Tuesday, May 21, 2013

"မြန်မာဟာ သူ့နေရာကို သူပြန်ရပြီ"



အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ညစာစား ပွဲမှာ သမ္မတကြီး မိန့် ခွန်းပြောပါတယ်။ မိန့်ခွန်း ပြော အပြီး မှာတော့ ဧည့်ပရိသတ်က သမ္မတကြီး သူ့ရဲ့စားပွဲကို ပြန်ရောက်တဲ့အထိ မတ်တပ်ရပ်ကာ လက်ခုတ် သြ ဘာပေးခဲ့ကြပါတယ်။

ဒီလက်ခုတ်သံတွေဟာ သမ္မတကြီးအတွက်သာ မဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်း မှာ ပါဝင်နေတဲ့၊ ဒီမိုကရေစီကို နှစ်သက်လိုလားစွာအကောင်အထည်ဖော်နေတဲ့ မြန်မာပြည်သူများ အတွက် ဖြစ် တယ်လို့ ခံစားမိပါတယ်။

ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာမကြီးက ပုခုံးကိုပုတ်ပြီး "မြန်မာဟာ သူ့ နေရာ ကို သူပြန်ရပြီ" လို့ ပြောလိုက်တော့ မြန်မာနိုင်ငံသစ်အတွက် မျက်ရည်လည်အောင် ဂုဏ်ယူမိပါ တယ်။ (ဒုဝန်ကြီး ဦးရဲထွဋ်)

မိတ္ထီလာအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ၇ ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချ



မန္တလေးတိုင်း မိထ္တီလာမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အတွင်း ဗုဒ္ဓဘာသာဘုန်းကြီး ဦးသောဘိတ သေဆုံးခဲ့ မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးကို ဒီက နေ့ မိတ္ထီလာမြို့နယ်နဲ့ ခရိုင်တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်စီရင်တဲ့ အမှုတွေကတော့ လူသတ်မှု။ အရေး ပေါ်ထုတ်ပြန်မိန့် ဖောက်ဖျက်မှု။ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတာတွေနဲ့ အသီးသီး စစ်ဆေးစီရင်ခဲ့ တာပါ။


မြတ်ကိုကို (ခ) အဏ္ဏ၀ါကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ၄ နှစ်၊ ကိုဇော်ထက်နိုင် ၄ နှစ်၊ ကိုမျိုးထွန်း စုပေါင်း ၁၆ နှစ်၊ ကိုဖိုးချို ၂၈ နှစ်၊ ကိုမျိုးညွန့်ဦး ၁၄ နှစ်၊ ကိုမျိုးဝင်း ၂ နှစ်၊ အသက် ၁၇ နှစ်အရွယ် ညီညီနိုင် ကို ၇ နှစ် ချမှတ်လိုက်တာလို့ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ကိုထိန်မင်းခိုင်က ပြောပါတယ်။

စီရင်ချက်တွေကို မနက် ၁၀ နာရီခွဲလောက်က မြို့နယ်ရော ခရိုင်တရားရုံးမှာ ချမှတ်ခဲ့ပြီး ဒီလို အမြင့်ဆုံး ပစ်ဒဏ်ချမှတ်ခံရမှုပေါ်မှာ တရားခံတွေက မကျေနပ်လို့ ရဲတွေကို ကိုယ်ထိလက်ရောက် ရိုက်ပြီး ရဲကား တွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့ ကိုယ်တိုင် တရားခွင်ထဲသွားရောက်ခဲ့တဲ့ ကိုထိန်မင်းခိုင်က ပြောပြပါတယ်။

“မြို့နယ်တရားရုံးမှာရော၊ ခရိုင်တရားရုံးမှာရော ဘုန်းကြီးသတ်တဲ့အမှုမှာ ပါဝင်သူ ၇ ဦးကို စီရင်ချက် ချလိုက်တယ်။ အဲဒါကို မကျေနပ်တော့ ရဲတွေကို လည်ပင်းညှစ်တာတွေလုပ်တယ်။ တရားရုံးနဲ့ တရား သူကြီးကို အော်ဆဲတယ်။ တရားရုံးမှာ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတွေကလည်း ပျော့ပျောင်းစွာနဲ့ပဲ ချော့မော့ပြီး အချုပ်ကားပေါ် ပြန်တင်တယ်။ ပြီးတော့ သူတို့ကို ထောင်ကြီးချုပ်ထဲ ပို့လိုက်တယ်။”

အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံတဲ့အပေါ် တရားခံတွေက ဆက်လက်အယူခံဖို့ရှိတယ်လို့လည်း သူက ဆက် ပြောပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအ၀ယ်ပြုရာကနေ စကားများပြီး ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့တဲ့ နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ဧပြီလတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ 

မတ်လ ၂၃ ရက်နေ့တွင် တွေ့မြင်ရသည့် မိတ္ထီလာမြို့ အပျက်အစီး မြင်ကွင်း

Credit : http://burmese.dvb.no/archives/39681

နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့် လှစ် လုပ်ကိုင် နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ် ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခ က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။


မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရ ပါ သလား။

ဖြေ။ ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ် က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရ တဲ့ ဘ၀မှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။

မေး။ ။ နိုင်ငံတနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် တယောက် ဘ၀ကနေ ဒီလိုမျိုးဈေးရောင်းရတဲ့ ဘ၀တ ခုနဲ့ ဖြတ်သန်းဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲ။ အရင်ကတည်းက စိတ်ကူးထားခဲ့တာလား။

ဖြေ။ ။ ပြောင်းသွားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ နိုင်ငံတော်က အနားပေးလိုက်တယ် ဆိုတော့ နား လိုက်တာပေါ့။ နားချိန်မှာ အေးအေးဆေးဆေး နားချင်ပေမယ်လို့ အမျိုးသမီးရဲ့ လုပ်လက်စ ဒီဆိုင် လုပ်ငန်း ကြီးရှိတော့ ကိုယ်က တယောက်တည်း ကိုယ်လွှတ်ရုန်းလို့ မရဘူး။ မရတဲ့အခါ သူ့အလုပ် ကို ထောင့်ပေါင်း စုံ ဟာတဲ့နေရာတွေမှာ လိုက်ဖြည့်ပြီး လုပ်ပေးတာပေါ့။ စားပွဲထိုး ၅ ယောက်လိုရင် အဲဒီနေရာကို ငါ ရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံး ဗုန်းဗုန်းလဲသွားတဲ့ အထိပေါ့။ တချိန်တုန်း က နိုင်ငံ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်တုန်းကလို မိသားစုနဲ့နေလည်း မိသားစု တာဝန် ကျေ ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ် ခဲ့တာ။ အမျိုးသမီးကလည်း ကိုယ်မပါဘဲ တယောက်တည်း ပင်ပန်းနေခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီ။ ကိုယ်က အခု ဝင်လုပ်တာ လပိုင်းပဲ ရှိသေးတယ်။

မေး။ ။ နိုင်ငံတာဝန် ထမ်းဆောင်တာနဲ့ မိသားစုတာဝန် ထမ်းဆောင်တာ ဘယ်ဟာပိုခက်ခဲလဲ။

ဖြေ။ ။ ဒါကတော့ ရိုးစင်းတာပေါ့။ ဒါက ခက်ခဲပေမယ့် ခေါင်းမသုံးရဘူးပေါ့။ ဘာလို့လဲ ဆိုရင် အဆင့်နိမ့် တာကိုး။ တပ်တာဝန် ကတော့ ဒီထက် အဆင့်မြင့်တာပေါ့။ တပ်မှာလည်း အမြင့်ဆုံးပေါ့ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် လုပ်ခဲ့တာကိုး။ တပ်တာဝန်ကတော့ ကြီးတာပေါ့။ ကြီးတော့ ဦးဏှောက်စားရ တာပေါ့။ ဒီဟာကတော့ ရိုးစင်းတဲ့ ဘ၀လေးပါ။

မေး။ ။ ဒီဘ၀ကိုကော ကျေနပ်နှစ်သက်ရဲ့လား။

ဖြေ။ ။ ကျေနပ်တာပေါ့။ ကြိုက်လို့ပဲ အခု ဖြတ်သန်းတာပေါ့။ အခုက ၀တ္တရား ကျေပွန်အောင် လုပ်တာမျိုး မဟုတ်ဘူး။ စေတနာနဲ့ လုပ်တာပေါ့။ ဒီမှာ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်တယ်။ ထန်းလျက် ထည့်တာ ကအစ သေချာထည့်တယ်။ စားပွဲကအစ ဝင်သုတ်တယ်။ ဒီလိုမျိုး ဖြတ်သန်းရတာက ဘာပဲပြောပြော စေ တနာနဲ့ လုပ်ဆောင်နေတာမို့ စိတ်ချမ်းသာ နေရတာပေါ့။

မေး။ ။ အောက်ခြေသိမ်း အလုပ်ကို လုပ်ဆောင်တော့ အရင်ဘ၀နဲ့ တော်တော် ကွာဟသွားပြီ။ ဒီလို အချိန်မျိုးမှာ အခက်အခဲ မရှိဘူးလား။

ဖြေ။ ။ ပြောရရင် ဒီမှာ ခဏခဏ တပည့်တွေ လာစားတယ်။ နောက် ကိုယ့်သူငယ်ချင်းတွေ လာစားတယ်။ တခါတလေ တပည့်ဝိုင်းတွေကို သန့်ရှင်းရေး လုပ်ပေးရင် သူတို့က မစားရဲတော့ဘူး။ ကိုယ်က ပြောရတယ်၊ ငါ ဘာမှ မဟုတ်ဘူးလို့။ ဒီမှာက အဝေးပြေး ကားတွေက ၁ နာရီခြား၊ ၂ နာရီခြား လာတာဆိုတော့ အားချိန်မရှိဘူး။ ဒီအချိန်မှာ ငါသိတဲ့လူ ပါမှာပဲ ဆိုတဲ့စိတ်မျိုး မရှိဘူး။ ငါ့အလုပ် ငါလုပ်တယ်၊ နောက် ဒီအပေါ်မှာလည်း ဘာခံစားချက်မှ မရှိပါဘူး။

မေး။ ။ ဗိုလ်ချုပ်လွန်းမောင် အနေနဲ့ ဖြတ်သန်းရချိန်နဲ့ ဦးလွန်းမောင်အနေနဲ့ ဖြတ်သန်းရချိန် ဒီမှာ ကြုံလာတဲ့ လူတွေရဲ့ ဆက်ဆံမှု ဘယ်လိုကွာခြားလဲ။

ဖြေ။ ။ ကွာတယ်၊ တော်တော် ကွာတယ်။ ကိုယ့်ကို သိသူကတော့ အရင်က ဆက်ဆံမှုအတိုင်းပဲ ရှိပါတယ်။ လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ တော်တော်ကို မာနချရတယ်။ တခါကဆို မန္တလာမင်း ဒရိုင်ဘာက ဆိုင်ရှေ့မှာ တိုးရစ်ကား လာရပ်ထားတာကို တဘက်ကို ရွှေ့ဖို့ မပြောလို့ ကားမရှင်းထားရ ကောင်းလားဆိုပြီး ရန်လာတွေ့တယ်။ စော်ကားခံရတာတွေ အရမ်းများတယ်။ တော်တော် သည်းခံရတယ်။ ဟိုးတချိန်တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန်ကုန်မေ့လိုက်တော့မယ်။ ငါ အခု ဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန်တယောက်လို ငေါက်ငမ်း သွားတာမျိုးတွေတောင် ရှိတယ်။

မေး။ ။ နှစ် ၄၀ ကျော် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ သြဇာရှိတဲ့ လူတွေထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့တော့ လက်ရှိ အခြေအနေကို လက်ခံဖို့ လွယ်ကူခဲ့ရဲ့လား။

ဖြေ။ ။ ခက်တာတော့ တော်တော် ခက်ခဲတယ်။ ငယ်ငယ်ကတည်းက ခန္တီပါရမီ ရှိခဲ့တယ်လို့ ပြော ရမှာပါ။ နောက်တခုက ဘ၀လည်း မမေ့ခဲ့တာပါမယ်။ နောက် မာနကတော့ ထားလို့တော့ မရဘူးပေါ့။ မာနကို ဘယ်မှာမှ မထားချင်တာ။ ကိုယ်လည်း ဆင်းရဲတဲ့ ဘ၀ကနေ တက်လာခဲ့တယ်။ အဖေကော အမေကောက ရှမ်းတွေ၊ မြန်မာစကား မတတ်ဘူး၊ ကိုယ်လည်း ရှမ်းစကားပဲ တတ်ခဲ့တာ၊ ဒီလိုဘ၀ကနေ ကိုယ်က ဗိုလ်ချုပ်ဖြစ်လာခဲ့တာ။ အောက်သက် ကျေခဲ့တဲ့ လူတယောက်ပါ။ နောက် ဒီဘ၀ကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ ရာထူး ကြီးခဲ့ပေမယ့် သိပ်ပြီး မက်မက်မောမော မရှိခဲ့တော့ ခံသာပါတယ်။ အရင်က ဘ၀ကို သိပ်တွယ်တာ တပ်မက်နေတဲ့သူ ဆိုရင်တော့ ဘယ်ခံသာမလဲ။

မေး။ ။ ဗိုလ်ချုပ်ဘ၀မှာ ကြုံခဲ့ရတဲ့ အချိန်ရှားပါးမှုနဲ့ အခု လက်ရှိဘ၀ အချိန်ရှားပါးမှု ဘယ်ဟာက ပိုပြီး ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်လဲ။

ဖြေ။ ။ ပြောရရင် အခုအချိန်က လူပင်ပန်းတယ်။ ဗိုလ်ချုပ် ဘ၀ကျတော့ ပိုတည်ငြိမ်တာပေါ့။ လူကြီး ဆိုတော့လေ။ ကိုယ်က အောက်က ကလေးတွေ တင်လာတဲ့ စာရင်းကို နိုင်ငံတော်အဆင့် မှန်မမှန် စစ်ပြီး လက်မှတ်ထိုးရတာ။ ကိုယ့်ထက် ကလေးတွေက ပိုအလုပ်များတယ်။ ဘယ်တော့မှ ဂုဏ်ယူမပြောဘူး။ ကိုယ် တခွန်းခိုင်းရင် သူတို့မှာ အလုပ်တွေရှုပ်ရပြီ။ တာဝန်ကြီးပေမယ့်လို့ အဆုံးအဖြတ် ပေးတဲ့အခါပဲ တာဝန် ယူရတော့ အဆုံးအဖြတ် မမှားဖို့ဘဲ။ ဒီမှာကျတော့ ဒီလို မဟုတ်ဘူးလေ။ တကယ့်ကို အချိန်ရှားတာ။

မေး။ ။ အနားပေးခံရတဲ့ အပေါ်မှာ ဘယ်လိုကြောင့် အပေးခံခဲ့ရတာလဲ။ အပြင်မှ သတင်းတွေ မျိုးစုံထွက် နေတော့ ကာယကံရှင်ကပဲ အမှန်တရားတခု ပြောပေးပါလား။

