မြန်မာပြည်ထွက် ကျောက်မျက်တွေ အမေရိကန် တင်ပို့ရောင်းချမှုပိတ်ပင်တဲ့ ဥပဒေကို အသေ အချာဆက်လက်ထားရှိစေလိုကြောင်းပြောကြားတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တရပ်ကို မနေ့က ချုပ်ဆိုခဲ့ကြပါတယ်။

အဲဒီကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်စန်း နဲ့ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ဌာန USTR အကြီးအကဲ Demetrios Marantis တို့ လက်မှတ်ထိုးခဲ့ပါတယ်။

USTR ဌာနဟာ အမေရိကန်ပြည်ထောင်စုမှာ ဝန်ကြီးဌာနတခုနည်းတူ သတ်မှတ်ထားတဲ့ ဌာနဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကို အမေရိကန် ဝါဏိဇ္ဇအသင်းနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မေလ ၂ဝ ရက်နေ့က ညစာနဲ့တည်ခင်းဧည့်ခံခဲ့ရာမှာ ဝါဏိဇ္ဇအသင်းရဲ့ အာရှတိုက်ဆိုင်ရာ ဒု ဥက္ကဌ Tami Overby က အခုဆိုရင် အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တဲ့အတွက် အမေရိကန် စီးပွားရေးလုပ် ငန်းတွေ မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြီးမားတဲ့အခွင့်လမ်းတွေ ရရှိခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ပံပိုးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန် ဒီစီမြို့တော်ကနေ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။

RFA Burmese

ပြည်သူများအတွက် မော်လမြိုင်တွင် တပ်မတော်ခွဲတမ်းဖုန်းများ အရပ်သားများကို ရောင်းချမည်



တပ်မတော်များကို ဧပြီလအတွင်းက ရောင်းချရန် ရည်ရွယ်ထားသည့် ၁၅၀၀ ကျပ်တန် CDMA 800 MHz SIM Card ၂၆၅၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အရပ်သားများအား ရောင်းချ ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြား သည်။


မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခင်က ဧပြီလ ၂၄ ရက်နေ့တွင် ၁၅၀၀ ကျပ်တန် မိုဘိုင်းလ်ဖုန်း ကတ်များ ရောင်းချရာ (၁၁) ရပ်ကွက်သာ ရောင်းချ ပေးနိုင်ပြီး ယခုလ အတွင်းတွင် ရပ်ကွက်အားလုံး ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

မေလ ၂၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက် ၄၂ ခုကို ဖုန်းအလုံးရေ ၁၀၈၅ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလ အတွင်းက မော်လမြိုင် မြို့တွင်း ရပ်ကွက် ၁၁ ခုမှ ဖုန်းမဲပေါက်သော်လည်း မရရှိခဲ့သော လူ ၄၅ ဦးကိုလည်း မဲပေါက်ပြီးသားအဖြစ် သတ်မှတ် ကာ SIM Card များ ပြန်လည် ရောင်းချပေး မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင် က ပြောကြားသည်။

ဧပြီလ အတွင်းတွင် မွန်ပြည်နယ် မြို့နယ်အချို့နှင့် မော်လမြိုင်မြို့ ရပ်ကွက် ၁၁ ခု၌ SIM Card ၈၁၅၀ ကျော်ကို ရောင်းချပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

ထားဝယ် အထင်ကရ ကမြောကင်း တံတားမှာ ကျောင်းဆရာမ တစ်ဦး ခုန်ချ၌ အဆုံးစီရင်မှု ဖြစ်ပွား

ထားဝယ်မြို့ ၏ အထင်ကရ တံတား တစ်စင်း ဖြစ်သော ကမြောကင်း တံတား ပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲ ပိုင်းက အမျိုးသမီး တစ်ဦး တံတား ပေါ်မှ ခုန်ချပြီး အဆုံး စီရင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အလောင်းကိုညနေ ၅ နာရီကျော်အထိ ရှာဖွေ နေသော်လည်း မတွေ့ ရှိ ရသေးကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချ ခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှ ဖြစ်ပြီး ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်း၊ တည်ငြိမ် အေးဆေးစွာ နေတတ်သူ တစ်ဦး ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ယခု ကဲ့သို့ ခုန်ချ ခဲ့သည် ကို မသိရှိကြောင်း ကာယကံရှင် မိသားစုများ ထံမှ သိရှိ ရသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါ တံ တားပေါ်မှ ကျောင်းဆရာမ တစ်ဦး ခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထား ၀ယ်မြစ် တွင်း ပြန်လည် ရှာဖွေတွေ့ ရှိခဲ့ဖူးကြောင်းသိရှိရသည်။

သတင်း ဓါတ်ပုံ - Phyo Zin

http://www.oppositeyes.info/2013/05/blog-post_8829.html

တက္ကသိုလ်ဘွဲ့ တစ်ခုဟာ အလှဓာတ်ပုံရိုက်ဖို့ထက် အများကြီး တန်ဖိုးရှိပါတယ် ဒေါ်အောင်ဆန်းစုကြည်




တူနီးရှားမှာ ဘွဲ့ရ တစ်ယောက်က သစ်သီးရောင်းပြီး ကိုယ့်ကိုကိုယ် သတ်သေတာက စတဲ့ အာရပ်နွေဦးလို ပြဿနာမျိုး ဖြစ်စေချင်လို့လား။ မြန်မာနိုင်ငံက ဘွဲ့တွေ တစ်ခုမှ မရခဲ့လို့ ဒီစကားမျိုး ထွက်တာလား။


ဓာတ်ပုံ တစ်ပုံ ရိုက်ဖို့ဆိုရင် ပြည်တွင်း အလုပ်ကြော်ငြာတွေမှာ ဘာတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရန် မလိုဆိုတဲ့ စာသားကို ထည့်ကြော်ငြာမှာပေါ့။

၁၀ တန်းအောင်ပြီးတဲ့ ကျောင်းသားတိုင်း ၃ ၄ နှစ် ဘာလို့ အပင်ပန်းခံပြီး ကျောင်းတက်မှာလဲ။ အဘွားစု တန်ဖိုးမထားတဲ့ ဘွဲ့တစ်ခုကို ကျွန်တော်တို့ တန်ဖိုးထားတယ်။

အဘွားစု မြင်လေရာ မျက်စိတစ်ကမ်းက နိုင်ငံအတွက် အလုပ်လုပ်နေတဲ့ ဘယ်ဝန်ထမ်းမဆို ကြည့်လိုက်ပါ။ အားလုံးဟာ တက္ကသိုလ်ဘွဲ့ရတွေပါပဲ။

အဘွားစု မြင်လေရာ မျက်စိတစ်ကမ်းက ဆန္ဒပြနေသူတွေကို ကြည့်လိုက်ပါ။ အားလုံးဟာ ဘွဲ့မရ အသုံး မကျ တွေပါပဲ။

ပညာရပ်နဲ့ ပတ်သက်ပြီး သုံးစားမရနိုင်အောင် စီးပွားရေး ပိတ်ဆို့မှုတွေကို တွန်းအားပေး တိုက်တွန်း ခဲ့ တဲ့ အဘွားစုကို လက်ညှိုးပြန်မထိုးခင် စကားအပြောလေးတွေတော့ ဆင်ခြင်လိုက်ပါအုံး။

Credit : http://www.oppositeyes.info/2013/05/blog-post_9692.html

မြန်မာအမျိုးသမီး လှေလှော်အသင်း အကောင်းဆုံး ချန်ပီယံဆု ရရှိ



စင်ကာပူနိုင်ငံ ၌ မေလ ၁၈ ရက်နှင့် ၁၉ ရက် တို့တွင် ကျင်းပခဲ့သော DBS Marina Regatta နဂါးလှေ ပြိုင် ပွဲ ၏ မီတာ ၂၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းက ကြေးတံဆိပ် ၊ မီတာ ၂၀၀ အ မျိုး သမီး ၁၂ ဦး ပြိုင်ပွဲတွင် စတုတ္ထ ၊ မီတာ ၅၀၀ အမျိုးသား ၂၂ ဦး ပြိုင်ပွဲတွင် ရွှေ တံဆိပ် နှင့် မီတာ ၅၀၀ အမျိုး သမီး ၁၂ ဦး ပြိုင်ပွဲ တွင် ရွှေတံဆိပ် ဆွတ်ခူး ရရှိကာ စုစုပေါင်း ရွှေ ၂ ခု ၊ ကြေး တစ်ခု တို့ဖြင့် အကောင်း ဆုံး အမျိုးသမီး ချန်ပီယံ ဆုကို မြန်မာ အမျိုးသမီး လှေလှော် အသင်း နှင့် အကောင်းဆုံး အမျိုး သား ချန်ပီယံ ဆုကို အင်ဒိုနီးရှား လှေလှော် အသင်းက ရရှိခဲ့သည်။