ဖြေ။ ။ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာအမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုး သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် အာဃာတ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့။ ကိုယ်စစ်ခဲ့တဲ့ စာရင်းတွေကို လွှတ်တော်က တဂျီဂျီ တောင်းခဲ့တယ်။ ဒါတွေက စစ်ပြီးသားတွေပဲလေ။ လွှတ်တော် ကလည်း ပေါ်လာခါစ ဆိုတော့ အလုပ်ကမရှိဘူး။ ဒီစာရင်းတွေ ရမှ ငွေစာရင်း ကော်မတီက အလုပ်လုပ်ရမှာ။ ဒီတော့ စစ်ပြီးသားတွေ ပေးလိုက်တယ်။ ဒါကို အစည်း အဝေးမှာ အသုံးချရမှာကို လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်လိုက်တယ်။ ကိုယ်က အဲဒီအချိန် အိန္ဒိယ ရောက် နေတာ။ ပြန်ရောက်တော့ သူငယ်ချင်း တင်အောင်မြင့်ဦးက ဘတ်ဂျက်ကိစ္စ ၀ိုင်းကူပေးဆိုလို့ ကူညီပေး နေတာ၊ ဘာမှမသိလိုက်ရဘူး။ နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပေါ့။

မေး။ ။ ဒီစာရင်းတွေက အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို တော်တော်လေး တုန်လှုပ်သွားစေတဲ့ စာရင်း တွေ ဖြစ်ခဲ့တယ်၊ ဒါတွေကြောင့် အပြောင်းအလဲတချို့ ဖြစ်ခဲ့တယ်လို့ ပြောနိုင်လား။

ဖြေ။ ။ တပ်မတော် တုန်းကလည်း ငွေစာရင်းကွာတာတွေ အများကြီးပဲ။ တပ်မတော် စစ်ဆေးရေး အရာရှိ လည်း လုပ်ခဲ့တာကိုး။ နိုင်ငံတော် စာရင်းစစ်ချုပ်ဆိုတာ တပ်မတော် အောက်မှာ လုပ်ခဲ့ရတာကိုး။ အမုန်းခံ ပြီး ၀န်ကြီးတွေကို တွယ်ခဲ့ရတာ။ ပြည်သူတွေ မသိခဲ့ဘူး။ ကုန်ကုန်ပြောရရင် ၀န်ကြီး တော်တော် များများ ကတော့ ၀မ်းသာမှာပါ။ ဘာကြောင့်ဆို ကိုယ့်ကို တော်တော် မုန်းကြတာ။ ကိုယ်တွယ်ခဲ့တာ မနည်းဘူး။ စကားမပြောတဲ့ ၀န်ကြီးတွေ အများကြီးပဲ။ လက်ရှိ နေပြည်တော် ၀န်ကြီးချုပ်တို့၊ သတ္ထုတွင်း ကတို့ ဆိုရင် စကားတောင် ပြောတာ မဟုတ်ဘူး။

မေး။ ။ ဦးလွန်းမောင်ရဲ့ အဖြစ်အပျက်ကို မှန်လွန်းလို့ ရွာပြင်အထုတ်ခံရတဲ့ အဖြစ်တခုလို့ မြင်မိလား။ အပြင်မှာ တချို့က အဲဒီလိုပဲ ပြောနေကြလို့ပါ။

ဖြေ။ ။ ကိုယ်မှန်တယ်လို့ မပြောပါဘူး။ ယူသော်ရ၏ပေါ့။ မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး။ သုံးသပ်သူ အပေါ်မှာပဲ မူတည်တာပေါ့။ ပထမတော့ စိတ်မကောင်း ဖြစ်ရတာပေါ့။ နောက်တော့ နားချိန်တန်လို့ နားရတာ လို့ပဲ တွေးတယ်။ ဒီအပေါ် ဘာမှ စိတ်ထဲမထားတော့ဘူး။ မှန်တယ်ထင်ပြီး လုပ်ခဲ့လည်း တဘက်က ကိုယ့်ကိုမငဲ့တော့ ဘာမှ မပြောလိုပါဘူး။ အဓိက မငဲ့ခဲ့သူကတော့ သူရ ဦးရွှေမန်းပေါ့။ သူက ကိုယ့်နောက်ကျော ဓားနဲ့ ထိုးခဲ့သူပေါ့။ သူနဲ့က ဟိုးငယ်ငယ် ကတည်းက၊ ဗိုလ်လောင်းထဲက သူက ၁၁၊ ကိုယ်က ၁၂။ မိုးကောင်းမှာလည်း အတူတူ တာဝန်ကျခဲ့တာ။ သို့သော် ကိုယ်မြင်တာက သူတို့မှာ အာဏာအတွက် ဆန္ဒရှိနေသေးတယ်၊ ကိုယ်ကတော့ မရှိတော့ဘူး။ ဒါကြောင့် ဒီလိုနေနိုင်တာပေါ့။

မေး။ ။ အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ သမ္မတ အပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူနားလည် ပါလိမ့်မယ်လေ၊ သူ့အပိုင်းတော့ သိပ်မပြောလိုပါဘူး။ သူလုပ်သင့်တယ် ထင်လို့ လုပ်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကိုယ်ကတော့ ဘာမှ မပြောလိုတော့ပါဘူး။

မေး။ ။ နောက်လာမယ့် ရွေးကောက်ပွဲကျရင်ကော ပုံစံတခုအနေနဲ့ ၀င်လာဖို့ရှိသေးလား။ ပါတီနိုင်ငံရေး လုပ်ဦးမလား။

ဖြေ။ ။ မရှိဘူး။ စထွက်လာခဲ့ ကတည်းက စစ်စွပ်ကျယ်တောင် မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ။ တိုက်ပုံ လည်း ဘယ်တော့မှ မ၀တ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အလုပ်လုပ်တော့ စွပ်ကျယ်အဖြူက အပေတေ မခံလို့ စစ်စွပ်ကျယ် ၀တ်ဖြစ်တာ၊ နို့မို့ဆို ၀တ်ဖြစ်မှာ မဟုတ်ဘူး။

မေး။ ။ စစ်သား တယောက်ဘ၀ကို စိတ်နာခဲ့လို့လား။

ဖြေ။ ။ မရှိဘူး။ စိတ်လည်းမနာဘူး။ တခါတလေ စိတ်နာစရာတွေ ရှိခဲ့လည်း ချက်ချင်း ဖျောက်ပစ်တယ်။ ကိုယ်ဖြစ်ခဲ့တာ ၀ဋ်ရှိလို့ပေါ့။ ဘာမှ မပြောလိုပါဘူး။ သတင်းမှာ ပါလာမှ ကိုယ်ပါတယ် သိတာ။ ကြိုလည်း မသိခဲ့ဘူး။

မေး။ ။ နောက်ဆုံးမေးခွန်း အနေနဲ့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ အကောင်း မြင်ပါတယ်။ ကောင်းတဲ့ဘက်ကို ဦးတည်တယ်လို့ပဲမြင်တယ်။

ဧရာဝတီ

PR စနစ်သည် မြန်မာနိုင်ငံနှင့်မသင့်လျော်သေးဟု ကျားဖြူဉက္ကဌပြော



အချိုးကျ ကိုယ်စားလှယ် (Proportional Represen tation) PR စနစ် သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ မြန်မာ့တိုင်းရင်းသား လူထု အခြေ အနေနှင့် မသင့်လျော်သေး ဟု ကျားဖြူပါတီ ဉက္ကဌ ဦးစိုင်း အိုက်ပေါင်းက ပြောပါသည်။


“ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီစနစ်က သက်တမ်းအရမ်းနုနေသေးတယ်။ တိုင်းရင်းသား လူထုလဲ အဲဒီအကြောင်း ဗဟုသုတ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်နဲ့ PR စနစ် မသင့်တော်သေးဘူး။ ဗမာစာသုံး ဗမာစကားပြောတဲ့ မြေပြန့်ဒေသကိုတော့ မဆိုလိုဘူးနော်” - ဟု သျှမ်းပြည်အစိုးရ သတ္တုတွင်း ဝန်ကြီး ဌာနဝန်ကြီး၊ ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း က ပြောပါသည်။

နောက်တကြိမ် ပြည်ထောင်စု လွှတ်တော် ပြန်ခေါ်လျှင် လက်ရှိ အာဏာရ မြန်မာ အစိုးရက PR စနစ် အသုံး ပြုမည့်အကြောင်း လွှတ်တော်အတွင်းဆွေးနွေးဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြပါသည်။

“အင်္ဂလိပ်တို့၊ ပြင်သစ်တို့၊ ဂျာမဏီတို့က ဒီမိုကရေစီတိုင်းပြည်ဖြစ်လာတာ နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်ရှိပြီလေ။ ကျနော်တို့က အခုမှ စလာတာ။ ရွေးကောက်ပွဲအတွေ့အကြုံလဲ သိပ်မရှိသေးဘူး။ ကျ နော်တို့အနေတော့ မနှစ်သက်ဘူး၊ အဲဒီစနစ်ကို လက်မခံဘူး” - ဟု ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း ပြောပါသည်။

PR (Proportional Representation) ခေါ် အချိုးကျကိုယ်စားလှယ်စနစ်အား အသုံးပြုမည်ဆိုပါက - ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ၊ ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိသည့်ပါတီက ၂ ဦး အောင်နိုင်သူများအားရွေးချယ် ရ မည် ဖြစ်သည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့်မြို့နယ်အသီးသီးမှ ပညာတတ်လူငယ် ၅ ဦးစီ စာရင်းကောက်ကာ ကိုယ်စားလှယ်လောင်းများ စိစစ်နေကြောင်း ကြားသိရပါသည်။

Credit : http://abbsoluteright.blogspot.com/2013/05/pr.html

အစိုးရ တပ်ဖွဲ့၏ နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုသည် အပစ်ရပ်ရေးကို ထိခိုက်နိုင်



ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့်အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုးပြင်း ကျေးရွာ အုပ်စု ကြည်တော် ကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ မနက်ပိုင်း၌ ပြင်းထန်စွာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။


“ တိုက်ပွဲက (၃) နာရီလောက် ဖြစ်တာ အမှန်ပါဘဲ။ အစိုးရ တပ်တွေက အကြောင်း မကြားဘဲနဲ့ နယ်မြေ စိုးမိုးရေး လုပ်တာကိုးဗျ။ နယ်မြေခံ တပ်တွေနဲ့ ဖြစ်တာပေါ့။ တကယ်တော့ အပစ်အခတ် ရပ်စဉ်တုန်းက ပြောထားပါတယ်။ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေကို သွားကြရမယ် ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကြောင်းကြားပေါ့ ပြောထားတယ်။ ဒါပေမဲ့ အစိုးရ ဖက်က မလိုက်နာတော့ တိုက်ပွဲတွေ ဖြစ်ကြမှာဘဲ။ အခုလည်းဘဲ ဘယ်တပ်နဲ့ ဖြစ်မှန်းကို မသိတာ” ဟု ဆိုပါသည်။

တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်မှု အခြေအနေကို မသိရသေးသော်လည်း ရွာသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး RCSS နယ်ထဲ ၀င်လာသည့် အတွက် ပြီးခဲ့သည့် မေလ (၁) ရက်နေ့ မွန်းလွှဲ ပိုင်းတွင် ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှ သံလွင်မြစ် ထဲရှိ တာပိန် ကူးတို့ဆိပ် အနီး၌ တစ်နာရီခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ဘူးပါသည်။

ဤကဲ့သို့ အစိုးရ တပ်များမှ နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး RCSS နယ်မြေထဲ ၀င်ပြီး လှုပ်ရှားမှု ရှိခဲ့သလို ရာဇသံပေးပြီး တိုက်ခိုက်မှုလည်း ရှိခဲ့ပါသည်။ ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာအုပ်စုရှိ (RCSS) စခန်းများကို ရာဇသံပေးပြီး တိုက်ခိုက် ခဲ့ပါ သည်။ ယင်းတိုက်ပွဲတွင် လက်နက်ကြီး များနှင့် ကျေးရွာထဲသို့ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လူထုကို ငဲ့ညှာ သော အားဖြင့် နောက်ဆုံးတွင် စခန်း (၅) ခုစလုံး မှ ဆုတ်ခွာ ပေးခဲ့ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

ထို့ပြင် RCSS/SSA ၏ ၄င်းအမှတ် ၇၀၁စစ်ဗျူဟာ စခန်းကို တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့စစ်များကို ကျည်ကာ မိုင်းကာ (လူဒိုင်း) အကာအကွယ်မျိုး အသုံးပြု ခဲ့သည်ဟု ဆိုပါသည်။ ဤနည်းဖြင့် အစိုးရ တပ်ဖွဲ့များသည် အကြောင်း အမျိုးမျိုးပြပြီး RCSS ကို တိုက်ခိုက် လာခဲ့ရာ အပစ်အခတ် ရပ်စဲ ထားသော်လည်း အကြိမ် (၆၀) နီးပါးခန့် တိုက်ခိုက် ခဲ့ကြ ပြီးဖြစ်ပါသည်။

မည်သို့ပင် တိုက်ခိုက်နေစေကာမူ RCSS ကိုယ်စားလှယ်များသည် လတ်တလော ဖြစ်ပွားနေသော တိုက်ခိုက်မှု များကို ဖြေရှင်းရန်နှင့် RCSS နှင့် အစိုးရတို့ကြား တရားဝင် ဆွေးနွေးပွဲ ဆက်လက် ကျင်းပရေး ကိစ္စကို ကြိုတင် ညှိနှိုင်းရန် ပြီးခဲ့ သည့် မေလ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့ ငြိမ်းချမ်းစင်တာ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ဒုဥက္ကဌ ဦးသိန်းဇော်သည်လည်း ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ တွင် ရှမ်းပြည် မြောက်ပိုင်းရှိ (UWSA၊ SSPP နှင့် မိုင်းလား) အဖွဲ့များကို တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲ၌ အစိုးရနှင့် ဖြစ်ပွားခဲ့သော လတ်တလော တိုက်ခိုက်မှုများနှင့် ဖြစ်ပွားလာခဲ့သော လက်နက်ကိုင် ပဋိပက္ခများသည် ငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်စေလောက်သော အခြေအနေ မရှိကြောင်းနှင့် ဤပြသနာများသည် လက်အောက် ခံ ပြသနာများသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ဤကဲ့သို့ သဘောထား နေမှုကြောင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်နေရခြင်း ဖြစ်သည်ဟု အတိုက်အခံများက ဆိုပါသည်။ ကချင်ကို စစ်ရေးအရ လျှော့ချသည့် အချိန်၌ SSPP နှင့် ပလောင်များ ကိုဖိ တိုက်ခြင်း၊ ထို့နည်းတူ SSPP နှင့် RCSS ကို အလှည့်ကျ စစ်ဆင် ခဲ့ခြင်း၊ တိုက်ပွဲများ ပြင်းထန် လာပါက ပြန်လည်တွေ့ ဆုံဆွေးနွေးခြင်း၊ စသည့် လုပ်နည်း လုပ်ဟန် နည်း ပရိယာများကို ကျင့်သုံး လာခဲ့ခြင်းဖြစ်ပါသည်။

ထို့အတူ သမ္မတနှင့် စစ်တပ် သဘောထား ကွဲသယောင်ပြပြီး၊ သမ္မတ၏ ဥရောပခရီး၊ အမေရိကန် ခရီးစဉ် ရှိနေသည့် အချိန်အခါမျိုး၌ တိုက်ပွဲများ လျှော့ချပြီး ငြိမ်းချမ်းရေး အလိုရှိဟန်ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပိုလုပ်ပြနေခြင်းသည်လည်း ပရိယာယ် တခုသာ ဖြစ်ပြီး အားလုံးသည် တမူထဲ၌ သူ့နေရာနှင့်သူ လုပ်ဇတ် ခင်း နေခြင်းသာဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ယူဆ လာနေပါသည်။ 

Credit : http://abbsoluteright.blogspot.com/2013/05/blog-post_9580.html

ရခိုင်ပြည် လူဦးရေစာရင်း ကောက်ယူရာတွင် ရုန်းရင်းဆန်ခတ်မှု တရားစွဲမည်



ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မှာ စီမံချက် တရပ်ချမှတ်ပြီး လူဦးရေစာရင်း စတင်ကောက်ယူ တဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်လို့ စီမံချက်ရပ်ထား ရပြီးနောက် ဖမ်းဆီးထားတဲ့ မွတ်စလင် ၉ ဦးကို မေ ၂၆ ရက်နေ့ ရုံးတင်တော့မယ်လို့ ပြည်နယ်အစိုးရ တာဝန် ရှိသူတဦးက ပြောပါတယ်။


ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေမှာ ဆွဲတင်စစ် စီမံကိန်းဖြစ်တဲ့ လူဦးရေစာရင်းကို ကောက်ယူတဲ့ ဧပြီ ၂၆ နေ့မှာပဲ ပြဿနာဖြစ်ပြီး ဖမ်းဆီးခဲ့တာပါ။ ဆွဲဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင်ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာက တော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်။

ဧပြီ ၂၆ ရက်မှာ စစ်တွေမြို့ သက်ကယ်ပြင်နဲ့ ဗောလုဝ ဒုက္ခသည်စခန်းတွေကို ၀င်ရောက်ပြီး လူဦးရေစာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်သာ ဖြည့်သွင်းပေးဖို့ ဒုက္ခသည်တွေက တုံ့ပြန်တာကြောင့် တဖက်နဲ့ တဖက် အဓိကရုန်းဆန်ဆန်ဖြစ်ခဲ့ပြီး အော်ဟစ် ခဲနဲ့ပစ်ပေါက်ခံခဲ့ရတဲ့အတွက် သေနတ်ဖောက် လူစုခွဲခဲ့ ကြပါတယ်။

အဲဒီနောက် သက်ကယ်ပြင်စခန်းက ၇ ဦးနဲ့ ဗောလုဝစခန်းက ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတာပါ။ ဖမ်းဆီး ထားသူ ၉ ဦးကို မေ ၂၆ ရက်နေ့မှာ တရားရုံးတင်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေး အရာရှိလည်းဖြစ် ပြည်နယ်ဥပဒေချုပ်လည်းဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။

“မေလ ၂၆ ရက်နေ့မှာ ရုံးတင်တရားစွဲသွားမှာဖြစ်ပါတယ်။ အရေးယူထားတဲ့ ပုဒ်မကတော့ လူစုလူဝေးနဲ့ အကြမ်းဖက်တယ်ဆိုတဲ့ပုဒ်မ ၁၄၈၊ နောက် ပြည်သူ့ဝန်ထမ်းအလုပ်ကို ဥပဒေနဲ့လုပ်တာကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၃ ပါပါတယ်။ အဲမှာကြားကြမှာပါ။ တပ်မတော်သားတယောက် ခေါင်းထိခိုက်နာကျင်ပြီး ဆေးရုံတက်ရောက် ကုသရတယ်။ နောက် ဖြစ်စဉ်ဖြစ်တုန်းကလည်း ၂၆၊ ၂၇ အင်တာနက်တွေမှာ သတင်းတွေ တက်ပြီးဖြစ်တယ်။ အဲမှာတချို့ဝန်ထမ်းတွေက သက်ဆိုင်ရာကို ဖုန်းနဲ့အကြောင်းကြား တဲ့ပုံတွေမှာ ဖုန်းလုယူတာတွေ ရှိတဲ့အတွက် လုယက်မှု ၃၈၂ လည်းပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်း တွေကို ခြိမ်းခြောက်ပြီး တာဝန်မထမ်းဆောင်ရဲတော့အောင်၊ လတ်တလောအန္တရာယ်ကျအောင် မင်းတို့ကို လုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ပြည်သူ့ဝန်ထမ်းတွေ ကြောက်ရွံ့သွားလို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆၊ ဒါတွေနဲ့ အရေးယူထားတယ်။”

ဖမ်းဆီးခံရသူတွေကတော့ သက်ကယ်ပြင်ကျေးရွာက ရပ်မိရပ်ဖ ဦးကျော်မြင့်နဲ့ သား ကိုလှမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ အရန်မီးသတ်ဗိုလ် ဦးစံနှင်း၊ ရပ်မိရပ်ဖ ဦးဘသာ၊ ပြဿနာ စဖြစ်တဲ့အိမ်က ဒေါ်ဆိုလီမာခါတွန်နဲ့ သား ကိုစောလင်း၊ ဗောလုဝစခန်းက ကိုဇော်မင်းနဲ့ ကိုအာမီရားမန်းတို့ ဖြစ်ပါတယ်။

သက်ကယ်ပြင်နဲ့ ဗောလုဝဒုက္ခသည်စခန်းတွေကို မေးမြန်းရာမှာ ဖမ်းဆီးခံရသူတွေအတွက် သတင်းအချက် အလက် မရကြောင်းနဲ့ ရန်ကုန်က ဆွေမျိုးတွေကတာ့ ရှေ့နေလိုက်ပါနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖြေဆို ပါတယ်။

“သက်ကယ်ပြင်ကလူတွေ ဘယ်သူမှသွားတွေ့ခွင့်မရှိဘူး။ ထမင်းပို့လို့မရဘူး။ သူတို့ဘယ်လို ထားတယ်၊ နေထိုင်နေတယ်ဆိုတာလည်း သတင်းအစအန မရှိဘူး။ ရန်ကုန်က ရှေ့နေငှားပေးမယ်တော့ ပြောတယ်၊ ရောက် မရောက် မသိရသေးပါဘူး။”

ဦးလှသိန်းကတော့ ဒီစီမံချက်ဟာ ရခိုင်ပြည်နယ်တ၀န်းမှာ လူဦးရေ စာရင်းကောက်ယူဖို့ အဖွဲ့ ၆၃ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူတာ မဟုတ်တဲ့အကြောင်းနဲ့ ရခိုင် အစီရင်ခံစာ ပါအချက်တွေကို အကောင်အထည်ဖော်တာဖြစ်ကြောင်း ရှင်းပြပါတယ်။

“စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသမှာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ တရားဝင်၊ တရားမ၀င် ဘယ်လောက်ရှိသလဲ။ နောက် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း။ ဒါဟာ ကျနော်တို့ ပြန်လည်နေရာ ချထားရာမှာ အထောက်အကူပြုအောင် ကောက်တဲ့စာရင်းပါ။ ဒါ သန်းခေါင်စာရင်း ကောက်တာ မဟုတ်ဘူး။ ရှေ့ပြေးသန်းခေါင်စာရင်းလည်း မဟုတ်ဘူး။ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အရေး စုံစမ်း စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာထုတ်ရာမှာ လူထုကို ပြန်လည်နေရာချထားဖို့ လိုတယ်။ အသက်မွေး ၀မ်းကြောင်း လုပ်မယ့် လူတွေကို ထူထောင်ပေးရမယ်ဆိုတော့ ကျနော်တို့က ကြည့်ရတော့မယ်။ သူက တံငါလား တံငါဆို လှေပေးမယ်။ ပိုက်ပေးသင့်သူပေးမယ်၊ ကွန်ပေးသင့်သူပေးမယ်။ လယ်လုပ်မယ့် သူဆိုရင်လည်း ၅ ဧကရှိလား၊ ၅ ဧက ရှိသူဆို လက်တွန်းလယ်ထွန်စက်လိုသလား၊ နွားလိုသလား။ မျိုးစပါးလိုသလား၊ ဒါတွေ ရည်ရွယ်ကောက်တာပါ။ မကောက်ခင်လည်း ဒီလိုကောက်မယ်ဆိုတာကို ရှင်းလင်းပြောပြတယ်။ နောက် ဘယ်လိုဖြစ်ပြီး နားလည်မှုတွေလွဲသလဲမသိဘူး၊ သွားကောက်တဲ့နေ့မှာပဲ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ စီမံချက်ကို ရပ်ထားပါတယ်။” ဆွဲတင်စစ်စီမံချက်ကိုတော့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ လူဦးရေ စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

Credit : http://abbsoluteright.blogspot.com/2013/05/blog-post_9020.html

စစ်ပြင်ဆင်မှု ကြားထဲက KIA နှင့် အစိုးရ ဆွေးနွေးပွဲ

အစိုးရ တပ်ဖွဲ့များသည် ကချင် လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ် တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ ချထား လာနေသဖြင့် သဘော တူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက် သွားဖွယ်ရာ ရှိနေကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။


“တွေ့ဆုံပွဲက မေလ ၂၅ ရက်နေ့လဲ ပြောတယ်။ ၂၈ ရက်နေ့လဲ ပြောနေကြတယ်။ ကျနော့် အမြင်က ဖြစ်လာနိုင်ချေ နည်းလာနေတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရ ကားတန်းတွေ မန္တလေး ကနေ ကသာ- ဗန်မော် နဲ့ မြစ်ကြီးနား ဘက်ကို တက်လာနေတာ တွေ့နေရ တယ်။ ဒါတောင် မကဘူး မြစ်ကြီးနား မြို့မှာလဲ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားတယ် ဆိုတော့ KIA ကို ဖိအားပေး သလို ဖြစ်နေမလားပေါ့” ဟု ဆိုပါသည်။

အဆိုပါ စစ်ကားတန်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သံချပ်ကာ အပါဝင် စစ်ကား အစီးပေါင်း များစွာ တက်လာ ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုစစ်ကားများသည် မန္တလေးမှ တဆင့် မြစ်ကြီးနား မြို့သို့ လည်းကောင်း၊ မန္တလေးမှ ဗန်မော်မြို့သို့ လည်းကောင်း ပို့ဆောင် ထား သည်ဟု ဆိုပါသည်။

သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ထိုစစ်ကား တန်းများသည် ပုံမှန် တပ်များ လဲလှယ်ရေး အတွက်သာ ချီတက်သွားနေခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်တွင် မီဒီယာများအား ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ လေ့လာစောင့်ကြည့်သူများကမူ သံချပ်ကာကားသည် ပုံမှန်တပ်ပြောင်းလဲရန် အတွက် မဖြစ်နိုင်ကြောင်း ဆိုပါသည်။

“ သူတို့က တပ်ဖလှယ်တယ်ဘဲ ပြောတယ်။ အခု ချီတက်နေတဲ့ သံချပ်ကာ ကားတွေကို မိုးကောင်းဖက် ပို့ထားပြီး ဖားကန့်ဖက်က KIA တွေကို တိုက်ဖို့ ပြင်ဆင် ထားသလိုမျိုး ဖြစ်နေတယ်။ အဲဒီလိုပါဘဲ လိုင်ဇာ ဘက်ကို ဦးတည် တက်သွားနေတဲ့ သံချပ်ကာ ကားတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်း အားဖြင့် လိုင်ဇာကို အပြီး သိမ်းဖို့လား ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ် ” ဟု မျက်မြင် တစ်ဦးက ဆိုပါသည်။

ထို့အပြင် လိုင်ဇာ အနီး ပတ်ဝန်းကျင်၌ ရှိသော အစိုးရ တပ်စခန်းများ တွင်လည်း ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ ကတည်းက တပ်အင်အားများ ဖြည့်တင်းထား သည်ဟု KIO/KIA အရှိများက ဆိုပါသည်။

ဤကဲ့သို့ KIA နယ်မြေ ထဲတွင် အကြီးစား စစ်ရေး ပြင်ဆင်မှု ပြုလုပ်ပြီး ကာမှ လာမည့် မေလ ၂၈ ရက်နေ့တွင် KIO နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း အဆိုပြုခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေး အတွက် ရည်ရွယ်ခြင်း မဖြစ်နိုင်ဘဲ အကြပ်ကိုင် လိုခြင်းသာ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ဆိုပါသည်။

“ မေလ ၂၈ မဟုတ်ရင် ၃၀ ရက်နေ့ မှာ တွေ့ကြဖို့ KIO က ကမ်းလှမ်း ထားပါတယ်။ အစိုးရ ဖက်ကတော့ ၂၈ ရက်နေ့မှာ တွေ့ကြမယ်လို့ အကြောင်းပြန်ပါတယ်။ ဒါပေမဲ့ KIA က တောင်းဆို ထားတဲ့ ပြည်ပကြား လူတွေ ပါရေးမပါရေး ကိစ္စရယ်၊ ပြီးတော့ ဒီလောက်တောင် စစ်ရေး အင်အားတွေ တိုးချဲ့နေမှတော့ ဆွေးနွေးပွဲဖြစ်လာပါ့ မလားကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး။” ဟုဆိုပါသည်။

၎င်းအပြင် ယင်းတွေ့ဆုံဆွေးနွေး ပွဲသို့ မည်သည့် ပုဂ္ဂိုလ်များ တက်ရောက် မည်ကိုလည်း မသိရသေး ကြောင်း အကျိုးတော်ဆောင် တဦးဖြစ်သူ လမိုင်ခွန်ဂျာက ဆိုပါသည်။

ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သတင်းဖြစ်ပေါ်နေသော်လည်း KIO ဖက်မှ တရားဝင် ထုတ် ဖေါ်ပြော ကြားခဲ့ခြင်း မရှိသေးဟု KIA အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရ တပ်များသည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် KIA အား ကမ်းလှမ်းနေသလို တဖက်တွင်လည်း စစ်ပြင်ဆင်မှုများ တိုးချဲ့ထားသည့် အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသ တွင် နေ့စဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပါသည်။

Credit : http://abbsoluteright.blogspot.com/2013/05/kia_21.html

နောက်ထပ်မြန်မာမှ မူဆလင် ၅ ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ



မြန်မာနိုင်ငံသားများဟု ယူဆရသူ မူဆလင် ၅ ဦးကို ဒက္ကားလေဆိပ်အာဏာပိုင်များက စနေနေ့က ဖမ်းဆီး လိုက်သည်ဟု တနင်္ဂနွေနေ့က ထုတ်သော The Independent နှင့် New Age တို့တွင် သတင်း ဖေါ်ပြသည်။