ုထို့အတူ မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သော South East Asian Rowing Championship အပြည်ပြည် ဆိုင် ရာ လှေလှော် ပြိုင်ပွဲ LW2 ၂ ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ် နှင့် LW1 တစ်ယောက် ပြိုင်ပွဲတွင် ကြေး တံဆိပ် ရရှိ ခဲ့ကြောင်း သိရှိရသည်။

http://themyawadydaily.blogspot.com/2013/05/blog-post_3959.html

ကရင်လက်နက်ကိုင် အဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကောင်စီ မှ စေ့စပ် ညှိနှိုင်းပေးမည်



ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကောင်စီမှ စေ့စပ်ညှိနှိုင်း ပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် တစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါ တီမှ ဦးမန်းအောင် ပြည်စိုးက ပြောကြားသည်။


အဆိုပါ အချက်ကို မေ ၁၈ ရက်နှင့် ၁၉ ရက်က ရန်ကုန်မြို့ Hope International ရုံးတွင် ကျင်းပခဲ့သည့် ကရင်နိုင် ငံရေး အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

"အရင်က ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သင့်မြတ်မှု မရှိခဲ့တာတွေကို အဖြေရှာပြီး ကရင် လက် နက်ကိုင် အဖွဲ့အစည်းတွေအကြား ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ကော်မတီက ၀ိုင်း ၀န်းစေ့စပ် ညှိနှိုင်းပေးမယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ဒီဆွေးနွေးပွဲကနေ သဘောတူခဲ့ ကြပါတယ်" ဟု ဦး မန်းအောင်ပြည်စိုးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များက ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ် ခဲ့သော ကရင်ရေးရာ အစည်းအဝေး၌ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၃၇ ဦးပါ စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မ တီမှ ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကရင်ရေးရာ အစည်းအဝေးပွဲကို ကရင်လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်ပါတီများ၊ ကရင် လက်နက် ကိုင် အဖွဲ့ များ၊ ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့များ ပါဝင်ခဲ့ပြီး ယင်း ၃၇ ဦးပါ အဖွဲ့ကို ကရင်နိုင် ငံရေး အင်အားစုအားလုံး ကိုယ်စားပြုသူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် DKBA နှင့် မဟာမိတ် ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ သည်။

ထိုသို့ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုမှ တာဝန်ရှိသူများက ကရင် ပြည် နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့ အကြား မြိုင်ကြီးငူဒေသတွင် ဧပြီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲမြင်ကွင်း)

EMG

တရားဥပဒေ စိုးမိုးရေး ကော်မရှင် ဥက္ကဌကြီးမှ မိတ္ထီလာအရေးအခင်း အစိုးရကိုင်တွယ်ပုံအား ထုံးစံအတိုင်း ဝေဖန်



မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာ လွတ်လပ်မှု မရှိဘူး။ အုပ်ချုပ်ရေးပိုင်းရဲ့ ချုပ်ကိုင်မှု အောက်မှာ ရှိနေ တယ် လို့ မြန်မာ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မိတ္ထီလာ ဘာသာရေး အဓိကရုဏ်းမှာ အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် က တန င်္လာနေ့က လွှတ်တော်ဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ မအေးသန္တာ ကျော် က တင်ပြ ထား ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ဟာ အင်္ဂါနေ့ကတော့ နေပြည်တော် လွှတ်တော် အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။ မိတ္ထီလာမြို့မှာ မတ်လက ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဂိုဏ်းဂဏကွဲ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာကို အဲ့ဒီလွှတ်တော် အစည်းအဝေးပွဲမှာ တရား ၀င် ခွင့်ပြုပေးခဲ့တာပါ။

အဲ့ဒီအမိန့် ဥပဒေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။

“ဒီအချိန်မှာ ကျမတို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပြီဆိုပြီးတော့ တကမ္ဘာလုံးကို အတွင် တွင် ကြေညာနေတဲ့အချိန်ဖြစ်တာမို့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ ကိစ္စမှန်သမျှ ကျမတို့ ရှောင်နိုင်သလောက် ရှောင်ရမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးကို သတ်ဖြတ်ခဲ့မှုနဲ့ မူဆလင်တွေကို အင်္ဂါနေ့မှာ ပြစ်ဒဏ်ချတဲ့ စီရင်ချက်တွေနဲ့ ပတ်သက် ပြီးတော့လည်း သတင်းထောက်တွေကို သူ့ရုံးခန်းမှာ အခုလို ပြောသွား ခဲ့ပါတယ်။

“ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အရမ်း လွှမ်းမိုးမှု ရှိတယ်။ အုပ် ချုပ်ရေး ပိုင်းဆိုင်ရာက လွှမ်းမိုးနေတဲ့ အခါကျတော့ တရားစီရင်ရေး မဏ္ဍိုင်က ဖြောင့်ရဲ့လားဆိုတာ လုံးဝ ပြော ဖို့ရာ ခက်သွားပြီ။ တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်မှသာလျှင် ဖြောင့်မတ်မှာ။ မလွတ်လပ်ဘဲ နဲ့တော့ မဖြောင့်နိုင်ဘူး။”