သူတို့သည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဒက္ကားလေဆိပ် ဖမ်းမိခြင်း ဖြစ်ကြောင်း ရဲ အဖွဲ့က ပြောသည်။

ဒက္ကားလေဆိပ် လုံခြုံရေး လက်နက်ကိုင် ရဲတပ်ဖွဲ့ အကြီးအကဲ အာလမ်ဂီယာ ဟူစိန် ( Alamgir Hossain) က ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများမှာ ဂျာဖါ အာလန်၊ ချီဟက်၊ မူဟာမတ် အာဇစ်၊ အမ်း ချာဟတ်ဒါ ဟူစိန်နှင့် တာဟာဂျေး ဟူစိန်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့ (၅) ဦးသည် ဘင်္ဂလာဒေခ်ျ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အသစ်ထုတ်ပေးသော နိုင်ငံတကာ အဆင့်မီ ပတ်စ်ပို့အား အတု ပြုလုပ်ပြီး မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေချိန်တွင် လေဆိပ်ထဲတွင် ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

သူတို့အား အကျိုးဆောင်ပေးသူ ပွဲစားအားလည်း ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူတို့သည် မြန်မာမှ ကော့စ်ဘဇားခရိုင်သို့ ၀င်လာရောက် လာသူများ ဖြစ်ကြောင်း ပြောဆိုသည်။

ယခုအခါ သူတို့ကို တရားစွဲဆိုရန် အမူဖွင့်လိုက်ပြီဟု ဆိုသည်။

Credit : http://abbsoluteright.blogspot.com/2013/05/blog-post_3817.html

၈၈ မျိုးဆက် အမည်ခံများနှင့် ၄င်းတို့ကို ကြိုဆိုခဲ့သော သူများအား ခွေးတိရစ္ဆာန်များဟု အမေရိကန်ရောက် မြန်မာများ ပြောဆို


သမ္မတကြီး၏ ခရီးစဉ်တွင် ၈၈ အမည်ခံ၍ ဒေါင်းအလံများ လွှင့်ထူကာ ပေါက်လွတ် ပဲစား အော်ခဲ့ သည့် မြန်မာ များနှင့် ၈၈ မျိုးဆက် အမည်ခံများကို ကြိုဆိုခဲ့ကြသော သူများအား ခွေးတိရစ္ဆာန် များဟု အမေရိ ကန်ေ ရာက် မြန်မာကျောင်းသား များက ပြောဆိုသုံးနှုံးခဲ့ကြပါတယ်။


ခင်ဗျားတို့ ဘာပြောချင်လဲ၊ ခင်ဗျားတို့ စိတ်ထဲမှာ ရှိတာကို ပြောပြလို့ရတယ်၊ နေ့ကောညပါ မနားမနေနဲ့ အ လုပ် လုပ်နေတဲ့ သမ္မတကြီးကို စော်ကားပြီး အခုထိ တိုင်းပြည်အတွက် မလုပ်တဲ့ကောင်တွေကို ကြိုဆိုတာ ဘာ သဘောလဲ။ ခွေးတောင်မှ အိမ်စောင့်ဖို့ ခိုင်းလို့ ရတယ်။ အိမ်လည်းစောင့်ခိုင်းလို့ မရ၊ အိမ်အတွက် လည်း အကျိုး မရှိ ၊ ဒီမြေမှာနေပြီး ဒီမြေကို ကောင်းကျိုးမပေးတဲ့ ၈၈ လို ကောင်တွေဟာ ခွေးထက်မိုက် တယ်။ သူတို့ ဟာ ကျွန်တော့်ထက် အသက်အများကြီး ကြီးချင်ကြီးလိမ့်မယ်။ ဒါပေမယ့် ဒီကောင်တွေဟာ ကျွန်တော့် တို့ နိုင်ငံ အတွက် သုံးစားမရတဲ့ ခွေးတိရစ္ဆာန် တွေပါပဲ လို့ အမေရိကန်မှာ စကောလားရှစ်နဲ့ ကျောင်း တက်နေတဲ့ ကို ၀င်းမြင့်ထွန်းက ခေါင်းစဉ်တပ်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဆန္ဒပြပွဲများ အမြဲတစေ ပြုလုပ်ကြောင်းကို အင်တာနက်မှာ တွေ့ရပေမယ့် တစ်ခါမှ မမြင်ဖူးတဲ့ အမေရိကန် ရောက် မြန်မာ ကျောင်းသူ မမေသူကျော် ကလည်း ဒီလို ပြောခဲ့ပါသေးတယ်။ မိုးသီးဇွန် တို့၊ မင်းကိုနိုင် တို့ကို ကျွန်မ ဘယ်တုန်းကမှ လေးစားလို့ မရခဲ့ဘူး။ ကျွန်မလည်း မြန်မာနိုင်ငံမှာ ဘွဲ့ ရခဲ့ တဲ့ ကျောင်းသူပဲ။ ဒါပေမယ့် သူတို့ကို ကျွန်မတို့ ကျောင်းသားခေါင်းဆောင်လို့ ဘယ်တုန်းကမှ အသိ အ မှတ် မပြုခဲ့ပါဘူးလို့ သူမက မှတ်ချက်ပြုပြောခဲ့ပါတယ်။

၈၈ ကျောင်းသားများနဲ့ ၈၈ ကျောင်းသားများကို ကြိုဆိုခဲ့သူများကို ဆဲဆိုသံများ၊ ဝေဖန်သံများဟာ လည်း မြန် မာ ကျောင်းသားများ ၀င်ရောက်ဆွေးနွေးလေ့ရှိတဲ့ အင်တာနက် ဖိုရမ်များမှာ ဆက်လက် ဖြစ်ပေါ်နေပါ တယ်။

နယ်ချဲ့ကို တော်လှန်ရင်တောင်မှ ပညာတတ်ခေါင်းဆောင်ကို လူတွေ ပိုအထင်ကြီးကြတယ်။ ဒီနေ့ခေတ်မှာ ဘာ ပညာမှ မတတ်ဘဲ ထောင်ကျဖူးယုံနဲ့ ခေါင်းဆောင် လုပ်လို့ ရတာ ခွေးတိရစ္တာန်တွေ အချင်းချင်းမို့လို့ ပေါ့ ဗျာ ဆိုပြီး အမေရိကန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုမင်းသူကလည်း မှတ်ချက် ပြု ပြောခဲ့ပါတယ်။

၈၈ မျိုးဆက်များနှင့် ၄င်းတို့ကို ကြိုဆိုခဲ့ကြသူများကို ခွေးတိရစ္ဆာန်များဟု ခေါင်းစဉ်တပ်ထားသည့် သတင်း အား ၀င်ရောက်ဆွေးနွေးသူ ၃၀၀ ကျော်ခန့် ရှိနေပြီး အများစုကတော့ ၈၈ မျိုးဆက် အမည်ခံ မင်းကိုနိုင် တို့အုပ် စုဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်ကြောင်း၊ ၄င်းတို့ကို အစိုးရအနေဖြင့် ထိန်းသိမ်း ထားသ င့်ကြောင်း ဝေဖန် ပြော ဆိုလျှက် ရှိကြပါတယ်။

From:OE

သမ္မတကြီး၏ လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။ ဒီလို အကူ အညီတွေတိုးပေးမယ့် သမ္မတ အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စောသေးတယ်လို့ တချို့ လွှတ်တော်အမတ်တွေက စောဒက တက်ကြ ပါတယ်။


မြန်မာနိုင်ငံမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့မြင်ရတာ နှစ်နှစ်ပဲရှိသေးပြီး တိုင်းရင်းသားဒေ သတွေမှာ ပဋ္ဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ ကွန်ဂရက်ကြားနာ ပွဲတစ်ခုမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲ ဥက္ကဌ အောက် လွှတ်တော် အမတ် Steve Chabot က ပြောကြားပါတယ်။ 

သူနဲ့တခြားအမတ်တွေ က မြန်မာနိုင်ငံကို ဘယ်လိုစစ်ရေးအ ကူအညီမျိုးဖြစ်ဖြစ် ပေးတာကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲ မှုတွေရှိတာ အသိအမှတ်ပြုပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ကို လာရောက်တာ ဟာ စောနေသေးကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အရှေ့အာရှနဲ့ အာရှ-ပစိဖိတ်ရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် ကတော့ မြန်မာနိုင်ငံက သမိုင်းဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင် စုက အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။

From:rfa

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ကူညီမည်ဟု ကတိပြု



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။


မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူး ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာ နိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအား ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်...

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်း သားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်း ထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွား ရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက်မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့် ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံး လာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။

From:eleven

Credit : http://www.mmdailystar.com/2013/05/blog-post_1185.html

နိုင်ငံတကာ နိုင်ငံရေး လေ့လာခြင်း သင်တန်း အမည်တပ်ကာ ဒေါ်အောင်ဆန်းစုကြည်ပုံ အသုံးပြု စည်းရုံး မှုကြောင့် ပြဿနာ တက်ခဲ့



တောင်ကြီးမြို့နယ်တွင် မေလ ဒုတိယ အပတ် အတွင်း မျိုးရန်နောင်သိမ်းတို့ ဦးဆောင်သည့် ဗေဒါ အဖွဲ့မှ ပြုလုပ်သည့် နိုင်ငံတကာ နိုင်ငံရေး လေ့လာ ခြင်း သင်တန်း၏ သင်တန်းဆင်းလက်မှတ်တွင် ဒေါ်အောင် ဆန်း စု ကြည်ပုံ များ အသုံးပြု မှုကြောင့် ဒေသတွင်း ပါတီအချင်းချင်း ပြဿနာ များ ဖြစ်ပွား ခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့တွင် ဗေဒါအဖွဲ့မှ ကိုမျိုး ရန်နောင်သိန်း ဆိုသူမှ ပြည်ခိုင်ဖြိုး ကော်မတီဝင် ကိုစိုင်းလုံးကျော်အား ဆက်သွယ်ခဲ့ပြီး ၁၀-၁၁ ရက်နေ့တွင် နိုင်ငံတကာနိုင်ငံရေး လေ့လာခြင်း အနေဖြင့် လူငယ် များ ကို သင်တန်းပေးမည် ဖြစ်ကြောင်း၊ မည်သည့် ပါတီစွဲမှ မပါကြောင်း၊ ၁၂-၁၃ ရက်နေ့တွင် ပြည်နယ် ရုံး၌ ပါတီစုံနှင့် ရှမ်းပြည်နယ် နိုင်ငံ ရေး ဆွေးနွေးပွဲကို တစ်ဆက်တည်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သို့သော် ပြည်ခိုင်ဖြိုး၏ ပြည်နယ်ရုံးတွင် ပြုလုပ်ရန် ခွင့်မပြုသဖြင့် Classic ခန်းမ၌သာ ပြုလုပ်ခဲ့ပြီး ပြည် ခိုင်ဖြိုး အပါအ၀င် အခြားပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ သင်တန်းအပြီး၌ အစောပိုင်း ကတိခံထား   သော မည်သည့် ပါတီစွဲမှ မပါဆိုသော်လည်း သင်တန်းဆင်းလက်မှတ်၌ ဒေါ်အောင်ဆန်းစုကြည်ပုံ Logo များထည့်သွင်းထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများချိတ်ဆွဲခြင်းတို့ကြောင့် ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။

ထိုအတွက်ကြောင့် ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်များမှ နိုင်ငံရေး အမည်ခံ လုပ်စားသည့် အဖွဲ့များ အနေဖြင့် ကျန် သည့် ပါတီများ၏ ဂုဏ်သိက္ခာကို လေးစားရမည် ဖြစ်ကြောင်း၊ လိမ်ညာ၍ အပေါစား စည်းရုံးခြင်းသည် ပါ တီနှင့် အဖွဲ့အစည်းကြား ယုံကြည်မှုကို ပျက်စေကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို ကြော်ငြာလိုပါက ဒီ လို မဟုတ်သည့်နည်းမျိုးဖြင့် ကြော်ငြာမည့်အစား တောင်ကြီးမြို့ ထိပ်တွင် ဗီနိုင်း ဆိုင်းဘုတ် ချိတ်ထား တာ က ပို ကောင်းကြောင်း တို့ကို ပြောပြကာ သင်တန်းနှင့် ဆွေးနွေးပွဲမှ နှုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲစီစဉ်သည့် ဗေဒါအဖွဲ့တွင် မျိုးရန်နောင်သိန်း၊ မင်းနောင်ထော်၊ မြတ်ကို၊ အောင်ကိုကိုတို့ ပါဝင်ခဲ့ပြီး ဗေဒါ အဖွဲ့အစည်းဟာ တစ်သီးပုဂ္ဂလ အဖွဲ့အစည်းဖြစ်ပေမယ့် မှတ်ပုံမတင်ရ သေးတဲ့ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နဲ့ ဆက်နွယ်တဲ့အဖွဲ့ ဖြစ်ပြီး ပထမဆုံးအသုတ်က ကျောင်းသားတွေ ဟာ လည်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဖြစ်ကြသည်။

ဓာတ်ပုံ- ရန်ကုန်မှ ဗေဒါကျောင်းဆင်းပွဲ တစ်ခု

Credit : http://www.oppositeyes.info/2013/05/blog-post_3639.html

တွံတေး-ဒလ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်၊ ခရီးသည် ၁၅ဦး ဒဏ်ရာရ



တွံတေး-ဒလ ကားလမ်းပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွား ခဲ့၍ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွံတေး မြို့နယ်ရဲစခန်းမှ သိရသည်။

“တွံတေးဆေးရုံကို ခရီးသည် (၁၅)ဦး ပို့ထားတာ၊ အခုတော့ ရန်ကုန်ဆေးရုံကို ရှစ်ဦး လွဲပြောင်းပေး ထားတယ်”ဟု တွံတေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းဌေးက ပြောကြားသည်။

တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုရွာအနီးတွင် ဟိုင်းလတ်ကား အဖြူရောင်သည် ဒလမှ ဘုရားကြီး ကျေးရွာသို့ သွားစဉ် ရှေ့ဘီးပေါက်၍ လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တွံတေး-ဒလ ကားဂိတ်မှူး ကိုသက်နိုင်က “ကားပေါ်မှာ ခရီးသည်(၂၀) လောက်ပါမယ်ထင်တယ်။ ကား ဆရာကိုတော့ ရဲစခန်းက ထိန်းသိမ်းထားတယ်”ဟု ပြောကြားသည်။

ယာဉ်မောင်အား ပုဒ်မ (၃၃၇/၃၃၈)အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်ရဲစခန်းမှ သိရသည်။