မိတ္ထီလာ ပဋိပက္ခအတွင်းမှာ ဗလီနဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ် အများအပြား မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးတော့ အစ္စလာမ် ဘာသာဝင် အများစုလည်း မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီ ပဋိပက္ခကြောင့် ဒေ သခံ လူ သောင်းနဲ့ချီပြီးတော့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတာပါ။

ဒီဖြစ်ရပ်မှာ လှုံ့ဆော် သွေးထိုးမှု၊ မီးရှို့မှု၊ လူသတ်မှုတွေနဲ့ သံသယရှိသူ ဗုဒ္ဓဘာသာဝင် အပါအ၀င် လူပေါင်း ၇၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထားပါတယ်။ လောလောဆယ်ထိတော့ အစ္စလာမ် ဘာသာဝင် ၇ ဦးကိုပဲ ပြစ်ဒဏ်စီရင်ရသေးတာ ဖြစ်ပါတယ်။

VOA

နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများနဲ့ မြန်မာအမျိုးသမီး အသင်း အိန္ဒိယကို နိုင်



ယမန်နေ့ည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ပါလက်စတိုင်းနိုင်ငံ Faisal Al Husseni ကွင်းမှာ ၂၀၁၄ အာ ရှ အမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ2014 AFC Women's Championship Qualifier (အုပ်စု-ဃ) အဖွင့် ပွဲစဉ် အဖြစ် ပြိုင်ပွဲမှာမြန်မာ အသင်းကအိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ ရာ နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ တစ်ဂိုးစီသွင်းယူပေးနိုင်သည့် အနိုင် ဂိုး များဖြင့် (၂းဝ)နင့်မြန် မာ အနိုင် ရရှိခဲ့ပါသည်။

နည်းပြချုပ် ကုမာဒါ၏ ပွဲထွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်းမှာ ဂိုး- သင်းသင်းစိုး နောက် တန်း- ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ အလယ်တန်း-နော်အားလိုဝါးဖော၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော် ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ အရန်ကစားသမားများ မြင့်မြင့်အေး၊ ဇာခြည်ဦး၊ ခင်မာလာထွန်း၊ ဝေေ၀အောင်၊ သီတာဦး၊ သန္တာမိုး၊ နီလာမြင့်၊ ဇင်မာဝင်း၊အေးအေးမိုး၊ မာဂရက်မေရီ၊ မေခင်ယမင်း၊မြဖူးငုံတို့ ဖြစ်သည်။

Popular

လွတ်လပ်ခွင့် ပြုခြင်းလော၊ ဖိနှိပ်ခြင်းလော

မေလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

မေ ၂၀ ရက်နေ့တွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဤဥပဒေကြမ်းသည် တတိယမြောက် မီဒီယာ ဥပဒေကြမ်းတစ်ခု ဖြစ်သည်။


ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှ မရှိသော တစ်နိုင်ငံတည်း၌ မီဒီယာဥပဒေ သုံးမျိုးထိ ရှိနေခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည်။ လွတ်လပ်သည့် စံနှုန်းများနှင့် ဝေးကွာနေပြီး ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင် နိုင်ငံအချို့၏ မီဒီယာကို ချုပ်ကိုင်သည့် ပုံစံများ ဖြစ်လာသည်။ စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ကျင့်သုံးသည့် ပုံစံများနှင့် ကွာခြားမှု မရှိဟု ဝေဖန်စရာ ဖြစ်နေသည်။

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် Broadcasting Law ကိုလည်း ရေးဆွဲနေပြီး လတ်တလောတွင် ချပြခြင်း မရှိသေးချေ။ မြန်မာနိုင်ငံ၏ Broadcasting ကဏ္ဍကို အစိုးရ၊ အစိုးရနှင့် နီးစပ်သော ခရိုနီများက ပိုင်ဆိုင်ထားချိန်တွင် ထိုကဲ့သို့ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ Broadcasting Law နှင့် ပတ်သက်၍ FM အချို့ကို ဝေငှထားပြီး ကျန်မီဒီယာများကိုမူ ပေးပို့ခဲ့ခြင်း မရှိပါ။ 