Credit : http://burmamuslim.wordpress.com/

ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး



နှစ်ပေါင်း အစိတ်လောက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ တပ်ဦး ကျောင်းသား တပ် မတော် (ABSDF) နဲ့ မြန်မာ အစိုးရတို့ကြား ငြိမ်း ချမ်းရေး အတွက် ဆက်လက် ဆွေးနွေး သွားဖို့ သဘောတူ ခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်း ချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက် သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် ABSDF ဗဟို က ခေါင်းဆောင် တချို့ဟာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆဲနိုင်ရေးကို ဦးတည်တဲ့ နိုင်ငံရေး အလုပ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးတော့ ဒီကနေ့မှာပဲ ၀န်ကြီးဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာက ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးစကား ပြောခဲ့ကြတာပါ။

နိုင်ငံရေးတွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာဖို့ အရေးအတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ အလေးအထား ပြောကြားခဲ့သလို ဒီကနေ့ညနေပိုင်း အထိလည်း မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ လက်တွေ့ဖြစ်လာနိုင်မယ့် ဆွေးနွေးမှု ပုံစံတွေကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောပါတယ်။

“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေး ပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေး တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေး အတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ် ဖြစ်ပြီးတော့ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတချို့ ပြည်တွင်းမှာ နိုင်ငံရေးစကား ပြောတာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ် ပါတယ်။

ကျောင်းသားတပ်မတော် ABSDF ဗဟိုရဲ့ ညွှန်ကြားမှုနဲ့လာတဲ့ ဒီအဖွဲ့ဟာ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ရည်သန်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးတွေ ကျယ်ကျယ်ပြန်ပြန့် ဖြစ်လာဖို့အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီက ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

“ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာသွားမယ်၊ ညှိနှိုင်းဆွေးနွေးမှုကနေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ ကြိုးစားတဲ့ အနေနဲ့ ဒီကနေ့ ဆွေးနွေးပွဲတွေကို ကျနော်တို့ သွားနေကြတာဖြစ်ပါတယ်။ ကျနော်တို့ ABSDF အနေနဲ့ ဆွေးနွေးပွဲရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထပ်ပြီးတင်ပြချင်ပါတယ်။ အဲဒါကတော့ ပထမတချက် အနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ သွားချင်ပါတယ်။ နံပတ် ၂ ကတော့ ကျနော်တို့ တတိုင်းပြည်လုံး ပါဝင်တဲ့ အင်အားစုများ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးပါ။ တတိယအချက် အနေနဲ့ကတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမ ခံချက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ် အရေးပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအ၀င်၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက် ၃ ခုအောက်မှာ ဒီကနေ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကို လုပ်နေတာပါ။”

အခုလို ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးဖို့ လာရောက်တဲ့ ABSDF ခေါင်းဆောင်ပိုင်းတွေဟာ အစိုးရစစ်တပ်နဲ့ ABSDF ကြားက တိုက်ပွဲ အမြန်ရပ်ဆဲနိုင်ဖို့တွေ သာမက စစ်တပ်နဲ့ တိုင်းရင်းသားတွေ အကြားမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်ရေး အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဦးဆန်နီ ကပြောပါတယ်။

ကျောင်းသားတပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာငြိမ်းချမ်းမှု ဖော်ဆောင်ရေး အကျိုးဆောင်တွေ တွေ့ဆုံမှု အပြီးမှာတော့ ၂ ဖက်ဆွေးနွေးပွဲရဲ့ ရလဒ်ကို ကျေနပ်အားရမှု ရှိတယ်လို့လည်း မြန်မာငြိမ်းချမ်း ရေးစင်တာက အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ ကပြောပါတယ်။

“ဆွေးနွေးရတာ သိပ်အခက်အခဲ မရှိပါဘူး။ ကျနော်တို့ သတင်းစကား ဖလှယ်တာ၊ နောက် အကြံဥာဏ်၊ ရှေ့မှာဖြစ်နိုင်တဲ့ဟာတွေ ဆွေးနွေးတာဖြစ်တော့ အများကြီး ကျေနပ်ပါတယ်။ ကျနော်လည်း အားရတာ ရှိပါတယ်။ သူတို့လည်း အဲဒီလိုပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က သိမ်မွေ့တာပေါ့လေ။ နူးညံ့တယ်။ အားလုံးပါဝင်တဲ့ ဒိုင်ယာလော့ကို သွားဖို့ ဆိုရင်တော့ ဒီအင်အားစု တွေအားလုံး ပါနိုင်လေလေ၊ ပိုအဓိပ္ပါယ်ရှိပြီးတော့ ပိုပြီးတော့ အားလုံးဆွေးနွေးနိုင်မယ့် အနေအထားမျိုးကို ကျနော်တို့ကတော့ မှန်းဆထားပါတယ်။”

ABSDFဗဟိုရဲ့ စေလွှတ်မှုနဲ့ ပြည်တွင်းကိုရောက်ရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ၅ ဦးဟာ မေလ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီးတော့ မေလ ၂၀ ရက်နေ့မှာ ပြန်လည် ထွက်ခွာတော့မှာ ဖြစ်တယ်လို့လည်း ဦးဆန်နီကပြောခဲ့တာ ဖြစ်ပါတယ်။

Credit : http://www.mnews.myanmaronlinecentre.com/archives/27012

စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်၊ငှက်မြတ်နားတော်အသစ်တင်လှူ

ရတနာပုဏ္ဏ၀ရဌာနဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တ လေး)စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲအချိန်က အဆိုပါစေတီတော်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။


အသစ်တင်လှူသောစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို အများ ပြည်သူတို့၏ ကုသိုလ်ကောင်းမှုဖြင့် တင်လှူခြင်းဖြစ်ကာ စိန်ဖူး တော်တွင် ရွှေ ၁၂၆ ကျပ်သား၊ ရတနာမျိုးစုံ (၆၅)ခုနှင့် ငှက်မြတ်နား တော်တွင်ရွှေ ၁၅၂ကျပ်သား၊ ရတနာမျိုးစုံ ၆၈၃ ခု တို့ကုသိုလ်ပြု လှူဒါန်းထားခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ငွေသား၁၇၁ သိန်း တို့ကိုလည်း အများပြည်သူတို့ ၀င်ရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ဘုရား ဒါယကာ သံဃာတော်အရှင်သူမြတ်တို့ က ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြ ကြောင်းသိရသည်။

ထို့နောက် အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မိုးထိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥာဏအရှင်သူမြတ်ထံ မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကားများက ပရိတ်ပန်း ၊ ပရိတ်ရေ၊ ပရိသဲနှင့် ပရိတ်ချည်များကိုသံဃာတော်များထံ ဆပ်ကပ်၍ ပရိတ်တော်များနာယူပြီး ပရိတ်ပန်း၊ ပရိတ်ရေ ၊ ပရိတ်သဲနှင့် ပရိတ်ချည်များကို စေတီတော်ရင်ပြင်၌ပက်ဖြန်းကြကာ ဘုရားဒကာ များက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ရွှေကြာသင်္ကန်းနှင့် သာသနာ့ အောင်လံတို့ကို ဆရာ တော်များထံ ဆပ် ကပ်ကြကြောင်းသိရသည်။ 

ဆက်လက်၍ ဘုရားဒါယကာ၊ ဒါယိကာများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအားလက်ျာရစ်တစ်ပတ်လှည့် ပူဇော်ကာ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ကြပြီး အများပြည်သူတို့က စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ကြရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဘုရား ဒါယကကာ များက စေတီအထွဋ်သို့တက်ရောက်ပြီး တပ်ဆင်ပူဇော်ကြ၍ ပရိတ်နံ့သာရေတို့ဖြင့် ပက်ဖြန်း ပူဇော်ခဲ့ကြကြောင်းသိရသည်။ 

ထို့နောက်ဆရာတော်ကြီးများအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနိုင်ငံတော်သြ၀ါဒစရိယ၊အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ မဟာ ဒ္ဓမ္မဇော်တိက ၊မြတောင်ကျောင်းတိုက်၊ ရွှေဝါ၀င်းကျောင်း သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသထံမှ အနုမောဒနာတရားနာကြာ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံး ကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားသို့ မိုးထိကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမ ဟာဘဒ္ဓမ္မဇောတိက ၊နိုင်ငံတော် သြ၀ါဒစရိယ ဘဒ္ဓန္တဥာဏ အမှူးပြုသောပင့်သံဃာ (၁၈)ပါး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးကျော်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများသက်ဆိုင်ရာတာဝန်ရှိသူများ မြီု့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ၀တ်အသင်းများနှင့် အလှူရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/20854

ကျွဲနွားများရှားပါးလာမှုကြောင့် တောင်သူအချို့ခေတ်မီလယ်ယာသုံးထွန်စက်များအားဝယ်ယူသုံးစွဲမှုရှိလာ

ကောလင်း၊ ၀န်းသို၊ ပင် လည်ဘူးကျေးလက် ဒေသ အချို့ ၌ ကျွဲနွားများအား တရားမ၀င် တရုတ်နိုင်ငံသို့ ၀ယ်ယူတင်ပို့ရန် အတွက် ကျွဲနွားများအား ဈေး မြင့်မား စွာ ၀ယ်ယူနေကြသဖြင့် ကျေးလက်နေတောင်သူအချို့ သည် စားဝတ်နေရေးအခက်အခဲအမျိုး မျိုးနှင့် ငွေကြေး ကျပ်တည်းမှုများ ကြောင့် ရောင်းချလျက်ရှိသည်။


ထိုသို့ရောင်းချပြီး ငွေကြေး အဆင်ပြေလာသည့်အခါ လယ် ယာလုပ်ငန်းခွင့်သုံးရန် ကျွဲနွားများ ပြန်ဝယ်ပါက မိမိရောင်းချသည့် ဈေးထက် ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူရန် အခက်အခဲများဖြစ် ပေါ်သောကြောင့် ယခုအခါ ကောလင်း၊ ၀န်းသိုမြို့ပေါ်ရှိ လယ် ယာသုံး ထွန်စက်များ အရောင်း ဆိုင်တွင် ၀ယ်ယူလျက်ရှိကြောင်း တွေ့မြင်နေရသည်။

““ကျွဲနွားတွေကိုဖြစ်နိုင်ရင် မရောင်းချင်ပါဘူး။ ကျွဲနွားတွေ ဆိုတာ ဘိုးဘွားစဉ်ဆက် လက် ထက်က တည်းက လယ်သမား တွေကို အလုပ်အကျွေးပြုတဲ့ ကျေးဇူးရှင်တွေဖြစ်တာကြောင့် လယ်ဧကနည်းသူအချို့ ကျွဲနွား တွေကို မရောင်းချဘဲ လယ်ယာ လုပ်ငန်းခွင်တွေကို လုပ်ကိုင်နေ ကြသလို အချို့ကလည်း ကျွဲနွား တွေရောင်းချပြီး လယ်ယာသုံး ထွန်စက်တွေကိုဝယ်ယူတဲ့သူတွေ ရှိပါတယ်””ဟု ၀န်းသိုမြို့နယ် ကျုံးကြီး ကျေးရွာမှ တောင်သူ တစ်ဦးက ပြောသည်။

““အခုလို လယ်ယာသုံးထွန် စက်တွေပေါ်လာတာ ကျွန်တော် တို့လို လယ်ဧကများတဲ့လူတွေ အတွက် အဆင်ပြေပါတယ်။ ကျွဲ နွားတွေနဲ့လုပ်တယ်ဆိုတာ လယ် (၁)ဧကကို (၃)ရက်လောက်နဲ့ လုပ်ကိုင်နေရပြီး လယ်ယာသုံး ထွန်စက်နဲ့လုပ်တာက (၁)ရက်ကို (၅)ဧက၊ (၆)ဧကလောက် ပြီးပါ တယ်။ ကျွဲနွားတွေနဲ့ လုပ်ကိုင်ရ တဲ့အခါမှာ နွားကျောင်းရတာတို့ နွားစာကျွေးရတာတို့ရှိတော့ လူပို မရှိရင် အခက်အခဲတွေ တွေ့ကြ ရတာပေါ့။ အခု လယ်ယာသုံး ထွန်စက်တွေနဲ့ လုပ်ကိုင်ကြတော့ အချိန်ကုန်လူပမ်းမဖြစ်ဘဲ အခြား ငွေရေးကြေးရေးရှာချိန်ရတာပေါ့ အခုလက်ရှိမှာ ကျွန်တော်တို့ တောင်သူတွေ အသုံးများတာ ကတော့ ရွှေကျွဲ(ဂွန်ဒေါင်း)(၂၁) သိန်းတန်ကို ရုန်းအားကောင်းပြီး အကြမ်းခံလို့ အ၀ယ်များပါတယ်”” စု ကောလင်း မြို့နယ် အင်ပင် သာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ ကောလင်းမြို့ ထူး မိသားစုလယ်ယာသုံးထွန်စက် အရောင်းဆိုင်တွင် ၀ယ်ယူသည့် တောင်သူ များပြားလာပြီး ဈေး နှုန်းများမှာ ရွှေကျွဲ(JN) JIE NENG (၁၅)သိန်း (၅)သောင်း၊ ရွှေကျွဲ (DF) DONG FENG(၁၆)သိန်း (၅)သောင်း၊GN 20K GONG NONG(၂၁)သိန်း (၅) သောင်း၊ွGN 18 GONG NONG (၂၃)သိန်း (၅)သောင်း ဖြင့် တောင်သူများအကြိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/20818

လက်နက်စွန့်မွန်ခွဲထွက်အဖွဲ့၏ဥပဒေရေးအခက်အခဲလွှတ်တော်သို့တင်ပြနိုင်ရေးတရားဥပဒေစိုးမိုးရေးကော်မတီဝင်ကူညီမည်

လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ငြိမ်းချမ်းစွာဖြင့် စီးပွား ရှာရပ်တည်နေသော မွန်ပြည်သစ် ပါတီ(ခွဲထွက်)အဖွဲ့ပိုင် နေအိမ် အမှုကိစ္စဖြစ်နေခြင်းနှင့် ပတ်သက် ၍ ခွဲထွက်ခေါင်းဆောင် ဦးနိုင် စိုက်ချမ်းမှ တိုင်းရင်းသားများ အပေါ် တရားရေးအနိုင်ကျင့် သည် ဟုဆိုလာသည့်အတွက် ယင်းကိစ္စအား လွှတ်တော်သို့ တင်ပြနိုင်ရေးနှင့် သမ္မတကြီးဦး ဆောင်နေသော ငြိမ်း ချမ်းရေး လမ်းစဉ်အား အနှောင့်အယှက် မဖြစ်စေလို သည့်အတွက်မိမိအနေ ဖြင့် တရားဥပဒေစိုးမိုးရေးလမ်း ကြောင်းမှ ရပ်တည်ကူညီသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ၀င် ဒေါ်လဲ့လဲ့ဝင်းဆွေကဆို သည်။


““ငြိမ်းချမ်းရေးနဲ့ လက်နက် လဲလှယ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ တွေကို ကျွန်မတို့အနေနဲ့ လေး စားတယ်၊ ကြိုလည်းကြိုဆိုတယ်။ ဒါမျိုးတွေအများကြီးဖြစ်လာဖို့ လည်း လိုတယ်။ 

ဒါမှ တစ်နိုင်ငံ လုံးတည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးရေးက ပိုမိုကောင်းမွန် လာမယ် ခုကျွန်မဆီကို လက်နက် စွန့်တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မွန်ခွဲထွက် (ဥက္ကဋ္ဌ)ဦးနိုင်စိုက်ချမ်း လာ ရောက်ပြီးအကူအညီ တောင်း တယ်။ သူ့ရဲ့ပြောပြချက်အရ သူ့အနေနဲ့ ၀ယ်ယူပိုင်ဆိုင်ထားပါ လျက် ၀ရမ်းလာတဲ့အတွက်ရယ်၊ အိမ်တန်ဖိုးထက်သုံးဆကျော် တရားစာရိတ်ကုန်ကျခဲ့တယ်ဆိုပြီး သိရတယ်။ သူ့အနေနဲ့ကလည်း သူတို့အဖွဲ့အစည်းပိုင် အိမ်တစ်ခု ထဲကိုပဲ ပြောချင်တာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ကြီး ကောင်းမွန်ဖို့၊ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ ဥပဒေ အကာအကွယ်ရဖို့ လာ ဆွေးနွေးတာဖြစ်ပါတယ်။ တရား ဥပဒေစိုးမိုးရေးဆိုတာ တစ်နေရာ ထဲမှာဖြစ်နေ လို့မရဘူး။ တစ်နိုင်ငံ လုံးက ပြည်သူတွေ၊ တိုင်းရင်း သားညီကိုမောင်နှမတွေအားလုံး အပေါ်မှာ ဖြန့်ကြတ် မှုရှိရမယ်။ တရားရေးနဲ့ပတ်သက်ရင်လည်း ငွေများတရားနိုင်ဆိုတာမျိုး မဖြစ် စေချင်ဘူး။ ခု ဦးနိုင်စိုက်ချမ်း ကိစ္စကိုလည်း လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကူညီပေးသွားမှာပါ””ဟု ဒေါ်လဲ့ လဲ့ဝင်းဆွေ ကပြောသည်။

ကာယကံရှင်ဖြစ်သူ မွန်ခွဲ ထွက်ခေါင်းဆောင်ဦးနိုင်စိုက်ချမ်း မှလည်း မိမိအနေဖြင့် အမျိုးသား ညီလာ ခံကြီး၌ ပါဝင်လက်မှတ်ထိုး ခဲ့သူတစ်ဦးဖြစ်သည့်အပြင် သမ္မတကြီးဦးသိန်းစိန်၏ ငြိမ်းချမ်း ရေးလမ်းစဉ်အား ယုံကြည်သည့် အတွက် လက်နက်စွန့်လာသူဖြစ် ကြောင်း သို့သော်လည်း မိမိတို့ အဖွဲ့အစည်းပိုင် အိမ်မြေ ကိစ္စ တရားရေးဆုံးဖြတ်ချက်အချို့ ကြောင့် နစ်နာရသဖြင့် တိုင်းရင်း သားအခွင့်အရေးဆိုသည်ကား ယုံကြည်ရန် မချင့်မရဲဖြစ်စေ ကြောင်းHot News သို့ ပြော ကြားသွားသည်။

Credit : http://www.hotnewsweekly.com/archives/20831

၁၅၀၀ ဖုန်းအင်တာနက် လျှောက်ထားသူနည်းပါး

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ မှတဆင့် ရောင်းချပေးခဲ့သော ၁၅၀၀ ဖုန်းများ အင်တာနက် လျှောက်ထားအသုံးပြုသူများနည်း ပါးနေ ကြောင်း သိရသည်။


အဆိုပါကဲ့သို့ နည်းပါးရခြင်း အကြောင်းကိုLu Lay ဖုန်းဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

““အခုလောလောဆယ်မှာ တော့ ၁၅၀၀ ဖုန်းတွေကို အင် တာနက် လာလျှောက်တဲ့သူတွေ နည်းသေးတယ်။ နောက်ပြီးတော့ ၁၅၀၀ ဖုန်းကိုင်တဲ့သူအများစုက တန်ဖိုးနည်းဟန်းဆက်တွေကိုသာ ၀ယ် ကိုင်ကြတယ်။ အစ်ကိုတို့ ဆိုင်မှာလည်း တန်ဖိုးနည်းဟန်း ဆက်တွေပဲရောင်းရတယ်””ဟု ပြောကြားခဲ့သည်။

မြန်မာဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ၁၅၀၀ ဖုန်း များအင်တာနက်လျှောက်ထား ခြင်းနှင့် ပတ်သက်၍ ပြောကြား ရာတွင်- ““၁၅၀၀ တန်CDMA 800 MHzဖုန်းတွေက အင်တာနက် လျှောက်ထား လို့ရပါတယ်။ ဒီဖုန်း တွေကို စရောင်းလိုက်ထဲက အင်တာနက်လျှော်ကထားခွင့်ကို မေးခဲ့တာပါ။ တကယ်လို့ လျှောက်ချင်ရင် တိုင်းမန်နေဂျာ ရုံးမှ လျှောက်ထားလို့ရပါတယ်”” ဟု ပြောကြားခဲ့သည်။

ရွှေဂုံတိုင်ရုံးရှိ ဖုန်းပွဲစားတစ် ဦးမှ ပြောကြားရာတွင်လည်း ““အစ်မတို့ဆီမှာ ၁၅၀၀ ဖုန်းတွေ ကို အင်တာ နက်လာလျှောက်တဲ့ လူတွေနည်းတယ်။ အရင်၂ သိန်း တန်ဖုန်းတွေကိုသာ အင်တာနက် လျှောက်တဲ့ သူတွေ များတယ်။ ၁၅၀၀ တန်ဖုန်းတွေကို အင်တာ နက်လျှောက်ချင်တယ်ဆိုလည်း လုပ်ပေးပါတယ်””ဟု ပြောကြားခဲ့ သည်။

http://www.hotnewsweekly.com/archives/20835

အာရှကမ္ဘာမြေသတ္တုတူးဖော်ရေးကုမ္ပဏီမှ ရွှေသတ္တုတွင်းပြိုကျမှုဖြစ်စဉ်

အာရှကမ္ဘာမြေသတ္ထုတူးဖော်ရေး ကုမ္ပဏီမှ တရား ၀င်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေပုန်းမင်းဒေသ ရွှေသတ္ထုတွင်းပြို ကျမှုဖြစ်စဉ်အား စာနယ်ဇင်းရှင်း လင်းပွဲကို (၁၇) ရက်မွန်းလွဲ (၂) နာရီတွင် ရန်ကုန် မြို့၊ ကျောက်တံ တားမြို့နယ်ရှိ Sakurna Tower ၌ ကျင်းပခဲ့သည်။


မေလ (၂) ရက် ညသန်းခေါင် ယံအချိန်တွင် အထက်ပါရွှေသတ္တု တူးဖော်ရာဒေသတစ်ဝိုက်တွင်း ရုတ်တစ်ရက်လေဆင်နှာမောင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေများ ကြောင့် ရွှေတွင်းမြေပျိုကျမှုနှင့် သစ်ပင်ကြီးများလဲကျမှုကြောင့် လူ (၁၇) ဦးသေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ပုံ၊ လေပြင်မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများ နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်ခဲ့ပုံများကို သတ္တုတူး ဖော်ရေးကုမ်္ပဏီဥက္ကဋ္ဌဦးမြင့်ဦးက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ သည်။

အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီသည် ယင်းလုပ်ကွက်မြေနေရာကို သတ္ထုတွင်း ၀န်ကြီးဌာန၏တရားဝင် လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်တွင် တင်ဒါစနစ်အရယှဉ်ပြိုင်၍ ငါးနှစ် သက်တမ်း (၄) ကြိမ်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းများစတင်ခဲ့ကြောင်း ကုမ္ပဏီအနေဖြင့် နိုင်ငံတော်သို့ (၅) နှစ်တာကာလအတွင်း ရွှေပိဿချိန် (၁၃၅၀) ကျော်ပေး သွင်းရမည်ဖြစ်ကြောင်း ယခင်က လုပ်သား အင်အား ၆၀၀ ကျော် ၇၀၀ ခန့်ဖြင့် လုပ်ကိုင်နေသော် လည်း မုန်တိုင်းအန္တရာယ်ကျ ရောက်ပြီးနောက် လုပ်သား (၁၂၀) ဦးနှုတ်ထွက်သွားသဖြင့် ယခုအခါ လုပ်သား (၅၆၀) ခန့်သာရှိတော့ ကြောင်း မိုင်းတွင်း လုပ်သားများ မရှိသလောက်ဖြစ်ခဲ့ပြီး အကျိုးတူ ပူးပေါင်းထုတ်လုပ်သည့်လုပ်ကွက် ငယ် (ဒေသအခေါ်အင်း) တစ်ခု တွင် လုပ်သား ၆၀-၇၀ မှ ၂၀-၃၀ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းအခြေ အနေပေါ်မူတည်၍ လုပ်သား အနည်းအများရှိကြောင်း ယျေဘု ယျအားဖြင့် လုပ်သား ၅၀၀ ကျော် ၆၀၀ ခန့်ရှိပါကြောင်း မုန်တိုင်းနှင့် မိုးရွာသွန်းမှုကြောင့် တောင်ကျရေ စီးရာရေလမ်းကြောင်းများကို (၁၂) ပေအထိချဲ့တွင်ထားသလို အပေါ်ပိုင်းဝိတ်များသော သစ်ပင် ကြီးများကိုလည်း သစ်တောဦးစီး ဌာနသို့တင်ပြ၍ညွှန်ကြားချက် အညီအကိုင်းအခက်များခုတ်တွင် ၍ လေဒဏ်မိုးဒဏ်ခံနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရွှေသတ္ထုတွင်းပြိုကျမှုဖြစ်စဉ် တွင် ကွယ်လွန်သွားသော ကုမ္ပဏီ ၀န်ထမ်း (၄) ဦးအတွက် တစ်ဦး လျှင် ကျပ် သိန်း ၂၀ နှင့် ၁၀ သိန်း အကြားပေးအပ်ပြီးဖြစ်ကြောင်း ကျန်လုပ်သား (၁၃) ဦးအတွက် (၅) သိန်းကျပ်စီ ပေးခဲ့ပြီး ဆေးရုံ တက်ရောက်နေသောလူနာများ အတွက်လည်း ကြည့်ရှုထောက်ပံ့ ပေးခဲ့ကြောင်း ကုမ္ပဏီ၏မန်နေဂျင်း ဒါရိုက်တာဦးအောင်ကျော်စိုးက ပြောကြားသည်။

Credit : http://www.hotnewsweekly.com/archives/20827

အသုံးချခံအဖြစ် ပါဝင်နေသူများအား ပါတီအဖြစ်မှ ရပ်စဲသည်အထိNLD အရေးယူသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲမ၀င်မီကာလ အထိ ပါတီတွင်း၌ အခြားခြား သော အဖွဲ့ အစည်းများ၏အသုံး ချခံသတင်းပေးများရှိခဲ့ပြီး ယခု လက်ရှိအခြေတွင်လည်း ရှိနေနိုင် သည့်အတွက် ယင်းသို့သော အခြားအဖွဲ့အစည်းများ၏ အသုံး ချခံအဖြစ် ပါဝင်နေသူ၊ အဖွဲ့ အစည်းတွင်းသတင်းများ အခြား အဖွဲ့အစည်းများသို့ လျှို့ဝှက်စွာ ပေးပို့နေသူများအား စိစစ်တွေ့ရှိ ပါက ပါတီစည်းကမ်းထိန်းသိမ်း ရေးမှ ပါတီဝင်အဖြစ်မှ ရပ်ဆိုင်း သည်အထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က ပြောသည်။


““အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဦး တည်ချက်နဲ့ထုတ်ပြန်ထားတဲ့ မူဝါဒတွေအရ ဒီလိုမျိုးလုပ်တာ ကို လုံးဝလက်မခံ ပါဘူး။ ပါတီ တွင်းစည်းလုံးညီညွတ်ရေးဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အချို့သော ကိစ္စရပ်တွေ ကြောင့် ပါတီဝင်အယောင်ဆောင် အချို့ကြောင့် ပါတီတွင်းစည်းလုံး မှုထိခိုက်တာမျိုး လုံးဝအဖြစ်မခံ ဘူး။ ပြောရရင် အရင်တုန်းကဆို အန်ကယ်တို့ထဲမှာ တပ်က တို့ အခြားအဖွဲ့အစည်းတွေက တို့ လျှိုပြီးထည့်ထားတာ သတင်းပေး သတင်းယူဖို့ ထည့်ထားတာ အများကြီးပဲ အဲဒါကြောင့် အဲဒီ အဖြစ်တွေကို စံနမူနာယူပြီး ခု ချိန်မှာ သေချာစိစစ်ပြီး ဒီလိုဖြစ် မှာကို လုံးဝလက်မခံဘူး။ အဖွဲ့ ချုပ် အဖွဲ့ဝင်တစ်ယောက်ဟာ ဒီလိုမျိုးဖြစ်နေခဲ့မယ်၊ ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုရဲ့ အသုံးချခံ ဖြစ်နေမယ်ဆိုရင် ပါတီ စည်းကမ်းထိန်းသိမ်းရေးက အရေးယူသွားမှာပါ”” ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောသည်။

ဆက်လက်၍ ဦးဝင်းမြင့်မှ ပြောကြားရာ၌ လက်ရှိအနေ အထားအရ အဖွဲ့ချုပ်တွင်း စည်း လုံးညီညွတ် ရေးမှာ အလွန်အရေး ကြီးလျက်ရှိနေပြီး အဖွဲ့ဝင်တွင်း စည်းလုံးမှုအတွက်နှင့် လူထု၏ အမြင်၌ အယုံ အကြည်ကင်းမဲ့စေ နိုင်သော အပြုအမူမျးအား လုံးဝ လက်ခံမည်မဟုတ်ဘဲ အရေးယူ သွားပြီးဘာသာရေး၊ လူမှုရေးလှုံ့ ဆော်မှုများ၌ ပါဝင်နေသူရှိပါ ကလည်း အရေးယူသွားမည်ဟု သိရသည်။

ခန့်ခန့်(ဒဿနိက)

The Hot News

မြန်မာ့နွေဦး၊ ထိုင်းပေါ်လစီ အရွေ့နှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာ

(စကားဦး- ယခုဆောင်းပါးမှာ "Bangkok Post” တွင် ဖော်ပြပါရှိသော “Thailand, Myanmar share common destiny” ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြထားခြင်း ဖြစ်ပါသည်။ မူရင်းစာရေးသူမှာ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး ညွှန်ကြားရေးမှုး၊ တွဲဖက်ပါမောက္ခ Thitinan Pongsudhirak ဖြစ်ပါသည်။ ဘာသာပြန်သူအနေနှင့် မူရင်းစာရေးသူနှင့် သဘောတူခြင်း၊ မတူခြင်းထက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများအပေါ် မြန်မာနိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒဆိုင်ရာ တုံပြန်မှုကို ရိပ်စားမိစေလိုသည့် သဘောထားစေတနာ ရှိပါသည်။ အထူးသဖြင့် မြန်မာ့နွေဦးအပေါ် ဒေသတွင်းနိုင်ငံများ၏ ပေါ်လစီ အရွေ့ကို မြန်မာ့နိုင်ငံရေးနောက်ခံကားတွင် တင်ကြည့်နိုင်လျှင် တစုံတရာ အကျိုးရှိမည်ဟု ယူဆ ပြန်ဆို ခြင်း ဖြစ်ပါသည်။)