လတ်တလော လုပ်ဆောင်မှုများက မြန်မာနိုင်ငံ၏ မီဒီယာ ကဏ္ဍအတွက် ပြန်ကြားရေး ၀န်ကြီးဌာနမှ လက်ဝါးကြီးအုပ်ရန် သို့မဟုတ် အသာစီးရယူရန် ပြင်ဆင်နေသည်ဟု ယူဆစရာ ရှိနေသည်။ ဤ အခြေအနေတွင် နိုင်ငံတကာမှ လွတ်လပ်သော သတင်းစာ အဖွဲ့အစည်းများဖြစ်သည့် RSF၊ CPJ နှင့် WAN-IFRA တို့ကလည်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မရှိသေးသလို Freedom House အဖွဲ့အစည်းကလည်း မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့် အခြေအနေသည် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်နေသေးသည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်စွာ သတင်းစီးဆင်းခွင့်နှင့် သတင်းစာ လွတ်လပ်ခွင့်သည် ထိုနိုင်ငံ၏ ဒီမိုကရေစီ စံနှုန်းကို ညွှန်ပြနေသလို နိုင်ငံသားတို့ အတွက်လည်း အကျိုး ဖြစ်ထွန်းစေပါသည်။ ဤသို့ ဆိုလျှင် သတင်းစာနှင့် မီဒီယာ လွတ်လပ်ခွင့် အပါအ၀င် လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုအား အဟန့် အတား ဖြစ်စေသော အသာစီး ရယူလိုသည့် လုပ်ဆောင်မှုများက ဒီမိုကရေစီ လမ်းကြောင်းအတွက် အတားအဆီးတစ်ခု ဖြစ်နေသေးကြောင်း The Daily Eleven သတင်းစာမှ ယူဆပါသည်။

ဒေါ်လာဈေး ဆွဲတင်မှု အကျိုးဆက် အများပြည်သူ စတင်ခံစားရပြီ၊ စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့် ကုန်စည်များ ဈေးစတက်

ဒေါ်လာဈေး ဆွဲတင်မှု အကျိုးဆက်ကို အများပြည်သူ အနေဖြင့် စတင်ခံစားရပြီဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါးမှစ၍ လူများစု မဖြစ်မနေ အသုံးပြုရမည့် ကုန်စည်ဈေးနှုန်းများမှာ ဈေးစတင်တက်နေပြီ ဖြစ်ကြောင်း ကုန်စည်ဈေးကွက် အတွင်းမှ သတင်းရရှိသည်။


မတ်လ အတွင်းက ဗဟိုဘဏ်မှ ဒေါ်လာဈေးအား တစ်ဒေါ်လာ ၈၆၀ ၀န်းကျင် သတ်မှတ်ခဲ့ပြီး ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာ ၈၆၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုမေ ၂၁ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာ ၉၄၀ ကျပ်အထိ ထိုးတက်ခဲ့ပြီး ပြင်ပဈေးမှာ တစ်ဒေါ်လာ ၉၄၅ ကျပ်အထိ မြင့်တက်ခဲ့ရသည်။ "ဒီဇယ်သွင်းတဲ့ဈေးက ရန်ကုန်အရောက် CIF ဈေး တစ်ဂါလန်ကို ၃ ဒသမ ၈ ဒေါ်လာ ရှိတယ်။ အရင်တစ်ဒေါ်လာ ၈၆၀ တုန်းကနဲ့ တစ်ဂါလန်ကို ၃၂၆၈ ကျပ် အခု ၉၄၅ ကျပ်နဲ့ဆို တစ်ဂါ ၃၅၉၁ ကျပ်ဆိုတော့ ၃၂၃ ကျပ် ဈေးတက်သွားတယ်။ ဒါက ကုန်သွယ်လုပ်ငန်းခွန်နဲ့ Customs Duty မပါပဲ ရန်ကုန်အရောက်သွင်းတဲ့ ဈေးပေါ်မှာ တက်တာ" ဟု စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

အများပြည်သူ မဖြစ်မနေ သုံးစွဲရသည့် အိမ်သုံးဆေးဝါး ဆေးပစ္စည်းများ အားလုံးမှာလည်း ယခုလပိုင်း အတွင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားကြောင်း ဆေးဝါးတင်သွင်းသူ လုပ်ငန်းရှင်မှ အတည်ပြု ပြောကြားထားသည်။