ထိုင်းနိုင်ငံ၏ သမိုင်းကို ပြောကြသည့်အခါတိုင်း လိုသလို ချဲ့ကားဖွင့်ဆိုကြသည့် ကိစ္စတစ်ခုမှာ ထိုစဉ်က ထိုင်းနိုင်ငံ၏ မြို့တော် အယုဒ္ဓယကို မြန်မာတပ်များ ဖျက်ဆီး ဖြိုလှဲလိုက်ပြီး ခုနှစ်လအကြာ၊ ၁၇၆၇ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံရပ်တည်လာခဲ့သည် ဆိုသော ကိစ္စပင်ဖြစ်သည်။

အယုဒ္ဓယပျက်ပြီး ထိုင်းနိုင်ငံကို ပြန်လည်စုစည်းနိုင်ခဲ့ခြင်းမှာ တက်ဆင်ဘုရင်၏ ထူးခြားသော ရဲစွမ်းသတ္တိ၊ စစ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ ကျင်လည်လိမ္မာမှုနှင့် စုစည်းနိုင်မှုကြောင့်ပင်ဖြစ်သည်ဟု ဆိုကြပါသည်။ ဤကိစ္စမှာ တစ်ပိုင်းတစ်စ မှန်သည်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ယခင် အတိတ်ကာလက နှစ်ဘက်အပြိုင်အဆိုင်ဖြစ်ခဲ့သော၊ နက်နက်ရှိုင်းရှိုင်း နာကြည်းမုန်းတီးမှုများ ရှိနေခဲ့ ကြသော ထီးပြိုင်နန်းပြိုင် အင်ပိုင်ယာနှစ်ခုအဖြစ် တည်ရှိရပ်တည်ခဲ့ကြသည်ဆိုသော အချက်ကို အထင် အရှား မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်ကား နှစ်နိုင်ငံစလုံးပင် အတိတ်ကာလ နှင့် မတူတော့ဘဲ ခွဲထွက်ခဲ့ကြပြီ ဖြစ်သည်။ ယခင်က မတူသော အခြေအနေ၊ မတူသောကံကြမ္မာများနှင့် ဘားမားနှင့် ဆိုင်ယမ်ဟူ၍ ယှဉ်တွဲ ရပ်တည်လာခဲ့ကြသည့်တိုင် ယခု မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှာမူကား ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်၊ လူမှုတည်ငြိမ်မှုရရှိစေရန်နှင့် ရေရှည် တည်တံ့သည့်စီးပွားရေးဖွံ့ဖြိုးမှု ရရှိရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ရှာဖွေရ တော့ မည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

တက်ဆင်ဘုရင်အကြောင်း ပြောကြသည့်အခါတိုင်း မြန်မာတပ်များ အယုဒ္ဓယကို စစ်ချီနေဆဲ အချိန်တွင် မြန်မာနိုင်ငံသို့ မြောက်ဘက်မှ တရုတ်တပ်များ ဝင်ရောက် ကျူးကျော်လာကြသည်ဆိုသည့်အချက်ကို ယိုးဒယားရာဇဝင်တွင် တမင်ချန်လှပ်ထားလေ့ရှိပါသည်။ ဆင်ဖြူရှင်မင်းအနေဖြင့် ထိုသို့ ကျူးကျော်လာသည့် တရုတ်တပ်များကို ပြန်လည်ခုခံနိုင်ရေး အယုဒ္ဓယမှ တပ်များ ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခြင်းမပြုဘဲ အယုဒ္ဓယအ၇တွင်ရှိသော အလုပ်ကို လက်စသတ်ပြီးမှ ပြန်လည် ချီတက်လာရန် ညွှန်ကြားခဲ့သည်။ ဤတွင် အယုဒ္ဓယ ကျခြင်းပင်ဖြစ်သည်။ တချိန်က ရွှေထီးဆောင်းခဲ့သော အယုဒ္ဓယ နိုင်ငံတော်ကား ကျဆုံးသွားခဲ့ပြီ။ ထိုအခါမှ မြန်မာတပ်များ ပြန်လည်ထွက်ခွာ၍ တရုတ်တပ်များကို တိုက် ထုတ်ရသည်ဖြစ်ရာ အယုဒ္ဓယတွင် တပ်ငယ်တတပ်ခန့်သာ ချန်ထားနိုင်ခဲ့သည့်အတွက် နောင် ယိုးဒယား မင်း တက်ဆင်က ပြန်လည်တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းမင်းတက်ဆင်မှာ ယခုလက်ရှိ ချက္ကရီ မင်းဆက်မတိုင်မီ ၁၅ နှစ်တာမျှ ယိုးဒယားနိုင်ငံ(Siam)ကို အုပ်ချုပ်မင်းလုပ်သွားခဲ့သည်။

သမိုင်းကြောင်းအရ စစ်ပွဲများ၊ အနိုင်အရှုံးများအကြောင်း ပြောဆိုကြသည့်အခါတိုင်း မြန်မာက အမြဲလို ယိုးဒယား (Siam) အပေါ် အသာစီးမှ နေခဲ့သည်ချည်းသာဖြစ်သည်။ ၁၇ ရာစုအစောပိုင်း တိုတောင်း လှသည့် ကာလတစ်ခုတွင်သာ ယိုးဒယားမင်း နရဲစွမ်၏ စစ်ရေးဆိုင်ရာ မဟာဗျူဟာ ကျွမ်းကျင်လိမ္မာမှုနှင့် ယိုးဒယားတို့ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စစ်ချီတက်နိုင်ခဲ့ခြင်းသာ ယိုးဒယားတို့ဘက်က ပြန်လည် ပြောဆိုချေပစရာရှိပါသည်။ အင်ပိုင်ယာနိုင်ငံနှစ်ခုအဖြစ် အပြိုင်အဆိုင် ပြုခဲ့ကြသည့်အချိန်အများစုတွင် မြန်မာကသာ ယိုးဒယားဘက်သို့ စစ်ချီတက်လာလေ့ရှိပါသည်။ မြန်မာမှာ သဘောသဘာဝအားဖြင့်ပင် စစ်တိုက်၊ စစ်ထိုးလိုသောနိုင်ငံ (warrior state) ဖြစ်ပြီး ယိုးဒယားမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေးကိုသာ အဓိကဆောင်ရွက်လိုသောနိုင်ငံအဖြစ် အကောင်းဆုံး ဥပမာပြနိုင်သည့်နိုင်ငံဖြစ်သည်။ မြန်မာမင်းနိုင်ငံမှာ စစ်ပွဲများ၊ အောင်မြင်မှုများနှင့် ပြည့်နှက်နေခဲ့သော နိုင်ငံဖြစ်ပြီး တဖက်မှ ယိုးဒယားမင်းနိုင်ငံမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးအလုပ်ကိုသာ အလေးပေးဆောင်ရွက်ခဲ့သော နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ပထဝီအနေအထားများ၊ သမိုင်းကြောင်းအစဉ်အလာများအရ အထက်တွင် ဖော်ပြခဲ့သော မျိုးဗီဇ (DNA) များမှာ နှစ်နိုင်ငံပြည်သူများ၊ နှစ်နိုင်ငံရပ်တည်မှုအကြား တည်ရှိနေခဲ့ပြီး ထိုမျိုးဗီဇများကပင် ယနေ့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရောက်ရှိနေသော အနေအထားကို ရှင်းလင်းပြသနေခြင်းဟု ဆိုနိုင် မည်ဖြစ်သည်။

ပထဝီအနေအထားသည်လဲ အထူးအရေးပါ ပါသည်။ မြန်မာမှာ ထိုစဉ်က ဗြိတိသျှ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံနှင့် ကပ်လျက် တည်ရှိနေခြင်းဖြစ်ရာ၊ ၁၉ ရာစုအတွင်း ကိုလိုနီနယ်ချဲ့လိုသော ဗြိတိသျှနှင့် ဒေသတွင်း စစ်မင်းသဖွယ်ဖြစ်ခဲ့သည့၊် စစ်သွေးစစ်မာန်ကြွယ်သည့် မြန်မာတို့ သုံးကြိမ်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ရသည်။ သုံးကြိမ်စလုံးပင် မြန်မာ စစ်ရှုံးခဲ့ရာ ၁၈၈၅ တွင် မြန်မာမင်းဆက် ပျက်သုဉ်းသွားခဲ့ပြီး မြန်မာ့ဦးစွန်း မြေသို့ယွန်းခဲ့ရသည်။ တစ်ဖက်တွင်လဲ မြန်မာနှင့် အင်္ဂလိပ်အကြား မြန်မာ တစ်ခါ စစ်ရှုံးတိုင်း ယိုးဒယားက ဗြိတိသျှကို လိုက်လျှော စေ့စပ်မှုများ ဆောင်ရွက်ခဲ့ရလေ့ရှိပါသည်။ ၁၉၀၉ ခုတွင် ယိုးဒယားပိုင် မြောက်ပိုင်း မလေးပြည်နယ်များကို အင်္ဂလိပ်လက် အပ်ခဲ့ရသလို၊ မြန်မာနိုင်ငံကို အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ အုပ်ချုပ်မှုအောက် သွတ်သွင်းပြီးနောက် ယိုးဒယားတို့သည်လည်း အင်ဒိုချိုင်းနားဘက်မှ ဖိအားပေးလျက်ရှိသော ပြင်သစ်ကိုလိုနီများကို လိုက်လျှောမှုများ ပြုခဲ့ရသည်။ ၁၈၉၃ တွင် ပြင်သစ်တို့သည် ယနေ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကို အများစု သိမ်းပိုက်ထားပြီးဖြစ်သည်။ ဤသမိုင်းဖြစ်ရပ်တို့ကို ပြန်လည်ထောက်ရှုလျှင် စစ်သွေးစစ်မာန်ကြွယ်ဝသည့်အလျောက် အနောက် နိုင်ငံများမှ နယ်ချဲ့သမားများ၏ နယ်ချဲ့မှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံနှင့် ထိုနယ်ချဲ့မှုကို ကြံကြံခံရင်ဆိုင် မှုမရှိဘဲ လေယူရာတိမ်း၍ လက်တွေ့အကျိုးကို မျှော်သော၊ လွတ်လပ်ရေးမဆုံးရှုံးခဲ့ဖူးဟု ဆိုနိုင်သော ယိုးဒယားနိုင်ငံတို့အကြား သမိုင်းကြောင်းဆက်စပ်မှုများကို အထင်အရှား တွေ့မြင်ရမည်ဖြစ်သည်။

နှစ်ဆယ်ရာစုတွင်လဲ ဤနိုင်ငံ နှစ်နိုင်ငံအဖို့ မတူညီသော မုန်တိုင်းများ၊ အပြောင်းအလဲများ ရိုက်ခတ် ဝင်ရောက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၅၀ နှစ်များတွင် မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေး ပြန်လည် ရရှိလာခဲ့ပြီး ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသော အခြေအနေရောက်ရှိလာသော်လည်း ၁၉၆၂ တွင်မူ စီးပွားရေးအရ မည်သူ့ကိုမျှ မှီခိုခြင်းမရှိသည့် တံခါးပိတ်၊ စစ်အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ သွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့ပြီးနောက်တွင်မူ တုံ့ဆိုင်းသွားလိုက်၊ ပြန်လည်စတင်လာလိုက်နှင့် နိုင်ငံရေး၊ စီးပွားရေး တံခါးဖွင့်မှုများဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုတွင်မူ မြန်မာနိုင်ငံမှာ အတိတ်ကာလက ဝန်ထုပ်ဝန်ပိုးများ တလှေကြီးနှင့် အပြောင်းအလဲဆီ စတင်ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ မြန်မာတိုင်းရင်းသားများအရေးကလည်း အုပ်ချုပ်မှုနှင့် တည်ငြိမ်မှုအတွက် စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၁ သြဂုတ်လတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေးများ နောက်ပိုင်း ပေါ်ပေါက်လာသော ဘာသာရေးနှင့် လူမျိုးရေုးဆိုင်ရာ ပဋိပက္ခများတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခြင်း ခံရသော မြန်မာတို့၏ မသိစိတ်တွင် စွဲဝင်ကပ်ညှိနေသည့် သူများထက်သာသည်ဆိုသည့် ဘဝင်စိတ် (superiority complex) ပါဝင်ကောင်း ပါဝင်နိုင်ဖွယ်ရှိနေပါသည်။

တစ်ဖက်တွင်လည်း (၁၉၃၉ ခုနှစ်မှစ၍ ဆိုင်ယမ်(Siam)ဆိုသော အမည်မှ ထိုင်းနိုင်ငံ(Thailand)ဟု အမည်ပြောင်းခဲ့သော) ထိုင်းနိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့် အတူတူလောက်ပင် ၁၉၅၇ မှ ၁၉၈၈ ထိ အသွင်စုံ၊ အရောင်စုံ စစ်အုပ်ချုပ်ရေးများက အများအားဖြင့် အာဏာကို ချုပ်ကိုင်ကျင့်သုံးခဲ့ကြသည်။ သို့သော် ယင်းအုပ်ချုပ်ရေးများတွင် စီးပွားရေးကိုမူ တံခါးဖွင့်ထားခဲ့ကြပြီး ကုန်သွယ်မှုနှင့် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများကို အားပေးခဲ့ကြသည်။ ဤသည်မှာ ကိုလိုနီအဖြစ် သွတ်သွင်းမခံရခြင်းကြောင့်နှင့် နဂိုကပင် စီးပွားရေးဆောင်ရွက်လိုသော အထုံဗီဇကြောင့် ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိပါသည်။ အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများက နိုင်ငံ့စီးပွားရေးကို ဦးစီးရန် ဖွံ့ဖြိုးရေးနားလည်ကျွမ်းကျင်သည့် တက်ခနိုကရက်များကို လုပ်ဆောင်ခွင့်ပြုခဲ့ကြပြီး နှစ်လေးဆယ်ကျော်ကြာ စီးပွားရေးဖွံ့ဖြိုးမှုကြီးအတွက် လိုအပ်သည့် အခြေခံလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုစီးပွားရေးဖွံ့ဖြိုးမှုကြီးကပင် အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်လာသော ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်ကို ကူညီအားပေးမည့် လူလတ်တန်းစားအလွှာကို ကြီးထွား လာစေခဲ့သည်။ သို့ရာတွင် ယင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြီးမှာ အင်အားပြင်းထန်ပြီး ရရှိလာသည့် အကျိုးအမြတ်များမှာ အပေါ်ပိုင်းနှင့် အလယ်ပိုင်းရှိ ထိပ်တန်းအရာရှိကြီးများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများအတွက်သာ စုပုံနေခဲ့ရာ အောက်ခြေအဆင့်များသို့ ထိထိရောက်ရောက် အကျိုးပြုခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံ၏ ဆိုခဲ့ပါ အချိန်နှင့်အမျှ လူမှုမညီမျှမှုများနှင့် စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟမှု ကြီးမား ခြင်းတို့မှာ နောင်တွင် သက်ဆင်ရှင်နာဝပ်(ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း)အတွက် အမြတ်ထုတ်စရာ ဖြစ်လာခဲ့သည်။ သက်ဆင်ကို ဖယ်ရှားခဲ့သည့် ၂၀၀၆ စစ်အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေးမှာ အီလည်လည် အခြေအနေတွင် တန့်နေခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စ၍ သက်ဆင်လိုလားသူ နိုင်ငံရေး အင်အားစုများက ရွေးကောက်ပွဲများအားလုံးအနိုင်ရရှိခဲ့သော်လည်း နိုင်ငံကို အုပ်ချုပ်ဦးဆောင်ခွင့် မရရှိခဲ့ သလို သက်ဆင် ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများမှာလဲ သက်ဆင်ကို နိုင်ငံရေးတွင် မပါဝင်နိုင် အောင် စည်းခြားထားနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲအနိုင်ရအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။