ဆေးတင်သွင်းသူ လုပ်ငန်းရှင် တစ်ဦးက "၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ဈေးတက်သွားတယ်။ ဒေါ်လာ ဈေးက ဒီအမြင့်ဈေးအတိုင်း သွားမယ်ဆိုရင်တော့ မိုးတွင်းဘက်မှာ ပိုတက်မယ်။ ဈေးကွက်အရကလည်း မိုးတွင်းဆို အကိုက်အခဲ၊ နှာစေး၊ အဖျားဖြတ်ဆေးတွေက ဈေးတက်လေ့ ရှိတယ်။ အခု ဈေးတက်တာနဲ့ ရာသီအရ ဈေးတက်တာ နှစ်ခုပေါင်းရင်တော့ ၁၀ ရာခိုင်နှုန်းမက ဈေးတက်မှာပါ" ဟု ပြောပြခဲ့သည်။

စားအုန်းဆီ ဈေးမှာလည်း တစ်ပိဿာ ၁၀၀ ကျပ် ချက်ခြင်းခုန်တက်လာပြီး အခြားသော အများပြည်သူ မရှိမဖြစ် သုံးရမည့် ပြည်ပသွင်းကုန်များ အားလုံးမှာလည်း ဒေါ်လာဈေး မြင့်တက်သည့် နှုန်းအတိုင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထက် မြင့်တက်မည် ဖြစ်သည်။

စက်သုံးဆီဈေး မြင့်တက်သည့်အတွက် စက်မှုဇုန် စက်ရုံများအားလုံး ကုန်ထုတ်လုပ်မှုစရိတ် ထပ်မံမြင့်တက် လာမည် ဖြစ်သည့်အပြင် သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုအပေါ်လိုက်၍ အခြေခံ စားသောက် ကုန်စည်များပါ ဈေးမြင့်တက်လာမည် ဖြစ်သည်။ ဒေါ်လာဈေး ဆွဲတင်မှုကြောင့် နယ်စပ်မှတစ်ဆင့် ကုန်သွယ်ရာတွင် ယွမ်ဈေးဆိုပါက ယခင် တစ်ယွမ် ၁၄၀ ကျပ်မှ ယခု တစ်ယွမ် ၁၅၃ ကျပ်အထိ ခုန်တက် လာပြီး ယခင် တစ်ဘတ် ၂၈ ကျပ်ကျော်ရှိရာမှ ယခု တစ်ဘတ်လျှင် ၃၂ ကျပ်အထိ မြင့်တက်လာသည်။

မြင့်တက်လာသည့် နှုန်းများအား ကြည့်လျှင် လပိုင်းအတွင်း၌ပင် ၁၀ ရာခိုင်နှုန်း မြင့်တက်သွားသည့် အတွက် တင်သွင်းလာသည့် ကုန်စည်များလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာသည်ဟု သိရသည်။ ယင်းမှာ ဒေါ်လာဈေး ဆွဲတင်မှု၏ အကျိုးဆက်အား အများပြည်သူ စတင်ခံစားရခြင်းဖြစ်ပြီး နိုင်ငံအတွက် လိုအပ်၍ တင်သင့်တင်ထိုက်သည့် ဈေးနှုန်းအား ဆွဲတင်သည် ဆိုသော်လည်း ရုတ်တရတ် လပိုင်း၊ ရက်ပိုင်းအတွင်း ဆွဲတင်ခြင်းထက် ဈေးကွက်လိုအပ်ချက်အရ ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း တည်ငြိမ်စွာ မြှင့်တင်ခြင်းမှာ ပို၍ နည်းလမ်းကျမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများနှင့် အခြေခံ ကုန်ထုတ်လုပ်သူများ အကျိုးရှိရန်အတွက် ဈေးဆွဲတင်လိုက်ရာ၌ လတ်တလောတွင် စပါးဈေး အနည်းငယ် မြင့်တက်လာခဲ့သည်။ သို့သော် တောင်သူများ လက်ဝယ် စပါးမရှိသည့်အတွက် လက်တွေ့အကျိုး မခံစားရကြောင်း တောင်သူများက ဆိုသည်။

စပါးဈေးမှာ အကြမ်းဆိုပါက ယခင်တင်းတစ်ရာ ကျပ်သုံးသိန်းဝန်းကျင်မှ ယခု တင်းတစ်ရာ ကျပ် ၃၈၀၀၀၀ ၀န်းကျင်သို့ တက်လာခဲ့ခြင်းဖြစ်ရာ အမှန်တစ်ကယ် အကျိုးဖြစ်ထွန်း စေလိုပါက လာမည့် ကောက်သစ်ရာသီ ပေါ်သည်အထိ အဆိုပါဈေးနှုန်းအား ထိန်းသိမ်းပေးသင့်သည်ဟု တောင်သူများက ပြောကြားခဲ့သည်။

ပဲဈေးဆိုပါကလည်း မတ်ပဲမှာလည်း ပြည်တွင်းဈေး အနည်းငယ်တက်ပြီး ပြည်ပဈေး အနည်းငယ် ပြန်ကျသည့်အတွက် ထူးမခြားနား အခြေအနေတွင် ရှိပြီး ပဲတီစိမ်းဈေးမှာမူ မေလဆန်းပိုင်းကထက် ပြည်တွင်းပြည်ပ ဈေးနှစ်မျိုးစလုံး ကျဆင်းနေသည်ဟု သိရသည်။ တက်သင့်တက်ထိုက်သည့် နှုန်းအထိ ဒေါ်လာဈေးတက်ရန် လုပ်ငန်းရှင် အများစုမှ လိုလားပြီး ယခုကဲ့သို့ ရုတ်တရက် ထိုးတင်သည့် နည်းလမ်း အပေါ်၌မူ ဝေဖန်လျက်ရှိသည်။

EMG

၉၀ ခု ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက် ထုတ်ရခြင်းမှာ ဆက်လက် အလိမ်ခံရမည်ကို သတိပေးလို၍ ဖြစ်ကြောင်း မင်းပြားအမတ်ပြော


အုပ်ချုပ်သူများသည် ရခိုင်အမျိုးသားများအား နည်းလမ်း အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက် လိမ်ညာနေ၍ ဆက်လက် အလိမ်မခံရစေရန် ရည်ရွယ်ပြီး ၂၃ နှစ်မြှောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ ကျေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် မင်းပြားမြို့နယ် အမတ် ဦးထွန်းဝင်းက ပြော သည်။


ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ၂၃ နှစ် မြောက် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာ ချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ကျေညာချက် ထုတ်ပြန်သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းစဉ် အမေရိကန် နိုင်ငံတွင် နေထိုင်နေသူ မင်းပြား အမတ် ဦးထွန်းဝင်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားများသည် ကိုယ့်မင်းကိုယ်ချင်းနှင့် လွှတ်လပ်သော တိုင်းပြည် တစ်ပြည်အဖြစ်နေထိုင်ခဲ့သော် လည်း ဗမာအမျိုးသားများနှင့် အင်္ဂလိပ်၊ ဂျပန်တို့အား အတူတကွ လက်တွဲ တိုက်ပွဲ ၀င်ခဲ့ပြီး လွှတ်လပ်ရေး ကို သဘောထားကြီးစွာဖြင့် သူတို့နှင့် အတူ ယူခဲ့ကြသူများ ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရရှိလာသော် လည်း လွတ်လပ်ရေးမှာ ရခိုင်များ ရရှိခြင်း မဟုတ်ဘဲ ဗမာများသာ ရရှိသွားခဲ့ကြောင်း သူက ပြောဆိုသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအရ ရခိုင်တိုင်းအား အတုအယောင် ပြည်နယ် အဆင့် တိုးမြှင့် ပေးခဲ့သော် လည်း ရခိုင်အမျိုးသားများမှာ တစ်စုံတစ်ရာ ရခိုင်ပြည်နယ်အား အုပ်ချုပ်ပိုင်ခွင့် မရကြောင်း၊ အတုအ ယောင် ပြည်နယ်ကိုလည်း စစ်တပ်၏ တပည့်တပန်းများက ကြိုက်သလို ချယ်လှယ် အုပ်ချုပ်နေကြောင်း သူက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ရေးဆွဲ၍ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အရ လွှတ်တော်များ ပေါ်ပေါက်လာသော်လည်း လွှတ်တော် ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်များကို အလေး ပြုနေကြရကြောင်း၊ ဗိုလ်ချုပ်များကို ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောဆိုမည်ကို ကြောက်နေရသဖြင့် လွှတ်တော်မှာလည်း အဓိပ္ပါယ်မဲ့နေသော လွှတ်တော် ဖြစ်နေကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်သူများသာမက ဗမာပြည်သူများလည်း အလွန်ဆင်းရဲ ကျပ်တည်းနေရကြောင်း၊ လယ်သိမ်း မြေ သိမ်းသည့် ကိစ္စများ ဆက်လက် ပေါ်ပေါက်နေကြောင်း၊ သို့အတွက် မြန်မာနိုင်ငံ တိုးတက် ပြောင်းလဲ လာ သည်ဆိုသည်မှာ ပြည်သူ လူထု အတွက် မဟုတ်ပါကြောင်း၊ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် နောက်ပါ လက်တစ်ဆုတ်စာတို့ အတွက် ပြောင်းလဲနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် ဂတ်စ်ကို တူးဖေါ်ပြီး တရုတ်သို့ ရောင်းစားထားကြောင်း၊ ဂတ်စ်ထွက်သော ရခိုင်ပြည်တွင် လျှပ်စစ်မီး မရကြောင်း၊ ရခိုင်ပြည်သူများကို အစိုးရက စီစဉ်ပေးသော လျှပ်စစ်မီး ရရှိပြီလားဟု မေးလို ကြောင်း၊ ၎င်းပြင် ကျောက်ဖြူ သဘာဝ ဓါတ်ငွေ့ကို ရောင်းချသဖြင့် မည်မျှထိ ၀င်ငွေရသည်ကို ရခိုင်တစ်ဦး တစ်ယောက် သိရှိခွင့် မရကြောင်း၊ ထိုကဲ့သို့ ပွင့်လင်း မြင်သာမူ မရှိဘဲ ကိုယ်လုပ်ချင်သလို လုပ်နေသော အစိုးရကို နောက်ထပ်လည်း ယုံကြည်နေကြလျှင် ရခိုင်လူမျိုးများမှာ ပိုမို၍ ဖိနှိပ်ခံကြရမည်မှာ မြေကြီး လက်ခတ် မလွှဲပါကြောင်း သူက ဆက်ပြောသည်။