လွန်ခဲ့သည့် ရာစုနှစ်များအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ လားရာလမ်းကြောင်း မတူညီခဲ့သော်လည်း ၂၁ ရာစု အဝန်းအဝိုင်းသစ်တွင်မူ မြန်မာ၊ ထိုင်း နှစ်နိုင်ငံ ပြန်လည် ချိတ်ဆက်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေနှင့် (လျှပ်စစ်ဓာတ်အားအတွက်) မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အပေါ်မှီခိုနေရပြီ ဖြစ်သလို လုပ်သားကိစ္စ၊ လုံခြုံရေး ကိစ္စ (ဥပမာ မူးယစ်ဆေးဝါး နှိမ်နင်းရေး)စသည့် ကိစ္စများတွင် မြန်မာ နိုင်ငံအပေါ် များစွာ မှီခိုနေရပြီဖြစ်သည်။

မြန်မာနိုင်ငံသာမရှိလျှင် ထိုင်းနိုင်ငံအနေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည်ဖြစ်သလို မြင့်မားသော လုပ်ခလစာများနှင့်လဲ ရင်ဆိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း နျူကလီးယားလက်နက် အစီအစဉ်များကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သလို အလုပ်သမားများ လွှဲပို့သော ဝင်ငွေများအပါအဝင် အကူအညီများ၊ ချေးငွေများ၊ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များနှင့် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များကို ထိုင်းနိုင်ငံထံမှ လက်ခံရရှိနေပြီဖြစ်သည်။ သာဓက ပြရလျှင် ထိုင်းနိုင်ငံဗဟိုဘဏ် (the Bank of Thailand) က မကြာသေးမီက မြန်မာကျပ်ငွေကို နှုန်းရှင်ထား သည့် ကိစ္စမျိုးတွင် ပါဝင်ကူညီခဲ့ခြင်းမျိုးပင်ဖြစ်သည်။

ထို့ပြင် မြန်မာအစိုးရနှင့် တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်နေသော ရှမ်း၊ ကရင်စသည့် တိုင်းရင်းသားလူမျိုးစုများကို ကူညီခြင်း၊ ထောက်ပံ့ခြင်းစသည့် နှစ်နိုင်ငံအကြား ကြားခံထားမူဝါဒ (buffer policy)ကို ထိုင်းနိုင်ငံအနေနှင့် တရားဝင် ဆက်လက်ကျင့်သုံးခြင်းမရှိတော့သလို လက်တွေ့တွင် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံမူဝါဒဆိုင်ရာ သဘောတူညီချက် (consensus) ရရှိနေပြီဟုပင် ဆိုရမည်ဖြစ်သည်။ လက်ရှိ ဝန်ကြီးချုပ် ယင်လတ်၏ အစိုးရပင်ဖြစ်စေ၊ အတိုက်အခံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ ၏ ၂၀၀၈-၂၀၁၁ အစိုးရကပင်ဖြစ်စေ၊ ထိုင်းအစိုးရများ၏ မြန်မာအရေးမူဝါဒမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်မှုများကို ကဏ္ဍစုံမြှင့်တင်သွားရန် ဆိုသည့် မူဝါဒပင် ဖြစ်သည်။ ဤဘုံသဘောတူညီချက်မျိုး ထိုင်းအစိုးရအနေနှင့် ကမ္ဘောဒီးယားမူဝါဒတွင် ကိုင်စွဲထားခြင်း မရှိ ချေ။

လောလောဆယ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသည့် ကိစ္စတစ်ခုမှာ ထားဝယ် စီမံကိန်းပင်ဖြစ်သည်။ ဤကိစ္စတွင် မြန်မာ ထိုင်း နှစ်ဘက်စလုံးအနေဖြင့် ရေရှည်စဉ်းစားသည့် အမြင် ရှုထောင့်မှ သုံးသပ်ဆောင်ရွက်ရန်လိုပြီး အသေးအဖွဲ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်၍ မျက်တောင်တဆုံးသာ ကြည့်ခြင်းမျိုး မပြုသင့်ဘဲ မျက်စိတဆုံး၊ ကဏ္ဍစုံ အရေးကြီးသည့် ကိစ္စများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ဒေါ်လာ ဘီလျှံချီသည့် ဤ စီမံကိန်းမှာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် အီတာလျှံ-ထိုင်း ဖွံ့ဖြိုးရေး (Italian-Thai Development) ကုမ္ပဏီက ၂၀၀၈ ခုနှစ်၌ ထားဝယ်တွင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသည့် စီမံကိန်း ရရှိခြင်းက အစပြုခဲ့သည်။ ထိုပရောဂျက် နှောင့်နှေးသွားသည်တွင် ယင်လတ်အစိုးရက ပခုံးပြောင်းတာဝန်ယူကာ၊ ပြည်သူဘဏ္ဍာများနှင့် ဝင်ရောက်ရင်းနှီးမြုပ်နှံပြီး ITD ကို အကျိုးအမြတ်ဖြစ်စေမည့် လုပ်ငန်းမျိုး ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် သက်ဆင်သည်လဲ ဤကိစ္စနောက်ကွယ်တွင် ပါဝင်နေသည်ဟု ယူဆရဖွယ်ရှိသည်။ သက်ဆင်ကလဲ ဤစီမံကိန်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဆိုပြိး ထိုင်းသင်္ကြန် ဆုန်ကရမ် ရက်များအတွင်း မြန်မာနိုင်ငံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ရှိနေသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ နက်ရှိုင်းစွာ ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွင်း ဘက်တဘက်ဘက်ကို ရပ်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြုမိသည့် အမှားမျိုး မပြုမိစေရန် မြန်မာအာဏာပိုင်များအနေနှင့်လည်း ကြိုးစားဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံအနေနှင့် ဘက်စုံဆက်ဆံခြင်းမျိုး၊ အဓိကအကျိုး စီးပွားစပ် ဆိုင်သူများအားလုံး ပါဝင်အောင် ဆက်ဆံခြင်းမျိုး ဖြစ်သင့်သည်။ ထိုင်းနိုင်ငံအနေနှင့်လဲ မြန်မာနိုင်ငံနှင့် အလားတူ ဆက်ဆံသင့်သည်။ ထိုင်းနိုင်ငံ အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စိတ်ကောင်းစေတနာ ကောင်းရှိကြောင်း ဆက်လက်ဖော်ပြရန် လိုအပ်သလို မြန်မာနိုင်ငံရှိ အဓိကအကျိုးစီးပွား စပ်ဆိုင်သူများ အားလုံး သဘောပေါက်နားလည်နိုင်နိုင်သည့် ဆက်ဆံရေးမျိုးကို ထူထောင်ရန်လိုအပ်သည်။ ထိုသို့ဆောင် ရွက်ရာတွင်လဲ မည်သည့် အစုအဖွဲ့ကိုမျှ မိမိ၏ စီးပွားရေးအကျိုးအမြတ်အပေါ်မူတည်၍ ပိုမို မျက်နှာသာပေး ဆက်ဆံခြင်းမျိုး မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

ကျယ်ပြန့်စွာ စဉ်းစားလျှင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ၏ အာဆီယံသို့သွားရာလမ်းကြောင်း (ကော်ရစ်ဒါ) ဖြစ်သလို မြန်မာနိုင်ငံ၏ လက်ရှိပွင့်လင်းလာသော အနေအထားက အရှေ့တောင်အာရှကုန်းပြင်ကို ကုန်ထုတ်လုပ်မှု GDP မြင့်မားလာစေရန် လက်ယပ်ခေါ်သည့်အနေအထားသို့ ရောက်ရှိလာစေခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံစုပေါင်းထားသော စားသုံးသူဈေးကွက်ကြီးမှာ ဗီယက်နက်၊ ယူနန်နှင့် မလေးရှားအချိတ်အဆက်များကို ထည့်သွင်းတွက်ချက်လျှင် သန်း ၃၅၀ ကျော် ကြီးမားသည့် ဈေးကွက်ကြီးဖြစ်သည်။ ဤအစုအဝေးကြီးမှာ မြေပေါ်မြေအောက် ကြွယ်ဝသည့် သယံဇာတများလဲ ရှိနေသလို၊ လမ်းပန်းဆက်သွယ်ရေးအရလဲ တိုးတက်လာတော့မည့် အခြေအနေရှိနေသည်ဖြစ်ရာ ဤဒေသကြီး၏ စီးပွားရေးမှာ သေချာပေါက် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာရှိနေပြီး ၂၀၁၅ အာဆီယံ ကတိကဝတ်များနှင့်လဲ ပတ်သက် ဆက်စပ်နေပါသည်။ အဓိက စိန်ခေါ်မှုတစ်ခုသာရှိပါသည်။ နိုင်ငံရေး…၊ ကြီးမားသည့်နိုင်ငံရေးလဲရှိသလို ခပ်သေးသေး နိုင်ငံရေးကိစ္စတွေလဲ ရှိနေခြင်းဖြစ်သည်။

ကြီးမားသည့်နိုင်ငံရေးကိစ္စမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အာဆီယံတို့က တဖက်တွင်ရှိနေသလို နှင့် တဖက်တွင် တရုတ် ရှိနေသည့် ပါဝါလွန်ဆွဲမှုများအကြား အရှေ့တောင်အာရှ ကုန်းပြင်၏ ပါဝါမျှခြေကို ဘယ်လိုထိန်းကြမလဲဆိုသည့် ကိစ္စ ဖြစ်သည်။ ဤဒေသမှာ သဘာဝအားဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု သြဇာအောက်တွင် ရှိနေသည်ဖြစ်သော်လည်း ဒေသတွင်းအကျိုးစီးပွားများကို အလုပ်ဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိသည့်အခြေအနေတွင် ဆောင်ရွက်သွားနိုင်ရန် တဖက်မှ အခြား အင်အားကြီးနိုင်ငံကြီးများက စောင့်ကြည့်ပေးရန် လိုအပ်မည်ဖြစ်သည်။ မည်သည့် အင်အားကြီးနိုင်ငံကိုမျှ အရှေ့တောင် အာရှကုန်းပြင်ကို လွှမ်းမိုးရန် ခွင့်ပြုနိုင်မည်မဟုတ်ချေ၊ ဤရည်မှန်းချက်ကို ရရှိအောင် ဆောင်ရွက်နိုင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံက အခြား အဓိကပလေယာများကို ထိန်းညှိပေးနိုင်သည့် အနေအထားတွင် ရှိနေသည်။

သေးငယ်သည့်နိုင်ငံရေးဆိုသည်ကတော့ အတွင်းပိုင်းပြဿနာများသာ ဖြစ်လိမ့်မည်။ မည်သို့သော အခက်အခဲ၊ အဟန့်အတားများနှင့် ကြုံရသည်ဖြစ်စေ၊ မြန်မာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုများ လမ်းချော်မသွားရန် လိုအပ်သလို၊ ထိုင်းဒီမိုကရေစီသည်လည်း ယခုအခြေထက် ပိုမိုကျစ်လျစ် သိပ်သည်းသော၊ ရွေးကောက်ပွဲဒီမိုကရေစီကို ကျော်လွန်သော အနေအထားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံး ဒီမိုကရက်တစ်အင်စတီကျူးရှင်းများကို ခိုင်မာအောင်တည် ဆောက်၍ အပြန်အလှန် ထိန်းညှိမှု (checks and balances)၊ ပြည်သူလူထု ပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ရှိလာစေရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ မတူသော ဒီမိုကရေစီခရီးလမ်းပေါ်တွင် ကွဲပြားသည့်အဆင့်နေရာများ၌ ရှိကောင်း ရှိကြမည်ဖြစ်သော်လည်း နှစ်နိုင်ငံ ဦးတည်ချက်များမှာ အထူးနီးစပ်လှသည်ဖြစ်ရာ ယခင် ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ဖူးသော နိုင်ငံနှစ်နိုင်ငံသည် ယခုအခါ ရွပ်ရွပ်ချွံချွံ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေ ရတော့မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

(Envoy ဂျာနယ် အတွဲ ၃၊ အမှတ် ၅၁၊ ၂၃.၅.၂၀၁၃ ကြာသပတေးနေ့ထုတ် စာစောင်တွင် ဖော်ပြပါရှိပြီး)

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံ



သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူ တော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။


မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာနိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအားပေး ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်း သားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်း ထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာ ခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ် တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။

ယခုကဲ့သို့ မြန်မာသမ္မတတစ်ဦး အနေဖြင့် အမေရိကန်သမ္မတ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးနိုင်သည့် အနေအထားသည် ပြီးခဲ့သည့်နှစ်များက စဉ်းစား၍ပင် မရသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီး သွားရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန် ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေ ရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန် သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စအချို့နှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အချို့က ဝေဖန်ခဲ့ ကြသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက် မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

''ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မတို့အနေနဲ့ လျော့တွက်လို့ မရပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ်လို့ သူတို့ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေဟာ သိသာထင်ရှား လွန်းပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးအား မြန်မာအစိုးရက လွှတ် ပေးအပြီးတွင် ပြောကြားသည်။

၎င်းက မြန်မာအစိုးရက နောက်ထပ်နိုင်ငံရေး အကျဉ်းသားအချို့အား မေ ၁၆ ရက် တွင် လွှတ်ပေးခဲ့မှုကို အမေရိကန်အနေဖြင့် ကြိုဆိုပါကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက် နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာ ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံး လာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ

အမေရိကန် ပြည်ထောင်စုကို တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အမေ ရိကန် သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ ပါ တယ်။