ယနေ့ ရခိုင်သားများသည် မြေလည်း မပိုင်၊ လယ်ကိုလည်း မပိုင်၊ မည်သည့် အခွင့်အရေးမှ မရှိဘဲ စစ် အာဏာရှင်များ လက်အောက်တွင် ကျွန်သာသာ အဆင့်ဖြင့် နေထိုင်နေကြရကြောင်း၊ ရခိုင်ပြည်တွင် ယနေ့ ပေါ်ပေါက်နေသော ပြဿနာကို ဘယ်သူက ဖန်တီးနေသလဲ ဆိုသည်ကို မေးလိုကြောင်း၊ ကျောက်တော်၊ မြောက်ဦး၊ ပန်းမြောင်းတို့တွင် ရခိုင် အရေးအခင်းတုန်းက စစ်တပ်ထံတွင် အသတ်ခံရ သူများကို မည်သူက လျော်ကြေးပေးမည်ကို သိလိုကြောင်း၊ မည်သူက ဤကဲ့သို့ မတော်မတရား အသတ် ခံရသည်ကို လွတ်တော်တွင် မေးရဲသလဲဟု မိမိ သိလိုကြောင်း ဦးထွန်းဝင်းက ပြောသည်။

ရခိုင်ဒီမိုကရေ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် မဲအများဆုံး နိုင်ထား သော ပါတီ ဖြစ်ကြောင်း၊ ရွှေးကောက်ပွဲကို အနိုင်ရရှိခဲ့သော်လည်း နှစ်ပေါင်း ၂၃ နှစ် အလိမ်ခံထားရ ကြောင်း၊ တချို့က ၂၀၁၅ ခုနှစ် ရွှေးကော်ပွဲကို မျှော်လင့်နေကြောင်း၊ ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ လုပ်လျှင် လည်း ထူးခြားနားမည် မဟုတ်ကြောင်း၊ တနည်းနည်းဖြင့် စစ်ဗိုလ်များ အနိုင်ရရန် ပြုလုပ်ကြမည် ဖြစ် ကြောင်း၊ သို့အတွက် စစ်အာဏာရှင် တစ်စု လွှမ်းမိုးထားသော အတု အယောင် ဒီမိုကရေစီကို ယုံကြည်၍ မရကြောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်သားများ အုပ်ချုပ်ခွင့်ရသော တန်းတူညီတူ ပြည်ထောင်စုတည်ဆောက် ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

ယခု လက်ရှိ အစိုးရသည် အတု အယောင် ဒီမိုကရေစီကို ပြပြီး တိုင်းပြည်ကိုလည်း လိမ်နေကြောင်း၊ ကမ္ဘာ ကိုလည်း လိမ်နေကြောင်း၊ သို့အတွက် မိမိ အနေဖြင့် ထိုကဲ့သို့ အလိမ်မခံကြစေရန် ရည်ရွယ်၍ ၂၃ နှစ် မြောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက်အား ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ပြောကြား သည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) မှ ထုတ်ပြန်သော ကျေညာချက်ထဲတွင်လည်း ၁၉၉၀ ခုနှစ်နိုင် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၃ နှစ်တိုင်တိုင် အလိမ် လှည့်စားမူတို့ကို မတရား ခံနေကြရ ကြောင်း၊ သို့အတွက် စစ်အာဏာရှင် လူတစ်စုကို ယုံကြည်ရန် မဖြစ်နိုင်ဘဲ ဆက်လက် ညီညွှတ် စွာဖြင့် တိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်းဖေါ်ပြထားသည်။

နိရဉ္စရာ